Quantcast
Channel: ဘ၀ခြေရာ
Viewing all 1811 articles
Browse latest View live

သူ့မှာတမ်း

$
0
0

သူ့မှာတမ်း  သူတို့အဆုတ်၊ ထားခဲ့မြှုပ်သည် ဗုံးငုတ်တိုက်မှား၊ မောင်ပြောက်ကျားကို ရွာသားရွာသူ မေးကြမြူသည် အူအူယမ်းငွေ့၊ ထတုန်းတည်း...။  အမောင်ပြောက်ကျား၊ ချစ်သူအားကို ဘာများမှာခဲ့ လိုသနည်း။ ငယ်ကကြင်မြတ်၊ မိသက်မှတ်ကို ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ...။  အမောင်ပြောက်ကျား၊ မိဘအားကို ဘာများမှာခဲ့ လိုသနည်း။ မွေးသမိခင်၊ မွေးဖခင်ကို ဦးတင်ခဲ့ကြောင်း ပြောပါလေ...။  အမောင်ပြောက်ကျား၊ တိုင်းပြည်အားကို ဘာများမှာခဲ့ လိုသနည်း။ ခရီးမတ်တတ်၊ လမ်းခုလတ်တွင် ကိုယ်လွတ်ရှောင်ခွာ၊ ခွဲရပါ၍ အားနာခဲ့ကြောင်း ပြောပါလေ...။  ယမ်းငွေ့အူအူ၊ တလူလူနှင့် မေးမြူကြတုန်း၊ အနောက်ကုန်းဝယ် နေလုံးကွယ်လေပြီတကား.......  မင်းသုဝဏ်

သူတို့အဆုတ်၊ ထားခဲ့မြှုပ်သည်
ဗုံးငုတ်တိုက်မှား၊ မောင်ပြောက်ကျားကို
ရွာသားရွာသူ မေးကြမြူသည်
အူအူယမ်းငွေ့၊ ထတုန်းတည်း...။


အမောင်ပြောက်ကျား၊ ချစ်သူအားကို
ဘာများမှာခဲ့ လိုသနည်း။
ငယ်ကကြင်မြတ်၊ မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ...။

အမောင်ပြောက်ကျား၊ မိဘအားကို
ဘာများမှာခဲ့ လိုသနည်း။
မွေးသမိခင်၊ မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ...။

အမောင်ပြောက်ကျား၊ တိုင်းပြည်အားကို
ဘာများမှာခဲ့ လိုသနည်း။
ခရီးမတ်တတ်၊ လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွာ၊ ခွဲရပါ၍
အားနာခဲ့ကြောင်း ပြောပါလေ...။

ယမ်းငွေ့အူအူ၊ တလူလူနှင့်
မေးမြူကြတုန်း၊ အနောက်ကုန်းဝယ်
နေလုံးကွယ်လေပြီတကား.......


မင်းသုဝဏ်



ဗိုလ်မှူးကျော်စွာဝင်း၏ ဖြစ်စဉ် အကျဉ်း

$
0
0

ဗိုလ်မှူးအဆင့်ဖြင့်တာဝန်ထမ်းဆောင်နေစဉ်ထောင်ဒဏ်(၂) နှစ် ပြစ်ဒဏ်ချမှတ်ခံရသော ကျော်စွာဝင်း ၏ ဖြစ်စဉ် အကျဉ်း
------------------
တာဝန်ထမ်းဆောင်ခဲ့သည်က ရခိုင်ပြည်နယ် တစ်နေရာရှိ အင်ဂျင်နီယာတပ်တစ်ခု
ပြစ်မှုဖြစ်စဉ်များ


၁။ တပ်သားအဆင့် တစ်ဦး ခွင့်မဲ့ ပျက်ကွက်ဖြစ်သည်မှ အစပြုသည်။
(က) ခွင့်မဲ့ပျက်ကွက်ဖြစ်ခြင်းကို (၂၁) ရက်အတွင်း အထက်သို့တင်ပြရမည်ဖြစ်သော်လည်း မည်သို့မှ တင်ပြခြင်းမရှိဘဲ (၆) လ ကျော်သည့်တိုင် အဆိုပါ စစ်သည်၏ လစာ စရိတ်များကို ယင်းကိုယ်တိုင် ထုတ်ယူသုံးစွဲသည်။


(ခ) ခွင့်မဲ့စစ်သည်ကိစ္စကို အရာခံဗိုလ်မှ သတင်းပို့သည့်အခါ ယင်း အရာခံဗိုလ်ကို ဆူပူကြိမ်းမောင်းပြီး ကိုယ်ထိလက်ရောက်ပြုကျင့်သည်။


(ဂ) ခွင့်မဲ့ စစ်သည် ပြန်လာသောအခါတွင် မသိသလို ကျိုးကျွံပြုပြီး ဆက်လက်တာဝန်ထမ်းစေသည်။


(ဃ) အဆိုပါ ခွင့်မဲ့ပျက်ကွက်သည့် စစ်သည်က အရာခံဗိုလ်အား လက်သီးလက်မောင်းတန်း ကြိမ်းဝါးသည်ကို လစ်လျူရှုသည်။
ဤသည်တို့မှာပင် ပြစ်မှုထိုက်နေပြီဖြစ်လေသည်။


၂။ ပိုမိုကြီးလေးသော ပြစ်မှုများ


(က) အဆိုပါ စစ်သည် ပြန်လာပြီးနောက် တာဝန်ဆက်လက်ထမ်းဆောင်စဉ်ညအချိန် ရာခံဗိုလ်ရုံးခန်းအတွင်းဝင်ကာ ရိုက်နှက်ပြီး ဓာတ်ဆီလောင်း မီးရှို့သည်။


(ခ) အရာဗိုလ်သေဆုံးခဲ့ရသည်။


(ဂ) အရာခံဗိုလ်သေဆုံးရသည့်ဖြစ်စဉ်ကို သာမန် မီးလောင်မှုအဖြစ် အထက်ဌာနများသို့ လိမ်လည်တင်ပြသည်။


(ဃ) ယင်း ခွင့်မဲ့ပျက်ကွက်ဖြစ်သည့် စစ်သည် နောက်တစ်ကြိမ် ခွင့်မဲ့ ပျက်ကွက်ဖြစ်သည်။ 


(င)ဤ ဖြစ်စဉ်ကိုလည်း အထက်ဌာနများသို့ အချိန်နှင့်တပြေးညီတင်ပြခဲ့ခြင်းမရှိပေ။


(စ)အရာခံဗိုလ်၏ သားဖြစ်သူမှ သည်းမခံနိုင်တော့ဘဲ တိုင်ကြားသည်။ 


(ဆ) ဤသည်တွင် အထက်ဌာနများမှ ဖြစ်စဉ်ကို သိပြီး စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ကာ စစ်ဆေးရန် ပြင်ဦးလွင်တပ်နယ်ရှိ တပ်/ဌာနချုပ် တစ်ခုတွင် တွဲဖက်ပြီးစစ်ဆေးစေတော့သည်။

ပုဒ်မ (၄၃၆) ဖျက်သိမ်းရန်ထောက်ခံကြောင်းလက်မှတ်ရေးထိုးသည့်အချိန်ကာလ နှင့် နေရာ
ယင်းအား ပြစ်မှုများအတွက် စုံစမ်းစစ်ဆေးနေစဉ်ကာလ တွဲဖက်ထားသည့် ပြင်ဦးလွင်တပ်နယ်တွင်ဖြစ်သည်။


ထို့ကြောင့်
>>>အရာခံဗိုလ်တစ်ဦးအကြောင်းမဲ့ အသတ်ခံရခြင်းအမှုကို ထိန်ချန်သောကျော်စွာဝင်းသည် ယင်း၏ ပြစ်မှုများအတွက် အရေးယူခံရတော့မည်သေချာနေသည့်အချိန် ယူနီဖောင်းအပြည့်အစုံဝတ်၍ လက်မှတ်သွားထိုးလေသည်။
>>>အခြားတစ်ဘက် ပင်းသယောင် ဟန်ဆောင်သည်။

ဖြစ်စဉ်အစအဆုံးကို ကိုယ်တိုင် သုံးသပ်ကြည့်ကြပါခင်ဗျာ
ကျော်စွာဝင်းသည် အတော်ပင် ကောက်ကျစ်စွာ ပြုမူသွားသည်၊ ယင်းကိုယ်တိုင် အရေးယူခံရတော့မည် သိသည့်အချိန်ကာလတွင်မှ အခြားတစ်ဘက် ကူးသယောင်ထောက်ခံသယောင်လုပ်သွားသည် ကို ရှင်းရှင်းပြောရလျှင် အရေ၀င်ခြုံခြင်းဖြစ်လေသည်။


ဤသည်ကို မသိနားမလည်သူများက ၀ိုင်းအားပေးချင်အောင် ပုလင်းတူဗူးဆို့များက မြှောက်ပင့်ရေးသားပြီး သူကောင်းပြုနေကြလေသည်။


ထိန်ချန်ထားသည့်ဖြစ်စဉ်မှ ကွယ်လွန်သွားရှာသူ အရာခံဗိုလ်၏ မိသားစုနေရာမှ ၀င်ခံစားပါ။
အရေခြုံပူးသတ်ခံရသည့် ဘက်မှလည်း သေချာတွေးပြီး ကျော်စွာဝင်း ဘယ်လိုလည်း ဆိုသည်ကို စဉ်းစားကြည့်ကြပါကုန်လော့ခင်ဗျာ
သူ့လူကိုယ့်ဘက်သား/ ကိုယ့်လူ သူ့ဘက်သား ခွဲခြားနိုင်ကြပါစေကုန်သတည်း။


အမြီးမသိခေါင်းမသိ ဘူမသိကိုးမသိ အများယောင်လို့ လိုက်ယောင် အမောင်တောင်မှန်း မြောက်မှန်းမသိသူများ အဖြစ်မှ ကင်းလွတ်ကြပါစေသတည်း။


(ကျော်စွာဝင်းမိသားစုအတွက် အားနားစွာတောင်းပန်အပ်ပါသည်)


Kyaw Lin Nyein

ရင်ထဲက စကားများ

$
0
0
Wunnaphe Thaw's photo.

ယောက်ျား မှာစစ်သား။စစ်သား မှာ စစ်ဗိုလ်။စစ်ဗိုလ်မှာ စစ်တက္ကသိုလ် ဆင်း ဆိုပြီးငယ်ငယ်က ဂုဏ်ယူ ခဲ့ရဖူး တယ်။
စစ်တပ်ထဲတာဝန်ထမ်းပြန်တော့လည်း သက်ဆိုင်ရာတိုက်ခိုက်ရေးတပ်၏စွမ်းရည် လက်ရုံးတပ်များ၏ အစဉ် အလာကိုသီးခြား ဂုဏ်ယူပြောဆိုကြ ပြန်တယ်။


ဥပမာ .. အမြောက်တပ်က စည်းကမ်း လိုက်နာမှုကောင်းတယ်။ ဆေးတပ်ဖွဲ့မှာ ပညာရပ် ဆိုင်ရာတွေမှာကျွမ်းကျင်တယ။် ဆက်သွယ်ရေးတပ်ဖွဲ့ကတိကျမှုရှိတယ် ။
လေတပ်ဖွဲ့ ရေတပ်ဖွဲ့ကသင်ကြား ပေး တဲ့ ပညာရပ် တွေကို နိုင်ငံတကာက အသိအမှတ် ပြုတယ် စသဖြင့်ပေါ့ ထူးခြား ချက်လေးတွေ ရှိကြပါတယ်။ ကျွန်တော်ကတော့ လက်ရုံးတပ်ဖွဲ့ တစ်ခုဖြစ်တဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်ဖြစ်ရတာ ဂုဏ်ယူတယ် ။


ကိုယ့်ကိုယ်ကို သူများ တွေထက် ပိုတော်တယ် တတ်တယ် လို့မဆို လိုပါ ဘူး။
ဒါပေမယ့် ထောက်လှမ်းရေး သမား တစ်ယောက်ဖြစ်ရန်အရည်အချင်းကန့်သတ်ချက်တွေကတော့များပါတယ်။
ခြေလျင် ခြေမြန်မှာတာဝန်ထမ်း ဆောင်နေသော အရာရှိငယ်များထဲက သတ်မှတ် အရည်အချင်းပြည့်မှီသူ အချို့သာ တိုက်ပွဲထောက်လှမ်းရေး သင်တန်းတက်ခွင့် ရပါတယ် ။ သင်တန်သား လေးငါးဆယ် လောက် ထဲက သတ်မှတ် အရည်အချင်း ပြည့်မှီသူ သုံးပုံတစ်ပုံ ခန့်သာ နောက်ထပ် တန်ပြန်ထောက်လှမ်းရေး သင်တန်း ကို ဆက်တက် ခွင့်ရပါ တယ်။ 


ဒီလို မတက်ခင် PSI(Personal Security Investigation) ဆိုတဲ့ အမှူထမ်းကိုယ်ရေး နောက်ကြောင်း ကင်းရှင်းမှု အစစ်ဆေး ခံပြီးလွတ်ကင်း မှသာသင်တန်း ဆက်တက် ခွင့်ရှိပါ တယ်။


သင်တန်းတွေကတော့ သင်တန်းရှိသမျှ ထဲမှာ စည်းကမ်းသေဝပ်မှု အကောင်းဆုံး မသမာမှုအနည်းဆုံး ဖြစ်ပြီး အချိန်နှင့်အမျှ နေ့/ည မပြတ် လေ့ကျင့်ခံနေရပြီး တညလုံးမအိပ်ရဘဲစာကျက်နေရ လေ့ကျင့်ခန်းဆင်း ရတဲ့ အချိန်လည်းရှိတတ်ပါတယ်။


ဒီလို ခက်ခက်ခဲခဲ သင်ကြား ရတဲ့ သင်တန်းမျိုး မှ အရည် အချင်း ပြည့်မှီသူ အချို့ကို တပ်ဖွဲ့ဝင်အဖြစ် ၆ လ တွဲဖက် အစမ်းခန့်ထား ပါတယ် ကျိုးစား အားထုတ်မှုကို ကျေနပ်မှုရှိမှသာ သန္ဓေတပ်ဖွဲ့ဝင် အဖြစ်ခန့်ထား ပါတယ်။
တပ်ဖွဲ့ဝင် ဖြစ်လာရင် အနည်းဆုံးတစ်နှစ်တစ်ကြိမ် မွမ်းမံသင်တန်း တွေပြန် တက်ရပါတယ်။ ဒီအပြင် ထောက်လှမ်းရေး လုံခြုံရေး ဘာသာရပ် ဆိုင်ရာ သင်တန်း များ ထပ်မံတက်ရောက်ရ ပါတယ်။ နိုင်ငံခြားသင်တန်းများကို လည်း အလှည့်ကျ တက်ရောက်စေပါတယ်။ တချို့ပညာ ရပ် ဆိုင်ရာသင်တန်း အချို့ကို ပြည်တွင်းမှာ DEA နှင့် CIA ကပညာရှင်တွေ ကိုယ်တိုင် လာရောက်ပို့ချပေး ပါတယ် ။ အကြမ်းဖက်နိုမ်နင်းရေး မူးယစ် ဆေးဝါး တိုက် ဖျက်ရေးငွေကြေး ခဝါချမှု တိုက် ဖျက်ရေး မှုခင်းဖြစ်ရပ် ကိစ္စ များကိုင်တွယ်ဖြေရှင်းနည်း အရေးကြီး ပုဂ္ဂိုလ် လုံခြုံရေး ပေါက်ကွဲစေတတ် သော လက်လုပ်ပစ္စည်းများ ရှာဖွေခြင်း စသဖြင့်ပါ။


တပ်ဖွဲ့ဝင်တစ်ယောက် ရွေး ချယ် ရာမှာထူးချွန်သူလို့ မဆိုထားပဲ အရည်အချင်း ပြည့်မှီသူလို့ အရှေ့မှာစကား လုံးရွေး ချယ်သုံးနှုန်းခဲ့တာအကြောင်း ရှိပါတယ်။ သင်တန်းမှာထူး ချွန်တိုင်း စာတော် တိုင်း တပ်ဖွဲ့ဝင်အဖြစ် အရွေး ချယ် မခံရပါဘူး။ စာမှာ သာမန် အထက် ပိုသာရင် လုံလောက်ပြီး အကျင့်စာရိတ္တ နှင့် စိတ်နေ စိတ်ထား ကိုအထိက ထားရွေးချယ် ပါတယ် ။ လူကြီးသားသမီးများကိုရွေး ချယ်လေ့မရှိပါဘူး ။ တတ်နိုင်သမျှ ရှောင်ပါတယ် ။ သူ့ဘာသာ အရည်အချင်း ညီလွန်း မှသာရွေး ချယ်ပါတယ်။ 


စိတ်နေစိတ်ထား အနေနဲ့ပေါင်းသင်းဆက်ဆံရေး ကောင်းသူ၊ တကိုယ်ကောင်း မဆန်သူ၊ လျှို့ဝှက်ချက်ကို
စောင့်စည်းထိန်းသိမ်းတတ်သူ၊ ပါးစပ်မဖွာသူ၊ ဘယ်အရာကိုမှ အလွန်အကျွံမလုပ်သူ၊ ဥပမာ ... အရက်အရမ်းစွဲနေသူ မဟုတ်ရပါဘူး ။ လူဥပဓိရုပ် အနေဖြင့် လည်း အသားမမဲလွန်း မဖြူလွန်း အရပ်မရှည်လွန်း ရုပ်ရည် ထူး ခြားလွန်းသူ ဟုတ်မဟုတ် သာမန် ဖြစ်နေသူကိုသာ အဓိက ထားပြီး ရွေး ချယ် ပါတယ် ။ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဆန်းစစ် မှုတွေကို ပြုလုပ် ကျော်ဖြတ် ရပါတယ်။ 


့ထောက်လှမ်းရေး တပ်ဖွဲ့ဝင် ဖြစ်လာရင် စောင့်စည်းထိန်းသိမ်းရမည့် စည်းကမ်း ချက်များကလည်း များပြားပါတယ် ။
မိမိတပ် အမှတ်ကစပြီး တပ်နှင့် ပတ်သတ်သည်များ ကို မိသား စုအထိပြော ခွင့်မရှိပါဘူး။ မင်္ဂလာဆောင် အသုဘ ကြော်ငြာ ထည့်ရင်တောင် ကာကွယ်ရေး ဝန်ကြီးဌာန ဟုသာထည့် ခွင့်ရှိပါ တယ်။


ထောက်လှမ်းရေးဖြစ်ဖို့ သာမန်ဖြစ်ရမယ် ။သဘာဝကျရမယ်။ အသေးစိတ်ဆောင်ရွက်ရမယ်။ ထောက်လှမ်းရေးဆိုတာမှု ခင်းဖြစ်ရပ် ဖြစ်ပြီးတာ တွေကို စုံစမ်းတာချည်းပဲ မဟုတ်ပါ ဘူး။ဒါကအစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်ပြီး တကယ့် အလုပ်က ကြိုတင်သိမြင်ခြင်း အသေးစိတ် ဆောင်ရွက်ခြင်း ထိုးထွင်းသိမြင်ခြင်း ပဲဖြစ်ပါတယ်။ 


ရန်သူ သို့မဟုတ်ရန်သူ ဖြစ်လာနိုင်ခြေ ရှိသူ၏ သတင်းများ ကို စုံစမ်းထောက် လှမ်းနေရသလို မိမိတပ်ဖွဲ့အတွင်း မှာလည်းစိတ်ဓါတ် အခြေ အနေ စည်းလုံးမှု ၊စွမ်းရည် ၊ ချွတ်ယွင်းမှုတွေကို ပြန် ဆန်းစစ်ရင်း သတင်း ရယူ ရပါတယ်။
မြန်မာပြည် ထောက်လှမ်းရေး လောက မှာ စစ်တပ်က ဦးဆောင် တဲ့အတွက် စစ်ထောက်လှမ်းရေးက အခရာ ကျပါတယ်။ အခြား တပ်ဖွဲ့ ထောက်လှမ်းရေးတွေလည်း ရှိပါ တယ်။


ဒီစစ်ထောက်လှမ်းရေး တပ်ဖွဲ့ဟာ အနှစ်၂၀ မှာ တစ်ကြိမ် လောက် သန့်စင်ရေး အလုပ်ခံရ ခဲ့ပါတယ် ။
ကျွန်တော့် ဖခင်က လည်း တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးပါ ။ချန်ဒူးဝမ်အရေးကိစ္စမတိုင်ခင် ၁၉၈၁ မှာ နိုင်ငံခြား ပညာတော် သင်ပါပြီး အရပ် ဖက်ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်သွားတာပါ။ 


ဒီတော့ ထောက်လှမ်းရေး တပ်ဖွဲ့ဝင်တွေရဲ့ အကျင့်စာရိတ္တပျက်ယွင်း မှုတွေ အာဏာ အလွဲသုံးစား မှုတွေ မောက်မာ ရိုင်းစိုင်းမှုတွေဆိုတာ ပုံပြင် တွေမဟုတ်ပဲ တကယ် ရှိခဲ့တဲ့ အဖြစ် အပျက်တွေပါ။ ကျွန်တော်ကိုယ်တိုင် တပ်ဖွဲ့ဝင် မဖြစ်ခင်မှာတပ်ဖွဲ့ဝင် ဖြစ်ပြီးသား အခြား အဆင့်အရာရှိမဟုတ်သူ တွေရဲ့လူပါးဝတာ အာဏာ အလွဲသုံးစားလုပ်တာ ကိုခံခဲ့ရဖူး ပါတယ်။


ဒါပေမယ့် မခံချင်စိတ်ကို အရင်း တည်ပြီးတပ်ဖွဲ့ဝင်ဖြစ်အောင် ကြိုးစားခဲ့တာပါ။ ငါ့လက်ထက်ကျရင် ဒီလို အဖြစ် မခံဘူး ပြုပြင် မယ်ဆိုတဲ့ အတွေးမျိုး တွေးပြီးသား ပါ။တကယ်လည်း ကိုယ်နိုင်သလောက် အကောင် အထည်ဖေါ်ခဲ့ပါတယ်။
တပ်ကအရာရှိတချို့ အခြားအဆင့် ထောက်လှမ်းရေးကို မလှန်နိုင်တာက တခါတလေ သူ့ဖက်ကအမှား တချို့
ရှိနေတတ်လို့ပါ။ ဒါကြောင့် ငွေကြေး ကိစ္စ နှင့် အခြား မလွတ် မကင်းများ ရှောင် ရင် ဘယ်သူ့ကိုမဆို မာမာ တင်းတင်းဆက်ဆံလို့ရပါတယ်။နဲနဲပါးပါး အညစ် ခံရတာတော့ ရှိနိုင်တယ်။


ဒါပေမယ့် လူမှန် ဖြစ်နေရင် ဒီကောင်တွေ လက်ရှောင်တယ် သူတို့လည်း ဒီလောက် မအ ကြပါဘူး။
အားနည်း ချက် ရှိပြီး ဟောင်ပွာ ဟောင်ပွာ လုပ်ရင်တော့ သူတို့ခွင်ထဲ ဝင်သွားတာပဲ။
ကျွန်တော်တာဝန်ထမ်းဆောင် ခဲ့တဲ့နေရာတွေက ငွေကြေး ရှုပ်ထွေး စရာမရှိတဲ့ နိုင်ငံရေးကဏ္ဍ တန်ပြန် ထောက်လှမ်း ကဏ္ဍ တွေ ဖြစ်တဲ့ အတွက် ခေါင်းခြောက် ရပေမယ့် အရှုပ် အရှင်းကင်းတယ် လူရာဝင် ပြီး လူရည်လည်တယ် ဗဟုသုတ နှင့် မိတ်ဆွေ တိုးပွားတယ် ဆိုတဲ့ခံစားခွင့်တွေ ရခဲ့ပါတယ်။ လူကြီးတွေ နိုင်ငံတကာသွား ရင် လုံခြုံရေး လိုက် ခွင့် ရတဲ့ အတွက် နိုင်ငံတကာ အတွေ့အကြုံ ဗဟုသုတရခဲ့တယ်။ သံရုံးဧည့် ခံပွဲ လိုမျိုး အပတ်တိုင်း တက်နေရတော့ လူကုံတန် သူဌေးကြီးတွေ နဲ့လ္ဘက်ရည်အတူ သောက် စကားပြော နိုင်ခွင့်ရ ခဲ့ယုံပါပဲ။ ဒါပေမယ့် အသိ ပညာ ဗဟုသုတ တော့ လူတန်းစေ့ ခဲ့ရတာပေါ့။ အတော်များများကကျွန်တော့်ကိုလက်ရှိသုံးနေတဲ့နာမည်အရင်း နှင့် မသိကြ သလိုတပ် ကမှန်းလည်းမသိသူတွေ များပါတယ်။


တကယ်တော့ ထောက်လှမ်း ရေး တပ်ဖွဲ့ဝင်တွေဖေါက်ပြန်ကြတာက သပ်သပ် ထောက်လှမ်းရေး တပ်ဖွဲ့၏ အရေးပါမှု တိုင်းပြည်အတွက် ဘယ်လို အခန်းကဏ္ဍ တွေမှာ အကျိုး ရှိရှိ အသုံးချ နိုင်တယ်ဆိုတာ ကို သပ်သပ် ခွဲမြင် ဖို့လိုပါတယ် ။ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေ ဖေါက်ပြန်တာကို အခုလို ပွင့် လင်းမြင်သာ ခေတ်မှာ ပြည်သူလူထုကပါဝိုင်း စောင့်ကြည့်ကန့်သတ် သွား မယ် ပိုမို တင်းကြပ်သော စည်းမျဉ်းတွေ ချမှတ်လာမယ် ဆိုရင်အပြစ်လုပ်ဖို့ ခဲယဉ်း သွားမှာပါ။ 
Wunnaphe Thaw's photo.

ဒါပေမယ့် ထောက်လှမ်းရေး၏ပါဝင်ဆောင် ရွက် နိုင်မှု အခန်း ကဏ္ဍတွေကို ကန့်သတ် လိုက်ခြင်းက ကိုယ့်မျက်စေ့ နား ကို ကိုယ်ပြန်ပိတ် လိုက် သလိုပါပဲ အချင်းချင်းထက် နိုင်ငံတကာ အခန်း မှာ နောက် ကောက်ကျသွား တော့တာ ပါဘဲ။
အထူး သဖြင့် နိုင်ငံရေး အားပြိုင်မှုတွေမှာအာဏာရှိတဲ့ဘက်ကထောက်လှမ်းရေး ကို နိုပ်ကွပ်ရေး ကိရိယာ အဖြစ်အသုံး ချခဲ့တာက ထောက်လှမ်းရေးကို အရုပ်ဆိုး အကျည်းတန်စေခဲ့ တာပါ။


တကယ်တော့ ထောက်လှမ်းရေးက နိုင်ငံတော် တည်ငြိမ်အေး ချမ်းရေးအတွက်သာ ဆောင်ရွက်ပြီး ပါတီ လက် ကိုင်တုတ်မဖြစ်ဖို့လိုပါ တယ်။ကျွန်တော်တို့ အချို့ ကိစ္စတွေမှာ အခြားထောက်လှမ်းရေး အဖွဲ့တွေရဲ့နိုင်ငံရေး အင်အားစု တွေအပေါ် အနိုင်ကျင့်မှုတွေ ကို သဘောမတူ တားမြစ်ခဲ့ရဖူးပါတယ်။ ဥပမာ ....  NLD ကင်းစင်နယ်မြေ
ဆောင်ရွက်တာမျိုး ပြည်ခိုင်ဖြိုး ဦးဆောင် ပြုလုပ်တဲ့ ဒီပဲယင်းကိစ္စ လိုဟာမျိုးတွေပါ။ 

တည်ဆဲအစိုးရအနေနှင့် လည်း သူ့ကိုဆန့်ကျင်တဲ့အဖွဲ့အစည်းတွေကို ထိန်းချုပ်ဖို့ ကျိုးစား ခဲ့ပါတယ် ဒီနေရာမှာ အာဏာ တည်မြဲရေး ပါသလို နိုင်ငံအေး ချမ်းတည်ငြိမ်ရေး ရည်ရွယ် ချက် လည်းပါ ပါတယ်။ တဖက်အဖွဲ့အစည်းများက လည်း အာဏာ ရရှိရေးကို ဥပဒေဘောင် ထဲက တောင်း ဆိုမှု မပြုလုပ်ပဲ အစိုးရ သိက္ခာကျ ဆင်း ဖို့ အကြပ်အတည်း ဖန်တီး ပြီးဆူပူအုံကြွမှု ဖြစ်ဖို့ရည်ရွယ် လုပ်ကြသူတွေများ တဲ့ အတွက် တားဆီး ထိန်းချုပ် ခဲ့ရ တာပါ။ ဒါကို လူလိမ်လူကောက် စစ်စုံထောက် ဆိုပြီး စာအုပ်ရေးပြီး ရှုံ့ချသူတောင် ရှိပါတယ် သူတို့ရဲ့ ပုဂ္ဂိုလ် မကျေနပ် ချက်ကိုရေးတာရေး နိုင်ပါတယ် ကျွန်တော် တို့လည်း မုန်းတီးလို့ ဒုက္ခပေးခဲ့တာမဟုတ်ဘဲ နိုင်ငံတော် အေး ချမ်းတည်ငြိမ်ရေးကို အနှောက် အယှက်ပေး နိုင်သူဖြစ်လာ နိုင်သူကို ထိန်းချုပ်နိုပ်ကွပ် ခဲ့တာပါပဲ။


 ဒီလိုလုပ်တဲ့နေရာမှာ ပုထုဇဉ် လူသားတွေဖြစ်တဲ့အတွက် မတရား မှုတွေ ပါကောင်းပါ နိုင် ပါ တယ်။ နောက် ပြီး ထောက်လှမ်းရေး လုပ်ငန်း ဆိုတာ သာသနာပြု လုပ်ငန်း မှမဟုတ်တာ ဂျိမ်းစဘွန်း ဆန်ဆန် လှည့်ကွက်တွေ ကွက်ကျော် ရိုက်တာတွေ ကောက် ကျစ်တာတွေ ရှိပါတယ် မငြင်း လိုပါဘူး ။ ကိုယ်ကျိုး စီးပွား မလုပ်ရင် ဒါလုပ်သင့်တာကို လုပ်နေရတာလို့ပဲမှတ်ပါတယ်။


ရယ်စရာ အဖြစ်ပြောရ ရင် စုံထောက်တွေစော်ကြည်တယ်တဲ့လုပ်ပိုင်ခွင့် ရှိလို့လား မဟုတ်ပါဘူး။ စုံထောက်မှန်း မသိ လည်း ကြည်ပါတယ်။ ဘာလို့လည်း ဆိုတော့ လူတွေကို လေ့လာ ဆန်းစစ်ထိန်း ချုပ်နိုင် ဖို့ စနစ်တကျလေ့ကျင့်ထား တဲ့သူက စမတ်ကျပြီး ကောင်မ လေးတွေ ကိုလည်းဆွဲဆောင် စည်းရုံးနိုင် စွမ်းလည်း မသေးဘူး ပေါ့လေ။ 


ထောက်လှမ်းရေး အကြောင်း ရေးရ ရှင်းပြရရင် စာအုပ် သိပ်ထူသွားနိုင်ပါ တယ် ။ ဒါကြောင့်ကျွန်တော်ပြော ချင်တာကတပ်ဖွဲ့ဝင် ဟောင်းတစ်ဦး အနေ နှင့် ပျက်သွားတဲ့တပ်ဖွဲ့ကို အဖတ်ဆယ်လိုခြင်း မဟုတ်ပါဘူး။ မကောင်း လို့ ပျက်သွားတယ်ပဲမြင် ပါတယ်။ ကိုယ်မဟုတ်တာမလုပ်ရင် ပြီးတာပဲပေါ့။ အရည်အချင်းရှိရှိ စည်းကမ်းရှိရှိ သေသေဝပ်ဝပ် စနစ်တကျပြန်လည် ဖွဲ့စည်း စေချင်ပါတယ်။


ထောက်လှမ်းရေးစနစ်က ကောင်းပါတယ်။ လူတွေက မကောင်း လို့ပျက်သွားတာပါ။


ဒါကြောင့် ထောက်လှမ်းရေး တပ်ဖွဲ့၏ အရေးပါမှု စွမ်းဆောင်ရည် ရှိမှု နိုင်ငံတော် အတွက် အကျိုးပြု နိုင်စွမ်း ကို အမြဲဂုဏ်ယူ နေပြီး နောက်လည်း ရှိနေစေချင်ကြောင်း ဆန္ဒပြု ပါ တယ်။



သွေးနဲ့ရင်းတဲ့မြေ(၁)

$
0
0


၁၉၈၈ ခုနှစ် စက်တင်ဘာလ၁၄ ရက်နေ့ မှောင်ရီပျိုးချိန်

မိုးသည် တစိမ့်စမ့်ရွာသွန်းလျက်ရှိသည်
ဒေါနတောင်တန်းကြီးသည် ပိန်းပိတ်အောင်မှောင်မဲလျက်
သာမန်ပြည်သူများ တစိမ့်စမ့်ဖြင့် အိပ်ယာထဲကွေးနေချိန်

အင်အား ၅၀၀ ခန့်ရှိလက်နက်ကိုင်များသည် မှောင်ရိပ်ကို အံတုကာမိုးရေထဲတွင်
လှိုင်းဘွဲ့မြို့လေးဆီသို့ ဦးတည်ချည်းကပ်လာသည် ကိုမည်သူမှမသိနိုင်ပါတကား

၎င်းတို့ကား
ကေအင်ယူ တပ်မဟာ(၇)တပ်မဟာမှူး ဗိုလ်မှူးးကြီးထိန်မောင်ဦးစီး အထူးတိုက်ခိုက်ရေး စစ်ကြောင်း ၂ ခု စစ်ကြောင်း(၁) မှူး ကား ကေအင်ယူတို့၏နာမည်ကြီးလှသော တိုက်ခိုက်ရေးသမား ဒုမှူးကြီး စောဂျော်နီ စစ်ကြောင်း(၂)မှူးကား စောဂျော်ဖြူ
ရည်မှန်းချက်ကား လှိုင်းဘွဲ့ မြို့သိမ်းစစ်ဆင်ရေး ၄င်းတို့နှင့်အတူ ပြင်သစ်နိုင်ငံသားစစ်အကြံပေး (၄)ဦးပါဝင်လျက်------------------------

ညသန်းခေါင်ယံတွင် ထီးမိုးကဖီး ရွာပျက်အရောက် အမာခံအချို့ထံမှသိ၇ှိလိုက်ရသောသတင်းကား--------

လှိုင်းဘွဲ့ မြို့ အတွင်း တွင်ဒေသခံတပ်မတော်တပ်ရင်းအပြင် အခြားခြေမြန်တပ်မတစ်ခုရောက်၇ှိနေသောသတင်း--------

တပ်မဟာမှူး သည် သတင်းအားအတည်ပြုလိုက်ပီးစစ်ကြောင်းမှူးများအား အစည်းအဝေးခေါ်လိုက်သည်

မိုးရေထဲမှာပင် အစည်းအဝေးစတော့သည်

ဘယ်လိုလုပ်မလဲကွ အခုလှိုင်းဘွဲ့မှာတပ်မတစ်မရောက်တေယ်လို့သိရတယ်

ဂျော်နီမှ

ဖြစ်နိုင်ပါ့မလားကာနယ် တပ်မ(၄၄)တပ်တွေက တောင်ဘက်မှာ ကျုပ်တို့စခန်းတွေကို ရင်ဆိုင်ထားရတယ် မဲလ ၀ါးခတလျောက်ပဲ မြောက်ဘက်မှာ ၆၆ ရှိတယ် ၂၂ ကရန်ကုန်ကိုတက်သွားပီ ၈၈ နဲ့ ၉၉ ကရှမ်းပြည်မှာ ၇၇ ကလဲမြို့ပေါ်မှာ ဘယ်တပ်မ ၀င်လာနိုင်ပါ့မလဲကာနယ် မဖြစ်နိုင်ဘူး

ဂျော်နီစကားအဆုံး ကာနယ်ထိန်မောင်ဖြည်းလေးစွာခေါင်းခါလိုက်သည်

မဟုတ်ဘူးဂျော်နီ ငါ့ အမာခံတွေကစိတ်ချရတယ် မင်းတို့လဲသိတာပဲလှိုင်းဘွဲ့မှာအနည်းဆုံး စစ်သား ၅၀၀ လောက်၇ှိနေတာသေချာတယ်ဖြစ်နိုင်တာတော့ငါ့အထင်တပ်မ ၃၃ ပဲ ဒီတပ်မကနားနေတာကြာပီ

ဒီလိုဆိုရင်တော့လှိုင်းဘွဲ့ ကိုလုပ်လို့မဖြစ်ဘူးအဲသည်တော့ ကစိုစခန်းသွားချမယ်အဲသည်မှာရန်သူ တပ်စု (၁)စုပဲ၇ှိတယ်

အတည်ပြုလိုက်ကြသည်။

ဂျော်နီစက (၁) ကစိုစခန်းကိုတိုက်မည်။ စက(၂) ကစစ်ကူကိုဖြတ်တောက်တိုက်ခိုက်မည်။

စက်တင်ဘာ(၁၅) နံနက် (၄ ၄၅)တွင် ကစိုစခန်းငယ်အား အစွမ်းကုန်တိုက်တော့သည်

ရတခလရ(၂၈)မှ တပ်စုသည်အစွမ်းကုန်ခုခံသော်လည်း ထိခိုက်ကျဆုံးမှုများလှသဖြင့် (၀၆၀၀)နာရီခန့်တွင် ၇ွာတွင်းသိုကဆုတ်ခွာလိုက်ရတော့သည်။

