(၁)
"ရွှေအိမ်နန်းနှင့် ကြငှန်းလည်းခံ
မတ်ပေါင်းရံလျက် ပျော်စံရိပ်ငြိမ်
စည်းစိမ်မကွာ မင်းချမ်းသာကား
သမုဒ္ဒရာ ရေမျက်နှာထက်
ခဏတက်သည့် ရေပွက်ပမာ
တသက်လျာတည်း "
နရပတိစည်သူမင်းသည် မိမိ၏ နောင်တော်ဘုရင်ဖြစ်သည့် မင်းယဉ်နရသိင်္ခကို လုပ်ကြံ၍ ပုဂံပြည် ထီးနန်းကို သိမ်းပိုက်စိုးစံသည်။ အုပ်ချုပ်မင်းလုပ်စဉ်တွင် မိမိထီးနန်းအား ထိပါးလာနိုင်မည်ကို တွေး၍ နောင်တော်၏ အထိန်းတော်ဖြစ်သော ပညာရှိအမတ်အနန္တသူရိယကို သုဿန်သို့ ထုတ်ဓားခုတ်သတ်စေရန် အမိန့်တော်ချခဲ့သည်။
အနန္တသူရိယအမတ်မှာ အမျက်ဖြေလင်္ကာလေးပိုဒ်ကို ရေးသား၍ ဆက်သွင်းခဲ့လေသည်။
(၂)
ကျွန်တော်တို့ ပုထုဇဉ်လူသားတွေအဖို့ မိမိအသက်ရှင်ရာ၊ မိမိမှီတွယ်ရာအတွက် နေရာတစ်နေရာ၊ ၀တ် စရာတစ်ကိုယ်စာ၊ စားစရာ တစ်ဝမ်းစာအပြင် ပို၍ ရမည်အထင်ဖြင့် အမောတကော ရှာဖွေနေကြရပါသည်။ ထို့ အပြင် မိမိ၏ စီးပွားဥစ္စာ၊ မိမိ၏ နေရာ၊ မိမိ၏အာဏာကို ထိပါးလာလျှင် မကြိုက်သလို ရသည့်နည်းဖြင့် ဖမ်းဆုပ် ထားတတ်ကြပါသည်။
နရပတိစည်သူမင်းသည် ဘုရင်ထိုင်ခုံတစ်နေရာအတွက် နောင်တော်ဖြစ်သူကို သတ်ခဲ့သလို ပညာရှိ အနန္တသူရိယအမတ်ကြီးကိုလည်း သတ်ရန်ညွှန်ကြားခဲ့သည်။ မြန်မာ့သမိုင်းစဉ်တွင်သာမက ကမ္ဘာ့သမိုင်းစဉ် တွင်လည်း ထိုင်ခုံ နေရာ တစ်နေရာ၊ အာဏာပိုင် ထိုင်ခုံတစ်ခုတို့အတွက် လုကြ၊ စစ်ဖြစ်နေကြရသည် မဟုတ် ပါလား။
နရပတိစည်သူမင်းသည် ဘုရင်ထိုင်ခုံတစ်နေရာအတွက် နောင်တော်ဖြစ်သူကို သတ်ခဲ့သလို ပညာရှိ အနန္တသူရိယအမတ်ကြီးကိုလည်း သတ်ရန်ညွှန်ကြားခဲ့သည်။ မြန်မာ့သမိုင်းစဉ်တွင်သာမက ကမ္ဘာ့သမိုင်းစဉ် တွင်လည်း ထိုင်ခုံ နေရာ တစ်နေရာ၊ အာဏာပိုင် ထိုင်ခုံတစ်ခုတို့အတွက် လုကြ၊ စစ်ဖြစ်နေကြရသည် မဟုတ် ပါလား။
ထိုင်ခုံတစ်ခုံအတွက် လုကြသည် သူများသမိုင်းတွင် ရှိခဲ့ကြသလို၊ မိမိအား ပေးအပ်လာသည့် ခုံများကို မက်မောတွယ်တာခြင်းမရှိပဲ စွန့်လွှတ်ခဲ့သည့် မဟာလူသားများလည်း သမိုင်းတွင် များစွာရှိခဲ့ကြပါသည်။ ရာထူး အာဏာ၊ စည်းစိမ်ဥစ္စာဟူသော ခုံတို့သည် သူတို့အဖို့ ကပ်ညှိစရာ၊ နှောင်ငင်တွယ်ညှိစရာ နွယ်တစ်ပင်မျှသာ မရှိ ပါ။ အလွယ်တကူ စွန့်လွှတ်နိုင်ခဲ့ကြပါသည်။
