Image may be NSFW.
Clik here to view.
2015ရွေးကောက်ပွဲကို အခြေခံဥပဒေ ပြင်သည်ဖြစ်စေ မပြင်သည်ဖြစ်စေ ဝင်ရောက်ယှဉ်ပြိုင်မယ် လို့ Nld ကထုတ်ဖော်ပြောအပြီးမှာ လာတော့မယ့် ၂၀၁၄ မြန်မာ့ နိုင်ငံရေး ရူမျှော်ခင်းဟာ ၂၀၁၅ ရွေးကောက်ပွဲ အတွက် အနိုင်ရဖို့ ကြိုတင်ပြင်ဆင်မူ့ တွေနဲ့ သည်းထန်လာတာကို တွေ့မြင်ရဖွယ် ရှိလာပါတယ်။
တစ်ချန်တည်းမှာပဲ ကျနော်တို့ နိုင်ငံမှာသာ ရွေးကောက်ပွဲ ငြင်းဆိုမူ့တွေ မတွေ့ရတော့ပေမယ့် အရှေ့ဘက် အိမ်နားနီးခြင်း ထိုင်းနိုင်ငံမှာတော့ ဖေဖေါ်ဝါရီ ရွေးကောက်ပွဲ မကျင်းပနိုင်ဖို့ အတိုက်အခံတို့ အရှိန်မြှင့် ကြိုးစားလုပ်ဆောင် လာပါတယ်။
ဘန်ကောက်က အတိုက်အခံတို့ရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကြွေးကျော်သံဟာ တကယ်တော့ နိုင်ငံရေးသစ် အိုင်ဒီယာကနေ မျိုးစေ့ချ ပေါက်ဖွားလာတာ ဖြစ်ပါတယ်။
နိုင်ငံရေးသစ်လို့သာ ဆိုနေကြပေမယ့် တကယ်တော့ အထူးအဆန်းလည်း မဟုတ်ပါဘူး။
အခြေခံဥပဒေအရ ရွေးကောက် တင်မြှောက်ထားသော အစိုးရရဲ့ အကျင့်စာရိတ္တ ဖောက်ပြားမူ့တွေကို လွှတ်တော်တွင်းက ပြင်ဆင်လို့ မရနိုင်တဲ့အတွက် လမ်းမပေါ်ထွက် ဆန္ဒပြရတယ် ဆိုတဲ့ အိုင်ဒီယာပေါ်မှာ အခြေတည် ထားခြင်း ဖြစ်ပါတယ်။
နိုင်ငံရေးအသစ် အယူကြောင့် လက်ရှိ ထိုင်းနိုင်ငံအနေအထား ဟာ ဒီမိုကရေစီနဲ့ အလှမ်းဝေးသွား ရုံမက စစ်တပ်အာဏာ သိမ်းဖို့လည်း ဖိတ်ခေါ်လိုက် သလို သက်ရောက်မူ့ ရှိသွားပါတယ်။
ကျနော်တို့ မြန်မာမှာရော အိမ်နီးချင်းထိုင်းမှာပါ ရွေးကောက်ပွဲ ရွေးကောက်ပွဲ အသံတွေ ဆူညံနေပေမယ့် ကျနော်တို့ လို လူလတ်ပိုင်း အရွယ် ရွေးကောက်ပွဲ အတွေ့အကြုံ ဖြတ်သန်းမူ့ကို စာမေးပွဲ စစ်ကြည့်ရင် အောင်မှတ်တောင် ရမှာ မဟုတ်ပါဘူး။
မှတ်မှတ်ရရ ကျနော့် အသက်အရွယ် အပိုင်းအခြားအရ ရွေးကောက်ပွဲ သုံးကြိမ် သုံးခါ ဖြတ်သန်းတွေ့ ကြုံခဲ့ဖူးပါတယ်။ဒါပေမယ့် မဲပေးခွင့်ကတော့ တစ်ကြိမ်ပဲ ရရှိခဲ့ပါတယ်။
ပထမဆုံး ကြုံခဲ့ရတဲ့ ရွေးကောက်ပွဲ က ၈၈၈၈အရေးတော်ပုံကြီးရဲ့ ၁၉၉၀ ရွေးကောက်ပွဲ ဖြစ်ပါတယ်။
အဲဒီအချိန်က ကျနော်က မူလတန်းလွန်စ အလယ်တန်းကျောင်းသား အရွယ်။မဲပေးဖို့အသက်မမှီသေး။
