Quantcast
Channel: ဘ၀ခြေရာ
Viewing all 1811 articles
Browse latest View live

လူအမျိုးမျိုး ဘ၀အထွေထွေ (၁)

$
0
0
 လူအမျိုးမျိုး ဘ၀အထွေထွေ ........... ( ၁ ) / စစ်မှုထမ်းဟောင်း နှစ်ဦး ...................................................................................................................  တစ်နေ့တော့ ကျွန်တော်အိမ်နောက်ခန်းမှာ အလုပ်ရှုပ်နေတုန်း အိမ်အရှေ့ ကတံခါးခေါက်သံ သဲ့သဲ့ကြားလိုက်ရပါတယ် ။ ကြားရတဲ့အသံက သိပ်မသေချာသေးလို့ အိမ်တံခါးကို သွားမဖွင့်ဘဲ နေလိုက်ပေမယ့်လည်း တံခါးခေါက်တဲ့အသံက ကျယ်လောင်စွာနဲ့ ထပ်ပြီးထွက်ပေါ်လာပြန်ပါတယ် ။ အဲဒီတော့ အိမ်ရှေ့  ပြေးထွက်လာပြီး တံခါးကို ဖွင့်လိုက်တဲ့အချိန်မှာ ရုတ်တရက်တွေ့ လိုက်ရတဲ့ မြင်ကွင်းကြောင့် နည်းနည်းတော့ စိတ်ညစ်သွားမိပြီး သက်ပြင်းတစ်ချက် ချလိုက်မိပါတယ် ။                   ကျွန်တော်အခန်းတံခါးဝမှာတွေ့ လိုက်ရတာက စစ်ယူနီဖောင်း ခပ်နွမ်းနွမ်းကို ၀တ်ဆင်ထားပြီး လက်ထဲမှာလည်း စာအုပ် ဆယ်အုပ်စီလောက်ကို ပွေ့ထားတဲ့ လူနှစ်ယောက်ပါ ။ တစ်ယောက်က ခြေအတုတစ်ဖက်ပါပြီး နောက်တစ်ယောက်ကတော့ သာမန်အတိုင်းပါပဲ ။ သူတို့ကို မြင်တာနဲ့ တစ်အိမ်တက် တစ်အိမ်ဆင်း စာအုပ်လိုက်လံရောင်းနေတဲ့ မသန်မစွမ်း စစ်မှုထမ်းဟောင်းတွေဆိုတာကိုတော့ သဘောပေါက်ပြီးသားပါ ။ သူတို့လိုမျိုး စစ်မှုထမ်းဟောင်းတွေရဲ့ ဘ၀တွေကို  စာနာစိတ်ရှိပြီးသားဖြစ်သလို သူတို့ရဲ့  အခက်ခဲတွေကိုလည်း ကိုယ့်အနေနဲ့ ထိထိရောက်ရောက်ဘာမှ မကူညီနိုင်ခဲ့တာမဟုတ်တော့ စိတ်မကောင်းရုံကလွဲလို့ ဘာမှ မတတ်နိုင်ခဲ့ပါဘူး ။ အခုတော့ ကိုယ်စိတ်မကောင်းဖြစ်ခဲ့ရတဲ့ ဘ၀များက ကိုယ့်မျက်စိအရှေ့ရောက်လာတဲ့အခါမှာတော့  စိတ်ထဲ နည်းနည်းရှုပ်သွားမိတာပါ ။ ပြီးတော့လည်း သူတို့လို စာအုပ်လည်ရောင်းသူတွေ အိမ်တံခါးကို လာလာခေါက်တဲ့အခါတိုင်း စာအုပ်တွေ ၀ယ်ဝယ်နေရတော့ အခုတစ်ခါလည်း ၀ယ်ရအုံးမှာပါလားဆိုတဲ့ အသိကြောင့်လည်းပါ ပါတယ် ။ သူတို့ဆီမှာ ၀ယ်နေရတဲ့ စာအုပ်တွေက ကျွန်တော် ဦးစားပေးပြီးဝယ်းဖတ်လေ့မရှိတဲ့ စာအုပ်မျိုးတွေဆိုတော့ မလိုအပ်သေးဘဲ ၀ယ်နေရသလိုမျိုးလည်း ဖြစ်နေလို့ပါ ။                    ဘယ်လိုဘဲဖြစ်ဖြစ် ဒီတစ်ခါလည်း အနည်းဆုံး စာအုပ်လေးတစ်အုပ်တော့ ရွေးချယ် ၀ယ်ယူအားပေးရအုံးမှာမို့ သူတို့ နှစ်ယောက်စလုံးကို အိမ်ထဲဝင်ထိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ် ။ အချိန်ကလည်း နေ့လည် ၁၂ နာရီလောက်ဆိုတော့ သူတို့ပုံစံကြည့်ရတာ ချွေးတွေနဲ့ စိုရွှဲနေပြီး တော်တော်လည်း ပင်ပန်း နွမ်းနယ်နေကြပုံပေါက်နေပါတယ် ။ ဒါကြောင့် ခဏတစ်ဖြုတ်လောက် နားကြပါစေတော့ ဆိုတဲ့ စေတနာလေးနဲ့ အိမ်ထဲဖိတ်ခေါ်ခဲ့တာပါပဲ ။ အိမ်ထဲရောက်တဲ့အခါမှာ အိမ်ရှေ့ ခန်းမှာပဲ စင်လေးတွေနဲ့ ထားရှိတဲ့ ကျွန်တော့် စာအုပ်စင်တွေကို မြင်သွားကြတော့ “အစ်ကို့ဆီမှာလည်း စာအုပ်တွေ အများကြီးပါလား” … လို့ပြောပြီး ကျွန်တော်ဆီကို သူတို့စာအုပ်လေးတွေ လာရောင်းမိတာကိုပဲ အားနာသလိုမျက်နှာထားမျိုးနဲ့ ပြောရှာပါတယ် ။ ဒီတော့ ကျွန်တော်က … စာအုပ်ဆိုတာ စာရွက်ကောင်းတာ မကောင်းတာ ၊ တန်ဖိုးကြီးတာနည်းတာတို့နဲ့ မဆိုင်ဘူး … အဲဒီစာအုပ်တွေမှာပါတဲ့ စာရဲ့ တန်ဖိုးကအတူတူပဲလေ .. ၊ အခု အစ်ကိုတို့ ဆီမှာဝယ်တဲ့ စာအုပ်လည်း စာရွက်လေးတွေညံ့ပြီး ဈေးနုန်းသက်ပေမယ့် ကျွန်တော့်အတွက်တော့ တန်ဖိုးရှိတာပဲ … လို့ ပြန်ပြောရပါတယ် ။               ကျွန်တော် စာအုပ်ရွေးနေစဉ်မှာပဲ သူတို့နှစ်ယောက်ထဲမှ တစ်ယေယာက်က ရေတစ်ခွက်လောက် တိုက်လို့ရမလား အစ်ကို … ဆိုပြီး ပြောပါတယ် ။ ကျွန်တော်ကလည်း … အော် .. ဟုတ်ကဲ့ ရပါတယ် ၊ ကျွန်တော်လည်း ရေတိုက်မလို့ပဲ စာအုပ်ရွှေးနေတာနဲ့ မေ့သွားတယ်ဗျာ … ဆိုပြောပြီး ရေပုလင်းနဲ့အတူ အိမ်မှာ အဆင်သင့်ရှိနေတဲ့ ငှက်ပျောသီးတွေကို ချကျွေးလိုက်ပါတယ် ။ စာအုပ်ရွေးပြီးတဲ့ အခါမှာတော့ သူတို့နှစ်ယောက်ကို အခုလို စာအုပ်လည်ရောင်းရတာ အဆင်ပြေပါရဲ့ လား … ဆိုတာကနေ စပြီးပြီး သူတို့ရဲ့  လက်ရှိဘ၀အခြေနေတွေနဲ့ အရင်သူတို့ ကျင်လည်ခဲ့တဲ့ တပ်မတော်အပေါ် ထားရှိတဲ့ သူတို့ရဲ့  လက်ရှိသဘောထားတွေကိုပါ စပ်စုမိသွားပါတယ် ။        သူတို့ နှစ်ယောက်ထဲမှာ တစ်ယောက်က အသက် 38 နှစ်သာရှိသေးတယ်လို့ ပြောပါတယ် ။  သူက 2003 ခုနှစ်လောက်က ကရင်ပြည်နယ်ဘက်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတစ်ခုမှာ ဒါဏ်ရာရပြီး ခြေတောက်တစ်ဖက် ဖြတ်လိုက်ရတာတဲ့ ။ စစ်တပ်က အနားယူလိုက်ပြီးတဲ့ အချိန်မှာ သူ့မိဘတွေရှိတဲ့ ရန်ကုန်မြို့  ရွှေပြည်သာမှာ လာရောက်နေထိုင်တာဖြစ်ပါတယ် ။ သူက မိဘတွေနဲ့ အိမ်ပိုင် ရာပိုင်လေးရှိနေသေးတော့ နေစရာအတွက် အဆင်ပြေသလို ရှိပါတယ် ။ ဒါပေမယ့် လူပျိုဘ၀နဲ့ ပဲ ခြေတစ်ဖက် စွန်းလိုက်ရပြီး တပ်က ထွက်လိုက်ရတာဆိုတော့ အိမ်ထောင်လည်း မပြုဖြစ်တော့ဘူးလို့ဆိုပါတယ် ။ နောက်တစ်ယောက်က အသက် 43 နှစ်မိသားစုနဲ့ ဖြစ်ပြီး ရွှေပြည်သာမှာပဲ အိမ်လေးငှားပြီးနေပါတယ်တဲ့ ။ သူ့ကျတော့ တိုက်ပွဲမှာ ရခဲ့တဲ့ ဒါဏ်ရာကြောင့် ခြေတောက်တစ်ဖက်က မစွမ်းသန်တော့ဘဲ တပ်ကနေ အနားယူခဲ့ရတယ်လို့ ပြောပါတယ် ။ ခြေတောက်တွေ ဖြတ်လိုက်ရတာမျိုးတော့ မဟုတ်ပါဘူး ။ သူတို့ တစ်တွေ တာဝန်ထမ်းဆောင်ခဲ့တဲ့ နယ်မြေတပ်ရင်းတွေ မတူကြပေမယ့်လည်း တပ်ကအနားယူပြီးအချိန်မှာ နေထိုင်ကြတဲ့နေရာက တူနေတော့ အခုလိုမျိုး သူတို့ အချင်းချင်းအဖွဲ့လေးဖွဲ့ ပြီး စာအုပ်လိုက်လည်ရောင်းကြတယ်လို့ပြောပါတယ် ။ စာအုပ်ကိုတော့ အင်းစိန်ဘက်မှာရှိတဲ့ အသိမိတ်ဆွေ စာအုပ်ဆိုင် တစ်ဆိုင်မှာ ယူပြီးရောင်းတာပါတဲ့ ။                                     အခုလို စာအုပ်တွေ လည်ရောင်းတာ အဆင်ပြေရဲ့ လားလို့ မေးတော့ … မဆိုးပါဘူး ၊ ဒီအတိုင်း အလုပ်မလုပ်ဘဲ ထိုင်နေတာထက်စာရင် ပိုကောင်းတာပေါ့တဲ့ ။ သူတို့တတွေ အိမ်ဝင် အိမ်ထွက် စာအုပ်လည်ရောင်းတဲ့ အချိန်တွေမှာ ကြုံရလေ့ရှိတဲ့ ခါးသီးတဲ့ အတွေ့ အကြုံတွေကိုလည်း ပြောပြရှာပါတယ် ။ လူဆိုတာကလည်း အခက်သားလေ ။ ပစ္စည်းတစ်ခုကို လိုချင်ရင် တစ်ကူးတက ရှာဝယ်လေ့ရှိပေမယ့် မလိုချင်တဲ့ အခါများမှာ ၊ ဒါမှ မဟုတ် အဲဒီပစ္စည်းတွေက ကိုယ်မလိုချင်တဲ့ပစ္စည်းမျိုးတွေဖြစ်နေရင် အိမ်တံခါးဝအရောက် လာပြီး ရောင်းချပေးတာတောင် မ၀ယ်ချင်ကြဘူးမလား ။ မ၀ယ်ချင်ရင် မ၀ယ်ချင်တဲ့အကြောင်း ရိုးရိုးပြောကြရင် ၊ တဖက်ကလည်း မ၀ယ်ချင်တာကို အတင်းမရောင်းကြဘူးဆိုရင် ကိစ္စက အေးဆေးပြတ်သွားတာပါပဲ ။ ဒါမှမဟုတ် မ၀ယ်ချင်တဲ့သူက မတူသလို မတန်သလိုပုံစံမျိုးနဲ့ ပြုမူဆက်ဆံမယ် ၊ ရောင်းချင်တဲ့သူကလည်း အတင်းကြပ် ထိုးရောင်းနေမယ်ဆိုရင်တော့ ……… ။ ဒါနဲ့ အစ်ကိုတို့ အနေနဲ့ ဒီထက် အိနြေ္ဓရတဲ့ အလုပ်လေး ဘာလေး ပြောင်းလုပ်ဖို့ စိတ်ကူးမရှိဘူးလား … ၊ ဥပမာ အရင်းအနှီးမစိုက်ရဘဲ လစဉ်ပုံသေလစာရတဲ့ စက်ရုံတွေမှာ ညစောင့်တို့  လုံခြုံရေးတို့မျိုးပေါ့ …လို့မေးတော့   အဲဒီလို အလုပ်မျိုး လုပ်ဖို့ အလုပ်လိုက်လျှောက်ဖူးပါတယ် ဒါပေမယ့် သူတို့ကို ဘယ်စက်ရုံကမှ အလုပ်မခန့်ကြပါဘူးတဲ့ ။ စစ်တပ်က အငြိမ်းစားယူထားတဲ့ စစ်မှုထမ်းဟောင်းတွေဆိုရင် အသက်ကြီးရင်ကြီးပါစေ ညစောင့်တို့ လုံခြုံရေးတို့ စတာတွေ ခန့်လေ့ရှိပေမယ့် သူတို့လို မသန်မစွမ်း စစ်မှုထမ်းဟောင်းတွေကိုတော့ အလုပ်ခန့်လေ့မရှိပါဘူးလို့ ပြောပါတယ် ။                                     ကျွန်တော် လူမှုကွန်ယက်အပေါ်မှာတွေ့ နေရတဲ့အစ်ကိုကြီးတစ်ယောက်ရှိတယ် ၊ သူက စစ်ဖက်ကနေပြီး အရပ်ဘက်ဌာနဆိုင်ရာတစ်ခုမှာ ပြေင်းလဲတာဝန်ထမ်းဆောင်နေတယ်လို့လည်း သိရတယ် ၊ သူ့ကိုရောသိလား …. သူက အစ်ကိုတို့လို ကိုယ်အင်္ဂါစွန့်လှူထားတဲ့ စစ်မှုထမ်းဟောင်းတွေကို ကူညီပေးလေ့ရှိတယ် .. သူ့ဆီကိုရော ရောက်ဖြစ်သေးလား လို့ မေးတဲ့အခါမှာ … သိပါတယ် ၊ ရောက်လည်း ရောက်ဖြစ်တယ် ၊ အခုကျွန်တော့် ခြေတောက်အတုကို သူပဲလုပ်ပေးတာ ၊ သူလည်း တတ်နိုင်သလောက် ကျွန်တော်တို့လို လူတွေကိုကူညီနေတာပါ ဆိုပြောပြီး သူခြေတောက် အတုကိုလှန်ပြပါတယ် ။ အစိုးရက လုပ်ပေးလိုက်တဲ့ အရင်အခြေတောက် အတုက သိပ်မကောင်းဘူးတဲ့ ။ အခုဒီခြေတောက်အတုက စောစောကပြောတဲ့ အစ်ကိုကြီး လုပ်ပေးလိုက်တာ ၊ တစ်ဖက်ကို တစ်သိန်းခွဲလောက်ကျပါတယ်လို့ ပြောပါတယ် ။                                     ကျွန်တ်ာက နာက်ဆုံးအနေနဲ့ အစ်ကိုတို့လို တိုက်ပွဲမှာ ကိုယ်အင်္ဂါ စွန့်လွှတ်ထားတဲ့ သူတစ်ယောက် အနေနဲ့ လက်ရှိစစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများကို ဘယ်လိုမြင်သလဲ ၊ သူတို့အပေါ် ကျေနပ်မှုကောရှိရဲ့ လားလို့ မေးတဲ့အခါ … စစ်သားဘ၀ကို စစ်သားတွေက အသိဆုံးပါတဲ့ ။ လက်ရှိတာဝန်ထမ်းဆောင်နေကြတဲ့ စစ်သားတွေနဲ့ သူတို့မိသားစုတွေတောင်မှ ဘ၀ရပ်တည်ရေး သိပ်မချောင်လည်ကြဘူးဆိုတော့ သူတို့ဘက်ကို အလှည့်မကြည့်နိုင်တာ မဆန်းပါဘူးတဲ့ ။ တပ်မတော်မှာ စစ်မှု ထမ်းခဲ့လို့ အခုလို ကိုယ်အင်္ဂါ မသန်မစွမ်းဖြစ်ပြီး ပင်ပင်ပန်းပန်း လုပ်ကိုင်စားသောက်နေရပေမယ့် ကိုယ်ဝါသနာပါလို့ ကိုယ့်ဟာကိုယ် စစ်ထဲဝင်ခဲ့တော့ ဘယ်သူ့ကိုမှ အပြစ်မမြင်ပါဘူး … ကိုယ့်ရဲ့ ကံတရားလို့ပဲ သဘောထားတဲ့အကြောင်း နှစ်ယောက်စလုံးက ပြောပါတယ် ။ နောက်ပိုင်းတော့ သူတို့လို မသန်မစွမ်း စစ်မှုထမ်းဟောင်းတွေ အဆင်ပြေလာမှာပါ ၊ အပြောင်းလဲလေးတွေဖြစ်လာပြီး သူတို့အတွက် စီစဉ်ပေးမှုလေးတွေ ပေါ်ပေါက်လာမှာပါ …ဆိုပြီး သူတို့ မျက်နှာတွေအပေါ်မှာ မျော်လင့်ချက်ရောင်ခြည်လေးတွေ သန်းပြီး ပြောသွားပါသေးတယ် ။                   သူတို့ နှစ်ယောက်က ကျေးဇူးတင်တဲ့အကြောင်း လှိုက်လှိုက်လှဲလှဲ ပြောပြီး နှတ်ဆက်ပြန်သွားကြတဲ့အချိန်မှာတော့ ကျွန်တော့် တစ်ယောက်ထည်း ဧည့်ခန်းထဲမှာ ငိုင်ပြီးကျန်နေခဲ့ပါတယ် ။ စိတ်ထဲမှာတော့ သူတို့တတွေရဲ့  ဘ၀ကိုယ်စီ ကိုယ်စီအပေါ်မှာ ထားတဲ့စာနာစိတ်တွေက ပြည့်ရှန်နေပြီး အတွေးတွေကလည်း ကျွန်တော့ခေါင်းမှာ ချာချာလည်လို့ပါပဲ ။  ( ရန်နောင်စိုး ) ၊ ( အကြောင်းအရာနှင့် ပူးတွဲပါဓာတ်ပုံကို ကာယာကံရှင် များ၏ခွင့်ပြုချက်ဖြင့် ဖော်ပြသည် )
လူအမျိုးမျိုး ဘ၀အထွေထွေ ........... ( ၁ ) / စစ်မှုထမ်းဟောင်း နှစ်ဦး
...................................................................................................................
တစ်နေ့တော့ ကျွန်တော်အိမ်နောက်ခန်းမှာ အလုပ်ရှုပ်နေတုန်း အိမ်အရှေ့ ကတံခါးခေါက်သံ သဲ့သဲ့ကြားလိုက်ရပါတယ် ။ ကြားရတဲ့အသံက သိပ်မသေချာသေးလို့ အိမ်တံခါးကို သွားမဖွင့်ဘဲ နေလိုက်ပေမယ့်လည်း တံခါးခေါက်တဲ့အသံက ကျယ်လောင်စွာနဲ့ ထပ်ပြီးထွက်ပေါ်လာပြန်ပါတယ် ။ အဲဒီတော့ အိမ်ရှေ့  ပြေးထွက်လာပြီး တံခါးကို ဖွင့်လိုက်တဲ့အချိန်မှာ ရုတ်တရက်တွေ့ လိုက်ရတဲ့ မြင်ကွင်းကြောင့် နည်းနည်းတော့ စိတ်ညစ်သွားမိပြီး သက်ပြင်းတစ်ချက် ချလိုက်မိပါတယ် ။


ကျွန်တော်အခန်းတံခါးဝမှာတွေ့ လိုက်ရတာက စစ်ယူနီဖောင်း ခပ်နွမ်းနွမ်းကို ၀တ်ဆင်ထားပြီး လက်ထဲမှာလည်း စာအုပ် ဆယ်အုပ်စီလောက်ကို ပွေ့ထားတဲ့ လူနှစ်ယောက်ပါ ။ တစ်ယောက်က ခြေအတုတစ်ဖက်ပါပြီး နောက်တစ်ယောက်ကတော့ သာမန်အတိုင်းပါပဲ ။ သူတို့ကို မြင်တာနဲ့ တစ်အိမ်တက် တစ်အိမ်ဆင်း စာအုပ်လိုက်လံရောင်းနေတဲ့ မသန်မစွမ်း စစ်မှုထမ်းဟောင်းတွေဆိုတာကိုတော့ သဘောပေါက်ပြီးသားပါ ။ သူတို့လိုမျိုး စစ်မှုထမ်းဟောင်းတွေရဲ့ ဘ၀တွေကို စာနာစိတ်ရှိပြီးသားဖြစ်သလို သူတို့ရဲ့  အခက်ခဲတွေကိုလည်း ကိုယ့်အနေနဲ့ ထိထိရောက်ရောက်ဘာမှ မကူညီနိုင်ခဲ့တာမဟုတ်တော့ စိတ်မကောင်းရုံကလွဲလို့ ဘာမှ မတတ်နိုင်ခဲ့ပါဘူး ။ အခုတော့ ကိုယ်စိတ်မကောင်းဖြစ်ခဲ့ရတဲ့ ဘ၀များက ကိုယ့်မျက်စိအရှေ့ရောက်လာတဲ့အခါမှာတော့ စိတ်ထဲ နည်းနည်းရှုပ်သွားမိတာပါ ။ ပြီးတော့လည်း သူတို့လို စာအုပ်လည်ရောင်းသူတွေ အိမ်တံခါးကို လာလာခေါက်တဲ့အခါတိုင်း စာအုပ်တွေ ၀ယ်ဝယ်နေရတော့ အခုတစ်ခါလည်း ၀ယ်ရအုံးမှာပါလားဆိုတဲ့ အသိကြောင့်လည်းပါ ပါတယ် ။ သူတို့ဆီမှာ ၀ယ်နေရတဲ့ စာအုပ်တွေက ကျွန်တော် ဦးစားပေးပြီးဝယ်းဖတ်လေ့မရှိတဲ့ စာအုပ်မျိုးတွေဆိုတော့ မလိုအပ်သေးဘဲ ၀ယ်နေရသလိုမျိုးလည်း ဖြစ်နေလို့ပါ ။

ဘယ်လိုဘဲဖြစ်ဖြစ် ဒီတစ်ခါလည်း အနည်းဆုံး စာအုပ်လေးတစ်အုပ်တော့ ရွေးချယ် ၀ယ်ယူအားပေးရအုံးမှာမို့ သူတို့ နှစ်ယောက်စလုံးကို အိမ်ထဲဝင်ထိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ် ။ အချိန်ကလည်း နေ့လည် ၁၂ နာရီလောက်ဆိုတော့ သူတို့ပုံစံကြည့်ရတာ ချွေးတွေနဲ့ စိုရွှဲနေပြီး တော်တော်လည်း ပင်ပန်း နွမ်းနယ်နေကြပုံပေါက်နေပါတယ် ။ ဒါကြောင့် ခဏတစ်ဖြုတ်လောက် နားကြပါစေတော့ ဆိုတဲ့ စေတနာလေးနဲ့ အိမ်ထဲဖိတ်ခေါ်ခဲ့တာပါပဲ ။ အိမ်ထဲရောက်တဲ့အခါမှာ အိမ်ရှေ့ ခန်းမှာပဲ စင်လေးတွေနဲ့ ထားရှိတဲ့ ကျွန်တော့် စာအုပ်စင်တွေကို မြင်သွားကြတော့ “အစ်ကို့ဆီမှာလည်း စာအုပ်တွေ အများကြီးပါလား” … လို့ပြောပြီး ကျွန်တော်ဆီကို သူတို့စာအုပ်လေးတွေ လာရောင်းမိတာကိုပဲ အားနာသလိုမျက်နှာထားမျိုးနဲ့ ပြောရှာပါတယ် ။ ဒီတော့ ကျွန်တော်က … စာအုပ်ဆိုတာ စာရွက်ကောင်းတာ မကောင်းတာ ၊ တန်ဖိုးကြီးတာနည်းတာတို့နဲ့ မဆိုင်ဘူး … အဲဒီစာအုပ်တွေမှာပါတဲ့ စာရဲ့ တန်ဖိုးကအတူတူပဲလေ .. ၊ အခု အစ်ကိုတို့ ဆီမှာဝယ်တဲ့ စာအုပ်လည်း စာရွက်လေးတွေညံ့ပြီး ဈေးနုန်းသက်ပေမယ့် ကျွန်တော့်အတွက်တော့ တန်ဖိုးရှိတာပဲ … လို့ ပြန်ပြောရပါတယ် ။

ကျွန်တော် စာအုပ်ရွေးနေစဉ်မှာပဲ သူတို့နှစ်ယောက်ထဲမှ တစ်ယေယာက်က ရေတစ်ခွက်လောက် တိုက်လို့ရမလား အစ်ကို … ဆိုပြီး ပြောပါတယ် ။ ကျွန်တော်ကလည်း … အော် .. ဟုတ်ကဲ့ ရပါတယ် ၊ ကျွန်တော်လည်း ရေတိုက်မလို့ပဲ စာအုပ်ရွှေးနေတာနဲ့ မေ့သွားတယ်ဗျာ … ဆိုပြောပြီး ရေပုလင်းနဲ့အတူ အိမ်မှာ အဆင်သင့်ရှိနေတဲ့ ငှက်ပျောသီးတွေကို ချကျွေးလိုက်ပါတယ် ။ စာအုပ်ရွေးပြီးတဲ့ အခါမှာတော့ သူတို့နှစ်ယောက်ကို အခုလို စာအုပ်လည်ရောင်းရတာ အဆင်ပြေပါရဲ့ လား … ဆိုတာကနေ စပြီးပြီး သူတို့ရဲ့  လက်ရှိဘ၀အခြေနေတွေနဲ့ အရင်သူတို့ ကျင်လည်ခဲ့တဲ့ တပ်မတော်အပေါ် ထားရှိတဲ့ သူတို့ရဲ့  လက်ရှိသဘောထားတွေကိုပါ စပ်စုမိသွားပါတယ် ။

သူတို့ နှစ်ယောက်ထဲမှာ တစ်ယောက်က အသက် 38 နှစ်သာရှိသေးတယ်လို့ ပြောပါတယ် ။ သူက 2003 ခုနှစ်လောက်က ကရင်ပြည်နယ်ဘက်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတစ်ခုမှာ ဒါဏ်ရာရပြီး ခြေတောက်တစ်ဖက် ဖြတ်လိုက်ရတာတဲ့ ။ စစ်တပ်က အနားယူလိုက်ပြီးတဲ့ အချိန်မှာ သူ့မိဘတွေရှိတဲ့ ရန်ကုန်မြို့  ရွှေပြည်သာမှာ လာရောက်နေထိုင်တာဖြစ်ပါတယ် ။ သူက မိဘတွေနဲ့ အိမ်ပိုင် ရာပိုင်လေးရှိနေသေးတော့ နေစရာအတွက် အဆင်ပြေသလို ရှိပါတယ် ။ ဒါပေမယ့် လူပျိုဘ၀နဲ့ ပဲ ခြေတစ်ဖက် စွန်းလိုက်ရပြီး တပ်က ထွက်လိုက်ရတာဆိုတော့ အိမ်ထောင်လည်း မပြုဖြစ်တော့ဘူးလို့ဆိုပါတယ် ။ နောက်တစ်ယောက်က အသက် 43 နှစ်မိသားစုနဲ့ ဖြစ်ပြီး ရွှေပြည်သာမှာပဲ အိမ်လေးငှားပြီးနေပါတယ်တဲ့ ။ သူ့ကျတော့ တိုက်ပွဲမှာ ရခဲ့တဲ့ ဒါဏ်ရာကြောင့် ခြေတောက်တစ်ဖက်က မစွမ်းသန်တော့ဘဲ တပ်ကနေ အနားယူခဲ့ရတယ်လို့ ပြောပါတယ် ။ ခြေတောက်တွေ ဖြတ်လိုက်ရတာမျိုးတော့ မဟုတ်ပါဘူး ။ သူတို့ တစ်တွေ တာဝန်ထမ်းဆောင်ခဲ့တဲ့ နယ်မြေတပ်ရင်းတွေ မတူကြပေမယ့်လည်း တပ်ကအနားယူပြီးအချိန်မှာ နေထိုင်ကြတဲ့နေရာက တူနေတော့ အခုလိုမျိုး သူတို့ အချင်းချင်းအဖွဲ့လေးဖွဲ့ ပြီး စာအုပ်လိုက်လည်ရောင်းကြတယ်လို့ပြောပါတယ် ။ စာအုပ်ကိုတော့ အင်းစိန်ဘက်မှာရှိတဲ့ အသိမိတ်ဆွေ စာအုပ်ဆိုင် တစ်ဆိုင်မှာ ယူပြီးရောင်းတာပါတဲ့ ။
အခုလို စာအုပ်တွေ လည်ရောင်းတာ အဆင်ပြေရဲ့ လားလို့ မေးတော့ … မဆိုးပါဘူး ၊ ဒီအတိုင်း အလုပ်မလုပ်ဘဲ ထိုင်နေတာထက်စာရင် ပိုကောင်းတာပေါ့တဲ့ ။ သူတို့တတွေ အိမ်ဝင် အိမ်ထွက် စာအုပ်လည်ရောင်းတဲ့ အချိန်တွေမှာ ကြုံရလေ့ရှိတဲ့ ခါးသီးတဲ့ အတွေ့ အကြုံတွေကိုလည်း ပြောပြရှာပါတယ် ။ လူဆိုတာကလည်း အခက်သားလေ ။ ပစ္စည်းတစ်ခုကို လိုချင်ရင် တစ်ကူးတက ရှာဝယ်လေ့ရှိပေမယ့် မလိုချင်တဲ့ အခါများမှာ ၊ ဒါမှ မဟုတ် အဲဒီပစ္စည်းတွေက ကိုယ်မလိုချင်တဲ့ပစ္စည်းမျိုးတွေဖြစ်နေရင် အိမ်တံခါးဝအရောက် လာပြီး ရောင်းချပေးတာတောင် မ၀ယ်ချင်ကြဘူးမလား ။ မ၀ယ်ချင်ရင် မ၀ယ်ချင်တဲ့အကြောင်း ရိုးရိုးပြောကြရင် ၊ တဖက်ကလည်း မ၀ယ်ချင်တာကို အတင်းမရောင်းကြဘူးဆိုရင် ကိစ္စက အေးဆေးပြတ်သွားတာပါပဲ ။ ဒါမှမဟုတ် မ၀ယ်ချင်တဲ့သူက မတူသလို မတန်သလိုပုံစံမျိုးနဲ့ ပြုမူဆက်ဆံမယ် ၊ ရောင်းချင်တဲ့သူကလည်း အတင်းကြပ် ထိုးရောင်းနေမယ်ဆိုရင်တော့ ……… ။ ဒါနဲ့ အစ်ကိုတို့ အနေနဲ့ ဒီထက် အိနြေ္ဓရတဲ့ အလုပ်လေး ဘာလေး ပြောင်းလုပ်ဖို့ စိတ်ကူးမရှိဘူးလား … ၊ ဥပမာ အရင်းအနှီးမစိုက်ရဘဲ လစဉ်ပုံသေလစာရတဲ့ စက်ရုံတွေမှာ ညစောင့်တို့ လုံခြုံရေးတို့မျိုးပေါ့ …လို့မေးတော့ အဲဒီလို အလုပ်မျိုး လုပ်ဖို့ အလုပ်လိုက်လျှောက်ဖူးပါတယ် ဒါပေမယ့် သူတို့ကို ဘယ်စက်ရုံကမှ အလုပ်မခန့်ကြပါဘူးတဲ့ ။ စစ်တပ်က အငြိမ်းစားယူထားတဲ့ စစ်မှုထမ်းဟောင်းတွေဆိုရင် အသက်ကြီးရင်ကြီးပါစေ ညစောင့်တို့ လုံခြုံရေးတို့ စတာတွေ ခန့်လေ့ရှိပေမယ့် သူတို့လို မသန်မစွမ်း စစ်မှုထမ်းဟောင်းတွေကိုတော့ အလုပ်ခန့်လေ့မရှိပါဘူးလို့ ပြောပါတယ် ။

ကျွန်တော် လူမှုကွန်ယက်အပေါ်မှာတွေ့ နေရတဲ့အစ်ကိုကြီးတစ်ယောက်ရှိတယ် ၊ သူက စစ်ဖက်ကနေပြီး အရပ်ဘက်ဌာနဆိုင်ရာတစ်ခုမှာ ပြေင်းလဲတာဝန်ထမ်းဆောင်နေတယ်လို့လည်း သိရတယ် ၊ သူ့ကိုရောသိလား …. သူက အစ်ကိုတို့လို ကိုယ်အင်္ဂါစွန့်လှူထားတဲ့ စစ်မှုထမ်းဟောင်းတွေကို ကူညီပေးလေ့ရှိတယ် .. သူ့ဆီကိုရော ရောက်ဖြစ်သေးလား လို့ မေးတဲ့အခါမှာ … သိပါတယ် ၊ ရောက်လည်း ရောက်ဖြစ်တယ် ၊ အခုကျွန်တော့် ခြေတောက်အတုကို သူပဲလုပ်ပေးတာ ၊ သူလည်း တတ်နိုင်သလောက် ကျွန်တော်တို့လို လူတွေကိုကူညီနေတာပါ ဆိုပြောပြီး သူခြေတောက် အတုကိုလှန်ပြပါတယ် ။ အစိုးရက လုပ်ပေးလိုက်တဲ့ အရင်အခြေတောက် အတုက သိပ်မကောင်းဘူးတဲ့ ။ အခုဒီခြေတောက်အတုက စောစောကပြောတဲ့ အစ်ကိုကြီး လုပ်ပေးလိုက်တာ ၊ တစ်ဖက်ကို တစ်သိန်းခွဲလောက်ကျပါတယ်လို့ ပြောပါတယ် ။

ကျွန်တ်ာက နာက်ဆုံးအနေနဲ့ အစ်ကိုတို့လို တိုက်ပွဲမှာ ကိုယ်အင်္ဂါ စွန့်လွှတ်ထားတဲ့ သူတစ်ယောက် အနေနဲ့ လက်ရှိစစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများကို ဘယ်လိုမြင်သလဲ ၊ သူတို့အပေါ် ကျေနပ်မှုကောရှိရဲ့ လားလို့ မေးတဲ့အခါ … စစ်သားဘ၀ကို စစ်သားတွေက အသိဆုံးပါတဲ့ ။ လက်ရှိတာဝန်ထမ်းဆောင်နေကြတဲ့ စစ်သားတွေနဲ့ သူတို့မိသားစုတွေတောင်မှ ဘ၀ရပ်တည်ရေး သိပ်မချောင်လည်ကြဘူးဆိုတော့ သူတို့ဘက်ကို အလှည့်မကြည့်နိုင်တာ မဆန်းပါဘူးတဲ့ ။ တပ်မတော်မှာ စစ်မှု ထမ်းခဲ့လို့ အခုလို ကိုယ်အင်္ဂါ မသန်မစွမ်းဖြစ်ပြီး ပင်ပင်ပန်းပန်း လုပ်ကိုင်စားသောက်နေရပေမယ့် ကိုယ်ဝါသနာပါလို့ ကိုယ့်ဟာကိုယ် စစ်ထဲဝင်ခဲ့တော့ ဘယ်သူ့ကိုမှ အပြစ်မမြင်ပါဘူး … ကိုယ့်ရဲ့ ကံတရားလို့ပဲ သဘောထားတဲ့အကြောင်း နှစ်ယောက်စလုံးက ပြောပါတယ် ။ နောက်ပိုင်းတော့ သူတို့လို မသန်မစွမ်း စစ်မှုထမ်းဟောင်းတွေ အဆင်ပြေလာမှာပါ ၊ အပြောင်းလဲလေးတွေဖြစ်လာပြီး သူတို့အတွက် စီစဉ်ပေးမှုလေးတွေ ပေါ်ပေါက်လာမှာပါ …ဆိုပြီး သူတို့ မျက်နှာတွေအပေါ်မှာ မျော်လင့်ချက်ရောင်ခြည်လေးတွေ သန်းပြီး ပြောသွားပါသေးတယ် ။

သူတို့ နှစ်ယောက်က ကျေးဇူးတင်တဲ့အကြောင်း လှိုက်လှိုက်လှဲလှဲ ပြောပြီး နှတ်ဆက်ပြန်သွားကြတဲ့အချိန်မှာတော့ ကျွန်တော့် တစ်ယောက်ထည်း ဧည့်ခန်းထဲမှာ ငိုင်ပြီးကျန်နေခဲ့ပါတယ် ။ စိတ်ထဲမှာတော့ သူတို့တတွေရဲ့  ဘ၀ကိုယ်စီ ကိုယ်စီအပေါ်မှာ ထားတဲ့စာနာစိတ်တွေက ပြည့်ရှန်နေပြီး အတွေးတွေကလည်း ကျွန်တော့ခေါင်းမှာ ချာချာလည်လို့ပါပဲ ။
( ရန်နောင်စိုး )

( အကြောင်းအရာနှင့် ပူးတွဲပါဓာတ်ပုံကို ကာယာကံရှင် များ၏ခွင့်ပြုချက်ဖြင့် ဖော်ပြသည် )



ဗိုလ်လေးဘ၀ အမှတ်တရများ

$
0
0


(၁)
ကျွန်တော်ဗိုလ်လေးဖြစ်တာ၁၉၈၂ခုနှစ်စက်တင်ဘာလပါ။တပ်မ(၄၄)လက်အောက်ခံ ခမရ(၈)မှာ တာဝန်ကျပါတယ်။အလုပ်သင်ဗိုလ်တပ်စုမှုးတာဝန်ဖြစ်ပေမယ့်တပ်ရင်းမှုးကတပ်ရင်းနဲ့ထိတွေ့ လေ့လာနိုင်ဖို့ တပ်စုကိုမပို့ သေးဘဲသူ့ စစ်ကြောင်းမှာခေါ်ထားပါတယ်။ ရှေ့တန်းစစ်ဆင်ရေးနယ်မြေက ကမမောင်း၊ လေးကေ၊ကတိုင်တိ၊ဆင်ဆွယ်၊ဖာပွန်ဂွင်အတွင်းလှုပ်ရှားစစ်ကြောင်းဖြစ်လို့ နေ့ စဉ်လမ်းလျှောက်နေရပါတယ်။


တပ်ရင်းရောက်ခါစဆိုတော့အခေါ်အဝေါ်တွေကအစနားမလည်သေးပါ။ကျွန်တော့်ကိုတော့အားလုံးက
ဗိုလ်လေးလို့ ခေါ်ကြပါတယ်။ တစ်နေ့ လှုပ်ရှားနယ်မြေရှင်းလင်းရင်းနေ့ ဖလန်တောင်ရွာဘုန်းကြီးကျောင်းမှာနေ လည်စာစားဖို့ ပြင်ဆင်ကြတယ်။မိုးကလည်းရွာဗိုက်ကလည်းစာနေကြတော့ အားလုံးအလုပ်ရှုပ်နေကြတယ်။ အားနေတာကျွန်တော်ဘဲရှိတော့ ထောက်လှမ်းရေးအရာရှိ(IO)့က ဖျာတစ်ချပ်ဆွဲလာပြီး “ဗိုလ်လေးအဘထိုင်ဖို့ ခင်းပေးလိုက်” လို့ပြောပြီးထွက်သွားပါတယ်။ ကျွန်တော်လဲဖျာခင်းပေးပြီး “အဘထိုင်လို့ရပါပြီ” လို့ လေးလေးစားစား ပြော လိုက်ပါတယ်။ တပ်ရင်းမှုးမျက်နှာပျက်သွားပေမယ့်ဘာကြောင့်မှန်း တော့မသိပါ။

နေ့ လည်စာစားရင်း (တပ်ရင်းမှုး၊IO၊AQ၊အားလုံး အတူစားကြပါတယ်) တပ်ရင်းမုှးက“အင်း..အသက်တွေလဲ
ကြီးလာပြီးလားမသိပါဘူး၊ အဘတောင်အခေါ်ခံနေရပြီ” လို့ ပြောတော့IO ၊AQ လဲဘာမှန်းမသိဖြစ်ပြီး ညကျမှကျွန်တော့်ကို မေးတော့တယ်။ ကျွန်တော်ရှင်းပြတော့မှ “သေလိုက်ပါတော့ကွာ၊ နောက်မသေမချင်းမှတ်ထား၊ တပ်ရင်းမှုးကိုတပ်ရင်းမှုးလို့ ခေါ်၊ ဒါမှမဟုတ(်CO)ကြီးလို့ ခေါ်” ဆိုပြီး ကျွန်တော့ခေါင်းကိုထုပါတော့တယ်။ မမေ့နိင်
တဲ့အမှတ်တရတစ်ခုပါဘဲ။

အခုတော့ ခေတ်ရေစီးနဲ့ အတူတပ်မတော်ကြီးမှာလဲ အခေါ်အဝေါ်တွေပြောင်းလဲခဲ့ပါပြီ။ ကျွန်တော်တို့ခေတ်က အသက်ကြီးကြီးတပ်ရင်းမှူးကြီးတွေက “အဘ” လို့ ခေါ်တာမကြိုက်ပေမယ့် အခုခေတ်တပ်ရင်းမှူုးငယ်လေးတွေ ခေတ်မှာတော့ “ အဘ” လို့ ခေါ်ရတာအစဉ်အလာဖြစ်သွားပါပြီ။ဒုတိယတပ်ရင်းမှုးတောင် “အဘလေး” လို့ ခေါ်နေကြပါပြီ။ မသေမချင်းမှတ်ထား လို့ ဆိုခဲ့တဲ့ကျွန်တော့အစ်ကိုကြီး(IO) ကိုခုအချိန်များပြန်တွေ့ ရရင် တပ်မတော်ကြီးမှာနောင်အနှစ်(၂၀)လောက်ရှေ့ ကိုကြိုမြင်ပြီးပြောခဲ့တဲ့ ကျွန်တော့်စကားကို ဂုဏ်ပြုသောအားဖြင့် အစ်ကိုကြီးရဲ့ ဆုံးမစကားကို ပြန်ရုပ်သိမ်းပါတော့လို့  ပြောချင်ပါတော့တယ်။ ။

(၂)

အဲ့ဒီအချိန်ကာလက တပ်ရင်းမှုးတစ်ယောက်ရဲ့ အရှိန်အ၀ါတော်တော်ကြီးပါတယ်။ ရှေတန်းဆို အစားအသောက် ငတ်မယ်ထင်ခဲ့ တဲ့ကျွန်တော်ဟာ တပ်ရင်းမှုးနဲ့ အတူစားနေရတော့ မနက်စောစာဟောလစ်၊ ခေါက်ဆွဲကြော်။ နေ့ လည်ညစာ အသားဟင်း(အစိုမရရင်အခြောက်)နဲ့ ဇိမ်ကျနေပါတယ်။ ရှေတန်းရေးထောက်(AQ)က တပ်ရင်းမှုးအတွက် အကုန်စီစဉ်ရပါတယ်။ ဝန်ထမ်းခတို့ ၀န်ထမ်းရိက္ခာတို့ ရတော့ တော်တော်အဆင်ပြေပါတယ်။

တပ်မတော်ကြီးရဲ့ စံနစ်တကျဖွဲ့ စည်းမှုတွေတကယ်ကောင်းပါတယ်။ လက်နက်ကြီးဗုံးသီးသယ်ကအစ ရှေ့ ပြေးတပ်စု တပ်စိတ်ရဲ့ ကျောပိုးအိတ်သယ်အထိ ၀န်ထမ်းခခွင့်ပြုပေးထားပါတယ်။ ၀န်ထမ်းကတော့ ဘယ်ငှားလို့ ရပါ့မလဲ။ ကျွန်တော်တို့ စစ်ဆင်ရေးဂွင်အတွင်းမှာ တော့စစ်ကြောင်းတွေ့ တာနဲ့  ရွာသားကလဲ ပြေးတော့တာပါဘဲ။ တပ်စခန်းရှိတဲ့ရွာတွေရောက်မှဝန်ထမ်းလဲလှယ်ရပါတယ်။

စစ်ကြောင်းရုံးမှာ တစ်လလောက်ဇိမ်ကျပြီး နောက်တပ်စုမှုးတာဝန်ထမ်းဆောင်ဖို့ တပ်ခွဲ (၁) တပ်စု(၂)မှာ တာဝန်ကျပါတယ်။ တပ်မတော်ကလဲ ၁၉၇၉ခုနှစ်မှာ တပ်မ(၄၄)ဖွင့်ပြီး KNUကို ချေမှုန်းဖို့  စစ်ရှိန်မြှင့်နေချိန်၊ KNUကလဲ နယ်စပ်မှောင်ခို ဂိတ်စခန်းတွေကာကွယ်ဖို့  အတွင်းပိုင်းမှာ ထိုးဖောက်တိုက်ကွက်ဖော်နေချိန်ဆိုတော့ ကရင်ပြည်နယ်စစ်ဆင်ရေးဟာ တော်တော်ကြမ်းပါတယ်။ မိုးများတဲ့ဒေသမှာ နေ့ စဉ်သွားနေရလို့  အားလုံးခြေထောက်တွေမှာ သဲဝဲစားခံရပါတယ်။ ကျွန်တော်တို့ တပ်စုမှုးတာဝန်ကတော့ ရှေ့ ပြေးတပ်စု အလှည့်ကျရင် စစ်ကြောင်းတစ်ခုလုံးရဲ့ရှေ့ ဆုံးက ဦးဆောင်ရှင်းလင်းချီတက်၊နောက်တစ်နေ့  ၀န်ထမ်းထိန်းတာဝန်ကျရင် ချီတက်နေစဉ်တလျှောက်လုံးနဲ့ ညအိပ်စခန်းချချိန် ၀န်ထမ်းတွေမပြေးအောင် ကင်းစောင့်ရတာပါဘဲ။ တာဝန်(၂)ခုစလုံး လူပင်ပန်းစိတ်ပင်ပန်းပါတယ်။ ရှေ့ ပြေးတပ်စုတာဝန်က စခန်းချရင်ပြီးသွားပေမယ့် ၀န်ထမ်းထိန်းတာဝန်က စခန်းချချိန်မှပိုစိတ်ညစ်ရပါတယ်။