တကယ်တော့ အမြင့်နေရာခုံသည်သာ၊ လုပ်ပိုင်ခွင့် အခွင့်အာဏာခုံသည်သာ အရေးပါ အရာရောက်သော ခုံများ မဟုတ်ကြပါ။ မိမိရောက်ရှိရာ၊ မိမိရပ်တည်ရာ၊ မိမိငြိမ်းချမ်းစွာ ထိုင်နေရသော ခုံနေရာတို့သည်လည်း အလွန်အရေးကြီးသည့် လက်ရှိ ခုံနေရာများဖြစ်သည်။ သို့သော် တိမ်လွှာဖုံးနေသော စိတ်တို့သည် သူများရရှိပြီးသော ခုံကိုသာ ပိုကောင်းသည်၊ မိမိနှင့်သာ ထိုက်တန်သည်ဟူသော အမြင်များဖြင့် ခုံလုချင်သေးသည်။ မိမိရပ်တည်နေရသော ခုံနေရာအတွက်မူ အကောင်းဆုံးဖြစ်အောင် ဖန်တီးပေးနိုင်မှု နည်းပါးကြပါသည်။
တကယ်တော့ အမြင့်နေရာခုံသည်သာ၊ လုပ်ပိုင်ခွင့် အခွင့်အာဏာခုံသည်သာ အရေးပါ အရာရောက်သော ခုံများ မဟုတ်ကြပါ။ မိမိရောက်ရှိရာ၊ မိမိရပ်တည်ရာ၊ မိမိငြိမ်းချမ်းစွာ ထိုင်နေရသော ခုံနေရာတို့သည်လည်း အလွန်အရေးကြီးသည့် လက်ရှိ ခုံနေရာများဖြစ်သည်။ သို့သော် တိမ်လွှာဖုံးနေသော စိတ်တို့သည် သူများရရှိပြီးသော ခုံကိုသာ ပိုကောင်းသည်၊ မိမိနှင့်သာ ထိုက်တန်သည်ဟူသော အမြင်များဖြင့် ခုံလုချင်သေးသည်။ မိမိရပ်တည်နေရသော ခုံနေရာအတွက်မူ အကောင်းဆုံးဖြစ်အောင် ဖန်တီးပေးနိုင်မှု နည်းပါးကြပါသည်။
မိမိလက်ရှိခုံကို မိမိချစ်ဖို့၊ မိမိပိုင်ဆိုင်နေသည့် ခုံကို မိမိတို့ မြတ်နိုးတန်ဖိုးထားဖို့ လိုပါလိမ့်မည်။ ထို့အတူ သမုဒ္ဒရာထက် ခဏတက်သည့် ရေပွက်ပမာဖြစ်သည့် ခုံများကိုလည်း လိုအပ်ပါက စွန့်လွှတ်နိုင်ရန် သတ္တိရှိရမည် စိတ်ခွန်အားတို့ ရှိနေရမည်ဖြစ်သည်။
(၃)
ပိုလန်သတင်းစာဆရာ Ryszard Kapuscinski ဟာ သူအာဖရိကနဲ့ တောင်အမေရိကတိုက် နိုင်ငံများ ကိုလှည့်လည်သွားလာခဲ့ရသည့် သတင်းမုဆိုး အတွေ့ကြုံများကို စုပေါင်းပြီး The Soccer War ဆိုသည့် စာအုပ် တစ်အုပ်ရေးသားခဲ့ပါသည်။
ထိုစာအုပ်မှ စာပိုဒ်လေး ၂ ပိုဒ်ကို ဆရာလူထုစိန်ဝင်းက ဂျာနယ်လစ်ဆိုတာ ဆိုသည့်ဆောင်းပါးတွင် ဘာသာပြန်ဆို၍ ထည့်သွင်းရေးသားခဲ့ပါသည်။ ထိုစာပိုဒ်ထဲမှာ စားပွဲခုံနှင့် ပတ်သက်၍ အောက်ပါအတိုင်း ရေး သားခဲ့ပါသည်။
