Quantcast
Viewing all articles
Browse latest Browse all 1811

အစဉ် ဦးညွတ် အလေးပြုလျှက်



အောင်ဆန်း ...သူလမ်းပြဦးဆောင်ပေးခဲ့တဲ့ လွတ်လပ်ရေးဟာ ကနေ့ဆိုရင် ၆၆ နှစ်တိုင်ခဲ့ပြီ လူတစ်ချို့ကတော့ မေးခွန်းထုတ်နေတယ် တကယ်ရောလွတ်လပ်ရေးရပြီလားတဲ့ ....ဒီတော့ လွတ်လပ်ရေးရဲ့ သဘောကို သူနောက်ဆုံးပြောခဲ့တဲ့ မိန့်ခွန်းထဲကနေပဲ ကိုယ့်ဖာသာ အဖြေရှာကြပါတော့လို့ပဲပြောပါရစေ ...



"ဒီတော့ကာ လွတ်လပ်ရေးဆိုလို့ ခင်ဗျားတို့ကို ကျွန်တော်ပြောပြဦးမယ် လွတ်လပ်ရေးဆိုတိုင်း ပဒေသာပင်မြေက မပေါက်နိုင်ဘူးဆိုတာကို ခင်ဗျားတို့ကို ကျွန်တော်ရှင်းခဲ့ချင်တယ်....ဘာဖြစ်လို့လဲ ဆိုလို့ရှိရင် ခင်ဗျားတို့စိတ်ထဲမှာ လွတ်လပ်ရေးရတော့မယ် ဆိုလိုရှိရင် စိတ်ကူးက ဘယ်လို စိတ်ကူးကြသလဲ ဆိုလိုရှိရင် ပဒေသာပင်ကြီး ချက်ချင်း နေ့ချင်း၊ညချင်း ပေါက်လာကြတော့မလို ခင်ဗျားတို့ ထင်ကြတဲ့ လူတွေ များကြတယ်၊တစ်ချို့ ကလည်းပဲ ဟာ လွတ်လပ်ရေး ရပြီဆိုပြီးတော့ ဘာလုပ်ချင်သလဲ ဆိုတော့ ကျွန်တော်အရင် တစ်ခါတုန်းက တွေ့ခဲ့တယ် ဂျပန့်ခေတ်တုန်းက ဂျပန်ခေတ် မြန်မာ့လွတ်လပ်ရေး၊ ဘုရားစူးစေ့ မြန်မာ့လွတ်လပ်ရေး တုန်းက အဲ့ဒီတုန်းက ဆိုလို့ရှိရင် လွတ်လပ်ရေးကြပြီးတော့ကာ ဟင်္သာတ နယ်ထဲမှာ ကျွန်တော်တွေ့ခဲ့တယ်..ဘာတွေ့သလဲ ဆိုရင် လမ်းမပေါ်မှာ ဆေးလှန်းတယ် ဟာ လွတ်လပ်ရေးရပြီကွ ဆိုပြီးတော့ လူတကာသွားတဲ့ လမ်းမပေါ်မှာ ထွက်ပြီး ဆေးလှန်းတယ်..အဲ့ဒိတော့ လမ်းသွားလမ်းလာ လုပ်တဲ့ လူတွေအတော်ပဲ ဂွကျတယ်။အဲ့ဒါဟာ လွတ်လပ်ရေးမဟုတ်ဘူး လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပါယ်က ဘာလဲ..
လွတ်လပ်ရေး ဆိုတာဟာ ကိုယ်တစ်ဦးတစ်ယောက် ကောင်းစားဖို့ဖြစ်စေ၊ တစ်မျိုးလုံး ကောင်းစားဖို့ဖြစ်စေ လုပ်တဲ့နေရာမှာ အခြားတစ်ဦးတစ်ယောက်ရဲ့ အကျိုးကို မထိခိုက်ပဲနဲ့ လွတ်လွတ်လပ်လပ် ကိုယ့်တိုးတက်မှုအတွက် လုပ်နိုင်တာဟာ လွတ်လပ်ရေးပဲ။ဥပမာ ခင်ဗျားစီးပွားရး ဖြစ်ထွန်းအောင်လုပ်တဲ့ နေရာမှာ အနှောင့်အယှက် မရှိစေရဘူး။အခြားလူတွေရဲ့ အကျိုးကို မထိခိုက်လို့ရှိရင် အနောင့် အယှက် မရှိစေရဘူး။တိုင်းပြည် တစ်ပြည်လုံးရဲ့ အကျိုးကို မထိခိုက်စေရဘူး၊အခြားလူတွေရဲ့ အကျိုးကို မထိခိုက်စေရဘူး၊ခင်ဗျား လွတ်လွတ်လပ်လပ် လုပ်နိုင်တဲ့ အခြေအနေရှိရမယ်။သို့သော်လည်း အခြားနိုင်ငံရဲ့ လွတ်လပ်ရေးကို သွားနှောင့်ယှက်တဲ့ လွတ်လပ်ရေးဟာ လွတ်လပ်ရေးကို မဟုတ်ဘူး အဲ့ဒါက ဘာလဲဆိုရင် (Licence)ခေါ်တယ် ဒါဟာရမ်းကားမှု သာဖြစ်တယ်။

