Quantcast
Viewing all articles
Browse latest Browse all 1811

လွမ်းစရာလေးတခု ရင်ဖွင့်လိုက်မယ်


လွမ်းစရာလေး တစ်ခုစဉ်းစားမိလို့ပါ... ရင်ဖွင့်စရာကလည်း ဒီတစ်နေရာတည်း ရှိတာကိုး... မနှစ်က ဒီအချိန်မှာ ကျွန်တော် မိတ္ထီလာရောက်နေပါတယ်... လေတပ်မွေးနေ့အတွက်သွားတာပါ... ကျွန်တော့် အစ်ကိုကြီး တစ်ဦးကလည်း အဲဒီအချိန်တုန်းက အုပ်မှူးကြီးတာဝန်ယူထားတော့ ကျွန်တော့်ကို ဖိတ်လို့ သွားတာပါ... ရုပ်ရှင်အဖွဲ့သားတွေ အနုပညာရှင်တွေလည်း အများအပြား တပ်ရောက်တာကို တွေ့ရပါတယ်... အဲဒီတုန်းက ကျွန်တော်တကယ်တော့ လုံးဝမအားပါ... နိုင်ငံတော်ကို ချစ်မြတ်နိုးတာက တစ်ကြောင်း... ဝေဟင်မှာ ကာကွယ်စောင့်ရှောက်နေတဲ့ တပ်မတော်လေကို ဂုဏ်ယူတာကတစ်ကြောင်း... ကျွန်တော့် မိတ်ဆွေ လေသူရဲများကို အားပေးလိုတာက တစ်ကြောင်း... ဝေဟင်ချစ်သူမှာ ဆောင်းပါးတွေ ရေးကောင်းနေတုန်း ဖြစ်နေတာကတစ်ကြောင်း... စသဖြင့် အကြောင်းကြောင်းကြောင့် သွားခဲ့ပါတယ်...


လေတပ်မွေးနေ့မတိုင်မီ ဒီဇင်ဘာလ ၈၊၉၊၁၀၊၁၁၊ ၁၂၊ ၁၃ မှာ ကျွန်တော် မန္တလေးရောက်နေပါတယ်... အစိုးရဝန်ကြီးဌာန တစ်ခုရဲ့ လုပ်ငန်းကိစ္စနဲ့ပေါ့... ကိုယ်တိုင်လည်း ကားမောင်းပြီး သွားခဲ့တာပါ... အဲဒီအချိန်မှာ ကျွန်တော့်အစ်ကိုကြီးက ကျွန်တော့်ကို လေတပ်မွေးနေ့ဖိတ်ပါတယ်... ဖိတ်စာနှင့်တကွ ကားဝင်ရောက်ခွင့် ကတ်နဲ့ပါ ဖိတ်လို့ ကျွန်တော့်ကို ကိုယ်တိုင်လာယူစေချင်ပါတယ်... ကျွန်တော်ပြောပါတယ် မန္တလေးကနေ ၁၄ ရက်နေ့ ညမှ ပြန်ရောက်မှာ... မမှီနိုင်ဘူးလို့ အစ်ကိုကြီးတို့က ၁၃ရက်နေ့ မနက်ကတည်းက သွားမှာဆိုပြီး...

အဲဒီမှာ ကျွန်တော့်အစ်ကိုကြီးက ဟာဒါဆို ရန်ကုန်ပြန်မလာနဲ့တော့ မန္တလေးကနေ မိတ္တီလာကိုဆင်းခဲ့ အဲဒီမှာ ငါစောင့်နေမယ် မင်းတစ်ခါတည်း လက်မှတ်ယူ ပွဲတက်ပြီးတော့ ရန်ကုန်ပြန်ပေါ့လို့ အကြံပေးပါတယ်... ကျွန်တော့်ကိုပေးတဲ့ အကြံကအလွန်ကောင်းပါတယ်...

