Quantcast
Viewing all articles
Browse latest Browse all 1811

မွေခံထိုက်စေ(အပိုင်း-၁)


မွေခံထိုက်စေ(အပိုင်း-၁)
မြန်မာနိုင်ငံသည် ရှေးအတီတေကပင် ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံဖြစ်သည့် အပြင် တစ်ချိန်ကအရှေ့ အာရှ တစ်လွှား၌ လက်နက်အင်အား တောင့်တင်းစွာဖြင့် အင်ပါယာချဲ့ကာ ၀န်းကျင်နိုင်ငံများ၏ လေးစားခန့်ညားခြင်း ခံခဲ့ရသည်။ ဤ အရှိန်သည် ၁၈ ရာစု ကုန်ပြီးသည်အထိ မြန်မာတို့၏ ဘ၀င်ကို ကြွနေစေခဲ့ပါ၏။ ထို့ကြောင့် ပြင်ပကမ္ဘာ၏ ဖြစ်ပေါ်ပြောင်းလဲမှုကို သတိမမူမိဘဲ နွားခြေရာခွက်ထဲမှ ဖားသူငယ်ပမာ ဓား၊လှံ၊လေး၊မြား လက်နက်များအကြား သွေးနားထင်ရောက်နေခဲ့မှုသည် ပြင်ပကမ္ဘာ၏ထိုးဖွင့်မှုဖြင့် ပိတ်ထားသော တံခါးများ ပွင့်သွားချိန်၌ အလစ်အငိုက်မိသွားလျက် ပြည်ပျက်ကိန်းကြုံခဲ့ရသည်ဟု ဆိုသော် လွန်အံ့မထင်။


မှန်ပါ။ ထိုစဉ်က အနောက်ကမ္ဘာ၏ စက်မှုတော်လှန်ရေးကြီးကို မြန်မာတို့ မသိလိုက်ကြ၊ နိုင်ငံတကာတွင် ပြောင်းလဲဖြစ်ပေါ်နေသည့်အရင်းရှင် နယ်ချဲ့နစ်အကြောင်းကို မြန်မာတို့ အိမ်မက်ပင် မမက်ခဲ့စဖူး၊ ကမ္ဘာတစ်လွှား ပြောင်းလဲလာသည့် ပညာရေးရေချိန် နိုင်ငံရေးပရိယာယ် စီးပွားရေးသဘောတရား စစ်ချီစစ်တက် သေနင်္ဂဗျူဟာများနှင့် အုပ်ချုပ်ရေးနည်းနိဿယများကိုလည်း လက်လှမ်းမမီတော့။
ဤသို့ဖြင့် မြန်မာဟေ့ဟု မော်ကွန်းထိုးခဲ့ကြသည့် မြန်မာ့ဦးစွန်း မြန်မာ့စိတ်ဓာတ် မြန်မာ့ အချုပ် အခြာအာဏာသည် ၁၉ ရာစုနှစ်အတွင်း နယ်ချဲ့ အင်္ဂလိပ်တို့နှင့် စစ်ပွဲ သုံးကြိမ် ( ၁၈၂၄၊ ၁၈၅၂၊ ၁၈၈၅) ဖြစ်ပွားပြီးနောက် လွတ်လပ်ရေး ဆုံးရှုံးခဲ့ရကာ ကိုလိုနီလက်အောက် သူ့ကျွန်ဘ၀သို့ သက်ဆင်းခဲ့ရလေသည်။
 
