$ 0 0 Image may be NSFW. Clik here to view. ဦးကိုကိုကြီး(၈၈ မျိုးဆက်) ကပြောတယ်တပ်မတော်ဟာ professional တပ်မတော် ဖြစ်သင့်တယ်တဲ့မှန်တာပေါ့ဖြစ်သင့်တာပေါ့ကျွန်တော်တို့က ပိုတောင်ဖြစ်ချင်တယ်ဗျ . . . စစ်သား စစ်ပဲတိုက်ချင်တယ်အရေးအခင်းတွေ အမုန်းခံပြီး လိုက်မထိန်းချင်ဘူးရထားလမ်း ကားလမ်း မဖေါက်ချင်ဘူးပြည်သူ့အကျိုးပြု လုပ်ငန်းလားလုပ်နေတယ်လေတိုင်းပြည် ကာကွယ်ဖို့ လေ့ကျင့်နေတယ်ဒီ့အပြင် ကိုယ်နဲ့မဆိုင်တာ ဝင်မပါချင်ဘူးသစ်ပင်မစိုက်ချင်ဘူးစပါး မစိုက်ချင်ဘူးဝက်မွေး ကြက်မွေး နွားမွေး မလုပ်ချင်ဘူးစစ်ဆင်ရေးပြီးရင် အေးအေးဆေးဆေးပဲနားချင်တယ်ပြည်သူမချစ်ရင်နေပါစေပြည်သူမုန်းမှာတော့ ဘယ်စစ်သားမှ မလိုလားပါဘူး . . .ဒါပေမယ့် စစ်သုံးဝေါဟာရမှာ Professional Army ဆိုတာတော့မရှိဘူးဗျကမ္ဘာမှာ စစ်တပ် သုံးမျိုးပဲရှိတယ် 1.Mercenary Army 2.Regular Army နဲ့ 3.Patriotic Army ဆိုတာပါ . . . Mercenary Army လားဖြစ်ချင်တာပေါ့ဗျာအီရတ်မှာ ပွဲကြမ်းခဲ့တဲ့ အမေရိကန်တွေရဲ့ Black Water လို ကြေးစားတပ်တွေမျိုးလေပိုက်ဆံပေး တောင်းသလောက်သာပေးအကုန်လက်ရဲဇာတ်ရဲ တိုက်ပေးမယ်တောင်းသလောက် မပေးနိုင်ဘူးလားထပ်မပြောနဲ့တော့ ပြန်တော့အဲ့လိုမျိုးတပ်တွေပေါ့ဘယ်လောက်မိုက်သလဲနော့ . . .နောက် Regular Armyဖြစ်ချင်တာပေါ့ဗျာနိုင်ငံတနိုင်ငံရဲ့ ဂုဏ်ယူဖွယ်ရာ ကာကွယ်ရေးတပ်ဖွဲ့ကြီးပေါ့လစာရိက္ခာ အပြည့်ပေးထားတယ်ကောင်းကောင်းစားကောင်းကောင်းအိပ်ကောင်းကောင်းလေ့ကျင့်အဲ တိုင်းပြည်အတွက်လိုအပ်လာပြီဆိုရင်တော့လာခဲ့တော့ တိုက်ကြတော့သားပစ် မယားပစ်တိုက်တာပေါ့ဗျာထိုင်းစစ်တပ်က ဗိုလ်တစ်ယောက်လစာ ရှစ်သိန်းကျော်တောင်ကိုရီးယားစစ်တပ်က ဗိုလ်မှူးတစ်ယောက်လစာ ၇၅ သိန်းအငြိမ်းစားဆို ၂၅ သိန်း Regular Army တွေပြောပါတယ်စားဝတ်နေရေး ဘာမှကို ပူစရာမလိုဘူးပြည်သူ့အကျိုးပြုလုပ်ငန်းလားနိုး နိုး လာမခိုင်းနဲ့ကိုယ့်တပ်ထဲက မြောင်းတောင်အရပ်သား company တွေ လာဖေါက်တာသူတို့ဆီက ဗိုလ်လောင်းအဆောင်တွေကြမ်းတိုက် မှန်တိုက်တာက အစအလုပ်သမားပဲလုပ်တာလေစစ်တိုက်ရန်စစ်တိုက်ရန် မရှိက