"စားပွဲခုံတစ်ခုံနောက်မှာ ရောက်သွားပြီဆိုရင် ဘယ်သူမှ လွတ်အောင် ရုန်းထွက်လို့ မရနိုင်တော့ပါဘူး။ စားပွဲခုံ ဆုံးရှုံးသွားခြင်းဟာ သူ့အတွက် ဘေးဆိုးကပ်ဆိုး အန္တရာယ်ဆိုးကြီးဖြစ်တယ်။ အသူတစ်ရာနက်တဲ့ ချောက်ကြီး ကျသွားခြင်းဖြစ်တယ်။
သူတို့ စားပွဲတွေရဲ့ နောက်မှာ လူဘယ်နှစ်ယောက် ကိုယ့်ကိုယ်ကို သတ်သေသွားကြသလဲ ဆိုတာကို၊ စားပွဲတွေကနေ အရူးထောင်ကို လူပေါင်း ဘယ်နှစ်ယောက် တန်းပြီးပို့လိုက်ရသလဲ ဆိုတာကို၊ စားပွဲတွေရဲ့ နောက်မှာ လူဘယ်နှစ်ယောက် နှလုံးသွေးကြောပြတ် ဖြစ်သွားကြသလဲဆိုတာကို သတိထားကြည့်လိုက်စမ်းပါ။ စားပွဲနောက်မှာ ထိုင်မိတာနဲ့ လူတစ်ယောက်ရဲ့ တွေးခေါ်ပုံ ခြားသွားတယ်။ သူ့ရဲ့လောကအမြင်နဲ့ သူ့ရဲ့တန်ဖိုး ထားမှုတွေလည်း ပြောင်းလဲသွားတယ်။
စားပွဲနောက်ရောက်သွားချိန်က စပြီး သူက လူတွေကို စားပွဲရှိသူနဲ့ စားပွဲမရှိသူ၊ စားပွဲကောင်းရှိသူနဲ့ စားပွဲ ကောင်းမရှိသူဆိုပြီး ခွဲခြားလိုက်တော့တယ်။ သူ့ဘ၀ကိုလည်း စားပွဲလေးက စားပွဲကြီးကို၊ စားပွဲနိမ့်က စားပွဲမြင့် ကို၊ စားပွဲကျဉ်းက စားပွဲကျယ်ကို တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲသွားအောင် အပြင်းအထန် ကြိုးစားရတဲ့ ဘ၀လို့ ပဲ သူက မြင်တော့တယ်။ စားပွဲခုံနောက်မှာ ထိုင်သားကျသွားတာနဲ့ သူဟာ ထူးခြားတဲ့ဘာသာစကား တစ်မျိုးကို ပိုင်နိုင်စွာ တတ်မြောက်သွားပြီး မနေ့တုန်းက ခုံမဲ့ဘ၀တုန်းက မသိခဲ့တဲ့ အရာတွေအားလုံးကိုလည်း သိရှိသွား တော့တယ်။
စားပွဲခုံကြောင့်ပဲ ကျွန်တော်မိတ်ဆွေများစွာကို ဆုံးရှုံးခဲ့ဖူးတယ်။ တစ်ချိန်တုန်းက ယုံကြည်စိတ်ချတဲ့ မိတ်ဆွေတွေပါပဲ။ ဒါပေမဲ့ စားပွဲခုံနောက်ရောက်သွားတာနဲ့ ဘယ်လိုမကောင်းဆိုးဝါး ၀င်ပြီး ပူးကပ်သွားတယ် မသိပါဘူး။ သူ့လေသံတွေ တစ်ခါတည်း ပြောင်းသွားတော့တာပါပဲ။ တူညီတဲ့ အပြန်အလှန် ညီရင်းအစ်ကိုလို ဆက်ဆံခဲ့ကြတာတွေ ပျက်ဆီးသွားပြီး မတူညီတော့တဲ့ တောင်တော်ဒုက္ခပေးတဲ့ နိမ့်မြင့်ခွဲခြားမှုတွေ ပေါ်ပေါက် လာခဲ့ရတာ။
