Image may be NSFW.
Clik here to view.

နာမည်ကိုက လိင်နှင့်မျိုးဆက်ပွါးကျန်းမာရေ
ခုတလော ဆေးခန်းကို ဘယ်သူတွေ ခဏခဏလာနေလဲဆိုရင် ကလေးလိုချင်တဲ့စုံတွဲတွေပေါ့။ တစ်နေ့ကို ၃တွဲနှုန်းလောက်ကို လာနေကြတာ။ ဘယ်ကိုဘယ်လိုလွင့်လာတဲ့ကောလဟာလလ
တဲ့အလုပ်ကိုပဲ အဓိကထား လုပ်ပေးရတယ်။
အဲ့လိုစုံတွဲတွေမှာ တွေ့ရတတ်တာက အရမ်းကို စိတ်လောကြတာပဲဗျ၊ တချို့ဆို အိမ်ထောင်ကျတာမှ လပိုင်းလေး ရှိသေးတယ်၊ ကလေးပဲ၊ အချိန်တန်ရင် ရမှာပေါ့ဗျာ၊ အဲ့ဒါကို မဟုတ်ဘူး၊ ကလေး လိုချင်လို့ဆိုပြီး အသည်းအသန် လာပြနေကြတယ်။ အဲ့ဒီလိုစုံတွဲတွေကို အရင်ဆုံးရှင်းပြဖြစ်တာက အဓိပ္ပါယ်ဖွင့်ဆိုချက် ပါပဲ။ ဘာလဲဆိုတော့ စုံတွဲတစ်တွဲဟာ တစ်နှစ်တိတိ ဘာအကာအကွယ် ဘာကိုယ်ဝန်တားနည်းမှ မသုံးပါဘဲနဲ့ ကိုယ်ဝန်မရဘူးဆိုတော့မှ ဒီစုံတွဲတော့ တခုခုမှားနေပြီလို့ စသတ်မှတ်ကြောင်း ပြောပြပေးရပါတယ်။ အဲ့လို ပြောပြပြီးတဲ့အခါ နောက်တစ်ဆင့်အနေနဲ့ ကိုယ်ဝန်ဆိုတာ ဘာကြောင့်ရတယ်၊ ဘယ်လိုပြသနာတွေ ရှိရင်တော့ ကိုယ်ဝန်မရနိုင်ဘူးလဲ ဆိုတဲ့ အကြောင်းကို ဆက်ပြောပြရပါတယ်။ သူတို့က ကိုယ်ဝန်သာ အသည်းအသန်လိုချင်တာဗျ၊ ဘာကြောင့်ကိုယ်ဝန်ဆိုတာ ရလာရသလဲဆိုတာကိုတော့ နည်းနည်းပါးပါးတောင် ဖတ်ရှုမလေ့လာထားဘူး။ နောက်ပြီးရင်တော့ တတိယအချက်အနေနဲ့ ကျွန်တော်တို့ဆေးခန်းကတော့ ဆွေးနွေးရုံလောက်ပဲ တတ်နိုင်တယ်၊ အမျိုးသားမှာ အားနည်းချက်ရှိသလား၊ အမျိုးသမီးမှာ အားနည်းချက်ရှိသလားဆိုတာကိုတော့
မှတ်မှတ်ရရ ဇွဲကပင်တောင်ကို ပင်ပင်ပန်းပန်း တက်ပြီး နောက်တစ်နေ့ပေါ့။ လူက ကိုင်ရိုက်ထားသလို ဖြစ်နေပါတယ်ဆိုမှ ခွင့်က ယူလို့မရဘူး။ အဲ့လိုအချိန်မှာ တမင်တကာများ ရည်ရွယ်ပြီး လာကြလားမှတ်ရအောင်ကို လာလိုက်ကြတဲ့ စုံတွဲတွေဆိုတာဗျာ၊ တော်ကြာနေ ၀င်လာပြန်ပြီ၊ ကလေးလိုချင်လို့၊ တော်ကြာနေ ရောက်လာပြန်ပြီ၊ ကလေးမရသေးလို့။ ကိုယ်တွေလက်တွေပဲ ညောင်းပြီး ပါးစပ်ကျန်နေသေးလို့များ လာနှိပ်စက်ကြသလား မှတ်ရတယ်။ တစ်နေကုန်နီးပါး အပေါ်မှာပြောခဲ့တဲ့ ဖော်မြူလာကိုပဲ တစ်ကြော့ပြီးတစ်ကြော့ ကြော့နေရတာပေါ့။ အခွေသာဆိုရင် ရစ်လွန်းလို့ ထစ်တောင် ထစ်သွားလောက်တယ်။