ဒီတော့ လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပါယ်ဟာ စည်းမဲ့ ကမ်းမဲ့ သဘောမျိုးမဟုတ်ဘူး..စည်းနဲ့ကမ်းနဲ့ သဘောမျိုးသာဖြစ်တယ်။စည်းနဲ့ကမ်းနဲ့ ရှိမှသာလျှင် လွတ်လပ်ရေးဆိုတာ ဖြစ်နိုင်တယ်။အဲ့ဒိတော့ လွတ်လပ်ရေးဆိုတာကို ကျွန်တော်တို့ရတဲ့ အခါမှာလဲ နားလည်ရမှာက ငါတို့တိုင်းပြည်ဟာပိုပြီးစည်းကမ်းရှိဖို့ လိုတယ်..ငါတို့တိုင်းပြည်ဟာလွတ်လပ်ရေးရအောင်လည်းပဲ စည်းကမ်းရှိရှိနဲ့ လုပ်ရမယ် အဲ့ဒီလို အားဖြင့် စည်းကမ်းသဘောတွေကို နားလည်ပြီး စည်းနဲ့ ကမ်းနဲ့ အလုပ်လုပ်ကြမှ လွတ်လပ်ရေးဆိုတာ တကယ်ရမယ်။

နောက်ပြီးတော့ လွတ်လပ်ရေးရတဲ့အခါမှာ လွတ်လပ်ရေးအခွင့်အရေးတွေရတယ်..လွတ်လပ်ရေးရတဲ့အခါမှာ ခင်ဗျားတို့ အခွင့်အရေးတွေပိုရတာလဲရှိမယ် အခွင့်အရေးတွေ ပိုရသလိုပဲ တာဝန်တွေလည်း ပိုလာလိမ့်မယ် ဘယ်လိုတာဝန်တွေ ပိုလာမလဲ ဆိုရင် ဒီတိုင်းပြည်ကို အင်္ဂလိပ်က အုပ်ချုပ်နေတုန်းက ဒီမြန်မာပြည်ကို ကာကွယ်ဖို့တာဝန်ဟာ အင်္ဂလိပ်ရဲ့တာဝန်သာဖြစ်တယ်။သို့သော်လည်း ဒီမြန်မာပြည်ကို ကျုပ်တို့ လွတ်လပ်ရေးရတဲ့ အခါမှာ ကျုပ်တို့ မြန်မာတွေကသာလျှင် မြန်မာပြည်ကို ကာကွယ်ရမယ့် တာဝန်ဟာ အဓိကဖြစ်တယ်။ဒီတော့ အရင်တုန်းကလို ခင်ဗျားတို့ အေးအေး ဆေးဆေး နေလို့ မဖြစ်တော့ဘူး ကျုပ်တို့ တိုင်းပြည်အစိုးရလုပ်တဲ့ လူတွေက တိုင်းပြည်ကာကွယ်ဖို့အတွက် မြန်မာပြည်မှာ စစ်သားတွေ နည်းနေတယ် ဆိုလို့ မြန်မာတိုင်း မြန်မာတိုင်း အရွယ်ရောက်တဲ့ လူမှန်သမျှ ကျန်းမာတဲ့ လူမှန်သမျှ စစ်မှု မထမ်းမနေရဆိုပြီးတော့ အတင်းဥပဒေနဲ့ စစ်ထဲကို ထည့်ရလိမ့်မယ်။ ဒါမျိုးတွေ လုပ်တန်လုပ်ရလိမ့်မယ်။နှစ်နှစ်တန်သည် သုံးနှစ်တန်သည် စစ်ထဲဝင်ရမယ် ၀င်ပြီးတဲ့နောက် စစ်ဖြစ်တဲ့ အခါမှာ ၀င်တိုက်ရမယ်ဆိုတာ ခင်ဗျားတို့ တိုက်ချင်ချင် မတိုက်ချင်ချင် ၀င်တိုက်ရမှာပဲ အဲ့ဒါကလည်း တာဝန်ပဲ။ဒါဟာ လွတ်လပ်ရေးရတဲ့ အခါမှာ ဖြစ်ရမယ့် တာဝန်မျိုးပဲ လွတ်လပ်ရေးရတဲ့ အခါမှာ ဖြစ်ရမယ့်တာဝန်တွေပဲ။