စစ်ကြောင်းရုံးက ၀န်ထမ်းတွေအားလုံးစုပြီး ရွာမှာဆိုအကြီးဆုံးအိမ်တစ်လုံးပေါ်တင်၊ တောထဲဆို ပတ်ချာလည်သစ်ကိုင်းတွေခုတ်ကာပြီး မပြေးအောင် ကင်းစောင့်ရပါတော့တယ်။ တော်တော်ခက်ပါတယ်။ ပြေးရင်အသေပစ်မယ် ဘာညာ ခြိမ်းခြောက်ထားပေမယ့် တကယ်လဲပစ်လို့ မရပါဘူး။ အတွေ့ အကြုံရင့် အငှားလိုက်ဝန်ထမ်းတွေက အကြောင်းသိနေတော့ လစ်တာနဲ့ ပြေးတာပါဘဲ။ တပ်စုတစ်စုလုံး နည်းမျိုးစုံနဲ့ စောင့်ရပါတော့တယ်။ စစ်ကြောင်းအပြင်ဖက်တပ်စုတွေက ပင်ပန်းလို့ ကင်းငိုက်ချင်ငိုက်မယ်။ စစ်ကြောင်းအလယ်က ၀န်ထမ်းထိန်းတပ်စုကတော့ လုံးဝမငိုက်ရဲပါ။ မနက်မိုးလင်းလို့  အလှည့်ကျတပ်စုကို ၀န်ထမ်းအရေအတွက် အတိအကျလွှဲပြီးမှ သက်ပြင်းချနိင်ပါတော့တယ်။ အရေအတွက်လျော့လို့ကတော့ AQ ရဲ့ အဆူအဟောက်ခံပြီး ပြေးတဲ့ဝန်ထမ်းထမ်းတဲ့ ပစ္စည်းတွေ တပ်စုရဲဘော်သွားထမ်း အဲ့ဒီရဲဘော်ရဲ့ ပစ္စည်းတွေ တပ်စု
ကမျှထမ်းနဲ့ တော်တော်စိတ်ညစ်ရပါတယ်။

နောက်ပိုင်းအတွေ့ အကြုံရလာတော့ကျွန်တော်တို့ ရှေ့ပြေးတပ်စုအလှည့်ကျရင် ဖမ်းမိတဲ့ရွာသားတွေကို အကုန်မအပ်တော့ပါဘူး။ ကိုယ်တပ်ခွဲတပ်စုအတွင်းမှာဘဲ ချန်ထားပြီး လျော့သွားတဲ့ ၀န်ထမ်း အစားထိုးပေးလိုက်ပါတယ်။ ဒီလိုနဲ့ တစ်နေ့ မှာ စစ်ကြောင်းတစ်ခုလုံး ကမမောင်းကနေ ၀က်သိုးခိုရွာဖက် ချီတက်ရပါတယ်။ ကျွန်တော့်တပ်စု ရှေ့ ပြေးတာဝန်ပါ။ ညဖက်မှောင်စအချိန်လမ်းက ရွာတစ်ရွာဝင်အရှင်းမှာ အောက်လင်းဓါတ်မီးအောက်မှာ ၇ွာသား(၃)ယောက်တွေ့ လို့  ၀င်ဖမ်းပြီးဆက်ချီတက်ခဲ့ပါတယ်။ ညဖက်စခန်းချချိန်ရောက်တော့ စစ်ကြောင်းကိုမအပ်ဘဲ တပ်ခွဲရုံးမှာဘဲ ထားပါတယ်။ ည(၁၀)နာရီလောက်မှာ သုံးယောက်ထဲက တစ်ယောက်ဟာ ရှိုက်ကြီးတငင်နဲ့ တရှုံ့ ရှုံ့ ငိုပါတော့တယ်။ တပ်ခွဲမှုးနဲ့ ကျွန်တော်လဲ ထမင်းစားခါနီး ပြင်နေတုံး ကြားနေရတော့ ခေါ်မေးကြည့်ပြီး နှစ်ယောက်စလုံးစိတ်မကောင်းလွန်းလို့ ထမင်းတောင်မစားနိင်တော့ပါ။ သူ့ ရွာမှာဒီညမင်္ဂလာဆောင်ပွဲလုပ်မှာဖြစ်ပြီး ပြင်ဆင်နေတုံး စစ်ကြောင်းနဲ့ ပါလာရလို့  ရွာမှာကျန်ခဲ့တဲ့ သူတွေနဲ့  မင်္ဂလာဦးညအတွက ၀မ်းနဲပက်လက်ဖြစ်နေတာပါ။ တပ်ခွဲမှုးလဲ စိတ်ထိခိုက်ပြီး “ကျွန်တော်တို့ ဒီလောက်ရိုင်းတဲ့သူတွေ မဟုတ်ပါဘူးဗျာ။ စောစောကပြောရင် ဒီလိုဘယ်ဖြစ်မလဲ၊ တကယ်ဝမ်းနဲတောင်းပန်ပါတယ်” လို့ တောင်းပန်ပြီး လက်ဖွဲငွေ(၂၀၀)ကျပ် (အဲဒီအချိန်နစ်ရာက တော်တော် တန်ဖိုးရှိပါတယ်) ပြန်လွှတ်လိုက်တဲ့အချိန်မှာ မြင်လိုက်ရတဲ့ သတိုသားရဲ့ ၀မ်းသာကြည်နူးမှုမျက်နှာဟာ ခုချိန်ထိကျွန်တော့်မျက်စိထဲမှာ မြင်နေမိတဲ့အမှတ်တရတစ်ခုပါ။ ။

(၃)

စစ်ဆင်ရေးမှာ ၀န်ထမ်း (ပေါ်တာ) မပါရင်မဖြစ်သလို ၀န်ထမ်း (ပေါ်တာ) ဆွဲတဲ့ ကိစ္စကြောင့်လည်း စည်းရုံးရေး ကျဆင်ြး့ပီး တပ်မတော်အပေါ်ငြိုငြင်ခံရပါတယ်။ စစ်အောင်နိင်ရာသော အကြောင်းကြီးများမှာ ပေါ်တာ အလုံအလောက် ရရှိရေးဟာ အဓိကအချက်တစ်ချက် ဖြစ်တယ်လို့ ကျွန်တော်တို့ တပ်စုမှူး တပ်ခွဲမှူးတွေ စုမိတိုင်း ပြောလေ့ရှိပါတယ်။ ကျွန်တော်တို့ တပ်မ(၄၄)တပ်တွေ လှုပ်ရှားနေတဲ့ စစ်ကြောင်းလိုက် တပ်ရင်းလိုက်ဗျုဟာလိုက် လှုပ်ရှားမှုကြီးမှာ ပေါ်တာမပါဘဲ ဘယ်လိုမှမရပါဘူး။ ရဲဘော်တိုင်းမှာလဲ တစ်ပါတ်စာရိက္ခာ ၊ပေါက်ပြား ဂေါ်ပြား၊ ဒါး၊ စောင်ခြင်ထောင်တွေနဲ့ ကျောပိုးအိပ်တစ်လုံး။ ခါးမှာ ကျည်ဆံကျည်ကပ် အပြည့်နဲ့ ဖြစ်လို့ စစ်ကြောင်းက လက်နက်ကြီးကျည်ဆံတွေ လက်နက်ကြီးတွေကို မထမ်းနိင်ပါဘူး။ ရွာသားတွေဘက်က ကြည့်ပြန်တော့လဲ အလုပ်ပျက်အကိုင်ပျက် တနေကုန် အလေးအပင်ထမ်း အစားအအိပ်အနေပင်ပန်းဆင်းရဲ တိုက်ပွဲဖြစ်လို့ အခန့် မသင့်ရင် အသက်ပါဆုံးနိင်တော့ တော်တော်ဒုက္ခရောက်ပါတယ်။

တပ်စုမှူးအဓိကတာဝန်တစ်ခုဖြစ်တဲ့ ရှေ့ပြေးတပ်စုတာဝန်ကတော့ စိတ်ပင်ပန်းလူပင်ပန်းပေမယ့် ပျော်စရာ ကောင်းပါတယ်။ မြေအနေအထား အမျိုးမျိုးအပေါ်မူတည်ပြီး တပ်စုကို အမျိုးမျိုးတပ်ဖြန့်ချီတက်ရပါတယ်။ ကွင်းပြင်၊ချောင်း၊တောတန်း၊တောင်ကုန်းငယ်များပေါများတဲ့ ဒေသဖြစ်လို့  ရန်သူခြုံခိုခြောင်းပစ်ပြေးလို့ အလွန်ကောင်းတဲ့ မြေအနေအထားတွေပါ။ ဒီအားသာချက်ကို အပြည့်အ၀အသုံးချပြီး နယ်ခံKNDOက လှုပ်ရှားစစ်ကြောင်းတွေကို မကြာခဏ ဒုက္ခပေးပါတယ်။ ဒီပြသနာ ကျော်လွှားနိင်ဖို့က ရှေ့ ပြေးတပ်စုမှုးရဲ့  အ၇ည်အချင်းနဲ့ တပ်စုရဲ့ စွမ်းဆောင်နိင်မှု အပေါ်မူတည်ပါတယ်။ တပ်စုအတိုင်းအတာနဲ့ မနိင်တဲ့ မြေအနေအထားတွေမှာတော့ တပ်ခွဲမှုးထံတင်ပြပြီး ဆက်လုပ်ရပါတယ်။ ဒီလိုနဲ့ တပ်စုမှုးတာဝန်
နှစ်လလောက် ထမ်းဆောင်ပြီးချိန်မှာတော့ ကျွန်တော်ဟာ တပ်ရင်းမှာပေမှီဒေါက်မှီတပ်စုမှူး တစ်ယောက် ဖြစ်လာပါပြီ။ ဒီအချိန်မှာဘဲ ကျွန်တော်တို့ စစ်ကြောင်းဟာ ဖာပွန်ဖက်ကို ချီတက်ရပါတော့တယ်။

ပွင့်လင်းရာသီရောက်လာပြီဖြစ်လို့ ဖာပွန်မြို့လုံခြုံရေးနဲ့  ရိက္ခာစုပုံယာဉ်တန်းလုံခြုံရေး အတွက်ဖြစ်ပါတယ်။ ဖာပွန်အရောက် ချီတက်ရမယ့်နေ့မှာတော့ ကျွန်တော့တပ်စု ရှေ့ ပြေးတာဝန်ကျပါတယ်။ ကျင့်သားရနေပြီး ဖြစ်တဲ့အတိုင်း စံနစ်တကျ ချီတက်လာရင်း ဖာပွန်ဝင်ခါနီး လေယာဉ်ကွင်းနဲ့ ယွန်းစလင်းချောင်းတစ်ဖက်က တောင်ကြောကို တပ်စိတ်နှစ်စိတ်ဖြန့် ရှင်းချိန်မှာတော့ ဓါးမကိုယ်စီကိုင်ထားတဲ့ အမျိုးသမီးအုပ်စုနဲ့ ပက်ပင်းတိုးပါတော့တယ်။ ထူးဆန်းတာက ကျွန်တော်တိုကို လုံးဝကြောက်တဲ့ပုံမရှိဘူး။ ထုံးစံအတိုင်း သေနတ်တွေချိန်ပြီး ကရင်လိုမေးတော့ အဲဒီအမျိုးသမီးတွေအဖြေကြောင့် ကျွန်တော်တို့ လဲချိန်ထားတဲ့သေ
နတ်တွေ အောက်ချပြီး ရှက်ကိုးရှက်ကန်းနဲ့  သူတို့ နဲ့ အတူ ဖာပွန်ခလရ၁၉တပ်ရင်းကို လိုက်သွားခဲ့ပါတော့တယ်။

သူတို့ ကဗမာလိုပြောတာက “ကျွန်မတို့ က ခလရ(၁၉)က ရဲမေတွေပါ” တဲ့။ ခလရ ၁၉ ရဲမေတွေ ထင်းခုတ်လာတဲ့ နေရာကို ကျွန်တော်တို့ တပ်မ ၄၄ စစ်သားကြီးတွေ ရင်ဘောင်တန်း အသင့်တက်ရှင်းခဲ့တဲ့ ဖြစ်စဉ်ကတော့ ဗိုလ်လေးဘ၀မှာမမေ့နိင်တော့တဲ့အမှတ်တရတစ်ခုပါ။ ။
Top of Form



U Thaung Aye

Article 0

$
0
0


"နှစ်ဘ၀စာ အဘရွှေ "
……

အဘရွှေဆိုတော့ ဒီကောင် ဖားပြီ မထင်လိုက်ပါနဲ့။(မဖားတတ်လို့လဲ ခုထိ ဒီ level ကမတက်တာ)။ ကိုယ့်ထက် အသက်အများကြီး ကြီးလို့ အဘရွှေလို့ ခေါ်လိုက်ရခြင်းပါ။ ဟုတ်ကဲ့ မကျေနပ်သူများ ရှိကလဲ ကျွန်တော်အဘခေါ်ပေးပါ့မယ်(အခေါ်ခံချင်တယ်ဆိုရင်ပေါ့)။ ကျွန်တော့် အဘွားကတော့ ကွန်လွယ်ရှာပါပြီ။

လူနည်းစုထက် လူများစု မုန်းတဲ့ လူတစ်ယောက်ကို ကျွန်တော်က အားကျတယ်ဆိုတော့ လူနည်းစုထဲမှာ ကျွန်တော်ပါတယ် ဆိုရင်လည်း မမှားပေပါဘူး။ သို့သော်လည်း အားကျတယ်လို့သာ ဆိုတာပါ။ လေးစားတယ်လို့ ကျွန်တော်မဆိုလိုပါဘူး။ ခုကျွန်တော်ပြောတဲ့ အားကျတဲ့ အချက်လေးတွေကို သဘောတူသူလည်း ရှိမယ်၊ သဘောမတူသူလည်း ရှိပါလိမ့်မယ်။ ဒါပြသနာမရှိပါဘူး။ လွတ်လပ်စွာ ကွဲလွဲခွင့် ရှိတာကိုး..။

(၁) ပထမဆုံးတစ်ချက်ကတော့ အကြီးအကဲဖြစ်ခြင်းပါပဲ။
အကြီးအကဲတစ်ယောက်ဖြစ်ဖို့ဆိုတာ တကယ်မလွယ်လှပါဘူး။ ဖြစ်ချင်တိုင်းလည်း ဖြစ်လို့မရတာအမှန်ပါပဲ။ ဆိုပါစို့ တပ်အဆင့်နဲ့ဆိုရင် ဗိုလ်ချုပ်မှူးကြီး ဒါအကြီးဆုံး ဒီအဆင့်ကို ရရှိခဲ့တယ်။(ဘယ်လိုပဲ ရ ရပေါ့)။

ကျွန်တော် ဗိုလ်သင်တန်း (OTS) တစ်ကြိမ်ဖြေခဲ့ဖူးတယ်။ မအောင်ခဲ့ပါဘူး။ ဒါကြောင့်လဲ ရဲဘော်ဆိုတဲ့ အဆင့်ထဲမှာပဲ ရှိနေတာလဲ။ မင်းက ဗိုလ်ချစ်လို့လား မေးရင် ဟာ..သိပ်ဖြစ်ချင်တာပေါ့လို့ပဲ ဖြေမှာပဲ။ ဟုတ်တယ်လေ..အလုပ်သမားနဲ့ အလုပ်ရှင် ..ဘယ်သူက ဘာဖြစ်ချင်သလဲ။

တပ်ထဲက အကြီးဆုံးသူတစ်ယောက်ဖြစ်သလို နိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ အကြီးအကဲ တစ်ယောက်ဆိုတော့ ဒါဟာ ဘယ်လောက် ကုသိုလ်အရှိန်အ၀ါလဲ။ ဖြစ်ချင်တိုင်း ဖြစ်ခွင့်မရှိပါဘူး။

(တစ်ခုတော့ရှိတာပေါ့လေ..ခေါင်းဆောင်ကောင်း..ခေါင်းဆောင်ဆိုးဆိုတာတော့ ရှိတာပေါ့)။

ကျွန်တော်အားကျတာက နိုင်ငံ့အကြီးအကဲ တစ်ယောက်ဖြစ်လာတဲ့ ကုသိုလ်အရှိန်အ၀ါပါပဲ။ ယခင်ကောင်းလို့ ခုကောင်းတာတဲ့။ ကျိန်းသေတာက ကျွန်တော့်မှာ ယခင် ကုသိုလ်အရှိန်က သူ့လောက် မရှိခဲ့တာအမှန်ပဲ။ ဒီတော့ ကျွန်တော်အားကျမိတာပါ။

(၂) ဒုတိယအချက်ကလည်း သိပ်တော့မကွာလှပါဘူး။ ရှေးကုသိုလ် အရှိန်အ၀ါပါပဲ။
"သွားလေရာ ခလုတ်မထိ ဆူးမညှိပါစေနဲ့ "လို့ လူကြီးသူမများက ကျွန်တော်တို့ကို ဆုတောင်းပေးခဲ့ဘူးတယ် မဟုတ်လား။
သူတို့ဘ၀ကို စဉ်းစားကြည့်..ခလုတ်ထိ ခဲ့မယ်။ ဆူးညှိခဲ့မှာပဲ။ ဒါပေမယ့် နောက်ပိုင်းမှာ သွားသော ခရီးအတွက် လေယာဉ်၊ ကား အဆင်သင့်(တံခါးတောင် ဖွင့်စရာမလို)၊ နင်းမဲ့ မြေက ကောဇောနီအဆင်သင့်၊ စားဖို့ဆိုရင်လည်း ကောင်းပေ့ညွှန့်ပေ့ဆိုတာ ဟာတွေက အဆင့်သင့်၊ သွားလေရာမှာရော အိမ်မှာရော အဆင်သင့်။

ကျွန်တော်ဆိုရင် တစ်လလုံးလုပ်မှ ဒီလခ လေးရတာ။ ဒီလခလေးရမှ ထမင်းစားရတာလေ။ တချို့ဆို ထမင်းတစ်လုတ်၊ အ၀တ်တစ်ဆင်စာအတွက် ဘယ်လောက်ရုန်းကန်ရသလဲ။

ဒါကလဲ အတိတ်က ကုသိုလ်ကြောင့် ရတာမဟုတ်ဘူးလို့ ပြောနိုင်သလား။ ဒီလို နေနိုင်ဖို့၊ စားနိုင်ဖို့ ဆိုတာ တော်ရုံဘုန်းကံနဲ့ မလွယ်လှဘူးလေ။

ဒီတော့ ကျွန်တော်အားကျမိတာပေါ့။ သွားမယ်ဟေ့ဆိုရင် အဆင်သင့်၊ စားမယ်ဟေ့ ဆိုရင်လဲ အဆင်သင့်ဆိုတဲ့ ဘ၀ ကျွန်တော်ကတော့ လိုချင်မိတာပါပဲ။ ( အင်း…မသန့်ရှင်းတဲ့ နေရာ၊ မသန့်ရှင်းတဲ့ အစာ တို့ကတော့ မယူ၊ မနေ၊ မစားဘူးကွ..လို့ ကြွေးကြော်ကြဦးမယ်မဟုတ်လား၊ ကျွန်တော်ကတော့ ပုထုဇဉ်ပီပီ နေချင်၊ စားချင်တယ်ဗျာ)

(၃) ဆိုးတဲ့အချက်ကတော့ သိပြီးမို့ မပြောတော့ပါဘူး။ ဒါကိုလည်း ကျွန်တော် အားမကျပါဘူး။
အဲ အားကျတဲ့ နောက်တစ်ချက်က လှူချင်တိုင်း လှူနိုင်တာပါပဲ။ မစင်ကြယ်တဲ့ ၀တ္ထုနဲ့ လှူတာ ကုသိုလ်ပေး အကျိုးပေးသန်ချင်မှ သန်ပါလိမ့်မယ်။ သို့သော်လည်း ဗုဒ္ဓဘာသာဝင်ပီပီ လှူတဲ့အချိန်လေး တော့ ကုသိုလ်စိတ်လေးတော့ ဖြစ်နေမိလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ဒီတော့ ဒီကုသိုလ်စိတ်လေးက ထပ်ပြီး သူ့ကိုအကျိုးပေးနေမှာ မဟုတ်ဘူးလား။

ရွှေတိဂုံစေတီတော်မြတ်ကြီး ထီးတော်တင်၊ စိန်ဖူးတော်တင် လှူကြတာကို မြန်မာ့အသံကနေ ကျွန်တော်ကြည့်ရတယ်။ မှတ်မှတ်ရရ ဦးခင်ညွှန့်က တစ်ခါတည်း သူ့လက်စွပ်ကို ချွတ်ပြီး လှူလိုက်တာ တွေ့မြင်လိုက်ရတာ။

သြော် ..ကျွန်တော်လည်း လှူချင်စိတ်က တဖွားဖွားပေါ်မိလိုက်တယ်။

ခုဆိုကြည့်လေ..မရှိလို့မလှူ..မလှူလို့မရှိတဲ့ မဟုတ်လား။ လှူခဲ့ကြလို့ ရှိနေကြတယ်၊ ရှိခဲ့ကြတယ်။ ရှိလို့လဲ ထပ်လှူကြတယ်။ ကျွန်တော်အဖို့မှာကား အလှူနည်းခဲ့လို့ အရှိနည်းနေတယ်။ အရှိနည်းနေလို့ အလှူမနည်းအောင် မနည်းကြိုးစားနေရတယ်။ ညောင်စေ့လောက် လှူပြီး ညောင်ပင်ကြီးလောက်ရတယ်၊ ညောင်ပင်ကြီးလောက်လှူပြီး ညောင်စေ့လောက်ရတယ်ပဲ ပြောပြော။ ကျွန်တော်ကတော့ ညောင်ပင်ကြီးလောက်လှူပစ်လိုက်ချင်တာပါပဲ။

ဒီတော့ကား..လှူဒါန်းမှုကုသိုလ်တော်တွေအတွက် ကျွန်တော်အားကျမိလိုက်ပါတယ်

(၄) နောက်ဆုံးတစ်ချက်ကတော့ နှစ်များစွာ နိုင်ငံတော်ကို အုပ်ချုပ်နိုင်ခြင်းပါပဲ။

ဟ… အုပ်ချုပ်နိုင်မှာပေါ့..လက်နက်ရှိတာကိုး..လို့ ဆိုစရာရှိပါတယ်။ လက်နက်ရှိတိုင်း အုပ်ချုပ်နိုင်ရင် ကျွန်တော်တို့ ကျွန်ဘ၀က လွှတ်မြောက်နိုင်မယ် မထင်ပါဘူး။ ကျွန်တော်တို့ မြန်မာတွေ အင်္ဂလိပ်ထက်၊ ဂျပန် ထက်လက်နက် သာခဲ့လို့လား။

ဟုတ်တယ်လေ..ဒီလိုအုပ်ချုပ်နိုင်တာ တော်တော်အကြံဥာဏ်ကြီးခဲ့လို့ပဲ။ အုပ်ချုပ်ခဲ့စဉ်ကာလ သေချာ စဉ်းစားကြည့်ရင် တော်တော်အကွက်ကျကျ ဆောင်ရွက်ခဲ့တာတွေ့ရမယ်။

ဟော..ခုမအုပ်ချုပ်ပဲ..နေတာတောင် အကွက်ကို စိ လို့မဟုတ်လား။ ပြင်/ဖျက်/ဖြည့် ဖို့အတွက် ဘယ်လောက်ခက်နေသလဲ။ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပြီး ဆောင်ရွက်ထားဖို့ ဥာဏ်ကြီးရှင်ဂရင်းနစ်တင်ဖို့တောင် ကောင်းရဲ့မဟုတ်လား။

လိမ်မယ်ဆိုလည်း ပိပိရိရိလိမ်လို့ ဆိုတယ်မဟုတ်ပါလား။ ဘယ်လောက်ပိရိသလဲ။ ဘယ်လောက်သေသပ်သလဲ။ ပြီးတော့ ဘယ်လောက်အုပ်ချုပ်နိုင်စွမ်းရှိသလဲ။ ပြီးတော့ ဘယ်လောက်တောင် အာဏာရှိခဲ့သလဲ။

ဒီတော့ အကွက်ကျကျ စီမံအုပ်ချုပ်နိုင်တဲ့ ဥာဏ်ကို အားကျမိတာပါ။ အာဏာကြီးခဲ့တာကို အားကျမိတာပေါ့။
ဒါတွေကိုရေးတော့ အဇာတသတ်ဆရာတင်မှားပြီလို့ ဆိုကြမှာပါပဲ။ ဘယ်သို့ပင်ဆိုစေ ကျွန်တော်ကတော့ အားကျမိတဲ့ အချက်တွေထဲမှာ အားကျနိုင်လောက်တဲ့အထိ ဖြစ်နိင်အောင် ကြိုးစား သွားရမှာပါပဲ။

သံသရာဆိုတာ အရှည်ကြီးလေ။ ကျိန်းသေတာက ဒီတစ်ဘ၀နဲ့ ပြတ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သေးလို့ ထင်ပါတယ်။ ဒီတော့ သံသရာမှာ ကောင်းကောင်းနေ၊ ကောင်းကောင်းစားချင်မိတာပါ။ ဒီလို ကောင်းကောင်းနေ၊ ကောင်းကောင်းစားနိုင်ဖို့ ကုသိုလ်စိတ်နဲ့ လှူရမယ်၊ ပေးကမ်းရမယ်။ ကုသိုလ်အမှုတွေ ပြုရမယ်။ ပြီးတော့မှ နိဗ္ဗာန်ကို ရည်မှန်းကြတာမဟုတ်လား။ နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့အဖြစ် စိတ်သန့်သန့်မွန်မွန်လှူကြ၊ ကုသိုလ်ပြုကြ၊ ပါရမီဖြည့်ကြတာတော့ အကောင်းဆုံးပေါ့။

ရှေးကကောင်းလို့ ခုကောင်းတယ် မဟုတ်လား။ ခုကောင်းနေချိန်မှာ ဆက်ကောင်းအောင် ကြိုးစားဖို့ အဘက သင်ပေးတယ်။ ခုကောင်းမှလည်း နောင်ကောင်းအောင် အဘက ပြသွားတယ်။ ခုမကောင်းရင် နောင်မကောင်းတာက ကျိန်းသေလို့ သက်သေပြနေရဲ့မဟုတ်လား။ (ကြည့်လေ..သေပြီဆိုရင်တောင် ရဲရဲ မသေ၀ံ့ မပြ၀ံ့တဲ့ အခြေအနေမျိုးမဟုတ်လား…ကိုယ့်အလှည့် ရဲရဲသေဖို့ ပြနေတာလေ)။

ဒီတော့ ရှေးဘ၀ကောင်းခြင်း၊ ဆိုးခြင်းနဲ့ ယခုဘ၀ ကောင်းခြင်း၊ ဆိုးခြင်းကို ပြသခဲ့တဲ့ နှစ်ဘ၀စာ အဘရွှေထဲက ကျွန်တော်အားကျမိတဲ့အချက်လေးများ ဖြစ်ပါကြောင်း..။
(ဝေဖန်အကြံပြုသူများအား…အထူးကျေးဇူးတင်မည်ဖြစ်ပါကြောင်း..)

********
မောင်ပိုင်
၁၀-၁-၂၀၁၅။
(စာမရေးဖြစ်တာကြာပြီ ၂၀၁၅ ကို
အဘရွှေနဲ့ စဖွင့်လိုက်တယ်..ဒန် ..တန့်..တန့်)

မြန်မာ့ဆက်သွယ်ရေး ဘာလည်း ဘယ်လည်း (၁)

$
0
0
မြန်မာ့ဆက်သွယ်ရေး ဘာလည်း ဘယ်လည်း  (၁)  xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx  မိုဘိုင်းဖုန်းတွေ မြန်မာပြည်မှာစသုံးတုန်းက cellular ဖုန်းကို FEC ဖြင့် ပေးသွင်းခဲ့ရတယ်၊ GSM တွေစပေါ်တုန်းက ၅ သိန်း ၊လူတိုင်းမကိုင်နိုင်သေး ၊ ပြင်ပပေါက်ဈေးသိန်း ၃၀ ကျော်။ ထို့နောက် GSM ဈေး (တရားဝင်) ၁၀ သိန်း ရောက်သွားခဲ့တယ်၊  ထို့နောက် ၁၅သိန်း(တရားဝင်) ဖြစ်သွားပါတယ်၊ ကြိုတင်ငွေအဖြစ် ပြောဆိုခ ၅သောင်း တစ်ခါတည်းကောက်ပြန်တယ်၊ ပြင်ပပေါက်ဈေး ၂၀ သိန်းနှင့် ၃၀ သိန်းကြား ၊တစ်ချို့က ငှားစားကြတယ်၊ မိုဘိုင်းဖုန်း ကိုင်နိုင်သူက သူ့ပတ်ဝန်းကျင်မှာ ဆရာကြီး တစ်ဆူပေါ့၊ WCDMA ၀၉၅၅ နဲ့ ပေါ်ခဲ့ပြန်ပါတယ်၊ သူကတော့ ပိုပြီးဆရာကျ ခဲ့ပါတယ်၊ နာဂစ် မုန်တိုင်း လည်းဖြစ်ရော ကမ်းရိုးတမ်းဖုန်းလို့ ခေါ်တဲ့ ၀၉၈၆၊ ၀၉၈၇ နဲ့စတဲ့ 450Mhz ဖုန်းတွေ ခေတ်ထခဲ့ပြန်တယ်၊ ကြိုတင်ပြောဆိုခ ၅ သောင်းသွင်း တရားဝင်ဈေး ၁၅ သိန်း၊ နေပြည်တော်ကို ရုံးတွေပြောင်း ခဲ့ပြီး ထိုဒေသမှာ ၀၉၈၃ နဲ့စတဲ့ 450Mhz ဖုန်းတွေ ၁၅ သိန်း၅သောင်း ထပ်ရောင်းတယ်၊ GSM ဖုန်း ကို နေပြည်တော်မှာ ပြောခွင့်မပေး၊ နေပြည်တော်ဖုန်းလို့ အမည်တပ်ခဲ့တဲ့ ၀၉၄၉ နဲ့စတဲ့ 450Mhz ဖုန်းတွေ  ၅သိန်း နဲ့ ထပ်ရောင်းပြန်တယ်၊ အလုအယက် ၀ယ်ခဲ့ကြတယ်၊ အထက် ဖော်ပြပါဖုန်းတွေရရှိဖို့ ဌာနဆိုင်ရာ အကြီးအကဲတွေရဲ့ ထောက်ခံချက် တွေကို ငွေ လက်ဆောင်ပေးပြီး ထိုးခိုင်းခဲ့ရပါသေးတယ်၊ ဗိုလ်ချုပ်တွေ ဌာနအကြီးအကဲတွေဟာ လျှောက်လွှာ တစ်စောင် ငွေ ၁သောင်း ၂ သောင်း ရရှိရင်တောင် လက်မှတ်ထိုးတဲ့အဆင့် ရောက်သွားခဲ့တယ်၊ လုပ်စားခဲ့သူတွေ အသိဆုံးဖြစ်မှာပါ၊ ဖုန်းလျှောက်လွှာတွေတောင် ရောင်းကောင်းခဲ့ပါတယ်၊ ရန်ကုန်မှာ စတင်ပြီး မြို့နယ်ကျော် သယ်ဆောင်ခွင့်မရှိဆိုတဲ့ ၀၉၇၃ နဲ့ စတဲ့ CDMA 800Mhz ဖုန်းတွေကို ကြိုတင်ပြောခ ၅ သောင်းသွင်းခိုင်းပြီး ၅သိန်း နဲ့ ရောင်းခဲ့ပါတယ်၊ နယ်ကျော်သယ်ဆောင်နိုင်ပြီ ဆိုပြီး ကြေညာခဲ့ပါတယ်၊ ယနေ့အထိ ပြည်နယ်/တိုင်း (ချင်းပြည်နယ်မပါ) မြို့တော်များနှင့် မြို့ကြီး များတွင်သာ သုံးစွဲနိုင်ပါတယ် 450Mhz ဖုန်းတွေ မပါ ကျန်ဖုန်းတွေကို Internet သုံးစွဲခွင့် ၂သောင်း တောင်းခဲ့ပါတယ်၊ကဒ်ပျောက်ပျက် ၁သိန်းမှ နောက်ဆုံး ၁သောင်းလျော့ချပြီး ကဒ်ပျက် အခမဲ့ဖြစ်သွားခဲ့တာပါ ၊နေပြည်တော်မှာ GSM ပြောလို့ရပြီဆိုတာနဲ့ ၀၉၄၃ နဲ့စတဲ့ ၅သိန်း တန် ဖုန်းတွေ ထပ်ရောင်းပါတယ်၊  အစိုးရသစ်တက်လာတော့ GSM ၂သိန်း၊ WCDMA ၂သိန်းခွဲ၊ လပေးနဲ့ဆက်ရောင်းပါတယ်၊ တချို့ ၇သောင်း ၈သောင်း သွင်းပြီးရော အရှုပ်တော်ပုံနှင့်အတူ ၀န်ကြီးနဲ့ အပေါင်းပါ တစု ကိုဖြုတ်ပစ်လိုက်ပါတယ်၊ ပိုင်ရာဆိုင်ရာ company များ ခရိုနီ company များ ဆွေမျိုး သားသမီးcompany များအား စာရင်းမရှိ စာချုပ်မရှိ ထုတ်ပေးခဲ့ပြီး ရောင်းစေခဲ့သည့်အတွက် သိန်းနဲ့ ချီတဲ့ simcard များအတွက် ပြည်သူတွေ ပေးဝယ်ခဲ့တဲ့ ငွေများ ယနေ့အထိ မပေးသွင်းကြောင်း သိခဲ့ရတယ်၊ ငွေဖြည့်ကဒ် ထုတ်ဝေ ရောင်းချ ရာတွင်လည်း ပိုင်ရာဆိုင်ရာ ကိုလုပ်ကိုင်ခွင့် ပေးခဲ့သည့် အတွက် ပက်ပက်စက်စက် ထုတ်ဝေပြီး ပြင်ပတွင်ကြိုတင်ရောင်းချခဲ့ သည့်အတွက် server တွင် မှတ်ပုံမတင်ရသေးသည့် အတွက်  ငွေဖြည့်သည့်အခါ မရခြင်းများလည်း ဖြစ်ပေါ်ခဲ့ပါတယ်၊ အထက် ဖော်ပြပါ ဖုန်းရောင်းရငွေများ ပြောဆိုခ ရငွေများကိုသေသေချာချာ ရရှိခဲ့ပါက တစ်နိုင်ငံလုံး ကောင်းမွန်သော ဆက်သွယ်ရေးကွန်ယက် ကို ပိုင်ဆိုင်ရမည် ဖြစ်ပါတယ် (ဆက်ရန်ရှိသည်) credit Original owner photo credit Google
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
မိုဘိုင်းဖုန်းတွေ မြန်မာပြည်မှာစသုံးတုန်းက cellular ဖုန်းကို FEC ဖြင့် ပေးသွင်းခဲ့ရတယ်၊ 
GSM တွေစပေါ်တုန်းက ၅ သိန်း၊လူတိုင်းမကိုင်နိုင်သေး ၊
ပြင်ပပေါက်ဈေးသိန်း ၃၀ ကျော်။ ထို့နောက် GSM ဈေး (တရားဝင်) ၁၀ သိန်း
ရောက်သွားခဲ့တယ်၊ ထို့နောက် ၁၅သိန်း(တရားဝင်) ဖြစ်သွားပါတယ်၊


ကြိုတင်ငွေအဖြစ် ပြောဆိုခ ၅သောင်း တစ်ခါတည်းကောက်ပြန်တယ်၊
ပြင်ပပေါက်ဈေး ၂၀ သိန်းနှင့် ၃၀ သိန်းကြား ၊တစ်ချို့က ငှားစားကြတယ်၊
မိုဘိုင်းဖုန်း ကိုင်နိုင်သူက သူ့ပတ်ဝန်းကျင်မှာ ဆရာကြီး တစ်ဆူပေါ့၊
WCDMA ၀၉၅၅ နဲ့ ပေါ်ခဲ့ပြန်ပါတယ်၊ သူကတော့ ပိုပြီးဆရာကျ ခဲ့ပါတယ်၊
နာဂစ် မုန်တိုင်း လည်းဖြစ်ရော ကမ်းရိုးတမ်းဖုန်းလို့ ခေါ်တဲ့ ၀၉၈၆၊
၀၉၈၇ နဲ့စတဲ့ 450Mhz ဖုန်းတွေ ခေတ်ထခဲ့ပြန်တယ်၊ ကြိုတင်ပြောဆိုခ
၅ သောင်းသွင်း တရားဝင်ဈေး ၁၅ သိန်း၊ နေပြည်တော်ကို ရုံးတွေပြောင်း
ခဲ့ပြီး ထိုဒေသမှာ ၀၉၈၃ နဲ့စတဲ့ 450Mhz ဖုန်းတွေ ၁၅ သိန်း၅သောင်း
ထပ်ရောင်းတယ်၊ GSM ဖုန်း ကို နေပြည်တော်မှာ ပြောခွင့်မပေး၊
နေပြည်တော်ဖုန်းလို့ အမည်တပ်ခဲ့တဲ့ ၀၉၄၉ နဲ့စတဲ့ 450Mhz ဖုန်းတွေ
၅သိန်း နဲ့ ထပ်ရောင်းပြန်တယ်၊ အလုအယက် ၀ယ်ခဲ့ကြတယ်၊ 

အထက်ဖော်ပြပါဖုန်းတွေရရှိဖို့ ဌာနဆိုင်ရာ အကြီးအကဲတွေရဲ့ ထောက်ခံချက်
တွေကို ငွေ လက်ဆောင်ပေးပြီး ထိုးခိုင်းခဲ့ရပါသေးတယ်၊ ဗိုလ်ချုပ်တွေ
ဌာနအကြီးအကဲတွေဟာ လျှောက်လွှာ တစ်စောင် ငွေ ၁သောင်း ၂ သောင်း
ရရှိရင်တောင် လက်မှတ်ထိုးတဲ့အဆင့် ရောက်သွားခဲ့တယ်၊ လုပ်စားခဲ့သူတွေ
အသိဆုံးဖြစ်မှာပါ၊ ဖုန်းလျှောက်လွှာတွေတောင် ရောင်းကောင်းခဲ့ပါတယ်၊
ရန်ကုန်မှာ စတင်ပြီး မြို့နယ်ကျော် သယ်ဆောင်ခွင့်မရှိဆိုတဲ့ ၀၉၇၃ နဲ့ စတဲ့
CDMA 800Mhz ဖုန်းတွေကို ကြိုတင်ပြောခ ၅ သောင်းသွင်းခိုင်းပြီး ၅သိန်း
နဲ့ ရောင်းခဲ့ပါတယ်၊ နယ်ကျော်သယ်ဆောင်နိုင်ပြီ ဆိုပြီး ကြေညာခဲ့ပါတယ်၊

ယနေ့အထိ ပြည်နယ်/တိုင်း (ချင်းပြည်နယ်မပါ) မြို့တော်များနှင့် မြို့ကြီး
များတွင်သာ သုံးစွဲနိုင်ပါတယ် 450Mhz ဖုန်းတွေ မပါ ကျန်ဖုန်းတွေကို Internet သုံးစွဲခွင့်
၂သောင်း တောင်းခဲ့ပါတယ်၊ကဒ်ပျောက်ပျက် ၁သိန်းမှ နောက်ဆုံး ၁သောင်းလျော့ချပြီး
 ကဒ်ပျက် အခမဲ့ဖြစ်သွားခဲ့တာပါ ၊နေပြည်တော်မှာ GSM ပြောလို့ရပြီဆိုတာနဲ့ ၀၉၄၃ နဲ့စတဲ့ 
၅သိန်း တန် ဖုန်းတွေ ထပ်ရောင်းပါတယ်၊ အစိုးရသစ်တက်လာတော့ GSM ၂သိန်း၊
WCDMA ၂သိန်းခွဲ၊ လပေးနဲ့ဆက်ရောင်းပါတယ်၊ တချို့ ၇သောင်း
၈သောင်း သွင်းပြီးရော အရှုပ်တော်ပုံနှင့်အတူ ၀န်ကြီးနဲ့ အပေါင်းပါ
တစု ကိုဖြုတ်ပစ်လိုက်ပါတယ်၊ 

ပိုင်ရာဆိုင်ရာ company များ ခရိုနီcompany များ ဆွေမျိုး သားသမီး company 
များအား စာရင်းမရှိစာချုပ်မရှိ ထုတ်ပေးခဲ့ပြီး ရောင်းစေခဲ့သည့်အတွက်
သိန်းနဲ့ ချီတဲ့ simcard များအတွက် ပြည်သူတွေ ပေးဝယ်ခဲ့တဲ့ ငွေများ
ယနေ့အထိ မပေးသွင်းကြောင်း သိခဲ့ရတယ်၊ ငွေဖြည့်ကဒ် ထုတ်ဝေ
ရောင်းချ ရာတွင်လည်း ပိုင်ရာဆိုင်ရာ ကိုလုပ်ကိုင်ခွင့် ပေးခဲ့သည့်
အတွက် ပက်ပက်စက်စက် ထုတ်ဝေပြီး ပြင်ပတွင်ကြိုတင်ရောင်းချခဲ့
သည့်အတွက် server တွင် မှတ်ပုံမတင်ရသေးသည့် အတွက်
ငွေဖြည့်သည့်အခါ မရခြင်းများလည်း ဖြစ်ပေါ်ခဲ့ပါတယ်၊ 

အထက်ဖော်ပြပါ ဖုန်းရောင်းရငွေများ ပြောဆိုခ ရငွေများကိုသေသေချာချာ
ရရှိခဲ့ပါက တစ်နိုင်ငံလုံး ကောင်းမွန်သော ဆက်သွယ်ရေးကွန်ယက်
ကို ပိုင်ဆိုင်ရမည် ဖြစ်ပါတယ်။

(ဆက်ရန်ရှိသည်)

credit Original owner
photo credit Google

Kyaw Lin Nyein

ဗိုလ်လေးဘ၀ အမှတ်တရများ အပိုင်း(၂)

$
0
0

(၄)

“မြင်စဖူးကြုံဖူးမှယုံစဖွယ်” ဆိုတဲ့အတိုင်း ဖာပွန်မြို့ဟာ တကယ့်ဘုရားစူးမြို့ပါဘဲ။ အရင် ခေတ်ကောင်းတုံးကတော့ (ယခင် အင်္ဂလိပ်အုပ်ချုပ်ရေးခေတ်ကို ခေတ်ကောင်းလို့ ဒေသခံ အဖိုးကြီးအဖွားကြီးတွေက ဆိုကြပါတယ်) တော်တော် အေးချမ်းသာယာတယ်လို့ ပြောပေမယ့် ကျွန်တော်တို့ရောက်ချိန်ကတော့ စစ်ရိပ်စစ်ငွေ့တွေနဲ့ မှိုင်းဝေ နေပါတယ်။


ပွင့်လင်းရာသီရောက်တိုင်း တိုက်ကွက်ဖော်လေ့ရှိတဲ့ ကေအန်ယူရဲ့ လှုပ်ရှားမှုသတင်းတွေစုံစမ်း၊ မိုးတွင်းစားသောက်ရေး အုပ်ချုပ်မှုကိစ္စတွေ တစ်နှစ်စာရိက္ခာစုပုံရေးအတွက် လှုပ်ရှား၊မြို့ခံစစ်ပြင်ဆင်နဲ့ ခလရ ၁၉ တပ်ရင်းဌာနချုပ်ရဲ့ စစ်သည်ရဲမေ မိသားစုအားလုံး အလုပ်တွေရှုပ်နေပါတယ်။ တပ်ရင်းဌာနချုပ်ကလဲ တကယ့်ရှေ့ တန်းစခန်းမှာ ကာတဲ့ခြံစည်းရိုးအတိုင်း ၀ါးကျလံတွေနဲ့ တပ်ရင်းပတ်လည်တောင်ကုန်းတွေမှာလဲ ဘန်ကာကင်းစခန်းတွေ အထပ်ထပ်နဲ့ပါ။ မြို့ပေါ်ရပ်ကွက်(၄)ခုရှိပြီး အစွန်ရပ်ကွက်(၄)က စိတ်မချရနေရာအဖြစ် သတ်မှတ်ထားပါတယ်။ လမ်းပန်းဆက်သွယ်ရေးကလဲ ပွင့်လင်းရာသီမှာသာ ဘီးလင်း၊ နတ်ကြီး၊ ကျောက်တောင်၊ ဖာပွန်ကားလမ်းကို အသုံးပြုရပါတယ်။

မိုးတွင်းကတော့ ကားလမ်းအဆက်အသွယ် လုံးဝမရှိသလို လေယာဉ်ကွင်းရှိပေမယ့် ပုံမှန်ဆင်းသက်ခြင်းမရှိလို့ ယာဉ်တန်းရှိချိန်မှာသာ သွားလာရတဲ့ မိသားစုတွေရဲ့ သာရေးနာရေး ကျန်းမာရေးပညာရေး စီးပွားရေးစတဲ့ အရေးအားလုံး ဆုံးရှုံးလှပါတယ်။ အစားအသောက် အလွန်ရှားပြီး ဖာပွန်ငှက်ဖျားဟာလည်း နာမယ်ကြီးတဲ့ အတိုင်း နေ့မြင်ညပျောက်ဆိုသလို မနက်ပိုင်းလူကောင်းအတိုင်း သွားလာစားသောက်နေရာက နေညနေမှာ အဖျားတက်ပြီး တခါတည်းအသက်ပျောက်တဲ့ အထိဖြစ်ပါတယ်။

မှောင်ခိုခေတ်ကောင်းချိန်ဖြစ်လို့ အခြား (ရတခ) တပ်တွေ အဆင်ပြေနေချိန်မှာ ခလရ ၁၉ နယ်မြေမှာတော့ ဘာမှောင်ခိုလမ်းကြောင်းမှလဲမရှိဘဲ သစ္စာ(၄)ချက်ဆိုတဲ့ စေလိုရာစေ စစ်သားတွေနဲ့အတူ တစ်နွယ်ငင်တစ်စင်ပါ ဒုက္ခခံကြရတဲ့ မိသားစုတွေရဲ့ ဘ၀တွေမြင်နေရတာ စိတ်မကောင်းစရာပါ။

ကျွန်တော်တို့က ရှေ့တန်းစစ်ဆင်ရေးဆိုပြီး (၆) လ (၇) လ လှပ်ရှားပြီးရင် တပ်ရင်းဌာချုပ်ရှိရာ မြိကြီးပြကြီးတွေမှာ (၁) လ (၁) လခွဲ အနားယူနိင်ပေမယ့် ခလရ ၁၉ စစ်သည်မိသားစုများကတော့ ဒီတပ်ရင်းက မပြောင်းမချင်း ဒီလိုဘဲ နေရပါတော့တယ်။ ခလရ ၁၉ မိသားစုဝင်တွေရဲ့ လူမှုရေးဆုံးရှုံးမှုတွေ တွေ့မြင်ခဲ့ရတဲ့ ဖြစ်စဉ်တွေကတော့ ဗိုလ်လေးဘ၀မှာ မေ့မရနိင်တဲ့ အမှတ်တရပါ။ (၁၉၉၅..၉၆အလွန် ကာလများမှာတော့ ဖာပွန်အနီး ရွာမရှိတဲ့နေရာတွေမှာ တောင်မြေပုံညွှန်းနဲ့ ဖွင့်တဲ့တပ်ရင်းတွေ ရှိလာကြောင်းသိရပါတယ်။)