အဲ့ဒီလိုနဲ့ ညနေစောင်းလို့ ဆေးခန်းပိတ်ခါနီးကျတော့ သတင်းစာတစ်စောင်ကို ကျကျနနထိုင်ဖတ်ရင်း အတွေးနယ်ချဲ့နေပုံရတဲ့ ကျွန်တော့်အဖွဲ့သားတစ်ယောက်က မေးပါလေရော၊ ဆရာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘာလို့ပြင်ချင်နေကြတာလဲ တဲ့။ မေးမှမေးရက်တယ်၊ မောင်မင်းကြီးသားရယ်။ ကိုယ့်ဆရာ မနေ့က ဘာလုပ်ထားတယ်ဆိုတာလည်း သူအသိ၊ ဒီနေ့ ဘယ်သူတွေ ဘယ်လိုလာပြီး ဘာတွေ ဘယ်လောက်ဆွေးနွေးပေးလိုက်ရတယ် ဆိုတာလည်း ဆေးခန်းအ၀မှာ တစ်နေကုန်ထိုင်နေတဲ့ သူအသိဆုံး။ အဲ့ဒါကိုတောင် မေးရက်တာ။ မေးတဲ့မေးခွန်းကိုလည်း ကြည့်လိုက်ပါဦး။ လက်ရှိနိုင်ငံရေးမှာ Hot အဖြစ်ဆုံးမေးခွန်း။ ဥပဒေပညာရှင်လည်း မဟုတ်၊ နိုင်ငံရေးသမားလည်း မဟုတ်၊ ဘာပညာရှင်မှလည်း မဟုတ်တဲ့ ကျွန်တော့်ကို မေးတာ တဲ့။ ဘယ်သိမလဲ ဘာလို့ပြင်ချင်လဲဆိုတာကို။ ဒါပေမဲ့ ဒီလိုတော့ ဘယ်ဖြေလို့ဖြစ်မလဲဗျ၊ သိက္ခာကျတာပေါ့။ အဲ့ဒါနဲ့ စိတ်ပေါက်ပေါက်နဲ့ပဲ တစ်နေကုန်သုံးခဲ့တဲ့ ဖော်မြူလာလေးကို ပြန်သုံးလိုက်တယ်၊ ဘယ်ရမလဲ ဒါမျိုးလာစမ်းလို့တော့။
အရင်ဆုံးတော့ အဓိပါယ်ဖွင့်ဆိုချက်ကို သိရမယ်ဗျ။ တကယ်တော့ အခြေခံဥပဒေဆိုတာ တိုင်းပြည်တစ်ပြည်ရဲ့ အခြေခံအုတ်မြစ်ဖြစ်သလို အမြင့်ဆုံးဥပဒေတစ်ခုလည်း ဖြစ်တယ်။ သူ လွဲရင်လွဲသလို တိုင်းပြည်လည်း လိုက်လွဲပါတယ်၊ သူ ကောင်းရင် ကောင်းသလို၊ အားလုံးကလည်း လေးစားလိုက်နာကြမယ်ဆိုရင် တိုင်းပြည်ကလည်း လိုက်ကောင်းပါတယ်။ ဒါကြောင့် ဒီအခြေခံဥပဒေကိစ္စဟာ အရေးကြီးလားဆို ကြီးတာပေါ့၊ ကျွန်တော်တို့ပြည်သူတွေနဲ့ ဆိုင်လားဆိုရင်လည်း သိပ်ဆိုင်တာပေါ့။ ဒီအပေါ်မှာ မူတည်ပြီး တိုင်းပြည်ရဲ့အနာဂတ်က ပြောင်းလဲသွားနိုင်တာကိုး။ ကမ္ဘာပေါ်မှာ ရှိရှိသမျှ ဘယ်အခြေခံဥပဒေမှတော့ ပြင်စရာမလိုအောင် ပြည့်စုံနေတယ် ဆိုတာ မရှိပါဘူး။ အချိန်တိုင်း ပြင်နေကြရတာပဲ။ ဒါပေမဲ့ လှပြီးသားလူက မိတ်ကပ်လေး နည်းနည်းထပ်ဖို့တာနဲ့ အခုမှ ရေချိုးခန်းထဲက ထွက်လာတဲ့လူနဲ့တော့ ပြင်ရဆင်ရမှာချင်း မတူဘူးပေါ့ဗျာ။