ကျနော့်တို့ အဘိုး အဖေ ပတ်ဝန်းကျင် တစ်ခုလုံး မဲဆန္ဒပြုခဲ့ ကြတာ စပါးနှံရဲ့ ပြိုင်ဘက် ခမောက်ဆိုတာတော့ အသိစိတ်ထဲမှာ ပြက်ပြက်ထင်ထင် မှတ်မိနေပါသေးတယ်။
စိတ်ရွှင်လန်း တက်ကြွစရာ မြင်ကွင်များပင် ဖြစ်ပါတယ်။
အဲဒီနောက် နှစ်နှစ်ဆယ်ကြာ အမှောင်ဖုံး ဝင်္ကပါ နေ့များမှာ မျက်စိလည်ပြီးနောက် အလင်းရောင် မှိန်ပြပြမြင်ခွင့် ရခဲ့တဲ့ ၂၀၁၀ရွေးကောက်ပွဲ ကာလများကို ဖြတ်သန်းကြုံ တွေ့ရပါတယ်။no vote ရဲ့ အားသန်လှတဲ့ ရေစီးများကြားမှာပင် ကျနော်မဲရုံ ကို သွားဖြစ်အောင် သွားပြီး မဲပေးခဲ့ပါတယ်။သိကြတဲ့အတိုင်းပါပဲ။ညနေနိုင် မနက်ရူံး စိတ်ပျက်နာကျင်ဖွယ် ရွေးကောက်ပွဲ ရလဒ်များကို ထိထိခိုက်ခိုက် မှတ်မိနေပါသေးတယ်။
အဲဒီနောက် ဆောင်းလက်မည်းကြီးက လွန်မြောက်လာစ ၂
၀၁၂ကြားဖြတ် ရွေးကောက်ပွဲမှာတော့ လစ်လပ်နေရာ မဟုတ်၍ မဲပေးခွင့် မရရှိခဲ့ပါဘူး။
ကျနော့်သာ မဲဆန္ဒပေးခြင်းမှာ အောင်မှတ်မရနိုင်ပေမယ့် ဒီမိုကရေစီ ကူးပြောင်းရေးပညာရှင် လာရီဒိုင်းမွန်းကတော့ အကူးအပြောင်း ရှေ့ဆက် အဆင်ပြေချောမွေ့ တည်ငြိမ်နိုင်ဖို့ ရွေးကောက်ပွဲကို လက်ရှိကျင့်သုံးနေတဲ့ စနစ်အစား အချိုးကျ ကိုယ်စားပြု PRစနစ်ကို ပြောင်းလဲသင့်တယ်လို့ အကြံပေးထားပါတယ်။PRကိုပြောင်းလဲမယ် စဉ်းစားထားတယ်ဆိုရင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပညာပေးမူ့တွေအခုအချိန် ကတည်းက စတင်ဖို့ အရေးတကြီး လိုပါလိမ့်မယ်။
ကျနော်တို့နိုင်ငံမှာ ရွေးကောက်ပွဲ ခါးဆက်ပြတ်မူ့ သိပ်များနေပေမယ့် ကမ္ဘာမှာတော့ ရွေးကောက်ပွဲ ဆိုငရာ တိမ်းညွှတ်မူ့ အသစ် ထူးထူးဆန်ဆန်း ပေါ်ထွက်လာနေပါတယ်။
တောင်ကိုးရီးယား တောင်အာဖရိ ကင်ညာ စတဲ့ နိုင်ငံတွေမှာ အကျင့်ပျက် ခြစားမူ့နဲ့ စွပ်စွဲ ခံရသူတွေ ရွေးကောက်ပွဲတွေမှာ အံ့အားသင့်ဖွယ် အနိုင်ရရှိလာကြပါတယ်။
တိမ်းညွှတ်ချက် အကျင့်ပျက်ခြစားတဲ့နေရာမှာ နိုင်ငံရေးသမားတွေဟာ အတူတူ နဲ့ အနူနူပါပဲလို့စဉ်းစားပြီး အကျင့်ပျက်ခြစားမူ့ကို ကြားမှာ ထားလိုက်ခြင်း ဖြစ်ပါတယ်။
လက်တွေ့ကျကျ တွေးခေါ်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် စွမ်းမယ့်လူကို ပုံအော ဆန္ဒမဲ ပေးလိုက်ကြပါတယ်။