(၅)

ပွင့်လင်းရာသီ ဘီးလင်း-နတ်ကြီး-ကျောက်တောင်-ဖာပွန်ကားလမ်းအတိုင်း ရိက္ခာစုပုံရေးမှာ ကျွန်တော်တို့ စစ်ကြောင်းက ကျောက်တောင်ရွာနဲ့ ဖာပွန်အကြား အပြင်စည်းလုံခြံရေး တာဝန်ယူရပါတယ်။ ကားလမ်းဘေးတစ်လျောက် အနီးကပ်လုံခြုံရေး၊ ယာဉ်တန်းလုံခြံရေးများကို (တပခ) တပ်ရင်းတပ်ဖွဲ့တွေက တာဝန်ယူပြီး ကျောက်တောင်မှာ (တပခ) ဗျုဟာထိုင်ပြီး ကွပ်ကဲပါတယ်။

အရင်လှုပ်ရှားခဲ့တဲ့ လေးကေ၊ကမမောင်းဂွင်တွေမှာ မိုင်းထောင်ဖြစ်စဉ်တွေ မရှိသလောက်နည်းပေမယ့် အခုကျောက်တောင်ဖာပွန်ဂွင်မှာတော့ မိုင်းမျိုးစုံနဲ့ကြံရပါတယ်။ မြေမြှပ်မိုင်းမျိုးစုံ ဒေသန္တရလက်လုပ်မိုင်းမျိုးစုံ ပါတယ်။ ဓါတ်ခဲကို အခြေခံပြီး တီထွှင်ကြံဆမှုမျိုးစုံနဲ့ လုပ်ကြပါတယ်။ ကျောက်တောင်ရွာဝန်းကျင်မှာ ဓါတ်ခဲမရောင်းရ၊ ဓါတ်ခဲမသယ်ရ ဓါတ်ခဲလက်ဝယ်တွေရင် အရေးယူမယ်ဆိုတဲ့အထိ ဗျူဟာက ထိန်းချုပ်ထားပါတယ်။ ကေအန်ယူမိုင်းထောင်မှုတွေက မလျော့ပေမယ့် လောလောဆယ် ကျွန်တော်တို့ စစ်ကြောင်းကတော့ ဓါတ်ခဲဝယ်မရလို့ လက်နှိပ်ဓါတ်မီးထွန်းဖို့ တော်တော်ဒုက္ခရောက်ပါတယ်။

ကားလမ်း အပြင်စည်းလုံခြံရေးဆိုပြီး ထိုင်နေရတာမဟုတ်ဘဲ ယာဉ်တန်းနဲ့ကားလမ်းကို မနှောင့်ယှက်နိင်အောင် နေညမနားတန်း လှုပ်ရှားနေရလို့ လက်နှိပ်ဓါတ်မီးက မရှိမဖြစ်သုံးနေရပါတယ်။ တောထူ တောင်မတ်စောက်တွေဖြစ်လို့ ရှင်းလင်းရ အလွန်ခက်တဲ့အပြင် ကျွန်တော်တို့ စစ်ကြောင်းတွေရဲ့ စရိုက်အတိုင်း အမြင့်စည်းစိုမိုးမှုယူပြီး အခြေပြုတာကြောင့် တစ်ချိ့တောင်တွေမှာ အောက်လျောမကျအောင် တောင်စောင်းမှာ ငုတ်ရိုက်တန်းထိုးကာပြီး အိပ်ကြရတဲ့အထိ မတ်စောက်တဲ့တောင်တွေပါ။

ဒီလောက် အပြင်စည်းအတွင်းစည်း အနီးကပ်တွေနဲ့လုပ်ပေမယ့် ယာဉ်တန်းတစ်ခေါက်ကို အနဲဆုံး တစ်နေရာတော့ မရရအောင် မိုင်းထောင်ပစ်ပြေးကတော့ ကြုံရပါတယ်။ တစ်နေ့မှာတော့ ဗျုဟာက ကျောက်တောင်နဲ့ နမ့်ကူခီးကြား ရန်သူမိုင်းထောင်ထားတဲ့ နေရာသတင်းရလို့ BE တပ်ဖွဲနဲ့ နေရာပြမယ့်သူ လွှတ်လိုက်ပြီး ကျွန်တော့်တပ်စုကို လုံခြုံရေးဆင်းယူခိုင်းပါတယ်။ လမ်းမှာနေလည်စာစားပြီး ဆက်ထွက်အလာ BE အဖွဲ့နဲ့တွေ့ပြီး သူတို့နဲ့အတူလာလမ်း အတိုင်းပြန်ပါတယ်။  ကျွန်တော်တို့ထမင်းစားခဲ့တဲ့ နေရာတ၀ိုက်မှာ အသေးစိတ်ရှာကြပြီး ကျွန်တော့်တပ်စုရုံးအဖွဲ့နေခဲ့တဲ့ နေရာက မြေမြှုပ်မိုင်းနှစ်လုံးကို BE တပ်ဖွဲက ဖော်ယူခဲ့တဲ့ဖြစ်စဉ်ဟာ ယာဉ်တန်းအပြင်စည်းလုံခြံရေးယူခဲ့တဲ့ ဗိုလ်လေးဘ၀က မေ့မရနိင်တဲ့ အမှတ်တရတစ်ခုပါ ။


(၆)
ရိက္ခာစုပုံလုံခြံရေး တာဝန်ယူနေချိန်မှာ ကျွန်တော်တို့တပ်ရင်း စစ်ဆင်ရေးထွက်လာတဲ့ ကာလဟာ သုံးလကျော်လို့ လေးလထဲရောက်လာပါပြီ။ တိုက်ပွဲကြီးတစ်ပွဲမှ မတိုက်ရသေးဘဲ ချောင်းပစ်၊ မိုင်းထောင်ပစ်ပြေးဘဲ မကြာခနကြုံရပါတယ်။ စစ်တိုက်ဖို့လောက်ဘဲသိထားတဲ့ ကျွန်တော်ဟာ စစ်တိုက်တာထက် အရေးကြီးတဲ့ အုပ်ချပ်မှုကိစ္စတွေနဲ့ နဖူးတွေ့ဒူးတွေ့ နေစဉ်နဲ့အမျှ ရင်ဆိုင်ဖြေရှင်းနေရမှ ကျောင်းက ဆရာကြီးတွေရဲ့စကားကို ပြန်ကြားနေမိပါတော့တယ်။

အထူးသဖြင့် ဗထူးတပ်ကြပ်သင်ကျောင်းက ဆရာကြီးတွေဟာ တကယ့်စစ်မြေပြင် အတွေ့အကြုံ ရင့်ကျက်ခဲ့သူတွေဖြစ်လို့် တိုက်မယ်ခိုက်မယ်ပဲသိတဲ့ ကျွန်တော်တို့ကို စစ်မြေပြင်မှာ တကယ်ကြုံတွေရမယ့် အုပ်ချပ်မှုကိစ္စတွေကို အမြဲပြောခဲ့ပါတယ်။ ကျောင်းသင်ခန်းစာ လေ့ကျင့်ခန်းတွေမှာလည်း စီမံချက်ရေးတာကအစ ဘယ်လိုတိုက်မယ်ဆိုတဲ့ နည်းလမ်းပဲ ဦးစားပေးပြီး အုပ်ချုပ်မှု..ေ၇ဗူးထဲ ရေအပြည့်ပါရမည်.. ရိက္ခာ၃ရက်စာပါရမည်. ဆေးပတ္တီးကိုယ်စီပါရမည်..့ ပုံသေရေးနေကျ၊ နဲ့ ပြီးခဲ့တော့ စံနစ်တကျ မသင်ခဲ့ရတဲ့ အုပ်ချုပ်မှုကိစ္စတွေကို နေ့စဉ်ဖြေရှင်းတဲ့အခါ အမှားအယွင်းတွေ ကြံရပါတော့တယ်။

ရဲဘော်တွေရဲ့စားသောက်ရေး ကျန်းမာရေး၊ မိသားစုအရေးအခြေအနေ တစ်ဦးချင်းစီရဲ့ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ အခြေအနေတွေ အကုန်လေ့လာထားမှ အုပ်ချူပ်ကွပ်ကဲလို့ ရပါတယ်။ စစ်စည်းကမ်းအတိုင်း အတိအကျပဲဆိုပြီး စာအုပ်ကြီးအတိုင်း အမိန့်ပေးအုပ်ချပ်လို့ မရပါဘူး။ စစ်မြေပြင်မှာ အားလုံး လူပင်ပန်းစိတ်ပင်ပန်း စိတ်ကြမ်းလူကြမ်းတွေ ဖြစ်လို့ စစ်စည်းကမ်းဥပဒေက နောက်မှလာမှာဖြစ်ပြီး အရင်ဆုံး လက်ထဲမှာရှိတဲ့ သေနတ်တွေနဲ့ ဖြေရှင်းရမှာဖြစ်ပါတယ်။ တပ်စုမှုးဆိုပြီး တာဝန်ပေးလိုက်ပေမယ့် မြေပြင်ခေါင်းဆောင်မှု ရအောင်တော့ ကိုယ်တိုင် တည်ဆောက်ယူမှရပါတယ်။

ရှေ့ပိုင်းမှာ ကျွန်တော်ပြောခဲ့တဲ့ တပ်စုမှုး အဓိကတာဝန် (၂) ရပ်အပြင် အဓိကတာဝန်လို့ ပြောလို့မရဘဲ အလွန်စိတ်ရှုပ်ရတဲ့ အလုပ်ကတော့ စစ်ကြောင်းတစ်ခုလုံးရဲ့ နောက်ဆုံးက လိုက်ရတဲ့ တပ်စုအလှည့်ကျတဲ့ အချိန်ပါဘဲ။ ရှေ့ပြေးတပ်စု၊ ၀န်ထမ်းထိန်းတပ်စု အလှည့်တွေဟာ စစ်ကြောင်းမှုးကိုယ်တိုင် အလေးထား အသိအမှတ်ပြုခံရပေမယ့် နောက်ဆုံးကလိုက်ရတဲ့ အလှည့်မှာတော့ ဘယ်သူမှ ဦးစားပေးမခံရဘဲ စစ်ကြောင်းတစ်ခုလုံးရဲ့ အုပ်ချုပ်မှုကိစ္စအရှပ်ပုံအားလုံး နောက်ဆုံးကတပ်စုမှုးက အဆင်ပြေအောင် ရှင်းရပါတော့တယ်။  “ခြေထောက်နာနေတဲ့ရဲဘော် ထားခဲ့တယ်။ နောက်ဆုံးတပ်စုက ပါအောင်ခေါ်ခဲ့ ၊ ဖျားနေတဲ့ရဲဘော် နောက်ဆုံးတပ်စုက စောင့်ခေါ်ခဲ့ ၊ မလိုက်နိင်တော့တဲ့ဝန်ထမ်းကို ပါအောင်ခေါ်ခဲ့၊” ဆိုတဲ့ အမိန်ပေါင်းစုံနဲ့ ပင်မစစ်ကြောင်းကြီးကတော့ ရည်မှန်းချက်မပျက် ချီတက်သွားပြီး နောက်ဆုံးပိတ်တပ်စုကတော့ တကယ့်ကို နောက်ဆုံးပိတ် အိတ်နဲလွယ်ရတော့တာပါဘဲ။ ဆူလိုက်ဆဲလိုက် ချော့လိုက်ခြောက်လိုက်နဲ့ ကျောင်းကမသင်ပေးလိုက်တဲ့ နည်းမျိုးစုံနဲ့ ပါအောင်ခေါ်ရပါတော့တယ်။

စစ်ကြောင်းက ရည်မှန်းချက်ရောက် ချက်ပြုတ်စားသောက်နေချိန်မှာ နောက်ပိတ်တပ်စုက ရောက်တာ များပါတယ်။ တခါတလေတော့လည်း ရှေ့ကရှေ့ပြေးတပ်စုက အချိန်ယူရှင်းလို့ စစ်ကြောင်းကြီးက အိပဲ့အိပဲ့နဲ့ လိပ်သွားသွားနေရင် နောက်ပိတ်တပ်စုက အိပ်ပျော်နေတတ်ပါတယ်။ နေ့စဉ်ရက်ဆက် ပင်ပန်းမှတွေကြောင့် ခနနားလည်း ခနအိပ်တတ်ကြပါတယ်။ တစ်နေ့မှာတော့ စစ်ကြောင်းချီတက်မှုမှာ ကျွန်တော့တပ်စုက နောက်ဆုံးပိတ်လိုက်ရတဲ့ အလှည့်ကျပါတယ်။ ရည်မှန်းချက်နေရာ အရောက်မှာ လူစစ်တော့ နောက်ဆုံးတပ်စိတ်က ရဲဘော်တစ်ယောက် လိုနေပါတယ်။ ညကလဲ တော်တော် ညဥ့်နက်နေပါပြီ။ လူပင်ပန်းစိတ်ပင်ပန်းနဲ့ ကျွန်တော်ဟာ ဒေါသတကြီးနဲ့ တပ်စိတ်မှုးရဲ့မျက်နှာကို လက်သီးနဲ့ သုံးလေးချက် ဆက်တိုက် ထိုးပစ်လိုက်ပါတယ်။ နောက်ကိုလန်ဆုတ်သွားတဲ့ တပ်စိတ်မှးကလဲ ချက်ချင်းသူလက်ထဲက ကာဘိုင်သေနတ် မောင်းဆွဲတင်ပါတယ်။ ကျွန်တော်လဲ ခါးကပစ္စတို မောင်းဆွဲအတင်မှာ တပ်စုတပ်ကြပ်ကြီးက ကျွန်တော်တို့နှစ်ယောက် အကြားဝင်ရပ်ပြီး တားလို့ နှစ်ယောက်စလုံး ခြေလွန်လက်လွန် မဖြစ်ရတာပါ။

နောက်ကြောင်းပြန် ရှာဖွေကြတော့ ကိုယ်တော်ချောရဲဘော်လေးဟာ သူ့သေနတ်ကိုဖက်ပြီး လမ်းဘေးမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲ တွေ့ရပါတယ်။ တကယ်တော့ လမ်းမှာ မကြာခန စစ်ဆေးကြပ်မတ်ဖို့ တာဝန်ရှိရက်နဲ့ ကျွန်တော်ကိုယ်တိုင်လည်း ပျက်ကွက်ခဲ့ပြီး တပ်စိတ်မှုးအပေါ် ဒေါသမထိန်းနိင်ဘဲ ပေါက်ကွဲခဲ့တာပါ။ ကျွန်တော်ကံကောင်းတာက အဲ့ဒီအချိန်မှာ တပ်စုနဲ့ကျွန်တော်ဟာ တစ်သားတည်း အသားကျဖြစ်နေပြီးလို့ အချင်းချင်းနားလည်မှုရှိပြီးသား ဖြစ်လို့ပါဘဲ။ တပ်စိတ်မှုးကလဲ သူအမှားကို ၀န်ချတောင်းပန်ပြီး ကျွန်တော်ကလဲ သူ့ကိုပြန်တောင်းပန်လို့ ဘာမှပြသနာမရှိခဲ့ပါ။ အရင်လိုဘဲ ရင်းရင်နှီးနှီး ပြန်ဖြစ်ခဲ့ပါတယ်။


ကျွန်တော့်အတွက် အဆိုးထဲကအကောင်းကတော့ နောက်ကို ဒေါသတကြီးဖြစ်ပြီး လက်အောက်စစ်သည်ကို ဘယ်တော့မှ မထိုးကြိတ်တော့တာပါဘဲ။ စိတ်လိုက်မာန်ပါ ဒေါသမထိန်းနိင်မှုကြောင့် သေဖော်သေဖက်ချင်း ပစ်ခတ်မယ့်အထိ ဖြစ်ခဲ့ရတဲ့ ဒီဖြစ်ရပ်ဟာ ဗိုလ်လေးဘ၀မှာ မမေ့နိင်တဲ့ အမှတ်တရတစ်ခုပါ။ ။
Top of Form



မြန်မာပြည်ရဲ့ အလွဲများထဲမှာ အပိုင်းအစတစ်ခု

$
0
0

မြန်မာပြည်မှာ အစိုးရတစ်ခုတည်း ပေါက်တက်ကရအလွဲတွေ လုပ်တတ်တယ် ကိုယ့်လူပဲ ကိုယ်နေရာပေးတယ် ထင်ပါသလား?


ထင်တယ်ဆိုရင် သိပ်မှားသွားမှာပေါ့.. သာမန်ပုဂ္ဂလိက ကုမ္ပဏီကြီးတွေမှာတောင် အရည်အချင်း အရည်အသွေးထက် ကိုယ့်လူ သူ့လူပဲ ဦးစားပေးတယ်လို့ ဆိုလိုက်ရင် ကျွန်တော့် စာဖတ်မိတ်ဆွေတွေ သိပ်များ စိတ်ပျက်သွားမလားပဲ။

သိပ်စိတ်ပျက်မစောပါနဲ့ဦး။ ကျွန်တော် ပြောမယ့် ဥပမာလေးကိုပဲ အရင် နားထောင်ကြည့်လိုက်ပါ…

ကျွန်တော့် အစ်ကို ဝမ်းကွဲတစ်ဦးရှိပါတယ်… သူက လေယာဉ်မှူး pilot ပါ။ သူလေယာဉ်မှူးဆိုတော့ လေယာဉ်မှူးအကြောင်း နည်းနည်းပြောပါဦးမယ်။ လေယာဉ်မှူးတွေ လေယာဉ်ကို မောင်းချင်သလို မောင်းလို့မရပါဘူး။ ကိုယ်မောင်းမယ့် နိုင်ငံရဲ့ လေကြောင်းစည်းမျဉ်းစည်းကမ်းကို အတိအကျလိုက်နာ သင်တန်းတွေတက် simulator တွေနဲ့ စာမေးပွဲတွေ ဖြေ အဆင့်ဆင့် အောင်မြင်ပြီးမှ မောင်းနှင်ခွင့် လိုင်စင်ရပါတယ်။ ဆိုလိုတာ ယဉ်မောင်းလိုင်စင်လို ၅ သောင်းပေး ဘာမှမလို ချက်ခြင်းရမဟုတ်ပါ။

လူ့အသက်ပေါင်းများစွာကို ထိန်းသိမ်းရတာဖြစ်လို့ အလွန်အရေးကြီးတဲ့အလုပ်ပါ။ ပေါ့ဆတတ်သူ… စိတ်မတည်ငြိမ်တဲ့သူ… မျက်စိမကောင်းတဲ့သူ… ဦးနှောက်စွမ်းရည် မြင့်မားခြင်းမရှိတဲ့သူ… ဆုံးဖြတ်ချက်ကို တစ်ဆင့်ခြင်း မှန်ကန်စွာ ချမှတ်တတ်သူ… စသည်ဖြင့် လေယဉ်မှူးတွေရဲ့ အရည်အချင်းတွေ အများကြီးရှိပါတယ်။ လေယာဉ်မှူးကောင်းဖြစ်ဖို့ဆိုတာ လေယာဉ်မောင်းတတ်ယုံနဲ့ မရပဲ သက်ဆိုင်ရာ သင်တန်းကြောင်းတွေရဲ့ အဆင့်မြင့်သင်ကြားမှု နည်းစနစ်တွေနဲ့ အများကြီး သက်ဆိုင်ပါတယ်။

နောက်ပြီး လေယာဉ်မှူးတစ်ယောက်ဖြစ်ဖို့ လိုင်စင် ၂ ခု လိုပါတယ်။ အရင်ဆုံး စစခြင်း PPL (Private Pilot License) ကို ရရှိဖို့လိုပါတယ်။ ပြီးတော့မှာ CPL (Commercial Pilot License) ကို ထပ်မံသင်တန်းတွေတက် စာမေးပွဲတွေ simulator စာမေးပွဲတွေ ဖြေကြားပြီးမှ ရပါတယ်။ အဲဒီ CPL မှာ ကိုယ်တက်ခဲ့တဲ့ ကျောင်းပေါ်မူတည်ပြီး ကျောင်းရှိတဲ့ နိုင်ငံတွေရဲ့ လေကြောင်းညွှန်ကြားမှုဦးစီးဌာနက DCA က issue လုပ်ပေးပါတယ်။ ပြီးမှ သူမောင်းမယ့်လေယာဉ် အမျိုးစားအလိုက် ဥပမာ ATR ဆို ATR type rating သင်တန်းတွေ ထက်တပ်ပြီးမှ ကိုယ်မောင်းမယ့် လေကြောင်းလိုင်းရှိတဲ့ နိုင်ငံက DCA အသိအမှတ်ပြု license ကို ထပ်လုပ်ရပါတယ်။ ဒါကြောင့် လေယာဉ်မှူးသင်တန်းတွေက ဈေးကြီးကြပြီး အပေါဆုံး သိန်း ၆၀၀ လောက်ကနေ သိန်း ထောင်ပေါင်းများစွာအထိ ရှိပါတယ်။

ဒီလောက်ဆို သာမန်လူတွေအနေနဲ့ လေယာဉ်မှူး သင်တန်းနဲ့ လေကြောင်း license ကို နားလည်မယ်လို့ ထင်မြင်ပါတယ်။

အိုကေ… အဲဒီမှာ စတာပါပဲ… ကျွန်တော့်အစ်ကို အမေရိကန်နိုင်ငံ FAA က အသိအမှတ်ပြု လိုင်စင်ကိုင်ထားတဲ့ ကျောင်းဆင်းတစ်ယောက်ပါ။ သူတက်ခဲ့တဲ့ pilot training school က world number 2 အဆင့်ရှိပါတယ်။ တက်ခဲ့တဲ့ စုစုပေါင်း ကုန်ကျစရိတ်က သိန်း ၁ ထောင် ကျော်ကုန်ပါတယ်။ type rating စာမေးပွဲကြေးနှင့် လိုင်စင်ကြေးပါအပါပေါ့။

သူ အမေရိကားမှာ သင်တန်းသွားတက်စင်က ဒီမြန်မာနိုင်ငံက လေကြောင်းလိုင်း (နိုင်ငံတကာသွားနေတဲ့) တစ်လိုင်းက သူ့ကို pilot အနေနဲ့ ခန့်ဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရထားပြီးသားပါ။ သူလည်း အတော်ကြိုးစားတဲ့သူပါ။ အမေရိကားက issue လုပ်တဲ့ FAA license ကို ရထားတဲ့သူတစ်ယောက်ဟာ သာမန်ကျောင်းဆင်းတွေထက်တော့ impression ကောင်းတာ အမှန်ပဲလေ… သူအမေရိကားမှာ လေယာဉ်မောင်းမယ်ဆို ကြိုက်တဲ့အချိန်မောင်း ရတယ်ပေါ့… အဲဒါနဲ့ သူကြိုးစားပြီးသင်တာ နောက်ဆုံး FAA license ရရောဗျာ… ဒါနဲ့ မြန်မာပြည်ကို သူခဏပြန်လာတယ် သူ့ကို ခန့်ပေးမယ်ဆိုတဲ့ လေကြောင်းလိုင်းက တာဝန်ရှိသူနဲ့ သွားတွေ့တယ်။ သူသွားတက်နေတဲ့အချိန်မှာ အဲဒီလေကြောင်းလိုင်းက တာဝန်ရှိသူက လူပြောင်း ရာထူးပြောင်းသွားတာ သူမသိလိုက်ဘူး… နောက်အသစ်ရောက်လာတဲ့ ပုဂ္ဂိုလ်နဲ့ သွားတွေ့ရတော့တာပေါ့ဗျာ…

နောက်ပုဂ္ဂိုလ်က ဘာပြောတယ်မှတ်လဲ… မောင်ရင့်ကို ခန့်လို့ မရတော့ဘူးတဲ့… ကိုယ်တို့လိုင်းက အတွေ့အကြုံရှိ hour များတဲ့ pilot တွေပဲ ခန့်ဖို့ ဆုံးဖြတ်ပြီးပြီ မောင်ရင်က ခုမှ သင်တန်းဆင်းတာဆိုတော့ ခန့်ဖို့ သိပ်အဆင်မပြေဘူး… ဒါပေမယ့် ကိုယ်တို့ခန့်ထားတဲ့ စင်္ကာပူနိုင်ငံသား chief pilot နဲ့ သွားစကားပြောပါလို့ လွှဲလိုက်ပါရောဗျာ…

အဲဒါနဲ့ စင်္ကာပူနိုင်ငံသား chief pilot ဆိုသူနဲ့ သွားတွေ့တာပေါ့ဗျာ… အဲဒီပုဂ္ဂိုလ်က ဝါရင့် pilot ပါ တော်လည်းတော်မှာပါ… ဒါကြောင့် ကျွန်တော့်အစ်ကို FAA license ကော တက်ခဲ့ရတဲ့ course တွေနဲ့ အတွေ့အကြုံတွေကို ရှင်းပြပါတယ်… သူကလည်း ကျွန်တော့်အစ်ကိုကို သဘောကျပါတယ်… ဒါပေမယ့် မြန်မာပြည်ရောက်လာတော့ မြန်မာအစိုးရရဲ့ အကျင့်တွေနဲ့ လူကြီးအချို့အကျင့်တွေ သဘောကျသွားတဲ့ အဲဒီ စင်္ကာပူနိုင်ငံသား စင်္ကာပူလူမျိုး chief pilot ဆိုသူက ကျွန်တော့်အစ်ကိုကို ကားတစ်စင်းဝယ်ပေးရင် နင့်ကိုငါ အလုပ်ခန့်မယ် လို့ ပြောပါရောဗျာ… ကျွန်တော့် အစ်ကို အရမ်းလန့်သွားတယ်… အတော် တောင်းရဲတဲ့သူဗျာ…

သူလည်း အဲဒါနဲ့ဘာလုပ်ရမှန်းမသိပေါ့… ဒါပေမယ့် သူ့အရည်အချင်းကို တကယ်သိတဲ့ မြန်မာပြည်တွင်း (ထိပ်တန်းအဆင့်ရှိ) လေကြောင်းလိုင်းက ချက်ခြင်း ခေါ်တွေ့ပြီး ချက်ခြင်း ဘွန်းထိုးပြီး ချက်ခြင်း အလုပ်ခန့်လိုက်တယ်။ မောင်းမယ့်လေယာဉ်ရဲ့ type rating တွေ ဆက်တက်ဖို့ပါ လုပ်ပေးတယ်လေ.. ကျွန်တော့်အစ်ကိုက ပထမသူက Airbus မောင်းမယ်ဆိုပြီး A320 type rating ယူထားတာ ခု ATR ပြန်မောင်းရမယ်ဆိုတော့ နှစ်ခါထပ်ကုန်ဖြစ်မှာစိုးလို့ သူ့ကို အလုပ်ခန့်တဲ့ လေကြောင်းလိုင်းရဲ့ အကူအညီနဲ့ ဘန်ကောက်မှာ သွားယူလိုက်တယ်…

အခုဗျာ ကျွန်တော့်အစ်ကို hour တွေလည်းများ အတွေ့အကြုံတွေကလည်းကောင်းနဲ့ တစ်ပါတ်မှာ လေယာဉ်မောင်းရတာ ၄ ၅ ရက်လောက်ရှိတယ်…သူ့ လေကြောင်းလိုင်း သူဌေးသွားတဲ့ ခရီးစဉ်တွေဆို သူ့ကိုပဲ မောင်းခိုင်းတဲ့အထိ ယုံကြည်မှုကိုလည်း ရရှိလာတယ်… ဒါသူ ကြိုးစားလို့ တော်လို့လေဗျာ…

ဒါပေမယ့်ဗျာ.. ဘယ်လောက်မှ မကြာဘူး… မင်းကိုအလုပ်မခန့်ဘူး အတွေ့အကြုံရှိ လေယာဉ်မှူးတွေပဲ အလုပ်ခန့်မယ်ဆိုတဲ့ အဲဒီ အပြည်ပြည်ဆိုင်ရာအမည်ခံ လေကြောင်းလိုင်းက ပုဂ္ဂိုလ်ကြီးက သူ့သား အပါအဝင် သာမန် အရှေ့တောင်အာရှက ကျောင်းငယ်လေး (ကျောင်းစုတ်လေး) က ဆင်းတဲ့ ဘာဆို ဘာမှ အတွေ့အကြုံမရှိတဲ့ သူတွေကို လေယာဉ်မှူးအဖြစ် ခန့်လိုက်တယ်တဲ့ဗျာ…

လူကိုခင် မူကိုပြင် လူပြောင်း မူပြောင်း ဆိုတာ အစိုးရသာမက အော် ဒီလို ပုဂ္ဂလိက ကုမ္ပဏီကြီးတွေ ခရီးသည်တွေရဲ့ အသက်ကို ရင်းပြီး သယ်ယူပို့ဆောင်ရတဲ့ ကုမ္ပဏီကြီးတွေတောင် လုပ်ကြပါလားဆိုတာ သိလိုက်ရတဲ့နောက်ပိုင်း ကျွန်တော် အစိုးရကိုပဲ အပြစ်မတင်မိတော့ပါဘူးဗျာ….

အဲဒီဖြစ်စဉ် အစအဆုံးကို ကားပါလိုက်မောင်းပေးတဲ့အထိ ကျွန်တော့်အကိုကို ကျွန်တော်ကိုတိုင် ကူညီပေးခဲ့ရလို့ပါဗျာ
သည်းခံ… သည်းခံ… ဒီနိုင်ငံမှာ လူဖြစ်လာတော့ ကိုယ့်ရဲ့ကံ

(anyway မင်းက လေကြောင်း အကြောင်း ဘယ်လောက်သိလဲမေးရင် pilot မဟုတ်ပေမယ့် မူကြိုအဆင့်တော့ သိပါတယ်ဗျာ… ကျွန်တော်က တစ်ချိန်က facebook ပေါ်မှာ လေကြောင်းအကြောင်း တပ်မတော် လေ အကြောင်း ဆောင်းပါးတွေရေးတဲ့ ဝေဟင်ချစ်သူလေဗျာ)

သစ္စာ
၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်

၂၀၁၅ နှစ်ဦးအဖွင့် ပုံရိပ်များ

$
0
0

ဒီရက်ပိုင်း အစိုးရအဖွဲ့ လုပ်ကွက်တွေ ပီ တယ်ဗျာ
သိပ်စိတ်ဝင်စားဖို့ကောင်းပါတယ်
လွပ်လပ်ရေးနေ့ပွဲကို ခမ်းခမ်းနားနားလုပ်တယ်ဗျာ
နိုင်ငံရဲ့ပိုက်ဆံတွေအများကြီးကုန်တယ်လို့ ဝေဖန်သံတွေညံခဲ့ပေမဲ့
နိုင်ငံရေးအရ ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအရရော ဂုဏ်သိက္ခာအရပါတော်တော်ကြီး
အကျိုးအမြတ်ရလိုက်တဲ့ပွဲလို့မြင်ပါတယ်။

လွှတ်တော်မှာ ဘူးလက်ကြီးက အဆိုတင်သွင်းရာက စတယ်-ဆိုတယ်ဗျ
ချက်ချင်း လက်ညှိုးညွှန်ရာ ရေဖြစ်ဆိုသလို ထဆောက်လိုက်တာ
မဏ္ဍပ်ကြီးပြီးပါလေရောလား။
မဟုတ်မှလွဲရော - ဒီအကွက်တွေဆင်ချင်တာနဲ့
ဘူးလက်ကြီးကိုများ နောက်ကွယ်က ကြိုးကိုင် ဖွလိုက်စေသလားပဲ 
ထားလိုက်ပါဦး . . . ။

တိုင်းရင်းသား ၁၆ ဖွဲ့ဖိတ်တယ်၊ ဓါးမနောက်ပိတ်ခွေး တအောင်းပလောင်လို အဖွဲ့ကစလို့ အကုန်ဖိတ်တယ်။
လူလို အသိစိတ်ရှိတဲ့ ၁၄ ဖွဲ့တက်တယ်ဗျာ။
ဂဏန်း KIA နဲ့ ဂဏန်းအောက်ဆွဲ ၃ ဖွဲ့ မလာကြဘူး။
မလာဘူးဆိုလို့ ပေလ္လယကံ ဖာသိဖာသာ နေရဲသလားဆိုတော့လည်း မနေရဲဘူး
ငယ်ငယ်က ကျောင်းပြေးလေးမျာ ခွင့်တိုင်သလို
အဖိုးဆုံး-တို့၊ အဖွားနေမကောင်း-တို့ လုပ်သလိုပဲ
လေးဖွဲ့လုံးက နေမကောင်းလို့ပါတို့၊ တားတားတို့ဂေါင်းချောင် ထရီးတွားယို့ပါတို့ လုပ်ကြရတယ်ခင်ဗျ။
ရှိစေတော့ . . . .။ အဲ့ဒါ ဘယ်ကောင်က ဆရာလဲဆိုတာ ပြတာပဲ။

လာတဲ့ အဖွဲ့တွေကိုလည်း ဗိုလ်ရှုမတိုင်ခင်ရက်မှာ ဒုသမ္မတက အလေးအနက်ထားကြောင်းပြဖို့
ထမင်းဖိတ်ကျွေးလေရဲ့ခင်ဗျ - အပြင်ဟိုတယ်မှာနော် - သဘောကျကြတယ်ပေါ့ခင်ဗျာ
ထမင်းကျွေးရင်း တစ်ခါတည်း ငြိမ်းချမ်းရေးအတွက် ဆောသြလိုက်တယ်။
အဲ့ဒီမှာ KNU အဖူးတို့က ဖေဖေါ်ဝါရီ ၁၂ ရက်အမီ ထိုးကြမယ်၊ ဖြစ်အောင်လုပ်ကြမယ်၊
မလိုက်တဲ့ကောင် ချန်နေတော့ ဘာညာဖြစ်တာပဲ။
အဲ . . . ပွဲလည်းစရော Sitting Plan က စ-စကားပြောတယ်ခင်ဗျ
လက်ရှိနိုင်ငံတော်အဆင့် အခင်းအကျင်းနဲ့ ဧည့်သည်တော်အဆင့် အခင်းအကျင်းက
စကားပြောတာပဲ။ အောင့်သက်သက်နဲ့ ထိုင်ပေါ့ဗျာ။ ဘာတတ်နိုင်တော့မတုန်း။
အရင်က တိုင်းရင်းသားရေးနဲ့ ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်အောက်
(တစ်ကယ်က -အဖွဲ့လိုက် ကိုယ်စီအကျိုးအမြတ်နဲ့ ရေရှည်ကောင်းစားရေး--
တစ်ဖက်ကလည်း ခွဲမထွက်ရေးနဲ့ လက်နက်ဖြုတ်သိမ်းရေး) ထဲရောက်နေတဲ့
ဆွေးနွေးပွဲတိုင်းမှာတော့ ငြိမ်းချမ်းရေးတန်ခိုးနဲ့ အင်အားတိုးလိုက်တာ
လူကလေးနှစ်ယောက်တစ်ပိုင်း အဖွဲ့ကလည်း ကာချုပ်ကျောကို အရှေ့အလယ်ပိုင်းဒေသက
ရှီမွန်ပဲရစ်နဲ့ ရာဆာအာရာဖတ်တို့ ပုတ်ကြသလို ပါးစပ်က အာဘွားအော်ပြီး
တဖုံးဖုံး ရိုက်လာခဲ့ကြတာ ....
အခုကျမှ အောက်ဆင်းထိုင်ရ အခမ်းအနားမှူး ပြောတဲ့အတိုင်းလိုက်လုပ်ရတာ မဟုတ်လား။

ဒီကြားထဲ စက္ကူအလံပေးပြီး လှုပ်ခိုင်းလို့ အကြောတင် မာဆတ်သွားရတဲ့သူတောင်
ရှိလောက်သေးတယ်။
ဒီအလံမကြိုက်ပါဘူး ပြောနေကြခါမှ ခေါ်လှုပ်ခိုင်းတာဗျ
ဟာ - ကြီးကောင်ကြီးမှ မလှုပ်ချင်ပါဘူး ပြောရအောင်ကလည်း
ဟို-ကျိုင်းကြီးထမ်းပြီး ဆင်းဆင်းသွားတဲ့ (ကိုယ်ကြည့်တာနောက်ကျတော့ စင်ပေါ်တက်လာတာ
တစ်ခါမှ မမီ) တူတကားကားနဲ့ လွှတ်ဥက္ကဌကြီးတွေရော . . .
မျက်နှာဆိုးဆိုး ဒုသမ္မတ နှစ်ယောက်ရော . . .
ဒုံးကျည်သခင် တပ်ချုပ်ကြီးပါ လှုပ်နေရတော့လည်း လိုက်လှုပ်ရတော့တာပေါ့ . . ။
အဲ့ဒီမှာ တစ်ကွက်ခံရပြန်တာပဲ . . ။
တစ်ကယ်က နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်နဲ့ လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်ဆိုတာ
အကွာသားကလား ။ ။
တစ်လတစ်ခါ ပွားနေကျ ဘပြောင်ကလည်း
ပြီးတာနဲ့ တစ်ပြိုင်တည်း ကြုံတုန်းလေးဆိုပြီး လူစုပွားလွှတ်လိုက်သေးတယ်။
သူများတွေ ပြန်ပြောမယ်လည်းဆိုရော လက္ဘ်ရည်တိုက်ပြန်လွှတ်လိုက်တော့ နာပြန်ရော။
(အခု ကျနော်ရေးနေချိန် လေးပွင့်တောင် မကတော့ပဲ ၄၈ ပွင့်တောင် ဆိုင်ကုန်ကြပြန်ပြီ။)
ဒီလို ပွဲတွေကို အစီအစဉ်တကျလုပ်နိုင်နေတဲ့ Institution နဲ့ Diplomacy သမ္ဘာကို
ဖွဘုတ်လောက်ပေါ်တင် ဆဲတတ်တာလောက်နဲ့ . . .
သင်တန်းဖွင့် နှုတ်ခမ်းချင်းစုပ်ရုံလောက်နဲ့ . . .
ဗွီနိုင်းထောင် ဈေးရောင်းရုံလောက်နဲ့ တော့ ယှဉ်ဖို့ မလွယ်လှဘူးဗျာတို့ . . . ။
အိပ်နေတာ အိပ်ရေးဝပါလိမ့်ဦးမယ်ဗျာ .. ကားပေါ်တက် -က- တော့မှ ပြုတ်ကျ
ကျိုးကန်းနေပါဦးမယ် 

နောက်တစ်ခုက . . .
လိုချင်တာမရသေးသမျှ မနောပွဲ မလုပ်ဘူးကွဆိုတဲ့ KIA လည်း ဘေးရောက်တာ ရှိသေးတယ်။
ကချင်ပြည်နယ်အစိုးရက ဦးစီးလုပ်တယ်။ အီးရောအီးရောနဲ့ ပွဲလည်းရောက်ရော
ဘပြောင်က အရပ်သားလေယာဉ်လိုက်စီးလာပြီး ရုတ်တရက် ပေါက်ချလာလိုက်တာ . . .
ဟိုမယ် - ပွဲကို စည်လို့ . . ။

ဂျပန်မှာ လူစီးရထားစီးကြည့်တာ ကိုယ့်နိုင်ငံကဟာ မစီးရကောင်းလား
အငေါ်တူး ဆဲဆိုနေတဲ့ သတောင်းစားတွေလည်း အပေါက်ကို ပိတ်ကရောပဲ။
ဓားလွယ်တဲ့ပြီး- ခေါင်းပေါင်းဆောင်း (ထိပ်ကတော့ ပြောင်တုန်းပဲဗျ-အပေါ်မှာလွတ်နေတုန်း)
ကောက်ညှင်းစား- ခေါင်ရေသောက်- ပါတ်ကတာ ချာလပါတ်ကို ရမ်းရောပဲ ။
သောက်ပြီးမှ ခရစ်ယာန်သင်းအုပ်ဆရာဆီသွား- ချုပ်ပြန်ရော . . ။
ဗမာ ဆရာတော်တွေလည်း မကျန်စေရဘူး - သွားကန်တော့သေးတယ်။
မတော်- အမျိုးဘာသာ သမားတွေ အနာထ နေမှာစိုးလို့ - ပိုင်ချက်။
တစ်ခါတည်း ကချင်လူထု မေတ္တာ ချူ ယူပြီးသားဖြစ်သလို
အစကတည်းက ဘေးငုတ်တုတ်ထွက်ထိုင်နေရတဲ့ KIA ဂဏန်းကိုပါ . .
ကျောကုန်းထပ်ကန်သလို မြောင်းထဲ ထပ်ကျပြန်တယ်ဗျ။

ဒါတင်ပဲလား . . . .
မကသေးပါဘူးဗျ။
တစ်ချိန်တည်းတစ်ပြိုင်တည်း . . .
စစ်တပ်တစ်တပ်လုံးလည်း ရွာပါတ်ပြီး မြောင်းတူးလိုက် - ဆေးကုလိုက် - ခွဲလိုက်စိတ်လိုက်
လုပ်တာ- ကြွက်နို့သမားတောင် မကျန်ဘူး အခွဲခံရတယ် 
သတင်းလာလိုက်ရင်တော့ အဲ့သတင်း ရှေ့ဆုံးက။ တပ်ချုပ်သတင်းတောင် သူ့နောက်က။
နောက်ပိတ်ဆုံးသတင်းကတော့ ဂဏန်းတို့အုပ်စု ဘယ်လိုဆိုးကြောင်း . . .
တမင်တကာရိုက်ချက် (လျှပ်တစ်ပျက်ရိုက်ချက် မဟုတ်) အစီအစဉ်နဲ့လည်း သိပ်ဆိုးနေပြီဖြစ်ကြောင်း ထပ်တစ်လဲလဲ လွှင့်နေသေးတယ်။

ဘယ်တုန်းက ထောက်မိထားမှန်းမသိတဲ့ လေကြောင်းကင်းထောက်မှုကြီးကတစ်ဆင့်
KIA သစ်ထုတ်မှုကြီးကို ဖေါ်ထုတ်လိုက်ပြန်တော့. . .
စားနေကျ ပေါက်ဖေါ်တို့လည်း ကားတွေ ကုန်ပါလေရောဗျာ (သစ်ကတော့ အစကတည်းက
မရှိတော့ပါဘူးလေ-ဒေသမငြိမ်တိုင်း နှစ်ဖက်ဝိုင်းခုတ်လို့ ကုန်ရှာပါဘီ)။

အဲ့ဒီတော့ . . .
၂၀၁၅ ခုနှစ်အတွင်း ငြိမ်းချမ်းရေး အရွေ့ကြီးကတော့ . . .
အစိုးရရဲ့ လုပ်ကွက်လှလှ ခြေလှမ်းသွက်သွက်တွေကြားမှာ . . .
အကောင်အထည်ပေါ်လာတော့မှာ ဖြစ်သလို . . .
နဂိုကတည်းက ဘေးရောက်ချင်နေတဲ့ ဂဏန်းတို့အဖွဲ့သားတွေလည်း . . .
ဒီ့ထက် အနေအထိုင်မတတ်ရင် . . .
အင်နာမီ အော့ဖ်သည်စတိတ် တံဆိပ်ကပ်လို့ . . .
မောင်ပြုံး အတွက် မဲပြားတိုးစေဖို့ ဖြစ်လာနိုင်သလို . . .
ချဉ်စပ် အချက်ခံရတော့မှာ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျား . . . ။
x x x x x


သုတေသီ စနေသား
၁၂-၁-၂၀၁၅

ဗုဒ္ဓဘာသာကောင်း တစ်ယောက်

$
0
0



               
        ဗုဒ္ဓဘာသာဝင်လို့ ကိုယ့်ကိုယ်ကိုခံယူထားသူတွေ အတွက် ကိုယ်တွေ့နှင့်ယှဉ်သောအတွေ့  အကြုံလေးတွေဝေမျှ ချင်ပါတယ်။


         ကျွန်တော်နားလည်ထားချက်အရဆိုရင် ဗုဒ္ဓ ဘုရားရှင်ဟာ ဿာသနာတစ်ခုထူထောင်တယ် ဘာသာတစ်ခု တည်ထောင်တယ် လို့အများသိထားကြပေမယ့် ဒီထက်ပိုလေးနက်သော အကြောင်း အရာတွေ ရှိပါတယ် ဘုရားဟောသုတ္တံတွေ မှာ ပါလေ့ရှိသော ဆုံးမစကားများအရ ဘုရားရှင်အရင် ပွင့်တော်မူပြီးသော နောင်တော် ဘုရားတို့သည်လည်း ထိုသို့ဟောတော်မူအပ်သည်ဖြစ်သည် ဟုထည့်သွင်းဖေါ်ပြထားခြင်းမျိုးရှိပါတယ် ဆိုလိုရင်း ကတော့ ဗုဒ္ဓဘုရားဟောတရားများသည် ယခုမှ တီထွင်ဟောကြားခြင်း မျိုးမဟုတ်ပဲ ကမ္ဘာတိုင်းကမ္ဘာတိုင်းပွင့်တော် မူခဲ့သည့် ဘုရားရှင် အဆက်ဆက် ထပ်တူထပ်မျှ ဟောဖေါ်ညွန်ပြဆို ဆုံးမထားခဲ့သော အဆုံးအမများလို့ ဆိုလိုခြင်ြး ဖစ် ပါသည်။

            ဘာကြောင့်ထပ်တူညီရသလဲဆိုသော အကြောင်းပြချက် ရှိပါတယ် ဘုရားရှင်တို့၏ ဆိုဆုံးမချက်များ ကျင့်ကြံအားထုတ်မှုများ သည် သာမန်လူသားတို့ကြံစီ အားထုတ် တွေးခေါ်ယုံမျှ နှင့် ရရှိလာ သော ဒဿနများ မဟုတ်ကြပဲ လောကကြီး တွင်ဖြစ်/ပျက်နေသော     သဘာဝတရားကြီး၏ လျှို့ဝှက်ချက်များကို အဖန်တလဲလဲ ကျင့်ကြံဆည်းပူးဖြည့်ဆည်းအားထုတ်ခြင်းမှ တွေ့ရှိ ဖေါ်ထုတ်ထား ခြင်းဖြစ်သောကြောင့်သာ ထပ်တူ ထပ်မျှုဖြစ်နေ ရခြင်း ဖြစ်ပါသည်။

