Quantcast
Channel: ဘ၀ခြေရာ
Viewing all 1811 articles
Browse latest View live

ရွှေဆည်မြို့ ဆင်ပွဲတော်သွား တောလား..

$
0
0

October 21, 2013 at 1:26am
ကျြောက်ဆည်ဆင်ဆိုသည်မှာ အရုပ်ထဲ လူဝင်ကတာပဲဆိုသည်လောက်သာ သိသော ကျွန်တော့်အား စိတ်ရှည်လက်ရှည်နှင့် ကျောက်ဆည်ဆင်သမိုင်းရှင်းပြ၊စိတ်ဝင်စားဖွယ်နေရာများလိုက်လံပို့ဆောင်ရှင်းလင်းပြသပေးသော ကိုစစ်ငြိမ်းအေးနှင့် ကိုသန့်စင်ကြောင့် ယခုဆောင်းပါးလေး ဖြစ်လာခဲ့ပါတယ်..ကျေးဇူးလည်း အထူးတင်ရှိပါကြောင်း...(ရည်ညွှန်းချက်မှာ ကျောက်ဆည်ဆင်အကအကြောင်း မသိကြသေးသော မိတ်ဆွေများ ဖတ်လျှင်တောင် ယင်းဆင်အကအကြောင်း အနဲငယ်မျှသိလာစေရန် ရည်ရွယ်ကာ အတော်လေး ကြိုးစားရေးခဲ့သော ဆောင်းပါးတပုဒ်ဖြစ်ကြောင်း .ပြောကြားရင်း..

“ကိုးမြို့နယ်အထင်ကရ၊ဆင်အကနဲ့ဖိတ်ခေါ်၊မြင်ရမှ စိတ်ပျော်မယ်၊မိတ်သဟာနော်ကြွခဲ့ပါဦး၊ယဉ်ကျေးမှုပွဲတော်ပါကွယ်၊အစဉ်ရှေးရှုနွှဲပျော်မဆုံး”

 
ရွှေဆည်မြို့(ဝါ)ကျောက်ဆည်မြို့သို့ စဝင်လိုက်ပြီဆိုသည်နှင့် ယင်းဆင်အကဗုံထောက်တေးသံမှာ တမြို့လုံးကိုလွှမ်းခြုံထားသည်။ဒိုးပတ်သံတထိန်ထိန်၊လကွင်းသံ တချမ်းချမ်းနှင့် သူ့ထက်ငါ အပြိုင်ကနေကြသော ဆင်များကိုငေးမောရင်းနှင့်ပင် ခြစ်ခြစ်တောက်ပူပြင်းနေသည့် ရာသီဥတုကိုပင် အမှုမထားမိအောင် ယင်းဆင်အကက ဆွဲဆောင်မှုရှိလှသည်။ကျောက်ဆည်မြို့မဈေးကြီးပတ်ပတ်လည်ရှိ လမ်းထောင့်များတွင် ကျောက်ဆည်မြို့သူမြို့သားများသာမက ကျောက်ဆည်မြို့အနီးအနားရှိ ကျေးလက်တောရွာများမှ အိမ်ရှိလူကုန် တနှစ်တခါ ရိုးရာမပျက်ကျင်းပလျက်ရှိသော ကျောက်ဆည်မြို့ဆင်ပွဲသို့လာရောက်ဆင်နွှဲကြသည်မှာ ကြက်ပျံမကျစည်ကားလှပေသည်။သနပ်ခါးထူထူလိမ်းပြီး ပေါင်ဒါမှုန့်ဖို့ထားသော မျက်နှာပေါ်တွင် အဆက်မပြတ်ဆိုသလို စီးကျနေသော ချွေးများကို လက်တဘက်နှင့်သုတ်ရင်း၊တဘက်က ကလေးကို ခါးထစ်ခွင်ချီထားရင်း သူ့ထက်ငါ အပြိုင်အဆိုင်ကနေသော ဆင်များကို ငေးကြည့်နေသည့် သားသည်အမေများ၊ရေခဲချောင်းကို လက်တဘက်ကကိုင်ရင်း အားရပါးရတီးနေသည့်ုဒိုးပတ်ဝိုင်းကို တမေ့တမောငေးကြည့်နေသည့် ကလေးငယ်များဖြင့် ကျောက်ဆည်ဆင်ပွဲကား တောနေ၊မြို့နေ၊ချမ်းသာဆင်းရဲမခွဲခြားပဲ လူတိုင်းပါဝင်ဆင်နွှဲကြသည့် အစဉ်အလာကြိးမားလှသည့် ရိုးရာပွဲကြီးကား ဆိုင်ကယ်လီဗာသံတဗြင်းဗြင်းပေးကာ မောင်းနှင်နေသည့် ဆိုင်ကယ်သမားများနှင့် ခေတ်ကိုအမှီလိုက်နေပေသည်။



ရိုးရာ၊အလှနှင့် လူငယ်၊သုံးမျိုးသုံးစား ယှဉ်ကာနွှဲ.တို့မြန်မာတွေရဲ့ရိုးရာပွဲ..


ဆင်အကအလှပြိုင်ပွဲဟု အလွယ်ခေါ်ဝေါ်ကြသောလည်း ကျောက်ဆည်ဆင်ပြိုင်ပွဲကား တခြားဒေသများရှိ ပြိုင်ပွဲများနှင့်မတူ .တမူထူးခြားသည်ဟု ဆိုရမည်။ငွေကြေးတောင့်တင်းသူများသာ အဓိကဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် အလှဆင်(ဘော်ကြယ်)ပြိုင်ပွဲကိုသာမက အနီးအနားကျေးရွာများရှိ သာမန်တောနေလူတန်းစားများပါ ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရန်လည်း ဖန်တီးပေးထားသည်။ထို့အတူ ကျောင်သူကျောင်းသား၊ကလေးငယ်များအတွက် လူငယ်ဆင်ပြိုင်ပွဲကိုလည်း သီးသန့်ပြုလုပ်ပေးသကဲ့သို့ နှစ်စဉ်အစဉ်အလာမပြတ် ဝင်ရောက်ယှဉ်ပြိုင်သည့် ဆင်အဖွဲ့အတွက်လည်း သက်ကြီးဆုသီးသန့်ပေးသေးသည်။ယုတ်စွအဆုံး မည်သည့်ပြိုင်ပွဲကိုမှ ဝင်ရောက်မယှဉ်ပြိုင်သော်လည်း ကျောက်ဆည်မြို့မဈေးကြီးကို သုံးပတ်ပတ်သည့် ဆင်အဖွဲ့များကိုလည်း ဆုချီးမြှင့်ပေးသေးသည်။ကျောက်ဆည်မြို့သည်ကား ရှေးအစဉ်အလာကိုလွန်စွာထိန်းသိမ်းထားနိုင်သည့် မြို့ကြိးတမြို့ဖြစ်သည်ဟု ဆိုလျှင် လွန်အံ့မထင်..
ဆင်အဖွဲ့များအား အမှတ်ပေးရာတွင်လည်း တဖွဲ့တည်းက ပေးသောစနစ်ကို မကျင့်သုံးပါ။ဝင်ပြိုင်သောဆင်အဖွဲ့များအနေဖြင့် သက်မှတ်ထားသည့်သုံးနေရာတွင် တကြိမ်ကလျှင် မိနစ်နှစ်ဆယ်ကပြရပြီးနောက် ယင်းဆင်အဖွဲ့များ၏ အက-အလှ၊အဆိုအတီးနှင့် စည်းကမ်းလိုက်နာမှုများကို ဒိုင်အဖွဲ့တဖွဲ့စီမှ အမှတ်ပေးပြီးနောက် ယင်းအဖွဲ့သုံးဖွဲ့ပေးထားသည့် အမှတ်များကိုပေါင်းကာ ပထမ၊ဒုတိယ၊တတိယဆုများချီးမြှင့်ပေးခြင်းဖြစ်ပြီး ယခုနှစ်တွင်မူ ထူးထူးခြားခြားအနေဖြင့် ဆုကြေးငွေများကို ကဏ္ဍတခုချင်းစီအလိုက် နှစ်သိန်းကျပ်ဆီ တိုးမြှင့်ပေးထားခြင်းဖြစ်ပြီးယင်းသို့တိုးမြှင့်ပေးခြင်းမှာ ပြိုင်ပွဲဝင်အသင်းများ ပိုမိုများပြားလာစေရန်၊ကုန်ကျစရိတ်ကာမိစေရန်ဖြစ်သည်ဟု ကျောက်ဆည်ထွေအုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ပါဝင်ဆင်နွှဲသောဆင်အဖွဲ့(၉၈)ဖွဲ့ရှိပြီး ပြိုင်ပွဲဝင်ဆင်အဖွဲ့(၂၅)ဖွဲ့ရှိကြောင်း၊ကျောက်ဆည်မြို့ပေါ်ရှိဆင်အဖွဲ့များသာမက ရပ်ဝေးရပ်နီးကျေးရွာများမှလည်း လာရောက်ယှဉ်ပြိုင်ကြကြောင်း၊ယခင်နှစ်များက မြို့တွင်းလှည့်လှယ်ကပြရာတွင် ဆယ့်နှစ်ဘီးကားကြိးများကို ခွင့်ပြုပေးသော်လည်း ယခုနှစ်တွင် အသွားအလာလွန်စွာကြပ်သည့်အတွက် ခြောက်ဘီးကားကိုသာ ခွင့်ပြုပေးကြောင်း၊ရှေ့နှစ်တွင် ဒိုင်နာကားများကိုသာ ခွင့်ပြုတော့မည်ဖြစ်ကြောင်း ကျောက်ဆည်ဆင်အကအလှပြိုင်ပွဲ အကဲဖြတ်ဒိုင်လူကြိးဥိးပိုမှ ရှင်းပြသည်။

“အမှတ်ပေးရာမှာ မှန်မှန်ကန်ကန်လုပ်ပေးတယ်။ပြိုင်ပွဲဝင်တဲ့ဆင်မှမဟုတ်ဘူး။ရှေးထုံးစံအတိုင်း ဈေးကြီးကို သုံးပတ်ပြည့်အောင်ပတ်တဲ့ ဆင်အဖွဲ့တိုင်းကိုလည်း ငါးသောင်းချီးမြှင့်ပေးတယ်”ဟု ၎င်းကရှင်းပြသည်။


တီးလိုက်ပါတဲ့ နတ်ဒိုးသံ..မြည်လိုက်ပါတဲ့ နတ်ဒိုးသံ.

ဆင်ကရာတွင် နတ်ဒိုးဟူ၍ ရှိပြီး ပထမဦးစွာ ဥတေနနတ်အား ကန်တော့ပွဲသုံးကြိမ်မြှောက်ပူဇော်ပသရပြီး နတ်ဒိုးအားသုံးကြိမ်တီးရသည်။ပြီးသည့်နောက် အရိုင်က(ဆင်ရိုင်းဖမ်းသည့်အက)ကပြကာ ဗုံထောက်သီချင်းဆိုရသည်။





ဗုံထောက်ပြီးနောက် ဆင်နှင့်လူအားပြိုင်ရသည့် လေးခင်းအကကလေ့ရှိပြီး လေးခင်းအကဆိုသည်မှာ တောတွင်းမှ ဖမ်းလာသည့် ဆင်ရိုင်းတကောင်အား ရှင်ဘုရင်သို့ မဆက်သခင် ယဉ်လာအောင်ပြုလုပ်သည့်အခိုက် ဆင်အရိုင်းဖြစ်သည့်အတွက် လူအားရန်ပြုတိုက်ခိုက်ရန်ကြိုးစားသည်။လူကလည်း ပေါက်ချွန်းကိုင်ကာ ဆင်ကိုနှိမ်ရန်ကြိုးစားသည့်အကဖြစ်ပြီး ပရိသတ်များလွန်စွာသဘောကျသည့်အကတမျိုးဖြစ်သည်။ပြီးသောအခါမှ အယဉ်အကဖြင့်ပြိုင်ပွဲဝင်ရသည်။အယဉ်အကဆိုသည်မှာ ခေါင်းလှုပ်၊ခြေလှုပ်ဖြင့်ကရပြီး  ခေတ်ပေါ်၊ခေတ်ဟောင်းမိမိစိတ်ကြိုက်ရှေးသီချင်း၊ခေတ်သီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။အချို့သောဆင်အဖွဲ့များမှာမူ ကိုယ်ပိုင်သီချင်းများရေးစပ်ယှဉ်ပြိုင်ကြသည်။


ယခုနှစ် ရိုးရာဆင်ပြိုင်ပွဲတွင် ဇာတိသွေးဆင်အဖွဲ့က ပထမဆုရရှိပြီး အလှဆင်(ဘော်ကြယ်)ပြိုင်ပွဲတွင်မူ ဥာဏ်လင်းထက်ဆင်အဖွဲ့က ပထမဆုရရှိခဲ့သကဲ့သို့ လူငယ်ပြိုင်ပွဲတွင်မူ ဇာဏီမောင်ဆင်အဖွဲ့က ပထမဆုရရှိသွားသည်။ရိုးရာဆင်ပြိုင်ပွဲအတွက် ပထမဆု ကျပ်ရှစ်သိန်း၊ ဒုတိယဆု ကျပ် ခြောက် သိန်း၊ တတိယဆု
ကျပ်လေးသိန်း၊ ဘော် ခြယ်ဆင်ပြိုင်ပွဲအတွက် ပထမဆု ကျပ် ခုနစ်သိန်း၊ ဒုတိယဆု ကျပ်ငါးသိန်း၊
တတိ ယဆု ကျပ်သုံးသိန်းနှင့် ကလေးဆင် ပြိုင်ပွဲ ပထမဆု ကျပ်ငါးသိန်း၊ ဒုတိယဆု သုံးသိန်းနှင့်
တတိယဆု ကျပ်တစ်သိန်း တို့ကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ၆၈နှစ်တိတိ မပျက်မကွက်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် နွဲ့ဆိုးဆင်အဖွဲ့ကိုလည်း သက်ကြီးဆုပေးအပ်ခဲ့သည်။


ဆုကြေးငွေ အရင်းမရပါ..သို့သော် နှစ်စဉ်ဝင်ပြိုင်ပါသည်တဲ့..

ဆုကြေးငွေတိုးမြှင့်ပေးသော်လည်း မိမိတို့အနေဖြင့် ကုန်ကျစရိတ်မကာမိကြောင်း၊မိမိတို့အဖွဲ့တွင် လူဦးရေ(၇၀)ခန့်ပါဝင်ပြီး ကုန်ကျစရိတ်အနေဖြင့် နှစ်ဆယ့်လေးသိန်းကျော်ကြောင်း၊ရပ်ကွက်ထဲမှ လူငယ်များစုပေါင်းကာ ယခုကဲ့သို့ ဆင်ကခြင်းဖြစ်ပြီး မိမိတို့မှာ ဆင်အကဗုံသံကြားလျှင် မည်သူမှ ခေါ်စရာမလိုပဲ အိမ်ထဲမှ အလိုလိုထွက်လာမိကြကြောင်း ကျောက်ဆည်မြို့ဈေးတန်းရပ်ကွက် ပိတောက်မြိုင်ဆင်အကအဖွဲ့မှ အဖွဲ့သားများက တညီတညွှတ်တည်းပြောသည်။
“၁၉၉၀ ကတည်းက ပြိုင်လာတာ အခုဆို (၂၂)နှစ်ရှိပြီ၊တနှစ်မှမပြတ်ဘူး။ကျွန်တော်တို့အရပ်ရဲ့ အစဉ်အလာကိုထိန်းသိမ်းတဲ့သဘောလည်း ပါပါတယ်။ဆုတွေလည်း ရပါတယ်။ကျန်တဲ့အချိန်ကတော့ သီးသန့်မကပါဘူး။ဆီမီးတထောင်အလှုခံတဲ့အချိန်မှာတော့ ကပါတယ်”ဟု ပိတောင်မြိုင်အဖွဲ့မှ ကိုလွင်မင်းသိန်းက ၎င်းတို့အဖွဲ့ အနိုင်ရရှိထားသည့် ဆုဖလားများကို ဝင့်ကြားစွာတင်ဆောင်ထားသော ဂျစ်ကားအား လက်ညှိုးထိုးလျက်ပြောသည်။
ဝင်ရောက်ယှဉ်ပြိုင်သည့်ဆင်အဖွဲ့တိုင်းလိုလိုပင် ဆုကြေးအား အလေးအနက်မထားကြောင်း၊၎င်းတို့အားလုံးလိုလိုမှာ ကနေရလျှင် ပျော်နေသူများဖြစ်ကြပြီး နောက်တချက်မှာ ယခု သီတင်းကျွတ်ကာလဆိုသည်မှာ ကျေးလက်တောရွာများတွင် အလုပ်ပါးသည့်ကာလဖြစ်သည့်အတွက် ဆွေမျိုးများ ပြန်လည်ဆုံတွေ့ကြရင်း တနှစ်တကြိမ်ကခုန်သည့်သဘောလည်းဆောင်ကြောင်း အသက်ရှစ်ဆယ်ကျော်အရွယ်ရှိပြီဖြစ်သည့် ဦးတင်မောင်က ရှင်းပြသည်။

ရွှေဆင်ငွေဆင် လှုပါတယ်.ရွှေသာလျောင်းဘုရားကြိးပေါ်ဝယ်..
သီတင်းကျွတ်လပြည့်နေ့မနက်စောစောငါးနာရီတွင် ပင့်ဖိတ်ထားသည့် သံဃာတော်များအား ဆွမ်းကပ်ပြီးသည်နှင့် ဂေါပကလူကြီးများ၊မြို့မိမြို့ဖများ၊အစိုးရဌာနဆိုင်ရာများ၊မြို့သူမြို့သားများမှ ခြောက်နာရီတွင် ရွှေဆင်ငွေဆင်ကိုင်ဆောင်ကာ ရွှေသာလျောင်းတောင်ပေါ်သို့တက်ရောက်ပူဇော်ရကြောင်း၊ထို့နောက် ယင်းရွှေဆင်ရုပ်၊ငွေဆင်ရုပ်များကို ဘုရားကပ်ကာ ဆုတောင်းမေတ္တာများပို့သရသကဲ့သို့ ဝါကျွတ်ကာလတွင်လည်း မုန့်ဖက်ထုပ်များကို ဆင်ရုပ်ပုံစံချိုးကာ ဘုရားပူဇော်ရသည်။ကျောက်ဆည်မြို့ရှိ ဘုန်းကြိးကျောင်းနှင့် ဘုရားစေတီများ၏မုခ်ဝတွင် ဆင်ရုပ်များထားရှိခြင်းမှာလည်း မြန်မာနိုင်ငံရှိ တခြားမြို့ကြိးများနှင့်မတူသည့်အချက်ပင်ဖြစ်သည်။



ကျောင်းသားလူငယ်..ဆင်ကတယ်.အားမာန်ပါလှတယ်..

အသက်ခြောက်နှစ်အရွယ်ကျောင်းသားငယ်လေးတစ်ဦးမှ နေပူပူအောက်တွင်လကွင်းခြမ်းကို အားရပါးရတီးနေသည်။ဘေးနားမှ ၎င်း၏အကိုဖြစ်ဟန်တူသည့် အသက်ဆယ်နှစ်အရွယ်ကျောင်းသားငယ်လေးက ဒိုးပတ်ကို လူကြိးတယောက်အလား မာန်ပါပါဖြင့်တီးခတ်နေသည်မှာ မြင်သူတိုင်း ကြည်နူးစရာကောင်းလှသည်။သူတို့ကဲ့သို့ ကျောင်းသားလူငယ်များ အယောက်ငါးဆယ်ခန့်စုပေါင်းကာ တီးသည့်လူကတီး၊သီချင်းဆိုသည့်လူကဆို၊ဆင်ကကသည့်လူက ကဖြင့် ကျောက်ဆည်ဆင်အကကား ကျောက်ဆည်မြို့လူငယ်များ၏ သွေးထဲသားထဲတွင် စီးမျောနေသည်ဟု ဆိုရပေမည်။
“ဒီကောင့်ကို လက်ခုပ်တီးပေးလိုက်ရင် ဆင်ခေါင်းတပ်ပြီး ကတော့တာပဲ”ဟု ခြောက်နှစ်အရွယ်မြေးငယ်ကို ညွှန်ပြရင်း ပြုံးစိစိဖြင့်ပြောလိုက်သူက အသက်ရှစ်ဆယ့်လေးနှစ်အရွယ် ကျောက်ဆည်မြို့ဂုဏ်ဆောင် ဆင်ချိုးဆရာကြီး အဘဦးကျော်လေး။မြေးဖြစ်သူမှာ ဆင်ကြီးကဲ့သို့ ခေါင်းလိုက်ထိုးနေသဖြင့် ခေါင်းမူးမှာစိုးသောကြောင့် တခါတရံတွင် တားမြစ်ထားရသည်ဟု ဦးကျော်လေးက ဆင်အကဝါသနာပါလှသော သူမြေးအကြောင်းကို ဂုဏ်ယူစွာပြောသည်။
ဆင်အကကတက်ရန် သိပ်အကြာကြိးတော့ မသင်ရ။ဝါသနာပါသူများအနေဖြင့် တလခန့်သင်လျှင် အခြေခံဆင်အကဖြစ်သော ဘယ်ခြေညာချလောက်တော့ တက်သည်ဟု ဆိုသည်။ကျွမ်းကျွမ်းကျင်ကျင်ကတက်ရမှာမူ အချိန်ကြာကြာပေးရသည်ဟု အဘဦးကျော်လေးက ရှင်းပြသည်။


ကျောက်ဆည်တွင်တော့ ဆင်ရုပ်လေးများ မျက်နှာပွင့်ပါသည်..

ဘုရားပွဲဈေးတန်းများတွင် ရောင်းချမှုရှားပါးသွားပြီဖြစ်သော ဆင်ရုပ်လေးများမှာ ယခုခေတ် မြို့ကြိးပြကြီးများတွင်နေထိုင်ကြသော ကလေးသူငယ်များ၏ စိတ်အာရုံကို မဆွဲဆောင်နိုင်တော့ပါ။တခြားနေရာများတွင် မျက်နှာငယ်လှသော ဆင်ရုပ်လေးများကား ကျောက်ဆည်ဆင်ပွဲတော်တွင် ပွဲတော်လာပရိသတ်တိုင်း မဖြစ်မနေဝယ်ကြသည့်အတွက် မျကနှာပွင့်လှသည်ကို ဝမ်းမြောက်ဖွယ်မြင်တွေ့ရသည်။ဆင်ရုပ်များ၏ ဈေးနှုန်းကလည်း မသေးပါ။အနိမ့်ဆုံးငါးရာကျပ်မှ ဘော်ကြယ်ထိုးထားသည့်တပေခွဲရှိ ဆင်ရုပ်ဆိုလျှင် ခြောက်ထောင်ကျပ်ထိ အရုပ်ပုံစံနှင့် လက်ရာပေါ်မူတည်၍ ဈေးနှုန်းမျိုးစုံရှိလှသည်။
အိမ်ဆူးဆို့.ခွေးလက်တို့ကာ ရွာလုံးကျွတ်ဆင်နွှဲသည့်ကျောက်ဆည်ဆင်ပွဲဟု ဆိုလျှင်လည်း လွန်အံ့မထင်.ဆင်ပွဲတော်သို့ ဈေးလည်းရောင်းရင်း၊ပွဲလည်း ကြည့်ရင်း အိမ်လုံးကျွတ်လာကြည့်ကြသည်ဟု ကျောက်ဆည်မြို့အနီး ပွတ်တိုင်ရွာမှ ဈေးသည်ကြီး ဒေါ်လှဝင်းက ပြောသည်။ဈေးအရောင်းအဝယ်လည်း ကောင်းသည်ဟု သူမကဆိုသည်။
“ဆင်အရုပ်နှစ်ရာ ဒိုင်ဆီက ယူပြီးရောင်းတာ နေ့တဝက်နဲ့ကုန်တယ်”ဟု သူမက ပြောပြသည်။



ရှေးယခင် ..ယခု..ကွာခြားသွားသော ဓလေ့များ..
မိမိတို့ငယ်စဉ်လွန်ခဲ့သော နှစ်ပေါင်းခြောက်ဆယ်ဝန်းကျင်က  ဆင်ကသည်ဆိုသည်မှာ အကြမ်းပတမ်းကခြင်းဖြစ်ပြီး ဆင်တကောင်လုံးအလိုက် ဂျွမ်းထိုးလိုက်၊မြေပေါ်လှိမ့်လိုက်၊အားရပါးရ ခုန်ဆောင့်လိုက်ဖြင့် ဆင်ရုပ်ကျိုးပဲ့သည်အထိ ကကြခြင်းဖြစ်ပြီး ယခုခေတ် ဆင်အဖွဲ့များကသည်မှာ မိမိတို့ခေတ်နှင့် နှိုင်းယှဉ်လျှင် ပျင်းစရာကောင်းသည်ဟု ပြောနိုင်ကြောင်း ကျာက်ဆည်မြို့ရှေးမီနောက်မှီလူကြီးများက ပြောကြသည်။
“အဲဒီတုန်းက ပထမတန်းဆင်ရုပ်တရုပ်မှ ၄၅ကျပ်ပဲ ရှိသေးတော့ ဆင်ရုပ်ကို နောက်တနှစ်မထားဘူး။တနှစ်တည်းနဲ့ အကျိုးအပဲ့ဖြစ်အောင် ကထည့်တာပဲ။ခုခေတ်လို သီချင်းတွေဘာတွေလည်း မဆိုဘူး။ပါးစပ်ထဲ တွေ့ကရာဆို၊သံချပ်ထိုးပြီး ကကြတာပဲ။မနက်ကနေ ကလိုက်တာ.ညနေလေးနာရီလောက် လူတွေအကုန်လုံးလည်း ပင်ပန်း၊မြို့မဈေးကြိးလည်း သုံးပတ်ပတ်ပြီးပြီဆိုရင်တော့..ဈေးတံတားကနေ မင်းရဲမြောင်းထဲကို ဆင်ရောလူပါ ခုန်ချထည့်တာပဲ။လူတွေကတော့ ဆင်ခြေထောက်ကိုစုတ်ဖြဲပြီးမှ ပြန်ထွက်လာတာပေါ့ကွာ.ဆင်ရုပ်ကြိးကတော့ မြောင်းရေထဲ မျောပါသွားတယ်။တီးမှုတ်တဲ့လူတွေကလည်း အားကျမခံ လိုက်ခုန်ချတာပေါ့။အံ့သြစရာကောင်းတာက အဲဒိလိုလုပ်လည်း ဘာအန္တရယ်မှ ကြီးကြိးမားမားမကြုံတွေ့ရဘူးကွ”ဟု အားရပါးရပြောလိုက်သူက ဆင်ချိုးဆရာကြိးဦးကျော်လေး..၎င်းအသက်အစိတ်အရွယ်က တန်ဖိုးလေးဆယ့်ငါးကျပ်ဖြင့်လုပ်ခဲ့သောဆင်ရုပ်များမှာ ယခု တကောင်လျှင် အနိမ့်ဆုံး ခုနှစ်သောင်းမှ ဘော်ကြယ်ဆင်ဆိုလျှင် ဆယ်သိန်းကျပ်အထိ ပေါက်ဈေးရှိနေပြီဟု နှိုင်းယှဉ်ပြသည်။
၊လွန်ခဲ့သော နှစ်ပေါင်းငါးဆယ်ခန့်က သီတင်းကျွတ်လဆန်းပြီဆိုသည်နှင့် ရွာများတွင် ဆင်ထိုးပွဲပြုလုပ်လေ့ရှိကြောင်း၊ဆင်အရွယ်ခပ်သေးသေးပြုလုပ်ကာ ရွာထဲရှိ မိန်းမပျို၊အိုများအား အစွယ်ဖြင့်လိုက်ထိုးပြီး မိလျှင် ရွာဆွမ်းတော်ကြိးပွဲအတွက် အလှုငွေထည့်ခိုင်းကြောင်း၊မိန်းမပျိုများမှလည်း အိမ်ကြိုအိမ်ကြားအထိ ထွက်ပြေးသကဲ့သို့ မိမိတို့မှလည်း မရမက လိုက်ကြောင်း၊မိမိတို့ မိသွားလျှင် ကြောက်ပြီလား.ဘာလား၊ညာလားမေးကာ ကြောက်ပြီပြီဆိုမှ လွှတ်ပေးသကဲ့သို့ မိမိတို့မလိုက်နိုင်လျှင်လည်း ၎င်းတို့မှ “ဟယ်.ဆင်ကြိးက ဇီးရှိနေလို့ နှေးတာလား။ကိုယ်ဝန်သည်ဆင်ကြီးလား၊ခြေထောက်မှာ ခဲဆွဲထားလို့လား”စသည်ဖြင့် မခံချင်အောင်စနောက်ကြောင်း၊ယင်းဓလေ့မှာ ယခုခေတ်တွင်မူ အနဲငယ်သောရွာများတွင်သာ ပြုလုပ်တော့သည်ဟု အသက်(၇၀)အရွယ်ရှိပြီဖြစ်သည့် ဦးကျော်ဟိုးမှ ပြန်ပြောင်းပြောပြသည်။

ဆင်ထိုးပွဲစတင်ခဲ့သည်မှာ ပွတ်တိုင်ရွာသားဦးဥာဏ်တင်မှ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ရွာများတွင်အလွန်ရေပန်းစားသည့် ဓလေ့တရပ်ဖြစ်ခဲ့ကြောင်း၊ယခင်ယခုအဓိကကွာခြားချက်မှာ မိမိတို့ငယ်စဉ် ဆင်ပွဲများတွင် မည်သည့်အသံချဲ့စက်မှ မပါသော်လည်း ဝါးလက်ခုပ်၊ဒိုးပတ်၊လင်ကွင်းစသည့်တီးသံများမှ တမြို့လုံးဟိန်းဟိန်းထနေကြောင်း၊ကသူမှာလည်း မညှာတမ်းကရသကဲ့သို့ တီးသူမှာလည်း အားကုန်ထုတ်တီးရကြောင်း၊အားပေးကြသူများမှာလည်း မနက်ခင်းမိုးလင်းမှစကာ ညသန်းခေါင်ထိ ထမင်းမစားဟင်းမစားပဲ အားပေးကြသည်ဟု ဦးကျော်လေးမှဆိုသည်။
“အဲဒိတုန်းက ဆင်အဖွဲ့တွေကို အခုလို စည်းကမ်းလုပ်မထားတော့ လမ်းထောင့်တွေမှာ အဖွဲ့တွေဆုံကြတယ်။ကရင်းပြုရင်းနဲ့ ရန်ဖြစ်ကြတာလည်း ခဏခဏပဲ”ဟု ၎င်းကပြောသည်။
ဆင်ပွဲများတွင် အပျော်အပါးလွန်စွာများလာသည့်အတွက် ၁၉၇၅တွင် အစိုးရမှ ကြီးကြပ်ကာ ရှေးအစဉ်အလာများမပျောက်ပျက်အောင် ပြန်လည်ထိန်းသိမ်းခြင်း၊စည်းကမ်းတကျဖြစ်အောင်ကြပ်မတ်ပေးခြင်းများပြုလုပ်ခဲ့ရပြီး ယင်းနောက်ပိုင်းမှ ကျောက်ဆည်ဆင်ပွဲမှာ ပြန်လည်စည်ကားလာခဲ့ရသည်ဟု ပြိုင်ပွဲကျင်းပရေးကော်မတီထံမှသိရသည်။


အမြဲကိုးမှတ်၊ဥတေနတ်အား၊ချမ်းမြတ်သီတာ၊ပန်းနံ့သာနှင့်…

“ဆင်များသခင် ဥတေရှင်ကို ပွဲယှဉ်ပါလို့ လမိုင်းတင်၊ကူညီဝိုင်းလို့ မှိုင်းမပါစေချင်၊ဆဒ္ဒန်ဟတ္ထိ၊ပတ္ထိနာဂိန်၊ဒေဝိန်သခင်၊ဘိုးတော်သကြားပေးထားတဲ့ဒီဆင်”

ဥတေနနတ်ဒိုးသံကား ကျောက်ဆည်မြို့တွင်းနေရာတကာတွင် ပျံ့နှံ့နေသော်လည်း ဥတေနနတ်နန်းကား ခြောက်တိခြောက်ကပ်သာ ဖြစ်နေသည်။ကျောက်ဆည်မြိုမှ မန္တလေးမြို့သို့အထွက် အမှတ်(၁၄)ခြေမြန်တပ်ရင်းဝင်းအတွင်းတွင် ယင်းနတ်နန်းရှိသည်။းနတ်နန်းရာဇဝင်ကလည်း စိတ်ဝင်စားဖွယ်ကောင်းလှသည်။နတ်နန်းမုခ်ဝအရှေ့ဘက်တွင် ညောင်ပင်တပင်ရှိပြီး ယင်းညောင်ပင်မှာ အစောင့်အရှောက်ကြိးသည်ဟု ဒေသခံများက ယုံကြည်ကြသည်။ရှေးယခင်က ဆင်များအား တနေရာမှ တနေရာသို့ ကူးပြောင်းရာတွင် ယခုခေတ်ကဲ့သို့ ဆင်များအား သယ်ဆောင်နိုင်သည့် ကားကြီးများ မပေါများသေးသဖြင့် ခြေကျင်သာ သယ်ဆောင်ကြရသည်။ထူးခြားချက်မှာ ကျောက်ဆည်နယ်ထဲသို့ စဝင်ပြီဆိုလျှင် ယင်းဆင်များမှာ အလိုလိုနေရင်းမြူးလာကြခြင်းဖြစ်သည်ဟု အမရပူရမြို့နယ်၊မြန်မာ့သစ်လုပ်ငန်းမှ အငြိမ်းစားတောအုပ်ကြိးတစ်ဦးက ပြောပြသည်။

“ဥတေနနတ်နန်းနားရောက်ပြီဆိုရင် ဆင်က အော်မြူးနေတာပဲ။ဆင်ထိန်းက ဘာမှလုပ်ပြတာမဟုတ်ပဲနဲ့ ဆင်တွေကိုယ်က သူ့ဘာသူ နတ်နန်းနားက ရွှေညောင်ပင်ကိုသွားပြီးဦးတိုက်တယ်။ပြီးမှ ပြန်ထွက်လာတာပဲ”ဟု ၎င်းကဆိုသည်။

နတ်ကိုးကွယ်မှုကို မယုံကြည်သည့် တပ်ရင်းမှုးတစ်ဦးမှ ယင်းဥတေနနတ်နန်းကို ဖျက်ဆီးခဲ့သကဲ့သို့ ရွှေညောင်ပင်ကိုလည်း ခုတ်ပစ်ခဲ့ကြောင်း၊ထိုသို့လုပ်ဆောင်ပြီးနောက် ယင်းတပ်အတွင်း မီးလောင်ခြင်း၊တပ်ရင်းရဲဘော်များ တိုက်ပွဲအတွင်းအကျအဆုံးများခြင်းတို့ဖြစ်ပွားခဲ့ပြီးနောက် တပ်ရင်းမှုးတစ်ဦးထပ်မံပြောင်းရွှေ့လာချိန်တွင် ဥတေနနတ်နန်းအား အသစ်ပြန်လည်တည်ဆောက်ပေးခဲ့သကဲ့သို့ ရွှေညောင်ပင်မှာလည်း ပြန်လည်ရှင်သန်လာခဲ့သည်ဟု ဒေသခံများထံမှသိရသည်။နတ်ကိုးကွယ်မှုနှင့်ပက်သက်၍ မည်သို့ပင် အယူဝါဒကွဲပြားစေကာမူ မြန်မာ့သစ်လုပ်ငန်းမှ ဆင်များအား ကားဖြင့်ပြောင်းရွှေ့သည့်အခါတိုင်း ယင်းဥတေနနတ်နန်းရှေ့သို့ရောက်လျှင် ဆင်များမှာ သိသိသာသာမြူးတူးလာသည်မှာတာ့ ယခုချိန်ထိ မှန်ကန်နေဆဲကိစ္စတခုပင်ဖြစ်သည်။

ဥတေနနတ်နန်းမှာ ရှေးယခင်က ဆင်ပွဲတော်ကျင်းပသည့်အချိန်တွင် စည်ကားလေ့ရှိသော်လည်း ယခုအခါ စစ်တပ်ဝင်းထဲတွင် ဖြစ်နေသောကြောင့်  ဂိတ်ဝတွင်ခွင့်တောင်းပြီး သွားလာနိုင်သော်လည်း ရဲစခန်း၊စစ်တပ်စသည်တို့ကို ဝေးဝေးကရှောင်သည့် မြန်မာများပီပီ.ဥတေနတ်နန်းမှာ သွားလာသူနဲပါးကာ ခြောက်ကပ်နေသည်ကိုတွေ့ရသည်။ကျောက်ဆည်မြို့ပတ်ဝန်းကျင်သည်ကား ရှေးယခင်က ရှင်ဘုရင်များဆင်ကျော့(ဆင်အရိုင်းအားဖမ်းကာ အယဉ်ဖြစ်အောင်ပြုလုပ်ခြင်း)သည့်နေရာဖြစ်သည့်အတွက် ဆင်နှင့်ပက်သက်၍ ရိုးရာယုံကြည်မှုများ ယခုချိန်ထိ ရှိဆဲပင်ဖြစ်သည်။



နိုင်ငံအဆင့်သို့ ချီကာတက်..ကျောက်ဆည်ဆင်ပွဲတော်သို့ လှမ်းလာခဲ့..


ပုဂံခေတ် အနော်ရထာမင်းလက် ထက်မှစ၍ နှစ်စဉ်ကျင်းပမြဲဖြစ်သော ကျောက်ဆည်မြို့ ရွှေသာ
လျောင်းဆင်ပွဲတော်မှာ ယခုအခါ ဒေသအဆင့်သာမက နိုင်ငံတော်အဆင့်ထိ ရောက်ရှိနေပြီဖြစ်ပြီး မကြာခင်ကျင်းပတော့မည့် ဆီးဂိမ်းတွင် ဧည့်ခံဖျော်ဖြေရန်အတွက်လည်း ကျောက်ဆည်မှဆင်အဖွဲ့ဝင်များအား နေပြည်တော်သို့စခန်းသွင်းလေ့ကျင့်နေပြီဖြစ်သကဲ့သို့တနှစ်တကြိမ်ကျင်းပသည့်ဆင်ပွဲတော်သို့လည်း နှစ်စဉ်နိုင်ငံခြားသားများ လာရောက်လေ့လာမှတ်တမ်းတင်၊ပါဝင်ဆင်နွဲနေကြသည်ကိုဝမ်းမြောက်ဖွယ်တွေ့မြင်နေရပြီဖြစ်ပါတော့သတည်း..

https://www.facebook.com/notes/minmin-soe/%E1%80%B1%E1%80%9B%E1%82%8A%E1%80%86%E1%80%8A%E1%80%B9%E1%80%BB%E1%80%99%E1%80%AD%E1%80%B3%E1%82%95-%E1%80%86%E1%80%84%E1%80%B9%E1%80%95%E1%80%BC%E1%80%B2%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%9E%E1%80%BC%E1%80%AC%E1%80%B8-%E1%80%B1%E1%80%90%E1%80%AC%E1%80%9C%E1%80%AC%E1%80%B8/597500263647362မှ ကူးယူဖော်ပြပါသည်။


ရေကုသိုလ်

$
0
0


ဓာတ်ပုံ http://satekuupuyar.blogspot.com/2013/06/blog-post_3262.html
(၁)
သူတို့နှစ်ဦး ရေလှည်းလေးကို တရွေ့ရွေ့တွန်းလာတာ တွေ့လိုက်ရတော့ အမိမြေ မြန်မာပြည်မှာ တွေ့နေကျ မြင်ကွင်းလေးတွေ မျက်စိထဲ တန်းစီပေါ်လာသည်။ မြန်မာပြည်အနှံ့ တွေ့ရတတ်တဲ့ လမ်းဘေး အရိပ် ကောင်းကောင်းနေရာမှာ လေးတိုင်စင် တဲလေးပေါ်မှာဖြစ်စေ .. သစ်သားတိုင်ထိပ်မှာ ကရွတ်ခွေနေရာလေး လုပ်၍ ဖြစ်စေ… ဝါးလုံးထိပ် တဖက်ကို  အစိပ်အစိပ်လေးတွေခွဲကာ ဝါးခြမ်းဖြင့် ကန်တော့အဝကျယ်ပုံ ယက်လုပ်ကာဖြစ်စေ  တင်ထားတတ် သောရေချမ်းစင်လေးများ ဖြစ်သည်။

ထို့အပြင် ရထားဖြင့်ခရီးသွားသည့်အခါတိုင်း ဘူတာရပ်နားစဉ် ရထားလမ်းဘေး ပလက်ဖောင်းပေါ် ရေအိုးလေး တွေ ရွက်ကာ “ရေကုသိုလ်.. ရေကုသိုလ်” ဟု အော်ဟစ်ရင်း အပြေးတပိုင်း လူးလာခေါက်ပြန် လှုပ်ရှားသွားလာ နေသော ရေ အလှူရှင် မျက်နှာလေး များမှာ တသက်မမေ့နိုင်စရာ။ ဆယ်နှစ်ဝန်းကျင်အရွယ်မှသည် အဖွားကြီး အို ခါးကုန်းကုန်းတွေ အထိ အရွယ် သုံးပါး အကျုံးဝင်သော ရေကုသိုလ်ရှင်များ၏ ထက်သန်သော စေတနာ ကြောင့် ရထားစီးလာ ခရီးသည်အပေါင်း ရွှင်လန်းချမ်းမြေ့ကြရသည်။


မျက်နှာမှာ သနပ်ခါး ပါးကွက်ကျားလူးကာ ကျဲကျဲတောက် နေအပူရှိန်အောက် ချွေးသီးချွေးပေါက်လေးတွေကို ခေါင်းခုပုဝါဖြင့် အသာအယာသုတ်သင်ဖယ်ရှားရင်း ရထားပြတင်းပေါက်မှ ခပ်ယူသောက်သုံးသူ၊  ရေဖြည့်ယူသူ တွေ၏ မျက်နှာကို မော့ကြည့်နေသည့် သူတို့၏ မျက်ဝန်းအိမ်များမှာ သန့်ရှင်းကြည်လင်မှု၊ ရိုးသားဖြူစင်မှု အရိပ် လက္ခဏာ အတိုင်းသား ပေါ်လွင်နေသည်။ တချို့ကလေးတွေက ကျောင်းစိမ်းဘောင်းဘီ၊ စကပ်လေးတွေ … ရှပ်အင်္ကျီအဖြူလေးတွေ ဝတ်ဆင်ထားတာ တွေ့ရတော့ ကျောင်းအားရက်မှာ မိဘကို တဖက်တလမ်းက ကူညီ တာလား .. ဒါမှမဟုတ် စာသင်ကျောင်းကို ကျောခိုင်းလိုက်ပြီလား ဟူသော အတွေးပဟေဠိ ပွေရပြန်သည်။

အများအားဖြင့် “ရေကုသိုလ်” ဟူသော အသံစာစာလေး နောက်ကွယ်မှာ ငွေအသပြာ အပေးအယူသဘော ထက် ခရီးသွားအရီးလာများ၏ ရင်ကိုအေးချမ်းစေသော စေတနာ သဒ္ဓါတရား ကဲနေတတ်သည်။ မည်သူကမှ ရေတခွက် အသပြာဘယ်လောက်ဟု ဈေးနှုန်းသတ်မှတ်ရောင်းချခြင်းမရှိ။ စေတနာအလျောက် တုန့်ပြန်သမျှ နှင့်ပင် ကျေနပ်ရောင့်ရဲကြစမြဲ။ အကြွေ အနုတ် မလွယ်သဖြင့် မပေးနိုင်လည်း ကိစ္စမရှိ။  စေတနာလျော့ကာ မျက်နှာ ညှိုးနွမ်းသွားတာမျိုး သိပ်မတွေ့ရ။ ကြည်လင်သော မျက်နှာထားနှင့် ရွှင်ပြုံးနှစ်လိုစွာ ခေါင့်ညိတ် နှုတ်ဆက် တတ်ကြသည်သာ။

ဤနေရာတွင် ရေအလှူရှင်တွေအပေါ် တုန့်ပြန်မှုပြုသော အလှူခံများ၏ စိတ်စေတနာ ကွဲပြားတာကိုလည်း ထင်ရှားပီပြင်စွာ မြင်ရသည်။ ကျနော်တို့ ငယ်ငယ်ကဆိုလျင် အကြွေစေ့ကလေးတွေ တန်ဖိုးရှိတုန်း ကာလ ဖြစ်သဖြင့် ရေကုသိုလ်ရှင်များ၏ ရေအိုးဖုံးလေးတွေပေါ်မှာ ဆယ်ပြားစေ့၊ တမတ်စေ့၊ ငါးမူးစေ့လေးတွေ ရှိနေတာ တွေ့ရတတ်သည်။ ငွေအကြွေ မလွယ်ကူသဖြင့် တစ်ကျပ်တန် ငါးကျပ်တန် ပေးကမ်းစွန့်ကြဲ သွားသူ အချို့ကို တွေ့ရဖူးသည်။  အိုးထဲက ရေကို ခပ်ယူသုံးစွဲပြီးနောက်မှ ဟိုအိတ်ဖွင့် သည်ကြားရှာသလိုလုပ်ကာ ဗျာများ နေဟန်ဖြင့် ပိုက်ဆံအိတ်ပျောက်နေတတ်သူ အချို့ အကြောင်းကိုတော့ ပြောမပြချင်လောက်အောင်ပင် စိတ်ပျက်မိသည်။

တခါက ကြုံတွေ့ခဲ့ဖူးသော ပုဂ္ဂိုလ်တဦးဆိုလျှင် ရေကုသိုလ် အလှူရှင် ကလေးငယ် ရွက်ထားသော ရေအိုးထဲမှ ရေကို သူ့မှာ ပါလာသော ရေဘူးထဲသို့ ခပ်ယူဖြည့်တင်းပြီးနောက် မျက်နှာပါသစ်လိုက်သေး သည်။  ရထား ဘီး လိမ့်နေပြီ သူ့ဝေယျာဝစ္စက မပြီးစီးနိုင်သေး။ ကလေးငယ်က ရထားဘေးမှာ လျှောက်လိုက် လာ၏။ ရထားအရှိန် အတော်လေးရလာမှ သတ္တု သောက်ရေခွက်လေးကို ကလေးငယ်ထံသို့ လှမ်းပစ်ပေး လိုက်ရာ ဖမ်းဆုပ် မမိဘဲ ပလက်ဖောင်းအုတ်ခုံအစွန်းနှင့် ရထားသံလမ်း အကြားသို့ လွင့်စင်ကျရောက်သွားသဖြင့် ကလေးငယ် ခမျာ လက်ကလေးနှစ်ယှက်ကာ ရင်ဘတ်ကိုဖိထားရင်း ရေခွက်ကျသွားသောနေရာကို လှမ်းကဲကြည့်နေတာ မြင်လိုက်ရလို့ စိတ်မကောင်း ဖြစ်မိ၏။

မည်သို့ပင်ဖြစ်စေ စေတနာသန့်သန့်ဖြင့် ပေးလှူသော ရေအလှူရှင်အဖို့ ရေလှူဒါန်းရသော အကျိုးတရား (၁၀) ကို မတောင်းဘဲ အလိုလို ပြည့်ဝနေမည်ဟု ယုံကြည်မိပါသည်။


(၂)
ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းတခုမှ မိနစ် (၂၀) ခန့် လမ်းလျှောက်သွားလျှင် ရေပွက်စမ်းကလေး တခု ရှိလေသည်။ ထိုစမ်းကလေးမှ ထွက်သောရေမှာ ထုံးဓာတ်ပါဝင်မှုနည်းပါးသဖြင့် စခန်းနေ လူအများစု ချက်ပြုတ် သောက်သုံးဖို့ ရေအဖြစ် သုံးစွဲကြသည်။ တောင်ခါးပန်းတနေရာတွင် ရှိသော ထိုရေပွက်စမ်း နေရာလေး ပတ်လည်ကို ကန်ဘောင်ဆင့် ရေသိုလှောင်လျက်  တောင်အောက်ခြေသို့ ဝါးရေတံလျှောက်၊ ကော်ပိုက်ပျော့ များဖြင့် အဆင့်ဆင့် သွယ်ယူကာ ခပ်ယူသုံးစွဲကြ၏။

ပိုက်သေးသေးလေးမှ စီးဆင်းလာသောရေကို ခံယူကြရာတွင် အလှည့်ကျ တန်းစီစောင့်ဆိုင်းရသဖြင့် အချိန်များ စွာ ကုန်ကြရသည်။ ထိုအခက်အခဲကို ဖြေရှင်းနိုင်ဖို့ ဝိုင်းဝန်းစဉ်းစားကြံဆကြရာမှာ ရေစုစည်းနိုင်သော အုတ်ကန် တခု ပြုလုပ်ကြသည်။ သို့သော် ထိုင်းသစ်တောဝန်ထမ်း (ပါမိုက်) များက ထိုအုတ်ကန်လေးကို ထုချေဖျက်ဆီးသွားကြသည်။ နောက်ထပ်တခါ ကားလမ်းနံဘေး တနေရာထိ ရေသွယ်ယူကာ သံတိုင်ကီ ၂ လုံးဖြင့် ရေအဖိတ်အစင် အလေအလွင့် မရှိရအောင်  တိုင်ကီထဲရေပြည့်လျှင် အလိုလျောက်ရေပိတ်သော အဆို့ရှင်စနစ်ဖြင့် ပြုလုပ်ထားသည်ကိုလည်း ဖျက်ဆီးခံခဲ့ရသည်။ သစ်တောဆိုင်ရာ ဥပေဒေနှင့် မည်သို့ ငြိစွန်းမှုရှိသဖြင့် ထိုကဲ့သို့ဖျက်ဆီးသည်ကို တိတိကျကျ မသိရပါ။

နံနက်ခင်းနှင့် ညနေချိန်များတွင် ထိုနေရာလေးမှာ ရေခပ်သူတွေနှင့် စည်ကားနေတတ်၏။ အညောင်းပြေ လမ်းလျှောက်ရင်း မိမိအိမ်သုံးရန် ရေဗူးများဖြင့် တနိုင်သယ်ယူသူတွေ ရှိသလို ရေလှည်းဖြင့် တွန်းကာ စခန်းထဲတွင် သင့်တင့်သော နှုန်းထားဖြင့် ပြန်လည်ရောင်းချသူ တချို့လည်း ရှိပေသည်။ စခန်းအတွင်း ဖြန့်ဝေပေးထားသော ရေက ထုံးဓာတ်များသဖြင့် ချိုးရေနှင့် ဆေးကြောလျှော်ဖွတ်ဖို့အတွက်သာ သင့်လျော်မှု ရှိသည်။

ရေလှည်းတွန်းသူများထဲတွင် ကိုကြီး (အစ်ကိုကြီး) တယောက်လည်း အပါအဝင်ဖြစ်သည်။ ခန္ဓာကိုယ် ပိန်ပိန်ပါးပါး တုတ်ခိုင် သန်မာမှု မရှိလှေသော ခြေချောင်းလေးတွေကို အားပြုကာ ရေပုံးအပြည့်တင်ထားသည့် ရေလှည်းကို အားမာန် တင်းလျက် တရွေ့ရွေ့ တွန်းနေရှာသော သူ့ကို ကျနော်သတိထားမိခဲ့တာ ကြာပါပြီ။ သို့သော် ရေခပ်သူတွေထဲ က လူတဦးအနေဖြင့်သာ သဘောထား၍ စပ်စပ်စုစု မရှိခဲ့။ တခါတရံ သူနဲ့အတူ ဆယ်ကျော်သက် ကလေးငယ် တဦး (သူ့သား) ပါလာတာတွေ့ရတတ်ပြီး နေပူကျဲကျဲ မှာ ချွေးရွှဲရွှဲစိုအောင် ပင်ပန်းဆင်းရဲခံကာ မိသားစု အသုံး စရိတ်ရဖို့ ရေရောင်းနေသူများ အဖြစ် ထင်ခဲ့မိသည်။