ကမ္ဘာကြီးဟာ နည်းပညာကျေးဇူးကြောင့် ပထဝီကြောကြုံ့လာခြင်း လက်ရှိ မြေပြင် တကယ့် အနေအထားအရ ကျနော်တို့နိုင်ငံမှာ ရွေးကောက်ပွဲ တိမ်းညွှတ်မူ့ အသစ်ထဲ တအိအိ စိုက်ဆင်းလာဖွယ် ရှိပေမယ့် မဲဆန္ဒရှင်တွေမှာ ရွေးချယ်စရာ ခွင်ကိယ်ကျယ် မရှိတဲ့အတွက် ၁၉၉၀ ၂၀၁၂ ရွေးကောက်ပွဲ ရလဒ်မျိုးတွေ၂၀၁၅မှာ လည်း ထွက်ပေါ်လာနိုင်ပါတယ်။
အခု ရွေးကောက်ပွဲဆိုင်ရာ သုံးသပ်ချက်လေးကို ၁၉၉၀ရွေးကောက်ပွဲမတိုင်မှီက
အဓိက အတိုက်အခံ ခေါင်းဆောင်ကြီးတွေကို မစိုးရိမ် ဆရာတော်ဘုရား မိန့်ကြားခဲ့တာကို ကြားဖူးတာလေးနဲ့ နိဂုံးချုပ်ချင်ပါတယ်။
ဒကာကြီးတို့ ပါတီနိုင်မှာပါ။
မဆလ ခောတ်တစ်လျှောက်လုံး ကြုံတွေ့ခဲရတဲ့ စားဝတ်နေရေးကြပ်တည်းမူ့ကို မကျေနပ်တဲ့ လောဘမဲတွေ
တစ်လျှောက်လုံး ခေါင်းငုံ့ခံခဲ့ရတဲ့ အတွက် မကျေမနပ် ဒေါသမဲတွေ
သူများယောင်လို့ လိုက်ယောင်တဲ့
မောဟတွေနဲ့ အပြတ်အသတ် ဒကာကြီးတို့ နိုင်မှာပါ။
အေး အဲဒီမဲတွေကို ပညာမဲ ဖြစ်အောင် ပြောင်းလဲကြလို့ သြဝါဒ ချွေပေးခဲ့ပါတယ်။
ဗုဒ္ဓဘာသာ ရဟန်းတစ်ပါးရဲ့ နိုင်ငံရေး အပေါ် ဘာသာရေး ရူထောင့်နဲ့ အမြော်အမြင်ကြီး မားလှတဲ့အကဲဖြတ်ချက်ဲ့ ပညာမဲဟာ ၂၀၂၀မှာတော့ တွေ့ရလိမ့်မယ်လို့ မျှော်လင့်ယုံကြည် နေမိပါတော့တယ်။
By
Clik here to view.

2015ရွေးကောက်ပွဲကို အခြေခံဥပဒေ ပြင်သည်ဖြစ်စေ မပြင်သည်ဖြစ်စေ ဝင်ရောက်ယှဉ်ပြိုင်မယ် လို့ Nld ကထုတ်ဖော်ပြောအပြီးမှာ လာတော့မယ့် ၂၀၁၄ မြန်မာ့ နိုင်ငံရေး ရူမျှော်ခင်းဟာ ၂၀၁၅ ရွေးကောက်ပွဲ အတွက် အနိုင်ရဖို့ ကြိုတင်ပြင်ဆင်မူ့ တွေနဲ့ သည်းထန်လာတာကို တွေ့မြင်ရဖွယ် ရှိလာပါတယ်။
တစ်ချန်တည်းမှာပဲ ကျနော်တို့ နိုင်ငံမှာသာ ရွေးကောက်ပွဲ ငြင်းဆိုမူ့တွေ မတွေ့ရတော့ပေမယ့် အရှေ့ဘက် အိမ်နားနီးခြင်း ထိုင်းနိုင်ငံမှာတော့ ဖေဖေါ်ဝါရီ ရွေးကောက်ပွဲ မကျင်းပနိုင်ဖို့ အတိုက်အခံတို့ အရှိန်မြှင့် ကြိုးစားလုပ်ဆောင် လာပါတယ်။
ဘန်ကောက်က အတိုက်အခံတို့ရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကြွေးကျော်သံဟာ တကယ်တော့ နိုင်ငံရေးသစ် အိုင်ဒီယာကနေ မျိုးစေ့ချ ပေါက်ဖွားလာတာ ဖြစ်ပါတယ်။
နိုင်ငံရေးသစ်လို့သာ ဆိုနေကြပေမယ့် တကယ်တော့ အထူးအဆန်းလည်း မဟုတ်ပါဘူး။