ဒါပေမယ့် ကျွန်တော့်ကားပေါ်မှာ ကျွန်တော့်ရုံးက ဝန်ထမ်းတွေပါ ပါပါတယ်... သူတို့ကို ရန်ကုန်ပြန်ပို့ဖို့က မဖြစ်မနေပို့မှရမှာပါ သူတို့ ၁၄ရက်နေ့ ရန်ကုန်ရောက်မှာ ဝန်ကြီးဌာနတစ်ခုက ခိုင်းလိုက်တာတွေကို ၁၅ ရက်နေ့လုပ် ၁၆ ရက်နေ့ အပြီးပေးနိုင်မှာပါ...

အဲဒီတော့ ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်...၁၄ ရက်နေ့ မနက်အစောကြီး ၃ နာရီလောက် ရန်ကုန်ကို မန္တလေးကနေ ကိုယ်တိုင်ကားမောင်းပြီး ပြန်ဆင်းပါတယ်... နေ့လည် ၁၂ နာရီလောက် ရန်ကုန်ရောက်ပါတယ်... ဝန်ထမ်းတွေကို ရုံးမှာပြန်ချပြီး ဒလခကို အပြင်းနှင်ပါတယ် အစ်ကိုကြီး ထားခဲ့တဲ့ ဖိတ်စာကို သွားပြန်ယူဖို့ပါ... ဒလခရောက်တော့ အစ်ကိုကြီးထားခဲ့တဲ့ ဖိတ်စာကို ယူပါတယ်... ပြီးတော့ မှ အိမ်ပြန်နားတာပါ... အိမ်ရောက်တော့ ညနေ ၃ နာရီလောက်ရှိပါပြီ ခဏလောက်အိပ် မနက်ဖြန်မနက်အတွက် ကင်မရာတွေ ဘာတွေ ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး လေတပ်မွေးနေ့ဖြစ်တဲ့ ၁၅ ရက်နေ့ မနက် ၂ နာရီလောက်မှာ မိတ္ထီလာကို ကျွန်တော် ဘယ်သွားသွား အမြဲလိုက်တဲ့ ကျွန်တော့်ချစ်သူနဲ့ နှစ်ဦးထွက်ခွာခဲ့ပါတယ်...

သူလည်း ကျွန်တော့်လိုကားမမောင်းရလို့သာကျွန်တော့်လောက်မပြိုင်းရှိရမယ်အတော်ပင်ပန်းနေပုံပါ... ဒါပေမယ့် ကျွန်တော့်မှာ အဖော်ကလည်းမရှိဆိုတော့ သူ့ခမျာ လိုက်ပေးရှာပါတယ်... ဒါနဲ့ ၁၁၅ မိုင်ရောက်တော့ မနက် ၄ နာရီခွဲပါ... လာတုန်းက ကီလို ၁၀၀နဲ့သာ မောင်းလာတာပါ... ဘာဆိုင်မှ မဖွင့်သေးပါ... အဲဒီအချိန်မှာ လူကလည်း ထဖောက်ပါသေးတယ်... ဗိုက်နာလာတာပါ... အဲဒါနဲ့ ဘယ်လောက်ပဲ နာနာ သည်းခံပြီး နေပြည်တော်အထိ မိုင်ကုန်မောင်းပါတယ် အဲဒီအချိန်က မောင်းနှုန်းက ကီလို ၁၅၀ ဝန်းကျင်နဲ့ပါ... တစ်ခါတစ်ခါတော့ ၁၇၀ လောက်အထိ ဖြစ်ခဲ့ပါတယ်... အဲဒီလို မလုပ်လို့ကလည်း မရတော့ပါ... မမှီမှာစိုးလို့ပါ... နေပြည်တော်ရောက်တော့ ၆ နာရီ ထိုးပါပြီ...

အဲဒါနဲ့ ဆီဆိုင်မှာ ဆီဝင်ထည့်ရင်း ဗိုက်အောင့်တာကိုပါ ဖြေရှင်းရပါသေးတယ်... အမှတ်တရပေါ့... အဲဒီကနေ မိတ္ထီလာကို ထန်ကုန်မောင်းရပါတယ် ၈ နာရီ အရောက်ပါ... ၉ နာရီလေယာဉ်တက်မှာဆိုတော့ မတက်ခင် ရိုက်ကူးရေးတွေ ဘာတွေ လုပ်ဖို့ပါ...