သို့သော် တကယ့်ဖြစ်ရပ်မှာ ကျနော်ထင်ထားသည်နှင့် ဆန့်ကျင်ဘက် တက်တက်စင် လွဲမှားနေကြောင်း နောက်မှ သိလိုက်ရ၏။ ကျနော်နှင့် အလွန်ခင်မင်ရင်းနှီးသော လူပျိုကြီး တဦး ကိုကြီးနှင့်အတူ ရေလှည်းတွန်း နေသည့် မြင်ကွင်းကို နေ့စဉ်ရက်ဆက်ဆိုသလို တွေ့မြင်လာရသည့်အခါ စိတ်ထဲ ထူးဆန်းနေသလို ခံစားလာ ရသည်။ အကြောင်းက ကိုကြီးတို့ မိသားစု အကြောင်း ဂဃနဏ ကျနော် မသိပေမဲ့ ကိုကြီးကို တွေ့လိုက်တိုင်း  အဝတ်နွမ်းနွမ်း ရော်ဘာ ဖိနပ်ကြမ်းလေး ဝတ်ဆင်လျက်သာ မြင်ရတတ်သဖြင့် ရေလှည်းတွန်း ရောင်းသည်ဟု အထင်ရောက်စရာ ဖြစ်သော်လည်း အမေရိကရှိ ညီမဖြစ်သူက လုံလုံလောက်လောက် ထောက်ပံ့ပေးမှုဖြင့် လိုလေသေးမရှိ နေထိုင် စားသောက်နိုင်သော လူပျိုကြီး အနေဖြင့် ယင်းကဲ့သို့ လုပ်ဆောင်ရန် မဖြစ်နိုင်ကြောင်း ကျနော်သုံးသပ်မိသည်။

ထို့ကြောင့် တနေ့မှာ လူပျိုကြီးနှင့် စကားပြောဖြစ်ရာမှ ကိုကြီးတို့ မိသားစုဘဝအကြောင်း တစေ့တစောင်း စနဲနာ မိတော့၏။ နောက်ပိုင်း ကိုကြီး နှင့် ကျနော် ခင်မင်ရင်းနှီးမှု ရလာသည်။


(၃)
ကိုကြီးက ဂေါ်ရခါးလူမျိုး ဗုဒ္ဓဘာသာဝင် (ဟိုယခင်က ဟိန္ဒူဘာသာဝင်)  မြစ်ကြီးနား ဇာတိဖြစ်သည်။ ဆင်းရဲ နွမ်းပါးသော မိသားစုမှ မွေးဖွားလာပြီး ငယ်စဉ်ကပင် ကျောင်းထွက်ကာ ကိုယ့်ဘဝကိုယ် ရပ်တည်ရှင်သန် ခဲ့ရသူတဦး ဖြစ်လေသည်။ ဘဝရပ်တည်ရေးအတွက် ကြုံရာကျပန်း အလုပ်လုပ်ကိုင်ရင်း ထိုင်းနိုင်ငံသို့ ရောက်ရှိ လာပြီး အိမ်ထောင်ကျကာ သား(၂) ဦး သမီး (၁) ဦး  ထွန်းကား၏။ ထိုမှတဖန် အကြောင်းကြောင်းကြောင့် ဒုက္ခသည် စခန်းတွင်းသို့ ရောက်ရှိလာသည်။ ကိုကြီးက သဘောကောင်းသည်။ ရိုးသားပွင့်လင်းမှု ရှိသည်။ ဒုက္ခသည် စခန်းထဲသို့ ရောက်ခါစ အချိန်ထိ အရက်နှင့် ဆေးလိပ်ကို စွဲစွဲလမ်းလမ်း သောက်သုံးသည် ဟု ဆို၏။

တနေ့ စခန်းအတွင်း အဆောက်အဦးဆောက်လုပ်ဖို့ သဲနှင့်ကျောက် သယ်ယူရန် လုပ်အားပေးသွားရောက်ခဲ့ရာ ကိုကြီး လည်း ပါဝင်ခဲ့သည်။ စခန်းမှာ ကားဖြင့် နာရီဝက်ခန့် ခရီးအကွာ နေရာတွင် သွားသယ်ယူရခြင်း ဖြစ်သည်။ ကျောက်သယ်ရာမှ အပြန်လမ်း တောင်စောင်းတနေရာ အရောက်တွင် မတော်တဆ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့သဖြင့် ကိုကြီး အပါအဝင် လူအချို့ ထိခိုက်ဒဏ်ရာ ရခဲ့သည်။ ကိုကြီး၏ ခြေထောက်တဘက် ပြင်းပြင်း ထန်ထန် ထိခိုက်ပျက်စီးသွားပြီး ဆေးရုံတက်ရောက်ကုသသော်လည်း အကောင်းပကတိပြန်မဖြစ်တော့။ ယခုအချိန်တိုင် မသန်စွမ်းသူများကူညီရေးအဖွဲ့ Handy Cap မှ ထောက်ပံ့ထားရသူ တဦးဖြစ်နေဆဲ။

ခြေထောက်တဘက် ဆတ်တောက်ဆတ်တောက် ဖြစ်နေသောဘဝဖြင့် မိမိကျန်းမာရေး မိသားစုနောင်ရေး အတွေးအာရုံ ထွေပြားကာ အားငယ်စိတ် ဝင်နေချိန်မှာ မိတ်ဆွေ ဂေါ်ရခါးလူမျိုးတဦး၏ ဆော်သြတိုက်တွန်းမှု ဖြင့် သူတို့အနီးနားက ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်သော (၇) ရက် တရားစခန်းသို့ ရိပ်သာဝင်ဖြစ်၏။ ဝိပဿနာ တရားကို ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ အားထုတ်လိုက်သောအခါ ညစ်ညူးနောက်ကျိ ကစင့်ကလျားဖြစ်နေသော စိတ်သန္တာန်မှာ အေးချမ်း တည်ငြိမ်မှု  သန္ဓေတည်စပြုလာပြီး အတွေးအမြင်လည်း သန့်ရှင်းကြည်လင်လာ၏။

ပထမဆုံးအနေဖြင့် နှစ်ကာလကြာရှည် စွဲမြဲသောက်သုံးခဲ့သည့်  အရက်ကို ယတိပြတ် စွန့်ပယ် လိုက်သည်။ အသက်ရှင်နေသမျှကာလပတ်လုံး သာသနာ ကောင်းကျိုးအတွက် ကိုယ်စွမ်းရှိသလောက် အားထုတ် ကြိုးပမ်း သွားဖို့ သန္နိဌာန်ပြတ်ပြတ် ချလိုက်ကြောင်း သိရသည်။

ထိုအချိန်မှစ၍ ရေလှည်းတွန်းသော ကိုကြီး ကို တွေ့မြင်လာ ရခြင်းဖြစ်သည်။ သူ ပင်ပန်းတကြီး တွန်းလာသော ရေကို လမ်းတလျှောက် ဘုန်းကြီးကျောင်း များနှင့် ရေချမ်းစင်များကို ဖြည့်ဆည်းလှူဒါန်းသည်။ လိုအပ်သမျှ ရေကို မညည်းမညူ လုပ်အားဒါပြုခြင်း ဖြစ်သည်။ အလှူအတန်း ရှိသဖြင့် ဘုန်းကြီးကျောင်းမှာ ရေလိုအပ်ပြီ ဆိုလျှင် နေပူသည် မိုးရွာသည် အချိန်အခါ ရွေးမနေဘဲ  ချက်ချင်းဆိုသလို လှည်းကိုတွန်းကာ အဆင်သင့် ဖြစ်နေ တတ်သည်။

သူ့ ရေလှည်းဘေးတွင် ဆာလာအိတ် အလွတ်တလုံး ချိတ်ထားသည်။ လမ်းမှာတွေ့သမျှ အချိုရည်ဘူးခွံ၊ ရေသန့်ဘူးခွံ၊ ဘီယာဘူးခွံ အကုန် ကောက်ထည့်ကာ အိမ်ရောက်တော့ သီးသန့်စတိုခန်းလေးထဲမှာ စုံပုံသိမ်းဆည်းထားပြီး များလာသည့်အခါ တကြိမ်ထုတ်ရောင်းလျှင် ဘတ် ငါးရာ အထက် ရရှိသည်။ ၄င်းငွေကို တရားစခန်းရိပ်သာသို့ လှူဒါန်းရန် ပြုလုပ်ထားသော စုဘူးထဲ အကုန်ထည့်သည်။ မိသားစု သုံးဖို့ လုံးဝအထိမခံ။ သူ့မိသားစု စားဝတ်နေရေး အတွက် စီဒီခွေလိုက်လံရောင်းချသည့် လုပ်ငန်းလေး တခုရှိရာ ထိုလုပ်ငန်းကို သူ၏ညီက ဦးဆောင်လုပ်ကိုင် နေရသည်။ ကိုကြီး နှလုံးသားထဲမှာ သာသနာရေးအတွက်သာ အဓိကနေရာ ရှိနေပုံရသည်။ သူရောက်လာလျှင် လက်ကိုင်ဖုန်းဖြင့် အသံသွင်းထားသော မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားဒေသနာတော် ဟောကြားသံ ပျံ့လွင့်လျက်ရှိသည်။

ထက်သန်စူးရှလွန်းသော  သဒ္ဓါစိတ် ဇော အဟုန်ကြောင့်ပင် ဖြစ်မည်။ သူ၏ ကုသိုလ် သဒ္ဓါတရားကို အားဖြည့် အထောက် အပံ့ပြုသည့် ဖြစ်ရပ်ဆန်း တခုကို ကိုကြီး မျက်ဝါးထင်ထင် တွေ့ကြုံခံစားလိုက်ရ၏။ တနေ့ ရေလှည်း တွန်းနေစဉ် လမ်းမပေါ်ကျကျန်နေသော ပိုက်ဆံထုပ် (ဘတ်ငါးထောင်တိတိ) သူ ကောက်ရသည်။ ချက်ချင်းပင် ထိုငွေကို တရားစခန်း ကမ္မဌာနာစရိယ ဆရာတော်ထံ သွားရောက်အပ်နှံလိုက်သည်။ “ပိုင်ရှင်ပေါ်လာလျှင် အရှင်ဘုရားထံ လာရောက်ယူစေပါမယ်။ အကယ်၍ ပိုင်ရှင်မပေါ်ပေါက်တော့ပါက နောက်တကြိမ်ပြုလုပ်မယ့် တရားစခန်း ဝေယျာဝစ္စ အတွက် သင့်လျော်သလို စီမံသုံးစွဲပါဘုရား” ဟု လျှောက်ထား အပ်နှံခဲ့ခြင်း ဖြစ်သည်။ ပိုင်ရှင်ကား ပေါ်မလာ။ သာသနာ အတွက် အလှူရေစက် ဖြစ်သွားတော့၏။


(၄)
ယနေ့တော့ ကျနော်လည်း လမ်းလျှောက်ထွက်ရင်း ခရီးကြုံသဖြင့် သူတို့နှစ်ဦးနှင့်အတူ ရေလှည်းကူတွန်းဖြစ် ပါသည်။ ရေပွက်စမ်းကလေးမှ ထွက်လာပြီး ကိုက် ၅၀ လောက်အကွာ ကုန်းအမော့တက် နေရာရောက်တော့ အလေ့အကျင့် မရှိသည့် ကျနော် ချွေးသီးချွေးပေါက်တွေ ဒလဟော စီးဆင်းကျကာ အမောကြမ်းလာသည်။ ကိုကြီး ကို ကြည့်လိုက်တော့ ဟန်းဖုန်းစပီကာမှ ထွက်ပေါ်လာသော တရားတော်ကို အာရုံပြုနားစိုက်ကာ သာမန်လမ်းလျှောက်နေသူ တဦးကဲ့သို့ပင် ပေါ့ပေါ့ပါးပါး ရှိနေတာ မြင်လိုက်ရသောကြောင့် စိတ်ထဲမှာ ရှက်မိ သလိုလို ခံစားရသည်။

စခန်းအဝင် ဘုန်းတော်ကြီးကျောင်းရှေ့ ရောက်သည့်အခါ ရေချမ်းစင်နှင့် ကျောင်းထဲမှ သောက်ရေသုံးရေ ပုံးများကို ရေဖြည့်သည်။ ပြီးတော့ နောက်ထပ် တကျောင်း။ လှည်းတွန်းလာစဉ်အတွင်း ကိုကြီး ပြောလိုက်သည့် စကားသံလေး ကျနော့်နားထဲမှာ စွဲနေသည်။ “သံသရာမှာ ကံသီထောက်မလို့ လူ့ဘဝကို ရခဲ့တာတောင် ခန္ဓာ မသိ၊ တရား မသိ နဲ့ အမိုက်ဇာတ်ခင်းခဲ့တာ လူ့သက်တမ်း လေးပုံသုံးပုံလောက် ကုန်ခဲ့ပြီ … နောက်ဆုံးချိန်မှာ အနှစ်မဲ့လောင်စာတုံးမဖြစ်အောင် ကျန်တဲ့အချိန်လေးကို သတိရှိရှိ ကုန်လွန်ဖို့ပဲ လုပ်ရတော့မယ်” တဲ့။

ကျနော့် အိမ်သို့ဝင်ရာ တပ်စည်းရိုးပေါက်ကို ရောက်တော့  ကျနော်ကျန်ရစ်ခဲ့သည်။ လက်ကျန် ရေပုံးများ တင်ဆောင်ထားသော ရေလှည်းလေးကို တွန်းကာ ဆက်လက်ထွက်ခွာသွားသည့် သူတို့နှစ်ဦး၏ ကျောပြင်ကို ငေးကြည့်ရင်း ရင်ထဲမှာ ကြည်နူးပီတိ ဝေဖြာနေမိပါတော့သည်။
ရေလိုအေး၍ ပန်းလိုမွှေးကြူ နိုင်ကြပါစေ …….. ။

ဝေမော်
၂၂-၁၀-၂၀၁၃

ရဲဘော် …. ဆက်လုပ်/ကြည့်လုပ်

$
0
0

 Photo: ရဲဘော် …. ဆက်လုပ်/ကြည့်လုပ်  …………………………………………… ဒီမှာ .. ရဲဘော်  မင်းဟာ  စစ်သား  အမိန့်ဆို  နာခံပြီးသား ဖြစ်နေရမယ် ။  ဒီနယ်မှာ ကျားသောင်းကျန်း ဆိုးသွမ်း  ဝါးချွန်နဲ့ပစ် နှိမ်နင်းစမ်းဟေ့ ရဲဘော် …. ဆက်လုပ် ဆက်လုပ်  မင်းအတွက် လက်ခုပ်သြဘာသံ တဖြောင်းဖြောင်း ။  ဟိုနယ်တရိုး ဆင်ဆိုးကြီး ရှိတယ်ကွ ထောင်ချောက်ဆင် အရှင်ဖမ်းဟေ့  ရဲဘော် …. ဆက်လုပ် ဆက်လုပ်  မင်းအတွက် လက်ခုပ်သြဘာသံ တဖြောင်းဖြောင်း။  ဟိုနယ်ဘက်မှာ  သဘာဝကပ်ဘေး  မနှေးအမြန် ကူညီကယ်ဆယ်ကြဟေ့ ရဲဘော် … ဆက်လုပ် ဆက်လုပ်  မင်းအတွက် လက်ခုပ်သြဘာသံ တဖြောင်းဖြောင်း။  ဒီမှာ …. ရဲဘော်  မင်းဟာ  စစ်သား  အမိန့်ဆို နာခံပြီးသား ဖြစ်နေရမယ်  ဒါပေမဲ့ …. စဉ်းစား  လူ့ ပြဿနာတွေကြား မင်း စဉ်းစား ။  ဟိုတောင်ခြေ သူပုန်စခန်း  ချီတက် ဝိုင်းပတ် ချေမှုန်းစမ်းဟေ့  ရဲဘော် …. ကြည့်လုပ် ကြည့်လုပ်  ရလာမယ့်အကျိုးဆက် အင်တာနက်မှာ စနည်းနားအုံးကွဲ့။  ဟိုမြို့မှာ အဓိကရုဏ်း  အမြန်ဆုံး သွားရောက် ဖြေရှင်းစမ်းဟေ့ ရဲဘော် …. ကြည့်လုပ် ကြည့်လုပ်  အဓိ နဲ့ ကရုဏ်း  အမုန်းဇာတ်လမ်း မင်းဘယ်လို ရပ်မှာတုန်း  ဗုံး စတက်တံဖြုတ်တာတောင်  အပြစ်မလွတ်တဲ့ လောကကြီး ဟ ……။  ကဲ …………………................... ………………………………………. …………………………………….။  သူငယ်ချင်း  ဒီခေတ်ကြီးမှာ …. စစ်သားဘဝ  အသက် ကံစောင့် …. သိက္ခာ ဥာဏ်စောင့်  မင်းကိုယ်မင်း စောင့်ရှောက်ဖို့လည်း မမေ့နဲ့ဟေ့ … ။  (ရဲဘော်ဟောင်း  နေမင်းသူ)
ရဲဘော် …. ဆက်လုပ်/ကြည့်လုပ်
……………………………………………
ဒီမှာ .. ရဲဘော်
မင်းဟာ စစ်သား
အမိန့်ဆို နာခံပြီးသား ဖြစ်နေရမယ် ။

ဒီနယ်မှာ ကျားသောင်းကျန်း ဆိုးသွမ်း
ဝါးချွန်နဲ့ပစ် နှိမ်နင်းစမ်းဟေ့
ရဲဘော် …. ဆက်လုပ် ဆက်လုပ်
မင်းအတွက် လက်ခုပ်သြဘာသံ တဖြောင်းဖြောင်း ။

ဟိုနယ်တရိုး ဆင်ဆိုးကြီး ရှိတယ်ကွ
ထောင်ချောက်ဆင် အရှင်ဖမ်းဟေ့
ရဲဘော် …. ဆက်လုပ် ဆက်လုပ်
မင်းအတွက် လက်ခုပ်သြဘာသံ တဖြောင်းဖြောင်း။



ဟိုနယ်ဘက်မှာ သဘာဝကပ်ဘေး
မနှေးအမြန် ကူညီကယ်ဆယ်ကြဟေ့
ရဲဘော် … ဆက်လုပ် ဆက်လုပ်
မင်းအတွက် လက်ခုပ်သြဘာသံ တဖြောင်းဖြောင်း။

ဒီမှာ …. ရဲဘော်
မင်းဟာ စစ်သား
အမိန့်ဆို နာခံပြီးသား ဖြစ်နေရမယ်
ဒါပေမဲ့ …. စဉ်းစား
လူ့ ပြဿနာတွေကြား မင်း စဉ်းစား ။

ဟိုတောင်ခြေ သူပုန်စခန်း
ချီတက် ဝိုင်းပတ် ချေမှုန်းစမ်းဟေ့
ရဲဘော် …. ကြည့်လုပ် ကြည့်လုပ်
ရလာမယ့်အကျိုးဆက် အင်တာနက်မှာ စနည်းနားအုံးကွဲ့။

ဟိုမြို့မှာ အဓိကရုဏ်း
အမြန်ဆုံး သွားရောက် ဖြေရှင်းစမ်းဟေ့
ရဲဘော် …. ကြည့်လုပ် ကြည့်လုပ်
အဓိ နဲ့ ကရုဏ်း အမုန်းဇာတ်လမ်း
မင်းဘယ်လို ရပ်မှာတုန်း
ဗုံး စတက်တံဖြုတ်တာတောင်
အပြစ်ပြောမလွတ်တဲ့ လောကကြီး ဟ ……။

ကဲ …………………...................
……………………………………….
…………………………………….။

သူငယ်ချင်း
ဒီခေတ်ကြီးမှာ …. စစ်သားဖြစ်ရ 
မင်းဘဝဟာ
အသက် ကံစောင့် …. သိက္ခာ ဥာဏ်စောင့်
မင်းကိုယ်မင်း စောင့်ရှောက်ဖို့လည်း မမေ့နဲ့ဟေ့ … ။

(ရဲဘော်ဟောင်း နေမင်းသူ)
— with Maung Paing and 16 others.


ပညာ လွန် ရင် သဒ္ဓါ နုံ့တတ်တယ်တဲ့

$
0
0
ကျနော့် အမေက နှလုံးအားနည်းတာရှိတော့ ...မန္တလေးကို တလကိုတခါလောက် ဆေးခန်းသွားပြရတယ်...........
ဒါပေမယ့် ပို့ပေးမယ့် အဖော်ရှိ မှ သွားရတာဆိုတော့ ...ဆရာဝန်က တလစာဆေးပေးလိုက်တာက ...တခါတလေ တလ ကျော်သွားတတ်တယ်......အဲဒီလိုမသွားဖြစ်ပေမယ့် အမေက ဆရာဝန်ပေးလိုက်တဲ့ဆေး အ မျိုးအစားကို ဆေးညွှန်းအတိုင်းသောက်တယ်....အမေထင်တက ..(.သူလေးငါးလလောက်သွား တာ အမြဲတမ်းဒီဆေးပဲပေးတယ်လို့.)
....အဲဒီတော့ ..သူက ဒီဆေးကို သောက်သင့်တယ်ထင်လို့ မပြတ်အောင်တော့ဝယ်သောက်တယ်.........
ဒါပေမယ့် ...တခါမှာ အမေ ဆေးခန်းကိုသွားတော့...ဆရာဝန်က အမေ့ကိုငေါက်တယ်.......အမေကလည်း သူမှာက သူ့အခက်အခဲနဲ့သူ (အသက်ကလည်း ၆၇ နှစ်ရှိပါပြီ) အဲဒါအပြင်အမေ က အရင်ကတည်းကလည်း သူကိုယ်တိုင်အလုပ်လုပ်လာတာဆိုတော့...သူထင်တာက
(..ဆရာဝန်က အရင်သွားတိုင်းလည်း ...ဒီဆေးကိုပေးတယ် ....ပြီးတော့ အမေ့ ကို ဘယ်တုန်းကမှဘယ်လိုနေလဲဆိုတာကို သိပ်ပြီးမ မေးတော့...သူ့စိတ်ထဲမှာ ဆရာဝန်က နာမည်ကြီးပေမယ့်......ဘယ်လိုလဲဆိုတဲ့) စိတ်ကလေးလည်းခံနေတယ်ထင် ပါတယ်...
အဲဒီမှာ အမေက စိတ်ထဲမှာ ဝမ်းနည်းသွားတယ်........
ငါ့နှယ် အသက်ကြီးပြီးနေမကောင်း ဖြစ်ပြီးစိတ်ညစ်နေကာမှ အငေါက်ခံရတယ်လို့ တွေးလိုက်တယ်ထင်ပါတယ်.........သေချင်သေပါစေဆိုပြီး တဖက်သတ်ပြောတယ်လို့ထင်သွားတဲ့ဆရာဝန်ဆီကို မသွားတော့ဘူးဆိုပြီး ဇွတ်လုပ်နေလို့ ကျနော်တို့ မနည်း ပြန်ပြောရတယ်...ဆရာလည်း သူစိတ်ထဲတခုခုရှိလို့နေမှာပါအမေရယ်လို့........
အဲဒါမှနောက် ကျ သွားတယ်.......အဲဒီတော့လည်းပြောပါတယ်....ဆရာဝန်က ဒီတစ်ခါကျတော့လည်း ဘာမှမပြောပြန်ဘူးဟဲ့တဲ့............
အဆင်ပြန်ပြေသွားတယ်............
...ကျနော်မတောက်တခေါက်သိထားတဲ့...စာလေး တစ်ခုနဲ့ ကျနော် ကိုက်ကြည့်ပါတယ်.............
လူတွေမှာရှိတဲ့ အိနြေ္ဒ ငါးပါးဆိုတာနဲ့........
1- ပညာ
2- သတိ
3-သဒ္ဓါ
4-သမာဓိ
5-ဝီရိယ.............. အဲဒါလေးနဲ့ပါ.........(အစီအစဉ်တော့မှားချင်မှားပါမယ်)
.......?......................
ကျနော်သုံးသပ်ကြည့်တာက ....အဲဒါတွေထဲမှာ ....ဘယ်ဟာလွန်ရင်ဘာဖြစ်တတ်လဲဆိုတာ..............
ကျနော့် အကိုလိုခင်ရတဲ့သူတစ်ယောက်နဲ့ ညနေကပဲစကားပြောဖြစ်တယ်............
မြတ်စွာဘုရားရဲ့ လမ်းစဉ်က မဇ္ဈိမ ပဋိပဋာ............
ဒါပေမယ့်
1- ဝီရိယ လွန်ကဲရင်....သမာဓိနည်းတယ်(တခုခုမှာ စိတ်ကို အကြာကြီးမစွဲမြဲနိုင်ဘူး)
2-သမာဓိလွန်ကဲရင် ဝီရိယ ဆိုတဲ့သွက်လက်မှု့နည်းပြီးတော့ ထုံတုံတုံ နိုင်သွားတတ် တယ်တဲ့
3- ပညာလွန်ရင် သဒ္ဓါဆိုတဲ့ ...ယုံကြည်မှု့အားနည်းသွားတတ်တယ်တဲ့(သူ့ကို ပညာပေးနိုင်တဲ့သူ နည်းလာတဲ့အချိန်မှာ ...သူများကိုယုံကြည်မှု့ နည်းသွားတတ်တယ်တဲ့....လူတွေသာမန်တွေးနေတဲ့ဘောင်က ကျော်သွားတတ်တယ်တဲ့)
4- သဒ္ဒါလွန်ရင် တဏှာကျွန် လို့ဆိုသလိုပဲ(သဒ္ဒါလွန် ရင် ပညာဆိုတဲ့စဉ်းစားတွေးခေါ်မှု့နည်းသွားတတ်တယ်တဲ့)
5- သတိလွန်ရင်ကော???????????? ကျနော်တော့သိဘူး.(သိသူများက ပညာပေးကြပါနော်...ကျနော်သိတာက သတိ ဆိုတာ လွန်သည်မရှိ လို့ပဲသိတယ်......)
............................................................................
အဲဒီမှာ ကျနော် က အခုလောလောဆယ် ကျနော့်စိတ်ထဲရှိနေတဲ့ အကြောင်းလေးကိုဆွဲညှိမိလိုက်တယ်(အကြောင်းအကျိုးတင်စဉ်းစားကြည့်တာပေါဗျာ)
.........................
အခုလောလောဆယ် ကျနော် ဖေ့ဘွတ်ပေါ်မှာ လူမျိုးစုံတွေ့လာရတယ်..........
တချို့ က ပညာလွန်တယ်
တချို့က သဒ္ဒါ လွန်တယ်
တချို့က ...ဝီရိယလွန်နေတယ်
တချို့က သမာဓိလွန်တယ်.......
တချို့က သတိ လွန်တယ်(ဒါပေမယ့် သံသယ ကိုရှေ့ထားပြီး သတိလွန်တော့ ဆရာမင်းသိင်္ခ ရေးထားဘူးတဲ့စာတစ်ခုလိုဖြစ်သွားတယ်ထင်တယ်....)
(လူတစ်ယောက်က အိမ်မှာနေရင်း သူ့ပိုက်ဆံအိတ် ပျောက်သွားတယ်ထင်တယ်.....
အဲဒီတော့ သူထင် လိုက်တာက သူ့အိမ်ကို လာတတ်တဲ့သူတစ်ယောက်.......
အဲဒီတော့ သူက အဲဒီလူကို သတိထားကြည့်တယ်......အဲဒီမှာသူကြည့် ရင်း ကြည့် ရင်းနဲ့ အဲဒီလူက ..သူခိုးနဲ့ ပိုပိုတူလာတယ်......
ကြာတော့ သူ့စိတ်ထဲမှာ အဲလူ လှုပ်ရှားလုပ်ကိုင်သမျဟာ သူခိုးနဲ့တူလာတော့တယ်တဲ့....စိတ်ထဲမှာပဲထားပြီးထုတ်တော့မပြောခဲ့ပါဘူး...........နောက်ကျတော့ သူ့ပိုက်ဆံအိတ် နေရာအထားမှားတာ သူတွေ့တော့မှ သူအထင်မှားတာလို့ သိသွားတယ်......ဒါပေမယ့် သူ့ရဲ့ သံသယနဲ့ကြည့်ခဲ့တဲ့သူအပေါ်အထင်ကတော့ မပျောက်တော့ဘူးလေ....သူနဲ့ ခပ်တန်းတန်းဖြစ်သွားတယ်......)............................
......ကျနော် ပညာလွန်တဲ့အကြောင်းလေးကိုပဲပြောပါရစေနော်...................
အခုတချို့ဆို ...ပညာတော်တယ်......ဒါပေမယ့် ပညာတစ်ခုထဲမှာ ချွန်သွားတော့ ဘယ်လိုဖြစ်လာလည်းဆိုတော့......သူတို့လက်ခံထားတဲ့အကြောင်းတချို့က လက်တွေ့ထက်ကျော်လာတယ်............စိတ်ကူးယဉ်သလိုဖြစ်လာပြီး........အရာတစ်ခုကို အဆင်ပြေပြေဖြစ်စေမယ့် ဆီကိုမရောက်နိုင်တော့ဘူး..................................
အဲဒီမှာဘာကထောက်ပံ့လိုက်လို့လည်းလို့ကျနော်စဉ်းစားမိလိုက်တော့.........ငါအမှန်လုပ်တာဆိုတဲ့ အတ္တမာန..........အဲဒီမှာ တခြားတဖက်မှာနေတဲ့သူတွေနဲ့ အဆင်မပြေဖြစ်လာတယ်...........
ပြောရ ရင် ပြည်ပက အင်အားစုတွေကလည်း စစ်အစိုးရ အယုံအကြည်မရှိဆိုတာကို ကိုင်စွဲလာတယ်.....သူတို့ထင်တာကိုလည်းမှားတယ်မပြောလိုပါဘူး.....အဲဒီမှာ NLD ရဲ့ အစိုးရ နဲ့တွဲလုပ်တာကိုတွေ့လာရတဲ့အချိန်မှာ..NLD က အစိုးရကိုကူညီတယ်.....ဒေါ်စုကိုကာဘာယူပြီးတော့ အစိုးရက ပစ်တယ်ထင်သွားတယ်ထင်ပါတယ်(ကာဘာမယူလည်းအရင်ကတည်းက ပစ်တတ်တာသိနေတာပဲလေ)
.......ဒေါ်စုကတော့ သူသာဝမ်းနည်းရင်ဝမ်းနည်းသွားလိမ့်မယ်.......ဒါပေမယ့်အပြစ်တင်မှာမဟုတ်ဘူးထင်ပါတယ်.......(ဘာလို့လည်းဆိုတော့ သူစပြီးပေါင်းကတည်းက ...နိုင်ငံအကျိုးအတွက် သူ့ကိုအသုံးချချင်ချပါစေ လို့ပြောခဲ့တာပဲလေ.....)(အဲဒါနဲ့ပတ်သက်ပြီး အများကြီးပြောကြတယ်....ကျနော်မြင်တာက အ မေ စု က စေတနာ လွန်တာ....ဒီနေ့ ပြောထားတဲ့စာလို ...ကျန်စစ်သားက စောလူးမင်းကို သွားကယ်လည်း စောလူးမင်းက အထင်လွဲတာကို ...ခံရသလို ....ဂရု ဏာဒေါသောလေးနဲ့ရေးထားတာလည်းတွေ့လိုက်ရပါတယ်......ဒါပေမယ့် သူများတွေမသိတာက သူရဲကောင်းတစ်ယောက်ဟာ သူလုပ်သင့်တာကိုစေတနာရှေ့ထားပြီးလုပ်မှာပဲလေ...နောက်ဆုတ်မှာမဟုတ်ပါဘူး)
ကျန်တာတွေကိုတြော ကျနော်လည်း မဝေဖန်ချင်ပါဘူး....ဒါပေမယ့် ပြည်ပ အတိုက်အခံတွေရဲ့စိတ်ထဲမှာက ....ကြံ့ဖွံ့ နဲ့ဘာလို့ပေါင်းရလဲလို့အပြစ်မြင်တယ်ထင်ပါတယ်)
..................................................
ကျနော့် အရင်က သူငယ်ချင်းတစ်ယောက်ပြောတာလေးကြားဖူးပါရဲ့.........
..သူတို့တွေ တရက်မှာ ဂိုထောင်တစ်ခုကို သွားရတယ်တဲ့......အဲဒီမှာသူတို့တွေ အထဲဝင်ဖို့သော့က မပါဘူး...အဝေးကကြည့်လိုက်တော့...သော့ကို တံခါးမကြီးမှာတွေ့တော့...သော့ခတ်ထားတယ်ဆိုပြီး....ပြတင်းပေါက်က ဝင်မှရမယ်လို့တွေးမိလိုက်ကြတယ်တဲ့....ဒါနဲ့ ပြတင်းပေါက်ကို မရအရ ကလော်တဲ့သူ ကလော်......နောက်ဖေးပေါက်ကို ဖွင့်သူကဖွင့် လုပ်နေလိုက်ကြတာ ...ဒီလိုလုပ်ရမယ်ဆိုတဲ့သူကလည်းဒီလိုပဲလုပ်တယ်...ဟိုလိုလုပ်ရမယ်ဆိုတဲ့သူကလည်းဟိုလိုလုပ်ကြပေါ့.........
တော်တော်လေးကြာတော့ အစောင့်ပြန်လာတော့ သူက လာမှာသိလို့တံခါးမကြီးကဖွင့်ပြီးသားလေတဲ့...ဆိုပြီး....သော့ကိုစေ့ထားတဲ့တံခါးမကြီးကိုဖွင့်ဝင်သွားတယ်တဲ့..............
အဲဒီကျတော့မှ အစောကကြိုးစားနေသူတွေလည်း ပလက်လန်သွားတယ်ဆိုပဲ...........
.................................................
ကျနော်ဆိုလိုချင်တာက တခါတလေမှာ ကျနော်တို့တွေခင်ဗျားတို့တွေဟာ ပညာတတ်ချင်သလောက်တတ်ကြလိမ့်မယ်................
ဒါပေမယ့် မသိကြတာက .....ဆရာဝန်တယောက်ဘယ်လောက်တော်တော်...နေမကောင်းတဲ့သူမရှိရင်လည်းအလကားပဲလေ...နေမကောင်းသူမှမရှိရင်သူဘာကိုသွားကုမလဲ...............
.....အဲလိုပဲတချို့ပညာအရမ်းတတ်ကြတယ်.....အဲဒီအချိန်မှာ သူများထက်ပိုသိလာတဲ့အချိန်မှာ..သူများထက်ပိုမြင်လာတတ်တယ်....ဒါပေမယ့် တတ်တာများတော့ သဒ္ဒါဆိုတဲ့ ယုံကြည်စိတ်က အလိုလိုနေရင်းကိုလျှော့နည်းလာတယ်......
...အဲဒီထဲမှာ ငါသိတယ်ငါတတ်တယ်ဆိုတဲ့ အတ္တမာနကို စွဲကိုင်လိုက်တဲ့အချိန်မှာ...သူတို့ကို ဘယ်သူမှပြောဖို့မလွယ်တော့သလို.....သူတို့သိထားတာတွေဟာလည်း အခြားသူတစ်ယောက်ကို ...ဘယ်လိုနည်းနဲ့ရောက်လာလဲဆိုတော့ မေးခွန်း ...သို့ ..ဆင်ခြေအနေနဲ့ပဲလာတော့တယ်ထင်ပါတယ်................
.......................................................................
ဒါပေမယ့် အစောကအတ္တမာနဟာ...ဘာကိုယူလာလည်းဆိုတော့ သူများတွေဘာမှမသိမတတ်ပါဘူးကွာလို့ဖြစ်သွားပါတယ်...........အဲဒီ အချိန်မှာ ...ပုထုဇဉ်မှန်သမျှ.ဘယ်သူမှမပြည့်ဝနိုင်ဘူးဆိုတဲ့....အဆိုကိုမေ့သွားပြီးတော့.......သင်ပေးမယ်မကြံတော့ပဲ .......ငါတတ်တယ်ဆိုပြီးခေါင်းဆောင်နေရာမှာပဲနေချင်ကြတော့တယ်..................အဲဒီမှာလက်တွေ့နဲ့ဝေးပြီးတော့ ပြောဆိုတာတွေဟာ.....အစောက အဖြစ်လိုပဲ......ကိုယ်ဖွင့်နေတဲ့တံခါးဟာ...အမှန်ပဲမြင်သွားပြီး....အမြင်တွေများကျဉ်းကုန်မလားဗျာ............................
အဲဒီတော့ ပညာတတ်တွေ တယောက်ကိုတယောက် ကိုယ်သန်ရာက ကစ်ကြတော့တာပါပဲ................................
အဲဒါတွေဟာ ဘာကြောင့်လည်းဆိုတော့ အစောကပြောတဲ့...သဒ္ဒါနဲ့စေတနာဆိုတာနည်းသွားလို့...........
သူတို့ထင်တာက သူတို့အမှန်....................
ကျနော် ကောက်ချက်မချနိုင်ပါဘူး......မသိပါဘူး?....
ဒါပေမယ့် ကျနော်သိတာတခုက ...၁၉၈၈...ပြီးကတည်းက ...ပြည်ပရောက်အတိုက်အခံတွေ လုပ်ကိုင်နေကြပါတယ်...သူတို့တွေးတာလည်းမှန်ပါမယ်.......ကျနော် လူပြိန်းတွေးပဲတွေးလိုက်ပါတယ်.....
ဖြစ်နေတာက.......အိမ်တအိမ်ထဲမှာ ဖြစ်တဲ့ပြသနာကို သူများအိမ်မှာသွားနေပြီး ....အော်ပြောအပြစ်တင်နေလို့ အဲဒီလူက ရှက်ပြီးများ အိမ်ကထွက်သွားမလား.........အဲလိုမထွက်သွားလို့ ကျနော်တို့တွေ ကိုယ့်အိမ်မှာကိုယ်....စိုးရိမ်တတ်တဲ့ခေါင်းဆောင်ရဲ့တင်းကျပ်မှု့ထဲမှာ ပိုပြီးတော့ငတ်လာတာပဲရှိပါတယ်.....
ဘယ်လိုမျိုးလူက...အိမ်မှာဖြစ်တဲ့ပြသနာကို အခုပြောနေတဲ့ဒီမိုကရေစီ ကျကျ...ရှင်းပေးနိုင်မလဲ.....................
အဲဒီအင်အားဟာ သူများအိမ်မှာနေတဲ့သူတွေဆီမှာ မရှိပါဘူး........ဘေးအိမ်ကနေအော်ပြီးထိန်းပေးလို့ပဲရမယ်......ဒါပေမယ့် ကျနော်တို့တွေအိမ်ထဲမှာနေပြီးအရိုက်ခံနေရတာ ?...အသံထွက်မယ်ဆိုရင် ပါးစပ်ပိတ်ပြီးအရိုက်ခံရတာပဲတိုးလာမှာပါ.........
....အဲလိုအချိန်မှာ ဒေါ်စု အပြင်ကိုထွက်လာချိန်မှာဒါတွေတွေ့မှာပါ........ကျနော်တို့တွေ ဘာတွေများ....1988ကနေပြီး2010...ရွေးကောက်ပွဲ အပြီးထိတိုးတက်တာတွှေိခဲ့လဲ..........သူများအိမ်ရောက်နေသူတွေက သူတို့ကြားရတဲ့အပေါ် မူတည်ပြီးဟိုကောင်ဘယ်လိုလုပ်တာလဲ...ဒီကောင်ဟိုဟာလူပ်လေ ဆိုတာပဲပြောနိုင်မှာပါ??....ဒါပေမယ့် တကယ်ရောအကျိုးရှိခဲ့လား???????????????
ဒေါ်စု ထွက်လာတော့ ဒါတွေမြင်တဲ့အချိန်မှာ ...၆၅ နှစ်လောက်လည်းရှိပါပြီ...........သူနှစ် ပေါင်း ၂၀ နီးပါးလောက် အကျယ်ချုပ်ထဲနေပေမယ့် .........ဘာတွေပြောင်းလဲခဲ့လဲဆိုတာမြင်မှာပါ........ကျနော့်အမြင်ကတော့ အဲဒီမှာ ....သူစေတနာထားပြီး....မသေခင် ရသလောက်လုပ်သွားမယ်လို့ပဲတွေးတော့မှာပါ.....ဒါဟာထောင်ချောက်ဖြစ်ခဲ့တောင်မှ သူပြောခဲ့သလို .....နိုင်ငံအတွက်အသုံးချလည်းချပါစေလို့ .............ဆိုပြီးလုပ်တာပါ..........ဒါပေမယ့် ဘယ်သူတွေသူ့စေတနာ ကိုသိခဲ့သလဲ??????
အတိုက်အခံဆိုတာ တသက်လုံးသေတဲ့အထိတိုက်ရမယ်ဆိုတာ အစောကလို ပညာလွန်တဲ့လူတတ်တွေပဲတွေးပါလိမ့်မယ်.......စေတနာထားတဲ့သူတစ်ယောက်ဟာ...ဘယ်တော့မှကိုယ်လုပ်နေတာအကျိုးရှိလားမရှိလားမတွေးပဲနဲ့မနေပါဘူး................................
အဲဒီအချိန်မှာ ......သူ က အိမ်ကို ဘယ်ကဝင်လို့ရမလဲစဉ်းစားပါလိမ့်မယ်.........အဲဒီအချိန်မှာသူလုပ်တာတွေက ကျနော်တို့ထင်နေတာနဲ့လွဲချင်လွဲနေပါလိမ့်မယ်..........
ဟုတ်ပြီ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်သူက ခေါင်းဆောင်တင်ခဲ့တာလဲ.....သူကနေပြီးသူလုပ်မယ်ပြောတာလား...ကျနော်တို့က တင်ပေးလိုက်တာလား.......
ကျနော်တို့တွေသူ့ကိုမယုံကြည်ပဲ မဲပေးခဲ့တာလား....သူလုပ်နေတာဟာ ...ဘလိုင်းလုပ်တာမဟုတ်ပဲ သူယုံကြည်မှု့တခု ကို လုပ်တာပဲနေပါလိမ့်မယ်.................လူတွေမှာခက်တာက ...ဒီမိုကရေစီဆိုတဲ့....မျှတမှု့စနစ်တခုကိုလိုချင်တယ်.......အဲလိုဆိုရင်....အရင်ဆုံးလူညီရမှာလား..စည်းလုံးမှု့ကိုလုပ်ရမှာလား....ကိုယ်ဖွင့်နေတာကို သူကမကူပဲ....သွားလို့အပြစ်တင်ရန်ရှာမှာလား.......ကျနော်တို့ လိုချင်လုပ်ချင်တာဘာလဲ.....အဲဒါကိုဘယ်လိုသွားရမှာလဲ...(ဘယ်လိုပဲဖြစ်ဖြစ်စေတနာနည်းပြီးပညာလွန်သူတွေအလုပ်ဟာအမှားများမှာပါ)
.....ကျနော်တို့တွေသူ ဘာကိုစဉ်းစားနေတယ်ဆိုတာကို ...အတ္တမာနတွေကို ခဏသိမ်းပြီးကြည့်မှာလား....သေချာတာကတော့ သူက တော့ သူတွေ့တဲ့အကောင်းဆုံးထင်တာကိုလုပ်ပါလိမ့်မယ်........
လူတစ်ယောက်ဟာ ငြင်းခုံခြင်းဖြင့်ဘယ်တော့မှအနိုင်မရပါဘူး......ဒီမိုကရေစီဆိုရင် ကျနော်ကြားဖူးတာ ....win=win ပါ..........
အဲဒီတော့ သူ့ကိုယုံကြည်ရင် သူနဲ့လိုက်ပြီးသူ့ကိုကာကွယ်ပါ...ဘေးထိုင်ပြီးတော့ ဘုမပြောပါနဲ့...လူတတ်ကြီးမလုပ်ပါနဲ့....မယုံရင်လဲသဘောထားလွဲခွင့်ရှိပြီးသားပါ..........ကိုယ့်အလုပ်ကို ကိုယ်လုပ်ပါ....သူများကိုအပြစ်တင်မစောပါနဲ့............
ကျနော်ကြားဖူးတာလေးတစ်ခုလိုတော့ မဖြစ်စေချင်ပါဘူး
သူငယ်ချင်းကပြောတယ်.....Arsenal နဲ့ Man U ...ပွဲကန်ရင်တချို့ဟာ...ဂျာနယ်လေးဖတ်ထားတာနဲ့ဝေဖန်ချင်ကြတယ်တဲ့......အာစင်နယ်ရှုံးရင်......ရှုံးမှာပေါ့....ဟိုဟာမှမလုပ်တာကိုး ဒီလိုမှမလုပ်တာကိုးဆိုပြီးတော့...လေနဲ့ပြောကြတယ်....ကိုယ်တိုင်ရောဘာအဖြစ်ရှ်လဲ ဆိုတော့ ....ရပ်ကွက်ပွဲတောင်နိုင်အောင်မကန်နိုင်ဘူးတဲ့..........
မသိရင်တော့ သူတို့ကပဲ...အာစင်ဝင်းဂါး...... ဖာဂူဆန်ထက်ပိုတော်နေသလို...............တကယ်တမ်းရော့ကွာ မင်းပြောတဲ့အသင်းကို မင်းကိုင်စမ်းကွာဆိုရင်တော့.......အစမ်းသပ်ခံတွေဖြစ်ကုန်တော့မယ်...........................................................
အခု ကျနော်တို့တတွေ ဟာ ဘေးထိုင်ပြီးကိုယ်တတ်တယ်ဆိုပြီးထိုင်ပြောကြမှာလား......
သိထားဖို့တခုက ...မသိသူတွေရှိလို့သိသူဆိုတာရှိတာပါ.....နှိမ်စရာလည်းမလိုပါဘူး......တကယ်စေတနာပါရင်.....
တတ်ထားတာကို သူများကို အပြုသဘောနဲ့သင်ပေးမှာပါ......ဘေးထိုင်ပြောတဲ့...ပညာလွန်တွေထက်.....မသိသူတွေကို သိအောင်သင်ကြားပြောဆိုပေးတဲ့ ....အပြုသဘောဆောင်တဲ့....သူကပိုကောင်းပါတယ်.....
အဲဒီလိုပဲ ..ကျနော်တို့တွေ..မယံရင် မယံခွင့်ရှိပါတယ်.....ကိုယ်မဲပေးတယ်ဆိုတာ.....အဲဒီသူကိုယုံလို့ပေးတာ....ရှင်းပါတယ်....
ကျနော်မဲပေးခဲ့သူကိုကျနော်အပြစ်မတင်ပါဘူး..........
ဘာလို့လည်းဆိုတော့ သူလုပ်နိုင်မယ်ဆိုတာ ယုံလို့ကျနော်မဲပေးတာ.....သူ့ကိုဆရာလုပ်ပြီးအပျက်သဘောနဲ့ပဲဝေဖန်နေမယ်ဆိုရင်.....နဂိုကထဲက မဲမပေးပါဘူး....ကျနော်ဘာကိုစဉ်းစားပေးမလဲ..ကိာယ်မဲပေးတဲ့သူလုပ်တာကို နှိုင်းချိန်မယ်စဉ်းစားမယ်....အပြုသဘောနဲ့ကိုယ်ကာကွယ်နိုင်တာကာကွယ်ပေးမယ်.........အရေးကြီတာက ...ကျနော်တို့အိမ်ထဲဝင်ဖို့မဟုတ်လား........ဘာမဟုတ်တဲ့ကိုယ့်သဘောအတိုင်းမဟုတ်တာနဲ့ ပညာလွန်ပြီးတလမ်းဆွဲသွားချင်တယ့်သူတွေကို ....ကျနော်တခုတော့ ပြောပြချင်ပါတယ်.......သဘောရိုးနဲ့ပါ...........
ပညာလွန်ပြီး စေတနာသဒ္ဒါ အရမ်းနုံ့နဲနေ ရင်လည်းအလကားပါပဲ..............
...........
တကယ်လို့အာစင်ဝင်းဂါးကို လုပ်တာမှားသွားတယ်ဆိုတာကို အကျိုးအကြောင်းလေးနဲ့ပြောရင်ရမှာပါ........အဲလိုမဟုတ်ပဲနဲ့....ကိုယ်သိတာလေးနည်းနည်းကို ပညာလွန်သွားပြီး အတ္တမာနခံပြီးတော့ပြောမယ်ဆိုရင်........အမေ့ကို ဖျောင်းဖျပြောဆိုသလို ....ပြောဆိုညှိုနှိုင်းပေးလို့ရပါတယ်........အဲဒါထက်ပိုပြီး...လွန်ကဲရင်တော့လည်း ......
မင်းကိုယ်တိုင်ရောဘာလုပ်တတ်လဲ........ဆိုတဲ့စကားကိုမေးသူတွေ တော့ရှိလာမှာပါ....................
စုစည်းပြီး အရှေ့ကို သွားရင်မကောင်းတဲ့သူလည်းပေါ်လာပါမယ်....အဲဒီအချိန်မှာ အားလုံးစုနေတော့အဲဒါကိုဖော်ထုတ်နိုင်ပါလိမ့်မယ်.........ဒါပေမယ့်.....တနယ်စီကွဲ....
တယောက်ကိုတယောက်အပြစ်ပဲတင်နေရင်တော့....နောက်ကျောကိုပဲဒါးနဲ့အထိုးခံရ....လုပ်ကြံခံရမှာပါပဲ....................
အဲဒီတော့ ဒါလေးကိုဖြေကြည့်ပြီးချလုပ်ကြည့်ပါ............
ကျနော်တို့တွေ ဘာလိုနေလဲ...ဘယ်လိုလုပ်ရမလဲ...ဦးတည်ချက်ကဘာလဲ....ဘာတွေဖြစ်လာနိုင်လဲ.........................
ဘာတွေဘယ်လောက်ပဲပြင်ဆင်နေနေ........ခရီးဆိုတာ မသွားရင်တော့ဘယ်တော့မှ မရောက်ပါဘူး......အန္တရာယ်ကင်းကင်းနဲ့သွားတတ်ဖို့လိုတာပါ......................
ကျနော်တို့တွေဘာလုပ်ကြမလဲ???????????????????????????.
 https://www.facebook.com/notes/kyawswar-win/%E1%80%95%E1%80%8A%E1%80%AC-%E1%80%9C%E1%80%BC%E1%80%94%E1%80%B9-%E1%80%9B%E1%80%84%E1%80%B9-%E1%80%9E%E1%80%92%E1%81%B6%E1%80%AB-%E1%80%94%E1%80%B6%E1%80%AF%E1%82%95%E1%80%90%E1%80%90%E1%80%B9%E1%80%90%E1%80%9A%E1%80%B9%E1%80%90%E1%80%B2%E1%80%B7/553259764706111မှကူးယူဖော်ပြပါသည်။

အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုတာ ထိပ်တိုက် ရင်ဆိုင်နေတာ မဟုတ်ပါ