အခြေခံဥပဒေအရ ရွေးကောက် တင်မြှောက်ထားသော အစိုးရရဲ့ အကျင့်စာရိတ္တ ဖောက်ပြားမူ့တွေကို လွှတ်တော်တွင်းက ပြင်ဆင်လို့ မရနိုင်တဲ့အတွက် လမ်းမပေါ်ထွက် ဆန္ဒပြရတယ် ဆိုတဲ့ အိုင်ဒီယာပေါ်မှာ အခြေတည် ထားခြင်း ဖြစ်ပါတယ်။
နိုင်ငံရေးအသစ် အယူကြောင့် လက်ရှိ ထိုင်းနိုင်ငံအနေအထား ဟာ ဒီမိုကရေစီနဲ့ အလှမ်းဝေးသွား ရုံမက စစ်တပ်အာဏာ သိမ်းဖို့လည်း ဖိတ်ခေါ်လိုက် သလို သက်ရောက်မူ့ ရှိသွားပါတယ်။
ကျနော်တို့ မြန်မာမှာရော အိမ်နီးချင်းထိုင်းမှာပါ ရွေးကောက်ပွဲ ရွေးကောက်ပွဲ အသံတွေ ဆူညံနေပေမယ့် ကျနော်တို့ လို လူလတ်ပိုင်း အရွယ် ရွေးကောက်ပွဲ အတွေ့အကြုံ ဖြတ်သန်းမူ့ကို စာမေးပွဲ စစ်ကြည့်ရင် အောင်မှတ်တောင် ရမှာ မဟုတ်ပါဘူး။
မှတ်မှတ်ရရ ကျနော့် အသက်အရွယ် အပိုင်းအခြားအရ ရွေးကောက်ပွဲ သုံးကြိမ် သုံးခါ ဖြတ်သန်းတွေ့ ကြုံခဲ့ဖူးပါတယ်။ဒါပေမယ့် မဲပေးခွင့်ကတော့ တစ်ကြိမ်ပဲ ရရှိခဲ့ပါတယ်။
ပထမဆုံး ကြုံခဲ့ရတဲ့ ရွေးကောက်ပွဲ က ၈၈၈၈အရေးတော်ပုံကြီးရဲ့ ၁၉၉၀ ရွေးကောက်ပွဲ ဖြစ်ပါတယ်။
အဲဒီအချိန်က ကျနော်က မူလတန်းလွန်စ အလယ်တန်းကျောင်းသား အရွယ်။မဲပေးဖို့အသက်မမှီသေး။
ကျနော့်တို့ အဘိုး အဖေ ပတ်ဝန်းကျင် တစ်ခုလုံး မဲဆန္ဒပြုခဲ့ ကြတာ စပါးနှံရဲ့ ပြိုင်ဘက် ခမောက်ဆိုတာတော့ အသိစိတ်ထဲမှာ ပြက်ပြက်ထင်ထင် မှတ်မိနေပါသေးတယ်။
စိတ်ရွှင်လန်း တက်ကြွစရာ မြင်ကွင်များပင် ဖြစ်ပါတယ်။
အဲဒီနောက် နှစ်နှစ်ဆယ်ကြာ အမှောင်ဖုံး ဝင်္ကပါ နေ့များမှာ မျက်စိလည်ပြီးနောက် အလင်းရောင် မှိန်ပြပြမြင်ခွင့် ရခဲ့တဲ့ ၂၀၁၀ရွေးကောက်ပွဲ ကာလများကို ဖြတ်သန်းကြုံ တွေ့ရပါတယ်။no vote ရဲ့ အားသန်လှတဲ့ ရေစီးများကြားမှာပင် ကျနော်မဲရုံ ကို သွားဖြစ်အောင် သွားပြီး မဲပေးခဲ့ပါတယ်။သိကြတဲ့အတိုင်းပါ
အဲဒီနောက် ဆောင်းလက်မည်းကြီးက လွန်မြောက်လာစ ၂
၀၁၂ကြားဖြတ် ရွေးကောက်ပွဲမှာတော့ လစ်လပ်နေရာ မဟုတ်၍ မဲပေးခွင့် မရရှိခဲ့ပါဘူး။
ကျနော့်သာ မဲဆန္ဒပေးခြင်းမှာ အောင်မှတ်မရနိုင်ပေမယ့် ဒီမိုကရေစီ ကူးပြောင်းရေးပညာရှင် လာရီဒိုင်းမွန်းကတော့ အကူးအပြောင်း ရှေ့ဆက် အဆင်ပြေချောမွေ့ တည်ငြိမ်နိုင်ဖို့ ရွေးကောက်ပွဲကို လက်ရှိကျင့်သုံးနေတဲ့ စနစ်အစား အချိုးကျ ကိုယ်စားပြု PRစနစ်ကို ပြောင်းလဲသင့်တယ်လို့ အကြံပေးထားပါတယ်။PRကိုပြောင်းလဲ