ဒီအခြေအနေမျိုးရောက်အောင် တွန်းပို့ခံလိုက်ရတာ နှစ်ဦးစလုံး စိတ်ထဲမှာ စနောင့်စနင်းဖြစ်ကြ တယ်။ ဒါပေမဲ့ ပြောင်းလဲသွားအောင် လုပ်နိုင်တဲ့ နည်းလမ်းလည်းမရှိပါဘူး။ စားပွဲက သူ့ကို နပမ်းသမား ချုပ်သလို ချုပ်ဖမ်းထားနိုင်လိုက်ပြီလို့ ကျွန်တော်ပြောရဲပါတယ်။ ပြောင်းလဲပစ်ဖို့ စမ်းသပ်ကြည့်ပြီးတဲ့နောက် တော့ ကျွန်တော်လက်လျှော့လိုက်ပါတ ယ်။ သူနဲ့ ဘယ်တော့မှ ထပ်မတွေ့ပါဘူး။
အဲဒီအချိန်ကစပြီးတော့ ကျွန်တော့်မိတ်ဆွေတစ်ယောက်ေ ယာက် စားပွဲကောင်း တစ်လုံးရသွားပြီဆိုရင် ကျွန်တော့်အတွက် မိတ်ဆွေတစ်ယောက် ဆုံးရှုံးသွားပြီလို့ ကျွန်တော်သိလိုက်ရပါပြီ။ "
အဲဒီအချိန်ကစပြီးတော့ ကျွန်တော့်မိတ်ဆွေတစ်ယောက်ေ
(၄)
ငယ်သူငယ်ချင်း၊ မိတ်ဆွေရင်းချာတို့သည်လည်း ခုံနေရာများ ကွာခြားသွားသည့်အခါ အချင်းချင်းကြား တွင်ထားရှိသည့် သံယောဇဉ်၊ မေတ္တာတရား၊ စာနာတရားတို့သည် ပျောက်ပျက်သွားတော့သည်။ ခုံနေရာအပေါ် လိုက်၍ စိတ်ထားတို့ ပြောင်းလဲသွားကြသည်မှာ လူမှု့ပတ်ဝန်းကျင်တွင် များစွာကြုံတွေ့နေကြရသည်ဖြစ်သည်။
ခုံကောင်းတစ်ခုံရဖို့အတွက် အချင်းချင်းနင်းကြသည်၊ ဖိကြသည်၊ ယှဉ်ကြသည်၊ တွန်းကြသည်၊ တိုက်ကြ သည်၊ တွန်းချကြသည်၊ ဆွဲချတတ်ကြပါသည်။ ဒါ့အပြင် မိမိခုံတစ်ခုံတည်မြဲရေး၊ အဓွန့်ရှည်ရေးအတွက် များစွာ သောသူတို့ကို စတေးခံခိုင်းကြသည်မှာလည်း စိတ်အမှောင်ဖုံးလွှမ်းနေသည်သူတွေအတွက် လက်နက်တစ်ခုပင် လား။
လောကကြီးထဲတွင် လူသားတို့သည် ဘ၀မျိုးစုံဖြင့် ကျင်လည်နေကြရသည်ဖြစ်သည်။ ထိုသို့ ဘ၀မျိုးစုံ တို့သည် မိမိရပ်တည်ရာ ခုံဟုဆိုပါက ခုံအမျိုးများစွာလည်း ရှိနေပါသည်။ လူတစ်ယောက်၏ စိတ်တို့ကို ပြောင်း လဲပစ်နိုင်သည့် စားပွဲခုံလိုနေရာမျိုးတွင်ေ ရာက်ရှိနေသည့် ဘ၀များ၊ ဟိုးအောက်ခြေက ခြေသုတ်ခုံတွင် လူတကာ သန့်ရှင်းနိုင်ရန်အတွက် မိမိဘ၀ကို ပေးဆပ်နေရသည့် ခြေသုတ်ခုံဘ၀မျိုးလည်း ရှိနေကြပါသည်။
