Quantcast
Channel: ဘ၀ခြေရာ
Viewing all 1811 articles
Browse latest View live
စစ်သားတချို့ရဲ့ ရင်တွင်းစကား
$
0
0
ကျနော့်အနေနဲ့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ရဲ့ စိတ်ရင်းစေတနာ ဖြူစင်မှုကို တန်ဖိုးထားတယ်။ အတ္တ မဖိစီးတဲ့ ကိုယ်ကျင့်သိက္ခာကို လေးစားတယ်။ တိုင်းပြည် ကောင်းစားဖို့ ကြိုးပမ်း ဆောင်ရွက်နေမှု အပေါ်မှာ သံသယ မဖြစ်မိပါဘူး။
တခုပဲ စိတ်မအေးနိုင်ဖြစ်နေမိတာ။ အဲဒါက ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရာမှာ အရင်ခေတ်ဟောင်းတုန်းက အလွန်အကျွံ ကိုယ်ကျိုးရှာပြီး ကျိကျိတက် ချမ်းသာနေကြတဲ့ မျက်နှာမဲ အုပ်စုဂိုဏ်းရဲ့ယုတ်မာကောက်ကျစ်စွာအစီအမံချ နှောင့်ယှက်ဟန့်တားမှုကို အောင်အောင်မြင်မြင် နှိမ်နင်း ဖြတ်ကျော် နိုင်ပါ့မလား ဆိုတဲ့ အချက်ပါပဲ။ ဒီနေရာမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍက အရေးပါ အခရာကျလှပါတယ်။ တပ်မတော်သာ သမ္မတကြီးနဲ့အတူ လက်တွဲဝန်းရံထားနိုင်မယ်ဆိုရင် မြန်မာပြည် သမိုင်းတခေတ်သစ်ဖို့ သေချာပါပြီ။
  • Cyclone Manဦးသိန်းစိန်ကိုဒုက္ခပေးသူဆန့်ကျင် သူတွေကိုတွေ့ရာသင်္ချိင်း ဒါးမဆိုင်းဘဲဟေ့/ဗိုလ်ချုပ်ဖြစ်ဖြစ် ဝန်ကြီးဖြစ်ဖြစ်/ပြည်တွင်းစစ်ဖြစ် သွားပါစေ///
  • Seaman Nayminthuသူတို့ အားစမ်းလွန်ဆွဲပွဲက သိုသိပ်လွန်းတယ်ဗျာ... အပြင်လူတွေ ဝေဖန်နေတာက အချက်လက် အခိုင်အမာတွေ အခြေခံမှု နည်းပါတယ်။ တကယ့်ပြသနာက တပ်မတော် ဘယ်လိုရပ်တည်မလဲ ဆိုတဲ့ အချက်လို့ ထင်ပါတယ်
  • Naing Soeကျနော်တို့တတွေကလည်းနားလည်ဖို့စိတ်ရှည်ဖို့လည်းလိုမယ်ထင်တယ်။အခုကျနော်တိုကဒီမိုကရေစီရနေတာမဟုတ်ဘူး။ဒီမိုကရက်တိုင်ဇေးရှင်းကိုနားမလည်ပဲလက်ညှိးထိုးအပြစ်ဖို့နေရင်ခေါင်းဆောင်တွေအကျပ်အတည်းရိုက်သွားနိုင်တယ်။
  • Nanda Htun Htetကိုနေမင်းသူ ပြောချင်တဲ့သဘောက မျက်နှာမဲ အုပ်စုဂိုဏ်းဆိုတာ အုပ်ချုပ်ရေးအပိုင်းမှာ ပါဝင်နေဆဲလူအချို့လို့ ဆိုလိုတာလားဗျ။ အဲဒီအဖွဲ့က တစ်ချို့အခြေအနေဆိုးတွေကို ဂတုံးကတိုက်လုပ်ပြီး ပုံဖော်နေတာလို့ ပြောချင်တာလားခင်ဗျ။ သိပ်မရှင်းဘူးဖြစ်နေတယ်။ ဒီနေရာလေးက ဒီအယူအဆလေးက သိပ်ပြီးတာသွားနိုင်ပါတယ်။ သေချာဖို့ဆိုတာလည်း ကျနော်တို့လို အရပ်သူအရပ်သားတွေ ကောက်ချက်ချဖို့ စောလွန်းပြီး၊ Beyond our capability ဖြစ်နေတယ်လို့ထင်ပါတယ်။ အဲဒါလေးပြောချင်တာပါအကို
  • Maung Paingအစိုးရ၊ တပ်မတော်အပြင် တရားဥပဒေကိုလေးစားတဲ့လူတွေ စုပေါင်းရင် တိုင်းပြည်တည်ငြိမ်အေးချမ်းတိုးတက်ပြီး အတ္တသမားတွေ ဘေးကျသွားမှာအမှန်ပါ။
  • Seaman Nayminthuကျနော် ဆိုလိုတဲ့ မျက်နှာမဲဆိုတာ အစိုးရအဖွဲ့ လွှတ်တော် နဲ့ အဲဒီပြင်ပတွေမှာပါ ရှိနိုင်ပါတယ်... အထူးသဖြင့် ကိုယ်ကျိုးစီးပွား ဖက်တွယ်ထားသူရယ်... ကိုယ့်အယူအဆသာ မှန်တယ်လို့ ဖက်တွယ်ထားသူတွေ အားလုံး အကျုံးဝင်ပါတယ်ဗျာ.. သူတို့ဟာ ပြည်သူအကျိုးရှိရေးဆိုတာထက် ကိုယ့်ကိုယ်ကို ဗဟိုပြုနေသူတွေပါ... အပြောင်းအလဲ လုပ်တယ်ဆိုရာမှာ အဲဒီလိုလူတွေနဲ့ ရင်ဆိုင်နေရဆဲ ဆက်ပြီးလည်း ရင်ဆိုင်နေရအုံးမှာပါ.. အထူးသဖြင့် တပ်မတော်အပေါ် အတော်အတန် သြဇာသက်ရောက်မှုရှိတဲ့ မျက်နှာမဲအုပ်စုကို ပိုသတိထားရမယ်လို့ ထင်ပါတယ်။
  • William Tuntunkoမှန်လိုက်လေ ကိုနေမင်းသူရေ ဘာတဲ့ အထူးသဖြင့် ကိုယ်ကျိုးစီးပွား ဖက်တွယ်ထားသူရယ်... ကိုယ့်အယူအဆသာ မှန်တယ်လို့ ဖက်တွယ်ထားသူတွေ အားလုံး အကျုံးဝင်ပါတယ်ဗျာ.. သူတို့ဟာ ပြည်သူအကျိုးရှိရေးဆိုတာထက် ကိုယ့်ကိုယ်ကို ဗဟိုပြုနေသူတွေပါ.
  • William Tuntunkoတစ်သက်လုံးပြည်သူ့ငွေတွေအလွဲသုံးစား၊ ပြည်သူ့အာဏာတွေအလွဲသုံးစား နဲ့ဆွေစဉ်မျိုးဆက်စားမကုန်တဲ့စည်းစိမ်တွေရပြီး အခွင့်အလမ်းအနဲငယ်လောက် ပြည်သူကိုပြန်ပေးဘို့ကြတော့ မြွေပွေးကိုင်မိ သလိုဖြစ်နေတဲ့လူတွေဟာ မျက်နှာမဲတွေပေါ့ ။ ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်ခဲ့ ပေမဲ့ ပင်စင်ယူရင် မုန့်ဟင်းခါးရောင်းဘို့ပြင်ဆင်နေသူတို့၊ ဗိုလ်ချုပ်တစ်ယောက်ဖြစ်ခဲ့ပေမဲ့ ပင်စင်ယူအပြီးမှာ ထမင်းဆိုင်ဖွင့်နေသူတို့၊ ဒုဗိုလ်မှုးကြီးဖြစ်ခဲ့ပေမဲ့ Taxi မောင်းနေသူတို့ဟာ ပြည်သူအားကိုးလောက်တဲ့ ပြည်ချစ်သားတွေဘဲပေါ့။
  • Nanda Htun Htetတပ်ချုပ်အသစ်ကလည်း သူ့သမိုင်းသူ အကောင်းဆုံးရေးနိုင်အောင်လုပ်မှာပါ။ ရုန်းထွက်ဖို့လည်းကြိုးစားမှာ မြေကြီးလက်ခတ်မလွဲပါ။ ထိပ်ဆုံးရောက်ရင် လွတ်လာမှာပဲ။ တပ်မတော်အတွက်တော့ သိပ်စိတ်မပူ၊ ကြိုကြားကြိုကြား အသေးအဖွဲဝင်ထိမ်းတာတွေလောက်ပဲ မြင်တွေ့ရဖို့များပါတယ်။ မြန်မာ့နိုင်ငံရေးကတော့ ကျနော့်အမြင် သင်ယူလေ့လာရင်း၊ နိုင်ငံတကာရဲ့ လက်တွဲခေါ် လမ်းလျှောက်ကျင့်မှုတွေနဲ့အတူ ဖြောင့်ဖြောင့်လျှောက်နိုင်တော့မယ်လို့ မျှော်လင့်ရတာပါပဲ။ မှိုလိုပေါက်နေတဲ့ ဟိုအဖွဲ့ ဒီအသင်းတွေလည်း ကြာလာတာနဲ့ အမျှ လက်ရည်စစ်ပွဲ မအောင်ဖို့က များလာပြီ။ ကြာရင် Popular Game Player တွေနည်းလာလိမ့်မယ် Quality Player တွေ ပိုမိုထင်ပေါ်လာမယ်လို့ ထင်ပါတယ်။ အဓိက က လက်နက်ကိုင်အဖွဲ့တွေရဲ့ ခံယူချက်နဲ့ ခြေလှမ်းပါပဲ။ ကိုယ့်အမျိုးအနွယ်ကို ကြီးပွားတိုးတက်စေချင်၊ ထိမ်းသိမ်းစောင့်လျှောက်ချင်စိတ် တစ်ကယ်ရှိဖို့ လိုသလို၊ လုပ်နည်း လုပ်ဟန်မှာလည်း တိုင်းရင်းသားနဲ့ ဗမာ မခွဲခြားဖို့လိုပါလိမ့်မယ်။ ဘယ်မြှောက်ကာ ညာလှမ်းချင်တာမျိုးတွေ၊ ကိုယ့်မင်းကိုယ်ချင်း ဟိတ်ဟန်ထုတ်နေတာတွေ ရပ်ဖို့လိုပြီ။ ကမ္ဘာတောင် ရွာဖြစ်အောင်လုပ်နေတဲ့ အချိန်မှာ ရှိပြီးသား တစ်နိုင်ငံက နေ ၄-၅ နိုင်ငံခွဲချင်တဲ့ သဘောတွေ၊ သဘောထားရေးအသာမာတက်နေသူတွေ၊ မရှိဖို့တော့လိုမယ်။ တပ်မတော်ကတော့ international Relation ကို အခြေအနေပေးတာနဲ့ အချိန်မဆိုင်းပဲ လုပ်နေတာ မြင်နေရပြီ။ တပ်ကသာ နိုင်ငံတကာနဲ့ ပိုမိုဝင်ဆန့်လာရင် ပြည်တွင်းရေးကိုင်တွယ်ပုံလည်း ပြောင်းလဲလာမယ်လို့ယူဆတယ်။ တွန့်ဆုတ်တွန့်ဆုတ် အနေအထားတွေ တွေ့မြင်ရဖို့ နည်းလာပြီး မလုပ်သပ်သပ် လုပ်သပ်သပ်အခြေအနေမျိုးတွေ ပိုတွေ့ရမယ်။ တိုင်းရင်းသားတွေအနောက်က ဘကြီးလည်း မြောက်အရေးကြောင့် အခြေအနေသိပ်မပေးဘူး။ လက်တွဲချင်စိတ်ရှိရင် နိုင်ငံရေးကောင်းမယ်။ မကောင်းရင် မကောင်းဘူး၊ ဘာမှမဖြစ်ရင် ဘာမှမဖြစ်လို့ပဲ၊ တစ်ခုခုဖြစ်ရင်တော့ တစ်ခုခုဖြစ်ပြီသာ မှတ်လိုက်တော့ဗျို့
  • William Tuntunkoနိုင်ငံတော်ရဲ့အရေးအရာကို ကိုင်တွယ်ခွင့် ကိုင်တွယ်စွမ်း ရှိတဲ့သူတွေ တစ်ကိုယ်ကောင်း အရမ်းမဆန်ရင် အသိဥာဏ် ဆင်ခြင်တုံတရားရှိရင် အထူးသဖြင့် တို့တပ်မတော် ခေါင်းဆောင်တွေ၊ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေ လိမ္မာရင် ညီပြောတဲ့အတိုင်းဖြစ်မှာ မလွဲပါဘူး။ ဒါပေမဲ့ ရာဇပလ္လင် ပေါ်ကဆင်းပေးတုန်းက မဟာဗျူဟာမျိုးစုံနဲ့ ပတ်လည်ခံစစ်။ မဆုတ်တမ်းခံစစ်တွေ နဲ့အခိုင်အမာ တည်ဆောက်ပြီးမှ ခွာစစ်ကောင်းကောင်းဆင်သွားတဲ့ မျက်နှာမဲ တွေကိုတော့ လျှော့မတွက်နဲ့ညီရေ။ အဲဒီတိုင်းရင်းသားစည်းလုံးရေးကိစ္စတွေ၊ Federal ကိစ္စတွေ၊ ဘာသာရေး လွတ်လပ်ခွင့်တွေကနေဘဲ သမိုင်းဘီးက တစ်ပတ်ပြန်လည်သွားနိုင်သေးတယ်နော်။
  • Nanda Htun Htetကျနော်တို့ တစ်ဦးချင်းစီကလည်း သမိုင်းဘီးကိုတစ်ပတ်လည်အောင်လုပ်ပြီး အုတ်ကျင်းအထိသွားချင်တဲ့ ဘက်ဂီယာသမာ်း တွေကို ညီအစ်ကိုတွေ စုစည်းပြီးတွယ်ကြတာပေါ့ဗျာ။ တွေ့ကြသေးတာပေါ့။ စနေသားဗျ၊ စိတ်ကြီးတယ်။
  • Seaman Nayminthuဟီး တို့လည်းလိုက်မယ် ... နောက်ဆုံးက ... အလှူဆန်တောင်းကြီး ထမ်းလို့
  • Seaman Nayminthu<<<<အဲဒီတိုင်းရင်းသားစည်းလုံးရေးကိစ္စတွေ၊ Federal ကိစ္စတွေ၊ ဘာသာရေး လွတ်လပ်ခွင့်တွေကနေဘဲ သမိုင်းဘီးက တစ်ပတ်ပြန်လည်သွားနိုင်သေးတယ်နော်။>>>> အစ်ကိုပြောတာ ကျနော်သဘောတူတယ်… ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မယ်ဆိုရင် ဘယ်အချက်တွေမှာ ခက်ခဲနိုင်မလဲ ဆွေးနွေးကြည့်ဖူးတယ်။ တချို့က စစ်တပ်နဲ့ပတ်သက်တာကို အလေးပေးပြောကြတယ်။ စစ်တပ်က သူ့အကျိုးစီးပွားထိရင် လက်ခံမှာ မဟုတ်ဘူးတဲ့။ ၂၅% အလျှော့အတင်းကို ရည်ညွှန်းပြောပုံရတယ်။ ကျနော်ရဲ့ အမြင်ကတော့ ၂၅% ဟာ စစ်တပ်တခုလုံးရဲ့အကျိုးစီးပွားမှ မဟုတ်တာ။ စစ်ခေါင်းဆောင်တချို့က သူတို့အကျိုး အတွက် ကာဗာလုပ်ထားခဲ့တာ။ ၂၅% ထဲမှာ ပါဝင်နေသူ အများစုကလည်း မောင်ဖြစ်ချင်တွေ မဟုတ်ကြပါဘူး။ တာဝန်အရ ခိုင်းလို့သာ လုပ်နေရတာ။
    ကျနော်ထင်တာက တိုင်းရင်းသား ကိစ္စမှာ ခဲရာခဲဆစ် ဖြစ်လိမ့်မယ် ယူဆတယ်။ အကဲဆတ်တယ်။ စိတ်ရှည်ရှည်ထားပြီး ညှိမယူနိုင်ရင် ပြဿနာကြီးနိုင်တယ်။ အဲဒီမှာ ရထားခေါင်းတွဲတွေ ထိပ်ချင်းဆိုင်ကြမှာ။ အမြန်ရထား၊ လော်ကယ်ရထား၊ ကုန်ရထား၊ ကားရထား၊ နောက်တွဲမပါစက်ခေါင်းသက်သက် စသဖြင့်ပေါ့လေ။ ဒါပေမဲ့ အားလုံးရထားပဲဆိုပြီး ဒီဇယ်ကိုယ်တာ အညီအမျှ ရဖို့ မတောင်းဆိုကြဘူး ဘယ်သူပြောနိုင်မလဲ။ ခုကတည်းက ဖွဲ့စည်းပုံ အသစ်ပြန်ဆွဲရမယ် အသံထွက်နေသူ တွေ ရှိတယ်လေ။ ဒါကြောင့် ဂီယာနဲ့စီယာတိုင် မနိုင်ရင်တော့ အန္တရာယ်ကွေ့နား နီးကပ်လာတဲ့ ချက်ဗလက် ကားအိုကြီးလို ခရီးသည်ပြည်သူတွေ သံဗုဒ္ဓေနာနာရွတ်ပြီး စီးရတော့မှာ။
    အဲ့ကိစ္စကြီး မပြေလည် မပြီးပြတ်လို့ကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လည်း မလွယ်ဘူး။ တော်ကြာ သူကိုယ်တိုင်တောင် ချပ်ဝတ်တန်ဆာ ဝတ်ရင်ဝတ်နေရအုံးမှာ။ အခန့်မသင့်ရင် မျက်နှာမဲတွေ အကြိုက်ဖြစ်သွား နိုင်တယ်။
  • Seaman Nayminthuဒီမှာ ကြည့်ပါအုံး အစ်ကို William Tuntunko....http://www.myitmakhamediagroup.com/detail.php?newid=4358
    www.myitmakhamediagroup.com
    ဗေဒါနိုင်ငံသင်တန်းကျောင်းမှ ဖိတ်ကြားသည့်အတွက် YMCA ခန်းမသို့ သွားခဲ့ရာမှ ဧပြီ(၂)...See More
  • Nanda Htun Htet၂၅% ဟာ စစ်တပ်တခုလုံးရဲ့အကျိုးစီးပွားမှ မဟုတ်တာ - right
  • Seaman Nayminthuစစ်သားတွေ ရင်တွင်းခံစားချက်ကို တီးခေါက်ကြည့်ရင် သိနိုင်တယ်ဗျ...
  • William Tuntunkoညီတို့ရေ နဲနဲလျှာဝင်ရှည်လိုက်အုန်းမယ် နော် သိသလောက် ထင်ထားသလောက်ပေါ့။ကိုနေမင်းသူပြောတာ အစ်ကိုထောက်ခံတယ်၊ ၂၅%သော စစ်သားအမတ်တွေဟာ တကယ့်အမတ်မှမဟုတ်တာ၊ အချိန်မရွေး ကိုယ်ကနေ သူ သူကနေ နောက်တစ်ယောက် ဖြစ်သွားနိုင်တာဘဲ Mandate လဲမဟုတ် (အများရွေးတာလဲမဟုတ်) ကာချုပ်ကအမည်စာရင်းတင်သွင်းပြီး အမတ်ဖြစ်ရတာ။ ဘယ်နိုင်ငံမှာမှလဲမကြားမိဘူးပါဘူး။ ဒို့ဘဘကြီးရဲ့ ပတ်လည်ခံစစ်ဘဲဟာ၊ စစ်သားစင်စစ်ကြီးတွေက ဒီလိုအလုပ်မျိုးဘယ်တော့မှလုပ်ခြင်မှာမဟုတ်၊ ဒီမိုကရေစီ ပါလီမန်တစ်ခုမှာ ၂၅%သောအမတ်တွေက Mandate မဟုတ်ဘဲ အမတ်လုပ်နေတယ်ဆိုတာကို ဘယ် Democracy စနစ်ကမှ ၀မ်းမြောက်ဝမ်းသာထောက်ခံမှာမဟုတ်ပါဘူး၊ ပြစ်ချက်ကြီးတစ်ရပ်အနေနဲ့ စောင့်ကြည့်နေမှာ အမှန်ဘဲ၊ ဒီအချက်နဲ့တင် ကမ္ဘာ့နိုင်ငံတွေရဲ့တိကျတဲ့ထောက်ခံချက်ရနိုင်ဘို့တော်တော်ခက်ပါတယ်။ မျှော်လင့်ချက် တစ်ခုခု ကြောင့်သာ သွားဖြီးပြနေကြတာနေမှာ။အစ်ကိုဟာစစ်တပ်ကိုသိပ်ချစ်ပါတယ်ဒါပေမဲ့ Militarization in Administration ဆိုတဲ့ Civil Service တွေမှာ စစ်သားတွေ ထဲ့ အုပ်ချုပ်တဲ့ စနစ်ကို သိပ်မုန်းပါတယ် ဗိုလ်သင်တန်း တက်ခဲ့တုန်းကလဲ ကောင်စီဥက္ကဌဖြစ်ချင်တဲ့ကောင်တွေ ပါတီယူနစ်ဥက္ကဌဖြစ်ချင်တယ်ဆိုတဲ့ကောင်တွေကို သိပ်အထင်သေးခဲ့တာ။ ဒီတော့ တပ်မတော်ခေါင်းဆောင်အနေနဲ့ ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ကျေးဇူးခံကျေးဇူးစား ဆိုတဲ့ အတွေအခေါ်တွေကို ရုပ်သိမ်းပြီး Demilitarization in Civil administration ဆိုတဲ့ အ၇ပ်ဘက်အုပ်ချုပ်ရေးမှာ စစ်သားတွေဝင်ရှုပ်နေကြရတဲ့ ဖြစ်ရပ်ဆိုးကြီးကို ခ၀ါချပြီး ပြောင်မြောက်ပီပြင်တဲ့ တပ်မတော်ကြီးတစ်ရပ် တည်ဆောက်ရေးကိုသာ စောက်ချလုပ်ဆောင်ရင် ဒို့တပ်မတော်ဟာလဲ မင်းတို့ငါတို့ မျှော်လင့်တဲ့ ခေတ်မှီ တပ်မတော်ကြီးဖြစ် နိုင်ငံတော်ကြီးဟာလဲ ကမ္ဘာ့နိုင်ငံအများစုက ဖက်လှဲတကသ်းပေါင်းသင်းချင်တဲ့ တိုးတက်ခေတ်မှီတဲ့ နိုင်ငံဖြစ် သားရွှေအိုးထမ်းလာသလိုဖြစ်မှာ မလွဲပါဘူး။
  • William Tuntunkoနောက်ပြီး Federal ကိစ္စ Centralized Federal ဆိုရင်တော့ အခုကိုရနေတာဘဲလေ၊ decentralized ဆိုရင် ??? မဖြစ်နိုင်သေးဘူး ဘာလို့လဲဆိုတော့ ဒီမိုကရေစီ ရဲ့ အနှစ်သာရ ကိုတောင် ပြည့်ပြည့်၀၀ အကောင်အထည်မဖေါ်နိုင် မဖေါ်တတ်ကြသေးတဲ့ အစ်ကိုတို့ပြည်သူတွေ၊ တိုင်းရင်းသားညီအစ်ကိုတွေဟာ ခေါင်းဆောင်လုပ်စားတတ်တဲ့သူတွေနဲ့ကြုံသွားရင် တိုင်းပြည်အစိတ်စိတ် အမွှာမွှာ ကွဲကြေသွားယုံဘဲရှိတော့မပေါ့။ ဒါပေမဲ့ တိုင်းရင်းသားအချင်းချင်း သွေးကွဲစေမဲ့ အပြုအမူ အပြောအဆို အနေအထိုင်တွေကိုတော့ အင်အားများတဲ့ လူမျိုးစုက သတိထားနေထိုင်ပြုမူသင့်တာပေါ့၊ ဒါက ငါတို့ဗမာပြည်ကွ ဗမာတွေပိုင်တာကွ ဆိုတဲ့ Wrong Thinking တွေကို ဖျောက်ပြီး လူနဲစုတိုင်းရင်းသားတွေကိုယ်၌လဲ ဒါငါတို့ပြည်ကွ ဆိုတဲ့စိတ်တွေဝင်လာအောင်လုပ်နိုင်မှ အဲဒီ Federal ဆိုတဲ့ ကန်တော့ပါရဲ့ (စောက်ပြသနာ) ကြီးက ပျောက်မှာ နောက်ပြီး တိုင်ပြည်စီးပွားတိုးတက်ချမ်းသာရင်ပေါ့ တိုင်းရင်းသားအားလုံးချမ်းသာနေပြီးလူမှုဒုက္ခတွေ အသင့်အတင့် ငြိမ်းအေးနေရင် ဘယ်တိုင်းရင်းသားကမှ သူအုပ်ချုပ်မယ်ငါအုပ်ချုပ်မယ်အလုပ်မခံကြတော့တာ သေချာပါတယ်။
  • William Tuntunkoအဲ့ဒီတော့ ညီလေး Nanda ပြောသလို အုတ်ကျင်းပြန်လှည့်ချင်တဲ့ဘက်ဂီယာသမားတွေကို ၀ိုင်းတွယ်ကြတာပေါ့။ ၀ိုင်းတွယ်နိုင်လို့ စစ်တပ်က Demilitarization in administration လုပ်ပြီဆိုရင် နိုင်ငံလဲချမ်းသာပြီ၊ နိုင်ငံချမ်းသာ တယ်ဆိုတာ GDP တက်လာလို့ ပြည်သူအားလုံး လူနေမှုအဆင့်မြင့်လာရမှာကိုပြောတာနော်၊ ဒါဆိုရင် ပြည်သူတွေလဲချမ်းသာပြီ၊ ဒါဆိုရင် Budget လဲ့မြင့်လာတော့ စစ်တပ်ကြီးလဲ ရှယ်ဖြစ်အောင်လုပ်လို့ရပြီ Federal သမားတွေလဲ ပါးစပ်ပိတ်ပြီ၊ ဒို့နိုင်ငံ မချမ်းသာတော့ သူတို့ကအထင်မကြီးတာလေ တို့နိုင်ငံချမ်းသာ ကြည့်ပါလား ဟင်း အဲဒါပါဘဲကွာ။
  • Nanda Htun Htetအင်း အကိုကြီးလည်း “ဟင်း အဲဒါပါဘဲကွာ။” နဲ့ အဆုံးသတ်သွားရတာပဲ။ အားလုံးလည်း “ဟင်း အဲဒါပါဘဲကွာ။”နဲ့ပဲ အဆုံးသတ်နေကြရတာပဲ
  • Seaman Nayminthuလေးစားပါတယ် အစ်ကို William Tuntunko.... အစ်ကိုကြီး ခုလိုဝင်ဆွေးနွေးပေးတော့ ညီတို့အတွက် ဗဟုသုတ ရတဲ့အပြင် အားလည်းရှိပါတယ်... နောက်လည်း အလျဉ်းသင့်သလို ဆွေးနွေးပေးပါအုံး...
အထက်တန်းကျသော အမျိုးသားရေးစိတ်ဓာတ်နှင့် အမျိုးသားရေး တည်ဆောက်ရေး
$
0
0
Khun Kham shared The Voice Weekly's photo.
အထက်တန်းကျသော အမျိုးသားရေးစိတ်ဓာတ်နှင့် အမျိုးသားရေး တည်ဆောက်ရေး ............................................................................. (မှူးဇော်)  နိဒါန်း .....  မြန်မာနိုင်ငံသည် နိုင်ငံတကာအသိုင်းအဝိုင်း အလယ်တွင် ရေပန်းစား ထင်ရှားလာခဲ့သလို ပိတ်ဆို့မှုများ ဖြေလျှော့ပေးလိုက်သည်နှင့် အမျှ ကူညီထောက်ပံ့မှု များနှင့် ရင်းနှီးမြှုပ်နှံမှု များသည်လည်း အရှိန်အဟုန်နှင့် ဝင်ရောက်လာခဲ့သည်။ ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံ မျက်နှာပန်း လှလာခဲ့သည်ဟု ဆိုက မှားမည်မထင်။ မကြာသေးခင်ကပင် အမေရိကန် ပြည်ထောင်စုမှ မြန်မာနိုင်ငံဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အကြောင်း ၊ ICG အဖွဲ့၏ ၂၀၁၂ခုနှစ် နိုဝင်ဘာလက ထုတ်ပြန်ခဲ့သော “မိုးကုတ်စက်ဝိုင်းတွင် တိမ်မည်းတို့ ဆင်နေသော မြန်မာနိုင်ငံ” လေ့လာချက်စာတမ်းပါ သုံးသပ်ချက်များ အကြောင်း ဆွေးနွေးဖြစ်ခဲ့သည်။ တောင်အာဖရိကနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးသည် နိုင်ငံတကာ ဒီမိုကရေစီ ဖတ်စာအသစ် ဖြစ်နေ ခဲ့သော်လည်း မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုမှာ ထင်မှတ်မထားရ လောက်အောင် ပိုမို၍ Comprehensive သဘောလည်းဆောင်၊ မဟာဗျူဟာ သဘောလည်း ဆောင်နေကြောင်း၊ ထို့ကြောင့်ပင် မြန်မာ့ဒီမိုကရေစီ ကူးပြောင်းရေးသည် နောက်ဆုံးပေါ် ဒီမိုကရေစီ ဖတ်စာအသစ် ဖြစ်လာနေခြင်းဖြစ်ကြောင်း ထည့်သွင်း ပြောကြားသွားခဲ့သည်။ စာရေးသူ အနေဖြင့် Transition ပြီးနောက် နောက်တစ်ဆင့်ဖြစ်သည့် Liberalization ကိုကျော်လွန်နိုင်မှသာ နောင်မျိုးဆက်များအထိ အေးချမ်းလုံခြုံစွာ ဆက်ခံနိုင်မည့် Consilidation  အဆင့်သို့ ဆိုက်ရောက်မည်ဖြစ်ကြောင်း၊ ယင်းသို့ ဆိုက်ရောက်နိုင်ရန် ခေါင်းဆောင်များအကြား ခိုင်မာတိကျသော သဘောတူညီချက် တစ်ရပ် မရှိမဖြစ် လိုအပ်ကြောင်း၊ မြန်မာ့ဒီမိုကရေစီ ခရီးမှာ အသွင်ကူးပြောင်းရေးတွင် Comprehensive ဖြစ်နေသလို တွေ့ကြုံ ရင်ဆိုင်လာရသော စိန်ခေါ်မှုများသည်လည်း Comprehensive ဖြစ်နေကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။  အမျိုးသားရေးစိတ်ဓာတ်နှင့် ရယ်ဒီကယ်ထောင်ချောက် ................................................................  ယင်းနောက် စာရေးသူအနေဖြင့် ပြန်ပြောင်း ဆန်းစစ်မိသည်မှာ မြန်မာနိုင်ငံသားများ ရင်ထဲမှနိုးထလာခဲ့သော အမျိုးသားရေးစိတ်ဓာတ် အကြောင်းပင်ဖြစ်သည်။ Miss Myanmar နန်းခင်ဇေယျာအား အလုံးအရင်းဖြင့်  ထောက်ခံမှုပေးခဲ့ခြင်းများ၊ မြန်မာ့လက်ရွေးစင် ဘောလုံး အသင်းအား တစ်ခဲနက် အားပေးခဲ့မှုများ၊ နိုင်ငံတကာနှင့် အဆက်ပြတ် ကင်းကွာခဲ့ရာမှ ကမ္ဘာ့မိသားစုဝင်အဖြစ် သိက္ခာရှိရှိ သွားရောက်ခဲ့သော နိုင်ငံတော်သမ္မတကြီး၏ ပြည်ပခရီးစဉ်များမှ အပြန်တွင် ပြည်သူများ၏ ကြိုဆိုခဲ့မှုများ၊ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံ တကာအလယ် တင့်တယ်ခဲ့သော ပုံရိပ်များ၊ နှစ်ပေါင်းများစွာအတွင်း မကြုံဖူးလှသော နိုင်ငံရေးခေါင်းဆောင်များ၏ သန်း ၆၀ Common Ground ပေါ် ရပ်တည်ကာ ပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံတကာ လေ့လာ သုံးသပ်သူ အများအပြားက အာရှ-ပစိဖိတ်၏ ထွန်းသစ်စနိုင်ငံ တစ်နိုင်ငံအဖြစ် တစ်ပေး ခန့်မှန်းလာမှုများ စသည်တို့နှင့် တစ်ဆက်တည်းမှာပင် နိုင်ငံသား များ၏ ရင်ထဲမှ မြန်မာနိုင်ငံဟူသော ပုံရိပ်သည် ပိုမို၍ကြီးကျယ် မြင့်မြတ်လာခဲ့သည်။ အကြောင်းအမျိုးမျိုးကြောင့် ခေတ်နောက်ကျခဲ့ရသော မြန်မာ နိုင်ငံသည် အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်၊ နိုင်ငံတကာ အကြီးအကဲများ အိမ်ဦးနှင့်ကြမ်းပြင် ဝင်ထွက်လာမှုများ၊ နိုင်ငံတကာ စင်မြင့်များတွင် မြန်မာနိုင်ငံအား တလေးတစား နေရာပေးလာမှုများ စသည် တို့ကြောင့်လည်း ခေါင်းငုံ့မျက်လွှာချခဲ့ရသော ဘဝမှ ဦးမော့ရင်ကော့လာ နိုင်သော အခြေအနေသို့ ကူးပြောင်း ရောက်ရှိလာခဲ့သည်။ တစ်နည်းဆိုရလျှင် လွတ်လပ်ရေး ကြိုးပမ်းမှုကာလတွင် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တူညီစွာ ရုန်းကန်ထွက်ပေါ်လာခဲ့သော မြန်မာ့အမျိုးသားရေး စိတ်ဓာတ်သည် တစ်ကျော့ပြန် ပြန်လည်နိုးထ လာခဲ့ခြင်းပင် ဖြစ်သည်။ တမံကျိုး၍ လှောင်ပိတ်ထားခဲ့သော ရေများ ဒလဟော စီးဆင်းလာခဲ့သလို အပြိုင်းအရိုင်း ထွက်ပေါ်လာသော အမျိုးသားရေး စိတ်ဓာတ်သည် ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် ကြီးမားလှသော မောင်းနှင်အားများ ဖြစ်နေသော်လည်း မမျှော်လင့်ဘဲ ကြုံတွေ့ခဲ့ရသည် ပဋိပက္ခများနှင့် ထိပ်တိုက်တိုးကာ လက်ယာစွန်းသို့ ရောက်ရှိသွားနိုင်သည့် အန္တရာယ်များလည်း ဖြစ်ပေါ်လာ နိုင်ပေသည်။ ဤသည်ကို ရယ်ဒီကယ်ထောင်ချောက်ဟု ခေါ်ဆိုနိုင်မည် ဖြစ်သည်။ ဤထောင်ချောက်အတွင်း မသက်ဆင်းမိစေရန် အားလုံး သတိပြုရပေမည်။  Social Stability ..................  နှစ်ကြိမ်နှစ်ခါ ဖြစ်ပွားခဲ့သော ရခိုင်ပဋိပက္ခသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် ကြီးမားလှသော စိန်ခေါ်မှုကြီးဖြစ်သလို နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင်သည်လည်း ဆရာတော်ကြီးများ၊ ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံညှိနှိုင်းကာ ငြိမ်းအေးရာလမ်းကို ဖော်ထုတ် လျှောက်လှမ်းခဲ့ရသည်။ ရှုပ်ထွေးနက်နဲလှသော နောက်ခံ အကြောင်းတရားများ သည်လည်း ချက်ချင်းလက်ငင်း အဖြေမထွက်သော ပုစ္ဆာ တစ်ပုဒ်သဖွယ် လိပ်ခဲတည်းလည်း အကျပ် အတည်းတစ်ရပ်ကို ဦးတည်ခဲ့သည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ ဖြတ်သန်းနေရသော မြန်မာ့လူ့ဘောင် အဖွဲ့အစည်းကြီး တစ်ရပ်လုံးသည်လည်း ရယ်ဒီကယ် ထောင်ချောက်ကို ကျော်ဖြတ်နေရသည်။ အားကောင်းမောင်းသန် Civil Society များ အားနည်းလှသော လက်ရှိ အသွင်ကူးပြောင်းရေး ကာလတွင် ရယ်ဒီကယ် အစွန်းများမှာ စေ့စေ့တွေး ကြည့်လျှင် ဒီမိုကရေစီအတွက် အန္တရာယ်တစ်ရပ်အထိ ဖြစ်စေနိုင်သည်။  မိတ္ထီလာပဋိပက္ခတွင် အမျိုးသားရေး စိတ်ဓာတ်၏ အစွန်းထွက် ဆိုးကျိုးများဟု ဆိုနိုင်ပြီး Opinion Leader များ၏ သြဇာမှာလည်း လျော့ကျနေသည်ကို တွေ့ရှိနိုင်သည်။ တစ်ချိန်တည်းမှာပင် ပဋိပက္ခအသွင် ဆောင်သော  Social Media ရေစီးကြောင်းကလည်း မီးလောင်ရာ လေပင့်ဖြစ်စေခဲ့သည်။ မဟာဗျူဟာသဘော သက်ဝင်သော ဖြေရှင်းချက်များထက် လတ်တလော ပဋိပက္ခ မကြီးထွားရေးကို ဦးတည်ဆောင်ရွက် နေရသည်ဖြစ်ရာ နိုင်ငံတော်သမ္မတကြီး တောက်လျှောက် ပြောကြားခဲ့သော တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ဟူသည့် ပြည်သူများ၏ တူညီသော ဆန္ဒနှစ်ရပ် မှာ ထိပ်တန်းဦးစားပေး လုပ်ငန်းစဉ်ကြီးများ ဖြစ်နေသည်။ တစ်ဖန် တည်ငြိမ်အေးချမ်းမှု ဟူသည် ဖွံ့ဖြိုးတိုးတက်မှုနှင့် ရာနှုန်းပြည့် ဆက်စပ်လျက် ရှိရာ မြန်မာ့လူ့ဘောင် အဖွဲ့အစည်း တစ်ရပ်လုံး ဖြတ်သန်းနေကြရသော မြန်မာ့ဒီမိုကရေစီ ရှေ့ခရီးအတွက် အသက်သွေးကြောပင် ဖြစ်နေလေသည်။  Stability တွင် အမျိုးမျိုးရှိကြလေရာ လူ့အဖွဲ့အစည်းနှင့် သက်ဆိုင်သော  Social Stability ကို မျက်မှောက်ပြုကြရန် လိုအပ်သည်။ ဒီမိုကရေစီ၊ လွတ်လပ်မှုနှင့် အခွင့်အရေး စသည်တို့ကို အခြေခံသော  Social Mobilization သည် နိုင်ငံနှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ရှေးရှု ဦးတည်သော၊ မြန်မာ့ဒီမိုကရေစီ ခရီးလမ်းနှင့် လိုက်လျောညီထွေဖြစ်သော၊ အနာဂတ်မျိုးဆက်များ အတွက်ပါ ဘက်စုံအသွင် မဟာဗျူဟာ သဘောဆောင်သော ရွှေ့ပြောင်းမှုကြီးဖြစ်ရန် လိုအပ်မည်ဖြစ်သည်။ ဤသို့သော Social Mobilization တွင် Social Media ကဲ့သို့သော  Social Effect များသည်လည်း အခွင့်အလမ်းနှင့် စိန်ခေါ်မှု ဒွန်တွဲနေသော သာဓကတစ်ရပ် ဟု ဆိုနိုင်မည်ဖြစ်သည်။ ထင်ရှားကျော်ကြားသော Opinion Leader များ၊ Think Tank အဖွဲ့အစည်းများ၊ Civil Society များ၊ မီဒီယာများအနေဖြင့် ဤတာဝန်ကို ရယူထမ်းဆောင်ကြရမည် ဖြစ်သည်။  နိုင်ငံသားတို့၏တာဝန် ........................  ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံသားများ ထမ်းဆောင်ရမည့် တာဝန်များ၊ ကျေပွန်ရမည့် ဝတ္တရားများနှင့် အတူ လူ့ဘောင်အဖွဲ့အစည်း၏ လူမှုပဋိဉာဉ် များလည်း တည်ရှိနေသည်။ “Active Citizenship” ဟူသည် မိမိတို့လူ့အဖွဲ့အစည်း၏ ကောင်းရာကောင်းကျိုးကို ရည်ရွယ်သည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ၊ ပြည်သူ့ရေးရာ လုပ်ငန်းကိစ္စများ၊ ပရဟိတ လုပ်ဆောင်ချက်များ စသည်တို့ ဆောင်ရွက်ရမည် ဟူသော အယူအဆတစ်ရပ်ပင် ဖြစ်သည်။ “Active Citizenship” ဟူသည် နိုင်ငံသားအားလုံး၏ လူနေမှုဘဝများ တိုးတက်မြင့်မားလာစေရန် ဆောင်ရွက်ကြကုန်သော လုပ်ဆောင်ချက် မှန်သမျှကို အဓိကဦးတည်လေ့ ရှိသည်။ နိုင်ငံတော်သမ္မတကြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ဥက္ကဋ္ဌ များစသည့် နိုင်ငံရေးခေါင်းဆောင်များ ကိုယ်တိုင် မကြာခဏထုတ်ဖော် ပြောကြားလျက်ရှိသော Rule of Law Society ဖြစ်ပေါ်လာရေးအတွက် Rule of Law Civil Society များ အားကောင်းခိုင်မာရန် လိုအပ်နေသည်။  ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေ တို့အရ နိုင်ငံသားဖြစ်မှုကို တိတိကျကျ ပြဋ္ဌာန်းသတ်မှတ်ထားပြီးဖြစ်ရာ နိုင်ငံသားစိတ်ဓာတ်၊ နိုင်ငံသား ဟူသောခံယူချက်၊ နိုင်ငံသားတို့၏တာဝန် စသည်အားဖြင့် ကျယ်ပြန့်လှသော အဓိပ္ပာယ်ကို  Civil Leader များက ရှင်းလင်းပေးရန် လိုအပ်မည်ဖြစ်သည်။ အလားတူ Civil Society များအနေဖြင့်လည်း ရယ်ဒီကယ်ထောင်ချောက် များကို သတိထား၍ ကျော်ဖြတ်နိုင်ရန် လိုအပ်မည်ဖြစ်သည်။ Civil Society များ ကိုယ်တိုင် ရယ်ဒီကယ်ထောင်ချောက် များကို ကျော်ဖြတ်နိုင်ပါမှ နိုင်ငံသားများ အနေဖြင့် ရယ်ဒီကယ်ထောင်ချောက်များကို ရှောင်ရှားနိုင်မည် ဖြစ်သည်။ ထိုနည်းတူစွာ ဥပဒေကို လိုက်နာစောင့်ထိန်းသော နိုင်ငံသားများ ဖြစ်လာစေရန် ကြိုးပမ်းအား ထုတ်ကြဖို့ လိုအပ်သလို ဥပဒေနှင့်အညီ လုံလောက်သော စောင့်ရှောက် ကာကွယ်မှုများကို တန်းတူရည်တူ ရရှိခံစားပိုင်ခွင့် ရှိရမည်။ အလားတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကဲ့သို့သော Law Enforcement Mechanism များအနေဖြင့်လည်း နိုင်ငံသား တာဝန်ကျေပွန်သော နိုင်ငံသားများကို ဥပဒေနှင့်အညီ စောင့်ရှောက် ကာကွယ်မှုများ ပေးအပ်ရမည် ဖြစ်သလို ရယ်ဒီကယ်လမ်းကို လျှောက်လှမ်း နေကြသော (သို့မဟုတ်) ရယ်ဒီကယ်လမ်းပေါ်သို့ ပြည်သူများ ရောက်ရှိလာစေရန် ဆွဲခေါ်နေသော နိုင်ငံသားများက ဥပဒေနှင့်အညီ ထိထိ ရောက်ရောက် အရေးယူ ဆောင်ရွက်ရမည်သာဖြစ်သည်။ ယင်းအတွက် နိုင်ငံရေး ခေါင်းဆောင်များ၊ Opinion Leader များက ရဲတပ်ဖွဲ့ကို မှန်ကန်သော ထောက်ခံအားပေးမှုများ ပံ့ပိုးပေးရန် လိုအပ်မည် ဖြစ်သည်။  အသွင်ကူးပြောင်းရေးနှင့် စိန်ခေါ်မှုများ ...........................................  လက်ရှိအချိန်တွင် Law Enforcement Mechanism များ ကိုယ်တိုင် အသွင်ကူးပြောင်းရေးကို ဖြတ်သန်းနေရသည် ဖြစ်သလို မြန်မာ့လူ့အဖွဲ့အစည်း တစ်ခုလုံးမှာ အသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ်တွင် ရှိနေပေသည်။ လက်ရှိဖြတ်သန်းခဲ့ပြီးသော ၂ နှစ်တာကာလကို ပြန်ပြောင်း လေ့လာကြည့်လျှင် သမိုင်းကြောင်း နောက်ခံ၊ ပြည်သူများ၏ ရေချိန်၊ နိုင်ငံရေးနိုးကြားမှု၊ လူမှုပဋိဥာဉ် စသည်တို့အရ မြန်မာ့ဒီမိုကရေစီကို မြန်မာ့နည်းမြန်မာ့ဟန် ဖြင့်သာ အကောင်းဆုံး ထိန်းကျောင်းသွားရမည် ဖြစ်ကြောင်း အကြမ်းဖျင်း သုံးသပ်နိုင်သည်။ ကူးပြောင်းမှုမှာ အရပ်ရပ် ဒီမိုကရေစီ ဖတ်စာများထက် ပိုမို၍ ကဏ္ဍအစုံအလင် ပါဝင်နေသလို ကိုယ်တိုင်ကိုယ်ကျ ကူးပြောင်းနေကြရသော နိုင်ငံသား အားလုံးသည်လည်း ကဏ္ဍအစုံအလင် တွင် ပါဝင်နေကြရသည်။  နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင် ထုတ်ဖော်ပြောကြားခဲ့သော နိုင်ငံရေးယဉ်ကျေးမှု အသစ်ကို ပြန်ပြောင်း လေ့လာကြည့်လျှင် “မတူကွဲပြားမှု များကို ဘေးဖယ်ထားပြီး နိုင်ငံနှင့်ပြည်သူများ အကျိုးအတွက် တူညီသည်များကို ပူးပေါင်းဆောင်ရွက်သော မတူတာခွဲ တူတာတွဲ လုပ်ကိုင်ခြင်း အဆင့်” မှသည် “မတူကွဲပြား သဘောထား ကွဲလွဲမှုများကို နိုင်ငံရေး စိတ်ရှည်သည်းခံမှု အရင်းတည်၍ ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်း အဆင့်” သို့ တက်လှမ်း နိုင်ခဲ့ပြီ ဖြစ်ကြောင်း တွေ့ရှိနိုင်သလို နိုင်ငံတော်သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မကြာခဏဆိုသလို တွေ့ဆုံ ဆွေးနွေးခဲ့သော ဖြစ်ရပ်များသည် ဤနိုင်ငံရေး ယဉ်ကျေးမှု၏ သာဓကများပင် ဖြစ်နေလေသည်။ နိုင်ငံရေး ခေါင်းဆောင်များ အနေဖြင့် နိုင်ငံပြုပုဂ္ဂိုလ်  Statesman များအဖြစ် ရပ်တည် ဆောင်ရွက်နေကြသည်ကို အထင်အရှားတွေ့ မြင်နေရပြီဖြစ်ရာ နိုင်ငံသား များအနေဖြင့် နိုင်ငံပြုပုဂ္ဂိုလ် Statesman များ၏ ဦးဆောင်လမ်းပြမှုကို အလေးအနက်ခံယူကြရန် လိုအပ်မည်ဖြစ်သည်။  မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၏ အဓိကစိန်ခေါ်မှု နှစ်ရပ်မှာ “ရယ်ဒီကယ်ထောင်ချောက်ကို ကျော်လွှားနိုင်ရေး” နှင့် “အထက်တန်း ကျသော အမျိုးသားရေးကို တည်ဆောက်နိုင်ရေး” ပင် ဖြစ်နေလေသည်။ အထက်တန်း ကျသော အမျိုးသားရေးဟူသည် နိုင်ငံသား အားလုံး၊ တစ်မျိုးသားလုံးနှင့် သက်ဆိုင်သော အကျိုးစီးပွား ဖော်ဆောင်နိုင်ရေး ပင်ဖြစ်သည်။ မြန်မာ ဟူသော ကိုယ်စားပြုမှုသည် အမျိုးသားရေးဖြစ်သလို နိုင်ငံသားအားလုံး ပါဝင်မှုကို ဖော်ညွှန်းနေသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေ တို့နှင့် ညီညွတ်သော နိုင်ငံသားအားလုံးသည် မြန်မာဟူသော National သို့တည်းမဟုတ် Citizen များပင်ဖြစ်ကြလေရာ မြန်မာ့အမျိုးသားရေး တည်ဆောက်ရေး Nation Building ကို ပြန်လည် ဆောင်ရွက်ကြရမည့် အနေအထား ဖြစ်နေလေသည်။  ဤသို့ မြန်မာ့အမျိုးသားရေး တည်ဆောက်ရေးသို့ ဦးတည် လျှောက်လှမ်းကြရာတွင် မြန်မာ့လူ့ဘောင် အဖွဲ့အစည်း၏ အင်္ဂါရပ်များ ဖြစ်ကြသော မေတ္တာတရား၊ ကိုယ်ချင်းစာတရား၊ လူသားဆန်မှု တို့ကို အရင်းခံ ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံသားဖြစ်မှု၏ အနက်အဓိပ္ပာယ်ကို လေးနက် မှန်ကန်စွာ သိရှိနားလည်၍ ရယ်ဒီကယ်ထောင်ချောက် များကို ကျော်လွှားရမည် ဖြစ်ကြောင်း၊ နှစ်ပေါင်းများစွာ သဟဇာတရှိရှိ ငြိမ်းချမ်းစွာ နေထိုင်ခဲ့ကြသော မြန်မာ့ လူ့အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို နိုင်ငံသားများ အားလုံး လူမျိုးမရွေး၊ ဘာသာမရွေး မြှင့်တင်ဖော်ဆောင်ကြရမည် ဖြစ်ကြောင်း အရေးတကြီး လိုအပ်နေပြီဖြစ်သည်။  လက်ရှိကြုံတွေ့နေရသော စိန်ခေါ်မှုများကို ဖြေရှင်း ဆောင်ရွက်နိုင်ရေး အတွက် ဥပဒေစိုးမိုးရေးသည် အသက်သွေးကြော ဖြစ်နေသည်ကှိုအေုန့သိုနမ အားလုံးက မှန်မှန်ကန်ကန် သိမြင်လျက် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းပေးမည့် တည်ငြိမ် အေးချမ်းမှုကို အမြန်ဆုံး ဖော်ဆောင်နိုင်ရန် အတွက် ဥပဒေစိုးမိုးရေး အင်အားစုများ ဘက်မှ ခိုင်ခိုင်မာမာ မားမားမတ်မတ် ထောက်ခံရပ်တည် ပေးကြပါမည့် အကြောင်း အလေးအနက်ထား တိုက်တွန်းရေးသား လိုက်ရပေသည်။
..............................
...............................................
(မှူးဇော်)
နိဒါန်း
.....