$
0
0
 Photo: အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုတာ ထိပ်တိုက် ရင်ဆိုင်နေတာ မဟုတ်ပါ  xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx  လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင် ရေးဆွဲဖို့ အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ခြေလှမ်းများကို သုံးသပ်ပြီး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့က တပ်မတော်နှင့်၊ အစိုးရနှင့် ထိပ်တိုက် ရင်ဆိုင်ရေးကို ရှေးရှုနေသည် ဆိုသော ဝေဖန်ချက်အချို့ကို ကြားလိုက်ရပါသည်။ သည်အခါမှာ မေးခွန်းတစ်ခု ပေါ်လာပါသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့က ထိပ်တိုက် ရင်ဆိုင်ရေးလမ်းကြောင်းကို ရွေးချယ်စရာ ဘာအကြောင်းများ ရှိပါသလဲ။ နောက်ကြောင်းကို အနည်းငယ် ပြန်ကြည့်ဖို့ လိုပါမည်။ မြန်မာနိုင်ငံ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ နိုဘယ် ငြိမ်းချမ်းရေးဆုရှင်၊ ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိထား သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်၊ နေအိမ်မှာ နှစ်ပေါင်းများစွာ အကျယ်ချုပ်ချခံထားရသည့် ဒေါ်အောင်ဆန်း စုကြည်ကို ၁၃ နိုဝင်ဘာ ၂၀၁၀ ညနေ ၅း၀၀ နာရီက လွှတ်ပေး လိုက်ပါသည်။ လွှတ်မိန့်ကို ရဲမှူးချုပ်က ဖတ်ပြပါသည်။ လွတ်လပ်စွာ နေထိုင် လှုပ်ရှားနိုင်ကြောင်း၊ ဘာ အနှောင်အဖွဲ့မှ ဆက်လက် ရှိမနေကြောင်းတို့ကိုလည်း ပြောပါသည်။ နောက်တစ်နေ့ ၁၄ နိုဝင်ဘာ ၂၀၁၀ နံနက် ၁၂ နာရီ လောက်မှာ ရန်ကုန်မြို့ ဗဟန်းမြို့နယ် အနောက် ရွှေဂုံတိုင် လမ်းပေါ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဌာနချုပ် ရုံးစိုက်ရာ နေရာကနေ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားခဲ့ပါသည်။ အဓိက ပြောသွားခဲ့သည်မှာ အာဃာတ မထားကြောင်းနှင့် အမျိုးသား ရင်ကြားစေ့ရေး နည်းလမ်းကို ယုံကြည်ကြောင်း ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်က- “...အမျိုးသား ရင်ကြားစေ့ရေးကိစ်္စကို ဆက်ပြီးတော့ လုပ်သွားမှာပါ၊ ဒါဟာ အရေးကြီးတယ်၊ ကျွန်မ စိတ်ထဲမှာတော့ ဘယ်သူပဲ၊ ဘာဖြစ်လို့၊ ဘယ်သူနဲ့တော့ဖြင့် အဆင်ပြေအောင် လုပ်လို့ မရဘူး၊ ဘယ်သူနဲ့တော့ဖြင့် စကားပြောလို့ မရဘူး ဆိုတာ လုံးဝ မရှိဘူး၊ ဘယ်သူပဲဖြစ်ဖြစ် အဆင်ပြေအောင် လုပ်ချင်တဲ့စိတ်ရှိရင် လုပ်လို့ ရရမယ်၊ စကားပြောချင်တဲ့စိတ်ရှိရင် စကားပြောလို့ ရရမယ်၊ ကျွန်မကတော့ ဒီလမ်းအတိုင်း သွားမှာပဲ၊ ဒီလမ်းအတိုင်း သွားတဲ့အခါမှာတော့ ကျွန်မတို့ဘက်က ပြည်သူ့ အင်အားတွေ လိုပါတယ်ဆိုတာ အခုဒီမှာ ပြောပြီးတော့ အသိပေး ကြေညာလိုက်ပါပြီ၊ ကျွန်မတို့ ဒီမိုကရေစီအတွက် လုပ်နေတဲ့ အစုအဖွဲ့တွေ အားလုံးနဲ့ ကျွန်မတွဲပြီး လုပ်ချင်တယ်၊ ကျွန်မ ယုံကြည်တာ၊ လူ့အခွင့်အရေးကို ယုံကြည်တယ်၊ တရား ဥပဒေ စိုးမိုးရေးကို ယုံကြည်တယ်၊ အဲဒါတွေ အတွက်တော့ ကျွန်မ အမြဲတမ်း လုပ်ဆောင်သွားမှာပါ၊ ပုဂ်္ဂိုလ်ရေးအရ ဘယ်သူ့ကို မုန်းလို့ ဘယ်ဝါ့ကို မုန်းလို့ဆိုပြီးတော့ လုပ်နေတာ မဟုတ်ဘူး၊ အဲဒီစိတ်တွေ ကျွန်မမှာ မရှိဘူး၊ အချိန်လည်း မရှိဘူး” ဟု ပြောခဲ့ သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်၏ တစ်သမတ် တည်း ရှိခဲ့သော သဘောထားဖြစ်ပါသည်။ ယခုထိလည်း ဒီသဘောထား ဖြစ်သည်ကို ရှစ်လေးလုံး ငွေရတု အထိမ်းအမှတ် ပွဲမှာ အတိအလင်း ထပ်မံ ပြောဆိုခဲ့သည်။ ဒီသဘောထားက ပြည်သူ့ သဘောထားပဲ ဖြစ်သည်။ ပြည်သူလူထုက ဒူးထောက် အညံ့ခံ အလျှော့ပေးပြီး ဒီမိုကရေစီ နင်းချေခံရတာကိုတော့ ဘယ်သောအခါမှ လက်ခံမှာ မဟုတ်။ သို့သော်လည်း တစ်ဖက်နှင့်တစ်ဖက် အပြုတ်တိုက်၊ အပြတ်ရှင်းဖို့ဆိုသည့်နည်းကို စိတ်ပျက်လှပြီ။ အင်အားစုဝင်များ အသက်သွေးတွေ စတေးနေရတာကိုလည်း စိတ်မချမ်းမြေ့တော့ ပြီ။ သေနတ်သံများ၊ သွေးသံရဲရဲများကိုလည်း မကြည့်လို၊ မမြင် လိုကြတော့ပြီ။ မကျေနပ်မှုအချို့ ရှိကောင်းရှိမည်၊ အားမရတာတွေလည်း ရှိကောင်းရှိမည်၊ စိတ်ပျက်ရတာအချို့လည်း ရှိကောင်းရှိမည်၊ သို့သော်လည်း မြန်မာ ပြည်သူလူထု အများစုက ၈၈ ဒီမိုကရေစီ အရေးတော်ပုံ ကာလ ကတည်းက ယနေ့အချိန် အထိ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် မင်းကိုနိုင်၊ ကိုကိုကြီးစသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် များအပေါ် အင်တိုက်အားတိုက် ယုံကြည်မှု ရှိနေဆဲဖြစ်သည်။ ပြည်သူလူထုက ဒီလို ယုံကြည်မှုမျိုး ရှိနေသည်မှာ ပုဂ်္ဂိုလ်ရေး မဟုတ်။ နိုင်ငံရေး ခေါင်းဆောင်များ၏ ခေါင်းဆောင်မှုနှင့် လမ်းစဉ်ကို ယုံကြည်တာ ဖြစ်သည်။ ပြည်သူလူထုကို အထင်သေးလို့ မရပါ။ အထူးသဖြင့် ယနေ့ မြန်မာ ပြည်သူလူထုကြီးမှာ မိမိတို့၏ ဘ၀တစ်လျှောက်လုံး နိုင်ငံရေး အကျပ်အတည်းများကြားမှာ နေခဲ့ကြရပြီး၊ နိုင်ငံရေးကြောင့် အထွေထွေ ပြဿနာများ ကြီးထွား နေသည် ဆိုတာကို လွန်စွာမှ နားလည်ကြသည်။ ဒီလို နိုင်ငံရေး ရင့်ကျက်သည့် အမြင် ရှိနေသည့်အတွက် ခေါင်းဆောင်များ အပေါ် ယုံကြည်ကြတာဖြစ်သည်။ မြန်မာပြည်သူလူထုကြီးက ၁၉၈၈ ပြည်သူ့ ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ အာဏာရှင် အစိုးရကို အင်နှင့်အားနှင့် ထွက်တိုက်ခဲ့ကြသော်လည်း အစိုးရ ဘာလုပ်လုပ် ဆန့်ကျင်နေတာ မဟုတ်။ အစိုးရသစ် ဆိုတာ ယခင် တပ်မတော် အာဏာသိမ်း အစိုးရကို အခြေခံပြီး ပေါ်ပေါက် လာတာကို ပြည်သူက သိပါသည်။ အစိုးရအဖွဲ့မှာ စစ်ရာထူးရှိသူ အနည်းငယ်ရှိပြီး၊ အများစုမှာ အငြိမ်းစား တပ်မတော် ခေါင်းဆောင် များ ဆိုတာကို မသိတာ မဟုတ်။ ဒါနဲ့ပဲ အစိုးရ တက်လာတာနှင့် ဆန့်ကျင်ကြစို့ ဆိုသည့် ပြည်သူလူထု မဟုတ်။ အစိုးရသစ် ပေါ်လာပြီးသည့်နောက် သမ်္မတဦးသိန်းစိန်နှင့် သူ၏ အစိုးရအဖွဲ့၊ ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော် ဥက်္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် အမျိုးသား လွှတ်တော် ဥက်္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် အမျိုးသား လွှတ်တော်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် မြန်မာ့ တပ်မတော်တို့ ဘာတွေကို ဘယ်လို ကိုင်တွယ်ပြီး၊ ဘယ်လို ဖြေရှင်း ဆောင်ရွက်နေကြ သည်ဆိုတာကို မသိလိုက် မသိဘာသာ နေကြတာ မဟုတ်။ သိအောင် ကြိုးစားပြီး၊ လက်ခံစရာများကို လက်ခံပြီးနေတတ် သော ပြည်သူလူထု ဖြစ်သည်။ မည်းမည်း မြင်တိုင်း ဆန့်ကျင် နေကြတာ မဟုတ်။ အဆင်သင့်တိုင်း၊ အခွင့် ကြုံတိုင်း ဆန့်ကျင် တိုက်ခိုက်နေတာ မဟုတ်။ နိုင်ငံရေးအရ ဖြစ်စေ၊ မူအရ ဖြစ်စေ၊ ဆန့်ကျင်စရာအကြောင်း ပေါ်လျှင်သော်မှ အချိန်အဆနှင့် နေတတ်သော ပြည်သူလူထု ဖြစ်သည်။ ပြည်သူ လူထုက ဒီလောက် မညံ့။ အမျိုးသား ရင်ကြားစေ့ရေးမှာ ဒီမိုကရေစီ အင်အားစုများ၊ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် အခြား သော လက်နက်ကိုင် အင်အားစုများ ရှိသည်။ ဒီလို အနေအထား တွင်းမှာ နိုင်ငံရေးအင်အားစု အားလုံးက ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံရေး တည်ငြိမ်မှုတို့အတွက် အမျိုးသား ရင်ကြားစေ့ရေးမူကို ကိုင်စွဲပြီး ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်ကြရမှာ ဖြစ်သည်။ ဒါကိုပဲ ပြည်သူလူထုက အားပေးရင်း စောင့်မျှော်နေကြတာ ဖြစ်သည်။ ဒါဟာ လွှတ်တော်တွင်း နိုင်ငံရေးသက်သက်မျှ မကဘဲ လွှတ်တော် ပြင်ပမှာ ရှိနေသော နိုင်ငံရေး အင်အားစုများနဲ့ပါ ဆွေးနွေးရမှာ ဖြစ်သည်။ ဒါဟာ နိုင်ငံရေးအင်အားစု အားလုံးအတွက် ရဲရင့်သော ခြေလှမ်းသစ်တစ်ရပ် ဖြစ်လာမှာပဲ ဟု ပြည်သူလူထုက မျှော်လင့် ယုံကြည်နေကြတာ ဖြစ်သည်။ ဤသို့သော အနေအထားတွင်းမှာ မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေ တိုးမြင့်လာရေး၊ ဒါမှမဟုတ် ဒီမိုကရေစီ ပြည့်ဝ ခိုင်မာရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေးတို့ ဖော်ဆောင်ရာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးက အခရာကျသည့် အရေးတစ်ခုဖြစ်နေပါသည်။ ဒါက အညှာဖြစ် သည်။ တိုင်းပြည် ပြန်လည် ထူထောင်ရေးကို ဆန်စဉ်ရာ ကျည်ပွေ့ လိုက် ဖြေရှင်းနေလို့ မရ။ အရင်းအမြစ်ကို ကိုင်တွယ်ရမည်။ ဒါကို ကိုင်တွယ် ဖြေရှင်းရမည်မှာ အမှန်ပဲဖြစ်သည်။ ဒါကို ကိုင်တွယ် ဆောင်ရွက်ခြင်းကို ထိပ်တိုက်ရင်ဆိုင်ခြင်းဟု ရှုမြင်လို့ မရနိုင်။ ဘယ်သူကများ ဘယ်သူ့ကို ထိပ်တိုက် ရင်ဆိုင်ချင်ပါမည် နည်း။ စိုးရိမ်ပူပန်ရမည်က ဒီမိုကရေစီ အင်အားစုများကို မဟုတ်။ စိုးရိမ်ပူပန်ရမည်က ပြည်သူလူထုကို မဟုတ်။ စိုးရိမ်ပူပန်ရမည်က ပြည်သူလူထု၏ ဥာဏ်ရည်ဉာဏ်သွေးနှင့် ပြည်သူလူထု၏ နိုင်ငံရေးအမြင် ရင့်သန်မှုကို မဟုတ်။  (ပြည်သူ့ခေတ် ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၆၆ အယ်ဒီတာ့အာဘော်)
နိုင်ငံ့ရေးရာ လေ့လာသုံးသပ်ချက်များ စုစည်းမှူ's photo.
အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုတာ ထိပ်တိုက် ရင်ဆိုင်နေတာ မဟုတ်ပါ
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင် ရေးဆွဲဖို့ အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ခြေလှမ်းများကို သုံးသပ်ပြီး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့က တပ်မတော်နှင့်၊ အစိုးရနှင့် ထိပ်တိုက် ရင်ဆိုင်ရေးကို ရှေးရှုနေသည် ဆိုသော ဝေဖန်ချက်အချို့ကို ကြားလိုက်ရပါသည်။ သည်အခါမှာ မေးခွန်းတစ်ခု ပေါ်လာပါသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့က ထိပ်တိုက် ရင်ဆိုင်ရေးလမ်းကြောင်းကို ရွေးချယ်စရာ ဘာအကြောင်းများ ရှိပါသလဲ။
နောက်ကြောင်းကို အနည်းငယ် ပြန်ကြည့်ဖို့ လိုပါမည်။
 
မြန်မာနိုင်ငံ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ နိုဘယ် ငြိမ်းချမ်းရေးဆုရှင်၊ ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိထား သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်၊ နေအိမ်မှာ နှစ်ပေါင်းများစွာ အကျယ်ချုပ်ချခံထားရသည့် ဒေါ်အောင်ဆန်း စုကြည်ကို ၁၃ နိုဝင်ဘာ ၂၀၁၀ ညနေ ၅း၀၀ နာရီက လွှတ်ပေး လိုက်ပါသည်။ လွှတ်မိန့်ကို ရဲမှူးချုပ်က ဖတ်ပြပါသည်။ လွတ်လပ်စွာ နေထိုင် လှုပ်ရှားနိုင်ကြောင်း၊ ဘာ အနှောင်အဖွဲ့မှ ဆက်လက် ရှိမနေကြောင်းတို့ကိုလည်း ပြောပါသည်။
 
နောက်တစ်နေ့ ၁၄ နိုဝင်ဘာ ၂၀၁၀ နံနက် ၁၂ နာရီ လောက်မှာ ရန်ကုန်မြို့ ဗဟန်းမြို့နယ် အနောက် ရွှေဂုံတိုင် လမ်းပေါ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဌာနချုပ် ရုံးစိုက်ရာ နေရာကနေ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားခဲ့ပါသည်။ အဓိက ပြောသွားခဲ့သည်မှာ အာဃာတ မထားကြောင်းနှင့် အမျိုးသား ရင်ကြားစေ့ရေး နည်းလမ်းကို ယုံကြည်ကြောင်း ဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်က-
 
“...အမျိုးသား ရင်ကြားစေ့ရေးကိစ်္စကို ဆက်ပြီးတော့ လုပ်သွားမှာပါ၊ ဒါဟာ အရေးကြီးတယ်၊ ကျွန်မ စိတ်ထဲမှာတော့ ဘယ်သူပဲ၊ ဘာဖြစ်လို့၊ ဘယ်သူနဲ့တော့ဖြင့် အဆင်ပြေအောင် လုပ်လို့ မရဘူး၊ ဘယ်သူနဲ့တော့ဖြင့် စကားပြောလို့ မရဘူး ဆိုတာ လုံးဝ မရှိဘူး၊ ဘယ်သူပဲဖြစ်ဖြစ် အဆင်ပြေအောင် လုပ်ချင်တဲ့စိတ်ရှိရင် လုပ်လို့ ရရမယ်၊ စကားပြောချင်တဲ့စိတ်ရှိရင် စကားပြောလို့ ရရမယ်၊ ကျွန်မကတော့ ဒီလမ်းအတိုင်း သွားမှာပဲ၊ ဒီလမ်းအတိုင်း သွားတဲ့အခါမှာတော့ ကျွန်မတို့ဘက်က ပြည်သူ့ အင်အားတွေ လိုပါတယ်ဆိုတာ အခုဒီမှာ ပြောပြီးတော့ အသိပေး ကြေညာလိုက်ပါပြီ၊ ကျွန်မတို့ ဒီမိုကရေစီအတွက် လုပ်နေတဲ့ အစုအဖွဲ့တွေ အားလုံးနဲ့ ကျွန်မတွဲပြီး လုပ်ချင်တယ်၊ ကျွန်မ ယုံကြည်တာ၊ လူ့အခွင့်အရေးကို ယုံကြည်တယ်၊ တရား ဥပဒေ စိုးမိုးရေးကို ယုံကြည်တယ်၊ အဲဒါတွေ အတွက်တော့ ကျွန်မ အမြဲတမ်း လုပ်ဆောင်သွားမှာပါ၊ ပုဂ်္ဂိုလ်ရေးအရ ဘယ်သူ့ကို မုန်းလို့ ဘယ်ဝါ့ကို မုန်းလို့ဆိုပြီးတော့ လုပ်နေတာ မဟုတ်ဘူး၊ အဲဒီစိတ်တွေ ကျွန်မမှာ မရှိဘူး၊ အချိန်လည်း မရှိဘူး” ဟု ပြောခဲ့ သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်၏ တစ်သမတ် တည်း ရှိခဲ့သော သဘောထားဖြစ်ပါသည်။ ယခုထိလည်း ဒီသဘောထား ဖြစ်သည်ကို ရှစ်လေးလုံး ငွေရတု အထိမ်းအမှတ် ပွဲမှာ အတိအလင်း ထပ်မံ ပြောဆိုခဲ့သည်။ ဒီသဘောထားက ပြည်သူ့ သဘောထားပဲ ဖြစ်သည်။
 
ပြည်သူလူထုက ဒူးထောက် အညံ့ခံ အလျှော့ပေးပြီး ဒီမိုကရေစီ နင်းချေခံရတာကိုတော့ ဘယ်သောအခါမှ လက်ခံမှာ မဟုတ်။ သို့သော်လည်း တစ်ဖက်နှင့်တစ်ဖက် အပြုတ်တိုက်၊ အပြတ်ရှင်းဖို့ဆိုသည့်နည်းကို စိတ်ပျက်လှပြီ။ အင်အားစုဝင်များ အသက်သွေးတွေ စတေးနေရတာကိုလည်း စိတ်မချမ်းမြေ့တော့ ပြီ။ သေနတ်သံများ၊ သွေးသံရဲရဲများကိုလည်း မကြည့်လို၊ မမြင် လိုကြတော့ပြီ။
မကျေနပ်မှုအချို့ ရှိကောင်းရှိမည်၊ အားမရတာတွေလည်း ရှိကောင်းရှိမည်၊ စိတ်ပျက်ရတာအချို့လည်း ရှိကောင်းရှိမည်၊ သို့သော်လည်း မြန်မာ ပြည်သူလူထု အများစုက ၈၈ ဒီမိုကရေစီ အရေးတော်ပုံ ကာလ ကတည်းက ယနေ့အချိန် အထိ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် မင်းကိုနိုင်၊ ကိုကိုကြီးစသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် များအပေါ် အင်တိုက်အားတိုက် ယုံကြည်မှု ရှိနေဆဲဖြစ်သည်။ ပြည်သူလူထုက ဒီလို ယုံကြည်မှုမျိုး ရှိနေသည်မှာ ပုဂ်္ဂိုလ်ရေး မဟုတ်။ နိုင်ငံရေး ခေါင်းဆောင်များ၏ ခေါင်းဆောင်မှုနှင့် လမ်းစဉ်ကို ယုံကြည်တာ ဖြစ်သည်။ ပြည်သူလူထုကို အထင်သေးလို့ မရပါ။ အထူးသဖြင့် ယနေ့ မြန်မာ ပြည်သူလူထုကြီးမှာ မိမိတို့၏ ဘ၀တစ်လျှောက်လုံး နိုင်ငံရေး အကျပ်အတည်းများကြားမှာ နေခဲ့ကြရပြီး၊ နိုင်ငံရေးကြောင့် အထွေထွေ ပြဿနာများ ကြီးထွား နေသည် ဆိုတာကို လွန်စွာမှ နားလည်ကြသည်။ ဒီလို နိုင်ငံရေး ရင့်ကျက်သည့် အမြင် ရှိနေသည့်အတွက် ခေါင်းဆောင်များ အပေါ် ယုံကြည်ကြတာဖြစ်သည်။ မြန်မာပြည်သူလူထုကြီးက ၁၉၈၈ ပြည်သူ့ ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ အာဏာရှင် အစိုးရကို အင်နှင့်အားနှင့် ထွက်တိုက်ခဲ့ကြသော်လည်း အစိုးရ ဘာလုပ်လုပ် ဆန့်ကျင်နေတာ မဟုတ်။ အစိုးရသစ် ဆိုတာ ယခင် တပ်မတော် အာဏာသိမ်း အစိုးရကို အခြေခံပြီး ပေါ်ပေါက် လာတာကို ပြည်သူက သိပါသည်။ 
 
အစိုးရအဖွဲ့မှာ စစ်ရာထူးရှိသူ အနည်းငယ်ရှိပြီး၊ အများစုမှာ အငြိမ်းစား တပ်မတော် ခေါင်းဆောင် များ ဆိုတာကို မသိတာ မဟုတ်။ ဒါနဲ့ပဲ အစိုးရ တက်လာတာနှင့် ဆန့်ကျင်ကြစို့ ဆိုသည့် ပြည်သူလူထု မဟုတ်။
အစိုးရသစ် ပေါ်လာပြီးသည့်နောက် သမ်္မတဦးသိန်းစိန်နှင့် သူ၏ အစိုးရအဖွဲ့၊ ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော် ဥက်္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် အမျိုးသား လွှတ်တော် ဥက်္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် အမျိုးသား လွှတ်တော်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် မြန်မာ့ တပ်မတော်တို့ ဘာတွေကို ဘယ်လို ကိုင်တွယ်ပြီး၊ ဘယ်လို ဖြေရှင်း ဆောင်ရွက်နေကြ သည်ဆိုတာကို မသိလိုက် မသိဘာသာ နေကြတာ မဟုတ်။ သိအောင် ကြိုးစားပြီး၊ လက်ခံစရာများကို လက်ခံပြီးနေတတ် သော ပြည်သူလူထု ဖြစ်သည်။ မည်းမည်း မြင်တိုင်း ဆန့်ကျင် နေကြတာ မဟုတ်။ အဆင်သင့်တိုင်း၊ အခွင့် ကြုံတိုင်း ဆန့်ကျင် တိုက်ခိုက်နေတာ မဟုတ်။ နိုင်ငံရေးအရ ဖြစ်စေ၊ မူအရ ဖြစ်စေ၊ ဆန့်ကျင်စရာအကြောင်း ပေါ်လျှင်သော်မှ အချိန်အဆနှင့် နေတတ်သော ပြည်သူလူထု ဖြစ်သည်။ ပြည်သူ လူထုက ဒီလောက် မညံ့။
အမျိုးသား ရင်ကြားစေ့ရေးမှာ ဒီမိုကရေစီ အင်အားစုများ၊ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် အခြား သော လက်နက်ကိုင် အင်အားစုများ ရှိသည်။ ဒီလို အနေအထား တွင်းမှာ နိုင်ငံရေးအင်အားစု အားလုံးက ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံရေး တည်ငြိမ်မှုတို့အတွက် အမျိုးသား ရင်ကြားစေ့ရေးမူကို ကိုင်စွဲပြီး ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်ကြရမှာ ဖြစ်သည်။ ဒါကိုပဲ ပြည်သူလူထုက အားပေးရင်း စောင့်မျှော်နေကြတာ ဖြစ်သည်။ ဒါဟာ လွှတ်တော်တွင်း နိုင်ငံရေးသက်သက်မျှ မကဘဲ လွှတ်တော် ပြင်ပမှာ ရှိနေသော နိုင်ငံရေး အင်အားစုများနဲ့ပါ ဆွေးနွေးရမှာ ဖြစ်သည်။ ဒါဟာ နိုင်ငံရေးအင်အားစု အားလုံးအတွက် ရဲရင့်သော ခြေလှမ်းသစ်တစ်ရပ် ဖြစ်လာမှာပဲ ဟု ပြည်သူလူထုက မျှော်လင့် ယုံကြည်နေကြတာ ဖြစ်သည်။
 
ဤသို့သော အနေအထားတွင်းမှာ မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေ တိုးမြင့်လာရေး၊ ဒါမှမဟုတ် ဒီမိုကရေစီ ပြည့်ဝ ခိုင်မာရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေးတို့ ဖော်ဆောင်ရာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးက အခရာကျသည့် အရေးတစ်ခုဖြစ်နေပါသည်။ ဒါက အညှာဖြစ် သည်။ တိုင်းပြည် ပြန်လည် ထူထောင်ရေးကို ဆန်စဉ်ရာ ကျည်ပွေ့ လိုက် ဖြေရှင်းနေလို့ မရ။ အရင်းအမြစ်ကို ကိုင်တွယ်ရမည်။ ဒါကို ကိုင်တွယ် ဖြေရှင်းရမည်မှာ အမှန်ပဲဖြစ်သည်။ ဒါကို ကိုင်တွယ် ဆောင်ရွက်ခြင်းကို ထိပ်တိုက်ရင်ဆိုင်ခြင်းဟု ရှုမြင်လို့ မရနိုင်။ ဘယ်သူကများ ဘယ်သူ့ကို ထိပ်တိုက် ရင်ဆိုင်ချင်ပါမည် နည်း။
 
စိုးရိမ်ပူပန်ရမည်က ဒီမိုကရေစီ အင်အားစုများကို မဟုတ်။ စိုးရိမ်ပူပန်ရမည်က ပြည်သူလူထုကို မဟုတ်။ စိုးရိမ်ပူပန်ရမည်က ပြည်သူလူထု၏ ဥာဏ်ရည်ဉာဏ်သွေးနှင့် ပြည်သူလူထု၏ နိုင်ငံရေးအမြင် ရင့်သန်မှုကို မဟုတ်။

(ပြည်သူ့ခေတ် ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၆၆ အယ်ဒီတာ့အာဘော်)

အင်ဖက်ခေါင်မိုးအောက်က ဝိုးတဝါးအိပ်မက်များ(၆)

$
0
0
 


နို့ဖိုး ဒုက္ခသည်စခန်း…..
ပတ်ပတ်လည်မှာ တောင်ကုန်းတောင်တန်းတွေ ဝန်းရံထားသော တောင်ပေါ်မြေပြန့်နေရာလေးတခု။ ထိုင်းနိုင်ငံ အတွင်းပိုင်းနဲ့ ထိုင်း-မြန်မာ နယ်စပ်ဆက်သွယ်ထားသော ကားလမ်းနံဘေးမှာ တည်ရှိသည်။  ကားလမ်းပေါ် သွားရင်း ကြည့်လိုက်ပါက စခန်းအဝင်မှာ တောင်မြေကြားက စိမ့်ထွက်ရေများ ရစ်ခွေစီးဆင်းနေသော  စမ်းချောင်းလေးတခု တွေ့ရမှာဖြစ်ပြီး…  အခြားတဖက်အစွန်ကိုရောက်တော့ တောင်ကလပ်ပမာ မတ်စောက် မြင့်မားသည့် လွှာတွန့်ကျောက်တောင်ကြီးက ထီးထီးမားမား အုပ်မိုးလျက်။ အနီးနားမှာ တောင်ပေါ် ထိုင်းကရင် အများစုနေထိုင်ရာ နို့ဖိုးကျေးရွာ ရှိ၏။


တောတောင်ရေမြေသဘာဝနှင့် လမ်းပမ်းဆက်သွယ်ရေး အနေအထားအရ ဆိုလျှင် ပျော်ရွှင်စရာကောင်းသည့် နေရာတခုဟု ဆိုရပေမည်။ အုန်းဖန်မြို့နှင့် ထိုင်း-မြန်မာနယ်စပ် ပိုင်ခလိုင်ကျေးရွာ ဆက်သွယ်ဖောက်လုပ် ထားသော ကားလမ်းနံဘေးမှာရှိကာ … ထိုနေရာမှ မြန်မာပြည်နယ်စပ်သို့ ကားဖြင့်သွားလျှင် နာရီဝက်သာသာ စီးရပြီး အုန်းဖန်မြို့သို့ တစ်နာရီပျော့ပျော့ ခရီးရှိသည်။ ရက်သတ္တတစ်ပတ်လျှင် (တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ) ဈေးနေ့ သုံးရက် ရှိသည်။ ဆေးရုံတခု ရှိသည်။ စာသင်ကျောင်း နှင့် ဘာသာရေးအဆောက်အဦးများလည်း ထိုက်သင့်သလောက်ရှိသည်။ သို့တိုင် ထိုနေလူနေရပ်ဝန်းလေးအတွင်း မှီတင်းနေထိုင်သူအများစု၏ ဘဝ အနာဂတ်ရေးမှာ တိကျရေရာမှု မရှိလှဘဲ လေယူရာ ရွေ့လျားလိုက်ပါနေရသည့် မိုးတိမ်လွှာများသဖွယ် ဘယ်ဆီဘယ်ဝယ်မှာ ပျော်ဝင်အနယ်ကျမည်လဲ ကိုယ်တိုင်ခန့်မှန်းရခက်နေသော အခြေမခိုင် အနေအထားမှာ ရှိနေသည်။

အထက်တွင်ဖော်ပြခဲ့သော ဆေးရုံ၊ စာသင်ကျောင်းနှင့် ဘာသာရေးဆိုင်ရာ တည်ရှိနေသော်လည်း ပုံမှန် သမရိုးကျ အခြေချနေထိုင်သော လူ့အသိုင်းအဝိုင်းတစ်ခုမဟုတ်သဖြင့် ရေရှည်အားကိုးရာ မဖြစ်နိုင်။ အဓိက အရေးကြီးဆုံး အချက်မှာ စားဝတ်နေရေး ပြဿနာ ဖြစ်လေသည်။ ဒုက္ခသည်စခန်း ဖြစ်သည့်အလျောက် ထိုင်းပြည်ထဲရေး ဌာန၏ လုံခြုံရေးအစောင့်အကြပ်တွေအောက်မှာ တင်းကျပ်သော စည်းကမ်းများကို လိုက်နာ နေထိုင်ကြ ရသည်။ စခန်းပြင်ပသို့ထွက်၍  တရားဝင်အလုပ်လုပ်ခွင့်မရှိ။ TBBC ခေါ် ထိုင်း-မြန်မာ နယ်စပ် အဖွဲ့ပေါင်းစုံ ကော်မတီမှ ထောက်ပံ့ပေးသော ရိက္ခာနှုန်းထားများမှာ တနှစ်ထက်တနှစ် လျော့ကျလာသဖြင့် မိသားစုစားရန် လုံလောက်မှု မရှိတော့။ ယခင်က ရိက္ခာနှုန်းထားပြည့်ဝစွာ ထုတ်ပေးစဉ်ကပင် သူတို့ပေးသော ရိက္ခာအမယ်များမှာ အခြေခံ စားကုန် သဘောမျှသာ ဖူလုံမှုရှိသဖြင့် အခြားလိုအပ်သော အသုံးစရိတ်အတွက် မိမိတို့ဖာသာ လုံ့လပြု ရှာဖွေကြရသည်။ ယင်းအခြေအနေတွင် ပြင်ပတစ်နေရာမှ ထောက်ပံ့ပေးမည့်သူ မရှိသော မိသားစုများမှာ မဖြစ်မနေ အလုပ်တခု လုပ်ရန် လိုအပ်လာ၏။ သို့နှင့် စခန်းပြင်ပသို့ ခိုးထွက်ကာ ထိုင်းအလုပ်ရှင်များထံတွင် တရားမဝင် အလုပ်သမားအဖြစ် လုပ်ကိုင်ကြရသည်။

စခန်းထဲမှာ နေထိုင်စဉ် ပြေလည်သောင်သာသူဟူ၍ အနည်းအကျဉ်းလောက်သာ ရှိသည်။ NGO အဖွဲ့အစည်း အချို့တွင် ဝင်ရောက်လုပ်ကိုင်ရင်း ရာထူးအတန်အသင့်ရရှိထားသူများ၊ စခန်းအုပ်ချုပ်ရေးပိုင်းတွင် လုပ်ပိုင်ခွင့် အတော်အတန်ရှိသူများနှင့် ကိုယ်ပိုင်ငွေအရင်းအနှီးဖြင့် စီးပွားရေး လုပ်ငန်းထူထောင်နိုင်သူများ ဖြစ်လေ သည်။ တကယ့်လူများစုကြီးမှာ ကိုယ့်မှာရှိပြီးသား အရည်အသွေးကိုပင် ဖော်ထုတ်အသုံးချခွင့်မရဘဲ ချောင်ပိတ်မိ သလို ဖြစ်နေ၏။ စခန်းထဲမှာ အနေကြာလေ ဆင်းရဲကျပ်တည်းမှုဒဏ် ဖိစီးမှု ပိုခံလာရလေ ဖြစ်သည်။

နို့ဖိုး ဒုက္ခသည်စခန်း  ဖြစ်ပေါ်တည်ရှိလာပုံနှင့် ပတ်သက်ပြီး ကိုမိုးသောက် လေ့လောစူးစမ်း မိသလောက် အကြမ်းဖျင်း သိရှိထားရသည်မှာ  … ဤသို့ ….


၁၉၉၀ ပြည့်လွန်နှစ်တွေလောက်က ကရင်ပြည်နယ်အတွင်း အစိုးရတပ်နှင့် ကရင်လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့ KNU တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ချိန်အတွင်း … အဇင်းတိုက်ပွဲသည် နာမည်ကြီးအပြင်းထန်ဆုံးတိုက်ပွဲတခုဟု သိရသည်။ ထိုဒေသမှာ KNU တပ်မဟာ (၆) နယ်မြေအတွင်း တည်ရှိသည်။ ၁၉၉၅ ခုနှစ် ဝန်းကျင်လောက်တွင် တိုက်ပွဲဖြစ်ပွားရာဒေသမှ ပြည်သူ လူထုများ အိုးအိမ်ရပ်ရွာစွန့်ခွာခဲ့ရပြီး ထိုင်း-မြန်မာ နယ်စပ်တနေရာဖြစ်သော ပိုင်ခလိုင် ကျေးရွာအနီးတွင် ဖြစ်သလို စုပြုံစခန်းချ နေထိုင်ခဲ့ရသည်ဟု ဆိုသည်။ ပြည်တွင်းစစ်ဘေးရှောင် ဒုက္ခသည်စခန်း ဖြစ်ပေမဲ့ အထောက်အပံ့ပေးသော NGO အဖွဲ့ တစုံတရာနှင့်မျှ ဆက်သွယ်မှုမရသေးသဖြင့် ပြေးရင်းလွှားရင်း သယ်ပိုး ယူဆောင်လာခဲ့သော စားရေရိက္ခာ များကို အချင်းချင်း မျှတခွဲဝေကာ ကြုံသလို ချက်ပြုတ် စားသောက်ခဲ့ကြရသည်။ လုံလုံခြုံခြုံမရှိသော ဘဝမှာ မဝရေစာ စားသောက်နေရသည့်ကြားထဲ ငြိမ်သက် မသွားသေးသော စစ်ပွဲ အန္တရာယ်ကလည်း တရံမလပ်ခြိမ်းခြောက်လျက်ရှိနေခဲ့ရာ စစ်ဘေး ဒုက္ခသည် များအဖို့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာသလို ကြမ္မာဆိုးများနှင့်သာ ဆက်တိုက် ကြုံတွေ့ခဲ့ကြရလေသည်။

နေစရာ တဲအိမ်များနှင့် စားအိုးစားခွက် အဝတ်အစား အားလုံး ကိုယ့်မှာပါလာသမျှ ကိုယ်ထူကိုယ်ထ စနစ် ဖြင့်သာ သုံးနှစ်သုံးမိုး နီးပါး ရှင်သန်နေထိုင်ခဲ့ကြရပြီး ၁၉၉၇ ရောက်မှ NGO အဖွဲ့ အကူအညီစတင် ရရှိလာကာ လက်ရှိစခန်း နေရာသို့ ထပ်မံပြောင်းရွှေ့ အခြေချခွင့်ရခဲ့ခြင်းဖြစ်သည်။ ဘေးကင်းလုံခြုံရာ ထိုင်းနိုင်ငံ ဘက်ခြမ်း သို့ ပြောင်းရွှေ့ နေထိုင်ခွင့်ရသည့်တိုင် အခက်အခဲတွေက ရှိနေဆဲပင်။ ထွက်ပြေးပြောင်းရွှေ့လာသူများထဲတွင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ဒေသခံ ကရင်လူမျိုးများနှင့် ကျိုက်ဒုံနယ်တဝိုက်မှ မွတ်ဆလင်ဘာသာဝင်များ အများစုပါဝင်လေသည်။

မဲဆောက်အခြေစိုက် UNHCR ရုံးတွင် မှတ်ပုံတင်စာရင်းသွင်း လျှောက်ထားသူအား နီးစပ်ရာ ဒုက္ခသည်စခန်း များအတွင်းသို့ ဖြန့်ခွဲနေရာချထားသည့်အစီအစဉ်မှာ ၂၀၀၅ ခုနှစ် ရောက်မှ အစပြုလုပ်ဆောင်လာခြင်း ဖြစ်ပြီး ဒုက္ခသည်များအား တတိယနိုင်ငံတခုခုတွင် ပြန်လည်အခြေချနေထိုင်ရေး စီစဉ်ပေးမှုကိုလည်း ထိုအချိန်မှ အစပြုကာ စခန်းအခြေစိုက် လုပ်ကိုင်ဆောင်ရွက်သည့် ပုံစံပြောင်းလဲလာခဲ့ခြင်း ဖြစ်ပေသည်။

မှတ်မှတ်ရရ …. ကိုမိုးသောက်တို့ နို့ဖိုး ဒုက္ခသည်စခန်းအတွင်းသို့ စတင်ဝင်ရောက်လာသည့်နေ့ …. မဲဆောက်မှ စီးလာသောကားပေါ်က ဆင်းလာပြီးနောက် ကြိုဆိုရေးအဖွဲ့  စီစဉ်နေရာ ချထားပေးသည့် အိမ်နံပတ်ရှိရာကို သူငယ်ချင်းတဦး အကူအညီဖြင့် ရှာဖွေသွားရောက်ခဲ့ရသည်။ သူတို့နေထိုင်ရန် ဆောက်လုပ်ပေးထားသော အိမ်ကလေးကို ငေးစိုက်ကြည့်ရင်း ကိုမိုးသောက်ရင်ထဲ အံ့သြနေမိသည်။ ယခင်က စခန်းတွင်းနေထိုင်သူတချို့ ပြောစကားအရ  ကြမ်းခင်းပေါ်လမ်းလျှောက်လျှင်ပင် တအိမ်လုံး သွက်သွက်ခါ ယိမ်းထိုးနေသည်ဟု ကြားခဲ့ ရသဖြင့် စိုးရိမ်စိတ်ပိုခဲ့မိသည်။ ယခု မျက်ဝါးထင်ထင်မြင်ရမှ ကြားဖူးခဲ့သလောက် အခြေအနေ မဆိုးလှကြောင်း သိရတော့သည်။

ယူကလစ်မျောတိုင်ဖြင့် ဆောက်လုပ်ထားသော ဝါးကြမ်းခင်း၊ ဝါးကြမ်းကာ၊ အင်ဖက်မိုး ခပ်တောင့်တောင့် သုံးပင် အိမ်လေးကို မီးဖိုချောင်တွဲကပ် ဆောက်ထားပြီး မီးဖိုခန်းဘေးမှာ ရေသုံးကြမ်းပြင်နှင့် အိမ်သာ တွဲလျက် ရှိနေ၏။ အိမ်သာကျင်းကို ကျောက်ပြားဖြင့် ဖုံးအုပ်ထားပြီး ကြွေကမုတ် မိလ္လာခွက် တင်ထားသဖြင့် သာမန် တောရွာ တွေမှာ တွေ့ရများသည့် ရေလောင်းအိမ်သာထက် အဆင့်မြင့်သည်ဟု ဆိုရမည်။ တောင်ပေါ် စမ်းချောင်းမှ ရေသွယ်ယူကာ ရပ်ကွက်များအတွင်းသို့ ပိုက်များဖြင့် ရေဖြန့်ဝေရေးစနစ် ထားရှိပေးသည်။ အိမ် ၂၀ အတွက် ရေဘုံဘိုင်ခေါင်းတခု တပ်ဆင်ပေးထား၏။

စရောက်သည့်နေ့က ကြုံခဲ့ရသော ပွဲဦးထွက် အတွေ့အကြုံလေးက ကိုမိုးသောက် ဘဝမှာ အမှတ်တရဖြစ်စရာ။ အိမ်နံပတ်ရှာတွေ့ပြီး အိမ်ပေါ်သို့မတက်မီ အိမ်ရှေ့ တံစက်မြိတ်အောက်မှာ ဒူးပိတ်အကာကို လက်ထောက် လျက် အိမ်ခေါင်မိုး ကောင်းမကောင်း ကိုမိုးသောက် မော့ကြည့်လိုက်သည်။ သူတို့စခန်းထဲသို့မရောက်မီ ၆ လခန့် (၂၀၀၆ နှစ်ဆန်းပိုင်း) လောက်က ဆောက်လုပ် ထားသော နေအိမ်အသစ်တွေဖြစ်ပြီး အများစုမှာ နွားကျောင်းသား ကလေးများ တက်ရောက်ခိုနားရင်း ဆော့ကစားထားသဖြင့် ခေါင်မိုးဖက်တချို့ စုတ်ပြဲ ပျက်စီးနေတာတွေ ရှိ၏။

ကိုမိုးသောက် တို့ မိသားစု နေရမည့်အိမ်မှာတော့ ခေါင်မိုးအကောင်းပကတိ ရှိနေတာ တွေ့ရသဖြင့် စိတ်ကြည်လင်ပေါ့ပါးသွားပြီး အိမ်တွင်းပိုင်းကို ငုံ့ကြည့်လိုက် သည့်အခါမှ စိတ်ရှုပ်စရာ မြင်ကွင်းတခု ဘွားခနဲ တွေ့လိုက်ရသည်။ အိမ်ရှေ့ခန်းကြမ်းပြင်တခုလုံး နှင့် ဒူးပိတ်အကာတို့မှာ ရွှံ့ညွန်တွေ တလကြမ်း ပေရေ ညစ်ပတ်နေ၏။ အိမ်ပေါ်မရောက်မီ ရေဆေးခြင်းမင်္ဂလာကို ပင်ပန်းကြီးစွာ ကျင်းပလိုက် ရသည်။ ကိုမိုးသောက် အိမ်နှင့် မျက်နှာချင်းဆိုင်အိမ်သို့ အရင်ရက်ကရောက်နှင့် နေသော  တချိန်က နာမည်ကြီးစာရင်းဝင် ရုပ်ရှင် အနုပညာရှင်တဦးကို ဒေသခံများ အုံနှင့်ကျင်းနှင့် လာရောက် ခရီးဦးကြိုပြုကြရာ လူမရှိသေးသော ကိုမိုးသောက် အိမ်မှာ ပွဲကြည့်စင်ဖြစ်ခဲ့ဟန်ရှိသည်။

စခန်းတွင်းသို့ ရောက်သည့်နေ့မှာပင် အိမ်အတွက်လိုအပ်သော မီးဖိုချောင်သုံး ပစ္စည်းများ (အိုး၊ ခွက်၊ ပန်းကန်၊ ဇွန်း၊ မီးဖို၊ ရေဇလား၊ ရေပုံး၊ ရေခွက်)၊ မိလ္လာခွက်သန့်ရှင်းရေးဘရပ်ရှ် စသည်များကို ARC မှလည်းကောင်း၊ အိပ်ခန်းဆောင်ပစ္စည်းများ (ခြင်ထောင်၊ စောင်၊ ဖျာ) နှင့် စားနပ် ရိက္ခာ (ဆန်၊ ဆီ၊ ပဲ၊ ဆား၊ ငရုတ်သီးခြောက်၊ သကြား၊ အေးရှမစ်) မီးသွေး တို့ကို TBBC မှ လည်းကောင်း သွားရောက်ထုတ်ယူကြရသည်။ နောက်တနေ့ တွင် ARC မှာ သွားရောက်၍  ကျန်းမာရေး ဆေးစစ်တာခံယူရ၏။ အမျိုးသမီးများအတွက် ကာကွယ်ဆေးထိုးနှံ ပေးသည်။ လူမနေရသေးသော အိမ်အသစ်များတွင် နေထိုင်ရသဖြင့် ခြင်၊ ယင်၊ ကြွက် မရှိဘဲ ရက်အတန်ကြာ နေနိုင်ခဲ့သည်ကို ယခုတိုင် မှတ်မှတ်ရရ  ရှိနေတုန်းပင်။

ကိုမိုးသောက် တို့ ပြောင်းရွှေ့ ရောက်ရှိချိန်မှာ စက်တင်ဘာလ မိုးရာသီကုန်ခါနီး ဖြစ်သော်လည်း မိုးက သဲသဲမဲမဲ ရွာနေဆဲဖြစ်သည်။ အသစ် ဆောက်လုပ်ထားသည့် အိမ်ကလေးတွေပေါ် လူတွေအလျှိုလျှို ရောက်ရှိလာပြီဆိုတော့ တိတ်ဆိတ်ငြိမ်သက်ရပ်ဝန်းလေး  အသက်ဝင်လှုပ်ရှားလာသည်။ မိမိနေထိုင်ရာ အိမ်ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ် ရေသွားရေလာကောင်းအောင် ရေမြောင်းတူးဖော်ကြရင်း ထွက်လာ သည့်မြေစာကို မညီမညာ လူသွားလမ်းလေးတွေမှာ  မြေညှိဖို့ကာ လမ်းပြင်ခြင်းအလုပ်ကိုပါ တဆက်တည်း လုပ်ဆောင်ကြသည်။ 


နေ့စဉ်ဆက်တိုက် ရွာသွန်းနေသော မိုးရေ ထဲမှာ အသစ်ဖို့ထားသော မြေလမ်းကလေးတွေ  ရွှံ့ဗွက် တသောသောနှင့် ကျူးကျော်ရပ်ကွက်လေးလို ဖြစ်နေသည်။ ဆောက်ပေးထားသည့် အိမ်တွေကလည်း အရွယ်တူပုံစံတူ။ ဟိုနားဒီနားရှိ  အသိမိတ်ဆွေ တချို့ထံ အလည်သွားပြီး အိမ်ပြန်လာလျှင် ညအမှောင် ပိန်းပိန်းအောက် ခရော်ခရွတ် ချော်ချွတ်နေသည့် လမ်းပေါ် စမ်းတဝါးဝါး လျှောက်လှမ်းရင်း ဖယောင်းတိုင် မီးအလင်းရောင်ကို အားပြုနေရသော အိမ်လေးတွေ တန်းစီရှိနေသည့်အထဲမှာ ကိုယ့်အိမ်ဘယ်ဟာဖြစ်မလဲ မနည်း ခွဲခြား ယူရသည်။ ထိုအချိန်က  ဘက်ထရီမီးချောင်းထွန်းသည့် အိမ်ပင် အလွန်နည်းပါးသေး၏။

မဲဆောက် UNHCR အစီအစဉ်ဖြင့် ကိုမိုးသောက်တို့  နို့ဖိုး ဒုက္ခသည်စခန်းသို့ ရောက်ရှိလာချိန်မှာ စခန်းတွင်း ၌  ရပ်ကွက် (၁၆) ခုရှိသည်။ အမှတ် (၁၆) ရပ်ကွက်မှာ အသစ်ပြောင်းရွှေ့ရောက်ရှိလာသူများကို နေရာချထား သည့် သူတို့အခေါ် (PAB) ရပ်ကွက်ဖြစ်ပြီး၊ ကျန် နဂိုရှိပြီးသား ရပ်ကွက် (၁၅) ခုတွင်  ကရင်လူမျိုးအများစု နေထိုင်သည့် ရပ်ကွက် (၁၄) ခုနှင့် မွတ်ဆလင်ဘာသာဝင်များနေထိုင်သည့် ရပ်ကွက် (၁) ခု ပါဝင်သည်။ မွတ်ဆလင် ရပ်ကွက်အတွင်း လမ်းမတလျှောက် ကုန်စုံဆိုင်၊ အထည်ဆိုင်များ ပြည့်နှက်နေသည်။

အသစ်ထပ်မံရောက်ရှိလာပြီး  PAB ရပ်ကွက်တွင်  နေထိုင်သူများမှာ  မြန်မာပြည် တဝှမ်းမှ ထွက်ပြေး တိမ်းရှောင် လာသူများဖြစ်ပြီး တိုင်းရင်းသားပေါင်းစုံပါဝင်သည်။ သူတို့ကို မြို့ပြဒုက္ခသည် ဟု ခေါ်ဝေါ် သညာ ပြုလေသည်။  အသီးသီး ဆက်စပ်ပါဝင်လှုပ်ရှားခဲ့သော အဖွဲ့အစည်းအလိုက်လည်းကောင်း၊ လူမျိုးစုအလိုက် သော်လည်းကောင်း၊ တူရာတူရာ အဖွဲ့အစည်းများအလိုက် ရပ်ကွက်တွင်းမှာ နေရာချထား ပေးသဖြင့် လူ နှစ်ထောင်ကျော်လောက် နေထိုင်သော PAB ရပ်ကွက်လေးမှာ မြန်မာပြည်အငယ်စားလေးဟု တင်စားရ လောက်အောင် တိုင်းရင်းသား လူမျိုးစုံ စုဝေးနေထိုင်လျက် ရှိနေသည်။

ဧရိယာ ခန့်မှန်းခြေ ၁ စတုရန်းမိုင်ဝန်းကျင်ရှိပြီး စုစုပေါင်း လူဦးရေ တစ်သောင်းကျော် မှီတင်းနေထိုင်သော ဤစခန်းငယ်လေးအတွင်းမှာ မြန်မာပြည် တနံတလျားက တနယ်စီနေ ယဉ်ကျေးမှု ဓလေ့ထုံးစံ ကွဲပြားပြီး ဘာသာစကား ခြားနားမှုရှိသော တိုင်းရင်းသား လူမျိုးစု ညီအစ်ကိုမောင်နှမ တွေ ကြိုတင်မျှော်တွေးထားခြင်း မရှိဘဲ အကြောင်းတိုက်ဆိုင်စွာ လာရောက်ဆုံစည်း  မိကြပြီး  နှစ်ကာလ အတန်ကြာသည်အထိ အတူတကွ နီးနီးကပ်ကပ် နေထိုင်ခဲ့ကြရသည်ကိုက အိမ်မက် ဆန်သော လက်တွေ့ဘဝ ဟု ဆိုရပေလိမ့်မည်။

ဝေမော်
၂၄-၁၀-၂၀၁၃

ဒီအချိန် ဒီနေရာနှင့် ဘ၀များစွာ(ပထမပိုင်း)

