Quantcast
Viewing all articles
Browse latest Browse all 1811

ကောင်းကင်ပေါ်က အတွေးများ

Image may be NSFW.
Clik here to view.


ဒီနေ့ ရန်ကုန်ကစင်္ကာပူပြန်ဖြစ်တယ်။
အိမ်ပြန်ခရီးမှာကျောင်းနေဖက် သူငယ်ချင်းအချို့နဲ့ တွေ့ဆုံဖြစ်ခဲ့တယ်။

မူကြိုကျောင်းနေဖက်
မူလတန်းကျောင်းနေဖက်
အလယ်တန်းကျောင်းနေဖက်
အထက်တန်းကျောင်းနေဖက်
တပ်ကျောင်းနေဖက်အမျိုးမျိုးအနက်
၈၊ ၉၊ ၁၀ကျောင်းနေဖက်အချို့နဲ့
တပ်ကျောင်းနေဖက်အချို့သာ တွေ့ဖြစ်ခဲ့တယ်။


တပ်ကျောင်းနေဖက်သူငယ်ချင်းများနဲ့ ခွဲခွာခဲ့တာ
သိပ်မကြာသေးတာမို့
သတင်းနဲ့ဖြစ်စဉ်တွေက ကိုယ့်အတွက်တော့
သိပ်စိမ်းလှသည်မဟုတ်။
ရာထူးတစ်ဆင့်တိုးသွားကြတယ်။
ပိုကြီးလေးတဲ့တာဝန်တွေ ထမ်းဆောင်နေကြရတယ်။
လက်ရုံးတပ်တူတဲ့သူငယ်ချင်းတွေရဲ့
လုပ်ငန်းသဘာဝတွေကိုနားလယ်ခံစားလို့ရတယ်။
သူတို့ရဲ့ရင်ဖွင့်သံတွေကို နားထောင်ပေးလို့ရတယ်။
လုပ်ထုံးလုပ်နည်းတွေကအများကြီးမပြောင်းလဲသေးတာလဲ ပါမယ်။
ဒါတောင် လက်ရုံးတပ်မတူ၊လုပ်ငန်းသဘာဝမတူတဲ့
သူငယ်ချင်းတွေနဲ့ကျအလုပ်အကြောင်းပြင်ပ
အထွေထွေနဲ့ငယ်ကျိုးငယ်နာတွေလောက်ပြောရုံပဲ။

အခြေခံပညာကျောင်းကသူငယ်ချင်းတွေကတော့
မဆုံဖြစ်တာကြာခဲ့ပြီ။
ဘယ်သူဘယ်ရောက်နေလဲ၊
ဘာဖြစ်နေလဲ၊အိမ်ထောင်ကျကုန်ပြီလား၊
ကလေးရောရနေပြီလား၊ဘယ်သူဘယ်ဝါက
ချစ်သူနဲ့ပေါင်းရတယ်၊ ဘယ်သူက ချစ်သူနဲ့ မဆုံဖြစ်ဘူး၊
ဘယ်သူတော့ချစ်သူကို မတွေ့မိတာ၊
အချို့ကတော့ဗြမ္မာမျိုးတွေလေ။

အချို့ကိုလူချင်းမတွေ့ခဲ့ရပေမဲ့
ဆိုရှယ်နက်ဝက်မှာပြန်တွေ့ထားပြီးသား။
အချို့နဲ့အခုမှ နဖူးတွေ့ ဒူးတွေ့။
မမှတ်မိသူတွေကစိတ်မဆိုးလောက်ဘူး။
ကလေးတွေမှမဟုတ်တာ။
အလေးအနက်မရှိသလိုဖြစ်တဲ့အတွက် အားနာမိပါရဲ့။