မြန်မာနိုင်ငံသည် နိုင်ငံတကာအသိုင်းအဝိုင်း အလယ်တွင် ရေပန်းစား ထင်ရှားလာခဲ့သလို ပိတ်ဆို့မှုများ ဖြေလျှော့ပေးလိုက်သည်နှင့် အမျှ ကူညီထောက်ပံ့မှု များနှင့် ရင်းနှီးမြှုပ်နှံမှု များသည်လည်း အရှိန်အဟုန်နှင့် ဝင်ရောက်လာခဲ့သည်။ ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံ မျက်နှာပန်း လှလာခဲ့သည်ဟု ဆိုက မှားမည်မထင်။ 
မကြာသေးခင်ကပင် အမေရိကန် ပြည်ထောင်စုမှ မြန်မာနိုင်ငံဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အကြောင်း ၊ ICG အဖွဲ့၏ ၂၀၁၂ခုနှစ် နိုဝင်ဘာလက ထုတ်ပြန်ခဲ့သော “မိုးကုတ်စက်ဝိုင်းတွင် တိမ်မည်းတို့ ဆင်နေသော မြန်မာနိုင်ငံ” လေ့လာချက်စာတမ်းပါ သုံးသပ်ချက်များ အကြောင်း ဆွေးနွေးဖြစ်ခဲ့သည်။ တောင်အာဖရိကနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးသည် နိုင်ငံတကာ ဒီမိုကရေစီ ဖတ်စာအသစ် ဖြစ်နေ ခဲ့သော်လည်း မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုမှာ ထင်မှတ်မထားရ လောက်အောင် ပိုမို၍ Comprehensive သဘောလည်းဆောင်၊ မဟာဗျူဟာ သဘောလည်း ဆောင်နေကြောင်း၊ ထို့ကြောင့်ပင် မြန်မာ့ဒီမိုကရေစီ ကူးပြောင်းရေးသည် နောက်ဆုံးပေါ် ဒီမိုကရေစီ ဖတ်စာအသစ် ဖြစ်လာနေခြင်းဖြစ်ကြောင်း ထည့်သွင်း ပြောကြားသွားခဲ့သည်။ စာရေးသူ အနေဖြင့် Transition ပြီးနောက် နောက်တစ်ဆင့်ဖြစ်သည့် Liberalization ကိုကျော်လွန်နိုင်မှသာ နောင်မျိုးဆက်များအထိ အေးချမ်းလုံခြုံစွာ ဆက်ခံနိုင်မည့် Consilidation အဆင့်သို့ ဆိုက်ရောက်မည်ဖြစ်ကြောင်း၊ ယင်းသို့ ဆိုက်ရောက်နိုင်ရန် ခေါင်းဆောင်များအကြား ခိုင်မာတိကျသော သဘောတူညီချက် တစ်ရပ် မရှိမဖြစ် လိုအပ်ကြောင်း၊ မြန်မာ့ဒီမိုကရေစီ ခရီးမှာ အသွင်ကူးပြောင်းရေးတွင် Comprehensive ဖြစ်နေသလို တွေ့ကြုံ ရင်ဆိုင်လာရသော စိန်ခေါ်မှုများသည်လည်း Comprehensive ဖြစ်နေကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။
အမျိုးသားရေးစိတ်ဓာတ်နှင့် ရယ်ဒီကယ်ထောင်ချောက်
................................................................
ယင်းနောက် စာရေးသူအနေဖြင့် ပြန်ပြောင်း ဆန်းစစ်မိသည်မှာ မြန်မာနိုင်ငံသားများ ရင်ထဲမှနိုးထလာခဲ့သော အမျိုးသားရေးစိတ်ဓာတ် အကြောင်းပင်ဖြစ်သည်။ Miss Myanmar နန်းခင်ဇေယျာအား အလုံးအရင်းဖြင့် ထောက်ခံမှုပေးခဲ့ခြင်းများ၊ မြန်မာ့လက်ရွေးစင် ဘောလုံး အသင်းအား တစ်ခဲနက် အားပေးခဲ့မှုများ၊ နိုင်ငံတကာနှင့် အဆက်ပြတ် ကင်းကွာခဲ့ရာမှ ကမ္ဘာ့မိသားစုဝင်အဖြစ် သိက္ခာရှိရှိ သွားရောက်ခဲ့သော နိုင်ငံတော်သမ္မတကြီး၏ ပြည်ပခရီးစဉ်များမှ အပြန်တွင် ပြည်သူများ၏ ကြိုဆိုခဲ့မှုများ၊ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံ တကာအလယ် တင့်တယ်ခဲ့သော ပုံရိပ်များ၊ နှစ်ပေါင်းများစွာအတွင်း မကြုံဖူးလှသော နိုင်ငံရေးခေါင်းဆောင်များ၏ သန်း ၆၀ Common Ground ပေါ် ရပ်တည်ကာ ပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံတကာ လေ့လာ သုံးသပ်သူ အများအပြားက အာရှ-ပစိဖိတ်၏ ထွန်းသစ်စနိုင်ငံ တစ်နိုင်ငံအဖြစ် တစ်ပေး ခန့်မှန်းလာမှုများ စသည်တို့နှင့် တစ်ဆက်တည်းမှာပင် နိုင်ငံသား များ၏ ရင်ထဲမှ မြန်မာနိုင်ငံဟူသော ပုံရိပ်သည် ပိုမို၍ကြီးကျယ် မြင့်မြတ်လာခဲ့သည်။
အကြောင်းအမျိုးမျိုးကြောင့် ခေတ်နောက်ကျခဲ့ရသော မြန်မာ နိုင်ငံသည် အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်၊ နိုင်ငံတကာ အကြီးအကဲများ အိမ်ဦးနှင့်ကြမ်းပြင် ဝင်ထွက်လာမှုများ၊ နိုင်ငံတကာ စင်မြင့်များတွင် မြန်မာနိုင်ငံအား တလေးတစား နေရာပေးလာမှုများ စသည် တို့ကြောင့်လည်း ခေါင်းငုံ့မျက်လွှာချခဲ့ရသော ဘဝမှ ဦးမော့ရင်ကော့လာ နိုင်သော အခြေအနေသို့ ကူးပြောင်း ရောက်ရှိလာခဲ့သည်။ တစ်နည်းဆိုရလျှင် လွတ်လပ်ရေး ကြိုးပမ်းမှုကာလတွင် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တူညီစွာ ရုန်းကန်ထွက်ပေါ်လာခဲ့သော မြန်မာ့အမျိုးသားရေး စိတ်ဓာတ်သည်
တစ်ကျော့ပြန် ပြန်လည်နိုးထ လာခဲ့ခြင်းပင် ဖြစ်သည်။ တမံကျိုး၍
လှောင်ပိတ်ထားခဲ့သော ရေများ ဒလဟော စီးဆင်းလာခဲ့သလို အပြိုင်းအရိုင်း ထွက်ပေါ်လာသော အမျိုးသားရေး စိတ်ဓာတ်သည် ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် ကြီးမားလှသော မောင်းနှင်အားများ ဖြစ်နေသော်လည်း မမျှော်လင့်ဘဲ ကြုံတွေ့ခဲ့ရသည် ပဋိပက္ခများနှင့် ထိပ်တိုက်တိုးကာ လက်ယာစွန်းသို့ ရောက်ရှိသွားနိုင်သည့် အန္တရာယ်များလည်း ဖြစ်ပေါ်လာ နိုင်ပေသည်။ ဤသည်ကို ရယ်ဒီကယ်ထောင်ချောက်ဟု ခေါ်ဆိုနိုင်မည် ဖြစ်သည်။ ဤထောင်ချောက်အတွင်း မသက်ဆင်းမိစေရန် အားလုံး သတိပြုရပေမည်။
Social Stability
..................
နှစ်ကြိမ်နှစ်ခါ ဖြစ်ပွားခဲ့သော ရခိုင်ပဋိပက္ခသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် ကြီးမားလှသော စိန်ခေါ်မှုကြီးဖြစ်သလို နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင်သည်လည်း ဆရာတော်ကြီးများ၊ ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံညှိနှိုင်းကာ ငြိမ်းအေးရာလမ်းကို ဖော်ထုတ် လျှောက်လှမ်းခဲ့ရသည်။ ရှုပ်ထွေးနက်နဲလှသော နောက်ခံ အကြောင်းတရားများ သည်လည်း ချက်ချင်းလက်ငင်း အဖြေမထွက်သော ပုစ္ဆာ တစ်ပုဒ်သဖွယ် လိပ်ခဲတည်းလည်း အကျပ် အတည်းတစ်ရပ်ကို ဦးတည်ခဲ့သည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ ဖြတ်သန်းနေရသော မြန်မာ့လူ့ဘောင် အဖွဲ့အစည်းကြီး တစ်ရပ်လုံးသည်လည်း ရယ်ဒီကယ် ထောင်ချောက်ကို ကျော်ဖြတ်နေရသည်။ အားကောင်းမောင်းသန် Civil Society များ အားနည်းလှသော လက်ရှိ အသွင်ကူးပြောင်းရေး ကာလတွင် ရယ်ဒီကယ် အစွန်းများမှာ စေ့စေ့တွေး ကြည့်လျှင် ဒီမိုကရေစီအတွက် အန္တရာယ်တစ်ရပ်အထိ ဖြစ်စေနိုင်သည်။
မိတ္ထီလာပဋိပက္ခတွင် အမျိုးသားရေး စိတ်ဓာတ်၏ အစွန်းထွက် ဆိုးကျိုးများဟု ဆိုနိုင်ပြီး Opinion Leader များ၏ သြဇာမှာလည်း လျော့ကျနေသည်ကို တွေ့ရှိနိုင်သည်။ တစ်ချိန်တည်းမှာပင် ပဋိပက္ခအသွင် ဆောင်သော Social Media ရေစီးကြောင်းကလည်း မီးလောင်ရာ လေပင့်ဖြစ်စေခဲ့သည်။ မဟာဗျူဟာသဘော သက်ဝင်သော ဖြေရှင်းချက်များထက် လတ်တလော ပဋိပက္ခ မကြီးထွားရေးကို ဦးတည်ဆောင်ရွက် နေရသည်ဖြစ်ရာ နိုင်ငံတော်သမ္မတကြီး တောက်လျှောက် ပြောကြားခဲ့သော တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ဟူသည့် ပြည်သူများ၏ တူညီသော ဆန္ဒနှစ်ရပ် မှာ ထိပ်တန်းဦးစားပေး လုပ်ငန်းစဉ်ကြီးများ ဖြစ်နေသည်။ တစ်ဖန် တည်ငြိမ်အေးချမ်းမှု ဟူသည် ဖွံ့ဖြိုးတိုးတက်မှုနှင့် ရာနှုန်းပြည့် ဆက်စပ်လျက် ရှိရာ မြန်မာ့လူ့ဘောင် အဖွဲ့အစည်း တစ်ရပ်လုံး ဖြတ်သန်းနေကြရသော မြန်မာ့ဒီမိုကရေစီ ရှေ့ခရီးအတွက် အသက်သွေးကြောပင် ဖြစ်နေလေသည်။
Stability တွင် အမျိုးမျိုးရှိကြလေရာ လူ့အဖွဲ့အစည်းနှင့် သက်ဆိုင်သော Social Stability ကို မျက်မှောက်ပြုကြရန် လိုအပ်သည်။ ဒီမိုကရေစီ၊ လွတ်လပ်မှုနှင့် အခွင့်အရေး စသည်တို့ကို အခြေခံသော Social Mobilization သည် နိုင်ငံနှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ရှေးရှု ဦးတည်သော၊ မြန်မာ့ဒီမိုကရေစီ ခရီးလမ်းနှင့် လိုက်လျောညီထွေဖြစ်သော၊ အနာဂတ်မျိုးဆက်များ အတွက်ပါ ဘက်စုံအသွင် မဟာဗျူဟာ သဘောဆောင်သော ရွှေ့ပြောင်းမှုကြီးဖြစ်ရန် လိုအပ်မည်ဖြစ်သည်။ ဤသို့သော Social Mobilization တွင် Social Media ကဲ့သို့သော Social Effect များသည်လည်း အခွင့်အလမ်းနှင့် စိန်ခေါ်မှု ဒွန်တွဲနေသော သာဓကတစ်ရပ် ဟု ဆိုနိုင်မည်ဖြစ်သည်။ ထင်ရှားကျော်ကြားသော Opinion Leader များ၊ Think Tank အဖွဲ့အစည်းများ၊ Civil Society များ၊ မီဒီယာများအနေဖြင့် ဤတာဝန်ကို ရယူထမ်းဆောင်ကြရမည် ဖြစ်သည်။
နိုင်ငံသားတို့၏တာဝန်
........................
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံသားများ ထမ်းဆောင်ရမည့် တာဝန်များ၊ ကျေပွန်ရမည့် ဝတ္တရားများနှင့် အတူ လူ့ဘောင်အဖွဲ့အစည်း၏ လူမှုပဋိဉာဉ် များလည်း တည်ရှိနေသည်။ “Active Citizenship” ဟူသည် မိမိတို့လူ့အဖွဲ့အစည်း၏ ကောင်းရာကောင်းကျိုးကို ရည်ရွယ်သည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ၊ ပြည်သူ့ရေးရာ လုပ်ငန်းကိစ္စများ၊ ပရဟိတ လုပ်ဆောင်ချက်များ စသည်တို့ ဆောင်ရွက်ရမည် ဟူသော အယူအဆတစ်ရပ်ပင် ဖြစ်သည်။ “Active Citizenship” ဟူသည် နိုင်ငံသားအားလုံး၏ လူနေမှုဘဝများ တိုးတက်မြင့်မားလာစေရန် ဆောင်ရွက်ကြကုန်သော လုပ်ဆောင်ချက် မှန်သမျှကို အဓိကဦးတည်လေ့ ရှိသည်။ နိုင်ငံတော်သမ္မတကြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ဥက္ကဋ္ဌ များစသည့် နိုင်ငံရေးခေါင်းဆောင်များ ကိုယ်တိုင် မကြာခဏထုတ်ဖော် ပြောကြားလျက်ရှိသော Rule of Law Society ဖြစ်ပေါ်လာရေးအတွက် Rule of Law Civil Society များ အားကောင်းခိုင်မာရန် လိုအပ်နေသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေ တို့အရ နိုင်ငံသားဖြစ်မှုကို
တိတိကျကျ ပြဋ္ဌာန်းသတ်မှတ်ထားပြီးဖြစ်ရာ နိုင်ငံသားစိတ်ဓာတ်၊ နိုင်ငံသား ဟူသောခံယူချက်၊ နိုင်ငံသားတို့၏တာဝန် စသည်အားဖြင့် ကျယ်ပြန့်လှသော အဓိပ္ပာယ်ကို Civil Leader များက ရှင်းလင်းပေးရန် လိုအပ်မည်ဖြစ်သည်။ အလားတူ Civil Society များအနေဖြင့်လည်း ရယ်ဒီကယ်ထောင်ချောက် များကို သတိထား၍ ကျော်ဖြတ်နိုင်ရန် လိုအပ်မည်ဖြစ်သည်။ Civil Society များ ကိုယ်တိုင် ရယ်ဒီကယ်ထောင်ချောက် များကို ကျော်ဖြတ်နိုင်ပါမှ နိုင်ငံသားများ အနေဖြင့် ရယ်ဒီကယ်ထောင်ချောက်များကို ရှောင်ရှားနိုင်မည် ဖြစ်သည်။ ထိုနည်းတူစွာ ဥပဒေကို လိုက်နာစောင့်ထိန်းသော နိုင်ငံသားများ ဖြစ်လာစေရန် ကြိုးပမ်းအား ထုတ်ကြဖို့ လိုအပ်သလို ဥပဒေနှင့်အညီ လုံလောက်သော စောင့်ရှောက် ကာကွယ်မှုများကို တန်းတူရည်တူ ရရှိခံစားပိုင်ခွင့် ရှိရမည်။ အလားတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကဲ့သို့သော Law Enforcement Mechanism များအနေဖြင့်လည်း နိုင်ငံသား တာဝန်ကျေပွန်သော နိုင်ငံသားများကို ဥပဒေနှင့်အညီ စောင့်ရှောက် ကာကွယ်မှုများ ပေးအပ်ရမည် ဖြစ်သလို ရယ်ဒီကယ်လမ်းကို လျှောက်လှမ်း နေကြသော (သို့မဟုတ်) ရယ်ဒီကယ်လမ်းပေါ်သို့ ပြည်သူများ ရောက်ရှိလာစေရန် ဆွဲခေါ်နေသော နိုင်ငံသားများက ဥပဒေနှင့်အညီ ထိထိ ရောက်ရောက် အရေးယူ ဆောင်ရွက်ရမည်သာဖြစ်သည်။ ယင်းအတွက် နိုင်ငံရေး ခေါင်းဆောင်များ၊ Opinion Leader များက ရဲတပ်ဖွဲ့ကို မှန်ကန်သော ထောက်ခံအားပေးမှုများ ပံ့ပိုးပေးရန် လိုအပ်မည် ဖြစ်သည်။
အသွင်ကူးပြောင်းရေးနှင့် စိန်ခေါ်မှုများ
...........................................
လက်ရှိအချိန်တွင် Law Enforcement Mechanism များ ကိုယ်တိုင် အသွင်ကူးပြောင်းရေးကို ဖြတ်သန်းနေရသည် ဖြစ်သလို မြန်မာ့လူ့အဖွဲ့အစည်း တစ်ခုလုံးမှာ အသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ်တွင် ရှိနေပေသည်။ လက်ရှိဖြတ်သန်းခဲ့ပြီးသော ၂ နှစ်တာကာလကို ပြန်ပြောင်း လေ့လာကြည့်လျှင် သမိုင်းကြောင်း နောက်ခံ၊ ပြည်သူများ၏ ရေချိန်၊ နိုင်ငံရေးနိုးကြားမှု၊ လူမှုပဋိဥာဉ် စသည်တို့အရ မြန်မာ့ဒီမိုကရေစီကို မြန်မာ့နည်းမြန်မာ့ဟန် ဖြင့်သာ အကောင်းဆုံး ထိန်းကျောင်းသွားရမည် ဖြစ်ကြောင်း အကြမ်းဖျင်း သုံးသပ်နိုင်သည်။ ကူးပြောင်းမှုမှာ အရပ်ရပ် ဒီမိုကရေစီ ဖတ်စာများထက် ပိုမို၍ ကဏ္ဍအစုံအလင် ပါဝင်နေသလို ကိုယ်တိုင်ကိုယ်ကျ ကူးပြောင်းနေကြရသော နိုင်ငံသား အားလုံးသည်လည်း ကဏ္ဍအစုံအလင် တွင် ပါဝင်နေကြရသည်။
နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင် ထုတ်ဖော်ပြောကြားခဲ့သော နိုင်ငံရေးယဉ်ကျေးမှု အသစ်ကို ပြန်ပြောင်း လေ့လာကြည့်လျှင် “မတူကွဲပြားမှု များကို ဘေးဖယ်ထားပြီး နိုင်ငံနှင့်ပြည်သူများ အကျိုးအတွက် တူညီသည်များကို ပူးပေါင်းဆောင်ရွက်သော မတူတာခွဲ တူတာတွဲ လုပ်ကိုင်ခြင်း အဆင့်” မှသည် “မတူကွဲပြား သဘောထား ကွဲလွဲမှုများကို နိုင်ငံရေး စိတ်ရှည်သည်းခံမှု အရင်းတည်၍ ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်း အဆင့်” သို့ တက်လှမ်း နိုင်ခဲ့ပြီ ဖြစ်ကြောင်း တွေ့ရှိနိုင်သလို နိုင်ငံတော်သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မကြာခဏဆိုသလို တွေ့ဆုံ ဆွေးနွေးခဲ့သော ဖြစ်ရပ်များသည် ဤနိုင်ငံရေး ယဉ်ကျေးမှု၏ သာဓကများပင် ဖြစ်နေလေသည်။ နိုင်ငံရေး
ခေါင်းဆောင်များ အနေဖြင့် နိုင်ငံပြုပုဂ္ဂိုလ် Statesman များအဖြစ် ရပ်တည် ဆောင်ရွက်နေကြသည်ကို အထင်အရှားတွေ့ မြင်နေရပြီဖြစ်ရာ နိုင်ငံသား များအနေဖြင့် နိုင်ငံပြုပုဂ္ဂိုလ် Statesman များ၏ ဦးဆောင်လမ်းပြမှုကို အလေးအနက်ခံယူကြရန် လိုအပ်မည်ဖြစ်သည်။
မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၏ အဓိကစိန်ခေါ်မှု နှစ်ရပ်မှာ “ရယ်ဒီကယ်ထောင်ချောက်ကို ကျော်လွှားနိုင်ရေး” နှင့် “အထက်တန်း ကျသော အမျိုးသားရေးကို တည်ဆောက်နိုင်ရေး” ပင် ဖြစ်နေလေသည်။ အထက်တန်း ကျသော အမျိုးသားရေးဟူသည် နိုင်ငံသား အားလုံး၊ တစ်မျိုးသားလုံးနှင့် သက်ဆိုင်သော အကျိုးစီးပွား ဖော်ဆောင်နိုင်ရေး ပင်ဖြစ်သည်။ မြန်မာ ဟူသော ကိုယ်စားပြုမှုသည် အမျိုးသားရေးဖြစ်သလို နိုင်ငံသားအားလုံး ပါဝင်မှုကို ဖော်ညွှန်းနေသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေ တို့နှင့် ညီညွတ်သော နိုင်ငံသားအားလုံးသည် မြန်မာဟူသော National သို့တည်းမဟုတ် Citizen များပင်ဖြစ်ကြလေရာ မြန်မာ့အမျိုးသားရေး တည်ဆောက်ရေး Nation Building ကို ပြန်လည် ဆောင်ရွက်ကြရမည့် အနေအထား ဖြစ်နေလေသည်။
ဤသို့ မြန်မာ့အမျိုးသားရေး တည်ဆောက်ရေးသို့ ဦးတည် လျှောက်လှမ်းကြရာတွင် မြန်မာ့လူ့ဘောင် အဖွဲ့အစည်း၏ အင်္ဂါရပ်များ ဖြစ်ကြသော မေတ္တာတရား၊ ကိုယ်ချင်းစာတရား၊ လူသားဆန်မှု တို့ကို အရင်းခံ ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံသားဖြစ်မှု၏ အနက်အဓိပ္ပာယ်ကို လေးနက် မှန်ကန်စွာ သိရှိနားလည်၍ ရယ်ဒီကယ်ထောင်ချောက် များကို ကျော်လွှားရမည် ဖြစ်ကြောင်း၊ နှစ်ပေါင်းများစွာ သဟဇာတရှိရှိ ငြိမ်းချမ်းစွာ နေထိုင်ခဲ့ကြသော မြန်မာ့ လူ့အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို နိုင်ငံသားများ အားလုံး လူမျိုးမရွေး၊ ဘာသာမရွေး မြှင့်တင်ဖော်ဆောင်ကြရမည် ဖြစ်ကြောင်း အရေးတကြီး လိုအပ်နေပြီဖြစ်သည်။
လက်ရှိကြုံတွေ့နေရသော စိန်ခေါ်မှုများကို ဖြေရှင်း ဆောင်ရွက်နိုင်ရေး အတွက် ဥပဒေစိုးမိုးရေးသည် အသက်သွေးကြော ဖြစ်နေသည်ကှိုအေုန့သိုနမ အားလုံးက မှန်မှန်ကန်ကန် သိမြင်လျက် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းပေးမည့် တည်ငြိမ် အေးချမ်းမှုကို အမြန်ဆုံး ဖော်ဆောင်နိုင်ရန် အတွက် ဥပဒေစိုးမိုးရေး အင်အားစုများ ဘက်မှ ခိုင်ခိုင်မာမာ မားမားမတ်မတ် ထောက်ခံရပ်တည် ပေးကြပါမည့် အကြောင်း အလေးအနက်ထား တိုက်တွန်းရေးသား လိုက်ရပေသည်။
၂ နှစ်သားအစိုးရအပေါ် အကဲဖြတ်ခြင်း
$
0
0
သမ္မတဦးသိန်းစိန်အစိုးရအတွက် လက်ကျန်သုံးနှစ်တာကာလအတွင်း စီးပွားရေးအမြန်ဆုံး ဖွံ့ဖြိုးအောင် ဆောင်ရွက်ရန်လိုနေပြီဖြစ်သည်
ရေးသားသူ- သတင်းအဖွဲ့
လွန်ခဲ့သည့် ၂ နှစ် အစိုးရသစ်တက်လာခဲ့စဉ်က မြန်မာ့နိုင်ငံရေး အနာဂတ်အတွက် လူအများစု မျှော်လင့်ချက် များစွာ မထားခဲ့ကြပါ။ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ ယခင်အစိုးရ၏ ၀န်ကြီးချုပ်ဟောင်းဖြစ်ခဲ့ရာမှ သမ္မတသစ် ဖြစ်လာသော ဦးသိန်းစိန်ထံမှလည်း အပြောင်းအလဲများ မြစ်ဖျားခံလာမည်ဟု မြန်မာ့နိုင်ငံရေး လေ့လာ အကဲခတ်သူ အများစုပင် တွေးမထားခဲ့ကြပါ။
သို့သော် ဦးသိန်းစိန်၏ အစိုးရအဖွဲ့သက်တမ်း ၂ နှစ်ပြည့်ချိန်တွင် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲတိုးတက်မှု များမှာ မျှော်လင့်မထားသော အခြေအနေထက် ရှေ့သို့ပိုရောက်လာကြောင်း နိုင်ငံရေး လေ့လာအကဲခတ်သူ များက သုံးသပ်သည်။
“အစိုးရနဲ့ပတ်သက်လို့ သိပ်ပြီး မျှော်လင့်ချက်တွေ မထားခဲ့ပါဘူး။ ဒီလောက်ထိ ပွင့်လင်းမြင်သာတဲ့၊ ဒီလောက်ထိ ပြုပြင်ပြောင်းလဲရေးကိုလိုလားတဲ့၊ ဒီလောက်ထိ ငြိမ်းချမ်းရေးကိုလိုလားတဲ့ အစိုးရ တစ်ရပ်ဖြစ်လာလိမ့်မယ်လို့ ထင်ကိုမထင်ထားခဲ့ပါဘူး။ နောက်တစ်ခုက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အစိုးရဖြစ်နေလို့လဲ ဒီလောက်ထိဖြစ်လာမယ်လို့ မမျှော်လင့်ခဲ့တာ” ဟု အမျိုးသားဒီမိုကရေစီ ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေကမှတ်ချက်ပေးသည်။
“ဒီဖွဲ့စည်းပုံအရ တက်လာတဲ့ အစိုးရကတော့ လူမပြောင်းပေမယ့် မူပြောင်းမယ်လို့တော့ မျှော်လင့်ခဲ့တယ်။ နည်းနည်းလေးတော့ ပွင့်လင်းလာလိမ့်မယ်လို့ ထင်ခဲ့တယ်။ အခုလက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတွေဟာ ၂၀၁၅ နောက်ပိုင်းမှ ဖြစ်လာနိုင်စရာရှိ တယ်လို့ ထင်ထားခဲ့တာ။ လက်ရှိ အစိုးရအနေနဲ့ ဒီလောက်ပြောင်း လိမ့်မယ်လို့ ထင်ကိုမထင်ခဲ့တာ။ မျှော်လည်း မမျှော်လင့်ခဲ့ဘူး။ ပထမဆုံး ပြုပြင်ပြောင်းလဲဖို့ အထင်ရှားဆုံး ကတော့ မြစ်ဆုံကိစ္စပေါ့” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးနေသန်မောင်က သုံးသပ်သည်။
ဧရာဝတီမြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်း၊ နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ခြင်း၊ ရွေးကောက်ပွဲဥပဒေ အချက်အချို့ ပြင်ဆင်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အတွင်း ၀င်ရောက်နိုင်ရန် လမ်းဖွင့်ပေးခဲ့ခြင်း၊ ဝေဖန်မှုများ ရှိသော်လည်း ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်စွာ ကျင်းပပေးကာ ဒေါ် အောင်ဆန်းစုကြည် လွှတ်တော်သို့ ရောက်ရှိလာခြင်း၊ လွတ်လပ် စွာ ဆနပြခွင့်ပြုခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစုနှင့် အပစ်အခတ် ရပ်စဲအောင် ဆောင်ရွက်နိုင်ခြင်း၊ အစိုးရ ၀န်ထမ်းများ၏ ပင်စင်လစာတိုးပေးကာ ထောက်ပံ့ကြေး တိုးပေးခြင်း၊ ဖုန်းဈေးနှုန်းများ လျှော့ချပေးခြင်း၊ နိုင်ငံသားတိုင်း ကားတင်သွင်းခွင့် ပြုခြင်း၊ မီဒီယာ လွတ်လပ်ခွင့်ပြု ခြင်း၊ အမျိုးမျိုးဖြစ်နေသော ငွေလဲနှုန်းကို တစ်ဆင့်ချင်းပယ်ဖျက်ကာထိန်းကျောင်းငွေလဲနှုန်းရှင် သတ်မှတ်ပေးခဲ့ခြင်း၊ အစိုးရ အဖွဲ့အတွင်း ကောင်းမွန်သော အပြောင်းအလဲများစွာ ပြုလုပ်ခဲ့ခြင်း၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစသော ကဏ္ဍများတွင် ဖြေလျှော့မှုများစွာ၊ ပြောင်းလဲမှုများစွာ ပြုလုပ်ခဲ့ခြင်းစသော မှတ်တိုင်များစွာကို အစိုးရသစ်နှင့် လွှတ်တော်များက ၂ နှစ်ကျော်အတွင်း ပူးပေါင်းစိုက်ထူနိုင်ခဲ့ပါသည်။
ထို့ကြောင့် ၂ နှစ်သားအစိုးရ (မှတ်ချက်-ဦးသိန်းစိန်၏ အစိုးရ မှာ ၂၀၁၁ မတ် ၃၀ တွင် ကျမ်းသစ္စာကျိန်ဆို စတင်တာဝန်ယူ၍ ၂၀၁၃ မတ် ၃၀ တွင် ၂ နှစ်တင်းတင်းပြည့်သည်) နှင့် လွှတ်တော်များ၏ စွမ်းဆောင်မှုအပေါ် နယ်ပယ်ပေါင်းစုံမှ ပုဂ္ဂိုလ်များ၊ သာမန်ပြည်သူများ၏ သဘောထားမှတ်ချက်တောင်းခံရာတွင် ကောင်းမွန် သည်ဟု အမှတ်ပေးကြသည်။
ကချင်စစ်ပွဲ၊ ရခိုင် ပဋိပက္ခ၊ လက်ပံတောင်းတောင်အရေးနှင့် မိတ္ထီလာ အကြမ်းဖက်မှုအပေါ် အစိုးရ၏ ကိုင်တွယ်ပုံများမှာ ညံ့ဖျင်းကြောင်း နိုင်ငံရေး လေ့လာအကဲခတ်သူများက ဆိုသည်။ အပြောင်းအလဲများကို အောက်ခြေပြည်သူ လူထုခံစားခွင့်ရစေရန် အရေးကြီးဆုံးဖြစ်သော စီးပွားရေးဖွံ့ဖြိုးအောင် မလုပ်နိုင်သေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများစွာ မဖော်ထုတ်နိုင်သေးခြင်း၊ တရားဥပဒေစိုးမိုးမှု အားနည်းခြင်း၊ ၀န်ကြီးဌာန အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုအားနည်းခြင်း၊ သမ္မတနှင့် အစိုးရအဖွဲ့က တပ်မတော်အပေါ် သြဇာညောင်းမှုနည်းပါးခြင်း၊ ပြည်သူ အများစုလိုလားသော အခြေခံ ဥပဒေပြင်ဆင်ရေး မဆောင်ရွက်နိုင် သေးခြင်း စသည့်အချက်များမှာ အစိုးရအဖွဲ့၏ အားနည်းချက်များဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်များက သုံးသပ်သည်။
နိုင်ငံရေး
“အစိုးရနဲ့ အင်န်အယ်လ်ဒီကြားမှာ နားလည်မှုတွေရှိလာပြီး လက်တွဲလုပ်ဆောင်လာကြတယ်။ စာနယ်ဇင်း လွတ်လပ်ခွင့်တွေ ရလာတာ၊ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာက အကောင်းဘက်တိုးတက်မှု တွေပါ။ ဒါပေမဲ့ အစိုးရ ၂ နှစ်သက်တမ်းအတွင်း တိုင်းရင်းသားတွေ လိုချင်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူရည်တူ ရှိရေးကို မစွမ်းဆောင်နိုင်သေးဘူး။ ငြိမ်းချမ်းရေးက အရင်ထက်စာရင် တိုးတက်လာတယ်။ ဒါပေမဲ့ အပစ်အခတ်ရပ်စဲရေး အဆင့်ပဲ ရှိသေးတယ်။ ပြည်ထောင်စုအဆင့်ကို ဘယ်လိုဆက်သွားမလဲဆိုတာ စဉ်းစားစရာပါ” ဟု ၀ါရင့်နိုင်ငံရေးသမားကြီး ဦးသာဘန်းက ပြောသည်။
“အစိုးရသက်တမ်း ၂ နှစ်အတွင်း အစိုးရအနေနဲ့ တိုးတက်မှုကို ၆၀ ရာခိုင်နှုန်းလောက် လုပ်နိုင်တယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ယုံကြည်မှု တည်ဆောက်လာတာကို တွေ့ရတယ်။ တစ်ဖက်နဲ့တစ်ဖက် ထဲထဲဝင်ဝင် ပြောကြဆိုကြတာတွေ ရှိလာတယ်။ နိုင်ငံရေးဘက်မှာလည်း၂ နှစ်အတွင်း ပိုအားရှိလာတယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကလည်း သုံးသပ်သည်။
မြစ်ဆုံစီမံကိန်းရပ်ဆိုင်းမှုမှ စတင်ကာ ပြည်သူများမလိုလားသော စီမံကိန်းအချို့ရပ်ဆိုင်းပေးခဲ့ခြင်း၊ နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပြုကာ နိုင်ငံရေးအခင်းအကျင်းသစ်တွင် ပါဝင်ခွင့်ပြုမှု၊ တရားဝင်ဆန္ဒပြခွင့်ပြုမှု၊ မီဒီယာလွတ်လပ်ခွင့်ပေးမှု၊ ရွေးကောက်ပွဲဥပဒေမှ အချက်အချို့ ပြင်ပေးကာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီချုပ်အမတ်များ လွှတ်တော်အတွင်း ၀င်ရောက်လာမှု၊ နိုင်ငံရေးပါတီများ ပိုမိုလွတ်လပ်စွာ လှုပ်ရှားခွင့်ပြုမှု၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲနိုင်မှု၊ လူထုမကြိုက်နှစ်သက်သော ၀န်ကြီးအချို့ အပါအ၀င် ပြည်ထောင်စုဝန်ကြီးများ အနားပေးခြင်း၊ ဌာနပြောင်းရွှေ့ခြင်းများ ပြုလုပ်မှု၊ လူထုအသံကို အစိုးရနှင့် လွှတ်တော်က ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ် အလေးပေးနားထောင်လာမှု၊ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သော လွှတ်တော်များ ပီပြင်စွာ အလုပ်လုပ်လာမှုစသော အပြောင်းအလဲ အရွေ့များစွာမှာ ၂ နှစ်တာကာလအတွင်း ဖြစ်ပေါ်ခဲ့ပါသည်။
အဆိုပါ ပြောင်းလဲတိုးတက်မှုများကြောင့် ကမ္ဘာ့သြဇာအကြီးဆုံး အမေရိကန်သမ္မတ အိုဘားမား၊ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ ကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့အပါအ၀င် ကမ္ဘာ့ခေါင်းဆောင်များ၏ ခရီးစဉ်များ ပေါ်ပေါက်လာသည်။ အမေရိကန် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ နော်ဝေး၊ သြစတြေးလျစသော နိုင်ငံများမှ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားပေးခဲ့ခြင်းပင် ဖြစ်သည်။ အပြောင်းအလဲအများစုမှာ သမ္မတနှင့် ပြည်ထောင်စုဝန်ကြီး အချို့မှ အစပြုထွက်ပေါ်လာခြင်း ဖြစ်သည်။ ထို့ကြောင့် ယခင်အစိုးရ ခေါင်းဆောင်များ မမျှော်လင့်နိုင်သော ငြိမ်းချမ်းရေးနိုဗယ်ဆု ဆန်ခါတင်စာရင်းတွင် သမ္မတဦးသိန်းစိန်ရွေးချယ်ခံခဲ့ရသလို ပြည်ပနိုင်ငံအချို့ရှိ အဖွဲ့အစည်းများက ပေးအပ်သော ဂုဏ်ပြုဆုများ ဦးသိန်းစိန်က ပထမဆုံးအကြိမ် ရရှိခဲ့သည်။
“တစ်ချိန်လုံး ကျွန်တော်တို့က တစ်ပါတီစနစ်တို့ စစ်အစိုးရတို့ အောက်မှာ နေလာခဲ့ရတာ။ အခုမှ စပြီးဒီမိုကရေစီလုပ်တယ်ဆိုတော့ ၂ နှစ်လောက်ပဲရှိတဲ့အချိန်လေးမှာ အသားတော့ ဘယ်ကျနိုင်ဦးမလဲ။ သို့သော် သူတို့အရင်လုပ်ခဲ့တာတွေနဲ့စာရင်တော့ တဖြည်းဖြည်း ပွင့်ပွင့်လင်းလင်းဖြစ်အောင် လုပ်ပေးတဲ့ ဟာကတော့ တခြားဟာတွေထက် ထူးခြားတာပေါ့” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးတင်ဦးကလည်း ပြောသည်။
တစ်နှစ်လျှင် တစ်ကြိမ်၊ နှစ်ကြိမ်သာခေါ်ပြီး အလုပ်ဖြစ်မည် မဟုတ်ဟု လူအများထင်ထားခဲ့သော လွှတ်တော်များမှာ ဥပဒေပြုရေးမဏ္ဍိုင်တာဝန် ပီပြင်စွာ လုပ်ကိုင်လာမှုများကလည်း မမျှော်လင့်သော အပြောင်းအလဲပင်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်ပါတီ ရွေးကောက်ပွဲဝင်ပြိုင်ကာ လွှတ်တော်အတွင်း ၀င်ရောက်လာခြင်း၊ သမ္မတ ဦးသိန်းစိန်က နိုင်ငံဖွံ့ဖြိုးရေးအတွက် အပြောင်းအလဲများစွာ ပြုလုပ်လာခြင်း၊ လွှတ်တော်များ ပုံမှန်ကျင်းပ အသက်ဝင်လာခြင်း စသည်တို့မှာ ယခင်စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မမျှော်လင့်ထားသော အပြောင်းအလဲများဖြစ်နိုင်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်သူတစ်ဦးက မှတ်ချက်ပေးသည်။ ထိုအချက်များက မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို ပိုမိုမြန်ဆန် ခရီးရောက်စေခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
“ထင်သာမြင်သာအရှိဆုံး အားနည်းချက်ကတော့ ပြည်တွင်းမှာ နေထိုင်တဲ့ ပြည်သူတွေဟာ အရင် မတော်၊ မတရား ခံခဲ့ကြရတဲ့ အတင်းအဓမ္မ မြေယာသိမ်းယူခံခဲ့ရတာတွေ၊ အကျင့်ပျက်ဝန်ထမ်း ကြီးကြီးငယ်ငယ်တွေရဲ့ မတော်တရော် လုပ်ရပ်တွေအောက်မှာ မတရားခံခဲ့ရတာတွေ၊ တရားစီရင်ရေးနယ်ပယ်မှာ ငွေများတရားနိုင် ဆိုတဲ့ အစဉ်အလာဆိုးတွေကို ချက်ချင်း အပြောင်းအလဲ မလုပ်နိုင်တာပဲ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက အစိုးရအဖွဲ့ အားနည်းချက်ကို ထောက်ပြသည်။
ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွင် အစိုးရယန္တရား၏ အောက်ခြေအဆင့်ထိ ကြီးကြီးမားမား အပြောင်းအလဲများ မပြုလုပ်နိုင်သေးခြင်းမှာ အစိုးရအဖွဲ့၏ အားနည်းချက်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီနှင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌများဖြစ်သော ဦးခင်မောင်ဆွေနှင့် ဦးသုဝေတို့က ပြောသည်။
“အောက်ခြေအထိ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ မရောက်တာ၊ လွှတ်တော်နဲ့ အစိုးရကြားမှာ ပဋိပက္ခအသွင် ဖြစ်လာတာတွေဟာ အစိုးရရဲ့ အားနည်းချက်တွေလို့ ပြောလို့ရတယ်” ဟု ဦးခင်မောင်ဆွေက ဆက်လက်ပြောသည်။
သာမန်မှုခင်းမှ စတင်ပြီး လူမျိုးရေး၊ ဘာသာရေးအသွင် ကြီးထွားလာခဲ့သော ရခိုင်ပြည်နယ်နှင့် မိတ္ထီလာမြို့ တို့တွင် ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများတွင် အစိုးရအဖွဲ့၏ ကိုင်တွယ်ပုံ၊ လက်ပံတောင်းတောင် သပိတ်စခန်း အင်အားသုံး ဖြိုခွင်းမှုတို့မှာ အစိုးရ၏ စွမ်းဆောင်ရည်ကို အနုတ်ပြစေခဲ့သည်။ ပြည်တွင်းစစ်မီး တာရှည်စေ ခဲ့သော ကချက်ပြည်နယ် စစ်ပွဲများကြောင့် သမ္မတက တပ်မတော်အပေါ် သြဇာလွှမ်းမိုးမှုအပေါ် မေးခွန်းထုတ်မှု များ ရှိခဲ့သည်။
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် အပစ်ရပ်စဲပြီး ပြည်တွင်း ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်ရန်၊ ရခိုင်ပဋိပက္ခအကောင်းဆုံး ကိုင်တွယ်ဖြေရှင်းရန်၊ အစိုးရအဖွဲ့နှင့် လွှတ်တော် အပြန်အလှန်ထိန်းကျောင်းမှု ပိုမိုအသက်ဝင်ရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို အများပြည်သူ လိုလားသော ဒီမိုကရေစီ ပိုမိုခိုင်မာစေရန်အတွက် ပြင်ဆင်ရန်၊ လာဘ်ပေးလာဘ်ယူမှု ထိရောက်စွာ တိုက်ဖျက်ရန်၊ တရားဥပဒေ စိုးမိုးရေးအတွက် ပိုမိုဆောင်ရွက်ရန်လိုကြောင်း နိုင်ငံရေးသမားများ၊ နိုင်ငံရေး လေ့လာစောင့်ကြည့်သူများက အကြံပြုသည်။
စီးပွားရေးလုပ်ငန်းများ ဆက်တိုက်လုပ်ကိုင်နေသည့်ကြားမှ ကုမ္ပဏီ၏အရွယ်အစားမှာ နှစ်နှစ်အတွင်း လုပ်ငန်းများ မကောင်း၍ သေးသွားကြောင်း Golden Crop ကုမ္ပဏီ ဒါရိုက်တာ ဒေါ်ထူးထူးလတ်က ပြောသည်။ စီးပွားရေးလုပ်ငန်းများ အဓိကကြုံတွေ့ရသည်မှာ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုတွင်သာ ငွေအများစု စီးဝင်နေပြီး ကျန်လုပ်ငန်းများတွင် ငွေလည်ပတ်မှု နည်းပါးခြင်း၊ အသေးစား၊ အလတ်စား လုပ်ငန်းများကို အစိုးရက ဘဏ်ချေးငွေနှင့် အခြားကူညီပံ့ပိုးပေးမှု မရှိခြင်းဖြစ်ကြောင်း ဒေါ်ထူးထူးလတ်က သုံးသပ်သည်။
“အခြားနိုင်ငံတွေမှာ ၅၀ ဖိုးရှိရင် ၁၀၀ ဖိုးလောက် လုပ်နိုင်တယ်။ ဒီမှာက ၁၀၀ ဖိုးရှိရင် ၅၀ ဖိုးပဲ လုပ်နိုင်တယ်” ဟု ၎င်းက ဆက်ပြောသည်။
“အစိုးရပိုင်းက စက်ရုံတစ်ခုတည်ဆောက်မယ်ဆိုရင်လည်း လျှပ်စစ်မီးတို့ လမ်းပန်းဆက်သွယ်ရေးတို့ ရအောင်လုပ်ပေးမယ်ဆို တာမျိုးကို အခုက အာမခံမပေးနိုင်သေးဘူး” ဟု Eastern Alliance ကုမ္ပဏီများ အုပ်စု၏ အမှုဆောင်အရာရှိချုပ် ဦးကျော်စွာမြင့်ကလည်း ပြောသည်။ ပြည်ပပို့ကုန်လုပ်ငန်း လုပ်သူတစ်ဦးက ငွေလဲနှုန်းဖြစ်သင့်သော နှုန်းထက် နည်း၍ လုပ်ငန်းများ အခက်တွေ့နေကြောင်း ပြောပါသည်။
ထို့ကြောင့် ၂ နှစ်တာကာလအတွင်း ပုံမှန်စီးပွားရေးလုပ်ငန်းအများစုမှာ အခွင့်အလမ်း နည်းပါးပြီး အစိုးရ၏ ပံ့ပိုးမှုမရှိဘဲ အပြောင်းအလဲများကြား လုပ်ရင်းကိုင်ရင်း ဆုံးရှုံးမှုများဖြင့် ကြုံရကာ လုပ်ငန်းအရွယ်အစား ပိုသေးလာကြောင်း ပြောပါသည်။ ငွေကြေးအင်အား တောင့်တင်းသော ကုမ္ပဏီကြီးများ၊ အဆက်အသွယ် ကောင်းရှိသော ကုမ္ပဏီများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ၊ မီဒီယာလုပ်ငန်းများ စသောလုပ်ငန်းများမှာ ထိုကာလအတွင်း ပိုကြီးထွားလာခဲ့သည်။ ပုံမှန်မဟုတ်သော စီးပွားရေး ရေခံမြေခံတွင် အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူ များမှာလည်း အကျိုးများဆဲဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက မှတ်ချက်ပြုသည်။
“ပြောတော့ ဘာဖြစ်မယ်၊ ညာဖြစ်မယ်နဲ့ လယ်သမားတွေအနေနဲ့တော့ အခုထိ အကျိုးမခံစားရသေးဘူး။ လယ်သမားတွေ ကြွေးတင်လို့ ထမင်းတစ်နပ်လျှော့စားလို့တော့ ပြောတယ်။ လိုအပ်တဲ့ အရင်းအနှီးတို့ လယ်ယာမြေအပေါင်ထားခွင့်တို့ကို ပေးပါလို့ တောင်းနေတာ။ အခုထိမရသေးဘူး။ လယ်သမားတွေ အနေနဲ့တော့ အခုထိ အစိုးရလုပ်နေတာတွေက ထိထိရောက်ရောက် အကျိုးမခံစားရသေးဘူး” ဟု ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ကွင်းကောက်ကျေးရွာအုပ်စုမှ ဦးတင်ထွန်းကဆိုသည်။
ယခင် လူတစ်စုသာ လုပ်ခွင့်ပြုခဲ့သော လုပ်ငန်းများကို လုပ်ငန်းရှင်များ လွတ်လပ်စွာလုပ်ခွင့်ပြုခဲ့ခြင်း၊ အက်ဖ်အီးစီ (နိုင်ငံခြား ငွေလဲလက်မှတ်)ကို ပြန်ရုပ်သိမ်းခြင်း၊ ပို့ကုန်ရငွေ သတ်မှတ်ချက်ပြင်ဆင်ပေးကာ ဒေါ်လာနှင့် ကျပ်ငွေလဲနှုန်းကို ထိန်းကျောင်းငွေလဲနှုန်းရှင်စနစ် ကျင့်သုံးခြင်း၊ ဘဏ်လုပ်ထုံးလုပ်နည်းများ လျှော့ပေါ့ခြင်း၊ နိုင်ငံပိုင်လုပ်ငန်းအများစု ပုဂ္ဂလိကပိုင်ပြုခြင်း၊ ဖုန်းဈေးများ လျှော့ချခြင်း၊ အကန့်အသတ်ဖြင့်သာ ကားသွင်းခွင့်ပြုရာမှ နိုင်ငံသားတိုင်း ကားသွင်းခွင့်ပြုခြင်း၊ လယ်သမားများ စိုက်ပျိုးစရိတ် တိုးပေးခြင်း၊ စီးပွားရေးလုပ်ငန်းများအတွက် လုပ်ထုံးလုပ်နည်းများ ပိုမိုလွယ်ကူအောင် ဖြေလျှော့ပေးခြင်း၊ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးစီမံကိန်း ဆောင်ရွက်လုပ်ကိုင်နေသည့်ကြားမှ နိုင်ငံစီးပွားရေး ကျဆင်းနေခြင်းဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောပါသည်။