$
0
0
ဒီအချိန် ဒီနေရာနှင့် ဘ၀များစွာ(ပထမပိုင်း) …………………….  (၁)  " မင်းသိပြီးပြီလား "  " ဘာလဲကွ "  " ငအောင် ဆုံးပြီတဲ့ "  " ဘာ..ဟုတ်လို့လား မနက်ကတင် ဈေးမှာငါတို့နဲ့တွေလို့ စကားပြောဖြစ်သေးတာ "  " အေးဟုတ်တယ်..ဈေးကအပြန်ဆိုင်ကယ်နဲ့ ကားတိုက်မိတာ ပွဲချင်းပြီးပဲကွာ "  ကျွန်တော် စိတ်မကောင်းဖြစ်သွားမိသည်။  ငအောင်ဆိုသည်က ကျွန်တော်တို့၏ ငယ်သူချင်း။ နံနက်က ဈေးဝယ်ထွက်ရင်း ဈေးထဲတွင် သူ့နှင့်တွေ့တော့ စကားတွေပြောဖြစ်ကြသည်။  ဈေးကအပြန်ဖြစ်တာတဲ့။ ပြောင်းလဲခြင်းက မြန်လိုက်တာ။  ကျွန်တော်တို့မိသားစုက ဈေးဝယ်ပြီး သူငယ်ချင်တစ်ဦးအိမ် ၀င်လည်နေခြင်း ဖြစ်သည်။  အပြန်ခရီး လမ်းတွင်တော့ ဘာမှထူးခြားတာမတွေ့မိချေ။ သူငယ်ချင်းအိမ်မှာ ကျွန်တော်တို့ ရောက်ရှိနေ စဉ်ဖြစ်ပျက်သွားတာဖြစ်လိမ့်မည်။  ကြည့်စမ်း အဲဒီအချိန်မှာ တခြားသော တခြားသော ဘ၀တွေကရော ဘာတွေ ဖြစ်ပျက်ပြောင်းလဲသွားခဲ့ကြပြီလဲ။  သြော်..အချိန်တိုင်း..အချိန်တိုင်းမှာ ဘ၀တွေ၊ ဘ၀တွေက အမျိုးမျိုးဖြစ်နေကြတာပါလား။ (၂)   ၁၉၆၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့၊ နေ့လယ်ခင်း ၁၂ နာရီကျော်ကျော်အချိန်တွင် အမေရိကန် ပြည်ထောင်စုအတွက် "ဒိုင်း" ဆိုသည့် သံနတ်သံတစ်ချက်ကို ကြားလိုက်ရသည့်။ ထိုသေနတ်သံ ထွက်ပေါ်လာ ခြင်းနှင့်အတူ အမေရိကန်၏ ၃၅ ဦးမြောက် သမ္မတ ကနေဒီ လုပ်ကြံခံရ၍ ကွယ်လွန်ခဲ့ရသည်။  ထို "ဒိုင်း ဒိုင်း ဒိုင်း" ဆိုသည့် အသံထွက်ချိန်များ၏ နောက်တွင် လူဘယ်နှဦးမျှ ဒီကမ္ဘာပေါ်က ထွက်ခွာခဲ့ ကြရပြီလဲ။  နိုင်ငံတကာက ခေါင်းဆောင်ကြီးတွေ ကွယ်လွန်ခဲ့ကြရပြီလဲ။  မဟတ္တမဂန္ဒီ အိန္ဒိယပြည်ကြီးရဲ့ အမျိုးသားခေါင်းဆောင်ကြီး။ "ဒိုင်း"ဆိုသည့် အသံနှင့်အတူ လုပ်ကြံခံခဲ့ရ သည်။  ထိုနည်းတူ ကျွန်တော်တို့၏ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ အာဇာနည်ပုဂ္ဂိုလ် ကြီးများသည်လည်း ထို "ဒိုင်း ဒိုင်း ဒိုင်း"ဆိုသည့် အသံများနောက်တွင် ကျဆုံးခဲ့ကြရပါသည်။  ဤအချိန်တွင် လုပ်ကြံမှု၏ အထ‌မြောက်‌မှုကြောင့် ရင်ထုမနာ ၀မ်းနည်းကြေကွဲနေရသည့် ပြည်သူအများရှိ နေသလို အောင်မြင်မှုအတွက် ကျေနပ်ပျော်ရွှင်နေသည့် လူအများလည်းရှိနေပါလိမ့်မည်။  ဒီအချိန်၊ ဒီနေရာလေး တွင် ဘ၀များစွာ ပြောင်းလဲကုန်ကြလေပြီ။  သေဆုံးသူ၊ ငိုကြွေးသူ၊ ပျော်ရွှင်သူတွေက တစ်ချိန်တည်းတွင် ဖြစ်ပေါ် နေကြသည်။  ၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့မှာ အမေရိကန်တို၏ လေယာဉ်ကြီးပေါ်မှ ဖြုတ်ချခဲ့သည့် အဏုမြူဗုံး တစ်လုံးသည် ဟီရိုရှီးမားမြို့၊ ပြည်သူလူထု၊ အစိုးရ၀န်ထမ်း၊ တပ်မတော်သားဆိုသည့် လူသားပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရသည်။  ထို့နောက် ၉ ရက်နေ့တွင် ထပ်မံဖြုတ်ချခဲ့သည့် ဗုံးတစ်လုံးကတော့ နာဂါစကီမြို့အပေါ်။  ဒီအချိန်လေးမှာ ခဏတာလေးမှာ တစ်ခုသော ဗုံးတွေကြောင့် ဘ၀များစွာတို့ ပြောင်းလဲကုန်ကြရပြီ။  ထိုအချိန် လေးကြောင့် ဖြစ်ခဲ့ရသည့် ဖြစ်စဉ်တွေကြောင့် ဖြစ်ရပ်တွေက အဖုံဖုံဖြစ်ပေါ်လာသလို ကမ္ဘာကြီး၏ သမိုင်းကြောင်း လည်း ပြောင်းလဲသွား ခဲ့ရသည်။   ဆက်‌လက်‌ဖတ်‌ရှု‌ပေးပါရန်‌  မောင်ပိုင် ၂၂-၁၀-၂၀၁၃

(၁)
"မင်းသိပြီးပြီလား "
"ဘာလဲကွ "
"ငအောင် ဆုံးပြီတဲ့ "
"ဘာ..ဟုတ်လို့လား မနက်ကတင် ဈေးမှာငါတို့နဲ့တွေလို့ စကားပြောဖြစ်သေးတာ "
"အေးဟုတ်တယ်..ဈေးကအပြန်ဆိုင်ကယ်နဲ့ ကားတိုက်မိတာ ပွဲချင်းပြီးပဲကွာ "
ကျွန်တော် စိတ်မကောင်းဖြစ်သွားမိသည်။ ငအောင်ဆိုသည်က ကျွန်တော်တို့၏ ငယ်သူချင်း။ နံနက်က ဈေးဝယ်ထွက်ရင်း ဈေးထဲတွင် သူ့နှင့်တွေ့တော့ စကားတွေပြောဖြစ်ကြသည်။ ဈေးကအပြန်ဖြစ်တာတဲ့။ ပြောင်းလဲခြင်းက မြန်လိုက်တာ။ ကျွန်တော်တို့မိသားစုက ဈေးဝယ်ပြီး သူငယ်ချင်တစ်ဦးအိမ် ၀င်လည်နေခြင်း ဖြစ်သည်။
အပြန်ခရီး လမ်းတွင်တော့ ဘာမှထူးခြားတာမတွေ့မိချေ။ သူငယ်ချင်းအိမ်မှာ ကျွန်တော်တို့ ရောက်ရှိနေ စဉ်ဖြစ်ပျက်သွားတာဖြစ်လိမ့်မည်။ကြည့်စမ်း အဲဒီအချိန်မှာ တခြားသော တခြားသော ဘ၀တွေကရော ဘာတွေ ဖြစ်ပျက်ပြောင်းလဲသွားခဲ့ကြပြီလဲ။
သြော်..အချိန်တိုင်း..အချိန်တိုင်းမှာ ဘ၀တွေ၊ ဘ၀တွေက အမျိုးမျိုးဖြစ်နေကြတာပါလား။
(၂)
၁၉၆၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့၊ နေ့လယ်ခင်း ၁၂ နာရီကျော်ကျော်အချိန်တွင် အမေရိကန် ပြည်ထောင်စုအတွက် "ဒိုင်း"ဆိုသည့် သံနတ်သံတစ်ချက်ကို ကြားလိုက်ရသည့်။ ထိုသေနတ်သံ ထွက်ပေါ်လာ ခြင်းနှင့်အတူ အမေရိကန်၏ ၃၅ ဦးမြောက် သမ္မတ ကနေဒီ လုပ်ကြံခံရ၍ ကွယ်လွန်ခဲ့ရသည်။
ထို "ဒိုင်း ဒိုင်း ဒိုင်း"ဆိုသည့် အသံထွက်ချိန်များ၏ နောက်တွင် လူဘယ်နှဦးမျှ ဒီကမ္ဘာပေါ်က ထွက်ခွာခဲ့ ကြရပြီလဲ။ နိုင်ငံတကာက ခေါင်းဆောင်ကြီးတွေ ကွယ်လွန်ခဲ့ကြရပြီလဲ။
မဟတ္တမဂန္ဒီ အိန္ဒိယပြည်ကြီးရဲ့ အမျိုးသားခေါင်းဆောင်ကြီး။ "ဒိုင်း"ဆိုသည့် အသံနှင့်အတူ လုပ်ကြံခံခဲ့ရ သည်။ ထိုနည်းတူ ကျွန်တော်တို့၏ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ အာဇာနည်ပုဂ္ဂိုလ် ကြီးများသည်လည်း ထို "ဒိုင်း ဒိုင်း ဒိုင်း"ဆိုသည့် အသံများနောက်တွင် ကျဆုံးခဲ့ကြရပါသည်။
ဤအချိန်တွင် လုပ်ကြံမှု၏ အထ‌မြောက်‌မှုကြောင့် ရင်ထုမနာ ၀မ်းနည်းကြေကွဲနေရသည့် ပြည်သူအများရှိ နေသလို အောင်မြင်မှုအတွက် ကျေနပ်ပျော်ရွှင်နေသည့် လူအများလည်းရှိနေပါလိမ့်မည်။ ဒီအချိန်၊ ဒီနေရာလေး တွင် ဘ၀များစွာ ပြောင်းလဲကုန်ကြလေပြီ။ သေဆုံးသူ၊ ငိုကြွေးသူ၊ ပျော်ရွှင်သူတွေက တစ်ချိန်တည်းတွင် ဖြစ်ပေါ် နေကြသည်။
၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့မှာ အမေရိကန်တို၏ လေယာဉ်ကြီးပေါ်မှ ဖြုတ်ချခဲ့သည့် အဏုမြူဗုံး တစ်လုံးသည် ဟီရိုရှီးမားမြို့၊ ပြည်သူလူထု၊ အစိုးရ၀န်ထမ်း၊ တပ်မတော်သားဆိုသည့် လူသားပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရသည်။ ထို့နောက် ၉ ရက်နေ့တွင် ထပ်မံဖြုတ်ချခဲ့သည့် ဗုံးတစ်လုံးကတော့ နာဂါစကီမြို့အပေါ်။ ဒီအချိန်လေးမှာ ခဏတာလေးမှာ တစ်ခုသော ဗုံးတွေကြောင့် ဘ၀များစွာတို့ ပြောင်းလဲကုန်ကြရပြီ။ ထိုအချိန် လေးကြောင့် ဖြစ်ခဲ့ရသည့် ဖြစ်စဉ်တွေကြောင့် ဖြစ်ရပ်တွေက အဖုံဖုံဖြစ်ပေါ်လာသလို ကမ္ဘာကြီး၏ သမိုင်းကြောင်း လည်း ပြောင်းလဲသွား ခဲ့ရသည်။


ဆက်‌လက်‌ဖတ်‌ရှု‌ပေးပါရန်‌

မောင်ပိုင်
၂၂-၁၀-၂၀၁၃

ဒီအချိန် ဒီနေရာနှင့် ဘ၀များစွာ (ဒုတိယပိုင်း)

$
0
0
ဒီအချိန် ဒီနေရာနှင့် ဘ၀များစွာ (ဒုတိယပိုင်း) …………………….  (၃)  မဟာသက္ကရာဇ် ၆၈ ခု ကဆုန်လပြည့်၊ သောကြာနေ့တွင် လောက၏အလင်းရောင် ဖြစ်တော်မူသော ဗုဒ္ဓရှင်တော် မြတ်ဘုရား ဖွားမြင်တော်မူလေသည်။  ဘုရားရှင်ဖွားမြင်ချိန်နှင့်အတူ ညီတော်အာနန္ဒာ၊  ကာဋ္ဌုဒါယီ အမတ်၊ ယသော်ဓရာမင်းသမီး၊ မြင်းမြီးဆွဲမောင်ဆန်၊ ကဏ္ဍက စီးတော်မြင်းတို့ဖွားမြင်တော်မူသလို မဟာ ဗောဓိပင်နှင့် ရွှေအိုးကြီးလေးလုံးလည်း ပေါ်ထွက်တော်မူသည်။  ဒီအချိန်အတွင်း အတူတူဖွားမြင်တော်မူကြသော်လည်း ဘ၀ချင်းက မတူညီကြပါ။  တစ်နေ့တည်း၊ တစ်ချိန် တည်းတွင် ဖွားမြင်ကြသော်လည်း မိမိတို့ဖြည့်ခဲ့သည့် ပါရမီအလျောက်သာ ဘ၀တွေက ဖြစ်ကြရပါသည်။    ဒီကမ္ဘာကြီးပေါ်တွင် တစ်နေ့တည်းတွင် လူဘ၀သို့ရောက်ရှိလာသည့် ကလေးငယ်များစွာ ရှိပါလိမ့်မည်။ တစ်နေ့တည်းဖြစ်သော်လည်း နေရာဒေသခြင်းမတူညီကြ၊ ဘ၀ခြင်းတွေမတူညီကြ။  တချို့က နန်းတော်ကြီး ပေါ်တွင်ရောက်ရှိလာသလို၊ တချို့ နေရာမဲ့ဘ၀မျိုးတွင် ရောက်ရှိလာကြရသည်။ တစ်ချိန်တည်းတွင် မွေးဖွားလာခဲ့ သော်ငြားလည်း တချို့က ရဟန်း၊ တချို့ကဘုရင်၊ တချို့ကစီးပွားရေးလုပ်ငန်းရှင်၊ တချို့က ဂီတပညာရှင်၊ တချို့ ကတော့ သူများကျွေးမွေးမှ စားရသည့် သူတောင်းစားဘ၀များ ဖြစ်နေကြရသည်။  ဘ၀တွေက ခြားနားသွားကြ ပေသည်။  ဘ၀တွေမွေးဖွားချိန်နှင့်အတူ ဘ၀တွေကို စွန့်ခွာသွားရသည့် လောကလူသားများကလည်း ဒုနဲ့ဒေးပင်။ စွန့်ခွာသွားရသူတို့၏ အချိန်နေ့ရက် တူပင်တူသော်ငြားလည်း သူတို့၏လားရာသည် ကွဲပြားသွားခဲ့ကြပြန်ပါသည်။ မိမိတို့ပြုမူဆောင်ရွက်ခဲ့သည့်အားလျော်စွာ လားရာတို့က တစ်ဘ၀၊ တစ်နေရာစီ။  တချို့က နတ်ဘုံ၊ တချို့က နတ်ဘုံဖြစ်သလို  တချို့တော့ တိရစ္ဆာန်၊ အသူရကယ်၊ ပြိတ္တာ၊ ငရဲ။ (၄)  "ဖြောက်" ဆိုတဲ့မည်သံနှင့်အတူ မှောင်နေသည့်အခန်းက လင်းထိန်သွားသည်။  လူတစ်ဦး၏ ရင်ထဲတွင် လည်း သူ၏ကြိုးပမ်းရကျိုး၊ အများအတွက်လုပ်ဆောင်လိုက်ရသည့် ဆောင်ရွက်ချက်အောင်မြင်မှုရလဒ်ကြောင့် ကြည်နူးပီတိက ဖြာဝေသွားသည်။  သူအမည်ကတော့ အယ်ဒီဆင်ဖြစ်ပါသည်။  အယ်ဒီဆင်၏ တီထွင်မှုများ ကြောင့်ကျွန်တော်တို့၏ ကမ္ဘာကြီးသည် လျှပ်စစ်အလင်းရောင်များဖြင့် လှပနေပေသည်။  " ကလင်..ကလင်." ဆိုသည့်ဖုန်းမည်သံက တစ်ချိန်က ဂရေဟမ်ဘဲလ်၏ ကြိုးစားတီထွင်မှုရလဒ်။   " ဂျိန်း " ဆိုသည့် ကြောက်စရာကောင်းသည့် အသံနှင့်အတူ မြေကြီးများလွှင့်စင်မှု၊ တုန်ခါမှုတို့ဖြစ်ကြ သည်။  နိုဗယ်ဆိုသည့်လူတစ်ဦး၏ ဒိုင်းနမိုက်ကို စတင်ဖောက်ခွဲလိုက်သည့် ဖြစ်စဉ်။    "ဘုတ်"  ဆိုသည့်မည်သံနှင့်အတူ ပန်းသီးတစ်လုံးက ကြွေကျလာခဲ့သည်။  ပန်းသီးကြွေကျချိန်၏ နောက် ဆက်တွဲအဖြစ် နယူတန်က ကမ္ဘာကြီး၏ မြေဆွဲအားကို ဖော်ထုတ်နိုင်ခဲ့သည်။  " ဖြောက် " ၊ "ကလင်..ကလင်.."၊ " ဂျိန်း "၊ " ဘုတ် " ဆိုသည့် အချိန်လေးတွေအတွင်းတွင် လူသားတစ် ဦး၏ ကြိုးပမ်းမှု၊ အောင်မြင်မှုတွေ ပါဝင်လာခဲ့သလို ထိုအချိန်လေးတွေမှာဖြစ်ခဲ့ကြသည့် မည်သံလေးတွေကြောင်း လူအများ အလင်းရောင်တွေ၊ ဝေးတစ်မြေက ချစ်ခင်သူတွေရဲ့အသံတွေကို ကြားနေရပြီ။  မြင့်မားတဲ့တောင်ကုန်း ကြီးတွေကို ပြေပြစ်စေခဲ့ပြီ။  ဒီအချိန်၊ ဒီနေရာ၊ ဒီအဖြစ်အပျက်တို့သည် ဘ၀များစွာအတွက် အပြောင်းအလဲဖြစ်စေ ခဲ့သည်ကလည်း အမှန်ပင်ဖြစ်သည်။  ဆက်‌လက်‌ဖတ်‌ရှု‌‌ပေးပါရန်‌

(၃)
မဟာသက္ကရာဇ် ၆၈ ခု ကဆုန်လပြည့်၊ သောကြာနေ့တွင် လောက၏အလင်းရောင် ဖြစ်တော်မူသော ဗုဒ္ဓရှင်တော် မြတ်ဘုရား ဖွားမြင်တော်မူလေသည်။ ဘုရားရှင်ဖွားမြင်ချိန်နှင့်အတူညီတော်အာနန္ဒာ၊
ကာဋ္ဌုဒါယီ အမတ်၊ ယသော်ဓရာမင်းသမီး၊ မြင်းမြီးဆွဲမောင်ဆန်၊ ကဏ္ဍက စီးတော်မြင်းတို့ဖွားမြင်တော်မူသလို မဟာ ဗောဓိပင်နှင့် ရွှေအိုးကြီးလေးလုံးလည်း ပေါ်ထွက်တော်မူသည်။
ဒီအချိန်အတွင်း အတူတူဖွားမြင်တော်မူကြသော်လည်း ဘ၀ချင်းက မတူညီကြပါ။ တစ်နေ့တည်း၊ တစ်ချိန် တည်းတွင် ဖွားမြင်ကြသော်လည်း မိမိတို့ဖြည့်ခဲ့သည့် ပါရမီအလျောက်သာ ဘ၀တွေက ဖြစ်ကြရပါသည်။
ဒီကမ္ဘာကြီးပေါ်တွင် တစ်နေ့တည်းတွင် လူဘ၀သို့ရောက်ရှိလာသည့် ကလေးငယ်များစွာ ရှိပါလိမ့်မည်။ တစ်နေ့တည်းဖြစ်သော်လည်း နေရာဒေသခြင်းမတူညီကြ၊ ဘ၀ခြင်းတွေမတူညီကြ။
တချို့က နန်းတော်ကြီး ပေါ်တွင်ရောက်ရှိလာသလို၊ တချို့ နေရာမဲ့ဘ၀မျိုးတွင် ရောက်ရှိလာကြရသည်။ တစ်ချိန်တည်းတွင် မွေးဖွားလာခဲ့ သော်ငြားလည်း တချို့က ရဟန်း၊ တချို့ကဘုရင်၊ တချို့ကစီးပွားရေးလုပ်ငန်းရှင်၊တချို့က ဂီတပညာရှင်၊ တချို့ ကတော့ သူများကျွေးမွေးမှ စားရသည့် သူတောင်းစားဘ၀များ ဖြစ်နေကြရသည်။ ဘ၀တွေက ခြားနားသွားကြ ပေသည်။
ဘ၀တွေမွေးဖွားချိန်နှင့်အတူ ဘ၀တွေကို စွန့်ခွာသွားရသည့် လောကလူသားများကလည်း ဒုနဲ့ဒေးပင်။ စွန့်ခွာသွားရသူတို့၏ အချိန်နေ့ရက် တူပင်တူသော်ငြားလည်း သူတို့၏လားရာသည် ကွဲပြားသွားခဲ့ကြပြန်ပါသည်။ မိမိတို့ပြုမူဆောင်ရွက်ခဲ့သည့်အားလျော်စွာ လားရာတို့က တစ်ဘ၀၊ တစ်နေရာစီ။ တချို့က နတ်ဘုံ၊ တချို့က နတ်ဘုံဖြစ်သလို
တချို့တော့ တိရစ္ဆာန်၊ အသူရကယ်၊ ပြိတ္တာ၊ ငရဲ။
(၄)
"ဖြောက်"ဆိုတဲ့မည်သံနှင့်အတူ မှောင်နေသည့်အခန်းက လင်းထိန်သွားသည်။ လူတစ်ဦး၏ ရင်ထဲတွင် လည်း သူ၏ကြိုးပမ်းရကျိုး၊ အများအတွက်လုပ်ဆောင်လိုက်ရသည့် ဆောင်ရွက်ချက်အောင်မြင်မှုရလဒ်ကြောင့် ကြည်နူးပီတိက ဖြာဝေသွားသည်။ သူအမည်ကတော့ အယ်ဒီဆင်ဖြစ်ပါသည်။ အယ်ဒီဆင်၏ တီထွင်မှုများ ကြောင့်ကျွန်တော်တို့၏ ကမ္ဘာကြီးသည် လျှပ်စစ်အလင်းရောင်များဖြင့် လှပနေပေသည်။
"ကလင်..ကလင်."ဆိုသည့်ဖုန်းမည်သံက တစ်ချိန်က ဂရေဟမ်ဘဲလ်၏ ကြိုးစားတီထွင်မှုရလဒ်။
"ဂျိန်း "ဆိုသည့် ကြောက်စရာကောင်းသည့် အသံနှင့်အတူ မြေကြီးများလွှင့်စင်မှု၊ တုန်ခါမှုတို့ဖြစ်ကြ သည်။ နိုဗယ်ဆိုသည့်လူတစ်ဦး၏ ဒိုင်းနမိုက်ကို စတင်ဖောက်ခွဲလိုက်သည့် ဖြစ်စဉ်။
"ဘုတ်"ဆိုသည့်မည်သံနှင့်အတူ ပန်းသီးတစ်လုံးက ကြွေကျလာခဲ့သည်။ ပန်းသီးကြွေကျချိန်၏ နောက် ဆက်တွဲအဖြစ် နယူတန်က ကမ္ဘာကြီး၏ မြေဆွဲအားကို ဖော်ထုတ်နိုင်ခဲ့သည်။
"ဖြောက် "၊ "ကလင်..ကလင်.."၊ "ဂျိန်း "၊ "ဘုတ် "ဆိုသည့် အချိန်လေးတွေအတွင်းတွင် လူသားတစ် ဦး၏ ကြိုးပမ်းမှု၊ အောင်မြင်မှုတွေ ပါဝင်လာခဲ့သလို ထိုအချိန်လေးတွေမှာဖြစ်ခဲ့ကြသည့် မည်သံလေးတွေကြောင်း လူအများ အလင်းရောင်တွေ၊ ဝေးတစ်မြေက ချစ်ခင်သူတွေရဲ့အသံတွေကို ကြားနေရပြီ။ မြင့်မားတဲ့တောင်ကုန်း ကြီးတွေကို ပြေပြစ်စေခဲ့ပြီ။ ဒီအချိန်၊ ဒီနေရာ၊ ဒီအဖြစ်အပျက်တို့သည် ဘ၀များစွာအတွက် အပြောင်းအလဲဖြစ်စေ ခဲ့သည်ကလည်း အမှန်ပင်ဖြစ်သည်။

ဆက်‌လက်‌ဖတ်‌ရှု‌‌ပေးပါရန်‌
 
မောင်ပိုင် 
၂၄-၁၀-၂၀၁၃


စာဖတ်သူ မိတ်ဆွေသင်္ဂဟများ ခင်ဗျာ

$
0
0
ကျနော်တို့ မိသားစု မမျှော်လင့်ဘဲ ရပ်ဝေးမြေခြားသို့ ခရီးထွက်ခွာခဲ့ရပြီး အခုရောက်နေတဲ့
 နေရာမှာလည်း အခြေတကျ မရှိသေးလို့ အင်တာနက် ကောင်းစွာ အသုံးပြုနိင်ခြင်း မရှိသေးတာကြောင့် နောက်ထပ် ပို့စ် အသစ် ထပ်မတင်ပေးနိုင်သေးတာကို သည်းခံ
ခွင့်လွှတ်ပေးကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံ တောင်းပန်အပ်ပါတယ် ခင်ဗျာ ...

မိတ်ဆွေအားလုံး ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ .....

ပြည်သူ၊ အီလစ်နှင့် အကူးအပြောင်း နိုင်ငံရေး

$
0
0
တင်မောင်သန်း

အကူးအပြောင်း၏ သဘောသဘာဝ

        “အကူးအပြောင်းဆိုတာ အချစ်မပါဘဲ ပြေရာပြေကြောင်း ပြုလိုက်ရတဲ့ အိမ်ထောင်ရေး သာ ဖြစ်တယ်”  ဤသို့ ဖွင့်ဆိုသူမှာ အမေရိကန်နိုင်ငံ၊ ကမ္ဘာကျော် စတန်းဖို့ဒ်တက္ကသိုလ်မှ ပါမောက္ခ တယ်ရီကား ဖြစ်ပါသည်။ လက်တွေ့ လိုအပ်ချက်အရ မယူလိုလို့   ကလည်း မဖြစ်သောကြောင့် အိမ်ထောင်ပြုလိုက်သည်။ နှစ်ဖက်လိုလိုလားလား ရှိလို့မဟုတ်ချေ။ ဘာလုပ်ကြမည်လဲ။ မင်းကလည်း မင်း။ ငါကလည်း ငါ.. နေကြမည်လား။ နောင်ဂျိန်ချ နေကြမည်လား။ အဆင်ပြေပြေ ဆက်လျှောက်ကြမည်လား။ ရွေးချယ်လို့ရပါသည်။ အကူးအပြောင်းမှာ ဘယ်ဘက်ကမှ ကိုယ့်စံနဲ့ အကိုက် အဖြေမရရှိနိုင်။ ရာနှုန်းပြည့် ကျေနပ်မှု မရှိနိုင်။


အကူးအပြောင်းဘာလဲ

        ဒီမိုကရေစီသို့ အရွေ့ကို ဆန်းစစ်လေ့လာကြရာတွင် အဖွင့် (liberalization) ၊ အကူး (transition) နှင့် အခိုင် (Cons-olidation) ဆိုပြီး ဒီမိုကရေစီအရွေ့ကို ခွဲခြားကြည့်ကြ သည်ကိုလည်း တွေ့ရပါသည်။ ပညာရှင်တစ်ယောက်နှင့် တစ်ယောက်ခွဲပုံ မတူကြပါ။ သို့သော် အဖွင့်ပြီးလျှင် အကူးလာမည်။ အကူးပြီးသော် အခိုင်လာမည်ဟူ၍ အဖြောင့်အတန်း သွားချင်မှတော့ သွားပါလိမ့်မည်။ လီနီယာသဘော မဟုတ်ဟု ဆို၏။ အကူးအပြောင်း သဘောတရား၏ ဂုရုတစ်ပါးဖြစ်သော ရှမစ်တာနှင့် ဟန်ဂေရီနိုင်ငံ၊ ဗဟို ဥရောပတက္ကသိုလ်၊ ဒီမိုကရေစီ၏ အပြစ်အနာအဆာများကို လေ့လာသော ဌာနမှ ပါမောက္ခ ရှနိုက်ဒါတို့က နိုင်ငံပေါင်း ၃၀ ကျော်ကို လေ့လာခဲ့ပါသည်။ သူတို့လေ့လာချက် အရဆိုသော် ဖွဲ့စည်းပုံသဘောတူညီချက်ရရှိရေးနှင့် အတိုက်အခံနှင့် အာဏာရ အဖွဲ့ကြား တွေ့ဆုံ ဆွေးနွေးရေး တို့သည် အကူးအတွက် အဓိကကျသည်။

အလယ်အလတ်သမားများ၊ ရယ်ဒီကယ်များ၊ ပြုပြင်ပြောင်းလဲရေးသမားများနှင့် သဘောထား တင်းမာသူများ

        အကူးအပြောင်း၏ အပြန်အလှန် သက်ရောက်ကြသော အားများတွင် အာဏာရအုပ်စု အတွင်းမှ ပြုပြင်ပြောင်းလဲရေးသမားများ၊ သဘောထား တင်းမာသူများ၊ အတိုက်အခံ ဘက်မှ အလယ်အလတ်ကျသူများနှင့် တော်လှန်သော အပြောင်းအလဲ မျိုးကို လိုလားသည့် ရယ်ဒီကယ်များဟူသော အင်အားစုများ ရှိသည်။ အာဏာရအုပ်စု အတွင်းမှ ပြုပြင် ပြောင်းလဲရေးသမားများနှင့် အတိုက်အခံထဲမှ အလယ်အလတ် ကျသူများ ညီညွတ်တွဲမိသော် ဒီမိုကရေစီခရီးအတွက် အလားအလာကောင်းသည်၊ အာမခံချက် ရှိနိုင်သည်ဟု တောင် အမေရိကနှင့် အရှေ့ဥရောပအာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ ကူးပြောင်းပုံကို လေ့လာပြီး ပညာရှင်များက ပြောကြပါသည်။ ရိုးရိုးရှင်းရှင်း နားလည်နိုင်ရန် အောက်ပါအတွဲအစပ် ဇယားကွက်လေးဖြင့် ပြတတ်ပါသည်။



အတိုက်အခံအတွင်း ရယ်ဒီကယ် လှိုင်းမြင့်မားလာလေ၊ အလယ်အလတ်များ အားနည်း သွားလေ၊ အာဏာရ အုပ်စုအတွင်း သဘောထား တင်းမာသူများ အားကောင်းလာလေ ဖြစ်တတ်ပါသည်။ ပြည်သူလူထုမှ ထိုသဘောထားများကို မြင်ချင်မှ မြင်ပါလိမ့်မည်။ လူအများစုမှာ ဖြစ်ချင်တာနှင့် ဖြစ်သင့်တာကိုပဲ မြင်သိနေနိုင်ပါ၏။ ထို့ကြောင့် အီလစ်ဟု ခေါ်သော နိုင်ငံရေးအရ ထိပ်ပိုင်း ပုဂ္ဂိုလ်များကြား သဘောတူညီချက် ရရှိခြင်းသည် အကူးအပြောင်းများ၏ လက္ခဏာတစ်ရပ် ဖြစ်လာပါသည်။

အာဏာသိမ်းနိုင်ခြေ
        စစ်အာဏာရှင်စနစ်မှ ကူးပြောင်းကြသောအခါ အာဏာသိမ်းနိုင်ခြေကို မစဉ်းစားလို့ မရ။ အကူးအပြောင်းတွင် ဖွဲ့စည်းပုံဆိုင်ရာ သဘော      တူညီချက်ရရှိနိုင်သော်လည်း စစ်တပ်က အခွင့်ထူးများ ရယူထားသည်ကတော့ ဆက်လက် ရှိနေတတ်သည်။ နိုင်ငံရေးတွင် စစ်တပ်က ပါနေတတ်သည်။ ယင်းသို့ပါနေသော အခြေအနေတွင် ချက်ခြင်းလက်ငင်း အာဏာ သိမ်းနိုင်ခြေမှာ ၂၀ ရာခိုင်နှုန်းရှိသည်။ ယခုချက်ချင်း သိမ်းနိုင်ခြေနည်းသည်ဆိုသော်လည်း နောင်တွင် အာဏာသိမ်းနိုင်ခြေကတော့ လျော့သွားသည်မဟုတ်ချေ။ ၆၀ ရာခိုင်နှုန်း ရှိသည်ကို တွေ့ရသည်။ အကယ်၍ စစ်တပ်ကို အရပ်သား ထိန်းချုပ်မှုအောက်သို့ ရောက်အောင် လုပ်မည်ဆိုလျှင်တော့ ချက်ချင်းလက်ငင်း အာဏာသိမ်းနိုင်ခြေက ၈၀ ရာခိုင်နှုန်းအထိ မြင့်မားသွားကြောင်း တွေ့ရပါသည်။ စစ်တပ်ကသာ အရပ်သား ထိန်းချုပ်မှုအောက် တကယ် ရောက်သွားပြီဆိုလျှင်တော့ နောင်တွင် စစ်တပ်က အာဏာသိမ်းနိုင်ခြေမှာ တစ်ရာခိုင်နှုန်းသာ ရှိပေတော့သည်။

ပြည်တွင်းစစ်နှင့် စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေး

        အချက်သုံးချက် စဉ်းစားစရာရှိပါသည်။

၁။ ပြည်တွင်းစစ်အခြေအနေနှင့် ဒီမိုကရေစီ စွမ်းဆောင်ရည်များကို ဆက်စပ်လေ့လာထားချက် တစ်ရပ်လည်းရှိပါသေးသည်။ ဒီမိုကရေစီ အရည်အသွေးရော၊ စွမ်းဆောင်နိုင်ရည်ရော နည်းပါးသော နိုင်ငံများတွင် ပြည်တွင်းစစ်များ ရှိသည်ကို တွေ့ရပါသည်။ ဒီမိုကရေစီ မြင့်မားလာသော်လည်း စွမ်းဆောင်ရည်နိမ့်နေလျှင် အာဏာသိမ်းမှုများ ပြန်ဖြစ်လာတတ်သည် ကိုလည်း ထိုလေ့လာချက်တွင် တွေ့ရပါ၏။ ထို့ကြောင့် ပြည်တွင်းစစ်ပါဖြစ်နေသော နိုင်ငံများတွင် ဒီမိုကရေစီ တက်လာခြင်းတစ်ခုတည်းဖြင့် အာဏာသိမ်းနိုင်ခြေကို ဟန့်တား နိုင်သည်မဟုတ်ချေ။ စွမ်းဆောင်နိုင်ရည်လည်း အရေးကြီးပါ၏။ နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ အစိုးရနှင့် တပ်မတော်၏ စွမ်းဆောင်ရည်အကုန် အကျုံးဝင်ပါသည်။

        ဆက်စပ်မှုကို ပုံအတိုင်းပြပါသည်။




၂။ စစ်တပ်ထိန်းချုပ်မှုရှိခဲ့သော လက်တင်အမေရိက နိုင်ငံများတွင် စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေးဆိုင်ရာ ကိစ္စများကို ကိုင်တွယ်နိုင်ဖို့ အကြောင်းအချက်တစ်ချက်သည် အရေးကြီး၏။ အစိုးရသည် တည်ငြိမ်သော အစိုးရဖြစ်လာပြီး အကျိုးသင့်၊ အကြောင်းသင့် စဉ်းစား အုပ်ချုပ်နိုင်စွမ်းသော အစိုးရဖြစ်လာသောအခါတွင်မှသာ အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးကိစ္စများကို ကိုင်တွယ်နိုင်သည်ဟု သုံးသပ်ကြပါသည်။ အကျိုးသင့်၊ အကြောင်းသင့် စဉ်းစားအုပ်ချုပ် ကြသည်ဟု ဆိုသည်မှာ မူဝါဒများကို ကျယ်ကျယ်ပြန့်ပြန့် ဆန်းစစ်လေ့လာသော အလေ့အထ၊ ယင်းတို့ကို အခြေခံပြီး မူဝါဒရွေးချယ်သော အလေ့အထ စသော စွမ်းဆောင်ရည်များ ထွန်းကားလာခြင်းကို ဆိုလိုပါသည်။ ထို့ပြင် အရပ်ဘက် ဦးဆောင်သူများကလည်း အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကိစ္စများကို နားလည်နိုင်ကြရပါသည်။ ယင်းအသိအမြင်များရှိလာသလို အင်စတီကျူးရှင်းဟုခေါ်သော ကျင့်ထုံးနှင့် အဖွဲ့အစည်းပိုင်းဆိုင်ရာ တိုးတက်မှုများလည်း ရှိလာကြပါသည်။

၃။ ပြည်တွင်းစစ်ကြာလာလေ၊ စစ်တပ်များကြီးလာလေ၊ သြဇာတက်လာလေ ဖြစ်တတ်ပါသည်။ ထို့အခါ လူ့အဖွဲ့အစည်းအတွင်း စစ်ဆန်သော နိုင်ငံရေးက လွှမ်းလာပါသည်။ စစ်ဆန်သော နိုင်ငံရေးမှာ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှုနှင့် အလှမ်းဝေး ပေ၏။ ထိုစစ်ဆန်သော နိုင်ငံရေးမှ ခွာရန် ပြည်တွင်းစစ် အဆုံးသတ်ရေး အလွန်အရေးကြီး ပါသည်။ ပြည်တွင်းစစ် အဆုံးသတ်လိုက်သဖြင့် လူ့အဖွဲ့အစည်းအတွင်း တရားမျှတမှုများ အပြည့်အဝ ထွန်းကားလာလိမ့်မည်ဟု အဓိပ္ပါယ်မရပါ။ ရွေးချယ်စရာမှာ တရားမျှတမှု မပြည့်စုံ+ပြည်တွင်းစစ်နှင့် တရားမျှတမှု+ပြည်တွင်းစစ်မဲ့ အခြေအနေနှစ်ရပ်သာ ဖြစ်ပါသည်ဟု ပညာရှင် TerrenceLyon က ဆိုပါသည်။ ပြည်တွင်းစစ်မဲ့သဖြင့် စစ်ဆန်သော နိုင်ငံရေးအားကောင်းမှု နည်းလာသည်။ ထို့ကြောင့် စစ်ဆန်သော နိုင်ငံရေးမှ ဒီမိုကရေစီ နိုင်ငံသို့ ပိုရွေ့နိုင်သော သဘောသာ ဖြစ်ပါသည်။

ဆင်းရဲတွင်း ထောင်ချောက်

        နိုင်ငံများ ဆင်းရဲကြသည်မှာ ထောင်ချောက်တစ်ခုခုတွင် မိနေသောကြောင့် ဖြစ်ပါသည် ဟု ပဋိပက္ခနှင့် စီးပွားရေးဆိုင်ရာ ပညာကျော် ပေါလ်ကော်လီယာက ဆိုပါသည်။ သူပြောသော ထောင်ချောက်လေးခုရှိ၏။ ပြည်တွင်းစစ်၊ သဘာဝ အရင်းအမြစ်များကို လွဲလွဲချော်ချော် စီမံခန့်ခွဲခြင်း၊ အားနည်းလှသော အုပ်ချုပ်ရေးနှင့် စီးပွားရေးအရ အထီးကျန်ဖြစ်မှုတို့ ဖြစ်ပါသည်။ မြန်မာနိုင်ငံ ဘယ်ထောင်ချောက်များထဲ ပိတ်မိနေသလဲ ဆင်ခြင်ကြည့်နိုင်ပါ၏။ ဦးစားပေး လုပ်ငန်းစဉ်းစားရာတွင် ထိုထောင်ချောက်များထဲမှ ထွက်နိုင်ရေးကို ပြည်သူများ မေ့မထားသင့်ပေ။

လူထုလှုပ်ရှားမှုနှင့် အပြောင်းလဲ

       နိုင်ငံများ၏ အပြောင်းအလဲကို လေ့လာသောအခါ လူထုလှုပ်ရှားမှုမှာလည်း အရေးကြီး လှသော အဓိကအချက်ကြီးတစ်ချက် ဖြစ်ပါသည်။ အရှေ့ဥရောပမှ အရောင်တော်လှန်ရေး များသည်လည်းကောင်း၊ အာရှမှဖိလစ်ပိုင်၊ အင်ဒိုနီးရှား အပြောင်းလဲများသည်လည်းကောင်း လူထုလှုပ်ရှားမှုများနှင့် ဆက်စပ်နေကြပါသည်။ သို့သော် ထိုလှုပ်ရှားမှု အားလုံးတွင် အာဏာရ အသိုက်အဝန်းနှင့် စစ်တပ်အတွင်း အပြောင်းအလဲ လိုလားသူများ၊ ဒီမိုကရေစီသဘောအရ ရင့်ကျက်သူများရှိပြီး ထိုပုဂ္ဂိုလ်များမှာလည်း အဆုံးအဖြတ် ပေးနိုင်သော နေရာများတွင် အားကောင်းစွာ ရှိနေကြဖို့လိုပါသည်။ လူထုလှုပ်ရှားမှုနှင့် သူတို့ ပူးပေါင်းသွားသော အခါတွင်မှ အပြောင်းအလဲ ဖြစ်ပါသည်။ မဟုတ်လျှင် ဖိနှိပ်မှုနှင့် အဆုံးသတ်ပါသည်။

 ချိန်ထိုး သင့်၊ မသင့်

        မြန်မာပြည်၏ ပြဿနာတော်တော်များများကို အထက်ပါ အကြောင်းအချက်များနှင့် ချိန်ထိုးစဉ်းစားကြည့်နိုင်ပါသည်။ ထို့နောက် မည်သည့်နယ်ပယ်ကို အာရုံစိုက်မည်၊ ဘာကို ဘယ်လို အကောင်အထည်ဖော်မည်၊ မည်သို့ပြဿနာကို ချဉ်းကပ်မည် စသဖြင့် စဉ်းစားကြရ မည်မှာ မလွဲပါ။ ပြဿနာများမှာ နက်ရှိုင်းစွာ အမြစ်တွယ်နေပြီး ဖြစ်ပါသည်။ လွှတ်တော်နှင့် အစိုးရသက်တမ်းတစ်ခုတည်းနှင့် ဖြေရှင်းဖို့ အလွန်ခက်ပါသည်။ မည်သို့ဆိုစေ၊ တစ်ဦးချင်း ဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ၊ မည်သည့်နယ်ပယ်များတွင်  အဖိအဖော့ထားလုပ်ကြမည် ဆိုသည်ကိုတော့ ဆုံးဖြတ်ကြရမည်သာ ဖြစ်ပါသည်။ နိုင်ငံရေးမှာ အခြားအလုပ်များနှင့် မတူကြောင်း ကျွန်တော်နားလည်ပါသည်။ သို့သော် ရိုးရှင်းလှသော မူဝါဒကိစ္စများ ရွေးချယ် စဉ်းစားပုံကို အသုံးပြုကြည့်လျှင် အမြင်ပိုရှင်းအောင် အထောက်အကူပြုနိုင်မည်ဟု ထင်ပါသည်။

ဦးစားပေးကိစ္စ ရွေးချယ်ပုံ

        အောက်ပါဇယားလေးတွင် ဖြည့်ကြည့်ပါ။ ကိစ္စတိုင်း အရေးကြီးကြပါလိမ့်မည်။ သို့သော် မိမိက အရေးအကြီးဆုံးဟု ယူဆသော ကိစ္စကို ဆယ်မှတ်ပေးပါ။ အမှတ်တူမပေးခြင်းအားဖြင့် ဘာကိုအဓိက ပိုထားရမည်ဆိုသော အချက်ပေါ်လွင်လာနိုင်ပါသည်။ လုပ်လို့ရနိုင်ခြေ အရှိဆုံးကို တစ်ဆယ်ပေးပါ။ ၂၀၁၅  အတွင်း ဆောင်ရွက်နိုင်သော ကိစ္စများကိုသာ အကြောင်းအရာတိုင်းတွင် ဖြည့်ရန်ဖြစ်ပါသည်။ ဥပမာ အဖြစ် တချို့ကိစ္စများကို ထည့်ပေးထားခြင်းသာဖြစ်ပြီး ဤအကြောင်းရပ်များ ဖြစ်ရမည်ဟု မဆိုလိုပါ။ ဤဥပမာတွင် ပါတီတစ်ခုတွင်း အလုပ်များကို ပြထားသော်လည်း ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ၊ အုပ်ချုပ်မှု ကောင်းရှိရေးကိစ္စများစသည်ဖြင့် ထည့်သွင်းစဉ်းစားနိုင်ပါသည်။



သို့သော် နိုင်ငံရေးမှာ ဤစဉ်းစားပုံထက်မကကြောင်း ကျွန်တော် သဘောပေါက်ပါသည်။ ကျိုးကြောင်းယုတ္တိများကို လွန်၍ စိတ်ထံစားချက် ပြင်းပြင်းတစ်ချောင်းတည်းသော စိတ်ဖြင့် လှုပ်ရှားရသော အချိန်များလည်း ရှိပါသည်။ အလိုလို သိစိတ်ပေါ် အခြေခံပြီး ထိုသို့ လုပ်ရန် ဆုံးဖြတ်ရသည်လည်း ရှိပါသည်။ ထိုသို့သော အချိန်အခါကို ရောက်နေပြီလားဆိုသည် ကတော့ ဝိုင်းဝန်းစဉ်းစားကြရန်သာ ဖြစ်ပါသည်။

ထောင့်စုံ

        တင်ပြခဲ့သော အချက်များမှာ မြန်မာနိုင်ငံနှင့် အဓိကဆက်စပ်သည်ဟု ကျွန်တော် ယူဆသော အချက်များသာ ဖြစ်ပါသည်။ ကျန်သော အချက်များလည်း ရှိနိုင်ပါသေးသည်။ ဖွဲ့စည်းပုံကို အသစ်ပဲ ရေးရေး၊ ပြင်ပဲပြင်ပြင်၊ ပြည်သူများ ပိုပြည့်စုံစွာ စဉ်းစားနိုင်ရန် တတ်သိ သူများ ဖြည့်ပေးကြပါရန် မေတ္တာရပ်ခံပါ၏။ ထောင့်စုံစဉ်းစားနိုင်လေ ပြဿနာကို ကိုင်တွယ်နိုင်လေ ဖြစ်ပါသည်။


၁၁-၁၀-၂၀၁၃ ရက်ထုတ် 7 Day Daily သတင်းစာမှ ကောက်နှုတ်ကူးယူဖော်ပြသည်

နှလုံးသားဒိုင်ယာရီ (၁၇)

$
0
0

၂၅-၂-၂၀၀၂
      ဘ၀တွင် ၀မ်းအကျင့်၊နှုတ်အကျင့် ကိုဖျောက်ရန်ခက်ခဲသည်ဟုဆိုရမည်။ တော်လှန်ရေးနယ်မြေ ကျင်လည်နေထိုင်စဉ်ကာလ ထမင်းကိုသာအားပြုစားသောက်တတ်ကြသည်။ နံနက်(၄)နာရီထိုးသည် နှင့် အိပ်ယာမှထကာ ချက်ပြုပ်ကြပြီး (၆)နာရီထိုးသည်နှင့်နံနက်စာကိုစားသောက်တတ်ကြသည်။ ညနေ စာကိုတော့ (၃)နာရီထိုးသည်နှင့်စားသောက်ပြီးဖြစ်သည်။ ထိုမှာ နိစ္စဓူဝဖြေရှင်းရသောဝမ်းရေးဖြစ်သည်။

      
သာစည်ဘူတာအနီး ရွှေဝတ်မှုံတည်းခိုခန်းရောက်တော့လည်း နံနက်(၆)နာရီထိုးသည်နှင့် ၀မ်းမီး က ပူလောင်ထကြွသောင်းကျန်းနေတော့သည်။ မုန့်ပဲသရေစာမစားတတ်၊မတင်းတိမ်၍ဖြစ်မည်။ ၀မ်းမီးငြိမ်း စေရန်အတွက် ထမင်းဆိုင်ရှာတော်ပုံဖွင့်ရသည်။ ဘူတာနှင့်မနီးမဝေးနေရာတွင် ထမင်းဆိုင်ကိုရှာတွေ့ လိုက်သည်။ “မခိုင်” မြန်မာထမင်းဆိုင်ဟူ၍ဖြစ်သည်။ ကျနော်လည်းထမင်းဆိုင်ထဲသို့ဝင်ရောက်သွားပြီး “အစ်မရေ အမဲသားဟင်းနဲ့ထမင်းတစ်ပွဲချပေးပါ” ဟုဆိုတော့ ဆိုင်ရှင်က အံ့သြနေပုံရသည်။ ခဏအကြာ “မောင်လေးရေ ထမင်းကအခုမှချက်တုန်းရယ်” ဟုဆိုလာသည်။ ကျနော်ကလည်း “အစ်မရေထမင်းကြမ်း ရှိရင်လဲဖြစ်ပါတယ်ဗျာ” ဟုထပ်မံတောင်းဆိုလိုက်သောကြောင့် မနေ့ညကကျန်သောထမင်းကြမ်းနှင့် အမဲ သားဟင်းတစ်ပွဲလာရောက်ချပေးသည်။ မျက်နှာရှေ့ကျရောက်လာသော ထမင်းနှင့်ဟင်းကို မြိန်ယှက်စွာ စားသောက်လိုက်ရမှ မီးကိုရေနှင့်ငြှိမ်းသကဲ့သို့ဝမ်းသည်လည်း ငြိမ်သက်သွားရလေတော့သည်။
      
ထို့အတူ ဈေးသို့လိုအပ်သောပစ္စည်းများသွားရောက်ဝယ်ယူရာတွင်လည်း “ဘယ်နှစ်ဘတ်လဲ၊ တစ်ကီ လိုဘယ်လောက်လဲ” စသည့်စကားလုံးများက အလိုလိုပြုတ်ကျသွားတတ်သည်။ သတိထားစောင့်ထိန်းခဲ့ သော်လည်း နှစ်ရှည်လများစွဲမြဲခဲ့သော နှုတ်အကျင့်ကားဖျောက်ရန်အတော်ပင်ခက်ခဲလွန်းသည်ဟုဆိုရ မည်။
      
သာစည်မှတစ်ဆင့် ပျဉ်းမနားဖက်သို့ နယ်မြေစည်းရုံးရေးသွားရန်အတွက် စတည်းနာရပြန်သည်။ စစ် အစိုးရမှ ၂၀၀၂ခုနှစ်စပိုင်းတွင်ပင် နေပြည်တော်စီမံကိန်းစတင်အကောင်အထည်ဖေါ်နေပုံရသည်။ တည်းခို ခန်းတွင်ဆုံစည်းခဲ့သော တပ်ကြပ်ကြီးထံမှအချို့အကြောင်းအရာများကိုသိခွင့်ရခဲ့သောကြောင့်ဖြစ်သည်။ ထိုတပ်ကြပ်ကြီးနှင့်ကျနော်မှာ မိတ်ရင်းဆွေပမာ ခင်မင်ခဲ့ကြသည်။ သူ့ဘ၀၊ကိုယ့်ဘ၀ဖလယ်ခဲ့ကြသည်။ သူ့ဖြတ်သန်းမှုအတွေ့အကြုံများကို ပွင့်ပွင့်လင်းလင်းပြောပြခဲ့သော်လည်း ကျနော့ဖက်တွင်တော့ ၀ှက်ဖဲ များရှိနေသည်ဟုဆိုရမည်။ ပျဉ်းမနားဖက်သို့လှည့်မည့်ခြေဦးကို နောက်သို့ခေါက်ကာ ရန်ကုန်ဆင်းရန် အတွက် ဆုံးဖြတ်လိုက်ရတော့သည်။ နောက်တစ်နေ့ ရွှေဝတ်မှုံတည်းခိုခန်းမှဘူတာသို့ဆင်းလာခဲ့သည်။ ရထားလက်မှတ်ဝယ်ရန်တန်းစီမည်ဟုစဉ်းစားသော်လည်း ယခင်ကြုံတွေ့ဘူးသောအတွေ့အကြုံအရ မ၀ယ်ဖြစ်၊ အခြေအနေကိုလေ့လာတွေးတောနေစဉ် အသက်(၂၀)ကျော်ခန့်ကောင်လေးတစ်ယောက် ကျနော့အနားရောက်လာသည်။ “အကိုဘယ်သွားမလို့လဲ” ဟုမေးလာသည်။ ကျနော်ကလည်း “ရန်ကုန် ဆင်းမလို့ ညီလေး” ဟုဖြေလိုက်သည်နှင့် “လက်မှတ်မ၀ယ်ရသေးဘူးလား၊ကျနော်ဝယ်ပေးမယ်၊အခုချက် ချင်းရစေရမယ်” ဟုဆိုလာသည်။ ကျနော်လည်း အခက်တွေ့နေစဉ်ကူညီဖြေရှင်းမည့်သူရောက်လာသော ကြောင့်အဆင်ပြေသွားတော့သည်။ ထိုကောင်လေးထွက်သွားပြီး(၁၀)မိနစ်ခန့်အကြာတွင် လက်မှတ်တစ် စောင်ကိုဆွဲကိုင်ပြီးကျနော့ထံပြန်ရောက်လာခဲ့သည်။ လက်မှတ်ဖိုးကျသင့်ငွေထက်(၃၀၀)ကျပ်ပိုပေးလိုက် ရသည်။ ဘူတာရုံအတွင်း ရထားဆိုက်ရောက်တော့မည်ဖြစ်သောကြောင့် ခရီးသည်များ၊ဈေးသည်များနှင့် ကုန်စိမ်းသည်များယောက်ယက်ခတ်နေကြသည်။
      