ကျွန်တော် စီစဉ်တဲ့အတိုင်း ဘေးမသီ ရန်မခပဲ မိတ္ထီလာကို ရောက်ခဲ့ပါတယ်... ရောက်တော့မှ သက်ပြင်းတွေချပြီး ကျွန်တော် ရိုက်ကူးရေးလုပ်ခဲ့တာပါ... အမှန်အတိုင်းပြောရရင် ကိုယ်တိုင် ရိုက်နေရတာမို့လို့ တကယ်တန်းလေယာဉ် ပြကွက်တွေတောင် အသေအချာ မကြည့်ခဲ့ရပါ ကင်မရာမှာ ပေါ်တဲ့ပုံလေးတွေသာ ကြည့်ခဲ့ရတာပါ... ပွဲပြီးတာနဲ့ ကျွန်တော်တို့ ရန်ကုန်ကို ပြန်ဆင်းပါတယ်... ညဖက် ဖျော်ဖြေရေးနဲ့ ညစာစားပွဲတောင် မတက်နိုင်ပါ... ဘာလို့လဲဆိုတော့ မိတ္ထီလာမှာ တည်းခိုခန်းရှားပါတယ် ဟိုတယ်တွေအကုန် ပြည့်ကုန်ပါပြီ တပ်က အရာရှိ အဆောင်တွေကလည်း အပြည့်ဆိုတော့ ကျွန်တော့် တည်းမယ့်နေရာ မရှိတော့ မမှောင်ခင် ရန်ကုန်ပြန်ဖို့က လွဲပြီး မဖြစ်နိုင်ပါ... အဲဒါနဲ့ ရန်ကုန်ကိုပြန် ညဖက် ၈ နာရီလောက် ရောက်ဆိုပါစို့....

ရောက်တာနဲ့ ရိုက်ကူးခဲ့သမျှအကုန်ထိုင် edit လုပ်ပြီး ဝေဟင်ချစ်သူမှာ တင်ပေးလိုက်တော့ မြန်မာ့တပ်မတော် နဲ့ တပ်မတော် (လေ) ကို အားပေးသူတွေက အပြည့်ပါပဲ... သူတို့ရဲ့ ပျော်ရွှင်မှုတွေ တပ်မတော်ကို ချီးကျူးသံတွေ လေသူရဲတွေကို ချီးမြှောက်သံတွေကို ပြန်ကြားရတော့ ကျွန်တော် အလွန်ပျော်ခဲ့ပါတယ်... မကြာပါဘူး... အဲဒီအထဲမှာ ပါတဲ့ လေသူရဲ တစ်ဦးက အစိုးရိန်လွန်ပြီး သူ့ဓါတ်ပုံပါတာပြန်ဖျက်ပေးဖို့ ကျွန်တော့်ကို တောင်းဆိုခဲ့ပါတယ်... အဲဒီတုန်းကတော့ အတော်လေးကို စိတ်ထိခိုက်ခဲ့ပါတယ်...

အဲဒါနဲ့ သူ့ပုံကို ပြန်ဖျက်ပေးပြီး မကြာပါဘူး... သူကသာ အစိုးရိန်လွန်တာ ဟို အနုပညာရှင်တွေကလည်း အိုင်ပက်တွေ ကင်မရာတွေ ကိုယ်စီနဲ့ အစွမ်းပြထားတာ အင်တာနက်မှာ တက်လာတော့ သူလည်းပဲ မတားနိုင်ရှာပါဘူး... ကျွန်တော့် အစ်ကိုကြီးကလည်း ကျွန်တော့်ကို မတားပါဘူး... ညီလေး ကောင်းတာလုပ်တာပဲ ဆိုတဲ့ စိတ်နဲ့ ကျွန်တော်လုပ်တာကို ဘာမှ မပြောခဲ့ပါ... တကယ်တန်း အရမ်းကျေးဇူးတင်မိတာ အစ်ကိုကြီးပါ...

ထားပါတော့ ကျွန်တော်ဆိုလိုချင်တာ ကျွန်တော့် စာဖတ်ပရိတ်သတ်တွေနဲ့ တပ်မတော်လေကို အားပေးသူတွေ အဲဒီနေ့က ကျွန်တော့်ကြောင့် ပျော်ရွှင်မှုတွေ ရလိုက်တဲ့အတွက် ကျွန်တော် ပျော်ရွှင်မိပါတယ်...