လေ့ကျင့်ရန်ဒါပဲရှိတယ် အပိုစာသားတွေမပါဘူးကဲ ဘယ်လောက်မိုက်လဲဗျာ . . . Image may be NSFW. Clik here to view. နောက်တစ်ခု Patriotic Armyတကယ့် Patriotic Army အစစ်အမှန်ကြီးကို ပြမယ်ကျုပ်တို့အာရှစစ်တပ်တွေ အကုန် လန့်ရတဲ့ကမ္ဘာ့အင်အားအကြီးဆုံး စစ်တပ်ကြီးဖြစ်တဲ့တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ပါပဲကျွန်တော်တို့ဆီမှာလိုပဲ သူ့ကို နိုင်ငံတော်ရဲ့အဓိက အင်အားကြီးအဖြစ်သတ်မှတ်ထားပြီးအထိကရုဏ်းတွေဖြိုခွင်းရေးသဘာဝဘေးအန္တရာယ်ကာကွယ်ရေးနိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းတွေမှာ သုံးတယ် PLA လမ်းဖေါက်တယ် PLA ရေဘေးကယ်ဆယ်ရေးတွေ လုပ်တယ် PLA အထိကရုဏ်းတွေနှိမ်နင်းတယ် PLA ကောင်းတဲ့အခါကောင်းတယ် PLA ရက်စက်ရင်လဲ သူ မတူဘူးဆန္ဒပြကျောင်းသားကို တင့်ကားနဲ့ကျိတ်ပစ်တာဒါပေမယ့် PLA လုပ်သမျှ စစ်ကော်မရှင်က တာဝန်ယူတယ်ဒီမှာလို ကိုယ့်ကို လူတွေမုန်းမှာစိုးလို့ ဟိုလူ့လွှဲချ ဒီလူ့လွှဲချ မလုပ်ဘူး . . . PLA လမ်းဖေါက်တယ် PLA တံတားဆောက်တယ်ဒါပေမယ့် PLA ဖက်ထိပ်မလုပ်ဘူးတပ်တွင်း မြောင်းဖေါ် အမှိုက်သိမ်းကအစအရပ်သား အလုပ်သမားလုပ်တယ် PLA က စစ်ဗိုလ်လစာ ၁၂ သိန်းကျော်တယ်ရိက္ခာနဲ့ ခံစားခွင့်တွေပေါင်းလိုက်ရင်ဘာမှကို ပူစရာ မလိုတာကျွန်တော်တို့က သူများ ပင်ပန်းဆင်းရဲတာကိုတော့ အတုယူကြတယ်ခံစားခွင့်ကြတော့ အတုမယူဘူးလေ . . .ထိုင်းနယ်စပ်မှာဆို ကွာခြားချက်က သိပ်ကိုသိသာတယ်သူတို့ဆီက စခန်းတွေ ရိက္ခာလာချရင် ရဟတ်ယာဉ်နဲ့ကျွန်တော်တို့ဆီက မိုင်းကွင်းတွေကြားထဲ တောတိုးတုန်း၁၉၈၀ လောက်ကလည်း ဒီလိုပဲခုလည်း ဒီလိုပဲငါတို့တုန်းကလည်း တောတိုးတာပဲမင်းတို့လည်း ငယ်တုန်းရွယ်တုန်း တိုးလိုက်ဦး ဆိုသလိုပေါ့လေ zero level ကကို မတက်တော့ဘူးသို့သော် Patriotic ဖြစ်နေတဲ့အခါကျတော့ ပြန်ပြောခွင့် စောဒက တက်ခွင့်မရှိဘူးမျိုးချစ်တပ်မတော်ဖြစ်သည်အပင်ပန်းအဆင်းရဲခံနိုင်သော တပ်မတော်ဖြစ်သည်လေ . . .