ခလရ(၂၈) မှဗိုလ်ရွှေ၏ တပ်စိတ် ၂စိတ်အပြင်းအထန်ခုခံနေချိန်တွင် ဗိုလ်မှူး သူရဖုန်းစိန်၏ တပ်စု(၂)စုကား ပိုင်ကျုံမှ၎င်း ဗိုလ်ကြီးခင်မောင်မြင့်၏ တပ်စုက ပတ်ကျော့ရွာမှ၎င်း ချက်ချင်းစစ်ကူလိုက်သော်လည်း ဂျော်ဖြူ၏ဖြတ်တောက်ရေး အင်အား ၃၀၀ ခန့်ကဆီးကြိုတိုက်ခိုက်သဖြင့် ပြင်းထန်စွာတိုက်ပွဲ့ဖြစ်ပွားတော့သည်။

နေ၀က်လုံးလုံးပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့ပီး နေ့လည် ၁နာရီခန့်တွင် တိုက်ပွဲ တဖြည်းဖြည်းဆဲသွားတော့သည်။ ထို့နောက် ကေအင်ယူတို့သည် အေ၇ှ့မြောက်ဘက်ဒေါ်လန်းစခန်းဆီသို့ဦးတည်ကာ ဆုတ်ခွာသွားတော့သည်။ ကစိုတိုက်ပွဲတွင် တပ်မတော်မှ ၁၀ဦးကျဆုံး အရာရှိ ၂ဦးအပါအ၀င် ၁၉သီးဒဏ်ရာရ၇ှိခဲ့သည်။ရန်သူ အလောင်း(၂)လောင်းကျန်ခဲ့သည်။ တပ်မတော်မှအထိနာခဲ့သောပွဲ ပင်တည်း။

နိုင်ချင်ကြက်နှယ်

၁၉၈၈ စက်တင်ဘာ ၂၁ နံနက်အာရုဏ်တက်

ကစိုတိုက်ပွဲတွင် အသာစီးယူခဲ့သော တပ်မဟာ(၇) တပ်ဖွဲ့များသည်နိုင်ချင်ကြက်ကဲ့သို့ တက်ကြွလျက်ရှိနေကြသည်။ ထိုအောင်မြင်မှုကိုထိန်းနိုင်ပါမည်လား---------------

နံနက် (၇)နာရီတွင်တပ်မတော်မှတပ်စု (၂)စု နေရာယူထားသောဒေါ်လန်းစခန်းသို့ မြင်မြင်ထင်ထင်ပင် ၈၂မမ စိန်ပြောင်း ကြီးများဖြင့်ပစ်ခတ်ကာ အတင်းဝင်လုံးတော့သည်။

မြင်မြင်ထင်ထင် အသာစီးယူကာ ခုခံလျက်ရှိသော တပ်မတော်၏ ပစ်အားကိုကျော်လွှား နိုင်ခြင်းမရှိပဲ၃ကြိမ်တိုင်တိုင်လန် ကျလေတော့သည်။

မကြာမီ ၈၁မမ ပစ်ခတ်သံများ ၈၄မမ နောက်ပွင့်ပစ်ခတ်သံများ ကြားလာရချိန် တွင်စစ်ရေ၀နေသော ဂျော်နီသည် အခြေအနေကို ချက်ချင်းသုံးသပ်ပီး ဆုတ်ခွာရန်အမိန့်ပေးလိုက်တော့သည် ကစိုအောင်ပွဲသည် ဒေါ်လန်းတွင်ဦးချိုးခံလိုက်ရပေပြီ။

ဗဟိုဌာနချုပ်မှအမိန့်ရောက်လာသည်ဒေါနတောင်အနောက်ခြမ်းမှ တပ်မဟာ(၇) တပ်ဖွဲ့များ အရှေ့ခြမ်းသို့ ချက်ချင်းစုစည်းရန်

စင်စစ် ဒေါနတောင်အနောက်ခြမ်းမှ ကေအင်ယူတိုက်ကွက်များသည် စစ်ဆင်ရေးကြီးတစ်ခုအစပျိုးရန် ယောင်ပြ လှုပ်ရှားမှုများဖြစ်ကြောင်းထိုစဉ်က စစ်ရေးနိုင်ငံရေးအကြပ်အတည်းပေါင်းများစွာဖြင့်ရုန်းကန်နေရသောတပ်မတော်အဖို့ ရိပ်မိနိုင်ခြင်းမ၇ှိခဲ့ချေ

(ဆက်ရန်)
(ဆရာတင်သန်းဦး၏ မဲသဝေါတိုက်ပွဲ စာအုပ်အားကိုးကားပါသည်)

ကျွန်တော်လေးစားရသော ပုဂ္ဂိုလ်တစ်ယောက်

$
0
0


ကျွန်တော်လေးစားရသော ပုဂ္ဂိုလ်တစ်ယောက်

သူကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ရဲလေ့ကျင့်ရေးအရာရှိချုပ် ရဲမှူးချုပ်သူရဘိုနီပဲဖြစ်ပါတယ်။

သူဟာ တပ်မတော်မှာ ရွတ်ရွတ်ချွန်ချွန်တိုက်ပွဲဝင်ခဲ့လို့ သူရဘွဲ့ကိုလဲ ထိုက်တန်စွာ ရရှိခဲ့သူတစ်ဦးဆိုလည်း မမှားပါဘူး။

ပိုပြီး အံ့အားသင့်ဖွယ်ကောင်းတာက သူရဘွဲ့ကို ရရှိခဲ့တဲ့ တိုက်ပွဲမှာ သူ့တပ်က မည်သည့် တပ်မတော်သား တစ်ဦးမှ သေကြေထိခိုက်ခြင်း အလျင်းမရှိအောင် စစ်ဗျူဟာကို ပြောင်မြောက်စွာ ကျင့်သုံးခဲ့သူတစ်ဦးပါ။

အဲဒီအချိန်က သူ့ရန်သူ KIA ဟာ အခိုင်အမာစခန်းကို လဂျားယန်ဖက်မှာ ရွာသားတွေ ပေါ်တာဆွဲပြီး ၇ လကြာအောင် တည်ဆောက်ခဲ့တာပါ။

ဒါပေမယ့် KIA ဟာ သူအဲဒီစခန်းကို ရှင်းလင်းပြီးမှ သူ့တပ်တွေ လာတိုက်ခိုက်ခံရတဲ့အကြောင်းကို သိခဲ့ရသည်အထိ သတင်းမပေါက်ကြားအောင် ချီတက်တိုက်ပွဲဝင်နိုင်သူလည်းဖြစ်ပါတယ်။

ရွာသားတွေဟာ KIA ကို မင်းတို့ပြောတဲ့ ဗမာစစ်သားတွေက ရွာမီးရှို့တယ် လူသတ်တယ် မဒိန်းကျင့်တယ် လုတယ်သာပြောတာ ငါတို့တွေကို ဘာမှကို မလုပ်ခဲ့တာလို့ ပြန်လည်ပြောကြားရလောက်တဲ့အထိ စစ်စည်းကမ်းအလွန်ကောင်းမွန်ခဲ့ပါတယ်။

တပ်မတော်မှာ ဗိုလ်မှူးကြီးရာထူးအထိ တာဝန်ထမ်းဆောင်ပြီး စစ်ဦးစီးတက္ကသိုလ်မှာ ဒုတိယကျောင်းအုပ်ကြီးအထိ ရာထူးတာဝန်ထမ်းဆောင် ခဲ့သူတစ်ဦးပါ။

ပြီးတော့ တပ်မတော်ရဲ့အမြင့်ဆုံးသော နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ဆင်းတစ်ဦးလဲ ဖြစ်ပါတယ်

နောက်ပြီး အိုင်တီနဲ့ ကွန်ပျူတာနည်းပညာကို လွန်စွာမှ လေ့လာလိုက်စားသူတစ်ဦးလည်း ဖြစ်သလို လူငယ်တွေကို မြေတောင်မြှောက်ပေးသူဆိုလည်း မမှားပါဘူး။

ပြီးတော့ ပညာရပ်တွေကို စိတ်ဝင်စားသူဖြစ်လို့ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကပေးတဲ့ Master of Public Administration ဘွဲ့ကိုပါ ထိုက်တန်စွာရရှိခဲ့ပါတယ်။

ဘာသာတရားကိုလည်း အထူးလေ့လာလိုက်စားတတ်ပြီး မြန်မာနိုင်ငံကို ဗုဒ္ဓမြတ်စွယ်တော် ကြွရောက်စဉ်က သူ့အသက်နဲ့ထပ်တူ လုံခြုံရေးကို သေချာဂရုပြုခဲ့သူပါ။ အဲဒီအချိန်တုန်းက တစ်နေ့ကို အိပ်ချိန် ၂ နာရီ ၃ နာရီလောက်ပဲရှိပြီး သူကိုယ်တိုင် စွယ်တော်ကျုပ်ကို သန့်ရှင်းရေးလုပ် တရားဘာဝနာ ကျင့်ကျန်အားထုတ်ပြီးမှ ခေတ္တအနားယူ အိပ်စက်ပါတယ်။ ဒါကြောင့်လည်း ဗုဒ္ဓမြတ်စွယ်တော် ခရီးစဉ်မှာ မည်သည့် ဘေးအန္တရာယ်မှ ကျရောက်ခြင်း မလျင်းမရှိသလို စွယ်တော်ကို စောင့်ရှောက်တဲ့ တရုတ်ဘုန်းကြီးတွေက အလွန်ကျေးဇူးတင်လို့ တရုတ်ပြည်မှာ တည်ဆောက်ကိုးကွယ်မယ့် ရွှေတိဂုံစေတီတော်ကို ပုနက်ချတဲ့အခန်းအနားမှာ တက်ရောက်ပြီး ကိုယ်တိုင် ပုနက်ချဖို့ပါ ဖိတ်ကြားခြင်းခံရပါတယ်။

သူမြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတပ်ရင်းများကွပ်ကဲမှူးအနေနဲ့ တာဝန်ယူစဉ်မှာလဲ ပြည်သူလူထုကို မည်သည့်အကြမ်းဖက်နှီမ်နင်းတဲ့လုပ်ရပ်မျိုးကိုမှ လုပ်ဆောင်ခဲ့ခြင်းမရှိသလို ပြည်သူလူထုကိုလည်း တန်ဖိုးထား ဆက်ဆံသူတစ်ဦးပါ။ ဒါကြောင့်လည်း MPA ဘွဲ့ကို ရရှိထားခဲ့တာပေါ့။

မြန်မာနိုင်ငံကို EU က ရဲတပ်ဖွဲ့ဆိုင်ရာလေ့ကျင့်သင်ကြားမှုတွေ ပြုလုပ်တဲ့အခါမှာ EU က ရဲအရာရှိကြီးများရဲ့ အထူးလေးစားခြင်းကို ခံခဲ့ရသူဖြစ်သလို လူ့အခွင့်အရေးဆိုတာကို တကယ်တန်း နားလည်သူဖြစ်တယ်ဆိုရင်မမှားပါဘူး။ သူကိုင်ဆွဲတဲ့ လူ့အခွင့်အရေးဆိုတာ ကိုယ်ချင်းစာတရားဖြစ်တယ်ဆိုတာ သူ့အတွေးအခေါ်ပါပဲ။

သူရန်ကုန်မြို့ကြီးရဲ့ လုံခြုံရေးကို တာဝန်ယူစဉ်က တကယ့်ကို တာဝန်ကြီးမားတဲ့ သမ္မတကြီးနှစ်ယောက် လာရောက်ခဲ့တဲ့ ခရီးစဉ်နဲ့ တိုက်ဆိုင်စဉ်မှာ ဘာမှကို ပြသနာတစ်စုံတစ်ရာမဖြစ်ပွားရလေအောင် ဂရုတစိုက်ပြုလုပ်ခဲ့လို့ အမေရိကန်သမ္မတ ဘားရက်အိုဘားမားဟာ သူကိုယ်တိုင်တွေ့ဆုံပြီး လေးလေးစားစား နှုတ်ဆက် ဓါတ်ပုံရိုက်ကူးကာ အမှတ်တရ အခုလို ပေးပို့ခဲ့တာ သက်သေပါပဲ နောက်ပြီး ကိုးရီးယား သမ္မတရဲ့ အထူးခရီးစဉ်မှာလည်း မည်သည့် လုပ်ကြံမှုမျိုး ဖောက်ခွဲမှုမျိုးမှ မဖြစ်အောင် စီမံခန့်ခွဲခဲ့လို့ ကိုးရီးယားသမ္မတ လေယာဉ်ပေါ်တက်ခါနီးတောင် တွေ့ဆုံပြီး ကျေးဇူးတင်ကြောင်း ပြောကြားကာ လက်ဆွဲနှုတ်ဆက်ခံခဲ့ရသူပါ။

သူဟာ လာမယ့် နှစ်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ ပင်စင်ယူတော့မှာဖြစ်ပါတယ်။
သူပင်စင်မယူခင်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြည်သူတွေ လေးစားရတဲ့ တပ်ဖွဲ့ဖြစ်အောင် EU နဲ့ ပူးပေါင်းပြီး ရဲလေ့ကျင့်ရေးသင်တန်းတွေကို အဆက်မပြတ်အင်တိုက်အားတိုက် ပြုလုပ်ဆောင်ရွက်နေတာကို အားတက်ဖွယ်တွေ့ရပါတယ်။

ဒါ့အပြင် နိုင်ငံတော်နဲ့ တိုင်းပြည်ကို ချစ်မြတ်နိုးတဲ့စိတ်ကြောင့် သူ့ရဲ့ သားရော သမီးရောပါ တပ်မတော်မှာ အင်အားတရပ်အဖြစ် ချန်ရစ်ခဲ့တယ်ဆိုတာ ပင်ဆင်ယူသည့်တိုင်အောင် တိုင်းပြည်နဲ့ လူမျိုးအပေါ် ထားရှိတဲ့စိတ်ကို တွေ့မြင်နိုင်ပါတယ်။

မည်သည့် လဒ်လာဘကိုမှ ယူခြင်း နိုင်ငံပိုင်ပစ္စည်းများကို ယနေ့တိုင်အလွဲသုံးစားမလုပ်ခြင်းတို့ကြောင့် ယနေ့အထိ နိုင်ငံတော်က ချမှတ်ပေးထားသော အစိုးရအိမ်မှာ နေထိုင်နေရသူလဲဖြစ်ပါတယ်။

နောက်ပြီး သူဟာ ဗမာလူမျိုး တစ်ဦးမဟုတ်ပါ... ရှမ်းလူမျိုးစစ်စစ်တစ်ဦးလည်း ဖြစ်ပါတယ်...

သူ့လိုမျိုး တိုင်းပြည်နဲ့ လူမျိုးအတွက် အားကိုးအားထားပြုထိုက်တဲ့ အရာရှိတွေ အနာဂတ်မြန်မာပြည်မှာ အများအပြားပေါ်ထွန်းလာပါစေလို့ ဆန္ဒပြုလိုက်ပါတယ်...

သစ္စာ
၂၀၁၄ခုနှစ် ဒီဇင်ဘာလ ၁၂ရက်

ရေမြေခြားလျှက် ကျောက်ဆူးနှစ်လက် အပိုင်း(၅)

$
0
0

===============
“နင့်ကိုငါအရမ်းချစ်တယ် Ying”

“ဟမ်ဘာပြောလိုက်တာလဲ ယံ”

“အော် အစားအသောက်တွေဘယ်လိုလဲလို့မေးတာပါ … မေ့ပြီးမြန်မာလိုပြောမိသွားတာ”


ဟုတ်ပါသည်။ မိုးယံထက်တစ်ယောက်ရင်ထဲက ခံစားချက်ကို ပွင့်ပွင့်လင်းလင်းတဲ့တိုးကြီးပြောချလိုက်
ပါသည်။ သို့ရာတွင် အင်္ဂလိပ်စကားနှင့်လဲမဟုတ် ကိုရီးယာစကားနှင့်လဲမဟုတ်ပါ။ မြန်မာလိုသာပြော
လိုက်ခြင်းဖြစ်ပေသည်။ သူ့အတွက်တော့ တဖက်သက်ချစ်နေခွင့်လေးကပင် အရာရာပြည့်စုံနေပါသည်
သို့သော် တနေ့နေ့တော့ သူနားလည်သောစကားနှင့်ပြောမည်ဟူသောဆုံးဖြတ်ချက်ကိုတော့ ခိုင်ခိုင်ချ
မှတ်လိုက်ပါတော့သည်။ မိုးယံထက်ခေါင်းထဲတွင်ကား တိုက်ပွဲစီမံချက်ကတော့ အဆင့်ဆင့်ဖြတ်သန်းနေပြီ
သတင်းတိကျစွာမရသေး...သူမအပျိုလား အအိုလား ရည်းစားရှိသလား ဘယ်ရာထူးလဲ ဘာဆိုဘာမှမသိ
သေး။ No Information, No Operation မလား။ ရည်မှန်းချက်ကတော့ ခိုင်မာသည်။ သူမ၏ချစ်သူအဖြစ်
ကိုရရှိရန်။ ဘယ်လိုလုပ်ရမလဲဆိုတာကိုလဲမသိသေး။ အုပ်ချုပ်မှုကလဲ အဆင်မပြေ ဆက်သွယ်ရေးကလဲ
Nothing ဆိုတော့ ငြိမ်နေလိုက်ရသည်။ ဒီတော့သတင်းရယူရန်ကြံရတော့သည်။

“ဒါနဲ့ Ying Facebook သုံးလား”

“အင်းသုံးတယ် ယူကောသုံးတယ်ပေါ့”

“အင်း ကျွန်တော်အကောင့်ကို အဒ်ပေးပါလား”

“အိုကေ”

မိုးယံထက်တစ်ယောက် ပျော်လွန်းလို့ ထတောင်ကလိုက်ချင်သည်။ ဒီတိုင်းဆို အုပ်ချုပ်မှုကိစ္စက ဖုန်းတလုံး
ကွန်နက်ရှင်တခုနှင့်လုံလောက်ပြီ ဆက်သွယ်ရေးလဲအိုကေပြီ ပါဆင်နယ်ဒေတာတွေလဲရနိုင်ပြီလေ........။
ဖြစ်နိုင်ရင် မက်ဇူကာဘတ်ကြီးကို ကန်တော့ပွဲ အုံးပွဲနှင့်ပြေးကန်တော့ချင်စိတ်ပါပေါက်သွားလေတော့သည်။
အကောင့်ကို လက်ခံလိုက်ရင်းသူမဝေါပေါ်တက်ကြည့်တော့ စိတ်ဓာတ်က မြေကြီးထဲသို့ ရေးထားသမျှက
ကိုရီးယားလိုတွေ... နောက်ဆုံးတော့ ဂူဂဲထရန်စလိတ်ကိုသာအားပြုရန် သာရှိတော့လေသည်။ သူမဝေါ
ပေါ်ကပုံလေးနှစ်ပုံသုံးပုံကို လိုက်ပေးရင်း ဓာတ်ပုံတွေဒေါင်းလုပ်ဆွဲချလိုက်သည်။ သူမကိုတော့ တချက်ပြုံး
ပြလိုက်သည်။ သူမကစကားပြောရန် ပါးစပ်ပြင်လိုက်သော်လဲ အသံထွက်မလာ မိုးယံထက်ဖုန်းမှအလန်း
မြည်လာသောကြောင့် ပြောရန်ပြင်နေသည်မှာရပ်သွားသည်။ ပြန်ထွက်ရန်အချိန်ကြလေပြီ....။ မိုးယံထက်
တစ်ယောက်မချိတင်ကဲနှင့် နှုတ်ဆက်ရင်း တာဝန်ကျရာကားသို့ပြေးရသည်။ ဟိုရောက်တော့လူစုံနေပြီ
အိုကေ ဂျန်းရှင်းဆက်ထွက်ရင်ဆုံနိုင်သေးတာပဲဟုတွေးလိုက်မိသော်လည်း….

“ယံရေ”

“ဗျာ Yang ပြောလေ”

“ကျွန်တော်တို့ ဂျန်းရှင်းစကွဲထပ်မသွားတော့ဘူး သင်္ဘောပြန်တော့မယ်”

“ဗျာ ဘာဖြစ်လို့လဲ”

“အချိန်မလောက်တော့ဘူး ယံရေ လမ်းပိတ်နေရင်ခက်မယ်”

“အိုကေ အိုကေ ပြန်ကြတာပေါ့”

စိတ်ထဲမှာတော့ သိပ်မကျေနပ်သော်လည်း သူပြောတာ ဖြစ်သင့်သည့်အရာမလို့ ပြန်လိုက်ရတော့သည်။
ကားမစီးနိုင်သဖြင့် ကားကျပ်သည်မှာကိုယ်ကိစ္စမဟုတ်ဟုခံယူထားသော မိုးယံထက်တစ်ယောက်တော့
ပထမဆုံးအကြိမ် ဆဲဆိုမိလေတော့သည်။ သင်္ဘောအပြန်လမ်းက ဘာတွေလိုနေမှန်းမသိချောက်ကပ်
လှချေသည်။ လောကကြီးတခုလုံးက အားလုံးအကျည်းတန်နေသည်။ ဆဲချင်စရာတွေကြီးသာဖြစ်နေလေ
တော့သည်။ ထိုစဉ်တွင်ဟိုဘက်ခုံတွင်ထိုင်နေသော ယန်က ဒီဘက်ကူးလာက သူကင်မရာကြီးထိုးပြလာ
သဖြင့်ကြည့်ရပြန်လေသည်။ ဟမ် ဒီလူကြီး ငါကိုပဲလိုက်ချောင်းနေသလား Ying နဲ့ပဲတခုခုပတ်သတ်သ
လားလို့တောင်တွေးမိသည်။ သူပြတာက ပေါင်မုန့်ဖက်လေးကို ဖယ်ပေးနေသောမြင်ကွင်း.....။

“ယံ တခုတော့မေးမယ် စိတ်မဆိုးနဲ့”

“မေးပါရပါတယ်”

“မင်း သူကိုစိတ်ဝင်စားလား”

“ဟာ မဟုတ်တာ ယန်ရယ် သူက အိမ်ထောင်ရှိမရှိတောင်မသိတာကို”

“မရှိဘူးဗျ သူက နောက်ဆုံးနှစ်ဗိုလ်လောင်း စာတော်တယ် ကြိုးစားတယ်”

“ယန် ကဘယ်လိုလုပ်သိတာလဲ”

“မသိနေမလား သူကငါ့ဗိုလ်လောင်းပဲ”

“ဟမ် စိတ်မရှိနဲ့နော် ယန်ကဘာရာထူးလဲဗျ”

“ဒုတိယဗိုလ်မှူးကြီးပါ ဒီဗိုလ်လောင်းအားလုံးရဲ့ တာဝန်ခံပေါ့”

“ဗျာ ….”

မိုးယံထက်တစ်ယောက်အတွက်ကတော့ ခေါင်းကိုဆင်နင်းသည့်အလား...။ ဒုဗိုလ်မှူးကြီးတစ်ယာက်ကို
နာမည်သာခေါ်နေသည့်အပြင် သူ့ဗိုလ်လောင်းမမနှင့်လဲ တတွဲတွဲလုပ်နေသေးသည် မဟုတ်ပါလား.....
သူ့အတွက်က ပြသနာမရှိသော်လည်း သူမအတွက်တော့ စိတ်ပူမိသည်။ တော်ကြာ ကိုရီးယားပြန်ရောက်
ချိန် သူမကိုအပြစ်ပေးနေရင်မခက်လား။ သို့သော် ယန်ဆက်ပြောသည့်စကားများက သူ့တပည့်မကိုချီးကျူး
နေသည်များသာဖြစ်၍ အပြစ်တော့မပေးတန်ရာဟုတွေးမိပြီး စိတ်ပူပန်မှုများလျော့သွားရလေသည်.....။
နဂိုကမှသတင်းလိုချင်သော မိုးယံထက်အဖို့ ရေကန်အသင့်ကြာအသင့်ပင် သူပြောသွားတာတွေထဲက
လိုချင်တဲ့ဒေတာတော်တော်များများမှတ်ထားလိုက်သည်။ သူမတွင် အမေသာကျန်တော့ကြောင်း မိဘကို
ထောက်ပံ့ရန်တပ်ထဲဝင်လာတာဖြစ်ကြောင်းညီအကိုမောင်နှမမရှိကြောင်း သူမကိုကြိုက်နှစ်သက်၍ ချစ်ရေး
ဆိုသူတွေ အများကြီးရှိနေသည်ကိုတွေ့သော်လည်း တွဲသွားတွဲလာမတွေ့ကြောင်း ရိုက်စစ်စရာမလိုပဲအကုန်
ထွက်လာလေတော့သည်။

သင်္ဘောပြန်ရောက်တော့ လူစုံမထူး သတင်းပို့ချိန်တွင် ဒီမှာခဏနေပေးပါ အကိုတို့ရေသွားချိုးမလို့ဟူသည့်
တောင်းဆိုချက်နှင့်အတူ သူ့အထက်အရာရှိနှစ်ဦးပြန်သွားလေတော့သည်။ ဒီတော့နေဆိုတော့လဲနေရုံကလွဲ
အခြားမရှိ သင်္ဘောဘေး တံတားပေါ်တွင်ထိုးထားသော ယာယီမဏ္ဍာပ်ထဲတွင်ဝင်ထိုင်ပြီး အခြေအနေကိုတစေ့
တစောင်းအကဲခတ်ရသည်။ လုံခြုံရေးအရရော စပ်စုလိုသော သဘောရော ကြောင့်ဖြစ်လေသည်။ ထိုင်နေ၍
မှသိပ်မကြာ FMIတွင်တွေ့ခဲသော ဂျင်န်အနားသို့ရောက်လာလေသည်။

“ဗိုလ်ကြီး တခုလောက်ခွင့်တောင်းချင်လို့ပါ”

“ရပါတယ် ဂျင်န် ရယ် ယံလိုပဲခေါ်ပါ သူငယ်ချင်းလိုပဲ သဘောထား ပြော ဘာလုပ်ပေးရမလဲ”

“အိုကေ ဟိုနားကသုံးယောက်က ယံနဲ့ ဓာတ်ပုံရိုက်ချင်လို့တဲ့”

“ဟမ် နောက်နေတာလားဟင်”

“နိုးနိုးနိုး တကယ်ပြောတာ”

“အိုကေလေ ရပါတယ်”

ဂျင်န်ပြတာက တာဝန်ကျကင်းတဲတွင် ဂျူတီစောင့်နေသော အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတဦး ရာထူးတွေက
တော့ ဘာတွေမှန်းမသိ..။ အနားရောက်၍သေချာကြည့်တော့ အမျိုးသားက လက်မောင်းမှာရွှေရောင်တစ်ရစ်
နှင့် တာဝန်ကျတပ်ကြပ် အမျိုးသမီးတဦးက ဒေါက်ပေါ်မှာ တဘား ကက်ခြေခက်ကျောက်ဆူးနှစ်လက်နှင့်ဆို
တော့ တာဝန်ကျအရာရှိ နောက်တဦးက လက်မောင်းတွင် အနက်တုံးတွေနှင့်..။ အရင်ဆုံး ဒုတပ်ကြပ်လေးနှင့်
တွဲရိုက်လိုက်သည်။ နောက်တော့ အမျိုးသမီးနှစ်ဦးဘေးဝင်ရပ်တော့ အလယ်ကောင်လာဆိုသဖြင့် ၀င်ရပြန်
လေသည်။ ရိုက်ပြီးတော့ ကိုယ့်နေရာကိုယ်ပြန်မယ်လုပ်တော့ သင်္ဘောပေါ်က တစ်ယောက်ပြီးတစ်ယောက်
ဆင်းလာသဖြင့်ထက်ရိုက်ရပြန်သည်။ ဂျင်န်ပြောစကားအရတော့ အသက်အရွယ်အတူတူနှင့် ဗိုလ်ကြီးဖြစ်နေ
သည်ကို သဘောကျ၍ဟု သိရလေသည်။ နောက်ဆုံး တွဲရိုက်သူတွေသာပြောင်းသွားသည်။ မိုးယံထက်တစ်
ယောက်ကတော့နေမြဲ...။ သူ့အထက်လူကြီးနှစ်ယောက်ပြန်ရောက်လာ၍ သတင်းသွားပို့မည် လုပ်တော့လက်
ကာပြသဖြင့် မသွားဖြစ်...။ ၁၅မိနစ်လောက်ကြာမှ အကုန်ပြီးသဖြင့် သွားသတင်းပို့ရသည်။
“အောင်မလေးကွာ ငါတော့ လေဇင်နဲ့ ဖိုတိုမော်ဒယ်မှားခေါ်မိတယ်ထင်တာပဲ”

“ဟီး စီအိုကလဲ”

“အေးပါကွာ နောက်တာပါ သွားသွား ရေမိုးချိုး ယူနီဖောင်းအဖြူလဲခဲ့ ညစာစာပွဲတက်ရအောင်”

“ဟုတ်စီအို ကျန်တဲ့အဖွဲ့တွေက ဘယ်အချိန်ပြန်ရောက်မှာလဲ စီအို”

“ညစာစားပွဲပြီးလောက်မှပြန်ရောက်မယ်ထင်တာပဲ”

“ဟုတ် စီအို”

နောက်ဆုံးမျှော်လင့်ချက်နှင့် ညစာစားပွဲမှာများ တွေ့ရမလားဟူသောအတွေးနှင့်မေးလိုက်မိသော်လည်း....
မျှော်လင့်ချက်လေးကုန်ဆုံးရလေပြီ။ နောက်နေ့ ဘယ်ကားတွင်တာဝန်ကျ၍ ဘယ်လိုသွားရမည်လည်း
မသိ..။ စိတ်ထဲမှာတော့ ရေစက်မကုန်ရင်ထပ်တွေ့ပါရစေ မိန်းကလေးလို့ ပြောရင်း အဆောင်ဘက်သို့
ခေါင်းငိုက်စိုက်ချ၍ ပြန်လာခဲ့လေတော့သည်။

.......................... 

Blood is thicker than water

$
0
0

သာမန်အားဖြင့်တော့ကျနော်အလုပ်လုပ်သည့်အချိန်များတွင်အမျိုးစပ်လေ့မရှိပါ၊အလုပ်ကိုအလုပ်နှင့်တူအောင်သာလုပ်ခဲ့သည်။ဦးသန်းရွှေ ဧ။်ကုန်းမြင့်သာယာအိမ် ကိုGEတပ်ကခိုင်းလို့လုပ်ပေးခဲ့ရသလို၊ နေပြည်တော်စစ်ရုံးထဲက အိမ်နှင့်ရာဇသင်္ဂဟပေါ်က အိမ်တို့ကို Asia World ကအလုပ်အပ်သဖြင့်လုပ်ပေးခဲ့ရသည်၊

ထို့အပြင်သီဟသူရဦးတင်အောင်မြင့်ဦးအိမ်၊နှင့်အခြားတပ်မတော်လူကြီးများအိမ်အတော်များများကိုလုပ်ပေးခဲ့ရဘူးသည်၊မည်သည့်အိမ်တွင်လုပ်သည်ဖြစ်စေကျနော့ကို စစ်သားဟောင်းမှန်းမသိ၊ကျနော်ကလည်းမပြော၊ တခါမှလည်းအလကားမလုပ်ပေးခဲ့၊ ထိုက်ထိုက်တန်တန်ရယူပြီးထိုက်ထိုက်တန်တန်ပေးဆပ်သည်၊အလုပ်နှင့်ပတ်သက်ပြီးတခါမှအပြောမခံခဲ့၊ဆွေမျိုးစပ်ပြီးလည်းအခွင့်အရေးမယူခဲ့ တပ်မတော်ယူနီဖောင်းကိုလေးစားသော်လည်း အလေးတော့မပြုခဲ့၊ကျနော့ကိုကျနော် အရပ်သားစီးပွားရေးသမားတဦးအဖြစ်သာ ပုံဖော်ခဲ့သည်၊မလွဲမရှောင်သာ ဆရာသမားအရင်းကြီးများဖြစ်သောဗိုလ်မှုးကြီးမြင့်အုန်း(မှော်ဘီဗိုလ်သင်တန်းကျောင်းမှလေ့ကျင့်ရေးတပ်ရေး)၊ပြည်ထဲရေးဝန်ကြီးနှင့်ဗိုလ်ချုပ်ဖုန်းဇော်ဟန်တို့ကိုသာတပ်မတော်ထုံးစံအတိုင်းရိုရိုသေသေလေးလေးစားစားအလေးပြုခဲ့ပါသည်၊ဗိုလ်ချုပ်အေးမြင့်ကြူဆိုလျှင် သူဒုဝန်ကြီးစဖြစ်စက သုဝဏကမြေကွက်လေးမှာ ရှိစုမဲ့စုနှင့် အိမ်စဆောက်သည်၊ ရေတံခွန်အငယ်လေးလုပ်ခြင်သည် ဆိုသဖြင့်အကုန်အကျသက်သာအောင် ပြည်ဖက်က ကားကြုံနှင့်အင်ကြင်းကျောက်အတိုအစလေးတွေ တင်တင်လာသည်၊

ထိုအချိန်ကအခုလိုအင်ကြင်းကျောက်ကိုတရုပ်ကမ၀ယ်သေး၊ရောင်းရကောင်းမှန်းလည်းမသိ၊မင်းကြီးတောင်လမ်းနဘေးမှာသည်အတိုင်းကောက်လို့ရနေသေးသည်၊အခုတော့ဖြင့်အင်ကြင်းကျောက်အတိုအစတောင် တတန်ကို သိန်ဂဏန်းရှိနေခြေပြီ။ညနေရုံးဆင်းချိန် ဗိုလ်ချုပ်အေးမြင့်ကြူပြန်လာသည်နှင့်စွပ်ကျယ်အဖြုလက်ပြတ်ဝတ်ပြီး ကျနော့်တပည့်များအလုပ်လုပ်နေရာကို သူပါဝင်ပြီးလုပ်တော့သည်၊ရေတံခွန်ပေါ်ကျောက်စီခြင်းကို ဟိုအတုံးသည်ရွေ့သည်အတုံးဟိုရွှေ့ ဟိုနေရာကကြည့်လိုက် သည်နေရာကကြည့်လိုက်နှင့်သူ့စိတ်ကြိုက်နေရာချတော့သည်၊ရေတွေ ဘိလပ်မြေတွေတပေပေနှင့်
ပျော်ပျော်ရွှင်ရွှင်ဝင်လုပ်တော့သည်၊တားလို့လည်းမရ၊ကျနော်ကရေတံခွန်ကို Design Fee,Supervision Fee မယူနေ့စဉ်အလုပ်ဆင်းသောကျနော့ပန်းရံ(၄)ယောက်ဧ။်နေ့တွက်ခသာပေးပါဆိုပြီးအဆစ် လုပ်ပေးခဲ့ခြင်းဖြစ်သည်၊ ပြောရရင် ဗိုလ်ချုပ်အေးမြင့်ကြူကသာမမှတ်မိခြင်းဖြစ်သည်၊သူ့တပည့်တွေဖြစ်သော ကျနော်တို့အပတ်စဉ်က မျိုးထွန်းနှင့် စတသ(၂၉)က ကျနော်နှင့်တရပ်ထည်းသား ကျော်နိုင်စိုး တို့ဧ။်ဆရာဖြစ်သည် ၊ထို့အပြင်သူ့ဇနီးကလည်းကျနော့မိန်းမဧ။်ဆရာမဖြစ်ခဲ့သည်၊ကျနော့မိန်းမ မဟာတန်းတက်တော့ ကျနော်နှင့်ရပြီး၊ကျနော်ကလည်းတပ်ကထွက်ပြီးဖြစ်သည်၊တောက်လျှောက်ကျောင်းလိုက်ပို့ရင်းနှင့်ဗိုလ်ချုပ်ကတော် ကထိက ကိုတွေ့သည်၊နောက်ကျနော့မိန်းမကျမ်းပြုနေတုံးကလည်းတွေ့သည် ၊ရင်းနှီးသည်။

 ထိုအချိန်က ဦးအေးမြင့်ကြူကဗိုလ်ချုပ်မဖြစ်သေး၊ရန်ကုန်မှာလည်းမဟုတ်သေးပါ၊ ထိုသို့ညနေတိုင်းတွေ့နေရသော်လည်း ဗိုလ်ချုပ်ရော ဗိုလ်ချုပ်ကတော်ပါ ကျနော့ကိုမမှတ်မိကြ ၊ဒါပေသိ သွေးခြင်းနီးသည်နှင့်တူသည် သူတို့ကလည်းလေးလေးစားစား ကျနော့ကိုအရေးထားဆက်ဆံသလို တပည့်တွေနဲ့လည်းဖက်လှဲတကင်းရှိသည်၊ ယုတ်စွအဆုံးအိမ်ဆောက်ဖို့ ပိုက်ဆံမလောက်လို့ရှိတာလေးတွေထုခွဲရတဲ့အပြင် အိုက်ထွန်းဆီကပါဂရံပေါင်ပြီး ချေးထားရသည်ဟုဖွင့်ဟသည်၊ ဘာဘဲဖြစ်ဖြစ်တဦးကအစိမ်းဝတ် တဦးက အရပ်ဝတ်ဖြစ်နေသော်လည်း ရင်ခုန်သံခြင်းနီးခဲ့ သွေးခြင်းတူခဲ့ဘူးရ်ျလားတော့မသိ ဆက်ဆံရတာတော့နွေးနွေးထွေးထွေးရှိခဲ့ပါသည်၊အခုအချိန်ထိလည်းဗိုလ်ချုပ်ခင်မျာ ကျနော်ကတပ်ကမှန်းမသိသေးပါ။
ကျနော့အတွေးက တပ်မိသားစုအိမ်တွေမှာလုပ်ပေးရချိန်၊တပ်နဲ့သက်ဆိုင်သောလုပ်ငန်းများကိုလုပ်တဲ့အချိန်မှာ ကျနော်က တပ်ကပါ ၊ဘယ်သူပါမိတ်ဆက်ဆွေမျိုးစပ်ခြင်းဖြင့် လုပ်နေသည့်လုပ်ငန်းအပေါ်တနည်းတဖုံထိခိုက်နိုင်သည်ဟု ယူဆမိသည်၊ 