ဟန်ရေးပြင်နေရုံသာမက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်လာရန်မှာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရန်၊ မြေဈေးသင့်တင့်သော နှုန်းဖြစ်ရန်၊ ဥပဒေစိုးမိုးမှုရှိရန်လိုကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်လေးက ပြောသည်။ လုပ်အားခ ဈေးသက်သာရုံတစ်ခုတည်းနဲ့ မ၀င်ရဲကြဘူး” ဟု ဦးမောင်မောင်လေးက ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ မှတ်ချက်ပေးသည်။
စီးပွားရေးလုပ်ငန်းရှင်အများစုက လျှပ်စစ်မီးအပါအ၀င် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးလာရန်၊ အသေးအလတ်စားစီးပွားရေးလုပ်ငန်းများကို ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးရန်၊ သင့်တင့်သော ငွေလဲနှုန်း ဖြစ်အောင် ဆောင်ရွက်ပေးရန်၊ အကောက်ခွန်လုပ်ငန်းများ ပိုမိုလွယ်ကူအောင် ဆောင်ရွက်ပေးရန်၊ ထိုက်သင့်သော အခွန်နှုန်း ပြင်ဆင်ပေးရန်၊ ဘဏ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးပြီး လုပ်ငန်းမျိုးစုံအတွက် ချေးငွေလွယ်ကူစွာ ရရှိအောင် ဆောင်ရွက်ရန်၊ သင့်တင့်သော မြေဈေးနှုန်းဖြစ်ရန် ဆောင်ရွက်ပေးရန် လိုလားကြကြောင်း တညီတညွတ်တည်း ပြောသည်။
အစိုးရက အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးရန်နှင့် လူတစ်ဦးချင်းစီကလည်း နိုင်ငံဖွံ့ဖြိုးရေး  အတွက် ပိုမိုကြိုးစားရန်လိုကြောင်း လုပ်ငန်းရှင်အချို့က သုံးသပ်သည်။
လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး
“စစ်အစိုးရလက်ထက်ကဆို စည်ပင်လည်း ကြောက်ရ။ မော်တော်ပီကယ်လည်း ကြောက်ရ။ ဘောင်းဘီဝတ် တဲ့သူဆို အကုန်ကြောက်ရတယ်။ အရင်က လိုင်စင်မဲ့ဆိုက်ကား ဖမ်းမိရင် မော်တော်ပီကယ်ရုံးမှာ ကျပ် ၁၂၀၀၀ နဲ့ ရွေးရတယ်။ စည်ပင်ဆိုရင် အပိုင်သိမ်းဖြစ်တာ။ အခုက အဖမ်းအဆီး သိပ်မရှိတော့ဘူး။ အများကြီး လွတ်လပ်သွားပြီ” ဟု ကမာရွတ်မြို့နယ်မှ အနှေးယာဉ်လုပ်သား ဦးမျိုးကပြောသည်။
“ဒီ ၂ နှစ်အတွင်း အများကြီး တိုးတက်လာတယ်။ ဖုန်းကိုင်နိုင်တဲ့သူတွေ အများကြီးဖြစ်လာတယ်။ ကားဈေးတွေလည်း အများကြီးကျသွားတယ်။ အရင်ကလိုပဲ ဟိုလူကြောက်ရ၊ ဒီလူကြောက်ရ မရှိတော့ဘူး။ မဟုတ်တာလုပ်ရင် တိုင်လို့ရနေပြီ” ဟု ရန်ကင်းမြို့နယ်မှ မနီထွန်းကလည်း ဆိုပါသည်။ မဆလခေတ်၊ န၀တခေတ်၊ နအဖခေတ်တို့ထက် လက်ရှိ ဦးသိန်းစိန် အစိုးရလက်ထက်ကို ပိုမို နှစ်သက်ကြောင်း မနီထွန်းက ဆက်ပြောသည်။
ပွင့်လင်းလာသောခေတ်တွင် မင်းမဲ့စရိုက်ဆန်ဆန်လူသတ်မှုနှင့် အကြမ်းဖက်မှုမျိုးစုံ ကြုံတွေ့ခဲ့ပြီးနောက် ပြည်သူများဘ၀လုံခြုံရေးအတွက် အစိုးရက အာမခံပေးနိုင်ရန်၊ ငွေများတရားနိုင် အခြေအနေမှ ဥပဒေ အထက်တွင် မည်သူမျှမရှိဘဲ လူတိုင်းတန်းတူညီမျှ အခွင့်အရေးရရန်၊ နေရေးအတွက် အဆင်ပြေစေရန် တန်ဖိုးနိမ့် အိမ်ရာစီမံကိန်းများ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်၊ သက်ကြီးရွယ်အိုစောင့်ရှောက်မှုများ ပိုမိုပီပြင်ရန် လိုကြောင်းလည်း လူအများစုက အကြံပြုသည်။
ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍအတွက် အစိုးရသစ်က အသုံးစရိတ် တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်လာ သော်လည်း ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်ရမည်ဟု လူအများကသုံးသပ်သည်။ ပုဂ္ဂလိကကျောင်းများ ဖွင့်လှစ်ခွင့်ပြုခြင်း၊ အခြေခံနှင့် အဆင့်မြင့် ပညာရေးမြှင့်တင်ရန် ကြိုးပမ်းနေသော်လည်း လူတိုင်းပညာသင်နိုင် ရေးအတွက် အခမဲ့ပညာသင်ကြားပေးမှုကို တိုးချဲ့ရန်၊ သင်ရိုးများ ပြင်ဆင်ရန်၊ ဆရာ၊ ကျောင်းသားအချိုး ညီမျှအောင် ဆောင်ရွက်ရန်၊ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုကို ရေတို၊ ရေရှည်အတွက် စဉ်းစားကာ မူဝါဒချမှတ်ဆောင်ရွက်ပြီး မကြာခဏ မူဝါဒစမ်းသပ်ခြင်းမျိုး မလုပ်ရန် ပညာရှင်များက အကြံပြုသည်။
နိုင်ငံ၏ လူအများစုမှာ စားဝတ်နေရေးအတွက်ပင် ရုန်းကန်နေရချိန်တွင် ဆေးကုသစရိတ်များ ကြီးမြင့် နေသောကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုပီပြင်စွာ ဆောင်ရွက်ရန်၊ နိုင်ငံသားများ အဟာရပြည့်ဝစွာ စားသုံးတတ်ရေးအတွက် ပညာပေးမှုများ ထိရောက်စွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်သူအများစုက ၎င်းတို့၏ ဆန္ဒကို ပြောသည်။
သုံးသပ်ချက်
အစိုးရသစ်က လက်ကျန်သုံးနှစ်တွင် ဒီမိုကရေစီစနစ်ကို ပိုမိုပီပြင်အောင် ဆောင်ရွက်ရန်၊ ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်တရား မျှတစွာ ကျင်းပပေးရန်၊ နှစ်နှစ်ဆက် ထောက်ပံ့ကြေး တိုးပေးထားသော အစိုးရ၀န်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားလာရေး ဆောင်ရွက်ပေးရန်၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ပေးရန် လိုကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်များက အကြံပြုသည်။
“ကျန်တဲ့သုံးနှစ်မှာ အဓိကထားပြီး လုပ်ဆောင်သင့်တဲ့ အချက်ကတော့ ၀န်ထမ်းလောကမှာ အရင် အမူအကျင့်မပျောက်တဲ့ သန့်ရှင်းသော အစိုးရဖြစ်အောင် ကြိုးစားရမယ်။ နောက်တစ်ချက်ကတော့ စစ်တပ်ထဲက လူတွေ ၀န်ကြီးဌာနတွေကို ပို့နေတဲ့ကိစ္စ။ ထပ်မလုပ်ဖို့” ဟု နိုင်ငံရေးဆောင်းပါးရှင်နှင့် နိုင်ငံရေးအကဲခတ်သူတစ်ဦးဖြစ်သော ဆရာကြည်မင်းက အကြံပြုသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသော ပြည်ခိုင်ဖြိုး ပါတီ၏ အခြေခံအုတ်မြစ်ကို ဒီမိုကရေစီနည်းကျ ရွေးချယ်တည်ဆောက်ရန် လိုကြောင်းလည်း ဦးရဲထွန်းက ပြောသည်။ နာမည်ကောင်းမရှိသူများကို ပါတီအတွင်း ရှင်းလင်းမှုမပြုလုပ်နိုင်ခြင်းမှာ အာဏာရပါတီအပေါ် လူထုယုံကြည်မှုနည်းစေကြောင်း ၎င်းက အကြံပေးသည်။
“အစိုးရအနေနဲ့ ကျန်ရှိတဲ့ သက်တမ်းသုံးနှစ်အတွင်းမှာ စီးပွားရေးကို ပိုပြီးမြင့်တက်လာအောင် အဓိကထား ကြိုးစားသင့်တယ်။ သုံးနှစ်အတွင်းမှာ စီးပွားရေးကောင်းအောင် မလုပ်နိုင်ဘူးဆိုရင်တော့ ဒီမိုကရေစီစနစ်ကို ထိခိုက်လာနိုင်တယ်။ ပြည်သူတွေ ကိုယ်၌က နောက်ပြန်သွားချင်တဲ့ အတွေးအခေါ်တွေ ၀င်လာနိုင်တယ်။ စီးပွားရေးကို ဥပဒေဘောင်အတွင်းက လျင်လျင်မြန်မြန် တိုးတက်အောင် လုပ်ရမယ်” ဟု ဦးနေသန်မောင်က အကြံပြုသည်။
ဖေ့စ်ဘွတ်ပေါ်မှ ကူးယူဖော်ပြပါသည်။ 
ပြည်သူတဦးရဲ့ တိုင်းပြည်အရေး မျှော်တွေးချက်
$
0
0
ရန်ကုန်မြို့နှင့် အခြားသောမြို့ကြီးများတွင် သဘာဝဘေးအန္တရာယ်ဖြစ်စေ၊ အကြမ်းဖက်မှုဖြစ်စေ၊ အဓိကရုဏ်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုများ နောင်တွင်လည်း မကြာမကြာ ပေါ်ပေါက်လာနိုင်သည့် အခြေအနေများတွေ့မြင်နေရပါသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖမ်းဆီးဖော်ထုတ်မှုများတွင်လည်း တရားမ၀င် စနိုက်ပါ၊ ရှေ့ထွက်မိုင်းကဲ့သို့ Tactical Weapons လက်နက်များ အမြောက်အမြား ဖမ်းဆီးရရှိမှုကဲ့သို့ စိုးရိမ်ဖွယ်ရာ သတင်းများကို မကြာခဏဆိုသလို တွေ့ရှိနေရပါသည်။ အခြားသော ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဖေါ်ပြပါ အရေးပေါ် အခြေအနေများ ပေါ်ပေါက်လာလျှင် ဆက်သွယ်ရေး၊ အုပ်ချုပ်ရေး၊ တားဆီးဖြိုခွဲရေး၊ ကယ်ဆယ်ရေးကိစ္စများကို မြန်ဆန်ထိရောက်စွာ ပေါင်းစပ် စီမံပေးနိုင်မည့် အထက်တန်းအဆင့် တာဝန်ရှိသူများ၊ တပ်ဆင်ထားရှိသော ဆက်သွယ်ရေး၊ စောင့်ကြည့်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများအား ကိုင်တွယ်ထိန်းသိမ်းပေးနိုင်သည့် Operator များလိုက်ပါတင်ဆောင်ပြီး အခင်းဖြစ်ပွားရာနေရာသို့ အလျင်အမြန် သွားရောက်ကွပ်ကဲမှုပေးနိုင်သော Mobile Command Center Vehicle ကို အသုံးပြုသည်ကို တွေ့ရှိရပါသည်။
မိမိတို့ မြန်မာနိုင်ငံ အနေဖြင့်လည်း နောင်ကြုံတွေ့ရနိုင်သော အရေးပေါ်အခြေအနေများ၊ ကျင်းပရန်ရှိသော အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးနှင့် ၂၀၁၄ အာဆီယံဥက္ကဌ တာဝန်ယူချိန်တို့တွင် အာဆီယံအဖွဲ့ဝင် နိုင်ငံ့အကြီးအကဲများ၊ အခြားသော မိတ်ဖက်နိုင်ငံကြီးများမှ နိုင်ငံခေါင်းဆောင်များ တက်ရောက်ရမည့် အစည်းအဝေးပွဲ၊ အခမ်းအနားများစွာကို ကျင်းပတာဝန်ယူရမည် ဖြစ်ပါသည်။ နိုင်ငံကြီးများမှ ခေါင်းဆောင်များပါဝင်တက်ရောက်လေလေ၊ ကမ္ဘာ့အနှံ့အပြားရှိ မလိုသော အကြမ်းဖက်အဖွဲ့များ၏ အာရုံစိုက်စရာနေရာ ဖြစ်လာမည်မှာ ယုံများသံသယ ရှိစရာပင်မလိုပါ။ ထိုအချက်ကို နိုင်ငံတော်ကလည်းသိရှိပြီး၊ ကြိုတင် လေ့ကျင့်တည်ဆောက်လျှက်ရှိကြောင်းလည်း သိနိုင်ပါသည်။ ယခုအခါ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင်လည်း ကဏ္ဍအလိုက် အကြမ်းဖက်နှိမ်နင်းရေး အထူးတပ်ဖွဲ့များစွာ၊ (S.W.A.T- Special Weapons And Tactic ) တပ်ဖွဲ့များ၊ တပ်မတော်၏ စွမ်းဆောင်ရည်မြင့်မားသော အထူးတာဝန်တပ်ဖွဲ့ (Special Operation Task Force) များ ဖွဲ့စည်းပြီး နိုင်ငံတော် လုံခြုံအေးချမ်းရေးကို ဆောင်ရွက်လျှက်ရှိကြောင်း သိနိုင်ပါသည်။ သက်ဆိုင်ရာ တပ်ဖွဲ့အလိုက် အမျိုးသား/အမျိုးသမီး ကားဖြင့်တစ်မျိုး၊ ဆိုင်ကယ် အမြန်အဖွဲ့ငယ်လေးများဖြင့် တစ်ဖုံ လေ့ကျင့်နေကြသည့် ဓါတ်ပုံများ၊ ဗွီဒီယိုများစွာကိုကြည့်ချင်းဖြင့်လည်း ပြည်သူများအားတက်စရာပင် ဖြစ်ပါသည်။
သို့သော်လည်း နောင်လာမည့်နှစ်များအတွက် လူသားအားကိုး လုံခြုံမှု ဆောင်ရွက်ရုံမျှဖြင့် လုံလောက်တော့မည် မဟုတ်တော့ပါ၊ အတင့်ရဲလာပြီဖြစ်သော အကြမ်းဖက်ဖျက်ဆီးတတ်သည့် ဓလေ့စွဲစပြုလာပြီဖြစ်သော လူအုပ်စုများ၊ လမ်းကြောင်းအမျိုးမျိုးဖြင့် နိုင်ငံတွင်းသို့ခိုးဝင်ပြီး အချိန်ကိုက် အဖျက်လုပ်ရပ်များလုပ်ကြမည့် အဖျက်သမားများ များစွာကို အတွေ့အကြုံ၊ နည်းပညာ၊ နည်းစနစ်အားနည်းလှသော ၊ အဆင့်မြင့်မြင့် လေ့ကျင့်မှုအားနည်းသည့် တပ်ဖွဲ့ဝင်အများစုဖြင့် ဖွဲ့စည်းထားသော ရဲတပ်ဖွဲ့သည် ရေရှည်တွင် ကြိုတင်ကာကွယ်ဖြေရှင်းနိုင်ရန် အခက်အခဲရှိလာမည်ဖြစ်ပါသည်။ စင်္ကာပူလို ဟောင်ကောင်လို မြို့ကြီးများကဲ့ Traffic Control System များ၊ Fully Surveillance CCTV Networkများ၊ Rail-way Control Network များ၊ အဆောက်အဦး၊ လမ်းတံတားများ၏ အချက်အလက်သိုလှောင်ထိန်းသိမ်းမှု Data-Base System များလည်း မရှိခြင်းကြောင့်၊ သာမာန် Radio Wireless Network နှင့်(Single Side Band- SSB) ဆက်သွယ်မှုကွန်ရက်များဖွဲ့ပြီးသာ တားဆီးဆောင်ရွက်ရမည့်သဘော ရှိပါသည်။
သို့ဆိုပါလျှင် ရဲတပ်ဖွဲ့ ကွန်ယက်၊ မီးသတ်တပ်ဖွဲ့ကွန်ယက်၊ ထောက်လှမ်းရေးအဖွဲ့မျာကလည်း သူ့ကွန်ယက်နှင့်သူ၊ ရပ်ကွက်တာဝန်ရှိ ပုဂ္ဂိုလ်များကလည်း မိမိတို့ဖာသာ ၀ယ်ယူအသုံးပြုနေသော အိုင်ကွန်-စကားပြောစက်ကွန်ယက်များ၊ အစရှိသဖြင့် များစွာသော ကွန်ယက်တို့ ရှုပ်ထွေးရန်အကြောင်းရှိလာနိုင်ပါသည်။ တတ်ကျွမ်းနားလည်သော ပညာရှင်များ ဆွေးနွေးပေးလျှင် အကျိုးအပြစ်ကို ပိုပြီး လေ့လာဆန်းစစ်နိုင်ပါလိမ့်မည်။ အရေးပေါ်အခြေအနေတွင် ဆုံးဖြတ်ချက်များ၊ အမိန့်ညွှန်ကြားချက်များ Down to Up-Up to Down Control စီးဆင်းခြင်းသည် Non Linear သဘောဆောင်သော ကွေ့ကောက်ရှုပ်ထွေးသော ဖြစ်စဉ်များနှင့် ရွေ့လျားပစ်မှတ်များ ကို အရေးယူဖော်ဆောင်ရာတွင် အားနည်းချက်များရှိမည် အမှန်ပင်ဖြစ်ပါသည်။ Vertical Control အစား Horizontal Control ဘေးတိုက် တစ်နံတစ်လျားစည်းကြပ်ခြင်းသည်သာ အသင့်တော်ဆုံးဖြစ်နိုင်ပြီး အလျင်အမြန် ရွေ့လျားနိုင်သော Mobile Command Center များပေါ်တွင် ယာဉ်၊ လမ်းကြောင်း၊ ဆက်သွယ်ရေး၊ ကယ်ဆယ်ရေး၊ မီးသတ်၊ ရဲ၊ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့များ၊ စည်ပင်၊ စသည် ဌာနပေါင်းစုံကို အလျင်မြန်ဆုံး ကွပ်ကဲမှုပေးနိုင်သော တာဝန်ရှိ ပုဂ္ဂိုလ်များ ပါဝင် ထိန်းချုပ်ခြင်း ( Centralize Horizontal Command) ကသာ အကောင်းဆုံးနည်းလမ်းဖြစ်မည်ဟု မျှော်လင့်မိပါသည်။
သို့ဖြစ်ရာ ဟန်ချက်ညီ ပေါင်းစည်းပေးနိုင်သော Command Post ကဲ့သို့ လုပ်ငန်းစွမ်းဆောင်ရည်ရှိသည့် Mobile Command Center များဝယ်ယူပြီး အဖွဲ့ပေါင်းစုံဖြင့် ချိတ်ဆက် လေ့ကျင့်ထားသင့်ပါသည်။ အဖွဲ့အစည်းပေါင်းစုံ၏ ဆက်သွယ်မှုကွန်ယက်များ ချိတ်ဆက်ဆောင်ရွက်ထားသင့်ပါသည်။ တာဝန်ယူမည့် အရေးပါသော ဦးဆောင်သူကိုလည်း ရွေးချယ်တာဝန်ပေးအပ်ထားသင့်ပါသည်။ ၄င်း၏ ထက်မြက်သော ဦးဆောင်မှုအောက်တွင် အဖွဲ့အားလုံး တစ်ညီတစ်ညာတည်း ဆောင်ရွက်ကြခြင်းဖြင့် Importance Zone များတွင် ပြည့်စုံသော လုံခြုံရေးဖြင့် ၀ိုင်းပတ်ကာကွယ်နိုင်ပါစေကြောင်း အကြံပြုရေးသားရပါသည်။
ကျေးဇူးပါ (ကျနော်@Mg Hanအဲလေ၊ မောင်စနေသားပါ)
(မိမိမကျွမ်းကျင်သောနယ်ပယ်ဖြစ်သဖြင့် အမှားရှိက ခွင့်လွှတ်ကြပါ၊ ဖြည့်စွက် ရေးသားပေးကြရန်လည်း တောင်းပန်ပါတယ်ခင်ဗျ)
— with Yaung Ni Oo and 14 others.(9 photos)
Photo
Photo
မြင့်မြင့်လည်းပျံ ၊ မြန်မြန်လည်းပြေး ၊ ကျယ်ကျယ်တွေး
$
0
0
by ရုပ် ဆိုး (Notes) on Wednesday, April 10, 2013 at 6:56pm                                
ဘုရားဂုဏ်တော်နှင့်ကျွန်တော်
  ကျွန်တော် တရားမှတ်ရင်း စိတ်တွေ ပျံ့လွင့် နေတဲ့ခါဘုရားရဲ့ဂုဏ်တော်ကို အာရုံပြုပြီး ဂုဏ်တော်ပွားများလေ့ရှိပါတယ်။ ဂုဏ်တော် ၉ ပါးကို အာရုံပြုပွားများတဲ့ခါ ကိလေသာကင်းစင်တော် မူသောမြတ်စွာဘုရား၊ဆိတ်ကွယ်ရာအရပ်မှာပင်မကောင်းမှုကိုပြုတော်မမူသောမြတ်စွာဘုရား၊သတ္တဝါအားလုံးရဲ့ပူဇော်အထူးကိုခံယူတော်မူထိုက်သောမြတ်စွာဘုရားဆိုတဲ့အရဟံဂုဏ်တော်ဟာ မြတ်စွာဘုရားရဲ့ ဂုဏ်တော် တွေထဲမှာ ကြည်ညိုဖွယ်ရာအကောင်းဆုံးဂုဏ်တော်ဖြစ်မယ်ထင်ပါတယ်။
ဒါပေမဲ့ ကျွန်တော် ဂုဏ်တော်ပွားများတဲ့ခါမှာတော့ ကျွန်တော့်ရဲ့အာရုံဟာ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ကိုသာ ပိုပြီးအာရုံကျနေတတ်ပါတယ်။ သမ္မာသမ္ဗုဒ္ဓဂုဏ်တော် မှာ မြတ်စွာဘုရားဟာ သစ္စာလေးပါးတရားတော်တွေ၊ အဘိဓမ္မာတရားတော်တွေ ၊ ပဌာန်းတရားတော်တွေ အစ နက်နဲတဲ့သဘောတရားတွေ အသိပညာတွေကို သင်ကြားပြသပေးမဲ့ဆရာမရှိပဲကိုယ်တော်တိုင်သိမြင်ခဲ့တာပါ ။ သိတယ်ဆိုရာမှာလည်း သာမာန်အသိမျိုးမဟုတ်ပဲ ကျယ်ကျယ်ပြန့်ပြန့်သိတာ၊ နက်နက်ရှိုင်းရှိုင်းသိတာ ၊ အလုံးစုံကိုခြုံငုံပြီး အကုန်အစင် သိနိုင်ပါတယ်။ အဲလိုအသိတွေသိတဲ့အပြင်ကို တရားဟောကြားရမဲ့ ပုဂ္ဂိုလ်ရဲ့ ပါရမီ ၊ လာခဲ့ရာဘဝ ၊ လာရောက်ရမဲ့ ဘဝတွေကိုလည်းသိမြင်နိုင်ပါတယ် ။ နောက် တရားဟောရမဲ့ အခြေနေ ၊ အချိန်အခါ နေရာဒေသ အကျဉ်းပဲဟောရမလား၊ အကျယ်ဟောရမလားဆိုတဲ့ အခြေနေမျိုးကိုလည်းသိမြင်ပါတယ် ။ ဖတ်ဖူး၊ မှတ်ဖူး ၊ နာကြားဖူးတဲ့မြတ်စွာဘုရားရှင်ရဲ့ ဖြစ်စဉ်တော်တွေ ၊ ဇာတ်နိပါတ်တော်တွေ နဲ့ သင်ကြားခဲ့ဖူးတဲ့ သိပ္ပံပညာတွေ၊ လူ့လောကသဘောသဘာဝတွေ ၊ ကိုယ့်ဆီမှာရှိနေတဲ့ အသိဥာဏ်အခြေနေတွေ ကို မြတ်စွာဘုရားရဲ့ဥာဏ်ပညာကြီးမှုတွေကိုဆက်စပ်ပြီး ဆင်ခြင်တွေးတောမိတဲ့အခါ စိတ်ထဲမှာကြက်သီးတွေထလာအောင်ကြည်နူးစိတ် ၊ ကြည်ညိုစိတ်တွေဖြစ်လာရပါတယ် ။ ကားသံတွေ တဝီဝီညံနေတဲ့ လမ်းမကြီးဘေးမှာတောင်အာရုံတွေက တိတ်ဆိတ်နေပြီး ၊ စိတ်ကလည်းတည်ငြိမ်နေတတ်တယ် ။ ထိုင်နေတဲ့အချိန်တွေက ကြာမှန်းမသိလောက်အောင်ပဲကုန်လွန်သွားတတ်တယ် ။
အာရုံမှသည် ပညတ်ဆီသို့
          ကျွန်တော်စိတ်ထဲမှာသိတယ်လို့လည်းထင်နေတယ်၊ လက်တွေ့လည်းပြောဆိုသုံးစွဲနေတဲ့ ဝေါဟာရတစ်ခုကို တကယ်ထဲထဲဝင်ဝင်သိရဲ့လားလို့ စစ်မေးခံရတဲ့ခါမှာဝေဝါးသွားတာ ၊ ဒါကဘာလဲ ဆိုတာကိုသေချာမသိတာ မျိုးကို မကြာခဏကြုံရပါတယ်။ ဖီလိုဆိုဖီ ရဲ့သမိုင်းတွေလေ့လာကြည့် တဲ့ခါမှာတော့ ကျွန်တော် ဘာကြောင့်ခုလို ဖြစ်ရသလဲဆိုတာကို သဘောပေါက်လာတယ်။ ဘီစီ ၄၀၀ လောက် က လူသားတွေဟာ ခု ကျွန်တော်တို့လို ဝေါဟာရတွေကို အဆင်သင့်သုံးစွဲခွင့်မရကြပါဘူး ။ အကြောင်းအရာတွေ ၊ အတွေးအခေါ်တွေ ၊ အရာဝထ္ထုတွေ အသစ်အဆန်းတွေ့လာတဲ့ခါ ဒါကဘာလဲဆိုတာနာမည်ပေးဖို့ ၊ အဓိပ္ပါယ်ဖွင့်ဆိုဖို့ (တနည်း) ပညတ် ဖို့အတွက် အသည်းအသန်ငြင်းခုန်ရပါတယ်။ ဥပမာ မရှိခြင်းဆိုတာဘာလဲ ၊ ယုံကြည်မှုဆိုတာဘာလဲ ၊ ရေဆိုတာဘာလဲ ၊ ကမ္ဘာဆိုတာဘာလဲ စသဖြင့်ပေါ့။ လူတွေဟာ အရာဝထ္ထု အသစ် ၊ အကြောင်းအရာအသစ် တစ်ခုကိုစတင်တွေ့ပြီဆိုရင် စစချင်းဖြစ်ပေါ်တာက လူ့ရဲ့အာရုံပါ ။ ဥပမာ အသီးလေးတစ်လုံးဆိုပါတော့ လူတွေရဲ့ အာရုံမှာဘာစပေါ်မလဲဆိုရင်လက်တစ်ဆုပ်လောက် ဟာလေး ၊ အလုံးလေး ၊ အနီရောင်လေး ။ အဲဒီကနေတဆင့် ကိုင်ကြည့်မယ် နူးညံ့တဲ့အထိတွေ့ရှိတယ် ၊ စားကြည့်မယ် .. ချိုစိမ့်တဲ့အရာသာရှိတယ် ။ နောက်တဆင့် ဒါဟာဘာဖြစ်မလဲဆိုပြီး လူတွေက တွေးတောကြမယ် ။ လူအာရုံ ကနေတဆင့် အရာဝထ္ထု ၊ အကြောင်းရာတစ်ခုပေါ်မှာ လူတွေကရလိုက်တဲ့ နားလည်မှု ဆိုတာဖြစ်ပေါ်တယ်။ နားလည်မှုကနေ တဆင့် တက်လို့ နာမည်ပေးတာတွေ ၊သင်္ကေတပြုတာတွေ ၊ တခြားသူတွေ နားလည်ဖို့ အတွက် အဓိပ္ပါယ်ဖွင့်ဆိုတာတွေလုပ်ကြရတယ်။ စောစောကအသီးလေးတစ်လုံးကို ပန်းသီးလို့ နာမည်ပေးလိုက်သလိုမျိုးပေါ့ ။ နာမည်ပေး အဓိပ္ပါယ်ဖွင့်ဆိုမှုတွေကမှတဆင့် ကျယ်ပြန့်လာတဲ့ခါ ၊ သီအိုရီတွေ ၊ ဥပဒေသတွေ ၊ သဘောသဘာဝတွေ ဖြစ်ပေါ်လာကြတယ်။ဘာသာရေး ရှုထောင့်ကပဲကြည့်ကြည့် ၊ သိပ္ပံရှုထောင့်ကပဲကြည့်ကြည့် ပညတ်ဆိုတာ သူရဲ့မူလဘူတအရှိတရားနဲ့ ကွဲလွဲနိုင်တယ် ၊ မှားယွင်းနိုင်တယ် ။ ဘာကြောင့်လဲဆိုတော့ လူတွေရဲ့အာရုံမှာလာထင်တဲ့နားလည်မှုကနေ တည်ဆောက်ထားခဲ့ကြလို့ပဲ ။ ဒီသဘောတရား ကို သိပ္ပံတွေမပေါ်ခင် ၊ အတွေးခေါ်ဖွင့်ဖြိုးမှုတွေရဲ့အစလို့ ပြောရမဲ့ ဆော့ခရေတီးထက် နှစ်ပေါင်း ၁၄၅ နှစ် လောက်စောပြီး ဗုဒ္ဓ က သိခဲ့တယ်ဆိုတာတွေးကြည့်ရင် ဘယ်လောက်တောင် အံ့သြဖို့ကောင်းလိုက်သလဲ ။
မောင်ကျောင်းသားနဲ့သီအိုရီ
          ကျွန်တော်အပါဝင်မြန်မာကျောင်းသား အတော်များများပြောလေ့ရှိကြတဲ့စကားတစ်ခွန်းက “practical လုပ်ဖို့ပစ္စည်းတွေမှမရှိတာ ၊ သက်ဆိုင်ရာဘာသာရပ်တွေဘယ်နားလည်မလဲ ၊ ဘယ်တတ်မလဲ” ဆိုတဲ့စကားပါ။ တကယ်တမ်း ကျွန်တော်တို့ အဲဒီစကားကိုပြောခဲ့ကြတာဟာ “သီအိုရီဆိုတာဘာလဲ ၊သီအိုရီတွေဘယ်လိုဖြစ်ပေါ်လာသလဲ” ဆိုတာကိုမသိခဲ့ကြလို့ ပါပဲ ။သက်ဆိုင်ရာဘာသာရပ်တွေရဲ့ သီအိုရီကို concept မပါပဲ သင်ကြားခဲ့ကြရလို့ပါပဲ ။ whyဆိုတဲ့ မေးခွန်းတွေ နာနာမမေးခဲ့ကြလို့ပါပဲ ။ သိပ္ပံဘာသာရပ်တွေရဲ့ ဥပဒေသတွေကိုလေ့လာကြည့်တဲ့ခါ Empirical law နှင့် fundamental law ဆိုပြီး ၂ မျိုးရှိတာတွေ့ကြရမှာပါ ။ Empirical lawဆိုတာ အတွေ့အကြုံ ၊ စမ်းသပ်ချက် တစ်ခုခုပေါ်ကနေရရှိလာတဲ့ ဥပဒေသ မျိုးပါ ၊ ဒါဟာဒီလိုအလုပ်လုပ်တယ် လို့ရှင်းပြနိုင်ပေမဲ့၊ဒါဟာဘာကြောင့်ဖြစ်တယ်ဆိုတာကို ပြောမပြနိုင်ဘူး။ ထင်သာမြင်သာတဲ့ ဥပမာအနေနဲ့ပြောရရင် ဂယ်လီလီယို ထုတ်ဖော်ခဲ့တဲ့ အရာဝထ္ထုတွေ မြေကြီးပေါ်ကျတဲ့ခါအချိန်နဲ့အကွာဝေးရဲ့ ဆက်နွှယ်ချက်ပေါ့ ။ ဂယ်လီလီ ယို က ပစ္စည်းတွေကိုအမြင်ကနေချကြည့်တယ် ။ ပြီးတော့အချိန်ကိုမှတ်သားတယ် ။ ဘယ်လောက်အမြင့်ကနေကျတဲ့ခါ ၊ဘယ်လောက်ကြာတယ်ဆိုပြီးမှတ်သားတယ် ။ ပြီးတော့ ဥပဒေသတစ်ခုထုတ်လိုက်တယ် ။ d=10t^2 တဲ့ ။ မြေကြီးပေါ်ကျတဲ့ ကြာချိန် ၂ ဆကို ၁၀ နဲ့ မြှောက်ရင်ဘယ်လောက်မြင့်တယ်ဆိုတာ သိမယ်တဲ့ ။ ဒါပေမဲ့ ဘာကြောင့် ဆိုတာရှင်းမပြနိုင်ခဲ့ဘူး ။ Newtonကတော့ ပန်းသီးလေး တစ်လုံး  မြေကြီးပေါ်ပြုတ်ကျတာကိုကြည့်ပြီး ၊ ဘာကြောင့် မြေကြီးပေါ် ကျရသလဲဆိုတာကို သူစဉ်းစားတယ် ၊တွေးခေါ်တယ် ။ စမ်းသပ်လေ့လာတယ် ။ အဲဒီနောက်မှာတော့ ပစ္စည်းတွေ မြေကြီးပေါ်ကျတာဟာ gravitationalforce ကြောင့်ဆိုတာ ပြောပြနိုင်ခဲ့တယ် ။ ပိုပြီးကျယ်ပြန့်တဲ့  Three laws of motion ဆိုတာတွေကိုထုတ်ဖော်နိုင်ခဲ့တယ်။ အဲဒီ လောတွေကနေတဆင့် ကျွန်တော်တို့လူသားတွေဟာ ဂြိုလ်တွေရဲ့တည်ရှိပုံတွေ ၊ဘာကြောင့်တည်နေသလဲဆိုတာတွေ နားလည်နိုင်ခွင့်ရခဲ့ကြသလို ၊ အာကာသလွန်းပျံယာဉ်တွေ ၊ရော့ကတ်တွေ ၊ ဂြိုလ်တုတွေ စတဲ့ နည်းပညာ တိုးတက်ပြောင်းလဲမှုတွေလည်းဖြစ်ပေါ်ခဲ့ရတယ်။ အကြောင်းအရာ ချဉ်းကပ်မှုချင်းကတော့ အတူတူဆိုပေမဲ့ ဂယ်လီလီယိုရဲ့ဖော်ထုတ်မှုကိုemprirical law လို့ခေါ်ပြီးတော့ ၊ နယူတန် ဖော်ထုတ်ခဲ့တာကိုတော့ fundamental lawလို့ခေါ်ပါတယ် ။ Practical ဟာ သစ်ပင်ကိုကြည့်ခြင်းဖြစ်ပြီး ၊ သီအိုရီဆိုတာကတော့သစ်တောကိုကြည့်ခြင်းဖြစ်ပါတယ်။
လူသားများနှင့်ဆင်ခြင်သိ
        နယူတန် ဟာ သူ့ရဲ့မွေးဖွားဇာတိရွာလေးကို ၂ နှစ်ကျော်ပြန်နေရင်းမြေဆွဲအားနိယာမတွေ ၊ Three laws of motion ဆိုတာတွေကို ဖော်ထုတ်ရင်း နဲ့အတူ MathematicalPrinciples of Natural Philosophyဆိုတာကိုလည်း ထုတ်ဖော်ရေးသားခဲ့ပါတယ် ။ ကျွန်တော်တို့ တွေသချာင်္မှာသင်ခဲ့ ကြရတဲ့ကဲကုလပ်စ်  ဆိုတဲ့ အရာဟာ အဲဒီထဲမှာပါတာပါ ။ကဲကုလပ်စ်မှာ အဓိက က differentiate နဲ့ integrate ပေါ့ ။ differentiate ဆိုတာ ကချုံ့ခြင်းသဘော ၊ Integrate ဆိုတာကတော့ ချဲ့ခြင်း သဘော လို့ ယေဘုယျ ပြောလို့ရမယ်ထင်ပါတယ်။ ဒီသချာင်္ နည်းစနစ် နဲ့ အတွေးခေါ် concept တစ်ခုဘယ်လို ဆက်နွှယ်သလဲနေသလဲ ။ ဥပမာတစ်ခုပေါ့ ဆန်တတင်း ထဲက ဆန်တွေကိုကျွန်တော်တို့ရေတွက်မယ်ဆိုပါတော့ ။ ဖြစ်နိုင်ပါ့မလား ။ဆန်တစ်တင်းမှာ ၁၆ ပြည်ရှိတယ် ။ ၁ ပြည်မှာ နို့ဆီဗူး ၈ လုံးရှိမယ် ။နို့ဆီဗူးတစ်လုံးမှာ လက်ဖက်ရည် ပန်းကန် ၄လုံးရှိမယ်(ခန့်မှန်းချေ)။ တင်းတောင်းထဲကဆန်တွေကိုရေတွက်ဖို့ ထက် လက်ဖက်ရည်ပန်းကန်တစ်လုံးထဲက ဆန်စေ့တွေကိုရေတွက်ဖို့ ဟာပိုမိုလွယ်ကူစေမှာပါ ။ လက်ဖက်ရည်ပန်းကန်လုံးတစ်ခုထဲက ဆန်စေ့ဟာ အစေ့တစ်သောင်းရှိတယ်ဆိုပါတော့ ၊ နို့ဆီဗူးတစ်ဗူးအတွင်းမှာ ဆန်စေ့လေးသောင်းရှိမှာဖြစ်ပါတယ် ။ ဆန်တစ်ပြည်အတွင်းမှာတော့ ဆန်စေ့ သုံးသိန်း၂ သောင်းရှိမှာဖြစ်ပါတယ်။ တင်းတောင်းထဲမှာဆိုရင်တော့ ဆန့်စေ့ ပေါင်း ငါးဆယ့်တစ်သိန်း ၂သောင်းရှိမှာဖြစ်ပါတယ်။ ဒါဟာ ဒီဖရန်ရှိတ်နဲ့ အင်တီဂရိတ်တို့ရဲ့ ယေဘုယျ conceptလေးပါ ။
          အဲလိုနည်းတွေနဲ့ပဲ infinity line ဆိုတဲ့အဆုံးစမဲ့မျဥ်းတွေ ကို လူသားတွေက တစ်လက်မလောက်စာရွက်လေးပေါ်မှာ မျဉ်းတိုလေးကိုမျှား ၂ ဖက်တပ်ပြီး ချုံ့နိုင်ခဲ့ကြတယ်။ မီးလုံးလေး ကနေ အလင်းရောင်လက်ကနည်းအထ ၊ အကွာဝေးတစ်ခုကနေစမြင်ရချိန်ကိုမှတ်လို့ အလင်းအလျင်ကို လူတွေရှာတတ်ခဲ့တယ် ။ အဲဒီအလင်းအလျင် ကိုဆင်ခြင်သိနဲ့ပေါင်းစပ်ပြီး နေနဲ့ ကမ္ဘာကြားဘယ်လောက်ကွာဝေးတယ်ဆိုတာကိုခန့်မှန်းနိုင်ခဲ့ကြတယ် ။ ဆင်ခြင်သိကို အသုံးပြုပြီးတော့ပဲ ကမ္ဘာရဲ့ပတ်လမ်းဟာဘယ်လောက်ရှည်လျားတယ် ၊ ကမ္ဘာကြီးဟာ ဘယ်လောက် အမြန်နှုန်းနဲ့လည်ပတ်နေတယ် ။ရာသီဥတု ၄ ခုဖြစ်ပေါ်နေလို့ ကမ္ဘာကြီးရဲ့ ဝန်ရိုးဟာ ၂၃.၅ ဒီဂရီတိမ်းစောင်းလည်ပတ်နေတယ်ဆိုတာကို သိခဲ့ကြတယ် ။ ဒီအရာတွေဟာ အတိုင်းတာတစ်ခု ၊အရာဝထ္ထုတစ်ခုနဲ့ လက်တွေ့တိုင်းတာပြီးသိရှိခဲ့ကြတာမဟုတ်ပါဘူး ။ ဆင်ခြင်သိ ကြောင့်သိခဲ့ရတဲ့အရာတွေဖြစ်ပါတယ် ။
          အပေါ်မှာပြောခဲ့သလိုပါပဲပါရမီရှင်တွေ ရဲ့ အာရုံသိကနေ ၊ သူတို့နားလည်မှုဖြစ်လာတယ်။ သူတို့ရဲ့ တွေ့ရှိမှုတွေ၊ နားလည်မှုတွေ ၊ တွေးခေါ်မှုတွေ ကို ချုံ့ပြီး တော့ အဓိပ္ပါယ်ဖွင့်ဆိုမှုတွေ ၊အီကွေးရှင်းတွေ၊ဖော်မြူလာတွေ၊သီအိုရီတွေကိုနောက်လူတွေဆီလက်ဆင့်ကမ်းပေးကြတာဖြစ်ပါတယ်။နောက်မျိုးဆက်တွေက အဲဒီသီအိုရီတွေကိုလေ့လာတဲ့ခါမှာ ဒါကဘာလဲ ၊ ဘယ်လိုအလုပ်လုပ်တာလဲ၊ ဘယ်နေရာမှာသုံးတာလဲ ၊ ဘာကြောင့်ဖြစ်ပေါ်လာတာလဲ ၊ အဲဒီပညာရှင်ကဘယ်လိုတွေးခေါ်ခဲ့တာလဲ ၊ ဘာကြောင့် အဲလိုတွေးခေါ်ခဲ့တာလဲဆိုတာတွေကို လေ့လာမှုတွေ၊ဆင်ခြင်သိတွေနဲ့ပေါင်းစပ်ပြီး ပြန်ချဲ့ ယူကြရပါတယ် ။ အဲဒီဆင်ခြင်သိ ၊ဆက်စပ်တွေးခေါ်နိုင်မှုဟာ လူသားတွေမှာသာလျှင်ပိုင်ဆိုင်သောအရာဖြစ်ပါတယ် ။
နည်းနည်းစောင့်ပါ၊ များများမေးပါ
          ကျွန်တော်တို့ရှင်သန်နေတဲ့ခေတ်ကြီးဟာIT ခေတ်ဖြစ်တဲ့အတွက် အရမ်းမြန်ဆန်ပါတယ်။ အပြိုင်ဆိုင်တွေများသလို၊ပတ်ဝန်းကျင်ရဲ့တောင်းဆိုမှုတွေ၊စိန်ခေါ်မှုတွေကလည်းအရမ်းများပါတယ်။ အရင်က ကျွန်တော်တို့ စာအုပ်တစ်အုပ်ကိုဖတ်မယ် ဆိုရင် အချိန် ၂ နာရီလောက်ပေးရမယ် ။အဲဒီ ၂ နာရီလောက်အတွင်းမှာကျွန်တော်တို့အတွက် ပေးနိုင်တဲ့ ဗဟုသုတအကြောင်းရာတစ်ခုတလေပါချင်လည်းပါမယ် ၊ ပါချင်မှလည်းပါမယ် ။ ခုခေတ်မှာတော့အဲလိုမဟုတ်တော့ဘူး အင်တာနက်မှာ လိုချင်တာလေးရွေးရှာ ရွေးဖတ် နာရီဝက်လောက်အတွင်းမှာကိုသိချင်တာလေးတွေသိသွားပြီ ။အရင်က ကိုယ်နဲ့လက်လှမ်းမမှီတဲ့ဖီးလ်တစ်ခုတည်းကအကြောင်းရာတွေ ၊ စာအုပ်တွေဖတ်မယ်ဆိုရင် ဟိုဟာလေးဖတ်ရနိုးနိုး ၊ဒီဟာလေးက ဟုတ်နိုးနိုးဖြစ်နေတတ်တယ်။ ခုခေတ်မှာတော့ social networkတွေကိုအသုံးချပြီး ဖိုရမ်တွေ ၊ ဂရုတွေထဲမှာ ကိုယ်လေ့လာချင်တဲ့ field ထဲမှာရောက်နှင့်နေပြီးသားလူတွေရဲ့ ဆွေးနွေးချက်တွေဖတ် မယ် ။ သူတို့ဆီက အကြံဥာဏ်တွေတောင်းခံပြီးမြန်မြန်ဆန်ဆန် သွားနိုင်မှာဖြစ်ပါတယ်။
          ဒါပေမဲ့ခေတ်ရဲ့လျင်မြန်မှုနောက်ကို အသည်းသန်လိုက်ရင်းကျွန်တော်တို့ဟာ ပွန်းတွေ ဖြစ်မှန်းမသိဖြစ်သွားတတ်ကြတယ် ။ နိုင်ငံရေး ၊ ဘာသာရေး ၊ လူမှုရေး ကိစ္စတွေမှာ ထစ်ခနည်းဆိုတာနဲ့ဝင်ပါပြီးသားဖြစ်သွားတာတွေ ၊ ဗေထိ ဆိုတာနဲ့ကွဲပြီးသားဖြစ်သွားတာမျိုးတွေ ကိုယ်တွေ့ကြုံဖူးမှာပါ ။ အရာရာတိုင်းကို ကိုယ်ထိတွေ့ နေရတာလေးနဲ့ ဆုံးဖြတ်လို့မရပါဘူး ။ကိုယ်ကိုယ်တိုင်ကခေတ်တစ်ခုရဲ့ပါဝင်ကပြသူဖြစ်နေတဲ့ချိန်မှာနောက်နည်းနည်းဆုတ်ကြည်ဖို့လိုအပ်ပါတယ်။ ဘယ်လိုမျိုးလဲ ၊ ဘာကြောင့်လဲ ၊ ဘာတွေဖြစ်လာနိုင်သေးလဲ ဆိုတဲ့မေးခွန်းမျိုးတွေကိုအများကြီးမေးဖို့လိုပါတယ် ။ အရာရာတိုင်းကို ကိုယ့်အတွေ့ ကြုံ ၊ စိတ်ခံစားမှုတွေနဲ့ သေချာလို့ မရပါဘူး ။ သေချာမှု အန္တရာယ်ဆိုတာ ကိုယ့်ကိုယ်ကိုလည်း ဒုက္ခပေးတတ်သလို၊ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်ကိုလည်း ဒုက္ခလှလှကြီးပေးတတ်ပါတယ်။နောက်ဆုတ်ကြည့်သင့်ရင်ကြည့်ရမယ် ၊ ဘေးထွက်ကြည့်သင့်ရင်လည်းကြည့်ရမယ် ။ဖြစ်နိုင်ရင်တော့ အမြင့်ကနေ ကြည့်နိုင်ရင်အကောင်းဆုံးပါပဲ ။
          အမြင့်ဆုံးကိုလည်းတက်လှမ်းကြပါ၊ ခေတ်ရဲ့တောင်းဆိုမှု အတိုင်း များများလည်းပြေးကြပါ။ သို့ပေမဲ့ ခေတ်ရဲ့သားကောင်တွေ၊ ပွန်းတွေ ၊ အသုံးချခံတွေဖြစ်မသွားရအောင် လူသားတွေ မှာ သာပိုင်ဆိုင်တဲ့ ဆက်စပ်တွေးခေါ်မှုကို များများလုပ်ကြဖို့လိုပါလိမ့်မယ် ။
မှတ်ချက်။ ။ (စိတ်ထဲရှိရာတွေ ရေးလိုက်တဲ့အတွက် အမြီးအမောက် လည်းတည့်ချင်မှတည့်ပါလိမ့်မယ် ၊ကျွန်တော် အသိမှား ၊ အမှတ်မှား တာများရှိခဲ့ရင်လည်း ထောက်ပြကြဖို့ မေတ္တာရပ်ခံပါတယ်။)
(ရုပ်ဆိုး)
မဖြစ်ညစ်ကျယ်တာ မီဒီယာလား
$
0
0
=================
တစ်ဘက်စောင်းနင်းဘက်လိုက်ကာလိုရာဆွဲပြီး စည်းလွတ်ဝါးလွတ်ရေးသားဖော်ပြနေကြသည့် သောက်သုံးမကျသော
ခါတော်မီ မီဒီယာတစ်ချို့ကို ဒီအတောတွင်း ပိုမိုမြင်တွေ့လာရပါတယ်။
အစိုးရကိုအတင်းတုတ်မှ တပ်မတော်ကို အပုပ်ချမှ စတုတ္ထမကျမဏ္ဍိုင်
ပီသနိုင်သလို စောင်ရေတိုးတက် ရောင်းအားသွက်နေကြတယ်ထင်ပါရဲ့။
အစိုးရနဲ့ပြည်သူ၊ ပြည်သူနဲ့တပ်မတော် တစ်ဦးကိုတစ်ဦးအယုံကြည်ကင်းအောင်
အမုန်းတရားနဲ့ သံသယတွေ ပွားသည်ထက်ပွားအောင် လုပ်ဆောင်နေမှ
ထမင်းဝကြသူတွေထင်ပါရဲ့။
အဲဒီသူတွေဟာ လွတ်လပ်စွာရေးသားထုတ်ဖော်ခွင့်ဆိုတဲ့ ခေါင်းစဉ်ကို အလွဲသုံးစားလုပ်ပြီး
ကိုယ်ထင်ရာ ကိုယ်စိုင်း ကမ်းကုန်အောင်မိုက်ရိုင်းနေတာလည်း မကြားချင် မမြင်ချင်မှအဆုံး
တွေ့နေရပါတယ်။
မနေ့ကလည်း လူထုပုံရိပ်ဆိုတဲ့ ဂျာနယ်တစ်စောင်က (၆၈)နှစ်မြောက် တပ်မတော်နေ့
စစ်ရေးပြအခမ်းအနားမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ချီတက်အလေးပြုလာသော
စစ်ကြောင်းကြီးများကို ပြန်လည်အလေးပြုနေတဲ့ ဓာတ်ပုံမြင်ကွင်းအောက်မှာ ဆောင်းပါးတစ်စောင်
ရေးသားထားတာကို တွေ့ရပါတယ်။
ဒီဓာတ်ပုံမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စနစ်တကျအလေးပြုနေတာ
အမှန်ဖြစ်ပေမယ့်ဖိုတိုရှော့နဲ့ ပြန်လည်ပြုပြင်ပြီး ဘယ်လက်နဲ့ လက်တင်အလေးပြုနေပုံအဖြစ် ပြောင်းလဲဖော်ပြထားတာတွေ့ရပါတယ်။
တပ်မတော်မှာ အထက်အရာရှိနဲ့ လက်အောက်ငယ်သား အပြန်အလှန်
လေးစားချစ်ကြည်သမှုနဲ့ အလေးပြုခြင်းအစဉ်အလာဟာ အင်မတန်ချစ်စရာကောင်းတဲ့
ဓလေ့ထုံးစံတစ်ခုပါ။တပ်မတော်က အင်မတန်တန်ဖိုးထားတဲ့ အမွေအနှစ်ပါ။
ဒီလိုအလေးအမြတ်ပြုထားတဲ့ အစဉ်လာ ယဉ်ကျေးမှုတစ်ခုကို ကရော်ကမယ်သဘောနဲ့
ဖြစ်စေ၊အမှုမဲ့အမှတ်မဲ့ဖြစ်စေ၊ မသိနားမလည်လို့ဖြစ်စေ၊ရည်ရွယ်ချက်ဖြင့်
သေးသိမ် မှေးမှိန်အောင် လုပ်ဆောင်လို၍ဖြစ်စေ ဘယ်လိုမှ မဖြစ်သင့်မဖြစ်ထိုက်တဲ့အမှားပါ။
ဒါပေမယ့် အောက်ဆောင်းပါးပါ အရေးအသားတွေအရ တမင်ကလာဖန်တီးပြီး တပ်မတော်အကြီးအကဲကို စော်ကားမော်ပြုထားသလား စဉ်းစားစရာဖြစ်ပါတယ်။
ဆောင်းပါးတစ်ပုဒ်လုံးမှာ မြန်မာ့သမိုင်းနဲ့ ထပ်တူကျခဲ့တဲ့ တပ်မတော်ကို ရစရာမရှိအောင်
ပုတ်ခတ်ရေးသားထားတာ တွေ့ရပါတယ်။ ရှေးမြန်မာ ဘုရင်တွေလက်ထက်
တပ်မတော်တွေကိုပါ ဘုရင့်ခါးပိုက်ဆောင်အဖြစ်ရေးသားထားသလို
ပြည်သူလူထုကို ဖိနှိပ်တဲ့တပ်မတော်တွေအဖြစ်ရေးသားထားပါတယ်။
ဒါဟာတပ်မတော်ကိုသာမက နိုင်ငံတော်ကာကွယ်ရေးတွက် အသက်သွေးချွေးများစွာ
စတေးခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ ဘိုးဘေးများကို စော်ကားထားတာပဲဖြစ်ပါတယ်။
ဆောင်းပါးရှင်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းလက်ထက် တပ်မတော်ကိုသာ အမွှန်းတင်ထားပြီး
ကျန်တဲ့ခေတ်အဆက်ဆက်က တပ်မတော်တွေရဲ့ စွန်လွှတ်စွန့်စား ပေးဆပ်သွားတာတွေကို
ကိုမျက်ကွယ်ပြုပြီး တစ်ဘက်စောင်းနင်း ရင့်ရင့်သီးသီးရေးသားထားပါတယ်။
ဒါဟာ ခေတ်အဆက်ဆက် တပ်မတော်နဲ့ တပ်မတော်သားတစ်ရပ်လုံးကို အဆုံးစွန်သောစော်ကားရိုင်းပြမှုတွေနဲ့ လူ့စည်းဘီလူးစည်းမချန်တဲ့
အလေနတောတစ်ကောင်ရဲ့ အတွေးအမြင်သာဖြစ်ပေမယ့် ဒီဂျာနယ်ကို တစ်နိုင်ငံလုံးဖြန့်ဝေတာဖြစ်တာကြောင့်မသိနားမလည်သူတွေရဲ့စိတ်မှာ
ဟုတ်လိမ့်နိုးနိုး ဒွိဟဖြစ်လာနိုင်ပါတယ်။
နိုင်ငံပိုင်သတင်းစာတစ်စောင်က ဓာတ်ပုံမှားယွင်းဖော်ပြမှုကို ဖွလို့ဆွလို့ ရှုတ်ချလို့
မဆုံးနိုင်အောင် ပဋာမြေလူး သွပ်သွပ်ရူးသလို ဖျတ်ဖျတ်လူးခဲ့ကြတဲ့ မီဒီယာများ အခုလို
စော်ကားတာကျတော့ကော ဘယ်သူ့မှာတာဝန်ရှိပါသလဲ။
လုပ်ချင်ရာလုပ်၊ ထုတ်ချင်ရာထုတ်၊ဟုတ်ချင်ရာဟုတ် ဒို့ကိုလာမချုပ်နဲ့ဆိုတာ မီဒီယာလား???
ဥပဒေအထက်မှာ မီဒီယာရှိပြီး မီဒီယာအောက်မှာ တပ်မတော်ရောက်နေပါသလား???
ပြန်ကြားရေးဝန်ကြီးက ပုံနှိပ်ခြင်းဥပဒေကြမ်းတင်သွင်းတုန်းက အုံးအုံးကျွက်ကျွက်
ကဖျက်ယဖျက် ၀ိုင်းကန့်ကွက်ကြတဲ့ မီဒီယာတွေ ၊မင်းတို့အဆင့်တန်း၊မင်းတို့နည်းလမ်း၊
မင်းတို့သိက္ခာ ဘယ်မှာလဲ???
ဘာအပြုသဘောဆောင်ပြီး ဘာတွေကိုပြည်သူလူထုဆီပို့ဆောင်နေတာပါလဲ???
တကယ်တော့ မင်းတို့ဟာအငုံ့စိတ်နဲ့ မဖြစ်ညစ်ကျယ်၊မဖြစ်ညစ်မယ်ဆိုတဲ့
အနှစ်မပါ၊အကာမဲ့ကင်း၊ပုပ်နံ့သင်းတဲ့ သတင်းမီဒီယာတွေဆိုရင် မမှားပါဘူး။
— with Victor Zwe Gyi, Wai Wai Hlaing, Ye Yint and 17 others.
"ခလေးကိုရိုက်နှက်ခြင်းရဲ့ အကျိုးဆက်များ"
$
0
0
ခလေးလေးရဲ့ စိတ်ဒဏ်ရာ နဲ့ မျက်ရည်'s photo.