မြန်မာပြည်ကို နယ်ချဲ့တို့ ၀ါးမြိုပုံမှာ အကြံကြီးသလောက် စည်းစနစ်ကျလှပါ၏။ ၁၈၂၄ ခုနှစ် အင်္ဂလိပ်မြန်မာပထမစစ်ပွဲအပြီး၌ နိုင်ငံတော်၏ ကမ်းရိုးတန်းဒေသ ရခိုင်၊ တနင်္သာရီဒေသများကို သိမ်းပိုက်သည့်အတွက် မြန်မာတို့၏ ပင်လယ်ထွက်ပေါက်မှာ ရန်ကုန်မှ တပါး မကျန်ရှိတော့ သလောက် ခြေကျုံ့သွားလေသည်။
၁၈၅၂ ခုနှစ်အင်္ဂလိပ်မြန်မာဒုတိယစစ်ပွဲအပြီးတွင်မူ အောက်မြန်မာနိုင်ငံတစ်ပိုင်းလုံးကို အင်္ဂလိပ်တို့က လက်ဝယ်ပိုင်ပိုင် ရသွားလေတော့သည်။ ၁၈၈၅ ခုနှစ် အင်္ဂလိပ်မြန်မာ စစ်ပွဲ၏ နိဂုံးတွင်ကား ထီးကျိုးစည်ပေါက်ဖြစ်ပြီး အင်္ဂလိပ်တို့က ကုန်းဘောင်မင်းဆက်၏ နောက်ဆုံး ဧကရာဇ် ဖြစ်သော သီပေါဘုရင်ကို ကြက်ငှက်ပမာ ဖမ်းဆီးကာ အိန္ဒိယနိုင်ငံသို့ ပို့လိုက်ခြင်းဖြင့် မြန်မာတို့ အဖို့ ထီးသုဉ်း နန်းသုဉ်းလျက် လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာ ကင်းမဲ့ခဲ့ရလေတော့သည်။
ထိုဖြစ်စဉ် သမိုင်းကြောင်းကို ပြန်ပြောင်းသတိရတိုင်း အမျိုးချစ်သူ မှန်သမျှ ရင်ဝယ်တနုံ့နုံ့ ခံစားကြရသည်။ ကြိတ်မနိုင် ခဲမရ ဖြစ်ရသည်။ မြန်မာ့သမိုင်းသည် ဤသို့လျှင် ရိုင်းခဲ့ဖူးလေ သည်တကား။
 
Image may be NSFW.
Clik here to view.
Photo
အကြောင်းကြောင့် အကျိုးဖြစ်ရသော လောကဓမ္မတရားများကို ဆင်ခြင်မိသူများနှင့် သမိုင်းသုတေသီများကမူ ထိုသို့ကျွန်ဖြစ်ရခြင်းသည် ချက်ခြင်းစစ်ပွဲဖြစ်၍ ချက်ခြင်းအချုပ်အခြာ အာဏာဆုံးရှုံးရခြင်းမဟုတ်၊ ပြည်ပက ကျူးကျော်စစ်ပွဲဆင်နွှဲလာချိန်၌ မိမိတို့၏ပြည်တွင်းအင်အားစု များအတွင်း ဂိုဏ်းဂဏကွဲနေခြင်း ၊ စည်းလုံးညီညွတ်၍ တောင့်တင်းသော ကာကွယ်ရေးအင်အားစု မရှိခြင်း၊ မင်းမှုထမ်းများ ပြည်သူများနှင့် မင်းတို့၏ အသိုက်အ၀န်းအကြားဝယ် ခိုင်မြဲသော သံယောဇဉ် မရှိယုံမျှသာမက တိကျပြတ်သားခိုင်မာသော ခံယူချက် ယုံကြည်ချက်မရှိခြင်း၊ အပြန်အလှန်လေးစား ယုံကြည်မှုမရှိခြင်း၊ အထက်အောက် တိကျပြတ်သားရှင်းလင်းသည့် အမိန့်ညွှန်ကြားချက်နှင့် ဆက်သွယ်ချက်မရှိခြင်း၊ ဆရာမွေး တပည့်မွေး စသည့် အကြောင်းပေါင်းများစွာတို့ကြောင့် ခုခံစစ်ပွဲကို တစ်လုံးတစ်စည်းထဲ မဆင်နွှဲနိုင်ဘဲ စစ်ရှုံးရခြင်းဖြစ်သည်ဟု ဆိုကြသည်။
( ဆက်လက်ဖော်ပြပါမည်)
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
မွေခံထိုက်စေ
ထက်ခေါင်၏ ကြံဖတ် အတွေးသစ်ဆောင်းပါးများ
 


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>