တပ်ကအရာရှိဟောင်းဆိုပြီးအားနာပြီး ကျနော့အလုပ်ကကျနော့အားနည်းချက်များကို မပြောခြင်တာမျိုး၊စီနီယာ၊ ဂျူနီယာဆက်ဆံရေးအရရောအရာရှိနှင့်အခြားအဆင့်ဆက်ဆံရေးတွေကြောင့်ရောအလုပ်မှာ အားနာတာတွေ မျက်နှာထောက်စရာတွေပါလာလျှင်မကောင်းတော့၊ ရှိုးတို့ရှန်တန့်လည်းမဖြစ်စေခြင်၊ထိုကြောင့်နေပြည်တော်မှာကျနော် တပ်မိသားစုအိမ်တွေမှာလုပ်သည် ဂျူနီယာညီတော်တွေက ကျနော့အလုပ်အားနည်းချက်ကြောင့် ဆူလည်းခံလိုက်သည်၊ အရာခံဗိုလ်ကြီးတွေကပြောလည်းခံလိုက်သည်၊အားနည်းချက်ကိုစိတ်တိုင်းကျပြင်ပေးလိုက်သည် တယောက်နဲ့ တယောက်လည်း အားနာစရာမရှိတော့ ကျနော်လည်းနံမည်ကောင်းရသည်၊တပ်က ဘယ်အပတ်စဉ်ကဟူပြီးဘယ်သူမှလည်းမသိတော့၊ ကျနော့တပည့်တွေထဲမှာလည်း အရင်ငယ်တပည့်များကဗိုလ်ကြီး-ဗိုလ်ကြီးအခေါ်ဖြင့်နှုတ်ကျိုးနေသူတွေကို အကိုကြီးဟု ပြင်ခေါ်ခိုင်းရသည်၊့တပည့်တွေကိုလည်းမှာရသည် အိမ်ရှင်က ငါတို့ကိုအလုပ်အပ်ခြင်တာ ဆွေမျိုးစပ်ခြင်တာမဟုတ်ဘူး၊ မင်းတို့အပိုတွေမပြောနဲ့၊အိမ်ရှင်က ငါ့ကိုတပ်ကလားမေးရင်လည်းမသိဘူးပြောလို့ကြိုပိတ်ထားရသေးသည်၊

မည်သို့ပင်ပိတ်ပါစေ ရိပ်မိသူကရိပ်မိသည်၊ဖွင့်မေးသူကမေးသည် သည်အချိန်မှာတော့ ကျနော်မလိမ်မညာပြောပါသည်၊ တပါထည်းလည်းအလုပ်လုပ်ရာမှာအားမနာဖို့လိုတာပြောဖို့လည်းမှာပါသည်၊ထိုအခါ နှလုံးသားခြင်းတော့ပိုနီးသွားသလိုပါ၊
တခါတလေတော့လည်းကိုယ်တပ်ကဆိုတာဖုံးကွယ်ထားတာ အရိုးခံလူုတွေကိုလိမ်သလိုများ ဖြစ်နေမလားစိတ်ထဲစနိုးစနောင့်ဖြစ်ရပါသည်၊ ၂၀၀၀ပြည့်နှစ်သံတောင်စစ်ကျောင်းကြီးများဆောက်စဉ်ကဖြစ်သည် အဆောက်အဦးများ သတ်မှတ်ချိန်အမှီပြီးစီးရန်၊ ဗြုံးအုတ်များထုတ်လုပ်ပေးရန် ထိုအချိန်ကမြန်မာပြည်တွင်လက်ချိုးရည်ရသောစက်အနည်းငယ်သာရှိသည့် concrete block making maching များ က ကျနော့စီမှာ(၂)လုံးရှိနေသည်၊စစ်အင်ဂျင်နီယာညွှန်ကြားရေးမှုးဗိုလ်ချုပ်ဝင်းအောင်တင့် ကိုယ်တိုင်လာကြည့် ပြီးထိုစက်များကိုသံတောင်ပို့ဖို့ပြင်သည်၊

ကျနော့မိတ်ဆွေ GE954တပ်မှုးဗိုလ်ကြီးမျိုးသန့် ကတာဝန်ယူပြီးပို့ရသည်၊ဗိုလ်ကြီးမျိုးသန့်ကကျနော့ကို တပ်ကမှန်းမသိ အရပ်သားစီးပွားရေးလုပ်ငန်းရှင်ဟုသာသိထားသည်၊သည်လိုနဲ့သံတောင်ပေါ်သို့ကျနော်ရောက်ခဲ့သည်၊တောင်ပေါ်တွင် အင်အားကမများသေး၊ဘူဒိုဇာတွေ ဘက်ဟိုးတွေနဲ့တောရှင်းဆဲဖြစ်သည်၊ ကရိန်းမရှိသဖြင့်ကျနော့စက်တွေကို ခက်ခက်ခဲခဲနေရာချရသည်၊GEကရဲဘော်တွေက ကျနော့လုပ်သားတွေကိုမှာသည် အနီးအနားလျှောက်မသွားဖို့ ကရင်က လာပြီးချောင်းပစ်မိုင်းထောင်လုပ်တတ်ကြောင်းသတိပေးသည်၊သည်လိုနှင့်ညရောက်တော့ကျနော့ ကိုGE တပ်မှုး ဗိုလ်မှုးရွှေခိုင်၊ဗိုလ်ကြီးမျိုးသန့်တို့နှင့်အတူသပ်သပ်ယပ်ယပ်ဆောက်ထားသောဘန်ဂလိုလေးတခုမှာအခန်းတခန်းပေးနေရာချထားသည်၊တောင်တက်လမ်းတလျှောက်ကိုယ်တိုင်ကားမောင်းတက်လာရသဖြင့် တခဏအတွင်းအိပ်ပျော်သွားသည်။ 

အချမ်းဓါတ်ကြောင့်စောင်ခြုံကွေးနေလိုက်သည်မှာ မည်မျှကြာသွားပြီမသိ၊ထောက်ဖုန်း ထောက်ဖုန်းနှင့်သေနတ်သံများ ကြားရသည်၊စစ်သားအသိစစ်သားသတိနှင်ရုတ်ချည်းကုတင်ပေါ်ထထိုင်လိုက်မိသည်၊သေနတ်သံတွေကိုနားထောင်တော့အတော်ဝေးဝေးမှာ၊ထို့အပြင် ၅.၅၆ ကျည်သံတွေဘဲကြားပြီး တပ်က G3 ကျည် ရ.၆၂ အသံကတချက်နှစ်ချက်သာကြားရသည်၊ အဝေးကလာပစ်နေသည်ကို တပ်ကမပစ်ခြင်ပစ်ခြင် အားနာပါးနာပြန်ပစ်နေသည်ပုံ၊သည်တော့ စိုးရိမ်စရာလည်းမရှိ၊စောင်ကို ခေါင်းမြှီးခြုံပြီးပြန်ကွေးနေလိုက်သည်၊ 

ပြန်အိပ်ပျော်ခါစမှာပင်ကျနော့အခန်းတံခါးကိုပုတ်ပြီး ကိုခင်မောင်သန့်-ကိုခင်မောင်သန့် ဟူသောဗိုလ်ကြီးမျိုးသန့်အသံကြောင့် ပြန်ထလိုက်ရပြန်သည်၊တံခါးကိုဖွင့်ပြီးကြည့်တော့အ၀မှာကိုမျိုးသန့်ကိုစိုးရိမ်တကြီးမျက်နှာနဲ့တွေ့လိုက်ရသည်၊ကိုခင်မောင်သန့် သေနတ်သံတွေကြားလို့လန့်နေမှာစိုးလို့လာပြောတာ သူပုန်တွေကအဝေးကြီးမှာဗျ၊အလကားလာပစ်နေတာ တိုက်လည်းမတိုက်နိုင်ဘဲနဲ့ ၊နောက်ကိုခင်မောင်သန့် စိတ်မပူနဲ့ရှေ့မှာတပ်တွေအများကြီးရှိသေးတယ်၊ကျနော်တို့ဂျီအီးတပ်ဆိုတာက အလယ်ကလုံခြုံတဲ့နေရာမှာ နေရတာ ဘာမှစိတ်မပူနဲ့အိပ်ပျော်အောင်အိပ်ကြားလား၊ကျနော့ကိုစိုးရိမ်တကြီး ညကြိးမင်းကြီးလာအားပေးသောကိုမျိုးသန့်ကို ကျနော်ဘာပြန်ပြောရမှန်းမသိဘဲကျန်ခဲ့ရပါသည်၊စိတ်မပူပါနဲ့ဗိုလ်ကြီးကျနော့် ကရင်ပြည်နယ်မဲလခံစစ်စည်းမှာ ကရင်တွေနဲ့ပြောင်းခြင်းတေ့ပြီးနေခဲ့ဘူးပါတယ်ပြောလိုက်ရမလား၊အခုအချိန်မှသွားပြောတော့လည်း
မကောင်းတော့ သူ့စေတနာကိုစော်ကားရာကျဦးမည်၊

မနက်ကျတော့လည်းမျက်နှာသစ်ဖို့ရေခွက်ကအသစ် ရေစည်ထဲမှာရေကအပြည့်၊ခပ်လှမ်းလှမ်းက ရဲဘော်လေးတွေကတော့ ရေချောင်းထဲမှာမျက်နှာသစ်နေတာမြင်ရသည်၊ငါလည်းမင်းတို့လိုမြောင်းထဲကရေနဲ့မျက်နှာသစ်ခဲ့ဘူးပါတယ်၊တပိသာပြည့်ရင်သန့်တယ်ဆိုပြီးလယ်ကွက်ထဲက ရွံရေနဲ့ထမင်းချက်စားခဲ့ဘူးပါတယ်ကွာလို့ အော်ပြောလိုက်ခြင်မိပါသည်၊ အခုတော့ကျနော်က တပ်မတော်ရဲ့ဧည့်သည် လုပ်ငန်းရှင်လေးပေါ့၊ဒါပေမဲ့ စိတ်ထည်းမှာတော့သည်ရဲဘော်တွေ သည်မြင်ကွင်းတွေနဲ့က တသွေးထဲတသားထည်းလိုပြန်ဖြစ်နေမိသည်၊ မျက်နှာသစ်ပြီးရေအိမ်သွားဖို့လုပ်တော့ လမ်းဗိုလ်တပ်ကြပ်ကြီးတယောက်ကလမ်းညွှန်သည်၊အိမ်သာကိုလိုက်ပြရင်းက ကျနော်တို့စစ်သားတွေ စစ်မြေပြင်ကတော့ဖြစ်သလိုဘဲ ဆရာရေ-မြို့မှာလို အိမ်သာကဗိုလ်ထိုင်တွေဘာတွေမဟုတ်တော့ ဆရာတို့လိုလူကြီးတွေကသိကအောက်သွားရရင်ခွင့်လွှတ်ပါဆရာတဲ့၊

ကျနော်အိမ်သာထဲရောက်တော့ အတော်သပ်ယပ်တာတွေ့ရသည်၊ ယူနီဆက်ထုတ်ပလပ်စတစ်ကမုတ်ဖြူဖြူဖွေးဖွေးနဲ့ရေအိုးရေခွက် တစ်ရှုးပေပါကအစအပြည့်အစုံ၊ အိမ်သာတက်ရင်းရှေ့တန်းမှာတုံးကအိမ်သာတက်ရတာပြန်
သတိရပြီးပြုံးမိသည်၊ ဘိန်းစစ်ဆင်ရေးဝင်တော့ ရမခ ကိုတက်ရသည် နောင်လုံနောင်ဝိုး၊လွယ်တောက်ခွင်တွေဝင်ရသည်။

 ရွာမှာစတည်းချလို့အိမ်သာတက်ခြင်ရင်တောထဲထွက်ရသည်၊ခြုံကောင်းကောင်းမှာတောထိုင်ရသည်၊သည်လိုတောထိုင်တော့လည်းဇိမ်ကောင်းကောင်းဖြင့်ထိုင်ရသည်တော့မဟုတ်၊သခင်သန်းထွန်းလိုအီးအီးပါရင်းချောင်းပစ်မခံရဖို့ဘယ်ဘက်လက်ထဲပစ်စတိုသေနတ်ကိုမောင်းတင်ပြီးအသင့်အနေအထားနှင့်ကိုင်ထားရသည်၊လက်တဖက်ကဒုတ်ကိုကိုင်ထားရသည်၊သည်ဒုတ်ကတော့အီအီးပါနေတုံးဖင်ကိုနှာခေါင်းနှင့်လာထိုးမည့်ကချင်ဝက်များကိုခြောက်ရန်ဖြစ်သည်၊သည်နေရာမှာ ကချင်ဝတ်အကြောင်းပြောပြခြင်သည် ကချင်မွေးသောဝက်နှင့် တရုပ်မွေးသောဝက်မှာမတူ၊ကချင်ဝက်ကမဲမဲပိန်ပိန်အမွှေးရှည်ရှည်၊တရုပ်ဝက်ကဖြူဖြူ၀၀အမွှေးတိုတို၊အသားပေါ်တော့လည်းကချင်ဝက်က အဆီပါးပြီးအသားထူသည်၊တရုပ်ကအဆီများပြီးအသားပါးသည်၊ကချင်ဝက်က တောဝက်ပုံစံဖြစ်သည်၊နောက်ကချင်ဝက်က အီးစားသည်၊အီးနံရသည်နှင့်သည်အကောင်တွေရောက်လာတတ်သည်၊သတိမမှုမိလိုက်လို့ကတော့ဖင်ကိုထယ်ထိုးခံရပြီး      မှောက်ရက်လဲပြီ
သာမှတ်တော့၊ 

တချို့ကချင်ရွာတွေက အိမ်သာတွေစုပြီးဆောက်ထားတတ်သည်။ အိမ်သာတွေကတောင်စောင်းတွေမှာ ခြေတံရှည်ရှည်၊ တက်ထိုင်လိုက်ရင်ခနော်နီခနော်နဲ့၊ရဲဘော်တွေကတော့ကျားပစ်စင်လို့မကြားတကြားပြောကြသည်၊အိမ်သာတက်မည်ဆိုလျှင်တချို့ကတော့ တို့ဗိုလ်ကြီးဗုံးကျဲတော့မည်တဲ့၊တချို့ကလည်းဗိုလ်ကြီးအစာကျွှေးတော့မည်တဲ့၊သူတို့အပြောလည်းမှန်ပါသည် အိမ်သာတက်ရသည်ကလေထဲမှာဝဲပြီးဗုံးကျဲရသလိုပင်၊အစာကျွေးသည်ဆိုတာကတော့ အိမ်သာပေါ်တက်ပြီးအစဦးဆုံးဗုံးကျဲလိုက်သည်နှင့် မဲမဲ မဲမဲနှင့်ကချင်ဝက်များ တဖွဲဖွဲရောက်လာပြီးစွန့်ကျဲလိုက်သည်များကို အလုအယက်ဝါးတော့သည်၊ ကျဲသည့်ဗုံးများကလည်း တလစပ်ဆိုရင်တော့ဖြင့်အလုအယက်စားနေကြသောကချင်ဝက်များပေါ်သို့ပွင့်တချို့ ငုံတချို့ကျသွားတော့သည်၊ ကချင်ဝက်များဦးခေါင်းပေါ်တွင်လည့်း (ဟာသစာရေးဆရာကြီးအီကြာကွေးလေသံနှင့်ပြောရလျှင်) ခွေးထောပတ်များကဝေေ၀ဆာဆာ၊အစအနောက်သန်သူရဲဘော်များက တော့ပန်းတွေနဲ့ဝေ လို့ပင်ကဗျာဆန်ဆန်ဆိုကြသေးသည်၊

ရေးရင်းနှင့်စစ်သားဘ၀အမှတ်တရများကိုတွေးရင်းကလောင်ချော်နေမိပြန်သည်၊ အပေါ်ကဒုတိယဗိုလ်ချုပ်ကြီးနှင့် တွေ့ဆုံခန်းကိုပြန်စပါမည်၊ ထိုလူကြီးကိုကျနော်က အရင် တွေ့စက တရုပ်အဖိုးကြီးတယောက်ဟုပင် ထင်မိခဲ့သည်၊ အခြွေအရံမပါ ကားမောင်းသူတယောက်နဲ့ ကျနော့ရုံးခန်းရောက်လာသည်၊ ကျနော်မရောက်သေးသဖြင့်တပည့်ကျော်က ရုံးခန်းထဲထည့်ပြီးဧည်ခံထားသည်၊ ကျနော်ကလည်းသာမာန်ကာစတန်မာဘဲထင်ပြီး ဘေးဆိုင်ကလက်ဖက်ရည်မှာ တိုက်လိုက်ဟုမှာမိသည်၊ ရုံးရောက်တော့ထိုလူကြီးနှင်တွေ့သည် သူကကျနော့စီစုံစမ်းရောက်လာကြောင်းသူ့အိမ်မှာခင်းထားသည်ံInterlocking paverတွေလိုပုံစံမျိုးခင်းခြင်လို့လိုက်ရှာတာရန်ကုန်တမြို့လုံးသည်မှာဘဲရှိသည်ဆိုလို့လာခဲ့တာဟုဆိုပါသည်၊ ထို့နောက် သူနမှုနာယူလာသော အတုံးကိုပြပါသည်၊ ထိုအတုံးကိုကြည့်ပြီးကျနော်နည်းနည်းတော့ဖြုံသွားသည်၊ ထိုလူကြီးသည် ခေသူတော့မဟုတ်လို့၊သူယူလာသောအတုံးသည် ၁၉၉၈-၉၉လောက်က ဘင်ဟာအရောင်းဆိုင်မှ အစမ်းသဘောအနေဖြင့်ကွန်တိန်နာ(၂)လုံးလားသွင်းလာသည်ဟုသိရသော ထိုင်းနိုင်ငံထုတ်အတုံးများဖြစ်နေသည်၊ဈေးနှုန်းအနေနဲ့ပြည်တွင်းထက်အနည်းငယ်များသော်လည်း
သုံးနိုင်သောအနေအထားရှိပါသည်သို့သော်နောက်ပိုင်းတင်သွင်းမှုအခက်အခဲများကြောင့်ထပ်မံမသွင်းတော့ကြောင်းကြားရသည်၊

၂၀၀၂ လောက်မှာ ကုန်းမြင့်သာက ဦးသန်းရွှေအိမ်ဆောက်တော့သည်အတုံးတွေလိုလာတော့ဘင်ဟာမှာမရတော့ ထို့ကြောင့်ကျနော်က ထိုင်းQualityအတိုင်းထုတ်ပေးခဲ့ရဘူးသည်၊ထိုလူကြီးလည်းကျနော်စက်ရုံမှနမှုနာ အတုံးကိုကြည့်ပြီး ထိုင်းအတုံးအတိုင်းဘဲဟုဆိုကာ သဘောကျပြီး စရံပေးပြန်သွားသည်၊ နောက်နေ့လုပ်ငန်းခွင်ကိုရောက်မှ အိမ်စောင့်ရဲဘော်ဟောင်းကြီး တယောက်နဲ့တွေ့မှ ထိုပုဂိုလ်ကြီးကားတချိန်က ကျနော်တို့အနားပင်မသီနိုင်ခဲ့သောဒုတိယဗိုလ်ချုပ်ကြီးဟောင်းတဦးဖြစ်ကြောင်းသိခွင့်ရခဲ့သည်၊
ဗိုလ်ချုပ်ကြီးရောက်လာတော့ သူ့အနားကိုခုံချခိုင်းပြီး ကျနော့ကိုထိုင်စေသည်၊ ကျနော့ကိုကျနော့ရုံးခန်းအနီးက ဆိုင်ကိုမေးရင်း တပ်ကဗိုလ်ကြီးဟောင်းမှန်းသိသော်လည်း ကိုခင်မောင်သန့်ဟုသာခေါ်သည်၊ကျနော်ကလည်း အဘဟုသာခေါ်လိုက်သည်၊နှစ်ဦးစလုံးကတော့ ရင်ထဲမှာစစ်သားဟောင်းဖြစ်ကြောင်းကိုယ်စီသိနေကြပေပြီ၊

ကျနော်က အဘဘေးကအိမ်က ကျနော်ဘဲ landscapeလုပ်၊လမ်းခင်းတုံးခင်းပေးထားတာဆိုတော့ ဟုတ်လားတွေ့တော့တွေ့တယ်ကြာပြီထင်တယ်လို့ပြောပါသည်၊ကျနော်က ၂၀၀ရလောက်မှာဆိုတော့ အင်း ကိုယ်တွေမြေကွက်ဘ၀ထဲက အဲ့သည်အိမ်ကဆောက်ပြီးနေပြီပြောပါသည်၊ကျနော်က အဲဒါအရင်ကျန်းမာရေးဝန်ကြီးဒေါက်တာကျော်မြင့်အိမ်ဆိုတော့၊ဟုတ်လား ကိုယ်မသိဘူးကွလို့တအံတသြပြောသည်၊အိမ်ခြင်းကပ်နေပေမဲ့သိပ်လည်းအဆက်အဆံမရှိကြပါဘူးကွာလို့ပြောသည်၊နောက်ထိုင်နေရင်းနဲ့ဟိုတနေ့ကတောင်မင်္ဂလာဆောင်မှာဗိုလ်ချုပ်ကြီးတင်ဦး ကတော်နဲ့တွေ့သေးတယ်၊အန်တီနွဲ့လေ လို့ပြောသည်၊ ထင်တော့ ကျနော့ရုံးခန်းထဲမှာ ထိုင်စောင့်နေရင်းနံ့ရံမှာကပ်ထားသည့် ဗိုလ်ချုပ်ကြီးတင်ဦးက ကျနော့ကိုပုခုံးဖက်မှာကြားနေသည့် ပုံကိုတွေ့သွားလို့ဖြစ်ပါမည်၊ 

တကယ်တော့ကျနော်ကS2 မိသားစုနဲ့ရင်းနှီကျွမ်းဝင်ခဲ့သူတော့မဟုတ်၊တပတ်စဉ်ထဲသူငယ်ချင်းနှင့် ဆုံးပါးသွားသော မချိုလဲ့ဦးက ကျောင်းနေဖက်ဖြစ်သဖြင့် ရန်ကုန်ရောက်တုံးတွေ့ခြင်သည်ဆိုသငြေ့် ကျနော်က မနော်ဟရီလမ်းက အိမ်ကိုလိုက်ပို့ရတာတခါ၊ကျနော့တပ်ရင်းမှုးကြီးက တပ်မ၅၅မှာS2တပည့်အဖြစ်နေခဲ့ရသဖြင့်ကျနော် ရန်ကုန်ဆင်းတိုင်း ဒေသထွက် ထိုးမုန့်၊လက်ဖက်လေးတွေအကြုံပေးကန်တော့ခိုင်းသဖြင့်ရောက်တာက၂ခါ၃ခါလောက်၊ဒါဘဲထိတွေ့မှုရှိခဲ့သည်၊ဒါတောင်ဗိုလ်ချုပ်ကြီးနှင့်တခါသာတွေ့ခဲ့ရသည်၊နီးနီးစပ်စပ်မဟုတ်ခဲ့၊ရုံးခန်းထဲချိတ်ထားသည့်ဓါတ်ပုံက ကျနော်အရပ်သားဖြစ်မှ သံတောင်ကိုစက်များတင်ပြီး လည်ပတ်ပေးနေချိန် ဒုချုပ်ကစက်ကိုလာစစ်ဆေးချိန်မှာပါလာခြင်းဖြစ်သည်၊ထိုအချိန်က ဗိုလ်ချုပ်ကြီတင်ဦးမှာ ကျနော့ကိုစစ်သားဟောင်းမှန်းမသိ ၊အရပ်သားတဦး၊ သည်စက်တွေကိုတပ်ဆင်နိုင်သူ လူငယ်လေးတယောက် သည်လိုဘဲမြင်ခဲ့သည်၊ သို့သော်ရဲဘော်ရဲဘက်တယောက်လို ဖက်လှဲတကင်းနွေးထွေးခဲ့သည်၊ကြိုးစားကွာငါ့သား ဟုပြောခဲ့သောS2ဧ။်အသံကို နားထဲကမထွက်၊သူရဟတ်ယာဉ်ပျက်ကျတော့ကျနော်ငိုခဲ့မိသည်၊တပ်မတော်မှာသည်လိုလူကြီးမျိုးဆုံးရှုံးသွားသည်ကိုနှမြောသဖြင့်ဖြစ်သည်၊

အခုကျနော့်ရုံးခန်းထဲမှာချိတ်ထားတာကလည်း သည်ပုံကကြည့်မိတိုင်း နွေးထွေးလုံခြုံမှုပေးသယောင်ထင်မိသည်၊ပြည်သူကို ကြီးငယ်မရွေးချစ်ခင်မှုပေးခဲ့သောတပ်မတော်အကြီးအကဲတယောက်ကိုမြင်ရသည်၊ သည်လိုပြောရင်းနှင့် ကျနော်ကသွေးတိုးစမ်းပြီးအိမ်ရှင်ဒုဗိုလ်ချုပ်ကြီးကိုမေးလိုက်မိသည် သံတောင်တုံးကဗိုလ်ချုပ်ကြီးတင်ဦးတို့လာတုံးက အဘလည်းပါတယ်နော်လို့၊သူကဟုတ်တယ် ကိုယ်ကသံတောင်ကျောင်းတွေစလုပ်ကထဲကတာဝန်အရှိဆုံးဖြစ်နေတော့ သံတောင်ကိုအခါခါရောက်တယ်၊လူကြီးတွေလာတိုင်းလည်းပါတယ်ဖြေသည်၊်၊တဆက်ထည်းကိုဝင်းအောင်တင့်ဇနီ်းတောင်ဟိုတလောကဆုံးသွားပြီ ကိုယ်တောင်နာရေးသွားလိုက်သေးတယ်လို့ပြောသည်၊တခဏစကားရပ်သွားပြီးဗိုလ်ချုပ်ကြိးကစကားဆိုသည်၊ ဟိုတလော မင်္ဂလာဆောင်တခုမှာလူတယောက်ကလာနုတ်ဆက်တယ်၊ဗိုလ်ချုပ်ကြီးနေကောင်းလားဆိုတော့ ကိုလည်းနေကောင်းပါတယ်ပေါ့၊ သူကမေးပြန်တယ်၊ဗိုလ်ချုပ်ကြီးကျနော့ကိုမှတ်မိသလားဆိုတော့ အင်းခပ်ဝါးဝါးဘဲဆိုတော့သူရီတယ်၊နောက်မှ သူက တလောကနားသွားတဲ့ကျန်းမာရေးဝန်ကြီးဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးကလောမှာတုံးက အတင်းကျနော်တို့စစ်ဆရာဝန်ပေါက်စ(၃)ယောက်ကိုဂေါက်ရိုက်ခိုင်းခဲ့တာရောမှတ်မိလား၊အဲသည်တုံးကမရိုက်ခြင်ရိုက်ခြင်နဲ့ဗိုလ်ချုပ်ကြီးအတင်းရိုက်ခိုင်းလိုကျနော်တို့ရိုက်ခဲ့ရတာ၊အခုတော့ရိုက်လည်းရိုက်တတ်ပြီဆိုတော့ဂေါက်ကွင်းထဲကကိုမတက်ခြင်တော့ဘူးတဲ့၊ပြောသာပြောရတာကိုယ်လည်းရေးတေးတေးဘဲ အဲ့သည်ဝန်ကြီးအမည်တောင်အခုပြန်မမှတ်မိတောဘူးပြောပါသည်၊ ကျနော်က နားသွားတဲ့ကျန်းမာရေးဝန်ကြီး ဆိုရင်ဒေါက်တာဖေသက်ခင်လား ဆိုတော့ ဟူတ်မယ်ထင်ထာဘဲလို့ဖြေသည်၊

ဒုဗိုလ်ချုပ်ကြီးခင်မျာ မနေ့တနေ့ကတွေ့လာသော ၀န်ကြီးဟောင်းကိုပင်မမှတ်မိနိုင်တော့ချေ၊ ထွေရာလေးပါးလုပ်ငန်းအကြောင်းတွေပြောရင်း ကျနော်စကားဆိုမိပြန်သည်၊ အဘ လင်းခေးဖက်ရောနေခဲ့ဘူးတယ်နော် ဆိုတော့ ဟုတ်တယ် ကိုယ်နေခဲ့ဘူးတယ်၊တဲ့ ကျနော်က ကျနော့ဘကြီးက အဘနဲ့နေခဲ့ဘူးတယ်လို့ပြောဘူးတယ်၊နောက်ကျနော့ဘကြီး ပြည်က တပ်မ၆၆မှာ ဌာနချုပ်တပ်ခွဲမှုးလုပ်တော့ အဘကျနော်တို့အိမ်လာဘူးတယ်၊ဆိုတော့ သူကျနော့ကိုပြူးကြည့်ပါသည် ခင်ဗျားဘကြီးကဘယ်သူလည်းမေးပါသည်၊ ကျနော်ကဗိုလ်မှုးခင်မောင်ဦးပါဆိုတော့ သူစဉ်းစားဟန်ပြုပြီးနေဦးသှူု့ဘီစီိက ၉၃အစဟုတ်လားဆိုတော့ကျနော်က စုတ်တယ်အဘ၉၃၉၀ ပါဆိုတော့၊သူဆုံးသွားပြီမို့လားဆိုတောံ့ ကျနော်ကဟုတ်တယ်အဘ ကျနော်ဗိုလ်ဖြစ်တဲ့နှစ်၁၉၈၆်မှာဘဲ ဆီးချိုနဲ့ဆုံးတာပြောလိုက်သည်။ မင်းကြီးတောင်ခြေကအိမ်မှာခင်ဗျားလိုက်နေဘူးသေးလားမေးပြန်သည်၊ကျနော်က့ နွေရာသီကျောင်းပိတ်ရက် ရောက်နေတာပါပြောလိုက်သည်၊ 

အဲသည်အဘကဘဲဆက်ပြီးခင်ဗျားတို့နဲ့ကပ်လျှက်အိမ်ကသူရောမှတ်မိသေးလားမေးသည်၊၊ကျနော်က ဦးခင်အောင်မြင့် ဆိုတော့ သူကခေါင်းတဆိပ်ဆိပ်ညိမ့်လို့ဟုတ်တယ် အဲသည်တုံးက ကိုခင်အောင်မြင့်က ဗိုလ်ကြီးရှိသေးတယ်ပြောသည်၊


ကျနော်ဆိုခြင်တာက ကျနော့ဘကြီးဆုံးပြီးမှတွေ့တဲ့ ဆရာဝန်လေး၊မကြာခင်ကအနားယူသွားတဲ့ဝန်ကြီး မနေ့တနေ့က လာနုတ်ဆက်တဲ့လူ ကိုမမှတ်မိဘဲ ၁၉၈၆ကထည်းဆုံးသွားတဲ့ ကျနော့ဘကြီးကို တပတ်စဉ်ထဲလည်းမဟုတ်၊ဗိုလ်ဖြစ်လာတဲ့ကျောင်းခြင်းကလည်းမတူဘဲနဲ့ဘီစီကအစမှတ်မိတယ်ဆိုတာ ထူးဆန်းမနေဘူးလား၊


တခုဘဲပြောခြင်ပါသည်။

စစ်သားအချင်းချင်းကြားမှာ ရဲဘော်စိတ်ကသွေးနဲ့စုစည်းချည်နှောင်ထားသည်၊
ဘယ်လောက်ပဲကြာကြာမြဲပါသည်
ဟုတ်ကဲ့----------သွေးသည်ရေထက်လည်းပြစ်ပါသည်----------၊

သွေးနဲ့ ရင်းတဲ့မြေ (၂)

$
0
0


သွေးခင်းလမ်းရဲ့ နိဒါန်း

ဒေါနတောင်ရှေ့ခြမ်း ကဆာနလီတောင်ကြောကြီးပေါ်ဝယ် ဒုတိယဗိုလ်မှူးကြီး သီဟသူရကျော်ညွန့်ဦးစီးခလရ(၇၆) စစ်ကြောင်း(၁) ဌာနချုပ်သည် အခြေပြုကာ မဲသဝေါ ဒေသကြီး လုံခြုံရေးကိုဆောင်ရွက်လျက်ရှိသည်။

ခလရ(၇၆) သည် အံ့ကျော်ကုန်း ၊ မဲသဝေါပင်မကုန်းနှင့် ကဆာနလီ တောင်ကြောတလျောက်တွင် ဖြန့်ခွဲထား သည်။ မဲသဝေါပင်မကုန်းတွင်ဒုတပ်ရင်းမှူးဗိုလ်မှူး ထွန်းမြင့် ၏ စက(၂) ကထိုင်ထားလျက်ရှိသည်။

သေနတ်ကိုင်တပ်ခွဲ(၅) ခွဲတွင် တပ်ခွဲ(၁)ခွဲမှာ loc ဖြစ်သော ရှမ်းရွာသစ်လခရယူထားရသဖြင့်မဲသဝေါဒေသကြီး တစ်ခုလုံးတွင် ခလရ(၇၆) စစ်ကြောင်း(၂)ကြောင်း ၂ ကြောင်း တိုက်ခိုက်ရေးတပ်ခွဲ ၄ခွဲသာ ဖြန့်ကျက်ထားသဖြင့် မနိုင်ဝန်ထမ်းထားရသောအခြေအနေပင်ဖြစ်သည်။တပ်ထပ်မံဖြန့်တင်းရန်မှာလည်း ဘယ်လိုမှမျှော်လင့် မရသောအခြေအနေ။

နယ်စပ်တစ်လျောက်ရှိ ကေအင်ယူ စခန်းများအား တပ်မ(၄၄)နှင့် တပ်မ(၆၆) ကရင်ဆိုင်ထိန်းချုပ်ထားလျက်ရှိသည်။ခလရ(၇၆)သည် တပ်မ(၆၆) လက်အောက်ခံတပ်ဖြစ်သည်။
ထိုအချိန်တွင် ကက(ကြည်း) မှ တိုက်ရိုက်ကိုင်တွယ်သော လ၀-၁ အဆင့်ရှိ တပ်လဲလှယ်ရေး အစီအစဉ်စတင်ချေပီ။ယခင်က ကေအင်ယူတပ်မဟာ(၇)အား တပ်မ(၆၆)ကရင်ဆိုင်ထားရာမှ ယခု မဲသဝေါဒေသကြီးသို့ တပ်မ(၄၄) တပ်များမှလာရောက်လဲလှယ်မည်ဖြစ်သည် ယခင် (၆၆)နှင့်(၄၄) ရင်ဆိုင်ထားရသော ဒေါနတောင်ရှေ့ခြမ်းဒေသကြီးအား တပ်မ(၄၄) တပ်မတစ်မကသာ ကိုင်တွယ်တော့မည်ဖြစ်သည်။

(၆၆)ရဲဘော်များက နောက်တန်းပြန်ရမည်ယူဆကာ ပျော်ကြသည်။ သို့သော်လည်း------------------
(၆၆)သည်နောက်တန်းပြန်ရမည်မဟုတ် ဒေါနတောင်တန်းနောက်ခြမ်းဒေသ ကြီး ရှိ လပခ(ယခုတပခ)တပ်များနှင့်တာဝန်လဲရမည် အဆိုပါ လပခတပ်များသည်လည်း အိမ်ပြန်ရမည်မဟုတ် မြို့ပေါ်တွင် ဆူပူမှုနှိမ်နင်းရေးတာဝန်များထမ်းဆောင်ရတော့မည်ဖြစ်သည်။

စင်စစ်တပ်မတော်သည် ရန်သူနှင့်ရင်ဆိုင်ထားရသော တိုက်ခိုက်ရေးတပ်ရင်း(၁၀)ရင်းအားထုတ်နှုတ်ကာ မြို့ပေါ်ရှိအခြေအနေများကိုထိန်းရန်ပင်ဖြစ်ချေသည်။

ငှက်ဖျားနှင့် ကျည်ဆံ

၁၉၈၈ခုနှစ် ၊စက်တင်ဘာ ၂၅ရက်နေ့

ခလရ(၇၆) တပ်ခွဲ(၁) မှ ဗိုလ်စိုင်းအုန်းမောင်ဦးစီး (၁၇)ဦးသာရှိသောတပ်စု လေးသည် မိုးတစိမ့်စိမ့်ရွာသွန်းသောကြောင့် မိုးရေဖြင့်အိနေသော သစ်လုံးမြေစိုက်ဘန်ကာများအတွင်း ရွံ့ အလူးလူးဖြင့် မိုးဒဏ်ကို ပေခံနေရသည်။ အရာရှိစစ်သည် (၁၈)ဦးအနက် ငှက်ဖျား မဖျားဖူးသူမ၇ှိတော့ လက်တလော တွင်ပင်စစ်သည် ၄ဦး အိပ်ယာထဲလဲနေသည် ကျန်သူများကလည်း အဟာရမပြည့် ၀မှု မိုးဒဏ် ငှက်ဖျားဒဏ်တို့ကြောင့် စိတ်ဓာတ်ပိုင်းဆိုင်ရာမှာအားရစရာမရှိ တပ်စုမှုးဗိုလ်စိုင်းအုန်းမောင်ကိုယ်တိုင် နာလန်ထလာသည်မှာမကြာသေး။

စက်တင်ဘာ လ(၂၆) နံနက်(၁)နာရီ

ကရင်ပြည်နယ်၏မိုးသည် အညှာတာမဲ့ သဲကြီးမဲကြီး ရွာသွန်းနေသည်။ ဘန်ကာများ သစ်လုံးများအတွင်း မှမိုးရေများစိမ့်ကျလာသည် ဆက်သွယ်ရေးမြောင်းများအတွင်းရေကအပြည့် ရေစက်ရေပေါက်များက အံ့ကျော်ကုန်းစခန်းလေးသို့ ပြင်းတန်စွာရိုက်ခတ်နေသည်။ ကင်းရဲဘော်များသည် မိုးဒဏ်အချမ်းဒဏ် ငှက်ဖျား ဒဏ်များကိုအလူးအလဲ --------------------------------------- ပိန်းပိတ်နေသောပတ်ဝန်းကျင်သည် တချက်တချက်လျပ်စီး ပြက်မှသာ ထင်ထင်လင်းလင်းတွေ့ရသည်။

ဖောက် မိုးရေဖြင့် နူးအိနေသော အံ့ကျော်ကုန်းလေးသည် ရုတ်ခြည်းလင်းသွားသည် လေထီးမီးကျည် ပစါဖောက်လိုက်သံနှင့်အတူ နောက်ကလိုက်လာသည်ကား ၈၂ မမစိန်ပြောင်းကြီး များကျရောက်ပေါက်ကွဲသံ ဆက်တိုက်လာသည် RPG လောင်ချာများပစ်ခတ်မှု လောင်ချာထိပ်ဖူး မီးတန်းအဆုံးမိုးရေဖြင့် အိကျနေသောဘမ်ကာများ ပေါက်ကွဲသံ

နံနက် ၀၁ ၃၀ ရန်သူသည်တညလုံးမိုးရေထဲချည်းကပ်ကာကင်းလဲချိန်တွင် တိုက်ခိုက်ပေပီ တပ်မဟာ(၇) အင်အား ၃၀၀ အား ၁၇ ဦးသော တပ်စုလေးဘယ်လိုမှမခံနိုင် ၈၂မမ စိန်ပြောင်းကျည်များကမိုးသီးမိုးပေါက်မပါ ဘန်ကာများတလုံးပြီးတလုံး ပြိုဆင်းကုန်သည်

ရန်သူသည် တရမ်ကြမ်းပစ်ခတ်မှု အတင် နာရီဝက်အတွင်း စခန်းပေါ် ဖိတက်လာသည်။
တပ်စုမှုး ၏အမိန့်ပေးသံမကြားရတော့ စစ်သည် (၁၂)ဦးသည် ကစဥ့်ကလျားပင်ဆုတ်ခွာရတော့သည် စခန်းပေါ်တွင် ဗိုလ်စိုင်းအုန်းမောင်နှင့် စစ်သည်(၅)ဦး ကျကျရစ်ခဲ့ချေသည်။

တိုက်ပွဲဖြစ်သည်နှင့် ပွိုင့် ၁၇၇၈ မှလှုပ်ရှားတပ်ခွဲ(၂)နှင့် တပ်စု(၂)စုသည် ချက်ချင်း အံ့ကျော်ကုန်း အားတက်ရောက်ကာစစ်ကူ လိုကသော်လည်း --------------

အံ့ကျော်ကုန်းအားသိမ်းပိုက်ပီးသော ရန်သူများ၏ ချေမှုန်းမှုကြောင့် အထိခိုက်များစွာဖြင့် ပွိုင့် ၁၇၇၈ သို့ပြန်လည်ဆုတ်ခွာ ရာ ၁၇၇၈ သို့တက်ရောက်နေရာယူထားသောဂျော်ဖြူ ၏ ဖြတ်တောက်ရေးစစ်ကြောင်း မှဖြတ်တိုက်တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာကာ နံနက် ၀၇၀၀နာရီတွင် စက(၁)ဌာနချုပ်နှင့်ပြန်လည်ပူးပေါင်းနိုင်ခဲ့သည်
.
စက်တင်ဘာ(၂၆) ရက်နေ့အံ့ကျော်ကုန်းတိုက်ပွဲသည် ကေအင်ယူတို့၏ကာလရှည်ကြာစွာ ပြင်ဆင်ခဲ့သော သံလွင်နောက်ခြမ်းဒေသ လွတ်မြောက်ရေးနယ်မြေ ၇၇ှိရေးစစ်ဆင်ရေးကြီး၏ ပထမဆုံးအောင်ပွဲပင်ဖြစ်သည်။

တနည်းအားဖြင့် ကေအင်ယူတပ်မဟာ(၇) ၊ အထူးတပ်ရင်း(၁၀၁) (၁၀၂)နှင့် တပ်မဟာ(၆)အင်အားစုအချို့စုပေါင်းထားသော တိုက်ခိုက်ရေးအင်အား စု(၁၀၀၀)ကျော်၏ မဲသဝေါဒေသစစ်ဆင်ရေးအစပင်တည်

သောင်ရင်းမြစ် အရှေ့ဘက်ခြမ်းယိုးဒယားနိုင်ငံအတွင်းတွင် ခဲယမ်းတင် ကားကြီးများသွားလာသံက နေ့ညမပြတ် လက်နက်များက အမဲဆီပင် မကျွတ်သေးသော ပါရာပစ္စတိုများမှအစ ၁၂၀ မမ စိန်ပြောင်းကြီးများ အထိ

စင်စစ်တော့ ကေအင်ယူတို့၏ အင်အားကုန်ထုတ်သုံးသောမဆုံးနိုင်သောသွေးခ်းလမ်း၏နိဒါန်းပင်တည်း။

(ဆက်ရန်)
(ကြယ်နီ)

ရေမြေခြားလျှက် ကျောက်ဆူးနှစ်လက် အပိုင်း(၆)

$
0
0

===========
အဆောင်ကိုပြန်ရောက်တော့ မိုးယံထက်တစ်ယောက် စိတ်တော်တော်လေနေပြီ....။
ယူနီဖောင်းအဖြူကားမပြင်ရသေး..။ ယူနီဖောင်းကိုစိတ်မပါလက်မပါပြင်ဆင်ရင်းနှင့်
သက်ပြင်းမောတွေကတချချ…. ယူနီဖောင်ပြင်ပြီးတော့ ချက်ချင်းရေမချိုးဖြစ်သေး.......
ဆေးလိပ်တစ်လိပ်ကိုဖွာရှိုက်ရင်း ထွက်လာသောမီးခိုးငွေ့များကို အဓိပ္ပာယ်မဲ့လိုက်
ကြည့်နေမိသည်။ တလိပ်ကုန်သွားတော့နောက်တလိပ်...