ဒါကြောင့်ဗုဒ္ဓဘာသာကိုလေ့လာလိုက်စားတော့မယ်ဆိုရင်သာမန် ဒဿနတွေကိုလေ့လာတဲ့အမြင် လောက်နဲ့စူးစမ်းမယ်ဆိုအနှစ်သာရ ကိုရှာတွေ့မှာမဟုတ်သလို ဆုံးခန်းတိုင်မှာလည်းမဟုတ်ပါဘူး ဗုဒ္ဓဘာသာမှာလည်းကျွန်တော်တို့ကျောင်းသင်ခန်းစာတွေသင်သလို စာတွေ့ လက်တွေ့ နှစ်မျိုး သင်ယူရပါတယ် လက်တွေ့မပါတဲ့စာတွေ့ဟာအမှန်တကယ်မခံစားရသလို စာတွေ့ သီအိုရီဥာဏ် ပညာ၏ထိန်းကြောင်းမှုမပါရင် လုပ်သာလုပ်ပြီး အကျိုးသက်ရောက်မှုရှိသင့်သလောက်ရှိမလာပါဘူး ဥပမာအားဖြင့် ဗုဒ္ဓဘာသာဖြစ်လာပြီဆိုရင် ကံ နှင့် ကံ၏အကျိုး ကိုယုံကြည် ရမယ်ဆိုတာ အားလုံး အလွယ်တကူသိနိုင်ကြပါတယ် ကံ နှင့် ကံ၏အကျိုးလို့ဆိုလိုက်တာနဲ့ အားလုံးက ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်  ကိုယ်ပြုသောကံကိုယ်သာခံ သတ္တ၀ါ တစ်ခုကံတစ်ခု စသဖြင့်ယေဘုယျဆန်သော သီအိုရီများကိုသာအပေါ်ယံကြော ကိုသာသိတတ်ကြပါတယ် တကယ်တော့အသေးစိတ်အားဖြင့် ကံ ဆိုသည်မှာအဘယ်နည်း ကံမြောက်စေရန်မည်သို့အားထုတ်ရ မည်နည်း ကုသိုလ်ကံ ကားမည်သို့ အကုသိုလ်ကံကားမည်သို့ အသေးစိတ်သိရှိထားရန်လိုအပ်ပါသည် ထို့အတူကံ၏အကျိုးပေးပုံ သည် ရိုးရှင်းလှသည်မဟုတ်ပဲ ထူးခြားဆန်းကြယ်လှသဖြင့် ဘုရားရှင်မှလွဲ လို့ကျန်ပုဂ္ဂိုလ်များကြံစည်တွေးတောရန် ခက်ခဲကြောင်းကျမ်းဂန်များမှာဆိုပါတယ်  ။

         သို့သော်လည်းသာမန်လူတို့နားလည်နိုင်သောကံ၏အကျိုးပေးပုံများကို သုတ္တံတွေမှာထည့်သွင်း ဟောကြားခြင်းဖြင့် ဥပမာပေးညွန်ပြခဲ့သလို အဘိဓမ္မာကျမ်းထဲမှာလည်း စိတ် စေတသိတ်တို့ အကြောင်း ဇောစိတ်များအကြောင်းအသေးစိတ်ခွဲခြမ်းစိတ်ဖြာပြကာ ကံအကျိုးပေးပုံ ပေးနည်း များကို ဟောပြခဲ့ပါတယ်။ သာမန်လူတွေတွေးနေသလိုကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်ဆိုပေမယ့် ဘုရားဖူးသွားတဲ့လူတွေကားမှောက်သေတာရှိပြီး ၀က်သတ်ရောင်းတဲ့လူ အရက်ကုမ္ပဏီတွေချမ်းသာလာ တာဘာ့ကြောင့်လည်းဆိုတာမျိုးတွေသံသယ၀င်စရာဖြစ်တတ်ပါတယ်။ ကံဟာပြုပြုချင်း အကျိုးပေးနိုင် တဲ့အခြေအနေမျိုး ကိုက်ညီရန် အခွင့်အလမ်းနည်းပါတယ် ဘုရားရဟန္တာလို ပုဂ္ဂိုလ်မျိုးဈာန်ဝင်စားရာမှ ထမြောက်တဲ့အချိန်မျိုး လှုဖွယ်ဝတ္ထု၏စင်ကြယ်မှု လှုသည့်ပုဂ္ဂိုလ်သဒ္ဓါတရားအရ ဒိဌဓမ္မအကျိုးပေး တာပါ ကျန်သောပြုသည့်ကံများဟာ အခြေအနေအလိုက်ရက်လနှစ် နောင်တမလွန်တွေမှပဲ စိတ်နေ စိတ်ထား (ဇောစိတ်တွေ)ပေါ်မူ တည်ပြီးအကျိုးပေးပါတယ် အကျိုးပေးတဲ့နေရာမှာ ဆပွားအကျိုးပေး တာရှိသလိုလျော့နည်းအကျိုးပေးတာလည်းရှိပါတယ်။ ရှေ့ဘ၀ကုသိုလ်နှင့်ဒီဘ၀ကုသိုလ်ရောပြွမ်းပြီး အကျိုးပေးတာမျိုးရှိနိုင် သလို ကုသိုလ်နှင့်အကုသိုလ် အားပြိုင်ပြီးအနည်းအများကိုလိုက်ပြီး လွှမ်းမိုးမှု ရှိပြီး ခံရသက်သာတာ ပိုရတာမျိုးလည်းရှိနိုင်ပါသတဲ့။

            ဒီနေရာမှာပြောစရာရှိပါတယ် ဗုဒ္ဓဘာသာကိုကိုးကွယ်မှ ဒီ ကံ နှင့် ကံ၏အကျိုးကိုခံစားရမှာ လား ဘာသာခြားကိုးကွယ်သူတွေရော အကျိုးမခံစားရဘူးလားမေးစရာရှိပါတယ်။ သဘာဝတရားကြီး ၏စီမံရာဖြစ်သဖြင့် သတ္တ၀ါအားလုံး (၃၁)ဘုံကျင်လည်ရာလူနတ်ဗြဟ္မာ တိရိစ္ဆာန် ပြိတ္တာအသူရကာယ် အားလုံးခံစားရပြီး အကျိုးသက်ရောက်မှုရှိပါတယ် ဗုဒ္ဓဘာသာလို့အမည်မတတ်ပဲ ကျင့်ကြံနေတဲ့လမ်း စဉ်သာဘုရားဟောနှင့် ညီခဲ့တူခဲ့လျင် အောက်ဆင့်ဗြဟ္မာ့ဘုံအထိ ဈာန်ရပုဂ္ဂိုလ်အထိရောက်နိုင်ပါတယ် နိဗ္ဗာန်ရဖို့သာ ရတနာသုံးပါးကို ကြည်ညိုသဒ္ဓါမရှိတဲ့အတွက် မဖြစ်နိုင်တာပါ။ ဆိုလိုချင်တာက သဘာဝတရားကြီး၏အကျိုးအပြစ်များ ကိုလူမျိုးဘာသာမရွေးခံစားနိုင်ကြောင်းဆိုထားခဲ့ပါတယ်။

          ဗုဒ္ဓ၏ဆိုဆုံးမမှုများကိုလိုက်နာရာမှာ ကိုယ်နှုတ်နှလုံးသုံးပါး (ကာယကံ၊ ၀စီကံ ၊မနောကံ)တို့ အနက် မနောကံ (စိတ်) ကအများကြီးဦးဆောင်နေတာကိုတွေ့ရပါတယ။်ဒါ့ကြောင့်ရှေးလူကြီးများ ကစိတ် ထားတတ်ရင်မြတ်တယ် လို့ဆိုကြတာပါ။ ဒါကြောင့်မိမိကိုယ်ကိုပြုပြင်ပြောင်းလဲတာပဲဖြစ်ဖြစ် မိမိပါတ် ၀န်းကျင် (မိဘဆွေမျိုး သားသမီးမိတ်ဆွေ)ကိုပဲဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုပြုနိုင်ရင် ကျန် ရုပ်ပိုင်းဆိုင်ရာတွေပြောင်းလဲရန်လွယ်ကူသွားတာကိုတွေ့ရပါလိမ့်မယ်။

              စိတ်ပိုင်းဆိုင်ရာလက်တွေ့ကျင့်စဉ်များအနေနှင့် မေတ္တာထားခြင်း သမထအကျင့် ၀ိပဿနာ အကျင့်ကျင့်ကြံခြင်းကဲ့သို့ အကျင့်ကောင်းများများစွာရှိပါတယ် ဒါတွေလက်တွေ့ကျင့်နိုင် လာတဲ့အခါ မူလကနားလည်ထားတဲ့စာတွေ့တွေဟာလက် တွေ့ နှင့်ပေါင်းစပ်ပြီးပိုသဘောပေါက်လွယ်ပြီး ကိုယ်တွေ့ သဘောတရားများဖြစ်ပြီးဘ၀တစ်သက်တာစွဲမြဲသွားတတ်တဲ့အပြင် နောင်သံသရာအထိပါ အထုံပါရမီ အနေဖြင့်ပါသွားတတ်ပါတယ်။

                လက်တွေ့ကျင့်စဉ်များထဲမှမေတ္တာထားပုံအကြောင်းအကျဉ်းမျှဆွေးနွေးလိုပါတယ် မေတ္တာ သည်ပေးလို့ယူလို့ရသော အကောင်အထည်မရှိ ပါဘူး အကျင့်ကောင်းတစ်ခုဖြစ်ပါတယ် မေတ္တာ ကထားချင်တဲ့အချိန်ကျမှ ထားလိုက်ပြီးကျန်တဲ့အချိန်မေ့ထားလို့မရပါဘူး မေတ္တာထားချင်သော ယုံကြည်သဒ္ဓါ စိတ်ရှိတယ်ဆိုရင် မေတ္တာထားတတ်အောင် ကျင့်ကြံနေထိုင်မှသာလျှင် မိမိထားသောမေတ္တာစိတ်ကို သတ္တ၀ါများက ခံစားသိရှိပြီးတုန့်ပြန်ကြမှာဖြစ်ပါတယ် ခန္ဒသုတ်ပရိတ်ရွတ် လျင်မြွေအန္တရာယ်ကင်း တယ်ဆိုတာ သတ္တ၀ါတွေကိုမေတ္တာ ထားတာသိလို့ သတ္တ၀ါတွေက ရန်မပြုတဲ့သဘောပါ။ မေတ္တာ ပွားများချင်သူများအတွက် ကျင့်ကြံရမယ့် လိုက်နာရန်အချက်များ ကတော့ မေတ္တာသုတ်ပရိတ်တော် ထဲမှာပါ ပါတယ် ထားပုံထားနည်း (ထားရှိရမယ့်ပုံစံလည်း)ပါ ပါတယ်။ပြည့်စုံရမည့်အချက်များကတော့ အကျိုးစီးပွား၌လိမ္မာရာ၏ ဖြောင့်မတ်ရာ၏ ကောင်းစွာဖြောင့်မတ်ရာ၏ ပညာရှိတို့၏ဆုံးမနာယူလွယ် ရာ၏ နူးညံ့သိမ်မွေ့ရာ၏ အမူအရာ မကြမ်းတမ်းစေရာ၏ မာန်မာနမထားရာ၏ ရောင့်ရဲလွယ်ရာ၏ သူတစ်ပါးတို့ကပြုစုလွယ်မွေးမြူလွယ်ရာ၏ ကိစ္စနည်းစေရာ၏ အသက်မွေးမှုပေါ့ပါးစေခြင်းရှိရာ၏ မျက်စေ့စသောက္ကနြေ္ဒတည်ငြိမ်မှုရှိရာ၏  ရင့်ကျက်သောပညာရှိရာ၏ ဆွေမျိုးများ၌သံယောဇဉ်ထားလွန်းခြင်းမဖြစ်စေရာ၏ မေတ္တာထားပုံထားနည်းကတော့ အကျယ်မပြောတော့ ပါဘူး အကြမ်းမျဉ်းကတော့ မိမိရင်မှဖြစ်သော တစ်ဦးတည်းသောသားကိုမေတ္တာ ထားပုံမျိုးကျန်သူတွေ အပေါ်ကိုထားနိုင်ရင် အတိုင်းထက်အလွန်ပါတဲ့။

      ဒါကအမြည်းသဘောမျိုးဆွေးနွေးကြည့်တာပါ တကယ် အသေးစိတ် သိချင်ရင် သာသနာရေးဝန် ကြီးဌာနက စိစစ်ပြီး သာ ဿနာတော်ထွန်းကားပြန်ပွါးရေးဦးစီးဌာနက ထုတ်ဝေသော ဗုဒ္ဓဘာသာကောင်း တစ်ယောက် စာအုပ်ကိုလေ့လာစေချင်ပါတယ်။ဒီစာအုပ် ကပိတက္ကဋ်သုံးပုံနှင့် ညီအောင်စိစစ် သုတ်သင်ပြီးသားဖြစ်တဲ့အတွက် ၀ိဝါဒမကွဲပဲ လိုက်နာနိုင်တဲ့ စာလုံးပေါင်းသတ်ပုံကျမ်းနှင့်အလား သဏ္ဍာန်တူ ပါတယ် ။

            ဒါကြောင့်ဗုဒ္ဓဘာသာကောင်းတစ်ယောက်ဖြစ်ချင်သူများဟာ မိမိကိုးကွယ်ရာဘာသာ တရား ၏အနှစ်သာရများကို ခံစားနိုင်ကြ စေရန်အတွက် သာမန်အသိလောက်နှင့် လမ်းတစ်ဝက် တွင်ရပ်မနေ ပဲ လမ်းဆက်လျှောက်ပြီး ထဲထဲဝင်ဝင်လေ့လာခြင်းဖြင့် အသီးအပွင့် များခံစားရ စေရန်တိုက်တွန်းချင် ပါတယ်။


Wunnaphe Thaw 


လူအမျိုးမျိုး ဘ၀အထွေထွေ (၂)

$
0
0
Yannaung Soe's photo.
လူအမျိုးမျိုး ဘ၀အထွေထွေ ……… / ကိုမျိုးသီဟ ( ရှေးဟောင်းပစ္စည်းချစ်မြတ်နိုးသူ ၊ စုဆောင်းသူ )
……………………………………………………………………
တကယ်တော့ ကိုမျိုးသီဟနဲ့ ကျွန်တော်သိကျွမ်းရတာသိပ်မကြာသေးပါဘူး ။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက် သိခဲ့ကြတာကလည်း အပြင်မှာမဟုတ်ဘဲ လူမှုကွန်ယက်အပေါ်မှာသာ သိကြတာပါ ။ အွန်လိုင်းပေါ်မှာ သူတင်ပြဆွေးနွေးနေတဲ့ အကြောင်းအရာတွေကို တွေ့ရပြီး သတိပြုမိသွားတာဖြစ်ပါတယ် ။ ဒီတော့ ၀ါသနာအရင်းခံရှိပြီးသားဖြစ်တဲ့ ကျွန်တော်ကတော့ သူတို့ တင်ပြဆွေးနွေးနေကြတဲ့ မြန်မာ့အနုလက်မှုပစ္စည်းများ နဲ့ ရှေးဟောင်း ပစ္စည်းများအကြောင်းတွေ ၊ အဲဒီပစ္စည်းတွေရဲ့  ခေတ်အပိုင်းခြားသတ်မှတ်ချက်တွေနဲ့  အမျိုးအစားခွဲခြားပြီး ဆွေးနွေးနေကြတာတွေကို အထူးစိတ်ဝင်စိတ်ဝင်စားမိပြီး လေ့လာမှတ်သားနေရတော့တာပဲ ။ ကျွန်တော့ စိတ်ထဲမှာတော့ ကိုမျိုးသီဟ အနေနဲ့ အဲဒီပစ္စည်းနဲ့ပက်သက်လို့ ဒီလောက်ပြောနိုင်တာကိုထောက်ပြီး သူဟာ ရှေးဟောင်းပစ္စည်းတွေကို အတော်ပဲမြတ်နိုးပုံရပြီး ကိုယ်ပိုင်စုဆောင်းမှုတွေလည်း ပြုလုပ်ထားလိမ့်မယ်လို့ တွက်ထားပါတယ် ။


တစ်နေ့တော့ သူနဲ့ ကျွန်တော် ဆုံခွင့်ရခဲ့ပါတယ် ။ အဲဒီနေ့က ကျွန်တော်တို့လို ၀ါသနာတူတွေ ဆုံတွေ့ကြပြီး ရန်ကုန်မြို့ပေါ်က ရှေးဟောင်းနယ်မြေတစ်ခုဆီကို သွားရောက်လေ့လာကြရင်းဆုံဖြစ်တာပါ ။ လေ့လာတဲ့ကိစ္စတွေပြီးတော့ ကျွန်တော်တို့အဖွဲ့ ကို သူက နေ့လည်စာလိုက်ကျွေးပြီး သူ့အိမ်ကိုပါခေါ်သွားပါသေးတယ် ။ အဲဒီမှာ ကျွန်တော်တို့ သူစုဆောင်းထားတဲ့ မြန်မာ့ယဉ်ကျေးမှု အနုလက်ရာ ပစ္စည်းများနဲ့  ရှေးဟောင်းပစ္စည်းတွေကို စပ်စုလေ့လာခွင့် ရလိုက်တယ်ဆိုပါတော့ ။
Yannaung Soe's photo.
ကျွန်တော်တို့ အဖွဲ့ သူ့အိမ်ထဲ ရောက်တော့ ဧည့်ခန်းနံရံမှာ ရှေးခေတ်လက်ရာ ရွှေချည်တိုး ပိတ်ကားကြီးတစ်ခုကို ဘောင်ခတ်ပြီး ချိတ်ဆွဲထားတာကို ခန့်ညားစွာနဲ့ မြင်တွေ့ ရပါတယ် ။ အရွယ်အစား အားဖြင့် 5 x 15 ပေလောက် ရှိနိုင်ပါတယ် ။ ကျွန်တော်က အဲဒီရွှေချည်ထိုးပိတ်ကားကြီးကနေ မျက်စိလွှဲလို့ မရအောင်ကိုဖြစ်နေတော့ပါ ။ ဒီလိုမြင်ကွင်းမျိုးကို ကျွန်တော်တခြားနေရာတွေမှာလည်း မြင်ဖူးသားပဲ ။ ဒါပေမယ့် အခုမြင်တွေ့ ရတဲ့ ပိတ်ကားလိုမျိုး ကျွန်တော့်စိတ်ကို မဆွဲဆောင် နိုင်ခဲ့ပါဘူး ။ ဘာလို့လဲဆိုတော့ တခြားနေရာတွေမှာ ကျွန်တော် မြင်ဖုးခဲ့တာက အခုခေတ်ထိုးထားတဲ့လက်ရာတွေ ဖြစ်နေပြီး သစ်လွင်တောင့်ပနေတော့ သာမန် အလှဆင်ပစ္စည်း တစ်ခုကို တွေ့ လိုက်ရသလောက်ပဲ ခံစားမိတာပါပဲ ။ အခု မြင်တွေ့ နေရတာက အရင်ခေတ်လူတွေ ခေတ်အဆက်ဆက်သုံးပြုခဲ့တဲ့ ပစ္စည်းတစ်ခု ဖြစ်နေပြီး တချို့ နေရာလေးတွေမှာဆိုရင် အချိန်ကာလရဲ့  တိုက်စားမှုတွေကြောင့် ဆွေးမြေ့နေတဲ့ အပိုင်းလေးတွေကိုမှ တွေ့ မြင်နေရပါသေးတယ် ။ သက်ဆိုင်ရာ ပညာရှင်တစ်ယောက်သာဆိုရင် ဒီပိတ်ကားကြီးကိုကြည့်ပြီး ခေတ်ကာလ အပိုင်းခြား ၊ ဖန်တီးပြုလုပ်ထားတဲ့ အနုပညာအဆင့်တန်းနဲ့ တခြားစိတ်ဝင်စားဖွယ် အကြောင်းအရာများကိုပါ ပြောနိုင်လိမ့်မယ်ထင်ပါရဲ့  ။ ဒီတော့ ကျွန်တော့စိတ်ကို ဒီရွှေချည်ထိုး ပိတ်ကားကြီးဆွဲဆောင်နိုင်ခဲ့တာ မဆန်းဘူးလို့ ဆိုရမှာပဲပေါ့ ။ ကျွန်တော် သိရသလောက် မြန်မာ့ရွှေချည်ထိုး အနုပညာဟာ ကုန်းဘောင်ခေတ်ဦး ကတည်းက ပေါ်ထွန်းနေပြီ ဖြစ်ပေမယ့် အလောင်းမင်းတရားရဲ့ သားတော် ဆင်ဖြူရှင်မင်းလက်ထက် ယိုးဒယားက ခေါ်ဆောင်လာတဲ့ လက်မှု ပညာသည်များ ရောက်လာပြီးနောက်မှာမှ တရှိန်ထိုး တိုးတက်သွားတာဖြစ်တယ်လို့ မှတ်သားရဖူးပါတယ် ။
Yannaung Soe's photo.
ကျွန်တော်က အဲဒီရွှေခြည်တိုး ပိတ်ကားကြီးကို ငေးမောကြည့်ရှုလို့ အားမရသေးခင်မှာပဲ ကိုမျိုးသီဟက အိမ်အပေါ်ထပ်ကိုတက်ရအောင်လို့ ခေါ်လာခဲ့တော့ သူနဲ့အတူ တစ်ဖွဲလုံး အိမ်အပေါ်ထပ်ကို လိုက်သွားကြပါတယ် ။ အိမ်အပေါ်ထပ်ရောက်တော့ ကိုမျိုးသီဟက အနံ ၁၅ ပေ နဲ့ အလျှား ၄၅ ပေ လောက်ရှိတဲ့ အခန်းတစ်ခန်းထဲ သော့ဖွင့်ပြီး ကျွန်တော်တို့ကိုဝင်စေပါတယ် ။ အခန်းထဲရောက်သွားတော့ သူ့နေရာနဲ့သူ စနစ်တကျထားရှိတဲ့ ရှေးဟောင်းပစ္စည်းတွေက ကျွန်တော်ထင်တာထက်တောင် အမျိုးစားစုံလင်စွာနဲ့ စုဆောင်းထားတာကို အံသြမှင်သက်စွာနဲ့ တွေ့ ရပါတယ် ။ ကျွန်တော့စိတ်ထဲမှာတော့ တကယ်ကို ရှေးဟောင်းပစ္စည်းတွေ ပြသထားတဲ့ ပြတိုက်အငယ်စားလေး တစ်ခုထဲ ရောက်နေရသလိုပါပဲ ။ အခန်းထဲမှာတော့ ခေတ်အဆက်ဆက်ကပြုလုပ်အသုံးပြုခဲ့တဲ့ ထိုင်တော်မူ ရပ်တော်မူ ရှေးဟောင်းဆင်းတုတော် အမျိုးမျိုး ၊ အလှဆင်သစ်သားထွင်းနတ်ရုပ် အကြီးငယ်တွေ ၊ သစ်သားပန်းပုအရပ်တွေ ၊ ရှေးဟောင်း အဆောက်အအုံရဲ့  အစိတ်ပိုင်းတွေက ဖြစ်ပုံရတဲ့ သစ်သားပန်းပုရုပ်ကြီးတွေ ၊ ဆင်စွယ်ကမ္မ၀ါတွေ ၊ အုတ်ခွက်ဘုရား ၊ စာတိုက်သေတ္တာ ၊ ဆွမ်းအုပ်တွေနဲ့ တခြား သေးသေးမွှားမွှား ပစ္စည်းတွေကိုပါ တစ်ခန်းလုံးအပြည့် စနစ်တစ်ကျ ခင်းကျင်းထားတာကို တွေ့ ရပါတယ် ။ အခန်းထဲမှာ ရှိတဲ့ ပစ္စည်း အကုန်လုံးတွေကတော့ ကျွန်တော့် အထင်ပြောရရင် အနှစ်တစ်ရာဝန်းကျင်နဲ့အထက်မှာရှိတဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေနှစ်ပစ္စည်းတွေ ဖြစ်တယ်လို့ ခန့်မှန်းမိပါတယ် ။ ဒီပစ္စည်းတွေက တန်ဖိုးဖြတ်ကောင်းတဲ့ အရာတွေမဟုတ်တော့ ကျွန်တော့်အနေနဲ့ ငွေကြေးတန်ဖိုးနဲ့ ယှည်ပြီးမကြည့်ရှုဘဲ ရှေးဟောင်းယဉ်ကျေးမှုအနုပညာအမွေအနှစ် တန်ဖိုးအားဖြင့်သာ ခံစားပြီး လေ့လာဖြစ်ပါတယ် ။

ကိုမျိုးသီဟအနေနဲ့ အခုလို့ ရှေးဟောင်းယဉ်ကျေးမှု အမွေနှစ်ပစ္စည်းတွေကို မြတ်တနိုးတန်ဖိုးထားပြီး စုဆောင်းထားတာတွေ့ ရတော့ အတော်လေးကို အားရကျေနပ်မိပြီး ကျွန်တ်ာသိချင်တာလေးတွေကို အားမနာနိုင်ပဲ စပ်စုဖြစ်ခဲ့ပါတယ် ။ ကျွန်တော်က ကိုမျိုးသီဟကို ဘယ်အချိန်လောက်ကနေ ရှေးဟောင်းယဉ်ကျေးမှု အမွေနှစ်ပစ္စည်းတွေကို စတင်စိတ်ဝင်စားပြီး စုဆောင်းဖြစ်သွားတာလဲလို့ မေးတော့ …. သူ အသက်နှစ်ဆယ်လောက်မှာမှ ဒါတွေကို စတင်စိတ်ဝင်စားပြီး စုဆောင်းမိသွားပါတယ်တဲ့ ။ နောက်ပိုင်း ခရီးတွေ သွားဖြစ်တော့ မြန်မာပြည်တွင်းမှာ ပျက်စီးပျောက်ကွယ်လုလု ဖြစ်နေတဲ့ ရှေးဟောင်းဘုန်းတော်ကြီးကျောင်းက ပစ္စည်းအပိုင်းအစတွေကို သက်ဆိုင်ရာ ဘုန်းကြီးများမှစွန့်လှူတာကို လက်ခံရရှိတာလည်းရှိသလို တခြားနေရာတွေကနေ ငွေကြေးအရ ပေးဝယ်ယူရတဲ့ ပစ္စည်းများလည်း ရှိပါတယ်လို့ ဆိုပါတယ် ။ အဲဒီလို ၀ယ်ယူပြီး စုဆောင်းထားတာက ပိုများတယ်လို့ သိရပါတယ် ။ ကိုမျိုးသီဟက ပြည်တွင်းမှာ ရှိတဲ့ ရှေးဟောင်းပစ္စည်တွေကိုသာ ရှာဖွေ စုဆောင်းတာမျိုးမဟုတ်ဘူး ။ ကိုယ့်ပြည်တွင်းကနေ ကြောင်းအမျိုးမျိုးကြောင့် ပြည်ပရောက်နေကြတဲ့ ရှေးဟောင်းပစ္စည်းများကိုလည်း ငွေကြေးများစွာ အကုန်ကျခံပြီး ကိုယ့်ပြည်တွင်းကို ပြန်ရောက်အောင် ၀ယ်ယူစုဆောင်းဖို့ လည်း စိတ်ကူးထားပါသတဲ့ ။ အခုလိုရှေးဟောင်းပစ္စည်းတွေ စုဆောင်းထားရှိတယ်ဆိုတာကလည်း ငွေကြေးအကုန်ကျမခံဘဲ ၀ါသနာအရင်းခံစိတ်တစ်ခုတည်းနဲ့ ကလည်း မဖြစ်ဘူးမလား ။ ဒီတော့ အခုလိုမျိုး ရှေးဟောင်းပစ္စည်း စုဆောင်းထားရှိနိုင်အောင်ဆိုရင် ကိုမျိုးသီဟလည်း တော်တ်ာလေးကို ငွေကုန်ကြေးကျခံပြီး စုဆောင်းထားတာဖြစ်မှာပဲလို့ တွေးမိပါတယ် ။ ပြီးတော့ မိသာစုဝင်များကလည်း သဘောပေါက် နားလည်ပေးနိုင်အုံးမှပါ ။
Yannaung Soe's photo.
ကျွန်တော်က ကိုမျိုးသီဟကို အခုလိုမျိုး ရှေးဟောင်းပစ္စည်းတွေ စုဆောင်းထားတာဟာ ဘယ်လို ရည်ရွယ်ချက်တွေနဲ့ စုဆောင်းထားရှိတာလဲလို့မေးတော့ ….. သူ ဒီပစ္စည်းကို ငွေကြေး အကုန်ကျခံပြီး စိတ်ရှည်ရှည်နဲ့  စုဆောင်းထားရှိတာဟာ ရှေးဟောင်းပစ္စည်းတွေကို ရောင်းဝယ်ဖောက်ကားပြီး စီးပွားရှာဖို့ မဟုတ်ဘူး … တဲ့ ။ အဲဒီပစ္စည်းတွေကို ချစ်လို့ ၊ တန်ဖိုးထားလို့ ၊ နောက်ပြီး မပျောက်ပျက်သွားစေချင်လို့ ၀ယ်ယူ စုဆောင်းထားရှိတာသာဖြစ်တယ်လို့ပြောပါတယ် ။ နောက်ပိုင်း သူတို့မှာ သားသမီးတွေ ထွန်းကားလာရင် သူ့တို့လေးတွေအတွက် ဒီရှေးဟောင်းပစ္စည်းတွေကို လက်ဆင့်ကမ်းအမွေပေးသွားမယ် ၊ တကယ်လို့ သူတို့ တတွေက ဒီပစ္စည်းတွေ စုဆောင်းဖို့ ၀ါသနာမပါဘူးဆိုရင်တော့ နောင်တစ်ချိန်ချိန်မှာ ပြတိုက်တစ်ခုခုကို လှူဒါန်းသွားမှာ ဖြစ်တဲ့အကြောင်းပြောပါတယ် ။ ကိုမျိုးသီဟရဲ့  အဖြေစကားကိုကြားရတော့ ကျွန်တော့်စိတ်ထဲမှာ အားရကြေနပ်မိသလို သူ့ကိုလည်း တော်တော်ကို လေးစားသွားမိပါတယ် ။

ဟုတ်ပါတယ် ။ ရှေးဟောင်းပစ္စည်းနဲ့ ပက်သက်ပြီး နှပ်နှပ်စပ်စပ်ရှိလှတဲ့ မိတ်ဆွေတစ်ယောက်ပြောပုံအရဆိုရင် ကျွန်တော်တို့ နိုင်ငံ အတွင်းက ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းတော်တော်များများဟာ မသာမာသူ လောဘသမားများကြောင့် ဆုံးရှုးံကုန်ပြီလို့ ပြောပါတယ် ။ တချို့ ကလည်း နားမလည်လို့ ဖျက်ဆီးပြစ်တယ် ရောင်းစားတယ် ၊ တချို့ ကလည်း ငွေကြေးကြောင့်ရောင်းစားကြတယ် ၊ တချို့ ကလည်း ငွေကြေးလည်းရှိ ရှေးဟောင်းပစ္စည်းတန်ဖိုးကိုလည်းနားလည်ပေမယ့် အမျိုးသားရေးစိတ်ဓာတ် အခံမရှိလို့ ရောင်းဝယ်ဖောက်ကားကြတယ်ဆိုပြီး အမျိုးမျိုး ကြားနေရတာပဲမဟုတ်လား ။ အဲဒီသတင်းတွေကို ကြားကြားနေရတဲ့ ကျွန်တော်တို့ကတော့ စိတ်ထဲမှာ မချိတင်ကဲဖြစ်တာကလွဲလို့ ဘာမှလုပ်နိုင်စွမ်းမရှိခဲ့ပါဘူး ။ ကိုမျိုးသီဟလို မွန်မြတ်တဲ့ရည်ရွယ်ချက်တွေနဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းတွေကို ငွေကြးအကုန်ကျခံပြီး တမြတ်တနိုး စုဆောင်းထားရှိတာကို တွေ့ ရတော့ တော်တ်ေလေးကို ၀မ်းသာဂုဏ်ယူမိတဲ့စိတ်တွေ ဖြစ်ခဲ့ရပါတယ် ။
Yannaung Soe's photo.
ကျွန်တော်အနေနဲ့ကတော့ ကိုယ့်နိုင်ငံ အတွင်းက ရှေးဟောင်းယဉ်ကျေးမှု အမွေနှစ်ပစ္စည်းတွေ မသမာသူတို့ လက်ချက်ကြောင့် ပြည်ပကိုရောက်ရှိသွားတာမျိုး လုံးဝမလိုလားပါဘူး ။ ပြည်ပမှာ ကိုယ့်နိုင်ငံက ယဉ်ကျေးမှု ပစ္စည်းတွေ ရောင်းဝယ်ဖောက်ကားနေကြတဲ့ သတင်းကိုကြားရင်လည်း စိတ်မကောင်းခြင်းများစွာ ဖြစ်ရပါတယ် ။ ဒါကြောင့်မို့ ကိုယ့်နိုင်ငံအတွင်းက ကိုယ့်တစ်မျိုးသားလုံးနဲ့  သက်ဆိုင်တဲ့ ယဉ်ကျေးမှုပစ္စည်းများကို ပြည်တွင်းက သက်ဆိုင်ရင်ဌာနရဲ့ ကွပ်ကဲမှုအောက်မှာပဲ ရှိနေစေချင်ပါတယ် ။ ဒါမှ မဟုတ်ရင်လည်း ကိုယ့် နိုင်ငံအတွင်းက ကိုယ့်ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများကို တန်ဖိုးထားသူ ၊ မြတ်နိုးတဲ့သူများလက်ထဲမှာသာ ရှိနေစေချင်တာပါ ။ အယုတ်စွဆုံးပြောရရင် ကိုယ့်နိုင်ငံ အတွင်းမှာဆိုရင် ဘယ်လိုပုံစံမျိုးနဲ့ ပဲရှိနေ ရှိနေ စိတ်ထဲမှာ ဖြေသာတာပါပဲ ။ တကယ်တော့ ကိုယ့်ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများကို တိုင်းတစ်ပါးရောက်အောင် ခိုးထုထ်ရောင်းချနေကြတာတွေဟာ ဆက်လက်ရှင်သန် ကြီးထွားလာနေတဲ့ ကိုယ့်ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုကို ကိုယ်ကိုယ်တိုင်အညွှန့်ချိုးနေကြတာနဲ့ အတူတူပဲ ဆိုတာ ကျွန်တော်တို့ တစ်မျိုးသားလုံး လေးလေးနက်နက် သိထားကြရမှာ မဟုတ်ပါလား ခင်ဗျာ ။

 ( ရန်နောင်စိုး )






ဗိုလ်လေးဘ၀ အမှတ်တရများ (၃)

$
0
0


(၇)

ကျောက်တောင်ဖာပွန်ဂွင်ဟာ ကျွန်တော်တိုဝင်ခဲ့ဖူးတဲ့ ကမမောင်းလေးကေဂွင်လို အစားအသောက်မပေါဘဲ ရွာဆက်နည်းပြီး တောတောင်ထူပါတယ်။ ရိက္ခာကိုတော့ တစ်ပါတ်တစ်ခါ ကျောက်တောင်မှာ ၀င်ထုတ်ပါတယ်။ မိုးလင်းမိုးချုပ် သွားလာလှုပ်ရှားနေရတဲ့ လှုပ်ရှားစစ်ကြောင်းနဲ့ ဘယ်လိုမှ မအပ်စပ်တဲ့ ကုလားပဲနဲ့  ဈေးကောင်းရတဲ့ နိ့ဆီကိုရောင်းပြီး ရတဲ့ရိက္ခာစိုငွေနဲ့ စားသောက်ရေးစီစဉ်ရပါတယ်။


 တကယ်တော့ ကုလားပဲဟာ နေ့စဉ်စားသင့်မှန်းသိပေမယ့် အချိန်ပေးချက်ပြုတ်ရတာဖြစ်လို့ မစားဖြစ်တာများတော့ အလေးခံပြီးမသယ်ကြတော့ဘဲ ရတဲ့ဈေးနဲ့ရောင်းကြပါတယ်။ နိဆီသကြားကိုတော့ ဖျားနာချိန်နဲ့ အလွန်ပင်ပန်းချိန်တွေမှာ သောက်ဖို့ချန်ပြီး ပိုတာရောင်းပါတယ်။ ခရီးအလွန်ပန်းတဲ့အခါမျိုးမှာ ထမင်းမစားချင်တဲ့အထိ ပင်ပန်းတဲ့အခါမျိုးမှာ လဘက်ရည်ချိုချိုတစ်ခွက်လောက် သောက်လိုက်ရင် ချက်ချင်း အားပြည့်လာပါတယ်။ ငှက်ဖျားကာကွယ်ဆေးကို တနင်္လာနေ့တိုင်း သောက်ရမယ့်ကိစ္စမှာလည်း သောက်လည်း ဖျားတာပါဘဲဆိုပြီး ကျွန်တော်လည်းမသောက်သလို ငှက်ဖျားကာကွယ်ဆေး ပုံမှန်သောက်ခြင်းကြောင့် ဖျားတဲ့အခါ အသက်အန္တာရယ်ဖြစ်မယ့်အထိ မဖြစ်အောင် အထောက်အပံ့ရတယ်ဆိုတာလဲ အဲဒီအချိန်က မသိခဲ့ပါ။

ဗျဟာဆရာဝန်က “သဲဝဲစားရင် ခြေထောက်ရေမထိအောင်နေ၊ ငှက်ဖျားမဖြစ်အောင် ခြင်မကိုက်အောင်နေ ခြင်ထောင်ထောင်အိပ်” လို့ ညွှန်ကြားလို့ လက်တွေ့မဖြစ်နိင်တဲ့ ကိစ္စတွေဆိုပြီး တခြားမှာကြားချက်တွေကိုလဲ စိတ်မ၀င်စားတော့တာဖြစ်ပါတယ်။ လောလောဆယ် စစ်သည်တိုင်း ကြောက်ရတာကတော့ “မွှား” ဆိုတဲ့ သတ္တ၀ါလေးတွေပါဘဲ။ ၀ါးရုံတောတွေမှာ နေတာများပါတယ်။ ညဖက်စခန်းချပြီဆိုတာနဲ့ ခေါင်းပေါ်ရှိ ဆံပင်တွေကြားမှာ အကုန်စမ်းရပါတယ်။ နားရွက်နောက်၊ တံတောင်ဆစ်အတွင်းဖက်ကြား၊ ပေါင်ကြားအကုန် စမ်းရှာရပါတယ်။ အထူးသဖြင့် ဆံပင်တွေကြားမှာ များပါတယ်။ သွေးစုပ်ထားတဲ့ အစွယ်ကိုပါအောင် ဆွဲထုတ်ရပါတယ်။ အစွယ်ကျန်ခဲ့လိုကတော့ တဖြေးဖြေး ယားနာဖြစ်လာပြီး တော်တော်နဲ့ မပျောက်တော့ပါ။

ရဲဘော်တွေကတော့ မပျော်ခြောက်လ ပျော်ခြောက်လဘဲလို့ ဆိုကြပါတယ်။ မွှားအများကြီး အကိုက်ခံရတဲ့ သူဟာ ဖျားတဲ့အထိခံရပါတယ်။ အဲဒီအချိန်က ပထမဦးစားပေးရန်သူဟာ ဗကပပါ။ ကေအန်ယူက ဒုတိယလို့ မှော်ဘီဗိုလ်သင်တန်း ကျောင်းအုပ်ကြီးက မှာကြားခဲ့ပါတယ်။ ဒါပေမယ့် အပင်ပန်းအဆင်းရဲဆုံး၊ အထိအခိုက် အကျအဆုံးအများဆုံးဟာ တပ်မ ၄၄ ဖြစ်တယ်လို့ တပ်ထဲမှာမက အပြင်ကလူတွေပါ သိနေကြပါတယ်။ ကျွန်တော်တို့အခုဝင်နေရတဲ့ နေရာမျိုးမှာ အသားဗူး ငါးဗူးစည်သွပ်ရိက္ခာရခဲ့ရင် တော်တော်အဆင်ပြေမှာပါ။

ရွာပျက်တွေမှာရတဲ့ သင်္ဘောသီးနဲ့ ၀ါးယောင်းချဉ်၇ွက်၊ ငှက်ပျောအူတွေကတော့ ပင်တိုင်ဟင်းဖြစ်ပါတယ်။ တပ်မတပ်ရင်းအားလုံးရဲ့ ဆောင်ပုဒ်နဲ့ကျင့်စဉ်ကတော့ “ကင်း၊ကျင်း၊ထမင်း” ပါ။ စခန်းချမယ့်နေရာ ရောက်တာနဲ့ ကင်းတိုကင်းရှည်အရင်ထုတ်၊ အနဲဆုံးမှောက်ကျင်းရအောင်တူး၊ ထမင်းချက်ဆိုတာပါဘဲ။ လက်တွေ့လည်း လိုက်နာ ကျင့်သုံးကြပါတယ်။ ကျွန်တော်တို့စစ်ကြောင်းကလဲ တစ်နေရာမှာ တစ်ညအိပ်။ အလွန်ဆုံး နှစ်ညထက်ပိုမအိပ်ပါ။ စစ်ကြောင်းအဆက်ဆက် နေရာချကျင်းတူးခဲ့ကြလို့ ဖာပွန်ကနေ ကူးဆိပ်ကတိုင်တိ ကမမောင်း တောတောင်အနှံ့မှာ ကျင်းတူးရာတွေ အပြည့်တွေ့နေရပါတယ်။

တခါတလေ ကျင်းတူးရင်းတန်းလန်းနဲ့  ခရီးဆက်ထွက်မယ်ဆိုပြီး ထွက်ရတာတွေလည်း ရှိတတ်ပါတယ်။ တစ်နေ့ညနေဖက်စောစော စခန်းချလို့ ထုံးစံအတိုင်း ကျင်းတူးကြပါတယ်။ ကျွန်တော်လဲ တပ်စိတ်နေရာတွေ လိုက်ကြည့်ရင်း ကျင်းတူးနေတဲ့ တပ်စိတ်ကရဲဘော်လေးက သတင်းပို့ပါတယ်။ “ဗိုလ်လေး၊ ကျွန်တော်တို့ ကျင်းတွေ တူးတူးခဲ့ပြီး တခါတလေ မအိပ်ရဘဲ ခရီးထွက်ရတာတွေ ရှိပါတယ်။ ကျင်းတူးပြီးရင်တော့ ထားခဲ့ရမှာနှမြှောလို့  အိပ်ဖြစ်အောင်အိပ်ဖို့  သတင်းပိုပေးပါ” တဲ့။ ရယ်ရမလို ငိုရမလိုလွယ်မလိုနဲ့ ဖြေရခက်တဲ့ ရဲဘော်လေးရဲ့ သတင်းပိုချက်ဟာ ဗိုလ်လေးဘ၀ အမှတ်တရ ဖြစ်ရပ်တစ်ခုပါ။ ။


(၈)

ကျောက်တောင်ဖာပွန်ဂွင် လှုပ်ရှားနေစဉ် ၁၉၈၃ ခုနှစ် ဖေဖော်ဝါရီလ (၈) ရက်နေမှာ ခလရ (၁၉) တာဝန်ယူထားတဲ့ ကတိုင်တိစခန်းကို ကေအင်ယူတပ်ဖွဲတွေ အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ပါတော့တယ်။ ကတိုင်တိစခန်းဟာ ရွာရဲ့မြောက်ဘက် တောင်ကုန်းမြင့်ပေါ်မှာရှိပြီး ခံစစ်ဆင်ရန်ကောင်းတဲ့ မြေအနေအထား ဖြစ်ပါတယ်။ အရှေ့ဘက်မှာ ယွန်းစလင်းချောင်း၊ တောင်ဘက်မှာ ကမမောင်းရွာ အနောက်ဘက်မှာ ဘော်ကြော့လယ်ရွာ အနောက်မြောက်ဘက်မှာ နော်ဖော့ထီးရွာ ရှိပါတယ်။ အနီးဆုံး စစ်ကူစစ်ကြောင်းဖြစ်တဲ့ ကမမောင်းဂွင် လှုပ်ရှား ခမရ (၇) စစ်ကြောင်းဟာ ချက်ချင်းချီတက်ပြီး ကတိုင်တိအနောက်ဘက် ဘော်ကြော့လယ်မှာ ကျင်းတူးနေရာယူ စောင့်နေတဲ့ ကေအင်ယူစစ်ကြောင်းနဲ့ အပြင်းအထန်တိုက်ပွဲဖြစ်ပြီး ရင်ဆိုင်ထားလိုက်ပါတယ်။

ရန်သူဟာ စစ်ကူစစ်ကြောင်းလာမယ့် လမ်းကြောင်းကို ကြိုတွက်ပြီး အပိုင်ကျင်းတူး ခံစစ်ပြင် စောင့်ထားတာဖြစ်လို ရှေ့မတိုးနိင်ဘဲ ကျင်းတူးနေရာယူ ရင်ဆိုင်တိုက်နေရပါတယ်။ ဘော်ကြော့လယ် မြေအနေအထားက မြေပြန့်များ ကွင်းပြင်တောအုပ် များပါတယ်။ ဒုတိယအနီးဆုံး စစ်ကြောင်းဖြစ်တဲ့ ကျွန်တော်တို့တပ်ရင်းရဲ့ စစ်ကြောင်းတစ်ကြောင်းဟာလည်း နတ်ကြီးကျောက်တောင်လမ်း အပြင်စည်း လှုပ်ရှားကနေ အပြင်းချီတက်ရာမှာ ကတိုင်တိအနောက်မြောက် နော်ဖောထီးရွာထိပ် တောင်ကုန်းတွေမှာ အသင့်နေရာယူ ခံစစ်ပြင်စောင့်နေတဲ့ ရန်သူ့စစ်ကြောင်းနဲ့ တွေ့ပြီး ရှေမတိုးနိင်ဘဲ ရင်ဆိုင်တိုက်နေပါတယ်။ နော်ဖောထီး မြေအနေအထားကတော့ တောင်ကုန်းတောင်ငယ်လေးတွေများပြီး အောက်ခြေရှပ်တော အောက်ခြေရှင်းတောတွေ ရောထွေးနေပါတယ်။


ရန်သူဟာ စစ်ကူစစ်ကြောင်းတွေကို အပိုင်ထိန်းချုပ်ထားပြီး ကတိုင်တိစခန်းကို အပိုင်သိမ်းဖို့ စံနစ်တကျ ကြိုတင်ပြင်ဆင် တိုက်ကွက်ဖော်တာပါ။ ယွန်းစလင်းချောင်း တစ်လျှောက်ကနေ နော်ဖောထီး ဘော်ကြော့လယ် ကတိုင်တိရွာတောင်ဘက် ယွန်းစလင်းချောင်းအထိ ကတိုင်တိစခန်းတစ်ခုလုံးကို ပတ်လည်ဝန်းရံခံစစ်ယူပြီး စစ်ကူလမ်းကြောင်း အကုန်ပိတ်ဆို့ထားပါတယ်။ စခန်းသိမ်းတပ်ဖွဲဟာ လက်နက်ကြီးပစ်ကူတွေနဲ့ အတင်းတက်ပေမယ့် စခန်းရှိ ခလရ ၁၉ စစ်သည်များရဲ့ ခုခံမှုကြောင့် စခန်းအောက်ခြေမှာဘဲ တန့်နေပါတယ်။ တိုက်ပွဲဒုတိယနေ့အထိ စစ်ကူစစ်ကြောင်းတွေနဲ့ ခံစစ်ပြင်တားဆီးထားတဲ့ ရန်သူ့စစ်ကြောင်းတိုက်ပွဲတွေ၊ ကတိုင်တိစခန်းနဲ့ စခန်းသိမ်းတိုက်ပွဲဆင်နေတဲ့ ရန်သူတိုက်ပွဲတွေနဲ့ ဆူညံနေပေမယ့် ရန်သူကလဲ စခန်းမသိမ်းနိင်၊ စစ်ကူအဖွဲ့တွေလဲ ပိတ်ဆို့ထားတဲ့ ရန်သူကို မကျော်နိင်ဖြစ်နေပါတယ်။ တိုက်ပွဲ ဒုတိယနေ့ ဖြစ်တဲ့ (၉) ရက်နေ့ မနက်မှာ အဝေးဆုံးနေရာမှာရှိနေတဲ့ ကျွန်တော်တို့စစ်ကြောင်းဟာ ကျောက်တောင် ဖာပွန်ဂွင်ကနေ စစ်ကူစစ်ကြောင်းအဖြစ် စတင်ချီတက်ရပါတော့တယ်။