"ခလေးကိုရိုက်နှက်ခြင်းရဲ့ အကျိုးဆက်များ"  ကျွန်မတို့ ပတ်ဝန်ကျင်မှာ အမြဲတွေ့ရတာကတော့ ခလေးက နည်းနည်း အပြစ်လုပ်တာနဲ့ ပြောဖို့ထက် လက် နဲ့ ပဲဖြစ်ဖြစ် တုတ်နဲ့ပဲဖြစ်ဖြစ် ဆွဲရိုက်တော့တာပါပဲ။ တစ်ချို့ကိစ္စတွေက နားလည်အောင်ရှင်းပြတာနဲ့ ရပါတယ် ရိုက်မှ ရင်ထဲစွဲပြီမှတ်မိတာပါမဟုတ်ပါ။ ရိုက်လိုက်မှပဲ ခလေးရဲ့ ရွဲတတ်တဲ့စိတ်ကို နိုးကြားလာအောင်လုပ်လိုက်တာနဲ့ အတူတူပဲ ပြီးတော့ ခလေးကို ရိုက်လိုက်လို့ ကြောက်သွားတာ မဟုတ်ပါဘူး ခလေးက တုတ်ကို ကြောက်တာပဲရှိတာပါ လူကို မကြောက်တတ်တော့ပါဘူး ရိုက်လိုက်တဲ့ အတွက် ခလေး နဲ့ မိဘကြားမှာ ဆိုးကြိုးတွေ အများကြီးရှိလာနိုင်ပါတယ်။ ကျွန်မဆိုလိုတာက ခလေးကို သွန်သင်ဆုံးမလို့ မရဘူးလို့ ပြောတာ မဟုတ်ပါဘူး။ ခလေးတွေကို ရိုက်လို့တော့ရပါတယ် ဒါပေမယ့် ဒေါသတကြီး ဆွဲရိုက်တာမျိုးမဟုတ်ပဲနဲ့ ဘာလုပ်လို့ရိုက်တယ် ဘာကြောင့် ရိုက်ခံရတယ်ဆိုပြီး နားလည်အောင်ပြောစေချင်တာပါ ဒေါသကြောင့်ရိုက်ရင် ခလေးက ငိုလေ ဒေါသကပိုထွက်လေ ပိုရိုက်လေဖြစ်ပြီး ခလေးက ကိုယ်ဘာကြောင့်ရိုက်ခံရတယ်ဆိုတာကို မသိတော့ပဲ နာတာကိုပဲသိပြီး ဆိုကြိုးတွေ ဖြစ်လာနိုင်လို့ပါ။  ခလေးတွေကို ဓလေ့ထုံစံတွေနဲ့လိုက်လျှောညီထွေနေတတ်အောင် ၊ အမှုအကျင့်ကောင်းတွေနဲ့ ကြီးပြင်အောင်၊ ဘယ်လိုလုပ်ရင် အန္တရာယ်ရှိတယ် ဘယ်လိုလုပ်ရင် အန္တရာယ် မရှိဘူးဆိုတာသိအောင်၊ လိုချင်တာကို ခိုးယူတာမျိုးမဟုတ်ပဲ တောင်းယူတတ်အောင်၊ လူကြီးမိဘတွေကို ရိုသေတတ်အောင် သေချာ ရှင်းပြပြောဆိုတတ်ဖို့လိုပါတယ် အဲလိုမှ မဟုတ်ပဲ ကိုယ့်စိတ်ထဲမတွေ့တာနဲ့ ခလေးကို နင်ဒီလို လုပ်စရာလာဆိုပြီး ဆွဲမရိုက်သင့်ပါဘူး။ ဘာလို့ဆို ကိုယ့်က မသင်ပြထားရင် ခလေးက မသိနိုင်တာမို့ ခလေးရဲ့ အပြစ်မဟုတ်ဘူးဆိုတာ သိထားဖို့လိုပါတယ်။ ခလေးတွေ ဆိုတာ လောက အသစ်ကို စတင်ဝင်ရောက်ပြီး စူးစမ်းလေ့လာနေကျပြီး သူတို့ရဲ့ ဦးနှောက် ဥာဏ်မှီသလောက်ကို သူတို့လုပ်ချင်တာကို စမ်းသပ်လုပ်ကြည့်နေကြတာ အဲဒါကို ကိုယ့်က သူတို့ မှားရင်တောင် အမှားထဲက သင်ခန်းစာယူတတ်အောင် ရှင်းပြသင်ကြားပေးမှ မှန်မှာလေ အဲလိုမဟုတ်ပဲ ရိုက်လိုက်မယ်ဆိုရင် ခလေးက ကိုယ့်ကို ရွံ့ကြောက်ကြီးကြောက်သွားနိုင်သလို ခလေးရဲ့ ဥာဏ်ရည်ကိုလဲ တုံးအောင်လုပ်လိုက်သလိုဖြစ်သွားပါလိမ့်မယ်။  ရိုက်နှက်ခြင်းရဲ့ အကျိုးဆက်တွေအနေနဲ့ မိဘ နဲ့ သားသမီးကြား ချစ်ခင်လေးစားခြင်းတွေ၊  မိဘ အလိုကျလုပ်ပေးချင်တဲ့စိတ်လေးတွေ ပျောက်ပြီး ရွံ့ကြောက်ကြီးကြောက်ပြီး ရှေ့တစ်မျိုးကွယ်ရာတစ်မျိုးလုပ်လာတတ်ပါတယ်။ ခလေးဟာ သူများကိုလဲ ရိုက်နှက်လိုက်ဖို့ ၀န်မလေးတော့ပါဘူး ကိုယ်ရိုက်ခံရသလို သူများကိုလဲ ရိုက်ချင်တဲ့စိတ်လေးတွေ ကိန်အောင်းလာတတ်ကာ သူငယ်ချင်းတွေ ကြားမှာ အဆင်မပြေဖြစ်လာတတ်ပြီး ပေါင်းသင်းဆံဆက်ရေးညံ့လာတတ်ပါတယ်။ ပြီးတော့ ခလေးရဲ့ စိတ်ဟာ မထုံတတ်သေးဖြစ်လာပြီး ပြန်မပြော နားမထောင်ဖြစ်လာတတ်ပြီး ကောင်းတဲ့စိတ်ကလေးတွေ မရှိတော့ပဲ အစွမ်းအစတွေ ပျောက်ကွယ်လာကာ ဆိုးတဲ့လမ်းကြောင်းကို ဦးတည်သွားတတ်ပါတယ်။  ခလေးကို မရိုက်ပဲ နားလည်အောင်ပြောပြီး လိုအပ်မှ ဆုံးမတာ က အကောင်းဆုံးပါ။ ခလေးကို နားလည်အောင် အမှားအမှန်ရှင်းပြပြီး ဒါက ဘယ်လုပ်သင့်တယ် ဒီလိုလုပ်တာတော့မကောင်းဘူး နောက်လုပ်ရင်တော့ မေတို့က ဒဏ်ပေးမှာနော် သမီးက လိမ္မာရဲ့သားနဲ့ မဟုတ်ဘူးလာဆိုတာမျိုးပြောမယ်ဆိုရင် မိဘ နဲ့သားသမီး ကြားက ပြသာနာ လျှော့နည်းသွားမှာပါ။ ခလေးကို ရှင်းပြလိုက်တဲ့အတွက် ရိုက်နှက်လို့ ရသွားမယ့် စိတ်ဓာတ်ရာထက် ကိုယ်ရှင်းပြတာကို ခေါင်းထဲမှာ မှတ်မိသွားမယ်ဆိုရင် ခလေးရဲ့ ဥာဏ်ရည်ဟာ ပိုပြီးဖွံ့ဖြိုးလာမှာပါ။ ပြီးတော့ လိမ္မာ ယဉ်ကျေး ဥာဏ်ရည်ထက်မြက် တဲ့အပြင် မိဘစကားကို နားထောင်တတ်တဲ့ သားသမီးတွေကို ပိုင်ဆိုင်ရပါလိမ့်မယ်။  ခလေးရဲ့စိတ်ကို ခံစားနားလည်နိုင်ပါစေ Rose White 5.4.2013  မှတ်ချက် ။ ။ ဒီ post လေးဟာ ဘယ်သူ့ကိုမှ ထိခိုက်စေချင်တဲ့ ရည်ရွယ်ချက်မပါပါဘူး လိုအပ်နေတာလေးရှိရင်တော့ ဖြည့်ပြီးဖတ်ပေးပါနော် ခလေးတွေရဲ့ ရင်ထဲက စိတ်ဒဏ်ရာကို လျှော့နည်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ရေးထားတာပါ ...
ကျွန်မတို့ ပတ်ဝန်ကျင်မှာ အမြဲတွေ့ရတာကတော့ ခလေးက နည်းနည်း အပြစ်လုပ်တာနဲ့ ပြောဖို့ထက် လက် နဲ့ ပဲဖြစ်ဖြစ် တုတ်နဲ့ပဲဖြစ်ဖြစ် ဆွဲရိုက်တော့တာပါပဲ။ တစ်ချို့ကိစ္စတွေက နားလည်အောင်ရှင်းပြတာနဲ့ ရပါတယ် ရိုက်မှ ရင်ထဲစွဲပြီမှတ်မိတာပါမဟုတ်ပါ။ ရိုက်လိုက်မှပဲ ခလေးရဲ့ ရွဲတတ်တဲ့စိတ်ကို နိုးကြားလာအောင်လုပ်လိုက်တာနဲ့ အတူတူပဲ ပြီးတော့ ခလေးကို ရိုက်လိုက်လို့ ကြောက်သွားတာ မဟုတ်ပါဘူး ခလေးက တုတ်ကို ကြောက်တာပဲရှိတာပါ လူကို မကြောက်တတ်တော့ပါဘူး ရိုက်လိုက်တဲ့ အတွက် ခလေး နဲ့ မိဘကြားမှာ ဆိုးကြိုးတွေ အများကြီးရှိလာနိုင်ပါတယ်။ 
ကျွန်မဆိုလိုတာက ခလေးကို သွန်သင်ဆုံးမလို့ မရဘူးလို့ ပြောတာ မဟုတ်ပါဘူး။ ခလေးတွေကို ရိုက်လို့တော့ရပါတယ် ဒါပေမယ့် ဒေါသတကြီး ဆွဲရိုက်တာမျိုးမဟုတ်ပဲနဲ့ ဘာလုပ်လို့ရိုက်တယ် ဘာကြောင့် ရိုက်ခံရတယ်ဆိုပြီး နားလည်အောင်ပြောစေချင်တာပါ ဒေါသကြောင့်ရိုက်ရင် ခလေးက ငိုလေ ဒေါသကပိုထွက်လေ ပိုရိုက်လေဖြစ်ပြီး ခလေးက ကိုယ်ဘာကြောင့်ရိုက်ခံရတယ်ဆိုတာကို မသိတော့ပဲ နာတာကိုပဲသိပြီး ဆိုကြိုးတွေ ဖြစ်လာနိုင်လို့ပါ။
ခလေးတွေကို ဓလေ့ထုံစံတွေနဲ့လိုက်လျှောညီထွေနေတတ်အောင် ၊ အမှုအကျင့်ကောင်းတွေနဲ့ ကြီးပြင်အောင်၊ ဘယ်လိုလုပ်ရင် အန္တရာယ်ရှိတယ် ဘယ်လိုလုပ်ရင် အန္တရာယ် မရှိဘူးဆိုတာသိအောင်၊ လိုချင်တာကို ခိုးယူတာမျိုးမဟုတ်ပဲ တောင်းယူတတ်အောင်၊ လူကြီးမိဘတွေကို ရိုသေတတ်အောင် သေချာ ရှင်းပြပြောဆိုတတ်ဖို့လိုပါတယ် အဲလိုမှ မဟုတ်ပဲ ကိုယ့်စိတ်ထဲမတွေ့တာနဲ့ ခလေးကို နင်ဒီလို လုပ်စရာလာဆိုပြီး ဆွဲမရိုက်သင့်ပါဘူး။ ဘာလို့ဆို ကိုယ့်က မသင်ပြထားရင် ခလေးက မသိနိုင်တာမို့ ခလေးရဲ့ အပြစ်မဟုတ်ဘူးဆိုတာ သိထားဖို့လိုပါတယ်။ ခလေးတွေ ဆိုတာ လောက အသစ်ကို စတင်ဝင်ရောက်ပြီး စူးစမ်းလေ့လာနေကျပြီး သူတို့ရဲ့ ဦးနှောက် ဥာဏ်မှီသလောက်ကို သူတို့လုပ်ချင်တာကို စမ်းသပ်လုပ်ကြည့်နေကြတာ အဲဒါကို ကိုယ့်က သူတို့ မှားရင်တောင် အမှားထဲက သင်ခန်းစာယူတတ်အောင် ရှင်းပြသင်ကြားပေးမှ မှန်မှာလေ အဲလိုမဟုတ်ပဲ ရိုက်လိုက်မယ်ဆိုရင် ခလေးက ကိုယ့်ကို ရွံ့ကြောက်ကြီးကြောက်သွားနိုင်သလို ခလေးရဲ့ ဥာဏ်ရည်ကိုလဲ တုံးအောင်လုပ်လိုက်သလိုဖြစ်သွားပါလိမ့်မယ်။
ရိုက်နှက်ခြင်းရဲ့ အကျိုးဆက်တွေအနေနဲ့ မိဘ နဲ့ သားသမီးကြား ချစ်ခင်လေးစားခြင်းတွေ၊ မိဘ အလိုကျလုပ်ပေးချင်တဲ့စိတ်လေးတွေပျောက်ပြီး ရွံ့ကြောက်ကြီးကြောက်ပြီး ရှေ့တစ်မျိုးကွယ်ရာတစ်မျိုးလုပ်လာတတ်ပါတယ်။ ခလေးဟာ သူများကိုလဲ ရိုက်နှက်လိုက်ဖို့ ၀န်မလေးတော့ပါဘူး ကိုယ်ရိုက်ခံရသလို သူများကိုလဲ ရိုက်ချင်တဲ့စိတ်လေးတွေ ကိန်အောင်းလာတတ်ကာ သူငယ်ချင်းတွေ ကြားမှာ အဆင်မပြေဖြစ်လာတတ်ပြီး ပေါင်းသင်းဆံဆက်ရေးညံ့လာတတ်ပါတယ်။ ပြီးတော့ ခလေးရဲ့ စိတ်ဟာ မထုံတတ်သေးဖြစ်လာပြီး ပြန်မပြော နားမထောင်ဖြစ်လာတတ်ပြီး ကောင်းတဲ့စိတ်ကလေးတွေ မရှိတော့ပဲ အစွမ်းအစတွေ ပျောက်ကွယ်လာကာ ဆိုးတဲ့လမ်းကြောင်းကို ဦးတည်သွားတတ်ပါတယ်။
ခလေးကို မရိုက်ပဲ နားလည်အောင်ပြောပြီး လိုအပ်မှ ဆုံးမတာ က အကောင်းဆုံးပါ။ ခလေးကို နားလည်အောင် အမှားအမှန်ရှင်းပြပြီး ဒါက ဘယ်လုပ်သင့်တယ် ဒီလိုလုပ်တာတော့မကောင်းဘူး နောက်လုပ်ရင်တော့ မေတို့က ဒဏ်ပေးမှာနော် သမီးက လိမ္မာရဲ့သားနဲ့ မဟုတ်ဘူးလာဆိုတာမျိုးပြောမယ်ဆိုရင် မိဘ နဲ့သားသမီး ကြားက ပြသာနာ လျှော့နည်းသွားမှာပါ။ ခလေးကို ရှင်းပြလိုက်တဲ့အတွက် ရိုက်နှက်လို့ ရသွားမယ့် စိတ်ဓာတ်ရာထက် ကိုယ်ရှင်းပြတာကို ခေါင်းထဲမှာ မှတ်မိသွားမယ်ဆိုရင် ခလေးရဲ့ ဥာဏ်ရည်ဟာ ပိုပြီးဖွံ့ဖြိုးလာမှာပါ။ ပြီးတော့ လိမ္မာ ယဉ်ကျေး ဥာဏ်ရည်ထက်မြက် တဲ့အပြင် မိဘစကားကို နားထောင်တတ်တဲ့ သားသမီးတွေကို ပိုင်ဆိုင်ရပါလိမ့်မယ်။
ခလေးရဲ့စိတ်ကို ခံစားနားလည်နိုင်ပါစေ
Rose White
5.4.2013
မှတ်ချက် ။ ။ ဒီ post လေးဟာ ဘယ်သူ့ကိုမှ ထိခိုက်စေချင်တဲ့ ရည်ရွယ်ချက်မပါပါဘူး လိုအပ်နေတာလေးရှိရင်တော့ ဖြည့်ပြီးဖတ်ပေးပါနော် ခလေးတွေရဲ့ ရင်ထဲက စိတ်ဒဏ်ရာကို လျှော့နည်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ရေးထားတာပါ ...
ဗိုလ်ချုပ်ဓါတ်ပုံ အသုံးပြုမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းချက်
$
0
0
=============================
နိုင်ငံတစ်နိုင်ငံမှာ အထွဋ်အထိပ်ဟာ နိုင်ငံတော်အလံ ဖြစ်ပါတယ်။ နိုင်ငံတော်အလံကို ဘယ်လို အသုံးပြုရမယ်။ မဆီမလျော်အသုံးပြုရင်ဘယ်လိုအရေးယူရမယ်စတာတွေနဲ့ပတ်သက်လို့ နိုင်ငံငံတော်အလံ ဥပဒေဆိုတာ ရှိပါတယ်။ တည်ဆဲဥပဒေ ဖြစ်ပါတယ်။ နိုင်ငံသားတိုင်းဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ(၃)ရပ် ကို စောင့်ထိန်းကာကွယ်ဖို့ တာဝန်ရှိပါတယ်။ နိုင်ငံတော်အလံဟာ နိုင်ငံတစ်နိုင်ငံရဲ့ လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်မှုကို ကိုယ်စားပြုပါတယ်။
အလားတူပါပဲ ဗိုလ်ချုပ်အောင်ဆန်းဟာ ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတကြီးရဲ့ ရုံးခန်းမှာ သမ္မတအဆက်ဆက် ဓါတ်ပုံတွေ ချိတ်ဆွဲထားပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို "အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း" ဆိုပြီး နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် နှုတ်က ထုတ်ဖော် ပြောကြား ကမ္ဗည်းရေး ထိုးခိုင်းပြီး သမ္မတတွေကြားထဲ အလယ်ဗဟိုမှာ ချိတ်ဆွဲထားတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတကြီး ပထမဦးဆုံးအကြိမ် တွေ့ဆုံတဲ့ မှတ်တမ်းဓါတ်ပုံမှာ အဲဒီ ဗိုလ်ချုပ်ဓါတ်ပုံကို တွေ့မြင်နိုင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဒီနိုင်ငံရဲ့ အထွဋ်အမြတ်ထားရတဲ့ အမျိုးသားခေါင်းဆောင်ကြီးပါ။ ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံ၊ သင်္ကေတ၊ အမှတ်အသား၊ မိန့်ခွန်းတွေဟာလည်း နိုင်ငံတော်အလံလို ဥပဒေနဲ့ တိတိကျကျ ပြဌာန်းထားခြင်း မရှိသော်လည်းပဲ နိုင်ငံသားတွေ အလိုအလျောက်ခံယူရမယ့် လူမှုပဋိဥာဉ် Social Contract လို့ ပြောနိုင်သလို တစ်နည်းအားဖြင့် အမျိုးသားရေး ပဋိဥာဉ် National Contract တစ်ခု ဖြစ်ပါတယ်။ (ဒါဟာ နှုတ်ကထုတ်ဖော်ပြောကြားဖို့လည်း မလိုအပ်ပါဘူး)
ဗိုလ်ချုပ်ဓါတ်ပုံနဲ့ပတ်သက်လို့ဖဆပလ(၂)ခြမ်းကွဲတော့ ဖဆပလပိုင် ပစ္စည်းတွေ ခွဲဝေ ယူကြရပါတယ်။ ဖဆပလကို စတင် တည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်လို့ ဓါတ်ပုံကို ဘယ်အဖွဲ့က ယူသင့်သလဲ ဆိုတဲ့အထိ အကြီးအကျယ် အငြင်းပွားခဲ့ ကြဘူးပါတယ်။ ဆိုလိုတာက ဖဆပလကို ခွဲဝေဆက်ခံကြရာမှာ ဗိုလ်ချုပ်ဓါတ်ပုံကို သန့်ရှင်းနဲ့ တည်မြဲ ဘယ်သူရသင့်သလဲ ဆိုတာကို ငြင်းခုံကြတာပါ။ ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်မှုကို ကိုယ်စားပြုပါတယ်။ အမျိုးသားရေးကို ကိုယ်စားပြုပါတယ်။
ဒါဟာ ကျွန်တော်တို့ရဲ့ ဗိုလ်ချုပ်နဲ့ နိုင်ငံတော်အလံအပေါ် ထားရှိတဲ့ သဘောထား ဖြစ်ပါတယ်။ မတူကွဲပြားမှုတွေ ရှိနေတယ်၊ ခံယူချက် ကွဲလွဲနေတာတွေ ရှိနေတယ် ဆိုတာကို ကျွန်တော်တို့ အားလုံး လက်ခံထားပြီး ဖြစ်ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စိတ်ရှည်သည်းခံပြီး စေ့စပ်ညှိနှိုင်းတဲ့ နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ် ပေါ်ထွက်လာဖို့ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင်လည်း တဖွဖွ ပြောကြားနေတာ တွေ့နိုင်ပါတယ်။
ကျွန်တော်တို့နိုင်ငံနဲ့ ကျွန်တော်တို့ ပြည်သူတွေဟာ အသွင်ကူးပြောင်းရေးကို ကိုယ်တိုင်ကိုယ်ကျ ဖြတ်သန်းနေကြရတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေ၊ အငြင်းပွားမှုတွေကို We are One Myanmar ဆိုတဲ့ ခံယူချက်နဲ့ နိုင်ငံရေးခန္တီတရားနဲ့ ညှိနှိုင်းဖြေရှင်းသွားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ လိုက်နာရမယ့် ပဋိဥာဉ်တွေကို ထိပါးခြင်း၊ ဖောက်ဖျက်ခြင်း မပြုလုပ်မိဖို့ အထူးပဲ အရေးကြီးတယ်လို့ ခံယူပါတယ်။
နိုင်ငံသားမှန်ရင် နိုင်ငံသားတိုင်း ထားရှိရမယ့် နိုင်ငံသားစိတ်ဓါတ်၊ နိုင်ငံသားတာဝန်၊ နိုင်ငံသားဝတ္တရားတွေကို အလေးအနက်ခံယူဖို့ လိုအပ်သလို နိုင်ငံသားအခွင့်အရေးကို အပြည့်အဝ ရရှိခံစားနိုင်ရမှာ ဖြစ်ပါတယ်။ နိုင်ငံသားအခွင့်အရေူးဆိုတာ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ အတိအကျ ပြဌာန်းထားတဲ့ နိုင်ငံသားများရဲ့ မူလအခွင့်အရေးတွေ (အနောက်နိုင်ငံတွေကတော့ အခြေခံလူ့အခွင့်အရေးလို့ ပြောကြပါတယ်) ဖြစ်ပြီးတော့ ဒီအခွင့်အရေးတွေကို တန်းတူရည်တူ ရရှိကြရမှာ ဖြစ်ပါတယ်။
အခွင့်အရေးနဲ့ တာဝန်သိ၊ တာဝန်ကျေပွန်မှုဆိုတာ ဒွန်တွဲနေတာ ဖြစ်တဲ့အတွက် နိုင်ငံသားအခွင့်အရေး ရရှိလိုသူတိုင်းဟာ နိုင်ငံသားတိုင်း စောင့်ထိန်းရမယ့် တာဝန်၊ ကျေပွန်ရမယ့် ဝတ္တရားတွေ လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပဋိပက္ခ ဖြစ်ပွားနေတဲ့ ကာလတွေ၊ ပဋိပက္ခအလွန်ကာလတွေမှာ သတိထားကြဖို့ လိုပါတယ်။
ကျွန်တော်တို့အားလုံးဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။ ဒီတော့ နိုင်ငံသားဖြစ်တည်မှုကို အလေးအမြတ်ထားတယ် ဆိုရင် နိုင်ငံသားတိုင်း စောင့်ထိန်းရမယ့် နိုင်ငံသားစိတ်ဓါတ် ရှိဖို့ မရှိမဖြစ် လိုအပ်ပါတယ်။ ဘယ်ဘာသာပဲ ကိုးကွယ်ကိုးကွယ်၊ ဘယ်လူမျိုးပဲ ဖြစ်ဖြစ် နိုင်ငံသားမှန်ရင် နိုင်ငံသား စိတ်ဓါတ်ရှိဖို့ပဲ အရေးကြီးပါတယ်။ ဒီလောက်ပဲ ပြောပါရစေ။
လွမ်းရ ဆွေးရ စစ်သားဘဝ
$
0
0
လွမ်းရ ဆွေးရ စစ်သားဘဝ  ----------------------------- သီတင်းကျွတ်ပြန်ပြီနော်ထုံစံအတိုင်း ဖုန်းလေးတချက် စာလေး တစောင်နဲ့  အရင်လိုပါဘဲ စစ်သားဘဝ...  ငါ့သား ရယ် သီတင်းကျွတ် မီးထွန်းပွဲ မိသားစု စုံလင်ချင်လိုက်တာ ဘုရားလေးဖူး မီးလေးထွန်း ချင်တယ်တဲ့.....  အားလုံးပျော်ရွင်တဲ့ အချိန် အမေ့သားကြီး အမေ့ နားရှိရင် အရမ်းကောင်းပါဘဲ သတိရစိတ် အတူ ရင်ထဲအမေ့စကား....  နားလည်ပါတယ် အမေဆန္ဒတွေ ဘယ်လောက်လွမ်းနေမယ်ဆိုတာ ကိုသိနေလည်း ကျွန်တော်တို့  မသွားနိုင်ဖူး.....  စကားလေး တခွန်းနဲ့ ဘဲ နှစ်သိမ့်ပေးလိုက်နိုင်တယ် ဖြေသိမ့်ပေးပါအမေ ကျွန်တော်ကစစ်သားလေ တချိန် အမေ့နားရှိနေပေးမှာပါ..........   ဒါမဲ့အမေ စစ်သား ဖြစ်ခဲ့တိုင်းပြည်ထံ ကို အသက်အပ်ပြီး ယခုချိန်ထိ အဝေးကဘဲ သားကြောင့် စိတ်ပူသောက အလွမ်းတွေကို ဖြစ်တည်စေခဲ့ရင် ခွင့်လွတ်ပေးပါ လို့ ဒီသီတင်းကျွတ်မှာလည်း စာလွှာလေးနဲ့ ဘဲ ခြေအစုံထိ ကန်တော့လိုက် ပါတယ်......  အလားတူ အဖေ သားမောင်စစ်သည် မင်းခယောကျာင်္းကို ဘေးနားရှိစဉ် အခါတုန်းကလို ဘဲ ဆုံးမခဲ့တဲ့စကားတွေ ဘုန်းကြီး သက်ရှည် အန္တရယ် ကင်းပြီး ဒီအမိမြေ အတွက် သဲတမှုန်ကျောက် တပွင့် ဖြစ်ပါစေ ဆုတောင်းစကားတွေ အဝေးရောက်နေလဲ အမြဲနားထောင် ကြားယောင်နေဆဲပါ........  ဒီချိန်အေးမြတဲ့ လရောင်အောက်မှာ ကင်းစောင့်နေတဲ့ တပ်မတော်သားတွေရှိမယ်........  ကာကွယ်ရေးတာဝန်ထမ်း နိုင်အောင်ချွေးလုံးလုံး ကျအောင်လေ့ကျင့် နေတဲ့ သူတွေရှိမယ်.....  သွေးရင်းပြီး စစ်မြေပြင်မှာ အသက်ထပ်လောင်း တိုက်ပွဲ ဝင်နေတဲ့ သူတွေရှိမယ်.........  ကိုယ်စီတာဝန်တွေနဲ့  တိုင်းပြည်ကိုကာကွယ်ရန် ဘဝကို ပေးထားတဲ့သူတွေပါအမေ.....  တကယ်တမ်းတော့ တပ်ထဲဝင်သွားပြီးထဲက ဒီလို နှစ်သိမ့်စာတွေနဲ့ စကားတွေနဲ့ ပြောခဲ့ပေမဲ့ တနှစ်တခေါက်တောင် အမေ့နား နေဖို့ မလွယ်ခဲ့ဖူး....  အမေ့မျက်ရည်တွေ နဲ့ အတူစတေးခဲ့ရတဲ့ လူငယ်ဘဝ စစ်သားဘဝတွေ တိုင်းပြည်တွက် ပေဘဲ မို့ ကိုယ့်ဘဝကို မပိုင်တဲ့ ပြည်သူ့  တပ်မတော်သားအဝေးကဘဲ ရှီခိုးဦးချပါတယ်။  လေးစားစွာဖြင့် ဖိုးသားလေး  Photo- @[100004673503971:2048:Leiyin Nandar]
-----------------------------
သီတင်းကျွတ်ပြန်ပြီနော်ထုံစံအတိုင်း
ဖုန်းလေးတချက် စာလေး တစောင်နဲ့ 
အရင်လိုပါဘဲ စစ်သားဘဝ...
ငါ့သား ရယ် သီတင်းကျွတ် မီးထွန်းပွဲ
မိသားစု စုံလင်ချင်လိုက်တာ ဘုရားလေးဖူး
မီးလေးထွန်း ချင်တယ်တဲ့.....
အားလုံးပျော်ရွင်တဲ့ အချိန် အမေ့သားကြီး
အမေ့ နားရှိရင် အရမ်းကောင်းပါဘဲ
သတိရစိတ် အတူ ရင်ထဲအမေ့စကား....
နားလည်ပါတယ် အမေဆန္ဒတွေ
ဘယ်လောက်လွမ်းနေမယ်ဆိုတာ ကိုသိနေလည်း
ကျွန်တော်တို့  မသွားနိုင်ဖူး.....
စကားလေး တခွန်းနဲ့ ဘဲ နှစ်သိမ့်ပေးလိုက်နိုင်တယ်
ဖြေသိမ့်ပေးပါအမေ ကျွန်တော်ကစစ်သားလေ
တချိန် အမေ့နားရှိနေပေးမှာပါ..........
ဒါမဲ့အမေ စစ်သား ဖြစ်ခဲ့တိုင်းပြည်ထံ ကို
အသက်အပ်ပြီး ယခုချိန်ထိ
အဝေးကဘဲ သားကြောင့် စိတ်ပူသောက
အလွမ်းတွေကို ဖြစ်တည်စေခဲ့ရင်
ခွင့်လွတ်ပေးပါ လို့ ဒီသီတင်းကျွတ်မှာလည်း စာလွှာလေးနဲ့ ဘဲ ခြေအစုံထိ
ကန်တော့လိုက် ပါတယ်......
အလားတူ အဖေ သားမောင်စစ်သည်
မင်းခယောကျာင်္းကို ဘေးနားရှိစဉ်
အခါတုန်းကလို ဘဲ ဆုံးမခဲ့တဲ့စကားတွေ
ဘုန်းကြီး သက်ရှည် အန္တရယ် ကင်းပြီး
ဒီအမိမြေ အတွက် သဲတမှုန်ကျောက်
တပွင့် ဖြစ်ပါစေ ဆုတောင်းစကားတွေ
အဝေးရောက်နေလဲ အမြဲနားထောင်
ကြားယောင်နေဆဲပါ........
ဒီချိန်အေးမြတဲ့ လရောင်အောက်မှာ
ကင်းစောင့်နေတဲ့ တပ်မတော်သားတွေရှိမယ်........
ကာကွယ်ရေးတာဝန်ထမ်း နိုင်အောင်ချွေးလုံးလုံး
ကျအောင်လေ့ကျင့် နေတဲ့ သူတွေရှိမယ်.....
သွေးရင်းပြီး စစ်မြေပြင်မှာ အသက်ထပ်လောင်း
တိုက်ပွဲ ဝင်နေတဲ့ သူတွေရှိမယ်.........
ကိုယ်စီတာဝန်တွေနဲ့  တိုင်းပြည်ကိုကာကွယ်ရန်
ဘဝကို ပေးထားတဲ့သူတွေပါအမေ.....
တကယ်တမ်းတော့ တပ်ထဲဝင်သွားပြီးထဲက
ဒီလို နှစ်သိမ့်စာတွေနဲ့ စကားတွေနဲ့ ပြောခဲ့ပေမဲ့
တနှစ်တခေါက်တောင် အမေ့နား နေဖို့ မလွယ်ခဲ့ဖူး....
အမေ့မျက်ရည်တွေ နဲ့ အတူစတေးခဲ့ရတဲ့
လူငယ်ဘဝ စစ်သားဘဝတွေ တိုင်းပြည်တွက်
ပေဘဲ မို့ ကိုယ့်ဘဝကို မပိုင်တဲ့ ပြည်သူ့ 
တပ်မတော်သားအဝေးကဘဲ ရှီခိုးဦးချပါတယ်။
လေးစားစွာဖြင့်
ဖိုးသားလေး
Photo- Leiyin Nandar
“နေ၀င်ချိန်ကို ဖြတ်သန်းခြင်း”
$
0
0
by Soe Min (Notes) on Friday, April 12, 2013 at 2:25am
          နှစ်ကူးခါနီးကလေးမှာ မမျှော်လင့်ပဲ ကောင်းရာကောင်းကြောင်းကလေးလုပ်ဖြစ်သွားတာကတော့ အမျိုးထဲက အဖွားနှစ်ယောက်ကို သွားကန်တော့ဖြစ်တာပါ။ လက်ကျန်ဆိုလို့လည်းသူတို့နှစ်ယောက်ပဲ ရှိတော့တယ်။ ဒါတောင် အိမ်က အမေဖြစ်သူက “လိုက်ပို့စမ်း” ဆို ခေါ်လို့ပါသွားတာ။ ဟိုကအဘွားတွေက ရန်ကုန်ပြန်ရောက်ပြီဆိုလို့ မျှော်နေတာ ကြာပြီ။ လူကြုံနဲ့တောင်မှာ ယူရတယ်။ ကိုယ့်ဖြင့် သမီးတစ်ကောင် ဖားဖားနေရတာနဲ့ သူတို့ဆီမရောက်ဖြစ်တာ နှစ်ပြောင်းလရှည်ကြာခဲ့ပြီမောင်ရေပဲ။
ကိုယ့်အသက်တောင် ၄၆ ထဲမှာဆိုတော့ အမေက ၆၆၊ ကိုယ့်အဖွားတွေဆိုရင်ဘယ်သူမှ ၈၆ထက် လျော့လိမ့်မယ် မဟုတ်။ အမေ့ဘက်ကအဖွားကတော့ ဘူတန်သွားနေတုန်းက ဆုံးရှာတယ်။အခုဟာကတော့ အဖေ့ဘက်က အဖွားရဲ့ ညီမများ ယောင်းမများပေါ့။ ၀မ်းကွဲညီအမတွေ အပြိုင်းအယိုင်းစုစုစည်းစည်းရှိခဲ့တဲ့ထဲမှာ အခုဆို ပြေးရေကြည့်လို့မှ နှစ်ယောက်၊ သုံးယောက် ကျန်တော့တယ်။ဘိုးမျိုးဘွားမျိုးတွေ ပြုတ်လုပါပေါ့။ ယောင်္ကျားလေး သက်တမ်းနဲ့ဆိုရင် ကိုယ်တောင် သေရခါနီးနေပလားပဲ။ အဖိုးတွေ၊ အဖေတွေ လေးဆယ်ကျော်လောက်ဆို အတုန်းအရုံးလေ။ နောက်နှစ်ခါ တန်ဆောင်မုန်းဆိုတဲ့ကိစ္စဟာကိုယ်လည်း မသေချာဘူး။ သူတို့လည်း မသေချာဘူး။ ပြောတော့သာ သွားကန်တော့တယ်တဲ့။ နံမယ်ကောင်းကယူလိုက်သေး။ တကယ်တမ်းကျတော့ မုန့်ကလေးပဲကလေးသာ ကန်တော့နိုင်တာ၊ ဆရာဝန်ဖြစ်လျက်နဲ့ ဆေးဖိုးဝါးခတောင်တာဝန်ယူနိုင်တာ မဟုတ်။ ခုတောင် ကိုယ့်အမေကန်တော့တဲ့ဆီ လက်အုပ်ကလေးချီလို့ ဒိုင်ဗင်ဝင်ပစ်ရတာ။လူကဖြင့် သေခါနီးတာတောင် ခုထက်ထိ ဘာမှ မဟုတ်သေးတဲ့အကောင် လို့ ပြောရင် ဘယ်မှ မရှာနဲ့။ကိုယ့်ကိုယ်ကိုယ်သာ မှန်ကြည့်ပြီးပြောနေတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကလည်း မျက်နှာလေးတွေ့ချင်ရှာလို့ခေါ်တာပါ။ ကိုယ်ကလည်း ဒီမျက်နှာကလေးပဲ ပြစရာရှိပါတယ်။ သူ့မြေး သူ့အဖွား အပေးအယူတည့်နေပြီးတာပဲ မဟုတ်ဘူးလား။
          အဖွားနှစ်ယောက် တစ်အိမ်စီနေကြတာပါ။ ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင်နှစ်ယောက်စလုံးက ကိုယ့်တ နေတော့ တလက်စတည်း နှစ်အိမ်လုံး ပတ်ဝင်ခဲ့လိုက်တယ်။ သိတဲ့အတိုင်းရန်ကုန်မြို့ထဲ ကားမောင်းရတာ၊ သပ်သပ်စီသွားရင် ကျုပ်အဖွားတွေ အသက်မီဖို့ မလွယ်ဘူး။ပထမသွားတဲ့ အဖွားက အသက် ၉၀ကျော်နေပြီ။ အဖေ့ဘက်အဖွား၊ အမေ့ဘက်ကအဖွား၊ နှစ်ယောက်စလုံးနဲ့ညီအမ၀မ်းကွဲတော်တယ်။ သူတို့အချင်းချင်းက အဖေညီအကို အရင်းမွေးတွေ။ ကိုယ်တို့က သူ့ကိုခေါ်တာမေမေကြည် လို့ ခေါ်ရတယ်။ သူတို့တတွေက တစ်ယောက်တစ်ယောက် ဘယ်တော့မှ နံမယ် အပြည့်အစုံ မခေါ်ကြဘူး။ကြည်ကြည်ရေ။ ညွန့်ညွန့်ရေ။ ရီရီရေ။ အဲသလိုမျိုး နံမယ်တစ်လုံးကို နှစ်ခါထပ်ပြီးခေါ်ကြတယ်။ကလေးတွေက ရှေ့က မေမေတပ်ခေါ်ရတယ်။ အငယ်မို့ကျန်တဲ့ ညီမတောင် ၉၀ကျော်ဆိုတော့ အသက်ရှည်လွန်းလို့သာခုထက်ထိ ကျန်းကျန်းမာမာ တွေ့ရတာ။ သွားတွေ တစ်ချောင်းမှ မကျန်တော့ဘူး။ အံကပ်ကလေးနဲ့နေတယ်။နားမကြားတော့ဘူး။ ပါးစပ်ကလေး လှုပ်တာကို အကဲခပ် စကားပြောတယ်။ ပြောရင်းပြောရင်းနဲ့မှအားမရတော့ရင် ၀ှိုက်ဘုတ်ကလေးထိုးပေးတယ်။ ရေးပြစမ်း။ သူဖတ်မယ်။ သူငယ်ပြန်ချင်နေပြီလို့ကွယ်ရာမှာ ပြောကြပေမယ့် သူသိတာ သတိရတာတွေဖြင့် ကိုယ်တွေတောင် လိုက်မမီဘူး။ အိမ်က မောင်နှမဘုစုခရု မကျန် ဘယ်သူဘာဖြစ်၊ ဘာပြဿနာရှိ။ သူအကုန် အပ်ကျတာကအစ သိတယ်။ ရောက်တိုင်း လူစေ့အောင်မေးတယ်။
          ဆေးတွေမသောက်ရသေးဘူးမှတ်ပြီး အတင်းထပ်အတိုက်ခိုင်းတတ်ပေမယ့် မုန့်ဟင်းခါးစားနေတာ ငေးတောင်ကြည့်ယူရတယ်။ပလပ်စတစ်ခြင်းတောင်းကလေး တစ်လုံးယူပြီး အဲဒီထဲက ဆီချက်၊ ငရုတ်သီးမှုန့်၊ ငံပြာရည်၊ နံနံပင်သူ့ဟာသူ စိတ်ကြိုက် မမှားမယွင်းထည့်စားတယ်။ အကြော်တွေ မာလို့ မ၀ါးနိုင်တာဆို ပန်းကန်တစ်ချပ်နဲ့ သပ်သပ်ဖယ်ပစ်တယ်။ ဘေးကို အဖိတ်အကျ မရှိဘူး။ ကိုယ့်ဘာဟာ စားသောက်ပြီးရင် ကောင်မလေးခေါ်အသိမ်းခိုင်း၊ သူ့စားပွဲကလေးကို အစအနမကျန် ပြောင်နေအောင် သုတ်၊ သူ့လက်ကို အနံ့မစွဲအောင်သေသေချာချာ သုတ်သင်တယ်။ ဧည့်သည်လာပြီ။ ကော်ဖီတိုက်စမ်း၊ အအေးတိုက်စမ်း။ အကုန် သူစီမံတယ်။သူကိုယ်တိုင် သူ့မြေးတွေကို လက်ထဲဖန်ခွက်အရောက် တိုက်တယ်။ ကိုယ်တွေလို ခြေမမြဲလက်မမြဲတောင်ဆွဲ မြောက်ဆွဲ မဆွဲဘူး။ စကားတွေဆိုတာကတော့ သူကချည့်ဖောင်နေအောင် ပြောတော့တာ။ စိန်ဗေဒါကြီးပတ်စမ်းသလို တစ်ဝိုင်းလုံးရှိသမျှ ပတ်လုံး အကုန်မြည်အောင် လိုက်တီးသလား မှတ်ရတယ်။ ဘယ်သူနဲ့မှစကားမပြောလိုက်ရဘူးဆိုတာ မရှိ။ နံမယ် မှားခေါ်ရိုး ထုံးစံမရှိ။ သတိတရကလည်း ရှိပါ့။ “ဖိုးချိုတစ်ကောင်နယ်ရောက်နေတာ ကြာလှပြီ။ ခုလောက်ရှိ ရန်ကုန်ပြန်ရောက်ဖို့တော်ပေါ့။ ဖုန်းဆက်ကြည့်စမ်း။”ဆိုလို့ ကိုယ်က လာရတယ်။ တို့လူကြီးတွေဖြင့် တစ်လတစ်ခါ မျက်နှာပြတာတောင် မှတ်မိချင်မှမှတ်မိတာ။ (သူတို့ အပြစ်တော့ ဟုတ်ပါဘူး။ အမျိုးမှ မတော်ပဲကိုး)။ သည်မှာတော့ ကိုယ့်မြေးကိုယ့်အဖွားဆိုတော့ မလာနိုင်ကာမှ နေရော။ ရောက်မှတော့ အောင်မယ်မင်း မသေလို့ တွေ့ရ မေ့နိုင်ပါရိုးလားပေါ့။
           အိမ်ရှိလူကုန်မာကြောင်းသာကြောင်း မေးမြန်းပြီးတော့ မကြာသေးခင်က ကျုံမငေးပြန်ပြီး အကြီးအကျယ် အလှူလုပ်ခဲ့တဲ့အကြောင်းပြောပြတယ်။ ဘယ်သားသမီး ဘယ်လောက်ထောက်ပံ့လို့ သူ ဘယ်လို လှူနိုင်တန်းနိုင်တယ်ဆိုတာ ၀မ်းပန်းတသာပြောရင်းကမှမျက်ရည်စမ်းစမ်းနဲ့တစ်ခါ သူအခုလို အေးအေးချမ်းချမ်း မတောင့်မတ နေနိုင်စားနိုင် လှူနိုင်တန်းနိုင်တာကိုသွားလေသူကြီးများနဲ့တွေ့ပြီး ပြောပြချင်လိုက်တာတဲ့။ ဟုတ်တာပေါ့။ ဟိုတလောက ရေးတဲ့ တရုတ်ဇာတ်လမ်းတွဲထဲမှာတရုတ်စစ်သူကြီးပြောတဲ့ “ကိုယ့်အောင်မြင်မှုဆိုတာ ကိုယ့်ဇာတိရပ်ရွာကို ပြန်မပြနိုင်ခဲ့ရင်အချည်းနှီးပဲ” ဆိုတာလေး ပြန်သတိရသွားတယ်။ သူပျော်နေတယ်လေ။ သူစိတ်ချမ်းသာနေတယ်လေ။ ဒါတွေကိုသူပြောပြချင်နေတယ်။ မျှဝေချင်နေတယ်။ ဒါပေမယ့် သူပြောပြချင်တဲ့သူတွေက အခု မရှိတော့ဘူး။အမျှပဲ ဝေလို့ရတယ်။ အမေတို့ အဖွားတို့ ဘုရားရှိခိုးရင် တဖြေးဖြေး ပိုပိုကြာလာတယ်လေ။တမလွန်မှာ အမျှဝေစရာ ဆွေမျိုးတွေက တိုးတိုးလာတာကိုး။