နောက် မြန်မာ့လေသူရဲတွေ ဘယ်လောက် စွမ်းအားရှိတယ်ဆိုတာ သာမန်ပြည်သူတွေပါ မြင်တွေ့ခွင့်ရသွားတာပေါ့ဗျာ...ပြီးတော့ ကျွန်တော် အပင်ပန်းခံ ရိုက်ကူးထားတဲ့ ပုံတွေကို မြဝတီကပါ ကျွန်တော့်ကို credit ပေးပြီး ဖော်ပြလို့ ဝမ်းသာခဲ့ပါတယ်...

ဒါပေမယ့် မနှစ်က အဲဒီလို ကျွန်တော် အလုပ်ကောင်းလို့ ဒီနှစ် ကျွန်တော့်ကို ဘယ်သူကမှ မဖိတ်တော့ပါ... ကျွန်တော့် အစ်ကိုကြီးလဲ အုပ်မှူးကြီး မဟုတ်တော့ပဲ ရာထူးတိုးသွားသလို (သူလည်း သင်တန်းတက်နေရသလို) နောက်ဖြစ်လာတဲ့ အုပ်မှူးကြီးကလည်း ကျွန်တော်နဲ့ သိသော်ငြား မသိချင်ယောင်သာဆောင်နေတာမို့ ကျွန်တော်လည်း ကျွန်တော့်ကို ဖိတ်ပါလို့ လာပါရစေလို့ မတောင်းဆိုဖြစ်တော့ပါ... စိတ်ကူးထဲမှာသာ ကျွန်တော်သိမ်းထားလိုက်ပါတော့တယ်...

ဒါကြောင့် ဒီနှစ် တပ်မတော် လေနဲ့ ပတ်သက်တာ ဘယ်လိုမှ ကျွန်တော် မတင်ဆက်နိုင်တော့သလို ဝေဟင်ချစ်သူမှာ ကျွန်တော် စာမရေးသားတော့တာတွေလဲ အဲဒါတွေနဲ့ အများကြီးသက်ဆိုင်ပါတယ်...

အားမပေးရင် ကျွန်တော် လုပ်လို့ မဖြစ်ပါ... သာမန်ကိစ္စမဟုတ်တော့ ကျွန်တော့်ကို ညီလေးလုပ်လေ ဆိုတဲ့ စကားမပါပဲနဲ့ လုပ်လို့မရပါ... လုပ်ရင် ကျွန်တော်လဲ ဒီမှာ နေရမှာ မဟုတ်တော့ပါ... အားလုံးလည်း ကျွန်တော် ဘာကိုဆိုလိုတယ်ဆိုတာ သဘောပေါက်မှာပါ... ဝါသနာပါသလို လေယာဉ်နဲ့ ဆိုင်တာတွေ ကျွန်တော် ရေးသားဦးတော့ တပ်မတော်လေ အကြောင်းတော့ ဘယ်တော့မှ မရေးတော့ဘူးလို့ပါ ဆုံးဖြတ်ပြီးသားပါ...

ဒါကြောင့် ကျွန်တော် ဝါသနာပါတဲ့ ဘယ်သူနဲ့မှ မပတ်သက်ရတဲ့ ဘယ်သူ့မျက်နှာကိုမှ ကြည့်စရာ အောက်ကျခံစရာမလိုတဲ့ အားကစားကိုသာ တစိုက်မတ်မတ်ပြုလုပ်ရင်း အဝေးကနေပဲ လေတပ်ကို အားပေးပါတော့မယ်... ဒါပေမယ့် ကျွန်တော် လေယာဉ်နဲ့ ပတ်သက်တဲ့ စာပေဖတ်ရှုတာ ဗဟုသုတစုဆောင်းတာ လေ့လာတာ တွေကိုတော့ ဆက်လက်လုပ်ဆောင်ရင်း ဝေဟင်ချစ်သူ ဘာကြောင့်နားရတယ် တပ်မတော် လေ မွေးနေ့မှာ ဘာကြောင့် ဘာမှ မတင်ဆက်နိုင်တယ်ဆိုတာ ရှင်းပြရင်း နိဂုံးချုပ်အပ်ပါတယ်....