ရန်ကုန်သို့ထွက်ခွါမည့်ရထားဆိုက်ရောက်လာခဲ့သည်။ ကျနော်လည်းကိုတက်ရမည့်အတွဲနံပါတ်၊ခုံ နံပါတ်တို့ကိုရှာရန်အတွက် အတွက်ပေါ်သို့လှမ်းတက်လိုက်သည်။ လိုက်ပါစီးနင်းရမည့် အတွဲအတွင်းသို့ ကြည့်လိုက်သောအခါ လူငယ်အများစုမှာဆံပင်ခပ်တိုတိုနှင့်တစ်ပုံစံတည်းဖြစ်နေသည်ကိုတွေ့လိုက်ရ သည်။ မိမိထိုင်မည့် ခုံနံဘေးရှိလူကိုမေးကြည့်လိုက်မှ ထိုလူငယ်များမှာ ရန်ကုန်ဗိုလ်ရွေးသို့သွားမည့် ဗိုလ် လောင်းလေးများဖြစ်နေကြောင်းသိလိုက်ရသည်။ တပ်မတော်သားများနှင့်ကျနော် အတော်ရေစက်ဆုံသည် ဟုဆိုရမည်ဖြစ်သည်။ တွဲပေါ်တွင် ဗိုလ်လောင်းလေးများအားအုပ်ချုပ်သောတပ်မတော်မှဆရာကြီးများအား တွေ့လိုက်ရသည်။ ကျနော်သူပုန်တစ်ယောက်ဆိုသည့်အနေအထားမျိုးမရှိစေရန်အတွက် ပိပိရိရိမှင်သေ သေနှင့်လိုက်ပါလာခဲ့ရသည်။ ရထားပေါ်(၂)နာရီခန့်စီးနင်းပြီးနောက် အတွဲထဲသို့ ထမင်းကြော်ရောင်းသည့် ကောင်လေးတစ်ယောက်ရောက်လာခဲ့သည်။
     
 “ထမင်းကြော်ရမယ်၊ထမင်းကြော်ရမယ်” ဟုအော်နေသည့်လူငယ်လေးဝမ်းရေးအတွက်မရှက်မ ကြောက် ကြုံရာကျဘမ်းအလုပ်ကိုလုပ်ကိုင်ရင်းလောကဓံကိုရင်ဆိုင်နေသောလူတစ်ယောက်ဟုကျနော့် စိတ်ထဲမှချီးကျူးနေမိခဲ့သည်။ သူ့အသံကြောင့် ဗိုလ်လောင်းလေးတစ်ယောက်မှ “ထမင်းကြော်တစ်ပွဲပေးပါ” ဟုဆိုလိုက်သည်နှင့် ထမင်းကြော်ထည့်ထားသောဘန်းကိုဗိုလ်လောင်းလေးမျက်နှာရှေ့တည့်တည့်သို့ ထိုး ပေးလိုက်လေသည်။ ဗိုလ်လောင်းလေးမှာ စားသောက်ပြီး၍ငွေရှင်းရန်အိတ်မှငွေကိုနှိုက်လိုက်သောအခါ ငွေကားမရှိတော့ပေ။ ပြာပြာသလဲရှာဖွေသော်လည်းမတွေ့သောကြောင့်ဒေါသဖြစ်သွားသည်ဟုထင်သည်။ တစ်ဆက်ထည်း ထမင်းကြော်ရောင်းသည့်ကောင်လေးကိုလက်ညှိုးဖြင့်ထိုးရင်း “မင်းငါ့ပိုက်ဆံနှိုက်ထား တယ်မဟုတ်လား၊ငါ့ငွေပြန်ပေး” ဟုဆိုလိုက်သည်။ ထမင်းကြော်သည်ကလည်း “ခင်ဗျားတို့စားပြီးငွေမပေး ချင်တိုင်း အဲဒီလိုမပြောနဲ့၊ကျနော်တို့က မရှိလို့ဈေးရောင်းစားနေတာ၊သိက္ခာမဲ့တဲ့အလုပ်မျိုးဘယ်တော့မှ မလုပ်ဘူး” ဟုပြောပြောဆိုဆို ထမင်းကြော်ဘန်းကိုအောက်သို့ချပြီး ပုဆိုးနှင့်အကီင်္ျများကိုခါပြလေသည်။ 

ထိုအဖြစ်အပျက်တို့ကိုဘေးမှထိုင်ကြည့်နေသော စစ်သားကြီးတစ်ဦးမှ ထမင်းကြော်ရောင်းသည့် ကောင် လေးကို “ညီလေး မင်းရိုးရိုးသားသားလုပ်စားတာကိုတော့ အကိုမပြောလိုပါဘူး၊ သူတပါးပစ္စည်းယူတာ တော့ဘယ်ကောင်းမလဲကွာ၊သူလဲနှမြောရှာမှာပေါ့၊ပြန်ပေးလိုက်” ဟုဆိုလိုက်သည်။ ထမင်းကြော်သည်က လည်းခေသူမဟုတ်၊ “ခင်ဗျားတို့ကလည်း လူတစ်ယောက်ကို စွပ်စွဲဖို့ပဲသိကြတယ်၊ ကျနော့စီမှာဘာမှမရှိ ဘူး၊အကုန်လှန်ပြပြီးပြီပဲဗျာ၊ပိုက်ဆံမပေးလဲနေပါတော့၊ကျနော်သွားတော့မယ်” ဟုဆိုကာ လှည့်အထွက် စစ်သားကြီးမှ ထမင်းကြော်သည်လက်ကိုဖမ်း၍လိမ်လိုက်ရာလက်ညှိုးနှင့်လက်မအကြားကျစ်လစ်နေသော ထောင်တန်တစ်ရွက်ထွက်ကျလာသည်။ ထွက်ကျလာသည်နှင့် ဗိုလ်လောင်းလေးများလည်း ၀ိုင်း၍ဆွမ်း ကြီးလောင်းလိုက်ရာ ထမင်းကြော်သည်၏အော်သံမှာ ငယ်သံပါလေတော့သည်။
      
ဘူတာသို့ရောက်သောအခါ ရဲလက်သို့အပ်ရန်သွားရောက်အကြောင်းကြားကြတော့သည်။ ၀တ်စုံပြည့် နှင့် ရဲ(၅)ယောက် တွဲအတွင်းသို့နံပါတ်တုတ်နှင့်လက်ထိပ်ကိုဝှေ့ယမ်း၍၀င်လာသည်ကိုတွေ့လိုက်ရသည် နှင့် ကျနော့ရင်တို့သည်လည်း မဆီမဆိုင်တစ်ဒိုင်းဒိုင်းတုန်လှုပ်မြည်ဟီးပါလေတော့သည်။


ဆက်ပါအုံးမည်
အုပ်ကြီးဖေ
၂၂-၁၁-၂၀၁၃

တစ်ခါတုန်းကတက္ကသိုလ်မှာ(၁၀) ၏အဆက်

$
0
0
Photo: တစ်ခါတုန်းကတက္ကသိုလ်မှာ(၁၀)      ၏အဆက်ပါ       "ဆူလိုက်၊ကြိမ်းလိုက်မယ့် ဖြစ်ခြင်းး" "တွေးရုံနဲ့ ကြောက်လွန်းလို့ပါဟယ်။" "တစ်ခန်းလုံး လူကုန် တစ်ယောက်မကျန်လစ်မယ်။ ဆူရင်ငြိမ်ခံကြေး။" "ကျောင်းလစ်ပြီး ဘယ်သွားကြမှာလဲ" "အုပ်စုလိုက် လျှောက်လည်ကြမယ်။" "ငါတို့က မလည်ချင်ဘူးးးး ရုပ်ရှင်ပဲ ကြည့်မှာ။" "နင်တို့က အဲ့လို ခွဲခြားခွဲခြား မလုပ်နဲ့လေ။" "မညီမညွတ်တွေ ဖြစ်ကုန်မှာပေါ့။" "ငါတို့က ရုပ်ရှင်မကြည့်ချင်ဘူးး" "ရုပ်ရှင်ပဲ ကြည့်ကြည့် လျှောက်ပဲလည်လည် ကိုယ်နှစ်သက်တာ လုပ်ခွင့်ရှိတယ်။အဓိက ကတော့ အခန်းထဲမှာ ဘယ်သူမှ မကျန်ခဲ့ဖို့ဘဲ။ သစ္စာမဖောက်ဖို့ဘဲ။"                "ဟေးးးး သဘောတူတယ်။" "ဘာနဲ့လည်မှာလဲ" "ဘယ်သွားမှာလဲ" "ဆည်တော်လေးသွားမယ်။ကားဌားသွားမယ်။မေလဲ့တို့ အဆောင်က သွားနေကြ ဦးလေးကြီးကား ရှိတယ်။" "စာဂျပိုးတွေ ပေကပ်ကပ်လုပ်ပြီး မနေခဲ့ကြနဲ့နော်။ ကျန်နေခဲ့ရင် အတန်းတွင်း သစ္စာဖေါက်မှုပဲ။ စာကျက်ချင်ရင် အဆောင်ပြန်ကျက်ကြ။" "ခိခိ စစ်ထွက်ခါနီး နေနေ့ရဲ့သမိုင်းဝင် မိန့်ခွန်းကြီပေါ့။" "အဲနေကြအုံးးး ကြိုပြောထားမယ်နော် လေးနာရီခွဲအမီ  ကျောင်းကို ပြန်ရောက်ရမယ်နော်။ အချိန်ကိုက်လည်မှ ဖြစ်မှာဟဲ့။ ဖေဖေလာကြိုရင် ငါက အိနြေ္ဒမပျက် ကားပေါ်ပြန်တက်နိုင်မှ ဖြစ်မှာ။" "စောစောက မိန့်ခွန်းသံနဲ့ ခြားနားတဲ့ သနားစဖွယ်အသံလေးပါလားးး ဟက်ဟက်။"              ဒီလိုနဲ့ ကျွန်မတို့သူငယ်ချင်း ဆယ့်ငါးယောက်ပါ အုပ်စုကြီးဟာ ပရက်စတိုကား နီနီလေးနဲ့ ဆည်တော်လေးကို ခရီးထွက်ကြပါတယ်။ ကားဆရာဦးလေးကြီးက တော်တော် သဘောကောင်းပါတယ်။ကားပေါ်မှာ သင်ဖျူးဖျာ ကောင်းကောင်းလေး ခင်းပေးထားပါတယ်။ ကက်ဆက်လည်း ဖွင့်ပေးပါတယ်။ နောက်ခန်းအတွက် ဆောင်းဘောက်လေးတွေလည်း တပ်ဆင်ပေးထားပါတယ်။            ဟာနူရယ်ဂျုံးနဲ့ သဉ္ဇာက ရှေ့ခန်းမှာ ထိုင်ကြပါတယ်။မန္တလေး-ပြင်ဦးလွင် ကားလမ်းကနေ ဘေးကိုဖဲ့ဆင်းလိုက်တော့ ဖုန်တစ်ထောင်းထောင်းနဲ့ ဆိုးဝါးတဲ့ ကားလမ်းလေးက ဆီးကြိုနေပါတယ်။ ဝေဟန်က ဘေးလွယ်အိတ်ထဲက ပစ္စည်းတွေကို ထုတ်ပြီးတော့ အိတ်ကြီးကို ခေါင်းပေါ်ကနေ စွပ်ချပါတယ်။ မစွပ်ခင်မှာ ပြောလိုက်ပါသေးတယ်..."ငါ့အသားအရေက နုတော့ဖုံပေရင်ဝက်ခြံထွက်မှာ စိုးရတယ်။" တဲ့။              ကျွန်မတို့လည်း မျက်လုံးခြင်း အချက်ပြပြီး ဝေဟန့်ခေါင်းကို တစ်ယောက်တစ်ချက် ဝိုင်းတွယ်ကြ ပါတော့တယ်။"ဟဲ့ ကောင်မတွေ ဘယ်လိုဖြစ်နေကြတာလဲ။" "ငါမပါဘူးနော်"  "နီးတဲ့လူတွေကို လာမကြည့်နဲ့။တို့မပါဘူး။" "ငါတို့က ပိုတောင်ဝေးသေးးးး ခိခိ။" "အဟီးဟီးးး ငါလည်းပါဘူးနော်။" အမှတ်မရှိတဲ့ဝေဟန်က နောက်တစ်ကြိမ် ထပ်ပြီး ခေါင်းကို အိတ်စွပ်ပါတယ်။ ကျွန်မတို့ကလည်းးး နောက်တစ်ကြိမ် ဝိုင်းတွယ်ကြ ပြန်ပါတယ် "ဘုန်းး၊ ဘတ်၊ ဂေါက်၊ ဖတ် ဖတ်"              "ဟဲ့ကောင်မတွေ၊ လက်သရမ်း နေကြတယ်ပေါ့။ငါ့ကိုလာရိုက်တဲ့သူ ငါ့မိန်းမပဲ။ ရိုက်ရဲရင်ထပ်ရိုက်။" "တို့မဟုတ်ဘူးနော် ခိခိ။" "ငါရိုက်ဘူးနော် အထင်မလွဲနဲ့။အဟိ။" "ဟားဟားဟားးး ငါလည်းရိုက်ဘူးးး" "အေးးးထပ်ရိုက်ရင် ငါ့မိန်းမပဲ။" ပြောပြောဆိုဆို အိတ်ကြီးကို ခေါင်းပေါ်ထပ်စွပ် လိုက်ပေမယ့် ကျွန်မတို့တွေ ဘယ်သူကမှ ထပ်မရိုက်ရဲ တော့ပါဘူး။              ကားကရပ်သွားပါတယ်။ ဘေးပတ်ဝန်းကျင်မှာ အိမ်ငယ် သုံး လေး လုံးခန့်ကိုလည်း တွေ့ရပါတယ်။ "ဦးလေးးးး ဘာဖြစ်လို့ရပ်တာလဲ???" "ရောက်ပြီလေ ငါ့တူမတို့ရဲ့။" "အမ်!!! ဘယ်မှာလဲ ဆည်တော်လေးးး" " "မသိဘူးလေ။တို့လည်းကြားရုံပဲ ကြားဖူးတာ။" ရှေ့ခန်းထဲက ထွက်လာတဲ့ သဉ္ဇာနဲ့ ဟာနူရယ်ဂျုံးက ဆံပင်တွေနဲ့ အဝတ်တွေမှာ ဖုန်တစ်လုံးလုံး ဖြစ်နေတဲ့ ကျွန်မတို့ကို ကြည့်ုပီး ရယ်ကြပါတော့တယ်။ ရှေ့နားလေး နည်းနည်းဆက်လျှောက်တော့မှပဲ ဆည်တော်လေးကို တွေ့ပါတော့တယ်။                                                                                                                               အခြေသတင်းကြီးတဲ့ ဆည်တော်လေးက ဘာမှလည်း မဟုတ်ပါလားးး ဘာမှမဟုတ်လည်း မတတ်နိုင်ဘူးးးရောက်လာမှတော့ ပျော်အောင်နေရုံပေါ့လေ။ ဆည်ဘောင်ပေါ်က ကျလာတဲ့ ရေလေးတွေကို ဒီဘက်ကနေ စီးသွားတဲ့ နေရာမှာ မတ်တပ်ရပ်လိုက် ကြတော့ ခြေသလုံးတစ်ဝက်လောက်ပဲ ရှိပါတယ်။ ရေထဲမှာ ငါးသေးသေးလေးတွေ အုပ်စုဖွဲ့ပြီး ကူးနေကြပါတယ်။ ဖမ်းရင် မမိပါဘူးးးးလှစ်ဆိုပျောက်သွားပါတယ်။  ဆက်တိုက်ဖော်ပြပါမည် နေထက်ထက်အောင်
"ဆူလိုက်၊ကြိမ်းလိုက်မယ့် ဖြစ်ခြင်းး""တွေးရုံနဲ့ ကြောက်လွန်းလို့ပါဟယ်။""တစ်ခန်းလုံး လူကုန် တစ်ယောက်မကျန်လစ်မယ်။ ဆူရင်ငြိမ်ခံကြေး။""ကျောင်းလစ်ပြီး ဘယ်သွားကြမှာလဲ""အုပ်စုလိုက် လျှောက်လည်ကြမယ်။" "ငါတို့က မလည်ချင်ဘူးးးး ရုပ်ရှင်ပဲ ကြည့်မှာ။""နင်တို့က အဲ့လို ခွဲခြားခွဲခြား မလုပ်နဲ့လေ။""မညီမညွတ်တွေ ဖြစ်ကုန်မှာပေါ့။""ငါတို့က ရုပ်ရှင်မကြည့်ချင်ဘူးး""ရုပ်ရှင်ပဲ ကြည့်ကြည့် လျှောက်ပဲလည်လည် ကိုယ်နှစ်သက်တာ လုပ်ခွင့်ရှိတယ်။အဓိက ကတော့ အခန်းထဲမှာ ဘယ်သူမှ မကျန်ခဲ့ဖို့ဘဲ။ သစ္စာမဖောက်ဖို့ဘဲ။"

"ဟေးးးး သဘောတူတယ်။""ဘာနဲ့လည်မှာလဲ""ဘယ်သွားမှာလဲ""ဆည်တော်လေးသွားမယ်။ကားဌားသွားမယ်။မေလဲ့တို့ အဆောင်က သွားနေကြ ဦးလေးကြီးကား ရှိတယ်။""စာဂျပိုးတွေ ပေကပ်ကပ်လုပ်ပြီး မနေခဲ့ကြနဲ့နော်။ ကျန်နေခဲ့ရင် အတန်းတွင်း သစ္စာဖေါက်မှုပဲ။ စာကျက်ချင်ရင် အဆောင်ပြန်ကျက်ကြ။""ခိခိ စစ်ထွက်ခါနီး နေနေ့ရဲ့သမိုင်းဝင် မိန့်ခွန်းကြီပေါ့။""အဲနေကြအုံးးး ကြိုပြောထားမယ်နော် လေးနာရီခွဲအမီ ကျောင်းကို ပြန်ရောက်ရမယ်နော်။ အချိန်ကိုက်လည်မှ ဖြစ်မှာဟဲ့။ ဖေဖေလာကြိုရင် ငါက အိနြေ္ဒမပျက် ကားပေါ်ပြန်တက်နိုင်မှ ဖြစ်မှာ။""စောစောက မိန့်ခွန်းသံနဲ့ ခြားနားတဲ့ သနားစဖွယ်အသံလေးပါလားးး ဟက်ဟက်။"

ဒီလိုနဲ့ ကျွန်မတို့သူငယ်ချင်း ဆယ့်ငါးယောက်ပါ အုပ်စုကြီးဟာ ပရက်စတိုကား နီနီလေးနဲ့ ဆည်တော်လေးကို ခရီးထွက်ကြပါတယ်။ ကားဆရာဦးလေးကြီးက တော်တော် သဘောကောင်းပါတယ်။ကားပေါ်မှာ သင်ဖျူးဖျာ ကောင်းကောင်းလေး ခင်းပေးထားပါတယ်။ ကက်ဆက်လည်း ဖွင့်ပေးပါတယ်။ နောက်ခန်းအတွက် ဆောင်းဘောက်လေးတွေလည်း တပ်ဆင်ပေးထားပါတယ်။

ဟာနူရယ်ဂျုံးနဲ့ သဉ္ဇာက ရှေ့ခန်းမှာ ထိုင်ကြပါတယ်။မန္တလေး-ပြင်ဦးလွင် ကားလမ်းကနေ ဘေးကိုဖဲ့ဆင်းလိုက်တော့ ဖုန်တစ်ထောင်းထောင်းနဲ့ ဆိုးဝါးတဲ့ ကားလမ်းလေးက ဆီးကြိုနေပါတယ်။ ဝေဟန်က ဘေးလွယ်အိတ်ထဲက ပစ္စည်းတွေကို ထုတ်ပြီးတော့ အိတ်ကြီးကို ခေါင်းပေါ်ကနေ စွပ်ချပါတယ်။ မစွပ်ခင်မှာ ပြောလိုက်ပါသေးတယ်..."ငါ့အသားအရေက နုတော့ဖုံပေရင်ဝက်ခြံထွက်မှာ စိုးရတယ်။"တဲ့။

ကျွန်မတို့လည်း မျက်လုံးခြင်း အချက်ပြပြီး ဝေဟန့်ခေါင်းကို တစ်ယောက်တစ်ချက် ဝိုင်းတွယ်ကြ ပါတော့တယ်။ "ဟဲ့ ကောင်မတွေ ဘယ်လိုဖြစ်နေကြတာလဲ။""ငါမပါဘူးနော်""နီးတဲ့လူတွေကို လာမကြည့်နဲ့။တို့မပါဘူး။""ငါတို့က ပိုတောင်ဝေးသေးးးး ခိခိ။""အဟီးဟီးးး ငါလည်းပါဘူးနော်။"အမှတ်မရှိတဲ့ဝေဟန်က နောက်တစ်ကြိမ် ထပ်ပြီး ခေါင်းကို အိတ်စွပ်ပါတယ်။ ကျွန်မတို့ကလည်းးး နောက်တစ်ကြိမ် ဝိုင်းတွယ်ကြ ပြန်ပါတယ် "ဘုန်းး၊ ဘတ်၊ ဂေါက်၊ ဖတ် ဖတ်"

"ဟဲ့ကောင်မတွေ၊ လက်သရမ်း နေကြတယ်ပေါ့။ငါ့ကိုလာရိုက်တဲ့သူ ငါ့မိန်းမပဲ။ ရိုက်ရဲရင်ထပ်ရိုက်။""တို့မဟုတ်ဘူးနော် ခိခိ။""ငါရိုက်ဘူးနော် အထင်မလွဲနဲ့။အဟိ။""ဟားဟားဟားးး ငါလည်းရိုက်ဘူးးး""အေးးးထပ်ရိုက်ရင် ငါ့မိန်းမပဲ။"ပြောပြောဆိုဆို အိတ်ကြီးကို ခေါင်းပေါ်ထပ်စွပ် လိုက်ပေမယ့် ကျွန်မတို့တွေ ဘယ်သူကမှ ထပ်မရိုက်ရဲ တော့ပါဘူး။

ကားကရပ်သွားပါတယ်။ ဘေးပတ်ဝန်းကျင်မှာ အိမ်ငယ် သုံး လေး လုံးခန့်ကိုလည်း တွေ့ရပါတယ်။ "ဦးလေးးးး ဘာဖြစ်လို့ရပ်တာလဲ???""ရောက်ပြီလေ ငါ့တူမတို့ရဲ့။""အမ်!!! ဘယ်မှာလဲ ဆည်တော်လေးးး"""မသိဘူးလေ။တို့လည်းကြားရုံပဲ ကြားဖူးတာ။"ရှေ့ခန်းထဲက ထွက်လာတဲ့ သဉ္ဇာနဲ့ ဟာနူရယ်ဂျုံးက ဆံပင်တွေနဲ့ အဝတ်တွေမှာ ဖုန်တစ်လုံးလုံး ဖြစ်နေတဲ့ ကျွန်မတို့ကို ကြည့်ုပီး ရယ်ကြပါတော့တယ်။ ရှေ့နားလေး နည်းနည်းဆက်လျှောက်တော့မှပဲ ဆည်တော်လေးကို တွေ့ပါတော့တယ်။

အခြေသတင်းကြီးတဲ့ ဆည်တော်လေးက ဘာမှလည်း မဟုတ်ပါလားးး ဘာမှမဟုတ်လည်း မတတ်နိုင်ဘူးးးရောက်လာမှတော့ ပျော်အောင်နေရုံပေါ့လေ။ ဆည်ဘောင်ပေါ်က ကျလာတဲ့ ရေလေးတွေကို ဒီဘက်ကနေ စီးသွားတဲ့ နေရာမှာ မတ်တပ်ရပ်လိုက် ကြတော့ ခြေသလုံးတစ်ဝက်လောက်ပဲ ရှိပါတယ်။ ရေထဲမှာ ငါးသေးသေးလေးတွေ အုပ်စုဖွဲ့ပြီး ကူးနေကြပါတယ်။ ဖမ်းရင် မမိပါဘူးးးးလှစ်ဆိုပျောက်သွားပါတယ်။ 

ဆက်တိုက်ဖော်ပြပါမည်

နေထက်ထက်အောင် — with Maung Paing and 59 others.

တစ်ခါတုန်းကတက္ကသိုလ်မှာ (၁၀)၏အဆက်

$
0
0


တစ်ယောက်နဲ့တစ်ယောက် ရေနဲ့လှမ်းပက်ကြ၊ရေထဲမှာ စိမ်ပြေးတမ်း ဆော့ကြ၊ ဖင်ထိုင်ရက် လဲတဲ့သူက ဘေးရှိတဲ့လူတွေကိုပါ ဆွဲလှဲကြနဲ့... ရွှဲရွှဲစိုနေကြပါတယ်။တခြားလူငယ်အုပ်စုတွေ ရှိပေမယ့် သူတို့က အတွဲကိုယ်စီနဲ့ လာကြတာ များပါတယ်။ အတွဲမဟုတ်တဲ့ အုပ်စုတွေကလည်း ယောက်ျားလေး တွေရော မိန်းကလေးတွေပါ ကမ်းပေါ်မှာ အသောက်အစားတွေ နဲ့ပါ။ကျွန်မတို့အုပ်စုကတော့ ယောက်ျားလေး၂ယောက်ကစပြီး ဘီယာလို့တောင် လေသံမဟပါဘူးးး။ မူကြိုကလေးအုပ်စုလိုပဲ ဆော့ကစားဖို့ လောက်ပဲ အာရုံရှိနေကြတာပါ ။ 


"ဟိုမှာ ချစ်ကိုတစ်ယောက် ဘာလုပ်နေတာလဲ???"လှမ်းကြည့်ကြတော့ ရေထဲမှာ ကားယားကားယားလျှောက်ရင်း ပုဆိုးအောက်နားကို လက်ဖြင့် အနည်းငယ်မထားပြီး တစ်ခုခုကို လိုက်ဖမ်းနေပါတယ်။ သူ့ကြည့်ရတာ တကယ့်ကို အားကြိုးမာန်တက် လုပ်ဆောင်နေတာ ထင်ရှားပါတယ်။
"ဟဲ့...ဘာလုပ်နေတာလဲ...???""ငါးဖမ်းနေတာလေ။တစ်ကောင်မှမရရင် ဒီနေ့မပြန်ဘူးးးး။""ဟားဟားးး ဖမ်းသာနေခဲ့ပေတော့။"

ဒီလိုနဲ့ ရေစိုစိုနဲ့ ပြန်လာခဲ့ကြပါတယ်။လမ်းမှာတင် ဖုန်သလပ် လေသလပ်ပြီး အဝတ်တွေ ခြောက်ကုန်ပါတယ်။ သိပ္ပံလမ်းပေါ်ချိုးကွေ့ ခါစမှာပဲ ရာဘာညှော်နံ့ကြီး ရကြပါတယ် "ဒီနားရပ်ကွက်တွေက ဘာတွေလုပ်လို့ ဒီလိုညှော်နံ့ နံနေတာလဲမသိဘူးနော်။"
"အေးလေဟာ။ ဒီလောက်ဝေးဝေး ရောက်တာကို နံနေတုန်းဆိုတော့ လွန်လွန်းတယ်။""ဒီနားတစ်ဝိုက်က လူတွေ ဘယ်လိုများနေကြတယ်မသိဘူးးး""ငါတော့ ခေါင်းမူးလို့ အသက်အောင့် ထားရတယ်။ရာဘာညှော်နံ့ကြီးက လွန်လွန်းတယ်ဟာ။""ဟမ်!!!!!ငါတို့ကားကြီးက မီးခိုးတွေ ထွက်နေတယ်ဟေ့။လုပ်ကြပါအုံးးး""ဦးလေးကြီးးးး ရပ်ရပ်။""ရပ်ပါဗျို့မြန်မြန်""ရပ်ပါဆို ဘာတုန်းလှည့်မေးနေသေးတယ်။ ခင်ညားကြီး အခုရပ်။"အော်သံဟစ်သံတွေ ဆူညံကုန်ပြီး ကားဘော်ဒီကိုလည်း လက်နဲ့ တစ်ဒုန်းဒုန်း ထုကြပါတော့တယ်။

ကားမရပ်ခင် အရှိန်လျော့ ကတည်းက "ငါဟဲ့မိန်းမဘသား"ဆိုပြီး ခုန်ချတဲ့သူတွေလည်း ခုန်ချကုန်ပါတယ်။ကားဆရာက ဘီးလေးလုံးစလုံး ရပ်တန့်သွားချိန်မှာ ကားနောက်ခန်းမှာ လူမရှိတော့ပါဘူးးး။ "ဆီတိုင်ကီ ပေါက်ကွဲလိမ့်မယ်နော်...""ဝေးနိုင်သမျှ ဝေးဝေးပြေးကြ။""ပြေးဟေ့ပြေးးးး""ဟေ့ဟေ့……ကလေးတွေ ဘာလို့ပြေးကြတာလဲ????"အသံကြားလို့ ပြန်လှည့်ကြည့်ကြတော့ မီးခိုးလုံးကြီး မရှိတော့ပါဘူးးး နည်းနည်းပဲ ကျန်ပါတော့တယ်။ ဒါကိုကားဆရာနဲ့ ရှေ့ခန်းမှာထိုင်တဲ့ မယ်မင်းကြီးမ နှစ်ယောက်က ဘာဖြစ်မှန်း မသိကြ သေးပါဘူးး အူကြောင်ကြောင်ဖြစ် နေကြပါတယ်။

"မီးခိုးက ဆီတိုင်ကီဘက်ခြမ်းက ထွက်တာမဟုတ်ဘူးဟ။ စိတ်မပူကြနဲ့တော့ ပြန်သွားပြီး မီးငြှိမ်းကြမယ်။""ကားပေါ်မှာ ၅လီတာရေသန့်ဘူးတွေပါတယ်။ ယူပြီးငြှိမ်းကြ။""မြန်မြန်ပြန်ပြေးဟေ့""ဖျန်းးပစ်။ ဗူးတွေကုန်အောင်ပက်ကြ""ဟေ့ဟေ့...နေကြပါအုံးးးကလေးတွေ။ မီးမလောင်ပါဘူးးး""မလောင်ဘဲ ဘယ်ကမီးခိုးထွက်မှာလဲဂျ။""အင်းလေ... အနော်တို့ကို မိန်းကလေးတွေဆိုပြီး လာမဖြီးနဲ့နော်။ မိုက်ကယ်တွေချည်းပဲဗျ။""ဒီက မိန်းကလေးအီးစီ နေထက်ထက်အောင် ဆိုတာ သူ့အဖေ အမေကလွဲရင် ဘူ့မှမကြောက်တတ်တဲ့လူ။ ဟေ့ကောင်နေနေ ဟုတ်တယ်မလားးး""အမ်းးးဟုတ်မှာပါ။ဟုတ်သလိုလိုပဲ။""မီးက ဘာလို့သူ့ဘာသာ ငြိမ်းသွားတာလဲ???""အေးလေဟာ ရေတောင်ကုန်အောင် မပက်ရသေးဘူးးး။"

"အော်....ဒီလိုပါကလေးတွေရဲ့။ ဘီးကျွတ်တော့မလိုဖြစ်နေတာပါ။ တာယာနဲ့ ဘေးနံရံတွေ ပွတ်ပြီးပူလို့ မီးခိုးထွက်တာပါ။ ကားရပ်လိုက်တော့ မီးခိုးလည်း မထွက်တော့တာပေါ့""အမ်!!!ငါတို့ဘယ်လိုပြန်ကြမလဲ။""ဦးလေးကြီးးးကြာမှာလားဟင်?? ""သာမီးတို့က ကျောင်းဆင်းချိန်အမီ ပြန်ရမှာဂျ။ ဟင့်ဟင့်...""ဟုတ်တယ်ဦးလေးးး အနော့်လည်း အိမ်က လာကြိုမှာဂျ။ ကျောင်းလစ်တာသိရင် သတ်ခံရလိမ့်မယ်။""ကြာပါတယ်ဟာ ငါတို့ကူလဲပေးလိုက်ကြမယ်။" 

"မလုပ်နဲ့ကလေးတို့။ အချိန်မမီပဲ နေလိမ့်မယ်။ ဟိုနားကကားလေးငှားစီး သွားကြပါလားးးး ဦးလေးလည်း အရမ်းကို အားနာပါတယ်ကွယ်။""တက်စီဆရာကြီးးး ဒီရှေ့တည့်တည့်က မန်းလေးတက္ကသိုလ် ဘယ်လောက်လဲ။""တစ်သောင်း။""ဟင်!! ဆည်တော်လေး အသွားအပြန်မှ တစ်သောင်းပဲ ပေးရတာပါဗျာ။""အကိုကြီးးး ဈေးလျှော့လိုက်ပါအုံးးးကူညီတဲ့ သဘောပေါ့ နော်။""မလျှော့နိုင်ဘူးးးဒါပုံမှန်ပဲဗျ။""ကဲပါဗျာ နီးနီးလေးပါ။ခုနှစ်ထောင် တော့ထားလိုက်နော်။""ဟာာာမရဘူးးးဗျ။ တစ်သောင်းပဲ။" 

အဲ့အချိန်မှာပဲ..."ဘုရားကြီးးးးးဈေးချို ဈေးချို""ဟိုးဟိုးးးး ဘတ်စ်ကားးးး"အရှိန်နဲ့ မောင်းလာတဲ့ ဒိုင်နာလိုင်းကားကြီး ကျွိခနဲ ရပ်တန့်သွားပါတယ်။ ကားပေါ်မှာ ခရီးသည်၃ယောက်ပဲ ပါပါတယ်။ "တက္ကသိုလ်ဘေးက ကျော်တက်ပေါက်မှာ ရပ်ပေးလို့ရလားးး""ရတယ် ရတယ် တက်။""နေအုံးးးဗျ။တစ်ယောက်ဘယ်လောက်လဲ""တစ်ရာ့ငါးဆယ်။""တက်ကြဟေ့ တက်ကြ။"တစ်ဝုန်းဝုန်းနဲ့ ကားနောက်မြှီးကို အပြေးအလွှား ဆွဲပြီးတက်ကြပါတယ်။တစ်စင်းလုံးးး ကျွန်မတို့နဲ့ ပြည့်သွားပါတယ်။ ဘတ်စ်ကားပေါ်ရောက်မှ မီးခိုးလုံးကြီးထွက်တာတွေ... ညှော်နံတော့ လမ်းဘေးက လူနေအိမ်တွေကို စွပ်စွဲကြ တာတွေ... ကားပေါ်က ဘယ်သူက အရင်ခုန်ချတာတွေ...ဘယ်သူက ဘယ်သူ့ကို တွန်းချတာ တွေ...ယောင် တောင်တောင်ဖြစ်ပြီး ခူးလာတဲ့ ခရမ်းသီး ဘူးသီးတွေ ပိုက်ပြီးဆင်းပြေးမိတာတွေ.... ပြောပြောပြီး ရယ်လိုက်ရတာ လိုင်းကား ပေါ်မှာ ဆူညံနေတော့တာပါပဲ။

"ကျော်တက်ပေါက်ရောက်ပြီဗျို့။""ယားးးခုန်ဆင်းတယ်ကွ။""ငါမဆင်း တတ်ဘူးး လုပ်ကြပါအုံးးး။""လှိမ့်သာချလိုက် ခိခိ။""ဟေ့ဟေ့ ဒီနားလေးက အုတ်တံတိုင်းပေါ် ကျော်တက်တဲ့ လှေကားလေး ဘယ်ရောက်သွားပါလိမ့်!!""တိဘူးလေဟာ။""ဘယ်လိုလုပ်ကြမှာလဲ""ကျော်ချမယ်လေဟာ။""ညည်းတို့၂ယောက် ကယောက်ျားတွေကိုးးး ငါတို့မှ မကျော်တက်နိုင်တာ။""ဟိုးဘက်က ခြေလျင်လျှောက်ရင် နာရီဝက်လောက် ကြာမှာဟ။""ခုကို၎နာရီကျော်နေပြီ။ ငါ့ဖေတော့ ငါ့ကိုစောင့်နေလောက်ပြီ။"

"ဘာမှမပူနဲ့။ ဒီရှေ့က စိုက်ပျိုးရေး ရုံးကြီးထဲမှာ ငါတို့ကျောင်းနဲ့ဖောက်ထားတဲ့ တံခါးရှိတယ်။ အဲ့ဒီကနေ ဝင်မယ်။ငါ့နောက် လိုက်ခဲ့ကြ။"အုပ်စုလိုက်ကြီး စိုက်ပျိုးရေး ဝင်းထဲကို ချီတက်ခဲ့ကြပါတယ်။ဝင်းထဲမှာ လူတစ်ယောက်မှ မတွေ့ပါဘူးးး "သံပန်းတံခါးကြီးက ပိတ်ထားတာဟ။""သော့မှမခတ်တာ ဒီတိုင်းဖွင့်ရုံပေါ့။""ကျွီ အီ အီ ဂျောင်ဂျောင် ""ဟွန်းးး ပွင့်လည်းမပွင့် ဘူးးးသံချေးတွေ ကိုက်နေတာဟ။""ယောက်ျားလေးတွေ လုပ်နေပြီးဟယ်""ဖယ် ဖယ် ငါတို့လုပ်မယ်""ဂျွီ ဂျွီ ဂျောင် ဒေါင်ဒေါင် ""အမ်!!! ပွင့်လည်းပွင့်ဘူးးး""ဘယ်လို လုပ်ကြမလဲ""ဒီအမြှီးဖျားကနေ ငါပါကူဆွဲပြီး နှစ်ယောက်အားနဲ့ ဖွင့်မယ်။""ဟာနား ဒူးလ် ဆေးးးး ယားးးဂျောင်ဂျောင် ဂျောင် ""ဟူးးး မရဘူးးးဟ။ "

"ဟယ်...ဟိုမှာလုပ်ကြပါအုံးးး ငါတို့ကို ကြည့်နေပြီ။"တစ်ဖွဲ့လုံး လှည့်ကြည့် လိုက်တော့.... ဘုရားဘုရားးး ရုံးထဲ ရှိသမျှလူကုန်ဟာ ကျွန်မတို့ကို ထွက်ကြည့်နေကြ ပါရောလားးး ပြန်လှည့်ပြေးရင်လည်း သူတို့ရှေ့က ဖြတ်ထွက်ပြေးရတော့မယ်...ရာဇအိနြေ္ဒ ပျက်ရချည်ရဲ့။ သူတို့တွေကလည်း မနည်းမနော ကလေးအုပ်ကြီးကို ကြည့်ပြီး ဘာလုပ်ရမှန်း မသိဖြစ်နေကြပါတယ်။ "ကဲ...လှည့်ပြန်ပြေးလို့ မရတော့ဘူးးး ဘုရင့်နောင် ဖောင်ဖျက်သလိုဘဲ။ ဒီတံခါးကို ပွင့်အောင်ဖွင့်ကြ။""ယောကျာ်းလေး နှစ်ယောက်က ပြိုင်တူဆွဲမယ်.....""ဟေ့ကောင် ဝေဟန်...မင်းကအဲ့ဒီကနေဆွဲ၊ ငါကဒီကနေ တွန်းမယ်။ကဲစပြီ။""ဟေ့ ဟေ့ ဟေ့ ချထားကွ။""ဆွဲထားဟုတ်ပြီ""ပွင့်တော့မယ်ကွ။""သူများဆဲတာ ဆူတာတော့ မခံဘူးဟေ့။ရအောင်ဖွင့်မယ်။""ဟိုလူကြီးတွေ ဒီဘက်လာနေကြပြီ။""မြန်မြန် မြန်မြန်။""ကျွီ အီ အီ ဂျိမ်းးးးဒုန်းးးး""ပွင့်ပြီကွ။""နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်ပဲဟေ့။""ပြေးးးးး""ဟင့်ဟင့် နာ့ကိုစောင့်ကြပါအုံးးးး ""ဟားဟားးးဟားးး"

"ဟိုးးးဟိုးးးးမပြေးကြနဲ့တော့။ ဟိုရှေ့မှာငါ့ဖေဖေဟ။ အိနြေ္ဒမပျက်ကြနဲ့။ ဘယ်ကပြန်လာတာလဲမေးရင် တီချယ်ကြီးအဆောင်ကို ပစ္စည်းတွေ ပို့ပေးပြီး ပြန်လာတာလို့ ဖြေမယ်နော်။""အေးပါဟ။စိတ်ချ တို့ကနပ်ပြီးသားးး""သမီးလေးးးချွေးတွေလည်းရွှဲလို့ လူကလည်း ဖုံးအလိမ်းလိမ်းနဲ့ ဘယ်ကပြန်လာကြတာလဲ။""ဆြာမကြီးကို အဆောင်ပစ္စည်းတွေလိုက်ပို့ပြီး အခန်းသန့်ရှင်းရေးပါ လုပ်ပေးလာရလို့ပါ။""အော်...အေးအေးးး အိမ်ရောက်ရောက်ခြင်း ရေချိုးလိုက်နော်။ ဖုန်တွေနဲ့ဆိုရင် ငါ့သမီးက အလာ့ဂျစ် ဖြစ်တတ်လွန်းလို့။"ရာသီအကူးအပြောင်းတိုင်း ဖုန်ထတိုင်း အလာ့ဂျစ်ဖြစ်တတ်တဲ့ ကျွန်မဟာ ရေတစိုစို
ဖုန်တစ်ထောင်းထောင်း အခြေအနေနဲ့ တစ်နေကုန် နေခဲ့ပေမယ့် ဘာမှမဖြစ်ဘဲ ကျန်းမာပကတိ ချမ်းသာစွာရှိပြီး စနေ တနင်္ဂနွေကို ဌာနမှူးရဲ့ ဘာသာရပ်တွေကို အသဲအသန်ကျက်မှတ်ရင်း ကုန်ဆုံးသွားခဲ့ပါတယ်။

ဆက်လက်ဖော်ပြပါမည်
နေထက်ထက်အောင်

 — 

သံတူကြောင်းကွဲ ဒိုင်ယာလော့ဂ်များ

$
0
0
Photo: " သံတူကြောင်းကွဲ ဒိုင်ယာလော့ဂ်များ "       ( The Voice Daily _ 15.11.13 )   . . . . . "မင်းတို့ လစ်ဘရယ်သမားတွေဟာ" ၊ "မင်းတို့ ခပ်ပျော့ပျော့ကောင်တွေက" နဲ့စပြီး ဖော်လိုက်တဲ့ တိုက်ကွက်တွေက နှစ်ချို့တာရှည်ခံ အမုန်းလက်သီး စကားလုံးကြီးတွေနဲ့ တရစပ် ၀င်လာတော့တာပါပဲ။  . . . . . လမ်းဘေးက သူလိုကိုယ်လို နိုင်ငံရေးစကားဝိုင်းလေး ဆိုပါတော့။ သူတို့ ရည်ရွယ်ရာကို တိုက်ရိုက်ပြောခွင့် မရတဲ့အခါ အထက်ပါစကားလုံးတွေက ဒေါသနဲ့အတူ ပြောခွင့်ရတဲ့ဆီကို အရှိန်ပြင်းပြင်း ထွက်ကျလာလေ့ ရှိပါတယ်။   . . . . . ခပ်ပျော့ပျော့ဆိုတဲ့လူတွေက အစိုးရဘက်သားတွေတော့ မဟုတ်ကြပါ။ သူတို့ရဲ့ ယုံကြည်ချက်နဲ့ ရပ်နေကြတဲ့ သူတို့ရဲ့ လမ်းပါပဲ။ ခပ်ပျော့ပျော့မဟုတ်တဲ့သူတွေကို ဆွဲကောင်းလည်းဆွဲကြလိမ့်မယ် ပေါ့ဗျာ။ ပိုကောင်းမယ်လို့ သူယုံကြည်တဲ့လမ်းကို အတူလျှောက်ဖို့ သူ့မိတ်ဆွေတွေကိုလည်း တိုက်ရင်းတွန်းရင်း ခေါ်ချင်ကြမှာ သဘာဝပဲမဟုတ်လား။  . . . . . မပျော့နိုင်တဲ့သူတွေက ဒီလိုလမ်းမျိုး တယ်ခံတွင်းမတွေ့ကြတော့လည်း ခက်ကြရတာပေါ့ ခင်ဗျာ။  " ဘာကြောင့် ထိုးချင်နေရတာတုန်းဗျ။ မထိုးပဲနဲ့လည်း ဖြစ်နိုင်နေမင့်ဟာကို။ ခင်ဗျားက ထိုးလိုက်ရမှကျေနပ်မယ် ဆိုသလိုများ ဖြစ်နေမလား " " ရရင်ရ .. မရရင်တော့ ချပြီ ဆရာရေ " " မျက်လုံးက လူတစ်ယောက်မှာ နှစ်လုံးပဲရှိတော့ ခက်တာပဲ။ သူဖောက်ခဲ့တဲ့ မျက်လုံးက နှစ်လုံးမကတော့ ဟန်မူရာဘီ ထုံးနဲ့တောင် မကျေနိုင်ဘူးလေ "  . . . . . သူတို့ရဲ့အမြင်ကို ပစ်ပယ်မထားသင့်လှ ပေဘူးဗျ။ သူတို့မှာလည်း လုံလောက်တဲ့ သူတို့ရဲ့ အကြောင်းရင်းတွေကိုယ်စီ ရှိကြကောင်းပါရဲ့။  " ကျုပ်လို ထောင်ထဲ အနှစ်နှစ်ဆယ် နေခဲ့ရပြီး ၊ လူတစ်ယောက်ရဲ့သိက္ခာတွေ၊ကြီးမြတ်မှု ဆိုတာတွေကို သုညအထိ ချနင်းခံခဲ့ရမယ်ဆိုရင် ခင်ဗျား ဒီလို ပျော့ပျော့ပြောင်းပြောင်းတွေးနိုင်ဦးမလား သိပ်သိချင်တယ်ဗျာ "  " ကျုပ်က ကျုပ်နိုင်ငံ ၊ ကျုပ်လူမျိုးအတွက်ဆိုပြီး ထမင်းငတ်ခံ၊ အဆင်းရဲခံပြီး လုပ်ခဲ့တယ်။ ကျုပ်နိုင်ငံ ကျုပ်လူမျိုးက ကျုပ်ဖို့တဲ့ .. ကျည်ဆန်တွေ ပြန်ပေးတယ်။ တချိန်လုံး ပစ်ပယ်ထားခဲ့တဲ့ ဘုရားက ဖယ်ပေးလို့ အခုထိမသေသေးတာပေါ့။ ဒီလိုမြစ်မျိုးကို ဖြတ်ခဲ့တဲ့လှေက ခင်ဗျားတို့လှေလို နုနုလှလှလေးဖြစ်ဖို့တော့ မမျှော်လင့်သင့်ဘူးလေ "  " ငါ့အမျိုး ၃ ယောက် သေတယ်။ မိသားစုဆိုတာ ပျက်စီးသွားခဲ့တယ်။ ဖျက်ဆီးခံရတာ။ မိဘတွေကို ကိုယ့်ယုံကြည်မှုနဲ့ ကျေးဇူးဆပ်သလို ဖြစ်ခဲ့တယ်။ ဒီထဲက အမာရွတ်တွေက မပျောက်နိုင်တော့ဘူး။ ဒီလို အသည်းနှလုံးမျိုးဟာ ဘယ်လိုကြောင့်များ ပျော့ပြောင်းနိုင်လိမ့်မလဲကွာ။ အဲဒီလောက်အထိလည်း ငါတို့ မကြီးမြတ်နိုင်ကြသေးဘူး "  . . . . . မတူတဲ့ အမြင်တွေကို လေးစားတတ်ဖို့တော့လိုပါတယ်။ ကျွန်တော်တို့ကိုယ်စီက ဘယ်လောက်အထိ ကြီးမြတ်နိုင်ကြမှာ မို့လို့လဲ။  . . . . . စကားမာမာကို မျက်နှာထားမာမာ ၊ နှလုံးသားမာမာနဲ့ ပြောတတ်တဲ့ မိတ်ဆွေတစ်ဦးရဲ့ စကားလေးမျှဝေရင်း အများသူငါတွေရဲ့ ရှုထောင့်များကို အသီးသီးလေးစားတတ်ကြဖို့ စကားလက်ဆောင်ပါးလိုက်ရပါတော့တယ်။  " ကျွန်တော်တို့ ခွင့်လွှတ်နိုင်ပါတယ်။ တကယ်ပြောတာ။ ဘာမှ လက်တုန့်မပြန်စေရဘူး။ ခွင့်လွှတ်ပါတယ်။ သူတို့ရဲ့မျက်နှာကို မကြည့်ပဲ ပြောတာပါ။ ဟုတ်တယ်။ ကျွန်တော်တို့ မျက်နှာမူထားတာက ကျွန်တော်တို့ပြည်သူတွေပဲ။ သူတို့အတွက် ၊ သူတို့မျက်ခွက်နဲ့ပဲ အားလုံးကို ခွင့်လွှတ်ပါရစေတော့။ခင်ဗျားတို့ပြောသလို လက်လည်းကမ်းပါ့မယ်။ ၀မ်းပန်းတသာမဟုတ်တောင် ကြိုဆိုမယ်။ ကျွန်တော်တို့အသက်ရှင်နေတာက ဒီအတွက်ပါပဲ။ ကောင်းပါပြီ။ အလေးအနက်ထားပြီး တစ်ခုပြောပါရစေ။ ကျွန်တော်တို့ဘက်က လက်ကမ်းပြီးပြုံးပြနေတာတောင် ခမျာများဘက်က ဆက်ခါးနေလို့တော့ မဖြစ်နိုင်ဘူး။ ပြည်သူဆိုတဲ့ ပုံမှန်ဘ၀တွေကို ဆက်ပြီးစော်ကားဖို့ မဟုတ်တော့ဘူး။ အခွင့်ထူးခံဘ၀မှာ ဘုရားဆက်ထူးနေဖို့တော့ မဟုတ်တော့ဘူး။ လက်အုပ်ချီခံနေပြီး တစ်ဆွေလုံးတစ်မျိုးလုံးပိုင်တဲ့ တိုင်းပြည်လို ဆက်ပြုမူနေဖို့တော့ မဟုတ်တော့ဘူး။ ဒီလောက်တော့ ခမျာများလည်း သိသင့်ပါတယ်။ သိနိုင်လောက်တဲ့ ဥာဏ်ရည်နဲ့ သိနိုင်လောက်တဲ့ စိတ်နှလုံးရှိပါစေ ဆုတောင်းပါတယ်။ အ၀ိဇ္ဖာတွေကို အချိန်မီ ပယ်သတ်နိုင်ပါစေဗျာ။ "  " ကျွန်တော်တို့ လုံလောက်အောင် သတ္တိရှိပါတယ်။ ကျွန်တော်တို့ပါးကိုရိုက်ခဲ့တဲ့ လက်တွေကို အပြုံးနဲ့ပဲပြန်လက်ကမ်းနိုင်တဲ့အထိ သတ္တိရှိပါတယ်။ ဒီအတိုင်းပဲ .. လိုအပ်ရင် ပါးကိုဆက်ထိုးပေးဖို့ ၊ သို့မဟုတ်လည်း လိုအပ်တဲ့အခြေအနေအတိုင်း သတ္တိကောင်းဖို့ ကျွန်တော်တို့က လုံလောက်ပါတယ်။ ကျွန်တော်တို့လောက် သတ္တိမကောင်းနိုင်ရင်တော့ သူတို့မြန်မြန်ပဲ လိမ္မာလိုက်ကြတာက အားလုံးအကျိုးရှိပါလိမ့်မယ်။ "    (ယက္ခ) ရဲကြီး ။ ၅.၁၁.၁၃ ။    ( The Voice Daily _ 15.11.13 ) https://www.facebook.com/yekkha.yejee yekkhayejee.blogspot.com https://www.facebook.com/yekkha.yegyii.fanpage
"သံတူကြောင်းကွဲ ဒိုင်ယာလော့ဂ်များ " ( The Voice Daily _ 15.11.13 )


. . . . . "မင်းတို့ လစ်ဘရယ်သမားတွေဟာ"၊ "မင်းတို့ ခပ်ပျော့ပျော့ကောင်တွေက"နဲ့စပြီး ဖော်လိုက်တဲ့ တိုက်ကွက်တွေက နှစ်ချို့တာရှည်ခံ အမုန်းလက်သီး စကားလုံးကြီးတွေနဲ့ တရစပ် ၀င်လာတော့တာပါပဲ။

. . . . . လမ်းဘေးက သူလိုကိုယ်လို နိုင်ငံရေးစကားဝိုင်းလေး ဆိုပါတော့။ သူတို့ ရည်ရွယ်ရာကို တိုက်ရိုက်ပြောခွင့် မရတဲ့အခါ အထက်ပါစကားလုံးတွေက ဒေါသနဲ့အတူ ပြောခွင့်ရတဲ့ဆီကို အရှိန်ပြင်းပြင်း ထွက်ကျလာလေ့ ရှိပါတယ်။

. . . . . ခပ်ပျော့ပျော့ဆိုတဲ့လူတွေက အစိုးရဘက်သားတွေတော့ မဟုတ်ကြပါ။ သူတို့ရဲ့ ယုံကြည်ချက်နဲ့ ရပ်နေကြတဲ့ သူတို့ရဲ့ လမ်းပါပဲ။ ခပ်ပျော့ပျော့မဟုတ်တဲ့သူတွေကို ဆွဲကောင်းလည်းဆွဲကြလိမ့်မယ် ပေါ့ဗျာ။ ပိုကောင်းမယ်လို့ သူယုံကြည်တဲ့လမ်းကို အတူလျှောက်ဖို့ သူ့မိတ်ဆွေတွေကိုလည်း တိုက်ရင်းတွန်းရင်း ခေါ်ချင်ကြမှာ သဘာဝပဲမဟုတ်လား။