         လူတွေဆိုတာသင်္ဘောဆိပ်မှာ အသုတ်လိုက် အသုတ်လိုက် တက်တက်သွားတဲ့ ခရီးသည်တွေလိုပဲ။ တစ်စီးဝင်လာလိုက်။တစ်စီးထွက်သွားလိုက်၊ ကိုယ့်အပေါင်းအဖော်တွေက ပါသွားနှင့်လို့ ကျန်ရစ်ခဲ့ရတဲ့အခါ နောက်သင်္ဘောစောင့်ရင်းနောက်လူတွေနဲ့ စကားသာပြောနေရတယ်။ စိတ်ကတော့ အရင်သင်္ဘောပေါ်ပါသွားတဲ့သူတွေနောက်ကို လိုက်ချင်နေပြီ။အဲသည်ကောင်မတွေ ဟိုရောက်ရင် ငါ့မှစောင့်နေပါဦးမလား။ ပြန်မှ မတွေ့တော့ရင် ဘယ့်နှယ်လုပ်မလဲနဲ့ စိတ်စောနေရပြီ။ အဲသလိုတွေးလိုက်တော့လည်း သေခြင်းတရားဆိုတာ ငယ်တုန်းကလောက် အကြောက်အကန်မဟုတ်တော့ပါဘူး။ တစ်သက်နဲ့တစ်ကိုယ် ကုသိုလ်တွေလည်း တတ်စွမ်းသလောက် လုပ်ခဲ့ပြီးပြီ။ငရဲငအုံ အပယ်ဘုံတွေထဲရောက်လောက်စရာ အကုသိုလ်ကြီးတဲ့သူတွေ ကိုယ့်ဆွေကိုယ့်မျိုးထဲ မပါတာမင်္ဂလာရှိလိုက်လေ။ (ရှင်ဘုရင်အမျိုးဆို သည်လိုပြောနိုင်ဖို့ ခက်ရှာမပ) ဇရာကနေ ဗျာဓိ၊မရဏကို အစဉ်လိုက်ကူးသွားပြီးတဲ့အခါ သံသရာဘုံမှာ အသစ်တဖန်စရဦးမှာ မဟုတ်လား။
           နောက်အဖွားတစ်ယောက်ဆီကူးတဲ့အခါ သူတို့ချင်းလည်း မကြာသေးခင်ကမှ တစ်အိမ့်တစ်အိမ် ကူးသန်းပြီး စကားစမြည်ဖောင်ဖွဲ့ကြတဲ့အကြောင်းသိရတယ်။ သူတို့ချင်းက ယောင်းမတစ်ဝမ်းကွဲဆိုလည်း ဟုတ်သလို၊ ခမည်းခမက်ဆိုလည်း တော်ပြန်တယ်။မြောင်းမြအိမ်က ၀မ်းကွဲအမများရဲ့ မောင်ကလေးနဲ့ အကြောင်းပါလို့ ယောင်းမလို့စပ်ရင်လည်းတော်တယ်။ ကိုယ်တို့အမျိုးများဟာ နှစ်ဝမ်းသုံးဝမ်းကွဲရင် ဖူးစာပြန်ပြန်ဆုံတတ်လို့ ခမည်းခမက်လည်းပြန်တော်ကြရတယ်။ ကိုယ့်မိဘများဟာလည်း သူတို့ ညီအမ၀မ်းကွဲချင်း ကိုယ့်အိပ်ထဲကိုယ် အဖိတ်ခိုင်းထားတာလေ။ဒါကြောင့် ကိုယ်တို့ထဲမှာ အကြေအညာက နေရာပဲဝေးတာ။ သွေးမဝေးဘူး။ ဒီအဖွားကိုတော့ ကိုယ်တို့ကဒေါ်ဒေါ်ခင်လို့ ခေါ်ကြတယ်။ သူလည်း မငယ်တော့ပါဘူး။ ၈၄ နှစ်ရှိပြီ။ သွားတွေ တစ်ချောင်းမှမကျန်တော့ဘူး။ ဒူးတွေနာနေလို့ အထိုင်အထ နည်းနည်းလေးပေမယ့် လူကတော့ ငယ်ငယ်ကအတိုင်း လူသွက်။ပြောဆိုစိတ်မြန် အာသွက်ခယံ။ စကားတတ်ရတဲ့အထဲ ဘ၀ကစုံတော့ သူ့ဆီရောက်ရင် အမြဲ ပြောပြစရာတွေကလည်းတပုံကြီးရှိသေးတယ်ရှင့်ပဲ။
          သူကထူးထူးခြားခြား “ဖိုးချို။ နင်ရေးတဲ့စာအုပ် ငါဖတ်ရတယ်။” ဆိုတော့ ကိုယ့်မှာ ရှက်ကိုးရှက်ကန်းဖြစ်ရသေး။ ကိုယ့်အမျိုးတွေဟာ လှတောက မဟုတ်ပေမယ့်လို့ ဘယ်သူမဆို စကားကို စီကာပတ်ကုံးကွက်ကွက်ကွင်းကွင်း မြင်အောင် ပုံတိုပတ်စလေးတွေနဲ့ ခိုင်းခိုင်းနှိုင်းနှိုင်း ပြောလေ့ရှိကြတယ်။ဒါကြောင့် မောင်စံဖားကလေး လေဖောတယ်ဆိုတာ ကိုယ့်အမျိုးတွေရှေ့ကျ ပြောရဲဘူး။ ကျုပ်ဘကြီးကကျုပ်ထက်တတ်တဲ့သူချည့်ပဲ။ ပြောရင်းဆိုရင်းသား စကားစပ်မိလို့ မငြိမ်မသက်တဲ့အကြောင်းတွေရောက်ကုန်တဲ့အခါ ကိုယ်ကလည်း မနေနိုင်လို့ အငေါ်တူးလိုက်မိတယ်။ “ဒေါ်ဒေါ်ခင်ရေ။ အပြင်သိပ်မထွက်နဲ့။အိမ်မှာပဲနေနော်။ သူများတွေက ဟိုဟာဒီဟာတွေဖြစ်တာ ဗကပစနက်လို့ ပြောနေကြတယ်။ ဒေါ်ဒေါ်ခင်တို့အဆက်အနွယ်တွေ ကျန်သေးလို့လား။” ဆိုတော့ “လာဖမ်းလှည့်လေဟယ်။ ငါတစ်ယောက်ကျန်တော့တာ။”လို့ ပြန်သောတယ်။ ဒေါ်ဒေါ်ခင်ဟာ ကိုယ့်အဖိုးနဲ့ တောထဲမှာ အကြောင်းပါလာတာပါ။ ကိုယ်တို့အဖိုးလေးဟာဗိုလ်သင်တန်း တတိယအပတ်စဉ်ဆင်းပဲ။ နိုင်ငံခြား ပညာတော်သင်သွားဖို့ မင်္ဂလာဒုံလေဆိပ်ရောက်တဲ့အချိန်မှာဗကပကို မတရားသင်းကြေငြာလိုက်တဲ့အတွက် ဘားမားရိုင်ဖယ်တပ်နဲ့အတူ အရှင်လတ်လတ်ကြီး မြေမမြိုပဲအန်ဒါဂရောင်းရောက်သွားသူပါ။
         ကိုယ်သိသလောက်ကတော့ဗကပဆိုတာ ဖြုတ်ထုတ်သတ်၊ ရန်ငါမကွဲရင် အမျိုးပြုတ်အောင်သတ်၊ ဗားကရာချောက်ကြီးကို ဆိုရှယ်လစ်အရိုးတွေနဲ့ဖို့ပစ်မယ် လို့ ကြိမ်းဝါး၊ ရုပ်ရှင်ထဲမှာဆို အောင်ခိုင်တို့၊ အံ့ကျော်တို့မှ ရတာ။ဗကပတွေ ကောင်မလေးတစ်ယောက်ကို ကြည့်နေပြီဆို မတရားကျင့်တော့မလို့။ အဲသလို သဘောပေါက်ထားတာပါ။မြန်မာပြည်မှာ ဗကပလောက် အန္တရာယ်ကြီးတာ မရှိဘူး။ ဆူပူမှုတိုင်းရဲ့ နောက်ကွယ်မှာ ဗကပကစံနစ်တကျ ကြိုးကိုင်နေတယ် လို့ ယူဆထားတာပါ။ (သည်ပုတ်ထဲနေမှတော့ သည်ပဲကလေးပေါ့ဗျာ နော့)ဗကပ နဲ့ပတ်သက်ပြီး ကြောက်တာက သူတို့တတွေဟာ ဘာသာမရှိဘူး။ ဘုန်းကြီးရဟန်းလည်း သတ်ဖို့ဝန်မလေးဘူး။မန်းလေးက နံမယ်ကျော် စာရေးဆရာကြီး စာရေးဆရာမကြီးတို့ရဲ့သားဆိုရင် သူ့မိဘကို သူကိုယ်တိုင်ခေါင်းဖြတ်၊လည်ချောင်းသွေးနဲ့ ခြေဆေးပြီး ခေတ်သစ်အဇာတသတ်ဘွဲ့ကို ခံယူမယ် လို့ ဓါတ်ပုံနဲ့တကွ၊ ကြော်ငြာစာရေးကပ်ထားတာတွေ့လိုက်ဖတ်လိုက်ရတော့ “ဘုရား ဘုရား” လို့ တောင် တ မိတယ်။
           နောက်တော့ဖေ့စ်ဘုတ်ကြီးရဲ့ ကျေးဇူးကြောင့် လို့ပဲ ပြောရမယ် ထင်တယ်။ ဓါတ်ပုံတွေကို အလွဲသုံးစားလုပ်ပြီးသူများသားသမီးကို အသရေဖျက် အပုပ်ချ၊ ကိုယ်လိုချင်သလို သွေးထိုးလှုံဆော်ဖို့ဆိုတာ လွယ်လွယ်လေးပါကလားလို့ သိလိုက်ရတဲ့အချိန်ကျတော့ ဘယ်သူ့ကိုမှ မယုံတော့ဘူး။ ဗကပက ယုတ်မာတယ်။ ဆိုရှယ်လစ်ကယုတ်မာတယ်။ စတဲ့ ၀ါဒစွဲအမြင်လေး ကွာသွားပြီး ဘယ်သူပဲဖြစ်ဖြစ် ယုတ်မာတဲ့အမှုကို ပြုသူကယုတ်မာတာပဲ လို့ ဓမ္မဒိဋ္ဌာန်ကျကျ မြင်တတ်လာပါတယ်။ ဘာလို့ဆိုတော့ ၈၈ မှာလည်း မြင်ခဲ့ရတယ်။စက်တင်ဘာမှာလည်း တွေ့ခဲ့ရတယ်။ ဘယ်သူတွေက ဘာလုပ်သလဲဆိုတာ။ ဒါပေမယ့် ဦးနှောက် နဲ့ အတွေးအခေါ်မရင့်ကျက်သေးသူတွေကတော့ မသမာတဲ့သူက “ဒီမှာကြည့်စမ်း။ တွေ့လား။ သေကုန်ပြီ။ အဲဒါ ကုလားသတ်တာ။ဗမာသတ်တာ။” စသည်ဖြင့် ဆွပေးလိုက်ရင် သွေးဆူပြီး မစဉ်းမစား ယုံကြလွန်းလို့ သင်ခန်းစာယူနိုင်အောင် ကိုယ်အ တဲ့အကြောင်း ကိုယ့်ပေါင် ကိုယ်လှန်ထောင်းတာနော်။
          ကိုယ့်အဖိုးဗကပကြီးကတော့ ဘုရားသွားကျောင်းတက်၊ ဘာသာရေးနဲ့ မကင်းကွာတဲ့သူပါ။ ပညာတတ်၊ စစ်ဗိုလ်ဘ၀ကနေကံအလှည့်မသင့်လို့ တောထဲရောက်သွားရှာတော့ ခြေမွေးလက်မွေးတင်မကဘူး။ ခေါင်းမွေးပါ ခဏခဏမီးလောင်တဲ့အထိ ဒုက္ခသုက္ခတွေကို စုံ လို့။ ဒေါ်ဒေါ်ခင်ကိုယ်တိုင်တောင် ကလေးမျက်နှာမြင်ပြီးတာနဲ့သွေးနုသားနု စစ်တလင်းပြင်ခဲ့ရတယ်လို့ ဒဏ်ရာလေးတွေ ပြပြပြီး ပြောရှာတယ်။ ကိုလိုနီပညာရေးကိုကျကျနန မီခဲ့တဲ့ အမွေကလေး ထိန်းထားချင်သလား မသိပါဘူး။ မွေးသမျှသားသမီးတွေ အကုန် မြန်မာနံမယ်တစ်ယောက်မှ မရှိဘူး။ သူတို့ချင်းလည်း အင်္ဂလိပ်လိုပဲ ပြောကြသတဲ့။ ခုချိန်ထိ အမယ်ကြီးအိုဒေါ်ဒေါ်ခင်ဟာ ဧည့်လမ်းညွှန်တွေ ငေးရလောက်အောင် ဒိုးဒိုးဒေါက်ဒေါက် ပြောနိုင်ပါတယ်။ “ဒေါ်ဒေါ်ခင်ကွန်မြူနစ်ဝါဒကို တကယ် ယုံခဲ့သလား။” လို့ မေးကြည့်တော့ “အဲဒီအချိန်တုန်းက သူပဲ အကောင်းဆုံးရှိတာလေ။တရုတ်ပြည်မှာလည်း မော်စီတုံးကြီးက အရမ်းအောင်မြင်နေတာ မဟုတ်လား။ နောက်တစ်ခုက ဘားမားရိုင်ဖယ်တပ်ကဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ကွန်မြူနစ်ပါတီထဲ ၀င်ခိုင်းထားတာလေ၊ ဦးနုက မတရားသင်းကြေငြာလိုက်တဲ့အခါသူတို့လည်း တောမခိုလို့ ဘယ်လိုလုပ်မတုန်း။ အဲဒီအချိန်မှာ အစိုးရဘက်က ရန်ကုန်စုစုကလေးပဲကျန်တော့တာ။ အကုန်လုံး ဟိုဘက်ကသူပုန်၊ သည်ဘက်သူပုန်၊ သိမ်းထားပြီးသား။ နောက်တော့ ပါတီကခေါင်းဆောင်တွေကလေယာဉ်ပျံနဲ့ စာတွေကျဲတယ်။ ရဲဘော်တို့။ ငါတို့လမ်းစဉ် မှားနေပြီ။ နောက်ပြန်ဆုတ်ကြ။ပြန်လာကြ။ ဆိုလို့ ပြန်လာကြတာ။” တဲ့။ သူတို့က ဗိုလ်ဇေယျကြီးနဲ့ တစ်ဖွဲ့တည်း လို့ ပြောပါတယ်။ဗိုလ်ဇေယျကြီးသမီးတွေတောင် ရိုးထဲမှာမွေးလို့ ရိုးရိုး လို့မှည့်၊ တောထဲမှာ မွေးလို့တောတော လို့ မှည့်တယ် လို့ ပြောပြတယ်။
           သူတို့ခေတ်တုန်းကအလင်းဝင်စစ်ဗိုလ်တွေဟာ သည်ကနေ့ခေတ် ဦးခွန်ဆာတို့၊ ဦးဖုန်ကျားရှင်တို့လို ကုဋေကုဋာသဲကိုးဖြာ မကြွယ်ဝကြပါဘူး။ ထောင်ထဲတန်းဝင်ကြရပါတယ်။ အမများဖြစ်တဲ့ ကိုယ့်အဖွားတတွေခမျာရင်ထုမနာနဲ့ထောင်ဝင်စာ သွားသွားတွေ့ရပါသတဲ့။ ထောင်ကထွက်တော့လည်းပဲ အလွန်ပင်ပန်းစွာလုပ်ကိုင်စားသောက်ခဲ့ရပါတယ်။ ကိုယ့်ဖိုးအေ မာနခဲကြီးက အပေါင်းအသင်းတွေ ကောင်းစားနေသော်ငြားဘယ်သူ့အောက်မှ မကျို့ချင်လို့ဆို ဘယ်သူ့ဆီမှ မသွားဘူး။ အိမ်မှာ စီးကရက် လက်ကြားညှပ်နေတယ်။အဲဒီစီးကရက်ကလည်း ရာဇ၀င်နဲ့ဗျ။ တောထဲမှာရှိတုန်းကရော၊ ထောင်ထဲမှာ ရှိတုန်းကပါ၊ အမတွေကအဆက်အသွယ်ရတိုင်း လူကြုံနဲ့ပို့ပေးရတဲ့ လန်ဒန်ဂိုးဖလိတ် သံဗူးနဲ့မှ သောက်ပါသတဲ့။ နောက်တော့အစီခံမပါတဲ့ ခပေါင်းကလေးတွေ ခဲခဲနေတာ မြင်ရင် စိတ်တောင် မကောင်းကြဘူး။ အဖိုးပေမယ့်ကိုယ်တို့က ဖေဖေအေး လို့ ခေါ်ပါတယ်။ သူက အ၀တ်အစားကလေးတွေ နွမ်းချင်နွမ်းမယ်။ လူကတော့ဘယ်တော့မှ တပတ်မနွမ်းဘူး။ သန့်ပြီးကျော့နေတယ်။ ကုလားထိုင်ပေါ် ခြေထောက်ချိတ်ထိုင်ရင်ကိုပုံစံကို ကျနေတာပဲ။ ကိုယ်တို့အမျိုးထဲမှာ အင်္ဂလိပ်လို အတတ်ဆုံး။ မနက်မိုးလင်းရင် အင်္ဂလိပ်သတင်းစာတစ်စောင်နဲ့စီးကရက် လက်ကြားကမချ၊ ၀မ်းတီးတူးတီး ကော်ဖီဆိုင်မှာ မသောက်ချင်ဘူးဆိုတဲ့ အစားမျိုးဗျ။
           ဖေဖေအေးအကြောင်းကိုအခုမှ ပြန်တွေးမိပြီး တစိမ့်စိမ့်သဘောကျတာက သူဟာ ဆင်းရဲပေမယ့် မဟုတ်တာ ဘယ်တုန်းကမှမလုပ်ဘူး။ သူများဆီလည်း အောက်ကျမခံဘူး။ ပိုက်ဆံမရှိပဲနဲ့ သူ့ကိုယ်သူ ပညာတတ်တစ်ယောက်ရဲ့အဆင့်အတန်းနဲ့ ညီအောင်နေတယ်။ ဘယ်အချိန်ကြည့်ကြည့် စုတ်တီးစုတ်ဖတ်၊ ပိုသီပတ်သီဆိုတာမရှိဘူး။ လူ့ရှေ့သူ့ရှေ့ သူ့ပညာကြီးလူသိခံချင်လို့ ဘိုလိုမှုတ်နေတာ မဟုတ်ဘူး။ သူ့ကလေးတွေနဲ့ထမင်းစားရေသောက်ပြောပေမယ့် တစိမ်းနဲ့ဆို မေးမှ ဖြေတယ်။ ထူးဆန်းတာက သေသာသွားရော သူ့ဆီကနိုင်ငံရေးနဲ့ ပတ်သက်တဲ့ အတွေးအမြင် ချိုသည်ခါးသည် တစ်လုံးတစ်ပါဒမှ မကြားခဲ့ရဘူး။ စကားစပ်လို့တောင်ဝင်မှတ်ချက်မပေးဘူး။ အဲသည်နေ့ကမှ ဒေါ်ဒေါ်ခင့်ဆီက ကြားခဲ့ရတာ တစ်ခုပဲ ရှိတယ်။ နိုင်ငံတော်ပွဲတစ်ပွဲကအပြန်စိတ်တိုတိုနဲ့ ပြောဖူးသတဲ့။ “ကိုယ်က အပင်စိုက်ခဲ့တာလေ။ အသီးစားဖို့မှ မဟုတ်တာ။ ကိုယ့်တာဝန်ကျေပြီ။ပြီးပြီ။” တဲ့။ အဲဒီနောက် ဘယ်ပွဲမှ မတက်တော့ဘူး လို့ ဆိုတယ်။ ကိုယ့်ကိုယ်ကိုယ် တော်တော်လေးအထင်ကြီးထားမိတဲ့ သည်အကောင်ဟာ သူ့ဘိုးသူ့ဘွားတွေနဲ့ တွေ့မှပဲ အလကား ဖွတ်ကျား။ မင်းအများကြီးလိုသေးပါလား လို့ သိလိုက်ရပါတယ်။
         ဘမျိုးဘိုးတူ။ဗီဇဆိုတာကတော့ ပါသင့်သလောက် ပါလာဟန်တူပါတယ်။ ဟောသည်အကောင် အူကြောင်ကျား မောင်စံဖားတစ်ယောက်ဟာလည်းဘယ်တော့မှ အများညီ ဤကျွဲဖတ်ခိုင်းလို့မရဘူး။ သူ့စိတ်ထဲထင်ရာကို စွတ်ရွတ်လုပ်၊ စွတ်ရွတ်ပြော၊ဟော အခုဆို စွတ်ရွတ်ရေးနေတော့တာပဲ။ သည်စကားပြောလိုက်ရင်ဖြင့် လူမုန်းများတော့မယ် သိသိကြီးနဲ့လည်းနှုတ်က မစောင့်စည်းဘူး။ စဉ်းစားကြည့်။ ဖေ့စ်ဘုတ်ပေါ်မှာ အဲသလောက် လူသိများနေပြီဆိုကတည်းကဟုတ်ဟုတ်ငြားငြား အကျိုးရှိ၊ ပိုက်ဆံရမယ့် အလုပ်တွေ မလုပ်ပဲ အားအားယားယား အချိန်တွေဖြုန်းနေလို့သာပေါ့။ ဒင်းသာ ဆေးခန်းတွေ လှည့်ပတ်ထိုင်နေ ခွဲနေရရင် သူများရေးတဲ့စာတောင်သဘောပေါက်အောင် ဖတ်ချိန်ရမှာ မဟုတ်ဘူး။ သူ့ဘ၀တလျှောက်လုံးမှာ ဘယ်တုန်းကမှ ဟုတ်ဟုတ်ငြားငြားပိုက်ဆံလည်း မရှာဖူးဘူး။ ဟန်ကလေးနဲ့တော့ နေချင်တယ်။ မာနကလည်း ကြီးချင်သေးတယ်။ ငယ်ငယ်တုန်းကအဖွားက စောင့်ရှောက်ရတာ။ နောက်တော့ အမေက စောင့်ရှောက်၊ ခုတော့ မိန်းမက သမီးက ပြန်စောင့်ရှောက်နေရတယ်။သူ့အနား စောင့်ရှောက်ပေးမယ့် မိန်းမသူတစ်ယောက်ရှိမနေရင် အဲသည်အကောင် လူမွှေးလူတောင်ပြောင်မှာ မဟုတ်ဘူး။ အသက်သိပ်ကြီးလာလို့ မြေးမလေးက “ဖိုးဖိုး။ အိပ်ယာထဲမှာ ရှူရှူးတွေပေါက်မချနဲ့။” ဆိုပြီး ဒိုင်ယာပါကလေး လဲပေးရတဲ့အထိတော့ အသက်မရှည်ချင်ပါဘူးလေ။
မီးဘေးရှောင် မလောင်ခင်တား
$
0
0
Yesterday·
=================
( မီးလောင်မှုများ ဖြစ်ပွားနေသဖြင့် တတ်နိုင်သမျှ အကာအကွယ်များပြုလုပ်နိုင်စေရန် ရည်ရွယ်၍ အင်တာနက်ပေါ်မှ ကိုမျိုးဆက် ရှာဖွေထားသည့် --------------- အမေရိကန်နိုင်ငံ မီးသတ်ကာကွယ်ရေးဌာနမှ ထုတ်ပြန်သော အချက်အလက်များဖြစ်ပါသည်။ )
မီးလောင်မှုကြောင့် အသက်၊ အိုးအိမ်၊ စည်းစိမ်များ ဆုံးရှူံးရခြင်းသည် မတော်တဆထိခိုက်ဒဏ်ရာရမှုများအနက် အများဆုံးဖြစ်သည်။ ထို့ကြောင့် လိုအပ်သော အစီအမံများ၊ အရန်အတားများကို ကြိုတင်ပြင်ဆင်ထားသင့်သည်။ ဤနည်းအားဖြင့် မိမိဧ။် မိသားစု၊ အိုးအိမ်နှင့် ပိုင်ဆိုင်မှုများကို ကာကွယ်နိုင်ပါသည်။ ထို့အပြင် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများသည် အိမ်မီးလောင်မှုများတွင် ထိခိုက်နိုင်မှုအများဆုံးဖြစ်ကြောင်းလည်း သိရှိထားရန်လိုအပ်ပါသည်။
(၁) မီးခိုးအချက်ပေးကိရိယာများ တပ်ဆင်ခြင်းသည် အလွန်ကောင်းမွန်ပါသည်။ သို့သော် အချက်ပေးကိရိယာတစ်ခုထဲဖြင့်မလုံလောက်ပါ။ အထပ်တိုင်းတွင်တပ်ဆင်သင့်သည့်အပြင် အိပ်ခန်းဝ တိုင်းတွင်တပ်သင့်သည်။
ထိုကိရိယာများကို အချိန်မှန် စစ်ဆေးသင့်သည်။ ဓါတ်ခဲအားနည်းမှုကြောင့် အလုပ်မလုပ်သည်ကို အများဆုံးတွေ့ရသည်။ ဓါတ်ခဲကို ၆ လတစ်ကြိမ်လဲလှယ်ရမည်။
မီးခိုးအချက်ပေးကိရိယာများကို ထုတ်လုပ်သူညွှန်ကြားသည့်အတိုင်း စစ်ဆေးရမည်။ အိမ်ရှိ ကလေးများအပါအ၀င် မိသားစုအားလုံးသည် ထိုကိရိယာကို မည်သို့စစ်ဆေးရမည်ကို သိရှိထားရန်လိုအပ်သည်။ အိမ်သားတိုင်း အချက်ပေးခေါင်းလောင်းသံနှင့် ယဉ်ပါးရမည်။ ထိုကိရိယာကို ၁၀ နှစ် တစ်ကြိမ်လဲလှယ်သင့်သည်။
(၂) အလိုအလျောက်ရေဖြန်းစက်များကိုလည်း တပါတည်းတပ်ဆင်ထားသင့်သည်။ မီးခိုးအချက်ပေးကိရိယာနှင့်ရေဖြန်းစက်ကို အတူတပ်ဆင်ခြင်းအားဖြင့် ပိုမိုစိတ်ချရနိုင်သည်။ မီးခိုးအချက်ပေးကိရိယာတပ်ဆင်ထားပါက အိမ်ရှိမိသားစုလွတ်မြောက်နိုင်ချေမှာ ၅၀% ထိရှိနိုင်သည်။ နှစ်မျိုးတွဲတပ်ဆင်ထားပါက ၈၂% အထိပင် လွတ်မြောက်အောင် ကူညီနိုင်ကြောင်းတွေ့ရသည်။
အခုအခါ လူနေအိမ်များတွင် ရေဖြန်းစက်များကို အများအပြားအသုံးပြုလျက်ရှိကြသည်။
အချက်အလက်မှတ်တမ်းများအရ ၉၀%သော မီးလောင်မှုတို့သည် ရေဖြန်းစက်ကြောင့် ငြိမ်းသတ်နိုင်ခဲ့သည်ဟု ဆိုသည်။ အပူရှိန်ကြောင့် ရေဖြန်းစက်တို့ တစ်မိနစ်အတွင်း အလိုအလျောက် သီးခြားစီ စတင်ရေဖြန်းကြသည်။
မီးမလောင်ပဲ မတော်တဆရေဖြန်းမိခြင်းမျိုးလည်း အလွန်နဲပါးသည်။ မီးလောင်နေစဉ်အတွင်း ရေဖြန်းစက်ကြောင့် ရေနည်းပါးသွားခြင်းမှာ မီးသတ်သမားများ အသုံးပြုမှုကြောင့် ရေလျော့နည်းသွားခြင်းလောက် မဆိုးပေ။
(၃) မီးသတ်ဆေးဗူးများသည် အသက်ကယ်ပစ္စည်းများအဖြစ် အိမ်များတွင် လိုအပ်သည်။ ၎င်းတို့သည် ဈေးလဲမကြီး၊ အသက်လဲကယ်နိုင်သဖြင့် အိမ်ရှိလူတိုင်း အသုံးပြုတတ်အောင် သင်ကြားထားရမည်။
(၄) အိမ်အတွင်းတွင် ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေရုံသာမက မီးလောင်မှုလည်း ဖြစ်ပေါ်နိုင်သည်။ အိပ်ရာထဲတွင် ဆေးလိပ်သောက်ခြင်းသည် အလွန်အန္တရာယ်များသည်။ အိပ်ရာမ၀င်မီ စီးကရက်၊ ဆေးပြင်းလိပ်များကို လုံးဝငြိမ်းသတ်ထားရမည်။ မီးခြစ်၊ မီးခြစ်ဆံနှင့် ဖယောင်းတိုင်များကို ကလေးများအနီးတွင် မထားရ။ မီးမကူးလွယ်သော၊ မီးမလောင်လွယ်သော ကလေးညအိပ်ဝတ်စုံကို အသုံးပြုခြင်းဖြင့် အရေပြားမီးလောင်မှုများကို လျော့ကျစေနိုင်သည်။
(၅) မီးလင်းဖိုမှ ပစ္စည်းများကို မီးမလောင်နိုင်သော ပုံးများထဲသို့ ထည့်သွင်းသိမ်းဆည်းရမည်။ မီးလင်းဖိုမှ တဆင့် မီးလောင်ခြင်းသည် ဖြစ်လေ့ဖြစ်ထရှိသောကြောင့် မီးလင်းဖိုများကို တနှစ်တကြိမ်ခန့် မှန်မှန်စစ်ဆေးရှင်းလင်းသင့်သည်။ မီးလောင်လွယ်သော လောင်စာများကို မီးနှင့်ဝေးဝေးထားပါ။
(၆) လျှပ်စစ်မီးလိုင်းသည် အလွန်အမင်းဓါတ်အားပိုလာပါက မီးလောင်နိုင်သည်။ လျှပ်စစ်ဓါတ်အားဆောင့်တိုးခြင်းမရှိအောင် ဂရုပြုရမည့်အပြင် အိမ်သုံးမီးကြိုးများ ပေါက်ပြဲခြင်းများကိုလည်း ချက်ခြင်းပြုပြင်ရမည်။ အသုံးမပြုသော လျှပ်စစ်ပစ္စည်းများကို ခလုတ်ဖြုတ်ထားရမည်။
(၇) မီးလောင်ပါက ထွက်ပေါက်ရှိရန်လိုသည်။ မီးလောင်လျှင် ပြေးပေါက်ကို စီစဉ်ထားသောမိသားစုများသည် လွတ်မြောက်ရန်အခွင့်အလမ်းပိုများသည်။ မိသားစုဝင်တိုင်းသည် မီးခိုးအချက်ပေးခေါင်းလောင်းသံမြည်သည်နှင့် ဘာလုပ်ရမည်ကို သိထားပြီး ဖြစ်ရမည်။
ကျွမ်းကျင်သူများအဆိုအရ မီးလောင်လျှင် ထွက်ပြေးရန်အချိန်မိနစ်အနည်းငယ်သာရသည်။ ညနက်သန်းခေါင်အချိန်အိပ်ပျော်နေခိုက် မီးလောင်မှုကြောင့် လန့်နိုးလာသောမိသားစုဝင်များသည် တည်တည်ငြိမ်ငြိမ်ဖြင့် ဘာလုပ်ရမည်ကို သိနေရန်မှာ လွန်စွာအရေးပါသည်။ ထိုအချိန်မျိုးတွင် အိမ်အထပ်တိုင်းရှိ မီးခိုးအချက်ပေးခေါင်းလောင်းသံသည် အသက်ကယ်နိုင်သည်။
မိသားစုဝင်တိုင်းသည် တံခါးပေါက်၊ ပြူတင်းပေါက် များအပါအ၀င် အနည်းဆုံး လွတ်မြောက်လမ်း ၂ လမ်းကို သိထားသင့်သည်။
(၈) မိသားစုဝင်တိုင်းသည် မီးသတ်ဌာနသို့ အရေးပေါ်ဖုန်းနံပါတ်ကို အလွယ်တကူရနိုင်စေရန် မှတ်သားထားရမည်။ အိမ်အပြင်ဘက်တွင် ဆုံမည့်နေရာကို ကြိုတင်ညှိနှိုင်းထားခြင်းဖြင့် အိမ်သားတိုင်းလွတ်မြောက်လုံခြုံမှု ရှိ၊ မရှိစစ်ဆေးနိုင်သည်။
၆ လတစ်ကြိမ် အစမ်းလေ့ကျင့်ခြင်းအားဖြင့်အိမ်သားအားလုံးသည် ကျင့်သားရနေပြီး မီးလောင်အချက်ပေးကိရိယာများကိုလည်း စမ်းသပ်စစ်ဆေးပြီးဖြစ်နိုင်သည်။
(၉) အရေးကြီးသောအချက်မှာ ကလေးများနှင့် လူကြီးများသည် မီးလောင်နေစဉ်တွင် လေကောင်း လေအေးမှာ ကြမ်းပြင်နှင့် ကပ်လျက်တွင် ရှိကြောင်းသိထားရမည်။ ( မီးခိုးများနှင့် အပူဓါတ်သည် အပေါ်သို့ပျံတက်သည်။)
အကယ်၍ တစ်စုံတစ်ယောက်သည် မီးခိုးများအတွင်းမှ ဖြတ်၍ ထွက်ပြေးရမည်ဆိုလျှင် ကြမ်းပြင်အနီးတွင် ပိုစိတ်ချရကြောင်းသိထားရမည်။ ထို့ကြောင့် ကြမ်းပြင်အထက် ၁ - ၂ ပေ အတွင်း တွားသွားခြင်းဖြင့် လွတ်မြောက်နိုင်သည်။
(၁၀) အိမ်အပြင်ဘက်မြေပြင်အနေအထားများသည် မိမိအိမ်သို့ မီးကူးမလာအောင် ဟန့်တားနိုင်သည်။ သစ်တောအနီး၊ မြက်ခင်းအနီး၊ တောင်ကုန်းအနီးရှိ အိမ်များသည် မီးကူးစက်လွယ်သည်။ ထိုအိမ်မျိုးတွင်နေထိုင်သူများသည် ကာကွယ်တားဆီးရေးအတွက် လိုအပ်သမျှကို ပြင်ဆင်ထားရမည်။
အိမ်ပတ်ပတ်လည်တွင် အနည်းဆုံး ပေ ၃၀ အကျယ်ရှိသော မြေကွက်လပ်သည် မိမိအိမ်သို့ မီးကူးစက်မလာအောင် ဟန့်တားနိုင်သည်။ မြက်ခြောက်များ၊ သစ်ရွက်ခြောက်များ၊ တံမြက်စည်းများကို ဖယ်ရှားထားရမည်။ ဤနည်းအားဖြင့် မီးလောင်စာမရှိ၍ မီးမကူးနိုင်ပေ။ ဆင်ခြေလျှောတွင်တည်ရှိသော အိမ်မျိုးတွင် အနည်းဆုံး ပေ ၁၀၀ ပတ်လည်အကွာအဝေးရှိရမည်။
မီးမကူးလွယ်သော သစ်ပင်များစိုက်ပျိုးထားခြင်းဖြင့်လည်း မီးလောင်မှုကို ဟန့်တားနိုင်သည်။ ပတ်ဝန်းကျင်၊ ရာသီဥတုနှင့် ကိုက်ညီသော အပင်မျိုး စိုက်ပျိုးနိုင်သည်။ မြက်ခင်းစိမ်းများ၊ ရေကောင်းစွာဖြန်းထားသော သစ်ပင်များသည် မီးကို တားနိုင်သည်။-------------------
ရွာသင်္ကြန်
$
0
0
by ရုပ် ဆိုး (Notes) on Saturday, April 13, 2013 at 2:08am
                                                                               ရွာသင်္ကြန်
    ကျုပ်တို့ ဆီက ဗန့်ကျီတောင်လက် ကြက်သွန်တွေ အားကြီးထွက်တဲ့ နေရာပေါ့ ။ မုံရွာတဖက် ၊ ချင်းတွင်းမြစ်အနောက်ဘက် .. ကမ္ဘာကျော် လက်ပတောင်း ဒေသရဲ့ တောင် ဘက်နယ်မှာရှိတယ် ( မသိမှာစိုးလို့ နာမည်ကြီးရာ ကိုးကားပြောရတာ ...:P ) ။
ဆရာကြီးမြသန်းတင့် မာယာဘုံ ဝထ္ထု ကြီး ရဲ့ နောက်ခံ ဒေသ ဟာ ကျုပ်တို့ အရပ်ပေါ့ဗျာ ။ အခုလို သင်္ကြန်တွင်းဆို ရင် ကျုပ်တို့ဒေသ က ကြက်သွန်ပေါ်ချိန်နဲ့ကွက်တိ ။ ဆားလင်းကြီးအနောက်လက် (အနောက်အရပ်)၊
ချင်းတွင်းမြစ်အရှေ့ဘက် ၊ ရေစကြို ၊ မြိုင် ၊ ပုလဲ အဲဒီ ဘက်က ရွာ တွေက ခုချိန်ဆို ကျုပ်တို့ ဆီကို ကြက်သွန်ဖော် (ကြက်သွန်နှုတ်) လာလုပ်ကြတယ် ။ တစ်အိမ်မှာမရှိပါဘူးဆိုရင် ဆယ့်လေးငါးယောက် လောက်ကတော့ အနည်းဆုံး ။
ကျုပ်တို့ အရပ်ဓလေ့ က လုပ်အားခ ကို သီးနှံပဲပေးတတ်ကြတယ် ။ လယ်(စပါး)တစ်ရက်ရိတ်ရင် စပါး တခွဲ (၈ ပြည်) ရတယ် ။ ကြက်သွန် တစ်မနက် တူးရင် ၃ ပိဿာရတယ် ။ တနေကုန်တူးရင်တော့ ၆ ပိဿာ ။ အညာနွေ ကောင်းကင်ကနေကလည်းပူ
အောက်က မြေကလည်းပူဆိုတော့  တစ်နေကုန် တူးကြတာတော့ရှားတယ်။ အငှားဖြတ်ရင်တော့ ထခေါက်တောင်း (ထန်းလျှော်တောင်း) တစ်လုံးကို ငါးဆယ်သားရတယ် ။ အဲဒါက ကြက်သွန်ဈေး တစ်ပိဿာ တစ်ထောင်ဖြစ်လည်း အဲတိုင်းပဲ ။
တစ်ပိဿာ တစ်ရာ ဖြစ်လည်းအဲတိုင်းပဲ ။ ပိုမပေးသလို လျှော့လည်းမပေးဘူး ။ ကြက်သွန်မထွက်တဲ့ ရွာတွေ က တစ်နှစ်စာ ဟင်းခပ်ရဖို့ ကြက်သွန်ဖော်လာလုပ်ကြတာပေါ့ ။ မနက်ခင်းဆို ကြက်သွန်နှုတ်ကြတယ် ။
 ညနေ ပိုင်း နေချိုတော့ ကြက်သွန်ကွက် (ကြက်သွန်ခင်း) တွေထဲမှာ ကောက်သင်းလိုက်ကောက်ကြတယ် ။ညဖက်ကျရင်တော့ ကြက်သွန်ခင်းပိုင်ရှင် ထွန်းပေးတဲ့ ဘက်ထရီအိုးမီးရောင်လေးနဲ့ ကြက်သွန်ဖြတ်ကြတယ်။
သူတို့ ပြန်ချိန်ဆိုရင်  မဖြစ်ပါဘူးဆိုတဲ့သူ (လုပ်တာကိုင်တာနှေးတဲ့သူ) တောင် အချိန်(ပိဿာချိန်) တစ်ရာ့ငါးဆယ် ၊ နှစ်ရာတော့အနည်းဆုံးပါသွားကြတယ် ။ သင်္ကြန်တွင်းဆိုရင် တခြားရွာကလာကြတဲ့ ကြက်သွန်ဖော် ဧည့်သည်တွေ ရော ၊
ရွာမှာရှိကြတဲ့ ရွာခံတွေ ရော နဲ့ ဆိုတော့ ရွာထဲမှာလူတွေက တရုန်းရုန်းပဲ ။
    အကြိုနေ့ မှာတော့  ရွာမှာ သိပ်ပြီး ရေမပက်ကြသေးဘူး ။ ကျုပ်တို့ တွေက လွဲလို့ ပေါ့ .. :P ။ ညနေစောင်းဆိုရင် ရွာဘေးက ယမား ချောင်းမှာ ညိုမြလေး တွေက ဖီးလိမ်းပြင်ဆင်ပြီး ရေခပ်ဆင်းကြတယ် ။ ရေပက်ချင်တဲ့ သူတွေက တခြားသွားစရာမလိုဘူး
ချောင်းကမ်းပါး က နေ ရေဖလားလေးကိုင်ထိုင်စောင့်ရုံပဲ ။ အပျို ၊ လူပျိုး အချင်းချင်းကလည်း အချိတ်ဆက်လေးတွေ ရှိကြတာပေါ့။ ဒီနေ့ ညနေစောင်းရင်တော့ ဘယ်ရေခပ်ဆိပ်မှာ ငါ ရေလာခပ်မှာ နင်ရေလာလောင်း ဆိုတာမျိုးပေါ့ ။
အလိုလို ရေထမ်းပျင်းတဲ့ ကျုပ်ကသင်္ကြန်တွင်းဆိုရင် အိမ်ကရှိသမျှ စဉ့်အိုးတွေ ပြည့်တဲ့ အပြင် ၊ အဖွားအိမ်တွေ ၊ အရီးအိမ်တွေပါ ရေလိုက်ခပ်ပေးသေးတယ် ။ ရေခပ်ရင်း တွေ့ သမျှ ကောင်မလေး အကုန်ပက်တယ် ။
သင်္ကြန်တွင်း ကျုပ်တို့ ဘယ်လောက်များအောင်မြင်လဲဆိုရင် ရေအိုးနဲ့ ထုတဲ့ခါထုခံရတယ် ၊ ရေမှုတ်ရိုးနဲ့ ရိုက်တဲ့နှစ်ရိုက်ခံရတယ် ၊ ဖလားနဲ့ခုတ်တဲ့ခါ ခုတ်ခံရတယ် ။  တခါတလေ လူက ချောင်းထဲမှာ ရေသွားပက်လို့ အိမ်ပြန်မရောက်သေးဘူး ။ အိမ်က အမေကို
လာတိုင်တဲ့သူကတိုင်ပြီးပြီ ။ အဲလိုကို အောင်မြင်တာ ။  ခံရတာလည်း မပြောပေနဲ့ ဦး မာနကြီးပါတယ်ဆိုတဲ့ အပျိုကြီးတွေ က အကြိုနေ့ ရေလာခပ်ရင် အကိုကြီးတွေကတော့ လောင်းရကောင်းနိုးနိုး၊
မလောင်းရကောင်းနိုးနိုး ကွက်ကြည့် ကွက်ကြည့် လုပ်နေတဲ့ချိန်" မကြီးမငယ်စလယ်တောင်း" ကျုပ်တို့ က အုပ်စု လိုက် ဝိုင်းပက်တော့ ဟိုက ရှက်ရှက် နဲ့ ခေါင်းပေါ် က ရွက်ထားတဲ့ ရေအိုးနဲ့ လှမ်းထုတယ် ။ ဒီကလည်း ဘယ်ငြိမ်ခံမလဲ ပြေးတာပေါ့ ။
တချို့ကျတော့လည်း သူ့ကောင်လေး ရေလောင်းခံဖို့ ဆိုပြီး ဖီးလိမ်းပြင်ဆင်လာ ..ကျုပ်တို့က လည်း ဝမ်းသာအားရ "အခြောက်ကြီးကွ" ဆိုပြီး တွေ့ရာ ရောနဲ့ ဝိုင်းပက်ကြတာ ..တင်းတင်းနဲ့ ရေခပ်တဲ့ ရေမှုတ်ရိုးနဲ့ လိုက်ရိုက်ရော ။ အယ် .. အခြောက်ကြီး ဆိုတာ က
အဝတ်အစားအခြောက်ကိုပြောတာနော် ။ ငယ်ငယ်က ဘာအကျင့်မှန်းမသိဘူး ရေပက်ရင် အဝတ်ရေစိုနေတဲ့ လူဆိုမပက်ချင်ဘူး ..သူ့ဘာသူချောချောမချောချော ..အဝတ်အစား အခြောက်နဲ့ဆိုရင်တော့ သူထက်ငါ ဦးအောင်လုပြီးပက်ကြတယ် ။
    အကျနေ့ ကျရင်တော့ ပက်ချင်သလို ပက်လို့ရပြီ ။ အိမ်က လုပ်စရာရှိတာတွေ အမြန်လုပ်ပြီး ချောင်းထဲမှာ တနေကုန် တနေခမ်း  နှုတ်ခမ်းတွေ ပြာ ၊ လက်တွေ ပဲရေပွအောင် ရေဆော့တယ် ။  ည ဦး ဆိုရင် ရွာအရှေ့ပိုင်းကတစ်ခုံ ၊
အနောက်ပိုင်းကတစ်ခုံ မဏ္ဍပ်လေးတွေ ထိုးပြီး သင်္ကြန်ယိမ်း က ကြ ၊ စတုဒီသာ ကျွေးကြ လုပ်ကြတယ် ။ အဲဒီချိန်ဆိုရင်တော့  သင်္ကြန်ယိမ်းကတဲ့ဆီသွားချင်မှသွားတာ ။  ည ၈ နာရီနောက်ပိုင်းဆိုရင်တော့ ကျုပ်တို့ အ ချိန်ပဲ ။
ရေပုံးလေး တွေ ယူ တဲ့ သူက ယူ ၊ ရေပြွတ် ခပ်ကြီးကြီးတွေ ကိုင်တဲ့သူက ကိုင် ကာလသားတွေစုပြီး ရွာထဲ ပတ်ချာလှည့်ကြတယ် ။ ရွာထဲ စိတ်ဆတ်တဲ့ လူတို့ ၊ အစ်မညီမ လုံးဝအထိမခံ တွန့်တိုတဲ့လူတို့ ၊ မိန်းမကြောက်တဲ့လူတို့ရှိတယ် ။
ကာလသား အကိုကြီးတွေ နဲ့ ပေါင်းပြီး အဲဒီ လူတွေ အိမ်နားကိုသွား ။ ပုဆိုးစုတ် ကနေ ဖြဲထားတဲ့ ကြိုးတွေကို ခွေးချေး ၊ နွားချေး ၊ ဝက်ချေး အကုန်သုတ်တယ် ။ ပြီးတော့ ကိုယ်စမဲ့ လူ နဲ့ အဖွဲ့ ထဲက လူနဲ့ အရပ်ချင်းတူလောက်မဲ့သူကို ရွေးတယ်။
သူ့ နှာခေါင်းနဲ့ ခုနက " ချေးကြိုး " နဲ့ ကွက်တိတန်းပြီး ဝန်းထရံ တွေမှာ ချီထားတယ် ။ ပြီးတော့ အသံဖျက် ပြီး အိမ်ပြင်ကနေ လှမ်းစတယ် " အေ .. ဖိုးxxx မယားကြောက် ...မိန်းမရှိခိုး သွားမကျိုးတဲ့ကောင်...မိန်းမကငါးခြောက်ဆို ..ဆီဆမ်းပြီးသားဆိုတဲ့ကောင်"
"မင်းညီမလေး ..မိxx ... ငါ့ပေးကွာ..ငါကြိုက်လို့ပါဟ ... မင်းညီမနဲ့ ကလေးမွေးရင် မင်းနာမည်ပါအောင်ပေးပါ့မယ် ...ယောက်ဖကြီးရ"... အဲလို တွေ မခံချင်အောင်စတယ် ။ အိမ်ထဲက လူတွေ က အပြင် ထွက်လိုက်ပြီဆိုရင် "ဘောင်မှည့်ဆူး" ခက်တွေ ချပြီးပြေးတယ် ။
ဘောင်မှည့်ဆူးဆိုတာ က ချိတ်ကောက်လေးတွေ ဒီတိုင်းဆို သိပ်မဆူးဘူး ... ဆူးခက်နဲ့ ငြိသွားပြီဆိုရင်တော့ ဖြုတ်ပေဦးတော့ပဲ မဖြုတ်ချင်လို့ စွတ်ရုန်းလေ ၊ ပိုနာလေပဲ ။ အဖွဲ့ တွေကို ထွက်လိုက်တဲ့သူက တန်းထားတဲ့ "ချေးကြိုး" နဲ့ နှာခေါင်းနဲ့တိုက်ရင်တိုက် ၊ မတိုက်ရင်
ဆူးခက်နဲ့ ငြိတယ် ။  ဆူးခက်နဲ့ ငြိလို့ ကုန်းဖြုတ်နေတဲ့ ချိန် ကျမှ အဝေးကနေ ရေပုံး နဲ့ လှမ်းပက်တဲ့ သူကပက် ၊ ရေပြွတ် နဲ့ လှမ်းထိုးတဲ့သူက ထိုးပြီး အော်ပြေးကြတယ် ။
    ရွာထဲ က ကာလသားတွေက ရေပက် ကြမ်း ၊ အစအနောက်ကြမ်းသလို .. ကလေးအမေ တွေကလည်းရွတ်တယ် ။ ညနေ စောင်း ကျုပ်တို့ က ၁၂ နှစ် ၊ ၁၃ နှစ် ရေဖလားလေးတကိုင် ကိုင် ၊ မြောက်ကြွ မြောက်ကြွ နဲ့ သူတို့ ကြည့်မရတော့ဘူးဆိုရင် ..