“ဟာ..မီးလောင်နေတာလားဟေ့”

“အော် အကိုကြီး ညီပျင်းပျင်းရှိလို့ပါဗျာ”

“နင့်အဘ ပျင်းနေ ဟိုမှာ လူကြီးတွေရောက်နေပြီ မြန်မြန်လုပ်တော့”

“ဟုတ် အကို ဟုတ်”

ကိုဇေယျာမင်းရောက်လာပြီး ဆော်သြတော့မှပင် တက်သုတ်ရိုက်ပြင်ဆင်ရတော့
သည်။ လူကြီးတွေရောက်လာပြီဆိုတော့ ညစားစာပွဲအတွက်နိမ်းပလိတ်တွေရေးပေး
ရဦးမည်လေ။ ရေမိုးချိုးယူနီဖောင်းလဲပြီး ကိုဇေယျာမင်းနှင့်အတူ ဆိပ်ကမ်းသို့ချီတက်
ရလေတော့သည်။ ဟိုရောက်တော့ မိမိတို့ဘက်က ညစာစားပွဲတက်မည့် လူကြီးများ
တော်တော်စုံနေပြီ။ ညီအစ်ကိုနှစ်ယောက် နိမ်းပလိတ်ကို အမြန်ရေးရသည်.။ လုပ်သာ
လုပ်နေရသည်စိတ်နှင့်လူနှင့်မကပ်..။ သူ့အုပ်မှူးရောက်လာသဖြင့်အဆင့်နာမည်ရေး
ပြီး တပ်/ဌာနကိုရေးရာတွင် အကူရေယာဉ်အုပ်မှူးအား Sub. Flottila Commander
ဟုရေးမိလိုက်ရာ Submarine လားဟုမေပြီး ကိုရီးယားတွေတော်တော် အထင်ကြီး
ကုန်သည်။ ဆရာသမားကတော့ ခပ်တိုးတိုးလေးဆဲသွားလေတော့သည်။

ညစာစားပွဲစ၍ လူကြီးများအကုန်တက်သွားတော့မှ နောက်ကလိုက်တက်ပြီး ဘားမှ
အရက်တစ်ခွက်ကိုယူကာ ချောင်အကျဆုံးစားပွဲတွင် ထိုင်ပြိးတစ်ယောက်ထဲသောက်
နေမိသည်။ ဒီချိန်လောက်ဆို သူမ ဂျန်းရှင်းစကွဲတွင် ဘာတွေလုပ်နေမလဲ ဘယ်သူနဲ့
ရှိနေမလဲတွေးနေမိသည်။ ခုနေသာ သူမအနားမှာနေရရင်ဘယ်လောက်ကောင်းလိုက်
မလဲ ရုပ်ရှင်လေးဘာလေးဝင်ကြည့်ရင်း စကားတွေဖောင်ဖွဲ့နေ၍ရသည်လေ...။ တွေး
ရင်းသောက်ရင်း တစ်ခွက်ကုန်သွားသဖြင့် နောက်တစ်ခွက်သွားယူ၍ ပြန်ထိုင်သောက်
ပြန်သည်။ ဒီညတော့မူးအောင်သောက်ပြီးအိပ်တော့မည်ဟူ၍လည်းတွေးလိုက်မိသည်။

“တစ်ယောက်ထဲလား ယံ”

“ဟင် Ying”

“ဘယ်လိုဖြစ်သွားတာလဲ သူရဲမြင်တဲ့အတိုင်းပဲ မထိုင်ခိုင်းတော့ဘူးလား ဒါမှမဟုတ် မဒမ်
ပါလို့လား”

“မဟုတ်ပါဘူး Ying ရယ် ဒီမှာတွေ့ရမယ်မထင်လို့ပါ။ ထိုင်ပါ... မဒမ်မရှိပါဘူး။ တစ်ကိုယ်
ထဲသမားပါ”

“အော်....”

အသံချိုချိုလေးနှင့်အတူ နံဘေးသို့ရောက်လာသော Ying။ မိုးယံထက်အတွက်ကတော့
အရာရာအားလုံးပြည့်စုံသွားလေပြီ။ သူမလက်ထဲတွင်လဲ အရက်ခွက်နှင့်မလို့ သူ့ခွက်ကို
မြောက်ပြီး cheerလုပ်လိုက်သည်။ သူမကပြန် cheerလုပ်ရင်းလက်ထဲကခွက်ကို တချက်
ထဲမော့ချလိုက်ကာ ခွက်ကိုမှောက်ပြသည်။ အော် ဒလိုလားလို့ တွေးပြီး အားကျမခံ သူလဲ
သောက်ပြလိုက်သည်။ ၀ိုင်းပေါ်တွင်ချထားသော ကင်မ်ချီတဖတ်လောက်ကောက်မြည်း
လိုက်ပြီး စကားစမယ်လုပ်တော့ သူမက ခဏနော်ဆိုပြီးထထွက်သွားတော့ မိုးယံထက်
တစ်ယောက် ကြောင်တောင်တောင်ဖြစ်သွားသည်။ ခဏကြာမှ ဆိုဂျူးပုလင်းတလုံးနှင့်
အတူ ဆိုဂျူးခွက် နှစ်ခွက်ပါယူ၍ပြန်ရောက်လာသဖြင့် အရက်ထပ်သွားယူမှန်းသိလိုက်
ရသည်။ ဆိုဂျူးကိုစမ်းသောက်ဖူးသော်လဲ အနံပြင်းသဖြင့်မကြိုက်ဘူးဟု အမြဲပြောလေ့
ရှိသော မိုးယံထက်တစ်ယောက် ဆိုဂျူတစ်ခွက်ပြီးတခွက်သောက်ရင်း သူမနှင့် စကား
တွေဖောင်ဖွဲ့အောင် ပြောနေလေတော့သည်။

အချိန်တွေ့တရွေ့ရွေ့ ကုန်သွားသလို ညကလဲ နက်သထက် နက်လာလေပြီ။ သူနှင့်သူမ
နှစ်ဦးထဲသာထိုင်နေသော ၀ိုင်းတွင်လဲ ဆိုးဂျူးပုလင်းလွတ်များက တန်းစီလျက်ရှိနေသလို
ပြောစကားများကလဲ တဖြည်းဖြည်းနက်နဲလာနေတော့သည်။ အရက်ရှိန်ကြောင့်သူမမျက်
နှာတခုလုံးမှာလဲ နီရဲလျက်ရှိနေသည်။ ထိုချိန်မှာပင် ကိုရီးယားသံအမတ်၏ ကုံးကသီချင်းသံ
နှင့်အတူ သင်္ဘောတစီးလုံးမှာလဲ မြူးကြွလျက်ရှိနေပြီ။ သူမကဇတ်လေးလည်စောင်းကြည့်
နေရမှ ကရအောင်ဆိုပြီး လက်ဆွဲခေါ်သွားသဖြင့် လက်လေးချိုးကာချိုးကာနှင့်ကနေသော
လူဝိုင်းကြီးနားထိပါသွားရာမှ မနည်းပြန်ဆွဲခေါ်လာရသည်။

“Ying အဲဒါကျွန်တော်အထက်လူကြီးတွေ ကျွန်တော်သူတို့နဲ့သွားကလို့မဖြစ်ဘူးလေ”

“အာ ကျွန်မအထက်လူကြီးတွေလဲရှိတာပဲ ဘာလဲ ကျွန်မနဲ့မကချင်လို့လား”

“မဟုတ်ပါဘူး ကျွန်တော်က ဒီမှာတာဝန်နဲ့လေ သောက်တာတောင်တော်တော်လွန်နေပြီ
ဝင်ကလို့ဘယ်ဖြစ်ပါ့မလဲ”

“ဟုတ်လို့လား ဒါဆိုဒီနားမှာကမယ်”

“ကဲဗျာသဘောဗျာ”

ရှင်းပြမရသည်အဆုံး သောက်နေသာ ၀ိုင်းနားမှာပင် ကရလေတော့သည်။ ရှမ်းသီချင်းဆိုတော့
လဲရှမ်းလိုကရသည်ပေါ့။ ကိုယ်တိုင်လဲတတ်သလောက်မှတ်သလောက်ကရင်း သူမကိုလည်း
သင်ပေးရသေးသည်။ သီချင်းဆုံးတော့ ပြန်ထိုင်ရင်း ထပ်သောက်ဖြစ်သည်။ ခဏနေတော့
သောက်တာကိုရပ်ပြီး စားရန်ဘူဖေးတန်းစီရသည်။ ကိုရီးယာစာတွေဖြစ်သဖြင့် ဘာတွေကဘယ်
လိုအရသာရှိမှန်းမသိ။ ဘာရွေးထည့်ရရင်ကောင်းမလဲကြည့်ရင်တွေဝေနေသော မိုးယံထက်ကို
ကြည့်ပြီး Yingက သူမထည့်ယူသမျှ အကုန်လုံး မိုးယံထက် ပန်းကန်ထဲထည့်ပေးသည်။ ဒီလိုနဲ့
မိုးယံထက်တစ်ယောက် ကိုယ့်ပန်းကန်ကို ဘာတစ်ခုမှမထည့်လိုက်ရပဲ သူမထည့်ပေးတာနှင့်
သာပြည့်နှက်သွားသည်။ စားပွဲဝိုင်းမှာပြန်ထိုင်တော့ စားစရာတခုခြင်းကို ဘာအရသာရှိသည်
ဘယ်လိုလုပ်ထားတာ စသဖြင့် တခုခြင်းရှင်းပြနေသဖြင့်နားထောင်ရသေးသည်။ ကြက်သားလုံး
ဖြစ်ဟန်ရှိသော အသားလုံးကို ခရင်းနှင့်ထိုးယူက ရှင်းပြရင်း ဘယ်လိုစိတ်ကူးပေါက်သလဲမသိ
ခွံကျွေးသဖြင့် ဘေးဘီအခြေအနေကြည့်ကာစားလိုက်ရသည်။ သူလဲအားကျမခံ ပြန်ခွံကျွေးတော့
စားသည်။ စိတ်ထဲမှာ မသင်္ကာသလိုရှိသဖြင့် မျက်လုံးကစားလိုက်တော့ Yang က ကင်မရာကိုင်
ကာပြုံးဖြီးဖြီးကြည့်နေသည်ကိုတွေ့လိုက်ရသည်။ အရိုက်ခံလိုက်ရပြန်ပြီလေ…

စားသောက်ပြီးစီးချိန်တွင်တော့ ညစာစားပွဲလဲသိမ်း၍ တဖွဲဖွဲပြန်ကုန်ကျလေပြီ..။ မိုးယံထက်လဲ
နိမ်းပလိတ်တွေပြန်သိမ်းရင်း အလုပ်ရှုပ်ရပြန်သည်။ သူ့အုပ်မှူးက သူ့ကပ်ပြားကိုပြန်ပေးရင်း
ကောင်းစားနေတယ်ဟတ်လားလို့ပြောသွားသေးသည်။ သွားလေးဖြဲပြလိုက်တာကလွဲလို့...
ရှင်းပြချိန်တောင်မရ..အကုန်လုံးပြန်သွားတော့မှ သင်္ဘောပေါ်ကိုပြန်တက်ဖြစ်သည်။ အပေါ်ရောက်
တော့ ဗိုလ်လောင်းတစ်ဖွဲ့ကြီးရောက်လာကာ ဓာတ်ပုံရိုက်ချင်သည်ဟုဆိုလာသဖြင့် အရိုက်ခံရသေး
သည်။ လူတွေအကုန်လုံးရှဲသွားချိန်တွင်တော့ Ying ကအနားကပ်လာသည်။

“ယံ ဒီညဘာတာဝန်ရှိသေးလဲ”

“အင်း..... မရှိတော့ဘူးပြီးပြီလေ”

“ဒါဆိုရင် ကျွန်မအခန်းကိုလိုက်လည်ပါလား”

……………. (ဆက်ပါဦးမည်)
Top of Form



Po Sei Don Npg

သူနှင့် သူ၏အားသာချက်များ

$
0
0
ချစ်တော့ ချစ်တယ် အလိုမလိုက်ဘူး##### ဒီလိုပြောလို့သမီးရည်းစားကောင်မလေးက သူ့ကောင်လေး ကိုပြောတဲ့ စကား လို့မထင် ကြပါနဲ့။ မြန်မာ့ နိုင်ငံရေးလောက မှာဦးသန်းရွှေကအတိုက် အခံ တွေအပေါ်ကျင့်သုံးခဲ့တဲ့ မဟာဗျူဟာပဲ။ ဦးသန်းရွှေက သွေးအေးလေ တော့ အတိုက် အခံဘက်က လေကြီးလေကျယ်တွေနှင့်ကြုံး ဝါး တာတွေ ခြိမ်းချောက်တာတွေ တောင်းဆို တာတွေကို ဒေါသတကြီး တုံ့ပြန်လေ့ မရှိသလို လိုက်လျောလေ့ လည်း မရှိဘူး။  တောင်းဆိုမှုတွေ ထိပ်တိုက် ရင်ဆိုင် မှုတွေ ရှိတိုင်းမှာ စစ်တပ်မှာ သုံးတဲ့ နည်း ဗျူဟာ အတိုင်း စည်းသုံးတန်တား ပြီးစောင့်ကြည့်နေခဲ့တယ်။ ပထမစည်း ဒုတိယစည်း တွေ မှာစောင့်ကြည့် သည်းခံနေပေမယ့် နောက်ဆုံးစည်း မကျော်ခင်မှာ ချေမှုန်း ပြစ်တာပဲ။ မလုပ် ခင်မှာတော့ လုပ် လိုက်ရင် ဖြစ်လာ မည့် ရိုက် ခတ်မှုအတွက် ကြိုတင်ပြင်ဆင် ပြီးသား ဖြစ်လို့ ပြဿနာ ကို နိုင်နိုင်နင်းနင်းကိုင်တွယ် နိုင်လေ့ ရှိတယ်။ အဆိုးဆုံးအခြေအနေကို တွက်ဆထားလေ့ ရှိ တော့ သူ့အတွက် အဆုံးသတ်မှာအနိုင်ရသွား တာများတယ်။ တောင်းဆိုမှုတွေ ညှိနှိုင်းမှုတွေမှာ တိုက်ရိုက်ပြင်းပြင်းထန်ထန် မငြင်းပယ် ဘဲ လမ်းလွှဲပြီး တဖက်က သွေးအေးသွား ချိန်ကိုစောင့်လေ့ ရှိတယ် ။ တခါတရံမှာ ယောင်ပြလှည့်စား မှု အနေနဲ့ သဘောတူမယ်ပြောဆိုပြီးမှသူ့ဖက်က ကိုချိန်ခွင်ညှာ စောင်းလာ ချိန်မှာ ဆုံးဖြတ်ချက်ကို ပြောင်းပြန် ဖြစ်အောင်ပြောင်းပြစ် တတ်တယ်။ ချိန်ခွင်ညှာ စောင်းလာအောင် ဖန်တီးနိုင်မှု ဟာ သူ့လက်ထဲရှိနေတာကို သတိမမူ တတ်တဲ့ အတိုက်အခံတွေ ရဲ့ ညံ့ဖျင်း မှုကို အခွင့်ကောင်း ယူ ခဲ့တာပဲ။ လူတွေ ရဲ့သွေးပူတုန်းခဏ တက်ကြွပြီး ဇွဲမကောင်း တတ်တာ ကာလ ရှည် အစီအမံ နှင့် အနာဂတ် စီမံကိန်း မရှိ ဘဲလုပ်နေကြတာကို သိလို့အချိန်ဆွဲတဲ့နည်းကိုတွင်တွင် သုံးခဲ့တာပါ။ နိုင်ငံရေးလုပ် ပြီးအစိုးရကို ဆန့်ကျင်နေတဲ့ သူတွေက ကိုယ့် ကိုယ်ပိုင်စီးပွား ရေး ကို အောင် မြင်အောင် မလုပ်နိုင်တဲ့သူတွေ ဖြစ်နေတာရယ် သူက နှောက်ယှက် လိုက်လို့ အနေအစား ပျက်သွား တဲ့ အခါ ယုံကြည် ချက်ခံယူ ချက် လျော့ ရဲလာသလို မလျော့ရဲသူကလည်း စားဝတ် နေရေး ကို ပြန်ငဲ့နေရ တဲ့အတွက် လုပ်ငန်းတွေ အောင်မြင် အောင် မလုပ်နိုင်တော့ပါဘူး။ ဒီကြား ထဲထောက်လှမ်းရေးကို ခိုင်းပြီး အတိုက်အခံထဲက ၉၀ ရွေးကောက်ပွဲ  အနိုင်ရအမတ်တွေကို ဖဲ့ထုတ်စည်းရုံး နိုင်တဲ့ဖြစ်စဉ်တွေ လည်းရှိခဲ့ပါတယ် ။ အမျိုးသား ညီလာခံတက် လာတဲ့လူတွေ အချို့က ဦးခင်ညွန့်စည်းရုံးခဲ့တဲ့လူ တွေပါပဲ။ ဒီအကြောင်းကို သတ်သတ်ရေးပါဦးမယ်။ အမျိုးသားညီလာခံကြီးကို ဆယ်နှစ် လောက်ကြာအောင် ကျင်းပ သွားတာ ဟာ သူ့ရဲ့အပျော့ဆွဲနည်းတစ်ခုပါပဲ ဒီကြား ထဲ အတိုက်အခံ၏ မပါးနပ် မှုက သူ့ခွင်ထဲကို ဝင်သွား စေတဲ့အချက်ပါ။ ဒေါ်စုကြည်နှင့်ပတ်သတ်ရင် လည်းထိုနည်း၎င်း ပါပဲ။  တွေ့ဆုံဆွေးနွေးမှု တွေကို ကြား လူတွေနှင့် အကြိမ်ပေါင်းများစွာ လုပ်ခဲ့ပါတယ် ။ ဒေါ်စုကြည် ဖက်ကလည်း အမေရိကန်သံရုံး ယာယီတာဝန်ခံ အမျိုး သမီးနှင့်တွေ့ပြီး ချိန် ဗြိတိသျှ သံအမတ်နှင့် တွေ့ပြီး ချိန်တွေ မှာ တောင်းဆိုမှုအသစ် တွေ ငြင်းပယ် မှု အသစ်တွေ ထွက်လာ သလို တိုက်ကွက် အသစ်တွေလည်း ထပ် ထွက် လာလေ့ရှိတယ်။ ဒါပေမယ့် ဘဘကြီး၏ မပြောင်းလဲတဲ့ဗျူဟာ ကတော့ တောင်းဆိုသမျှ ဆန်ရှင်လုပ်သမျှ ကို အပျော့နည်း အမာနည်းတွေသုံးပြီး လမ်းလွှဲ ကြံ့ ကြံ့ခံထား တဲ့နည်းပါပဲ။ ဦးသန်းရွှေကံကောင်း ပြီးမြန်မာပြည် ကံဆိုး တာလား ဒါမှ မဟုတ် ဒီထက်ဆိုး မည့်သူလက်ထဲ မရောက် ဖို့အကြောင်း ဖန်လာသလား တော့မသိဘူး။  မြန်မာပြည်က အခက်အခဲတွေကြားရှိ နေတဲ့ အခြေအနေကနေ ကျောက်မျက် က သစ်က ရတဲ့ငွေ ထက်အဆ များများ သာတဲ့ ဂက်စ်တွေ တွေ့ခဲ့တာရယ် တရုတ်ကြီးနှင့် ရုရှက အမေရိကန် ကို သြဇာ မခံသူအဖြစ်ထောက်ပံ့ခဲ့တာ တွေက သူ့ကို အသက်ဆက်စေခဲ့တာ ပါပဲ။  သူ့ရဲ့ဘုန်းကံနှင့် တိုင်းပြည်ရဲ့ကံ ကြမ္မာ တွဲ နေတာ ပေါ့ ။ စာရှည် ရှည်မဖတ် ချင်သူများ အတွက် ပိုင်းပြီးရေးပါမည် နောက်ဆက်တွဲမျှော်ပါ Tag တွဲစေချင် သူများ မန့်ခဲ့ပါ မှတ်ပြီး Tag ပေးပါမည်။

ချစ်တော့ ချစ်တယ် အလိုမလိုက်ဘူး#####
ဒီလိုပြောလို့သမီးရည်းစားကောင်မလေးက သူ့ကောင်လေး ကိုပြောတဲ့ စကား လို့မထင် ကြပါနဲ့။
မြန်မာ့ နိုင်ငံရေးလောက မှာဦးသန်းရွှေကအတိုက် အခံ တွေအပေါ်ကျင့်သုံးခဲ့တဲ့ မဟာဗျူဟာပဲ။
ဦးသန်းရွှေက သွေးအေးလေ တော့ အတိုက် အခံဘက်က လေကြီးလေကျယ်တွေနှင့်ကြုံး ဝါး တာတွေ ခြိမ်းချောက်တာတွေ တောင်းဆို တာတွေကို ဒေါသတကြီး တုံ့ပြန်လေ့ မရှိသလို လိုက်လျောလေ့ လည်း မရှိဘူး။
တောင်းဆိုမှုတွေ ထိပ်တိုက် ရင်ဆိုင် မှုတွေ ရှိတိုင်းမှာ စစ်တပ်မှာ သုံးတဲ့ နည်း ဗျူဟာ အတိုင်း စည်းသုံးတန်တား ပြီးစောင့်ကြည့်နေခဲ့တယ်။

ပထမစည်း ဒုတိယစည်း တွေ မှာစောင့်ကြည့် သည်းခံနေပေမယ့် နောက်ဆုံးစည်း မကျော်ခင်မှာ ချေမှုန်း ပြစ်တာပဲ။
မလုပ် ခင်မှာတော့ လုပ် လိုက်ရင် ဖြစ်လာ မည့် ရိုက် ခတ်မှုအတွက် ကြိုတင်ပြင်ဆင် ပြီးသား ဖြစ်လို့ ပြဿနာ ကို နိုင်နိုင်နင်းနင်းကိုင်တွယ် နိုင်လေ့ ရှိတယ်။

အဆိုးဆုံးအခြေအနေကို တွက်ဆထားလေ့ ရှိ တော့ သူ့အတွက် အဆုံးသတ်မှာအနိုင်ရသွား တာများတယ်။
တောင်းဆိုမှုတွေ ညှိနှိုင်းမှုတွေမှာ တိုက်ရိုက်ပြင်းပြင်းထန်ထန် မငြင်းပယ် ဘဲ လမ်းလွှဲပြီး တဖက်က သွေးအေးသွား ချိန်ကိုစောင့်လေ့ ရှိတယ် ။

တခါတရံမှာ ယောင်ပြလှည့်စား မှု အနေနဲ့ သဘောတူမယ်ပြောဆိုပြီးမှသူ့ဖက်က ကိုချိန်ခွင်ညှာ စောင်းလာ ချိန်မှာ ဆုံးဖြတ်ချက်ကို ပြောင်းပြန် ဖြစ်အောင်ပြောင်းပြစ် တတ်တယ်။

ချိန်ခွင်ညှာ စောင်းလာအောင် ဖန်တီးနိုင်မှု ဟာ သူ့လက်ထဲရှိနေတာကို သတိမမူ တတ်တဲ့ အတိုက်အခံတွေ ရဲ့ ညံ့ဖျင်း မှုကို အခွင့်ကောင်း ယူ ခဲ့တာပဲ။

လူတွေ ရဲ့သွေးပူတုန်းခဏ တက်ကြွပြီး ဇွဲမကောင်း တတ်တာ ကာလ ရှည် အစီအမံ နှင့် အနာဂတ် စီမံကိန်း မရှိ ဘဲလုပ်နေကြတာကို သိလို့အချိန်ဆွဲတဲ့နည်းကိုတွင်တွင် သုံးခဲ့တာပါ။

နိုင်ငံရေးလုပ် ပြီးအစိုးရကို ဆန့်ကျင်နေတဲ့ သူတွေက ကိုယ့် ကိုယ်ပိုင်စီးပွား ရေး ကို အောင် မြင်အောင် မလုပ်နိုင်တဲ့သူတွေ ဖြစ်နေတာရယ် သူက နှောက်ယှက် လိုက်လို့ အနေအစား ပျက်သွား တဲ့ အခါ ယုံကြည် ချက်ခံယူ ချက် လျော့ ရဲလာသလို မလျော့ရဲသူကလည်း စားဝတ် နေရေး ကို ပြန်ငဲ့နေရ တဲ့အတွက် လုပ်ငန်းတွေ အောင်မြင် အောင် မလုပ်နိုင်တော့ပါဘူး။

ဒီကြား ထဲထောက်လှမ်းရေးကို ခိုင်းပြီး
အတိုက်အခံထဲက ၉၀ ရွေးကောက်ပွဲ
အနိုင်ရအမတ်တွေကို ဖဲ့ထုတ်စည်းရုံး
နိုင်တဲ့ဖြစ်စဉ်တွေ လည်းရှိခဲ့ပါတယ် ။

အမျိုးသား ညီလာခံတက် လာတဲ့လူတွေ အချို့က ဦးခင်ညွန့်စည်းရုံးခဲ့တဲ့လူ တွေပါပဲ။ ဒီအကြောင်းကို သတ်သတ်ရေးပါဦးမယ်။

အမျိုးသားညီလာခံကြီးကို ဆယ်နှစ်
လောက်ကြာအောင် ကျင်းပ သွားတာ ဟာ သူ့ရဲ့အပျော့ဆွဲနည်းတစ်ခုပါပဲ ဒီကြား ထဲ အတိုက်အခံ၏ မပါးနပ် မှုက သူ့ခွင်ထဲကို ဝင်သွား စေတဲ့အချက်ပါ။

ဒေါ်စုကြည်နှင့်ပတ်သတ်ရင် လည်းထိုနည်း၎င်း ပါပဲ။
တွေ့ဆုံဆွေးနွေးမှု တွေကို ကြား လူတွေနှင့် အကြိမ်ပေါင်းများစွာ လုပ်ခဲ့ပါတယ် ။
ဒေါ်စုကြည် ဖက်ကလည်း အမေရိကန်သံရုံး ယာယီတာဝန်ခံ အမျိုး သမီးနှင့်တွေ့ပြီး ချိန် ဗြိတိသျှ သံအမတ်နှင့် တွေ့ပြီး ချိန်တွေ မှာ တောင်းဆိုမှုအသစ် တွေ ငြင်းပယ် မှု အသစ်တွေ ထွက်လာ သလို တိုက်ကွက် အသစ်တွေလည်း ထပ် ထွက် လာလေ့ရှိတယ်။

ဒါပေမယ့် ဘဘကြီး၏ မပြောင်းလဲတဲ့ဗျူဟာ ကတော့ တောင်းဆိုသမျှ ဆန်ရှင်လုပ်သမျှ ကို အပျော့နည်း အမာနည်းတွေသုံးပြီး လမ်းလွှဲ ကြံ့
ကြံ့ခံထား တဲ့နည်းပါပဲ။

ဦးသန်းရွှေကံကောင်း ပြီးမြန်မာပြည် ကံဆိုး တာလား ဒါမှ မဟုတ် ဒီထက်ဆိုး မည့်သူလက်ထဲ မရောက် ဖို့အကြောင်း ဖန်လာသလား တော့မသိဘူး။ 

မြန်မာပြည်က အခက်အခဲတွေကြားရှိ နေတဲ့ အခြေအနေကနေ ကျောက်မျက် က သစ်က ရတဲ့ငွေ ထက်အဆ များများ သာတဲ့ ဂက်စ်တွေ တွေ့ခဲ့တာရယ် တရုတ်ကြီးနှင့် ရုရှက အမေရိကန် ကို သြဇာ မခံသူအဖြစ်ထောက်ပံ့ခဲ့တာ တွေက သူ့ကို အသက်ဆက်စေခဲ့တာ ပါပဲ။ 

သူ့ရဲ့ဘုန်းကံနှင့် တိုင်းပြည်ရဲ့ကံ ကြမ္မာ တွဲ နေတာ ပေါ့ ။ 

ဦးသန်းရွှေက အတိုက်အခံတွေကို နိုပ်ကွပ်ပြီး ငြိမ်အောင် ထိန်းသလိုပဲ တပ်မတော် အတွင်း မှာလည်း ပုန်ကန်မှု အာဏာသိမ်းမှု ဖြစ်မလာ အောင် ဆရာမွေး တပြည့် မွေး စနစ် အချင်းချင်း တိုက်ပေးတဲ့စနစ်တွေကို
သုံးခဲ့ပါသေးတယ် ။

တိတိကျကျ ပြန်ရေး လိုက်ရင် တချို့ ကာယကံရှင်တွေ သက်ရှိထင် ရှား ရှိနေသေး လို့ မြင်သာ ယုံပဲရေးပါမယ်။
PSO တွေ ခန့်တဲ့အခါ ဗိုလ်ကြီးအုန်းကျော်မြင့် ၏ အာဏာသိမ်း ဖြစ်စဉ်မျိုး ထပ်မဖြစ်အောင် တစ်ပတ်စဉ်ထဲ တွေများများ ခန့်မရ အောင် စီမံထား သလို ကျန်ရာထူး နေရာတွေ မှာလည်းတစ်ပတ်စဉ်ထဲ တွေ များများကို အရေးပါတဲ့အဓိက နေရာတွေ မရောက်အောင် လူချဲ ထား ပါတယ်။

စီနီယာ ဂျူနီယာ ကို ပြောင်းပြန် လုပ်ပြီး အခွင့်အရေး ပေး လိုက်တော့ သူ့အပေါ်သစ္စာ စောင့်သိသူ ပေါ် လာတာပေါ့ ။
အခု ကာချုပ်ကို တောင်ဒီနည်း နဲ့ စီနီယာတွေ ကျော်ပြီး မျိုးဆက်သစ် လုပ်ပေး ခဲ့တာပါ ။

အထူး သဖြင့် သူနှင့် အပတ်စဉ် အရမ်း ကွာသူကို ထားခြင်း ဖြင့် အဖေနှင့် သားလို ရိုသေမှုကို ရရှိစေခဲ့တာပါပဲ။
မတိမ်းမယိမ်း တွေ အား လုံးကို နိုပ်ကွပ် ခဲ့ခြင်း ဖြင့် သူ့အပေါ် မကျေနပ်မှုတွေကို လက်စား ချေ နိုင်မှာ မဟုတ်တော့ ပါဘူး။

DSA အပတ်စဉ် တစ် ကအဖွဲ့ထဲက လူတွေ တချို့က ဒီစီမံချက်ထဲပါသွား တာပါပဲ။
ဒါကိုလည်း ဦးခင်ညွန့်အပေါ် ပုံကျ အောင် လမ်း လွှဲ နိုင်ခဲ့သေးတယ။်

တပ်အတွင်းက ရာထူး အပြောင်းအရွှေ့ ကအရေးပါ တဲ့နေရာတွေကိုသာသူ
ကကိုင်ပြီး ကျန်တဲ့နေရာနှင့် နာမည်ပျက်နိုင်တဲ့ အရေး ယူ ရမည့် ကိစ္စ တွေကို ဒုချုပ်ကို လွှဲပေး ထား လေ့ရှိ တယ်။
အရေးပါတဲ့ရာထူး နေရာတွေကို ချထား ရာမှာ သူ့မိန်းမဆီ လက်ဆောင်ပဏ္ဍာ ပို့သ နိုင်သူ ထက် သူ့ကို သစ္စာ ရှိ မှုအား ထင်ထင် ရှားရှား ပြ နိုင်သူကို ဦးစားပေး နေရာချထား လေ့ရှိတယ် ။ 

ဒီလိုအခင်း အကျင်းကို အခြား သူ မတွက်ဆ နိုင်အောင် ကပ် လုပ်လေ့ ရှိသလို ကကထူးက စာရွက် ပေါ် ရိုက်ပြီးသား လက်မှတ် ထိုးယုံကို ပါးစပ် နှင့် ချက် ချင်း ပြန်ပြင် နိုင်လောက် အောင် လည်း အလှည့် အပြောင်း တော်လေ့ရှိတယ်။ ဆက်ရေးပါဦးမည်။ 

သွေးနဲ့ရင်းတဲ့မြေ(၃)