ဒုတိယတစ်ချက်အနေနဲ့တော့ ဒီဥပဒေကို ပြင်ချင်တယ်ဆိုရင် ဒီဥပဒေကြီး ဘယ်ကဘယ်လိုပေါ်လာတယ်ဆိုတဲ့ အကြောင်းရင်းဇစ်မြစ်ကိုလည်း မေ့ထားလို့ မရပါဘူး။ ဒါဖြင့် ဒီဥပဒေ ဘယ်ကပေါ်လာလဲ။ အာဏာရှင်များရဲ့ exit strategy ကနေ ပေါ်လာတယ်လို့ ပြောရပါမယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အပြောင်းအလဲဟာ အောက်ခြေကလာတဲ့ Bottom up ပုံစံမဟုတ်ပါဘူး။ အပေါ်ကနေ အောက်ကို ဆင်းလာတဲ့ upside down အပြောင်းအလဲပုံစံပဲ ဖြစ်ပါတယ်။ ပြောရရင် ပြည်တွင်းပြည်ပ ဖိအားတွေ၊ သင်ခန်းစာတွေကြောင့် ငါတို့တော့ ဒီအတိုင်းဆက်နေလို့ မဖြစ်တော့ဘူး၊ နည်းနည်းလေး ဖြေလျှော့ပေးမှ ရတော့မယ်ဆိုတဲ့ နိုင်ငံတော်အကြီးအကဲများရဲ့ စေတနာကြောင့် ပေါ်ပေါက်လာတဲ့ အခြေခံဥပဒေပဲ ဖြစ်ပါတယ်။ အဲ့ဒီတော့ ကမ္ဘာမှာ ရှာမှရှားလောက်အောင် ပြည်သူတွေရဲ့ရာနှုန်းပြည့်နီးပါး
ငွေမြင်ရင် လောဘတက်တတ်တာ၊ ရပြီးသား ပိုင်ဆိုင်မှုတွေ အာဏာတွေကို မစွန့်လွှတ်ချင်တာ၊ စွန့်လွှတ်ဖို့ခက်တာဟာ တကယ်ဆို သိပ်တော့လည်း မဆန်းဘူး မဟုတ်လား။ ကျွန်တော်တွေးကြည့်ဖူးတယ်၊ ကျွန်တော်သာ ဦးပိုင်ရဲ့သား ကိုပိုင်ကြီးသာ ဖြစ်နေခဲ့မယ်ဆိုရင်၊ ကျွန်တော်သာ ၀န်ကြီးသားတစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင် ဖေ့စ်ဘွတ်မှာ အခုလိုပဲ စာတွေ တောင်ရေးမြောက်ရေး ရေးနေဦးမှာလား၊ ဒါမှမဟုတ် ပြိုင်ကားတွေထည်လဲစီး၊ ငွေတွေရေလိုသုံးပြီး လောကစည်းစိမ်တွေ ခံစားနေမှာလား ဆိုတာပါပဲ။ ခုတော့လည်း သာမန်အရပ်သားဖြစ်နေတော့ ကျွန်တော် ဒါတွေရေးနိုင် ပြောနိုင်နေတာပေါ့ဗျာ။ ဒီအချိန်များ တယောက်ယောက်က ကားပါမစ်လေးတွေ စာအိတ်နဲ့လာပေးရင် ရေးလက်စကိုတောင် ချက်ချင်းဖျက်ပစ်ပြီး လက်ခံလိုက်ဦးမှာ၊ ဟုတ်တယ်မဟုတ်လား။ တကယ်တော့ စနစ်ဆိုးအောက်မှာ စိတ်ဓါတ်တွေက တော်တော်များများ ပျက်ကုန်ကြတာဗျ။ ဒီစနစ်ကနေ လူ၃မျိုး မွေးထုတ်ပေးလိုက်တယ်၊ အခွင့်ထူးခံ လူတန်းစားရယ်၊ အခွင့်ထူး မခံရသေးလို့ ခရိုနီ ခရိုနီနဲ့ ဝေဖန်နေကြတဲ့လူတန်းစားရယ်၊ နောက်ဆုံး အခွင့်အရေးတွေ ပေးလာ ရလာတာတောင် ငြင်းပယ်ဝံ့ပြီး ကိုယ့်သိက္ခာကိုယ် လေးစားတဲ့လူတန်းစားရယ်၊ ၃မျိုးပေါ့။ ဘယ်အမျိုးအစားက အနည်းဆုံးလဲ သိချင်လို့တော့ ဗေဒင်သွားမေးမနေပါနဲ့နော်၊ အချိန်တွေ ငွေတွေ အလကားကုန်ပါတယ်၊ သေချာတယ်၊ နောက်ဆုံးအမျိုးက အနည်းဆုံးပါပဲ။ ဆိုလိုတာက ကျွန်တော်တို့တွေဟာ ခရိုနီ လို့ ပြောနေ ဝေဖန်နေကြတဲ့တစ်ပြိုင်တည်းမှာ အဲ့လိုသာမန်ထက်ပိုတဲ့ အခွင့်အရေးတွေများ ကိုယ့်ကို တစ်ယောက်ယောက်က ပေးလာခဲ့ရင်၊ ဒါမှမဟုတ် ယူလို့ရတဲ့အနေအထားမှာ ရှိလာခဲ့ရင် ငြင်းပယ်နိုင်ဖို့လည်း လိုပါတယ်။ အဲ့လို ငြင်းပယ်နိုင်တဲ့သူ ငြင်းပယ်ရဲတဲ့သူတွေ ပေါ်လာဖို့ကလည်း အဲ့ဒီသူတွေကို ချီးကျူးဂုဏ်ပြုကြမဲ့ လူ့အသိုင်းအ၀ိုင်းတစ်ခုကလည်း လိုလာပြန်တာပေါ့။ ခုတော့ ကျွန်တော်တို့တွေက ဒီလိုမဟုတ်ဘူး၊ ဖိနပ်ခိုးတဲ့သူခိုးကို ရှိသမျှလူအကုန် ထွက်ရိုက်တတ်ကြပေမဲ့ ပျောက်သွားတဲ့ ငွေဆယ်သိန်း ပြန်လာပေးတဲ့သူကိုတော့ ကျေးဇူးတင်စကား ချီးကျူးစကားလေးတောင် စိတ်ပါလက်ပါ မပြောနိုင်ဘူး မဟုတ်လား။ အဲဒီတော့ ကြာလာတဲ့အခါမှာ၊ ရလာတဲ့ ကားပါမစ်တွေကို ပြန်ပေးလိုက်ပြီး စီးနေကျ ဘတ်စ်ကားကိုပဲ ကြပ်ကြပ်တည်းတည်း ဆက်စီးနေတဲ့ လူတစ်ယောက်ဟာ သူ့လုပ်ရပ်အပေါ်မှာ တဖြည်းဖြည်းနဲ့ သံသယတွေ ရှိလာတယ၊် ငါ မှန်ရောမှန်ရဲ့လား ဆိုပြီးတော့ပေါ့။ ဘာလို့ဆိုတော့ သူ့လိုပဲ ပါမစ်ရပြီး ကားတွေထည်လဲစီးနေတဲ့ လူက ဥစ္စာရဲရင့် ပွဲလယ်တင့် နေတယ်လေ။ တကယ်လို့များ နောက်တစ်ကြိမ် ထပ်ပြီး ဒီလိုအနေအထားကြုံလာခဲ့ရင် သူ အရင်လိုပဲ ရိုးသားနေဦးမယ်၊ ငြင်းပယ်နေလိမ့်မယ် ဆိုတာ မသေချာတော့ပါဘူး။ ကျွန်တော်ကတော့ ဗိုလ်ချုပ်သားကိုလည်း အထင်မကြီးပါဘူး၊ သူ့ကို ဝေဖန်နေတဲ့သူတိုင်းကိုလည်း လက်ခုပ်မတီးပါဘူး၊ ဗိုလ်ချုပ်သားဖြစ်ရက်နဲ့ ဘာအခွင့်အရေးမှ ပိုမယူဘဲ သာမန်လူလိုနေတဲ့ထိုင်တဲ့သူမျိုး
တတိယအချက်အနေနဲ့တော့ ဒီဥပဒေပြင်ဆင်ဖို့ ဆိုတာ တစ်ဦးတစ်ယောက်တည်းရဲ့ စွမ်းပကားနဲ့ မရနိုင်ပါဘူး၊ အားလုံး ပူးပေါင်းပါဝင်ဖို့လိုပါတယ်၊ အားလုံးက ကိုယ်ကျိုးမကြည့်ဘဲ တိုင်းပြည်မျက်နှာတစ်ခုတည်းကိုပ