ကရင်ပြည်နယ်ရဲ့ထုံးစံအတိုင်း မိုးတွင်းမှာ လှေနဲ့သွားရတဲ့ ရေပြင်ကျယ်ချောင်းတွေဟာ ဖေဖော်ဝါရီလမှာတော့ ရေတွေခန်းခြောက်လို့ ရေအလွန်ရှားပါတယ်။ ယွန်းစလင်းချောင်းကြီးတောင် ဒူးပေါင်လောက်ဘဲ ရှိပါတော့တယ်။ ကျွန်တော်တို့စစ်ကြောင်းဟာ လမ်းတလျှောက် ရေလုံးဝမရှိတဲ့ခရီးကို သုံးရက်တိတိ အပြင်းချီတက်ခဲ့ရပြီး ဖေဖော်ဝါရီ (၁၀) ရက် နေ့လည်ပိုင်းကစလို့ နောက်တနေ့ တစ်နေ့လုံးမှာ ရေလုံးဝပြတ်သွားလို့ ၀န်ထမ်းစစ်သည်အားလုံး ရေငတ်ခြင်း ဆင်းရဲဒုက္ခကြီးစွာနဲ့ ချီတက်ရင်း နော်ဖောထီးမှာ ရင်ဆိုင်ထားတဲ့ စစ်ကြောင်းနဲ့ ပူးပေါင်းမိပါတော့တယ်။ စစ်ကူချီတက်ခဲ့ရတဲ့ ခရီးကြမ်းနဲ့ တစ်သက်မှာ ပထမဆုံးအကြိမ် တစ်ရက်ခွဲတိတိ ရေတစ်စက်မှ မသောက်ရဘဲ မအိပ်မနေ ခရီးရှည်ချီတက်ခဲ့ရတဲ့ ဒုက္ခကတော့ ဗိုလ်လေးဘ၀မှာ ဘယ်တော့မှ မေ့မရတဲ့ အမှတ်တရတစ်ခုပါပဲ။ ။


(၉)

နော်ဖောထီးမှာ ရင်ဆိုင်ထားတဲ့ စစ်ကြောင်းဟာ ရန်သူကို တက်တိုက်လိုက် ပစ်ကျင်းခံစစ်ကြောင်းမှာ ပြန် နေရာယူပစ်လိုက်နဲ့ အင်အားပြုန်းတီးမှု အလွန်များနေပါပြီ။ လက်နက်ငယ်ထိခိုက်မှု နည်းပါးပေမယ့် မကောင်းသူထိပ် ကောင်းသူထိပ် အပေါ်ကနေ ကျချင်ရာကျလာတဲ့ လက်နက်ကြီးဒဏ်ကို အလူးအလဲ ခံရပါတယ်။ ကျွန်တော်တို့ရောက်ချိန်မှာ ဒဏ်ရာရသူတွေဟာ ဒဏ်ရာဝေဒနာ၊ ရေငတ်ဝေဒနာတွေနဲ့ ငြီးငြူနေကြပါတယ်။ သူတို့ ရေပြသနာဖြေရှင်းတာကတော့ နွယ်ပင်လိုအပင်တွေကို ခုတ်ပြီး တစက်ချင်း ကျလာတဲ့ ရေကို ပါးစပ်နဲ့ မော့သောက်၊ ခွက်နဲ့ခံထားပြီး သောက်ကြပါတယ်။ ကျွန်တော်တို့လဲ သူတို့နည်းအတိုင်း အာသာပြေ လုပ်ရပါတော့တယ်။

စိတ်ကြိုက် မြေအနေအထားရွေးပြီး ခံစစ်ပြင်ဆင်ထားတဲ့ ရန်သူဟာ အပေါ်စီးက ပစ်ခတ်ရလို့ မြေအနေအထား အသာစီးရနေသလို (၅၇) မီလီမီတာ အဖြောင့်ပစ် လက်နက်ကြီး၊ အမ် (၇၂) တစ်ချက်ပစ် ငှက်ပျောဖူး လောလောင်ချာတွေ သုံးနိင်လို့ ပိုအသာရနေပါတယ်။ ကျွန်တော်တို့စစ်ကြောင်းမှာ (၇၅) မီလီမီတာ နောက်ပွင့် လက်နက်ကြီး မပါခဲ့လို့ တိုက်ရိုက်အဖြောင့်ပစ် လက်နက်ကြီးချင်း မယှဉ်နိင်ခြင်းက အလွန်နစ်နာလှပါတယ်။ ဖေဖော်ဝါရီ (၁၂) (မှတ်မှတ်ရရပြည်ထောင်စုနေ) မှာတော့ စစ်ကူစစ်ကြောင်းကို ပိတ်ဆို့တားဆီး တာဝန် ယူထားတဲ့ ရန်သူ့စစ်ကြောင်းက သူတိုတားနိင်ဖို့ အချိန်သိပ်မရှိတော့ကြောင်းနဲ့ စခန်းသိမ်း တာဝန်ယူထားတဲ့ အဖွဲ့ကို အမြန်သိမ်းဖို့ ပြောနေသလို စခန်းသိမ်းတာဝန် ခေါင်းဆောင်ကလဲ ဒီနေ့မရရအောင် သိမ်းမယ်။ ဒီတစ်ရက် ရအောင်ထိမ်းထားပေးပါဆိုတဲ့ ကြားဖြတ်အသံဖမ်းစက် သတင်းအရ ကျွန်တော်တို့ စစ်ကူစစ် ကြောင်းတွေဟာ ဒီနေ့အမြန်ဆုံး ကတိုင်တိစခန်းနဲ့ ပူးပေါင်းနိင်ဖို့ လိုအပ်လာပါတယ်။ မနက်ပိုင်း ပြင်ဆင်ညှိနှိုင်းမှုတွေ အသေးစိတ်လုပ်ကြပြီး စစ်ကြောင်းလက်နက်ကြီးတွေ ပစ်ကူနဲ့ ကျွန်တော်တို့တပ်ခွဲဟာ တစ်ခွဲလုံး ရင်ဘောင်တန်းဖြန်ပြီး အကာအကွယ်မယူတမ်း ပစ်တက်တက်ရပါတော့တယ်။

ကျွန်တော်တို့တပ်ခွဲတက်ရတဲ့ မြေအနေအထားဟာ ဘယ်ဘက်မှာ တောင်ကုန်းငယ်များ မတ်စောက်ပြီး အလယ်မှာ ခပ်ပြေပြေဆင်းသွားလို့ ညာဘက်မှာ ပြန့်ဆင်းသွားပါတယ်။ ဘယ်ဖက်တပ်စုဟာ အတက်မတ်စောက်ပြီး အခက်ကြံနေချိန်မှာ ရန်သူရဲ့ ဗုံးသီးမျိုးစုံ အနီးကပ်စုပြုံပစ်ထဲ့မှုကြောင့် တပ်စုမှးကိုယ်တိုင် ဒဏ်ရာရပြီး နောက်ပြန်ဆုတ်ခဲ့ရပါတယ်။ ညာဖက်မြေပြန်တပ်စုဟာလဲ မြေပြန့်တဲ့အပြင် တောပါးပြီး အောက်ခြေရှင်းနေလို့ သတ်ကွင်းလိုဖြစ်နေပြီ့း ၇န်သူ့လက်နက်ငယ်စုပြံပစ်ခတ်မှု အနီကပ်ခံနေရတာကြောင့် ရှေ့မတိုးနိင်ရာက ကြာရှည်မတန့်နေနိင်ဘဲ နောက်ပြန်ဆုတ်ရပါတော့တယ်။ ကျွန်တော်တို့ အလယ်တပ်စု ကတော့ တောင်ကုန်းပြေပြီး ၀ါးရုံတောတွေနဲ့  အောက်ခြေရှုပ်နေတဲ့ မြေအနေအထားကြောင့် ရန်သူ့  ပစ်ခတ်မှုတွေကြားကနေ ကတုတ်ကျင်း ဆက်သွယ်ရေးမြောင်းတွေ ထိပ်ကို ကံဆိုးစွာနဲ့ ရောက်သွားပါတယ်။ ကံဆိုးစွာနဲ့လို့ ပြောရတာကတော့ တိုက်ပွဲကြီးအတွေအကြုံမရှိတဲ့ ကျွန်တော်ဟာ အရင်တွေခဲ့ဘူးတဲ့ ချောင်းပစ် ပြေး ရန်သူအနည်းငယ်ကို တိုက်တဲ့ပုံစံအတိုင်း ရှေ့ဆုံးကနေ ဦးဆောင်သွားခဲ့တဲ့ အမှားကြောင့် ရန်သူကတုတ်ကျင်းရှေ့ အရောက်မှာ ကျွန်တော်နဲ့ဒုတပ်စိတ်မှုးတစ်ဦးသာ ပါလာတာတွေ့ရလိုပါပဲ။  (တကယ် တော့ ရန်သူပြင်းပြင်းထန်ထန် ခုခံပစ်ခတ်မယ့် တိုက်ပွဲကြီးတွေမှာ ခေါင်းဆောင်လုပ်သူက ရင်ဘောင်တန်းတက်တဲ့ မိမိတပ်တွေနဲ့အတူ နောက်ကျန်နေတဲါ စစ်သည်တွေကို ရှေရောက်ဖို့ တုတ်တစ်ချောင်းနဲ့ လိုက်မောင်းတင်နေတာပဲ လုပ်သင့်တာပါ)


ဘယ်ဖက်တပ်စု ညာဖက်တပ်စုနဲ့ ဆက်စပ်နေတဲ့ ကျွန်တော့်ရဲ့ ဘယ်ညာတပ်စိတ် နှစ်စိတ်စလုံးဟာ ဘယ်ညာတပ်စုနှစ်စုစလုံးနဲ့ နောက်ကို ပြန်ပါသွားခဲ့ပါတော့တယ်။ တပ်စုရုံးတပ်စိတ်ဟာလဲ ရှေ့ရောက်နေတဲ့ ကျွန်တော်တိုနှစ်ယောက်နဲ့ သူတို့ကြား အဆက်မပြတ်ကျလာတဲ့ လောလောင်ချာဗုံးသီးတွေကြောင့် တောင်စောင်းပေါ် မရောက်နိင်ဘဲ လန်ကျခဲ့ပါတော့တယ်။ ကျွန်တော့်ရဲ့ တိုက်ပွဲကွပ်ကဲမှု အမှားကြောင့် ရှေ့ဆက်ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေဟာ တစ်သက်စာ မှတ်ပေရော့လို့ အမာရွတ်ကြီးလို စွဲထင်နေတဲ့ အမှတ်တရကြီး ဖြစ်နေပါတော့တယ်။ ။



ရယ်လီစတိုးနှင့် အမေရိကမှသူခိုးဖမ်းပွဲ

$
0
0


အမေရိကား ရောက်တတ်ရာရာ(၄)

ခုတလောရန်ကုန်မြို့ကအထင်ကရနာမည်ကြီးစူပါမတ်ကက်ကြီးတခုကသူ့ဆိုင်မှာဈေးလာဝယ်တဲ့
တက္ကသိုလ်ဆရာမတဦးကိုဈေးဝယ်ပြီးလို့ဆိုင်အပြင်ရောက်သွားပြီးမှမသင်္ကာလို့လုံခြုံရေးတွေနဲ့အတင်းသွားခေါ်လာပြီးပြန်စစ်၊ဝယ်သူကမှန်နေတော့ဟိုလိုလိုသည်လိုလိုနဲ့ ဝယ်သူအမြဲမှန်သည် ဆိုတဲ့စကားကိုမသိချင်ယောင်
ဆောင်ကာယကံရှင်ဘက်ကလူသိရှင်ကြားတောင်းပန်ဘို့ပြန်တောင်းဆိုတော့ရူးချင်ယောင်ဆောင်၊ကာယကံရှင်
အိမ်လိပ်စာ အတင်းမေးပြီးအောက်လမ်းနည်းနဲ့ တောင်းပန်ဘို့ကြိုးစားနေတဲ့သတင်းတွေကမ္ဘာအနှံ့ ဟိုးလေးတ
ကြော်ပြန့် နှံ့လို့နေပါတယ်။



ဒီတော့လည်း လွန်ခဲ့တဲ့တနှစ်လောက်က ကျွန်တော်ကိုယ်တိုင် ဟောလီးဝုဒ်မင်းသားကြီးအာနိုးကယ်လီ
ဖိုးနီးယားပြည်နယ်ဂါဗနာအဖြစ်နဲ့ ရုံးထိုင်ခဲ့တဲ့မြို့တော် ဆခရာမင်တိုအနီးက ရယ်လီဆိုတဲ့စူပါ မားကက်ကြီးမှာ
ကိုယ်တိုင်ကြုံခဲ့ရတဲ့သူခိုးဖမ်းပွဲကိုပြန်ပြီးသတိရမိတယ်။ကျွန်တော်ကဂျပန်လူမျိုးမစ္စတာအိချိပိုင်အေအက်ဖ်စီဆို
တဲ့ကုမ္ပဏီရဲ့လုပ်ငန်းခွဲငယ်ပိုင်ရှင် ဖရန်ချိုက်ဆီးပေါ့ဗျာ။အေအက်ဖ်စီက ရယ်လီစူပါမတ် အုပ်စုကြီးနဲ့ စာချုပ်ချုပ်
ထားတော့ကျွန်တော်ကအဲဒီရယ်လီဆိုတဲ့အစားအသောက်ရောင်းတဲ့မတ်ကက်ကြီးတခုမှာဂျပန်စာဆူရှီးနဲ့တရုတ်
စာ Hot wok ရောင်းချခွင့်ရတယ်။ရောင်းရငွေရဲ့ ရာခိုင်နှုန်းအများစုကိုကျွန်တော်ကရပြီးအေအက်ဖ်စီကုမ္ပဏီက
လေးပုံတပုံကျော်ယူတယ်။သူက စူပါမတ်ကိုအချိုးကျပြန်ပေးပေါ့။


ဆခရာမင်တို ဆိုတာကလည်းမြို့တော်သာဆိုတယ်ကယ်လီဖိုးနီးယားက နာမည်ကြီး မီဂါစီးတီးတွေဖြစ်တဲ့
အယ်အေ၊ဆန်ဖရန်စစ္စကိုနဲ့ဆန်ဒီရေးဂိုး၊ဆန်ဟိုဆေမြို့တွေထက်အများကြီး ခေါင်တဲ့မြောက်ဖက်အစွန်ကမြို့ပေါ့ဗျာ။
ကျွန်တော့်ဆိုင်က သူ့မြောက်ဖက်ကိုတနာရီနီးပါးကားထပ်မောင်းသွား ရတယ်။ စရောင်းခါစကတော့ မဆိုးဘူးဗျ။
ရောင်းကောင်းတယ်။နေ့စဉ် အရောင်းစာရင်ဆေးရပို့ကိုလည်း မနက်တိုင်းရုပ်ချောချော ဒုမန်နေဂျာအမေရိကန်မလေးရော်ဘင်ကပို့ပေးတော့အားတက်တာပေါ့။ ပိုက်ဆံမမြင်ရပေမဲ့ စာရင်းမြင်ရတာနဲ့အားတက်တာပဲ။ ဒါနဲ့စလုပ်လို့ 
နှစ်လလောက်နေတော့နေ့စဉ်(၁ဝ)နာရလောက်လုပ်ရတာနဲ့ ကိုယ်အလေးချိန်(၂ဝ)ပေါင်လောက်ကျသွားတယ်
ဟာလုပ်ရတာပေါ့။ စူရှီးလိပ်တာရော၊ ရုတ်ထမင်းဟင်းအမျိုးနှစ်ဆယ်လောက် ချက်ရတယ်။တယောက်ထဲဘယ်လုပ်နိုင်မလဲ။
လူငှားရတာပေါ့။မက္ကဆီကန်မလေးတယောက်၊ အမေရိကန်မလေးတယောက်၊ အမေရိကန်ဘဲကြီးတပွေ ငှားထားရတယ်။နာရီပိုင်းနဲ့လေ


ဘလိုင်းကြီးတော့ဆိုင်ဖွင့်လို့မရဘူးဗျ။ သင်တန်းတက်ရသေးတယ်။ အေအက်ဖ်စီကုမ္ပဏီရုံးစိုက်ရာလော့
စ်အင်းဂျလိစ်မှာ တက်ရတယ်။ ပြီးမှ ကယ်လီဖိုးနီးယား အစားအသောက် ကိုင်ဆောင်ခွင့်လက်မှတ် 

California Food Handler Certificate နဲ့ အစားအသောက် ဆိုင်ရာ ဘေးကင်း လုံခြုံ စီမံခန့်ခွဲမှု လက်မှတ်
 Serve Safe Manager Certificate စာမေးပွဲတွေ အောင်လက်မှတ်ရမှ ဒီ အလုပ်လုပ်ရတယ်။ အေအက်ဖ်စီ ကုမ္ပဏီကနေ 
ကျွန်တော့်ကို အစားအသောက်ချက်ပြုတ်နည်းတွေ သင်ပေးတဲ့ညီလေးအေးချမ်းက တချိန်ကကျွန်တော်တာဝန်ထမ်းဆောင်ခဲ့တဲ့
ရေတပ်က စီအိုဟောင်းတယောက်ရဲ့သားလေးဖြစ်နေတယ်။ သူကလည်း Field training အနေ
နဲ့ကျွန်တော့်ဆိုင်မှာသုံးပတ်လောက်လာတွဲလုပ်ပေးရင်းကျွန်တော်ပိန်ကျသွားတာတွေ့ပြီးစိတ်မကောင်းရှာဘူး။
ကျွန်တော့်ကိုလည်း ဘာလို့ဒီအလုပ်မှရွေးရတာလည်း ပင်ပန်းတယ်။ ကိုယ်လုပ်ခဲ့တဲ့အရာရှိအလုပ်၊ကျောင်းဆရာ
အလုပ်တွေနဲ့မအပ်စပ်ပါဘူးဦးရာ တဲ့အားပေးရှာတယ်။ ကျွန်တော်ကလည်း ညီလေးရာမင်းအဖေထက်နှစ်နှစ်ပ
ငယ်တဲ့ မင်းအဖေတို့ဦးတို့ထက်ရာထူးအပုံကြီးကြီးတဲ့လူကြီးတယောက်တောင်ဒို့နိုင်ငံကမြို့ငယ်ငယ်လေးတခုမှာ
အကြောင်းမညီညွတ်တော့ဘောင်းဘီချွတ် ပုဆိုးတိုနဲ့ စစ်စွပ်ကျယ်ကြီးဝတ်ပြီး သမ္မာအာဇီဝကျကျထမင်းဟင်း
ချက်ရောင်းနေသေးတာပဲ။ဒို့အလုပ်က ပင်ပန်းပေမဲ့ ဂုဏ်ရှိပါတယ်ကွ။လောကကြီးမှာအလုပ်မလုပ်ပဲတောပြော
တောင်ပြောဟောက်စားခြောက်စားလုပ်ပြီး ပိုက်ဆံရှာလို့ရတဲ့တိုင်းပြည်မှမဟုတ်ပဲ။အလုပ်လုပ်ရမှာပေါ့ကွလို့ပြန်
ပြောလိုက်ရတယ်။


အဲတလနှစ်လလောက်ရောက်တော့ ရာသီဥတုကလည်းပြောင်း၊ စူပါမတ်ကြီးလည်းလူဝင်နည်း
သွားပြီးကျွန်တော့်ဆိုင်လည်းရောင်းအား Sale ကျလာတာပေါ့။ ဈေးဝယ်သူတွေကိုလည်းဂရုတစိုက်နှုတ်ဆက်ရ
တယ်ဗျ။ဝယ်ဝယ်မဝယ်ဝယ်ပဋ္ဋိသန္ဒာရစကားပြောရတယ်။နမူနာတွေကျွေးမွေးရတယ်။သိတ်ရောင်းကောင်းတဲ့အချိန်

ဂရုစိုက်မကြည့်ဖြစ်ပေမယ့်အရောင်းထိုင်းတဲ့နေ့ဆိုရင်တော့ ဈေးဝယ်တွေကိုဂရုစိုက်ကြည့်မိတယ်။ အမယ်
မောင်မင်းကြီးသားတချို့ ပိုက်ဆံပေးတဲ့ CASHER COUNTER ကို မဖြတ်ပဲ ခပ်တည်တည်နဲ့ထွက်သွားတာတွေ
တွေ့လာရတယ်။ အဲဒါနဲ့တဆိုင်လုံးကအစားအသောက်အရောင်းတာဝန်ခံမန်နေဂျာ ကက်သရင်း ကိုသွားပြောပြ
ရတယ်။သူကမလှမ်းမကမ်းကလိုက်ကြည့်ပြီးငွေမရှင်းပဲငွေရှင်းကောင်တာကိုကျော်သွားတာတွေ့ရင်ထွက်ပေါက်
မရောက်ခင်သွားပြီး ကျေးဇူးပြု၍ငွေပြေစာလေးပြပါဦး။ဈေးဝယ်ရတာအဆင်ပြေပါရဲ့လား။လိုချင်တဲ့ပစ္စည်းအား
လုံးရှာတွေ့ရဲ့လား၊ဘာညာပေါ့ဗျာ။လစ်ချင်တဲ့ကောင်လည်းလစ်ခွင့်မသာတော့ပဲ အော်မေ့သွားလို့၊ငွေမရှင်းခဲ့ရ
သေးဘူး။ပြန်ရှင်းလိုက်ဦးမယ်။ဘာညာသာရကာပေါ့…ဟဲဟဲ လူကြီးရှက်တော့ရယ်တယ်လေ။



အဲကက်သရင်း အလုပ်နားရက် မျိုးတွေဆိုရင်တော့ ပိုက်ဆံမပေးပဲလစ်မဲ့ကောင်မျိုးဆိုရင် သူ့အဝတ်နဲ့
ပုံသဏ္ဍာန်ကို မှတ်ပြီး ငွေရှင်းကောင်တာတာဝန်ခံ မင်းနီးစ် ကိုသွားပြောပြရတယ်။ဈေးရောင်းကောင်းနေတဲ့အ
ချိန်ဆိုတခါတလေသွားမပြောနိုင်ဘူးဗျ။ လတ်တလောဈေးဝယ်ကိုမိတ်ပျက်မှာစိုးလိုသိသိကြီးနဲ့လွှတ်ပေးလိုက်ရ
တာတွေရှိတယ်။ အဲဒီကောင်မျိုးတွေကိုတော့ မှတ်ထားရတာပေါ့ဗျာ။ကိုယ်တိုင်လိုက်ဖမ်းလို့လည်းမရဘူး။အေ
အက်ဖစီ က အော်ပရေးရှင်းမန်နေဂျာအာကီဟီရာ ကိုဖုံးဆက်ပြောပြတော့ လိုက်မကြည့်ဘို့နဲ့ စတိုးကအုပ်ချုပ်
ရေးကိုပဲပြောပြဖို့ အကြံပေးတယ်။ ဘယ်ဗျာတယောက်ကို မိသားစုစားပွဲဆိုတဲ့ Family meal ဝယ်သွားရင် ဒေါ်
လာ(၃ဝ) သုံးယောက်လောက်ခိုးရင် တနေ့ဒေါ်လာတရာလောက်ဆိုတော့ဘယ်မှာရောင်းအားတက်နိုင်ပါတော
မလည်း။ အမေရိကန်ဆိုလို့မခိုးဘူးတော့မထင်နဲ့၊လူတွေပဲဗျာခိုးတဲ့ကောင်လည်းခိုးတာပါပဲ။ 



အဲဒါနဲ့အဲဒီ မင်းနီးစ်ဆိတဲ့ မိန်းမကြီးကရုပ်ပေါက်ဆိုးဆိုးစူပုတ်ပုတ်နဲ့ ရင်ဘတ်မှာလည်းဆီလီကွန်ဆိုလား ပိုက်ကွန်ဆိုလား
အုန်းသီးလုံလောက်ကြီးတွေထည့်ထားသေးတယ်။ ကောင်လေးချောချောတွေဆိုစုန်းမမျက်လုံးကြီးနဲ့ခေါ်တောကြည့်လိုက်လိုက်ကြည့်ရတာအမောသား။မျက်နှာရူးမ ဒင်းကြည့်ရတာ တချက်မှ အပေါက်အလမ်းမတည့်။သူ့သွားပြောလို့
ကျွန်တော်တို့ မသင်္ကာသူက သူတို့အဖြူမျိုးဖြစ်နေရင်မကြိုက်ချင်ဘူး။သူတို့လူမျိုးတွေဒါမျိုးမလုပ်ဘူးပေါ့ဗျာ။အဲ
တခြားလူမျိုးဆိုရင်တော့လိုက်ကြည့်ပါလိမ့်မယ်။ယောက်ျားလေးချောလို့ကတော့နောက်ကနေသူ့ပိုက်ကွန်အုန်း
သီးကြီးနဲ့ထိလုမတတ်လိုက့်တော့တာပါပဲ။



တရက်တော့ထုံးစံအတိုင်းအများကြီးဝယ်ပြီး ငွေမရှင်းပဲခပ်တည်တည်ထွက်သွားဖို့လုပ်တဲ့သကောင့်
သားတယောက်တွေ့လို့ ကက်သရင်းလည်းမရှိတော့ ထုံးစံအတိုင်း မင်းနီးစ်သွားပြောရတယ်။ အလုပ်များချင်
ယောင်ဆောင်ပြီးလိုက်မကြည့်ပေးလို့မျက်စိရှေ့ တင်ပါသွားလေရဲ့။အဲဒါနဲ့စတိုးတခုလုံးကအကြီးဆုံးမန်နေဂျ
ဂျွန်ဖိလစ်ကိုသွားတိုင်လိုက်တယ်။သူလိုက်လာပြီးနောက်ဆိုမဖြစ်စေရပါဘူးတဲ့။စုန်းမကြီးကိုလည်းနောက်ကို
ဂရုစိုက်ကြည့်ပေးဘို့ကျွန်တော့်ရှေ့ တင်ညွှန်ကြားပါတယ်။သူတို့အုပ်ချုပ်ရေးအဖွဲ့တွေကိုယ်တိုင်ကဈေးဝယ်သူ
အပြင်ရောက်သွားရင်လိုက်မဖမ်းရဲတော့ဘူး။ဝယ်သူကလည်းသူ့ပြေစာကိုပစ်လိုက်ပြီဆိုပြီးငြင်းပိုင်ခွင့်ရှိတယ်။
ခပ်ငယ်ငယ်နဲ့ စတိုးမန်နေဂျာရာထူး ရထားသူ တယောက်တက်ကြွပြီး ဆိုင်ပြင်ထွက်သူခိုးလိုက်ဖမ်းတာ၊ခိုးတဲ့
သူကရေကျော်မြောင်းမှာချော်လဲပြီးခြေထောက်ကျိုးသွားလို့သူတို့ကုမ္ပဏီကိုပြန်တရားစွဲတာဒေါ်လာသန်းဝက်
လောက်လျော်လိုက်ရတယ်ဆိုပဲ။


အဲတနေ့တော့ပုံမှန်လာလာလုပ်လို့ကျွန်တော်မျက်နှာမှတ်မိနေတဲ့ ခိုးဆိုးနှိုက်အုပ်စုကတကောင်အင်္ကျီ
ပုံစံပြောင်း လူကြီးလူကောင်းစတိုင်ကြောင်ရှာသီးနဲ့ ဆု နဲ့ရောက်လာပြီးတော်တော်များများဝယ်တယ်။ပြီးတော့
ဝီစကီ ဘယ်မှာဝယ်လို့ရလဲလို့ မေးပြီး ဝီစကီတန်း ဘက်ထွက်သွားတယ်။အဲဒီ ဝီစကီတန်းဆုံးတဲ့ အထိလူမမြင်
အောင်ကွယ် လျှောက်သွားရင် ငွေရှင်းကောင်တာတွေကိုကျော်သွားပြီ။တဖက်ထွက်ပေါက်ကနေငွေမရှင်းပဲအ
လွယ်တကူထွက်သွားရင်ဆိုင်ပြင်ရောက်….ပြီးပြီပေါ့။ကျွန်တော် ချက်ခြင်းဆိုင်ကိုမက္ကဆီကန်မလေးနဲ့ထားခဲ့ပြီး
မင်းနီးစ် ဆီသွားပြောတယ်။သူကအလုပ်များချင်ယောင်ဆောင်ပြီးငွေကောင်တာတခုကနေတခုကိုဟန်ဆောင်
ပြေးပြနေတယ်။အဲဒီအချိန်မှာကြောင်ရှာသီးနဲ့သကောင့်သားကတဖက်ထွက်ပေါက်နားရောက်နေပြီ။ကျွန်တော့်
သီးခံနိုင်စွမ်းကုန်သွားပြီ။ ကဲ စုန်းမကြီးနင်ရူးချင်ယောင်မဆောင်နဲ့။ဟိုကောင်ထွက်သွားတော့မယ်ဒီတခါတော့
ငါအဆုံးမခံနိုင်တော့ဘူး နင်လိုက်ချင်လိုက်မလိုက်ချင်နေငါရအောင်သွားဖမ်းပြမယ်။ပြဿနာဖြစ်လာရင်တော့
နင့်ငါသတင်းပို့ပြီးပြီ။နင်တာဝန်ယူရှင်းပေတော့ဆိုပြီးသကောင့်သားနောက်အပြေးထွက်လိုက်ခဲ့တယ်။ဟို
ကောင်ကရိပ်မိသွားပေမဲ့စားစရာတွေတပုံတပင်နဲ့၊ငွေမရှင်းခဲ့တော့အိတ်လည်းမပါဘူး မနိုင်နမင်းနဲ့မပြေးနိုင်ဘူ
လေ။ပြီးတော့သူလျှောက်သွားနေတဲ့နေရာကကျွန်တော့်ကားရပ်ထားတဲ့ဘက်။ကျွန်တော့်ကားအဝေးထိန်းသော့
ကိုနှိပ်လိုက်တော့သံစုံအချက်ပေးသံတွေထွက်လာပြီးသကောင့်သားကြောင်သွားတယ်။ဆက်မသွားတော့ဘူး။



ကျွန်တော်လည်းပြေစာတွေဘာတွေတောင်းမနေတော့ဘူး။ဟေ့လူမင်းငါ့အစားအစာတွေပိုက်ဆံမပေးသွားဘူး
ငါ့နောက်မှာမန်နေဂျာလိုက်လာပြီမင်းရှင်းပေတော့လို့ပြောလိုက်တော့သူကဟုတ်ပါတယ်လို့ဝန်ခံပြီးမနိုင်မနင်းသယ်လာတဲ့ကျွန်တော့်ဆိုင်ကအစားအသောက်တွေရယ်၊သူတို့ဆိုင်ကမချလာတဲ့ဝီစကီတပုလင်းရယ်ကိုကျွန်
တော့လက်ထဲလာထိုးပေးတယ်။ကျွန်တော်လည်းနောက်က မလိုက်ချင်လိုက်ချင်လိုက်လာတဲ့ စုန်းမကြီးဘက်
လှမ်းပြပြီး နင့်လူကိုငါလက်ဖျားနဲ့တောင်မထိဘူးနော်။သူခိုးကြောင်း လည်းဝန်ခံတယ်။အဲဒါတွေနင်သယ်လာခဲ့
ပေတော့ဆိုပြီးသူ့လက်ထဲထည့်ခိုင်းလိုက်တယ်။နောက်ဆုံးတော့ သူ့ကိုစုန်းမကြီးက ငွေရှင်းကောင်တာပြန်ခေါ်
သွားပြီးငွေပြန်ရှင်းခိုင်းတယ်။ရီစရာတော့အကောင်းသားငွေ(၇ဝ)ဖိုးလောက်ယူတဲ့ကြောင်ရှာသီးနဲ့လူကြီးမင်းရဲ့
ကဒ်ထဲမှာပိုက်ဆံ(၆)ဒေါ်လာပဲရှိတယ်ဗျာ။ဒီတော့ဘာမှမဝယ်နိုင်တော့ပဲအကုန်ပြန်အပ် return လုပ်ပါတယ်ဆို
ပြီးကျေနပ်လိုက်ရတာပေါ့။သူတို့ဝီစကီပုလင်းကအကောင်းအတိုင်းပြန်ရပေမယ့်ကျွန်တော့်ဆူရှီးဘူးတွေနဲ့လိမ်
မော်သီးကြက်ကြော်ဘူးတွေကတော့ပိပြားကုန်လို့ပြန်ရောင်းလို့လည်းမရနိုင်တာနဲ့ နိဗ္ဗာနပစ္စယော ဟောတုဆို
ပြီးအမှိုက်ပုံးထဲပစ်ထည့်လိုက်ရတယ်။



နောက်တနေ့မင်းနီးစ်ရှေ့ တမင်သက်သက်သွားလမ်းသလားပြတော့ အဲဒီလူကဟိုးအဝေးရွာကအိုးမဲ့
အိမ်မဲ့ Homeless မို့ပါတဲ့။ဂျင်းတဲမင်းလိုဟန်ဆောင်ဝတ်စားထားတာတဲ့။တတ်လည်းတတ်နိုင်တဲ့စုန်းမကြီး။
သူ့လင်သူ့အမျိုးဘက်ကရှေ့ နေလိုက်ပေးနေသေးတယ်။



အေးဗျာဆိုလိုတာကတော့တကယ်ခိုးတဲ့လူတွေလည်းရှိပါတယ်။ဒါပေမဲ့သူတို့ကိုလိုက်ဖမ်းရင်းတခုခုထိခိုက်သွား
လို့တရားရင်ဆိုင်ပြီးရှုံးရင်စတိုးဆိုင်ဘက်ကအဆမတန်ပေးလျော်ရပါတယ်။တကယ်မခိုးတဲ့လူကိုကျူးလွန်ခဲ့ရင်
တော့ဆိုဖွယ်ရာမရှိတော့ပါဘူး



တွေးဆဆင်ခြင်အမှန်မြင်၍ကိုယ်ချင်းစာတရားထားနိုင်ကြပါစေ



အောင်လျှမ်းဝေ

သူကောင်းတွေနဲ့ တော်စေထက်စေသော်ဝ်

$
0
0
" သူကောင်းတွေနဲ့ တော်စေထက်စေသော်ဝ် " ………………………….        လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်က ဦးသန်းရွှေရဲ့ တချို့အချက်တွေကို အားကျတဲ့ အကြောင်းလေးရေးမိ တော့ လူဆိုးတစ်ယောက်ကို ချီးမွမ်းရပါ့မလားဆိုပြီး ပြောသူကပြောကြတယ်။  ဒါကြောင့်လဲ ဒီစာရေးဖို့ အတွေး လေးပေါ်လာရတာပါ။            ကျွန်တော်တစ်ဦးတည်း အမြင်ကို ပြောရရင်တော့ လူတစ်ယောက်ဟာ အမြဲမဆိုးနိုင်ဘူးလို့ထင်တယ်။  အင်မတန်ဆိုးမိုက်တယ်ဆိုတဲ့ ဒေ၀ဒတ်ကြီးတောင် " ငါသည် မြတ်စွာဘုရားအား ပြစ်မှားခြင်းကြီးသောကြောင့် ဤမျှလောက်သော ဒုက္ခကိုခံရချေသည်၊ ကန်တော့မှသာလျှင် ထိုအပြစ်ကင်းတော့မည် " ဟု ကိုယ့်အမှား ကိုယ်သိလို့ ဆိုခဲ့သေးမဟုတ်ပါလား။   သာမန်ပုထုဇဉ်လူသားတွေအဖို့ အမြဲမဆိုးနိုင်ဘူးလို့ထင်ပါတယ်။  ဒါကြောင့်လဲ ဦးသန်းရွှေထဲက အားကျမိတဲ့ ရှေးအတိတ်ကံတွေ၊ လက်ရှိလုပ်ဆောင်မှုလေးတွေကို ရေးခဲ့တာပါ။  ပြီးတော့ ဦးသန်းရွှေဟာ လူတော်တစ်ယောက်လို့ ကျွန်တော်ဆိုချင်တယ်။   တကယ်တော်ခဲ့လို့လဲ ဒီနေရာရောက်ခဲ့တာပဲလေ။  သာမန်လူတစ်ဦးအနေနဲ့ ရောက်ဖို့မလွယ်ပါဘူး။ ဒါကြောင့်လဲ ခေါင်းဆောင်ဆိုတဲ့နေရာမှာ လူတိုင်းမဖြစ်နိုင်ကြတာပါ။     ဟုတ်ကဲ့ ကျွန်တော်က ဦးသန်းရွှေ တော်တယ်၊ ခေါင်းဆောင်လို့ ဆိုခဲ့ပါတယ်။  ဒီနေရာမှာ တစ်ခုလေး ချန်ထားပါတယ်။  အဲဒါက " ကောင်း " ဆိုတဲ့ စကားလုံးလေးပါ။  လူတော်တစ်ယောက်ပါ သို့သော် ကောင်းချင် မှကောင်းမယ်။ ထို့အတူ ခေါင်ဆောင်တစ်ယောက်ပါ ကောင်းချင်မှ ကောင်းပါ့လိမ့်မယ်။   တော်တဲ့သူတိုင်း မကောင်းနိုင်ပါဘူး။  ပညာတတ်၊ ထက်မြက်ပြီးတော်တဲ့သူများဟာ လူကောင်းမဟုတ် ရင်ပိုပြီး ကြောက်စရာကောင်းတတ်ကြပါတယ်။  ပညာမဲ့ လူမိုက်တစ်ယောက်အနေနဲ့ သူကြောင့် သူ့အိမ်၊ သူ့ရပ်ကွက်လောက်သာ ထိခိုက်နိုင်ပေမယ့် ပညာတတ်လူမိုက်တစ်ယောက်ကြောင့် တစ်တိုင်းပြည်လုံးမဟုတ် ဘူး တစ်ကမ္ဘာလုံးတောင်ပျက်စီးသွားနိုင်ပါတယ်။   ယနေ့ခေတ် လူငယ်လေးတွေဟာ အင်မတန်ထက်မြက်ပြီး တော်တဲ့သူတွေများကြပါတယ်။  ဒီလို တော်တဲ့ လူငယ်လေးတွေကို ကောင်းဖို့အတွက်လည်း လုပ်ဆောင်ကြရမှာပါ။  လူငယ်လေးတွေ ကောင်းဖို့ အတွက် လက်ဆင့်ကမ်းပေးမယ့် လူကြီးတွေရဲ့ စိတ်ထားများကလည်း မြင့်မြတ်နေဖို့၊ ဖြူစင်နေဖို့ လိုအပ်ပါ တယ်။  ညစ်ပေနေတဲ့ လက်နဲ့ ပေးကမ်းခဲ့ရင်တော့ လက်ခံမျိုးဆက်တွေဟာ ညစ်ပေနေတဲ့ အရာတွေပဲ သူတို့ ရရှိကြရမှာပါ။   ဒါကြောင့်လဲ တော်ရုံအပြင် ကောင်းဖို့၊ လူတော်လူကောင်းတွေဖြစ်ဖို့ အထူးဆောင်ရွက်ကြဖို့ လိုပါတယ်။  တန်ဖိုးရှိတဲ့ ဦးနှောက်တွေပိုင်ဆိုင်ရုံမျှမက ဖြူစင်တဲ့နှလုံးသားအလှတွေပါ သိမ်းပိုက်ထားဖို့လိုပါ တယ်။  ပြီးတော့ လူတော်လေးတွေ၊ လူကောင်းလေးတွေကို နေရာပေးကြဖို့လိုပါတယ်။   ကျွန်တော်တို့ နိုင်ငံရဲ့ သမိုင်းစဉ်မှာလည်း တော်တဲ့သူ ကောင်းတဲ့သူတွေဟာ နေရာသိပ်မရကြပါဘူး။ ကောသလမင်းကြီးအိပ်မက်အရဆိုရင်တော့ စာဗူးတောင်းတွေရေလယ်မှာ နစ်မြုပ်ပြီး ကျောက်ဖြာကြီး ရေပေါ် ပေါ်ကြတာပေါ့။  လူဆိုး၊ လူမိုက်ဟာ လူဆိုးလူမိုက်အသိဥာဏ်သာရှိတဲ့အတွက် သူတော်ကောင်းနဲ့ပေါင်းဖို့ ဆိုတာ ဖြစ်နိုင်ခဲပါတယ်။  ဒါကြောင့်လဲ ကိုယ့်ထက် တော်မယ် ထက်မယ်ဆိုရင် ရှင်းလင်းတတ်ကြတာပါ။   နောက်တစ်ချက်က ကျွန်တော်တို့နိုင်ငံက လူတချို့ဟာ အစွဲကြီးပါတယ်။  ဘာလို့လဲဆိုရင် တစ်ဦး တစ်ယောက်မကောင်းရင် တစ်သက်လုံးမကောင်းဘူး၊ ပြီးတော့ တစ်ဆွေမျိုးလုံး မကောင်းဘူးလို့ ထင်မြင်တတ် ကြပါတယ်။  ဒါကြောင့်လဲ နိုင်ငံဟာ တိုးတက်သင့်သလောက် မတိုးတက်တာလို့ မြင်ပါတယ်။   တစ်ယောက်ကြောင့် နောက်လူတွေ တော်တာ၊ ကောင်းတွေဟာ အလဟဿဖြစ်တတ်ကြတယ်။  စွန့်ပယ်ခံရကြပါတယ်။   ခြေမမကောင်းပေမယ့် ခြေထောက်တစ်ချောင်းလုံးကို ဖြတ်ထုတ်တတ်ကြပါတယ်။  ဒီတော့ တော်သင့်သူ ထက်သင့်သူတွေဟာ မှေးမှိန်သွားတော့တာပါပဲ။   လူတစ်ယောက် ဆိုးတဲ့ဘက်ကနေ ကောင်းတဲ့ဘက် ပြောင်းလဲလာသော်လည်း ပတ်ဝန်းကျင်က အမြဲလူဆိုးဆိုတဲ့အမြင်ပဲ မြင်နေကြတော့ အကောင်းဘက်ပြောင်းသူတွေတောင် ရပ်တန့်သွားတတ်ကြပါတယ်။   လူဆိုးကို လူကောင်းဖြစ်လာဖို့ ကျွန်တော်တို့ ဆောင်ရွက်ကြရမှာပါ။  ၀ိုင်းပယ်ထားကြရမှာ မဟုတ်ပါဘူး။  လူညံ့ကို လူတော်ဖြစ်အောင် စွမ်းဆောင်ကြရမှာပါ။  စွန့်ပစ်ထားကြရမှာ မဟုတ်ပါဘူး။   လူတော်တွေ လူကောင်းတွေနဲ့ တည်ဆောက်မှသာလျှင် အေးချမ်းသာယာတဲ့ လူ့ဘောင်တစ်ခု၊ နိုင်ငံ တစ်ခုအဖြစ် တည်ဆောက်နိုင်ကြမှာပါ။   လူကောင်းတွေကို တော်အောင်လုပ်ပါ။  လူတော်တွေကို ကောင်းအောင်လုပ်ပါ။   ပြီးတော့ လူတော်လူကောင်းတွေကို နေရာပေးပါ။  သူတို့အတွက် ပေးခဲ့မယ့်၊ ချန်ထားမယ့်၊ လွှဲပြောင်းမယ့် နေရာတွေ၊ စိတ်ထားတွေလည်း ကြည်လင်သန့်စင်နေပါစေ။   လူတော်လူကောင်းလေတွေ၊ လူတော်လူကောင်းကြီးတွေ များများပေါ်ထွက်ပါစေလို့သာ။  **********  မောင်ပိုင် ၁၃-၁-၂၀၁၅။

လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်က ဦးသန်းရွှေရဲ့ တချို့အချက်တွေကို အားကျတဲ့ အကြောင်းလေးရေးမိ တော့ လူဆိုးတစ်ယောက်ကို ချီးမွမ်းရပါ့မလားဆိုပြီး ပြောသူကပြောကြတယ်။ ဒါကြောင့်လဲ ဒီစာရေးဖို့ အတွေး လေးပေါ်လာရတာပါ။

ကျွန်တော်တစ်ဦးတည်း အမြင်ကို ပြောရရင်တော့ လူတစ်ယောက်ဟာ အမြဲမဆိုးနိုင်ဘူးလို့ထင်တယ်။ အင်မတန်ဆိုးမိုက်တယ်ဆိုတဲ့ ဒေ၀ဒတ်ကြီးတောင် "ငါသည် မြတ်စွာဘုရားအား ပြစ်မှားခြင်းကြီးသောကြောင့် ဤမျှလောက်သော ဒုက္ခကိုခံရချေသည်၊ ကန်တော့မှသာလျှင် ထိုအပြစ်ကင်းတော့မည် "ဟု ကိုယ့်အမှား ကိုယ်သိလို့ ဆိုခဲ့သေးမဟုတ်ပါလား။

သာမန်ပုထုဇဉ်လူသားတွေအဖို့ အမြဲမဆိုးနိုင်ဘူးလို့ထင်ပါတယ်။ ဒါကြောင့်လဲ ဦးသန်းရွှေထဲက အားကျမိတဲ့ ရှေးအတိတ်ကံတွေ၊ လက်ရှိလုပ်ဆောင်မှုလေးတွေကို ရေးခဲ့တာပါ။ ပြီးတော့ ဦးသန်းရွှေဟာ လူတော်တစ်ယောက်လို့ ကျွန်တော်ဆိုချင်တယ်။

တကယ်တော်ခဲ့လို့လဲ ဒီနေရာရောက်ခဲ့တာပဲလေ။ သာမန်လူတစ်ဦးအနေနဲ့ ရောက်ဖို့မလွယ်ပါဘူး။ ဒါကြောင့်လဲ ခေါင်းဆောင်ဆိုတဲ့နေရာမှာ လူတိုင်းမဖြစ်နိုင်ကြတာပါ။

ဟုတ်ကဲ့ ကျွန်တော်က ဦးသန်းရွှေ တော်တယ်၊ ခေါင်းဆောင်လို့ ဆိုခဲ့ပါတယ်။ ဒီနေရာမှာ တစ်ခုလေး ချန်ထားပါတယ်။ အဲဒါက"ကောင်း "ဆိုတဲ့ စကားလုံးလေးပါ။ လူတော်တစ်ယောက်ပါ သို့သော် ကောင်းချင် မှကောင်းမယ်။ ထို့အတူ ခေါင်ဆောင်တစ်ယောက်ပါ ကောင်းချင်မှ ကောင်းပါ့လိမ့်မယ်။