ထူးထူးခြားခြားအရမ်းတွဲခဲ့တဲ့ အလယ်တန်းထဲက ကျောင်းနေဖက်
သူငယ်ချင်းနဲ့ဖုန်းအဆက်အသွယ်ရလိုက်တယ်။
တတိယနှစ်ထဲကကွဲသွားတဲ့ တစ်ယောက်နဲ့ လူချင်းဆုံတယ်။
နှစ်ယောက်လုံးကစလုံးမှာဆိုတော့
ရံဖန်ရံခါတွေ့ဖြစ်ကြဦးမယ်။
အလယ်တန်းထဲကကျောင်းနေဖက် ဆယ်တန်းမှာ
စစ်ဗိုလ်ကြီးဖြစ်ရမယ်လို့သူ့ခေါင်းရင်းမှာ စာတမ်းကပ်လို့
စာအတူတူကျက်ခဲ့တဲ့သူငယ်ချင်း
ဓမ္မအဓိဌာန်ဖြေနိုင်ရင်ဆယ်တန်းအောင်ပါပြီဆိုတဲ့ သူငယ်ချင်း
သင်္ချာနေ့ကဓမ္မအဓိဌာန် အရင်ဖြေပြီး၊ အဖြေပေးဖို့ အိမ်သာထဲမှာ သွားစောင့်ပေးခဲ့တဲ့ သူငယ်ချင်း
(အဲ့ဒီနေ့ကသူမလာဖြစ်လို့ အချိန်တစ်နာရီနဲ့ ကျန်တဲ့အပုဒ်တွေ အလုအယက်ဖြေခဲ့ရသေးတယ်)
စစ်ဗိုလ်ကြီးလဲဖြစ်သွားခဲ့ပါတယ်။
တိုက်ဆိုင်စွာပဲကိုယ်မရောက်ခင် တစ်ရက်အလိုက
ဒုတပ်ရင်းမှူးကြီးဘဝနဲ့ ဆုံးသွားရှာပြီ။

မိသားစုတွင်းပွင့်လင်းလွတ်လပ်ပြီး ငယ်စဉ်ထဲက
မိသားစုဝင်တွေစောစောစီးစီး အမွေခွဲပေးခံထားရတဲ့
ဆယ်တန်းအောင်ပြီးထဲကဘုန်းကြီးဝတ်
(သွားဆရာဝန်ဖြစ်ခွင့်ကိုငြင်းပယ်ခဲ့တယ်)
မနှစ်က လူထွက်လာပြီး
စိုက်ပျိုးရေးလုပ်ငန်းတွေအားသွန်ခွန်စိုက် လုပ်နေတဲ့
သူငယ်ချင်းနဲ့လဲတွေ့ဖြစ်ခဲ့တယ်။ ငယ်စဉ်ထဲက အင်္ဂလိပ်စာကောင်း၊ စာပေ၊ ဗဟုသုတကြွယ်ဝ၊
မိသားစုအသိုက်အဝန်းအားကောင်းလို့ဘဝမှာ
နောက်ကျလှချည့်ရဲ့ဆိုတာလဲမရှိဘူး။

တစ်ချို့ကကုမ္ပဏီဝန်းထမ်း၊ အထူးကုဆရာဝန်ကြီးတွေ၊ မှုခင်းဆရာဝန်ကြီး၊ ဧည့်လမ်းညွှန်
ဘဝ အမျိုးမျိုးနဲ့အသက်မွေးမှု ပြုနေကြတယ်။
ဘဝမှာ သူငယ်ချင်းအချင်းချင်း ပြိုင်စရာ၊ ယှဉ်စရာရယ်လို့
မတွေးမိပါဘူး။
အတန်းထဲ ငယ်စဉ်ကသူ့ထက်သာရမယ်၊ အဆင့်ကြောရမယ်
ဒီလို အတွေးတွေမျိုးတော့ကိုယ်စီရှိခဲ့မှာပေါ့။
ဒီအတွေး တစ်မျိုးမျိုးကပဲငယ်ဘဝမောင်းနှင်အားဖြစ်ခဲ့မယ်။
ဘဝတွေက မတူ၊ခံစားချက်တွေလဲ မတူ၊
အတွေးအမြင်တွေလဲမတူ၊ ဆက်ဖြတ်သန်းရမယ့်
ဘဝတွေလဲ မတူတော့ဘူး။

အများစုကတက္ကသိုလ်ဘွဲ့ တစ်ခုခု ရသည်အထိ၊
အလုပ်အကိုင်တစ်မျိုးမျိုးရသည်အထိ
ဘဝမှာ ရည်မှန်းချက်ကိုယ်စီရှိကြလိမ့်မယ်။
ကြိုးစားခဲ့ကြတယ်။
ငယ်ဘဝတွေမှာတစ်နှစ်ထက် တစ်နှစ် ကိုယ်ရည်မှန်းရာ
ရလာဒ်တွေကိုတွက်ချက်နိုင်တယ်။
၈ တန်းပြီး၉ တန်း၊ ၉ တန်းပြီး ၁၀ တန်း စသဖြင့်၊
နောက် ဘယ်နနှစ်အကြာမှာ ဘွဲ့တစ်ခုကို ရတယ်၊
အလုပ်အကိုင်တစ်ခုကိုရတယ်၊ အပြောင်းအလဲဟာ
သိသာထင်မြင်တယ်၊ချမှတ်နိုင်စွမ်းရှိတယ်။