$
0
0
သွေးနဲ့ရင်းတဲ့မြေ(၃)  ဒုတိယအိုကီနာဝါ(သို့) တစ်ပေအတွက်အသက်တစ်ချောင်း  စစ်ဗျူဟာအရေးကြိး မြေများဖြစ်သော အံ့ကျော်ကုန်း နှင့် ပွိုင့် ၁၇၇၈ အားစွန့်လွှတ်လိုက်ရချိန်တွင် စစ်ကြောင်း(၁)ဌာနချုပ် ကဆာနလီတောင်ကြောကြီးသည် အကာကွယ်မဲ့ အနေထားသို့ရောက်ရှိသွားအခြေအနေပင်။  သို့သော်ညားတပ်ရင်းမှူး သည် သီဟသူရ စီစီဝမ်တာပန် တိုက်ပွဲကြီးတွင်သီဟသူရ ဘွဲ့ရရှိခဲ့သောတပ်ရင်းမှူးသည် သမရိုးကျစစ်ပွဲ များနှင့်အကျွမ်းဝင်ပီးသား လွယ်လွယ်နှင့်အလျော့မပေးတတ်  စက်တင်ဘာလ(၂၇)  ရှမ်းရွာသစ်တွင် လုံခြုံရေးယူထားသော တပ်ခွဲ(၃) အားပြန်လည်ခေါ်ယူလိုက်သဖြင့် အင်အား(၁၀၀)ခန့်တိုးလာချေပီ သို့သော်လည်း ရင်ဆိုင်နေရသော ရန်သူကား------------------  တပ်ရင်းမှူးသည် တပ်ရင်းအား တပ်စု(၈)စုထုတ်နှုတ်ကာ အံ့ကျော်ကုန်းအား တန်ပြန်တိုက်ခိုက်ရန်ပြင်ဆင်သည်။ ကဆာနလီတောင်ကြောပေါ် မှ လက်တက်ကြီးပစ်ကူယူကာ တပ်စုများအား ကိုယ်တိုင်ကွပ်ကဲကာ တက်လုံးရန်ပြင်ဆင်သည်။  စက်တင်ဘာ(၂၇) ရက် နေ့လည် (၁၃၀၀) နာရီ  ကဆာနလီကြောမှလက်နက်ကြီးပစ်ခတ်မှု စတင်သည် သို့သော် မိမိ က ၆၀မမ (၁)ချက်ပစ်လျင် ရန်သူက အံ့ကျော်ကုန်းမှလည်းကောင်း ပွိုင့် ၁၇၇၈ မှလည်းကောင်း ၈၂မမ စိန်ပြောင်းကြီးများဖြင့် (၁၀) ချက်ပြန်ပစ်သည် မိမိမှ ၃.၅ လက်မ လောင်ချာပစ်လျင် ရန်သူ့ RPG များမှ အစုလိုက် အပြုံလိုက်တန်ပြန်ပစ်ခတ်သည်။  ပစ်အားခြင်းမည်သိုကမှမယှဉ်နိုင်---------------  တပ်ရင်းမှူး ဦးစီး စစ်ကြောင်း(၁)ဌာနချုပ်နှင့် တပ်စု(၂)စုသည်  ပစ်ခတ်မှုအောက်မှပင်တရွေ့ရွေ့ချည်းကပ်သည် အထိအခိုက်များလှသည် သို့သော်လည်း တပ်ရင်းမှူးး ၏ဦးဆောင်မှု နောက်တွင် ထက်ကြပ်မကွာ  ဗိုလ်ကြီးသိန်းလွင်၏ တပ်ခွဲ(၅) နှင့် တပ်စု (၃)စုသည် လက်ယာဘက်တောင်ကျောတလျောက် ချည်းကပ်သည်။ တပ်ခွဲ(၅)ချည်းကပ်နိုင်ရန် ဗိုလ်သိန်းနိုင်၏ ထုတ်နှုတ် တပ်စု(၂)စုက လက်ဝဲ ဘက်မှထောင်ပြ လှုပ်ရှားသည်။  ကဆာနလီကျောပေါ်မှ ၇၅ မမ နောက်ပွင့်ရိုင်ဖယ်နှင့် ကားလ်ဂူးစတပ်လောင်ချာကြီးက အံ့ကျော်ကုန်းပေါ်သို့တိုက်ရိုက်ချိန်တွယ်ပစ်ခတ်လျက်ရှိသည်။သို့သော်ညား တိုက်ပွဲစတင်သည့် (၂၆၀ရက်နေ့မှစတင်ကာ ရန်သူသည် တစ်ရက်လျင် လ က်နက်ကြီး အချက်(၃၀၀)အထိပစ်ခတ်နိုင်ပီး .၅ စက်သေနတ်ကြီး အချက်(၅၀၀)မှ(၁၀၀၀)ထိပစ်ခတ်လျက်ရှိသည်။  စက်တင်ဘာလ(၂၇)ရက်နေ့တစ်နေ့လုံးပြင်းထန်စွာတိုက်ပွဲ ဖြစ်ပွားသည် မဲသဝေါဒေသကြီး တစ်ခုလုံးမီးခိုးလုံးများမဲမှောင်လျက် လက်နက်ကြီး/ငယ်သံခြိမ့်ခြိမ့် ညံ့လျက်  အထိခိုက်အကျအဆုံးများလှသဖြင့် တိုက်စစ်သည်ရပ်တ့လာသည် ခလရ(၇၆) ခြေကုပ်ရထားသောနေရာများတွင်  ကျင်းတူးကာအံ့ကျော်ကုန်းအားရင်ဆိုင်ထိန်းချုပ် ခြင်းသာတတ်နိုင်တော့သည်။  တဖြည်းဖြည်းမှောင်စပျိုးလာသည်နှင့် အမျှ ခလရ(၇၆) ၏ လက်နက်ကြီးသံတဖြည်းဖြည်းလျော့နည်းလာတော့သည်။ ခဲယမ်းကားကြောက်မက်ဖွယ် ကောင်းလောက် အောင်လျော့နည်းလာသည်။  စစ်သည်တစ်ဦးချင်းစီတွင် ကျည်ကပ် (၁)ကဒ်စီခန့်သာကျန်ရှိသောအချိန်တွင် ရန်သူ့ပစ်အားကားကြောက်ခမမ်းလိလိ  အံ့ကျော်ကုန်း ပွီုင့် ၁၇၇၈ ကုန်းများပေါ်မှ ပစ်ခတ်လိုက်သော .၅ စက်ကြီး ၏ မီးကျည်တန်းများကားတ၀င်းဝင်း------------------  စစ်သည်များကတုတ်ကျင်းများအားရောက်ရာခြေကုပ်တွင် တစ်နေ့လုံး တစ်ညလုံးပစ်ခတ်မှုအောက်တွင်တူးနေရသည်  ရန်သူသည်တောင်သုံးလုံးတောင်ကြောမှ အံ့ကျော်ကုန်းထိ ဆက်သွယ်ရေးမြောင်း၇ှည်ကြီးအား ၂၇ ရက် ၂၈ ရက်နေ့များတွင် အပြီးတူးဖော်နိုင်ပီး ထို ကတုတ်မြောင်းမှတဆင့် လူ လက်တက်ခဲယမ်းများအား အံ့ကျော်ကုန်းနှင့် ပွိုင့် ၁၇၇၈ သို့ တောက်လျောက်ဖြည့်တင်းလျက်ရှိသည်။  ဒုဗိုလ်မှူးကြီးသီဟသူရကျော်ညွှန့်သည် ဗိုလ်ကြီးသိန်း လွင်၏ တပ်ခွဲ(၅)အား စစ်ကြောင်း(၂) ၏မဲသဝေါပင်မကုန်းသို့ သွားရောက်လူနာပို့ကာ ခဲယမ်း ထုတ်ယူစေသည်။  အနီးဆု့းရင်ဆိုင်ထားရသော ဗိုလ်ကြီး သိန်းနိုင်၏ ထုတ်နှုတ်တပ်စု(၂)စုအား လူအင်အားခဲယမ်းဖြည့်တင်းစေသည်။ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့များတွင် မဲသဝေါသည် ငြိမ်သက်လျက်လျက်ရှိသည်။သို့သော်လည်းမုန်တိုင်းမစမီငြိမ်သက်ခြင်းမျိုးပင်။  စင်စစ်တွင် ၂၇ ရက်နေ့ တန်ပြန်ထိုးစစ်သည် လက်နက်အင်အားလူအင်အားမည်သို့မျှ မယှဉ်နိုင်သောရန်သူအား တန်ပြန်တိုက်ခိုက်ခြင်းဖြစ်သော်လည်း မိုက်ရူးရဲ စွန့်စားခြင်းမဟုတ် ဗကပ တို့နှင့်သမရိုးကျစစ်ပွဲမျိုးကိုဆင်နွဲခဲ့ဖူးသောတပ်ရင်းမှူး၏ ရန်သူ့ထိုးစစ်အဟုန်တံ့ သွားစေရန် ထိုးစစ်အပြုအမူရှိသော ခံစစ် အား အရင်းနှီးကြီးကြီးပေးကာစွန့်စားလိုက်ခြင်းပင်ဖြစ်သည်။  (ကြယ်နီ) (ဆက်ရန်)

ဒုတိယအိုကီနာဝါ(သို့) တစ်ပေအတွက်အသက်တစ်ချောင်း

စစ်ဗျူဟာအရေးကြိး မြေများဖြစ်သော အံ့ကျော်ကုန်း နှင့် ပွိုင့် ၁၇၇၈ အားစွန့်လွှတ်လိုက်ရချိန်တွင် စစ်ကြောင်း(၁)ဌာနချုပ် ကဆာနလီတောင်ကြောကြီးသည် အကာကွယ်မဲ့ အနေထားသို့ရောက်ရှိသွားအခြေအနေပင်။


သို့သော်ညားတပ်ရင်းမှူး သည် သီဟသူရ စီစီဝမ်တာပန် တိုက်ပွဲကြီးတွင်သီဟသူရ ဘွဲ့ရရှိခဲ့သောတပ်ရင်းမှူးသည် သမရိုးကျစစ်ပွဲ များနှင့်အကျွမ်းဝင်ပီးသား လွယ်လွယ်နှင့်အလျော့မပေးတတ်။

စက်တင်ဘာလ(၂၇)
ရှမ်းရွာသစ်တွင် လုံခြုံရေးယူထားသော တပ်ခွဲ(၃) အားပြန်လည်ခေါ်ယူလိုက်သဖြင့် အင်အား(၁၀၀)ခန့်တိုးလာချေပီ သို့သော်လည်း ရင်ဆိုင်နေရသော ရန်သူကား------------------

တပ်ရင်းမှူးသည် တပ်ရင်းအား တပ်စု(၈)စုထုတ်နှုတ်ကာ အံ့ကျော်ကုန်းအား တန်ပြန်တိုက်ခိုက်ရန်ပြင်ဆင်သည်။ ကဆာနလီတောင်ကြောပေါ် မှ လက်တက်ကြီးပစ်ကူယူကာ တပ်စုများအား ကိုယ်တိုင်ကွပ်ကဲကာ တက်လုံးရန်ပြင်ဆင်သည်။

စက်တင်ဘာ(၂၇) ရက် နေ့လည် (၁၃၀၀) နာရီ
ကဆာနလီကြောမှလက်နက်ကြီးပစ်ခတ်မှု စတင်သည် သို့သော် မိမိ က ၆၀မမ (၁)ချက်ပစ်လျင် ရန်သူက အံ့ကျော်ကုန်းမှလည်းကောင်း ပွိုင့် ၁၇၇၈ မှလည်းကောင်း ၈၂မမ စိန်ပြောင်းကြီးများဖြင့် (၁၀) ချက်ပြန်ပစ်သည် မိမိမှ ၃.၅ လက်မ လောင်ချာပစ်လျင် ရန်သူ့ RPG များမှ အစုလိုက် အပြုံလိုက်တန်ပြန်ပစ်ခတ်သည်။

ပစ်အားခြင်းမည်သိုကမှမယှဉ်နိုင်---------------
တပ်ရင်းမှူး ဦးစီး စစ်ကြောင်း(၁)ဌာနချုပ်နှင့် တပ်စု(၂)စုသည် ပစ်ခတ်မှုအောက်မှပင်တရွေ့ရွေ့ချည်းကပ်သည် အထိအခိုက်များလှသည် သို့သော်လည်း တပ်ရင်းမှူးး ၏ဦးဆောင်မှု နောက်တွင် ထက်ကြပ်မကွာ။

ဗိုလ်ကြီးသိန်းလွင်၏ တပ်ခွဲ(၅) နှင့် တပ်စု (၃)စုသည် လက်ယာဘက်တောင်ကျောတလျောက် ချည်းကပ်သည်။ တပ်ခွဲ(၅)ချည်းကပ်နိုင်ရန် ဗိုလ်သိန်းနိုင်၏ ထုတ်နှုတ် တပ်စု(၂)စုက လက်ဝဲ ဘက်မှထောင်ပြ လှုပ်ရှားသည်။

ကဆာနလီကျောပေါ်မှ ၇၅ မမ နောက်ပွင့်ရိုင်ဖယ်နှင့် ကားလ်ဂူးစတပ်လောင်ချာကြီးက အံ့ကျော်ကုန်းပေါ်သို့တိုက်ရိုက်ချိန်တွယ်ပစ်ခတ်လျက်ရှိသည်။သို့သော်ညား တိုက်ပွဲစတင်သည့် (၂၆၀ရက်နေ့မှစတင်ကာ ရန်သူသည် တစ်ရက်လျင် လ က်နက်ကြီး အချက်(၃၀၀)အထိပစ်ခတ်နိုင်ပီး .၅ စက်သေနတ်ကြီး အချက်(၅၀၀)မှ(၁၀၀၀)ထိပစ်ခတ်လျက်ရှိသည်။

စက်တင်ဘာလ(၂၇)ရက်နေ့တစ်နေ့လုံးပြင်းထန်စွာတိုက်ပွဲ ဖြစ်ပွားသည် မဲသဝေါဒေသကြီး တစ်ခုလုံးမီးခိုးလုံးများမဲမှောင်လျက် လက်နက်ကြီး/ငယ်သံခြိမ့်ခြိမ့် ညံ့လျက်
အထိခိုက်အကျအဆုံးများလှသဖြင့် တိုက်စစ်သည်ရပ်တ့လာသည် ခလရ(၇၆) ခြေကုပ်ရထားသောနေရာများတွင် ကျင်းတူးကာအံ့ကျော်ကုန်းအားရင်ဆိုင်ထိန်းချုပ် ခြင်းသာတတ်နိုင်တော့သည်။

တဖြည်းဖြည်းမှောင်စပျိုးလာသည်နှင့် အမျှ ခလရ(၇၆) ၏ လက်နက်ကြီးသံတဖြည်းဖြည်းလျော့နည်းလာတော့သည်။ ခဲယမ်းကားကြောက်မက်ဖွယ် ကောင်းလောက် အောင်လျော့နည်းလာသည်။

စစ်သည်တစ်ဦးချင်းစီတွင် ကျည်ကပ် (၁)ကဒ်စီခန့်သာကျန်ရှိသောအချိန်တွင် ရန်သူ့ပစ်အားကားကြောက်ခမမ်းလိလိ အံ့ကျော်ကုန်း ပွီုင့် ၁၇၇၈ ကုန်းများပေါ်မှ ပစ်ခတ်လိုက်သော .၅ စက်ကြီး ၏ မီးကျည်တန်းများကားတ၀င်းဝင်း------------------

စစ်သည်များကတုတ်ကျင်းများအားရောက်ရာခြေကုပ်တွင် တစ်နေ့လုံး တစ်ညလုံးပစ်ခတ်မှုအောက်တွင်တူးနေရသည်
ရန်သူသည်တောင်သုံးလုံးတောင်ကြောမှ အံ့ကျော်ကုန်းထိ ဆက်သွယ်ရေးမြောင်း၇ှည်ကြီးအား ၂၇ ရက် ၂၈ ရက်နေ့များတွင် အပြီးတူးဖော်နိုင်ပီး ထို ကတုတ်မြောင်းမှတဆင့် လူ လက်တက်ခဲယမ်းများအား အံ့ကျော်ကုန်းနှင့် ပွိုင့် ၁၇၇၈ သို့ တောက်လျောက်ဖြည့်တင်းလျက်ရှိသည်။

ဒုဗိုလ်မှူးကြီးသီဟသူရကျော်ညွှန့်သည် ဗိုလ်ကြီးသိန်း လွင်၏ တပ်ခွဲ(၅)အား စစ်ကြောင်း(၂) ၏မဲသဝေါပင်မကုန်းသို့ သွားရောက်လူနာပို့ကာ ခဲယမ်း ထုတ်ယူစေသည်။

အနီးဆု့းရင်ဆိုင်ထားရသော ဗိုလ်ကြီး သိန်းနိုင်၏ ထုတ်နှုတ်တပ်စု(၂)စုအား လူအင်အားခဲယမ်းဖြည့်တင်းစေသည်။ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့များတွင် မဲသဝေါသည် ငြိမ်သက်လျက်လျက်ရှိသည်။သို့သော်လည်းမုန်တိုင်းမစမီငြိမ်သက်ခြင်းမျိုးပင်။

စင်စစ်တွင် ၂၇ ရက်နေ့ တန်ပြန်ထိုးစစ်သည် လက်နက်အင်အားလူအင်အားမည်သို့မျှ မယှဉ်နိုင်သောရန်သူအား တန်ပြန်တိုက်ခိုက်ခြင်းဖြစ်သော်လည်း မိုက်ရူးရဲ စွန့်စားခြင်းမဟုတ် ဗကပ တို့နှင့်သမရိုးကျစစ်ပွဲမျိုးကိုဆင်နွဲခဲ့ဖူးသောတပ်ရင်းမှူး၏ ရန်သူ့ထိုးစစ်အဟုန်တံ့ သွားစေရန် ထိုးစစ်အပြုအမူရှိသော ခံစစ် အား အရင်းနှီးကြီးကြီးပေးကာစွန့်စားလိုက်ခြင်းပင်ဖြစ်သည်။

(ကြယ်နီ)
(ဆက်ရန်)


သွေးနဲ့ရင်းတဲ့မြေ (၄)

$
0
0
သွေးနဲ့ရင်းတဲ့မြေ (၄)  ၁၉၈၈ စက်တင်ဘာလ(၃၀)ရက်နေ့  နောက်တန်းတွင်ကျန်ခဲ့သူများအဖို့တော့လစာထုတ်ရက် မင်္ဂလာရှိသောနေ့  မဲသဝေါ ဒေသကြီးတွင် ကား------------  နှစ်ရက်တိုင်တိုင်ငြိမ်သက်နေသော မဲသေဝေါဒေသကြီးသည် ၈၂ မီလီမီတာစိန်ပြောင်းကြီးပစ်ခတ်သံနှင့်အတူ တဖန်ပြန်လည်နိုးထလာချေသည်။  ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့များတွင်ဆက်သွယ်ရေးမြောင်းများ တူးကာမိမိခြေကုပ်နေရာ များအား လှန်ချရန် တိတ်တဆိတ်ချည်းကပ်နေသော ကရင်တိုက်ခိုက်ရေးသမားများသည် ခလရ(၇၆) မှ ရှေ့ကာတပ်ခွဲဖြစ်သောဗိုလ်သိန်းနိုင်၏ တပ်ခွဲနှင့် လက်ပစ်ဗုန်းတစ်ကမ်း အကွာအရောက်---------------  (၃၀) ရက်နေ့ နေ့လည်(၁၄၀၀)  ရန်သူသည် နေ့ခင်းကြောင်တောင်ပင် အတင်းဝင်လုံးတော့သည်  ဗိုလ်သိန်းနိုင်တပ်ခွဲအား ရန်သူ ၆၀ သည် လက်ပစ်ဗုံးများ ပစ်ခတ်ကာအတင်းဝင်တိုးတော့သည်  ဗိုလ်သိန်းနိုင်၏ရဲဘော်များသည် ပစ်ကျင်းများ အတွင်းမှခုန်ထွက်ကာ အတင်းပြန်လည်ပစ်ခတ် သဖြင့် ရန်သူမိမိ ရောထွေးကုန်တော့သည်။  နောက်ကာတပ်ဗိုလ်ကြီးသိန်းလွင်၏ ခွဲ(၅) မှ ၆၀မီလီမီတာ စိန်ပြောင်းဖြင့် ရှေ့သို့ကျော်ကာ ပစ်ခတ်ပေးသည်။  မိမိ ခြေကုတ် နေရာဆီသို့ တောက်လျောက်တူးထားသော ဆက်သွယ်ရေးမြောင်းအတိုင်းရန်သူသည် ၄င်းတို့၏ ၅၇ မမ နောက်ပွင့်ရိုင်ဖယ်အားဆွဲယူကာ  တိုက်ရိုက်ပစ်ခတ်သော်လည်း ၆၀မမ စိန်ပြောင်းတိုက်ရိုက်ထိမှန်မှုကြောင့် ရန်သူ့ နောက်ပွင့်အဖွဲ့ သားအားလုံး ကျဆုံးကုန်တော့သည်။  ၁၆၀၀ နာရီအထိ ရန်သူသည် အတင်းတိုးသော်လည်း အံ့ကျော် ကုန်း အောက်ခြေမိမိ ခြေကုတ်များအားလှန်မချနိုင်-------  တိုက်ပွဲသည် ဆဲသွားချေပီ------  ၃၀ရက်နေ့တိုက်ပွဲတွင် တပ်မတော်မှ စစ်သည်(၁)ဦးကျဆုံးပီး (၄)ဦးဒဏ်ရာရှိခဲ့သည်။  အကြိတ်အနှယ်တောက်တဲ့ပုလဲ  အောက်တိုဘာလ(၁)ရက်နံနက် (၀၆၃၀)  ရန်သူတို့သည် တစ်ညလုံးပုံမှန်ပစ်ခတ်နေရာမှ ပစ်အားကိုတစ်ပြိုင်နက် မြှင့်တင်လိုက်သည် လက်နက်ကြီးအားစုပြုံပစ်ခတ်သည်။ စိန်ပြောင်းကျည်များ မိုးသီးမိုးပေါက်ပမာ နောက်ပွင့်ကျည် များတိုက်ရိုက်ထိမှန်သဖြင် သစ်ပင်ကြီးများလဲကုန်သည်။  ကဆာနလီကြောပေါ်သို့ ရန်သူ့ ၅၇မမ နောက်ပွင့် အလုံး ၆၀ကျော်နှင့် ၈၂မမ စိန်ပြောင်းကြီး အလုံး ၈၀ခန့် ကျရောက်ပေါက်ကွဲသည်။ ၆၀မမ စိန်ပြောင်းကျည် အလုံး ၁၀၀ ကျော်ပစ်ခတ်သည်။  နေ့လည် ၁၁၃၀ တွင် ရှေ့ကာတပ်ခွဲသို့ ရန်သူ (၁၀၀)ခန့် သည် လက်ပစ်ဗုံး အမ် ၇၉ လောင်ချာများ ပစ်သွင်းကာအတင်းတက်လုံးသည် တပ်စုများအဆက်အသွယ်ပြတ်ကုန်သည်။ ဗိုလ်သိန်းနိုင်၏ ရှေ့ကာတပ်စု(၁)နှင့် တပ်ကြပ်ကြီးတင်ထွန်း၏ တပ်စုကြားသို့ ရန်သူ ၅၀ ခန့်အတင်း ဖြတ်တောက်ဝင်ရောက်လာသည်။ တပ်စုများ အပြန်အလှန်မကူနိုင် တော့  ခလရ(၇၆)ကွ တပ်မတော်ကွ တပ်မ(၆၆)ကွ-------------  ဆဲဗင်းဘရီဂိတ်ကွ  ဟစ်ကြွေးသံဆဲဆိုသံ များသည် ပစ်ခတ်သံများကြားမှ ထွက်ပေါ်လာသည်။  တပ်ခွဲ(၅)မှဗိုလ်ကြီးသိန်းလွင်သည် ရသမျှလူထုတ်ကာ ဗိုလ်သိန်းနိုင်တပ်ခွဲ အား လုံးနေသောရန်သူ၏ ဘေးနံမှပတ်ရန် စီစဉ်သော်လည်း စစ်ကြောင်း(၁) ဌာနချုပ်သို့ ဖြည့်ပေးလိုက်ရသဖြင့် လက်ကျန်အင်အားနည်းသွားပြန်သည်။  တစ်နေကုတ်တိုက်ပွဲဖြစ်ပွားသည်  ညနေ(၆)နာရီအထိရန်သူသည် (၇)ကြိမ်တိုင်တိုင် လှံစွပ်ထိုးသည်  မှောင်စသန်းလာသောအချိန် တွင် ရန်သူသည် အလောင်းများနှင့် ဒဏ်ရာရသူများကိုဆွဲကာ ပစ်ကျင်းများဆီပြန်ဆုတ်သွားသည်။  ထို့နောက်တွင်ကားလက်နက်ကြီးပစ်ခတ်မှု အား ပြန်စတင်ကာ တစ်ညလုံးပင်ပစ်ခတ်ပြန်တော့သည်။  (ကြယ်နီ) (ဆက်ရန်)

၁၉၈၈ စက်တင်ဘာလ(၃၀)ရက်နေ့
နောက်တန်းတွင်ကျန်ခဲ့သူများအဖို့တော့လစာထုတ်ရက် မင်္ဂလာရှိသောနေ့
မဲသဝေါ ဒေသကြီးတွင် ကား------------


နှစ်ရက်တိုင်တိုင်ငြိမ်သက်နေသော မဲသေဝေါဒေသကြီးသည် ၈၂ မီလီမီတာစိန်ပြောင်းကြီးပစ်ခတ်သံနှင့်အတူ တဖန်ပြန်လည်နိုးထလာချေသည်။

၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့များတွင်ဆက်သွယ်ရေးမြောင်းများ တူးကာမိမိခြေကုပ်နေရာ များအား လှန်ချရန် တိတ်တဆိတ်ချည်းကပ်နေသော ကရင်တိုက်ခိုက်ရေးသမားများသည်
ခလရ(၇၆) မှ ရှေ့ကာတပ်ခွဲဖြစ်သောဗိုလ်သိန်းနိုင်၏ တပ်ခွဲနှင့် လက်ပစ်ဗုန်းတစ်ကမ်း အကွာအရောက်---------------

(၃၀) ရက်နေ့ နေ့လည်(၁၄၀၀)
ရန်သူသည် နေ့ခင်းကြောင်တောင်ပင် အတင်းဝင်လုံးတော့သည်
ဗိုလ်သိန်းနိုင်တပ်ခွဲအား ရန်သူ ၆၀ သည် လက်ပစ်ဗုံးများ ပစ်ခတ်ကာအတင်းဝင်တိုးတော့သည်
ဗိုလ်သိန်းနိုင်၏ရဲဘော်များသည် ပစ်ကျင်းများ အတွင်းမှခုန်ထွက်ကာ အတင်းပြန်လည်ပစ်ခတ် သဖြင့် ရန်သူမိမိ ရောထွေးကုန်တော့သည်။

နောက်ကာတပ်ဗိုလ်ကြီးသိန်းလွင်၏ ခွဲ(၅) မှ ၆၀မီလီမီတာ စိန်ပြောင်းဖြင့် ရှေ့သို့ကျော်ကာ ပစ်ခတ်ပေးသည်။
မိမိ ခြေကုတ် နေရာဆီသို့ တောက်လျောက်တူးထားသော ဆက်သွယ်ရေးမြောင်းအတိုင်းရန်သူသည် ၄င်းတို့၏ ၅၇ မမ နောက်ပွင့်ရိုင်ဖယ်အားဆွဲယူကာ တိုက်ရိုက်ပစ်ခတ်သော်လည်း ၆၀မမ စိန်ပြောင်းတိုက်ရိုက်ထိမှန်မှုကြောင့် ရန်သူ့ နောက်ပွင့်အဖွဲ့ သားအားလုံး ကျဆုံးကုန်တော့သည်။
၁၆၀၀ နာရီအထိ ရန်သူသည် အတင်းတိုးသော်လည်း အံ့ကျော် ကုန်း အောက်ခြေမိမိ ခြေကုတ်များအားလှန်မချနိုင်-------

တိုက်ပွဲသည် ဆဲသွားချေပီ------
၃၀ရက်နေ့တိုက်ပွဲတွင် တပ်မတော်မှ စစ်သည်(၁)ဦးကျဆုံးပီး (၄)ဦးဒဏ်ရာရှိခဲ့သည်။

အကြိတ်အနှယ်တောက်တဲ့ပုလဲ
အောက်တိုဘာလ(၁)ရက်နံနက် (၀၆၃၀)
ရန်သူတို့သည် တစ်ညလုံးပုံမှန်ပစ်ခတ်နေရာမှ ပစ်အားကိုတစ်ပြိုင်နက် မြှင့်တင်လိုက်သည်
လက်နက်ကြီးအားစုပြုံပစ်ခတ်သည်။ စိန်ပြောင်းကျည်များ မိုးသီးမိုးပေါက်ပမာ
နောက်ပွင့်ကျည် များတိုက်ရိုက်ထိမှန်သဖြင် သစ်ပင်ကြီးများလဲကုန်သည်။

ကဆာနလီကြောပေါ်သို့ ရန်သူ့ ၅၇မမ နောက်ပွင့် အလုံး ၆၀ကျော်နှင့် ၈၂မမ စိန်ပြောင်းကြီး အလုံး ၈၀ခန့် ကျရောက်ပေါက်ကွဲသည်။ ၆၀မမ စိန်ပြောင်းကျည် အလုံး ၁၀၀ ကျော်ပစ်ခတ်သည်။

နေ့လည် ၁၁၃၀ တွင် ရှေ့ကာတပ်ခွဲသို့ ရန်သူ (၁၀၀)ခန့် သည် လက်ပစ်ဗုံး အမ် ၇၉ လောင်ချာများ ပစ်သွင်းကာအတင်းတက်လုံးသည် တပ်စုများအဆက်အသွယ်ပြတ်ကုန်သည်။
ဗိုလ်သိန်းနိုင်၏ ရှေ့ကာတပ်စု(၁)နှင့် တပ်ကြပ်ကြီးတင်ထွန်း၏ တပ်စုကြားသို့ ရန်သူ ၅၀ ခန့်အတင်း ဖြတ်တောက်ဝင်ရောက်လာသည်။ တပ်စုများ အပြန်အလှန်မကူနိုင် တော့..

ခလရ(၇၆)ကွ
တပ်မတော်ကွ
တပ်မ(၆၆)ကွ-------------
ဆဲဗင်းဘရီဂိတ်ကွ
ဟစ်ကြွေးသံဆဲဆိုသံ များသည် ပစ်ခတ်သံများကြားမှ ထွက်ပေါ်လာသည်။

တပ်ခွဲ(၅)မှဗိုလ်ကြီးသိန်းလွင်သည် ရသမျှလူထုတ်ကာ ဗိုလ်သိန်းနိုင်တပ်ခွဲ အား လုံးနေသောရန်သူ၏ ဘေးနံမှပတ်ရန် စီစဉ်သော်လည်း စစ်ကြောင်း(၁) ဌာနချုပ်သို့ ဖြည့်ပေးလိုက်ရသဖြင့် လက်ကျန်အင်အားနည်းသွားပြန်သည်။
တစ်နေကုတ်တိုက်ပွဲဖြစ်ပွားသည်

ညနေ(၆)နာရီအထိရန်သူသည် (၇)ကြိမ်တိုင်တိုင် လှံစွပ်ထိုးသည်
မှောင်စသန်းလာသောအချိန် တွင် ရန်သူသည် အလောင်းများနှင့် ဒဏ်ရာရသူများကိုဆွဲကာ ပစ်ကျင်းများဆီပြန်ဆုတ်သွားသည်။

ထို့နောက်တွင်ကားလက်နက်ကြီးပစ်ခတ်မှု အား ပြန်စတင်ကာ တစ်ညလုံးပင်ပစ်ခတ်ပြန်တော့သည်။

(ကြယ်နီ)
(ဆက်ရန်)


ရေမြေခြားလျက် ကျောက်ဆူးနှစ်လက် အပိုင်း(၇)

$
0
0


=============

“ကျွန်မအခန်းကိုလိုက်လည်ပါလား”

“အမ် ဖြစ်ပါ့မလား စည်းကမ်းဖောက်သလိုများဖြစ်နေမလား”

“ကျန်တဲ့သူဆိုရင်တော့ ဖြစ်ချင်ဖြစ်မှာပေါ့ ယံက လေဇင်ပဲလေ သင်္ဘောပေါ်ဝင်ခွင့်ထွက်ခွင့်
ုပြုထားတာပဲကို”


“အင်း......”

“ဘာတွေစဉ်းစားနေတာလဲ ရက်စ်အော်နိုး တခုပဲဖြေ”

“အိုကေကွာ လိုက်မယ်..”

သူကတောင်ခေါ်နေတာ ကိုယ်ကမလိုက်စရာဘာအကြောင်းရှိလဲတွေးပြီး လိုက်သွားဖြစ်လေ
တော့သည်။လိုက်နေရင်း ဖုန်းကိုထုတ်ကာ ခလုတ်တခုကို အသာနှိပ်၍ ခါးချိတ်အိတ်တွင် ချိတ် ထားလိုက်သည်။ သူရောက်ဖူးသောနားနေခန်းမှ အောက်သို့ထပ်ဆင်းရသည်။ ပြီးတော့နောက်တစ်
ထပ် အောက်တွင် အခန်းငယ်ပေါင်းများစွာကိုတွေ့ရသည်။ သူမခေါ်ဆောင်ရာနောက်လိုက်လာ
ရင်းတောင်ငေးမြောက်ငေးပေါ့။ ဒီကြားထဲ ဖြတ်သွားဖြတ်လာလူများကို သွားလေးဖြဲပြနှုတ်ဆက်
ရတာကလဲအမော။ အခန်းတစ်ခုရှေ့တွင် ရောက်တော့ရပ်သွားပြီး တံခါးခေါက်ကာ ကိုရီးယားလို
ပြောနေသံကြားသည်။ အထဲကပြန်ပြောသံများနှင့် အပြန်အလှန်ခဏလောက်ပြောပြီးတော့မှ
တံခါးဖွင့်ဝင်သွားသဖြင့်လိုက်ဝင်ရသည်။ အထဲရောက်၍ စေ့ငုလိုက်တော့ လေးယောက်ခန်းလေး
အထဲမှာလဲ မိန်းကလေးနှစ်ယောက် ည၀တ်အကျီတောင်ဝတ်ပြီးနေပြီ။

“ယံ ဒါက ကင်မ် ဒါက ချွဲ အခန်းဖော်တွေပေါ့ ဆို ကတော့ပြန်မလာသေးဘူးထင်တယ်”

“ဟုတ်တွေ့ရတာဝမ်းသားပါတယ် ယံပါ”

“ကျွန်မတို့လဲအတူတူပါပဲ”

Ying ကအခန်းထဲမှနှစ်ယောက်ကိုတစ်ယောက်ချင်းမိတ်ဆက်ပေးသည်။ ပြီးတော့ သူတို့အခြင်းခြင်း
ကိုရီးယားလိုပြောနေပြန်သည်။ ဘာတွေပြောနေမှန်းတော့မသိ တချက်တချက် လှမ်းကြည့်သဖြင့်..
ကိုယ့်အကြောင်းလဲပါနေသည်ဟု မှန်းဆ၍ရသော်လည်း ဘာတွေပြောနေမှန်းတော့မသိ။ ခဏနေ
တော့မှ ချွဲက လော်ကာအောက်မှဆိုဂျူနှစ်ပုလင်းထုတ်ပေးသလို ကင်မ်က ခေါင်းရင်းမွေ့ယာအောက်
မှ ခွက်နှစ်ခွက်ထုတ်ပေးသည်။ အဲဒီတော့မှ သူနှင့်သောက်ဖို့ ဖွက်ထားသော အရက်ပုလင်းကိုထုတ်
ခိုင်းနေခြင်းဖြစ်မည်ဟု မှန်းဆလိုက်မိတော့သည်။ ဆိုဂျူပုလင်းကို နှစ်ထပ်ကုတင်နှလုံးအလည်ကောင်
မှစားပွဲတင် ကင်မ်နှင့်ချွဲကတဖက် သူနှင့်Yingကတဖက်ထိုင်ရင် နှစ်ယောက်ကို တစ်ခွက်နှုန်းဖြင့်စတင်
ဝိုင်းဖွဲ့ဖြစ်သည်။

“ယံ ယူနာမည်က ယံနော်”

“ဟုတ်တယ် ချွဲ မိုးယံထက်ပေါ့ ချွဲတို့ခေါ်ရလွယ်အောင် ယံလို့ပဲသုံးတာပါ”

“အော် ဘယ်တုံးကတည်းက ယံလို့သုံးတာလဲ”

“အင်း ပထမဆုံး ကားပေါ်မှ ဒုမှူးကြီးယန် နဲ့ စမိတ်ဆက်ကတည်းကပဲ”

“အော် သေချာလို့လား”

“ဟုတ်ပါတယ်ဗျ ဘာလို့လဲ”

“မသိပါဘူး Ying နဲ့တွေ့လို့ Yanလို့ပြောင်းလိုက်တာလားလို့”

“Ying နဲ့ ယံ ဘာလို့လဲ”

“Yan-Ying ကိုမသိဘူးလား ဒီလိုလေးလေ”

ချွဲက ပြောပြောဆိုဆိုနှင့် ခေါင်းရင်းတွင်ချိတ်ထားသော ယူနီဖောင်းရှိ ကိုရီးယားအလံက အလယ်ကောင်
ရှိ စက်ဝိုင်းလေးကိုညွှန်ပြသည်။ ဒီတော့မှ သူတို့ပြောချင်တာ သဘောပေါက်တော့သည်။ တာအို( Tao)
ဘာသာရှိ ဖိုမ အလင်းအမှောင် တွဲလျက်ရှိသည်ကို ပြသောစက်ဝိုင်းကိုဆိုလိုတာဖြစ်သည်။(သူငယ်ချင်း
တို့မျက်စိထဲ မြင်အောင်ပြောဆိုရင် တိုက်ချိသိုင်းချတဲ့က ပေါ်ပေါ်လာတတ်တဲ့ အဖြူ အမဲ နဲ့ စက်ဝိုင်းလို
ဟာမျိုးကိုပြောတာ)။ သူတို့ဆိုလိုတာက Ying ကိုတွေ့သဖြင့် တွဲဖက်ဖြစ်သော Yan ဟုခေါ်ခိုင်းသည်ဟု
ပင်ဖြစ်သည်။ Ying နှင့်သူကို့တွဲ၍ စလိုက်သည့်သဘော..။ ကိုယ်က သဘောပေါက်ချိန်တွင် Ying က
ခေါင်းအုံးနှင့်ပေါက်ပြီးနေပြီ။ ဟိုဘက်ကပြန်ပေါက်တော့ ခေါင်းအုံးကိုကောက်ပြီးအတင်းလိုက်ရိုက်သ
ဖြင့် ဟိုဘက်ကနှစ်ယောက်လုံး အခန်းပြင်ကိုထွက်ပြေးလေတော့သည်။ ဒါကို အခဲမကျေဟန်နှင့် လှမ်း
အော်နေသေးသည်။

အပေါက်ဝနေ အတန်ကြာခေါင်းပြူကြည့်နေရာမှ အထဲပြန်လှည့်လာတော့ လျှာလေးတစ်လစ်ထုတ်က
ပြောင်ပြသည်။ မိုးယံထက် ရင်ထဲတွင် ပုရွက်ဆိတ်တက်လာသလို ယားကျိကျိဖြစ်သွားပြီး ဖက်နမ်းပစ်
ချင်စိတ်ကို မနည်းထိန်းလိုက်ရသည်။ သူမကတော့ ဘာမှမသိ ဟိုဘက်ကုတင်ပေါ်တွင်အေးဆေးသွား
ထိုင်နေသည်။ မိုးယံထက်မှာတော့ စိတ်ကိုအနိုင်နိုင်ထိန်းချုပ်ရင် စားပွဲပေါ်ရှိဆိုဂျူးခွက်ကိုသာကောက်
မော့ချလိုက်သည်။ သူမက ကုန်သွားသော ဆိုဂျူးခွက်ကိုထပ်ဖြည့်ပေးပြီး သူမခွက်ကိုမြှောက်ပြတော့
ခွက်ချင်းတိုက်လိုက်ပြီးနောက်တစ်ခွက်..။ ဒီတခါတော့ မိုးယံထက်က ပုလင်းကိုဦးအောင်ကောက်ကိုင်
လိုက်ပြီး သူ့ခွက်ရော ကိုယ့်ခွက်ကိုပါ ထပ်ဖြည့်လိုက်သည်။ ထိုသို့ထက်ဖြည့်နေစဉ်မှပင် သီချင်းသံ
ထွက်လာသဖြင့် ကြည့်လိုက်တော့ သူမဖုန်းဖြင့်ဖွင့်လိုက်ခြင်းဖြစ်လေသည်။ ကောင်းတာပေါ့ သီချင်းလေး
နားထောင်ရင်း အရက်ကလေးသောက်ရင်းလို့တွေးမိလေသည်။ ဖွင့်လက်စဖြစ်ဟန်ရှိသော ကိုရီးယား
သီချင်းက ခဏနှင့်ပြီးသွားပြီး အင်္ဂလိပ်သီချင်းသံကထွက်လာသည်။ သီချင်းကိုနားထောင်ကြည့်တော့
Everybody's Got Somebody But Me ဆိုသည့်သီချင်းလေး။

ကြိုက်လွန်းသဖြင့် ခဏခဏနားထောင်သောကြောင့် အလွတ်ရနေသဖြင့် မိုးယံထက် သီချင်းကိုလိုက်
ဆိုလိုက်သည်။ သူမကလဲလိုက်ဆိုသည်။ သီချင်းဆုံးတော့ သူမက နောက်ပြန်ရစ်သဖြင့် နောက်တစ်
ခေါက်ဆိုဖြစ်သည်။ နောက်တစ်ပုဒ်ပြောင်းတော့ Demi Lovato ၏ Heart Attack သီချင်း..။ ဒီလိုနှင့်
သီချင်းလိုက်ဆိုလိုက် ဆိုဂျူလေးသောက်လိုက်နှင့် တလုံးကုန်တော့ သူမက ဦးထုပ်လေးနှင့်ယပ်ခတ်
နေသည်။ အေးလေ အရက်ရှိန်နဲ့ရော ရာသီဥတုပူတာနှင့်ရောဆိုတော့ ချွေးမပြန်ခံနိုင်မလား...။ သူလဲ
မနေနိုင်သဖြင့် ဘေးနားတွင်တွေ့သော စာစောင်တခုကိုယူ၍ ယပ်ခတ်ပေးလေသည်။ နှစ်ယောက်အ
ပြိုင်ယပ်ခတ်သော်လည်း ချွေးကမတိတ်…..