အဲ့ဒိအတိုင်းပဲ ကျွန်တော်တို့ ဒီတိုင်းပြည်မှာ လွတ်လပ်တဲ့ အခါမှာလဲ ယိုးဒယားပြည်လို ဖြစ်ချင်သလား၊တူရကီပြည်လို ဖြစ်ချင်သလား၊အိုင်ယာလန်ပြည်လို ဖြစ်ချင်သလား၊ယူနိုက်တက်စတိတ် အမေရီကန်လိုဖြစ်ချင်သလား၊ အင်္ဂလိပ်ပြည်လို ဖြစ်ချင်သလား၊ဆိုဗီယက် ယူနီယံလို ဖြစ်ချင်သလား ဖြစ်ချင်တာတွေအပေါ်မှီပြီးတော့ ခင်ဗျားတို့ အလုပ်မလုပ်ပဲနဲ့တော့ ဖြစ်မှာမဟုတ်ဘူးဆိုတာ ကျွန်တော်ပြောပြချင်တယ်အလုပ်မလုပ်ပဲနဲ့တော့ မဖြစ်ဘူး............"
..............................................................................
"အဲ့ဒီတော့ကာ ခင်ဗျားတို့ဟာ လွတ်လပ်ရေးကို လိုချင်ရင်၊လွတ်လပ်ရေးရနိုင်လောက်တဲ့ စည်းကမ်းကို ရှိကြပါ၊လွတ်လပ်ရေးကို လိုချင်လို့ရှိရင် လွတ်လပ်ရေးကို ရနိုင်တဲ့ ညီညွတ်မှုကို ထိန်းသိမ်းထားပါ လွတ်လပ်ရေးကို ရနိုင်တဲ့ ထူထောင်မှုကို လုပ်ကြပါ..အဲ့ဒိလို လုပ်ပြီးတဲ့နောက် ရှေ့ကို လွတ်လပ်ရေးအရသာကို ခံစား စံစား ချင်တယ်ဆိုရင် အလုပ်လုပ်ကြဖို့ စည်းကမ်းရှိကြဖို့ ခုကတည်းက ခင်ဗျားတို့ ကိုယ်ကို အကျင့်ဆိုးတွေ အကျင့်ဟောင်းတွေ စောက်ကျင့်တွေ ပြင်ကြဖို့ လိုပြီဆိုတာ ကျွန်တော် ကနေ့ ပြောခဲ့ချင်ပါတယ်။"

ဗိုလ်ချုပ်အောင်ဆန်း
ဇူလိုင် ၊၁၃ ၊၁၉၄၇ ခုနှစ် မှာ နောက်ဆုံးပြောကြားခဲ့သော မိန့်ခွန်းမှ ကောက်နှုတ်ဖော်ပြပါသည်။

( အစဉ် ဦးညွတ် အလေးပြုလျှက် )

ဆန်းသစ်

( ၄ရက်၁လ၂၀၁၄
၆၆နှစ်မြောက်လွတ်လပ်ရေးအောင်ပွဲနေ့ )

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...