တော်တဲ့သူတိုင်း မကောင်းနိုင်ပါဘူး။ ပညာတတ်၊ ထက်မြက်ပြီးတော်တဲ့သူများဟာ လူကောင်းမဟုတ် ရင်ပိုပြီး ကြောက်စရာကောင်းတတ်ကြပါတယ်။ ပညာမဲ့ လူမိုက်တစ်ယောက်အနေနဲ့ သူကြောင့် သူ့အိမ်၊ သူ့ရပ်ကွက်လောက်သာ ထိခိုက်နိုင်ပေမယ့် ပညာတတ်လူမိုက်တစ်ယောက်ကြောင့် တစ်တိုင်းပြည်လုံးမဟုတ် ဘူး တစ်ကမ္ဘာလုံးတောင်ပျက်စီးသွားနိုင်ပါတယ်။

ယနေ့ခေတ် လူငယ်လေးတွေဟာ အင်မတန်ထက်မြက်ပြီး တော်တဲ့သူတွေများကြပါတယ်။ ဒီလို တော်တဲ့ လူငယ်လေးတွေကို ကောင်းဖို့အတွက်လည်း လုပ်ဆောင်ကြရမှာပါ။ လူငယ်လေးတွေ ကောင်းဖို့ အတွက် လက်ဆင့်ကမ်းပေးမယ့် လူကြီးတွေရဲ့ စိတ်ထားများကလည်း မြင့်မြတ်နေဖို့၊ ဖြူစင်နေဖို့ လိုအပ်ပါ တယ်။ ညစ်ပေနေတဲ့ လက်နဲ့ ပေးကမ်းခဲ့ရင်တော့ လက်ခံမျိုးဆက်တွေဟာ ညစ်ပေနေတဲ့ အရာတွေပဲ သူတို့ ရရှိကြရမှာပါ။

ဒါကြောင့်လဲ တော်ရုံအပြင် ကောင်းဖို့၊ လူတော်လူကောင်းတွေဖြစ်ဖို့ အထူးဆောင်ရွက်ကြဖို့ လိုပါတယ်။ တန်ဖိုးရှိတဲ့ ဦးနှောက်တွေပိုင်ဆိုင်ရုံမျှမက ဖြူစင်တဲ့နှလုံးသားအလှတွေပါ သိမ်းပိုက်ထားဖို့လိုပါ တယ်။ ပြီးတော့ လူတော်လေးတွေ၊ လူကောင်းလေးတွေကို နေရာပေးကြဖို့လိုပါတယ်။

ကျွန်တော်တို့ နိုင်ငံရဲ့ သမိုင်းစဉ်မှာလည်း တော်တဲ့သူ ကောင်းတဲ့သူတွေဟာ နေရာသိပ်မရကြပါဘူး။ ကောသလမင်းကြီးအိပ်မက်အရဆိုရင်တော့ စာဗူးတောင်းတွေရေလယ်မှာ နစ်မြုပ်ပြီး ကျောက်ဖြာကြီး ရေပေါ် ပေါ်ကြတာပေါ့။ လူဆိုး၊ လူမိုက်ဟာ လူဆိုးလူမိုက်အသိဥာဏ်သာရှိတဲ့အတွက် သူတော်ကောင်းနဲ့ပေါင်းဖို့ ဆိုတာ ဖြစ်နိုင်ခဲပါတယ်။ ဒါကြောင့်လဲ ကိုယ့်ထက် တော်မယ် ထက်မယ်ဆိုရင် ရှင်းလင်းတတ်ကြတာပါ။

နောက်တစ်ချက်က ကျွန်တော်တို့နိုင်ငံက လူတချို့ဟာ အစွဲကြီးပါတယ်။ ဘာလို့လဲဆိုရင် တစ်ဦး တစ်ယောက်မကောင်းရင် တစ်သက်လုံးမကောင်းဘူး၊ ပြီးတော့ တစ်ဆွေမျိုးလုံး မကောင်းဘူးလို့ ထင်မြင်တတ် ကြပါတယ်။ ဒါကြောင့်လဲ နိုင်ငံဟာ တိုးတက်သင့်သလောက် မတိုးတက်တာလို့ မြင်ပါတယ်။

တစ်ယောက်ကြောင့် နောက်လူတွေ တော်တာ၊ ကောင်းတွေဟာ အလဟဿဖြစ်တတ်ကြတယ်။ စွန့်ပယ်ခံရကြပါတယ်။ ခြေမမကောင်းပေမယ့် ခြေထောက်တစ်ချောင်းလုံးကို ဖြတ်ထုတ်တတ်ကြပါတယ်။ ဒီတော့ တော်သင့်သူ ထက်သင့်သူတွေဟာ မှေးမှိန်သွားတော့တာပါပဲ။

လူတစ်ယောက် ဆိုးတဲ့ဘက်ကနေ ကောင်းတဲ့ဘက် ပြောင်းလဲလာသော်လည်း ပတ်ဝန်းကျင်က အမြဲလူဆိုးဆိုတဲ့အမြင်ပဲ မြင်နေကြတော့ အကောင်းဘက်ပြောင်းသူတွေတောင် ရပ်တန့်သွားတတ်ကြပါတယ်။

လူဆိုးကို လူကောင်းဖြစ်လာဖို့ ကျွန်တော်တို့ ဆောင်ရွက်ကြရမှာပါ။ ၀ိုင်းပယ်ထားကြရမှာ မဟုတ်ပါဘူး။ လူညံ့ကို လူတော်ဖြစ်အောင် စွမ်းဆောင်ကြရမှာပါ။ စွန့်ပစ်ထားကြရမှာ မဟုတ်ပါဘူး။

လူတော်တွေ လူကောင်းတွေနဲ့ တည်ဆောက်မှသာလျှင် အေးချမ်းသာယာတဲ့ လူ့ဘောင်တစ်ခု၊ နိုင်ငံ တစ်ခုအဖြစ် တည်ဆောက်နိုင်ကြမှာပါ။

လူကောင်းတွေကို တော်အောင်လုပ်ပါ။

လူတော်တွေကို ကောင်းအောင်လုပ်ပါ။

ပြီးတော့ လူတော်လူကောင်းတွေကို နေရာပေးပါ။ သူတို့အတွက် ပေးခဲ့မယ့်၊ ချန်ထားမယ့်၊ လွှဲပြောင်းမယ့် နေရာတွေ၊ စိတ်ထားတွေလည်း ကြည်လင်သန့်စင်နေပါစေ။

လူတော်လူကောင်းလေတွေ၊ လူတော်လူကောင်းကြီးတွေ များများပေါ်ထွက်ပါစေလို့သာ။

**********


မောင်ပိုင်
၁၃-၁-၂၀၁၅။

၂၀၁၅ - နိုင်ငံရေးပုစ္ဆာ အဖြေမရှိခြင်း မဟုတ်ပါ

$
0
0

၂၀၁၅ သည် မြန်မာ့နိုင်ငံရေးအတွက် အလှည့်အပြောင်းဖြစ်မည့်နှစ် …. သို့သော် ယင်းအလှည့်အပြောင်းမှာ အကောင်းလား အဆိုးလား အားလုံးက စိတ်ဝင်စားကြသည့်နှစ်လည်းဖြစ်ပေသည်။
၂၀၁၄ ခုနှစ်ကို ခြုံကြည့်မည်ဆိုလျှင် ဒီမိုကရေစီခရီးလမ်းကို စတင်လျှောက်လှမ်းကာစ နိုင်ငံတစ်ခုအနေနှင့် ကြုံတွေ့ရလေ့ရှိသော ပုစ္ဆာများနှင့် ပြည့်နှက်နေသော နှစ်တစ်နှစ်အဖြစ် ရှုမြင်ရမည်ဖြစ်သည်။ မြန်မာ့နိုင်ငံရေးအနာဂတ်ကို တမျိုးတဖုံပြောင်းလဲပေးနိုင်သည့် ပုစ္ဆာများစွာအနက်မှ ၂၀၁၅ ခုနှစ်အတွင်း အဖြေထုတ်ရမည့် နိုင်ငံရေးပုစ္ဆာအကြောင်းကို ဆွေးနွေးတင်ပြလိုပါသည်။


ယခုလက်ရှိနိုင်ငံရေးအခြေအနေတွင် နိုင်ငံရေးအင်အားစုများအကြား၊ နိုင်ငံရေးအကျိုးရှင်များအကြား၊ နိုင်ငံရေးအင်စတီကျူးရှင်းများအကြား တင်းမာနေသောကြောင့် ကောင်းမွန်သော အပြောင်းအလဲကို မြင်တွေ့ချင်ကြသည့် ပြည်သူများမှာ စိုးရိမ်ကြောင့်ကြလျှက်ရှိသည်။ အစိုးရိမ်လွန်ပြီးလျှင် ၂၀၁၅ - နိုင်ငံရေးပုစ္ဆာမှာ အဖြေမရှိတော့ဟုပင် ထင်မှတ်ကာ စိတ်ပျက်အားလျော့နေကြသည်။ ထိုအချိန်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၀၁၅ နှစ်သစ်ကူးအချိန်တွင် ပြောကြားသော မိန့်ခွန်း၊ ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံသဘင်တွင် ပြောကြားသော မိန့်ခွန်းတို့တွင် ပါဝင်သော အချက်အလက်များအရ ၂၀၁၅ နိုင်ငံရေးပုစ္ဆာမှာ အဖြေမရှိခြင်း မဟုတ်တော့ပါ။

အခြေခံဥပဒေပြင်ဆင်ရေးအပါအဝင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ စစ်ဘက် - အရပ်ဘက်ဆက်ဆံရေး၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကိစ္စများကို အဖြေရှာနိုင်ရန်အတွက် မြန်မာနိုင်ငံ၏ နို်င်ငံရေးခေါင်းဆောင်များအကြား စေ့စပ်ညှိနှိုင်းအဖြေရှာကြရမည်ဟု ယေဘုယျအားဖြင့် သိနားလည်ထားကြသည်။ ထို့ကြောင့်ပင် ၂၀၁၄ နှစ်ကုန်ပိုင်းတွင် အပွင့်ဆိုင်များ အပြိုင်အဆိုင် တင်သွင်းကြခြင်းဖြင့် ယင်းယေဘုယျအခြေအနေကို ပုံသွင်းရန် ကြိုးပမ်းကြသည်။ သို့သော်လည်း အဖြေကား ရေရေရာရာ မရရှိဘဲ ဖြစ်နေသည်။ မြန်မာ့နိုင်ငံရေးပုစ္ဆာကို အဖြေရှာကြရန်အတွင် နိုင်ငံရေးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးကြရမည်ဆိုသည်မှာ ၎င်းတို့အကြား နိုင်ငံရေးပဋိဥာဉ်တစ်ရပ် သဘောတူညီမှုရစေချင်သည့်အတွက် တွေ့ဆုံဆွေးနွေးစေလိုခြင်း ဖြစ်သည်။ အပွင့်ဆိုင်များ တင်ကား တင်ကြ၏။ တွေ့ကားတွေ့ကြ၏။ သေချာရေရာသော နိုင်ငံရေးပဋိဥာဉ် မရရှိနိုင်ပါက နိုင်ငံရေးပုစ္ဆာ အဖြေရှိမည် မဟုတ်ပေ။ ယင်းနိုင်ငံရေးပဋိဥာဉ် ရရှိရန် နိုင်ငံရေးအင်အားစုအသီးသီးက မတူညီသော လမ်းကြောင်းများနှင့် မည်သို့ပင် တင်ပြနေကြစေ … လက်တွေ့ဖြစ်နိုင်ခြေလမ်းကြောင်း နှစ်ခုသာရှိသည်။
ပထမတစ်ခုမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုနိုင်ပြီး ထွက်ပေါ်လာမည့် နိုင်ငံရေးဆွေးနွေးပွဲများမှ အဓိကကျသည့် အင်အားစုများအကြား ဖြစ်ပေါ်လာမည့် နိုင်ငံရေး ပဋိဥာဉ်ဖြစ်ပြီး ဒုတိယလမ်းကြောင်းမှာ အပွင့်ဆိုင်များထဲမှ တစ်စုံတရာအလွတ်သဘော ဆွေးနွေးမှု ဖြစ်တည်လာပြီး ပေါ်ပေါက်လာမည့် နိုင်ငံရေးပဋိဥာဉ်ဖြစ်သည်။


ပထမလမ်းကြောင်း

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရန်အတွက် ၂၀၁၄ တစ်နှစ်ပတ်လုံး UPWC နှင့် NCCT တို့ အပြင်းအထန် ကြိုးပမ်းလာကြသည်မှာ ၂၀၁၄ နှစ်ကုန်ပိုင်းတွင်မှ ဆင်ပြောင်ကြီး အမြီးကျမှ တစ်နေရသည်။ နိုင်ငံရေးပဋိဥာဉ်ရရှိဖို့ ပထမလမ်းကြောင်းမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုနိုင်မှ ဖြစ်နိုင်မည့်လမ်းကြောင်းဖြစ်သည်။ ၂၀၁၄ နှစ်ဆုံးပိုင်း ပြန်လည်တင်းမာလာသော အခြေအနေများကို ကြည့်လျှင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှာ ဖြစ်နိုင်ရန် အင်မတန်ခဲယဉ်းနေပြီဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။ ယခုအစိုးရသက်တမ်းအတွင်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး မဖြစ်စေချင်သော အင်အားစုများကလည်း အပျက်ဘက်သို့ ဦးတည်သည့် လမ်းပေါ် တင်ပေးနေသကဲ့သို့ တပ်မတော်အသိုင်းအဝိုင်းကလည်း ပိုမိုတင်းမာလာသော သဘောထားကို ပေါ်ပေါ်ထင်ထင် ပြသနေကြသည်ကို တွေ့ရသည်။ သို့သော်လည်း ၂၀၁၅ အဝင်တွင် ငြိမ်းချမ်းရေးရောင်နီသစ်များ ပြန်လည် လန်းဆတ်လာခဲ့သည်။
“၂၀၁၅ အထွေထွေရွေးကောက်ပွဲများကနေ ပေါ်ပေါက်လာမယ့် ပင်မနိုင်ငံရေးဖြစ်စဉ်နဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို အခြေပြုတဲ့ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး လုပ်ငန်းစဉ် များကို ပေါင်းစပ်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။ ဒီလိုပေါင်းစပ်နိုင်တဲ့နေ့ဟာ ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် အရေးတကြီး လိုအပ်လျက်ရှိတဲ့ ဘုံ ရည်မှန်းချက်ဖြစ်တဲ့ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတစ်ရပ် တည်ဆောက် ခြင်းဖြင့် မြန်မာနိုင်ငံသစ်ကို ထူထောင်နိုင်မယ့်နေ့ပဲ ဖြစ်ပါတယ်” ဟု ၂၀၁၅ အဝင် ရေဒီယိုမိန့်ခွန်းတွင် သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ လက်ရှိသမ္မတတစ်ဦးအနေဖြင့် ၎င်းဖော်ဆောင်ချင်သော မြန်မာနိုင်ငံတော်သစ်၏ ပုံရိပ်ကို ပိုမိုပြတ်သားစွာ ပြောကြားလိုက်ခြင်းဟု ယူဆပါသည်။ အဘယ်ကြောင့်ဆိုသော် ငြိမ်းချမ်းရေးဖြစ်စဉ် အဓွန့်ရှည် တည်တံ့စေရန်အတွက် အဓိကကျသော ပြဿနာဖြစ်သည့် ဖက်ဒရယ်စနစ်ကို တရားဝင်ဖြစ်အောင် မိန့်ခွန်းထဲတွင် ထပ်လောင်းပြောကြားခဲ့ရုံမက ငြိမ်းချမ်းရေးကိုအခြေခံသည့် နိုင်ငံရေးပဋိဥာဉ်တစ်ရပ်ကို ဖော်ဆောင်မည်ဖြစ်ကြောင်း ခိုင်ခိုင်မာမာ ပြောကြားလိုက်သောကြောင့် ဖြစ်သည်။

သမ္မတဦးသိန်းစိန်၏ လစဉ်ရေဒီယိုမိန့်ခွန်းများတိုင်းတွင် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်သည့် ဖြစ်ထွန်းတိုးတက်မှုများ၊ ကြန့်ကြာနေသည်ဆိုလျှင်လည်း မည်သည့်အကြောင်းကြောင့် ကြန့်ကြာနေသည်များကို အထူးအလေးထား ပြောကြားလေ့ ရှိသည်။ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်သည်နှင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပကာ နိုင်ငံရေးပဋိဥာဉ်တစ်ရပ်ကို နောက်မလှည့်စတမ်း အရယူမည်ဟု သမ္မတက တရားဝင် ကြွေးကြော်ထားသည်။ ခက်ခဲနေသည်မှာ ပထမအဆင့်ဖြစ်သော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု စာချုပ် ချုပ်ဆိုနိုင်ရန် ဖြစ်သည်။ ယင်းခက်ခဲမှုကို ကျော်လွှားရန် ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံသဘင် အခမ်းအနားသို့ တက်ရောက်လာသော တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များနှင့် နိုင်ငံတော်သမ္မတတို့ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံမှုအပြီးတွင် လာမည့် ဖေဖော်ဝါရီ ၁၂ ရက်၊ ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးလိုကြောင်း တိုင်းရင်းသားလက်နက်ကိုင်များရော၊ အစိုးရတာဝန်ရှိသူများကပါ ထုတ်ဖော် ပြောကြားလာသည်။ ဤအခြေအနေများမှာ နိုင်ငံရေးပဋိဥာဉ် အရယူရန် ပထမလမ်းကြောင်း၏ ကောင်းသောအလားအလာများဖြစ်သည်။ ၂၀၁၅ သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထဲမှ သဘောထားပြည့်ဝ ပျော့ပြောင်းမှု ရှိသူများနှင့် အစိုးရဘက်မှ သဘောထား ရိုးသားသူများ လက်တွဲ၍ ပြည်တွင်းစစ်နွံထဲမှ မြန်မာနိုင်ငံကို ဆွဲထုတ်နိုင်ရန် အဆင့်တစ်ဆင့်သို့ တက်လှမ်းနိုင်မည့် နှစ်တစ်နှစ်ဖြစ်လာနိုင်ပါသည်။ သို့ဆိုလျှင် မြန်မာ့နိုင်ငံရေးပုစ္ဆာ အဖြေမထွက်စရာ အကြောင်းမရှိပါ။ အဖြေထွက်နိုင်အောင်လည်း ပိုမိုကြိုးပမ်းကြရန် လိုအပ်ပါသည်။

ဒုတိယလမ်းကြောင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တင်ပြသော လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကဲ့သို့ ညှိနှိုင်းမှုများမှ တဆင့် နိုင်ငံရေးပဋိဥာဉ်တစ်ရပ် ရရှိအောင် ဆောင်ရွက်နိုင်သည်။ ယခုလက်ရှိအခြေအနေတွင် နိုင်ငံရေးအင်အားစုများအကြား အားပြိုင်မှုမှာ ဂိုဏ်းဂဏဆန်နေသည်ဟု ယူဆစရာရှိသည်။ သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်တို့က တစ်ဂိုဏ်း၊ လွှတ်တော်နာယကနှင့် လူထုခေါင်းဆောင်က တစ်ဂိုဏ်းလို ဖြစ်နေသည်။ နှစ်ဘက်လူများကလည်း အပွင့်ဆိုင်များ အပြန်အလှန် တင်ကြသည်။ နှစ်ဘက်စလုံးက တင်ပြကြသည့် အပွင့်ဆိုင်များမှာ အားလုံးကောင်းသည်ချည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်ခေါင်းဆောင်ဖြစ်စေ … မြန်မာနိုင်ငံ၏ ကောင်းကျိုးကို သယ်ပိုးရန် လိုလားကြသော ခေါင်းဆောင်များဖြစ်လျှင် မြန်မာ့နိုင်ငံရေးပုစ္ဆာ အဖြေထွက်နိုင်ရန် တွေ့ဆုံ ဆွေးနွေးသင့်သည်သာ ဖြစ်သည်။ တွေ့ဆုံဆွေးနွေးရာတွင်လည်း လေးပွင့်မှ၊ ခြောက်ပွင့်မှ၊ ဆယ့်နှစ်ပွင့်မှ၊ ဆယ့်လေးပွင့်မှ မဟုတ်ဘဲ အကြောင်းအရာပေါ် မူတည်၍ အပွင့်များ ကွဲသွားနိုင်သည်။

ဤနေရာတွင် ကိုယ်ကျိုးစီးပွား၊ ပါတီအကျိုးစီးပွား၊ တိုင်းပြည်အကျိုးစီးပွားအလိုက် အခြေအနေများ ကွာခြားသွားမည်ဖြစ်သည်။ ကြားရသောအချို့ သတင်းများအရ လွှတ်တော်၏ အခြေခံဥပဒေပြင်ဆင်ရေး ကော်မတီတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD က တင်သည့် ပြင်ဆင်ချက်များ၌ ဝိဝါဒကွဲစရာရှိသော အရေးကြီးအချက်များကို ဖြည်းဖြည်းချင်းဆောင်ရွက်ရန် ထည့်သွင်းဖော်ပြသည်များ ရှိသည်ဟု ဆိုသည်။ သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နောက်ဆုံးအကြိမ် တွေ့ဆုံအပြီးတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေပြင်ဆင်ရာတွင် လွယ်သည့်အချက်များကို စတင်ပြင်ဆင်ရမည်ဖြစ်ပြီး ခက်ခဲသည့်အပိုင်းများကို တဖြည်းဖြည်းချင်း ပြင်ဆင်ရန်လိုအပ်ကြောင်း ထုတ်ဖော်ပြောဆိုဖူးသည်။ ခေါင်းဆောင်များ၏ စိတ်သဏ္ဌာန်တွင် တိုင်းပြည်အကျိုးစီးပွားကို လိုလားသည့် သဘောများကို တွေ့ရမည်ဖြစ်သည်။ သို့သော်လည်း အခါခပ်သိမ်းတော့ သဘောထား ပျော့ပြောင်းနေကြသည်မဟုတ်ပေ။ နိုင်ငံရေးအခြေအနေများ တင်းမာလာသည့်အခြေအနေတွင် ပြောစကားများလည်း တင်းမာလာသလို ရန်ငါအစွဲများလည်း ကြီးမားလာသည်ကို တောက်လျှောက်တွေ့နေရသည်။
၂၀၁၅ သည် မြန်မာ့နိုင်ငံရေးကို အလှည့်အပြောင်းဖြစ်စေမည့် နှစ်ဟု ဆိုခဲ့ပြီးဖြစ်သလို ယင်းအလှည့်အပြောင်းတွင် အရေးအကြီးသည့် ခေါင်းဆောင်များအနက် အရေးအကြီးဆုံးဖြစ်သည့် ခေါင်းဆောင်နှစ်ဦးမှာ သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်ပင်ဖြစ်သည်ဟု ဆိုချင်သည်။ အပွင့်ဆိုင်တွေ ဘယ်လောက်များများ အဓိကနှစ်ဦးမှာ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်သည်။ ၂၀၁၁ မတ်လ အစိုးရသစ်တာဝန်ယူပြီး နိုဝင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး ၎င်းတို့နှစ်ဦး အမျိုးသားဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံရှေ့တွင် ယှဉ်လျှက် ဓာတ်ပုံများ ထွက်ပေါ်လာချိန်က တစ်တိုင်းတပြည်လုံး ပျော်ရွှင်ဝမ်းသာကြသည့် မျှော်လင့်ချက်မျိုး ၂၀၁၅ တွင် ထပ်မံဖြစ်ပေါ်လာဦးမည်ဆိုလျှင် မြန်မာ့နိုင်ငံရေးပုစ္ဆာ အဖြေမထွက်စရာ အကြောင်း မရှိပါ။ ပြုပြင်ပြောင်းလဲရေး ပြုလုပ်ခဲ့စဉ် တလျှောက်လုံးကို ပြန်ကြည့်လျှင် သမ္မတဦးသိန်းစိန်ရော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါ အားသာချက် အားနည်းချက် ကိုယ်စီ ရှိကြသည်ကို သူ့ဘက် ကိုယ့်ဘက် အမြင်များကို ဖလှယ်ကြည့်လျှင် တွေ့နိုင်မည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံ၏ ရှေ့ဆက်လျှောက်ရမည့်ခရီးတွင် ၎င်းတို့နှစ်ဦးမှာ မရှိမဖြစ် အရေးအကြီးဆုံးများဖြစ်သည်။ ၎င်းတို့နှစ်ဦး ၁၄ ပွင့်ဆိုင်အပါအဝင် ၆ ကြိမ် တွေ့ဆုံကြသည်။ ၎င်းတို့အကြား ဆက်သွယ်မှုမှာ အစိမ်းသက်သက် ဆန့်ကျင်ဘက် မဟုတ်ပေ။ နောက်ဆုံး ၁၄ ပွင့်ဆိုင် တွေ့ဆုံပွဲတွင်လည်း အဖြေမထွက်ခဲ့ဟု ဆိုစေကာမူ နှစ်ဘက်စလုံး၏ ဘုံသဘောထားများကို ပြည်သူများ မြင်တွေ့ခွင့်ရခဲ့သည်။ အမှန်တော့ ဦးသိန်းစိန်ရော ဒေါ်အောင်ဆန်းစုကြည်ပါ လိမ္မာပါးနပ်သော တိုင်းပြည်အကျိုးလိုလားသော ခေါင်းဆောင်များဖြစ်သည်။ နိုင်ငံရေးမိုးသက်မုန်တိုင်းများအကြား အမြင်မတူညီသည်များ ရှိသော်လည်း ၎င်းတို့နှစ်ဦးလုံး ပုံဖော်ချင်သော မြန်မာနိုင်ငံတော်သစ်မှာ တစ်ခုတည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ မည်သည့်ခေါင်းဆောင်ကမှ မြန်မာနိုင်ငံကို အာဏာရှင်နိုင်ငံအဖြစ် ပြန်လည်ပုံဖော်လိုခြင်းမရှိဟု ယုံကြည်သည်။ ထို့ကြောင့် မြန်မာ့နိုင်ငံရေးပုစ္ဆာ၏ နောက်ဆုံးအလှည့်အပြောင်းနှစ် ၂၀၁၅ တွင် အဖြေရအောင် ညှိနှိုင်းနိုင်ကြလိမ့်မည်။ ၎င်းတို့၏ ဘုံသဘောထားများအရ အပွင့်ဆိုင်များ တရားဝင်တွေ့ဆုံရန် ငြင်းခုန်နေမှုများ ၂၀၁၅ တွင် အဆုံးသတ်ကာ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများဖြင့် နိုင်ငံရေးပဋိဥာဉ် ရယူမည်ဆိုလျှင်လည်း မြန်မာ့နိုင်ငံရေးပုစ္ဆာ အဖြေမထွက်နိုင်စရာ အကြောင်းမရှိပါပေ။


နိဂုံးကောက်ချက်

၂၀၁၅ နှစ်ကုန်ပိုင်းတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ နိုင်ငံတကာအလယ် တင့်တင့်တယ်တယ် အောင်အောင်မြင်မြင် ပြီးဆုံးစေရန်အတွက် မြန်မာ့နိုင်ငံရေးအင်အားစုများအကြား ဘုံသဘောတူညီမှု တစ်စုံတရာ အရယူထားနိုင်ဖို့ အရေးကြီးသည်။ ထိုသို့အရယူနိုင်ရန် နည်းလမ်းနှစ်သွယ်ရှိသည်။ နည်းလမ်းနှစ်သွယ်တွင် အရေးကြီးသော နိုင်ငံ့ခေါင်းဆောင်မှာ လက်ရှိ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဖြစ်သည်။ ဦးသိန်းစိန်အပေါ် ဝေဖန်မှုများစွာ ရှိနေသော်လည်း ပြည်သူများအကြား အမှားအနည်းဆုံး ခေါင်းဆောင်တစ်ဦးနေရာကို သူယူထားနိုင်သည်။ ထို့ပြင် တကွဲတပြားစီ ဖြစ်နေသော၊ ဂိုဏ်ဂဏစွဲများရှိနေသော နိုင်ငံရေးအင်အားစုများအားလုံးကို တူတာတွေ တွဲလုပ်၊ မတူညီသည့် တစ်ဖက်နှင့် တစ်ဖက် ဖယ်ထုတ်သည့် နည်းလမ်းများကို စွန့်ပယ်ပြီး စေ့စပ်ဆွေးနွေးညှိနှိုင်းမှုများ အောင်မြင်လာရန် လုပ်ဆောင်နိုင်သော တရားဝင် ခေါင်းဆောင်လည်း ဖြစ်သည်။ ထို့ကြောင့် ၂၀၁၅ ၏ နိုင်ငံရေးပုစ္ဆာအဖြေသည် သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းများထဲတွင် ရှိနေသည်။ ယင်းအဖြေကို အကောင်အထည်ဖော်နိုင်လျှင် ၂၀၁၅ သည် မြန်မာပြည်သူလူထုတို့အတွက် နွေဦးတဖန် ပြန်ဖြစ်လာပေမည်။




Tha Khin 


အတူအလုပ်တွဲလုပ်ဖို့ တစ်ယောက်နဲ့ တစ်ယောက် ချစ်နေစရာမလိုဘူး

$
0
0

၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက် ဆွေးနွေးပွဲမှ သမ္မတဦးသိန်းစိန်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်


၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက် ဆွေးနွေးပွဲမှ သမ္မတဦးသိန်းစိန်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
၂၀၁၅ အဝင် ပထမဆုံးလတွင်ပင် နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ဗျူဟာအခင်းအကျင်းများကို ခပ်စိပ်စိပ်တွေ့လာရသည်။ ဇန်နဝါရီလ ၁၀ ရက်က မြစ်ကြီးနား မနောပွဲသို့ ဦးသိန်းစိန် သွားရောက်ကာ ပြည်သူလူထုနှင့် နီးနီးကပ်ကပ် ရင်းနှီးနွေးထွေးစွာ ဆင်နွှဲခဲ့သည်။ ယင်းမတိုင်မီကလည်း ပုဂံတွင် ကမ္ဘာလှည့်ခရီးသွားများနှင့် စကားစမြည်မေးမြန်းပြောဆိုနေပုံများ လူမှုကွန်ယက်စာမျက်နှာများတွင် ဖော်ပြခဲ့သည်။
သမ္မတ၏ လူထုဆက်ဆံရေး နည်းနာများ ၂၀၁၅ အဝင်တွင် အရှိန်မြှင့်တင်လာသည်။ ထို့နောက် ဇန်နဝါရီ ၁၂ ရက်တွင် တိုင်းရင်းသားရေးရာဝန်ကြီးများ အပါအဝင် နိုင်ငံရေးပါတီ ခေါင်းဆောင်များကို ဖိတ်ကြားကာ တွေ့ဆုံဆွေးနွေးပွဲ တစ်ခု ထပ်မံ ပြုလုပ်သည်။ ယင်းဆွေးနွေးပွဲသည် ပထမ ၁၄ ပွင့်ဆိုင်ဟု အများက ဝိဂြိုဟ်ပြုကြသည့် ဆွေးနွေးပွဲတုန်းက ကဲ့သို့ပင် ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တက်ရောက်ခဲ့ကြပြီး ၎င်းတို့နှစ်ဦး၏ ရင်းနှီးနွေးထွေးသော ဓာတ်ပုံများ ဆွေးနွေးပွဲ မစမီကပင် ပျံ့နှံ့လာခဲ့သည်။ သို့သော် ဆွေးနွေးပွဲအပြီး တက်ရောက်ခဲ့ကြသူများ၏ သဘောထားမှတ်ချက်ပေးမှုများကို ပြန်လည်သိရသည့်အခါတွင်မူ ၂၀၁၅ အဝင် မြန်မာ့နိုင်ငံရေး အခင်းအကျင်း၏ အားနည်းချက်များကို ထင်ဟပ်လာရသည်။

ဆွေးနွေးပွဲကို မှတ်ချက်ပေးသူများထဲတွင် သိသိသာသာ နှစ်ဖွဲ့ကွဲနေသည်ကို တွေ့ရသည်။ သမ္မတနှင့် နီးစပ်သူများ၊ ပြုပြင်ပြောင်းလဲရေးကို အကောင်းမြင်သူများအဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြုပြင်ပြောင်းလဲရေးကို သံသယဖြင့် စောင့်ကြည့်သူများအဖွဲ့ဟူ၍ဖြစ်သည်။ ပြည်တွင်း ပြည်ပ နိုင်ငံရေးလေ့လာသုံးသပ်သူများ မှတ်ချက်ပေးလေ့ရှိသကဲ့သို့ပင် သမ္မတ၊ ကာချုပ်ကတစ်ဖက်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးရွှေမန်းက တစ်ဖက် ဖြစ်နေသည်ကိုလည်း တွေ့မြင်ရသည်။ သမ္မတဦးသိန်းစိန်က အားလုံးပါဝင်ရေး (All Inclusive) မူကို လက်ကိုင်ထားသည်ဟု အကြောင်းပြကာ အရေးကြီးသည့် နိုင်ငံရေးဆုံးဖြတ်ချက်များကို လူများများပါဝင်နိုင်အောင် ယခုလို ဆွေးနွေးပွဲကြီးများ ကျင်းပပေးသည်။ ဒေါ်အောင်ဆန်းစုကြည်ကမူ ထိရောက်သည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးအတွက် လေးပွင့်ဆိုင် သို့မဟုတ် ခြောက်ပွင့်ဆိုင် မူကို စွဲမြဲစွာ ဆုပ်ကိုင်ထားသည်။ တိုင်းရင်းသားပါတီအချို့က သမ္မတ၏ အားလုံးပါဝင်ရေးကို ထောက်ခံပြီး တိုင်းပြည်အနာဂတ်ကို လေးပွင့် သို့မဟုတ် ခြောက်ပွင့်နှင့် မဆုံးဖြတ်သင့်ဟု ယူဆသည်။ တိုင်းရင်းသားပါတီ အချို့ကမူ ယခုကဲ့သို့ အများစုပါဝင်ဆွေးနွေးနေလျှင် ယေဘုယျဆန်နေမည်ဖြစ်ကာ ဘာအဖြေမှ ထွက်နိုင်မည်မဟုတ်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ဇန်နဝါရီ ၁၂ ဆွေးနွေးပွဲကို အကောင်းမြင်သူများနှင့် အကျိုးမရှိဟု မြင်သူများ ကွဲပြားခြားနားစွာ ရှိနေသည်။

တပြိုင်နက်တည်းမှာပင် ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့က သမ္မတနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များတွေ့ဆုံရာတွင် သမ္မတကရော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်မှ နိုင်ငံရေးဆွေးနွေးပွဲ အမြန်သွားလိုသူအင်အားစုများကရော လာမည့် ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးရန် ဆန္ဒရှိကြသည်။ သို့သော် NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ၊ ခွန်ဥက္ကာတို့ကဲ့သို့သော ခေါင်းဆောင်များကမူ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးရန် မဖြစ်နိုင်သေးဟု ဆိုသည်။ ယင်းတို့မှာ ယခုအစိုးရသက်တမ်းအတွင်း လက်မှတ်ထိုးရန် တွန့်ဆုတ်နေကြသည့် အုပ်စုအတွင်း ပါဝင်နေသည်ကို တွေ့ရသည်။ တစ်ဖွဲ့ချင်းစီအနေဖြင့် အပစ်ရပ်လက်မှတ်ထိုးထားပြီးသူများမှာ တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ်ထိုးရန် အချိန်ထပ်ဆွဲမနေစေချင်တော့ပေ။ ထို့အတူ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အမြန်အကောင်အထည်ဖော်လိုသော၊ စစ်ဘေးဒုက္ခသည်များ များပြားလာသည်ကို မမြင်တွေ့လိုတော့သော၊ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားကာ မြေမြှုပ်မိုင်းများ တိုးပွားလာမှုကို မလိုလားသော တိုင်းရင်းသားပါတီများ၊ အင်အားစုများက အပစ်ရပ်လက်မှတ်ကို ယခုအစိုးရသက်တမ်းတွင် အမြန်ထိုးကာ နိုင်ငံရေးဆွေးနွေးပွဲများ အမြန်ဆုံး အစပြုချင်နေကြသည်။

ထို့အတူ သမ္မတကြီးမှ အစ၊ ကာချုပ်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးအကျိုးရှင်များ၊ ပြည်တွင်းပြည်ပ နိုင်ငံရေးလေ့လာသုံးသပ်သူများ၊ နိုင်ငံရေးစိတ်ဝင်စားသူ ပြည်သူလူထုအဆုံး စိုးရိမ်ကြောင့်ကြလျှက်ရှိသည်မှာ ၂၀၁၅ အေးအေးဆေးဆေးဖြစ်ရေးပင်။မြန်မာ့အရေးကျွမ်းကျင်သူ သတင်းစာဆရာ လယ်ရီဂျာကင်က ၂၀၁၅ အေးအေးညောင်းညောင်းဖြစ်ရေးမှာ ရွေးကောက်ပွဲ လွတ်လပ်၍ တရားမျှတမှု ရှိမရှိပေါ်တွင် မူတည်သည်ဟု သုံးသပ်သည်။ ထို့ပြင် ၎င်းက မြန်မာ့နိုင်ငံရေးအခင်းအကျင်းသစ် (၂၀၁၅ ရွေးကောက်ပွဲအလွန်)မှာ ဒေါ်အောင်ဆန်းစုကြည်ကို ချန်ထားခဲ့လို့ မရကြောင်းလည်း ပြောကြားသည်။ (Jan 12, 2015 ထုတ် Messenger ဂျာနယ်ပါ အင်တာဗျူး) ၂၀၁၅ အလွန် မြန်မာ့နိုင်ငံရေးအခင်းအကျင်းသစ် မည်သို့ဖြစ်မည်ဆိုသည်ကို ဆုံးဖြတ်ရာတွင်လည်း လူထုခေါင်းဆောင်အဖြစ် အမေရိကန်အပါအဝင် နိုင်ငံတကာကပါ အသိအမှတ်ပြုထားသော ဒေါ်အောင်ဆန်းစုကြည်ကို ချန်ထားခဲ့၍ မရသည်ကို နားလည်ရပေမည်။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဦးသိန်းစိန်က ပါတီဥက္ကဋ္ဌတစ်ဦးအဖြစ်၊ လွှတ်တော်အမတ်တစ်ဦးအဖြစ်သာ အခြားသော ခေါင်းဆောင်များနှင့် တန်းတူထားရှိဆွေးနွေးလိုပြီး ဒေါ်အောင်ဆန်းစုကြည်ကမူ လူထုက အသိအမှတ်ပြုထားသော လူထုဆန္ဒကို ထင်ဟပ်နိုင်သော လူထုခေါင်းဆောင်တစ်ဦးအဖြစ် မြန်မာ့နိုင်ငံရေးအခင်းအကျင်းသစ်တွင် အရေးပါသောနေရာမှ ပါဝင်ဆွေးနွေးလိုသည်။ တခြားသော ခေါင်းဆောင်များနှင့် အုတ်ရောရောကျောက်ရောရော ဆွေးနွေးရသည်ကို ဘဝင်မကျသည်မှာ ထင်ရှားသည်။ ယေဘုယျသဘောဆန်နေသဖြင့် အဖြေထွက်မည်မဟုတ်ဟုလည်း ထုတ်ဖော်ပြောဆိုသည်။ လေးပွင့်ဆိုင် ခြောက်ပွင့်ဆိုင်များကိုသာ ဆုပ်ကိုင်ထားမည်ဟုလည်း ခိုင်မာစွာ ပြောကြားသည်။

အခြေအနေများကို ချိန်ထိုးကြည့်လျှင် ခေါင်းဆောင်နှစ်ဦး၏ အထိုင်များကို ပြတ်သားထင်ရှားစွာ မြင်တွေ့နေရသည်။ သို့သော် ၎င်းတို့နှစ်ဦးလုံးတွင် ဘုံသဘောထားများ မရှိသည်တော့ မဟုတ်ပေ။ သမ္မတဦးသိန်းစိန်ရော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါ

၁) ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်တရားမျှတ၍ အေးအေးချမ်းချမ်းဖြစ်စေလိုကြသည်၊

၂) အခြေခံဥပဒေပြင်ဆင်ရေးကို ပြင်နိုင်သည်များ၊ လွယ်သည်များကို စတင်ပြင်ဆင်ပြီး ဖက်ဒရယ်စနစ်ကို အခြေခံသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို တည်ဆောက်လိုကြသည်၊

၃) နှစ်ပေါင်းခြောက်ဆယ်ကျော် အမြစ်တွယ်နေသော ပြည်တွင်းစစ်ကို အဆုံးသတ်ရန် ကြိုးပမ်းလိုကြသည်၊ (ပူးပေါင်းဆောင်ရွက်မှုတော့ မရှိသေးပေ)

၎) ပြည်သူလူထု လမ်းပေါ်ထွက်ကာ သွေးထွက်သံယိုဖြစ်စေမည့် လုပ်ရပ်မျိုးကို ရှောင်ကြဉ်လိုကြသည်၊

၅) နိုင်ငံတကာတွင် မြန်မာနိုင်ငံပြန်လည်မျက်နှာအောက်ကျ အထီးကျန်ရမည့်အဖြစ်များ မရောက်ရှိလိုကြပေ၊

၆) အာဏာပြန်မသိမ်းရန် အတတ်နိုင်ဆုံး (ကိုယ့်နည်းကိုယ့်ဟန်ဖြင့်) ကြိုးပမ်းဆောင်ရွက်လိုကြသည်။

ထို့ပြင် ၎င်းတို့နှစ်ဦးလုံး၏ သက်ဆိုင်ရာ အုပ်ချုပ်မှုတာဝန်များတွင်လည်း အားနည်းချက်ကိုယ်စီ ရှိနေကြသည်။ သမ္မတဦးသိန်းစိန်မှာ လက်ရှိနိုင်ငံတော်အုပ်ချုပ်ရေးယန္တရား၏ အခေါင်အချုပ်ဖြစ်ပြီး အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်၍ ဝေဖန်ခံနေရသလို ဒေါ်အောင်ဆန်းစုကြည်ကလည်း ပွင့်လင်းလာသော အခြေအနေတွင် ၎င်း၏ NLD ပါတီတွင်း စနစ်ကျသော၊ စည်းကမ်းရှိသော၊ ဗျူဟာမြောက်သော၊ ခိုင်မာသော ဖွဲ့စည်းပုံကို မတည်ဆောက်နိုင်သောကြောင့် ဝေဖန်ခံရမှုများ ရှိသည်။ ဦးသိန်းစိန်ကိုယ်တိုင်တွင် ၎င်း၏အစိုးရအဖွဲ့အတွင်း အမာဂိုဏ်းဝင်များကို ထိန်းချုပ်၍ မရနိုင်သလို ဒေါ်အောင်ဆန်းစုကြည်မှာလည်း ၎င်းပါတီအတွင်း တရားသေသမားများကို ချုပ်ကိုင်နိုင်စွမ်း သိပ်မရှိပေ။

အထက်ကဆိုခဲ့ပြီးသည့်အတိုင်း လက်ရှိမြန်မာ့နိုင်ငံရေးတွင် အရေးကြီးသော နိုင်ငံရေးဆုံးဖြတ်ချက်များအား ချမှတ်နိုင်စွမ်း ချမှတ်နိုင်ခွင့်ရှိသည့် နေရာကို ရယူပိုင်ဆိုင်ထားကြသော ခေါင်းဆောင်နှစ်ဦးလုံးတွင် ဘုံသဘောထားများ၊ ကွဲလွဲသောသဘောထားများ၊ အားနည်းချက်များကိုယ်စီရှိကြသည်။ ကမ္ဘာပေါ်မှ မည်သည့်ခေါင်းဆောင်မှလည်း ပြည့်စုံကောင်းမွန်သည်ဟူ၍ ရှိနိုင်မည် မဟုတ်ပေ။ မြန်မာ့နွေဦးဟု ဝိဂြိုဟ်ပြုကြသော ၂၀၁၁ နှောင်းပိုင်းမှ ၂၀၁၂ တစ်နှစ်လုံး၌ အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံများက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို အားကျခဲ့ဖူးကြသည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ် တရားဝင်ပြန်တက်လာသည့်အခါ နိုင်ငံတကာအသိုင်းအဝိုင်းအားလုံးက မြန်မာ့ခေါင်းဆောင်များ၏ သဘောထားကြီးမှု၊ ပူးပေါင်းဆောင်ရွက်နိုင်မှုအပေါ် အမှတ်ပေးခဲ့ကြသည်။ သို့သော်လည်း မြန်မာနိုင်ငံကား နိုင်ငံရေးမိုးသက်မုန်တိုင်းကြားက အပြီးတိုင်ရုန်းထွက်နိုင်ခြင်း မဟုတ်ပေ။ ၂၀၁၃၊ ၂၀၁၄ နှစ်များတွင် အောင်မြင်မှုများရှိသလို ဂိုဏ်းဂဏအကွဲများဖြင့် တရားသေဝါဒပြန်လည်ခေါင်းထောင်လာသည်။ အစွဲကြီးသော မြန်မာ့နိုင်ငံရေး မိုးသက်မုန်တိုင်းက သဘောထားပျော့ပြောင်းသည်ဟု သတ်မှတ်ခံထားရသော ခေါင်းဆောင်များကိုပင် သဘောထား တင်းမာသည့်အခြေအနေသို့ တွန်းပို့လာသည်။

ယခု ၂၀၁၅ ဝင်ပြီဖြစ်သည်။ မြန်မာ့နိုင်ငံရေး၏ အရေးအကြီးဆုံး အလှည့်အပြောင်းကို ဖော်ဆောင်ရတော့မည့် နှစ်ကို ရောက်ရှိလာပြီဖြစ်သည်။ ဤနှစ်တွင် ခေါင်းဆောင်များ၏ ဆုံးဖြတ်မှုမှာ အလွန့်အလွန် အရေးကြီးလာသည်။ တစ်ချက်မှ အထိအရှမခံ။ မြန်မာနိုင်ငံ၏ ကံကြမ္မာသည် ခေါင်းဆောင်နှစ်ဦး၏ လက်ထဲတွင် ရှိသည်ဟု ဆိုချင်သည်။ စင်္ကာပူနိုင်ငံ၏ ဖခင်ကြီးဖြစ်သော လီကွမ်ယုစကားနှင့် ပြောရလျှင် “အတူအလုပ်တွဲလုပ်ရန်အတွက် တစ်ယောက်နှင့် တစ်ယောက် ချစ်နေစရာမလို” ပေ။ မြန်မာနိုင်ငံအကျိုးကို ရှေ့ရှုသည့် ခေါင်းဆောင်နှစ်ဦးလုံးသည် မြန်မာ့နိုင်ငံရေးမိုးသက်မုန်တိုင်းထဲတွင် ရှင်သန်နိုင်စေရန် အတူအလုပ်တွဲလုပ်ကြရန် မဖြစ်မနေလိုအပ်ပါသည်။ 