. . . . . မပျော့နိုင်တဲ့သူတွေက ဒီလိုလမ်းမျိုး တယ်ခံတွင်းမတွေ့ကြတော့လည်း ခက်ကြရတာပေါ့ ခင်ဗျာ။

"ဘာကြောင့် ထိုးချင်နေရတာတုန်းဗျ။ မထိုးပဲနဲ့လည်း ဖြစ်နိုင်နေမင့်ဟာကို။ ခင်ဗျားက ထိုးလိုက်ရမှကျေနပ်မယ် ဆိုသလိုများ ဖြစ်နေမလား "
"ရရင်ရ .. မရရင်တော့ ချပြီ ဆရာရေ "
"မျက်လုံးက လူတစ်ယောက်မှာ နှစ်လုံးပဲရှိတော့ ခက်တာပဲ။ သူဖောက်ခဲ့တဲ့ မျက်လုံးက နှစ်လုံးမကတော့ ဟန်မူရာဘီ ထုံးနဲ့တောင် မကျေနိုင်ဘူးလေ "

. . . . . သူတို့ရဲ့အမြင်ကို ပစ်ပယ်မထားသင့်လှ ပေဘူးဗျ။ သူတို့မှာလည်း လုံလောက်တဲ့ သူတို့ရဲ့ အကြောင်းရင်းတွေကိုယ်စီ ရှိကြကောင်းပါရဲ့။

"ကျုပ်လို ထောင်ထဲ အနှစ်နှစ်ဆယ် နေခဲ့ရပြီး ၊ လူတစ်ယောက်ရဲ့သိက္ခာတွေ၊ကြီးမြတ်မှု ဆိုတာတွေကို သုညအထိ ချနင်းခံခဲ့ရမယ်ဆိုရင် ခင်ဗျား ဒီလို ပျော့ပျော့ပြောင်းပြောင်းတွေးနိုင်ဦးမလား သိပ်သိချင်တယ်ဗျာ "

"ကျုပ်က ကျုပ်နိုင်ငံ ၊ ကျုပ်လူမျိုးအတွက်ဆိုပြီး ထမင်းငတ်ခံ၊ အဆင်းရဲခံပြီး လုပ်ခဲ့တယ်။ ကျုပ်နိုင်ငံ ကျုပ်လူမျိုးက ကျုပ်ဖို့တဲ့ .. ကျည်ဆန်တွေ ပြန်ပေးတယ်။ တချိန်လုံး ပစ်ပယ်ထားခဲ့တဲ့ ဘုရားက ဖယ်ပေးလို့ အခုထိမသေသေးတာပေါ့။ ဒီလိုမြစ်မျိုးကို ဖြတ်ခဲ့တဲ့လှေက ခင်ဗျားတို့လှေလို နုနုလှလှလေးဖြစ်ဖို့တော့ မမျှော်လင့်သင့်ဘူးလေ "

"ငါ့အမျိုး ၃ ယောက် သေတယ်။ မိသားစုဆိုတာ ပျက်စီးသွားခဲ့တယ်။ ဖျက်ဆီးခံရတာ။ မိဘတွေကို ကိုယ့်ယုံကြည်မှုနဲ့ ကျေးဇူးဆပ်သလို ဖြစ်ခဲ့တယ်။ ဒီထဲက အမာရွတ်တွေက မပျောက်နိုင်တော့ဘူး။ ဒီလို အသည်းနှလုံးမျိုးဟာ ဘယ်လိုကြောင့်များ ပျော့ပြောင်းနိုင်လိမ့်မလဲကွာ။ အဲဒီလောက်အထိလည်း ငါတို့ မကြီးမြတ်နိုင်ကြသေးဘူး "

. . . . . မတူတဲ့ အမြင်တွေကို လေးစားတတ်ဖို့တော့လိုပါတယ်။ ကျွန်တော်တို့ကိုယ်စီက ဘယ်လောက်အထိ ကြီးမြတ်နိုင်ကြမှာ မို့လို့လဲ။

. . . . . စကားမာမာကို မျက်နှာထားမာမာ ၊ နှလုံးသားမာမာနဲ့ ပြောတတ်တဲ့ မိတ်ဆွေတစ်ဦးရဲ့ စကားလေးမျှဝေရင်း အများသူငါတွေရဲ့ ရှုထောင့်များကို အသီးသီးလေးစားတတ်ကြဖို့ စကားလက်ဆောင်ပါးလိုက်ရပါတော့တယ်။

"ကျွန်တော်တို့ ခွင့်လွှတ်နိုင်ပါတယ်။ တကယ်ပြောတာ။ ဘာမှ လက်တုန့်မပြန်စေရဘူး။ ခွင့်လွှတ်ပါတယ်။ သူတို့ရဲ့မျက်နှာကို မကြည့်ပဲ ပြောတာပါ။ ဟုတ်တယ်။ ကျွန်တော်တို့ မျက်နှာမူထားတာက ကျွန်တော်တို့ပြည်သူတွေပဲ။ သူတို့အတွက် ၊ သူတို့မျက်ခွက်နဲ့ပဲ အားလုံးကို ခွင့်လွှတ်ပါရစေတော့။ခင်ဗျားတို့ပြောသလို လက်လည်းကမ်းပါ့မယ်။ ၀မ်းပန်းတသာမဟုတ်တောင် ကြိုဆိုမယ်။ ကျွန်တော်တို့အသက်ရှင်နေတာက ဒီအတွက်ပါပဲ။ ကောင်းပါပြီ။ အလေးအနက်ထားပြီး တစ်ခုပြောပါရစေ။ ကျွန်တော်တို့ဘက်က လက်ကမ်းပြီးပြုံးပြနေတာတောင် ခမျာများဘက်က ဆက်ခါးနေလို့တော့ မဖြစ်နိုင်ဘူး။ ပြည်သူဆိုတဲ့ ပုံမှန်ဘ၀တွေကို ဆက်ပြီးစော်ကားဖို့ မဟုတ်တော့ဘူး။ အခွင့်ထူးခံဘ၀မှာ ဘုရားဆက်ထူးနေဖို့တော့ မဟုတ်တော့ဘူး။ လက်အုပ်ချီခံနေပြီး တစ်ဆွေလုံးတစ်မျိုးလုံးပိုင်တဲ့ တိုင်းပြည်လို ဆက်ပြုမူနေဖို့တော့ မဟုတ်တော့ဘူး။ ဒီလောက်တော့ ခမျာများလည်း သိသင့်ပါတယ်။ သိနိုင်လောက်တဲ့ ဥာဏ်ရည်နဲ့ သိနိုင်လောက်တဲ့ စိတ်နှလုံးရှိပါစေ ဆုတောင်းပါတယ်။ အ၀ိဇ္ဖာတွေကို အချိန်မီ ပယ်သတ်နိုင်ပါစေဗျာ။ "

"ကျွန်တော်တို့ လုံလောက်အောင် သတ္တိရှိပါတယ်။ ကျွန်တော်တို့ပါးကိုရိုက်ခဲ့တဲ့ လက်တွေကို အပြုံးနဲ့ပဲပြန်လက်ကမ်းနိုင်တဲ့အထိ သတ္တိရှိပါတယ်။ ဒီအတိုင်းပဲ .. လိုအပ်ရင် ပါးကိုဆက်ထိုးပေးဖို့ ၊ သို့မဟုတ်လည်း လိုအပ်တဲ့အခြေအနေအတိုင်း သတ္တိကောင်းဖို့ ကျွန်တော်တို့က လုံလောက်ပါတယ်။ ကျွန်တော်တို့လောက် သတ္တိမကောင်းနိုင်ရင်တော့ သူတို့မြန်မြန်ပဲ လိမ္မာလိုက်ကြတာက အားလုံးအကျိုးရှိပါလိမ့်မယ်။ "


(ယက္ခ) ရဲကြီး ။ ၅.၁၁.၁၃ ။ ( The Voice Daily _ 15.11.13 )
https://www.facebook.com/yekkha.yejee
yekkhayejee.blogspot.com
https://www.facebook.com/yekkha.yegyii.fanpage
 — with Maung Paing and 99 others.

နောင်နှစ်ခါ တန်ဆောင်မုန်း ... တွေးကြည့်ပါ ဦး

$
0
0


November 17, 2013 at 4:51pm
တန်ဆောင်မုန်းလ ဆိုတာ မြန်မာ့ ၁၂လရာသီတွင် ရှစ်လမြောက် လတစ်ခု ၊ ကောင်းကင်ယံတခွင်မှာ တိမ်တွေကင်း စင်ပြီး နက္ခတ်တာရာ အစုံ ထွန်းလင်းတဲ့လပေါ့ ။ ဆေးပေါင်းခ တဲ့ ည ၊ တန်ဆောင်တိုင်ည ဆိုပြီး ပွဲတော်တွေ ဆင်နွှဲကြ ၊ ကုသိုလ်တွေပြု ကြ ၊ မယ်ဇလီဖူးသုပ်စားကြနဲ့ ကျွန်တော်တို့ မြန်မာတွေ ပျော်ရတဲ့ လပေါ့ ။
ဘာသာရေးအရ ပြောရရင်တော့ ဒီနေ့ က တန်ဆောင်မုန်းလပြည့်ည သာမညဖလအခါတော် ညလည်းဖြစ်ပါတယ် ။ဒီနေ့ည အဆောင်မှာရှိတဲ့ ညီကိုတစ်တွေ ဘုရားခန်း မှာ စုပေါင်းဘုရားကန်တော့ပြီး အခန်းပြန်လာတော့ သာမညဖလသုတ်တော် ကို ဖတ်ဖြစ်တယ် ။


သာမညဖလသုတ်တော်ဆိုတာကတော့  ဖခင်ကိုသတ်မိတဲ့ အဇာတသတ်မင်းကြီးရဲ့ မေးလျှောက်မှုကို အကြောင်းပြုပြီး ဗုဒ္ဓဘာသာ ရဲ့ ရဟန်းသံဃာဆိုတာ ဘာလဲ ၊ ရဟန်းပြုခြင်းကြောင့် မျက်မှောက်ဘဝမှာ ခံစားနိုင်တဲ့ အကျိုးတွေကဘာတွေလဲ ဆိုတာကို အသေအချာပြဆိုထားတဲ့ တရားတော်ပေါ့ ။ ဒီ သာမညဖလသုတ်တော် ကို ဖတ်ရင်း ၊ ဖတ်ပြီးနောက် ဖြစ်ပေါ်လာတဲ့ အတွေးစလေးတွေ ကို ဆွဲထုတ်မိရင် ဒီ note လေးရေးဖြစ်တာပါ ။


သာမညဖလ သုတ်တော်ရဲ့ အစ မှာတော့ တန်ဆောင်မုန်းလပြည့်ည ..လကလေးသာသာနဲ့ ဥတုသပ္ပါရ လေးကလည်း ညီမျှတုန်းမှာ အဇာတသတ်မင်းကြီးက စိတ်ကြည်လင်စေကြောင်း အဘယ် သို့သော ပုဂ္ဂိုလ်ဆီများချဉ်းကပ်ရလေမလဲ ၊ အဘယ်သို့သောတရားများနာကြားရလေမလဲလို့ အတွေးဖြစ်ပေါ်ပြီး  မှူးကြီးမတ်ရာ တွေဆီ ကနေ အကြံတောင်းခံပါသတဲ့ ။ အဲဒီအခါ အမျိုးမျိုးသောအမတ်တွေက ဆိုင်ရာဆိုင်ရာ ညွှန်ကြတယ်ပေါ့ ။ နောက်ဆုံးမှ ဇီဝက ရဲ့ အညွှန်းစကားနဲ့ ဗုဒ္ဓဘုရားထံပါး  ရောက်သွားတယ်ပေါ့ ။


ဘုရား ရှေ့တော်မှောက်ရောက်တော့ အဇာတသတ်မင်းကြီးလျှောက် တဲ့ စကား က "လောကမှာအတတ်ပညာသည် တို့ရှိကြတယ် ။ မြင်းစီးသမား ၊ ဆေးဆရာ အစ ဆံပင်မုတ်ဆိတ်ရိတ်တဲ့ ဆတ္တာသည်အဆုံးပေါ့ ။ အဲဒီအတတ်ပညာသည် တွေ ဟာ သူတို့တတ်တဲ့အတတ်ပညာတွေ နဲ့ လောကကိုကောင်းကျိုးပြုကြတယ် ။ အဲသလိုပဲ အခုမျက်မှောက်ဘဝမှာ သိမြင်နိုင်မဲ့ ရဟန်းဖြစ်ခြင်းအကျိုးကို ပြနိုင်ပါသလား ဘုရား "တဲ့ ။


အဲဒီခါ ဗုဒ္ဓဘုရားရှင်ကနေ "မင်းကြီး ဒီပြဿနာ အမေတွေကို တခြားတပါးသောပုဂ္ဂိုလ်တွေကိုမေးဖူးသေးသလား"လို့မေးပါတယ် ။
အဲဒီအခါ အဇာတသတ်မင်းကြီး က တခြား ဗြဟ္မဏ တွေကိုလည်း မေးဖူးသေးကြောင်း ပြောပါတယ်။
ပြီးတော့ ဘုရားရှင်က ခွင့်ပြုတဲ့ခါ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေရဲ့ မေးခွန်းအပေါ် အဖြေတွေကို ပြန်လည်လျှောက်တင်ပါတယ် ။


အဲဒီအကြောင်းအရာတွေ ဖတ်နေရင်းပဲ ... ကျွန်တော်တို့ ဖီလိုဆိုဖီ သင်ခန်းစာတွေကို ပြန်သတိရသွားမိတာပါ ။ ကျွန်တော်တို့ ဖီလိုဆိုဖီ သင်ခန်းစာချိန်တွေ သင်နေရင်း တရက်တော့ ဗုဒ္ဓရဲ့ဖီလိုဆိုဖီအကြောင်းရောက်လာပါတယ် ။ ကျွန်တော်တို့ က ဗုဒ္ဓဘာသာဝင်တွေဖြစ်တာကြောင့် ဆရာကနေ ဗုဒ္ဓရဲ့ ဖီလိုဆိုဖီ ဟာ ဘာလဲ ဆိုတဲ့ မေးခွန်းကိုမေးပါတယ် ။ ဆရာတော် အရှင်ဥာဏိဿရ တရားနားကြားဖူးတာကြောင့် ဗုဒ္ဓဘာသာ ဟာ ယုံကြည်မှု သက်သက် ၊ ဖီလိုဆိုဖီသက်သက်မဟုတ်ပါဘူး ။ လေ့ကျင့်မှု စရဏပါ ပါရတဲ့အကြောင်း ။ အားလုံးကို အနှစ်ချုပ်ရင်တော့ မကောင်းမှုကိုရှောင်ကြဉ်ရမယ် ၊ ကောင်းမှုကိုဆောင်ရွက်ရမယ် ၊ စိတ်နှလုံးကိုအဖြူစင်ဆုံး ထားရမယ် ဆိုတာ လောက်ပဲ ပြောပြနိုင်ခဲ့တယ် ။ ဒီထက် ပိုပြီးကျယ်ကျယ်ပြန့်ပြန့် မဆွေးနွေးနိုင်ခဲ့ဘူး ။


ဖီလိုဆိုဖီရဲ့သင်ခန်းစာတွေမှာ ကမ္ဘာ့ အတွေးခေါ်ပညာရှင်တွေရဲ့ သမိုင်းတွေ ၊ သူတို့ရဲ့အယူအဆတွေ ၊ အတွေးအခေါ် တွေ အပြင် ဂဏန်းတွေ ၊ ဘာသာစကားတွေ ၊ အက္ခရာတွေရဲ့သမိုင်းတွေကိုပါ တွဲသင်ခဲ့ရတယ် ။ ကမ္ဘာမှာရှိတဲ့ ဘာသာစကား တွေရဲ့ အတော်များများ ဟာ မဇ္ဈိမဒေသကလာခဲ့တယ်လို့ဆိုတယ် ။ ထို့အတူ မှတ်တမ်းမှတ်ရာ တွေ အနေနဲ့ အနောက်တိုင်းလောက် အခိုင်အမာ မရှိခဲ့ကြသည့်တိုင် အိန္ဒိယ မှာ အတွေးခေါ်တွေ မျိုးစုံထွန်းကားခဲ့ကြတယ်ဆိုတာ လည်းသိခဲ့ရတယ် ။ အခုသာမညဖလသုတ် ကို ဖတ်တဲ့ အခါ အဲဒီ အကြောင်းရာတွေကို သွားတွေ့ရပါတယ် ။


ပထမ ပူရဏကဿပ ဆိုတဲ့ ဗြဟ္မဏ တစ်ဦးရဲ့ အယူအဆပါ ။ ကံမဲ့ဝါဒ လို့ ပြောရမယ်ထင်ပါတယ် ။
ကောင်းမှုကံ မရှိသလို ၊ မကောင်းမှုကံလည်းမရှိဘူး ၊ ကုသိုလ်မရှိသလို ၊ အကုသိုလ်လည်းမရှိဘူးလို့ သူကယုံကြည်သူပါ ။


နောက်တစ်ယောက်ကတော့ မက္ခလိဂေါသာလ ဆိုတဲ့ ဗြဟ္မဏ တစ်ဦးရဲ့အယူအဆပါ ။
ကောင်းခြင်းရော ၊ မကောင်းခြင်းရော ဟာ အကြောင်းတရားမဲ့ တယ်ဆိုတဲ့အယူဆပါ ။ ဖြစ်ပေါ်သမျှ အရာအားလုံး ဟာ လုံ့လစိုက်ထုတ်ခြင်း ၊ အကြောင်းတရားဖန်တီးခြင်းကြောင့် မဟုတ် ။ ခွန်အားမရှိ ၊ လုံ့လစိုက်ထုတ်မှု မရှိ ...သဘာဝ၏အလိုအတိုင်းသာ ခံစားရပြီး ... ကောင်းသည်ဖြစ်စေ ၊ ဆိုးသည်ဖြစ်စေ ၊ သေဆုံးသည့်အခါ အလုံးဆုံပျက်သုဉ်းတယ်ဆိုတဲ့ အယူဖြစ်ပါတယ် ။ အဲဒီနောက် မှာ ဆက်လာတာ က သံသရာအယူအဆ ၊ မဟာကပ် အယူအဆ ၊ ဘုံ (လူ့ဘုံ၊နတ်ဘုံစသည့်)ရေတွတ်ခြင်း တွေ ၊ အိပ်မက်အမျိုးအစားအရေတွက်တွေ စသဖြင့် စိတ်ဝင်စားစရာတွေ အများကြီးတွေ့ရပါတယ် ။ ၄င်းတို့ ဟာ ဗုဒ္ဓရဲ့ခေတ်ပြိုင် ဖြစ်လို့ ဘီစီ ၅၆၃ ဝန်းကျင်တွေဖြစ်ပါတယ် ။ အနောက်တိုင်း က သေးလိစ် ၊ အနက်ဇီမန်းဒါးတို့ စတဲ့ အနောက်တိုင်းအတွေးခေါ် ခေတ်ဦး ရဲ့ ခေတ်ပြိုင်တွေဖြစ်ပါတယ် ။ အနောက်တိုင်းအတွေးခေါ် တွေ မှာ အဲလောက်ထိ မတွေ့ရသေးပါဘူး ။


နောက် တစ်ယောက်ကတော့ အဇိတကေသကမ္ဗလ ဆိုတဲ့ ဗြဟ္မဏရဲ့ အယူဝါဒဖြစ်ပါတယ် ။
သူကတော့ အနောက်တိုင်း အတွေးခေါ် ပညာရှင်ဖြစ်တဲ့ အနက်ဇီမန်းဒါး အယူအဆနဲ့ သွားဆင်ပါတယ် ။ လောကကြီးမှာ မဟာဘုတ် လေးပါး ဖြစ်တဲ့ မြေ ၊ ရေ ၊ လေ ၊ မီး နဲ့သာ ဖွဲ့စည်းပြီး ကောင်းသောအကျင့်မရှိ ၊ နောက်ဘဝမရှိ စတဲ့ ပြတ်စဲ ဝါဒဖြစ်ပါတယ် ။ ဒါပေမဲ့ အနောက်တိုင်း အတွေး ခေါ် ပညာအတော်များများ ဟာ အဲဒီချိန်ထိ ရုပ်တရား ၊ နာမ်တရား ရယ်လို့ ခွဲခြား မမြင်ကြသေးပါဘူး ။ မြင် ၊ တွေ့ ၊ ထိ နေရတဲ့ သဘာဝပေါ် မူတည်ပြီး သာတွေးခေါ် နေကြတာဖြစ်ပါတယ် ။ အဲဒီအချိန် အရှေ့အတိုင်း အတွေးခေါ် မှာတော့ အကျင့် ၊ နောက်ဘဝ ဆိုတဲ့ အယူအဆတွေ ရှိနေပါပြီ ။


နောက်တစ်ယောက်ကတော့ ပကုဓကစ္စာယန ရဲ့ အယူအဆပဲဖြစ်ပါတယ် ။ လောကမှာ တခြားတရားမရှိပဲ  မဟာဘုတ် ၄ ပါး ၊ ဆင်းရဲ ၊ ချမ်းသာ ၊ အသက်  ဆိုတဲ့ အခြေခံ ၇ ပါး သာရှိနေတာ ၊ ဖန်တီး ပြောင်းလဲ နေတာလို့ ဆိုတယ် ။ ဒီအယူအဆမျိုးကို အနောက်တိုင်းအတွေးခေါ် သမိုင်းမှာ တွေ့ရ ပါတယ် ။ ရေသာ အဓိက ၊ လေသာအဓိက ၊ မီးသာအဓိက ဆိုတာမျိုးတွေ ရဲ့နောက် ခံစားမှု တွေ ၊ သွေးတွေ ၊ အက်တမ် တွေ စသဖြင့် စင်္ကြာဝဠာ ရဲ့ မူလဓာတ်အဖြစ် ထည့်သွင်း ထားခဲ့ကြတာတွေ ရှိပါတယ် ။


နောက်တစ်ယောက်ကတော့ နိဂဏ္ဌနာဋပုတ္တ ရဲ့အယူအဆပါ ။ သူကတော့ စောင့်စည်းခြင်းအကျင့် တရား ကိုသာ အဓိက ထားတဲ့ အတွေးခေါ်ဖြစ်ပါတယ် ။ ရေအေးကိုတားမြစ်ခြင်း ၊ မကောင်းမှုကိုတားမြစ်ခြင်း ၊ မကောင်းမှု ကိုပယ်ခွာခြင်း ၊ လွတ်မြောက်ရာကိုရှာတွေ့ခြင်း ဆိုတဲ့ အယူအဆဖြစ်ပါတယ် ။ သူကတော့ အနောက်တိုင်းအတွေးခေါ် က ဆော့ခရေတီး ၊ ပလေတို စတဲ့ ပုဂ္ဂိုလ်ကြီးတွေရဲ့ စောင့်စည်းခြင်းအကျင့် တွေ နဲ့သွားဆင်တူပါတယ် ။ ဒါပေမဲ့ ဒီမှာထူးခြားနေတာ က လွတ်မြောက်ရာကို ရှာတွေ့ခြင်းဆိုတဲ့ အယူဆပါ ။

နောက်တစ်ယောက်ကတော့ သဉ္စယဗေလဌပုတ္တ ရဲ့အယူအဆပါ ။ သူကတော့ ဘယ်အရာမဆို ရှိသည်လည်းမဟုတ် ၊ မရှိသည်လည်းမဟုတ် ၊ ဟုတ်လည်းမဟုတ် ၊ မဟုတ်သလည်းမဟုတ် ၊
နောက်ဘဝရှိလည်းမဟုတ် ၊ မရှိလည်းမဟုတ် ၊ ကံရှိသည်လည်းမဟုတ် ၊ ကံမရှိသည်လည်းမဟုတ် ဆိုတဲ့ အယူဆပါ ။ သူကတော့ အနောက်တိုင်း အတွေးခေါ် က Pyrrho နဲ့ သွားဆင်တူပါတယ် ။
သို့ သော် Pyrrho ရဲ့ Skepticism က ပိုပြီး flexible ဖြစ်မယ်ထင်ပါတယ် ။ သဉ္စယဗေလဌပုတ္တ ရဲ့အယူအဆ ကတော့ ဘာရယ်လို့ ပြောမရအောင် လွှဲဖယ် သောသဘောသာရှိမယ်ထင်ပါတယ် ။


colorless ဟာ ဘာရောင်လဲ လို့ မေးရင် ... အနီရောင်လည်းမဟုတ်ဘူး ၊ အစိမ်းရောင်လည်းမဟုတ်ဘူး ၊ အနက်လည်းမဟုတ်ဘူး ၊ အဖြူလည်းမဟုတ်ဘူးလို့ ပြောပြရသလိုပါပဲ .. အပေါ် က အယူအဆတွေ ၊ အကြောင်းရာတွေကို တွေးကြည့်တဲ့ခါ ဗုဒ္ဓအတွေးခေါ် ရဲ့ အနှစ်သာရကို စပြီး ခံစားနိုင်ပြီလို့ ပြောလို့ရပါတယ် ။ ဗုဒ္ဓဘာသာမှာ ရုပ်တရားသက်သက် ၊ မျက်မြင်ဒိဌ သက်သက်တင်မဟုတ်ပဲ .. နာမ်တရားဆိုတဲ့ စိတ်လည်းတွေ့ရတယ် ။ ထို့ အတူ ခေတ်ပြိုင်အတွေးခေါ် သမားတွေ ၊ အနောက်တိုင်းတွေးခေါ်ဆရာတွေ နဲ့ မတူညီတဲ့ သံသရာ ၊ နောက်ဘဝ ၊ ကံ ၊ ရုပ်နှင့်နာမ် မှီတည်မှုဖြစ်ပေါ်နေမှုတွေ ၊ အကြောင်း ၊ အကျိုးတွေ စတာတွေ တွေ့ရမှာပါ ။ အဲဒီနောက်တော့ အကျင့် တရားပေါ်မှာပဲ စောင့်စည်းမှု ၊ ကြောင်းကျိုးဆင်ခြင် မှု ၊ ဝေဖန်ပိုင်ခြား မှု တွေ ပါဝင်နေပါတယ် ။


ရဟန်းသီလ ကို အဓိက ထားဟောသွားတဲ့ သာမညဖလ သုတ်တော်မှာ လောကသဘာဝကိုယူဆ တဲ့ ဗုဒ္ဓရဲ့အယူအဆတွေ အပြင် ဘယ်အရာက သာမည ၊ ဘယ်အရာက အဓိက ဆိုတဲ့ ဘာသာတရားရဲ့ပန်းတိုင် ကိုလည်း မြင်တွေ့နိုင်မှာဖြစ်ပါတယ် ။


ရဟန်းဘဝ ခံယူကြခြင်းဖြင့် မျက်မှောက်ဘဝ မှာ .. လောကီလူ့ဘောင်မှာ ကျင့်ဖို့ခဲယဉ်းတဲ့ အကျင့်ကောင်းတွေ ကျင့်ကြံနိုင်ခြင်း ၊ မင်းပြစ်မင်းဒဏ်မှကင်းလွတ်ခြင်း ၊ အခွန်မထမ်းဆောင်ရခြင်း ၊ ပါတိမောက္ခသံဝရသီလနဲ့ပြည့်စုံခြင်း ၊ စူဠသီလနဲ့ပြည့်စုံခြင်း ၊ မဇျွိမသီလနဲ့ပြည့်စုံခြင်း ၊ မဟာသီလနဲ့ပြည့်စုံခြင်း ၊ အိနြေ္ဒ၆ပါးစောင့်စည်းခြင်း ၊ သတိနဲ့ပြည့်စုံခြင်း ၊ ဆင်ခြင်တုံတရားနဲ့ပြည့်စုံခြင်း ၊ ရောင့်ရဲခြင်း ၊ နီဝရဏငါးပါးမှကင်းလွတ်ခြင်း ၊
ဈာန်တရားရနိုင်ခြင်း ၊ မဂ်ဖိုလ်ရနိုင်ခြင်း .. စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ကြောင်းကို အဇာတသတ်မင်းကြီးကို ဟောကြားခဲ့ပါတယ် ။


ရဟန်းပြု ရခြင်းရဲ့ လက်တွေ့ဘဝ အကျိုးကျေးဇူးတွေ နဲ့ အတူ သိမြင်နိုင်တာ ကတော့ ရဟန်းတော်တို့ရဲ့ ကြည်ညို ဖွယ်ရာ အကျင့်မြတ်တွေ ၊ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အဓိက ပန်းတိုင်းဖြစ်တဲ့ မဂ်ဖိုနိဗ္ဗာန် ရောက်ရှိဖို့ လမ်းကြောင်း ပဲဖြစ်ပါတယ် ။ ရောင့်ရဲခြင်း ၊ စောင့်စည်းခြင်းအကျင့်နဲ့ သီလဆောက်တည် ပြီး ..သတိ ၊ သမ္ပဇဉ် နောက်ကလိုက်ခြင်းဖြင့် သမာဓိ ရရှိမှု တွေ ၊ တည်ကြည်တဲ့ သမာဓိကြောင့် နီဝါရဏ တရားပယ်ကွာမှုတွေ ၊ ဈာန်တရားရရှိမှုတွေ ၊ ဈာန်တရားတို့ ကို ဝိတက် ၊ ဝိဟာရ ပြု ရင်း ပီတိ ၊ သုခ ခံစားရမှုတွေ ၊ ဥာဏ်စဉ် အဆင့် တက်ရောက်မှုတွေ ၊ နောက်ဆုံး မှာ မဂ်ဥာဏ် ၊ ဖိုဥာဏ်ရရှိနိုင် မှု တွေကိုလည်း မြင်တွေ့ရ မှာ ဖြစ်ပါတယ် ။


အခု ကျွန်တော်ရေးသမျှဟာ ကျွန်တော့် သိမိတဲ့အသိ ၊ တွေးမိတဲ့အတွေး ၊ ရေးမိတဲ့အရေးမျှသာဖြစ်ပါတယ် ။ အမှားယွင်း တစုံတရာရှိခဲ့ ရင် လည်း စေတနာရှေ့ထားပြီး ထောက်ပြကြပါလို့ မေတ္တာရပ်ခံပါရစေ ။  နောက်နှစ်ခါ တန်ဆောင်မုန်း ...ခါးလေးတွေ မကုန်းခင် ... တွေးကြ စေချင်တဲ့ စိတ်ကြောင့် သာ မျှဝေ လိုက်ရတာပါ  ။

လေးစားစွာဖြင့်
(ရုပ်ဆိုး)


တစ်ခါတုန်းက တက္ကသိုလ်မှာအပိုင်း ၁၁

$
0
0

November 6, 2013 at 8:41pm
ကျွန်မတို့ရဲ့ သောကြာနေ့ တစ်ခန်းလုံး လူကုန်ကျောင်းပြေးမှုကို တီချယ်ကြီးက အကြီးအကျယ် စိတ်ဆိုးခဲ့ပါတယ်။ ပြီးတော့ပညာရှိပီပီ စာနဲ့ဖိပါတယ်။ ကျွန်မတို့ ကလည်း ပညာရှိရဲ့ တပည့်တွေပီပီ စာနဲ့ပြန်ပြီး ကာဘာယူပါတယ်။ ဘယ်လောက်ဆူဆူ ဆဲဆဲ အပြုံးမပျက်တမ်း ခေါင်းငုံ့ခံကြပြီး ကျွန်မတို့ အရေထူကြောင်းကို ပြသခဲ့ပါတယ်။


နောက်ထပ် နောက်ထပ် သောကြာနေ့တိုင်းဟာလည်း ကျွန်မတို့ရဲ့ စည်းလုံးခြင်းကို ပြသခဲ့တဲ့ နေ့ရက်တွေချည်း ဖြစ်ခဲ့ပါတယ်။ မှတ်မှတ်ရရ စစ်ကိုင်းသူ ဝေလွင်တို့ရဲ့ အိမ်သစ်တင်ပွဲဟာ သောကြာနေ့တစ်ရက်နဲ့ တိုက်ဆိုင်ခဲ့ပြီး ကျွန်မတို့တစ်ဖွဲ့လုံးကို ဝေလွင်တို့ အိမ်ကကားနဲ့ လာခေါ်ပေးခဲ့ပါတယ်။ အပြန်တော့ ကိုယ့်ဘာသာ ပြန်ကြရမယ် ဆိုတဲ့ သဘောတူညီမှုနဲ့ပါ။

စစ်ကိုင်းတောင်ရိုးတစ်လျှောက်က ဥမင်၃၀ ဘုရား၊ဥမင်၉၀ဘုရားတွေဘက်ကို ဆောင်းတန်း လှေကားတွေကနေ တဆင့် ခြေလျှင်ရှောက်လည်ကြပါတယ်။ လမ်းခရီးဟာ အင်မတန်မှ သာယာလှပပါတယ်။စကားဖြူပန်းတွေ အဆုပ်လိုက် ပွင့်နေကြပြီး ကြွေတဲ့ ပန်းလေးတွေကလည်း နေရာအနှံ့မှာ ရှိနေကြပါတယ်။ စကားပန်းဖြူလေးတွေရဲ့ သင်းပျံ့တဲ့ ရနံ့ကိုနေရာအနှံ့ကနေ ရရှိခံစား နေရပါတယ်။ဒီလိုနေရာလေး တွေကို သူငယ်ချင်းတစ်သိုက် ပျှော်ရွှင်ရယ်မောရင်း လျှောက်လည်ခဲ့ကြတာတွေကို ကျွန်မဘယ်တော့မှ မမေ့ပါဘူး။ မန္တလေးတောင်၊ ကုသိုလ်တော်၊ကျောက်တော်ကြီး၊လောကမာရဇိန်၊ ဦးပိန်တံတား၊ အင်းဝ စသဖြင့် တစ်ပါတ်တစ်ခါ မရိုးအောင် လည်ပတ်ခဲ့ကြ ပါတယ်။

တစ်ရက်မှာတော့ ဆရာမ အင်ဗောဒူး က အိမ်စာအဖြစ်နဲ့ စာစီစာကုံးရေးခိုင်းခဲ့ ပါတယ်။ "ကိုယ်ဝန်ဖျက်ချခြင်းကို ဥပဒေအရ တရားဝင် ခွင့်ပြုသင့်သလားးး မသင့်ဘူးလားးး"ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။ ခွင့်ပြုသင့်ရင် ဘာ့ကြောင့်??? မပြုသင့်ရင် ဘာ့ကြောင့်ပေါ??? သူတို့တွေက သင်ကြားမှုဆိုင်ရာမှာ ဒီလိုခေါင်းစဉ်တွေနဲ့ စဉ်းစားစရာတွေ၊ မျော်မြင်စရာတွေကို ပေးပြီး ဘရိန်းစတောင်းလုပ်ပေးခဲ့ ကြတာဟာ သူများတွေအတွက် တော့မသိဘူးးး ကျွန်မဘဝကိုတော့ အတော်ကြီး အထောက်အပံ့ ဖြစ်ပြီးရိုက်ခတ်စေခဲ့ပါတယ်။

သိတဲ့အတိုင်းပဲလေ....ရေးကြ တာပေါ့။ ကိုယ်ဝန်ဖျက်ချတာဟာ ကိုယ့်သားသမီးကိုယ်ပြန် သတ်တာပါပေါ့။ လူသတ်မှုပါပေါ့။ အစကတည်းက မိန်းကလေးတွေဟာ မိမိတို့ရဲ့ အနေအထိုင်ကို ဆင်ခြင်သင့်ပါတယ်ပေါ့။ လက်မထပ်ခင်မှာ ကိုယ့်ရဲ့အပျိုဘဝကို ထိန်းသိမ်းပြီး နေထိုင်သင့်ပါတယ်ပေါ့။ ဒါ့ကြောင့်ဥပဒေကြောင်းအရ တရားဝင် ခွင့်ပြုဖို့ လုံးဝမသင့်ပါဘူးပေါ့....ဒါတွေက ကျွန်မတို့ဘက်က တစ်ဖက်မြင် ဆွေးနွေးချက် ချိုင်းပလေးတွေပါ။

ဟိုဘက်က ဆရာမအင်ဗောဒူး က ကျွန်မတို့ကို တန်ပြန်မေးခွန်းတွေ ထုတ်ပါတယ်...."ဒီနေ့ခေတ်မှာ မိန်းကလေးတွေက အရင်လို အိမ်တွင်းပုန်း မလုပ်ကြတော့ဘူး။ အလုပ်ကိစ္စတွေ၊ ပညာရေးကိစ္စတွေ၊မိသားစု စားဝတ်နေရေးတွေ.... စသဖြင့်တွေနဲ့ တစ်ယောက်ထဲ ခရီးသွားနေကြရပါတယ်။ ကမ္ဘာမှာ မိနစ်တိုင်း မိနစ်တိုင်းမှာ မိန်းကလေးတွေ အမြောက်အများ မုဒိန်းကျင့်ခံနေရပါတယ်။ မိန်းကလေးဘက်က အမှားမဟုတ်ဘဲ မလိုချင်တဲ့ ကိုယ်ဝန်တွေကို ဆောင်နေကြရပါတယ်။"

"ဒီအခါမှာ မိန်းကလေး တစ်ယောက်လို့ မစဉ်းစားဘဲ ကိုယ်ကိုယ်တိုင်လို့ စဉ်းစားကြည့်လိုက်ပါ...ကိုယ့်ကိုယ် လူပြတ်တဲ့ တစ်နေရာမှာ အမျိုးသား တစ်ဦးက အတင်းအကျပ် အနိုင်ကျင့်လိုက်တယ် ဆိုကြပါစို့။ ဒီလူဘယ်သူဘယ်ဝါမှန်းလည်း မသိဘူးးး ကိုယ့်မှာလည်း ဒီကိစ္စကြောင့် ကိုယ်ဝန်ရှိ သွားခဲ့တယ်ဆိုရင် အဲဒီကလေးကို မင်းတို့မွေးမှာလားးး အဖေမပေါ်တဲ့ အပြင် ကိုယ်က မုန်းတီးရွံရှာ ရသူနဲ့ရလာတဲ့ ကလေးကို မင်းတို့မွေးချင်သလားးး မင်းတို့က မွေးချင်တယ်ထားအုံးးး မိဘနဲ့ အကိုတွေ မောင်တွေက ခွင့်ပြုမှာလားးး ဒီကလေးရဲ့ အဖေနာမည် ဖြည့်ပါလို့ စာရွက်စာတမ်းတွေက တောင်းဆိုလာတိုင်း မင်းဘယ်လိုခံစားရမလဲ???? ဒီဘက်က ယောက်ျားလေးတွေကရော.. ကိုယ့်ရဲ့ မိသားစုထဲမှာ ဒီလိုပြဿနာမျိုး ပေါ်လာခဲ့ရင် ဘယ်လိုဆုံးဖြတ်မှာလဲ???"

"ဒီတော့ ဘာသာရေးကပဲ တားမြစ်ထားသည် ဖြစ်စေ၊ ဥပဒေကပဲ တားမြစ်ထားသည်ဖြစ်စေ ကိုယ်ဝန်ကို ဖျက်ချမှ ရမယ့်အခြေနေတစ်ခုမှာ ရောက်နေတဲ့ မိန်းကလေးတွေဟာ ကိုယ်ဝန်ကို သေချာပေါက် ဖျက်ချရတော့ တာပါပဲ။ ဒီနေ့ကမ္ဘာမှာ ကိုယ်ဝန်ဖျက်ချလို့ သေရတဲ့ မိန်းကလေးဦးရေဟာ နှစ်စဉ် တိုးတိုးလာပါတယ်။ ဒါ့ကြောင့် ကလေးရော လူကြီးပါ အသက်နှစ်ချောင်း တစ်ပြိုင်နက် ဆုံးရှုံးနေရပါတယ်။ ဥပဒေကြောင်းအရ တရားဝင် ခွင့်ပြုခြင်းဖြင့် အမျိုးသမီးတွေရဲ့ အသက်တစ်ချောင်းကို ကယ်တင်ဖို့ မသင့်ဘူးလားးးး????"

"ဒါတွေက မင်းတို့တွေကို စဉ်းစားဖို့ ပြောပြတာပါ။ ဘယ်တော့မဆို အမြဲတမ်း ဘက်နှစ်ဘက်ကနေကြည့်ပြီး စဉ်းစားပေးဖို့တော့ လိုအပ်ပါတယ်။လူ့ဘဝကို လာဖို့ ကြိုးစားနေတဲ့ ကလေးတွေကို သတ်ဖြတ်ပစ်တဲ့ ဒီကိစ္စကို ဥပဒေအရ တရားဝင် သတ်ခွင့်ပြုတာကိုတော့ ငါလည်း လုံးဝ သဘောမတူပါဘူး"တဲ့။ ဒီဆွေးနွေးပွဲ ပြီးသွားပေမယ့် မပြီးပြတ်တဲ့ အတွေးမုန်တိုင်း တစ်ခုက ကျွန်မရင်ထဲမှာ ကျန်ရစ်ခဲ့ပါတယ်။ဆရာမပြောတဲ့ ကိုယ်ကိုယ်တိုင်ဆိုရင်....ဆိုတဲ့နေရာကို ဘယ်လိုမှ ခံစားကြည့်လို့ မရခဲ့ပါဘူး။ တွေးကိုမတွေးရဲခဲ့ပါဘူးးး။

ဒီကတည်းက ကျွန်မဟာ ကျွန်မနားကို ချဉ်းကပ်လာတဲ့ ယောက်ျားလေးတွေကို ရင်ခုန်စရာလို့လည်း မမြင်တော့သလို အန္တရာယ်လို့ပဲ မြင်တတ်ခဲ့ ပါတယ်။ သွားရာ လာရာမှာလည်း အင်မတန်မှ သတိထားတတ်လာပါတယ်။ အရင်တုန်းက ဘယ်သွားသွား အိမ်ကအပို့အကြိုလုပ်ရင်ကို ဒေါသတွေ အသားလွတ် ထွက်တတ်ရာကနေ လိမ္မာရေးခြားရှိစွာနဲ့ နာခံတတ်လာပါတယ်။

ရန်ကုန်အပါအဝင် တစိမ်းအရပ်ကို ရောက်ရင် တက်စီကားကို တစ်ယောက်ထဲ မစီးပါဘူး။ စီးဖြစ်ခဲ့ရင်တောင် သတိဝီရိယ အပြည့်နဲ့ ကားဘက်မှန်ကနေ မြင်နေရတဲ့ တက်စီသမားရဲ့ မျက်လုံးတွေကို အမြဲအကဲခတ်လေ့ရှိပါတယ်။ အခြေနေမကောင်းရင် အသက်တစ်ချောင်းကို တစ်ချောင်းခြင်း လဲပစ်နိုင်ဖို့ အမြဲအဆင်သင့် ပြင်ထားတတ်တဲ့ အကျင့်ဆိုးကြီး ကပ်ငြိပါလာခဲ့ပါတယ်။ပြဿနာ တစ်ရပ်ကို ကြုံရတဲ့အခါမှာလည်း ရုတ်တရက် ထွက်ပေါ်လာတဲ့ ကြောက်စိတ်ကို ဖယ်ရှားတတ်လာသလို ဘာလုပ်သင့်လဲ၊ ဘာလိုဖြေရှင်းရင် ကောင်းမလဲ ဆိုတာတွေကိုလည်း ခေါင်းအေးအေးနဲ့ တွေးတတ်လာပါတယ်။