အစစအရာရာ ဆက်လက် လဝလုပ်ရင်း ပိုမို တိုးတက်လာပါစေလို့ ဆုတောင်းလိုက်ပါတယ်...
(ဒီမှာ ကျွန်တော် ကြားဖူးတဲ့ ဟာသလေး ကြားညှပ်ပြောချင်ပါသေးတယ်... တစ်ခါတုန်းက အင်္ဂလန်မှာတဲ့ ဒုတိယကမ္ဘာစစ်က လေကြောင်းရန်ကာတပ်မှာ တာဝန်ထမ်းဆောင်ဖူးတဲ့ အင်္ဂလိပ်စစ်သားဟောင်းကြီးတစ်ဦးကသူ့သားသမီးတွေကို ကြွားပါသတဲ့ ငါငယ်ငယ်တုန်းက ဘယ်လို အမြောက်ကြီးကို ကိုယ်တိုင်ပစ်ခဲ့တယ်ပေါ့ လေယာဉ်တွေကို ကိုယ်တိုင် ပစ်ချခဲ့တယ်ပေါ့...

သားသမီးတွေကလည်း မယုံပါဘူးတဲ့... ငါ့အဖေ အသက်ကြီးလို့ ဂေါက်သွားပြီပေါ့... အဲဒါနဲ့ အဖိုးကြီးလဲ ဖီလင်ဖြစ်ပြီး သူ့သားသမီးတွေကို သက်သေပြဖို့ သူငယ်ငယ်ကပစ်ထားတဲ့ အမြောက်နဲ့ ဓါတ်ပုံရိုက်ပြမယ်ပေါ့... ဒါနဲ့ အဲဒီအမြောက်ကို ရှာတာ ဘယ်မှာမှ ရှာလို့ မရတော့ဘူးတဲ့ ဒါပေမယ့် တစ်နေရာမှာ သွားတွေ့တယ်ပေါ့ အဲဒါ ဘယ်နေရာလဲဆိုတော့ မြန်မာ့တပ်မတော်မှာတဲ့...

သူလည်း အရမ်းပျော်ပြီး မြန်မာပြည်ကိုလည် တပ်မတော်က အရာရှိတွေနဲ့တွေ့ပေါ့ ဒီအမြောက်ကြီးနဲ့ ဓါတ်ပုံရိုက်ချင်လို့ပါပေါ့... အဲဒီတော့ မြန်မာ့တပ်မတော်က အရာရှိတွေလဲ အခက်တွေ့တာပေါ့ ဟာ ဒီ နိုင်ငံခြားသားကြီးက ငါတို့ စစ်လက်နက်နဲ့ ဓါတ်ပုံရိုက်မယ်ဆိုတော့ အထက်ကို တင်ပြရမှာပေါ့... နိုင်ငံခြားသားကြီးကလည်း နားလည်ပါတယ်... တင်ပြပါပေါ့ သူစောင့်ပါ့မယ်ပေါ့... အဲဒါနဲ့ အဆင့်ဆင့်တင်တာ ၆ လလောက်ကြာသွားသတဲ့...

၆ လလောက် ကြာတော့ အထက်က စာလည်း ပြန်ရောက်ရော အဲဒီနိုင်ငံခြားသားကြီး တစ်ခါတည်းကို စိတ်ဓါတ်ကျပြီး ပြန်သွားသတဲ့...

အထက်က ဘာပြန်ကြားလိုက်လဲဆိုတော့ "ဤလက်နက်သည် မြန်မာ့တပ်မတော်၏ အထူးလျှို့ဝှက်လက်နက်ဖြစ်သောကြောင့် ဓါတ်ပုံရိုက်ခွင့်မပြုနိုင်ပါတဲ့"

ဟုတ်ကဲ့ ဘာလုပ်လုပ် လုပ်သင့်မလုပ်သင့် မစဉ်းစားတဲ့ လဝကို ပျက်တဲ့ ပျက်လုံးဖြစ်ပါတယ်...)

သစ္စာ

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>