၂၀၁၅ ကိုအေးအေးညောင်းညောင်းဖြတ်သန်းပြီး ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို တည်ဆောက်ဖို့အတွက် မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင် ဦးသိန်းစိန်သည်လည်း မရှိမဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်သည်လည်း ချန်ရစ်ထား၍ မရသော အလွန်အရေးကြီးသည့် ခေါင်းဆောင်နှစ်ဦးပင် ဖြစ်သည်။ သူတို့နှစ်ဦး မတူသည့်အမြင်များ ဘေးဖယ်၍ နိုင်ငံအကျိုးအတွက် ဘုံသဘောထားများကို ဖော်ဆောင်ရန် လိုအပ်သည်။ အပွင့်ဆိုင်များ အပြန်အလှန် တင်နေကြရန်မလိုပါ … ဆုပ်ကိုင်ထားကြရန်လည်း မလိုပါ … မြန်မာ့နိုင်ငံရေးအတွက် အဖြေသည် ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မည်ကဲ့သို့ အလုပ်တွဲလုပ်မည်ဆိုသည့်အပေါ်တွင် တည်မှီနေပါသည်။



Tha Khin 

ရေမြေခြားလျှက် ကျောက်ဆူးနှစ်လက် အပိုင်း(၁၃)

$
0
0


===================
မိုးယံထက်တစ်ယောက် နာကျင်စွာအော်ဟစ်လိုက်မိသည်။ ပန်းရောင်စာအိတ်လေးကို
ကျစ်ကျစ်ပါအောင်ကိုင်ထားရင်း မျက်ရည်များလိမ့်ဆင်းလာသည်. . သူမရေးထားသည်
က.....။


“ယံ”
ယံဒီစာကိုဖတ်နေချိန်မှာတော့ ကျွန်မအဝေးကြီးကို မရောက်သေးဘူးလို့ထင်တာပါပဲ ယံ။
ကျွန်မသင်္ဘောရဲ့ ပဲ့ပိုင်းကိုလှမ်းကြည့်လိုက်ပါ..။ မျက်ရည်တွေနဲ့အတူ သူ့ရဲ့အသည်းနှလုံးကို
မြန်မာနိုင်ငံမှာထားခဲ့ရတဲ့ Ying ဆိုတဲ့ ကောင်မလေးတစ်ယောက်ရပ်နေပါတယ်။ ယံတို့နိုင်ငံ
ယဉ်ကျေးမှုအရ မိန်းကလေးတစ်ယောက်ကနေ ယောက်ျားလေးတစ်ယောက်ကိုချစ်တယ်လို့
စပြောတာမသင့်ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် ပြောလိုက်ပါရစေ ယံကို ကျွန်မချစ်တယ်။
မြင်မြင်ချင်းအချစ်တော့မဟုတ်ခဲ့ပါဘူး..။ ဗိုလ်ချုပ်ဈေးမှာ ယံ ကျွန်မကို မြန်မာလိုပြောတုန်းက
ယံရဲ့ မျက်လုံးတွေက ကျွန်မကို ရင်ခုန်လှုပ်ရှားစေခဲ့တယ်..။ အဲဒီအချိန်ကနေ စချစ်တယ်လို့
ပြောရမှာပဲယံ..။ ယံကို အခန်းအလည်ခေါ်တဲ့ညက ကျွန်မ ကျွန်မရဲ့ အခန်းဖော်တွေနဲ့ ကိုရီးယား
လိုပြောနေတာကို သတိထားမိမှာပေါ့။ အဲဒါ သူတို့ကို ယံနဲ့ ကျွန်မကို တွဲစပေးဖို့ ပြီးတော့ကျွန်မ
လိုက်ရိုက်ရင် အခန်းထဲကနေထွက်ပေးဖို့ ပြောနေတာပါ။ ယံ ကျွန်မအပေါ်ခံစားချက်မရှိဘူး
ဆိုတာ ကျွန်မအဲဒီမှာပဲသိခဲ့ရပါတယ်။ ကျွန်မ အ၀တ်လဲနေတုန်း နောက်လှည့်နေတာ ယံမြင်နိုင်
မှန်းသိပါတယ်။ ဒါပေမယ့် ယံရယ်...ယံက ကျွန်မအပေါ်ခံစားချက်မရှိဘူးဆိုတာ သိသွားအောင်
လိုလုပ်မိသလိုဖြစ်သွားတယ်..။ ယံက မျက်လုံးတောင်ဖွင့်မကြည့်ခဲ့ဘူးလေ။

အဲဒီညက လီ လာပြောတယ်။ ယံ က ကျွန်မကို စိတ်ဝင်စားနေတယ်တဲ့။ ကျွန်မဘယ်
လိုယုံနိုင်မှာလဲ ယံရယ်။ ဒီလိုအခွင့်အရေးပေါင်းများစွာပေးတာတောင် တချက်မှလှည်မကြည့်
တဲ့သူက ကျွန်မကိုစိတ်ဝင်စားတယ်ဆိုတာ ဘယ်လိုယုံရမှာလဲ။ နောက်တနေ့ ကားပေါ်တက်
တော့ ကျွန်မတက်လာလာခြင်း ကားချက်ချင်းပြောင်းခဲ့တယ်နော်။ ကျွန်မသိပါတယ် ကျွန်မနဲ့
အတူတူ တစီးထဲမစီးချင်လို့ဆိုတာ။ ကွန်မန်ဒါယန် နဲ့ လီ ဘယ်လိုပြောပြော ကျွန်မ မယုံနိုင်ခဲ့
ပါဘူး ယံရယ်။ မြို့တော်ခန်းမမှာ ယံ ကျွန်မနဲ့ လီကိုလိုက်ပို့တော့ ကျွန်မအရမ်းပျော်ခဲ့ရပါတယ်
ကျွန်မကို ချွေးသုတ်ပေးတဲ့ ကြင်နာယုယမှုတွေက ကျွန်မကို အတိုင်းမသိပျော်ရွှင်စေခဲ့တာပါ။
ကျွန်မပိုက်ဆံလဲချင်တယ်ဆိုတုန်းက ဖုန်းတွေအများကြီးဆက်ပြီး ပူပန်နေတဲ့ ယံမျက်နှာက
ကျွန်မအတွက်တော့ အားဆေးတစ်ခွက်ပါ ယံ။ ယံ ကျွန်မကို အရမ်းဂရုစိုက်တယ်ဆိုပြီးအရမ်း
ပြောခဲ့ရတာပါ။ ဒါကြောင့် ကျွန်မ ယံ စိတ်တိုင်းကျနေပါ့မယ်လို့ စိတ်ဆုံးဖြတ်ပြီး ယံ သွားချင်
တဲ့နေရာသွားဖို့ပြောခဲ့တာပေါ့..။ အမှန်တိုင်းဝန်ခံရရင် ယံ ကျွန်မကို ဟိုတယ်တခုခုကိုခေါ်
သွားလိမ့်မယ်လို့ မျှော်လင့်ခဲ့တာပါ။ ဒါပေမယ့် ယံခေါ်သွားတာက ပန်းခြံကိုလေ..။ သာယာ
လှပတဲ့ လျှောက်လမ်းလေးပေါ်ကို စတက်တော့ ဒီမှာ ယံကျွန်မကို ချစ်ရေးဆိုမလို့လားဆိုပြီး
တိတ်တခိုး ပျော်ရွှင်ခဲ့ရတာပါယံ...။ ဒါပေမယ့် Chun တို့ရောက်လာပြီး အကူအညီတောင်း
တဲ့ချိန်မှာ ယံ ပျာပျာသလဲ ကူညီပေးခဲ့တယ် လူတွေအများကြီးကို ရင်ဆိုင်ဖြေရှင်းခဲ့တော့မှ
ယံက တာဝန်အရ လုပ်နေတယ်ဆိုတာ သိလိုက်ရတာ။ ယံ အတွက်တော့ ကျွန်မက ၀န်ထုပ်
ဝန်ပိုးတစ်ခုဖြစ်နေမှာပေါ့။

ဒါကြောင့် ယံကို တာဝန်အရလားလို့ မေးခဲ့တာပါ။ ယံ အဆင်ပြေအောင်ဖြေခဲ့ပေမယ့် တာ
ဝန်ကြောင့်ဆိုတာ သိပါတယ်။ ဒါကြောင့် အနဲဆုံး ယံ ကိုအနမ်းလေးတစ်ပွင့်လောက်ပေး
လိုက်ချင်လို့ ကြမ်းအပေါက်ကို မြင်နေရဲ့သားနဲ့ တမင်နင်းပြီးလဲချင်ယောင်ဆောင်ခဲ့တာပါ။
ကျွန်မရည်ရွယ်ချက် မအောင်မြင်ခဲ့ပေမယ့် ယံရဲ့ အနမ်းလေးကို ရရှိခဲ့တဲ့အတွက် တန်ပါ
တယ် ယံ။ အဲဒီအနမ်းလေးကို ထာဝရ သိမ်းထားမှာပါ..။ အဲဒီနေ့က လက်ကျန်တနေ့လုံး
ပျော်ရွှင်ခဲ့ရပါတယ် ယံ။ အခု ဒီစာနဲ့ ပါတဲ့ဘူးလေးထဲမှာ အဲဒီနေ့က၀ယ်လာတဲ့ ဆွဲကြိုးလေး
ရယ် ကျွန်မကို ကိုယ်စားပြုတဲ့ Ying တံဆိပ်အနက်ကလေးရယ်ပါပါတယ်။ တကယ်လို့သာ
ယံ ကျွန်မကိုယ်စား အဲဒီတံဆိပ်လေးကို ရင်ဘတ်နဲ့အနီးဆုံးဖြစ်အောင် ဆွဲပေးထားရင်
ကျွန်မအရမ်းပျော်မိမှာပါ။ ကျွန်မဆီမှာတော့ ဆင်တူဆွဲကြိုးနဲ့ Yan တံဆိပ် အဖြူရောင်လေး
ပါပါတယ်။ ကျွန်မသေသည်အထိ... ဒီဆွဲကြိုးလေးကိုဆွဲသွားမှာပါ ယံရယ်။ အဲဒီနေ့က
အပြန်လမ်းမှာ အရမ်းတိတ်ဆိတ်နေတယ်နော်...။ ကျွန်မကို လိုက်ပို့ပေးရလို့ အရမ်းပင်ပန်း
နေပီဆိုတာ ကျွန်မသိပါတယ်။ နောက်တနေ့ပြန်ဆုံခွင့်လေး ရဖို့ ကျွန်မဆုတောင်းခဲ့ရတာပါ
ကံတရားဆိုတာကို မယုံခဲ့ပေမယ့် ဒီတခါကိုတော့ အရမ်းကျေးဇူးတင်ခဲ့ပါတယ်။ ကျွန်မတို့
ထပ်ဆုံခွင့်ရခဲ့သလို လီကို အကူအညီတောင်းခဲ့လို့ ကားတစီးထဲလိုက်ခွင့်ရခဲ့ပါတယ်။ ကျွန်မ
တလမ်းလုံး ယံ ကို မှီပြီးလိုက်လာခဲ့ပေမယ့် ယံ က စကားလေးတစ်ခွန်းတောင်မပြောတော့
ဘူးနော်။ ယံရှင်းပြလို့ မီးအိမ်ရှင်ဆိုတဲ့ သီချင်းလေးကို သိလိုက်ရချိန်မှာ ယံ ကျွန်မကိုဆိုပြ
တာ အရမ်းလိုချင်ခဲ့တာပေါ့...။ ဒါကြောင့် ယံကို အဲဒိသီချင်းကို ဆိုချင်တယ်လို့ပြောခဲ့တာပါ
ကျွန်မ ယံသီချင်းဆိုတာလေးကို အသံသွင်းထားပါတယ်။ စိတ်မဆိုးပါနဲ့နော်..။ယံ ကျွန်မကို
သနပ်ခါးဆိုတာ လိမ်းပေးတုံးက ကျွန်မအရမ်းပျော်ခဲ့တာပါ... ဖြစ်နိုင်ရင် တစ်သက်လုံး အဲ
လိုလေ လိမ်းပေးတာခံရရင် သိပ်ကောင်းမှာပဲလို့လဲ တွေးမိတယ်။ မဖြစ်နိုင်မှန်းသိပေမယ့်
လဲပေါ့ ယံရယ်။ ကျွန်မ သနပ်ခါးလူးပေးထားတဲ့ကောင်မလေးကို အရမ်းလဲသနားမိသလို
ယံနဲ့ အတူမွေးစားပြီး မိသားစုလေး ဘ၀ထူထောင်ချင်ခဲ့မိတဲ့။ ယံဆီက ပြန်ရတာကတော့
တာဝန်ကျေစကားတွေပဲလေ...။ အပြန်ကားပေါ်ကအဆင်းနှုတ်ဆက်တဲ့အချိန်မှာ သူများ
တွေထက် ပိုပြီးတော့ ဘာမှမပြောခဲ့ဘူးနော်။ ယံ အတွက် ကျွန်မက သာမန် ဧည့်သည်
တစ်ယောက်ပါပဲ ဆိုတာသိပါတယ်။

ယံအတွက်ဒီစာကို ကျွန်မတို့ သံအမတ်ဘေး အမြဲပါတဲ့ စကားပြန်နဲ့အတူထည့်ပေးဖို့ရေး
ထားခဲ့ပါတယ်။ လက်ပြနှုတ်ဆက်ဖို့တော့ ကျွန်မထွက်မလာခဲ့ဘူး ယံ။ ဘာလို့လဲဆိုတော့
ယံ နဲ့တဖြည်းဖြည်းဝေးကွာသွားမှာကို ခံစားနိုင်စွမ်းမရှိလို့ပါပဲ။ ယံ ရေ ကျွန်မကတော့သိပ်
မမျှော်လင့်ပေမယ့် တကယ်လို့သာ ယံ ကျွန်မကိုချစ်နေမယ်ဆိုရင် ဖေ့စ်ဘွတ်မှာ msgပို့
ထားလိုက်ပါနော် ကိုရီးယာပြန်ရောက်လို့ ဖုန်းဖွင့်ကြည့်တဲ့အခါ ယံရဲ့ ချစ်တယ်ဆိုတဲ့မက်
ဆေ့လေးကို မြင်နေပါရစေ။ မြင်ရပါစေလို့ဆုတောင်းနေပါတယ်..။

အချစ်များစွာဖြင့်
Ying

"ဒီလောက်တောင် အရသလားကောင်မလေးရယ် ငါမင်းကိုချစ်ခဲ့တာပါ မင်းနားမလည်တဲ့
မြန်မာလိုပြောခဲ့တယ်ဆိုတာ မင်းကိုချစ်တယ်လို့ပြောခဲ့တာပါကွယ်။ မင်းကို ခံစားချက်မရှိ
ခဲ့တာမဟုတ်ပါဘူး။ စည်းတစ်ခုကြောင့် ငါ့စောင့်ထိန်းခဲ့တာပါ...။ ငါ့ဘက်က ဖွင့်ပြောဖို့..
သတ္တိမရှိခဲ့လို့ မင်းဒီလိုခံစားခဲ့ရတာကိုခွင့်လွှတ်ပါကောင်မလေးရယ်"ဒီလိုတွေ တုန်ရီစွာ
ပြောနေရင်း သူမအခန်းကိုအလည်သွားတုံးက ဖုန်းနဲ့ အသံသွင်းခဲ့တဲ့ဖိုင်လေးကိုဖွင့်လိုက်
တော့ သူမအသံများ..နောက် မီးအိမ်ရှင်သီချင်းဆိုနေသံ.. နောက်တော့ တနေ့လုံးသူမနဲ့
ပြောထားဆိုထားသမျှတွေကို အသံသွင်းထားတဲ့ဖိုင်တွေ ဒါတွေဟာ အမှတ်တရအဖြစ်
တဖက်သတ်အဖြစ် ချစ်နေခဲ့ဖို့ ပြင်ဆင်ခဲ့တာဆိုတာ သူမအသိနောက်ကျသွားခဲ့သည်လေ။
မိုးယံထက် အင်တာနက်အမြန်ဖွင့်ပြီး သူမအကောင့်ကို "I love You"ဆိုတဲ့စကားလုံးလေး
ကို အမြန်ပို့လိုက်သည်။တုန်ရီနေသော သူ့လက်များကြောင့် ဖုန်းကမငြိမ်။ ခဏကြာတော့
seen ဆိုတဲ့စာသားလေး..တက်လာသည်။ သူမမြင်သွားပြီပေါ့... ဟောစာရိုက်နေပြီ

"ယံ လား"

"ဟုတ်တယ် Ying ယံပါ"

"ငါ လီပါ ယံ"

"ဟမ် ဘယ်လို"

"Ying အခုမူးလဲသွားလို့ ဆေးခန်းမှာ.. သူမင်းစာကိုမြင်သွားတယ် ဒါကြောင့် အပျော်လွန်
သွားလို့ပါ.. ကွန်ဂရက်ကျူလေးရှင်ပါ ယံ"

"ကျေးဇူးလီ သူ့ကိုတကယ်ချစ်တာပါ ဆိုတာကို သေချာရှင်းပြလိုက်ပါ လီ"

"စိတ်ချပါ.. ဆီးယူ"

"ဆီးယူ လီ"

ဟေး ခနဲအော်ပြီး ခုန်လိုက်မိလောက်အောင် မိုးယံထက် ပျော်ရွှင်သွားသည်။ ဘေးနားက
ကိုဇေယျာမင်းကတော့ လက်သီးဆုပ်နှစ်ခုကို ခေါင်းတွင်ကပ်ခါ "ကူ့ကူး ကူ့ကူး"ဆိုပြီးတော့
ဘယ်ညာ အ၀တ်ဆွဲသလိုဆွဲပြနေသည်။ အဆံချောင်သွားရှာပြီဟူသော သဘောပေါ့ ခုပဲ
ငိုသည် ခုပဲ ကြေကွဲစွာအော်သည် ခုပဲ ပြုံးသည် ခုပဲ ပျော်ရွှင်စွာထခုန်သည်ဆိုတော့ မလွန်လှ။
ဘူးလေးကိုဖွင့်၍ ဆွဲကြိုးလေးကိုထုတ်ဆွဲလိုက်သည်။ အိုကေ Ying ဆိုသော သူမရင်ဘတ်နှင့်
အနီးဆုံးနားတွင် ထားရှိခွင့်ရပြီ။ ပျော်ရွှင်မြူးတူးစွာဖြင့် အဆောင်ပြန်သွားသော မိုးယံထက်တစ်
ယောက် သူတို့နှစ်ယောက်၏ ဘ၀လမ်းကြောင်းတွင် မုန်တိုင်းများစွာရင်ဆိုင်ရတော့မည်ဆိုတာ
ကိုတော့ မသိနိုင်သေးပါတကား ..............။




ဗိုလ်လေးဘ၀ အမှတ်တရများ (၄)

$
0
0



(၁၀)

ကျွန်တော်တိုနှစ်ယောက် ရောက်သွားတဲ့ တောင်ကြောရန်သူရှေ့ ခံစစ်စည်းမြေအနေအထားဟာ ခွန်နှစ်စဉ်ကြယ်(ရေမှုတ်ပုံ) နဲ့ပုံသဏ္ဌန်ဆင်ပါတယ်။ ဘယ်ဘက်ကုန်းထိပ်က (ဂ) ပုံကွေးလာပြီးညာဘက်ကို ဖြောင့်ဆင်းလာပါတယ်။ ရန်သူခံစစ်ကြောင်းကလဲ တောင်ကြောအတိုင်း လိုက်ယူထားတာပါ။ ကျွန်တော်တို့နှစ်ယောက် ရောက်သွားတဲ့နေရာက ဘယ်ဘက် (ဂ) ပုံနဲ့ ညာဘက်ခြမ်း အဖြောင့်အနီး အကွေးအတွင်း ဆက်သွယ်ရေးမြောင်း ထိပ်မှာပါ။ သစ်ပင်ဝါးရုံတွေ ထူထပ်စွာပေါက်နေတဲ့ နေရာဖြစ်ပါတယ်။ ဒုတပ်စိတ်မှုးဟာ ဆက်သွယ်ရေးမြောင်းထိပ်နဲ့ ကပ်လျက်ဝါးရုံနောက်မြေပြင်မှာ မှောက်လျက် အသင့်နေရာယူ ထားပါတယ်။ ကျွန်တော်က သူရဲ့ညာဘက် နောက်တစောင်း (၁၅) ပေလောက်မှာရှိနေပြီး ကျွန်တော့်ညာဘက် ရှေ့ မှာတော့ ကတုတ်ဘန်ကာတစ်ခု ရှိနေပါတယ်။


တစ်ခုကံကောင်းတာကတော့ ဘယ်ဘက်ကုန်းထိပ် (ကျွန်တော်တို့ရဲ့နောက်ကိုရောက်နေတဲ့) ရန်သူဟာ ရှေ့ကိုသာ အာရုံထားပြီး သူ့ရဲ့ဘယ်ဘက်မှာ သူ့တပ်တွေရှိ နေလို့ အလေးမထားသလို ကျွန်တော့်ညာဘက် အနီးကပ် ဘန်ကာကလဲ သူရဲ့ဘယ်ဘက်နဲ့ အရှေဘက်ကိုသာ အဓိကထားလို့ လောလောဆယ်တော့ ကျွန်တော်တို့အတွက် အသက်ရှချောင် နေပါသေးတယ်။

ကျွန်တော်လည်း ဒုတပ်စိတ်မှုးလိုဘဲ မြေပြင်မှာမှောက်ပြီး လက်ထဲက ကာဘိုင်သေနတ်ကို အသင့်ပြင် ထားပါတယ်။ ပြန်ဆုတ်သွားတဲ့ တပ်ခွဲနဲ့ စစ်ကြောင်းကလဲ အခြေပြုနေရာကနေ ပြန်ပစ်နေကြပြီး တဖက်နဲ့တဖက် အပြန်အလှန်ပစ်နေကြပါတယ်။ ကျွန်တော်တို့နှစ်ယောက်ဟာ အခုအချိန်မှာရန်သူ့ကျည်မ ကြောက်ရဘဲ နောက်ကပစ်နေတဲ့ မိမိစစ်ကြောင်းရဲ့ လက်နက်ကြီး လက်နက်ငယ်ကျည်မျိုးစုံကိုသာ ကြောက်နေရပါတော့တယ်။ နောက်နားမှာ ဗုံးသီးတစ်လုံးကွဲတိုင်း ပြားနေအောင်တစ်ခါဝပ်လိုက်နဲ့ သစ်ရွက်ခြောက်တွေတောင် တစ်ကိုယ်လုံးဖုံးနေသလောက် ဖြစ်နေပါတယ်။

ခနအကြာမှာတော့ နှစ်ဘက်ပစ်ခတ်သံတွေ ရပ်သွားပြီး သေနတ်သံတွေ တိတ်ဆိတ်သွားပါတယ်။ ရန်သူ တွေဟာ ဆက်သွယ်ရေးမြောင်းတလျှောက် ရေးကြီးသုတ်ပြာ အသံတွေနဲ့ ပြောနေကြပါတယ်။ အသံတွေက ကျွန်တော်တို့ဘယ်ဘက် နောက်ကနေ ခံစစ်စည်းအတိုင်း ဆက်တိုက် အော်ပြောနေကြတော့ ကျွန်တော်တို့ရဲ့ အနောက်ဘက် ဘယ်ဘက်ခြမ်းကနေ ကျွန်တော်တို့ရဲ့ အရှေ့ဘက်ညာဘက် တောက်လျောက်ဆက်တိုက် ပတ်ချာလည် အသံတွေဝိုင်းနေလို အရှင်ဝိုင်းဖမ်းဖို့ ၀ိုင်းတာလားလို့ ထင်ရပါတယ်။ ကရင်စကားနဲ့  အော်ပြောနေကြတဲ့အပြင် စကားဝှက်လိုတွေဖြစ်တော့ ဘာတွေမှန်း ကွဲကွဲပြားပြားမသိရပါဘူး။

ဒုတပ်စိတ်မှုးဟာ တိုက်ပွဲအတွေ့အကြုံရှိသူဖြစ်ပြီး သူ့မျက်နှာမှာ ကြောက်ရွှံပူပန်မှု မတွေရဘဲ တည်တည် ငြိမ်ငြိမ်ဖြစ်နေလို့ နဲနဲစိတ်အေးရပါတယ်။ သူကရှေ့ ကို မေးငေါ့ပြပြီး တက်မယ့်ဟန်အမူအရာပြပါတယ်။ သူ့စိတ်ထဲမှာ ရန်သူ့ဆက်သွယ်ရေးမြောင်းထဲ ခုန်ဆင်းပြီး အကုန်ပစ်ခတ် အသေခံဖို့ ဆုံးဖြတ်ထားပုံရပါတယ်။ သူ့ မှာပါတဲ့ ဘီအေ (၆၄) စက်ကလေးဟာ ပစ်အားကောင်းလို့ တော်တော်အားကိုးရနိင်ပါတယ်။ သူက ကျွန်တော့်မျက်နှာကြည့်ပြီး ကျွန်တော်ဆုံးဖြတ်တဲ့အတိုင်း လုပ်မယ်ဆိုတဲ့သဘောပြပါတယ်။ ကျွန်တော်လည်း နည်းလမ်းမျိုးစုံ စဉ်းစားရပါတော့တယ်။

ဒုတပ်စိတ်မှုးလုပ်ချင်သလို အတင်းဝင်ပစ်ပြီး မထူးဇာတ်ခင်းအသေခံမလား။ ဒီအတိုင်းနေပြီး ၀ိုင်းဖမ်းရင် အရှင်အဖမ်းခံမလား။ အဖမ်းမခံချင်ရင် ကိုယ့်ဖာသာသတ်သေမလား။ အတင်းပစ်ခတ်ပြီး နောက်ဆုတ်မလား။ စိတ်ကြိုက်နည်းလမ်းတစ်ခုမှ မတွေးနိင်ဘဲ နာရီကြည့်လိုက်ချိန်မှာ နေလည်နှစ်နာရီခွဲ (၁၄း၃၀) နာရီတိတိပါ။ ကျွန်တော့်နောက် (၂၅) ကိုက်လောက်ဆုတ်ပြီး တောင်စောင်းလျိုထဲ လှိမ့်ဆင်းလိုက်နိင်ရင် လွတ်နိင်ပါတယ်။ နောက်ဆုံးတော့ ရန်သူအတင်းဝင်ဖမ်းရင်လဲ ရသလောက်ခုခံပြီး အရှင်အဖမ်းမခံဘဲအ သေခံသွားမယ်။ ဒီအတိုင်းဆိုရင်လဲ ညမှောင်တဲ့အချိန်ထိ စောင့်ပြီး တိတ်တဆိတ် ဆုတ်ခွာမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

ကျွန်တော်တို့နှစ်ယောက် ကျန်ခဲ့တာသိသိချင်း တပ်စုတပ်ကြပ်ကြီးဟာ တပ်စုမှာ ဒဏ်ရာမရဘဲ ကျန်တဲ့သူတွေစုပြီး ချီတက်ရာလမ်းအတိုင်း ပြန်လာကာ ကျွန်တော်တို့ အသက်ရှင်ရက်ရှိနေ သေးရင် ပြန်ဆုတ်နိင်အောင် ရည်ရွယ်ချက်နဲ့ အမ် (၇၉) လောင်ချာနှစ်လက်နဲ့ ရှိသမျှဗုံးသီးအကုန် စုပစ်ပေးပါသေးတယ်။ သူ့ရည်ရွယ်ချက်ကောင်းပေမယ့် ပစ်လိုက်သမျှ ဗုံးသီးအားလုံးနီးပါး ကျွန်တော်တို့ရဲ့ နောက်ဆုတ်လမ်းတည့်တည့်မှာ အဆက်မပြတ် ကျပေါက်ကွဲနေလို့ ခေါင်းပေါ်တည့်တည့် မကျဖို့ဘဲ ဆုတောင်း နေရပါတော့တယ်။ ဒီလိုနဲ့ ပစ်ခတ်သံတွေ ငြိမ်သက်သွားပြန်ပြီး နှစ်ယောက်သား မြေပြင်မှာ ပြားပြားဝပ်လို့ ညမှောင်ချိန်ကို စောင့်ရပြန်ပါတော့တယ်။  မှောင်ချိန်အထိ (၃) နာရီကြာလောက် မလှုပ်မယှက် စောင့်ခဲ့ရတဲ့ အချိန်ဟာ မကုန်ဆုံးနိင်လောက်အောင် ရှည်လျားလှပါတယ်။ မှတ်မှတ်ရရ ပြည်ထောင်စုနေ့မှာ ပြည် ထောင်စုသားချင်း သဲသဲမဲမဲတိုက်ကြပြီး အသက်ရှင်ဖို့  မျှော်လင့်ချက်မှိန်မှိန်လေးအတွက် ရုန်းကန်ဖို့ အလင်းရောင်မှိန်ဖျော့ချိန်ကို မကုန်ဆုံးနိင်တော့တဲ့ အချိန်တွေအဖြစ် စောင့်ခဲ့ရတဲ့ အဖြစ်ဟာ ဘယ်လိုမှမ မေ့နိင်တဲ့ အမှတ်တရ တစ်ခုပါပဲ။ ။

(၁၁) 

ကတိုင်တိတိုက်ပွဲရဲ့ (၅) ရက်မြောက်နေ့ဖြစ်တဲ့ ပြည်ထောင်စုနေ့ ညနေစောင်းတလျှောက်လုံး ကတိုင်တိ စစ်မြေပြင်တ၀ှမ်းမှာ ပစ်ခတ်သံတွေအားလုံး ထူးထူးခြားခြား တိတ်ဆိတ်နေပါတယ်။ နေ့ရက်ရှည်ကြာ ပင်ပန်းဆင်းရဲမှု အစားပြတ်ရေငတ်ခဲ့ရမှုတွေကြောင့် တိတ်ဆိတ်ငြိမ်သက်မှုတွေကြား (ချက်ခြင်းအသက် သေသွားနိင်တဲ့ အခြေအနေဖြစ်ပေမယ့်) ကျွန်တော်ဟာ ငိုက်မျဉ်းသွားခဲ့ပါသေးတယ်။ အိပ်မက်ဆိုးတွေလို မက်ပြီး လန့်နိးချိန်မှာ လက်ရှိဖြစ်နေတဲ့ အခြေအနေကို တော်တော်စဉ်းစားယူရပါတယ်။ ဒီအချိန်ထိ ကျွန်တော်တို့စောင့်မျှော်နေတဲ့ မှောင်စအချိန် မရောက်သေးပါဘူး။ ဒုတပ်စိတ်မှုးကို လှမ်းကြည့်တော့ ပုံမှန်အတိုင်း တွေ့နေရပါတယ်။ တမှေးငိုက်ပြီးလို့ ခေါင်းကြည်ကြည်လင်နဲ့ စဉ်းစားလိုက်တော့ ဒီနေ့မှာသေလူအဖြစ် သတ်မှတ်ထားပြီးဖြစ်လို့ ဒိထက်ပိုပြီး ဆိုးစရာမရှိသလို ခုအချိန်အထိ ဘာမှမဖြစ်သေးလို့ လွတ်မြောက်မယ်လို့ ယုံကြည်လာပါတယ်။ ဒီယုံကြည်ချက်နဲ့အတူလူလည်း အားပြည့်လန်းဆန်းလာသလို ခံစားရပါ တယ်။

ကျွန်တော်တို့  ရှည်ကြာစွာစောင့်မျှော်ခဲ့ရတဲ့  မှောင်စပျိုးချိန်မှာတော့ ကျွန်တော်ရဲ့ ဘယ်ဘက်ရှေ့ တစောင်းမှာရှိနေတဲ့ ဒုတပ်စိတ်မှုးကို စတင်ဆုတ်ခွာဖို့  အချက်ပြလိုက်ပါတယ်။ ဒုတပ်စိတ်မှုးဟာ အောက်မှာရှိနေတဲ့ သစ်ရွက်ခြောက်တွေ အသံမထွက်အောင် အတတ်နိင်ဆုံးကြိုးစားပြီး မှောက်လျက် အနေအထားနဲ့ ပဲ နောက်ကိုတဖြေးဖြေး ဆုတ်ပါတယ်။ ဒီအချိန်ဟာ အရေးကြီးဆုံးအချိန်ဖြစ်လို့ ကျွန်တော့်စိတ်ထဲမှာတော့ အသက်ရှုမိတယ်လို့  တောင်မထင်မိပါ။ ဒုတပ်စိတ်မှုး ကျွန်တော့်နောက် (၁၅) ပေလောက်ရောက်သွားပြီး အသင့်နေရာယူပြီးချိန်မှာ ကျွန်တော်စတင်ပြီး နောက်ဆုတ်ပါတယ်။ ဒီလိုတစ် ယောက်တစ်လှည့် ဆုတ်ရင်း တောင်စောင်းထိပ်အရောက်မှာ နှစ်ယောက်စလုံး လျိုထဲလှိမ့်ချလိုက်ပါ တော့တယ်။ လျိုထဲရောက်အပြီးမှာတော့ နှစ်ယောက်သား နောက်ကိုလှည့်မကြည့်တော့ဘဲ ကျွန်တော်တို့စစ်ကြောင်းရှိရာကို သုတ်ခြေတင်ပါတော့တယ်။ တော်တော်လေးမှောင်နေပြီဖြစ်လို့ စစ်ကြောင်းနား ရောက်ခါနီးထင်ရတဲ့ နေရာမှာအော်ပြီး အသံပေးပါတယ်။ ခနစောင့်ပြီး ပြန်ထူးသံမကြားရင် ရှေဆက်တိုးကြပါတယ်။

ဒီလိုနဲ့  စစ်ကြောင်းနဲ့  အဆက်အသွယ်ရပြီး ပြန်ပူးပေါင်းနိင်ခဲ့ပါတယ်။  စစ်ကြောင်းတစ်ခုလုံး ဆူညံသွားပြီး “ဗိုလ်လေးပြန်လာပြီဟေ့” လို့ ၀ိုင်းအော်ကြသံနဲ့အတူ ကျွန်တော်တို့နှစ်ယောက်ကို အလုအယက် ၀ိုင်းချီမြှောက်ကြပါတယ်။ စစ်ကြောင်းမှုးဟာ ကျွန်တော့်ကိုဖက်ပြီး မျက်ရည်တွေကျနေပါတယ်။ ကျွန်တော့်စိတ်ထဲမှာတော့ ထုံနေပြီး ဘာမှခံစားချက်မရှိသလို ဖြစ်နေရာက သူတို့ဆီက အပျော်တွေ ကူးစက်ခံစားလာရပါတယ်။ အဲဒီအချိန်က စစ်ကြောင်းတစ်ခုလုံးရဲ့ ၀မ်းသာပီတိဖြစ်မှုနဲ့ စစ်ကြောင်းမှုရဲ့ မိဘသဖွယ်ကြင်နာမှုတွေဟာ ဘယ်တော့မှမမေ့နိုင်တဲ့ အမှတ်တရတစ်ခု ဖြစ်နေပါတော့တယ်။ ။

(၁၂)

ကျွန်တော်တပ်စုကိုပြန်ရောက်တဲ့အခါ တပ်စုမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့သူ၊၊ အသက်အန္တရာယ်မစိုးရိမ်ရ ပေမယ့် ဒဏ်ရာပြင်းထန်လို့  တိုက်ပွဲမ၀င်နိင်သူတွေ စစ်ကြောင်းရုံးလူနာအဖွဲ့ မှာ ရောက်နေပြီး အနဲငယ် ဒဏ်ရာရသူတွေအပါအ၀င် တိုက်ပွဲဝင်နိင်သူအရေအတွက်ဟာ တစ်ဝက်လောက်သာ ကျန်တော့တာ တွေ့ ရပါတယ်။ တပ်စုတပ်ကြပ်ကြီးနဲ့  အတူ တပ်စုကို ဆက်တိုက်ပွဲဝင်နိင်အောင် ပြန်ပြင်ဖွဲ့ စည်းပြီးချိန် ည(၇)နာရီခွဲလောက်မှာ ငြိမ်သက်နေတဲ့ စစ်မြေပြင်တ၀ှမ်းလုံးဟာ တိုက်ပွဲသံတွေနေရာတိုင်းမှာ တပြိုင်တည်းလို ဆက်တိုက်ထွက်ပေါ်လာပါတော့တယ်။

လှိုင်းဘွဲ့ ဂွင်ဘက်ကနေ ခရီးပြင်း စစ်ကူချီတက်လာတဲ့  ခမရ(၉)စစ်ကြောင်းဟာ နေ့ ညမနားတမ်း ချီတက်ခဲ့ပြီး ကမမောင်း၊ ကတိုင်တိအကြား စစ်ကူပိတ်ဆို့ ထားတဲ့ ရန်သူနဲ့  အပြင်းအထန်တိုက်ပွဲဝင်တဲ့ တစ်ချိန်တည်းမှာ ဘော်ကြော့လည်၊ နော်ဖောထီး စစ်မျက်နှာတွေလည်း တစ်ပြိုင်တည်း တိုက်ကြပါတော့တယ်။ ညအမှောင်ထဲမှာ တစ်ဖက်နဲ့ တစ်ဖက် အပြင်းအထန် လက်နက်ကြီး လက်နက်ငယ်မျိုးစုံ ပစ်ခတ်သံတွေဟာ တိုက်ပွဲကာလ တလျှောက်လုံးမှာ အပြင်းထန်ဆုံးဖြစ်ပါတယ်။ လက်နက်ကြီး ပေါက်ကွဲသံတွေကြောင့် နားတွေအူနေပြီး မြေပြင်ဟာ ငလျင်လှုပ်နေသလို ထင်နေရပါတယ်။ ည (၁၂) နာရီလောက်မှာ ပစ်ခတ်မှုတွေ တဖြေးဖြေးကျဲလာပြီး လုံးဝတိတ်ဆိတ်သွားပါတယ်။

နံနက်စောစော အာရုဏ်တက်ချိန် တက်အရှင်းမှာ ရန်သူဟာ ခွာစစ်ဆင်ရာမှာ လုပ်ဆောင်ရမယ့် ဥပဒေသနဲ့ အညီ မနေ့ ညက အပြင်းအထန် တန်ပြန်တိုက်စစ်ဆင်ပစ်ခတ်ပြီး စံနစ်တကျ ဆုတ်ခွာသွားပြီဆိုတာ တွေ့ ရပါတယ်။ ကျွန်တော်တို့ စစ်ကျောင်းကြီးတွေမှာ သင်ခဲ့ရတဲ့ လုပ်ဆောင်ဖို့  အခက်ခဲဆုံးဖြစ်တဲ့ ခွာစစ်ကို သင်ခန်းစာမှာပါတဲ့ ဥပဒေသတွေအတိုင်း လက်တွေ့လုပ်သွားတဲ့ ရန်သူဟာ ဘယ်စစ်ကျောင်းတွေက သင်ခဲ့ပါလိမ့်လို့  တွေးနေမိပါသေးတယ်။

စစ်ကူစစ်ကြောင်းတွေအားလုံး အာရုဏ်ဦးတက်ရှင်းကြပြီး ကတိုင်တိစခန်းကို ချီတက်ကြရာမှာ ကျွန်တော်တို့ နော်ဖောထီးတိုက်ပွဲနေရာဟာ စခန်းနဲ့ အနီးဆုံးဖြစ်လို့ စခန်းကို အရင်ဆုံးပူးပေါင်းခဲ့ပါတယ်။ ကတိုင်တိစခန်း အောက်ခြေပတ်လည်မှာတော့ စခန်းတက်တိုက်တဲ့ ရန်သူတွေ တဆင့်ပြီးတဆင့် ကျင်းတူးနေရာယူ တက်ထားတဲ့ကျင်းတွေ အလောင်းတွေနဲ့ ပြည့်နှက်နေပါတယ်။ စခန်းမကျအောင် ခံစစ်ဆင်နွဲခဲ့ကြတဲ့ ခလရ (၁၉) စစ်သည်တွေရဲ့စွမ်းရည်သတ္တိကတော့ တကယ့်ကိုအံ့မခန်းပါ။ (၅) ရက်တိုင်တိုင် ကြံ့ကြံ့ ခံခဲ့ကြပါတယ်။

ကတိုင်တိစခန်းမရရင် ပြန်မဆုတ်ဘူးဆိုတဲ့ စခန်းကိုဦးစီးတိုက်တဲ့ ရန်သူကေအင်ယူ့ခေါင်းဆောင် ဖိုးမဲ (ခ) ဇော်ဝမ်းကိုယ်တိုင် စခန်းသိမ်းတိုက်ပွဲမှာ သူ့စကားနဲ့အညီ သူ့ဂုဏ်သိက္ခာအတွက် ကတိုင်တိစခန်း အောက်ခြေမှာ အသက်ပေးသွားခဲ့ပါတယ်။

ကတိုင်တိရွာ တစ်ရွာလုံး တိုက်ပွဲဒဏ်ကြောင့် စိစိညက်ညက်ကြေပြီး မီးလောင်ပြင် ဖြစ်နေပါတယ်။ ကျွန်တော်တို့ စစ်ကြောင်း ရွာထဲမှာ စခန်းချပြီး ချက်ပြုတ်စားသောက်ကြရာမှာတော့(၃) ရက်လုံးလုံး အစာငတ်ရေပြတ်ခဲ့တဲ့အတွက် လည်ချောင်းတွေ ကျဉ်းနေပြီး ဘယ်လိုမှ မျိုချလို့မရ ဖြစ်နေပါတယ်။ ရေသောက်လိုက် အစာနဲနဲရေနဲ့ မျှောချလိုက် လုပ်နေကြရပါတော့တယ်။ ရဟတ်ယာဉ်ဆင်းလာပြီး ဒဏ်ရာပြင်းထန်သူတွေကို တစ်နေကုန်သယ်ပါတယ်။ စစ်ကြောင်းအားလုံး လူလက်နက် ရိက္ခာ ပြန်လည်ဖွဲ့ စည်း ပြင်ဆင်ကြပါတယ်။

ကျွန်တော့်အတွက်တော့ ပထမဆုံး အကြိမ်ကြုံတွေ့ ရတဲ့ တိုက်ပွဲကြီး အတွေ့ အကြုံရဲ့ များပြားလှတဲ့ မမေ့နိင်စရာ သင်ခန်းစာတွေ၊ မေ့မရတဲ့ အဖြစ်အပျက်ဆိုးတွေနဲ့  အမှတ်တရရှိနေတဲ့ ကတိုင်တိတိုက်ပွဲကြီးကို အစအဆုံး ပြန်လည်တွေးတောနေဆဲ တိုက်ပွဲပြီးလို့ နားရတော့မယ်လို့ အတွေ့အကြုံမရှိသူပီပီ တွေးထင်နေဆဲမှာဘဲ (၄၄၃) ဗျူဟာနဲ့ ကျွန်တော်တို့ ခမရ (၈)၊  ခမရ (၉) တပ်ရင်းနှစ်ရင်းဟာ ဆုတ်ခွာသွားတဲ့ ရန်သူနောက် ထပ်ချပ်လိုက် စစ်ဆင်ဖို့ ကတိုင်တိမှာ တစ်မနက်သာနေလိုက်ရပြီး နေ့လည်ဖက်မှာ ယွန်းစလင်းချောင်းကိုဖြတ်လို့ ရန်သူဆုတ်လမ်းအတိုင်း လိုက်စစ်ချီတက်ကြရပါတော့တယ်။ ။



အလယ်အလတ်သဘောထားရှင်တို့ အောင်ပါစေ

$
0
0





အလယ်အလတ်သဘောထားရှင်တို့နှင့်သဘောထားတင်းမာသူ အစွန်းရောက်တို့ တိုက်ပွဲတွင် မည်သူအောင်နိုင်မည်နည်းဆိုသည့် မေးခွန်း၏အဖြေက  ယနေ့မြန်မာနိုင်ငံ၏ အနာဂတ်ကို ဆုံးဖြတ်လိမ့်မည်။


မည်သည့် institution သည်သဘောထားတင်းမာသည့် institution ဟု တပ်အပ်မပြောနိုင်ပါ။ အစိုးရ၊ NLDနှင့် ၈၈မျိုးဆက်၊တပ်မတော်၊ USDP၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ပြည်ပရောက်အတိုက်အခံများ စသည့် institution တိုင်းတွင် သဘောထားတင်းမာသူနှင့် အလယ်အလတ်သဘောထားရှိသူတို့နှစ်မျိုးလုံး ရှိမြဲဖြစ်သည်။ သဘောထားတင်းမာသူတို့ အရာရောက်ကြီးစိုးနေပြီးအလယ်အလတ်သဘောထားရှင်တို့ ချောင်တစ်ချောင်တွင် ခပ်ကုပ်ကုပ် နေရလျင် ထိုအဖွဲ့အစည်းသည်သဘောထားတင်းမာသည့် အဖွဲ့အစည်းဟုဆိုနိုင်သည်။

သဘောထားတင်းမာသူတို့သည်နိုင်ငံရေး၊ အယူဝါဒ အစွန်းရောက်ကြသည်။ ‘with us or against us’  “ငါနှင့်မတူ ငါ့ရန်သူ” သဘောထားရှိသည်။ စကားပြောဆိုခြင်း၊စေ့စပ်ညှိနှိုင်းခြင်းကို မသုံးလို။ အင်အားကိုသာ သုံးလိုကြသည်။ ထိပ်တိုက်ရင်ဆိုလိုကြသည်။ ဓားကြိမ်းကြိမ်းတတ်ကြသည်။ သဘောထားမတိုက်ဆိုင်သူတို့ကို“ကျူပင်ခုတ်ကျူငုတ်မကျန်” အပြတ်ရှင်းလိုကြသည်။ “တူဖြစ်လျင်ခံ၊ ပေဖြစ်လျင်နှံ” ကြမည့်သူများဖြစ်သည်။

အလယ်အလတ်သမားတို့သည် အစွန်းမရောက်မျှတသော သဘောထားရှိသည်။ သဘောထားမတိုက်ဆိုင်ခြင်းကို ကြိုက်ချင်မှ ကြိုက်မည် ဖြစ်သော်လည်းလက်ခံသည်။ ရန်သူ၊ ပြိုင်ဘက်၊ သဘောထားမတူသူတို့နှင့် စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးလိုကြသည်။အင်အားရှိကောင်းရှိမည် ဖြစ်သော်လည်း အင်အားကို တတ်နိုင်လျင် မသုံးလိုကြ။ မနိုင်သောကြောင့်အလျှော့ပေးခြင်းမျိုးမဟုတ်ဘဲ ကိုယ်က အင်အားကြီးလျှင်ပင် အလျှော့ပေးသော သည်းခံခြင်းမျိုးဖြစ်သည်။ ပေဖြစ်သောကြောင့်ခံရသော်လည်း တူဖြစ်လျင် ပြန်မနှံမည့် သဘောထားရှင်များဖြစ်သည်။

အလယ်အလတ်ဝါဒီတို့သည် နည်းလမ်းပိုင်းတွင်ပြုလွယ်ပြင်လွယ်ရှိကြသည်။ အမိမြန်မာပြည် ကောင်းစားရေးကိုသာ ဦးတည်လျှင် ရန်သူနှင့်လည်းလက်ဆွဲနှုတ်ဆက်နိုင်သည်။ တူညီသည်များ အလေးဂရုပြုသလို မတူညီသည်များကို ချပြဆွေးနွေးနိုင်ကြမည်။သဘောထားတင်းမာသူတို့ကမူ တရားသေသမားများဖြစ်ရာ နည်းလမ်းတို့သည် တသမတ်တည်းသာ။