အနည်းစုကသာဘဝတစ်သက်တာလုံး
ရည်မှန်းချက်အဆက်မပျက်မဆုံးနိုင်အောင် လှေကားထစ်တွေကို
ဆက်ကာဆက်ကာတက်နေကြတယ်။
ဒါကြောင့်လဲသူတို့ဘဝတွေက ကာလတစ်ခု
လွန်မြောက်တိုင်းမှာအောင်မြင်မှု (ဘွဲ့၊ အတတ်ပညာ၊ ငွေကြေး၊ ဂုဏ်၊ ရာထူး၊ ရလာဒ် တစ်မျိုးမျိုး)ကို
ရရှိနေကြတယ်။

ကုန်ပစ္စည်းတစ်ခုရဲ့ဈေးကွက်ဝင်မှု သဘာဝလိုပဲ။
ထုတ်လုပ်စ၊ဈေးကွက်မိတ်ဆက်ကာလ market introduction period မှာ
အားသွန်ခွန်စိုက်၊အတက်ကြမ်း၊ အကျကြမ်း၊
ရင့်ကျက်ကာလ၊တည်ငြိမ်ကာလ mature stage မှာတော့
အပြောင်းအလဲတွေညှင်သာသွားတယ်။ နှေးကွေးသွားတာလဲရှိတယ်။
ရင့်ကျက်ကာလမရောက်၊ အသည်းအသန်ဆက်လုပ်နေရတာလဲ ရှိနိုင်တယ်။
ဒါကလည်း ကိုယ့်အပေါ်ချည်းမမူတည်တော့သလို
ကျန် အချက်အလက်၊ဘေးပရောဂါအပေါင်းများစွာ
(စီးပွားရေး၊မိသားစုအခြေအနေ၊ မိဘကျန်းမာရေး၊ နိုင်ငံအခြေအနေ စသဖြင့်)
ပါဝင်ပတ်သတ်နိုင်တယ်။
အချို့က အဆင်းကာလdecline period ကို စောစောရောက်သွားတာရှိမယ်။
ဒီလိုကွဲပြားလှတဲ့အသက်မွေးမှု၊ ရည်မှန်းချက်တွေနဲ့ ဘဝဖြစ်စဉ်တွေ
အမျိုးမျိုးအထွေထွေဖြစ်နိုင်တယ်။ သို့ပေမယ့်
သေခြင်းတရားကတော့အားလုံးတူညီတဲ့
ဘုံလားရာဖြစ်မယ်။

ဗုဒ္ဓဘာသာသဘောအရလဲ လက်ရှိတစ်သက်တာရဲ့
ဘုံလားရာဖြစ်ပေမဲ့၃၁ ဌာနရဲ့ ထွက်ပေါက်ဖြစ်လို့
ဘယ်သူက ဘယ်အရပ်ကိုဆက်သွားမလဲ
မမြင်နိုင်ပြန်ဘူး။ထူးထူးခြားခြား
အားထုတ်နိုင်သူတွေသာအပြန်လမ်းမရှိ
ခန္တာအိမ်ဖျက်နိုင်တဲ့အရပ်ကို
ရောက်နိုင်ပေလိမ့်မယ်။

လက်ရှိတစ်သက်တာမှာတော့မနာလိုကင်း၊ ဝန်တိုရှင်းလို့
ကျန်းမာ၊ချမ်းသာစွာ ကိုယ်စီနေနိုင်ရေးကို အားထုတ်နိုင်ရင်ပဲ
ကောင်းမြတ်တဲ့အသက်ရှင်ခြင်း ဖြစ်ပြီလို့
မှတ်ယူရပါတယ်။
ခန္တာအိမ်မဖျက်နိုင်သရွေ့တော့
တကွေ့ကွေ့မှာပုံစံတစ်မျိုးမျိုးနဲ့
ပြန်တွေ့ရပေဦးမပေါ့။

ကောင်းမြတ်တဲ့အသက်ရှင်ခြင်းနဲ့ ဆုံတွေ့နိုင်ကြပါစေ။

သက်ထွေးအောင် 

၅-၁-၂၀၁၄

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>