အဖွဲ့လိုက် ဝိုင်းဖမ်းပြီး  ပါးစပ်အတင်းဟ တယ် ။ ပြီးတော့ ပါးစပ်ထဲ နို့ရည်တွေ ညှစ် တိုက်တယ် ။ အိုးမဲ နဲ့ သုတ်တယ် ။ ထမင်းတွေ ဝါးခွင့်  တယ် ။  အဲဒီမှာ ရွယ်တူ ကောင်မလေးတွေ က ဝိုင်းဟားကြတာပေါ့ ။
အရွယ်ကလည်း ဟိုမရောက်ဒီမရောက်ဆိုတော့  အဲလိုများလုပ်ခံရလို့ ကတော့  ခေါင်းကိုမဖော်နိုင်ဘူး ။ တချိုးတည်း ပြေးရောပဲ ။
    အကျက်နေ့ နေ့ခင်းဆိုရင်လည်း ထိုးနည်း လည်းကောင်းပဲ ။ ရေပက်စရာရှိပက်တယ် ၊ အလုပ်သွားစရာရှိသွားတယ် ။ ညကျရင်တော့ တစ်ညလုံးမအိပ်တော့ဘူး ။  ညဦးပိုင်းဆိုရင် သင်္ကြန်ယိမ်း ကြည့်တယ် ။ ညဘက် သန်းခေါင်းလောက် ထိ က ရွာထဲလျှောက်သွား
ဟိုအိမ်နဲ့ ဒီက မခေါ်ကြဘူး ။ လုံးဝ စကားမပြောကြဘူးဆိုရင် ..ဟိုအိမ် က ပစ္စည်းတီပို့ ၊ ဒီအိမ်ကပစ္စည်းဟိုခိုးပို့ လုပ်ပေးတယ် ။ ဘာပစ္စည်းမှ ခိုး လဲပြီး ပေးလို့ မရရင် ခြံဝန်းရှေ့က တံခါးရွက်တွေကို  တစ်ဖက်စီဖြုတ်ပြီး လဲတပ်ပေးထားတယ် ။ ဟိုဘက် အိမ်က နွားနဲ့ ဒီဘက်အိမ်ကနွား
လဲထားပေးတယ် ။ အဲဒါဆိုရင် မခေါ်ချင်ပဲလည်း ခေါ်ကြရရရော ။ ည ဘက်တကယ်အိပ်ကောင်းပြီဆိုတဲ့ချိန်ကျတော့ ရွာခေါင်းရင်း  ဘုရားတိုက်တွေ (ဘုရားတွေချည်းပဲ သက်သက်ရှိတဲ့နေရာကိုပြောတာ)ထဲ က ဆင်းတုတော်လေးတွေ ခိုးပင့်တယ် ။ ပြီးရင် ရွာထဲက ပိုက်ဆံတော့
နည်းနည်းရှိတယ် .. ဒါမဲ့ ရပ်ရေးရွာရေး ၊ လှူရေးတန်းရေးဆိုရင် ကပ်စေးနည်းတာတို့ ။လယ်ရိတ်ရာ ၊ ကောက်စိုက်ရာ ၊ ကြက်သွန်နှုတ်ရာတွေ မှာ ကျွေးတာမွေးတာကျရင် ကောင်းကောင်းကန်းကန်း မကျွေးတဲ့ အိမ် တို့  ... အဲလို အိမ်တွေ  ထဲ မှာ ဆင်းတုတော်လေး ခိုးထားခဲ့တယ် ။
ပြီးတော့ ဘယ်ဘုရား ၊ ဘယ်ဘုရားက ပင့်လာပါတယ်ဆိုတာကို စာလေးရေးထားခဲ့တယ် ။ သင်္ကြန် တွင်းမှာ အဲဒီ အိမ်က အဲဒီဆင်းတုတော် ကိုရေသပ္ပါယ်ပြီး သင်္ကြန်ပြီးတာနဲ့ တက်နိုင်တဲ့  ကန်တော့ ပွဲနဲ့ ၊ အကျွေးအမွေး လေးပါလုပ်ပြီး ဘုရားကိုပြန်ပို့ရတယ် ။ ပိုက်ဆံ ရှိတဲ့ သူတွေက
ကိုယ့်အိမ် ဘုရားလာပို့ ခံရပြီ ဆိုတာနဲ့ရပ်ရေးရွာရေးတွေ မှာ ကိုယ်လက်နှေးနေပြီ .. ကိုယ့် အလုပ်သမား ၊ စာရင်းငှား တွေပေါ်မှာ ကပ်စေးနည်းနေလို့ ၊ ချစ်တီးကျနေလို့ သဘောပေါက်လိုက်ပေတော့ပဲ ။
    အတက်နေ့ မနက်ခင်း ၃ နာရီလောက်ဆိုရင် ချောင်းထဲမှာ သွားပြီး ဘုရားရေသပ္ပါယ်ရင် ခပ်ဖို့  သဲတွင်းအကြီးကြီးတွေ တူးကြတယ် ။ မနက်ခင်း စတုဒီသာကျွေးဖို့ ချက်ပြုတ် ကြတဲ့ လူကြီးတွေကို ကူလုပ်တယ် ။ မနက်ခင်း ၄ ခွဲ ၅ နာရီလောက်ဆိုရင်တော့
ပိတောက်ပင်ကိုပြေးကြပြီ ။ ပိတောက်ပင်တွေက ရှေးရှေးတုန်းက အပင်ကြီးတွေ ။ ဘုရားဝန်း တွေ ထဲမှာပဲရှိတယ် ။ ပိုင်ရှင်ရယ်လို့ မရှိဘူး ဦးတဲ့ သူ က ခူးပဲ ။ ပိတောက်ပင်တွေကလည်း  သင်္ကြန်မတိုင်ခင်ပွင့်တဲ့ခါ ပွင့်တယ် ၊ သကြန်ထက်နောက်ကျပြီး ပွင့်တဲ့ခါ ပွင့်တယ်။
ဒါပေမဲ့ သင်္ကြန်အတက်နေ့တိုင်းတော့ တစ်ပင်လုံးမဟုတ်တောင် နည်းနည်းတော့ ပွင့်တယ် ။ ပထမ ဆုံး ခူးတဲ့သူက ဘုရားတွေ လှု ။ ပြီးတာနဲ့ ကိုယ်ပေးချင်တဲ့ သူ အတွက်ကြိုက်သလောက် ယူပေတော့ပဲ ။  မနက်ခင်းမိုး နည်းနည်းလင်း ပြီဆိုရင်တော့  အဝတ်စားတွေလဲပြီး
ဘုရားရေသပ္ပါယ်ကြတယ် ။ ရွာမှာ စေတီချည်းပဲ ၇၅ ဆူရှိတယ် ။ အိမ်တွေမှာ ကိုးကွယ်တဲ့ ဆင်းတုတော်တွေရောဆိုရင် ချောင်း ကနေ ရေအခေါက် ၁၀၀ လောက် အနည်းဆုံး ခပ်ရတယ် ။ ဘုရားတွေ မှာ ကိုယ့် အဆက်လိုက် ..ကိုယ့်ဘိုးဘေးတွေ တည်ခဲ့တဲ့ဘုရားတွေမှာ
မုန့်ဟင်းခါးကျွေးတာ ၊ သာကူတိုက်တာ ၊ ဂျုံကျို တိုက်တာ ၊ မုန့်လက်ဆောင်း တိုက်တာ ၊ ကြာဇံတိုက်တာတို့ (ကျုပ်တို့ဆီက အရည်ပါတာဆိုရင် တိုက် တာလို့ ပဲပြောတာ ) လုပ်တယ် ၊ အဲဒါတွေ မတက်နိုင်တဲ့ သူတွေက သကြားလုံး ကမ်းတာ (ဝေတာ) တို့ ၊ သရက်သီးသုပ်
လဖက်သုပ် ၊ ချင်းသုပ် ၊ အဝေရာရွက်သုပ်၊ သမုန်းပွင့်သုပ် တို့ ကျွေးတာ တို့လုပ်တယ် ။ ကိုယ်စားချင်တာ ကျွေးတဲ့ ဘုရားဆိုရင် ၂ ခါလောက် ရေသပ္ပါယ်လိုက်တယ် ။ အဲဒီတော့ ၂ ခါစားရရော ...:P ။ အဲနေ့ကျရင်တော့ ကလေးလေး ရေအိုးပေါက်စ ရွက်နိုင်တဲ့ အရွယ်ကနေ ၊
အဖွားကြီး ၊ အဘိုးကြီး လမ်းလျှောက်နိုင်သေးတဲ့ အရွယ်ထိ  ဘုရာေးတွ ရေသပ္ပါယ်ကြတယ် ။ ဘုရားရေးသပ္ပါယ်တာ က မနက် ၅ နာရီလောက်ကနေ ပါယ်လိုက်တာ ..နေ့ခင်း ၁၁ လောက်မှ ပြီးကျတယ် ။ မြန်မြန်ပြီးချင်လို့ ဘုရားအကုန် ရေမသပ္ပါယ်တဲ့ သူတွေကိုကျတော့
အချင်းချင်း "ဘုရားကျော်" ကြီးဆိုပြီးစကြတယ် ။ အဲနေ့မှာ အဲလို အပြောခံလိုက်ရရင်တော့ ကိုယ့်ကိုယ်ကို လူစဉ်မမှီ တဲ့ လူတစ်ယောက်လိုပဲ ။
    နေ့ခင်း ၁၁ လောက်က နေပြီးတော့ အဘိုးအဘွားတွေ ၊ အရပ်ထဲက သက်ကြီးရွယ်အိုတွေ ကို ခြေသည်း ၊ လက်သည်း ဖြတ်ပေးတာတို့ ။ ခေါင်းလျှော်ပေးတာတို့ ၊ ရေချိုးပေးတာတို့ ၊ အဝတ်စားတွေ လျှော်ပေးတာတို့ လုပ်တယ် ။
ရွာဘေးကချောင်းထဲမှာ ဆိုလည်း တလျော် ၊ ကင်ပွန်းခေါင်းလျှော် ရည် ကို စဥ့်အိုးတွေ နဲ့ တည်ထားပေးတယ် ။ ကြိုက်တဲ့သူ ယူလျော်လို့ရတယ် ။ ချောင်းထဲမှာ ရေသွားချိုးရင်း ခါးဝတ်ထားတဲ့ ရေလဲပုဆိုး ၊ ရေလဲထမီကစ ရေချိုးပြီးပြီဆိုရင်
ဦးလေး ထားခဲ့ ၊ အကိုထားခဲ့ ထားခဲ့ ကျုပ်လျော်ပေးမယ်ဆိုပြီး လျော်ပေးကြတယ် ။ ငယ်သူတွေ က ကြီးသူတွေဆီ ကနေ ယူကြတဲ့ ကုသိုလ်ပေါ့ ။
   အတက်နေ့ ညနေစောင်းရင်တော့ ရှင်လောင်းလှည့်ပြီ ။ တခြား နေရာတွေမှာ သင်္ကြန်တွင်း ဒုလ္လဘ ရဟန်းဝတ်ကြတယ် ။ ကျုပ်တို့ ဆီမှာတော့ သင်္ကြန်အတက်နေ့ ညနေ ကျမှာ သာ ဒုလ္လဘ ရဟန်းဝတ်လေ့ရှိတယ် ။ ညနေ စောင်းဆိုရင် ဒုလ္လဘဝတ်မဲ့ သူကို
ကုတင်သေးသေးတစ်လုံးပေါ်တင်ပြီး ရွာထဲကိုလှည့်တယ် ။ ကိုယ့်နား ရှင်လောင်းရောက်လာပြီဆိုရင် ရှိတဲ့သူက လင်ပန်း ဆွဲ ၊ ကြက်သွန်ပုံထဲက ကြက်သွန် ခပ် .. ကြက်သွန်လင်ပန်းကိုခေါင်းပေါ်ရွက်ပြီး လိုက်တယ် ။ ကုလားပဲရှိတဲ့ သူက ကုလားပဲလင်ပန်းရွက်ပြီး
အတန်းထဲဝင်လိုက်တယ် ။ မြေပဲရှိတဲ့ သူက မြေပဲလင်ပန်း ရွက်ပြီး အတန်းထဲဝင်လိုက်တယ် ။ တစ တစ နဲ့ ရွာတစ်ဝက်လောက်ဆိုရ င် အတန်းလိုက်ကြီးဖြစ်လာရော ။ ကာလသားတွေ က သျှိုးတိုက်လိုက် ၊ စည်တော်ကြီးတွေ ကလိုက်ပေါ့ ။ ရွာလည်းတစ်ပါတ်ပြည့်ရော
ဘုန်းကြီးကျောင်း ကို ရွက်လာတဲ့ ကြက်သွန်တို့ ၊ မြေပဲတို့ ၊ ကုလားပဲတို့ ၊ ဆန်တို့ လှူပြီး သင်္ကန်းတောင်းပြီး ဒုလ္လဘ ရဟန်းဝတ်ကြတယ် ။ နှစ်ဆန်းတစ်ရက်နေ့ ကျရင်တော့ တစ်ရွာလုံး နီးပါး သီလယူကြ ၊ ဥပုဓ်စောင့်ကြပေါ့ ။
    ခုဆို အိမ်က အမေ သင်္ကြန်တွင်း လာတိုင်မခံရ တော့ လို့ သူ့သားကို လွမ်းနေမလားပဲ ။ ရွာထဲ က လူတွေကတော့ သင်္ကြန်မျောက်မူးလဲတွေ မရှိတော့ မျက်စိနောက်သက်သာပြီး ပျော်နေမလားပဲ ။
ဘာလိုလို နဲ့ တိုက်ပုံလေးဝတ်ပြီး ဟိုငေး ၊ ဒီငေးငေး လိုက်ရ ။ အီကွတ်မန့် လေးလွယ်ပြီး ဟိုငေးဒီငေး ငေးလိုက်ရ ။ အွန်လိုင်းပေါ် က တက်လာတဲ့ ဓာတ်ပုံလေး တွေ ကြည်ပြီးငေးလိုက်ရ ။ ချက်ဘောက်စ်ကနေ
တဗွမ်း ..ဗွမ်း ... ဗွမ်း ရင်းလွမ်းလိုက်ရ နဲ့ ဒီနှစ်ရောဆိုရင် ၁၂ နှစ်တောင်ကြာသွားပြီ ။ ဘာရယ်လို့ မဟုတ်ပါဘူး ငယ်ငယ်က သောင်းကျန်းခဲ့ဖူးတဲ့ ကလေးဘဝက ရွာသင်္ကြန်ကို သတိရလို့ရေးလိုက်တာ ။
အားလုံးပဲ ပျော်စရာသင်္ကြန်ဖြစ်ကြပါစေ ။ နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ ။
(ရုပ်ဆိုး)
သမိုင်းတွင်တဲ့ အမျိုးသမီး သူရဲကောင်း
$
0
0
 Photo: ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီ ၂၀-၂၁ မှာ ကရင်လက်နက်ကိုင်အဖွဲ့ KNU က  မေမြို့ကို သိမ်းပါတယ် အဲ့ဒီနှစ် ဧပြီလ ၃ -၂၄ ရက်အတွင်းမှာပဲ အစိုးရ စစ်တပ်က မေမြို့ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ် အဲ့ဒီ တိုက်ပွဲကာလ အတောအတွင်းမှာပဲ အင်ဂျင်နီယာတပ်က ဒုတပ်ကြပ် တစ်ယောက်ရဲ့ အမျိုးသမီးတစ်ယောက်ဟာ သူရ ဘွဲ့ရတဲ့အထိ စွမ်းဆောင်နိုင်ခဲ့ပါတယ် သူရ မချစ်ပိုပါ အစိုးရစစ်တပ်တွေ ပြန်သိမ်းတဲ့ အချိန်မှာ ဘယ်လိုပုံစံနဲ့ ကူညီပေးခဲ့တယ်ဆိုတာ တိတိကျကျ မသိပါ တချို့ သိတဲ့လူတွေရှိပါတယ် သူလျှိုလုပ်ပေးခဲ့တာလို့လည်း တချို့ကပြောပါတယ် KNU က သူမကို ဖမ်းမိတဲ့အချိန်မှာ သေနတ်နဲ့ ပစ်သတ်ပြီး ရေတွင်းထဲ ပစ်ချတာ တော်တော်နဲ့ မသေလို့ မြေဖို့ လိုက်တယ်လို့လည်း တချို့က ဆိုပါတယ်.. အဲ့ဒီ ရေတွင်းဟောင်းကို အုတ်ဂူပုံစံ လုပ်ပြီး အဲ့ဒီနေရာ လမ်းဘေးမှာပဲ အထိမ်းအမှတ်အနေနဲ့ ထားခဲ့တာ ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ တော်တော်လေးကို ယိုယွင်းပျက်စီးတဲ့  ပုံစံမျိုးနဲ့ တွေ့ခဲ့ဖူးတယ် ခုတစ်ခါ အဲ့ဒီ လမ်းဘက်ရောက်တော့ သေချာလေး ပြန်ပြင်ပေးထားတာတွေ့လို့ ရိုက်လာတာ အချက်အလက် တိတိကျကျ သိတဲ့သူများလည်း ဖြည့်စွက်ပေးသွားနိုင်ကြပါတယ် ။  PS.  ၁ ။ သူရအမှတ် ၃၃ ။ မချစ်ပို၊ ယောကျာင်္း စစ်တပ်မှာထမင်းချက်၊ KNU တပ်ကို ထမီန်ခါးပိုက်ဆောင်ထဲ လက်ပစ်ဗုံးထည့်ပစ် ။ အံပွားပါသည်ဟု အရပ်ပြောအရသိရ။  credit -  Ko Thura Myo   ၂။  တပ်သားတယောက်ရဲ့ ဇနီး။ ယောက်ျား တိုက်ပွဲမှာ ဆုံးတော့ နောက်တန်း မှာ နေရမယ့် အစား တိုက်ပွဲ ထဲ လိုက်ပါရစေ သေနတ် ဆင်ပေးပါလို့ ခွင့်တောင်းလို့ သူပါတဲ့ တပ်ကလဲ တအား အထိနာနေလို့ ခွင့်ပြုလိုက် တာ နွားကျောင်းသမ ဟန်ဆောင် တဖက်ရန်သူ့တပ်ထဲ ခိုးဝင်ပြီး စစ်ကူတိုက်ပေးခဲ့ဖူးတဲ့ ဇာတ်လမ်းကို ဖတ်ဖူးပါတယ်။ လင့်ခ် ပြန်ရှာတွေ့ရင် တင်ပေးပါ့မယ်။ အသက်ပြင်းလွန်းလို့ အံပွားပါလို့လို့ ယုံကြည်ပြီး အံပွားကို ရိုက်ချိုးပြီး သတ်ခဲ့တာပါ။   credit =  Kyawt Thuzar    ၃။ သူရဘွဲ့ရ တစ်ဦးတည်းသောအမျိုးသမီး  credit - U Khin Mg Htay    detail link credit အဘ ဘိုးဏီ  http://www.kzarboworld.com/profiles/blogs/5098850:BlogPost:64412?xg_source=activity
၁၉၄၉ ခုနှစ် ဖေဖော်ဝါရီ ၂၀-၂၁ မှာ ကရင်လက်နက်ကိုင်အဖွဲ့ KNU က မေမြို့ကို သိမ်းပါတယ် အဲ့ဒီနှစ် ဧပြီလ ၃ -၂၄ ရက်အတွင်းမှာပဲ အစိုးရ စစ်တပ်က မေမြို့ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ် အဲ့ဒီ တိုက်ပွဲကာလ အတောအတွင်းမှာပဲ အင်ဂျင်နီယာတပ်က ဒုတပ်ကြပ် တစ်ယောက်ရဲ့ အမျိုးသမီးတစ်ယောက်ဟာ သူရ ဘွဲ့ရတဲ့အထိ စွမ်းဆောင်နိုင်ခဲ့ပါတယ် သူရ မချစ်ပိုပါ အစိုးရစစ်တပ်တွေ ပြန်သိမ်းတဲ့ အချိန်မှာ ဘယ်လိုပုံစံနဲ့ ကူညီပေးခဲ့တယ်ဆိုတာ တိတိကျကျ မသိပါ တချို့ သိတဲ့လူတွေရှိပါတယ် သူလျှိုလုပ်ပေးခဲ့တာလို့လည်း တချို့ကပြောပါတယ်
KNU က သူမကို ဖမ်းမိတဲ့အချိန်မှာ သေနတ်နဲ့ ပစ်သတ်ပြီး ရေတွင်းထဲ ပစ်ချတာ တော်တော်နဲ့ မသေလို့ မြေဖို့ လိုက်တယ်လို့လည်း တချို့က ဆိုပါတယ်.. အဲ့ဒီ ရေတွင်းဟောင်းကို အုတ်ဂူပုံစံ လုပ်ပြီး အဲ့ဒီနေရာ လမ်းဘေးမှာပဲ အထိမ်းအမှတ်အနေနဲ့ ထားခဲ့တာ ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ တော်တော်လေးကို ယိုယွင်းပျက်စီးတဲ့ ပုံစံမျိုးနဲ့ တွေ့ခဲ့ဖူးတယ် ခုတစ်ခါ အဲ့ဒီ လမ်းဘက်ရောက်တော့
သေချာလေး ပြန်ပြင်ပေးထားတာတွေ့လို့ ရိုက်လာတာ အချက်အလက် တိတိကျကျ သိတဲ့သူများလည်း ဖြည့်စွက်ပေးသွားနိုင်ကြပါတယ် ။
PS. ၁ ။ သူရအမှတ် ၃၃ ။ မချစ်ပို၊ ယောကျာင်္း စစ်တပ်မှာထမင်းချက်၊ KNU တပ်ကို ထမီန်ခါးပိုက်ဆောင်ထဲ လက်ပစ်ဗုံးထည့်ပစ် ။ အံပွားပါသည်ဟု အရပ်ပြောအရသိရ။
credit - Ko Thura Myo
၂။ တပ်သားတယောက်ရဲ့ ဇနီး။ ယောက်ျား တိုက်ပွဲမှာ ဆုံးတော့ နောက်တန်း မှာ နေရမယ့် အစား တိုက်ပွဲ ထဲ လိုက်ပါရစေ သေနတ် ဆင်ပေးပါလို့ ခွင့်တောင်းလို့ သူပါတဲ့ တပ်ကလဲ တအား အထိနာနေလို့ ခွင့်ပြုလိုက် တာ နွားကျောင်းသမ ဟန်ဆောင် တဖက်ရန်သူ့တပ်ထဲ ခိုးဝင်ပြီး စစ်ကူတိုက်ပေးခဲ့ဖူးတဲ့ ဇာတ်လမ်းကို ဖတ်ဖူးပါတယ်။ လင့်ခ် ပြန်ရှာတွေ့ရင် တင်ပေးပါ့မယ်။ အသက်ပြင်းလွန်းလို့ အံပွားပါလို့လို့ ယုံကြည်ပြီး အံပွားကို ရိုက်ချိုးပြီး သတ်ခဲ့တာပါ။
credit = Kyawt Thuzar
၃။ သူရဘွဲ့ရ တစ်ဦးတည်းသောအမျိုးသမီး
credit - U Khin Mg Htay
detail link credit အဘ ဘိုးဏီ
http://www.kzarboworld.com/profiles/blogs/5098850:BlogPost:64412?xg_source=activity
အခြားဘာသာတွေအပေါ်ထားတဲ့ ဗုဒ္ဓ၀ါဒ (Asoka's Doctrine)
$
0
0
by Ye Myint Kyaw (Notes) on Thursday, March 28, 2013 at 7:24pm
ဘာသာ အယူအဆ မတူသူများအပေါ် ဗုဒ္ဓ၀ါဒနဲ့ပတ်သက်ပြီး၊ ဘီစီ ၂၆၈ မှာ သာသနာပြုမင်း အိန္ဒိယပြည့်ရှင် အာသောက က သူ့ကျောက်စာထဲတွင် အောက်ပါအတိုင်း ရေးထားသည်။
"အခြားဘာသာများအပေါ် ဝေဖန်ရှုတ်ချပြီး မိမိဘာသာကိုသာ ချီးမွမ်းမနေသင့်။ မိမိဘာသာ သာသနာကို တိုးတက်ကြီးပွားအောင် လုပ်ရင်းပင်၊ အခြားဘာသာ အယူဝါဒများကိုလည်း အားပေးချီးမြှောက်မှု ပြုကြရမည်။ ဤသို့မလုပ်ဆောင်လျှင်၊ အခြားဘာသာ အယူဝါဒများအတွက် ဘေးအန္တရာယ်ဖြစ်စေသလို၊ မိမိဘာသာကိုလည်း မြေမြှုပ်သဂြိုင်္ဟ်ပြီးသား ဖြစ်သွားလိမ့်မည်...."
Respect other religions
“One should not honour only one's own religion and condemn the religions of others, but one should honour others' religions for this or that reason.  So doing, one helps one's own religion to grow and renders service to the religions of others too.  In acting otherwise one digs the grave of one's own religion and also does harm to other religions.  Whosoever honours his own religion and condemns other religions, does so indeed through devotion to his own religion, thinking "I will glorify my own religion".  But on the contrary, in so doing he injures his own religion more gravely.  So concord is good: Let all listen, and be willing to listen to the doctrines professed by others.”  
(Emperor Asoka)
တတိယလှိုင်းနဲ့ ဗာတီကန်ကျောင်းတော်
$
0
0
by Ye Myint Kyaw (Notes) on Sunday, March 31, 2013 at 12:47pm
 “If there be truth in me, it should explode. I cannot reject it: I would be rejecting myself.”
                                                                                                (Karol Wojtyla. John Paul II)
“ကျုပ် ယုံကြည်တဲ့ အမှန်တရား ရှိရင်၊ ဒါကို ပေါက်ကွဲ ပျံနှံ့စေရမယ်။ အမှန်တရားကို ပစ်ပယ်လို့ မရဘူး။ ကျူပ်ကိုကျုပ်ပဲ ငြင်းပယ်ထားရလိမ့်မယ်”
                                                                                      ကာရိုးဝေါ့(ဂ်ျ) တေလာ၊ ဂျွန်ပေါလ်
ဆင်မျူရယ် ဟန်တင်တန် ပြောတာကို အားလုံး အမှတ်ရကြဦးမှာပါ။ ကမ္ဘာမှာ ဒီမိုကရက်တိုက်ဇေးရှင်းလှိုင်း သုံးလှိုင်း ဖြစ်ပေါ်ခဲ့တယ်။ ပထမလှိုင်းရှည်က ၁၈၂၈-၁၉၂၆ ခုနှစ်အတွင်းမှာ။ ဒုတိယလှိုင်းတိုက ၁၉၄၃-၆၂ ခုနှစ်အတွင်း ဖြစ်ခဲ့ပြီး၊ တတိယလှိုင်းက ၁၉၇၄ မှာ စတင်ခဲ့တယ်။။ နောက်ဆုံး တတိယလှိုင်းက ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ဆက်တိုက် ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။
နောက်ဆုံး တတိယလှိုင်းကို ဖြစ်ထွန်းစေခဲ့တဲ့ အကြောင်းအရာတွေ ရှိပါတယ်။ တစ်ပါတီပုံစံနဲ့ အမိန့်ပေးစနစ်တွေကို ညည်းငွေ့လာခြင်း၊ ဒီမိုကရက်တစ် တန်ဖိုးတွေ ကျယ်ကျယ်ပြန့်ပြန့် ထွေးပိုက်လက်ခံလာခြင်း၊ ဂလိုဘယ်စီးပွားရေး မကြုံဘူးအောင် တိုးတက်အားကောင်းပြီး မြို့ပြလူလတ်တန်းစား တိုးပွားလာခြင်းနဲ့ ဗာတီကန်ကောင်စီက မီးစိမ်းပြလိုက်တဲ့နောက် ခရစ်ယာန်ကျောင်းတွေက အာဏာရှင်စနစ်ကို မထောက်ခံခြင်းတို့ကြောင့် ပါပဲ။
၁၉၇၀ နဲ့ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ ခရစ်ယာန်ဘာသာ ဖွံ့ဖြိုးမှုတွေ ထပ်ရှိခဲ့ပြီး၊ အဲဒီအပြောင်းအလဲက ဒီမိုကရက်တိုက်ဇေးရှင်း ဖြစ်စဉ်ကို တွန်းပေးခဲ့ပါတယ်။ ခေတ်သစ်ဒီမိုကရေစီဟာ ခရစ်ယာန်ကိုးကွယ်တဲ့ တိုင်းပြည်တွေမှာသာ အရင်ဆုံး အားကောင်းမောင်သန် ဖွံ့ဖြိုးခဲ့ပါတယ်။
၁၉၈၈ ခုနှစ်ကို ငဲ့ကြည့်ရင် ဒီမိုကရေစီနိုင်ငံ ၄၆ နိုင်ငံရှိတဲ့အနက် ၃၉ နိုင်ငံမှာ ကက်သလစ်နဲ့ ပရိုတက်စတင့်ဘာသာတို့က လွှမ်းမိုးထားပါတယ်။ တကယ်တမ်းပြောရရင် အစ္စလာမ်၊ ဗုဒဘာသာနဲ့ ကွန်ဖျူးရှပ်အယူ လွှမ်းမိုးတဲ့ နိုင်ငံတွေမှာ ဒေါင်ဒေါင်မြည် ဒီမိုကရေစီဆိုတာ အတော့်ကို ရှားရှားပါးပါးပါ။
ဒီမိုကရေစီနဲ့ ခရစ်ယာန်ဘာသာ ဆက်စပ်နေတယ်လို့တော့ အတိအကျ ရေးထားတာ ဟောပြောခဲ့တာတွေ မရှိပါဘူး။ သို့သော် အနောက်တိုင်းခရစ်ယာန်ဘာသာက တစ်ဦးချင်းရပိုင်ခွင့် ဂုဏ်သိက္ခာ၊ ကျောင်းတော်နဲ့ နိုင်ငံတော်ကြား စည်းခြားမှု တို့ကို အလွန်အလေးအနက် ထားပါတယ်။ နိုင်ငံတော်တော်များများမှာ ဖိနှိပ်သူတွေကို ဆန့်ကျင်ရာမှာ ကက်သလစ်နဲ့ ပရိုတက်စတင့် ခေါင်းဆောင်တွေက အရေးပါခဲ့ပါတယ်။ ဒါကြောင့်ပဲ ခရစ်ယာန်အယူ ပြန့်ပွားလာတာနဲ့အမျှ ဒီမိုကရက်တစ် တန်ဖိုးတွေ အားကောင်းလာဟန် ရှိပါတယ်။
တောင်ကိုရီးယားက ခရစ်ယာန် ဒီမိုကရက်များ
တောင်ကိုရီးယားကိုပဲ အရင်ကြည့်ပါ။ ၁၉၅၀ ပြည့်နှစ်တွေအတွင်း တောင်ကိုရီးယားဟာ အရပ်သားအစိုးရဖြစ်တဲ့ ဆစ်မန်ရီး လက်အောက်မှာ ရှိခဲ့ပါတယ်။ ၁၉၆၀ ပြည့်နှစ်တွေမှာတော့ စစ်ဘက်တစ်ပိုင်း ဒီမိုကရေစီတစ်ပိုင်းဖြစ်တဲ့ ပတ်ခ်ချုံဟီး လက်အောက်မှာ နေခဲ့ရပါတယ်။ ၁၉၇၀ နဲ့ ၁၉၈၀ ပြည့်နှစ်တွေမှာတော့ အရပ်ဘက်ကို စိတ်နည်းနည်းပြောင်းလာတဲ့ ပတ်ခ် နဲ့ ဗိုလ်ချုပ်ကြီး ချန်ဒူးဝမ် တို့အောက်မှာ ရှိခဲ့တယ်။ ၁၉၈၇ မှာတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ လုံးလုံး စတင်ပါတော့တယ်။
ဒုတိယကမ္ဘာစစ်ပြီးချိန်မှာ တောင်ကိုရီးယားကို ဗုဒ္ဒဘာသာနဲ့ ကွန်ဖျူးရှပ်ဝါဒက အဓိက လွှမ်းမိုးထားပါတယ်။ ခရစ်ယာန် ဦးရေးက တစ်ရာခိုင်နှုန်းလောက်ပါပဲ။ ၁၉၈၀ ပြည့်လွန် အလယ်နှစ်များရောက်တော့ ခရစ်ယာန်ဦးရေက ၂၅ ရာခိုင်နှုန်းထိ ဖြစ်လာပါပြီ။ အဲဒီမှာ ပရိုတက်စတင့်က ငါးပုံလေးပုံရှိပြီး ကျန်တာက ကက်သလစ်တွေပါ။
ခရစ်ယာန်အယူ ကူးပြောင်းလာသူတွေက လူငယ်တွေနဲ့ မြို့ပြလူလတ်တန်းစားတွေ ဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာ ကူးပြောင်းလာကြတဲ့အကြောင်းကလည်း ဘာသာရေးအယူသည်းလွန်းလို့ မဟုတ်ဘဲ၊ ကိုရီးယားရဲ့ စီးပွားရေး လူမှုရေး အပြောင်းအလဲတို့ကြောင့်ပါ။ မြို့ပြကို သန်းနဲ့ချီပြီး ရောက်လာတဲ့ လူတွေရဲ့အမြင်မှာ စိုက်ပျိုးရေးခေတ် သက်ဝင်လှုပ်ရှားမှု ကင်းတဲ့  ဘာသာရေးပုံစံဟောင်းတွေကို ခံတွင်းမတွေ့ကြတော့လို့ပါ။ ခရစ်ယာန်ဘာသာရဲ့ တစ်ဦးချင်းလွတ်မြောက်ရေးနဲ့ ဂုဏ်သိက္ခာအကာကွယ်ပေးမှုက အကျပ်အတည်းရောက် ဂယ်ပေါက်ပိတ်နေချိန်မှာ ထွက်ပေါက်ရစေတယ်၊ အသိုင်းအ၀ိုင်းနဲ့ ၀ိုင်းဝန်းပေးတယ်၊ လူနေမှုပုံစံမှာ စတိုင်ကျတယ်လို့ ထင်လာကြတာလည်း ပါပါတယ်။
ခရစ်ယာန်အယူက နိုင်ငံရေးဖိနှိပ်မှုကို ဆန့်ကျင်ရာမှ အယူအဆပိုင်းအရရော၊ အင်စတီကျူးရှင်းပိုင်းမှာ စနစ်တကျ လုပ်ဆောင်မှုတွေ ရှိတယ်။ တန်းတူညီမျှရေးနဲ့ တစ်ဦးချင်းဂုဏ်သိက္ခာကို အမြဲရှေ့တန်းတင်တယ်။ ကွန်ဖျူးရှပ် အာဏာပိုင်စနစ်နဲ့ လောကီရေးရာ အင်စတီကျူးပြဿနာတွေမှာ အလေးမထားတဲ့ ဗုဒဘာသာတို့နေရာမှာ အစိုးရနဲ့ ဘာသာရေး ခွဲခြားကျင့်သုံးတဲ့ ခရစ်ယာန်ကို အစားထိုးလာကြပါတယ်။
၁၉၇၄ မှာ သမ္မတပတ်ခ် ရဲ့ မာရှယ်လောကို ဆန့်ကျင်ဖို့ ဘစ်ရှော့ငါးပါးက ရိုမန်ကက်သလစ် ဘာသာဝင် ၅၀၀၀ ကျော်ကို ဦးဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ကင်ဒေးဂျုံနဲ့ ကင်ယုံဆန်တို့လို အတိုက်အခံအများစုကလည်း ခရစ်ယာန်တွေပါပဲ။ ၁၉၈၀ ပြည့်လွန်အစောပိုင်းမှာတော့ ခရစ်ယာန်ကျောင်းတော်တွေဟာ ရွေးကောက်ခံမဟုတ်တဲ့ အစိုးရကို ဆန့်ကျင်ဖို့ အဓိက အင်အားစု ဖြစ်လာပါတယ်။ ၁၉၈၆ နဲ့ ၁၉၈၇ မှာ ကာဒီနယ် ကင်ဆူဝမ်နဲ ကက်သလစ်ခေါင်းဆောင်တွေ၊ ပရိုတက်စတင့် အဖွဲ့တွေ၊ အမျိုးသားခရစ်ယာန်အသင်းတော်တွေ အားလုံးပေါင်းပြီး သမ္မတကို တိုက်ရိုက်ရွေးကောက်ဖို့ စည်းရုံးမှုတွေ လုပ်ခဲ့ပါတယ်။
ဘုရားကျောင်းတော်တွေက လူသားရပိုင်ခွင့်နဲ့ တရားမျှတမှုအတွက် အင်စတီကျူးရှင်းပိုင်းဆိုင်ရာ အုတ်မြစ်ခိုင်အောင် ဟောပြောပို့ချမှုတွေ လုပ်ပါတယ်။ ကက်သလစ်ဘုန်းကြီး ငယ်၊ လတ်၊ ကြီးတွေ၊ လူငယ်အသင်းသားတွေက အစိုးရဆန့်ကျင်ရေးမှာ ပိုမိုပါဝင်လာပြိး နိုးကြားတက်ကြွလာကြတယ်။ ဒါကြောင့် ဂျာမန်လူမှုဒဿန ပညာရှင် မက်စ်ဗေဘာရဲ့ ခရစ်ယာန်အယူနဲ့ အရင်းရှင်စနစ်ပေါင်းစည်းရေးအမြင်က တောင်ကိုရီးယားမှာ တစ်ဖန်ပြန်ကျော့လာတယ်လို့ ပြောရပါမယ်။ ၁၉၈၇ နဲ့ ၈၈ တစ်ဝိုက် တောင်ကိုရီးယားမှာ ဒီမိုကရေစီဖွံ့ဖြိုးမှုအတွက် အဲဒီအတိုင်း ဖြစ်ခဲ့ပါတယ်။
ပရိုတက်စတင့် ဒီမိုကရက်
သမိုင်းကြောင်းအရဆိုရရင် ပရိုတက်စတင့်နဲ့ ဒီမိုကရေစီက ဆွေမျိုးတော်နေတတ်တယ်။ အနောက်ကမ္ဘာရဲ့ ဒီမိုကရေစီဟာ ဆယ့်ခုနှစ်ရာစု ပျူရစ်တန်တော်လှန်ရေးနဲ့ အရှိန်အဟုန်ယူခဲ့ပါတယ်။ ဆယ့်ကိုးရာစု ဒီမိုကရက်တိုက်ဇေးရှင်း ပထမလှိုင်းမှာ ပါဝင်ခဲ့တဲ့ နိုင်ငံအများစုဟာ ပရိုတက်စတင့်အယူ ရှိတဲ့နိုင်ငံတွေ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်အပြီး ဒုတိယလှိုင်းဖြစ်စဉ်မှာတော့ ပါဝင်တဲ့နိုင်ငံတွေကြည့်ရင် ပရိုတက်စတင့်နဲ့ ကက်သလစ် ရောပါလာပါတယ်။ ဒါတောင် ၁၉၆၀ ပြည့်လွန်အထိ ပရိုတက်စတင့်ကပဲ အများစုဖြစ်နေပါသေးတယ်။ ပရိုတက်စတင့် လူဦးရေ အချိုးစားများလေလေ ဒီမိုကရေစီ အဆင့်မြင့်များလေလေလို့ ဆိုရပါမယ်။
ဒါနဲ့ပြောင်းပြန် ကက်သလစ်နိုင်ငံတွေမှာတော့ ဒီမိုကရေစီ ဆိတ်သုဉ်းပြီး အာဏာရှင်တွေအောက်မှာ လုံးချာရိုက်နေခဲ့ပါတယ်။ နိုင်ငံရေးနဲ့ လူမှုဒဿနပညာရှင် မာတင်လစ်ဆက်စ် က ‘ဒုတိယကမ္ဘာစစ်မတိုင်မီ ဥရောပနဲ့ လာတင်အမေရိက မှ ကက်သလစ်ဘာသာ နိုင်ငံတွေဟာ ဒီမိုကရေစီကို လုံးဝဆန့်ကျင်တဲ့ အခြေအနေရှိတယ်’ လို့တောင် ကောက်ချက်ဆွဲပါတယ်။
ပရိုတက်စတင့်ဘာသာဝင်တွေမှာတော့ ဒီမိုကရက်တစ်မာန်ဟုန်က ကြွနေပါတယ်။ သူတို့ ဒီလို ကြွတက်နေရတဲ့အကြောင်း သုံးခု ရှိပါတယ်။ ပထမအချက်က ပရိုတက်စတင့်ဝါဒဟာ တစ်ဦးချင်းတန်ဖိုးနဲ့ ဂုဏ်သိက္ခာကို အမြဲအလေးထားတယ်။ ဒါက ဒီမိုကရေစီနဲ့ နီးစပ်စေတယ်။ လူတစ်ဦးချင်းစီနဲ့ ဘုရားသခင် တိုက်ရိုက်ဆက်နွယ်မှုကို အလေးကဲထားတယ်။ ဒီနေရာမှာ ကက်သလစ်မှာက လာတင်ဘာသာ တန်ဖိုးတွေ၊ ဘုန်းတော်ကြီးတွေက ဘုရားသခင်နဲ့ လူတစ်ဦးချင်းကြား ကြားဝင် အောင်သွယ်ပေးရင်း အာဏာပိုင်သဖွယ် ဖြစ်သွားပါတယ်။
ဒုတိယအချက်ကတော့ ပရိုတက်စတင့်ကျောင်းတော်တွေဟာ ဒီမိုကရေစီနည်းကျကျ အုပ်ချုပ်မှုပုံစံ ရှိခြင်းပါပဲ။ ဘာသာရေးခေါင်းဆောင်တွေက ဘုရားသခင်သားတော်ဆိုပြီး လူတွင်ကျယ်လုပ် ဗိုလ်ကျလို့မရပါဘူး။ ဒါနဲ့ ဆန့်ကျင်ဘက် ကက်သလစ်မှာတော့ ပုပ်တွေ၊ ဘစ်ရှော့တွေ၊ ကာဒီနယ်တွေက အဆင့်ဆင့် အာဏာပိုင်ပုံစံနဲ့ အုပ်ချုပ်ထားပါတယ်။ ကက်သလစ်တွေကို စိတ်ဝညာဉ်ပိုင်းနဲ့ လောကုတ္တရာကိစ္စမှာတောင် အာဏာရှင်ဆန်တယ်လို့ ဆိုကြပါတယ်။
နောက်ဆုံး တတိယအချက်ကတော့ လူမှုဒဿနပညာရှင် မက်စ်ဗေဘာရဲ့ သုံးသပ်ချက်ပါ။ ပရိုတက်စတင့်ဘာသာရေးက စီးပွားရေးလုပ်ငန်းတွေ၊ ဥစ္စာဓနတွေ၊ အရင်းရှင်စနစ်နဲ့ လူလတ်တန်းစားတွေကို တိုးပွားများပြားစေတယ်။ အဲဒီလို စီးပွားရေး ဖွံ့ဖြိုးမှုနဲ့ လူလတ်တန်းစားများပြားလာမှုက ဒီမိုကရေစီ အင်စတီကျူးရှင်းတွေ ပေါ်ထွက်လာအောင် ချောဆီထည့်ပေးပါတယ်။
ကက်သလစ် ဒီမိုကရက်
၁၉၆၀ ပြည့်လွန်နှစ်များအထိ ပရိုတက်စတင့်နဲ့ ဒီမိုကရေစီကြား ဆက်စပ်မှုဟာ အပြောင်းလဲမရှိ ခိုင်မြဲနေဆဲပါ။ ဒါပေမဲ့ ၁၉၇၀ နဲ့ ၁၉၈၀ ပြည့်နှစ်တွေမှာတော့ ဒီိမိုကရက်တစ် တတိယလှိုင်း တစ်လုံးပြီးတစ်လုံး အပြန့်ကျယ်စွာ ပေါ်ထွက်လာပါတယ်။
အဲဒီလှိုင်းတွေက ကက်သလစ်လှိုင်းတွေပါ။ တတိယလှိုင်းမှာ အဦးဆုံး ပေါ်ထွက်လာတဲ့ ဒီမိုကရက်တစ် သုံးနိုင်ငံအနက် ပေါ်တူဂီနဲ့ စပိန်က ကက်သလစ်တွေပါ။ ဒီနောက် တောင်အမေရိက ခြောက်နိုင်ငံနဲ့ ဗဟိုအမေရိက သုံးနိုင်ငံတို့ကတစ်ဆင့် ဒီမိုကရက်တိုက်ဇေးရှင်းဟာ အရှိန်အဟုန်နဲ့ စီးဆင်းသွားပါတယ်။
နောက် အရှေ့အာရှမှာ ဖိလစ်ပိုင်ဟာ ပထမဆုံး ဒီမိုကရက်ဖြစ်လာပြီး၊ တောင်အမေရိကက ချီလီနဲ့ မက္ကစီကိုတို့ကလည်း အားကျမခံ ဒီိမိုကရက်တိုက်ဇေးရှင်းဖြစ်စဉ်မှာ ပါဝင်လာကြပါတယ်။ ကက်သလစ် ပိုလန်နဲ့ ဟန်ဂေရီ တို့လည်း ဒီမိုကရေစီ အရေခွံသစ်ကို ပထမဆုံး လဲယူခဲ့ကြတယ်။ ကမ္ဘာ့ဒေသတိုင်းက ကက်သလစ်တိုင်းပြည်တွေဟာ ဒီမိုကရက်တိုက်ဇေးရှင်း ဦးဆောင်သူတွေ ဖြစ်ပြီး၊ ကက်သလစ်တို့ ပျော်စံရာ လာတင်အမေရိကတခွင်ဟာ  တင်းပြည့် ဒီမိုကရက်တွေ ဖြစ်လာပါတယ်။
အကြမ်းဖျင်းပြောရရင် ၁၉၇၄ နဲ့ ၁၉၈၉ အကြား ဒီမိုကရေစီ အောင်မြင်စွာကူးပြောင်းနိုင်ခဲ့တာဟာ ကက်သလစ်ဘာသာ နိုင်ငံတွေပါပဲ။ ချွင်းချက်အဖြစ် ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ ပရိုတက်စတင့်ကနေ ဒီမိုကရက်ဖြစ်လာတဲ့ သုံးနိုင်ငံက အရှေ့ဂျာမဏီ၊ တောင်အာဖရိကနဲ့ ဆရာတွေရဲ့ သွန်သင်မှုကြောင့် ဘုရားသခင်နောက်လိုက်လာတဲ့ တောင်ကိုရီးယား ရယ်ပါ။ ချုပ်ပြောရင် အဲဒီကာလ နိုင်ငံအများအပြား ဒီမိုကရေစီ ဖြစ်လာတယ်ဆိုရင် ဒါဟာ ကက်သလစ်၊ အော်သိုဒေါ့တို့ပါပဲ။
ကျောင်းတော်အတွင်းပိုင်း ပြောင်းလဲမှု
မေးစရာ ရှိလာပါပြီ။ ကိုရွှေကက်သလစ်တို့ နောက်မှ ဘယ်လိုဖြစ်လို့ ဒီမိုကရက်တစ်ပိုး ၀င်သွားရတာလဲ။ ရှေးရိုး စာအုပ်ကြီး ပိုက်၊ ဗဟိုဦးစီးပုံစံကဲတဲ့ ကက်သလစ်တို့ နောက်ကျမှ ဘာကြောင့် အပြုံလိုက် ဒီမိုကရက်ဘ၀ ခုန်ကူးလာကြတာလဲ။
အဖြေက ရှင်းပါတယ်။ ကက်သလစ်ဘာသာဝင်တို့ ရှေးရိုး ရေခဲရိုက်ပုံစံထဲကနေ ဖောက်ထွက်လာလို့ ဖြစ်ပါတယ်။ သမိုင်းတလျှောက် ပရိုတက်စတင့်နိုင်ငံတွေက ကက်သလစ်နိုင်ငံတွေထက် စီးပွားရေး ပိုမို ဖွံ့ဖြိုးခဲ့တယ်။ ဥစ္စာဓန ကြွယ်ဝမှု မြင့်မားတယ်။ ၁၉၅၀ ပြည့်လွန် အစောပိုင်းကစလို့ ကက်သလစ်နိုင်ငံတွေက ပရိုတက်စတင့်တို့ထက် စီးပွားရေး တိုးတက်မှုနှုန်း ပိုမြန်လာပါတယ်။ နောက်အကြောင်းတစ်ခုက ကက်သလစ်ကျောင်းတော်များအတွင်း ပြောင်းလဲမှုတွေကြောင့် ဖြစ်ပါတယ်။
အရင်က လာတင်အမေရိက က ခရစ်ယာန်ကျောင်းတွေဟာ မြေယာပိုင် အောလစ်ဂါးခီတွေ အစိုးရအာဏာပိုင်တွေနဲ့ ပေါင်းသင်းမှု ရှိပါတယ်။ ၁၉၆၀ ပြည့်လွန်များမှာတော့ ကျောင်းတော်တွေက အဲဒီအကျင့်ဆိုးကို ပြောင်းလဲပစ်ပါတယ်။ chcrch တွေရဲ့ အတွင်းပိုင်း ပြောင်းလဲမှုက အာဏာရှင်အစိုးရတွေ ဆန့်ကျင်ရာမှာ လူမှုအင်စတီကျူးရှင်းပိုင်း အားကောင်းစေခဲ့တယ်။ ဘာသာရေးကို ခုတုံးလုပ်တတ်တဲ့ အစိုးရတွေထံက ဖယ်ရှောင်ခဲ့ပြီး လူထုကို အကာအကွယ်ပေးလာပါတယ်။ အရင်ဆုံး ဒီမိုကရေစီလိုလားသူတွေကို ခွန်အားဖြစ်စေပါတယ်။
၁၉၆၀ မတိုင်မီက ကက်သလစ်ကျောင်းတော်ကြီးကိုယ်တိုင်ပင် အာဏာစက်သုံးခဲ့တာတွေ ရှိပါတယ်။ ၁၉၆၀ ပြည့်လွန် အလယ်လောက်ကစလို့ ဒီမိုကရေစီမဟုတ်တဲ့ အစိုးရတွေကို ဆန့်ကျင်လာပါတယ်။ ဘရာဇီး၊ ချီလီ၊ ဖိလစ်ပိုင်၊ ပိုလန်နဲ့ ဗဟိုအမေရိကနိုင်ငံတွေမှာ အာဏာရှင်တွေကို ကောင်းကောင်းပညာပေးလာပါတယ်။ ကသလစ်ကျောင်းတော်ကြီးရဲ့ အသွင်သစ် ပြောင်းလဲမှုကြောင့် အဓိကနိုင်ငံရေးဖြစ်ရပ်တွေ ပေါ်ထွက်လာပါတယ်။
လူမှုပညာရှင်အချို့ ပြောတဲ့အတိုင်းပါပဲ။ ၁၉၅၀ ပြည့်နှစ်တွေထိ ကက်သလစ်ဘာသာဟာ ဒီမိုကရေစီရဲ့ ခလုပ်ကသင်းတစ်ခု ပါ။ အဲ.. ၁၉၇၀ နောက်ပိုင်းမှာတော့ ကက်သလစ်အယူဟာ ကျောင်းတော်ရဲ့ အတွင်းပိုင်းပြောင်းလဲမှုကြောင့် ဒီမိုကရေစီ အတွက် မဟာအင်အားဖြစ်လာခဲ့ပါတယ်။
ပုပ် ၂၃ ရဲ့ တစ်ဦးချင်းအခွင့်အရေး နှိုးဆော်မှု
ဗာတီကန်ကျောင်းတော်ကြီးရဲ့ အပြောင်းအလဲကို ကမ္ဘာ့အတိုင်းတာနဲ့ အသက်ဝင်စေဖို့ စပြီး အားထုတ်သူက ပုပ်ဂျွန် ၂၃ ဖြစ်ပါတယ်။ ကက်သလစ် အပြောင်းအလဲတွေဟာ သူ့ရဲ့ ကိုယ်ပိုင်စတိုင်နဲ့ ရိုးသားဖြူစင်တဲ့ ကတိက၀တ်ကနေ ပေါ်ထွက်လာတာပါ။
ဒုတိယမြောက် ဗာတီကန်ကောင်စီကနေ သူ့ရဲ့ ပုပ်ရဟန်းမင်း စာတမ်းသစ်ကို တင်ပြပြိး ဆုံးဖြတ်ချက်တောင်းပါတယ်။ အဲဒီ ဆုံးဖြတ်ချက်ကနေ လူမှုအပြောင်းအလဲတွေ အလေးကဲဆောင်ရွက်ဖို့၊ ဘစ်ရှော့တွေ၊ မာသာတွေက ဆင်းရဲသားတွေကို အကူညီပေးကြဖို့၊ တစ်ဦးချင်းအခွင့်အရေးတွေကို မားမားမတ်မတ် ရပ်ခံဆော်ဩကြဖို့ တိုက်တွန်းထားပါတယ်။ Church ဘုန်းကြီးတွေ ဆရာတွေဟာ တစ်ဦးချင်းအခွင့်အရေးနဲ့ ပတ်သက်ရင် အချိန်အခါမရွေး ရှေ့တန်းက တာဝန်ယူရမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီသဘောထားတွေကို ၁၉၆၈ နဲ့ ၁၉၇၉ ခုနှစ်တို့မှာ ကျင်းပတဲ့ လာတင်အမေရိက ဘစ်ရှော့များ ညီလာခံက အသေးစိပ် အတည်ပြုလိုက်နာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဗာတီကန်အသင်းတော်ကြီးရဲ့ အပြောင်းအလဲပြီးရင်ပဲ တစ်ကမ္ဘာလုံးက ကက်သလစ်ကျောင်းတော်များ လှုပ်ရှားနိုးကြွ လာပါတယ်။ ၁၉၆၀ ပြည့်လွန်များအတွင်း စပိန်က လူငယ်မျိုးဆက်သစ် ကက်သလစ်ဘုန်းကြီး သီလရှင်၊ ပညာရှင်၊ တရားဟောဆရာပေါင်းစုံဟာ အစိုးရနဲ့ ကဏ္ဍကောစ ဖြစ်ပါတယ်။ ၁၉၇၄ မှာ ဘရာဇီး ခရစ်ယာနကျောင်းတွေမှာ ဘုန်းကြီး၊ သီလရှင် ၄,၀၀၀ ရှိလာပြီး အသွင်သစ်နဲ့ ကက်သလစ်ကို ဖန်ဆင်းလိုက်ပါတယ်။ တစ်ပြိုင်ထဲမှာ ဘုန်းကြီးငယ်တွေနဲ့ အောက်ခြေဆင်းလှုပ်ရှားသူတို့က ကွန်မြူနစ်ဆန့်ကျင်ရေး၊ အင်ပါယာဆန့်ကျင်ရေးတွေ စက်ပုန်းခုတ်လှုပ်ရှားလာပါတယ်။
၁၉၇၀ ပြည့်နှောင်းပိုင်းတွေမှာတော့ အာဂျင်တီးနား church များက ရှေးရိုးတယူသန်မှုကနေ လမ်းခွဲပြီး မြူးကြွနေတဲ့ ဘုန်းကြီးငယ်တွေရဲ့ အင်အားသစ်နဲ့ ဧ၀ံဂေလိရှင်သန်ရေး ပုံစံသစ်ခင်းလာပါတယ်။ ပိုလန်၊ ချီလီ နှစ်နိုင်ငံကလည်း အားကျမခံ church တွေကနေ အောက်ခြေလူထုကို နိုင်ငံရေးပိုးသွင်းပေးပြီး အကြမ်းမဖက်လှုပ်ရှားမှုတွေ ဖန်တီးကြပါတယ်။ အဲဒီလို ဗာတီကန်ရဲ့ အယူအဆသစ် မီးစိမ်းပြမှုနဲ့ တနံတလျား အောက်ခြေလှုပ်ရှားမှုတွေ ပေါင်းစပ်မှုက ဒီမိုကရက်တိုက်ဇေးရှင်းတွေ ဇယ်ဆက်သလို ဖြစ်လာပါတယ်။
ခရစ်ယာန်ကျောင်းတွေဟာ အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့ ရင်းမြစ်တွေ အများကြီး ပံ့ပိုးပေးပါတယ်။ အာဏာရှင်စနစ် ဆန့်ကျင်သူများကို ထောက်ပံ့မှု၊ ခိုလှုံခွင့်ပေးမှုတွေ လုပ်ပေးပါတယ်။ church ရေဒီယိုအသံလွှင့်ဌာန၊ သတင်းစာ၊ အပတ်စဉ်ထုတ် သတင်းလွှာတွေကနေ အစိုးရဆန့်ကျင်ရေးကို ပါးပါးနပ်နပ် လမ်းခင်းပြတယ်။
ဘရာဇီးမှာဆိုရင် church တွေက အားလုံးစုစည်း လှုပ်ရှားပါဝင်စေဖို့ အမျိုးသားကွန်ယက် ဖွဲ့စည်းထားပါတယ်။ ဘုန်းကြီး၊ သီလရှင်၊ တရားဟောဆရာ ထောင်ပေါင်းများစွာဟာ မီးခဲပြာဖုံး ယူဂျီလုပ်နေတဲ့ အမျိုးသားနိုင်ငံရေး ယန္တရားအဖွဲ့ကြီးပါပဲ။
Church တွေမှာ ထင်ရှားတဲ့ ခေါင်းဆောင်ကိုယ်စီ ရှိတတ်ပါတယ်။ ဘရာဇီးမှာဆို ကာဒီနယ် အန်း၊ ဖိလစ်ပိုင်မှာဆို ဆင်း၊ အယ်လ်ဆာဗေဒိုးမှာဆိုရင် ရိုမီယို၊ တောင်ကိုရီးယားမှာဆို ကင် စသည်တို့ပါပဲ။ သူတို့က သမ္မာကျမ်းပိုက်ရင်း  နိုင်ငံရေးတရားတွေ ထည့်ဟောစည်းရုံးသွားပါတယ်။
ဗာတီကန်ကျောင်းတော်ကြီးရဲ့ ဩဇာကလည်း ခရစ်ယာန်နိုင်ငံတိုင်းက national church တွေ၊ ကက်သလစ်ဘာသာဝင်တွေ အပေါ် ကြီးမားပါတယ်။ ဥပမာ၊ ဘရာဇီး church က ဖီဆန်မှုတစ်ခု လုပ်တော့၊ ဗာတီကန်က အရှိန်အ၀ါကြီးကြီး ထောက်ခံမှုပေးပါတယ်။ ရောမကျောင်းတော်က တစ်ခွန်းဟတယ်ဆိုရင်ပဲ ဥရောပ၊ အမေရိကတို့က ဘနုးကြီးအပေါင်းနဲ့ အခွင့်အရေးလှုပ်ရှားသူတွေ၊ သတင်းမီဒီယာတွေက ပွက်လောညံသွားပါတယ်။ အဲဒီဝေဖန် ရိုက်ခတ်မှုတွေကို ဘရာဇီး အစိုးရအဖို့ တုံပြန်ဖို့ ခဲရင်းပါတယ်။
ဂျွန်ပေါလ် ၂ ရဲ့ ခရီးစဉ်များ
ကွယ်လွန်သွားတဲ့ ပုပ်ရမင်းကြီး ဂျွန်ပေါလ် ၂  ဗာတီကန်ကို ဆက်ခံလိုက်ချိန်မှာတော့ လက်သံက ပိုပြင်းလပါတယ်။ အာဏာရှင်တွေကို ဆန့်ကျင်ရေး ကြိုးပမ်းမှုမှာ ပုပ်ရဟန်းမင်းနဲ့ ဗာတီကန်က အဓိက ဇာတ်ခုံပေါ်မှာ ရှိနိုင်ဖို့ ကြိုးစားပါတယ်။ သူရဲ့ ပထမဆုံး ဘရင်ဂျီဘုန်းတော်ကြီးများထံ ဖြန့်ဝေပေးစာမှာ လူသားပိုင်ခွင့် ချိုးဖောက်မှုတွေ တော်တော်များများကို ရှုတ်ချဝေဖန်ထားပါတယ်။ စိန့်ပီတာကျောင်းတော်ကြီးဟာ ပုဂလိကလူသား ဂုဏ်သိက္ခာအတွက် အမြဲရပ်ခံပြီး လွတ်လပ်မှုကို ကာကွယ်စောင့်ရှောက်သူ (the Guardian) ဖြစ်နေရမယ်လို့ အတိအလင်း ကြေငြာပါတယ်။
ဒီနောက်တော့ ပုပ်ရမန်းကြီး ဂျွန်ပေါလ် ရဲ့ ခရီးစဉ်တွေက အဓိက အရေးပါလာပါတယ်။ လူထုဆန္ဒပြပွဲတွေရဲ့ ရှေ့မှောက်မှာ ပုပ်ရဟန်းမင်းကြီးက ဘွားဘွားကြီး ပေါ်ထွက်လာတတ်ပါတယ်။ သူ့အလည်ပတ်ခရီးစဉ်တွေကို ကြည့်ရင် ပိုလန်ကို ၁၉၇၉ ဇွန်၊ ၁၉၈၃ ဇွန်၊ ၁၉၈၇ ဇွန်။ ဘရာဇီးကို ၁၉၈၀ ဇွန်-ဇူလိုင်၊ ဖိလစ်ပိုင်ကို ၁၉၈၁ ဖေဖော်ဝါရီ။ ဗာဒိုးနဲ့ ဟေတီတို့ကို ၁၉၈၃ မတ်လ။ တောင်ကိုရီးယား ၁၉၈၄ မေ။ ချီလီကို ၁၉၈၇ ဧပြီနဲ့ ပါရာဂွေးကို ၁၉၈၈ မေလတို့ ဖြစ်ပါတယ်။
အဲဒီခရီးစဉ်တွေရဲ့ ရည်ရွယ်ချက်က သာမန် သာသနာပြုအလည်ခရီး မျှသာပါပဲ။ ဒါပေမဲ့ သူရဲ့ အဂန္တုခရီးစဉ်များက နိုင်ငံရေးမှာ အတော့်ကို အကျိုးများလှပါတယ်။ ဖိနှိပ်တဲ့အစိုးရများကို အံတုနေတဲ့ ဒေသခံ church တွေကို အားပေးထောက်ခံမှုတွေ လုပ်ရပါတယ်။ ပိုလန်၊ ဂွာတီမာလာ၊ နီကာရာဂွါ၊ ချီလီနဲ့ ပါရာဂွေးတို့မှာ ဖိနှိပ်သူတွေကို ဆန့်ကျင်ဖို့ သူကိုယ်တိုင် မားမားရပ် ပြောဆိုခဲ့တာတွေ ရှိပါတယ်။ အထူးခြားဆုံး အောင်ပွဲကတော့ ၁၉၇၉ ပိုလန် ခရီးစဉ် ဖြစ်ပါတယ်။
လူထုရဲ့ ကြောက်စိတ်တွေကို ဖြေလျော့ပေးနိုင်ခဲ့တယ်။ ထုနှက်ခံရ၊ အလုပ်ထုတ်ခံရ၊ ရာထူးမတိုး၊ ကျောင်းထုတ်တာတွေကို တားပေးနိုင်ခဲ့ပါတယ်။
နိုင်ငံရေးသိပံပညာရှင်တွေက ဂျွန်ပေါလ် ၂ ရဲ့ သာသနာပြုခရီးစဉ်တွေက အရှေ့ဥရောပမှာ ကွန်မြူနစ်ဝါဒ ဆုံးခန်းတိုင်စေဖို့ အစပျိုးပေးလိုက်တာဖြစ်တယ်လို့ ဆိုကြပါတယ်။ ၁၉၈၇ မှာ ချီလီက အာဏာရှင် ပီနိုချေးနဲ့ ထိပ်တိုက်တိုးတဲ့အခါမှာ သူ့ခရီးစဉ်တွေဟာ ဒီမိုကရေစီနဲ့ ဆက်နွယ်ပုံကို ခပ်တင်းတင်း ပြောချလိုက်ပါတယ်။
“ကျူပ်က ဒီမိုကရေစီ တရားဟောဆရာ မဟုတ်ဘူး။ ခရစ်ဝင်ကျမ်း ဧ၀ံဂေလိ တရားဟောဆရာသက်သက်ပါ။ ဒါပေမဲ့ လူသား အခွင့်အရေး ပြဿနာအားလုံးက ခရစ်ယာန်ကျမ်းစာနဲ့ ပတ်သက်နေတယ်။ တကယ်လို့ ဒီမိုကရေစီဟာ လူ့အခွင့်အရေးကို ဆိုလိုတယ်ဆိုရင် ဗာတီကန်ရဲ့ စကားတွေကလည်း ဒီမိုကရေစီနဲ့ ဆက်နွယ်နေလိမ့်မယ်”
Church ခေါင်းဆောင်တွေရဲ့ လှုပ်ရှားမှုများ
ဒီလိုနဲ့ ဒီမိုကရက်တိုက်ဇေးရှင်း ဖြစ်စဉ်တွေရဲ့ အကျပ်အတည်းတိုင်းမှာ church ခေါင်းဆောင်တွေ ကြားဝင်ဖြေရှင်းပါတယ်။ ၁၉၇၈ ခုနှစ် ဒိုမီနီကန်သမ္မတနိုင်ငံမှာ မဲလိမ်မှုတွေ ရပ်တန်းကရပ်ဖို့၊ သမ္မသက်တမ်း ရှည်ကြာလွန်းတဲ့ ဆီလာဂူရာကို အနားပေးဖို့ စိန့်ပီတာကျောင်းတော်ကနေ ကြေငြာဖိအားပေးပါတယ်။
၁၉၈၉ မှာ ပနားမား church ခေါင်းဆောင်တွေက သမ္မတ နိုရေးဂါးရဲ့ မဲခိုးမှုကို ပြင်းပြင်းထန်ထန် ဝေဖန်ပြီး၊ အတိုက်ခံတွေကို နှိပ်ကွပ်မယ့် ပနားမားတပ်တွေကို သမ္မတအမိန့် မလိုက်နာဖို့ ဖျောင်းဖျ စည်းရုံးနိုင်ခဲ့ပါတယ်။ နီကာရာဂွာမှာလည်း ဘုန်းတော်ကြီး ကာဒီနယ် အိုမန်ဒိုယာမရာဗိုက ဆန်ဒစ်နစ်တာ အစိုးရကို ဆန့်ကျင်ဖို့ စည်းရုံးမှုတွေ လုပ်ခဲ့ပါတယ်။
ချီလီမှာတော့ ပီနိုရှေးအစိုးရကို ဆန့်ကျင်အာခံရာမှာ  ကာဒီနယ် အိုမန်ဒိုရာမရာဗို က ရှေ့တန်းကနေ ပါဝင်ပြီး၊ ၁၉၈၅ ခုနှစ် ဩဂုတ်လ၊ ဖွဲ့စည်းပုံပြောင်းလဲရေးနဲ့ ရွေးကောက်ကျင်းပပေးရေး တောင်းဆိုရာမှာ နိုင်ငံရေးပါတီ ၁၁ ခုက ခေါင်းဆောင်များနဲ့ အတူ လက်တွဲခဲ့ပါတယ်။
Church ခေါင်းဆောင်တွေရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှု အလွန်အမင်းပုံစံတစ်ခုကတော့ ဖိလစ်ပိုင်မှာ ဖြစ်ပါတယ်။ ကာဒီနယ် ဆင်းက အတိုက်အခံအုပ်စုတွေနဲ့ အကွီနို ကြား စေ့စပ်ပေးတယ်။ ရွေးကောက်ပွဲမတိုင်မီ တစ်ရက်မှာ ကာဒီနယ်က ကက်သလစ်ဘာသာဝင်များထံ စာလွှာပါးပါတယ်။ စာထဲမှာ လူ့အခွင့်အရေးတွက် ယုံကြည်လေးစား၊ ရိုးသားဖြောင့်မတ်မှုရှိတဲ့ ပုဂိုလ်ကိုသာ မဲပေးရမယ်လို့ ဆော်ဩထားတယ်။ ကာဒီနယ်က အကွီနို ကို မဲပေးခိုင်းတာပါ။
ဘုန်းကြီးတွေနဲ့ လူထုကလည်း ချက်ဆိုနားခွက်မီးတောက်ပါတယ်။ မားကိုစ် မဲခိုးဖို့ကြိုးစားတော့ စစ်တပ်က ဆန့်ကျင်အောင် ခရစ်ယာန် အသံလွှင့်ဌာနကနေ အော်ပေးပါတယ်။ မားကို့စ် ဟာဝိုင်ရီ ထွက်ပြေးရပြီး စနစ်ဆိုးတစ်ခု ဆုံးခန်းတိုင်အောင် ဆောင်ရွက်ရာမှာ ကာဒီနယ်ဆင်း ရဲ့ အခန်းကဏ္ဍက အရေးပါပါတယ်။
ဒေါ်လာနဲ့ လက်ဝါးကပ်တိုင် လိုဂိုပုံ
ဇာတ်ကြောင်းချုပ်ကြည့်ရင် ဗာတီကန်ကျောင်းတော်ကြီး အတွင်းပိုင်းသာ အပြောင်းအလဲတွေမလုပ်ခဲ့ရင်၊ အာဏာရှင်စနစ်ကိုသာ ကက်သလစ်တို့ ဘေးတီးမပေးခဲ့ရင်၊ တတိယလှိုင်း ဒီမိုကရက်တိုက်ဇေးရှင်းဟာ သိပ်ခရီးတွင်မှာ မဟုတ်ပါဘူး။
၁၉၇၀ နဲ့ ၁၉၈၀ ပြည့်လွန်နှစ်များအတွင်းမှာ ပေါ်ထွက်လာတဲ့ တတိယလှိုင်း ဒီမိုကရက်တိုက်ဇေးရှင်း အတွက် စီးပွားရေးဖွံ့ဖြိုးမှုက ပထမအကြောင်းရင်းဖြစ်ပြီး၊ ကက်သလစ်ဘာသာက ဒုတိယအခန်းကဏ္ဍကနေ အရေးပါခဲ့ပါတယ်။ တတိယလှိုင်းကို logo တံဆိပ်နဲ့ ပုံဖော်ချင်ရင် ဒေါ်လာနဲ့ လက်ဝါးကပ်တိုင် ပုံနှစ်ခုကို ရောပြီး ပုံဖော်ရမယ်လို့ ဆင်မျူရယ် ဟန်တင်တန်က အရွှန်းဖောက်ပါတယ်။
ရဲမြင့်ကျော်
ရည်ညွှန်း
The Third Wave by Samuel P. Huntington
Protestant Ethic and the Spirit of Capitalism by Max Weber
(စပယ်ဖြူမဂဇင်း၊ အမှတ် ၅၊ ဇူလိုင်၊ ၂၀၀၅ တွင် ဖော်ပြထားသည်)
ကျွန်တော်တို့ က ရုပ်သေးရုပ်တွေလား.......