“ပူလိုက်တာ ယံရယ်”

“အင်း အရက်ကြောင့်ရော ဒီမှာပူတာကြောင့်ရောပေါ့”

“ယံ တစ်ခုကူညီပါလား”

“ပြောလေ”

“ဟိုဘက်လှည့်ပေး အ၀တ်အစားလဲလိုက်ချင်လို့”

========================

Top of Form



Po Sei Don Npg

သွေးနဲ့ရင်းတဲ့မြေ(၅)

$
0
0


နဲနဲ နှင့် ကြဲကြဲ

တပ်ရင်းမှူးသည် မဲသဝေါဒေသကြီးတွင်ရင်ဆိုင်နေရသော မိမိတပ်၏ အင်အားကိုပြန်လည်သုံးသပ်မိသည် မိမိအပါအ၀င် ၂၂၀ ခန့်သာရှိကြောင်းသုံးသပ်မိသည်။

ကဆာနလီကျောတွင် /ရန်သူနှင့် အပြင်းအထန်ရင်ဆိုင်နေရသော ဗိုလ်သိန်းနိုင်နှင့် ဗိုလ်ကြီးသိန်းလွင် တို့ ၏ တပ်စု(၄) စုအင်အားသည် ၅၃ဦးသာရှိသည်။ ထိုစစ်သည်များအနက် ငှက်ဖျားဒဏ်ခံစားနေ၇သော စစ်သည်မှာ ထက်ဝက်ခန့်ဖြစ်သည်။

လက်နက်ကြီးအနေဖြင့်လည်း ၇၅မမ နောက်ပွင့် ၁လက် ၈၁မမ စိန်ပြောင်းကြီး ၂လက် ၆၀မမ ၂လက်နှင့် ၈၄မမ ကားဂူးစတက်လောင်ချာကြီး ၁လက်သာရှိသည်။ခဲယမ်းကလည်းနည်းပါးလွန်းလှသည်။

ထိုအချိန်တွင်ရန်သူ့တွင်ကား မဲသဝေါမြောက်ပိုင်းဒေသကြီးတစ်ခုလုံး ရန်သူ ၁၅၀၀ နှင့် ပြည့်နှက်နေသည်။၇၅မမ နောက်ပွင့် ၄လက် ပစ်ခတ်သည် ၈၂မမ စိန်ပြောင်းကြီး ၆လက် ၅၇ မမနောက်ပွင့်များ ၆၀ မမစိန်ပြောင်းများ .၅ မမစက်သေနတ်ကြီးများ ၃.၅ လက်မလောင်ချာများ RPG လောင်ချာများ အမ် ၇၂ တစ်ခါသုံးတင့်ဖျက်လောင်ချာများ အမ် ၇၉ ဗုံးပစ်လောင်ချာများအရေအတွက်မခန့်မှန်းနိုင်အောင်ဖောချင်းသောချင်းပစ်ခတ်နေသည်။

စက်တင်ဘာ ၃၀ရက်နေ့တွင် ခလရ(၇၅) စစ်ကြောင်း(၂) သည် စစ်ကူတက်လာသော်လည်း ဂျော်ဖြူ၏ တာဒိုးဝါးစစ်ကြောင်း ၂က ဖြတ်တောက်ထားသဖြင့် အောက်တိုဘာလ ၁ရက်နေ့အထိဖောက်ထွက်နိုင်အောင်ကြိုးစားနေဆဲ။ 

တပ်ရင်းမှူးသည် ကဆာနလီကုန်းပေါ်မှစစ်ကြောင်း(၁) အရန်ဖြစ်သောဗိုလ်ကြီးတင်ထွန်း၏ တပ်ခွဲ(၄) တပ်စု(၂)စုအား ရှေ့ ဆုံးယာယီခြေကုပ်တွင် ရင်ဆိုင်နေရသော ဗိုလ်သိန်းနိုင်၏ စုပေါင်း တပ်စု(၂)စုအားသွားရောက်အင်အားဖြည့်တင်းစေသည်။ စစ်ကြောင်းရုံးတွင် အရံတပ်မ၇ှိတော့။

ဗိုလ်ကြီးတင်ထွန်း၏တပ်စု(၂)စုသည် ယာယီခြေကုပ်သို့သွားရောက်ပူးပေါင်းစဉ် ရန်သူ(၇၀)နှင့် ရင်ဆိုင်မိကာ အပြင်းအထန် တိုက်ပွဲဖြစ်ပွားတော့သည်။ အောက်တိုဘာ (၁)ရက်နေ့ တစ်နေ့လုံး အနီးကပ်တိုက်ပွဲများဖြစ်ပွားခဲ့ ပြီး ဗိုလ်ကြီးတင်ထွန်း တို့သည် ညနေ(၄)နာရီတွင်ယာယီခြေကုပ်သို့ရောက်ရှိပူးပေါင်းနိုင်ခဲ့သည်။

ယာယီခြေကုပ်တွင် အင်အား(၈၀)ထိဖြည့်တင်းလိုက်နိုင်သဖြင့်စစ်သည်များအားတက်လာသည်။ သို့သော်ရန်သူကထို့ထက် ၁၀ဆမက------------

(၁)ရက်နေ့ ညနေ(၆)နာရီခန့်တွင် အပြင်းအထန်ပစ်ခတ်လာသော လက်နက်ကြီးဒဏ် ထိခိုက်ဒဏ်ရာရှိမှု များပြားလာခြင်းတို့ကြောင့် ယာယီခြေကုပ်ဒုတိယစည်းသို့ဆုတ်ပေးလိုက်ရတော့သည်။

အောက်တိုဘာ ၂ရက်နေ့သို့ကူးပြောင်းလာသည်

ကုန်ခဲလှသောအချိန် အတွင်းတိုက်ပွဲကားပြင်းထန်လွန်းလှသည်။ နံနက် ၃နာ၇ီမှ နေ့လည် ၁၁နာ၇ီထိရန်သူသည် မီးကုန်ယမ်းကုန်တိုက်ခိုက်သည် ထမင်းစားချိန်တွင်နားသည်။ယာယီခြေကုတ်မှစစ်သည်များကားကဆာနလီမှပို့ပေးသောထမင်းနှု့်ငပိဖုတ်ကိုစားသည်။ နေံလည်၁နာရီမှ ည ၆နာ၇ီထိအပြင်းအထန်ပြန်လည်တိုက်ခိုက်ပြန်လေသည်။

တစ်ညလုံးနှစ်ဖက် အပြန်အလှန်အော်ဆဲကြသည်။

အောက်တိုဘာလ(၃)ရက်နေ့ နံနက် ၅နာရီတွင် ရန်သူ ၁၅၀ သည် လက်ပစ်ဗုံးများ ပစ်ကာအတင်းတိုးဝင်လာသည်။ ရဲဘော်များတွင်ပစ်စရာလက်ပစ်ဗုံးမရှိတော့ရန်သူ့ လက်ပစ်ဗုံးများကောက်ခါပြန်ပစ်သည်။

ရန်သူများလန်ကျသည်။နံနက်(၇)နာ၇ီထိုးသောအခါ ရန်သူများသည် ဒုတိယယာယီခြေကုပ်ရှေ့ ကိုက် ၃၀ အကွာသို့ရောက်၇ှိလာပီးပစ်ကျင်းများတူးကာရင်ဆိုင်တော့သည်။

၃ရက်နေ့တွင်ရန်သူသည် ထပ်တက်မလာတော့မျက်နှာချင်းဆိုင် ပစ်ကျင်းများ မှ အပြန်အလှန်ပစ်ခတ်ကြတော့သည်။

၁၉၈၈ အောက်တိုဘာ ၎

နံနက် ၃နာရီ မိနစ်၂၀

အံ့ကျော်ကုန်း စခန်းမှ ၅၇ မမ နောက်ပွင့်ရိုင်ဖယ်များဖြင့် အပြင်းအထန်ပစ်ခတ်လာတော့သည်။
ပွိင့် ၅ စက်သေနတ်ကြီးများပစ်ခတ်မှုကြောင့်ယာယီခြေကုပ် မှသစ်ပင်များထက်ခြမ်းကွဲကုန်သည်။

ရန်သူ ချေမှုန်းရေး အဖွဲ့၁၅၀ သည် ၅၇မမ အားတစ်ပါတည်းဆွဲကာ ရှေ့ကာတပ်စိပ် ဂျီဟင်နရီ ၏ တပ်စိတ်အားအပ်ြငးအထန် ပစ်ခတ်သည်။ရှေ့ကာတပ်စုတွင် တပ်စိတ်(၃)စိတ် တပ်သားသန်းဌေး ဦးစီး တပ်စိတ်က (၇)ဦး ၊ တပ်သားဂျီဟင်နရီ၏တပ်စိတ်က (၈)ဦး ဒုတပ်ကြပ်အတွတ်ဒတပ်စိတ်က (၈)ဦး စုစုပေါင်း (၂၃)ယောက်၇န်သူ ၁၅၀က အပြင်းအထန်ဝင်ဆောင့်သည်။

ညာဖက်ကျောတွင် နေရာယူထားသောဗိုလ်ကြိးတင်ထွန်း၏ ခွဲ(၄) တပ်စု(၂)စုအား ရန်သူ ၂၀၀ ကအပြငိးအထန်ကြားထိုးလျက်ရှိသည်။ မီုးခိုးလုံးများမဲမှောင်နေသည်။ ရန်သူသည် ယာယီခြေကုတ်နေရာအား ၅၇ မမ များ .၅ စက်ကြီးများဖြင့် တိုက်ရိုက်ပစ်ခတ်လျက်ရှိပီး စစ်ကြောင်း ၁၏ ကဆာနလီကြောအား ၈၂မမ စိန်ပြောင်းကြီး များဖြင့် ပစ်ခတ်ထိန်းချုပ်ထားသည် မိမိလက်နင်ကြီးများခေါင်းမဖော်နိုင်။

မွန်းလွဲ (၂)နာရီတွင် ယာယီခြေကုပ်နေရာများတွင်လုံးထွေးသွားသည်။ လက်ပစ်ဗုံးများ နေရာအနှံ ပေါက်ကွဲသည်။ အရာရှိ(၃)ဦး လုံးဒဏ်ရာရသည်။

၆ဦးကျဆုံးပီး ၁၃ဦးအထိဒဏ်ရာရ၇ှိလာချိန်တွင် ယာယီခြေကုတ်သည် မည်သို့မျှတောင့်မခံနိုင်တော့

တပ်ရင်းမှူးသည် ယာယီခြေကုတ်မှဆုတ်ခွာရန် တက်သွယ်ရေးစက်ဖြင့် အမိန့်ပေးလိုက်ရတော့သည်။ ညနေ ၀၄၂၀ နာ၇ီမှစကာလေးဘက်လေးတန်မှဝိုင်းပတ်လာသော ရန်သူအားအတင်းဖောက်ထွက်ရသည်။အချို့စစ်သည်များ ကဆာနလီကြောသို့ပူးပေါင်းနိုင်ပီး အချို့မှာစစ်ကြောင်း ၂ မဲသဝေါ ပင်မကုန်းသို့ရောက်ရှိသွားတော့သည်။ ကျန်ရစ်ခဲ့သူ စစ်သည် ၃ဦး အထိရှိခဲ့သည်။

ကြယ်နီ

ဆက်ရန်
 —

ယောက်ျားတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်

$
0
0



ယောက်ျားတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်
=-=-=-=-=-=-=-=-=-=-=-=-=-=-=-=

ကျွန်တော် မရေးတော့ဘူးလို့ အကြိမ်ကြိမ်ဆုံးဖြတ်မိပါတယ်..။ ကျွန်တော့်မှာ ငဲ့စရာမျက်နှာတွေရှိနေတယ်..။ ဒါပေမယ့် နောက်ဆုံးတော့ ကျွန်တော်ရေးဖြစ်ပါတယ်..။ ဒါဟာ တကယ်မဟုတ်တဲ့ ဒဏ္ဍာရီ ဇာတ်လမ်းတစ်ပုဒ်မဟုတ်သလို.. ရင်ထဲမှာ ဆတ်ဆတ်ခါ အောက်မေ့နေတဲ့ တကယ် အဖြစ်အပျက်တစ်ခုကို ဖွင့်ဟ ဝန်ခံခြင်းတစ်ခုပေါ့လေ...။


ကျွန်တော်နဲ့သူမ ၂၀၁၀ နှစ်ကုန် ၂၀၁၁ နှစ်ဆန်းပိုင်းလောက်မှာ စတွေ့ခဲ့တယ်..။ ပွင့်ပွင့်လင်းလင်းပြောရရင် သူမနဲ့ ကျွန်တော်ဟာ ရင်းနှီးတဲ့သဘောမျိုးမှာ မရှိခဲ့ဘူး.။ မြင်ဖူးရုံသာ မြင်ဖူးခဲ့တာမျိုးပေါ့..။ ဒါပေမယ့် သူမဟာ တစ်ခြားလူတွေကို ကူညီတတ်တာကိုတော့ ကျွန်တော်သိထားတယ်..။ ဒါပေမယ့်လည်း ကျွန်တော်ကတော့ သူ့အကူအညီမလိုဘူးလို့ ကိုယ့်ကိုယ်ကိုယ် ထင်ထားခဲ့တယ်လေ..။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတယ်လို့ပဲ ဆိုရမလား..။ 

ကျွန်တော်ပြင်ဦးလွင်ပြန်ရောက်ပြီး သိပ်မကြာခင် ပုဂ္ဂိုလ်တစ်ယောက်က ကျွန်တော်သူမ အကူအညီ ယူမှ ဖြစ်မယ်လို့ ပြောတယ်..။ ကျွန်တော် မယုံကြည်ပါဘူး.။ 

“ ဟုတ်ရဲ့လားဗျာ..”

ကျွန်တော် အထပ်ထပ်အခါခါ ပြန်မေးမိတယ်..။ 
ကျန်းမာသန်စွမ်းပြီး အရွယ်ကောင်းတဲ့ ယောက်ျားတစ်ယောက်ရဲ့ မာန ဆိုပေမယ့် တစ်ချိန်က ကျွန်တော့်လုပ်ခဲ့တဲ့ အလုပ်တွေအတွက် ပြန်ပေးဆပ်ရတယ်ဆိုတာကို နောင်တနဲ့ အတူ သတိရမိတယ်..။ နောက်ဆုံးတော့ ကျွန်တော်လက်ခံလိုက်ရတယ်လေ..။

“ ဟုတ်ကဲ့ဆရာ.. ကျွန်တော် အဲဒီနေ့ လာခဲ့ပါ့မယ်...”

ကျွန်တော်သူမနဲ့ ပထမဆုံးအကြိမ်ပတ်သတ်ဖြစ်ခဲ့တယ်...။ အစပိုင်းမှာတော့ သူမရဲ့ ဆက်ဆံပုံတွေ အေးစက်စက်နိုင်သလို၊ ကျွန်တော်နဲ့လည်း အဆင်မပြေခဲ့တာအမှန်ပါ..။ ကျွန်တော် သူမနဲ့ တကယ်ပဲ အဆင်မပြေခဲ့ပါဘူး..။ 

အချိန်တွေကြာလာတာနဲ့အမျှ ကျွန်တော့်စိတ်တွေ ပြောင်းလဲလာတာကတော့ အမှန်ပါ..။ တစ်ခါတစ်ရံတော့ သူမကို သတိရနေတတ်တယ်..။ သူမ မရှိတဲ့အချိန်တွေဆို ဟာတာတာ ဖြစ်နေတတ်တာမျိုးပေါ့..။ 

ဒါပေမယ့် ကျွန်တော် သူမကို မချစ်ဘူး..။ သူမ ကျွန်တော်နဲ့ အတူရှိနေတဲ့အတွက် ကျွန်တော့်ကို တစ်ခြားသူတွေက သူမဆီက အကူအညီယူနေရသူ အဖြစ်အထင်သေးတဲ့ မျက်လုံးတွေနဲ့ ကြည့်ကြမှာကို ကျွန်တော်ကြောက်တယ်..။ ဖြစ်နိုင်ရင် ကျွန်တော် သူမအနားမှာ မ နေချင်ဘူး.။ သူမကို ကျွန်တော် မုန်းလည်းမုန်းတယ်.။ ဒါပေမယ့် တစ်ခါတစ်ရံမှာ ကျွန်တော် သူမကို တောင့်တ မိတယ်.။ ဒါပေမယ့် စွဲလန်းနေတာမျိုးလည်း မဟုတ်ဘူး..။ 

နောက်ပိုင်း သူမနဲ့ ဆက်ဆံရေးအခြေအနေတွေ တိုးတက်မှု ရှိလာတယ်.။ သူမ ကျွန်တော်နဲ့ အတူရှိနေမှ ကျွန်တော့်ကိုယ်ကျွန်တော် ယုံကြည်မှုရှိလာတယ်.။ သူမ မရှိတဲ့ ရက်တွေဆိုရင် ကျွန်တော် သူမကိုလွမ်းနေမိတယ်..။ စာသင်ချိန်တိုင်းမှာတောင် သူမကို တမ်းတနေတဲ့ အခြေအနေ ထိရောက်လာတယ်..။ သူမမရှိရင် ကျွန်တော် ကမ္ဘာကြီးမှောင်မိုက်နေတဲ့ အခြေအနေမျိုးဖြစ်လာမှာကို စိုးရိမ်နေမိတယ်လေ...။ 

ရင်နာဖို့ကောင်းတဲ့ နေ့ကို ကျွန်တော် ဘယ်တော့မှ မေ့မှာမဟုတ်ဘူး..။ ကျွန်တော်တို့ တောအုပ်ထဲမှာ ကဗျာရွတ်ကြတဲ့နေ့က သူမ ကျွန်တော့်ဘေးမှာ ရှိနေခဲ့တယ်..။ ပြီးတော့ သူမ အမှတ်မထင် ပျောက်ဆုံးသွားခဲ့တယ်..။ ကျွန်တော်တို့ အားလုံး သူ့ကို ပြန်ရှာခဲ့ကြတယ်..။ သူမကို ကျွန်တော် ပြန်တွေ့တဲ့အခါ.. ဘယ်သူမှန်းမသိတဲ့ လူတစ်ယောက်က သူမဘဝကို ရက်ရက်စက်စက် နင်းခြေသွားပြီ..။ 

ကံကြမ္မာဆိုတာကလည်း ပြောရခက်ပါတယ်..။ တစ်ခါတစ်ရံ လောကကြီးဟာ သိပ်ပြီးစိတ်နာဖို့ ကောင်းတယ်..။ သူမ ကျွန်တော့်ကို သစ္စာဖောက်ခဲ့တာလားလို့ ပြန်တွေးမိတယ်..။ တကယ်တော့ သူမကို ဂရုမစိုက်ခဲ့တဲ့ ကျွန်တော့် အပြစ်ပဲ ဆိုတာ သေသေချာချာ သိလိုက်ရတဲ့နောက်မှာ ကျွန်တော် နောင်တအကြီးအကျယ်ရမိတယ်..။ ကျွန်တော် အခု သူမကို တမ်းတနေရပြီ..။ သူမ မရှိတဲ့အခါ မနေတတ်သလို၊ ရင်ထဲမှာဟာတာတာ ဖြစ်နေရပြီ..။ သူမ ဘယ်မှာလဲ သူမ ပြန်လာဦးမှာလား..။ 

သေချာတာကတော့ ကျွန်တော် သူမမရှိပဲ ရပ်တည်နိုင်ဖို့ တကယ်ပဲ မလွယ်တော့ပါဘူး..။ 
ဟုတ်တယ်.. ကျွန်တော် သူမကို ရှုံးနိမ့်သွားပြီ...။

ဗျာ .. သူမက ဘယ်သူလဲ ဟုတ်လား..။ 
အာ.. သူမ ဆိုတာ ကျွန်တော့်ရဲ့ ချစ်လှစွာသော အဝေးကြည့်မျက်မှန်လေးပေါ့ဗျာ..။ ကဗျာရွတ်ပွဲနေ့မှာ ဘယ်သူတက်နင်းသွားမှန်းမသိပဲ.. ကွဲသွားလို့ အခု ငုတ်တုတ်မေ့နေရတာပါဆို  

~မိုးသက်ဦးလွင်~

“ပြည်တွင်းထုတ်စစ်ရေယာဉ်များ တပ်တော်ဝင်အခမ်းအနား ကျင်းပခြင်း”

$
0
0

Myanmar NAVY added 5 new photos.
“ပြည်တွင်းထုတ်စစ်ရေယာဉ်များ တပ်တော်ဝင်အခမ်းအနား ကျင်းပခြင်း”
ယနေ့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ(၂၄)ရက် နေ့လည် ၁း၃၀ အချိန်တွင် သံလျင်တပ်နယ်ရှိ ရေတပ်ဆိပ်ခံတံတား၌ ပြည်တွင်းထုတ် Stealth Frigate စစ်ရေယာဉ်-ကျန်စစ်သား နှင့် အမြန်သွားကင်းလှည့်တိုက်ခိုက်ရေးရေယာဉ် (Torpedo) တို့၏ တပ်တော်ဝင်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

ဖော်ပြပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့ပြီး တပ်မတော်အရာရှိကြီးများ၊ တပ်မတော်(ရေ)မှ အရာရှိ၊စစ်သည် မိသားစုများလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
တပ်မတော်(ရေ)မှ ကိုယ်တိုင်တည်ဆောက်ခဲ့သော စစ်ရေယာဉ်-ကျန်စစ်သားသည် ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ရေချခဲ့ပြီး ရေယာဉ် Design မှာ မူလစမ်းသပ် အောင်မြင်ထားသည့် ပထမအစီး F-11 အပေါ်တွင် အခြေခံ၍ Stealth နည်းပညာကို ဆန်းသစ်တီထွင် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ တပ်မတော်(ရေ)၏ ပထမဆုံး Stealth နည်းပညာ အစပျိုးခြင်းဖြစ်၍ သိသာထင်ရှားသော မှတ်တိုင်တစ်ခုအဖြစ် သတ်မှတ်ရမည် ဖြစ်ပါသည်။
ဖော်ပြပါစစ်ရေယာဉ်တွင် Multirole ဆောင်ရွက်နိုင်ရန် ရေပေါ်၊ရေအောက်၊လေကြောင်းရန် နှင့် အီလက်ထရောနစ် စစ်ဆင်ရေး Capability ရှိသည့် လက်နက်ပစ္စည်းနှင့်စနစ်များ နှင့် သာမန် Combat System ထက် အဖက်ဖက်က အလေးသာသော Integrated Combat System တပ်ဆင်ထားဖွယ် ရှိပါသည်။ (၁၂၀/၁၈၀)ကီလိုမီတာအထိ ပစ်ခတ်နိုင်သော ဒုံးပျံများ၊ မြန်နူန်းမြင့် အမြောက်များ၊ CIWS များ၊ ရေငုပ်သင်္ဘောပစ်ဒုံးများ၊ Active/Passive EW စနစ်များ၊ OTH Target (မိုးကုပ်စက်ဝိုင်းလွန်ပစ်မှတ်) များအပါအဝင် ရေပြင်၊ရေအောက် နှင့် ဝေဟင် ပစ်မှတ်များကို ထောက်လှမ်းနိုင်မည့် အဆင့်မြင့်အာရုံခံစနစ်များ ပါဝင်မည်ဟုလည်း ခန့်မှန်းရသည်။ထူးခြားချက်မှာ ရေယာဉ်၏ အနောက်ပိုင်းတွင် Heli Deck နှင့် Hanger ပါရှိသဖြင့် ASW / SAR / OTHT အထောက်အကူပြု ရဟတ်ယာဉ် တင်ဆောင်နိုင်မည့် အနေအထား ဖြစ်ပါသည်။
Torpedo Boat မှာ ရေယာဉ်ကိုယ်ထည်အား Aluminium ဖြင့် တည်ဆောက်ထားပြီး အမြန်နူန်း ရေမိုင်(၄၀)ကျော်အထိ မောင်းနှင်နိုင်ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ မြန်မာ့ရေပြင်ပိုင်နက်ကို ကာကွယ်စောင့်ရှောက်ရန် ခေတ်မီဓါးနှစ်စင်း ထပ်မံပေါ်ထွက်လာခဲ့ပြီဖြစ်၍ (၆၇)နှစ်မြောက် တပ်မတော်(ရေ)နေ့သည် ပို၍အဓိပ္ပါယ် လေးနက်စေကြောင်း ဖော်ပြအပ်ပါသည်။
မောင်ဝါဆို(Myanmar Navy)
မှတ်ချက်။ ဓါတ်ပုံများပေးပို့ပေးသော Fan မိတ်ဆွေ Ko Zaw Zaw နှင့် Ko Sea Lion အား အထူးကျေးဇူးတင်ပါသည်။

သွေးနဲ့ရင်းတဲ့မြေ (၆)

$
0
0


ကဆာနလီ

အောက်တိုဘာလ(၄)ရက်နေ့ မိမိယာယီခြေကုတ်နေရာများအား ရန်သူမှ ၀င်ရောက်သိမ်းပိုက်နေရာယူပြီးနောက် စစ်ကြောင်း(၁) ဌာနချုပ် ကဆာနလီတောင်ကြောအား
တိုက်ရိုက်ပစ်ခတ်တော့သည်။

တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးသီဟသူရကျော်ညွန့်သည် ရန်သူ့လက်နက်ကြီးများ အဆက်မပြတ် ကျရောက်ပေါက်ကွဲနေသည့်ကြားမှ စစ်သည်များအား အနီးကပ်လိုက်လံကွပ်ကဲလျက်ရှိသည်။
ထောက်လှမ်းရေးအရာရှိဖြစ်သူ ဗိုလ်သန်းမြင့်ဦးက ဘန်ကာထဲဝင်နေရန်ပြောသည်ကိုလက်မခံ။

ရုတ်တရက် စိန်ပြောင်းကျည်(၁)လုံး တပ်ရင်းမှူးး လမ်းလျောက်နေသော ဆက်သွယ်ရေးမြောင်းအနီး ကျရောက်ပေါက်ကွဲသည်။

ပေါက်ကွဲမှု အရှိန်ကြောင့် တပ်ရင်းမှူး လဲကျသွားသည်။ဗိုလ်သန်းမြင့်ဦးတပ်ရင်းမှူး အားအပြေးအလွှားပင်ပြေးထူသည်။ တပ်ရင်းမှူး၏ လက်ဝဲဘက်ခန္ဓာကိုယ်တစ်ခြမ်းလုံးသွေးများရွှဲနေသည် ဗုံးဆန်များက အနှံ့အပြားစိုက်ဝင်လျက်
ဗိုလ်သန်းမြင်ဦးနှင့် ဆေးတပ်သားတပ်သားဝင်းနိုင်သည် တပ်ရင်းမှူးအား အနီးဆုံးဘန်ကာ ထဲဆွဲခေါ်ကာ ဆေးထည့်ပတီးစည်းသည်။

ပတီးစည်းပြီးသည်နှင့်တပ်ရင်းမှူးသည် ပစ္စတိုကာဆွဲကာ ဘန်ကာထဲမှအတင်းထွက်သည် တားသော်လည်းမရ။

သန်းမြင့်ဦးမင်းကာကင်းတပ်စိတ်ကိုသွားကူ လူဆယ်ယောက်ထုတ်ဖြည့် ကားဂူးစတပ်ယူသွား------

ဗိုလ်သန်းမြင့်ဦးသည် စစ်ကြောင်းရုံးမှလူရသလောက်ဆွဲထုတ်ကာ ၈၄မမ နောက်ပွင့်ယူကာကာကင်းကုန်းသို့ဝင်ရောက်အားဖြည့်လိုက်ရတော့သည်။ တပ်ရင်းမှူးအနီးတွင် အရာရှိတစ်ဦးမှမရှိတော့

ကဆာနလီတောင်ကြောသည် မတ်စောက်သောတောင်ကြောကြီးဖြစ်သည်။ရန်သူတို့သည် ၀ါးလှေကားဝါးလုံးများယူကာ ထောင်တက်ကြသည်။ ကြိုးများအသုံးပြုကာတက်သည် ကျောက်တောင်ချွန်းတွင်တွယ်တက်နေသောရန်သူများအား ဗိုလ်သန်းမြင့်ဦးကိုယ်တိုင် ကားဂူးစတပ်လေကွဲဖြင့် ပစ်ချရာရန်သူများ အရိုးအသားရှာမရ ၈၄မမ ကားထိရောက်လှသည် ဆွီဒင်နိုင်ငံထုတ် လက်နင်ကြီးသို့သော်လည်း တလက်ထဲသော ကားဂူးစတပ်ရိုင်ဖယ်ကြီးအတွက် လက်ကျန်ကျည်ကား၁၅ တောင့်သာရှိတော့သည်။

(၄)ရက်နေ့တစ်နေကုန် ကဆာနလီကြောအားတိုက်သည်

ကဆာနလီကြောသာမကတစ်ပြိုင်နက် ဒုတပ်ရင်းမှူး ဗိုလ်မှူး ထွန်းမြင့်၏ မဲသဝေါ ပင်မကုန်းအား ရန်သူ ၅၀ က ပိုင်းဖြတ်တိုက်ခိုက်သည် ရည်ရွယ်ချက်ကား ကဆာနလီအားစစ်ကူ မပေးနိုင်ရန်
၁၉၈၈ ၏ မြန်မာပြည်အခြအနေကား မြို့ပေါ်တွင်လည်း မီးခိုးလုံးများမင်းမဲ့စရိုက်များ တောတောင်များတွင်လည်းသေနတ်သ့ဗုံးသံတညံညံ--------

သူရဲကောင်းတို့ပေးဆပ်ခြင်း

၁၉၈၈ အောက်တိုဘာလ ၅ရက်

နံနက်(၆)နာရီမှစကာ အပြင်းအထန်တိုက်ခိုက်တော့သည်။ရန်သူသည်ဗိုလ်သန်းမြင့်ဦးဦးစီးသော ပွိုင့်ကုန်း အားအပြင်းအထန်တိုက်ခိုက်သည်။န့နက် (၆)နာ၇ီမှ နေံလည်(၁၁)နာရီအထိ လှံစွပ် (၅)ကြိမ်တက်ထိုးသည်။

ပွိုင့်ကုန်းမှ ၈၁မီလီမီတာစိန်ပြောင်းကြီးအား ရန်သူ့ RPG လောင်ချာများမှ တန်ပြန်ပစ်ခတ်လျက်ရှိသဖြင့်တစ်ချက်ပစ်ပြီးသည်နှင့် နေရာ တောက်လျောက်ပြောင်းနေရသည်။ တစ်ဘက်နိုင်ငံအတွင်းမှအမေရိကန်နိုင်ငံလုပ် ပစ်မှတ်၇ှာဖွေရေးကိရိယာများကလည်း ရန်သူ့လက်နက်ကြီး များအား အထောက်အကူပေးလျက်ရှိသည်။လက်နက်ကြီးစစ်သည်များမှာ
တောက်လျောက်နေရာပြောင်းနေရသဖြင့် ပင်ပန်းလှသည်။ အောက်ခံခုံနှင့် နှစ်ချောင်းထောက်ကိုမသယ်နိုင်တော့သဖြင့် စိန်ပြောင်းကိုမြေမှာစိုက်ကာ ခါးပိုက်ပစ်ခတ်ရတော့သည်။

ဗိုလ်သန်းမြင့်ဦး ဆက်သွယ်ရေးခေါင်ကတုတ်ထဲဝင်သွားသည် ရန်သူ့ ၁၂၀မမ စိန်ပြောင်းကြီး ကျည်က ဘန်ကာပေါ်တည့်တည့် ကျသည်။ဆက်သွယ်ရေးသမားနှင့် ဗိုလ်သန်းမြင့်ဦး အားမနဲဆွဲထုတ်ရသည်။နှစ်ဦးလုံးစကားမေးမရတော့။

တပ်ရင်းမှူး၏ ထောက်လှမ်းရေးအရာရှိ ဒဏ်ရာအပြင်းအထန်၇ရှိသဖြင့် စစ်ကြောင်း(၂) ထောက်လှမ်းရေးအရာ၇ှိ ဗိုလ်သိန်းသန်းအား မဲသဝေါ ပင်မကုန်းမှလှမ်းခေါ်လိုက်ရသည်။

ယခုအချိန်ထိကံကောင်းနေသောအချက်မှာစစ်ကြောင်း(၂)မဲသဝေါပင်မကုန်းနှင့် ကဆာနလီ ကြားဆက်သွယ်ရေးလမ်းကြောင်းကိုထိန်းထားနိုင်ခြင်းပင်ဖြစ်သည်။လူနာများအား မဲသဝေါ ပင်မကုန်းသို့ ပို့နိုင်ပီးထိုမှတဆင့် ရှမ်းရွာသစ်သို့ ဆက်လက်ပို့နိုင်သည်။

ဗိုလ်သိန်းသန်းရောက်လာသောအခါသူနှင့်အတူ ၃.၅ လက်မလောင်ချာ ၃လက်ပါလာသဖြင့် ရဲဘော်များအားတက်သွားသည်။

အောက်တိုဘာလ(၅)ရက်နေ့ တစ်ညလုံးတပ်ရင်းမှူး မအိပ်နိုင် ကဆာနလီအားကိုယ်တိုင်ကွပ်ကဲရသလို စစ်ကြောင်း(၂) မဲသဝေါပင်မကုန်းကိုလည်းဆက်သွယ်ရေးစက်ဖြင့်ကွပ်ကဲရသည်။