တချိန်က နိုင်ငရဲ့ အခြေအနေပြည်နယ်တိုင်း သူပုန်ထတာတွေကြောင့်စစ်နိုင်ခြင်းဖြင့်သာ အဆုံးအဖြတ်ပေးနိုင်တယ်ဒါ့ကြောင့် စစ်တပ်ရဲ့ အခန်းကဏ္ဏက သိပ်ကိုအရေးပါလာပါတယ်ဒါကို နိုင်ငံရေးသမားတွေ မသိဘူး မဟုတ်ဘူး သိတယ်မသိချင်ယောင်ဆောင်နေတာပါအဲ့သည်တုန်းက စစ်တပ်မပါလို့မရတဲ့ အခြေအနေကိုး . . . Image may be NSFW. Clik here to view. တဖက်နဲ့တဖက် မယုံမကြည်ဖြစ်ရာကရန်သူတွေဖြစ်လာကြတဲ့အချိန်မှာနိုင်ငံအတွက် တကယ့်ကို စေတနာနဲ့ အလုပ်လုပ်တဲ့သူတွေ နိုင်ငံရေးသမားတွေ ထောင်ကျတယ်နယ်စပ်မှာ ဘဝပျက်တယ်တဖက်ကလည်း စစ်တပ်ရဲ့စစ်သားကောင်းကြီးတွေ တိုက်ပွဲတွေမှာကျတယ် သူရဲကောင်းတွေ ကန်းတယ် ပြတ်တယ် ဒုက္ခိတဖြစ်တယ်နိုင်ငံရေးသမားတွေဖက်က လူလည်တွေကဒေါ်လာစားတွေဖြစ်တယ်နိုင်ငံတကာလှည့်အလှူခံတယ်ချမ်းသာကုန်တယ်စစ်တပ်ဘက်က လူလည်တွေကပါမစ်တွေနဲ့ ချမ်းသာတယ်ကန်ထရိုက်တွေနဲ့ သူဌေးတွေဖြစ်ကုန်တယ်တိုင်းရင်းသားလက်နက်ကိုင်တွေလဲဘာထူးလဲအောက်ခြေက သူပုန်လေးတွေသေတယ် ပြတ်တယ် ငတ်တယ်သူပုန်ဗိုလ်ချုပ်တွေ မိန်းမဆယ်ယောက် မကရှိတယ်ယိုးဒယားမှာ သူဌေးစာရင်းဝင်တယ် . . .တွေးကြည့်ရင် ရင်နာစရာနော်ဒါ့ကြောင့် စားပေါက်ပိတ်မှာစိုးတဲ့လူလည်တွေကဒီအစွန်းနှစ်ဖက် ပြေလည်သွားမှာလုံးဝ လုံးဝ မလိုလားဘူးအမြဲတမ်း ပြဿနာကို ဖန်တီးတယ်သတိထားကြည့်ရင် သိနိုင်ပါတယ်ဒါ့ကြောင့်ငါ စစ်သား ဒီကောင်တွေကို အထင်မကြီးဘူးဆိုတဲ့စိတ်တွေရယ်စစ်ဆိုရင် ရေတောင်စစ်မသောက်ဘူး ဆိုတဲ့အစွန်းရောက်အမြင်တွေ လျှော့သင့်ပါပြီတိုင်းပြည်တည်ဆောက်ရေးအတွက် ပူးပေါင်းသင့်ပါပြီ . . .နောက်ဆုံးအနေနဲ့ဦး ကိုကိုကြီး ပြောတာပြန်ဆက်ရမယ်ဆိုဦး ကိုကိုကြီးကို တိုက်ရိုက် ပြောချင်တယ်တပ်မတော်က professional ဖြစ်သင့်တယ် ဆိုတဲ့အကြံပေးသလိုလိုထောက်ပြသလိုလိုဈေးဆစ်သလိုလို မရဲတရဲနဲ့ မပြောပါနဲ့ကျုပ် အာဏာရရင် တပ်မတော်ဟာ Professional တပ်မတော် ဖြစ်ကိုဖြစ်စေရမယ် လို့ အာမခံလိုက်ကျုပ်တို့ တပ်မတော်သားတွေ နဲ့သူတို့မိသားစုဝင်တွေရဲ့ မဲတိုင်းဟာ ခင်ဗျားအတွက်ဖြစ်ကိုဖြစ်နေပါလိမ့်မယ်ဗျာကိုဆေး (1.1.2014) https://www.facebook.com/drkokooodsma/posts/671240739564182 မှကူးယူဖော်ပြပါသည်။