$
0
0
by Pyay Chit Thu (Notes) on Thursday, April 11, 2013 at 8:59pm
ဘာသာတရားဆိုတာ စာသင်ခန်းထဲက လာတာမဟုတ်ပါဘူး။  စာသင်ခန်းထဲကနေ လာလို့ လည်း မရနိုင်ပါဘူး။ စာသင်ခန်း ထဲကနေ ထွက်လာတဲ့ ဘာသာတရားကလည်း စစ်မှန်မှု မရနိုင်ပါဘူး။အရိုးသားဆုံးပြောရရင် ဘာသာရေးဆိုတာက မိရိုးဖလာ ကိုးကွယ်ယုံကြည်မှုကနေ လာပါတယ်။ အကြမ်းဖျင်းအားဖြင့်တော့ ဗုဒ္ဓဘာသာမိဘတွေကနေ ဗုဒ္ဓဘာသာ သားသမီးတွေ ပေါ်ထွက်လာကြပြီး ကျန်ဘာသာများမှာလည်း အလားတူ အဖြစ်မျိုးကိုပဲ အခြေခံကြပါတယ်။
 နောင် ကြီးပြင်းလာမှသာ ၊ ကိုယ်ပိုင်ညဏ်နဲ့  စဉ်းစားချင့်ချိန်နိုင်တဲ့ အရွယ်နဲ့  အသိညဏ်ပြည့်စုံ ချိန်ရောက်မှသာ ယုံကြည်ရာ ၊ ကိုးကွယ်ရာတွေ အကြောင်းကြောင်းကြောင့်   ပြောင်းလဲကောင်းပြောင်းလဲ တတ်ကြတာမျိုးပါ။
လောကကြီးမှာ ကျွန်တော်တို့  လူသားတွေဟာ အတော်များများကို ရွေးချယ်ခွင့်ရနိုင်ကြပေမယ့် ၊ ရုပ်ဆင်းပုံသဏ္ဍန်၊ လူမျိုး ၊အသားအရောင်၊ မိဘနဲ့ သားသမီး ၊ ညီအကို မောင်နှမ ပတ်သက်မှုတို့ ကို တော့ ကျွန်တော်တို့  စိတ်ကြိုက် ရွေးချယ်လို့  မရနိုင်ကြပါဘူး။ ရွေးချယ်ခွင့် မရခဲ့ကြရပါဘူး။ အားလုံးဟာ လောကကြီးထဲမှာ ကံပြစ်ချလိုက်သလိုပဲ နေထိုင် ပိုင်ဆိုင်ခဲ့ကြတာပါ။ အဲဒီလိုမျိုး ရွေးချယ်ခွင့် မရနိုင်တဲ့အထဲမှာ ကျွန်တော်တို့  လူသားတွေရဲ့ အခြေခံဘာသာရေး၊ ကနဦး ကိုးကွယ်ရာ ဘာသာကိုပါ ထည့်ကြရပါလိမ့်မယ်။  ငှက်ပျောပင်စိုက် မိလိုက်ဖပါ ဆိုတဲ့စကားက အလကားထားခဲ့တာ မဟုတ်ပါဘူး။ မိရိုးဖလာဆိုတဲ့စကားမှာ  ကိုယ်က ပြည့်ဝတဲ့ အဓိပ္ပါယ် ရှိနေပါတယ်။ အဲဒါဟာ လူ့ အဖွဲ့ အစည်းရဲ့ အခြေခံပါ။
ခင်ဗျားတို့  ကျွန်တော်တို့ တစ်တွေအားလုံး ရွေးချယ်ခွင့်သာ ရခဲ့ရင် အခုရှိနေတဲ့ဘ၀ထက် အဆပေါင်းများစွာ သာလွန် ကောင်းမွန် တဲ့ မိဘ ၊ ညီအကို မောင်နှမ ၊ လူမျိုး ၊ အသားအရောင်၊ ရုပ်အဆင်း၊ မိရိုးဖလာ ဆက်ခံရှိခဲ့သော  ဘာသာရေး အားလုံးကို လိုချင် မိကြမှာပါ။  အသားအရောင်ကြောင့် ဒီလောက်ခွဲခြားခံရတဲ့ ကမ္ဘာကြီးမှာ ဖြစ်များသာ ဖြစ်နိုင်မယ်ဆိုရင် ဘယ်သူက မဲချင်ပါ့မလဲ။ ပိုမိုကောင်းမွန် ပြည့်စုံတဲ့ ကိုးကွယ်ရာကို  မကိုးကွယ်ချင်ပဲ ရှိပါ့မလဲ။ အားလုံးက ကံကျွေးချရာဖြစ်တည်ကြရတာပါ။ အဲဒါကြောင့် အဓိကထောက်ပြချင်တာက ဘာသာရေးဟာ လူတစ်ယောက်ရဲ့ စတင်ဖြစ်တည်ရာ မိဘ၊ လူ့ အဖွဲ့ အစည်းနဲ့ သာ တိုက်ရိုက်စတင် သက်ဆိုင် ဆက်နွယ်ပါတယ်။ စာသင်ခန်းနဲ့  နည်းနည်းမှ  သက်ဆိုင်တဲ့အရာ  မဟုတ်ပါဘူး။
မြန်မာ့လူ့ အဖွဲ့ အစည်းမှာ ကျောင်း လို့  ဆိုလိုက်ရင် စာသင်ပေးတဲ့နေရာ Teaching  လို့ ပဲ အသားသေ စွဲမှတ်ထားပါတယ်။ အသိညဏ်ပညာများကို  ပိုမိုတိုးတက်ဖွံ့ ဖြိုးအောင် Learning လုပ်သောနေရာလို့  မြန်မာ့ ပညာရေးက မမှတ်ယူခဲ့တာ ကြာပါပြီ။ ဆရာက သူသိသမျှပဲ ပြောပြပါတယ်။ ဒီနေရာမှာ ....သူသိသမျှ  ....ဆိုတာက သိပ်အရေးကြီးတဲ့ စကားလုံးပါ။ သူက ဘာတွေကို ဘယ်လောက်သိထားတာလဲ။ သူသိတာတွေကရော ရာခိုင်နှုန်း ဘယ်လောက်မှန်ပါသလဲ။ အဲဒါကိုရောဘယ်သူက အာမခံမှာလဲ။ 
လူသားဟာ လူသားရဲ့ စရိုက်သဘာဝ ၊ လူသားဗီဇအရ မှားတတ်ပါတယ်။ မှားလည်း မှားပါလိမ့်မယ်။ မှားရင်ပြင်ခွင့်ရှိဖို့ အတွက်၊ အမှားကို ပြင်တတ်ဖို့ အတွက် ပညာဆိုတဲ့ အသိညဏ်ကို ကျွန်တော်တို့  သင်ယူကြရတာပါ။  ဘယ်အရာတွေက မှန်ကန်ပြီး၊ ဘယ်အရာတွေက မှားတဲ့အကြောင်း ဝေဖန်ပိုင်းခြားတတ်အောင် ပညာဆိုတဲ့အရာကို ကျွန်တော်တို့  သင်ကြားနေကြရတာပါ။ အမှားအမှန် ချင့်ချိန်တတ်အောင်၊ အမှန်ကို မြင်တတ်အောင် ၊ အမှားကိုပြင်တတ်အောင်၊ သူများပြောသမျှ မယုံပဲ အရာရာကို ကိုယ်ပိုင်အသိညဏ်နဲ့  ဆုံးဖြတ်တတ်အောင်  ပညာကို ကျွန်တော်တို့  သင်ယူကြရတာပါ။  
ဘာသာကြီးလေးခုကို ကျောင်းဘာသာရပ်မှာ သင်ကြားပေးသင့်တယ်လို့  ယုံကြည်တဲ့သူတွေဟာ ကိုယ့်ရဲ လူသားမျိုးဆက် အပေါ်မှာ  တော်တော် တာဝန်မဲ့တဲ့ စကားကို ပြောတာပါ။ ကိုယ့်ဘာသာကိုယ် ၊ ကိုယ့်ရဲ့ ကိုးကွယ်ယုံကြည်ရာကိုယ် မယုံလို့  ပြောတာပါ။ စိတ်မချလို့  တောင်းဆိုတာပါ။ သံသယရှိလို့  ကြိုတင်ကာကွယ်ချင်တာပါ။ ကလေးဆိုတာ ကို ၊ လူသားရဲ့ အနာဂတ် အသစ်တွေကို သစ်လွင်လတ်ဆတ်မနေစေချင်ပဲနဲ့  အယူဝါဒနဲ့  မှိုင်းတိုက် ဖျက်ဆီးချင်တာပါ။ဘာသာတရားရဲ့    ကနဦး အစ က အိမ်မှာပါ။ အိမ်ကစပါတယ်။ ကျောင်းမှာ မဟုတ်ပါဘူး။ ကျောင်းက စလို့  မရပါဘူး။  ကျောင်းဆိုတာက သူတို့ ကို စဉ်စားတွေးခေါ် တတ်ဖို့ ၊ အသိညဏ်တံခါး ပွင့်စေဖို့ ၊ကူညီပံ့ပိုးပေးတဲ့နေရာသာ ဖြစ်သင့်တာပါ။ ကိုယ်စဉ်းစားပြီးသား ၊ သိပြီးသား အဖြေတွေကို အစဉ်သင့် ဇွတ်ထည့်ပေးရမယ့် နေရာမျိုးမဟုတ်ပါဘူး။  စဉ်းစားတွေးခေါ်တတ်အောင် ကူညီသင်ပြ ပေးရမယ့် နေရာပါ။
ဗုဒ္ဓဘာသာ အနေနဲ့ ဆိုရင်တော့ ကျွန်တော်တို့  ဘာသာဟာ အစမ်းသပ် အစစ်ဆေးခံနိုင်တဲ့ ဘာသာဖြစ်လို့  လူတစ်ယောက် ငယ်နုစဉ်က ဇွတ်သိမ်းသွင်းဖို့  လိုအပ်တဲ့ ဘာသာတစ်ခု မဟုတ်ပါဘူး။ လူတစ်ယောက် အသိညဏ် ရင့်ကျက်လေ၊ စူးစမ်းချင် လာလေ၊ သဘောတကျ နှစ်သက်လက်ခံနိုင်လေ ဆိုတဲ့ ဘာသာတရားမျိုးမို့ ပါ။ 
ကိုယ့်ဘာသာကိုယ် စိတ်မချနိုင်ကြရင် အိမ်မှာသာ သင်ကြပါ။ အမေ၀မ်းက ကျွတ်ကတည်းကိုက သွတ်သွင်းကြပါ။ ကလေးတစ်ယောက်ထံကို ဘာသာရေးစတင်စီးဆင်းမှုက သူ့ ရဲ့ မွေးမေမေကနေ အကြမ်းဖျင်းစတင်တာပါ။ သူက ဘာကို ကိုးကွယ်ရမလဲ၊ ဘာကို ယုံကြည်ရမလဲ မသိခင် ၊ မရွေးချယ်တတ်ခင် ၊ ရွေးချယ်ရကောင်းမှန်း မသိတတ်သေးခင် ကတည်းက သူ့ အမေ ယုံကြည်ရာ၊ သူ့ အမေ ကိုးကွယ်ရာကို လိုက်ပါယုံကြည်ကိုးကွယ်ရတာပါ။  အဲဒါကြောင့် ဘာသာတရားနဲ့  ပတ်သက်ရင် အဓိက အကျဆုံးနဲ့  လက်ဦးဆရာက အမေတွေပါ။ အဲဒါကြောင့်ပဲ ကျွန်တော်တို့ က ဘာသာသာသနာအတွက် ဘာသာခြား လူမျိုးခြားတစ်ယောက်ကို  လက်ထပ်မသွားဖို့ ကိုပဲ ကြိုးစားပြီး ကြိုကြိုတင်တင်  ကိုယ့်ဘာသာဝင် မိန်းကလေးတွေကို ခိုင်မာတဲ့ ယုံကြည်မှု၊ကိုးကွယ်မှုရှိအောင်၊ သူတစ်ပါး ဖျားယောင်းသွေးဆောင်မှုဒဏ်က လွတ်အောင် ၊ ၀ိုင်းဝန်းကာကွယ် စောင့်ရှောက်ကြရပါလိမ့်မယ်။ အမေတစ်ယောက်က သူ့ ရဲ့ ဘာသာရေးမျိုးဆက်ကို ဖန်တီးသူဖြစ်လို့ ပါ။
မတူညီတဲ့ ဘာသာတရားတွေ အချင်းချင်း ညီညွတ်မျှတစွာ နေနိုင်အောင် ကျောင်းတွေမှာ ကတည်းက စတင်သင်ကြားပေးသင့် ပါတယ်လို့  ဆိုရင်လည်း ကျွန်တော်တို့  လက်မခံနိုင်ပါဘူး။ Agree to Disagree ဆိုတာတွေ၊ မတူတာတွေ ရှိနေတဲ့အကြောင်းနဲ့  ဒါတွေကို ဘယ်လို အတူယှဉ်တွဲ လက်ခံရမယ်ဆိုတာတွေ၊ အရာရာကို အမြင်ကျယ်ကျယ် ကြည့်တတ် ၊ မြင်တတ်၊ လက်ခံတတ်ဖို့  သင်ယူမှုတွေ အဲဒါတွေကို ဘာသာရေး ဆိုတာနဲ့  ဒွေးရောယှက်တင် သင်ကြားပေးမှ ရမယ့် အရာ မဟုတ်ပါဘူး။  အဲဒါတွေကို ဘာသာရေးဆိုတဲ့ အစဉ်အလာ ယုံကြည်မှု ဓလေ့ထုံးတမ်းတွေ မပါပဲ သင်ယူရရှိစေမှသာ အောင်မြင်မယ့် အကြောင်းအရာပါ။ အခုအခံ တစ်ခုခု ၀င်နေရုံနဲ့  မူလရည်ရွယ်ချက် ၊ စေတနာ လွဲဖို့  အကြောင်း အများကြီးရှိနေတဲ့ အလွန်အကဲဆတ်ပြီး သိမ်မွေ့ တဲ့ အကြောင်းအရာပါ။
တစ်စက်တစ်စပ်တည်း ပြောရရင် မြန်မာနိုင်ငံမှာ OIC ရုံးဖွင့်ခွင့် ဘာညာ ဆိုတာလည်း ကျွန်တော်တို့  အစွမ်းကုန် ကန့်ကွက် ကြရပါလိမ့်မယ်။ ပြည်သူ့ အားနဲ့  ကာကွယ်တားမြစ်ကြရပါလိမ့်မယ်။ သူ့ ဘာသာသူ ရုံးလေး လာဖွင့်တာများ...ကွာ  လို့ လုပ်လို့  မရပါဘူး။ အေးနေလို့  မရပါဘူး။  ကျွန်တော်တို့  တိုင်းပြည်က ထေရ၀ါဒ ဗုဒ္ဓဘာသာ ကို ကိုးကွယ်တဲ့ လူအများစုရှိတဲ့ နိုင်ငံပါ။  ကျန်တဲ့ဘာသာဝင်တွေက အနည်းစုပါ။ ကိုယ့်ဘာသာကိုယ်လေးစားပြီး သူများကို မစော်ကားသရွေ့ တော့ အတူတကွ နှစ်တွေ အကြာကြီး ငြိမ်းငြိမ်း ချမ်းချမ်း နေလာ နိုင်ခဲ့ကြတာပါ။ အခုလို ပြသနာအစပျိုးထားပြီးသား ဖြစ်တဲ့ အခြေအနေမျိုးမှာ  အချိန်မရွေး မီးတောက်အကြီးကြီးတောက်ဖို့  လောင်စာက ရှိနေပြီးသားပါ။
ထစ်ကနဲရှိ ဆွပေးမယ်။ စီကနဲဆို ၀င်ပါမယ်။ မထိနဲ့ ကွ လို့  over protection လုပ်မယ်။ ငါတို့  ဘာသာဝင်တွေကွ...လို့ အရာရာကို သွေးကွဲစေမယ်။ စဉ်းစားကြည့်ရုံနဲ့ တင် ကျွန်တော်တို့  တိုင်းပြည် ဘယ်လောက်ကြောက်စရာ ကောင်းတဲ့ အနာဂတ်ဆီကို ချီတက်နေပါသလဲ။ စဉ်းစားကြည့်ကြပါ။ မြင်အောင်ကြည့်ပါ။
နဂိုက နေသားတကျရှိခဲ့ပြီးသား သူ့ ဟာနဲ့ သူ နှစ်ပေါင်းများစွာ ဟာမိုနီ ဖြစ်အောင် ချိန်ညှိနေတတ်ခဲ့ကြတဲ့ ဘာသာတရား နှစ်ခုဟာ အခု ခင်များတို့ ကြောင့် ဟန်ချက်ပျက်သွားခဲ့ရပြီ ၊အစိုးရ တာဝန်ရှိသူများ၊ ဘင်္ဂါလီ လော်ဘီများ၊ အစ္စလမ် အစွန်းရောက် များခင်မျာ ။ ပျက်ဆီးသွားတဲ့အခါ ဘယ်အရာမှ အရာရာ အရင်လို ပြန်မဖြစ်နိုင်တော့ပါဘူး။ အားလုံးဟာ သံသယနဲ့  မယုံကြည်မှုနဲ့  အစွန်းရောက်ကုန်ခဲ့ကြရပါတယ်။ ဗုဒ္ဓဘာသာရော ၊  အစ္စလမ်ရော အကျိုးနည်း ထိခိုက်နစ်နာခဲ့ရပါပြီ။  ဆုံးရှုံးမှုတွေ ရှိလာ ခဲ့ကြ ရပါပြီ။ ဒီအချိန်မှာ ဘယ်သူမှ ထပ်ပြီးတော့ မီးမမွှေးစေချင်ပါဘူး။ တိုင်းပြည်ကို ဒုက္ခတွင်းထဲ  ဆွဲမနှစ်စေချင် ပါဘူး။ နိုင်ငံရေး ကစားကွက်  ၊ ဘာသာရေးကစားကွက် ဘာလှည့်ကွက်ထဲကိုမှ  မ၀င်ချင်ပါဘူး။ 
အစစအရာရာ ဆင်းရဲပြီးသားတိုင်းပြည်၊ တစ်သက်လုံးက ဆင်းရဲလာတဲ့တိုင်းပြည်၊ ဖွံ့ ဖြိုးမှု နောက်အကျဆုံးတိုင်းပြည်၊ ဘယ်တုန်း ကမှလဲ  ဖွံ့ ဖြိုးမှုဆိုတာကို မခံစားခဲ့ရတဲ့ တိုင်းပြည် ၊ ကမ္ဘာမှာ အိမ်ဖော်တွေ ၊ အလုပ်ကြမ်းသမားတွေသာ အထွက်ဆုံးတိုင်းပြည်၊ ကိုယ့်ရဲ့ နိုင်ငံကူးလက်မှတ်နဲ့ ကမ္ဘာကို မျက်နှာမပြရဲတဲ့ တိုင်းပြည် ။ အဲဒီဂုဏ်ပုဒ်တွေက မလုံလောက်သေးဘူးလား။ ဘယ်လို ပုံရိပ်တွေ ထပ်ဖြည့်ချင်ကြသေးတာပါလဲ။ ကျွန်တော်တို့ နဲ့  ဘာသာမတူ ၊ လူမျိုးမတူလည်းပဲ ခင်ဗျားတို့ လည်း ဒီတိုင်းပြည်မှာနေ၊ ဒီတိုင်းပြည်ကရေကို သောက်ပြီး၊ ဒီတိုင်းပြည်က ထမင်းစားရင်း ကျွန်တော်တို့ နဲ့ အတူပဲ ဒုက္ခ မျိုးစုံကို အတူတူခံလာခဲ့ ကြတဲ့ သူတွေပါ။  ကျွန်တော်တို့ က သဘောကောင်းခဲ့ကြပါတယ်။ သည်းခံခဲ့ကြပါတယ်။  အတူတူ အေးအေး ချမ်းချမ်းပဲ နေချင် ကြပါတယ်။
အခုဖြစ်နေတဲ့ ပြသနာတွေတင် ကျွန်တော်တို့  တိုင်းပြည်လေးမှာ များလှပါပြီ။   နောက်ထပ်ဧည့်သည်တွေ လက်မခံနိုင်တော့ပါဘူး။ လူသားချင်းမစာနာဘူးလို့  ပြောပါ။ လူ့ အခွင့်အရေး ချိုးဖောက်တယ်လို့  ပြောပါ။ ကမ္ဘာ့အရက်စက်ဆုံးတိုင်းပြည်အဖြစ် တံဆိပ်ကပ်ပါ။ အားလုံးကို ကျွန်တော်တို့  ခံပါ့မယ်။ ဘယ်လိုဖိအားသုံးသုံး ဧည့်သည် အသစ်တွေ ထပ်လက်မခံနိုင်တော့ပါဘူး။  ရှိပြီးသား ခင်ဗျားတို့ နဲ့ တော့ အစတုန်းကလိုပဲ ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲနေကြရအောင်ပါ။  ကျေးဇူးပြုပြီး ခင်ဗျားတို့  ဘက်ကလည်း ရန်စစော်ကားတဲ့ ပြသနာမျိုး၊ အပြုအမူမျိုး ရှောင်ကြဉ်တားဆီး ရပ်တန့် ပေးကြပါ။
                                                                                                ပြည်ချစ်သူ
                                                                                                11.4.2013
မြန်မာ့စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်အကြောင်း သိကောင်းစရာ။
$
0
0
Way Min Way Min was tagged in ဘဝ အလွမ်း's photo.— with Ko Pho Cho and Phay Sit Gyi.
နံရံတိုင်းမှာနားရှိသည် မြန်မာ့စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်အကြောင်း သိကောင်းစရာ။   ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ၁၉၃၉- ခုနှစ်၊ အောက်တိုဘာလ၁၁ ရက်နေ့တွင် ရန်ကုန်တိုင်း၊ သံလျင်မြို့၊ ဗိုလ်ချုပ်ရွာတွင် မွေးဖွားခဲ့သည်။ တရုပ်နွယ်ဖွား တစ်ယောက်ဖြစ်သည်။ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိပြီးနောက် ပေါင်းတည်မြို့တွင် အခြေခံပညာကျောင်းဆရာတစ်ဦးအဖြစ် အမှုထမ်းနေစဉ် ဗိုလ်ချုပ်ကြီးနေဝင်းက လာရောက်လည်ပတ်ရာတွင် တွေ့ရှိသဘောကျ သွားသဖြင့် အနားသို့ ခေါ်ကာထားရှိရာမှ မမျှော်လင့်ဘဲတပ်မတော်အတွင်းသို့ ရောက်ရှိသွားခဲ့သည်။ ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၂၅) ကို တက်ရောက်ကာ ရာထူးအလွန်အတက်မြန်သဖြင့် အများကပင် အံ့အားသင့်ခဲ့ရသည်။ ဦးနေဝင်း၏သမီးဖြစ်သူ ဒေါ်စန္ဒာဝင်းနှင့် မောင်နှမသဖွယ် အလွန်ရင်းနှီးသည့် ဆက်ဆံ့ရေးမျိုး ရှိခဲ့ကြသည်။ (မကြီး၊ မမ ဟုပင် ရင်းနှီးစွာခေါ်ဝေါ်သည်ဟု ကြားဖူးသူတို့က ဆိုကြသည်။)  ““ နိုင်ငံရေး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကာလ””  အမှတ် (၁) စက်မှုဝန်ကြီး ဗိုလ်မှူးချုပ် တင့်ဆွေ နှင့် ဗိုလ်ချုပ်ကြီးနေဝင်း (ခ) မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဌကြီး ဦးနေဝင်း၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၈ ခုနှစ် အရေအခင်းကာလ မတိုင်ခင်တွင် တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ဖြစ်လာသည်။ ၁၉၈၃ အောက်တိုဘာ ၈ ရက်နေ့ ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည့် တောင်ကိုရီးယားနိုင်ငံမှ ဝန်ကြီးအချို့အား မြောက်ကိုရီးယားနိုင်ငံမှ ဝင်ရောက်လုပ်ကြံသည့် အရေးအခင်းအပြီးတွင် ခင်ညွန့်အား ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲအဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။  *** ၁၉၈၈ ခုနှစ် နောက်ပိုင်းကာလ ၁၉၈၈ အရေးအခင်းနောက် ၁၈-၁ဝ-၁၉၈၈ တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န-ဝ-တ) ပေါ်ထွန်းလာသောအခါ ဗိုလ်မှူးကြီးခင်ညွန့်သည် န-ဝ-တ အဖွဲ့၏ အတွင်းရေးမှူး(၁) အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ၄င်းကာလများတွင် အလွန်အရေးပါအရာရောက်ပြီး အခရာကျခဲ့သူ တစ်ဦးဖြစ်ခဲ့သည်။  ၄င်းနောက် ၁၉၉၁တွင် ဗိုလ်ချုပ် ၁၉၉၃တွင် ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်လာပြီး ၄င်း၏ ထောက်လှမ်းရေး အင်အားစုကြီးကို တိုးချဲ့လာခဲ့သည် ။ ၁၉၉၅ ခုနှစ်ရန်ကုန်တက္ကသိုလ် စိန်ရတု နှင့် မြို့မကျောင်း စိန်ရတုတွင် ဦးဆောင်ပါဝင်ခဲ့သည်။၁၉၉၇တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတွင် အတွင်းရေးမှူး (၁) ဖြစ်လာပြီး တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးကို အဆင့်မြှင့်ကာ တပ်မတော် ထောက်လှမ်းရေးမှူးချုပ် အဖြစ် တိုးမြှင့် ထမ်းဆောင်ခဲ့သည်။ ၂ဝဝ၂ တွင် ဗိုလ်ချုပ်ကြီးအဖြစ်တိုးမြှင့်ခံရကာ ၂ဝဝ၃ ခုနှစ်၊ သြဂုတ်လ တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။  ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲ အပြင် (၂၅-၈-၂ဝဝ၃) ရက်နေ့မှ (၁၈-၉-၂ဝဝ၄) ရက်နေ့အထိ နိုင်ငံတော် ဝန်ကြီးချုပ် ရာထူးများကို ထမ်းဆောင်ခဲ့သည်။ ဗိုလ်ချုပ်ကြီးခင်ညွန့်သည် နဝတ၊ နအဖအစိုးရခေတ်တွင် သြဇာ အကြီးမားဆုံးဖြစ်သော အတွင်းရေးမှူး(၁)၊ တပ်မတော် ထောက်လှမ်းရေးမှူးချုပ် (ကကလှမ်း)၊စစ်မဟာဗျူဟာ လေ့လာရေး ကွပ်ကဲရေးမှူးနှင့် ဝန်ကြီးချုပ် အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။ သူ၏လက်ထက်တွင် ပြီးပြည့်စုံသော ထောက်လှမ်းရေး ကွန်ယက် ကိုထူထောင်နိုင်ခဲ့သည်။ နံရံတိုင်းတွင်နားရှိသည် ဟူသောဆောင်ပုဒ်နှင့် အညီ အလုပ်လုပ်ကိုင်ခဲ့သူ ဖြစ်သည်။  နိုင်ငံတော်အစိုးရအဆက်ဆက်အား လက်နက်ကိုင်တိုက်ခိုက်ခဲ့သော တိုင်းရင်းသားအဖွဲ့ (၂ဝ)ကျော်နှင့် ငြိမ်းချမ်းရေးရယူပေးခဲ့ကာ နိုင်ငံတော်အေးချမ်းသာယာပြီး ဖွံဖြိုးတိုးတက်ရေး အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခဲ့သူ ဖြစ်သည်။  ၁၉၉ဝ-ခုနှစ် နောက်ပိုင်းအထိ ဗိုလ်ချူပ်ကြီးခင်ညွန့်အား ဗိုလ်ချုပ်နေဝင်းက လွှမ်းမိုးထိန်းချုပ် နေသေးသည်ဟု ယူဆခဲ့ကြသည်။  ၁၉၈၈ ခုနှစ်နောက်ပိုင်း ပြည်တွင်းရှိ လူထုလူတန်းစား အလွှာ အသီးသီးကြားတွင် ဗိုလ်ချုပ်ကြီး ခင်ညွန့်အနေဖြင့် အခြား အာဏာသိမ်း ခေါင်းဆောင်များထက် ပိုမိုထင်ရှား လူသိများလာခြင်းမှာ - (၁) လူထု မြင်ကွင်းတွင် စဉ်ဆက်မပြတ် ပုံရိပ်ထင်နေခြင်း၊ (၂) ဝါဒဖြန့်ချိမှုပုံစံများ ပါးနပ် သွက်လက်လျင်မြန် ထိရောက်ခြင်း၊ (၃) ပြည်သူလူထု၏ လိုအပ်ချက်ကို ကြိုတင်ထောက်လှမ်း စုဆောင်းပြီး အပြည့်အဝမဟုတ်သည့်တိုင် လိုဘပြည့် ကျေနပ်စေလောက်သည့် အခွင့်အရေးမျိုးဖြင့် ဖြည့်ဆည်းပေးခြင်း ဟုဆိုသော လူထုဆက်ဆံရေး လူထုဆက်သွယ်ရေးနည်းနာများကို မှန်မှန်ကန်ကန် အသုံးချတတ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ အခြားသော စစ်ခေါင်းဆောင်များထက် ပိုလည်း ရက်စက်သည်ဟု သတင်းကြီးခဲ့သည်။  ဆေးဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ ခင်ဝင်းရွှေနှင့် အိမ်ထောင်ကျသည်။ သမီး ဒေါ်သင်းလဲ့လဲ့ဝင်း၊ သား ဒုတိယဗိုလ်မှူးကြီး ဇော်နိုင်ဦး နှင့် bagan Cybertech တည်ထောင်သူ ဒေါက်တာရဲနိုင်ဝင်း တို့ကို ထွန်းကားခဲ့သည်။  ဒေါ်အောင်ဆန်းစုကြည် လုပ်ကြံခံရသည့် ဒီပဲရင်းအရေးအခင်းအပြီး ၂ဝဝ၃ ခု သြဂုတ်လ တွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးခြင်းခံရသည်။ တာဝန်ရယူပြီး မကြာမီ ကာလအတွင်း လမ်းပြမြေပုံ ၇ ဆင့်ကို ကြေငြာခဲ့သည်။ အာဆီယံ နိုင်ငံမျာနှင့် အနောက်နိုင်ငံများအကြား မြန်မာနိုင်ငံနှင့် ၎င်း၏ စစ်အစိုးရ ဝင်ဆန့်နိုင်ရန် ကြိုးစားဆောင်ရွက်ခဲ့သည်။ ၂ဝဝ၄ ခု အောက်တိုဘာ ၁၈ ရက်တွင် အဂတိ လိုက်စားမှုအကြောင်းပြချက်ဖြင့် အစိုးရအဖွဲ့မှ ထုတ်ပယ်ခံခဲ့ရပြီး ရုံးတင်တရားစွဲဆိုခံရကာ ဆိုင်းငံ့ ပြစ်ဒဏ်ဖြင့် နေအိမ်၌ အကျယ်ချုပ် (၄၄) နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး တပ်မတော် ထောက်လှမ်းရေး အရာရှိချုပ်ရုံးကိုဖျက်သိမ်း၍ ဌာနကြီးမှူးများဖြစ်သော ဗိုလ်မှူးချုပ်လှအောင်၊ ဗိုလ်မှူးချုပ် ကျော်ဟန်၊ ဗိုလ်မှူးချုပ်သန်းထွန်း၊ ဗိုလ်မှူးချုပ် မြင့်ဇော်၊ ဗိုလ်မှူးချုပ်ကျော်သိန်း၊ ဗိုလ်မှူးချုပ် သိန်းဆွေ နှင့် ဗိုလ်မှူးကြီး ခင်အောင်၊ ဗိုလ်မှူးကြီး စန်းပွင့် ဗိုလ်မှူးကြီး မြင့်အောင်ကျော်တို့ကို ဖမ်းဆီးအရေးယူခဲ့သည်။ဗိုလ်မှူးချုပ်သိန်းဆွေ နှင့် ဗိုလ်မှူးကြီးခင်အောင်အပါအဝင် တပ်မတော်ထောက်လှမ်းရေးအရာရှိကြီး (၃၈) ဦးကို အကျင့်ပျက်ခြစားမှုများနှင့် အမှုဖွင့်ပြီး ထောင်ဒဏ် နှစ် (၂ဝ) မှ နှစ် (၁ဝဝ) ကျော် ပြစ်ဒဏ်များ အသီးသီးချမှတ်ခဲ့သည်။ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်သည် နေအိမ်အကျယ်ချုပ်ကျခံနေရင်း (၂ဝ၁၂) ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့၊ နံနက် (၁ဝ) နာရီတွင် နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ စတုတ္တအကြိမ်မြောက် အကျဉ်းသား ၆၅၁ ဦး လွတ်ရာ၌ ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ နဝဒေးလမ်း၊ မိုး/ဇလဌာနရုံး အနောက်ဘက်၊ အမှတ် (၂၇) နေအိမ်၌ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်သည်။ လွတ်မြောက်ပြီးသည်နှင့် ပြည်တွင်းပြည်ပမီဒီယာများနှင့် နာရီဝက်ခန့် တွေ့ဆုံခဲ့သည်။ နိုင်ငံရေး မလုပ်တော့ကြောင်း သူက ထုတ်ဖော်ပြောကြားသည်။  (Moe Zay Nyein) အကောင့်ထံမှကူးယူပြီး မျှဝေတင်ပေးလိုပ်ပါသည်။
နံရံတိုင်းမှာနားရှိသည် မြန်မာ့စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်အကြောင်း သိကောင်းစရာ။
ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ၁၉၃၉- ခုနှစ်၊ အောက်တိုဘာလ၁၁ ရက်နေ့တွင် ရန်ကုန်တိုင်း၊ သံလျင်မြို့၊ ဗိုလ်ချုပ်ရွာတွင် မွေးဖွားခဲ့သည်။ တရုပ်နွယ်ဖွား တစ်ယောက်ဖြစ်သည်။ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိပြီးနောက် ပေါင်းတည်မြို့တွင် အခြေခံပညာကျောင်းဆရာတစ်ဦးအဖြစ် အမှုထမ်းနေစဉ် ဗိုလ်ချုပ်ကြီးနေဝင်းက လာရောက်လည်ပတ်ရာတွင် တွေ့ရှိသဘောကျ သွားသဖြင့် အနားသို့ ခေါ်ကာထားရှိရာမှ မမျှော်လင့်ဘဲတပ်မတော်အတွင်းသို့ ရောက်ရှိသွားခဲ့သည်။ 
ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၂၅) ကို တက်ရောက်ကာ ရာထူးအလွန်အတက်မြန်သဖြင့် အများကပင် အံ့အားသင့်ခဲ့ရသည်။ ဦးနေဝင်း၏သမီးဖြစ်သူ ဒေါ်စန္ဒာဝင်းနှင့် မောင်နှမသဖွယ် အလွန်ရင်းနှီးသည့် ဆက်ဆံ့ရေးမျိုး ရှိခဲ့ကြသည်။ (မကြီး၊ မမ ဟုပင် ရင်းနှီးစွာခေါ်ဝေါ်သည်ဟု ကြားဖူးသူတို့က ဆိုကြသည်။)
““ နိုင်ငံရေး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကာလ””
အမှတ် (၁) စက်မှုဝန်ကြီး ဗိုလ်မှူးချုပ် တင့်ဆွေ နှင့် ဗိုလ်ချုပ်ကြီးနေဝင်း (ခ) မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဌကြီး ဦးနေဝင်း၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၈ ခုနှစ် အရေအခင်းကာလ မတိုင်ခင်တွင် တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ဖြစ်လာသည်။ ၁၉၈၃ အောက်တိုဘာ ၈ ရက်နေ့ ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည့် တောင်ကိုရီးယားနိုင်ငံမှ ဝန်ကြီးအချို့အား မြောက်ကိုရီးယားနိုင်ငံမှ ဝင်ရောက်လုပ်ကြံသည့် အရေးအခင်းအပြီးတွင် ခင်ညွန့်အား ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲအဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
*** ၁၉၈၈ ခုနှစ် နောက်ပိုင်းကာလ
၁၉၈၈ အရေးအခင်းနောက် ၁၈-၁ဝ-၁၉၈၈ တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န-ဝ-တ) ပေါ်ထွန်းလာသောအခါ ဗိုလ်မှူးကြီးခင်ညွန့်သည် န-ဝ-တ အဖွဲ့၏ အတွင်းရေးမှူး(၁) အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ ၄င်းကာလများတွင် အလွန်အရေးပါအရာရောက်ပြီး အခရာကျခဲ့သူ တစ်ဦးဖြစ်ခဲ့သည်။
၎င်းနောက် ၁၉၉၁တွင် ဗိုလ်ချုပ် ၁၉၉၃တွင် ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်လာပြီး ၄င်း၏ ထောက်လှမ်းရေး အင်အားစုကြီးကို တိုးချဲ့လာခဲ့သည် ။ ၁၉၉၅ ခုနှစ်ရန်ကုန်တက္ကသိုလ် စိန်ရတု နှင့် မြို့မကျောင်း စိန်ရတုတွင် ဦးဆောင်ပါဝင်ခဲ့သည်။၁၉၉၇တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတွင် အတွင်းရေးမှူး (၁) ဖြစ်လာပြီး တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးကို အဆင့်မြှင့်ကာ တပ်မတော် ထောက်လှမ်းရေးမှူးချုပ် အဖြစ် တိုးမြှင့် ထမ်းဆောင်ခဲ့သည်။ ၂ဝဝ၂ တွင် ဗိုလ်ချုပ်ကြီးအဖြစ်တိုးမြှင့်ခံရကာ ၂ဝဝ၃ ခုနှစ်၊ သြဂုတ်လ တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲ အပြင် (၂၅-၈-၂ဝဝ၃) ရက်နေ့မှ (၁၈-၉-၂ဝဝ၄) ရက်နေ့အထိ နိုင်ငံတော် ဝန်ကြီးချုပ် ရာထူးများကို ထမ်းဆောင်ခဲ့သည်။ ဗိုလ်ချုပ်ကြီးခင်ညွန့်သည် နဝတ၊ နအဖအစိုးရခေတ်တွင် သြဇာ အကြီးမားဆုံးဖြစ်သော အတွင်းရေးမှူး(၁)၊ တပ်မတော် ထောက်လှမ်းရေးမှူးချုပ် (ကကလှမ်း)၊စစ်မဟာဗျူဟာ လေ့လာရေး ကွပ်ကဲရေးမှူးနှင့် ဝန်ကြီးချုပ် အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။ သူ၏လက်ထက်တွင် ပြီးပြည့်စုံသော ထောက်လှမ်းရေး ကွန်ယက် ကိုထူထောင်နိုင်ခဲ့သည်။ နံရံတိုင်းတွင်နားရှိသည် ဟူသောဆောင်ပုဒ်နှင့် အညီ အလုပ်လုပ်ကိုင်ခဲ့သူ ဖြစ်သည်။
နိုင်ငံတော်အစိုးရအဆက်ဆက်အား လက်နက်ကိုင်တိုက်ခိုက်ခဲ့သော တိုင်းရင်းသားအဖွဲ့ (၂ဝ)ကျော်နှင့် ငြိမ်းချမ်းရေးရယူပေးခဲ့ကာ နိုင်ငံတော်အေးချမ်းသာယာပြီး ဖွံဖြိုးတိုးတက်ရေး အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခဲ့သူ ဖြစ်သည်။
၁၉၉ဝ-ခုနှစ် နောက်ပိုင်းအထိ ဗိုလ်ချူပ်ကြီးခင်ညွန့်အား ဗိုလ်ချုပ်နေဝင်းက လွှမ်းမိုးထိန်းချုပ် နေသေးသည်ဟု ယူဆခဲ့ကြသည်။
၁၉၈၈ ခုနှစ်နောက်ပိုင်း ပြည်တွင်းရှိ လူထုလူတန်းစား အလွှာ အသီးသီးကြားတွင် ဗိုလ်ချုပ်ကြီး ခင်ညွန့်အနေဖြင့် အခြား အာဏာသိမ်း ခေါင်းဆောင်များထက် ပိုမိုထင်ရှား လူသိများလာခြင်းမှာ - (၁) လူထု မြင်ကွင်းတွင် စဉ်ဆက်မပြတ် ပုံရိပ်ထင်နေခြင်း၊ (၂) ဝါဒဖြန့်ချိမှုပုံစံများ ပါးနပ် သွက်လက်လျင်မြန် ထိရောက်ခြင်း၊ (၃) ပြည်သူလူထု၏ လိုအပ်ချက်ကို ကြိုတင်ထောက်လှမ်း စုဆောင်းပြီး အပြည့်အဝမဟုတ်သည့်တိုင် လိုဘပြည့် ကျေနပ်စေလောက်သည့် အခွင့်အရေးမျိုးဖြင့် ဖြည့်ဆည်းပေးခြင်း ဟုဆိုသော လူထုဆက်ဆံရေး လူထုဆက်သွယ်ရေးနည်းနာများကို မှန်မှန်ကန်ကန် အသုံးချတတ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ အခြားသော စစ်ခေါင်းဆောင်များထက် ပိုလည်း ရက်စက်သည်ဟု သတင်းကြီးခဲ့သည်။
ဆေးဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ ခင်ဝင်းရွှေနှင့် အိမ်ထောင်ကျသည်။ သမီး ဒေါ်သင်းလဲ့လဲ့ဝင်း၊ သား ဒုတိယဗိုလ်မှူးကြီး ဇော်နိုင်ဦး နှင့် bagan Cybertech တည်ထောင်သူ ဒေါက်တာရဲနိုင်ဝင်း တို့ကို ထွန်းကားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် လုပ်ကြံခံရသည့် ဒီပဲရင်းအရေးအခင်းအပြီး ၂ဝဝ၃ ခု သြဂုတ်လ တွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးခြင်းခံရသည်။ တာဝန်ရယူပြီး မကြာမီ ကာလအတွင်း လမ်းပြမြေပုံ ၇ ဆင့်ကို ကြေငြာခဲ့သည်။ အာဆီယံ နိုင်ငံမျာနှင့် အနောက်နိုင်ငံများအကြား မြန်မာနိုင်ငံနှင့် ၎င်း၏ စစ်အစိုးရ ဝင်ဆန့်နိုင်ရန် ကြိုးစားဆောင်ရွက်ခဲ့သည်။ ၂ဝဝ၄ ခု အောက်တိုဘာ ၁၈ ရက်တွင် အဂတိ လိုက်စားမှုအကြောင်းပြချက်ဖြင့် အစိုးရအဖွဲ့မှ ထုတ်ပယ်ခံခဲ့ရပြီး ရုံးတင်တရားစွဲဆိုခံရကာ ဆိုင်းငံ့ ပြစ်ဒဏ်ဖြင့် နေအိမ်၌ အကျယ်ချုပ် (၄၄) နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး တပ်မတော် ထောက်လှမ်းရေး အရာရှိချုပ်ရုံးကိုဖျက်သိမ်း၍ ဌာနကြီးမှူးများဖြစ်သော ဗိုလ်မှူးချုပ်လှအောင်၊ ဗိုလ်မှူးချုပ် ကျော်ဟန်၊ ဗိုလ်မှူးချုပ်သန်းထွန်း၊ ဗိုလ်မှူးချုပ် မြင့်ဇော်၊ ဗိုလ်မှူးချုပ်ကျော်သိန်း၊ ဗိုလ်မှူးချုပ် သိန်းဆွေ နှင့် ဗိုလ်မှူးကြီး ခင်အောင်၊ ဗိုလ်မှူးကြီး စန်းပွင့် ဗိုလ်မှူးကြီး မြင့်အောင်ကျော်တို့ကို ဖမ်းဆီးအရေးယူခဲ့သည်။ဗိုလ်မှူးချုပ်သိန်းဆွေ နှင့် ဗိုလ်မှူးကြီးခင်အောင်အပါအဝင် တပ်မတော်ထောက်လှမ်းရေးအရာရှိကြီး (၃၈) ဦးကို အကျင့်ပျက်ခြစားမှုများနှင့် အမှုဖွင့်ပြီး ထောင်ဒဏ် နှစ် (၂ဝ) မှ နှစ် (၁ဝဝ) ကျော် ပြစ်ဒဏ်များ အသီးသီးချမှတ်ခဲ့သည်။
ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်သည် နေအိမ်အကျယ်ချုပ်ကျခံနေရင်း (၂ဝ၁၂) ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့၊ နံနက် (၁ဝ) နာရီတွင် နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ စတုတ္တအကြိမ်မြောက် အကျဉ်းသား ၆၅၁ ဦး လွတ်ရာ၌ ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ နဝဒေးလမ်း၊ မိုး/ဇလဌာနရုံး အနောက်ဘက်၊ အမှတ် (၂၇) နေအိမ်၌ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်သည်။ လွတ်မြောက်ပြီးသည်နှင့် ပြည်တွင်းပြည်ပမီဒီယာများနှင့် နာရီဝက်ခန့် တွေ့ဆုံခဲ့သည်။ နိုင်ငံရေး မလုပ်တော့ကြောင်း သူက ထုတ်ဖော်ပြောကြားသည်။
(Moe Zay Nyein) အကောင့်ထံမှကူးယူပြီး မျှဝေတင်ပေးလိုပ်ပါသည်။
Me မန္တလေးလား..ခရီးထွက်သွားတယ်
$
0
0
Me မန္တလေးလား..ခရီးထွက်သွားတယ် *********************  ပေဒသရာဇ်ခေတ်ကိုလွမ်းလို့တော့ မဟုတ်ဘူး အတွေးလူးလွန့်တိုင်း ရွှေကျိုင်းတလူလူနဲ့သဲဖြူ ၊ရာဇမတ်တွေကို တ,သမိ မန္တလေးကို ခုထိ တမ်းမက်နေတုန်း ။  မသိမသာဝင်လုံးတဲ့လက်သီးပုန်းတွေအောက် မန္တလေးဟာ ဒူးထောက်ခဲ့လေပြီလား သွေးရဲသလား ပြသဖို့ထက် အူမတောင့်ဖို့အေရးပေါ်အေခြအနေဖြစ်သွားခဲ့ သွေးအားလျော့နေတဲ့ မျိုးချစ်စိတ်ကို ဘယ်လို ပြန်ကုစားကြမလဲ ။  နှလုံးသားတွေကို အနာဂတ်ပြတင်းပေါက်တွေထိလှမ်းမြင်ခိုင်းထားပါ ။  မြန်မာလို ရိုးရိုးလေး မေးချင်တယ် မြန်မာလို သွေးရဲရဲနဲ့ဖြေပေးနိုင်မလား မန္တလေး ဘယ်ရောက်သွားလဲ..မေးလိုက်ပြီ ။  ဈေးချိုနားမှာလား..ဟင့်အင်း မန္တလေးတောင်မှာလား ..မဟုတ်သေးဘူး ကျုံးဘေးပတ်လည်လား..မေတွ့မိပါဘူး ကန်တော်ကြီးမှာရော..မရှိတော့ဘူး မြို့တွင်းမှာရောတွေ့သေးလား..တစ်ခါတစ်ရံပါပဲ ဒါဆို မန္တလေးပျောက်ကြော်ငြာထည့်သင့်ပြီ ။  သူခိုးဆိုတိုင်းမျက်နှာဖုံးပါမယ်ချည်းမထင်နဲ့အသွင်အပြင်ကိုပဲကြည့်မိလို့ နှစ်ခါမက နာခဲ့ပေါင်းများလှပေါ့ ။  ဖော့ဖော့တွေးရင် ရေးရေးပဲမြင်တာသဘာဝ ကျုပ်ကတော့ မန္တလေးကို မန္တလေးလိုပဲ ပြန်တွေ့ချတင်ယ် ။  ခင်ဗျားတို့မြင်လိုက်လား မန္တလေးကို တွေ့ရအေင်ကြာင်းကြားပေးပါ ။  အောင်ပင်လယ်မှာ လိုလို ရန်ကင်းတောင်ဖက်မှာ လိုလို မြရည်နန္ဒာမှာ လိုလို မြို့ဟောင်း ဘူတာနားမှာ လိုလို မန္တလေးကို တွေ့ရင် ပြောပေးပါ ။  နေညိုချိန်တိုင်း စက်ဘီးကိုယ်စီနင်းလို့ ထမင်းချိုင့် ပိန့်ပိန့်လေးတွေသယ်ဆောရင်င်း ရွှေခြေကျင်းမဲ့ခြေထောက်လေးတွေ အိမ်ပြန်သွားကြမှာလား အိမ်ပျံသွားကြတာလား ။  အဖြေစကားသဲ့သဲ့ကြားလိုက်မိ မချိတင်ကဲ ဖြစ်ကျန်ခဲ့ရတာရနင်ာလို့မဆုံးဘူး ။  နောက်ဆုံးရသတင်းလွှာကို ကဗျာခေါင်းစဉ်မှာ တထင်ားလိုရကတယ် ။ ။  . . .ရတုသစ်  (4-2-2013 ..10:10Pm)
*********************
ပေဒသရာဇ်ခေတ်ကိုလွမ်းလို့တော့ မဟုတ်ဘူး အတွေးလူးလွန့်တိုင်း ရွှေကျိုင်းတလူလူနဲ့သဲဖြူ ၊ရာဇမတ်တွေကို တ,သမိ မန္တလေးကို ခုထိ တမ်းမက်နေတုန်း ။
မသိမသာဝင်လုံးတဲ့လက်သီးပုန်းတွေအောက် မန္တလေးဟာ ဒူးထောက်ခဲ့လေပြီလား သွေးရဲသလား ပြသဖို့ထက် အူမတောင့်ဖို့အေရးပေါ်အေခြအနေဖြစ်သွားခဲ့ သွေးအားလျော့နေတဲ့ မျိုးချစ်စိတ်ကို ဘယ်လို ပြန်ကုစားကြမလဲ ။
နှလုံးသားတွေကို အနာဂတ်ပြတင်းပေါက်တွေထိလှမ်းမြင်ခိုင်းထားပါ ။
မြန်မာလို ရိုးရိုးလေး မေးချင်တယ် မြန်မာလို သွေးရဲရဲနဲ့ဖြေပေးနိုင်မလား မန္တလေး ဘယ်ရောက်သွားလဲ..မေးလိုက်ပြီ ။
ဈေးချိုနားမှာလား..ဟင့်အင်း မန္တလေးတောင်မှာလား ..မဟုတ်သေးဘူး ကျုံးဘေးပတ်လည်လား..မေတွ့မိပါဘူး ကန်တော်ကြီးမှာရော..မရှိတော့ဘူးမြို့တွင်းမှာရောတွေ့သေးလား..တစ်ခါတစ်ရံပါပဲ ဒါဆို မန္တလေးပျောက်ကြော်ငြာထည့်သင့်ပြီ ။
သူခိုးဆိုတိုင်းမျက်နှာဖုံးပါမယ်ချည်းမထင်နဲ့အသွင်အပြင်ကိုပဲကြည့်မိလို့ နှစ်ခါမက နာခဲ့ပေါင်းများလှပေါ့ ။
ဖော့ဖော့တွေးရင် ရေးရေးပဲမြင်တာသဘာဝ ကျုပ်ကတော့ မန္တလေးကို မန္တလေးလိုပဲ ပြန်တွေ့ချတင်ယ် ။
ခင်ဗျားတို့မြင်လိုက်လား မန္တလေးကို တွေ့ရအေင်ကြာင်းကြားပေးပါ ။
အောင်ပင်လယ်မှာ လိုလို ရန်ကင်းတောင်ဖက်မှာ လိုလို မြရည်နန္ဒာမှာ လိုလို မြို့ဟောင်း ဘူတာနားမှာ လိုလို မန္တလေးကို တွေ့ရင် ပြောပေးပါ ။
နေညိုချိန်တိုင်း စက်ဘီးကိုယ်စီနင်းလို့ ထမင်းချိုင့် ပိန့်ပိန့်လေးတွေသယ်ဆောရင်င်း ရွှေခြေကျင်းမဲ့ခြေထောက်လေးတွေ အိမ်ပြန်သွားကြမှာလား အိမ်ပျံသွားကြတာလား ။
အဖြေစကားသဲ့သဲ့ကြားလိုက်မိ မချိတင်ကဲ ဖြစ်ကျန်ခဲ့ရတာရနင်ာလို့မဆုံးဘူး ။
နောက်ဆုံးရသတင်းလွှာကို ကဗျာခေါင်းစဉ်မှာ တထင်ားလိုရကတယ် ။ ။
. . .ရတုသစ်
(4-2-2013 ..10:10Pm)
"အငုံ့စိတ်"
$
0
0
"အငုံ့စိတ်"  ၁၉၈၀ နှစ်များ ဝန်းကျင်ပေါ့... ငယ်ငယ်တုန်းက သုံးဘီးကားစီးရတာ သိပ်သဘောကျတာဗျ၊  သုံးဘီးကားသံဟာ ဘယ်ကားသံနဲ့မှမတူဘူး၊ တုတ် တုတ်..တုတ် တုတ်နဲ့၊ အဖေက Mazda B600 ငှားတော့ သုံးဘီးမငှားလို့ဆိုပြီး  ဂျီကျခဲ့တာ ခုထိအမှတ်ရနေသေးတယ်၊ ပြန်တွေးတော့ အဖေဟာ အခြေအနေအရ ဆုံးဖြတ်တာမို့ အပြစ်တင်စရာ မရှိပါ၊ ကလေး တယောက်အတွက်က သုံးဘီးဟာ  မျက်လုံးပြူးပြူး သွားခေါခေါပုံလေးဗျာ သိပ်ချစ်စရာကောင်းတာ၊ အဲဒီအချိန်က သင်္ဘောသားကားခေါ်တဲ့ Hilux တွေ ဘာတွေ မဝင်သေးဘူး၊  (ပြောချင်တာ ခလေးစိတ်ကူး၊ ခံစားချက်၊ အကြိုက်တွေက  လူကြီးနဲ့မတူဘူးဗျ၊ ကျနော်တို့ဆီမှာ လူကြီးတွေက ခလေးတွေကို  လူကြီးစိတ်နဲ့ကိုယ်ကိုယ်တိုင်အရမ်းဖြစ်စေချင်တာတွေ  အလွန်အကျွံပုံသွင်းပေးကြတာ များနေတယ်လို့ထင်ပါတယ်၊ အကျိုးဆက်က အငုံ့စိတ်နဲ့ ပြောသင့်တဲ့နေရာမှာ  ရဲရဲဝံ့ဝံ့ပြောရဲ သင့်တာတွေ  ဘယ်သူမှမသိလိုက်ပါပဲ နုငယ်တဲ့ ခလေးဘဝမှာတင် ဆုံးရှုံးသွားတော့ပါပဲ၊ ကြီးပြင်းလာတဲ့အခါ အကျိုးဆက်က ကိုယ်တိုင်တာဝန်ယူရဲတဲ့  အစွမ်းအစတွေ ပြောက်ဆုံးကုန်ပြီး အမိန့်တခုခုရမှ ပြောရဲ၊ လုပ်ရဲတဲ့ ဘဝတွေရောက်သွားကုန်တော့တာပါပဲ။)  အငုံ့စိတ်ဆိုတာဘာပါလဲ၊ စဉ်းစားကြပါကုန်။  Lucifer 14/04/2013  Image ref: Mazda_K360_Burma >> http://commons.wikimedia.org/wiki/File:Mazda_K360_Burma.jpg <<
၁၉၈၀ နှစ်များ ဝန်းကျင်ပေါ့...