အမှတ်(၇၅) ခြေလျင်တပ်ရင်းသည် စစ်ကူပေးရန်ချည်းကပ်လာသော်လည်း ဂျော်ဖြူ က ဖြတ်တောက်ထားသဖြင့်ရှေ့မတိုးနိုင် တပ်မ(၄၄)၏ အမှတ်(၃)ခြေမြန်တပ်ရင်း စစ်ကူတက်သော်လည်း ချောင်းရေတက်သဖြင့်ခရီးမတွင်လှ ကရင်ပြည်နယ်၏မိုးရာသီကားဆိုးရွားလှသည်။

တပ်ရင်းမှူး ၏ဒဏ်ရာကားမသေးလှ သွေးတစိမ့်စိမ့် ထွက်နေသည် လက်ဝဲဘက်ခြေကိုတရွတ်တိုက်ဆွဲနေရသည် ညာလက်ကားပစ္စတိုပင်မကိုင်နိုင်။
သို့သော် တပ်ရင်းမှူးသည် သီဟသူရဖြစ်သည် ရဲစွမ်းသတ္တိအရာတွင်အောင်ဆန်းသူရိယပြီးလျင် အမြင့်ဆုံး နောက် ငါသည် Commander တပ်ရင်မှူး အဆုံးစွန်ထိတွေးပြီးသား ငါသေမှငါ့ စခန်းရစေရမယ် ငါသေတာတောင်ဝိညဉ်ဘ၀နဲ့ ဆက်တိုက်မယ်

အောက်တိုဘာလ(၆)ရက်နံနက်(၃)နာ၇ီကတည်း ရန်သူသည်ကဆာနလီနှင့် မဲသဝေါပင်မကုန်းအား ဖိပစ်သည်။ရဲဘော်များခေါင်းပင်မဖော်နိုင်တပ်ရင်းမျူးသည်ပွိုင့် ကုန်းအားစိုး၇ိမ်လာသည် ပွိုင့်ကုန်းသည် ကဆာနလီကြောအားစီးထားသည့်အနေအထား ပွိုင့်ကုန်းကျလျင် ကဆာနလီ ကျမည် ထိုအခြေအနေကိုရန်သာကတွက်ဆပြီးသားဖြစ်သည်ထို့ကြောင့် ပွိုင့်ကုန်းအားဖိတိုက်သည်။

တပ်ရင်းမှူးသည် တပ်ရင်းလက်နက်ကြီးဖြစ်သော ၇၅မီလီမီတာနောက်ပွင့် ရိုင်ဖယ်ကြီး အားကိုယ်တိုင် ကွပ်ကဲပစ်ခတ်သည်။ နောက်ပွင့်ရိုင်ဖယ်သဘောသဘာဝအတိုင်း နောက်မီးလျပ်ကြီးမားသည် ထို့ကြောင့်တချက်ပစ်ပြီးသည်နှင့်ရန်သူကား မိမိရိုင်ဖယ်နေရာသို့ အစုလိုက်အပြုံလိုက်တန်ပြန်ပစ်ခတ်သည်။ ချက်ချင်းနေရာပြောင်းရသည် မပြောင်းလျင် အရိုးအသား၇ှာရမည်မဟုတ်။

နံနက်၅နာ၇ီခန့်တွင် ၇၅မမ ၏ကျည်လုံးဝကုန်ခန်းသွားချေပီ သုံးမရတော့။
တပ်ရင်းမှူးသည် ၈၁မမစိန်ပြောင်းကြီးအားကွပ်ကဲပြန်သည် ပွိုင့်ကုန်းအတွက်ကာသေရေးရှင်ရေးဖြစ်သည် ပစ်ကူကားအရေးကြီးလှသည်။

၈၁မမစိန်ပြောင်းကြီးသည်လည်း တစ်ချက်ပစ်ပီးသည်နှင့် ချက်ချင်းနေရာပြောင်း ရသည် ရန်သူတို့၏ Counter- fire ကထိရောက်လှသည်။

နေရာရွှေ့

တပ်ရင်းမှူး က နေရာရွှေ့ကာပစ်ခတ်ခိုင်းသည် ရဲဘော်များစိန်ပြောင်းကြီးအား အစိတ်ပိုင်းလိုက် ပြောင်းရွှေ့စဉ် ရန်သူ့ စိန်ပြောင်းကျည်ဆက်သွယ်ရေးမြောင်းအတွင်းကျကွဲသည်။
စစ်သည်များမထနိုင်တော့ တပ်ရင်းမှူး ခန္ဓာကိုယ်အနှံ့ တွင်ဒဏ်ရာများ
နောက်ဆုံးထွက်သက်ကိုအားတင်းလိုက်သည်။ စိန်ပြောင်းဗုံးသီးတစ်လုံးကိုစမ်းသပ်မိသည်
ဗုံးသီးထိပ်ဖုံးကို အားတင်းဖွင့် လုံခြုံရေးစို့ကိုဖြုတ် ကာဆက်သွယ်ရေးမြောင်းနှုတ်ခမ်းပေါ် မေးတင်လျက်ရှိသော ပြောင်းရင်းထဲသို့ထည့်ချလိုက်သည်
စိန်ပြောင်းကျည် ခုန်ထွက်သွားသံနှင့်အတူမကြာမီ ပေါက်ကွဲသံကြားရသည်။ တပ်ရင်းမှူး မျက်နှာအတွင်အပြုံးတချက် ချက်ချင်းပြန်လာသည်က Counter fire RPG လောင်ချာများ၏ မီးခိုးတန်းများ တပ်ရင်းမှူးရှိရာစိန်ပြောင်းကြီးနေရာဆီသို့--------

ကြယ်နီ
(ဆက်ရန်)
 — 

ရေမြေခြားလျှက် ကျောက်ဆူးနှစ်လက် အပိုင်း(၈)

$
0
0


===================

“ဟိုဘက်လှည့်ပေးပါလား အ၀တ်လဲလိုက်ချင်လို့”

“အမ် …. အပြင်ထွက်ပေးရမလား”

“ရပါတယ်မထွက်နဲ့ ဟိုဘက်သာလှည့်ထား”


“အိုကေ အိုကေ”

“ချောင်းမကြည့်နဲ့နော်”

“အိုကေပါ”

မိုးယံထက်တစ်ယောက် လိုက်လာမိတာမှားပြီလို့တွေးရင် နံရံဖက်မျက်နှာမူကာ လှည့်ထိုင်လိုက်သည်။
ထကြွလသော စိတ်ရိုင်းတို့ကို အနိုင်နိုင်ထိန်းချုပ်ရင်း သက်ပြင်းကို မသိမသာခိုးချရသည်။ နောက်သို့
မလှည့်မိအောင်ထိန်းရင် နံရံကိုသာစိုက်ကြည့်နေလိုက်တော့သည်။ ဟိုက် အဲဒါမှပြသနာ...။ မိုးယံထက်
ဂျောက် ကျလေပြီ။ သူတို့သင်္ဘောနံရံက ၀ှိုက်ဘုတ်လိုအထပ်သားပြားမျိုး..။ ကြည်လင်နေသော နံရံထက်
တွင် မှန်လောက်မကြည်သော်လည်း အ၀တ်လည်းနေသော သူမကိုအတိုင်းသား..။ လှပေသာကောက်
ကြောင်းများက အထင်းသား..။ သိစိတ်ကမျက်စိမှိတ်ရန်တိုင်းတွန်းနေသော်လည်း မသိစိတ်ကအတင်းဖွင့်
ခိုင်းနေပြန်သည်။ စောစောက ချွေးသိပ်မထွက်သော မိုးယံထက် ဇောချွေးတွေကော ချွေးစီးတွေကော
ဒလဟောထွက်လာသည်။ သိစိတ်နှင့် မသိစိတ်တိုက်ပွဲကား ပြင်းထန်လွန်းလှသည်။ နောက်ဆုံးသူမ၏
ချောင်းမကြည့်နဲ့နော် ဆိုသည့် စကားလေးနားထဲပြန်ကြားယောင်လာတော့မှ မျက်လုံးကိုပိတ်လိုက်နိုင်
တော့သည်။ မျက်စိမှိတ်ထားသောလည်း မျက်စိထဲတွင်သူမပုံရိပ်ကအထင်းသား..။ မြန်လာသော အသက်
ရှူနှုန်းကိုအသာထိန်းရင်း သူတိုက်ကွမ်ဒိုကစားတုံးက ကီသွင်းသလို အရာအားလုံးကိုစိတ်ထဲမှ ကြိုးစား
မေ့ဖျောက်ရင် စိတ်အာရုံအားလုံးကို လက်ဝါးစောင်းဆီသို့ပို့လိုက်သည်။ မဆိုးလှ..။ စိတ်တွေတော်တော်
ပြန်လည်တည်ငြိမ်သွားသည်။

မျက်လုံးကိုမှိတ်ထားကာ စိတ်အာရုံစုစည်းထားလိုက်သည်မှ ဘယ်လောက်ကြာနေသည်မသိ..မျက်နှာ
ပေါ်သို့လေနွေးနွေးလေးကျလာ၍ မျက်စိဖွင့်ကြည့်လိုက်မိတော့ စုစည်းထားသော အာရုံတွေအကုန်လုံး
နူကလီးယားဗုံးတလုံးထိသလို တစစီလွင့်ထွက်သွားသည်။ ဟုတ်သည်လေ..။ Ying က သူမျက်နှာနား
ကပ်၍လေမှုတ်လိုက်ခြင်းဖြစ်သည့်အတွက် စူပွပွ နှုတ်ခမ်းချွန်လေးက သူ့မျက်နှာနှင့်နှစ်လက်မတောင်
မျှမကွာ။ ယောင်ယမ်းပြီး နှုတ်ခမ်းနှုတ်လွှာကိုနမ်းမည်လုပ်ရာမှ စိတ်ကိုအမြန်ချွန်းအုပ်ပြီး နောက်ကို
ဆတ်ခနဲဆုတ်လိုက်ရသည်။ ဟူး ချုပ်ထိန်းရတဲ့ အလုပ်ကမလွယ်ပါလားကွယ်...။

“ခစ်ခစ် လန့်သွားလား ယံ”

“အင်း နည်းနည်းပေါ့”

“မူးနေလို့လာဟင် မျက်စိမှိတ်ထားတာ”

“မဟုတ်ပါဘူး Ying ပဲ ချောင်းမကြည့်နဲ့ဆိုလို့ ချောင်းမကြည့်မိအောင် မျက်စိကိုမှိတ်ထားတာ”

“အယ် ချောင်းကြည့်ချင်နေတယ်ပေါ့”

“နတ်သမီးလေးလို အရမ်းလှတဲ့ ကောင်မလေးတစ်ယောက် အ၀တ်လဲတာကို ကမ္ဘာပေါ်က
ဘယ်ယောက်ျားလေးကမှ ချောင်းကြည့်ချင်စိတ်မဖြစ်ပဲနေမှာမဟုတ်ပါဘူးYing”

“ကျေးဇူးနော် အရမ်းလှတယ်ပြောလို့”

“ဟုတ်ပါပြီဗျာ ကဲဆက်သောက်ရအောင်လေ”

“အိုကေ အိုကေ”

သူမျက်နှာလေး တမျိုးဖြစ်သွားသလိုထင်လိုက်မိသော်လဲ စိတ်ထင်၍ဖြစ်မှာပါဟူ၍သာတွေးလိုက်သည်။
သူမဟိုဘက်ကုတင်ပြောင်းထိုင်မှ သူမကိုသေချာကြည့်မိသည် အဖြူရောင်ည၀တ်အင်္ကျီ လေး။ ပိုးသား
လားတော့မသိ..။ ပျော့အိကာ ခန္ဓာကိုယ်တွင်ကပ်နေသည်က ဘာမှမ၀တ်ထားသလို အချိုးအစားပြေပြစ်
သောသူမကောက်ကြောင်းတွေကိုအတိုင်းသားမြင်နေရသည်။ ဂလုခနဲ့ တံတွေးမျိုမချမိအောင်မနည်းထိန်း
ရင်း အရက်ခွက်ကိုလှမ်းယူကာ တခါထဲရောပြီးမျိုချရလေတော့သည်။ ဘုရား ဘုရားငါဘယ်ချိန်လောက်
အထိချုပ်ထိန်းနိုင်မှာလဲဟုတွေးမိသည်။ အရက်ကလဲ သောက်ထားသေးသည်မဟုတ်ပါလား။ အရက်ကို
တံတွေးနှင့်မြည်းရင်း သောက်လိုက်သည်မှာနောက်တလုံးလဲကုန်လုပြီ။ လူလည်းတော်တော်ထွေနေပြီလေ
ချုပ်တည်းထားသော စိတ်တွေကလဲ ကျိုးလုကျိုးခင်..။ ပြန်မည်လို့ပြောဖို့လည်း သူမစိတ်ဆိုးသွားမှကြောက်
သဖြင့်မပြောရဲ အခြေအနေက ကျဉ်းထဲကျပ်ထဲကို တဖြည်းဖြည်းဦးတည်လာသည်။

ထိုစဉ်မှာပင် တံခါးခေါက်သံနှင့်အတူ ကိုရီးယာလို လှမ်းပြောသည့်ယောကျာ်းလေးအသံ တသံကြားလိုက်
ရသည်။ ဘုရားဘုရား သင်္ဘောက အထက်လူကြီးတွေများလား ပြသနာတော့တက်ပြီဟုတွေးလိုက်မိသေး
သော်လည်း သူမက ပုံစံမပျက် လှမ်းအော်ပြောပုံကိုကြည့်ပြီးနဲနဲတော့စိတ်အေးသွားရသည်။ တံခါးပွင့်သွား
ပြီးဝင်လာသူကို ကြည့်လိုက်တော့ မနက်ကတည်းက သူနှင့်တကားထဲလိုက်လာသည့် ယန်နားတွင်ထိုင်
သည့်တစ်ယောက်..။ ယူနီဖောင်းနှင့် လက်ပတ်နှင့်ဆိုတော့ သူ့ဂျူတီဖြစ်ပုံရကြောင်းတွက်ဆလိုက်မိသည်။
အထဲရောက်တော့ သူ့ကိုမြင်ပြီး တချက်အံသြသွားဟန်ပြသော်လည်း ချက်ချင်းပြုံးပြ၍..

“ဟာ ယံ မပြန်သေးဘူးလား”

“အင်း Ying က လည်ဖို့ဖိတ်တာနဲ့ မပြန်ဖြစ်သေးတာ။ ဒါနဲ့ နာမည်ဘယ်လိုခေါ်လဲ”

“ဗိုလ်ကြီးလီ(Lee) ပါ ကိုရီးယားနေဗီဆီးလ်ကပါ”

“ဟုတ် တွေ့ရတာဝမ်းသားပါတယ်”

“ကျွန်တော်လဲ အတူတူပါပဲ ယံ ခဏနော်”

သူ့ကိုတောင်းပန်ပြီ Ying နှင့် ကိုရီးယားလိုပြောနေတာ တော်တော်ကြာသည်။ ဘာတွေပြောနေမှန်းတော့
မသိ။ တော်တော်ကြာစကားပြောပြီးတော့မှ

“ယံ စိတ်တော့မရှိပါနဲ့ မီးပိတ်ချိန်ရောက်နေပြီဗျ”

“အော် ဟုတ်လား ကျွန်တော်လဲ ခုပဲပြန်တော့မလို့ပါ”

“ဒါနဲ့ အားတယ်မလား”

“အားပါတယ်”

“ဒါဆိုမပြန်နဲ့ဦးဗျာ အခုဟိုဘက်သွားလိုက်ဦးမယ်။ ပြန်လာမှ အတူအပေါ်တက်ကြတာပေါ့ စကားပြောရင်း
နည်းနည်းထပ်သောက်ကြတာပေါ့။ သောက်နိုင်သေးတယ်မလား။”

“အဲ နည်းနည်းလောက်တော့ရပါတယ်.။ စောင့်နေမယ်လေ။”

“အိုကေ ဒါဆို ခွင့်ပြုပါဦး”

“အိုကေ အိုကေ”

လီကပြောပြီးပြီးခြင်းပြန်ထွက်သွားသည်။ Ying ဘက်ကိုလှည့်ကာပြုံးတော့ ပြန်ပြုံးပြသော်လည်း မျက်နှာတော့
မကောင်း။ ပုလင်းထဲက လက်ကျန်အကို ခွက်ထဲအညီအမျှထည့်ပြီး သူ့ကိုတစ်ခွက်လှမ်းပေးသဖြင့်ယူလိုက်ရ
သည်။ ပြီးတော့ တို့စ်လုပ်တော့ သူမသောက်တာကိုအရင်ကြည့်ဆိုတော့ သူမသောက်သေးပဲကြည့်ရပြန်သည်
ခွက်ကိုတ၀က်သာသာလောက်သာ သောက်ပြီး မေးဆတ်ပြသဖြင့် သူလဲခွက်တစ်ဝက်သာသောက်ဖြစ်လိုက်
သည်။ သူသောက်ပြီးတော့ Ying က သူ့လက်ထဲက ခွက်ကိုလှမ်းယူပြီး သူမခွက်ကိုကမ်းပေးသဖြင့် ခွက်ခြင်း
လဲလိုက်ရသည်။ ပြီးတော့ နောက်တကြိမ်တိုစ့်လုပ်က အကုန်သောက်ချလိုက်သည်။ ခွက်ကိုချပြီးတော့

“ယံ မနက်ဖြန်ဘယ်ကားနဲ့လိုက်ရမှာလဲ”

“မသိသေးဘူး Ying မနက်ဖြန်မှသိမှာ”

“နက်ဖြန်တစီးထဲ အတူတူကျရင်ကောင်းမယ်နော်”

“အင်း ကောင်းတာပေါ့”

“ဟုတ်တယ် အတူတူလျောက်လည်လို့ရတာပေါ့။ အဲဒီအခါကျရင် ယံတို့ ရိုးရာအစားအသောက်တွေလိုက်ကျွေး
အိုကေ ကျွေးရမှပေါ့”

“ဟေး ယံ သွားရအောင်”

“ဟော လီ လာပြီ။ သွားတော့မယ်နော် Ying နက်ဖြန်မှတွေ့တာပေါ့”

“အိုကေ ဂွတ်နိုက်နော် အိမ်မက်လှလှမက်ပါစေ”

“ဂွတ်နိုက် Ying”

စကားမဆုံးသေးခင်မှာ တံခါးခေါက်ပြီး လှမ်းအော်သော လီ အသံကြောင့်အမြန်နှုတ်ဆက်ပြီး ထထွက်လိုက်ရ
သည်။ တံခါးကိုဖွင့်ပြီးထွက်တော့ တံခါးဘောက်ကို ကနွဲ့ကလျမှီရင် လက်ပြကျန်ခဲ့သောသူမကိုကြည့်ရင်းစိတ်
တော့မကောင်း။ လီနဲ့ အတူပြန်ထွက်လာတော့ ထိပ်ဆုံးက အခန်းကိုလက်ညိုးထိုးပြပြီး သူ့အခန်းလို့ပြောပြ
နေသေးသည်။ ယန်နှင့်အတူတူနေတာတဲ့။ သင်္ဘောအပြင်ရောက်တော့ ခဏစောင့်ဟုပြောကာ အထဲဝင်သွား
သဖြင့်စောင့်ရပြန်သည်။ ခဏနေတော့ ပုလင်းကြီးတလုံး လက်ကဆွဲကာထွက်လာသဖြင့်မျက်လုံးပြူးသွားရ
သည်။ နောက်တော့ တံတားပေါ်က ခုံပေါ်မှာထိုင်ရင်း သောက်ဖြစ်တော့သည်။ အရက်ပြင်းတော့မဟုတ် ၀ိုင်
ဖြစ်ပုံရသည်။ အ၀င်မဆိုး အရသာမပြင်းလှ။

“ယံ....”

“ဗျာ လီ ပြောလေ”

“ခင်ဗျား Ying ကိုစိတ်ဝင်စားလား”

“အော် လီ ရယ် သူ့လိုအရမ်းလှတဲ့ မိန်းကလေးတစ်ယောက်ကို စိတ်မ၀င်စားမိပဲနေမလား။ ဒါပေမယ့်”

“ဘာ ဒါပေမယ့်လဲ အချစ်မှာ ဒါပေမယ့်(but) ဆိုတာမရှိဘူး”

“အာ လီ ကလဲ...”

“တကယ်ပြောတာ တကယ်တော့ Ying က ဆုံးသွားတဲ့ ကျွန်တော့်ညီမရဲ့ အနီးကပ်ဆုံးသူငယ်ချင်း”

“ကျွန်တော့် ညီမလိုပါပဲ”

“အော် စိတ်မကောင်းပါဘူး လီ”

“ရပါတယ် ယံရာ ကဲပြော ဘာကူညီရမလဲ”

“ဘာအတွက်လဲ”

“အော် Ying နဲ့နီးစပ်ဖို့လေ”

“တကယ်လား”

“တကယ်ပါဆို”

“ဒါဆို မနက်ဖြန် ကျွန်တော်ဘယ်ကားမှ တာဝန်ကျတယ်ဆိုတာ ပြောပြမယ် သူ့ကိုလဲ အဲ့ကားပေါ်တင်ပေး”

“အိုကေရတယ် ပြီးပြီလို့သာမှတ်လိုက်တော့”

“အိုကေဗျာ လာ Cheer”

“Cheer…”

မိုးယံထက်အတွက်ကတော့ ရေငတ်တုံး ရေတွင်းထဲကျဆိုသလိုပါလေ...။ ထိုညက ညတော်တော်နက်မှ
အဆောင်ပြန်ဖြစ်သလို လီ တစ်ယောက်လဲ သင်္ဘောပေါ်သို့ လူတွဲနှင့်ပြန်သွားရလေသည်။ အဆောင်ကို
ပြန်ရောက်တော့ မာကျောကျော ကုတင်ကလဲ ဖဲမွေ့ယာလို နူးညံ့နေသလို ဘေးနားကို ကိုဇေယျာမင်း
ဟောက်သံကလဲ ဘေသိုဗင်တီးလုံးအလား နားဝင်ချိုနေသည်။ ထိုညအဖို့ကတော့ မိုးယံထက်တစ်ယောက်
ပျော်ရွှင်စွာဖြင့်အိပ်ယာဝင်ခဲ့သလို အိမ်မက်ထဲမှာလဲ Ying နှင့် နှစ်ပါးသွား........။
===================================================================
Top of Form

အချစ်ကို သစ္စာဖြင့် ပွေ့ဖက်ပါလို့

$
0
0


* အချစ်ကို သစ္စာဖြင့် ပွေ့ဖက်ပါလို့ *
………………………….

နှမလိုခင်ရတဲ့ သူငယ်ချင်းမလေးတစ်ယောက်က "သစ္စာရေသောက်တဲ့ ပုံပြင် "လေးပြောပြပါဦး ဆိုတော့ မှန်တာပြောရရင် စိတ်က( အင်း……နှလုံးသားက ) အတိတ်ကို ပြန်လည်ရောက်ရောက် သွားတယ်။

ချစ်ခြင်းနဲ့ပတ်သက်လာရင် ကျွန်တော့်နှလုံးသားက ခံစားလွယ်ခဲ့တယ်။( ခံရပါ များလွန်းလို့လေ..) တကယ်..တကယ့်ကိုပါ။ 

အချစ်အကြောင်းကို ကောင်းကောင်းပြောချင်နေတာ။(ခုတော့ မိန်းမနဲ့ ကလေးတော့ ရှိနေပြီ ဆိုတော့ကာ၊ ငယ်ချစ်ဟောင်းလို့ ပြောရင် သ၀န်တိုတတ်လို့)။ 

အချစ်ဆိုတာ ရှေးဘ၀ ဘ၀ ရေစက်အဟုန်က နှိုးကြားလို့ နှလုံးသားက နှိုးထလာခဲ့တာပါ။ ဒါကြောင့်လဲ မြင်မြင်ချင်း ချစ်မိတယ်ဆိုတာ ပေါ်လာတာပေါ့လေ။

တချို့က အချစ်ဆိုတာ တစ်သက်မှာ တစ်ခါသာ ပွင့်တဲ့ပန်းတဲ့။ ကျွန်တော်လဲ အဲဒီလို ယုံကြည်ခဲ့တာပါပဲ။ သို့ပါသော်လည်း တစ်သက်မှာ တစ်ခါသာ ပွင့်တဲ့ပန်းကို ပန်ဆင်လိုသူမရှိ/ ပန်ဆင်မည့်သူက ပစ်ခဲ့ပါရင် အဲဒီ ချစ်ခြင်းပန်းဟာ တစ်သက်လုံးနွမ်းကြေသွားပြီလား။

ကျွန်တော်အထင်တော့ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုရင် ရှေးကုသိုလ်အကြောင်းတရားက ဘယ်သူနဲ့များ အကြောင်းပါမလဲ ဆိုတာမသိရလေတော့ အဲဒီ အချစ်ဆိုတာကြီးက ခဏခဏလည်း ပွင့်တတ်တယ်လို့ထင် တယ်။

ဒါဆို မြင်သူတိုင်းကို ချစ်ပြီလား။ ချစ်နိုင်ရင်တော့ ကောင်းတာပေါ့လေ။ မုန်းတာမှ မဟုတ်တာကိုး။ သို့သော်လည်းပဲ တစ်ယောက်ကို ချစ်ခင်နေပါလျက်ကယ်နဲ့ နောက်တစ်ယောက်ကို ထပ်ချစ်မိပါတယ်ဆိုတာ တော့ ဒါဟာ ဖောက်ပြန်မှုပါပဲ။ ပြောရရင်တော့ ဒီအပင်က တစ်ပွင့်သောပန်းက မနွမ်းသေးပဲ နောက်တစ်ပွင့် ပွင့်ဖို့ မဖြစ်နိုင်။

ချစ်ခြင်းနဲ့အတူ ကပ်ပါလာစမြဲက သစ္စာ။ ဟုတ်တယ် သစ္စာပါ။ ဆိုပါစို့ တစ်ယောက်ဆို တစ်ယောက် ပိတောက်ဆို ပိတောက်၊ နင်နဲ့မှ ၁၀ ယောက်မြောက်လို့ ခပ်နောက်နောက်ဆိုကြတယ်မဟုတ်လား။

ကျွန်တော်စဉ်းစားကြည့်တာပေါ့လေ ၁၀ ယောက်လုံး သို့မဟုတ် ၁ ယောက်ထက်ပိုတဲ့ သူတွေကို ပြိုင်ထားရင် ဒါ အပြစ်ရှိတယ်။ အပြစ်သင့်တယ်။ ပြောရရင် ဒါဟာ သစ္စာမရှိမှု၊ သစ္စာဖောက်ဖျက်မှုပဲ။

အကြောင်းကြောင်း တစ်ခုကြောင့် တစ်ယောက်နဲ့ လုံးဝပြတ်စဲသွားလို့ နောက်တစ်ယောက်ဖြစ်တယ် ဆိုရင် ဒါဟာ အပြစ်မရှိဘူး။ (တစ်ခုတော့ ရှိတာပေါ့လေ နောက်လူကို လက်တွဲချင်လို့ လက်ရှိလူကို နည်းမျိုးစုံနဲ့ စွန့်ခွာသွားရင်တော့ တစ်မျိုးပေါ့)။

ကိုယ်ချစ်တဲ့သူနဲ့ လွှဲလို့ အိမ်ထောင်မပြုကြတော့ဘူးလား။ ပြုကြတာပါပဲ။ ချစ်ဦးသူက စွန့်ခွာခဲ့လို့၊ အကြောင်းတစ်ခုခုကြောင့် ခွဲခွာသွားရလို့ သစ္စာရှိရှိနဲ့ တစ်သက်လုံး အိမ်ထောင်မပြုသူတွေ ရှိသလား။ ရှိပါလိမ့် မယ်။ ရှားပါလိမ့်မယ်။

ဒါဆို အိမ်ထောင်ပြုတိုင်း ချစ်သလား။ မချစ်ကြပါဘူး။ ချစ်သူတိုင်းရော ညားသလား မညားကြပါဘူး။ သို့သော် အိမ်ထောင်တစ်ခုဖြစ်လာပြီး အနေကြာ သံယောဇဉ်ဖြစ်လာတာနဲ့ အမျှ ချစ်ခြင်းဆိုတာထက် ပိုမိုမြင့်မြတ်တဲ့ "ချစ်ခြင်းမေတ္တာ "ကပေါ်လာတတ်ကြပါတယ်။

ချစ်ခြင်းမှာ မေတ္တာတရား ယှဉ်တွဲခြင်းဖြင့် ပူလောင်တဲ့ အချစ်ဟာ အေးမြသွားစေနိုင်တယ်မဟုတ်လား။ 

"ချစ်ခြင်းနဲ့ သစ္စာမှာ ဘေးဘယောဂပါရင်တော့ အေးအေးဆေးပါ "လို့ ကျွန်တော် comment ရေးခဲ့မိတယ်။

ဟိုး ယခင်ခေတ်ကာလတွေတုန်းကတော့ မိဘဆိုတာ လူငယ်နှစ်ဦးကို ခွဲတဲ့ ဘေးပယောဂတွေအဖြစ် ရေးတတ်ကြတယ်။ ပြီးတော့ ဥစ္စာ၊ ရာထူး၊ နေရာ တွေပေါ့။

နှစ်ကိုယ်တူ ထမင်းရည်ပူလျှက်ရ လျှက်ရလို့လဲ ဆိုကြရမဟုတ်လား။ သို့သော် လူမှုတကယ့်ဘ၀မှာ အချစ်ဆိုတာက အိမ်တစ်ဆောင် မီးတစ်ပြောင်မရှိရင် ခပ်မှိန်မှိန် ဖြစ်သွားတတ်ပါတယ်။ ဖြစ်သွားတတ်ပါတယ်လို့ ကျွန်တော်ဆိုပါတယ်။

အချစ်ကို အထွတ်အမြတ်ထားကိုးကွယ်တဲ့ သစ္စာရှင်ကြီးတွေကို မဆိုပါဘူး။ (ခေတ်စကားနဲ့ဆိုရင်တော့ ချစ်ရူး ရူးတဲ့ သူတွေ၊ )။

အင်း ပြောခိုင်းတဲ့ ပုံပြင်ဆိုတာကို ပြောရရင် ပုံပြင်ဆိုတာထက် အဖြစ်အပျက်အမှန်လေးတစ်ခု ဖြစ်ချင် ဖြစ်မှာပါ။

တစ်ခါတုန်းက ကောင်လေးနဲ့ ကောင်မလေးတစ်ဦး ချစ်ကြိုက်ကြတယ်။ ကောင်လေးနဲ့ ကောင်မလေးက အရမ်းချစ်ကြတာတဲ့။ 

ကောင်လေးက သင်္ဘောသား။ တစ်ရက်မှာ ကောင်လေးက သင်္ဘော ပြန်တက်ရတော့မယ်။ ဒီတော့ သူတို့ ချစ်သူနှစ်ဦးသား ဘုရားသွားပြီး တိုင်တည်ကြတယ်။ သစ္စာပြုကြတယ်။
ပြီးတော့ ဘယ်တော့မှ မခွဲတမ်း၊ သစ္စာရှိကြစတမ်းဆိုပြီး သစ္စာရေအတူသောက်ကြသတဲ့။

ထိုနေ့ဟာ သူတို့နှစ်ဦးရဲ့လမ်းခွဲမှုက ၀မ်းနည်းစရာ ကောင်းမှာပေါ့လေ။

ဒီလိုနဲ့ ၃ နှစ်လောက်အကြာမှာ ကောင်လေးက ပြန်ရောက်လာတယ်။ ရောက်ရောက်ချင်းဝမ်းသားအားရနဲ့ သူချစ်သူအိမ်ကို သွားတယ်။ 

တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့ကောင်မလေးနဲ့ ကောင်မလေးတို့အိမ်ရဲ့ လမ်းမှာ ဆုံမိကြတယ်။ ကောင်လေးက ကောင်မလေးကို ကြည့်ပြီး ကြေကွဲစို့နစ်သွားတယ်။ ဘာလို့လဲဆိုရင် ကောင်မလေးမှာ မပေါ့မပါးကြီးနဲ့လေ။

ကောင်လေးက စို့နစ်ပြီး မျက်ရည်ကလည်း ရစ်သိုင်းနေပြီ။ အသံတုန်တုန်ရင်ရင်နဲ့ ကောင်မလေးရဲ့ ပုခုံးကို ကိုင်ပြီး မေးတယ်..
"ချစ် ဒါဘယ်လိုဖြစ်တာလဲ ဟင် ဘယ်လိုဖြစ်တာလဲ "
ကောင်မလေးကတော့ အေးအေးဆေးဆေးပါပဲ။
"အကြောင်းအကြောင်းတွေကြောင့်ပါ "
"မဟုတ်ဘူးလေ မဟုတ်ဘူး ကိုယ်တို့ သစ္စာဆိုခဲ့ကြတယ်။ ဘုရားမှာ သစ္စာရေအတူ သောက်ခဲ့ကြတာလေ..မမှတ်မိတော့ဘူးလား..မမှတ်မိတော့ဘူးလားဟင် "
ဆိုတော့ ကောင်မလေးက တစ်ခွန်းပဲပြောလိုက်ပြီး သူလမ်းကို သူဆက်သွားပါတယ်..