ဆက်လက်ဖော်ပြပါမည်
နေထက်ထက်အောင်




တစ်ခါတုန်းကတက္ကသိုလ်မှာ အပိုင်း၁၂

$
0
0
Photo: တစ်ခါတုန်းကတက္ကသိုလ်မှာ အပိုင်း၁၂        ဌာနမှူးအသစ်လက်ထက်မှာt ကျွန်မတို့ရဲ့ စာမေးပွဲကို စတင်ဖြေဆိုရပါ တော့မယ်။ အားလုံးက ပါးစပ်က ထုတ်မပြောပေမယ့် စိတ်ထဲကနေ ကြောက်နေကြပါတယ်။ ကလန်ကဆန် လုပ်မိသမျှကိုပဲ ဝန်ချတောင်းပန်ကြရတော့ မလိုလို။ စည်းလုံးခြင်းရဲ့ အင်အားတွေကို ကိုယ်ဘာသာ ဖြိုခွဲရတော့ မလိုလို တွေနဲ့.... ရင်ထဲမှာ ဒိန်းတပ်တပ် ဖြစ်နေကြပါတယ်။           အဓိက ကြောက်တာကတော့ ရေးဖြေမတိုင်ခင် ကျင်းပမယ့် စကားရေလုပွဲ ပါပဲ။ တစ်ဖက်ကို ၁၅မိနစ်နှုန်းနဲ့ နာရီဝက် ကြာ ပြောရမှာပါ။ စကားရည်လုပွဲ ဆိုတာ ဖြစ်မြောက်အောင်လုပ်တဲ့ သဘောဖြစ်ပြီး ခေါင်းစဉ်တွေကို စိတ်တိုင်းကျ ရွေးချယ်ခွင့် ရှိပါတယ်။ပြီးရင် နှစ်ဖက်လုံးက မျက်နှာစုံညီဆွေးနွေးပြီး ဘယ်ဘက်က စပြီး အဖွင့်ပြောမလဲ ဆိုတာကို မဲနှိုက်ပါတယ်။ ပြီးရင် အပြန်အလှန်ပြောဆိုခြေပဖို့ကို တိုင်ပင်ညှိနှိုင်းကြပါတယ်။               နာရီဝက်ပြောပြီးရင် ဌာနမှူးတီချယ်ကြီး နှင့် နိုင်ငံခြားသား ဆရာမတွေက မေးခွန်းသုံးခုစီ မေးပါမယ်။ တီချယ်အငယ်တွေကလည်း မေးခွန်းတစ်ခုနှင့် အထက် မေးပေး ရပါတယ်။ ပြီးရင် တက်ရောက်နားထောင်တဲ့ ကျောင်းသားကျောင်းသူတွေ ထဲကနေ ကြိုက်သလောက် မေးခွန်းမေးခွင့် ပြုပါတယ်။ မေးခွန်းတွေဟာ ခေါင်းစဉ်နဲ့ အပ်စပ်ပတ်သတ်ဖို့ပဲ လိုအပ်ပါတယ်။ဖြေနိုင်တဲ့လူနဲ့ သူ့ရဲ့ အဖွဲ့က ဖြေတဲ့အဖြေနဲ့ အတွေးအယူပေါ် မူတည်ပြီး အမှတ်ရပါတယ်။ အနိုင်အရှုံးက မေးခွန်းမေးမှသာ အဖြေပေါ်တာပါ။ ရှေ့နာရီဝက်စာ ပြောဖို့က တိုင်ပင်ပြီး ရေးကြတာပါ။          ချစ်လှစွာသော ဌာနမှူးက အတန်းထဲ ကိုဝင်လာပါတယ်။ ချိုသာကြည်မြတဲ့ အသံနဲ့ "သားတို့ သမီးတို့ရေ.... စာမေးပွဲနားလည်း နီးပြီ။ စာတွေရော ရကြပြီလားးးးလူရော စုံပြီလားးး ပျက်ကွက်တဲ့သူ ရှိသေးလားးး" "ဘုရားးးဘုရားးးး တို့များနားကြား လွဲရော့စလားကွယ်။" "ခိခိ ကြက်သီးတောင် ထမိတယ်။ ဒီလိုသံစဉ်လေး မကြားဖူးခဲ့တော့။" "ကဲ... လူစုံရင် တီချယ်ကြီးက မေးခွန်းပုံစံငယ်လေး ပြောပြပါမယ်နော်။" "အိမ်မက်များ မက်နေမိတာလားးးးလုပ်ကြပါအုံးးး" "သားတို့သမီးတို့ရေ... တီချယ်ကြီးက အပိုင်းလေးပိုင်းခွဲပြီး ဒါမျိုးနဲ့ ဒီလိုမျိုး လေးတွေ မေးပါမယ်။ နားလည်တယ်နော်။ မရှင်းတာရှိရင် ပြန်မေးကြနော်။" "ဝုတ် အဲ  ဟုတ်ဟုတ်။"             "ကဲ...တီချယ်က မေးခွန်းပုံစံ ပြောပြီးရင် သားတို့သမီးတို့ ပြောရမယ့် အလှည့်ပဲ။ ဘယ်အခန်းနဲ့ ဘယ်စာတွေဟာ သားတို့သမီးတို့ကို ကျက်မှတ်ရ ခက်ခဲစေသလဲ???" "ခက်တယ်ပြောတာ တွေချည်း ရွေးမေးမှာရားမတိဘူးးးး" "မပြောဘူးအေ...ပြောရင်မှားလိမ့်မယ်။ကြိတ်ပြီးနေကြ ခ်ခ်။" "ပြောကြလေ။မပြောဘူးလားးး အာ့ဆိုတီချယ်ကြီးက ခက်တာတွေချည်း ရွေးမေးလိုက်ရမှာလားး" "အီးးးးဆေးစားမှားလာသလားမသိဘူးးး။" "မပြောလို့မရတော့ဘူးးဟ။" "ပြောလိုက်ကြစို့။"              "စိုနာဂီ ဆိုတဲ့ မိုးပြေးလေးးး ဝတ္ထုက ခက်ပါတယ်တီချယ်။" "ဂရမ်မာမှာ အခန်း၁၆က ခက်ပါတယ်တီချယ်ကြီးးး" "ဟိုဟာက ဒီနားမှာ မလွယ်ပါဘူးတီချယ်။" "ကဲ...ဟုတ်ပြီ။တီချယ်အားလုံး မှတ်ထားလိုက်ပြီ။ သားတို့သမီးတို့ ခက်တယ်ဆိုတာတွေကို လုံးဝမကြည့်ကြပါနဲ့တော့။ လွယ်ကူတာလေးတွေ ရွေးကြည့်ပြီး စာမေးပွဲကို စိတ်ချမ်းသာပျှော်ရွှင်စွာ ဖြေဆိုနိုင်ကြပါစေ။"  "တီချယ်ကြီးးး သာမီးတို့တကယ်ပဲ လွယ်တာတွေ ရွေးကြည့်ရမှာလားဟင်!!!!"                "တီချယ့်ရဲ့သဘောထားကတော့ သူများနဲ့မတူဘူးကွဲ့။ မင်းတို့တွေ့ဖူး မြင်ဖူးတဲ့ ဆရာမတွေနဲ့ ဘယ်တော့မှ တူမှာ မဟုတ်ဘူးးး တီချယ်က ကျောင်းမှန်မှန် တက်ပြီး စာမှန်မှန်လုပ်စေ ချင်ပေမယ့် စာမေးပွဲကိုတော့လွယ်စေချင်တယ်။အထူးသဖြင့် စာမေးပွဲတွေမှာ ခက်ခဲပြီး အကျများကြ တာကို တီချယ် လုံးဝမကြိုက်ဘူးးး မင်းတို့အတန်းက ကျောင်းမှန်မှန် မတက်ကြပေမယ့် စာတော့ ကြိုးစားကြလို့ တီချယ်ကခွင့်လွှတ် ပေးတယ်။ကျောင်းတက်ပြီး စာလုပ်ရင် စာမေးပွဲဆိုတာ မခက်ခဲဘဲအောင်မြင်ရမယ်။ အဲ့ဒါတီချယ့်မူဝါဒပဲ။""ဟေးးးးခမ်းဆား ဟာမနီဒါ ကျေးဇူးတင်ပါတယ် တီချယ်။"               ကျွန်မတို့အတွက် စကားရေလုပွဲကို အာရုံစိုက်ပြီး လုပ်ဆောင်ဖို့ အချိန်တွေ ရခဲ့ပါတယ်။ အတန်းက အဖွဲ့၃ဖွဲ့ ထွက်ပါတယ် ပထမအဖွဲ့ကို ၂ပိုင်းခွဲပြီး ငြင်းခုန်ဖို့ရာ ခေါင်းစဉ်ရွေးခိုင်းတော့ ယောက်ျားလေး-မိန်းကလေး ဆိုတဲ့ ခေါင်းစဉ်ကို ငြင်းခုန်ဖို့ ရွေးချယ် သွားပါတယ်။ ဒုတိယအဖွဲ့ကတော့ လက်ထပ်ခြင်းဟာ အကောင်းလား-အဆိုးလား ဆိုတဲ့ခေါင်းစဉ်ကို ရွေးချယ်ငြင်းခုန် ကြပါမယ်။ ကျွန်မတို့ တတိယအဖွဲ့ကတော့ ခေါင်းပူအောင်စဉ်းစား အာပေါက်အောင်ငြင်းခုန်ပြီးမှ ချစ်သူရှိတာ အကောင်းလား-အဆိုးလားးး ဆိုတဲ့ခေါင်းစဉ်နဲ့ ငြင်းခုန်ဖို့ သဘောတူကြပါတယ်။ သူ့အဖွဲ့ထက် ငါ့အဖွဲ့သာအောင် ကောင်းအောင် နားထောင်တဲ့ လူတွေစိတ်ဝင်စားအောင် ပြောကြ ငြင်းကြဖို့ စဉ်းစား အားထုတ်ကြပါတယ်။               ပထမအဖွဲ့ထဲ ပါသွားတဲ့ မေလဲ့က ကျွန်မကို မေးပါတယ်... "ငါလည်း သူများတွေလို မေးခွန်းမေးရင် ထဖြေပေးချင်တယ်ဟ။ကိုယ့်အတွက်ရော အဖွဲ့အတွက်ရော အမှတ်ယူချင်တယ်။" သူဖြစ်ချင်တာက ဘာမှမခက်ခဲပါဘူးးး ခက်ခဲနေတာက သူ့ရဲ့စာလုပ်ချိန်တွေကို သူ့ရည်းစား ကိုကျော်နိုင်အတွက် ဖဲ့ပေးနေရတော့ သူစာကို ကြိုးကြိုးစားစား မလုပ်ဖြစ်နေတာပါ။ အဲ့ဒီတော့ ကိုရီးယားဘာသာနဲ့ မေးလာတဲ့မေးခွန်း တွေကို မဖြေနိုင်လို့ မဖြေလိုက်ရမှာ မေလဲ့ကြောက်နေတာပါ။ မေလဲ့ရည်းစားရကတည်းက ကျွန်မနဲ့ အတွဲအလာ နည်းသွားပါတယ်။ကျွန်မကလည်း ခြေလျင်တောင်တက်နဲ့ တကွ ဟိုအဖွဲ့ဒီအဖွဲ့များမှာ ပါဝင်နေပြီး အပေါင်းအသင်းကဏ္ဍတွေ ကျယ်ပြန့်များပြားလာပါတယ်။           ဒါပေမယ့် ကျွန်မက သူ့အပေါ်ဘယ်တော့မှ မစိမ်းပါဘူးးး ရဲဘော်ရဲဘက်လိုပဲ သဘောထားပါတယ်။ သူ့အတွက် လိုအပ်တာကို ဖြည့်ဆည်းပေးရတာက ဘာမှမခက်ခဲပါဘူးးး သူတို့ပွဲမှာ ကျွန်မလည်း တက်ရောက်ရမှာပါ။ "ငါကမေးခွန်းထမေးပေးမယ်။ ဘာမေးမယ်ဆိုတာ ကြိုမပြောဘူးးး နင့်ဘက်က ပြင်ဆင်ထားရမှာက ယောက်ျားလေးတွေထက် မိန်းကလေးတွေက အမှန်တကယ် ပိုမိုသာလွန်ပါတယ်လို့ ပြောလို့ရတဲ့အချက်... နင့်ရဲ့ယုံကြည်ချက်တစ်ခုကိုသာ စဉ်းစားထားလိုက်ပါ။ သူများထမဖြေခင် နင်က ခပ်သွက်သွက်ထနိုင်ဖို့ပဲ လိုတယ်။"              ပြိုင်ပွဲကြီးကား စတင်ပါပြီ……အမျိုးသမီးများထက်သာလွန်မြင့်မြတ် ကြောင်း ယောက်ျားဘသား စွမ်းပကားကို ပြောမည့်ဘက်က အမျိုးသား၃ဦးနှင့် အမျိုးသမီး ၃ဦးပါဝင်တဲ့ အဖွဲ့ကြီးပါ။ အမျိုးသမီးစွမ်းဆောင်ရှင်အဖွဲ့လို့ အမွှန်းတင်ရမယ့် အမျိုးသမီး၇ဦးပါ အဖွဲ့ကို အတော်ကြီး ရင်ဆိုင်ရုန်းကန် အနိုင်လု ပြောပြီးသကာလမှာတော့ ဌာနမှူး တီချယ်အပါအဝင် အပျိုကြီး ဆရာမတစ်စုရဲ့ အမျိုးသမီးထုကို ကိုယ်စားပြုတဲ့ အပျော်သဘော စိမ်ခေါ်တဲ့ မေးခွန်းတွေရဲ့ တိုက်စစ်ဒဏ်ကို အမျိုးသားအဖွဲ့က အလူးအလဲ ခံရပါတော့တယ်။ မေးခွန်းတစ်ခုမေးလိုက်တိုင်း တစ်ခန်းလုံး အုံးအုံးကြွပ်ကြွပ်နဲ့ ရယ်လိုက်ကြ၊ ပြန်ဖြေရှင်းသံကြားရင် ခွက်ထိုးခွက်လန် ရယ်လိုက်ကြနဲ့.... သိပ်ကိုပျော်စရာ ကောင်းတဲ့ ကျောင်းသူဘဝရဲ့ နေ့စွဲလေးတွေပါပဲ။                အဲ့ဒီမှာပဲ အမျိုးသားအဖွဲ့ထဲမှာ ပါဝင်တဲ့ အေးသီတာရဲ့ ရဲရဲတောက် ဖြေရှင်းချက်နဲ့ အမျိုးသားထုကို ကာကွယ်ပေးမှုတွေက အမျိုးသမီးအဖွဲ့ကို အလိုလိုနေရင်း ရှုံးနိမ့်လာစေပါတော့တယ်။ မေးခွန်းတွေကလည်း အမျိုးသမီးအဖွဲ့ကို မမေးသလိုဖြစ်နေတော့ အမျိုးသမီးအဖွဲ့ဟာ ငုတ်တုတ်မေ့ခံ နေရပါတော့တယ်။ "ဒါနဲ့စကားမစပ်နော်...မေးခွန်းလေး မေးခွင့်ပြုစေချင်ပါတယ်" လို့ ကျွန်မက ဘေးတန်းကနေ ထအော်ပြီး လက်တစ်ဘက်ကို ပါမြှောက်ရင်း ရမ်းပြလိုက်ပါတယ်။ တီချယ်ကြီးက လှည့်ကြည့်ပြီးတော့...."အိုခေ...မေးခွင့် ပြုပါတယ်။ မေးပါ။" "ဒီဘက်က အမျိုးသမီး အဖွဲ့တွေပေါ့နော်.... အမျိုးသမီးတွေဟာ အမျိုးသားတွေထက် သာလွန်ကောင်းမွန် ထူးချွန်ပါတယ်လို့ သေချာပေါက်ပြောလို့ ရမယ့် အရာတစ်ခု ရှင်တို့မှာ ရှိပါသလားးးး အဲ့လိုအရာမျိုး  ရှိပါတယ် လို့ရော ရှင်တို့ ယုံကြည်ပါသလားးး????" ကျွန်မ၏ချစ်သဲကျော်ကား လျှင်မြန်စွာ ထပြီးဖြေပါတော့တယ်။              မေလဲ့ရဲ့ အဖြေကား ထင်မထားလောက်အောင် ကောင်းလှပါတယ်။ သူပြောသွားတာက မေတ္တာတရားပါ။အမျိုးသမီး အများစုမှာ ရှိတဲ့ မိခင်မေတ္တာ အပါအဝင် မေတ္တတရား မျိုးစုံကို ရှင်းလင်းပြောကြားပြီး နူးညံ့သိမ်မွေ့မှုတွေနဲ့ ပေါင်းစပ်ပြသပါတယ်။ အဲ့ဒီပေါင်းစပ်သွားတဲ့ အရာဟာ လိုအပ်ရင် သူရသတ္တိအဖြစ်သို့ ပြောင်းလဲသွားကြောင်း တွေကို ခပ်တိုတိုနဲ့ ထိအောင်ပြောသွားခဲ့ ပါတယ်။ ဒီအဖြေနဲ့တင် အေးသီတာတို့ အမျိုးသားအဖွဲ့ကို ဝပ်ကျအောင်ထိန်းချုပ် နိုင်ခဲ့ပါတယ်။              ဒါနဲ့ကျွန်မလည်း ဂြိုဟ်ကြွလာပြီး ဒုတိယမေးခွန်းတစ်ခုကို ထပ်မေးပါတော့တယ်... "အမျိုးသားတွေရဲ့ အားနည်းချက်လို့ ရှင်တို့ယူဆတဲ့ အရာတွေရော ရှိပါသလားးး အဲ့ဒါဟာ ဘာတွေများ ဖြစ်နိုင်ပါသလဲ???? " ဖြေသွားချက်ကတော့ ဘီယာ၊အရက်နံ့ တသင်းသင်းနဲ့... မွှေးပျံ့ပါပေတယ် ခ်ခ်။ အမျိုးသား အများစုရဲ့ ထိုသို့ အရက်သေစာ အပေါ် စွဲလမ်းသောက်သုံးမှုကို စိတ်ဓါတ်ပိုင်း ဆိုင်ရာအားနည်းချက်အဖြစ် ဝေဖန်ပြပြီးးး နောက်ပိုင်းမှာ ကိုယ်ကာယရဲ့ ကြံ့ခိုင်မှုတွေ ကျဆင်းလာပြီး ဦးနှောက်ပိုင်းဆိုင်ရာ ယိုယွင်းပျက်စီးမှုတွေအထိ ပယ်ပယ်နယ်နယ် ဝေဖန်တဲ့ ထိုးစစ်လှိုင်းကြီးတွေ တက်လာပါတော့တယ်။ ပွဲပြီးတော့ ဝေဟန်က ကျွန်မဟာ တစ်ဖက်ကို ထိုးစစ်ဆင်ဖို့အတွက် တစ်ဖက်ကိုထောင်ပေးတဲ့ ဘက်လိုက်မှုတွေရှိတဲ့ မေးခွန်းတွေကို မေးသွားပါတယ်လို့ စွပ်စွဲပါတော့တယ်။ ဟုတ်နေတော့လည်း ကျွန်မက ရယ်ရယ်မောမောနဲ့ မျက်စိမှိတ်ပြခဲ့ ပါတယ်။               နောက်သုံးရက်အကြာမှာ ဒုတိယအဖွဲ့ရဲ့ စကားရေလုပွဲကြီး စတင်ပါတော့တယ်။ အိမ်ထောင်ပြုတာ ကောင်းပါတယ်ဆိုတဲ့ဘက်နဲ့ မကောင်းပါဘူးဆိုတဲ့ ဘက်နဲ့ ရေကုန်ရေခမ်း ငြင်းကြတာပါ။ အိမ်ထောင်ပြုတာဟာ အလွန်အင်မတန်မှ ကောင်းကြောင်းးး မိသားစုဘဝတစ်ခုကို ကိုယ်တိုင် တည်ဆောက်ဖန်တီးနိုင်ခြင်းနဲ့ မျိုးဆက်သစ်လေးတွေကို ကိုယ့်ရဲ့ မျှော်လင့်ချက်နဲ့ အိပ်မက်တွေကို လက်ဆင့်ကမ်း သယ်ဆောင်နိုင်အောင် ပြုစုပျိုးထောင် ပေးခွင့်ရခြင်းဟာ ကြီးကျယ်မြင့်မြတ်ကြောင်းတွေကို ဦးဆောင်ဦးရွက်ပြုပြီး အသည်းအသန် ငြင်းခုန်ပြောဆိုသွားတာ ကတော့ ဟာနူရယ်ဂျုံးပါပဲ။ ရယ်စရာကောင်းတာ ကတော့ ဟာနူရယ်ဂျုံးဟာ အဲ့ဒီအချိန်ထိ ရည်းစားတစ်ယောက်မှ မထားဘူး သေးခြင်းနဲ့ ခုချိန်ထိလည်း အပျိုကြီး ဖြစ်နေတဲ့ ကိစ္စပါပဲ.... ခိခိ။                   ဆက်လက်ဖော်ပြပါမည်                    နေထက်ထက်အောင်

ဌာနမှူးအသစ်လက်ထက်မှာt ကျွန်မတို့ရဲ့ စာမေးပွဲကို စတင်ဖြေဆိုရပါ တော့မယ်။ အားလုံးက ပါးစပ်က ထုတ်မပြောပေမယ့် စိတ်ထဲကနေ ကြောက်နေကြပါတယ်။ ကလန်ကဆန် လုပ်မိသမျှကိုပဲ ဝန်ချတောင်းပန်ကြရတော့ မလိုလို။ စည်းလုံးခြင်းရဲ့ အင်အားတွေကို ကိုယ်ဘာသာ ဖြိုခွဲရတော့ မလိုလို တွေနဲ့.... ရင်ထဲမှာ ဒိန်းတပ်တပ် ဖြစ်နေကြပါတယ်။

အဓိက ကြောက်တာကတော့ ရေးဖြေမတိုင်ခင် ကျင်းပမယ့် စကားရေလုပွဲ ပါပဲ။ တစ်ဖက်ကို ၁၅မိနစ်နှုန်းနဲ့ နာရီဝက် ကြာ ပြောရမှာပါ။ စကားရည်လုပွဲ ဆိုတာ ဖြစ်မြောက်အောင်လုပ်တဲ့ သဘောဖြစ်ပြီး ခေါင်းစဉ်တွေကို စိတ်တိုင်းကျ ရွေးချယ်ခွင့် ရှိပါတယ်။ပြီးရင် နှစ်ဖက်လုံးက မျက်နှာစုံညီဆွေးနွေးပြီး ဘယ်ဘက်က စပြီး အဖွင့်ပြောမလဲ ဆိုတာကို မဲနှိုက်ပါတယ်။ ပြီးရင် အပြန်အလှန်ပြောဆိုခြေပဖို့ကို တိုင်ပင်ညှိနှိုင်းကြပါတယ်။ 

နာရီဝက်ပြောပြီးရင် ဌာနမှူးတီချယ်ကြီး နှင့် နိုင်ငံခြားသား ဆရာမတွေက မေးခွန်းသုံးခုစီ မေးပါမယ်။ တီချယ်အငယ်တွေကလည်း မေးခွန်းတစ်ခုနှင့် အထက် မေးပေး ရပါတယ်။ ပြီးရင် တက်ရောက်နားထောင်တဲ့ ကျောင်းသားကျောင်းသူတွေ ထဲကနေ ကြိုက်သလောက် မေးခွန်းမေးခွင့် ပြုပါတယ်။ မေးခွန်းတွေဟာ ခေါင်းစဉ်နဲ့ အပ်စပ်ပတ်သတ်ဖို့ပဲ လိုအပ်ပါတယ်။ဖြေနိုင်တဲ့လူနဲ့ သူ့ရဲ့ အဖွဲ့က ဖြေတဲ့အဖြေနဲ့ အတွေးအယူပေါ် မူတည်ပြီး အမှတ်ရပါတယ်။ အနိုင်အရှုံးက မေးခွန်းမေးမှသာ အဖြေပေါ်တာပါ။ ရှေ့နာရီဝက်စာ ပြောဖို့က တိုင်ပင်ပြီး ရေးကြတာပါ။

ချစ်လှစွာသော ဌာနမှူးက အတန်းထဲ ကိုဝင်လာပါတယ်။ ချိုသာကြည်မြတဲ့ အသံနဲ့ "သားတို့ သမီးတို့ရေ.... စာမေးပွဲနားလည်း နီးပြီ။ စာတွေရော ရကြပြီလားးးးလူရော စုံပြီလားးး ပျက်ကွက်တဲ့သူ ရှိသေးလားးး""ဘုရားးးဘုရားးးး တို့များနားကြား လွဲရော့စလားကွယ်။""ခိခိ ကြက်သီးတောင် ထမိတယ်။ ဒီလိုသံစဉ်လေး မကြားဖူးခဲ့တော့။""ကဲ... လူစုံရင် တီချယ်ကြီးက မေးခွန်းပုံစံငယ်လေး ပြောပြပါမယ်နော်။""အိမ်မက်များ မက်နေမိတာလားးးးလုပ်ကြပါအုံးးး""သားတို့သမီးတို့ရေ... တီချယ်ကြီးက အပိုင်းလေးပိုင်းခွဲပြီး ဒါမျိုးနဲ့ ဒီလိုမျိုး လေးတွေ မေးပါမယ်။ နားလည်တယ်နော်။ မရှင်းတာရှိရင် ပြန်မေးကြနော်။""ဝုတ် အဲ ဟုတ်ဟုတ်။"

"ကဲ...တီချယ်က မေးခွန်းပုံစံ ပြောပြီးရင် သားတို့သမီးတို့ ပြောရမယ့် အလှည့်ပဲ။ ဘယ်အခန်းနဲ့ ဘယ်စာတွေဟာ သားတို့သမီးတို့ကို ကျက်မှတ်ရ ခက်ခဲစေသလဲ???""ခက်တယ်ပြောတာ တွေချည်း ရွေးမေးမှာရားမတိဘူးးးး""မပြောဘူးအေ...ပြောရင်မှားလိမ့်မယ်။ကြိတ်ပြီးနေကြ ခ်ခ်။""ပြောကြလေ။မပြောဘူးလားးး အာ့ဆိုတီချယ်ကြီးက ခက်တာတွေချည်း ရွေးမေးလိုက်ရမှာလားး""အီးးးးဆေးစားမှားလာသလားမသိဘူးးး။""မပြောလို့မရတော့ဘူးးဟ။""ပြောလိုက်ကြစို့။"

"စိုနာဂီ ဆိုတဲ့ မိုးပြေးလေးးး ဝတ္ထုက ခက်ပါတယ်တီချယ်။""ဂရမ်မာမှာ အခန်း၁၆က ခက်ပါတယ်တီချယ်ကြီးးး""ဟိုဟာက ဒီနားမှာ မလွယ်ပါဘူးတီချယ်။""ကဲ...ဟုတ်ပြီ။တီချယ်အားလုံး မှတ်ထားလိုက်ပြီ။ သားတို့သမီးတို့ ခက်တယ်ဆိုတာတွေကို လုံးဝမကြည့်ကြပါနဲ့တော့။ လွယ်ကူတာလေးတွေ ရွေးကြည့်ပြီး စာမေးပွဲကို စိတ်ချမ်းသာပျှော်ရွှင်စွာ ဖြေဆိုနိုင်ကြပါစေ။""တီချယ်ကြီးးး သာမီးတို့တကယ်ပဲ လွယ်တာတွေ ရွေးကြည့်ရမှာလားဟင်!!!!"

"တီချယ့်ရဲ့သဘောထားကတော့ သူများနဲ့မတူဘူးကွဲ့။ မင်းတို့တွေ့ဖူး မြင်ဖူးတဲ့ ဆရာမတွေနဲ့ ဘယ်တော့မှ တူမှာ မဟုတ်ဘူးးး တီချယ်က ကျောင်းမှန်မှန် တက်ပြီး စာမှန်မှန်လုပ်စေ ချင်ပေမယ့် စာမေးပွဲကိုတော့လွယ်စေချင်တယ်။အထူးသဖြင့် စာမေးပွဲတွေမှာ ခက်ခဲပြီး အကျများကြ တာကို တီချယ် လုံးဝမကြိုက်ဘူးးး မင်းတို့အတန်းက ကျောင်းမှန်မှန် မတက်ကြပေမယ့် စာတော့ ကြိုးစားကြလို့ တီချယ်ကခွင့်လွှတ် ပေးတယ်။ကျောင်းတက်ပြီး စာလုပ်ရင် စာမေးပွဲဆိုတာ မခက်ခဲဘဲအောင်မြင်ရမယ်။ အဲ့ဒါတီချယ့်မူဝါဒပဲ။""ဟေးးးးခမ်းဆား ဟာမနီဒါ ကျေးဇူးတင်ပါတယ် တီချယ်။"

ကျွန်မတို့အတွက် စကားရေလုပွဲကို အာရုံစိုက်ပြီး လုပ်ဆောင်ဖို့ အချိန်တွေ ရခဲ့ပါတယ်။ အတန်းက အဖွဲ့၃ဖွဲ့ ထွက်ပါတယ် ပထမအဖွဲ့ကို ၂ပိုင်းခွဲပြီး ငြင်းခုန်ဖို့ရာ ခေါင်းစဉ်ရွေးခိုင်းတော့ ယောက်ျားလေး-မိန်းကလေး ဆိုတဲ့ ခေါင်းစဉ်ကို ငြင်းခုန်ဖို့ ရွေးချယ် သွားပါတယ်။ ဒုတိယအဖွဲ့ကတော့ လက်ထပ်ခြင်းဟာ အကောင်းလား-အဆိုးလား ဆိုတဲ့ခေါင်းစဉ်ကို ရွေးချယ်ငြင်းခုန် ကြပါမယ်။ ကျွန်မတို့ တတိယအဖွဲ့ကတော့ ခေါင်းပူအောင်စဉ်းစား အာပေါက်အောင်ငြင်းခုန်ပြီးမှ ချစ်သူရှိတာ အကောင်းလား-အဆိုးလားးး ဆိုတဲ့ခေါင်းစဉ်နဲ့ ငြင်းခုန်ဖို့ သဘောတူကြပါတယ်။ သူ့အဖွဲ့ထက် ငါ့အဖွဲ့သာအောင် ကောင်းအောင် နားထောင်တဲ့ လူတွေစိတ်ဝင်စားအောင် ပြောကြ ငြင်းကြဖို့ စဉ်းစား အားထုတ်ကြပါတယ်။

ပထမအဖွဲ့ထဲ ပါသွားတဲ့ မေလဲ့က ကျွန်မကို မေးပါတယ်... "ငါလည်း သူများတွေလို မေးခွန်းမေးရင် ထဖြေပေးချင်တယ်ဟ။ကိုယ့်အတွက်ရော အဖွဲ့အတွက်ရော အမှတ်ယူချင်တယ်။"သူဖြစ်ချင်တာက ဘာမှမခက်ခဲပါဘူးးး ခက်ခဲနေတာက သူ့ရဲ့စာလုပ်ချိန်တွေကို သူ့ရည်းစား ကိုကျော်နိုင်အတွက် ဖဲ့ပေးနေရတော့ သူစာကို ကြိုးကြိုးစားစား မလုပ်ဖြစ်နေတာပါ။ အဲ့ဒီတော့ ကိုရီးယားဘာသာနဲ့ မေးလာတဲ့မေးခွန်း တွေကို မဖြေနိုင်လို့ မဖြေလိုက်ရမှာ မေလဲ့ကြောက်နေတာပါ။ မေလဲ့ရည်းစားရကတည်းက ကျွန်မနဲ့ အတွဲအလာ နည်းသွားပါတယ်။ကျွန်မကလည်း ခြေလျင်တောင်တက်နဲ့ တကွ ဟိုအဖွဲ့ဒီအဖွဲ့များမှာ ပါဝင်နေပြီး အပေါင်းအသင်းကဏ္ဍတွေ ကျယ်ပြန့်များပြားလာပါတယ်။

ဒါပေမယ့် ကျွန်မက သူ့အပေါ်ဘယ်တော့မှ မစိမ်းပါဘူးးး ရဲဘော်ရဲဘက်လိုပဲ သဘောထားပါတယ်။ သူ့အတွက် လိုအပ်တာကို ဖြည့်ဆည်းပေးရတာက ဘာမှမခက်ခဲပါဘူးးး သူတို့ပွဲမှာ ကျွန်မလည်း တက်ရောက်ရမှာပါ။ "ငါကမေးခွန်းထမေးပေးမယ်။ ဘာမေးမယ်ဆိုတာ ကြိုမပြောဘူးးး နင့်ဘက်က ပြင်ဆင်ထားရမှာက ယောက်ျားလေးတွေထက် မိန်းကလေးတွေက အမှန်တကယ် ပိုမိုသာလွန်ပါတယ်လို့ ပြောလို့ရတဲ့အချက်... နင့်ရဲ့ယုံကြည်ချက်တစ်ခုကိုသာ စဉ်းစားထားလိုက်ပါ။ သူများထမဖြေခင် နင်က ခပ်သွက်သွက်ထနိုင်ဖို့ပဲ လိုတယ်။"

ပြိုင်ပွဲကြီးကား စတင်ပါပြီ……အမျိုးသမီးများထက်သာလွန်မြင့်မြတ် ကြောင်း ယောက်ျားဘသား စွမ်းပကားကို ပြောမည့်ဘက်က အမျိုးသား၃ဦးနှင့် အမျိုးသမီး ၃ဦးပါဝင်တဲ့ အဖွဲ့ကြီးပါ။ အမျိုးသမီးစွမ်းဆောင်ရှင်အဖွဲ့လို့ အမွှန်းတင်ရမယ့် အမျိုးသမီး၇ဦးပါ အဖွဲ့ကို အတော်ကြီး ရင်ဆိုင်ရုန်းကန် အနိုင်လု ပြောပြီးသကာလမှာတော့ ဌာနမှူး တီချယ်အပါအဝင် အပျိုကြီး ဆရာမတစ်စုရဲ့ အမျိုးသမီးထုကို ကိုယ်စားပြုတဲ့ အပျော်သဘော စိမ်ခေါ်တဲ့ မေးခွန်းတွေရဲ့ တိုက်စစ်ဒဏ်ကို အမျိုးသားအဖွဲ့က အလူးအလဲ ခံရပါတော့တယ်။ မေးခွန်းတစ်ခုမေးလိုက်တိုင်း တစ်ခန်းလုံး အုံးအုံးကြွပ်ကြွပ်နဲ့ ရယ်လိုက်ကြ၊ ပြန်ဖြေရှင်းသံကြားရင် ခွက်ထိုးခွက်လန် ရယ်လိုက်ကြနဲ့.... သိပ်ကိုပျော်စရာ ကောင်းတဲ့ ကျောင်းသူဘဝရဲ့ နေ့စွဲလေးတွေပါပဲ။

အဲ့ဒီမှာပဲ အမျိုးသားအဖွဲ့ထဲမှာ ပါဝင်တဲ့ အေးသီတာရဲ့ ရဲရဲတောက် ဖြေရှင်းချက်နဲ့ အမျိုးသားထုကို ကာကွယ်ပေးမှုတွေက အမျိုးသမီးအဖွဲ့ကို အလိုလိုနေရင်း ရှုံးနိမ့်လာစေပါတော့တယ်။ မေးခွန်းတွေကလည်း အမျိုးသမီးအဖွဲ့ကို မမေးသလိုဖြစ်နေတော့ အမျိုးသမီးအဖွဲ့ဟာ ငုတ်တုတ်မေ့ခံ နေရပါတော့တယ်။ "ဒါနဲ့စကားမစပ်နော်...မေးခွန်းလေး မေးခွင့်ပြုစေချင်ပါတယ်"လို့ ကျွန်မက ဘေးတန်းကနေ ထအော်ပြီး လက်တစ်ဘက်ကို ပါမြှောက်ရင်း ရမ်းပြလိုက်ပါတယ်။ တီချယ်ကြီးက လှည့်ကြည့်ပြီးတော့...."အိုခေ...မေးခွင့် ပြုပါတယ်။ မေးပါ။""ဒီဘက်က အမျိုးသမီး အဖွဲ့တွေပေါ့နော်.... အမျိုးသမီးတွေဟာ အမျိုးသားတွေထက် သာလွန်ကောင်းမွန် ထူးချွန်ပါတယ်လို့ သေချာပေါက်ပြောလို့ ရမယ့် အရာတစ်ခု ရှင်တို့မှာ ရှိပါသလားးးး အဲ့လိုအရာမျိုး ရှိပါတယ် လို့ရော ရှင်တို့ ယုံကြည်ပါသလားးး????"ကျွန်မ၏ချစ်သဲကျော်ကား လျှင်မြန်စွာ ထပြီးဖြေပါတော့တယ်။

မေလဲ့ရဲ့ အဖြေကား ထင်မထားလောက်အောင် ကောင်းလှပါတယ်။ သူပြောသွားတာက မေတ္တာတရားပါ။အမျိုးသမီး အများစုမှာ ရှိတဲ့ မိခင်မေတ္တာ အပါအဝင် မေတ္တတရား မျိုးစုံကို ရှင်းလင်းပြောကြားပြီး နူးညံ့သိမ်မွေ့မှုတွေနဲ့ ပေါင်းစပ်ပြသပါတယ်။ အဲ့ဒီပေါင်းစပ်သွားတဲ့ အရာဟာ လိုအပ်ရင် သူရသတ္တိအဖြစ်သို့ ပြောင်းလဲသွားကြောင်း တွေကို ခပ်တိုတိုနဲ့ ထိအောင်ပြောသွားခဲ့ ပါတယ်။ ဒီအဖြေနဲ့တင် အေးသီတာတို့ အမျိုးသားအဖွဲ့ကို ဝပ်ကျအောင်ထိန်းချုပ် နိုင်ခဲ့ပါတယ်။

ဒါနဲ့ကျွန်မလည်း ဂြိုဟ်ကြွလာပြီး ဒုတိယမေးခွန်းတစ်ခုကို ထပ်မေးပါတော့တယ်... "အမျိုးသားတွေရဲ့ အားနည်းချက်လို့ ရှင်တို့ယူဆတဲ့ အရာတွေရော ရှိပါသလားးး အဲ့ဒါဟာ ဘာတွေများ ဖြစ်နိုင်ပါသလဲ???? "ဖြေသွားချက်ကတော့ ဘီယာ၊အရက်နံ့ တသင်းသင်းနဲ့... မွှေးပျံ့ပါပေတယ် ခ်ခ်။ အမျိုးသား အများစုရဲ့ ထိုသို့ အရက်သေစာ အပေါ် စွဲလမ်းသောက်သုံးမှုကို စိတ်ဓါတ်ပိုင်း ဆိုင်ရာအားနည်းချက်အဖြစ် ဝေဖန်ပြပြီးးး နောက်ပိုင်းမှာ ကိုယ်ကာယရဲ့ ကြံ့ခိုင်မှုတွေ ကျဆင်းလာပြီး ဦးနှောက်ပိုင်းဆိုင်ရာ ယိုယွင်းပျက်စီးမှုတွေအထိ ပယ်ပယ်နယ်နယ် ဝေဖန်တဲ့ ထိုးစစ်လှိုင်းကြီးတွေ တက်လာပါတော့တယ်။ ပွဲပြီးတော့ ဝေဟန်က ကျွန်မဟာ တစ်ဖက်ကို ထိုးစစ်ဆင်ဖို့အတွက် တစ်ဖက်ကိုထောင်ပေးတဲ့ ဘက်လိုက်မှုတွေရှိတဲ့ မေးခွန်းတွေကို မေးသွားပါတယ်လို့ စွပ်စွဲပါတော့တယ်။ ဟုတ်နေတော့လည်း ကျွန်မက ရယ်ရယ်မောမောနဲ့ မျက်စိမှိတ်ပြခဲ့ ပါတယ်။

နောက်သုံးရက်အကြာမှာ ဒုတိယအဖွဲ့ရဲ့ စကားရေလုပွဲကြီး စတင်ပါတော့တယ်။ အိမ်ထောင်ပြုတာ ကောင်းပါတယ်ဆိုတဲ့ဘက်နဲ့ မကောင်းပါဘူးဆိုတဲ့ ဘက်နဲ့ ရေကုန်ရေခမ်း ငြင်းကြတာပါ။ အိမ်ထောင်ပြုတာဟာ အလွန်အင်မတန်မှ ကောင်းကြောင်းးး မိသားစုဘဝတစ်ခုကို ကိုယ်တိုင် တည်ဆောက်ဖန်တီးနိုင်ခြင်းနဲ့ မျိုးဆက်သစ်လေးတွေကို ကိုယ့်ရဲ့ မျှော်လင့်ချက်နဲ့ အိပ်မက်တွေကို လက်ဆင့်ကမ်း သယ်ဆောင်နိုင်အောင် ပြုစုပျိုးထောင် ပေးခွင့်ရခြင်းဟာ ကြီးကျယ်မြင့်မြတ်ကြောင်းတွေကို ဦးဆောင်ဦးရွက်ပြုပြီး အသည်းအသန် ငြင်းခုန်ပြောဆိုသွားတာ ကတော့ ဟာနူရယ်ဂျုံးပါပဲ။ ရယ်စရာကောင်းတာ ကတော့ ဟာနူရယ်ဂျုံးဟာ အဲ့ဒီအချိန်ထိ ရည်းစားတစ်ယောက်မှ မထားဘူး သေးခြင်းနဲ့ ခုချိန်ထိလည်း အပျိုကြီး ဖြစ်နေတဲ့ ကိစ္စပါပဲ.... ခိခိ။

ဆက်လက်ဖော်ပြပါမည်
နေထက်ထက်အောင်
 — with Maung Paing and 57 others.