ငယ်ငယ်တုန်းက သုံးဘီးကားစီးရတာ သိပ်သဘောကျတာဗျ၊
သုံးဘီးကားသံဟာ ဘယ်ကားသံနဲ့မှမတူဘူး၊ တုတ် တုတ်..တုတ် တုတ်နဲ့၊
အဖေက Mazda B600 ငှားတော့ သုံးဘီးမငှားလို့ဆိုပြီး
ဂျီကျခဲ့တာ ခုထိအမှတ်ရနေသေးတယ်၊
ပြန်တွေးတော့ အဖေဟာ အခြေအနေအရ ဆုံးဖြတ်တာမို့ အပြစ်တင်စရာ မရှိပါ၊
ကလေး တယောက်အတွက်က သုံးဘီးဟာ
မျက်လုံးပြူးပြူး သွားခေါခေါပုံလေးဗျာ သိပ်ချစ်စရာကောင်းတာ၊
အဲဒီအချိန်က သင်္ဘောသားကားခေါ်တဲ့ Hilux တွေ ဘာတွေ မဝင်သေးဘူး၊
(ပြောချင်တာ ခလေးစိတ်ကူး၊ ခံစားချက်၊ အကြိုက်တွေက
လူကြီးနဲ့မတူဘူးဗျ၊
ကျနော်တို့ဆီမှာ လူကြီးတွေက ခလေးတွေကို
လူကြီးစိတ်နဲ့ကိုယ်ကိုယ်တိုင်အရမ်းဖြစ်စေချင်တာတွေ
အလွန်အကျွံပုံသွင်းပေးကြတာ များနေတယ်လို့ထင်ပါတယ်၊
အကျိုးဆက်က အငုံ့စိတ်နဲ့ ပြောသင့်တဲ့နေရာမှာ
ရဲရဲဝံ့ဝံ့ပြောရဲ သင့်တာတွေ
ဘယ်သူမှမသိလိုက်ပါပဲ နုငယ်တဲ့ ခလေးဘဝမှာတင် ဆုံးရှုံးသွားတော့ပါပဲ၊
ကြီးပြင်းလာတဲ့အခါ အကျိုးဆက်က ကိုယ်တိုင်တာဝန်ယူရဲတဲ့
အစွမ်းအစတွေ ပြောက်ဆုံးကုန်ပြီး
အမိန့်တခုခုရမှ ပြောရဲ၊ လုပ်ရဲတဲ့ ဘဝတွေရောက်သွားကုန်တော့တာပါပဲ။)
အငုံ့စိတ်ဆိုတာဘာပါလဲ၊ စဉ်းစားကြပါကုန်။
Lucifer
14/04/2013
Image ref:
Mazda_K360_Burma
>> http://commons.wikimedia.org/wiki/File:Mazda_K360_Burma.jpg<<
တရုတ်ပြည်စီးပွားရေးအကြောင်း ဘယ်လောက်သိသလဲ????
$
0
0
by ငရဲ သား (Notes) on Tuesday, February 28, 2012 at 2:29pm
(Newsweek ကနေ ကျော်သူဟန် ဘာသာပြန်ပြီး Ecovision Journal မှာ ထည့်သွင်းထားတဲ့ ဆောင်းပါးကို ပြန်လည်ကူးယူဖော်ပြပါတယ်။)
ကမ္ဘာ့စီးပွားရေးကျဆင်းမှု ကာလအတွင်း ထူခြားသည့်အချက်တစ်ခုမှာ ထွန်းသစ်စနိုင်ငံများဖြစ်သော အိန္ဒိယ၊ တရုတ်၊ အင်ဒိုနီးရှားတို့သည် အကျပ်အတည်းဒဏ်ကို ခန့်မှန်းထားသည်ထက် ပို၍ ခံနိုင်ရည် ရှိကြောင်း တွေ့ရသည်။
အထူးသဖြင့် တရုတ်နိုင်ငံဆိုလျှင် စီးပွားရေးအကျပ်အတည်းကြောင့် အကျိုးဖြစ်ထွန်းမှုများပင် ရရှိခဲ့သည်ဟုဆိုနိုင်သည်။ တရုတ်နိုင်ငံ သည် ၂၀၀၈ ခုနှစ်တွင် အလုပ်လက်မဲ့ဦးရေများ တိုးပွားခဲ့ပြီး တိုင်းပြည်၏ ပို့ကုန်လုပ်ငန်းများလည်း ထိခိုက်ခဲ့ပါသည်။ သို့သော် ယခုနှစ်တွင် တရုတ်၏ စုစုပေါင်းစီးပွားရေးထွက်ကုန် ဂျီဒီပီသည် ၈.၅ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်သည်ဟု ခန့်မှန်းထားသည်။
ဖွံ့ဖြိုးပြီးနိုင်ငံတော်တော်များများမှာ ၂၀၀၉ ခုနှစ်တွင် ဂျီဒီပီရာခိုင်နှုန်း အနုတ်လက္ခဏာပြနေချိန်တွင်ဖြစ်၍ တရုတ်၏ ၈.၅ ရာခိုင်နှုန်း မြင့်တက်မှုသည် အထူးအောင်မြင်မှုတစ်ခုဖြစ်သည်ဟုဆိုနိုင်သည်။ တရုတ်နိုင်ငံ၏ စီးပွားရေးအကျပ်အတည်း အပေါ် ကိုင်တွယ်ဖြေရှင်းမှုသည် ဖွံ့ဖြိုးပြီးနိုင်ငံများထက် သာလွန်ကောင်းမွန်ခဲ့သည်။
ပါတီစည်းလုံးညီညွတ်မှု
တရုတ်နိုင်ငံ၏ တစ်ခုတည်းသော အာဏာရပါတီသည် အများထင်မြင်ယူဆနေသကဲ့သို့ စည်းလုံးညီညွတ်နေသည် မဟုတ်ပါ။ ကျေးလက်ဒေသဖွံ့ဖြိုးမှုကို အလေးထားလိုသော သမ္မတ ဟူကျင်းတောင်နှင့် ၀န်ကြီးချုပ် ၀မ်ကျားပေါင်တို့က တစ်ဖက်၊ မြို့ပြဖွံ့ဖြိုးမှုကို အဓိကထားလိုသော ပါတီခေါင်းဆောင်ပိုင်းတချို့က တစ်ဖက် နှစ်အုပ်စုကွဲနေကြသည်။ ဟူနှင့်ဝမ်တို့က ဖွံ့ဖြိုးမှုနောက်ကျနေသော တရုတ်ပြည်အနောက်ဘက် ပြည်နယ်များကို တန်းတူ ဖွံ့ဖြိုးလာအောင် ဆောင်ရွက်လိုသည်။ အခြားပါတီခေါင်းဆောင်များကတော့ ဖွံဖြိုးပြီး ကမ်းရိုးတန်းဒေသ ပိုင်းရှိ ရှန်ဟဲ၊ ရှန်ကျင့်စသော မြိုကပြများကို ကမ္ဘာ့စံပြ မြို့တော်ကြီးများဖြစ်အောင် တည်ဆောက်လိုကြသည်။ သမ္မတဟူနှင့် ၀န်ကြီးချုပ် ၀မ်တို့က စီးပွားရေနှေးကွေးလျှင် နှေးကွေးပစေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကာဘွန်ထုတ်လုပ်မှုများသည့် စက်ရုံများကို စည်းမျဉ်းစည်းကမ်းများ ချမှတ်ရေးစသည့် နီယိုလစ် (Neo-Liberal) ဆန်သောပေါ်လစီများ ချမှတ်လိုသည်။
ပါတီအီလိုက် ခေါင်းဆောင်ပိုင်းကတော့ ဈေးကွက်စီးပွားရေးကိုပိုပြီး ကြိုးဖြေလွှတ်စေချင်ကြသည်။ စည်းမျဉ်းစည်းကမ်းများ လျှော့ချ၊ ပုဂ္ဂလိက ကဏ္ဍကို မြှင့်တင်ပြီး၊ လေဆက်ဖဲယား အယူအဆကို အပြည့်အ၀အသုံးချသူများဖြစ်ကြသည်။ ထို့ကြောင့် တရုတ်ကွန်မြူနစ်ပါတီ၏ အကွဲအပြဲသည် သမ္မတနှင့်ဝန်ကြီးချုပ် ဦးဆောင်သော လက်ဝဲဆန်သည့် အုပ်စုနှင့် ပါတီအီလိုက်များ ဦးဆောင်သော လက်ယာဆန် သော အုပ်စုတို့ဖြစ်ကြသည်။
အခုလောလောဆယ်အချိန်မှာ မည်သည့်အုပ်စုက အသာစီးရနိုင်မလဲဆိုတာ မှန်းရ ခက်နေပါသေးသည်။ ပြည်သူအများစု ကတော့ ဟူနှင့်ဝမ်အုပ်စုကို ပို၍သဘောကျကြသည်။ သို့သော် တရုတ်ပြည်တွင် သြဇာအာဏာရှိသည်မှာ တရုတ်ပြည်သူ တို့မဟုတ်ဘဲ ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်များဖြစ်ကြသည်။
ပါတီတွင်း ကွဲပြားနေမှုသည် ယခုမှဖြစ်သည်မဟုတ်ဘဲ ယခင်သမ္မတ ကျန်ဇီမင်းလက်ထက်ကတည်းကပင် ရှိခဲ့သည်။ သို့သော်နိုင်ငံတကာ အသိုက်အ၀န်းက သတိပြုမိခြင်းမရှိဘဲ ယခုအချိန်တွင်မှ လူပြောသူပြောများလာ ခြင်းဖြစ်သည်။ ဟူကျင်းတောင်နောက် မည်သည့်ဘက်က နိုင်ငံသမ္မတ ဖြစ်လာနိုင်မလဲဆိုသော ပုစ္ဆာကို နိုင်ငံတကာ သတင်းမီဒီယာ များက အထူးဦးစားပေး ဖော်ပြလာကြသည်။ နိုင်ငံ၏ရည်ရှည်ကာလတွင် ရေရှည်ကာလတွင် ချမှတ်ရမည့် ပေါ်လစီ ဗျူဟာများအပေါ်တွင် ပါတီအုပ်စု နှစ်ခုကွဲပြားနေကြသော်လည်း၊ တရုတ်နိုင်ငံကို နိုင်ငံတကာစင်မြင့်တွင် ထိပ်တန်းနိုင်ငံ တစ်ခုဖြစ်လာရေးမှာ ပါတီအုပ်စုနှစ်ခုစလုံး၏ ဘုံရည်မှန်းချက်ပင်ဖြစ်သည်။ ထို့ကြောင့်ပင် ၂၀၀၈ ခု စီးပွားရေး အကျပ်အတည်း ဖြစ်ပွားလာသောအခါ လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်လွှတ်တော်နှစ်ရပ်၌ စီးပွားရေး နှိုးဆွ အစီအစဉ် အတွက် ငြင်းခုံလို့ကောင်းဆဲကာလတွင် တရုတ်နိုင်ငံက ဒေါ်လာ ၆၀၀ ဘီလီယံတန်သူ၏ စီးပွားရေး စီမံကိန်းကို စတင် အကောင်အထည်ဖော်နေပြီဖြစ်သည်။ အနောက်နိုင်ငံများက အကျပ်အတည်းမဖြစ်မီကပင် ကြွေးမြီ ဒေါ်လာ ဘီလီယံပေါင်းများစွာ ရှိနှင့်နေပြီး ဖြစ်သောကြောင့်၊ အကျပ်အတည်းကာလတွင် ငွေထပ်မံ သုံးစွဲဖို့ လက်တွန့် နေကြသည်။ တရုတ်အစိုးရကမူ နိုင်ငံခြားအရန်ငွေ နှစ်ထရီလီယံ မျှရှိနေသောကြောင့် စီးပွားရေးနှိုးဆွအစီအစဉ်ကို အလျင်အမြန် လုပ်ဆောင်နိုင်ခဲ့ကြခြင်းဖြစ်သည်။
ထိုကာလအတွင်း တရုတ်နိုင်ငံ အနာဂတ်အတွက် အရေးပါသော အခြေခံ အဆောက်အဦးနှင့် နည်းပညာသုတေသန လုပ်ငန်းများ၌ ပုံအောပြီး ရင်းနှီးမြှုပ်နှံခဲ့သည်။ ထို့ကြောင့်ပင်ဟောင်ကောင်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “ဒီတစ်ခေါက် စီးပွားရေး အကျပ်အတည်းမှာ အမြတ်ထွက်သွားတဲ့ နိုင်ငံကတော့ တရုတ်နိုင်ငံပဲ”ဟု မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။
ရေရှည်တွင် ဖြစ်ပေါ်လာနိုင်သော ပြဿနာများ
စီးပွားရေးပညာရှင် အများစုက တရုတ်အစိုးရ၏ ပြဿနာ ဖြေရှင်းပုံသည် လျင်မြန်ပြီး စွမ်းအား အပြည်အ၀ရှိ ကြောင်း သဘောတူညီကြသည်။ သို့သော် ရေတိုကာလတွင် ပြဿနာပြေလည်သွားသော်လည်း အနာဂတ် အတွက် ပြဿနာ တချို့ရှိသည်ဟု ထောက်ပြကြသည်။ ပြဿနာတစ်ခုမှာ စီးပွားရေးတွင် အစိုးရ၏ အခန်းကဏ္ဍ အလွန်ကြီးမားနေခြင်း ဖြစ်သည်။ တရုတ်ဂျီဒီပီမှာ ဂျပန်ကိုကျော်ဖြတ်ပြီး ဒုတိယ အကြီးဆုံး စီးပွားရေးနိုင်ငံ ဖြစ်လာတော့မည်။ သို့သော် ဂျီဒီပီ၏ ၈၈ ရာခိုင်နှုန်းမှာ အစိုးရပိုင်လုပ်ငန်းများမှ လာခြင်းဖြစ်သည်။ ထိုရာခိုင်နှုန်းမှာ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံမှ နှိုင်းယှဉ်၍ မရအောင် မြင့်မားသော ပမာဏ ဖြစ်သည်။ ထို့ကြောင့် ပုဂ္ဂလိက ကဏ္ဍသည်တိုင်းပြည်၏ ဂျီဒီပီနှင့် နှိုင်းစာလျှင် အတော် သေးငယ်သော အစိတ်အပိုင်း ကလေးဖြစ်နေသည်။ ထို့ကြောင့် ဈေးကွက်စီးပွားရေးကို တိုးချဲ့လိုသော ပါတီခေါင်းဆောင် တချို့က တရုတ်နိုင်ငံ၏ အကြီးဆုံးလုပ်ငန်းများကို ပုဂ္ဂလိကပိုင်ပြုလုပ်ဖို့ တိုက်တွန်းနေခြင်းဖြစ်သည်။ ထိုလုပ်ငန်းများ ထဲတွင် ဘဏ်လုပ်ငန်းများ၊ ဆက်သွယ်ရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတို့ပါဝင်သည်။ အစိုးရအရာရှိုများ ကိုယ်တိုင်က စီးပွားရေး နှိုးဆွသည့် ငွေကြေး အများစုသည် အစိုးရပိုင်လုပ်ငန်းကြီးများကိုသာ ပို၍ ကြီးမားလာစေသည်ဟု ၀န်ခံ ပြောကြားကြသည်။ ထိုလုပ်ငန်းများကလည်း အထူးအဖြင့် အဆောက်အအုံများ၊ လမ်း၊ တံတားများ ဆောက်လုပ် ခြင်း၌ အဓိကထားမြှုပ်နှံနေသောကြောင့် ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့ကြီးများတွင် အိမ်ခြံမြေဈေးများ မတရား မြင့်တက်ကုန်ပြီး၊ အက်ဆစ် ပူပေါင်းများ ဖြစ်ပွားလာနိုင်သည်ဟု အစိုးရအရာရှိုများက စိုးရိမ်နေကြသည်။
စန်းပွင့်နေသော လမ်းပန်းဆက်သွယ်ရေးလုပ်ငန်း
တရုတ်အစိုးရသည် မီးရထားလုပ်ငန်းတွင် ဒေါ်လာ ၃၀၀ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမည်ဟု သိရသည်။ နောက်ထပ် မီးရထားလမ်းအရှည် ကီလိုမီတာ ၂၀,၀၀၀ ခန့် ထပ်မံတိုးချဲ့မည်ဟု သိရသည်။ ထိုအထဲမှ ကီလိုမီတာ ၁၃,၀၀၀ ခန့်သည် အမြန်မီးရထားလမ်းများဖြစ်ကြသည်။ ထို အမြန်ရထားများက တစ်နာရီလျှင် ၃၅၀ ကီလိုမီတာထိ မောင်းနှင်နိုင်စွမ်းရှိသည်။ ထိုအမြန်ရထားလမ်းစနစ်ကြောင့် တရုတ်နိုင်ငံ၏ ပြည်နယ်တစ်ခုနှင့်တစ်ခု ဆက်သွယ် သွားလာရမှု လျင်မြန်သွားစေ ခဲ့သည်။ ထိုအမြန်ရထားလမ်းစနစ် ပြီးစီးသွားပါက ပေကျင်းနှင့် ရှန်ဟိုင်း ခရီးသည် လေးနာရီမျှသာ ကြာတော့မည် ဖြစ်သည်။ ထိုသို့ဆက်သွယ်မှု လျင်မြန်လာသောကြောင့် ဖွံ့ဖြိုးမှုနောက်ကျနေသော အနောက်ပိုင်းပြည်နယ်များလည်း လိုက်ပါ တိုးတက်လာလိမ့်မည်ဟု မျှော်လင့်ရသည်။ ပါမောက္ခတစ်ဦးဖြစ်သူ စီဝေးက အမြန်ရထားစနစ်သည် စီးပွားရေး ကိုသာမက နိုင်ငံရေးနှင့် ယဉ်ကျေးမှုနယ်ပယ်တွေကိုပါ ကြီးမားတဲ့သက်ရောက်မှုတွေ ရှိနိုင်သည် ဟုခန့် မှန်းသည်။ တရူတ်အရာရှိများက တရုတ်နိုင်ငံသည် ယခင်ကသွားလာရေးခက်ခဲသောကြောင့် ပါတီစုံစနစ်ကျင့်သုံး ဖို့ မလွယ်ကူဟု ငြင်းဆိုခဲ့ကြဖူးသည်။ ယခုအချိန်တွင်တော့ တရုတ်နိုင်ငံတစ်ဖက်စွန်းမှ တစ်ဖက်စွန်းသို့ နေ့ချင်းပြီး သွားလာနိုင်ပြီဖြစ်ရာ ပါတီစုံစနစ်ကျင့်သုံးဖို့ ဖြစ်နိုင်ခြေ ရှိနေပြီဖြစ်သည်ဟု ပေကျင်းမှ ပါမောက္ခတစ်ဦးက ထောက်ပြသည်။ တရုတ်နိုင်ငံသည် မီးရထားလမ်းသာမဟုတ်၊ ကားလမ်းအရှည် ၄၄,၀၀၀ မိုင်ခန့် ထပ်မံဖောက်လုပ်မည်ဟု သိရသည်။ လာမည့် ဆယ်စုနှစ် အတွင်း နိုင်ငံတစ်ဝန်းတွင် လေဆိပ်သစ် ၁၀၀ ခန့် ဆောက်လုပ်မည်ဟုသိရသည်။
လူမသိသေးသော တရုတ်နိုင်ငံ၏ ကိန်းဂဏန်းတစ်ခု
တရုတ်နိုင်ငံတွင် ယခုကဲ့သို့ အခြေခံအဆောက်အဦးများတွင် ပုံအော၍ ရင်းနှီးမြှုပ်နှံနေခြင်းသည် သမ္မတ ဟူကျင်းတောင် နှင့် ၀န်ကြီးချုပ် ၀မ်ကျားပေါင်တို့၏ စိတ်ကူးဖြစ်သည်။ သူတို့က ညီတူညီမျှ ဖွံ့ဖြိုးမှုကို လိုလား သောကြောင့် ဖြစ်သည်။ သို့သော် ထိုသို့အစိုးရ အသုံးစရိတ် မြင့်မားမှုကြောင့် ဘတ်ဂျက်တွင် လိုငွေ ပြလာသည်။ တရုတ်နိုင်ငံသည် ကုန်သွယ်ရေး တွင် ဘီလီယံပေါင်းများစွာ ပိုငွေပြနေသောကြောင့် မီဒီယာ သမားများက ဘတ်ဂျက်လိုငွေပြမှုကို သတိမထားမိကြချေ။ ယခုအချိန်တွင် ဘတ်ဂျက်လိုငွေပြမှုသည် ဂျီဒီပီ၏ ၃၀ ရာခိုင်နှုန်းခန့်ရှိနေပြီဟု သိရသည်။ ထိုရာခိုင်နှုန်းသည် အနောက် နိုင်ငံများနှင့် နှိုင်းစာလျှင် နည်းပါးသေး သော်လည်း၊ တရုတ်နိုင်ငံရေးသမားများက စိုးရိမ်နေကြသည်။ ထို့ကြောင့်ပင် ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum) ၌ ၀န်ကြီးချုပ်ဝမ်ကျားပေါင်က ...
“တရုတ်ရဲ့ စီးပွားရေးအခြေအနေကို အလွန်အကျွံ မချီးကျူး ကြပါနဲ့ဦး။ ကျွန်တော်တို့ စီးပွားရေးတိုးတက်မှုက တည်ငြိမ်မှု၊ မျှတမှု၊ စည်းလုံးမှု မရှိသေးပါဘူး။ ရှေ့လျှောက် ကြိုးစားဖို့လိုနေပါသေးသည်” ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။
ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေဆဲ
တရုတ်ခေါင်းဆောင်ပိုင်းက စီးပွားရေးနှိုးဆွအစီအစဉ်ထဲတွင် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍအတွက် ငွေထောက်ပံ့ ပေးထားခြင်း မရှိပါ။ ထို့ကြောင့် ကျေးလက်နေပြည်သူများမှာ ဟိုက်ဝေး လမ်းမကျယ်ကြီးတွေ၊ ရှည်လျားတဲ့ မြစ်ကူး တံတားတွေ၊ အမြန်မီးရထားလမ်းတွေကို သုံးစွဲခွင့်ရရှိနေကြပေမဲ့ ကျန်းမာရေးစောက်ရှောက်မှု ကောင်းကောင်း မရရှိ ကြသေးပါ။ စာသင်ကျောင်းများမှာလည်း လုံလောက်တဲ့အဆောက်အအုံများမရရှိသေး ပါ။ ရေမြောင်းစနစ် ကောင်းမွန်စွာ မရှိသေးသည့်အတွက် နှစ်စဉ်ရေကြီးမှုများ ဖြစ်ပွားနေပါသည်။ တရုတ်နိုင်ငံ၏ ကျေးရွာအတော်များများရှိ ရွာလမ်းမများ တွင် ပလက်ဖောင်းများ ကောင်းကောင်း မရှိသေးသည့်အတွက် လမ်းဘေးပလက်ဖောင်း ဆောက်လုပ်ရေးများ ဆောင်ရွက် ပေးရန် ကျေးရွာကောင်စီ လူကြီးများက တောင်းဆိုလျက်ရှိ ပါသည်။
တရုတ်ပြည်သူတို့၏ တစ်ဦးချင်း ပျမ်းမျှဝင်ငွေမှာ (China’s per capita GDP) ဒေါ်လာ ၃၀၀၀ ကျော်ခန့်ရှိသေးပြီး ကျေးလက် ပြည်သူများမှာ ပျမ်းမျှပမာဏထက် ပို၍ဆင်းရဲသေးသည်။ ထို့ကြောင့် ကျေးလက် ဒေသတွင် ဖောက်လုပ် ထားသောအဝေးပြေးကားလမ်းမကြီးများပေါ်တွင် ယာဉ်သွားလာမှု များများစားစား မတွေ့ရပါ။ ချောင်ကောင်းစီးပွားရေး ကျောင်းမှ စီးပွားရေးပါမောက္ခ မင်းဟောင်က “ကျေးလက်နေပြည်သူတို့မှာ အစိုးရဖောက်လုပ်ထားသော လမ်းမကြီးများကို ပြည့်ပြည့်၀၀ အသုံးချနိုင်ခြင်းမရှိသေးဘူး” ဟု ဝေဖန်ပြောဆိုပါ သည်။ ထို့ကြောင့် တရုတ်အစိုးရ ရင်းနှီးမြှုပ်နှံမှုများသည် စီးပွားရေးကို အကျိုးပြန်ပြုဖို့ အချိန်အတော်ကြာ စောင့်ဆိုင်းရဦးမည့်သဘောရှိပါသည်။
အရင်းရှင်စနစ်ထွန်းကားပြီဆိုတာ ဟုတ်ရဲ့လား
ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်က “ကြောင်ဖြူသလား၊ မဲသလား အရေးမကြီးပါ၊ ကြွက်ခုတ်တတ်ဖို့သာ လိုရင်းပဲ” ဟူသည့် ကြွေးကြော်သံဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးကို အစဉ်အလာ ဆိုရှယ်လစ်စနစ်မှ ပြောင်းလဲပစ်ခဲ့သည်။ ထို့ကြောင့် ၁၉၉၀ ခုနှစ်တွင် ပုဂ္ဂလိက လုပ်ငန်းပေါင်း သန်း ၂၀ ခန့်ရှိပြီး၊ ၂၀၀၈ ခုနှစ်တွင် သန်း လေးဆယ်ခန့်ထိရှိခဲ့သည်။ သို့သော်ပုဂ္ဂလိက လုပ်ငန်းရှင်များပါ အစိုးရပိုင်လုပ်ငန်းကြီးများနှင့် ယှဉ်ပြိုင်ဖို့ အခက်အခဲတွေရှိလာသည်။ အစိုးရပိုင်လုပ်ငန်းများမှာ အစိုးရ ဘဏ်ကြီးများမှတစ်ဆင့် ချေးငွေအမြောက်အမြားကို အတိုးနှုန်းသုံးရာခိုင်နှုန်းဖြင့်သာ အလွယ်တကူရရှိလာကြသည်။ ပုဂ္ဂလိက လုပ်ငန်းရှင်များက ငွေချေးလျှင် အတိုးနှုန်း မြင့်မြင့်မားမား ပေးရပြီး၊ အလွယ်တကူငွေချေး၍မရနိုင်ဘဲ အပေါင် ပစ္စည်းတစ်ခုခုထားနိုင်မှ ရရှိလေ့ရှိသည်။
နှစ်သုံးဆယ်ကျော်ကြာခဲ့ပြီဖြစ်သော စီးပွားရေးတံခါးဖွင့်မှုသည် ပုဂ္ဂလိက ကဏ္ဍကို အထိုက်အလျောက် ဖွံ့ဖြိုးစေခဲ့သည်။ သို့သော် အစိုးရပိုင်လုပ်ငန်းကြီးများ (State-owned Enterprise) ကတော့ ၅၀ ရာခိုင်နှုန်းခန့် နှစ်စဉ်တိုးတက်ခဲ့သည်။ ပုဂ္ဂလိက လုပ်ငန်းရှင်များကတော့ အရင်းအနှီးရှာဖွေရခက်ခဲမှုကြောင့် ဆုံးရှုံးနစ်နာမှုများ စွာရှိခဲ့သည်။
နိုင်ငံ၏ သော့ချက်ကျသော လုပ်ငန်းများဖြစ်သည့် ဘဏ္ဍာရေး၊ အင်တာနက်၊ ဆက်သွယ်ရေးလုပ်ငန်း၊ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ စသည်တို့တွင် ပုဂ္ဂလိကပိုင်းကို ၀င်ရောက်လုပ်ကိုင်ခွင့် ပိတ်ပင်ထားဆဲဖြစ်သည်။ အိမ်ခြံမြေဈေးကွက်၏ သုံးပုံ နှစ်ပုံခန့်ကို အစိုးရပိုင်ကုမ္ပဏီများက ချုပ်ကိုင်ထားပြီး၊ စတော့ဈေးကွက်များတွင် လည်း ထိုကုမ္ပဏီ၏ စတော့များက ၇၀ ရာခိုင်နှုန်းခန့်ထိပါဝင်သည်။ စီးပွားရေးကျဆင်းမှု ဂယက်နောက်ပိုင်းတွင် အခြေအနေသည် ပို၍ဆိုးရွားသွားသည်ဟု ပညာရှင်များက သုံးသပ်ကြသည်။ ပုဂ္ဂလိက ကုမ္ပဏီများက ငွေပြတ် နေချိန်တွင် ထိုကုမ္ပဏီများက လုပ်ငန်းပိုတိုးချဲ့ လာသောကြောင့် ဖြစ်သည်။
တရုတ်နိုင်ငံ ပို့ကုန်လုပ်ငန်း၏ လျှို့ဝှက်ချက်
ကမ္ဘာ့စီးပွားရေး နှေးကွေးမှုကြောင့် တရုတ်နိုင်ငံ၏ ပို့ကုန်လုပ်ငန်း ၂၀ ရာခိုင်နှုန်း ကျဆင်းသွားသည်။ သို့သော် တရုတ်၏ ဂျီဒီပီကတော့ ရှစ်ရာခိုင်နှုန်းခန့် မြင့်တက်လာမည်ဖြစ်သည်။ ထိုအချက်က တရုတ်စီးပွားရေးသည် ပို့ကုန်လုပ်ငန်းကို အဓိကအားကိုးရခြင်း မရှိကြောင်းသိနိုင်သည်။ တရုတ်နိုင်ငံ၏ ပို့ကုန်ကဏ္ဍသည် စီးပွားရေးတစ်ခုလုံး၏ ၄၀ ရာခိုင်နှုန်း ခန့်ရှိသည်ဟု ယခင်က ယူဆခဲ့ကြဖူးသည်။ ထိုအချက်က လွဲမှားနေတာ ဖြစ်နိုင်တယ်ဟု စီးပွားရေးပညာရှင်တစ်ဦးက ပြောသည်။ ကမ္ဘာပေါ်တွင် ကွန်ပျူတာကီးဘုတ်မှအစ ဂျက်လေယာဉ် အင်ဂျင်များအထိ Made in China ဟူသော စာတန်းကို တွေ့မြင်နေရသည်။ တရုတ်နိုင်ငံမှ ကမ္ဘာ့ဈေးကွက်တစ်ခုလုံးကို ထောက်ပံ့ထားသည်ဟုပင် ထင်ချင်စရာ ရှိသည်။ သို့သော် တကယ့်အဖြစ်အပျက်မှာ ၂၁ ရာစုတွင်တွင် ကျယ်လာသော Offshoring လုပ်ငန်းကို တရုတ်ပြည်က အများဆုံးရရှိနေသောကြောင့် ဖြစ်သည်။ တကယ်တော့ တရုတ်တွင် လုပ်သည်ဟူသော ပစ္စည်းအများစုမှာ တရုတ်ပြည်တွင် အချောတပ်ဆင်ခြင်းသာ ဖြစ်သည်။ အမှန်တကယ် ထုတ်လုပ်ခြင်းမဟုတ်ပါ။ ဥပမာ ၂၉၉ ဒေါ်လာတန် i pod တစ်လုံးကို လက်ကားဈေး ဒေါ်လာ ၁၅၀ ခန့်ဖြင့် ရောင်းချသည်။ သို့သော် တရုတ်အလုပ်သမားများ ရရှိသည်က ၇.၅ ဒေါ်လာမျှသာရှိသည်။ ကျန်သည့်ငွေ ၁၄၀ ဒေါ်လာကျော်ကို မူရင်းကုမ္ပဏီ Apple က ရရှိခြင်းဖြစ်သည်။ ထို့ကြောင့်Made in China စာတန်းပါ i pod တစ်လုံးကြောင့် တရုတ်စီးပွားးရေးကို ခုနစ်ဒေါ်လာကျော်သာ တက်စေခြင်းဖြစ်သည်။
ပြည်တွင်းစားသုံးမှုအခြေအနေ
တရုတ်နိုင်ငံတွင် လူလတ်တန်းစား ဦးရေများစွာ တိုးတက်လာသော်လည်း၊ ပြည်တွင်းစားသုံးမှုပမာဏ နည်းပါးသေးသည်။ တရုတ်ပြည်တွင်းစားသုံးမှု (Domestic Comsumption) က ဂျီဒီပီ၏ ၃၇ ရာခိုင်နှုန်းသာရှိပြီး၊ အခြားစီးပွားရေးအင်အားကြီး နိုင်ငံများနှင့် စာလျှင် အနည်းဆုံးရာခိုင်နှုန်းဖြစ်ပါသည်။ ထိုသို့ဖြစ်ရသည်မှာလည်း တရုတ်လူထုက ၀င်ငွေမြင့်တက် လာသည့် တိုင်အောင် စားသုံးဖို့ထက် စုဆောင်းမှုကို ပို၍ပြုလုပ်ကြသောကြောင့် ဖြစ်သည်။
ထို့ကြောင့် တရုတ်အစိုးရက ပြည်တွင်းစားသုံးမှု တိုးတက်လာစေရန် ကြိုးစားဆောင်ရွက်နေခြင်းဖြစ်သည်။ လူလတ်တန်းစား များကိုငွေထုတ်ချေးရန် အစိုးရက ညွှန်ကြားခဲ့သည်။ ထို့ကြောင့် ပေကျင်းနှင့် ရှန်ဟိုင်းရှိ တိုက်ခန်းများ အ၀ယ်လိုက်လာခဲ့သည်။ အကယ်၍ အစိုးရကသာ ပြည်တွင်းစားသုံးမှုတက်အောင် လုပ်နိုင်ပါက ပို့ကုန်လုပ်ငန်းမပါဘဲ၊ ဂျီဒီပီ ရာခိုင်နှုန်းမှ ကိုးရာခိုင်နှုန်းအထိ မြင့်တက်အောင် ဆောင်ရွက်နိုင်လိမ့်မည်ဟု ပညာရှင်များက ခန့်မှန်းကြသည်။
ရေနံအပေါ် မီခိုနေရသော တရုတ်နိုင်ငံ
တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းများ ၁၉၉၀ ခုနှစ်များတွင် အလျင်အမြန် တိုးတက်ခဲ့မှုကြောင့် ထိုအချိန်မှစ၍ တရုတ်တွင် ရေနံဝယ်လိုအား တဖြည်းဖြည်းချင်းမြင့်တက်ခဲ့သည်။ တရုတ်ခေါင်းဆောင်ပိုင်းကလည်း မိမိနိုင်ငံ ၏ ရေနံအပေါ် မှီခို နေရမှုကို နားလည်သဘောပေါက်သည်။ ထို့ကြောင့် ရေနံလုံလောက်စွာ ရရှိနိုင်ရေးအတွက် ကြိုတင်အစီအမံများစွာ ပြုလုပ်ထားသည်။ တရုတ်အစိုးရပိုင် ရေနံကုမ္ပဏီကြီးများသည် ကမ္ဘတစ်ဝန်းရှိ ရေနံနှင့် သဘာဝဓါတ်ငွေ့ ထွက်ရှိသည့် နိုင်ငံများနှင့် နှစ်ရှည်ကန်ထရိုက်စာချုပ်များ ချုပ်ဆိုထားသည်။ နောက်ထပ်ရေနံ ပိုက်လိုင်းသစ်များ တည်ဆောက်ပြီး၊ အနာဂတ်စွမ်းအင်ဖူလုံရေးကို တိုင်းပြည်၏အဓိက တာဝန်အဖြစ် ခေါင်းဆောင်များက ရှုမြင်ကြသည်။
တရုတ်နိုင်ငံတွင် ပြည်တွင်းအခြေအနေ တည်ငြိမ်အေးချမ်းရေးအတွက် စီးပွားရေးဆက်တိုက် ဖွံ့ဖြိုးနေဖို့ လိုအပ်သည်။ စီးပွားရေးဖွံ့ဖြိုးဖို့အတွက် လုံလောက်သော ရေနံကို ပုံမှန်ရရှိနေဖို့က အရေးကြီး ကြောင်း တရုတ်ခေါင်းဆောင်များက သိမြင်ကြသည်။ သို့သော်ရေရှည်တွင် ပို၍ စိတ်ချရစေရန်အတွက် ရေနံအပေါ် မှီခိုမှုကိုလည်း အစားထိုးနည်းပညာများ သုံးစွဲခြင်းဖြင့် လျှော့ချရန် ကြိုးစားလာသည်။ နေရောင်ခြည်၊ လေစွမ်းအင်နှင့် ဘတ်ထရီနည်းပညာ သုတေသနလုပ်ငန်း များတွင် ငွေအမြောက်အမြားရင်းနှီးမြှုပ်နှံထားသည်။ ထိုနည်းပညာသုံးခုတွင် ရင်းနှီးထားသည့် ငွေမှာ ဒေါ်လာ ၂၁၈ ဘီလီယံ ရှိသည်။ ထိုပမာဏမှာ ကမ္ဘာပေါ်တွင် အများဆုံးရင်းနှီးမြှုပ်နှံမှုပင် ဖြစ်သည်။
တရုတ်ပြည်၏ လျင်မြန်စွာ ပြောင်းလဲနိုင်မှု
ယခင်အချိန်တုန်းကဆိုလျှင် တရုတ်နိုင်ငံသည် ကာဘွန်ထုတ်လုပ်မှု လျှော့ချပေးရန် တောင်းဆိုချက်များကို အစဉ်အမြဲ ငြင်းပယ်လေ့ရှိသည်။ ယခုတော့ပေကျင်းအစိုးရက ကမ္ဘာကြီးပူနွေးမှုသည် မိမိတို့နိုင်ငံကိုလည်း အများကြီးထိခိုက် နိုင်ကြောင်း သိမြင်လာပြီး၊ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။ တကယ်တော့ တရုတ်ပြည်၏ ပြောင်းလဲနိုင်မှုကို အထူးအံ့သြစရာမလိုလှပါ။ အတိတ်ကာလတွင်လည်း အခြေအနေက ဖိအားပေးလာလျှင် တရုတ်နိုင်ငံက အလိုက်သင့် ပြောင်းလဲနိုင်ခဲ့သည်သာ။ ယဉ်ကျေးမှု တော်လှန်ရေးကြောင့် ထိခိုက်ပျက်စီးမှုများကို ခံစားရသဖြင့်တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန်က စီးပွားရေးတံခါးဖွင့် လှစ်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ နောက်တက်လာမည့် တရုတ်ခေါင်းဆောင်သစ် သည်လည်း ပြောင်းလဲနေသည့် ကမ္ဘာ့အခြေအနေကို သုံးသပ်၍ ပေါ်လစီအပြောင်းအလဲများ ပြုလုပ်လိမ့်မည်ဟု မျှော်လင့်ရပါသည်။
အင်အားပြိုင်ဆိုင်မှုပြင်းထန်ဆဲကာလ
၂၀၁၂ ခုနှစ်တွင် အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပမှာဖြစ်သလိုတရုတ်နိုင်ငံတွင်လည်း ၂၀၁၂ ခုနှစ်၌ နောက်တက် လာမည့် သမ္မတအသစ်ကို ပါတီပေါ်လစ်ဗျူရိုများက ရွေးချယ်ကြမည်ဖြစ်သည်။ ထိုထိပ်ပိုင်း ခေါင်းဆောင်များ သတင်း ရပ်ကွက်မှ တစ်စွန်းတစ်စထွက်လာသော သတင်းများအရ လောလောဆယ် သမ္မတ ဖြစ်နိုင်ချေ အရှိဆုံးပုဂ္ဂိုလ်မှာ ဒုတိယ သမ္မတ စီကျင်းပင် (xi Jinping) ဖြစ်သည်။ သူသည်၂၀၀၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ကျိကျီးယန်ပြည်နယ်၏ ပါတီဥက္ကဋ္ဌ အဖြစ်အမှုထမ်းခဲ့ပြီး၊အချိန်ခဏတာအတွင်း တိုင်းပြည်၏ ဒုတိယ အမြင့်ဆုံးရာထူးကို ရရှိခဲ့ခြင်းဖြစ်သည်။ သို့သော် ပါတီ ခေါင်းဆောင်ပိုင်းများအတွင်း အင်အားပြိုင်ဆိုင်မှု ပြင်းထန်းနေသောကြောင့် သူတရုတ်သမ္မတ တကယ်ဖြစ်မဖြစ်ကို အသေအချာမပြောနိုင်သေးပါ။ စီကျင်းပင်ကလက်ရှိတွင် ဒုတိယ သမ္မတဖြစ်နေသော်လည်း၊ တရုတ်တပ်မတော်တွင် မည်သည့် ရာထူးမှမရရှိသေးပါ။ ထို့ကြောင့် ပါတီအီလိုက်များက စက်တင်ဘာတွင် ကျင်းပခဲ့သော ပါတီအထွေထွေ ညီလာခံတွင် စီကျင်းပင်ကို ဒုတိယ ကာကွယ်ရေးဦးစီးချုပ်ရာထူးသို့ တိုးမြှင့်ပေးရန်ကြိုးစားဆောင်ရွက်ခဲ့သည်။ သို့သော်လည်းတစ်ဖက် အုပ်စု၏ ကန့်ကွက်မှုကြောင့်အောင်မြင်ခြင်းမရှိခဲ့ပါ။ တရုတ်နိုင်ငံတွင်အစဉ်အလာအရ ၀န်ကြီးချုပ် ချူအင်လိုင်း လက်ထက်မှစ၍ ၀န်ကြီးချုပ်များသည် သမ္မတတက်ဖြစ်လေ့မရှိုခဲ့ပါ။ သို့သော် လက်ရှိဝန်ကြီးချုပ်ဝမ်ကျားပေါင် သည် ပြည်သူလူထုကြိုက်နှစ်သက်မှု အများဆုံးရရှိနေပြီး၊ တရုတ်သမိုင်းတလျှောက် လူကြိုက်အများဆုံး ၀န်ကြီးချုပ် ဖြစ်နေသည်။ ထို့ကြောင့် နောက်ဖြစ်လာမည့် သမ္မတအသစ်သည် ၀မ်ကျားပေါင်းလည်းဖြစ်နိုင်သည်ဟု ထင်ကြေးပေးနေ ကြသူများရှိကြသည်။ ထို့ကြောင့် ၂၀၁၂ ရောက်လျှင်တော့ ကမ္ဘာ့နိုင်ငံရေး မြေမျက်နှာသွင်ပြင် ဘယ်လိုပြောင်းလဲသွားမလဲ ဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
ကျော်သူဟန်
Ref: Newsweek
Viewing all 1811 articles
Browse latest View live
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>