အမြင့်ခုံတစ်နေရာတွင် ရောက်ရှိနေသော သူတို့၏ စိတ်အသွင်သဏ္ဍာန်တွင် အတ္တမာနများဖြင့် ဖုံးလွှမ်း နေပြီး ငါသည်သာလျှင် အရှင်ဟူသော စိတ်မျိုးဝင်နေပါက ထိုသူတို့သည် ဟိုးအောက်ခြေဘ၀ ခြေသုတ်ခုံအထိ ရောက်ရှိသွားတတ်ပါသည်။ ထို့အတူ အောက်ခြေ ခြေသုတ်ခုံဘ၀တို့သည် အထက်ခုံနေရာများကို မနာလို မရှု စိတ်ကြီးမားလွန်းလာသည့်အခါ ပို၍နက်ရှိုင်းသည့် ဘ၀ချောက်ကမ်းပါးအထိ ကျသွားနိုင်ပါသည်။
သို့အတွက် မိမိခုံနေရာတို့တွင် အသန့်စင်ဆုံး၊ အဖြူစင်ဆုံး၊ အမြင့်မြတ်ဆုံးဖြစ်အောင် နေထိုင်သွားကြ ရမည်ဖြစ်ပါသည်။ ထို့ပြင် နိမ့်ပါးနေသော စိတ်ဓာတ်တို့တည်ရှိရာ ခုံနေရာများကို ကပ်ညှိတွယ်တာမနေပဲ စွန့် လွှတ်သင့်ပါက စွန့်လွှတ်နိုင်ရမည်ဖြစ်သည်။ မိမိရောက်ရှိရာ ဘ၀အမှန်၊ စိတ်အမှန် ခုံနေရာများကို မသိပဲ မစင် တွင်းမှ လောက်များလို ငါ့နေရာသည် ပျော်စရာအတိရှိသည်ဟု ထင်မြင်ယူဆနေပါက သံသရာဝဲသြဃမစင်တွင်း မှတက်နိုင်ကြမည်မဟုတ်ပါ။
သို့အတွက် မိမိခုံနေရာတို့တွင် အသန့်စင်ဆုံး၊ အဖြူစင်ဆုံး၊ အမြင့်မြတ်ဆုံးဖြစ်အောင် နေထိုင်သွားကြ ရမည်ဖြစ်ပါသည်။ ထို့ပြင် နိမ့်ပါးနေသော စိတ်ဓာတ်တို့တည်ရှိရာ ခုံနေရာများကို ကပ်ညှိတွယ်တာမနေပဲ စွန့် လွှတ်သင့်ပါက စွန့်လွှတ်နိုင်ရမည်ဖြစ်သည်။
(၅)
ကျွန်တော် ခုံ တစ်ခုံတွင် ထိုင်နေပါသည်။ ထိုခုံသည် လူ့ပတ်ဝန်းကျင်၏ အမြင်တွင် မတင့်တယ်လှ။ ခနောနီခနောနဲ့အနေအထားတွင် ရှိနေပါသည်။ သို့သော် ကျွန်တော်ထိုင်နေရာ ခုံလေးကို ရွှံ့ကင်းစင်အောင်၊ ဖုန် ကင်းစင်အောင် ခဏခဏ သန့်ရှင်းသုတ်ခါပေးနေပါသည်။
ကျွန်တော်ထိုင်ရာခုံလေး တောင်ပြောင်နေအောင် ခဏခဏ ပွတ်တိုက် ပေးနေရပါသည်။
ကျွန်တော်ထိုင်ရာခုံလေး တောင်ပြောင်နေအောင် ခဏခဏ ပွတ်တိုက် ပေးနေရပါသည်။
ကျွန်တော့်ခုံ လေးသည် မလှပပါ သို့သော် ကြည်လင်နေသည်။ မခိုင်ခန့်သလို ကျွန်တော်အမြဲထိုင်ရန်လည်း ဆုံးဖြတ်မထား ပါ။ အဘယ့်ကြောင့်ဆိုသော သမုဒ္ဒရာ ရေမျက်နှာထက်၊ ခဏတက်သည့် ရေပွက်ပမာ ဖြစ်သော်ကြောင့်ဟုပင် ဆိုရမည်ဖြစ်ပါသည်။
****************
မောင်ပိုင်
၁၉-၁၂-၂၀၁၃
****************
မောင်ပိုင်
၁၉-၁၂-၂၀၁၃