အသံများ

$
0
0
Photo: ~~~  အသံများ ~~~   မျိုးအိမ်ဇန် ( translated by April Khin )  Wave…voices..spreading around us… Some voices touches the ear, some touches the heart.. When it touches your heart, it can hardly be vanished.. It echoes in your heart, in your eyes, in your mind..everywhere.. Such voices are… “I get up at 5am in the morning. Just getting up early morning to ride to the workplace (about 13.2km) and to avoid traffic. If I catch the bus, it will cost me Kyats.600 ($0.6 ) and will add to Kyats 20000 ($20) per month. I just simply do not afford to spend $20 as my earnings just barely cover my daily meal, rent fees. Sometimes I have to skip my breakfast..Hardly cover day to day expenses..My life is hard to survive though I am working 24/7” (A worker from one of the construction sites from the suburb of Yangon)   “I have a fever and I am sick. Yes, I am sick. I want to take a rest but if I cannot.  Selling books the whole day I can make at least Kyats 2500 ~3500 ($2.5~3.5). I couldn’t take a rest. If I go and see the doctor, it will be at least $2. So, I just bought a traditional medicine which costs only 0.02 cents. Hopefully when my youngest daughter finish her year 8 schooling, it will be a help. It will be a great help for us. She will drop the school and work at some factory.” ( A disable retired Army man) “I have been putting lots of efforts to be able to open a school here. It takes me 7 years, working day and night to be able to open a primary school here. I have passed several sleepless nights. I was so much happy and grateful when the government acknowledged as a registered primary school and agreed to support the school. I thought I could have a rest, do not worry much about school and some spare time for meditation. But..all the kids come to the school with no lunch box or food. If I do not work hard, how could l provide them lunch and support for their education. So..i have to work hard again” ( A monk from a monastery schooling)  “In the morning, all our family go to work. My brother is 13 years old working at the tea shop, my sister is in year 6 but couldn’t afford to go school and she works at the retail store. Only when they get back home, we cook together and share whatever we have for the day. So, we have our lunch at the monastery.” ( A year 4 student from the monastery schooling)   Such voices can be heard everywhere in Burma.  Such voices just touches my heart instead of my ears.. Hope you could hear those differences form the different world of yours.. And hope everyone can hear those voices with heart…………………………  အသံများ ...  အသံများသည် လေထဲတွင်လွင့်မျောနေကြ၏ ...  နားဖြင့်ဖမ်းယူကြားမိသောအခါ ...  တစ်ဖက်နားမှထွက်မသွားဘဲ စိတ်ထဲတွင် ပဲ့တင်ထပ်ကာကျန်နေခဲ့၏ ...  ထိုအသံများမှာ ...  ~ မနက်ဆို ၅နာရီခွဲလောက်ထတယ်။ ကားလေးရှင်းတုန်းစောစောထွက်သွားလိုက်တယ်။ ကားမစီးတော့ဘူး။ လှိုင်သာယာကနေကားစီးရင် အရမ်းကျပ်တယ်ဗျာ။ တစ်နေ့ ၆၀၀၊ တစ်လ ၂သောင်းနီပါးလည်း အကုန်မခံချင်တော့ အရစ်ကျဝယ်ထားတဲ့ စက်ဘီးလေးနဲ့ လှည်းတန်းကဆိုက်ထဲထိ နင်းသွားလိုက်တယ်။ တစ်နေ့ တာကွမ်းဖိုး၊ ထမင်းဖိုး၊ အဆောင်စားရိတ်နဲ့ မသေရုံတမယ်ပေါ့ဗျာ ... မတ်တပ်စာတောင် အနိုင်နိုင် တုံးလုံးဆိုရင်တော့ ခွေးဖြစ်မလားဘဲဗျာ။ ( လှိုင်သာယာမြို့နယ်မှ ဆောက်လုပ်ရေး အလုပ်သမားတစ်ဦး )  ~ " အဘ မတွေ့တာကြာပြီ "  မိုးမိပြီး ဖျားနေတာဆရာလေးရေ ... နားချင်ပေမယ့်လည်း နေမရလို့ထွက်လာတာ။ စာအုပ်လေးခေါက်ပြန်ရောင်းမှ တစ်နေကုန် ၂၅၀၀/၃၅၀၀ လောက်ကျန်မှာ ဆိုတော့ နားချင်ပေမယ့်လည်း ဘယ်နားနိုင်မလဲဗျာ။ ဆေးခန်းက ၁၅၀၀၊ ဆေးထိုးရင် ၂၀၀၀ လောက်ဆိုတော့ လမ်းထိပ်က ဆေးဆိုင်မှာ ၂၀၀ ဖိုးဆေးစပ်သောက်လိုက်တယ်။ အငယ်မဒီနှစ် ၈တန်းအောင်ရင် ကျောင်းနှုတ်ပြီး အထည်ချုပ်ထည့်လိုက်တော့မယ်။  ( ကိုယ်လက်အင်္ဂါစွန့်လွှတ်ထားရသော  အင်းစိန်မှ တပ်မတော်သားတစ်ဦး )  ~ ဟာ ... ရိုက်ကုန်ပြီ၊ ဆိုက်ကားဆရာတွေ လုပ်ကြပါဦး၊ ဟိုမှာ အဘိုးကြီးတစ်ယောက် ကို ရိုက်နေတယ် ... " အဘက ပုလင်းခွံ၊ ဗူးခွံ၊ နို့ဆီခွက်သည် ... အရင်းမရှိလို့ ဒီကောင်တွေဆီကနေ ငွေ၁သောင်း ချေးထားတာ၊ တစ်လောက နေမကောင်းတော့ အတိုးက ထပ်တိုးလေ၊  အရင်းကို အတိုးပါ ပေါင်းပြီးမှ အတိုးတွေတွက်တာ ... ၂သိန်းနားနီးလာတော့ အဘက ကမ်းနားကနေထွက်ပြေးပြီး၊  သမိုင်း အောက်နားပြောင်းပြေးတာ၊ ဒါပေမယ့် ခွက်တွေက ဒီဆိုင်မှာပဲ သွင်းတတ်တော့ လာစောင့်ပြီး အပြန်မှာရိုက်ကြတာ" ( အင်းစိန်ဘူတာ၌ တွေ့ခဲ့ရသော ပုလင်းခွံ လိုက်ဝယ်သော အဘိုးကြီးတစ်ဦး )  ~ ဘုန်းဘုန်း က ဘက ကျောင်းလေးကို ၇နှစ် လုပ်ခဲ့တာ။ ဘက တစ်ကျောင်းဖြစ်ဖို့ နေ့နေ့ညည လုပ်ခဲ့ရတာ။ ဘုန်းဘုန်း အိပ်မပျော်တဲ့ရက်တွေအများကြီးပဲ။ အစိုးရက မူလတန်းကျောင်းအဖြစ် သတ်မှတ်ပြီးနေရာပေးလိုက်တော့ အရမ်းဝမ်းသာသွားတာ။ ကိုယ်လည်း တရားအားထုတ်ဖို့ အာရုံစိုက်မယ်ပေါ့။ အခုတော့လည်းမထူးပါဘူး။ ဘတ်ဂျက် မကြသေးလို့ ဆိုတော့ အခင်းရော၊ နံရံရော မနှစ်ကကထိန်က ရတဲ့အလှူငွေအကုန် နဲ့လုပ်ပေးလိုက်တာ။ ဒကာလေးရယ် ဒီကလေးတွေအိမ်က ထွက်လာတာနဲ့ ထမင်းချိုင့်မှ မပါတာ၊ အိမ်မှာစားစရာ မရှိတာ ဘုန်းဘုန်းသိနေတာပဲ။ အစိုးရကျောင်း သာဖြစ်သွားတာ ထမင်းစားချိန် ကိုယ်မှမကျွေးဒီကလေးတွေ ဘာစားမလဲ " ( ဘကကျောင်း၇နှစ် ဖွင့်ခဲ့သော ဆရာတော်တစ်ပါး )  ~ မနက်ဆို သမီးတို့တစ်အိမ်လုံး အလုပ်သွားလုပ်ကြတာလေ။ အကိုကြီးက ၁၃နှစ် လက်ဖက်ရည်ဆိုင်မှာ၊ အမက ၆တန်း ကျောင်းမထားသာဘူး ကုန်စုံဆိုင်မှာ ... ညနေပြန်လာမှ ချက်စရာပါလာတာလေ၊ မနက်စာကတော့ အလှူရှင်တွေလာတဲ့နေ့ မုန့်ရော၊ စားစရာပါ ရတယ်လေ၊ မရှိတဲ့နေ့တော့ ဘုန်းဘုန်းချက်ကျွေးရတာပေါ့ .... ( ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ၄တန်းကျောင်းသူလေး )  အသံတွေပါ ... လေထဲပျောက်မသွားပဲ ကျွန်တော့်ရင်ထဲ ကျန်ခဲ့တဲ့ အသံတွေပါ ... ဘဝများစွာရဲ့ အခြားတစ်ဖက်၌ ဘဝများစွာ ရှိနေပါသေးသည်။  သင်လည်းတစ်ဖက်သို့ နားစွင့်ကြည့်ပါ။ အသံများကို ကြားနိုင်ပါသည်။  မျိုးအိမ်ဇန်

~~~ အသံများ ~~~

မျိုးအိမ်ဇန် ( translated by April Khin )

Wave…voices..spreading around us…
Some voices touches the ear, some touches the heart..
When it touches your heart, it can hardly be vanished..
It echoes in your heart, in your eyes, in your mind..everywhere..
Such voices are…
“I get up at 5am in the morning. Just getting up early morning to ride to the workplace (about 13.2km) and to avoid traffic. If I catch the bus, it will cost me Kyats.600 ($0.6 ) and will add to Kyats 20000 ($20) per month. I just simply do not afford to spend $20 as my earnings just barely cover my daily meal, rent fees. Sometimes I have to skip my breakfast..Hardly cover day to day expenses..My life is hard to survive though I am working 24/7” (A worker from one of the construction sites from the suburb of Yangon) 

“I have a fever and I am sick. Yes, I am sick. I want to take a rest but if I cannot. Selling books the whole day I can make at least Kyats 2500 ~3500 ($2.5~3.5). I couldn’t take a rest. If I go and see the doctor, it will be at least $2. So, I just bought a traditional medicine which costs only 0.02 cents. Hopefully when my youngest daughter finish her year 8 schooling, it will be a help. It will be a great help for us. She will drop the school and work at some factory.” ( A disable retired Army man)
“I have been putting lots of efforts to be able to open a school here. It takes me 7 years, working day and night to be able to open a primary school here. I have passed several sleepless nights. I was so much happy and grateful when the government acknowledged as a registered primary school and agreed to support the school. I thought I could have a rest, do not worry much about school and some spare time for meditation. But..all the kids come to the school with no lunch box or food. If I do not work hard, how could l provide them lunch and support for their education. So..i have to work hard again” ( A monk from a monastery schooling)
“In the morning, all our family go to work. My brother is 13 years old working at the tea shop, my sister is in year 6 but couldn’t afford to go school and she works at the retail store. Only when they get back home, we cook together and share whatever we have for the day. So, we have our lunch at the monastery.” ( A year 4 student from the monastery schooling)

Such voices can be heard everywhere in Burma.
Such voices just touches my heart instead of my ears..
Hope you could hear those differences form the different world of yours..
And hope everyone can hear those voices with heart…………………………

အသံများ ...

အသံများသည် လေထဲတွင်လွင့်မျောနေကြ၏ ...

နားဖြင့်ဖမ်းယူကြားမိသောအခါ ...

တစ်ဖက်နားမှထွက်မသွားဘဲ စိတ်ထဲတွင်
ပဲ့တင်ထပ်ကာကျန်နေခဲ့၏ ...

ထိုအသံများမှာ ...

~ မနက်ဆို ၅နာရီခွဲလောက်ထတယ်။ ကားလေးရှင်းတုန်းစောစောထွက်သွားလိုက်တယ်။ ကားမစီးတော့ဘူး။ လှိုင်သာယာကနေကားစီးရင် အရမ်းကျပ်တယ်ဗျာ။ တစ်နေ့ ၆၀၀၊ တစ်လ ၂သောင်းနီပါးလည်း အကုန်မခံချင်တော့ အရစ်ကျဝယ်ထားတဲ့ စက်ဘီးလေးနဲ့ လှည်းတန်းကဆိုက်ထဲထိ
နင်းသွားလိုက်တယ်။ တစ်နေ့ တာကွမ်းဖိုး၊ ထမင်းဖိုး၊ အဆောင်စားရိတ်နဲ့ မသေရုံတမယ်ပေါ့ဗျာ ... မတ်တပ်စာတောင် အနိုင်နိုင် တုံးလုံးဆိုရင်တော့ ခွေးဖြစ်မလားဘဲဗျာ။
( လှိုင်သာယာမြို့နယ်မှ ဆောက်လုပ်ရေး အလုပ်သမားတစ်ဦး )

~ "အဘ မတွေ့တာကြာပြီ "
မိုးမိပြီး ဖျားနေတာဆရာလေးရေ ...
နားချင်ပေမယ့်လည်း နေမရလို့ထွက်လာတာ။ စာအုပ်လေးခေါက်ပြန်ရောင်းမှ တစ်နေကုန် ၂၅၀၀/၃၅၀၀ လောက်ကျန်မှာ ဆိုတော့ နားချင်ပေမယ့်လည်း ဘယ်နားနိုင်မလဲဗျာ။ ဆေးခန်းက ၁၅၀၀၊ ဆေးထိုးရင် ၂၀၀၀ လောက်ဆိုတော့ လမ်းထိပ်က ဆေးဆိုင်မှာ ၂၀၀ ဖိုးဆေးစပ်သောက်လိုက်တယ်။ အငယ်မဒီနှစ် ၈တန်းအောင်ရင် ကျောင်းနှုတ်ပြီး အထည်ချုပ်ထည့်လိုက်တော့မယ်။
( ကိုယ်လက်အင်္ဂါစွန့်လွှတ်ထားရသော
အင်းစိန်မှ တပ်မတော်သားတစ်ဦး )

~ ဟာ ... ရိုက်ကုန်ပြီ၊ ဆိုက်ကားဆရာတွေ
လုပ်ကြပါဦး၊ ဟိုမှာ အဘိုးကြီးတစ်ယောက်
ကို ရိုက်နေတယ် ...
"အဘက ပုလင်းခွံ၊ ဗူးခွံ၊ နို့ဆီခွက်သည် ...
အရင်းမရှိလို့ ဒီကောင်တွေဆီကနေ ငွေ၁သောင်း ချေးထားတာ၊ တစ်လောက နေမကောင်းတော့ အတိုးက ထပ်တိုးလေ၊
အရင်းကို အတိုးပါ ပေါင်းပြီးမှ အတိုးတွေတွက်တာ ... ၂သိန်းနားနီးလာတော့
အဘက ကမ်းနားကနေထွက်ပြေးပြီး၊
သမိုင်း အောက်နားပြောင်းပြေးတာ၊ ဒါပေမယ့် ခွက်တွေက ဒီဆိုင်မှာပဲ သွင်းတတ်တော့ လာစောင့်ပြီး အပြန်မှာရိုက်ကြတာ"
( အင်းစိန်ဘူတာ၌ တွေ့ခဲ့ရသော ပုလင်းခွံ လိုက်ဝယ်သော အဘိုးကြီးတစ်ဦး )

~ ဘုန်းဘုန်း က ဘက ကျောင်းလေးကို ၇နှစ် လုပ်ခဲ့တာ။ ဘက တစ်ကျောင်းဖြစ်ဖို့ နေ့နေ့ညည လုပ်ခဲ့ရတာ။ ဘုန်းဘုန်း အိပ်မပျော်တဲ့ရက်တွေအများကြီးပဲ။ အစိုးရက မူလတန်းကျောင်းအဖြစ် သတ်မှတ်ပြီးနေရာပေးလိုက်တော့ အရမ်းဝမ်းသာသွားတာ။ ကိုယ်လည်း တရားအားထုတ်ဖို့ အာရုံစိုက်မယ်ပေါ့။ အခုတော့လည်းမထူးပါဘူး။ ဘတ်ဂျက် မကြသေးလို့ ဆိုတော့ အခင်းရော၊ နံရံရော မနှစ်ကကထိန်က ရတဲ့အလှူငွေအကုန် နဲ့လုပ်ပေးလိုက်တာ။ ဒကာလေးရယ် ဒီကလေးတွေအိမ်က ထွက်လာတာနဲ့ ထမင်းချိုင့်မှ မပါတာ၊ အိမ်မှာစားစရာ မရှိတာ ဘုန်းဘုန်းသိနေတာပဲ။
အစိုးရကျောင်း သာဖြစ်သွားတာ ထမင်းစားချိန် ကိုယ်မှမကျွေးဒီကလေးတွေ ဘာစားမလဲ "
( ဘကကျောင်း၇နှစ် ဖွင့်ခဲ့သော ဆရာတော်တစ်ပါး )

~ မနက်ဆို သမီးတို့တစ်အိမ်လုံး အလုပ်သွားလုပ်ကြတာလေ။ အကိုကြီးက ၁၃နှစ် လက်ဖက်ရည်ဆိုင်မှာ၊ အမက ၆တန်း ကျောင်းမထားသာဘူး ကုန်စုံဆိုင်မှာ ... ညနေပြန်လာမှ ချက်စရာပါလာတာလေ၊ မနက်စာကတော့ အလှူရှင်တွေလာတဲ့နေ့ မုန့်ရော၊ စားစရာပါ ရတယ်လေ၊ မရှိတဲ့နေ့တော့ ဘုန်းဘုန်းချက်ကျွေးရတာပေါ့ ....
( ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ၄တန်းကျောင်းသူလေး )

အသံတွေပါ ...
လေထဲပျောက်မသွားပဲ ကျွန်တော့်ရင်ထဲ
ကျန်ခဲ့တဲ့ အသံတွေပါ ...
ဘဝများစွာရဲ့ အခြားတစ်ဖက်၌ ဘဝများစွာ
ရှိနေပါသေးသည်။
သင်လည်းတစ်ဖက်သို့ နားစွင့်ကြည့်ပါ။
အသံများကို ကြားနိုင်ပါသည်။

မျိုးအိမ်ဇန်
 — with Maung Paing and 47 others.

ဒီလိုအဖြစ်မျိုးတွေ နောက်ထပ်မကြုံစေချင်တော့လို့

$
0
0

အသက်ခြောက်နှစ်အရွယ် ရက်စက်စွာသတ်ဖြတ်ခံရသည့် သမီးငယ် မမိမိငယ်။ ။
ဒီကလေးမလေးအတွက်တော့ မထူးနိုင်တော့ပါ။ သမီးလေးဘ၀သစ်မှာ အေးအေးချမ်းချမ်း နေရစ်ပါတော့။ မိဘများနှင့်ထပ်တူလို့ ကျနော်တို့မသုံးနှုံးရက်ပါ။ သို့သော်မမေ့မလျော့အောင် ရင်ထဲသို့ထည့်၍ စာနာခံပြင်းမိကြောင်း ပြောလိုပါသည်။

နယ်စွန်နယ်ဖျားပင်ဖြစ်စေကာမူ တရားဥပဒေ စိုးမိုး၍ လူမှူဘ၀ အေးချမ်းစေရမည်မှာ အစိုးရ၏တာဝန်၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာတပ်ဖွဲ့များ၏တာဝန်ဖြစ်ပါသည်။ ယခုဤတာဝန်ကို တစ်ကြိမ်မက ကြိမ်ဖန်များစွာ လစ်ဟင်းပေါ့လျော့သည်ဟု သတ်မှတ်ပါသည်။ ဤပြစ်မှုကို ဖော်ထုတ်၍ အရေးယူအပြစ်ပေးနိုင်ရုံဖြင့် လုံလောက်ပြီဟု လုံးဝမသတ်မှတ်ပါ။


နောင်ကို မြန်မာအမျိုးသမီးငယ်များ၊ မြန်မာကလေးငယ်များ၏ အသက်အိုးအိမ်နှင့် ဘ၀ကို မည်သို့လုံလောက်စွာကာကွယ်ပေးနိုင်ပါမည်နည်း။ မည်သို့အကြားအလပ်မှမရှိစေအောင် စောင့်ရှောက်ပါမည်နည်း။ မြို့ရွာများ၏ အေးချမ်းငြိမ်သက်မှုကို မည်သို့စောင့်ရှောက်ပါမည်နည်း။

လုံလောက်သော၊ ထပ်ပြောပါမည်၊ လုံလောက်သော အစီအမံများကို ပြည်သူလူထုသို့ အမြန်ချပြပေးရန်။ မိမိရင်နှစ်သားသမီးကဲ့သို့သဘောထား၍ အကြားအလပ်မရှိ စောင့်ရှောက်ပေးပါရန်တောင်းဆိုအပ်ပါသည်။ မနိုင်ဝန်ကို အစိုးရနှင့် တရားဥပဒေစိုးမိုးရေးအဖွဲ့များသို့အတင်းထမ်းခိုင်းနေခြင်းမဟုတ်ပါ။ မနိုင်လျှင်မနိုင်ကြောင်း ပွင့်လင်းစွာချပြပါ။ ကျနော်တို့ပြည်သူများမှစေတနာ့ဝန်ထမ်းပါဝင် ကူညီဆောင်ရွက်ပါမည်။ ပြည်သူများထဲတွင်လည်း မြန်မာနိုင်ငံသားများပီပီ နှလုံးရည်၊ လက်ရုံးရည်ပြည့်ဝသူများ များစွာအသင့်ရှိကြောင်း ပြောကြားလိုပါသည်။ နိုင်ငံတော်အတွက် လိုအပ်လျှင် တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီရန်အသင့်ရှိပါသည်။

နိုင်ငံတော်အစိုးရမှ မည်သို့ကိုင်တွယ်ဖြေရှင်းမည်၊ မည်သို့ဆောင်ရွက်မည်ကို အမြန်သိလိုပါသည်။

ယခုပို့စ်ကို သဘောတူလက်ခံပေးနိုင်ပါက တာဝန်ရှိသူများထံသို့ရောက်ရှိအောင် ကူညီပေးစေလိုပါသည်။


Nanda Htun Htet

ကျွန်မရဲ့ဆယ်ကျော်သက်ဘဝ

$
0
0

ဖေဖေက ခရီးဝေးသွားတဲ့အခါ ဒရိုင်ဘာ မခေါ်ချင်ရင် ကျွန်မက ဒရိုင်ဘာလုပ်ပြီး ကူမောင်းပေးရပါတယ်။ကျွန်မကို ရှစ်တန်းကျောင်းသူ အရွယ်ကတည်းကယဉ်မောင်းသင်ပေးခဲ့တာပါ။မန္တလေး နန်းတွင်းထဲမှာ ဗောက်စ်ဝက်ဂွန်း ကားလေးနဲ့ပေါ့။ ဒါပေမယ့် အပြင်လမ်းမ တွေပေါ်တော့ မောင်းခွင့်မပြုခဲ့ပါဘူးးး။အရေးကြုံရင် မောင်းတတ်ဖို့လောက်သာ ရည်ရွယ်ပြီး သင်ပေးထားတာပါ။ ကျွန်မဆယ်တန်းဖြေပြီးတော့ ကုန်လမ်းပို့ဆောင်ရေးက ယဉ်မောင်းသင်တန်းကျောင်းကို ပို့ပြီး ထပ်မံသင်ယူခိုင်းခဲ့ပါတယ်။

ကျွန်မက ဖေဖေနဲ့ သင်ယူရတိုင်းးး "ဘောင်းဘီရှည် ပွပွဝတ်ခဲ့။ ဖိနပ်အထူတွေ ဒေါက်တွေမစီးခဲ့နဲ့။ အလှတွေ ပြင်မလာနဲ့။ ကလေး ကလေးလိုနေစမ်းးး"ဆိုတဲ့ ညွှန်ကြားချက်တွေအတိုင်း နာခံရတာပါ။အခုလို ဖေဖေ့လက်က လွတ်ပြီး ကိုယ့်ဘာသာ သင်တန်းမှာ သွားတက်တဲ့ အခါကြတော့ ကျွန်မက ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် ကျင့်ကြံပါတော့တယ်။ ကျွန်မရဲ့ ဆယ်ကျော်သက် ဘဝတွေဟာ အိုးနင်းခွက်နင်းနဲ့ တော်တော် ရယ်စရာ ကောင်းခဲ့ပါတယ်။

သင်တန်းကို သုံးတန်းအရွယ် ကတည်းက သူငယ်ချင်းဖြစ်ခဲ့တဲ့ သိင်္ဂီနဲ့ အတူတူ တက်ကြတာပါ။ ကျွန်မဆီကို သိင်္ဂီက လာခေါ်ပါတယ်။ သူတို့က ဂန္ဓလရာဇ်မျိုးတွေဆိုတော့ အနေအထိုင် တွေက လွတ်လပ်ပါတယ်။ဝတ်စားဆင်ယင် သွားလာလည်ပတ်မှုတွေမှာ မိဘကလည်း မထိန်းချုပ်ပါဘူးးး။ သူ့မာမားက ပြောပါတယ်…… "အကောင်းဆုံး ကျောင်းးး အကောင်းဆုံး ဆရာမ ဆိုတာတွေနဲ့ ပညာသင်ပေးတယ်။ လိုချင်တာ ဝယ်ပေးတယ်။ ဘဝမှာ မျက်နှာမငယ်ရအောင် ထားပေးတယ်။ နွေရာသီတိုင်း စစ်ကိုင်းချောင်မှာ သီလရှင်ဝတ်ပေးပြီး ယဉ်ကျေးလိမ္မာ သင်တန်း တက်ခိုင်းတယ်။ ဒီကြားထဲက ဆိုးမိုက်ပြီး ထင်ရာစိုင်းရင်လည်း သူတို့သဘောပဲ။ ကိုယ်ဖြစ်ကိုယ်ခံရမှာလို့ ပြောပြီးသားးး"တဲ့။

အဲ့တော့ သိင်္ဂီက ကျွန်မထက်စာရင် လွတ်လပ်မှု အပြည့်ရှိပါတယ်။ကျွန်မက သိင်္ဂီဝတ်လို့ ဝတ်ချင်ပါတယ် အကြောင်းပြပြီး ဒေါက်တွေ ခုံထူဖိနပ်တွေ အကုန် ပူဆာပါတယ်။ အမှန်ကတော့ နှစ်ယောက် တိုင်ပင်ပြီး လုပ်ကြတာပါ။ကျွန်မတို့က ယဉ်မောင်းသင်တန်းကျောင်းကို ဒေါက်ဖိနပ် ကြီးတွေ ဒီဇိုင်းစုံအောင် စီးနင်းပြီး တက်ကြတာပါ။ဒီတော့ ဒေါက်ဖိနပ်တွေကို ထိန်းစီးနိုင်အောင် အိမ်မှာ ကိုယ်စီကိုယ်င အစီးကျင့် ကြပါတယ်။ သိင်္ဂီဘယ်လို ကျင့်လည်းတော့ မသိဘူးးး ကျွန်မကတော့ ဧည့်ခန်းထဲမှာ ခေါက်တုန့်ခေါက်ပြန် လျှောက်ပြီးကျင့်ပါတော့တယ်။

ခုန်အထူနဲ့ဆို ဘယ်လိုလျှောက် ရမယ်။ ဘာတွေသတိထားရမယ်... ကြိုးသိုင်းပါရင် ဘာတွေရှောင်ရ ဆောင်ရမယ်... ဒေါက်စီးရင် အဓိကဆင်ခြင်ရမှာက ကြမ်းကြားလေး တွေမှာ ညပ်မသွားဖို့... စသဖြင့်တွေကို စီးရင်းနဲ့ လေ့လာ မှတ်သား ရပါတယ်။ အထူးဂရုစိုက် ရတာကတော့ ကြွေပြား ပေါ်လျှောက်ပုံ လျှောက်နည်း ပါပဲ။ လူကြီးတွေက မျက်စိနောက်ပေမယ့် ဇွတ်ထိန်းချုပ်ရင် ပိုဆိုးမှာ ကြောက်လို့ထင်ပါတယ် မျက်စောင်းလောက်ထိုးကြည့်ပြီး ဘာမှ သိပ်မပြောကြပါဘူးးး။

စာတွေ့သင်တဲ့ ကာလတွေမှာ ပြဿနာ မရှိပေမယ့် လက်တွေ့ မောင်းရတော့ ဆရာက ပြောပါတယ်။ "ဟဲ့...ကလေးမ လေးတွေ ။ညည်းတို့ ဒီလိုဖိနပ်ကြီးတွေနဲ့ ဘယ်လိုကားမောင်း ကြမှာလဲ???""အဲ့ဒါသိချင်လို့ စီးလာတာပါ ဆရာ။ ကားမောင်းရမယ့်နေ့ ဒေါက်ဖိနပ် လှလှမစီးရမှာ စိုးလို့ ခုကတည်းက သာမီးတို့ နှစ်ယောက်က ကြိုပြီးလေ့ကျင့် မလို့ပါဆြာ……။""အေးးးကောင်းရောဟယ်။ ငါလည်းဒေါက်ဖိနပ် မစီးဘူးတော့ မသိဘူးအေ့။ ဒုက္ခပါပဲဟာ။"ကျွန်မတို့နှစ်ယောက် ကတော့ ခိုးခိုးခစ်ခစ်နဲ့ သဘောတွေ ကြိတ်ကျနေခဲ့ပါတော့တယ်။

ဒီလိုနဲ့ အလှတွေလည်း ပြင်ကြပါ တော့တယ်။ အင်္ကျီကြောင်ကြောင် ကြားကြား အရောင်တွေကိုလည်း သေချာရွေးပြီး ဝတ်ကြပါတယ်။ အပေါ်အောက် မလိုက်ဖက်တဲ့ အရောင်မျိုးစုံကိုလည်း သူတကာထက် ဆန်းပြားအောင်ဆိုပြီး ဝတ်ကြပါတယ် ခ်ခ်။ ကိုယ့်ကိုယ်ကိုယ်တော့ သိပ်ကိုလှပ ပေါ်လွင်ထင်ရှားနေတယ်လို့ ထင်မိခဲ့တာပေါ့လေ။ ဟိဟိ။ကျွန်မက ကိုယ့်အသားအရောင်နဲ့ ဘယ်လိုမှ မဟပ်စပ်တဲ့ ဗေဒါရောင် နှုတ်ခမ်းနီကို အမြဲဆိုးခဲ့ပါတယ်။ သိင်္ဂီကလည်း နီညိုရောင် နှုတ်ခမ်းနီ ထူလဗျစ်နဲ့ပါ။ ပြန်မြင်ယောင်မိတိုင်း ခုထိရှက်မိပါသေးတယ် ခ်ခ်။

ဂန္ဓလရာဇ်သွေးစစ်တဲ့ သိင်္ဂီရဲ့ အသားအရေက ဖြူစွတ်ပြီး ပုလဲလုံးကြီးလို အရောင်အဆင်း ရှိပါတယ်။ လအော့လအယ်မျိုး ကျွန်မကတော့ ညိုပါတယ်။ အဲ့အချိန်က အားကစားကလည်း အသဲအသန် ကစားနေချိန်ဆိုတော့ အသားအရေ ကလည်း မာဆယ်တွေနဲ့ မာပြီးကျစ်နေ တာပါ။ နူးညံ့မှုလုံးဝမရှိတော့ ပိုဆိုးပါတယ်။ တစ်ရက်မှာတော့ ဆရာက ကျွန်မတို့နှစ်ယောက်ကို ဂျုံခဲနဲ့ ထန်းလျှက်ခဲ လို့စတင် ခေါ်ဆိုပါတယ်။ ကျွန်မတို့နှစ်ယောက်က အသဲအသန် အော်ဟစ်ကန့်ကွက်ကြပါတော့တယ်။ သိင်္ဂီကန့်ကွက် ရတာက ဂျုံခဲဆိုတာ ထန်းလျှက်ခဲထက် ပိုကြီးတဲ့အတွက် သူ့ကိုဝတယ်လို့ စွပ်စွဲပါတယ် ဆိုပြီး ကက်ကက်လန်တော့ တာပါပဲ။

ကျွန်မကတော့ ကျွန်မကို မဲတယ်လို့ ပြောတဲ့အတွက် မခံမရပ်နိုင်ဖြစ်ပြီး ဆရာ့ကို ချဲလန့်လုပ်ပြီး မေးခွန်းတွေ တရပ်စပ် ပစ်မေးပါ တော့တယ်... "ဆြာ... အသားအရောင် ဘယ်နှစ်မျိုး မြင်ဘူးလဲ???""အမ်!!!ဘာလို့လဲအေ့။""ဆြာက ဖြူတာနဲ့မည်းတာ နှစ်မျိုးပဲ သိတာမလားးး???? ""ညည်းကိုမည်းတယ် ပြောလို့ မကျေနပ်နေတာမလား ထန်းလျှက်ခဲ!!!ဟားဟားးး""ဆြာမသိတာကို ပြောပြမလို့ပါဆြာရဲ့။ ဖြူတာက ဟုတ်ပါပြီ။ မဲတယ်ဆိုတာ ကုလားမဲတွေနဲ့ ရုပ်ရှင်ထဲက နီဂရိုးတွေကို ပြောတာဆြာ။ အိန္ဒိယ ကုလားတိုင်း တောင်မမည်းဘူးးး အာရိယန်နွယ်တွေရဲ့ အသားကအဝါရောင်""အင်းးအင်းး ပြောစမ်းပါအုံးအေ့။""သာမီးရဲ့ အသားအရေက ဖြူလည်းမဖြူဘူး မည်းလည်းမမည်းဘူးး ညိုလည်းမညိုဘူးးး ရှေးဘုန်းရှေးကံကြောင့် ရလာတဲ့ ဝါဝင်းတဲ့ အသားအရည်ရှိတာ။ ပျားရည်ရောင်လို့ ခေါ်တယ်...အင်္ဂလိပ်ရှ်လို ဟန်နီကာလာ လို့လည်း ခေါ်တယ် အဟက် အဟက်။"အဲ့ဒီနေ့က ဆရာ ရယ်တာ မျက်ရည်တွေလည်ပြီး တံတွေးပါသီးခဲ့ပါတယ်။

ဆြာက ကျွန်မတို့ကို သင်ရင် ဒီလိုမောင်း ဟိုလိုမောင်း ဆိုတာလောက်ပဲ သင်တာမဟုတ်ပါဘူးးး "အရေးပေါ်အခြေနေ ရုတ်တရက်ကြုံရင် ဘာလုပ်မလဲ??? မြန်မြန်ဖြေကြစမ်းးး ""ရုတ်တရက် ခွေးတစ်ကောင်က ကားရှေ့ပြေးဝင်လာရင် ဘယ်လို လုပ်မှာလဲ...??""ရှောင်မယ်။ဘရိတ်လည်းအုပ်မယ်။""ရှောင်ရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်တတ်တယ်။ ဘေးကလူတွေ စက်ဘီးတွေ အစရှိတာတွေကို တိုက်မိရင် ပြဿနာအကြီးကြီး ဖြစ်လိမ့်မယ်။ ကိုယ်ကမိန်းကလေးးးတွေဟဲ့။ ဘဝမှာယဉ်မောင်းရင်း ဒါမျိုးအဖြစ်တွေ မကြုံအောင် ဂရုပြုတတ်ရမယ် ဂျုံနဲ့ ထန်းညက်ခဲရဲ့။"

"ဒီလိုအခြေအနေမျိုး ကြုံရင် ဘရိတ်ပဲ ဖမ်းအုပ်ပါ။တပြိုင်နက်ထဲမှာ ဂီယာပါချိန်း။ ခွေးတစ်ကောင် ကြိတ်မိတာက ဘာပြဿနာမှ မရှိဘူးးး အဓိကနဲ့ သာမညကို ခွဲခြားသိမှ ညည်းတို့ဘဝလေးတွေ လှပလိမ့်မယ်။ ဆရာပြောတာ ကားမောင်းနေမယ့် တစ်သက်တာအတွက် မှတ်ထားပါ။""ဟုတ်ကဲ့ပါဆြာ...""ဟဲ့ဟဲ့... မယ်မင်းကြီးမလေးးး ညည်းက သင်တန်းဆင်းရင် လိုင်းကားမောင်းမှာလားး မိသားစုစီးတဲ့ကား မောင်းမှာလားးး လီဗာအနင်း မကြမ်းအောင်ထိန်းစမ်း။အခု လီဗာကို ပြန်လွှတ်။ ညင်ညင်သာသာ ပြန်နင်းးး မိန်းကလေးတွေတဲ့အေ.... ဆင်ကြမ်းတောတိုးးး မောင်းလို့ဖြစ်မလားးး"ကျွန်မတို့အတွက် ဆရာနဲ့ ကားမောင်းသင်ခဲ့ရတာဟာ တန်ဖိုးကြီးလှပါတယ်။

ဆြာက ကျွန်မတို့နှစ်ယောက်ကို တခြားသော သင်တန်းသူ သင်တန်းသား တွေထက်ပိုသဘောကျပါတယ်…… ဘာလို့လည်း ဆိုတော့ သင်ပေးရတာ လွယ်ကူပြီး ပြောတဲ့အတိုင်း ပုံစံတကျ လုပ်တတ်လို့တဲ့။ နောက်တစ်ခုက နှစ်ယောက်လုံးက အလှတွေသာပြင်ကြတာ ယောက်ျားလေးတွေကို မျက်စိကစား စိတ်ကစားတာ မရှိဘဲ လိမ်မာလို့တဲ့။ အဲ့ဒါတော့ ဟုတ်ပါတယ်...သိင်္ဂီဆိုရင် သူနဲ့သူငယ်တန်း ကတည်းက တစ်ရပ်ကွက်ထဲနေ တစ်ကျောင်းထဲ တက်ခဲ့တဲ့ ဥာဏ်ဥာဏ်ဆိုတဲ့ မျိုးနွယ်တူကောင်လေး အကြောင်းကလွဲရင် ဘယ်သူ့အကြောင်းမှ မပြောဖူးသလို စိတ်လည်းဝင်စားဟန် မတူပါဘူးးး။ ကျွန်မကတော့ ဖေဖေ့ကြောက်ရလို့ စိတ်မဝင်စားရဲ တာလည်း ပါပါလိမ့်မယ်။ အဓိကကတော့ ကျွန်မဟာ အရွယ်နဲ့မလိုက်အောင် ရုန်းခဲ့ အနှိမ်ခံခဲ့ ရတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဖေဖေက ကျွန်မအပေါ် မျှော်လင့်ချက် အကြီးကြီး ထားပါတယ်။ ကျွန်မက ညံ့ပါတယ်။ ဒီတော့ အားကစား သင်တန်းမှာ အမြဲအနှိမ်ခံ အပြောခံ ရပါတယ်။ အားကစားကို ဝါသနာက မပါ၊ မနက်အစောကြီးက မထချင်၊ အပျင်းကကြီး၊ သင်တန်းမှာ အသက်က အငယ်ဆုံးးး။ စပြီး ကစားတော့၇နှစ်အရွယ်လေး ရှိသေးတာပါ။ ဖေဖေသင်တန်းပို့ပြီး ပြန်သွားတာနဲ့ ကျွန်မက အုန်းပင်ပေါက်လေး ဖက်ပြီးငိုနေခဲ့ပါတယ်။ ဘာမှလည်း မကစားပါဘူး။ဘာသင်ပေးလို့ မှလည်း လိုက်မလုပ်ပါဘူး။

ဆရာသမားက ဖေဖေ့ကို "ပိုက်ဆံကုန် မခံပါနဲ့။ ကလေးကို ပြန်ခေါ်သွားပါ"ပြောတိုင်း ဖေဖေက "သမီးလေးက တစ်နေ့နေ့တော့ ဝါသနာပါလာမှာပါဆရာ"လို့ပြောပြီး ပို့မြဲပို့ပါတယ်။ဒီလိုနဲ့ ကျွန်မဟာ၃နှစ်ခန့် အချိန်တွေ ဖြုန်တီးခဲ့ပါတယ်။ ၁၀နှစ်သမီးလောက် ရောက်လာတော့ ကျွန်မ မငိုချင်တော့ပါဘူး။ပြီးတော့ ငိုရမှာလည်း ရှက်တတ် လာပါတယ်။ သင်ယူမှုတွေကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် အလေးတယူ ဂရုတစိုက် ဘယ်သူကမှ မသင်ပေးကြတော့သလို ကျွန်မကို သူငယ်နှပ်စား အပျော်သက်သက် သင်တန်းလာထိုင်နေတယ်လို့လည်း မြင်နေကြပါတယ်။

ကျွန်မဆယ့်နှစ်နှစ် အရွယ်မှာ ဒုတိယအကြိမ် အမျိုးသား အားကစား ပွဲတော်ကြီးကို တွေ့မြင်လိုက်ရပါတယ်။ အဲ့ဒီပွဲကြီးမတိုင်ခင် ခြောက်လလောက် အလိုကတည်းက မန္တလေးတိုင်းအဆင့် ပြိုင်ပွဲနှင့် လူရွေးပွဲတွေ လုပ်ကြပါတယ်။ အဲ့ဒီလူရွေးပွဲတွေ မတိုင်ခင်မှာ ကျွန်မတို့လို သင်တန်းတွေမှာလည်း ပြိုင်ပွဲဝင်ချင်တဲ့သူတွေကို စာရင်းကောက်၊သီးသန့်ထရိန်နင်တွေပေးနဲ့ အရမ်းကို စည်ကားတက်ကြွ နေခဲ့တာပေါ့။ကျွန်မရဲ့ သင်တန်းက အကိုတွေ အမတွေရဲ့ ပြိုင်ပွဲတွေကို လိုက်ပါအားပေးရင်း သူတို့ကို အားကျခဲ့ပါတယ်။သူတို့လို ပြိုင်ပွဲဝင်ချင်စိတ်တွေ ပေါက်လာခဲ့ပါတယ်။ ဒီပွဲတော်ကြီးက နှစ်နှစ်တစ်ကြိမ် ကျင်းပတယ်လို့ သိရပါတယ်။ "ဒါဆိုရင် လာမယ့် တတိယအကြိမ် အမျိုးသား အားကစားပွဲတော်ကို ငါဝင်ပြိုင်မယ်"လို့
စိတ်ထဲကနေ ရည်းမှန်းချက် ချခဲ့မိပါတယ်။

သင်တန်းမှာ တတ်နိုင်သမျှ ကျွန်မက ကြိုးစားသင်ယူပေမယ့် ဘယ်လိုအသိ အမှတ်ပြုမှုမျိုးမှ မရရှိခဲ့ပါဘူး။ ဒီလိုနဲ့ အချိန်တွေတစ်နှစ်ကျော် ကုန်ဆုံးသွား ခဲ့ပါတယ်။တတိယအကြိမ် အမျိုးသား အားကစားပွဲတော်အတွက် တိုင်းအဆင့် လူရွေးပွဲတွေ ကျင်းပခါနီးလာပါပြီ။ ကျွန်မတို့ သင်တန်းမှာလည်း ပြိုင်ပွဲဝင်မယ့်လူတွေကို လေ့ကျင့်ပေးဖို့ စာရင်းကောက်ပါတယ်။ ကျွန်မက တက်ကြွစွာနဲ့ လက်ထောင်ပြီး စာရင်းပေးပါတယ်။တဟားဟားနဲ့ တစ်ယောက်တစ်ပေါက် ဝိုင်းပြီးရယ်ကြပါ တော့တယ်။ကျွန်မကို ရယ်မှန်းမသိတော့ ကျွန်မကပါ ရောယောင်ရယ်နေခဲ့မိ ပါသေးတယ်။ ဒီလိုနဲ့ သင်တန်းကျောင်းက ကျွန်မကို ပြိုင်ပွဲဝင်မယ့် စာရင်းမှာ အသွင်းမခံခဲ့ပါဘူး။

ဒီတော့ကျွန်မက ဖေဖေ့ကို အတင်းအကျပ် ပြိုင်ပွဲဝင်ခွင့် ရအောင်လုပ်ပေးဖို့ ပူဆာပါတယ်။ ဖေဖေက ပြောပေးတော့ သင်တန်းဆရာက ကျွန်မအသက်ငယ်သေးလို့ ခွင့်မပြုနိုင်ဘူး လို့ငြင်းပယ်ပါတယ်။ငယ်လို့ရှုံးလည်း အရှုံးခံမယ်... မပြိုင်ရရင် ကျောင်းပါ မနေတော့ဘူး။ကျောင်းထွက်မယ်လို့ ကျွန်မက ခြိမ်းခြောက်ပါတယ်။ ဒါနဲ့ဖေဖေက နောက်ရက်မှာ ထပ်ပြီး ပြောပေးပါတယ်။ ဆရာကလည်း ကျွန်မရှေ့မှာတင် ပြတ်ပြတ်သားသား ပြန်ပြောပါတယ် "ခင်ဗျားသမီးက ပြိုင်လည်းရှုံးမှာပဲလေ။ ဒါ့ကြောင့် မပြိုင်ခိုင်းတာပါ"တဲ့။ "ရှုံးပါစေ ဆရာရယ်။ရှုံးလည်းအတွေ့အကြုံလေး ရသွားတာပေါ့။ သမီးက တအားပူဆာနေလို့ပါဆရာ။""ခင်ဗျားသမီးရှုံးတာက အရေးမကြီးဘူး ကျုပ်တို့သင်တန်း သိက္ခာကျမှာဗျ။ ပြိုင်ချင်ရင်တော့ သင်တန်းနာမည် မသုံးပဲ ခင်ဗျားတို့ဘာသာ သီးသန့်စာရင်းသွင်းပြီ ပြိုင်လိုက်ပါ။""ဟုတ်ကဲ့ပါဆရာ။ သမီးသဘောကရော???""သင်တန်း နာမည် မသုံးဘဲ ပြိုင်ပါ့မယ်ဆရာ။"

သင်တန်းကျောင်းမှာ အားလုံးတန်းစီ လူစုပြီး ပြိုင်ပွဲဝင်မယ့်လူတွေကို သီးသန့် ခွဲထုတ်ပါတယ်။ကျွန်မကလည်း ယက်ကန်ယက်ကန်နဲ့ ပြိုင်ပွဲဝင်မယ့် ဘက်ကို လိုက်သွားပါတယ်။ "ညည်းကဘာလို့ ဒီဘက်လာတာလဲ...? ညည်းမှာ ပြိုင်ပွဲဝင်နိုင်တဲ့ အရည်အချင်း ရှိတယ်လို့ ထင်နေတာလားးး မျက်နှာကို ဘောလုံးပိတ်မှန်ရင်တောင် ကြောက်ပြီး ထိုင်ငိုမယ့်သူကများကွာ။ကဲ...သူကပြိုင်ပွဲဝင်မလို့တဲ့... မင်းတို့ရော ဘယ်လိုယူဆလဲ။"ရယ်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ယောက်ျားလေး အများစုကြီးစိုးတဲ့ အားကစားရပ်ဝန်းမှာ ကျွန်မကို ယောက်ျားလေးအများစုက လှောင်ပြောင်ရယ်မောခဲ့ကြပါတယ်။

တကယ်တော့ သူတို့လည်း ကြုံကြိုက်လို့ ရယ်စရာထင်လို့ ရယ်ခဲ့ကြတယ်ဆိုတာ အခုချိန်မှာ ကျွန်မနားလည်ခွင့်လွှတ်တတ် လာခဲ့ပါပြီ။ ဒါပေမယ့် အဲ့ဒီတုန်းကတော့ အပြုံးမပျက် နေခဲ့ပေမယ့် ကျွန်မကို နှိမ်ချ လှောင်ပြောင်အရှက်ခွဲခဲ့တယ်လို့ ယုံကြည်ပြီး ခွင့်မလွှတ်တတ်ခဲ့ပါဘူး။ကျွန်မပြိုင်ပွဲ ဝင်ချင်တယ်…ကျွန်မလေ့ကျင့် ချင်တယ်… ကျွန်မသင်ယူချင်ပါတယ်…။ သင်ပေးမယ့်သူ မရှိပါဘူးးး အားပေးမယ့်သူ မရှိပါဘူးးး။ နောက်ဆုံးမှာတော့ မလွှဲမရှောင်သာစွာပဲ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပါတယ်... အဲ့ဒါကတော့ ကျွန်မဟာ သင်တန်းရဲ့ ပြိုင်ပွဲဝင်မယ့် လက်ရွေးစင်လောင်းလျာ လေးတွေကို ပေးနေတဲ့ ထရိန်နင်တွေကို ဘေးနားကနေ မတ်တပ်လေး ရပ်ကြည့်လိုက်၊ ညောင်းရင်ထိုင်ကြည့် လိုက်နဲ့ ကြည့်ဖို့ပါပဲ။ အားငယ်ရှက်ရွံ့စိတ် တွေကို ရင်မှာပိုက်ပြီးးးးအဲ့ဒီအချိန်တွေကို ခက်ခဲပင်ပန်းစွာ ကျော်ဖြတ်ခဲ့ရပါတယ်။

နေ့စဉ်နေ့တိုင်း ထရိန်နင်ဆင်းတဲ့ သင်တန်းသားတွေ လုပ်သမျှထိုင်ကြည့် နေတဲ့ ကျွန်မကို ဆရာက ခြင်ရမ်းဖို့ သစ်ကိုင်းလေးတစ်ခု လာပေးပါတယ်။ သင်တန်းသားတွေက ရယ်ကြတာပေါ့ ခွက်ထိုးခွက်လန်။ ဒီကတည်းက ကျွန်မဟာ ယောက်ျားလေးတွေကို ဆန့်ကျင်ဘက် ဖိုသတ္တဝါလို့ မမြင်မိတော့ သလို ကိုယ့်ကိုယ်ကိုလည်း မသတ္တဝါလို့ မမြင်တတ်တော့ပါဘူး။ ဒီမတိမ်း မယိမ်းအရွယ် ယောက်ျားလေးတွေကို ကျွန်မက ထိုင်ကြည့်နေချိန်မှာ တွေးနေခဲ့တာက……"နင်တို့မိုးကောင်းတုန်း ရွာထားပါ။ အခုငါကျတဲ့ မျက်ရည်တွေ၊ငါခံစားရတဲ့ ရှက်ရွံ့နာကျည်းမှုတွေကို အောင်မြင်မှု ဖြစ်လာအောင် ငါဘယ်လိုပြောင်းလဲယူမလဲဆိုတာပါ ဆက်ကြည့်ရင်း ရယ်နိုင်ကြပါစေ။"

ပြီးတော့ ယောက်ျားလေး တစ်ယောက် ကစားပုံကို ကြည့်ပြီးးး "သူ့အားသာချက်ကဘာလဲ။ အားနည်းချက်ကဘာလဲ။ ငါသာသူ့နေရာမှာဆို ဒီလိုမဖြစ်အောင် ဘယ်လိုကစားမလဲ??? ဒီတစ်ယောက်က ကစားကွက် ကောင်းတယ်။ ဒါပေမယ့် သူတင်ကိုယ်တင် တကယ်ရိုက်လာပြီဆိုရင် ကြောက်လာတယ်။ကြာကြာယှဉ်ရိုက်ရဲတဲ့ သတ္တိနဲ့ ခံနိုင်ရည် မရှိဘူး။"အဲလိုတွေ အဲလိုတွေပဲ တွေးမိခဲ့ပါတယ်။ "ဟယ်...ချောလိုက်တာ။ ချစ်ချာလေးးး ရင်တွေခုန်လာပြီ ဆိုတာတွေ ကျွန်မ မတွေးမိခဲ့ပါဘူး။"

ညဘက်တစ်အိမ်လုံး အိပ်ပြီဆိုတဲ့ အချိန်ဟာ ကျွန်မရဲ့ ထရိန်နင်ချိန်ပါပဲ။ မှောင်ရင် အိမ်အပြင်ကို တစ်ယောက်ထဲ မထွက်ရဲတဲ့ ကျွန်မက အဲ့ဒီကာလတွေမှာ မီးတောင်မဖွင့်ဘဲ အမှောင်ထဲမှာ တိတ်တိတ်လေး လေ့ကျင့်ခဲ့ပါတယ်။မခံချင်စိတ်တွေက အားကောင်းတဲ့ လောင်စာတွေအသွင် ဟုန်းဟုန်းတောက် နေခဲ့ပါတယ်။နောက်ဖေးမီးဖိုဆောင်နဲ့ အိမ်မကြီးကြားက ကွက်လပ်မှာ ညနေခင်းက သူများကစားတဲ့ ထရိန်နင်တွေ အတိုင်း အကြိမ်ရေ၊အကျော့ရေတွေကို တစ်ထပ်တည်း လိုက်ကစားတော့တာပါပဲ။ရံဖန်ရံခါ စိတ်ဓါတ်ကျရင်လည်း တစ်ယောက်ထဲ ခဏလေးထိုင်ငို လိုက်တာပါပဲ။

သူတို့ထက်ပိုလုပ်တာ တစ်ခုကတော့ ကျွန်မက ပြီးခဲ့တဲ့နှစ်ကတည်းက စတင်ခဲ့တဲ့ ရက်ကက်ကို ဘယ်လက် ညာလက် နှစ်ဖက်လုံးနဲ့ လွှဲရိုက်တဲ့ လေ့ကျင့်ခန်းပါပဲ။ တစ်ပါတ်ကို ဆယ်ကြိမ်နှုန်း တိုးရိုက်ပြီး ကျင့်လာခဲ့တာ တိုင်းလက်ရွေးစင် ဝင်ပြိုင်ချိန်မှာ တစ်ဖက်ကို အကြိမ်သုံးရာနီးပါး ဆက်တိုက် လွှဲရိုက်နိုင်နေပါပြီ။ ကျွန်မက ဆယ်ကျော်သက်အရွယ်မှာ ငါတော်ရမယ်၊ငါလှရမယ်၊ငါကြိုးစားရမယ် ဆိုတဲ့မခံချင်စိတ်တွေနဲ့ တလွဲမာနတံခွန် လွှင့်ဖို့ပဲ အာရုံရှိခဲ့ပါတယ်။ ယောက်ျားလေးတွေကို ဘယ်လိုစိတ်ဝင်စားရမှန်းလည်းမသိသလို သူတို့ကလည်း ကျွန်မကို စိတ်ဝင်စားကြတယ်လို့ မထင်မိပါဘူး။ သူတို့က ကျွန်မကို လှောင်ပြောင်ဖို့၊ယှဉ်ပြိုင်ဖို့ ကြည့်နေကြတယ်လို့ပဲ တွေးမိခဲ့ပါတယ်။

လူရွေးပွဲမှာလည်း ကျွန်မက ကိုယ့်အသင်းက လူတကာရဲ့ပွဲစဉ်တိုင်းကို အားပေးခဲ့ပေမယ့် ကျွန်မပြိုင်မယ့် အလှည့်မှာ အားပေးဖို့ နေနေသာသာ ပွဲကြည့်စင်တွေပေါ်ကနေ မျက်နှာပြောင်စွာ ထွက်ခွာသွားကြတဲ့ သင်တန်းသား ယောက်ျားဘသားတွေ နှင့် အဲ့ဒီမြင်ကွင်းကို ကွင်းထဲကနေကြည့်ရင်း အံ့သြခဲ့ရပါတယ်။နောက်တော့ဒေါသတွေ ထွက်လာပါတယ်။ အဲ့ဒီနောက်တော့ ဒင်းတို့ကို လက်စားချေချင်ရင် ငါနိုင်အောင်ကစားဖို့ တစ်ခုပဲရှိတယ် လို့တွေးပြီးးး စိတ်လိုလက်ရ သည်းကြီးမဲကြီး ကစားခဲ့ပါတယ်။ ရှာရာပိုဗာလို အော်ဟစ်မရိုက်တတ်ပေမယ့် မိမိရရ အားပါးတရ ရိုက်နိုင်တဲ့ အချက်တွေမှာ ကျွန်မလည်းမာန်ဖီပြီး အော်လေ့ရှိပါတယ်။

ကစားကွင်းထဲမှာ တစ်ကောင်ကြွက် ကျွန်မကို သနားလို့ ဆရာသမားကြီးများရဲ့ အလိုတော်ကို ဆန့်ကျင်ပြီး နည်းပြအဖြစ် လိုက်ပါပေးခဲ့တာ လက်ထောက်နည်းပြ အငယ်တွေထဲက ဆရာညွှန့်လွင်ပါပဲ။နားတဲ့အချိန်မှာလည်း လိုအပ်တာတွေကို ပြောပြထောက်ပြပြီး သတိပေးခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းက ကျွန်မရဲ့ စံပြကစား သမားက ကမ္ဘာ့နံပါတ်တစ်နေရာကို မယိမ်းမယိုင် အချိန်အတော်ကြာ သိမ်းပိုက်ထားတဲ့ မာတီနာဟင်းဂစ်ပါပဲ။ သူမက ချောမောလှပတယ်၊ လူကောင်သေးတယ်၊ အရပ်မရှည်ဘူး၊ ခွန်အားဗလလည်း သိပ်မကြီးဘူးလေ။ ဒီတော့ သူမက ပညာကိုသိပ်အားကိုးတယ်။ သူမရဲ့ ရိုက်ချက်တိုင်း ကစားကွက်တိုင်းဟာ ဗလအားကိုးတဲ့ စရိုက်လက္ခဏာ နည်းပါးပါတယ်။
ကျွန်မဘဝမှာ ယောက်ျားလေး တစ်ယောက် အနေနဲ့ အားကိုးအထင်ကြီး လေးစားထိုက်တဲ့သူကို မတွေ့ဖူးခဲ့ဘဲ ပြိုင်ဘက်အသွင် ရန်သူအသွင်ရှိတဲ့ ယောက်ျားလေးတွေကိုပဲ တွေ့ခဲ့ရပါတယ်။တိုင်းလက်ရွေးစင် ရွေးချယ်ပွဲ ပြီးသွားချိန်မှာတော့ ကျွန်မတို့သင်တန်းက အမျိုးသား အမျိုးသမီး တစ်ယောက်မှ အရွေးမခံရဘဲ ရှုံးနိမ့်ခဲ့ကြပါတယ်(ဝမ်းသာလိုက်တာ ပြောမပြတတ် လောက်အောင်ပါပဲ။)။ ကျွန်မတစ်ယောက်ထဲပဲ အမျိုးသမီး လက်ရွေးစင်အဖြစ် အနိုင်ရယူခဲ့ပါတယ်။ကျွန်မသိပ်မုန်းတဲ့ သင်တန်းသားအားလုံး ကို ချိုသာအေးမြတဲ့ အပြုံးလေးနဲ့ တစ်ယောက်ခြင်းဆီ တကူးတက ဇွတ်သွားပြီး လက်ဆွဲနှုတ်ဆက် ရတဲ့ ဖီလင်က ဘာနဲ့မှမတူအောင် ပီတိဖြစ်ရပါတယ်။

တိုင်းလက်ရွေးစင်ဖြစ်လာတော့ သင်တန်းက သူတို့နှင့်မဆိုင်တော့ဘူး တိုင်းအား/ကာနဲ့ပဲ ဆိုင်တော့တယ်ဆိုပြီး လေ့ကျင့်မပေးပါဘူး။ တိုင်းက လေ့ကျင့်ပေးမှုတွေက ထိရောက်မှုမရှိတဲ့ ဟန်ပြသက်သက်ပါ။ ဒါနဲ့ကိုယ်ပိုင် နည်းပြတစ်ယောက်ငှားပြီး မနက်အစောကြီး ဗထူးကွင်းထဲမှာ နည်းစနစ်မျိုးစုံကို ပင်ပင်ပန်းပန်း လေ့ကျင့်ရပါတယ်။ ဘောလုံးကွင်းကို ဆယ်ပတ်ပြေးပြီးရင် ဗထူးကွင်းရဲ့ တောင်ဘက်ခြမ်းက ပွဲကြည့်စင်တွေပေါ်ကို ပြေးတက်ပြေးဆင်း။စုံခုန်တက်ဆင်း၊ဖားခုန်တက်ဆင်း၊ လေးမျိုးခုန် တွေပြီးရင် တာတိုပြေးးး စတာတွေကို အကြိမ်ပေါင်းများစွာ လုပ်ရပါတယ်။ အဲ့ဒါတွေက သက်လုံ၊အမောခံနိုင်မှု၊လျှင်မြန် ဖြတ်လတ်မှုတွေ အတွက်လုပ်ရတာပါ။

ညနေ ကျောင်းကပြန်လာရင် Gym မှာသီးသန့် သွားကစားရပါတယ်။ အဲ့ဒါက ကြွက်သားသန်မာမှု အတွက်ပါ။ တရုတ်တွေ၊ တိဘက်တွေနှင့် ဂျပန်တွေက ချီဆိုတဲ့ ခွန်အားတွေဟာ ချက်နဲ့ ဗိုက်ကနေ ထွက်လာတယ်လို့ ယုံကြည်ကြပါတယ်။ ကျွန်မကတော့ ဗိုက်မှာ မာဆယ်တက် လာတာနဲ့ ရိုက်ချက်တွေဟာ ထင်မထားလောက်အောင် ပြင်းထန်မြန်ဆန် လာတာတွေ့ရပါတယ်။ ကျွန်မအမုန်းဆုံး လေ့ကျင့်ခန်းက ဟိုင်းထိုးခြင်းပါ။ ဘယ်လောက်သင်သင် ဘယ်တော့မှ မလုပ်တတ်ခဲ့ပါဘူး။ ခုထိလည်း မလုပ်တတ်ပါဘူး။

တတိယအကြိမ် အမျိုးသားအားကစား ပွဲတော်ကြီးရဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ် ကျွန်မနဲ့ တိုက်ကွမ်ဒို အားကစားက စိုးစိုးမြာ လို့ ပြောကြပါတယ်။ ကျွန်မက ဆယ့်လေးနှစ်ပြည့်ဖို့ သုံးလကျော် လိုပါသေးတယ်။စိုးစိုးမြာက ဆယ့်လေးနှစ်ပြည့်ဖို့ ခြောက်လခန့် လိုတယ်လို့ကြားဖူးခဲ့ပါတယ်။ ပြိုင်ပြီဆိုရင် ကစားပွဲ အချိန်ကြာလာတာနဲ့ အမျှ အမောဆို့ပီး ကြွက်သားနဲ့ အကြောအမျှင်တွေက ဆိုးဝါးစွာနာကျင်လာ ပါတယ်။ကစားရင်းနဲ့ အရှုံးပေးပြီး ပွဲကိုရပ်ပစ်ချင်စိတ်တွေက တားမနိုင် ဆီးမရ ဖြစ်လာတတ်ပါတယ်။

ဒီလိုအခါမျိုးမှာ ကျွန်မကို ဖေဖေက "သမီးးး ဘယ်လောက်မောမော မမောသလိုဘဲနေပါ။ သမီးပြိုင်ဘက်က သမီးမောနေတာ မြင်ရင် ဝမ်းသာပြီး အားတက်လာလိမ့်မယ်။ သမီးပြိုင်ဘက်လည်း သမီးထက်ပို မောနေပြီ။ သူအရှုံးပေးလိုစိတ် ပေါ်လာအောင် သမီးက မမောသလိုဘဲ သက်သောင့်သက်သာ နေပါ။နည်းနည်းလေး အားထည့်လိုက်တာနဲ့ သမီးနိုင်ပြီ။"ကွာတားဖိုင်နယ်မှာ တွေ့ခဲ့တဲ့ ပြိုင်ဘက်က လက်ရည်ရော ခံနိုင်ရည်မှာပါ ကျွန်မထက်သာနေပါတယ်။ ကျွန်မက ရှုံးတော့မလိုအခြေအနေ ဖြစ်သွားခဲ့ပါ သေးတယ်။

ခဏနားချိန်မှာ သေချာ စဉ်းစားပြီး ကစားကွက်ကို ပြောင်းခဲ့ရပါတယ်။ သူ့ဘက်က ထင်မထားတဲ့ တိုက်စစ်တစ်ခုကို ပြောင်းလဲပစ်ပြီးမှ အရဲစွန့် လုပ်ဆောင်ပြီး နိုင်ခဲ့ပါတယ်။ဆီမီးဖိုင်နယ်မှာတွေ့ရတဲ့ ပြိုင်ဘက်ကတော့ ကျွန်မထက် အဘက်ဘက်ကနေ သာလွန်နေပါတယ်။ ပွဲစဉ်တွေ ဆက်တိုက်ကစားရပြီး ကျွန်မက လက်ရည်နဲ့ ခံနိုင်ရည် ကျဆင်းနေချိန်မှာ သူမကတော့ ခံနိုင်ရည် အပြည့်နဲ့ သန်မာတက်ကြွနေပါတယ်။ အမျိုးသားအားကစားပွဲတော်ကြီးမှာ ဝါရင့်သဘာရင့် ပြိုင်ဘက်ကောင်းတွေကို ဖြတ်ကျော်ပြီး ဆီးမီးဖိုင်နယ်ထိ တက်ရောက်နိုင်ခဲ့ပေမယ့် ပထမဆုတော့ မရခဲ့ပါဘူး။ တတိယဆုပဲ ရယူနိုင်ခဲ့ပါတယ်။

ဒီလိုအတိတ်အကြောင်းတွေ ရှိခဲ့တဲ့ ကျွန်မက အားကစားလောကထဲ ရောက်သွားတော့ ယောက်ျားလျာမမတွေနဲ့ ထိပ်တိုက်တွေ့ပါတော့တယ်။ အမျိုးသမီး အားကစားလောကကို အမျိုးသမီးမဟုတ်တဲ့ တတိယလိင်တွေက အကြီးအကျယ် လွှမ်းမိုးပြီး ခြေကုပ်ယူထားကြတာကို စိတ်ညစ်စဖွယ် တွေ့ရတော့တာပါပဲ။ ကွမ်းတပစ်ပစ် ဆေးလိပ်တဖွာဖွာနဲ့ မိန်းကလေးတွေကို ခေါ်တောကြည့် ကြည့်တတ်ပြီး အသဲအသန်ပိုးပန်း တတ်တဲ့ ဒီတတိယလိင် အုပ်စုကို ကျွန်မက ခပ်ကင်းကင်းနဲ့ ခပ်တင်းတင်းပဲ နေထိုင်ပါတယ်။ လုံးဝလည်း အရောမခံပါဘူး။

အမျိုးသမီးအားကစား သမားတွေဟာ ယောက်ျား တစ်ယောက်လို ကျားကျား လျားလျားနေမှ စွမ်းဆောင် ရည်ရှိတယ်၊ ထက်မြက်တယ်၊ အားကစားသမား တစ်ယောက်ရဲ့ အသွင်သဏ္ဍန် ပေါက်လာတယ်လို့ အများစုက ထင်မြင်ယူဆ နေတာကိုလည်း ကျွန်မကဘယ်လိုမှ လက်မခံနိုင်ခဲ့ပါဘူး။
ယောက်ျားလျာတွေကိုလည်း အမျိုးသမီး စာရင်းထဲ မသွင်းသင့်ဘူးလို့လည်း ထင်မိပါတယ်။ ခပ်အေးအေး ဘာသိဘာသာ သူ့သိက္ခာနဲ့သူ နေတတ်တဲ့ ယောက်ျားလျာတွေလည်း ရှိပေမယ့် နည်းပါတယ်။ အထူးသဖြင့် ဘောလုံးအားကစားကို သူတို့အုပ်စုတွေပဲ ခြယ်လှယ်တာပါ။

အမျိုးသမီး အားကစားမယ်တွေကို အခွင့်အခါရရင် ရသလို မဖွယ်မရာ ကိုင်သွား ပုတ်သွားတာမျိုးတွေ လုပ်တတ်ကြပါတယ်။ ဒီတော့မိန်းကလေး ကစားသမားတွေဟာ ၁။ သူတို့နဲ့ ရည်းစားဖြစ်မလားးး ၂။ ကိုယ်တိုင် ယောက်ျားလျာဇာတ်ထဲ ဝင်မလားးး ၃။ အားကစားသမားထဲက ယောက်ျားလေးအစစ်ကို ရည်းစားတော်ပြီး ကာဘာယူမလားးးး ဒါပဲရှိကြပါတော့တယ်။ လူမှုရေးအရှုပ်အထွေးတွေ တော်တော်များပြားပါတယ်။ အားကစားသမားတွေရဲ့ ဆုကြေးငွေတွေ၊ နိုင်ငံတော်က ထောက်ပံ့ငွေတွေကို နည်းမျိုးစုံသုံးပြီး ပြောင်ပြောင်တင်းတင်း ဖြတ်တောက်လုယူတဲ့ အတွင်းရေးမှူများ အုပ်ချုပ်သူနှင့်နည်းပြများ အကြောင်း ကိုတော့ မပြောဘဲ ချန်လှပ်ခဲ့ပါမယ်။ ကြာခဲ့ပြီဆိုတော့ အထောက်အထားရဖို့ မလွယ်တော့လို့ပါ။ ပြီးတော့ ကျွန်မရဲ့ စာမျက်နှာတွေ ညစ်ပတ်ကုန်မှာ စိုးလို့ပါ။

ကျွန်မကတော့ အထက်ပါသုံးချက် လုံးနဲ့ လွတ်အောင်နေပြီး တစ်ယောက်ထဲ ရပ်တည်တတ်အောင် ကြိုးစားပါတယ်။ သူတို့နဲ့လည်း ကင်းအောင်နေတယ်.. လုံးဝလည်း ဆတ်ဆတ်ထိမခံတဲ့ တစ်ကိုယ်တော် လူမိုက်ကြီး ကျွန်မကို "ဒီကောင်မက ဘာမို့လို့ မာနတွေ ခေါင်ခိုက်နေတာလဲ။ ဘာတွေတော် နေလို့လဲ။ သူ့ရုပ်ကြီးကဖြင့် မလှဘဲနဲ့...."စတဲ့ဝေဖန်ပုတ်ခတ်သံတွေ ထွက်ပေါ်လာပါတယ်။ "မလှမကြည့်နဲ့ပေါ့။ နင်တို့ဘယ် သူက ကြည့်ခိုင်းလို့လဲ???"ဒါမျိုးတွေ ပြန်ပြောခဲ့ပေမယ့် ကျွန်မမှာ မလှဘူးပြောခံရတဲ့ ကိစ္စကြောင့် စိတ္တဇ ဖြစ်ရပါတယ် ခ်ခ်။

အထူးသဖြင့် "မေမေက သာမီးကို လှအောင်ဘာလို့ မမွေးခဲ့တာလဲ ဟင်!!"လို့ မကြာခဏ မေးခဲ့မိပါတယ်။ မေမေကလည်း ပြောပါတယ်.... "ဘယ်တတ်နိုင်မလဲ ညည်းဘာသာ မလှတာပဲတဲ့။"ဖေဖေကတော့ ပြောပါတယ်... "ဖေဖေ့သမီးက ကမ္ဘာပေါ်မှာ အလှဆုံးသမီးလေး။"တဲ့။ ကိုယ့်ဖေပြောတာပဲ ကိုယ်ယုံလိုက်တော့ တာပဲလေ။ ဖေဖေဆိုတော့ သူ့သမီးလေးကို ဘယ်ညာမှာလည်း ဟုတ်ဖူးလားးး?? ဒါပေမယ့်လည်း မလှဘူးဆိုတဲ့ အမှန်တရားကို ကိုယ့်ဘာသာ သိနေတော့လည်း အခက်သားပဲကိုးးးး

ကျွန်မတက္ကသိုလ်ရောက်တဲ့အခါ မှာတော့ ကျွန်မအပေါင်းအသင်းတွေထဲမှာ ယောက်ျားလျာတွေရော မိန်းမလျာတွေရော ပါဝင်လာကြပါတယ်။ ကျွန်မက ကြောက်ရွံ့မှု စိုးရိမ်မှု တွေကို ဖယ်ရှားနိုင်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတစ်ခု တည်ဆောက်နိုင်လာတဲ့ အခါမှာ.... လူတိုင်းရဲ့ ဘဝတွေနဲ့ စိတ်ခံစားမှုတွေကို နားလည် ခွင့်လွှတ်ပေးနိုင်တဲ့ အခါမှာ.... ဟိုလူစားမျိုး၊ ဒီလူစားမျိုးဆိုရင် မခင်နိုင် မပေါင်းနိုင်ဘူးဆိုတဲ့ အတွေးအခေါ် တွေလည်း ပျောက်ကုန်ပြီး ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးကို ဘယ်သူနဲ့မဆို တည်ဆောက်နိုင်လာခဲ့ပါတယ်။ ဘယ်သူ့ကို မဆို ခင်မင်ရင်းနှီးစွာ ကိုယ့်ဘက်ကစပြီး စကားပြောရဲလာသလို ရှိုးတိုးရှန့်တန်း ရှက်ကိုးရှက်ကမ်း အမူအကျင့်တွေကိုလည်း ဖြည်းဖြည်းခြင်း ပြောင်းလဲယူနိုင်ခဲ့ပါတယ်။

နေထက်ထက်အောင် — with Maung Paing and 61 others.
Viewing all 1811 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>