နောက်ဆုံးတစ်ချက်အနေနဲ့ ဒီလိုအပြောင်းအလဲတွေ ပေါ်လာဖို့အတွက် စိတ်ရှည်သည်းခံဖို့လိုကြောင်း ပြောတော့မဲ့ဆဲဆဲမှာပဲ ပြသနာတက်ပါတော့တယ်။ ဆေးခန်းပိတ်ခါနီးမှ ရောက်လာတဲ့စုံတွဲကြောင့်ပေါ့။ ကျွန်တော် ရှင်းပြတာတွေ နားထောင်ပြီးတော့ အဲ့ဒီအမျိုးသမီးက ပြန်ပြောတယ်။ ဆရာ၊ ကျွန်မကတော့ စိတ်မရှည်နိုင်ဘူး၊ ကျွန်မတို့က အသက်၄၀ကျော်မှ အိမ်ထောင်ကျတာ၊ အချိန်ဆွဲလေလေ ကျွန်မတို့အတွက် ကလေးရဖို့ မဖြစ်နိုင်တော့လေလေပဲ တဲ့။ ဟုတ်သားပဲ၊ စိတ်တွေချည်း ရှည်ခိုင်းနေမိတာ၊ သူပြောမှ သတိထားမိတယ်၊ အားလုံးက သမ္မတဖြစ်စေချင်ကြတဲ့ လူထုခေါင်းဆောင်က အသက်၃၈နှစ် ဆိုဟုတ်တာပေါ့၊ ၂၀၁၅မကလို့ ၂၀၂၅မှ ဆိုရင်တောင် ရသေး။ အသက် ၄၈၊ ၅၈ ဆိုလည်း ရပါသေးတယ်၊ အခုတော့ အဲ့လိုမဟုတ်ဘူး၊ ၆၈ဗျ၊ ၆၈။ မြန်မာတွေရဲ့ ပျမ်းမျှလူ့သက်တမ်းကို လွန်ခဲ့တာတောင် တော်တော်ကြာနေပြီ။ စိတ်ရှည်ပါဆိုပေမဲ့လည်း အရမ်းကြီး စိတ်ရှည်နေလို့တော့လည်း မရပြန်ဘူး ဖြစ်နေတာပေါ့။
စိတ်ညစ်ရပါတယ်ဗျာ၊ ဒီစုံတွဲတွေနဲ့က။ တချို့ကတော့ စိတ်ရှည်ပါပြောရင် နားထောင်ကြတယ်၊ တချို့ကျတော့လည်း အသက်အရွယ်အရ စိတ်မရှည်နိုင်ဘူး တဲ့။ အရမ်းကြီး ကိုယ်ဖြစ်ချင်တာကိုပဲ ရှေ့တန်းတင်လိုက်လို့ မဖြစ်သလို၊ အချိန်တွေအကြာကြီး ဆွဲထားလို့လည်း မဖြစ်ပြန်ဘူး။ ဒီနှစ်ခုကြားမှာ သူ့အမြင် ကိုယ့်အမြင် ဖလှယ်လို့၊ သူ့ဘက်ကိုယ့်ဘက် လေးစားလို့၊ တိုင်းပြည်မျက်နှာကို ကြည့်လို့၊ ကိုယ်ကျိုးဆိုတာကို နောက်ပို့လို့၊ ကိုယ့်ထက်သာသူကို ရဲရဲဝံ့ဝံ့ နေရာပေးလို့ ဆွေးနွေးကြ ငြင်းခုန်ကြ အပြောင်းအလဲလေးတွေ လုပ်ကြဖို့ လိုအပ်ပါတယ်။ ပြောရရင် ဒီမိုကရေစီအလေ့အကျင့်တွေ ဒီမိုကရေစီစိတ်ဓါတ်တွေ ပိုမိုထွန်းကားလာဖို့ လိုပါတယ်။ အဲဒီအလေ့အကျင့်တွေ ရမလာဘဲနဲ့တော့ ကလေးရသွားရင်လည်း အဲ့ဒီကလေး ရေရှည်တည်မြဲမှာ မဟုတ်သလို၊ ၅နှစ်တောင် မစောင့်နိုင်ပါဘူး ဆိုရာကနေ နောက်ထပ်နှစ်၅၀ ထပ်စောင့်ရတဲ့အနေအထားမျိုးတွေလည
ဒီလိုတွေ ရေးလို့ တစ်ယောက်ယောက်က လာမေးပါမယ်၊
နေပါဦး၊ မင်းက ဒါတွေ ရေးရအောင် အခြေခံဥပဒေအကြောင်း ဘယ်လောက်သိလို့လဲ၊
ဟုတ်ကဲ့၊ လူရှိန်ရုံလောက် လှန်လှောကြည့်ဖူးပါတယ်။
ဒါဖြင့် သမ္မတလုပ်ဖို့ဆိုရင်ရော
သန်း၆၀မပြောနဲ့၊ ၁၇ယောက်ပဲ ရှိတဲ့ ကိုယ့်အဖွဲ့ကိုတောင် အနိုင်နိုင်လုပ်နေရတာပါ။
ဒါဆို ဒေါ်အောင်ဆန်းစုကြည်၊
By
Phio Thiha
https://www.facebook.com/phio.thiha/posts/733891063287576 မှကူးယူဖော်ပြပါသည်။