အုပ်စုတစ်စုနှင့် ပြိုင်ဘက်အုပ်စုတစ်စုမှသဘောထားတင်းမာသူတို့သည် ရန်သူများ ဖြစ်သော်လည်း အကျိုးတူစီးပွားဖက်များ ဖြစ်နေတတ်သည်။ပြိုင်ဘက်အုပ်စုမှ သဘောထားတင်းမာသူတို့ကို လက်ညှိုးထိုးပြကာ အခြားအုပ်စုမှ သဘောထားတင်းမာသူတို့ကသူတို့အုပ်စုတွင်းတွင် ဗိုလ်ဝင်ခံနိုင်သည်။ တစ်ဘက်အုပ်စုမှ သဘောထားတင်းမာသူတို့၏အကြမ်းပတမ်းလုပ်ရပ်များကိုပြကာ  “ဒီကောင်တွေဒီလိုလုပ်မှရမှာ” ဟူသော အပြောတို့ဖြင့် ကိုယ့်အုပ်စုကိုကိုယ် ပြန်စည်းရုံးနိုင်မည်။အုပ်စုတစ်စုတွင်း သဘောထားတင်းမာသူတို့ ကြီးစိုးသွားလျှင် အခြားပြိုင်ဘက်အုပ်စုများတွင်လည်းဒိုမီနိုသဘောတရား Domino Effect ဖြင့် သဘောထားတင်းမာသူတို့ တက်လာမည်။ နောက်ဆုံးတွင်institution အားလုံးတွင် သဘောထားတင်းမာသူတို့ ဦးဆောင်ကြလိမ့်မည်။ ထိုအခါ တိုင်းပြည်ပျက်ပြီ။

“တင်းမာသူနှင့် အလယ်အလတ်သမားတို့မည်သူအားကောင်းသနည်း” သည် ရေခံမြေခံနှင့် ဆိုင်သည်၊ တိုင်းပြည်စီးပွားရေး အခြေအနေနှင့်လည်းဆိုင်သည်။ပထမကမ္ဘာစစ်အပြီး စစ်ရှုံးဂျာမနီနိုင်ငံကို စစ်နိုင်နိုင်ငံများက စစ်လျော်ကြေးမတန်တဆတောင်း၊နယ်မြေများသိမ်းပြီး ဖိနှိပ်ထားသောကြောင့် စီးပွားရေး တရားလွန်တရားမင်းကျပ်တည်းခဲ့ရာပြည်သူတို့ စိတ်ချဉ်ပေါက်ပြီး သဘောထားတင်းမာသူ ဟစ်တလာနှင့် အပေါင်းအပါနာဇီတို့ကိုစုပြုံထောက်ခံကြသည်။ စစ်အပါအ၀င် ပတိပက္ခတို့သည် သဘောထားတင်းမာသူတို့အတွက် ရေခံမြေခံကောင်းဖြစ်သည်။ပတိပက္ခဖြစ်လျင် အုပ်စုတစ်စုအတွင်းမှ “သတ်မည်၊ ဖြတ်မည်” သဘောထားတင်းမာသူတို့ကိုထောက်ခံမှုတိုးပွားကြပြီး အလယ်အလတ်သမားတို့သည် လူပျော့များ ရွှေပြည်အေးသမားများအဖြစ်နောက်ရောက်ကြသည်။ မြန်မာပြည်သည် နိုင်ငံရေးယဉ်ကျေးမှုအရရော ပတိပက္ခများ များပြားသည့်သဘောအရရောကြည့်လျင် သဘောထားတင်းမာသူတို့အတွက် ရေခံမြေခံကောင်းရှိနေသည်။

သို့သော် ယခုလောလောဆယ်ကာလတွင် တိုင်းပြည်အတွက် အဓိကကျသော အဖွဲ့အစည်းကြီးများinstitutions တွင် အလယ်အလတ် သဘောထားရှိသူများသည် မြန်မာနိုင်ငံတွင် အထက်စီး ရောက်နေဟန်ရှိသည်။၂၀၁၅ရွေးကောက်ပွဲကို အဓိက institutions တို့က ဖြစ်မြောက်စေလိုသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စတွင်သဘောထား ကွဲလွဲမှုများရှိကြသော်လည်း ၂၀၁၅ရွေးကောက်ပွဲဖြင့် အာဏာအလွှဲအပြောင်းကို ဆုံးဖြတ်စေလိုကြခြင်းတွင်မူသဘောထားတူကြသည်ချည်း။ တိုင်းပြည်တွင် တော်လှန်ရေးထက် တည်ဆောက်ရေး အရေးကြီးသည်ကိုလည်းလက်ခံထားကြသည်ချည်း။ ထိပ်တိုက်ရင်ဆိုင်ခြင်းထက် စေ့စပ်ဆွေးနွေးခြင်းကို သဘောကျကြသည်။လတ်တလော ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင်ပင် စားပွဲဝိုင်းကို သက်ဆိုင်ရာ ပါဝင်ပတ်သက်သူတို့ကလက်မလွှတ်လိုကြကြောင်း တွေ့ရသည်။ ထိပ်တိုက်ရင်ဆိုင်ခြင်းဖြင့် ထိပ်တန်းရောက်လာသူတို့ကိုယ်တိုင်ပင် ထိပ်တိုက်ရင်ဆိုင်ခြင်းကို “second-best strategy” “ဒုတိယတန်းစားဗျူဟာ”အဖြစ် သတ်မှတ်လာကြပုံပေါ်သည်။

မြန်မာ့ နိုင်ငံရေး ယဉ်ကျေးမှု၊အစဉ်အလာ၊ လက်ရှိစီးပွားရေးနှင့် ပတိပက္ခများပြားသော အခြေအနေတို့ကို ပေါင်းလိုက်လျင်သဘောထားတင်းမာသူတို့ အပေါ်ရောက်ရမည့် ရေခံမြေခံ။ သို့သော် ထိုဓမ္မတာကို ဆန့်ကျင်ပြီးအလယ်အလတ်သမားတို့ အသာစီးရနေချိန်တွင် မြန်မာ့ပြုပြင်ပြောင်းလဲရေးကို အကောင်းဘက်သို့လုံးဝရောက်သွားအောင် တွန်းသင့်သည်။ အချိန်မကျန်တော့ပါ၊ နှောင့်နှေးတွန့်ဆုတ်လျင်သဘောထားတင်းမာသူတို့က သမိုင်းအစဉ်အလာအတိုင်း အသာပြန်ရသွားပေလိမ့်မည်။


ဇေယျသူ

The Voice. 27.12.2014

ဗိုလ်လေးဘဝ အမှတ်တရများ (၅)

$
0
0


လိုက်စစ်

(၁၃)

ရန်သူ့ဆုတ်လမ်းကတော့ ကတိုငိတိကနေ ယွန်းစလင်းချောင်းကိုဖြတ်ပြီး အရှေ့ဘက်သံလွင်မြစ်ကူး နယ်စပ်စခန်းအရောက် ဆုတ်မယ့်အနေအထားပါ။ လိုက်စစ်ဆင်ရာမှာ ပေါ့ပါးလျင်မြန်မှ ရှေ့ကရန်သူကို မှီမှာဖြစ်ပေမယ့် တိုက်ပွဲဖြစ်ရင် မရှိမဖြစ်လိုအပ်တဲ့ လက်နက်ကြီးတွေ ဗုံးသီးတွေ ရိက္ခာတွေနဲ့ ကျွန်တော်တို့ လိုက်စစ်စစ်ကြောင်းကြီးဟာ လေးလံလှပါတယ်။


နေ့ရက်ရှည်ကြာ ပင်ပန်းမှုတွေရယ်၊ ဗျုဟာကွပ်ကဲမှုအဖွဲ့ ပါလာတာရယ်ကြောင့် ပိုနှေးသလို ထင်ရပါတယ်။ ဗျုဟာတစ်ခုနဲ့ တပ်ရင်းနှစ်ရင်း တစ်ကြောင်းထိုးချီတက်တာကြောင့် ဘုရားပွဲတန်းကြီးထက် ရှည်လျားပါတယ်။ ရှေဆုံးက တပ်ခွဲ ရန်သူနောက်ချန်အဖွဲနဲ့ တိုက်ပွဲဖြစ်နေချိန်မှာ နောက်ဆုံးတပ်ရင်းရဲ့ နောက်ဆုံးတပ်ခွဲက အခြေပြုနေရာက မထွက်ရသေးပါဘူး။

ရန်သူဟာ  နောက်ချန်တပ်ဖွဲ့ လေးတွေ အဆင့်ဆင့်ချန်ခဲ့ပြီး တစ်ကြောင်းထိုးဆုတ်ပါတယ်။ သူတို့ မှာ ပိုလေးလံတာကတော့ လူနာထမ်းစင်များ များစွာနဲ့ ဖြစ်လို့  သူတို့ ထက်တော့ ကျွန်တော်တို့ချီတက်နှုံးက မြန်နေပါတယ်။ ရန်သူ့ပင်မတပ်ကြီးက လူနာထမ်းစင်များစွာနဲ့ အင်အားစုကြီး တစ်စုတစည်းတည်း ဆုတ်တာဖြစ်လို့ အထူးအထွေ ခြေရာခံစရာမလိုပါဘူး။ ရောက်လေရာမှာ အုန်းသီးတွေအပုံလိုက်နဲ့ အုန်းရည်တွေ ဖောက်သောက်သွားတာ လမ်းတလျှောက် တွေ့နေရပါတယ်။ တကယ်တော ယွန်းစလင်းနဲ့ သံလွင်ကြားဒေသဟာ ကျွန်တော်တို့စစ်ကြောင်းတွေ အရောက်အပေါက်နဲပြီး ရန်သူကေအင်ယူ စိုးမိုးရာဒေသပါ။

ကျယ်ပြန့်တဲ့ လယ်ကွင်းပြင်တွေ ကြည်လင်နေတဲ့ စမ်းချောင်းရေတွေ၊ ဥယျာဉ်ခြံတွေနဲ့ တကယ့်အိမ်
ကြီးအိမ်ကောင်းတွေနဲ့ ရွာကြီးတွေနဲ့ သာယာလှပါတယ်။ ကျွန်တော်တို့ ရောက်ချိန်မှာတော့ တိုက်ပွဲဖြစ်မှာ ကြောက်လို့လား၊ ရှေ့ကကေအင်ယူညွန်ကြားချက်ကြောင့် ရွာရှောင်စံနစ်နဲ တစ်ရွာလုံးရှောင်ပုန်းတာလား မသိဘဲ ရွာသူရွာသားလုံး ၀မတွေ့ရပါ။ လမ်းမလျှောက်နိင်တဲ့ အဖိုးကြီးအဖွားကြီးတွေကို အိပ်ယာထဲမှာထားခဲ့ပြီး အမြန်ရှောင်ပုန်းကြတာဖြစ်လို့ တကယ့်ကိုစိတ်ထိခိုက်ဖို့ ကောင်းပါတယ်။ ကြီးမားလှတဲ့ သစ်လုံးကြီးတွေနဲ့ ဆောက်ထားတဲ့ အိမ်ကြီးတစ်အိမ်လုံးဟာ တိတ်ဆိတ်နေပြီး မီးဖိုဘေးမှာ အဖျားတက်ပြီး ငြီးငြူနေတဲ့ အဖိုးအိုတစ်ဦးကို တွေ့ရပါတယ်။ တပ်ခွဲရုံးဆေးအဖွဲ့က လိုအပ်တဲ့ ဆေးထိုးဆေးတိုက်ပေးပြီး ရေနဲ့ မုန့် ထားပေးခဲ့ပါတယ်။

ဝက်တွေကြက်တွေလဲ မသိမ်းခဲ့နိင်လို့ ရွာထဲမှာ ပလူပျံနေပါတယ်။ တကယ့်မွေးမြူရေး ၀က်ကြက်ကြီးတွေ ဖြစ်ပါတယ်။ ကေအင်ယူက ထုတ်ဝေဖြန့်ချိတဲ့ ‘သနူးထူး’ စာစောင်တွေလဲ အိမ်တိုင်းလိုလို တွေ့ရပါတယ်။ စာစောင်မှာ ရွာလူထုတွေကျန်းမာရေး ကလေးတွေ ကျန်းမာရေးအကြောင်းတွေ ရေးထားတာ တော်တော် ကောင်းပါတယ်။ ကာတွန်းတွေလဲပါတယ်။ ရသစုံပါတယ်။ ဗုဒ္ဓဘာသာဝင်တွေဖြစ်လို့ အိမ်တိုင်းမှာ ဘုရားစင် ဗုဒ္ဓရုပ်ပွားတော်တွေနဲ့ တကယ့်အိမ်ကြီးအိမ်ကောင်းရွာကြီး တွေဖြစ်ပါတယ်။ ကေအင်ယူဥက္ကဌ ဗိုလ်ချုပ်မြ ပုံတွေလည်း အိမ်တိုင်းချိတ်ဆွဲထားကြတာ တွေ့ ရပါတယ်။ ဒီနေရာမှာတော့ ကျွန်တော်တို့ အစိုးရတပ်တွေ လာလို့ ရွာသားတွေ ထွက်ပြေးတိမ်းရှောင်ကြရလို့ ကျွန်တော်တို့က သူပုန်လိုပြန်ဖြစ်သွားပါပြီ။

ရှေ့ ကဆုတ်ခွာတဲ့ ရန်သူဟာ လမ်းတစ်လျှောက် ဆုတ်ခွာရင်း သေဆုံးသွားတဲ့ လူနာတွေကို တောက်လျှောက် မြှုပ်နှံသွားပါတယ်။ အလောင်းမြှုပ်နှံခဲ့တဲ့ မြေပုံတွေတွေ့ တိုင်း တွေးမိတာကတော့ သူတို့ ဘက်မှာလဲ အကြောင်းအမျိုးမျိုးနဲ့  ကေအင်ယူထဲရောက်လာပြီး သူတို့ လူမျိုးပြည်နယ်အတွက်ဆိုပြီး အသေခံကြရသလို ကျွန်တော်တို့ ဘက်မှာလဲ အကြောင်းအမျိုးမျိုးနဲ့  တပ်မတော်ထဲရောက်လာပြီး ပြည်ထောင်စုကြီးမပြိုကွဲရေးဆိုပြီး အသေခံကြရတယ်။ ကိုယ့်ခံယူချက်နဲ့ ကိုယ် အမှန်ယူပြီး အသက်တွေပေးနေရတယ်။ တစ်ဘက်နဲ့ တစ်ဘက် အပြန်အလှန် လက်စားချေရင်း မပြီးဆုံးနိင်တဲ့ တိုက်ပွဲတွေ တိုက်နေကြတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကံကောင်းလို့  အသက်ရှင်နေသေးတယ်။ (အမှန်တကယ်လည်း အဲဒီအချိန်က တိုက်ပွဲမှာကျဆုံးခဲ့ရင် ဂုဏ်ယူစရာကောင်းတယ်လို့ ကျွန်တော်တို့ အများစုစိတ်ထဲမှာ စွဲနေကြပါတယ်)

ဘာဘဲဖြစ်ဖြစ် ကတိုင်တိတိုက်ပွဲဟာ နှစ်ဘက်စလုံး စစ်သားပီပီသသ တိုက်ကြတဲ့ တိုက်ပွဲဖြစ်ပါတယ်။ တစ်ဘက်နဲ့တစ်ဘက် အသေအကျေပစ်ကြရင်း အော်ဟစ်နောက်ပြောင်ခဲ့တာတွေ ကြားယောင်နေမိ ပါသေးတယ်။ “ယောက်ဖရေ ရေသောက်ချင်ရင် တက်လာခဲ့။ ယောက်ဖအတွက် လက်ဆောင်ပို့လိုက်ပြီ၊ ကျင်းထဲကမထွက်နဲ“့ စတဲ့ နောက်ပြောင်သံမျိုးစုံနဲ့  တိုက်ခဲ့ကြတာပါ။ တိုက်ပွဲတွေနဲ့ အထက်မူဝါဒတွေ မပြောင်းလဲကြပေမယ့် အောက်ခြေက နှစ်ဘက်စလုံး ကျဆုံးသူတွေနဲ့ မိသားစုဘ၀တွေကတော့ ပြောင်းလဲခဲ့ပါပြီ။

အလျင်အမြန်ဆုတ်ခွာရင်း သေဆုံးသူတွေကို ကမန်းကတန်းမြှုပ်ခဲ့ကြလို့ တစ်ချို့ နေရာတွေမှာ မြေပေါ်မှာနီးပါး တွေ့ ကြရပါတယ်။ သွေးပူတုံးတိုက်ခိုက်ကြပေမယ့် အခုလိုမြင်တွေ့ ရတာ စိတ်ထိခိုက်စရာပါ။ လိုက်စစ် လမ်းတလျှောက် စစ်ကြောင်းအလယ်က လိုက်ပြီး အမှတ်တရမမေ့နိင်တာတွေ အများကြီး တွေးချင်ရာ တွေးလိုက်လာတဲ့ ကျွန်တော်ဟာ ရှေ့ ကချီတက်နေတဲ့ ခမရ (၉) စစ်ကြောင်းနဲ့ ရန်သူ့ ပင်မတပ်တွေ့ ပြီး နှစ်ဘက်အပြင်းအထန် ပစ်ခတ်သံတွေကြောင့် အတွေးတွေရပ်ပြီး တိုက်ပွဲအတွက် ပြင်ဆင်ရပါတော့တယ်။ ။


(၁၄)

ရှေ့ကလူနာအထမ်းတွေနဲ့ တအိအိသွားနေတဲ့ ရန်သူနောက် တောက်လျှောက် လိုက်စစ်ဆင်နေတဲ့ ကျွန်တော်တို့ရဲ့ ဗျဟာအဖွဲနဲ့ စစ်ကြောင်းကြီးဟာ ရန်သူ့ပင်မတပ် သံလွင်မြစ်ဖြတ်ကူးနေစဉ်မှာ တွေ့ဆုံ ပါတော့တယ်။ ရှေဆုံးက ခမရ (၉) စစ်ကြောင်းဟာ သံလွင်ကမ်းခြေဘေးတလျှောက် ကျောက်တုံးကြီးတွေ အကာအကွယ်ယူပြီး တပ်ဖြန့်လို့ ရနိင်သလောက် ဖြန့်ပစ်ပါတယ်။ စစ်ကြောင်းကြီးတစ်ခုလုံး ပါသမျှ လက်နက်ကြီးတွေ အကုန်သံလွင်မြစ်ထဲ စုပြုံပစ်သံနဲ့ တစ်ဖက်ကမ်းက ရန်သူလက်နက်ကြီးတွေ ပြန်ပစ်သံတွေဟာ တပြိုင်တည်းလို ဆူညံသွားပါတော့တယ်။

ကျွန်တော်တို့ နောက်ပိုင်းအဖွဲက နီးစပ်ရာ ဘယ်ညာတောင်ကုန်းတွေပေါ် တက်ကျင်းတူးနေရာယူရပါတယ်။ စစ်ကြောင်းလက်နက်ကြီးတွေကတော့ ရှေက ခမရ (၉) ညွှန်ပြတဲ့နေရာတွေအတိုင်း လိုက်ပစ်ပေးနေပါတယ်။ သံလွင်တစ်ဖက်ကမ်းက ရန်သူလက်နက်ကြီးတွေဟာ မြစ်ထဲက သူ့တွေလွတ်မြောက်ရေးအတွက် အပြင်းအထန် ပစ်ခတ်ပေးပါတယ်၊ အတုံ့အလှည့်ဆိုသလို ဒီတခါတော့ ကျွန်တော်တို့က မြေပြင်အသာစီးကနေ သံလွင်မြစ်ထဲ စိတ်ကြိက်ပစ်ရတဲ့ အနေအထားပါ။ ကတိုင်တိ စစ်ကူတိုက်ပွဲမှာ ကျွန်တော်တို့ခံရတဲ့ မြေအနေအထားထက် ပိုဆိုးပြီး မြစ်လယ်မှာ တဖက်သတ်အပစ်ခံနေရလို့ တစ်ဖက်ကမ်းက ပစ်ကူအားကိုးနဲ့ အသဲအသန် ကူးနေရပါတယ်။

အားကိုးစရာတစ်ခုတည်းက တစ်ဖက်ကမ်း လက်နက်ကြီး ပစ်ကူဆိုတာသိတဲ့ရန်သူဟာ ရှိသမျှ လက်နက်ကြီးတွေ အားလုံးစုပြံပစ်ခတ်ပေးရင်း မြစ်လယ်က သူ့တွေကိုကူပါတယ်။ အသံထွက်ရင်ပြီးရော သဘောနဲ့ မြစ်လယ်က လူတွေအားရှိအောင် အဆက်မပြတ် ပစ်ရတာကြောင့် ထိရောက်မှုသိပ်မရှိပေမယ့် ကျွန်တော်တို့ လက်နက်ကြီးတချို့က ရန်သူ့လက်နက်ကြီးတွေ ဆီပြန်ပစ်ကြလို့ မြစ်လယ်က နဲနဲတော့ သက်သာရာ ရပါတယ်။ နှစ်နာရီလောက် အပြင်းအထန် ပစ်ခတ်ကြပြီးနောက် မြစ်လယ်က ရန်သူတွေဟာ မြုပ်သူမျောသူမျိုးစုံနဲ့ တဖက်ကမ်းကို ရောက်သူတွေနဲ့ တိုက်ပွဲပြီးဆုံးသွားပါတယ်။

သံလွင်မြစ်ကူးပြီးတာနဲ့ ကေအင်ယူအမာခံစခန်းတွေနဲ့ နီးကပ်သွားပြီဖြစ်လို့ ရန်သူအတွက် အားတက်စရာ ဖြစ်ပေမယ့် ကျွန်တော်တို့စစ်ကြောင်းတွေ အတွက်ကတော့ ယွန်းစလင်းနဲ့ သံလွင်ကြားဝင်ကတည်းက တကယ်တော့ ရန်သူ့နယ်ထဲ တော်တော်ကျွံနေပြီဖြစ်ပါတယ်။ ရန်သူဟာ တိုက်ကွက်ဖော်နိင်တဲ့ အင်အား ရှိသေးရင် ကျွန်တော်တို့ ယွန်းစလင်းပြန်မကူးနိင်ခင် သူ့နယ်မြေထဲမှာ အပိုင်ပိတ်ဆို့ ချေမှန်းနိင်ပါတယ်။ ကျွန်တော်တို့ သံလွင်မြစ်ကူးရင် အပိုင်ချေမှုန်းမှာဖြစ်ပြီး ပြန်အဆုတ်ခြေအကြွမှာလည်း သံလွင်ကူးလာပြီး လိုက်တိုက်နိင်သလို မြောက်ဘက်စခန်းတွေကလည်း သံလွင်ကူးပြီး အပေါ်ကနေပိတ်ဆို့ထားနိင်တဲ့ အနေအထားပါ။ ကတိုင်တါ စခန်းသိမ်းရည်မှန်းချက် မအောင်မြင်ခဲ့တဲ့အပြင် သံလွင်အကူးမှာ အလူးအလဲ ထပ်ခံရလို့ စစ်ရေးစိတ်ဓါတ်ရေးပြန်မြှင့်တင်နိင်ဖို့ ပြန်တိုက်ကွက်ဖော်လာနိင်ပါတယ်။

ကျွန်တော်တို့ လိုက်စစ်အဆုံးသတ်လို့ ခွာစစ်မှာတော့ ရှေဆုံးက ခမရ (၉) က အရင်ဆုံး ပြန်လည်ဆုတ်ခွာပြီး ခမရ (၈) က ရန်သူလိုက်စစ်ဆင်လာရင် ဟန့်တားနိင်ဖို့ ခံစစ်ပြင်ကျန်ခဲ့ပါတယ်။ ရန်သူကလည်း ကျွန်တော်တို့  သံလွင်ကူးလာရင် ချေမှုန်းဖို့ အသင့်စောင့်နေသလို ကျွန်တော်တို့ ကလည်း ရန်သူကူးလာရင် ချေမှုန်းဖို့ အသင့်စောင့်နေပါတယ်။ ခမရ (၉) နဲ့ ဗျူဟာအဖွဲ့ဆုတ်ခွာပြီး ခရီးတော်တော်ပေါက်ချိန်မှာ ကျွန်တော်တို့  တပ်ရင်းလည်း တပ်ခွဲလိုက် အဆင့်ဆင့် ပြန်ဆုတ်ခဲ့ကြပါတယ်။ လာလမ်းအတိုင်း ပြန်ဆုတ်ကြပြီး ကတိုင်တိကို မ၀င်တော့ဘဲ ယွန်းစလင်းနဲ့ သံလွင်မြစ်ဆုံရာ အထက်နားကနေ ယွန်းစလင်းကိုဖြတ်ပြီး ကမမောင်းရွာကြီးဆီ ချီတက်ခဲ့ကြပါတယ်။ ကမမောင်းရွာလူထုရဲ့  လှိုက်လှိုက်လှဲလှဲကြိုဆိုမှုနဲ့ အတူ ကျွန်တော်တို့ စစ်ကြောင်းရဲ့ ကတိုင်တိ တိုက်ပွဲစဉ်ကြီး အဆုံးသတ်ခဲ့ပါတော့တယ်။ နည်းဗျဟာအဖွဲနဲ့ တပ်ရင်းနှစ်ရင်း လိုက်စစ်ဆင်နွဲခဲ့ရတဲ့ အတွေအကြံကတော့ ဗိုလ်လေးဘ၀မှာ မှတ်သားစရာတွေ အများကြီးရလိုက်တဲ့ အမှတ်တရပါဘဲ။ ။


သွေးနဲ့ရင်းတဲ့မြေ(၁၀)

$
0
0


စစ်သည်များချက်ချင်းအားတက်လာသည်

ခမရ(၃) သည် ဖောက်ထွက်ကာမောရလီပေါ်သို့ရောက်ခဲ့ချေပီ

ရန်သူသည်စစ်ကူစစ်ကြောင်း ကျောက်တောင်ကုန်းပေါ်သို့မရောက်မီ သိမ်းပိုက်နိုင်ရန် တရှိန်ထိုးတိုက်တော့သည်။

ရဲဘော်များကလည်းတစ်လက်မမှနောက်မဆုတ်ပဲကြံ့ခံတိုက်သည်။



စင်စစိတပ်မ(၄၄) အမှတ်(၃)ခြေမြန်တပ်ရင်း မှဗိုလ်မှူး ဇော်ဝင်းဦးဆောင်သော စစ်ကြောင်း(၂)သည် မောရလီသို့ ခဲယမ်းရိက္ခာပို့ရန်နှင့် လူနာသယ်ရန်လာရောက်ခြင်းဖြစ်သည်။

သို့သော်လည်း မောရလီအားစစ်ကူ မ၀င်လို့မဖြစ်တော့ ခလရ(၇၅) ရန်သူ ၅၀၀ ခန့်အားရင်ဆိုင်ထားရသည် ခလရ(၇၆)သည်လည်း တပ်ရင်းမှူး ကျဆုံးပီး အရာရှိများအားလုံးဒဏ်ရာရထားသည် တ၀က်ခန့်မှာလည်းငှက်ဖျားဒဏ် ဒဏ်ရာများကြောင့်
ပြိုဆင်းတော့မည်။ ထိုကကြောင့် ခမရ(၃)သည် မူလတာဝန်ကိုစွန့်လွှတ်ကာ ခလရ(၇၆)နေရာများသို့ လဲလှယ်လိုက်ရတော့သည်။

ခမရ(၃)စစိကြောင်း၉၂)သည်ခလရ(၇၆)နှင့်ပူးပေါင်းလိုက်ပြီး ဗိုလ်မှူး တင်ရီ၏ခလရ(၇၅)က မောရလီတောင်ခြမ်းတစ်ခြမ်းလုံးနေရာယူထားရသည်။

ခလရ(၇၅) ၏ခေတ္တတပ်ရင်းမှူး ဗိုလ်မှူး တင်ရီဒဏ်ရာရသွားပြန်သည် ခမရ(၃)စစ်ကြောင်းမှူး ဗိုလ်မှူး ဇော်ဝင်းသည်လည်း လက်နက်ကြီးစထိမှန်မှူကြောင့်ခြေထောက် ဦးခေါင်းတို့တွင်ဒဏ်ရာများရရှိထားသည်။ ဗိုလ်မှူးထွန်းမြင့်ကားဒဏ်ရာရထားတာကြာပီ။
တပ်ရင်း(၃)ရင်းလု့း၏တပ်မှူးများအားလုံးဒဏ်ရာကိုယ်စီ သို့သော်မည်သူမှမလျော့

ဗိုလ်မှူးရန်သူ ကျွန်တော်တို့ပစ်တာနဲ့ေ၇ာပီးပစ်နေတယ် ကျွန်တော်တို့အပစ်ရပ်ပီး သူတို့လက်နက်ကြီးနေရာတွေ ရှာရအောင်

ဗိုလ်သိန်းသန်းက တင်ပြလာသဖြင့် ဗိုလ်မှူးထွန်းမြင့်သည် မိမိလက်နက်ကြီးအားလုံးကိုအပစ်ရပ်စေသည်။ ရန်သူသည်ဝေခွဲမရဖြစ်ခါ၎င်းတို့လက်နက်ကြီးများအား မီးကုန်ယမ်းကုန်ပစ်ခတ်တော့သည်
ဗိုလ်သိန်းသန်းနှင့် ထောက်လှမ်းရေးတပ်ကြပ်ကြီး လျှံကျင်ဒါးသည် ရန်သူ့လက်နက်ကြီးမီးလျှပ်နေရာများအား ကတုတ်ကျင်းပေါ်စွန့်စွန့်စားစားထွက်ကာနေရာမှတ်သည်

ထို့နောက်ပစ်မှတ်ရွေးချယ်ကာရန်သူ့လက်နက်ကြီး နေရာတစ်ခုချင်းစီအား မိမိရှိသမျှလက်နက်ကြီးများဖြင့်စုပြုံပစ်ခတ်ကာတစ်ခုချင်းဖြိုချသည်။

ခမရ(၃)သည်ရန်သူခြေကုတ်များယူထားသော ကျောက်တောင်ကုန်းအရှေ့ခြမ်းသို့တစ်နေ့လုံး ကုတ်ကပ်တက်ကာတိုက်သည်။ရန်သူသည် ကျောက်တောင်၏ ၃ပုံ၂ပုံကိုသိမ်းပိုက်ထားသည်။
ကျောက်တောင်ပေါ်မှစစ်သည်များ တဲတဲသာကျန်သည်။

အောက်တိုဘာ ၂၅ရက်နေ့ကိုဘယ်လိုရောက်လာသည်မသိ တစ်နေ့လုံးတိုက်သည်တစ်ညလုံးပစ်သည်။မဲသဝေါတိုက်ပွဲကြီးသည် ၁လာကာသည်အထိအရှိန်မြင့်နေဆဲ

ကျောက်တောင်ကုန်း ပေါ်တွင်ရန်သူများသည် မိမိခြေကုပ်အားဖြိုချရန် လက်ပစ်ဗုံးများ အစုလိုက်အပြုံလိုက်ပစ်သွင်းသည်။တကယ့်လက်တကမ်းတိုက်ပွဲ။မိုးကုန်သွားသည် သို့သော်မိုးကုန်သွားမှန်းမသိလိုက် ဆောင်းရောက်လာတာတော့သိသည်။
ချမ်းလွန်းသောကြောင့်ဖြစ်သည်။ စစ်သည်များမှအနွေးထည်စောင်ဆိုသည်မှာဘယ်နေမှန်းမသိ
ငှက်ဖျားရဲဘော်များနာလန်မထူနိုင် ဒဏ်ရာရထားသောရဲဘော်များအအေးဒဏ်ကြောင့် အနာများကိုက်သည်။ သည်ကြားထဲရန်သူမှငရုတ်သီးညော်ဖြင့်တိုက်သည်။ အခြေအနေကား
ဆိုးရွားလာချေပီ။

အောက်တိုဘာ ၂၈ရက်နေ့ နံနက်၎နာရီတွင် ခမရ(၃) တပ်ခွဲ(၁) တပ်ခွဲမှူး ဗိုလ်ကြီးမြင့်စိုး လက်ဝဲဘက်မျက်လုံးအားကျည်ဖောက်မှန်သည်။တပ်စုမှူး ဗိုလ်မြတ်ထွေးသည်တပ်ခွဲမှူးအား နောက်ပိုင်းသို့ပို့ရန်ကြိုးစားသည်။

''မရတော့ဘူးညီလေး ထားခဲ့တော့ လက်ဒဏ်ရာကလဲပုတ်နေပီ အခုခေါင်းကိုဖောက်မှန်ထားတယ် ကိုယ်ကသေလူပဲ ကိုယ်ဆက်ချမယ်ကိုယ်ကျရင်တပ်ခွဲမှူးတာဝန်မင်းဆက်ယူပါ''

ဗိုလ်ကြီးမြင့်စိုးသည် တစ်နာရီကြာအောင်ဆက်လက်တိုက်ပွဲဝင်ပီး နံနက် ၅နာရီတွင် အသက်စွန့်သွားသည်။

တပ်ခွဲမှူးတာဝန်ကိုဆက်လက်ထမ်းဆောင်သောဗိုလ်မြတ်ထွေးသည်လက်ရွေးစင်တပ်စိတ်အားေ၇ွးထုတ်ကာကိုယ်တိုက်ဦးဆောင်ကာ တန်ပြန်တိုက်စစ်လုပ်သည်။ပစ်ကျင်းမျာမှခုန်ထွက်ကာ ရန်သူ့ထံသို့အတင်းဝင်လုံးသည်။ ဗိုလ်မြတ်ထွေးသည်လည်းရန်သူ့ ဒသမ ၅စက်ကြီးထိမှန်ကာနေရာတွင်ကျဆုံးသည်။ ခမရ(၃)သည်နာမည်ကြီး တပ်မ(၄၄)တတပ်ဖြစ်သည်နှင့်အညီ ထိုးစစ်အပြုအမူရှိသောခံစစ်အား ရဲရဲဝံ့ဝံ့ပင် ဆောင်ရွက်လေသည်။

အကျည်းတန်လှသောအောက်တိုဘာ(၂၈)သည်ကုန်ဆုံးပီးအောက်တိုဘာ(၂၉)သည် တိုက်ပွဲများကိုသယ်ဆောင်ကာရောက်လာပြန်သည်။ခမရ(၃)သည်အရာ၇ှိ(၃)ဦးနှင့် စစ်သည်(၉)ဦးကျဆုံးပီး အရာ၇ှိ(၄)ဦးစစ်သည်(၉၂)ဦးဒဏ်ရာရှိထားသည်။ လူကောင်း၅၀သာကျန်တော့သည်။အခြေအနေကိုဆက်ထိန်းထားနိုင်ရန်မှာ--

ကြယ်နီ 

အမှတ် (၄) ခြေလျင်တပ်ရင်း (ဂေါ်ရခါး)

$
0
0
Htay Gyi's photo.
မြန်မာ့တပ်မတော်သမိုင်းတွင် အမှတ် (၄) ခြေလျင်တပ်ရင်း၏ စွမ်းဆောင်မှုများမှာ အစဉ်အလာကြီးမားသည်။ ထို့ကြောင့် အမှတ် (၄) ခြေလျင်တပ်ရင်း၏ သမိုင်းအကျဉ်းကိုလေ့လာကြည့်ဖို့လိုသည်။

၁၉၄၂ ခုနှစ် ဖေဖေါ်ဝါရီလ လောက်တွင် မြန်မာပြည်ကို ဂျပန်များ ၀င်ရောက်တိုက်ခိုက်စဉ်က ဗြိတိသျှ လက်အောက်ခံ ဘားမားရိုင်ဖယ်တပ်ရင်းများသည် ဗြိတိသျှတပ်များနှင့်အတူ အိန္ဒိယပြည်သို့ ဆုတ်ခွာသွားခဲ့သည်။ အိန္ဒိယပြည်သို့ ရောက်သောအခါ ဟိုရှာပူမြို့တွင် ယခင် နယ်ခြားစောင့်တပ်ရင်းမှ ပန်ချာပီ လူမျိုးများနှင့် ဂေါ်ရခါး လူမျိုး များကို စုစည်းပြီး အမှတ် (၄) ခြေလျင်တပ်ရင်း အဖြစ် ဖွဲ့စည်းခဲ့လေသည်။ ပြန်လည်ဖွဲ့စည်းနောက် ၁၉၄၃ ခုနှစ် မတ်လ တွင် တပ်ခွဲ တစ်ခွဲ ကို အထူး တပ်ခွဲ အဖြစ်ဖွဲ့စည်းပြီး ဂျပန်များကို တိုက်ထုတ်ရန် ရခိုင် စစ်မျက်နှာသို့ ပို့ခဲ့သည်။

၁၉၄၃ ခုနှစ် ဇွန်လတွင် အမှတ် (၄) ခြေလျင်တပ်ရင်း ရှိ ပန်ချာပီ လူမျိုးများကို အခြားတပ်များသို့ ပြောင်းရွှေ့ ပေးလိုက်သဖြင့် ဤတပ်ရင်းတွင် ဂေါ်ရခါး လူမျိုးများသာ ကျန်ရှိတော့သည်။ ၁၉၄၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အမှတ် (၄) ခြေလျင်တပ်ရင်းသည် ဟိုရှာပူမြို့မှ ကချင်ပြည်နယ်သို့ ၀င်ရောက်ခဲ့ပြီး၊ ဒီဇင်ဘာလ အလယ်၌ ဆွမ်ပရာဘွန် ဒေသတွင် ဂျပန်တပ်များကို တိုက်ခိုက်ချေမှုန်းခဲ့သည်။ ထိုနောက် ၁၉၄၅ ခုနှစ်မှ စ၍ ၁၉၄၇ ခုနှစ် အထိ ရခိုင်ပြည်နယ်တွင် ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေးတာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။
Htay Gyi's photo.
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသော အချိန်တွင် တပ်ရင်းရှိ ဗြိတိသျှအရာရှိ အားလုံးတို့သည် တပ်ရင်းမှ ထွက်ခွာ သွားကြသည်။ ၄င်းတို့ထွက်ခွာသွားပြီး ဗမာ့တပ်မတော်မှ နေရာဝင်ယူ၍၊ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလတွင် ဤတပ်ရင်းကို မြို့စောင့်တပ်ရင်း (No. 1 Garrison Battlion Burma Regement) အဖြစ်ပြောင်းလိုက်သည်။ ထို့နောက် နီပေါ နှင့် အိန္ဒိယတို့သို့ ပြန်လိုသော ဂေါ်ရခါးတပ်သားများကို တပ်မှနုတ်ထွက်ခွင့်ပြုလိုက်ပြီး တပ်ရင်းတွင် မြန်မာပြည်ဖွား ဂေါ်ရခါး တပ်သားများသာ ကျန်ရစ်ခဲ့လေသည်။ ထို့နောက် ၁-၂-၄၉ နေ့တွင် အမှတ် (၄) ခြေလျင်တပ်ရင်း အဖြစ်ပြန်လည် ဖွဲ့စည်းလိုက်သည်။ ထို့ကြောင့် ယနေ့ထက်တိုင် အမှတ် (၄) ခြေလျင်တပ်ရင်း၏ အမှတ်တံဆိပ်ဖြစ်သော ဂေါ်ရခါး ဓါးကောက် (၂) လက်ပါသည့် တံဆိပ်အမှတ်အသားကို ဗမာ့တပ်မတော်တွင် ဂေါ်ရခါးလူမျိုးများ၏ စွမ်းစွမ်းတမံ တာဝန် ထမ်းဆောင်မှုကို အသိအမှတ်ပြုထားသည့်အနေဖြင့် ဆက်လက်၍ အသုံးပြုထားသည်ကို တွေ့ရမည်ဖြစ်ပါသည်။

၁၉၄၉ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး ပြည်တွင်းစစ်ကြီးကြောင့် မီးဟုန်းဟုန်းတောက်နေစဉ် ဗမာ့တပ်မတော်သည် ရှိသည့် လူအင်အား၊ လက်နက်အင်အားဖြင့် နေ့ညမပြတ်၊နေ့စဉ်ရက်ဆက် အနားလုံးဝမယူရဘဲ ရောင်စုံ သောင်းကျန်းသူ များကို ခြေမှုန်းတိုက်ခိုက်ခဲ့စဉ်ကလည်း အမှတ် (၄) ခြေလျင်တပ်ရင်းမှ ဂေါ်ရခါးစစ်သည်များသည် အင်းစိန်တိုက်ပွဲ၊ သာစည်တိုက်ပွဲ နှင့် ဒိုက်ဦးတိုက်ပွဲများတွင် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ကြသည်။

၁၉၅၀ ခုနှစ် ဖေဖေါ်ဝါရီလတွင် ၄င်းတပ်ရင်းသည် မကွေးမြို့ နှင့် မင်းဘူးမြို့များကို သောင်းကျန်းသူများလက်မှ ပြန်လည်သိမ်းပိုက်ခဲ့ပြီးနောက်၊ မေလတွင် ၄င်းတပ်ရင်းသည် ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့သို့ ပြောင်းရွှေ့ခဲ့သည်။ ထို့နောက် ၁၉၅၀ ခုနှစ် ဇွန်လမှ နိုဝင်ဘာလအထိ ရှမ်းပြည်နယ် ကျိုင်းတုံဒေသတွင် ပြည်ပမှကျူးကျော်ဝင်ရောက် လာသော တရုပ်ဖြူတပ်များကို တိုက်ခိုက်ချေမှုန်းရာတွင် ပါဝင်ခဲ့သည်။ ၁၉၅၀ ခုနှစ် မတ်လတွင် ဤတပ်ရင်းသည် ကလောမြို့မှ ကျောက်မဲမြို့သို့ ပြောင်းရွှေ့ခဲ့သည်။

၁၉၅၄ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ဒု-ဗိုလ်မှူးကြီးသူရထွန်းတင် (အငြိမ်းစား နိုင်ငံတော်ဝန်ကြီးချုပ်) သည် အမှတ် (၄) ခြေလျင်တပ်ရင်းတွင် ပထမဦးဆုံးသော မြန်မာအမျိုးသား တပ်ရင်းမှူး ဖြစ်လာသည်။

၁၉၅၄ ခုနှစ် မတ်လတွင် ရှမ်းပြည်နယ် နှင့် ထိုင်းနိုင်ငံ နယ်စပ်ဒေသဖြစ်သော မိုင်းဆတ်၊ လွိုင်လမ်း၊ မိုင်းယောင်း၊ တာချီလိတ် ဒေသများတွင် အခိုင်အမာ တပ်စွဲထားသော ပြည်ပမှ ကျူးကျော်လာသူ ကူမင်တန် တရုပ်ဖြူများအား ဗမာ့ တပ်မတော်မှ ကြီးများပြင်းထန်စွာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရသော ရန်ကြီးအောင်စစ်ဆင်ရေးကြီးတွင် အမှတ် (၄) ခြေလျင် တပ်ရင်းသည် စစ်ဆင်ရေးစခဲ့သည့် ၂၂-၃-၅၅ ရက်နေ့မှစ၍ စစ်ဆင်ရေး ပြီးဆုံးသည်အထိ ပါဝင်ဆင်နွှဲခဲ့သည်။

ရန်ကြီးအောင်စစ်ဆင်ရေးတွင် လွိုင်လမ်း ဒေသရှိ တရုပ်ဖြူတို့ အပြင်းအထန် ခုခံလိမ့်မည်ဟု ထင်ရသော ဆင်ဦးခေါင်းတောင်ကို ပင်ပန်းခက်ခဲစွာ ထမင်းအငတ်ခံ၍ မနက်ပိုင်းမှ အချိန်မီ ၀င်ရောက်စီးနင်းနိုင်ခဲ့သဖြင့် ကာကွယ်ရေး ဦးစီးချုပ်၏ ချီးကျူးခြင်းကို ခံခဲ့ရသည်။ ထိုနောက် လွိုင်လမ်း နှင့် မိုင်းယောင်း ဒေသအားလုံးကို သိမ်းပိုက်နိုင်ခဲ့လေသည်။ တရုပ်ဖြူများမှာ တာချီလိတ်၊ လွိုင်တုံးကြီး ဘက်သို့ ဒလကြမ်း ဆုတ်ခွာထွက်ပြေးကြသဖြင့် ရန်ကြီးအောင်စစ်ဆင်ရေးကို တာချီလိတ် စစ်မျက်နှာသို့ လွှဲပြောင်းဖွင့်လှစ်ခဲ့ရာ ဤတပ်ရင်းလည်း မိုင်းယောင်းမှ တာချီလိတ်သို့ ချီတက်ခဲ့ရပြီး နောက်ဆုံးတွင် တရုပ်ဖြူတို့၏ နယ်စပ် အခြေခံစခန်းနှင့် အခိုင်မာဆုံး စခန်းဖြစ်သော လွိုင်တုံးကြီးစခန်းကို ၁၃-၅-၅၅ ရက်နေ့တွင် အခြားသော တပ်ရင်းများနှင့်အတူ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့လေသည်။

ရန်ကြီးအောင်စစ်ဆင်ရေးအပြီးတွင် ဤတပ်ရင်းသည် တပ်ရင်းဌာနချုပ်ဖြစ်သော ကျောက်မဲမြှို့သို့ ၁၉၅၅ ခုနှစ် မေလတွင် ပြန်လည်ရောက်ရှိလာခဲ့ရာ ကျောက်မဲမြှို့မှ တိုင်းရင်းသား ပြည်သူထောင်ပေါင်းများစွာတို့၏ ပန်းသပြေများ ကမ်း၍ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခြင်းကိုခံရသည်။ အမှတ် (၄) ခြေလျင်တပ်ရင်းသည် ၁၉၆၀ ခုနှစ် ဧပြီလ ၂၀ ရက်နေ့ တွင် ကျောက်မဲမြို့မှ မုတ္တမမြို့သို့လည်းကောင်း၊ ၁၉၆၇ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် မုတ္တမမြို့မှ လက်ရှိ တပ်ရင်း တည်ရှိရာနေရာ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့သို့ ပြောင်းရွှေ့ခဲ့သည်။

အမှတ် (၄) ခြေလျင်တပ်ရင်းသည် ပြည်တွင်း၊ ပြည်ပ ရန်သူများဖြစ်သော ဗကပများ၊ ကူမင်တန် တရုပ်ဖြူများကို တိုက်ခိုက်ခဲ့ရာတွင် တပ်မတော်သားများသည် စွမ်းစွမ်းတမံ တိုက်ပွဲဝင်ခဲ့မှုကြောင့် နိုင်ငံတော်မှ အောက်ပါအတိုင်း စွမ်းရည် သတ္တိဆိုင်ရာ ဘွဲ့၊ တံဆိပ်များကို ဆုချီးမြှင့်ခဲ့သည်။

အောင်ဆန်းသူရိယဘွဲ့ ၁ - ဦး
သီဟသူရဘွဲ့ ၃ - ဦး
သူရ အတွက် ဘားတံဆိပ် ၁ - ဦး
သူရဘွဲ့ ၁၀ - ဦး (၁၉၆၂ ခုနှစ်အထိ)
သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ၄၃ - ဦး (၁၉၆၂ ခုနှစ်အထိ)

ကြယ်နီ 


Viewing all 1811 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>