"ဟုတ်တယ် အဲဒီနေ့က သစ္စာရေသောက်သမျှ (မရိုမသေ) သေးပေါက်တဲ့အထဲ ပါသွားပြီ "တဲ့လေ။

ဒါလေးပြောလိုက်လို့ သစ္စာတရားကို အလေးမထားရာ၊ မလိုလားရာ ဆိုလိုတာမဟုတ်ပါဘူး။ တစ်ခါတလေကြတော့ ဘ၀မှာ သစ္စာမရှိသင့်တဲ့ အခြေအနေတွေမှာ သစ္စာရှိနေခြင်းက ကိုယ့်ဘ၀ကို သတ်နေ တယ်လို့ထင်မိတယ်။ 

ဒီတော့ ကိုယ်လည်း တစ်ခါတလေ သစ္စာရေသောက်သမျှ သေးပေါက်တဲ့အထဲပါအောင် လုပ်သင့် လုပ်ရလိမ့်မယ်ထင်ပါတယ်။

ရှင်သန်လှုပ်ရှားရတဲ့ ဘ၀ဆိုတာ ကြိုမမြင်နိုင်တဲ့ အချိုးအကွေ့တွေက အများကြီးကိုး။
ဒီတော့ သစ္စာမရှိရတော့ဘူးလား။ မဟုတ်ပါဘူး ရှိရပါ့မယ်။ ရှိသင့်ရှိထိုက်တဲ့ အခါ အသက်ကိုပဲ မငဲ့ပဲ သစ္စာတရားကို စောင့်ထိန်းရမှာပါ။ 

ချစ်သူနှစ်ဦး ကြည်ဖြူစွာ ချစ်နေကြပါလျက်နဲ့ ဖောက်ပြားချင်တဲ့ စိတ်တွေ ၀င်လာတဲ့အခါ ကိုယ့်စိတ်ကို ကိုယ့်သစ္စာတရားနဲ့ကို ထိန်းကွပ်ရမှာပါ။ သစ္စာမဲ့သူရဲ့ သွားလမ်းကတော့ ဖြောင့်ဖြူးမှာ မဟုတ်ပါဘူး။

ပြီးတော့ အချစ်ဆိုတာ လိမ္မော်သီးတစ်လုံးထဲက အမွှာလေးတစ်မွှာလို့ဆိုပါတယ်။ ဒီအမွှာလေးတစ်မွှာ မကောင်းရင် ရဲရဲသာ လွှင့်ပစ်ထုတ်လိုက်ပါ။ နို့မဟုတ်ရင် ကျန်တဲ့ အမွှာတွေပါ ပုတ်သိုးလာမှာမို့လေ။

ဘ၀မှာ အရေးကြီးတာတွေ အများကြီးမဟုတ်လား။
လူရယ်လို့ဖြစ်လာပြီး ဘ၀ကိုဖြတ်သန်းတဲ့ အခါ ဒီအချစ်ဆိုတာနဲ့ တွေ့ထိရမှာပါပဲ။ အချစ်ဆိုတာနဲ့ တွေ့ထိတဲ့အခါ အဲဒီအချစ်က တစ်ကယ်ကို ဖြူစင်သန့်ရှင်းပြီး ဘ၀မှာ ကြည်လင်စေတယ်ဆိုရင်တော့ အချစ်ကို သစ္စာနဲ့ ထွေးပွေ့ဖို့လိုပါတယ်။

ဒီအချိန်မှာ မထွေးပွေ့ရင် အချစ်က ရင်ကို စုန်ကန်ပြီး ရင်ကွဲတာတွေ ဘာတွေ ညာတွေ ဖြစ်သွားတတ် ပါတယ်။

အင်း ဒီလိုပါပဲ အချစ်ကို စွန့်ပစ်သင့်တာအခါ မစွန့်ပစ်ရင်တော့ ထွေးပွေ့ထားတဲ့ ရင်ဘတ်ကြီးလည်း ပုတ်သိုးသွားတတ်ပါတယ်လို့ ဆိုပါရစေ။

(မှတ်ချက်။ ကျွန်တော့်ဘ၀အတွေ့အကြုံ(ခံစားပြီးမှ)အရ တွေးမိတာ၊ ယုံကြည်မိတာတွေကို ရေးလိုက်တာပါ။ အယူအဆမတူသူတွေလည်းရှိမှာပါ။ ဘာလို့လဲ ဆိုရင် ဒီယုံကြည်မှုတွေကလည်း နောင်တစ်ချိန် ရှိသေးတယ်လို့ ကိုယ့်ကိုကိုယ်မပြောနိုင်လို့လေ။ ဒါကြောင့် လွတ်လပ်စွာ သဘောထားကွဲလွဲပါလို့)

********

မောင်ပိုင်
၂၆-၁၂-၂၀၁၄
 — 

လက်ပန်းတောင်း ရှင်းတမ်း

$
0
0

လက်ပန်းတောင်း ရှင်းတမ်း
******************
လက်ပန်းတောင်း စီမံကိန်း ပြသနာကို သုံးသပ်လျှင် …
အပိုင်းနှစ်ပိုင်း ခွဲခြားသုံးသပ်နိုင်ပါသည် …
ပထမပိုင်းက …
စီမံကိန်း ဖြစ်ပေါ်လာသည့် နောက်ခံသမိုင်း နှင့် …
ဒုတိယပိုင်းက …
လက်ရှိ ဖြစ်ပွားလျက်ရှိသည့် အရေးအခင်းများ တို့ ဖြစ်ပါသည် …

စီမံကိန်း ဖြစ်ပေါ်လာသည့် နောက်ခံသမိုင်း
=========================

မုံရွာဒေသ ကြေးနီစီမံကိန်းများ သည် …
ဆိုရှယ်လစ် အစိုးရလက်ထက် ...
၁၉၈၄ခုနှစ်တွင် စတင်ခဲ့ပါသည်…
ယူဂိုဆလပ်နိုင်ငံမှ ...
နည်းပညာနှင့် စက်ကိရိယာများဝယ်ယူကာ…
တစ်နေ့ လျှင် တန် ၈၀၀၀ ကျ စက်ရုံတစ်ခုတည်ဆောက်ခဲ့ပြီး …
အမြုပ်ကပ် သန့်စင်သည့် နည်းစဉ် (Floatation Method) ဖြင့် …
ကြေးနီများ စတင်ထုတ်လုပ်ခဲ့ပါသည် …

သို့ သော် သတ္တုရိုင်းအတွင်းရှိ ကြေးနီများအား …
ကုန်စင်အောင် ထုတ်ယူနိုင်မှု မရှိခဲ့ခြင်း ….
ရင်းနှီးကုန်ကျစရိတ်နှင့် ထုတ်လုပ်မှုစရိတ် ကြီးမြင့်ခြင်း ….
နည်းပညာ ခေတ်မမီခြင်း …
ကြေးနီ သတ္တုစင် အဖြစ် မထွက်ရှိခြင်းတို့ ကြောင့် ….
တောက်လျောက် အရှုံးပေါ်နေသဖြင့် …
၁၉၉၈ ခုနှစ် နိုဝင်ဘာလတွင် …
သတ္တုတွင်းဝန်ကြီးဌာန၊ အမှတ် (၁) သတ္တုတွင်းလုပ်ငန်းနှင့် …
ကနေဒါနိုင်ငံ အိုင်ဗင်ဟိုး ကုမ္ပဏီတို့  ပူးပေါင်းပြီး …
မြန်မာ-အိုင်ဗင်ဟိုး ကြေးနီ ကုမ္ပဏီလီမိတက် 
(Myanmar Ivanhoe Company Copper Limited- MICCL) အမည်ဖြင့် …
၅ဝ:၅ဝ အကျိုးတူ ဖက်စပ်စနစ် 
(Joint Venture Agreement) စာချုပ်ချုပ်ဆိုကာ …
စံပယ်တောင်နှင့် ကြေးစင်တောင် ...
သတ္တုတွင်း စီမံကိန်းလုပ်ငန်းများကို …
ဆက်လက် ဆောင်ရွက်ခဲ့ပါသည် …

တူးဖော်သည့် စနစ်မှာ …
ဟင်းလင်းပွင့်စနစ် (Open Pit) ဖြင့် တူးဖော်ပြီး …
ထွက်ရှိလာသော သတ္တုရိုင်းများကို စုပုံ၍ ….
ဆာလ်ဖျူရစ် အက်စစ်ပျော့ဖြင့် ပက်ဖျန်းကာ …
ရလာသော ကော့ပါးဆာလဖိတ် အရည်များကို …
Electrolite နည်းစဉ်ဖြင့် ….
ကြေးနီသတ္တုစင် ၉၉ ဒသမ ၉၉ ရာခိုင်နှုန်းထိ …
ရရှိအောင် ထုတ်လုပ်သည့် စနစ်…
ဖြစ်ကြောင်း သိရှိရပါသည် …

၁၉၇၂ - ၇၄ ခုနှစ်အတွင်း …
ဂျပန်အစိုးရ၏ အကူအညီဖြင့် တိုင်းတာချက်အရ …
စံပယ်တောင် နှင့် ကြေးစင်တောင် သတ္တုသိုက်များတွင် ….
ကြေးနီ ၀ ဒသမ ၈၄ ရာခိုင်နှုန်းပါဝင်သော ….
ကြေးနီသတ္တုရိုင်းတန်ချိန် ၉၄ သန်းခန့် ရှိကြောင်း …

၂၀၀၇ ခုနှစ် မြန်မာ-အိုင်ဗင်ဟို ၏ …
တိုင်းတာခန့်မှန်း တွက်ချက်မှုများအရ …
လက်ပံတောင် ကြေးနီသတ္တုသိုက်တွင် ….
ကြေးနီ ၀ ဒသမ ၃၈ ရာခိုင်နှုန်းပါဝင်သော …
ကြေးနီသတ္တုရိုင်းတန်ချိန် 
စုစုပေါင်း ၁၄၇၈ သန်းခန့် ရှိနိုင်ကြောင်းနှင့် ….
သေချာသော ကြေးနီပမာဏ 
ဝ ဒသမ ၄၄ ရာခိုင်နှုန်းပါဝင်သော …
ကြေးနီသတ္တုရိုင်း တန်ချိန် 
စုစုပေါင်း ၅၇၇ သန်းခန့် ရှိကြောင်း …
သိရှိရပါသည် ….

မြန်မာ အိုင်ဗင်ဟိုး ကုမ္ပဏီ နှင့် 
အကျိုးတူ ဖက်စပ်စနစ်ဖြင့် ဆောင်ရွက်ရာတွင် …
အစိုးရဘက်မှ ထည့်ဝင်ရမည့် …
ငွေကြေးအရင်းအနှီးအခက်အခဲကြောင့် …
ပြည်ပ ချေးငွေဖြင့်ဆောင်ရွက်ခဲ့ရပြီး …
အကျိုးအမြတ်ရရှိမှု နည်းပါးခဲ့ကြောင်း သိရှိရပါသည် …

၂၀၁၀ခုနှစ် အကုန်တွင် …
အနောက်အုပ်စု၏ ပိတ်ဆို့ မှု နှင့် ….
ငွေကြေးဆိုင်ရာ ထိန်းချုပ်မှုများကြောင့် …
အိုင်ဗင်ဟိုး ကုမ္ပဏီမှာ …
မြန်မာပြည်မှ ထွက်ခွာခဲ့ရပါသည် …

ထိုအခါ ကာကွယ်ရေးဝန်ကြီးဌာနပိုင် …
မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်မှ ….
အိုင်ဗင်ဟိုး ကုမ္ပဏီ နှင့် 
သတ္တုတွင်း ၀န်ကြီးဌာနပိုင် အစုရှယ်ယာများအားလုံးကို …
လွှဲပြောင်း ၀ယ်ယူခဲ့ပါသည် …

အစုရှယ်ယာ အရောင်းအ၀ယ် ငွေပေးချေမှုများတွင် …
တရုတ်နိုင်ငံပိုင် နော်ရင်ကို ကုမ္ပဏီလက်အောက်ခံ …
ဝမ်ပေါင်ကုမ္ပဏီမှ ငွေကြေးရယူခဲ့သည်ကို …
တွေ့ ရှိရပါသည် …

ဖြစ်နိုင်သည့် အချက်မှာ …
ဦးပိုင်မှ ရှယ်ယာများအား မ၀ယ်ယူမီကပင် ….
ကြေးနီစီမံကိန်း အား ၀မ်ပေါင်ကုမ္ပဏီနှင့် …
အကျိုးတူ ပူးပေါင်းလုပ်ကိုင်သွားမည်ဟု …
ကြိုတင် သဘောတူညီထားပြီးမှ …
ရှယ်ယာများကို ၀ယ်ယူခြင်း ဖြစ်ဟန်ရှိပါသည် …

ဦးပိုင်မှ လွှဲပြောင်းရယူပြီးနောက် …
စံပယ်တောင် နှင့် ကြေးစင်တောင် စီမံကိန်းများအား …
၂ဝ၁ဝ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့ တွင် … 
မြန်မာ-ယန်စီ ကော့ပါးလီမိတက် ( ၀မ်ပေါင် ကုမ္ပဏီခွဲ )နှင့် …
အကျိုးတူ စတင်ပူးပေါင်းလုပ်ကိုင်ပါသည် …

ထိုစီမံကိန်းတွင် …
Yang Tse Copper Limited မှ …
အမေရိကန်ဒေါ်လာ ၃၉၆ ဒသမ ၃၇၇ သန်းကို …
ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံရမည် ဖြစ်ပါသည် …

ထိုအတူ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအား …
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ …
၅-၅-၂ဝ၁ဝ ရက်စွဲပါ …
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ခွင့်ပြုမိန့် အမှတ် (၄၃၈/၂ဝ၁ဝ) ဖြင့် …
ခွင့်ပြုချက် ရယူခဲ့ပြီး …
ဝမ်ပေါင် ကုမ္ပဏီ နှင့် စာချုပ် လက်မှတ်ရေးထိုးခဲ့ပါသည် …

ထိုစာချုပ်အရ Wanbao Mining Limited က ….
အမေရိကန် ဒေါ်လာ ၉၉၇ သန်းကို …
စီမံကိန်းတွင် …
ရာနှုန်းပြည့် ရင်းနှီးမြုပ်နှံသွားရမည် ဖြစ်ပါသည် …

ကြေးနီထုတ်လုပ်မှု စွမ်းရည်အနေဖြင့် ….
စံပယ်တောင် နှင့် ကြေးစင်တောင်တို့ မှ …..
၂၀၁၁ -၂၀၁၅ ခုနှစ်အတွင်း …
တစ်နှစ်လျှင် ကြေးနီတန်ချိန် ၂၅ဝဝဝ နှင့် …
၂ဝ၁၅ ခုနှစ်မှ စတင်၍ …
တစ်နှစ်လျှင် တန်ချိန် ၃၉ဝဝဝ ထိထုတ်လုပ်ရန်…
လက်ပံတောင်းတောင် စီမံကိန်းမှ …
တစ်နှစ်လျှင် ...
ကြေးနီတန်ချိန် ၁ဝဝဝဝဝ ထိ ထုတ်လုပ်ရန်…
ရည်မှန်းထားကြောင်း သိရှိပါသည် ….

စာချုပ်များ လက်မှတ်ရေးထိုးပြီးနောက် …
ပြည်ထဲရေးဝန်ကြီးဌာန၏ …
၃-၈-၂ဝ၁၂ ရက်စွဲပါ စာအမှတ်၊ ၃ဝဝ/၁-၆/ ဦး ၁(၅၇၁) အရ …
မုံရွာခရိုင်၊ ဆားလင်းကြီးမြို့ နယ် ….
တောင်ပလူ၊ မိုးကြိုးပြင်၊ ရွာရှည်၊ လက်ပံတောင်း…
တုံရွာ နှင့် ဖောင်းကတာ ကျေးရွာအုပ်စုရှိ ….
ကွင်း ၁၈ ကွင်းမှ အခြားမြေ ဧရိယာ ၂၈၁၀ ဧကနှင့် ….
ကွင်း ၁၉ ကွင်းမှ လန(၃၉) ကျပြီး လယ်မြေ ၃၉.၉ ဧက ….
ယာမြေ ၅ဝ၁၇.၁ ဧက ….
အခြားမြေ၊ လယ်မြေ နှင့် ယာမြေ ….
စုစုပေါင်း ၇၈၆၇ ဧကအား သိမ်းဆည်းကာ …
၇.၉.၂၀၁၂ ရက်နေ့ မှ စ၍ ….
စီမံကိန်း အတွက် မြေဌားဂရန် ထုတ်ပေးခဲ့ပါသည် …

ပထမဆုံး ဆန္ဒပြမှု သည် ….
၂.၆.၂၀၁၂ ရက်နေ့ တွင် စတင်ပါသည် ….
ဝက်မှေးရွာမှ ဒေသခံ ၅၀ ခန့် က …
ဝမ်ပေါင်ကုမ္ပဏီ ရှေ့ တွင် …
စတင် ဆန္ဒပြခြင်း ဖြစ်ပါသည် ….

အစပိုင်းတွင် မြေယာလျော်ကြေး ရရှိရေး ….
ကျေးရွာများ မပြောင်းရွေ့ ရေးကိုသာ …
တောင်းဆိုခဲ့ကြသော်လည်း ….
နောက်ပိုင်းတွင် ပြင်ပအဖွဲ့ အစည်း ….
အများအပြား ပါဝင်ပတ်သက်လာကာ…
တောင်းဆိုချက်များ များပြားလာပြီး ….
သပိတ်စခန်း (၆)ခု ဖွင့်လှစ်သည်အထိ …
ဖြစ်လာခဲ့ပါသည် …

၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ….
အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် …
ပြည်သူ့ လွှတ်တော်အမတ် ဒေါ် ခင်စန်းလှိုင် မှ …
လက်ပန်းတောင်းစီမံကိန်းနှင့် ပတ်သက်၍ …
အရေးကြီးအဆို တင်သွင်းရာ …
လွှတ်တော်က လက်ခံခဲ့ပါသည် …

၂၇-၁၁-၂ဝ၁၂ရက်နေ့ တွင် …
ပြည်ထဲရေး ဝန်ကြီးဌာနက ….
စီမံကိန်းနယ်မြေ အတွင်းရှိ …
သပိတ်စခန်းများအားလုံး ဖယ်ရှားပေးရန် ….
ဖယ်ရှား ရှင်းလင်းခြင်းမပြုပါက ….
တည်ဆဲဥပဒေများအတိုင်း ….
အဆင့်ဆင့် ဖြေရှင်းသွားမည်ဖြစ်ကြောင်း
ရေဒီယို နှင့် ရုပ်မြင်သံကြားမှ ကြေညာခဲ့ပါသည် ….

မဖယ်ရှားသော သပိတ်စခန်းများအား …
၂၉-၁၁-၂ဝ၁၂ရက်နေ့ ….
နံနက် ဝ၃းဝဝ အချိန်တွင် …
မီးခိုးဗုံးများ အသုံးပြု လူစုခွဲခဲ့ရာ ….
သံဃာတော် ၉၉ ပါး ….
လူ ၉ဦး …
စုစုပေါင်း ၁ဝ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည် ….

ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ….
တင်သွင်းခဲ့သည့် အရေးကြီးအဆိုအရ …
၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် 
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် စပ်လျဉ်း၍ …
ကြေးနီမိုင်းလုပ်ငန်း ဆက်လက်လုပ်ဆောင်ခွင့်ပြုရန် ….
သင့်/မသင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို….
နိုင်ငံတော်သမ္မတရုံးမှ …
ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းပေးခဲ့ပါသည် …

စုံစမ်းရေးကော်မရှင်က ….
(က) ကြေးနီစီမံကိန်းအား ….
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ….
နိုင်ငံတကာ ပြဋ္ဌာန်းချက်များ …
ဆောင်ရွက်သင့်သည့် နည်းပညာများ အသုံးပြု၍ ….
စနစ်တကျ ဆောင်ရွက်ခြင်း ရှိ/မရှိ …

(ခ) ကြေးနီစီမံကိန်းကြောင့် ….
လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်အပေါ် ….
ကောင်းကျိုးနှင့် ဆိုးကျိုး သက်ရောက်မှုများ …

(ဂ) ကြေးနီစီမံကိန်းဆောင်ရွက်ခြင်းကြောင့် ….
နိုင်ငံတော်၊ ပြည်သူလူထုနှင့် …
အနာဂတ် မျိုးဆက်များအတွက် အကျိုး ရှိ/မရှိ …
စသည့် အချက်သုံးချက်အား …
အဖွဲ့ ၃ ဖွဲ့ ဖွဲ့ စည်းကာ ..
စုံစမ်းစစ်ဆေးခဲ့ပါသည် ….

သုံးလကျော် စုံစမ်းစစ်ဆေးမှုအပြီး …
၂၀၁၃ မတ်လ ၁၁ရက်နေ့ တွင်…
စုံစမ်းရေးကော်မရှင်မှ ...
အပိုဒ်၉၆ပိုဒ်ပါ အစီရင်ခံစာကို …
ထုတ်ပြန်ခဲ့ပါသည် …

အစီရင်ခံစာပါ ...
အရေးကြီးသည့် အကြံပြုချက် အချို့ မှာ ….
လက်ပန်းတောင်း စီမံကိန်းကို ဆက်လက်လုပ်ဆောင်ရန် …
စာချုပ် အကျိုးအမြတ်ခွဲဝေမှုကို ပြန်လည်ချုပ်ဆိုရန် …
သိမ်းဆည်းမြေများအား သေချာစွာ စိစစ်ပြီး …
မလိုသည်များကို ပြန်ပေးရန် …
မြေယာလျော်ကြေးအား ကော်မရှင်အကြံပြုချက်အတိုင်း …
ကာလပေါက်ဈေး ဖြင့် ပြန်လည်ပေးလျော်ရန် …
ဒေသခံများ ရေရှည်လုပ်ကိုင်စားသောက်နိုင်မည့်  …
စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးရန် …
စသည့် အချက်များ အဓိက ပါဝင်ပါသည် …

သမ္မတက …
၁၁.၃.၂၀၁၃ ရက်နေ့ ၌ပင် …
အစီရင်ခံစာ အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီကို …
သမ္မတရုံးဝန်ကြီး ခေါင်းဆောင်ကာ …
အဖွဲ့ ဝင် ၁၅ဦးဖြင့် ဖွဲ့ စည်း ဆောင်ရွက်စေခဲ့ပါသည် …

ကော်မတီ၏ ဆောင်ရွက်ချက်အချို့ မှာ …
စာချုပ်အား …
နိုင်ငံတော်မှ အကျိုးအမြတ် ၅၁ ရာခိုင်နူန်း …
ဦးပိုင်မှ ၁၉ ရာခိုင်နူန်း …
ဝမ်ပေါင်မှ ၃၀ ရာခိုင်နူန်း အဖြစ် …
ပြောင်းလဲ ပြင်ဆင်ချုပ်ဆိုခဲ့ ပါသည် …

ထို့ ပြင် ၀မ်ပေါင် ကုမ္ပဏီမှ ….
သတ္တုတွင်း ပြန်လည်ထူထောင်ခြင်း ရံပုံငွေ …
နှစ်စဉ် အမေရိကန်ဒေါ်လာ ၂သန်း ပေးအပ်ပြီး ….
ကျေးလက်ဒေသ ဖွံ့ ဖြိုးရေး ရံပုံငွေအား…
ထုတ်လုပ်မှု မစတင်မီ …
နှစ်စဉ် အမေရိကန်ဒေါ်လာ ၁သန်း …
ထုတ်လုပ်မှု စတင်ပါက …
နှစ်စဉ် အသားတင် အမြတ်၏ ၂ ရာခိုင်နူန်း …
ပေးအပ်ရမည်ဟု …
ထည့်သွင်း ချုပ်ဆိုခဲ့ပါသည် ….

သိမ်းဆည်းမြေများအား ပြန်လည်စိစစ်ကာ …
မူလ စီမံကိန်းဧရိယာ ၇၈၆၇ဧကမှ ….
၉၀၃.၇၄ ဧက ပြန်လည်ပေးအပ်ခဲ့ပြီး …
၆၉၆၃.၂၆ ဧက ကိုသာ …
စီမံကိန်းမြေ အဖြစ်သတ်မှတ်ခဲ့ပါသည် …

သီးနှံလျော်ကြေး အပြင် ….
မြေယာလျော်ကြေးအဖြစ် …
ကော်မရှင် အကြံပြုချက်အတိုင်း …
ကာလပေါက်ဈေး ဖြစ်သည့် …
ဆည်ရေသောက်လယ် တစ်ဧက ၁၅သိန်း …
မြစ်ရေတင်လယ် တစ်ဧက ၁၅ သိန်း …
လယ်မြေ (မိုးကောင်းသောက်) တစ်ဧက ၁၂ သိန်း ….
တစ်နှစ် နှစ်သီးစား ယာမြေ တစ်ဧက ၁၀သိန်း …
တစ်နှစ် တစ်သီးစား ယာမြေ တစ်ဧက ၇သိန်း …
ယာမြေ ဦးပိုင်မပေါက် တစ်ဧက ၅သိန်း …
အားလုံး အသစ် ပြန်လည်ပေးလျော်ခဲ့ပါသည် …

ထိုပြင် မြေယာထောက်ပံ့ ကြေးအဖြစ် …
လယ်တစ်ဧက ၁၂သိန်း 
ယာ( မြဲ ) တစ်ဧက ၈သိန်း …
ယာ ( မမြဲ ) တစ်ဧက ၃ သိန်း …
ထပ်မံပေးလျော်ခဲ့သည် ဟုသိရပါသည် ….

ဒေသခံများ ရေရှည်လုပ်ကိုင်စားသောက်နိုင်မည့်  …
အသေးစား ၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ….
ပြန်လည်ထူထောင်ပေးရန် ကိစ္စကိုမူ …
စိုက်ပျိုးရေးသုံး အင်ဂျင်နှင့် မော်တော်ဆိုင်ကယ်ပြုပြင်သင်တန်း …
သံဂဟေဆက်သင်တန်း …
ကျေးလက်ဒေသ အခြေခံလျှပ်စစ်ကျွမ်းကျင်သင်တန်းများ ….
ဖွင့်လှစ်သင်ကြားပေးခဲ့သည်မှ လွဲ ၍
အခြား ထိထိရောက်ရောက် အကောင်အထည်ဖော် …
ဆောင်ရွက်မှု မရှိသေးကြောင်း …
တွေ့ ရှိရပါသည် …..

အထက်ဖော်ပြပါ အချက်များသည် …
လက်ပန်းတောင်း ကြေးနီ စီမံကိန်း၏ …
နောက်ခံအကြောင်းအချက်အလက်များ ဖြစ်ပါသည် …

လက်ရှိ ဖြစ်ပွားလျက်ရှိသည့် အရေးအခင်းများ
=========================

လက်ပန်းတောင်းဒေသ ကြေးနီစီမံကိန်းဧရိယာများတွင် …
ပုဒ်မ ၁၄၄ ထုတ်ပြန်မှုမှာ …
ဟိုးယခင်ကတည်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည် ….

လုပ်ဆောင်ရသည့် အကြောင်းမှာ …
သတ္တုမိုင်း ဧရိယာအတွင်း …
သတ္တုခိုးယူ တူးဖော်မှုကြောင့် မြေပိသေဆုံးခြင်း …
ခိုက်ရန်ဖြစ်ပွား၍ ဒဏ်ရာရရှိခြင်း စသည်များကြောင့် …
သတ္တုမိုင်း နယ်မြေ ဧရိယာအား …
ပုဒ်မ-၁၄၄ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု သိရပါသည် …

ဒေသခံများသည် အစပိုင်းတွင် …
မြေယာလျော်ကြေး ရရှိရေး ….
ကျေးရွာများ မပြောင်းရွေ့ ရေးကိုသာ …
တောင်းဆိုခဲ့ကြသော်လည်း ….
တက်ကြွ လှုပ်ရှားသူများ နှင့် …
အဖွဲ့ အစည်း အများအပြား ရောက်ရှိလာချိန်တွင် ….
တောင်းဆိုချက်များမှာ ပြောင်းလဲလာခဲ့ပါသည် …

၃-၃-၂ဝ၁၂ရက် နေ့မှ …
၂၅.၁၁.၂၀၁၂ အတွင်းတွင် …
ဟန့်တားနှောင့်ယှက်မှု …
ဆဲဆိုခြိမ်းခြောက်မှု …
ဖျက်ဆီးမှု များ နှင့် ဆူပူဆန္ဒပြမှုများ ….
၁၂၄ ကြိမ် ဖြစ်ပွားခဲ့သည်ဟု …
ရဲတပ်ဖွဲ့  မှတ်တမ်းများအရ သိရှိရပါသည် …

လက်ပန်းတောင် ဒေသသို့  …
ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ယက် 
နိုင်ငံရေး အကျဉ်းသားများ ကွန်ယက်
ရန်ကုန် ၀ိဇ္ဇာသိပ္ပံ ကျောင်းသားများ သမဂ္ဂ
ရန်ကုန် ရှေ့ နေများ ကွန်ယက် 
မုံရွာခရိုင် ကျောင်းသားများ သမဂ္ဂ
မိတ္ထီလာ ပြည်သူ့ အကျိုးဆောင်ကွန်ယက် 
ဒီမိုကရေစီ အင်အားစု အဖွဲ့ 
လက်ပန်းတောင်းတောင် ကယ်တင်ရေး ကော်မတီ 
ဒေသတစ်ဝိုက်ရှိ အန်အယ်လ်ဒီပါတီဝင်များ 
အခြေခံ အလုပ်သမား လယ်သမားများ ချိတ်ဆက်
ဆောင်ရွက်သူများအဖွဲ့ 
မန်းလေး ၊မုံရွာ နှင့် ပခုက္ကူမှ သံဃာတော် အချို့  …
လာရောက် ပါဝင်လှုပ်ရှားခဲ့ပါသည် …

ထိုနေရာတွင် အခြေပြုကာ …
တောက်လျောက်နေထိုင်လျက်ရှိသူမှာ …
ရန်ကုန်ပြည်သူ့ အကျိုးဆောင် ကွန်ယက် မှ …
ကိုဟန်ဝင်းအောင် ဖြစ်ပါသည် …

လက်ပန်းတောင်းဒေသတွင် ဖြစ်ပွားခဲ့သော …
ပဋိပက္ခများ အနက် ဖြစ်စဉ် အချို့ မှာ …
အောက်ပါအတိုင်း ဖြစ်ပါသည် …

၂၉.၁၁.၂၀၁၂ 
ပုဒ်မ၁၄၄ နယ်မြေအတွင်းမှ ….
သပိတ်စခန်းများ ဖြိုခွဲ ရာ 
သံဃာ ၉၉ပါးနှင့် လူ၉ဦး …
စုစုပေါင်း ၁၀၈ ဦး ဒဏ်ရာရရှိ …

၂၅.၄.၂၀၁၃ 
ရဲတပ်ဖွဲ့ နှင့်  ဆန္ဒပြသူများ ထိပ်တိုက်တွေ့ ရာ…
သေနတ်ဒဏ်ရာရသူ တစ်ဦး အပါအဝင် …
ဒေသခံသုံးဦး ဒဏ်ရာရရှိခဲ့ ….
ရဲတပ်ဖွဲ့ဝင် ၁၅ ဦး ဒဏ်ရာ ရရှိ …
ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ရက်မှ …
ကိုအောင်စိုး အပါအဝင် ဒေသခံအချို့ ဖမ်းဆီးခံရ ….

၁၄.၁၁.၂၀၁၃ 
လုံခြုံရေး ရဲကင်းစခန်းအား ၀ိုင်းဝန်းတိုက်ခိုက် ….
အပြန်အလှန် ပစ်ခတ်မှုကြောင့် …
ဒေသခံ ၇ ဦး ဒဏ်ရာရရှိ …
ရဲတပ်ဖွဲ့ဝင် အချို့  ဒဏ်ရာ ရရှိ …

၁၈.၅.၂၀၁၄ 
စီမံကိန်းမှ တရုတ်ပညာရှင် နှစ်ဦးနှင့် …
စကားပြန်တစ်ဦးအား ဆည်တည်းရွာသို့  …
ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရ …
ထိုကိစ္စနှင့်ပတ်သက် ၍ …
မန်းလေးဗကသမှ မဖြူနှင်းထွေး အပါအ၀င် …
ဒေသခံအချို့  ခေတ္တထိန်းသိမ်းခံခဲ့ရ ….

၁၃.၁၂.၂၀၁၄ 
လိပ်ခွံတောင်အနီး ခြံစည်းရိုးကာရာမှ …
ရဲတပ်ဖွဲ့ နှင့် ထိပ်တိုက်တွေ့ ….
အမျိုးသားနှစ်ဦး သေနတ်ဒဏ်ရာ ရရှိခဲ့ ….

၂၂.၁၂.၂၀၁၄ 
စီမံကိန်းဧရိယာ ခြံခတ်ရန် ကြိုးပမ်းရာမှ ….
ထိပ်တိုက်တွေ့  …
ဒေါ်ခင်ဝင်း သေနတ်မှန်သေဆုံး …
ဒေသခံ ၉ဦး ဒဏ်ရာရ …
မျက်လုံးပေါက်ထွက် ဒဏ်ရာအပါအ၀င် …
ရဲတပ်ဖွဲ့ ဝင် ၁၁ ဦး ဒဏ်ရာရရှိ … 

အထက်ဖော်ပြပါ ဖြစ်စဉ်များမှာ …
လက်ပန်းတောင်းဒေသတွင် …
ဖြစ်ပွားခဲ့သော ပဋိပက္ခများအနက် …
ထင်ရှားသည့် ဖြစ်ရပ်များ ဖြစ်ပါသည် …

သုံးသပ်ချက် 
=======

လက်ပန်းတောင်းတောင် စီမံကိန်းသည် …
ယခင် စစ်အစိုးရ လက်ထက်တွင် …
စတင်လုပ်ဆောင်ခဲ့သော စီမံကိန်း ဖြစ်ပါသည် …

စစ်အစိုးရလက်ထက် လုပ်ဆောင်ခြင်းဖြစ်၍ …
ပွင့်လင်းမြင်သာမှု နှင့် …
မြေသိမ်းဆည်း လျော်ကြေးပေးခြင်းကိစ္စများတွင် …
လုံးဝ ( လုံးဝ ) တရားမျှတမှု မရှိခဲ့ကြောင်း …
တွေ့ ရှိရပါသည် …

သို့ သော် …
စုံစမ်းရေးကော်မရှင်၏ …
အစီရင်ခံစာ ထွက်လာပြီးနောက်တွင် …
ကော်မရှင် အကြံပြုချက်အတိုင်း ….
မြေလျော်ကြေး နှင့် သီးနှံလျော်ကြေးများကို ….
ကာလပေါက်ဈေးဖြင့် ….
အသစ် ပြန်လည်ပေးလျော်ခဲ့ပြီး ....
ကော်မရှင်၏ အကြံပြုချက် အများစုကို ...
အကောင်အထည်ဖော် ....
ဆောင်ရွက်ထားသည်ကိုလည်း တွေ့ ရှိရပါသည် …

လက်ရှိတွင် တောင်သူတစ်ဝက်ကျော်က …
လျော်ကြေးထုတ်ယူထားပြီး ဖြစ်သည်ဟု …
သိရှိရပါသည် ….

လက်ပန်းတောင်း စီမံကိန်း၏ အဓိက ပြသနာမှာ …
တောင်သူများ လိုချင်သော ….
အခွင့်အရေးများ မရရှိခြင်းကြောင့် မဟုတ်…
တစ်ဖက်က မညှိနိုင်းဟု ပြောနေခြင်းကြောင့် မဟုတ် ...
စီမံကိန်းကို လုံးဝမလုပ်ရ …
အပြီး ရပ်ဆိုင်းခိုင်းနေခြင်းကြောင့် …
ပြသနာ ဖြစ်နေသည်ဟု …
သုံးသပ်ရပါသည် ….

တောင်သူများ အနေဖြင့် …
မိမိတို့ လိုလားချက်များကို …
( ဥပမာ …. ဘယ်ရွာနဲ့  ဘယ်ရွာကြား လမ်းခင်းပေးပါ …
လျှပ်စစ်မီး ထရန်စဖော်မာတပ်ပေးပါ …
သီးနှံလျော်ကြေး ...
တစ်နှစ်ကို ဘယ်လောက်နူန်းနဲ့  …
ဘယ်နှစ်နှစ်ပေးပါ …
ကျောင်း ဘယ်နှစ်ကျောင်း ...
ဆေးပေးခန်း ဘယ်နှစ်ခု ဆောက်ပေးပါ ...
ရွာသားများအားလုံးကို ....
ကုမ္ပဏီမှ အခမဲ့  အမြဲတန်းဆေးကုပေးပါ ....
စသဖြင့် ….
ဖြစ်နိုင်သော ဖြစ်သင့်သော လိုလားချက်များကို …
သဘာဝကျကျ တောင်းဆိုသင့်ပါသည် …

စီမံကိန်း ရပ်ဆိုင်းခြင်းထက် …
ဆက်လက်လုပ်ဆောင်ခြင်းက …
တိုင်းပြည်အတွက် အကျိုးရှိမည်ဖြစ်ကြောင်းကို …
ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် …
စုံစမ်းရေးကော်မရှင်က …
အတိအလင်း ပြောကြားထားပြီး ဖြစ်သည့်အတွက် …
တောင်သူများ အနေဖြင့် ….
စီမံကိန်း ရပ်ဆိုင်းရန်ကိုသာ ....
ဇွတ်တရွတ် တောင်းဆိုနေခြင်းအား …
လုံးဝ စွန့် လွှတ်သင့်ပါသည် …

ဒေသအသီးသီးမှ လာရောက်ကြသည့် …
တက်ကြွလှုပ်ရှားသူများ နှင့် …
အဖွဲ့ အစည်း အသီးသီး တို့ အနေဖြင်လည့်း …
မသိနားမလည်သော တောင်သူများအား …
အသိပညာပေးခြင်း …
မိမိတို့ ၏ အခွင့်အရေးကို တောင်းဆိုတတ်အောင် …
ဆောင်ရွက်ပေးခြင်းတို့ အား …
ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါသည် …

သို့ သော် ….
ယခု လက်ရှိဖြစ်နေသည့် ….
လက်ပန်းတောင်းဒေသ၏ အခြေအနေမှာ …
ထိုကဲ့ သို့ မဟုတ်ပါ …
တောင်သူများ၏ လက်ဝယ်တွင် …
ဒုတ်ဓား လက်နက် အပြည့်အစုံဖြင့် …
အကြမ်းဖက်မှုကို ဆင်နွဲနေသည့် ပုံစံမျိုးကိုသာ ..
တွေ့ မြင်နေရပါသည် ….

ထိုကိစ္စကို ...
တောင်သူများအား ...
အသိဥာဏ်ပညာပေးခြင်း ဆိုသည်ထက် ...
ဆူပူအကြမ်းဖက်ရန် လှုံ့ ဆော်နေခြင်းဟုသာ ...
ခေါင်းစဉ်တပ်ရမည် ဖြစ်ပါသည် ...

ကိုဟန်ဝင်းအောင်၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် …
တောင်သူများအား ဦးစီး၍ ….
စစ်ပွဲတစ်ခု ဆင်နွဲနေသကဲ့ သို့  …
ရဲတပ်ဖွဲ့ ဝင်များ နှင့် ထိပ်တိုက်မတွေ့ တွေ့ အောင် …
စီစဉ်ကြီးကြပ် ကွပ်ကဲနေမှုများအား …
အထင်အရှားတွေ့ မြင်နိုင်ပါသည် …

ဒေါ်ခင်ဝင်း သေဆုံးမှုတွင် …
ကိုဟန်ဝင်းအောင် ၏ ....
ပယောဂ ပါဝင်ပတ်သက်နေမှုကို …
အထင်အရှား တွေ့ မြင်နိုင်ပါသည် …

ဤနေရာတွင် …
မေးစရာ မေးခွန်းတစ်ခု ပေါ်လာပါသည် …
နိုင်ငံရေးပါတီများနှင့် မီဒီယာများက ….
ဖြစ်စဉ်တစ်ခုလုံး အပြည့်အစုံကို …
ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ရေးသား …
ကြေငြာချက်များ ထုတ်ပြန်ကာ …
ပြည်သူလူထုကို အဘယ်ကြောင့် …
အသိမပေးရပါသနည်း…. ?????

မည်သည့်အတွက်ကြောင့် …
တောင်သူများက ….
ဒုတ်ဓားလက်နက်များဖြင့် ရန်ပြုသည့် အပိုင်းကို …
ချန်လှပ်ထားခဲ့ပြီး …
ရဲတပ်ဖွဲ့ က တစ်ဖတ်သတ် ပစ်ခတ်သယောင် …
ရေးသားဖော်ပြကြပါသနည်း …???

ဤသို့  အစိုးရအပေါ် …
တစ်ဖက်သတ် ၀ိုင်းဝန်းဖိအားပေးမှုကြောင့် …
ဤ စီမံကိန်း ရပ်ဆိုင်းသွားခဲ့ရလျှင် …
တိုင်းပြည်အတွက် အကျိုးရှိပါမည်လား …????

ဒေသခံများ အနေဖြင့် …
လက်ရှိ စီမံကိန်းလုပ်ဆောင်နေပြီ ဖြစ်သော...
ပျက်စီးနေသည့် မြေယာများအား …
မည်ကဲ့ သို့  ပြန်လည် စိုက်ပျိုးကြပါမည်နည်း …. 
စီမံကိန်း ရပ်သွားခဲ့လျှင် ...
ဒေသခံများ အတွက်ရော …
တကယ်တန်း အကျိုးရှိပါမည်လား ….????

ထိုထက်အရေးကြီးသည့် …
ကြောက်မက်ဖွယ် မေးခွန်း တစ်ခုရှိပါသေးသည် …
တစ်နိုင်ငံလုံးရှိ ကျန် စီမံကိန်းများတွင်ပါ …
ထိုကဲ့ သို့  လုပ်ဆောင်လာပါက …
ကျွန်တော်တို့  မည်ကဲ့ သို့ လုပ်ဆောင်ကြမည်နည်း … ?

သက်တမ်းတစ်နှစ်သာ ကျန်တော့သည့် …
လက်ရှိအစိုးရအား မကျေနပ်ချက်သက်သက်နှင့် …
နောင် တက်လာမည့် အစိုးရပါ ….
ဒုက္ခရောက်သွားနိုင်သည့် ကိစ္စမျိုးကို …
မည်သည့်အတွက်ကြောင့် ....
အားပေး အားမြှောက်ပြုနေရသနည်း ဟုသာ ...
မေးခွန်းထုတ်ချင်ပါတော့သည် ….. ။ ။ ။

( ရဲမိုး )
Viewing all 1811 articles
Browse latest View live