Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

မိုးထဲလေထဲ

$
0
0
 Photo
မိုးထဲလေထဲ
( ဟိန်းထက်အောင်)
အဲဒါ … တို့ ကိုSky ပေါ့ကွ ……

ဒီနေ့ရာသီဥတုကသာယာနေသည်။ မနက်ကတော့ မိုးနဲနဲရွာနေပေမဲ့ ယခုကောင်းကင်ကြီးကသူမဟုတ်သလို တိမ်ကင်းစင် ပြီးကြည်လင်လို့။ မနက်ကစာသင်ခန်းထဲဝင်တော့ မိုးလေ၀သဘာသာရပ်မှ မိုးတိမ်တောင် (Thunder Storm) အကြောင်းသင်ခဲ့ရပ်သည်။အလွန်အံ့သြစရာကောင်းပီး လေသူရဲ၊ လေယာဉ်သားများအတွက် အန္တရာယ်အလွန်ရှိသော တိမ်တမျိုးဖြစ်ကြောင်း စာသင်ကောင်းသော ဗိုလ်ကြီးဆန်းဝင်းကပြောပြခဲ့ပါသည်။
 
ကျွန်တော်တို့ အမှတ်စဉ် (၇၂) လေယာဉ် မောင်းသင်တန်းသားများ သည် မြစ်ကြီးနား လေတပ် စခန်းဌာနချုပ်၊ အမှတ်(၁)လေယာဉ်မောင်းသင်တန်းကျောင်းတွင် လေယာဉ်အမောင်းသင် နေသည်မှာ ၅ လခန့်ရှိခဲ့ပြီး အခြေခံလေယာဉ်မောင်းသင်တန်း အောင်မြင်ပြီး၍ ယခု တန်းမြင့် လေယာဉ် မောင်းသင်တန်းကို ဆက်လက် တက်ရောက်နေပြီဖြစ်ပါသည်။ လေယာဉ်တစ်စီးကို ၁၈ နာရီ ဆိုသော အချိန်တို အတွင်း တယောက်တည်းမောင်းနှင်နိုင်အောင် သင်ကြားပေးနိုင်သော ဆရာများကို အံ့သြကျေးဇူးအထူးတင်မိပါသည်။ လေယာဉ်တစ်စီး နှင့် လုံးဝအဆက်အစပ်မရှိသော သင်တန်းသားတဦးကို သင်ပြရသည်မှာ မည်မျှအသက် အန္တရာယ် ကြီးမည်မှာ တွေးကြည့်စရာပင်မလိုပါ။ တတ်ခြင်ဇောကြီးပြီး ပေါက်ကရလုပ်တတ်တဲ့ ကျွန်တော့်ကို စိတ်ရှည်သည်းခံပြီး ချော့တခါ ခြောက်တလှည့် ဆရာထက်အောင်ခိုင် ကိုလည်း အထူးပင်ကျေးဇူးတင်မိပါသည်။
 
တဦးချင်းပျံသန်းခြင်းအပြီး ဆရာ အုပ်သို့ပြန်လည်တွဲဖက်ရသောအခါ ဆရာရဲမာန်ဝင်းလက်သို့ ဆရာကလွှဲ ပေး ခဲ့သည်။ ဆရာရဲမာန်ဝင်း က ကျွန်တော့်လို အူတူတူကောင်ကို အပြုံးလေးဖြင့် အမြဲသင်ပေးသောဆရာဖြစ်သည်။ အခြေခံ လေယာဉ်မောင်းသင်တန်း နာရီ ၅၀ ပြည့်သောအခါ နည်းပြဆရာများပြောင်းလဲသင်ကြားရသောကြောင့် ကျွန်တော် ဆရာ ၀င်းခိုင်ဌေး ထံ ရောက်သွားပါသည်။ ဆရာက သယ်/ပို့မောင်းသော ၀ါရင့်ကြီးတစ်ဦးဖြစ်သည်။ ယခု ကျွန်တော် တန်းမြင့် ရောက်တော့ဆရာက လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ်မှထွက်ရှိလာသော ပြင်ဆင်ပြီးလေယာဉ်ကို မြစ်ကြီးနားသို့ သယ်ယူရန် ရန်ကုန်သို့သွားနေသောကြောင့် ယနေ့မည်သည့်ဆရာ နှင့် တက်ရမည်မသိသေး။
 
 
လေယာဉ်ရုံရောက်တော့ သူငယ်ချင်းဇော်လတ်က “ ဟရောင် ဇော်အောင် ၊ မင်း ဆရာအောင်ကျော်မျိုးနဲ့ တက်ရမှာကွ” လို့လာပြောသွားပါသည်။ ဆရာ အောင်ကျော်မျိုးမှာလည်း ၀ါရင့်ကြီးတဦးဖြစ်ပြီး ပျံသန်းချိန် နာရီ ၄၀၀၀ နီးပါးပိုင်ဆိုင်ထားသော နည်းပြ တဦးဖြစ်ပေသည်။လေယာဉ်မတက်မှီ Briefing ပြုလုပ်ပီး ရာသီဥတုအခြေအနေ၊ လေကြောင်း လမ်းပြစက်များနှင့် လေယာဉ်ကွင်း အခြေအနေ၊ လေယာဉ် များပြုပြင်ထိန်းသိမ်းမှု နှင့် ပျံသန်းနိုင်သော လေယာဉ်များ အခြေအနေ၊ ပျံသန်းမည့်အစီအစဉ်များကို ပျံသန်းမည့်နည်းပြဆရာ၊ သင်တန်းသားလေသူရဲများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ 
 
ယနေ့ပြုလုပ်ရမည့်သင်ခန်းစာက ချိန်ခွက်ကြည့်ပျံသန်းခြင်းဖြစ်ပါသည်။ ချိန်ခွက်ကြည့်ပျံသန်း ခြင်းဆိုသည်မှာ ရာသီဥတုဆိုးရွားသောအခါ လေသူရဲသည် အပြင်သို့မမြင်ရသောကြောင့် လေယာဉ်တွင်ပါဝင်သောချိန်ခွက် များကိုကြည့်ပြီး လိုအပ်သော ရည်မှန်းချက်ရောက်အောင် ပျံသန်းခြင်းဖြစ်သည်။ Briefing တွင် ပျံသန်းရေးနည်းပြချုပ် ခေတ္တ ကျောင်းအုပ်ကြီး ဆရာ ကျော်မြင့်ထွန်း ကမိုးရာသီရောက်ပြီဖြစ်သောကြောင့် လေသူရဲများသတိထားရန် နှင့် မြစ်ကြီးနား၏ ရာသီဥတုသည် အလျင်အမြန်ျပြာင်းလဲတတ်သောကြောင့် သေချာစွာစောင့်ကြည့်ရန်၊ အန္တရာယ်ရှိနိုင်ပါက ချက်ချင်းပြန်လာ ရန် မှာကြားခဲ့ပါသည်။

Photo
Briefing ဖြုတ်အပြီးတွင် ပထမအခေါက် ၌ လေယာဉ် တက်ရမည်ဖြစ်သောကြောင့် ပြင်ဆင်စရာ များပြင်ဆင်ပြီး လေယာဉ်ကို စစ်ဆေးလက်ခံကာ ပျံသန်းရေးစတင်ခဲ့ပါသည်။ ချိန်ခွက်ကြည့်ပျံသန်းခြင်းဖြစ်သောကြောင့် လေယာဉ် လေထဲရောက်ချိန်မှစကာ အပြင်သို့မကြည့်ဘဲ ချိန်ခွက်ကိုသာကြည့်၍ပျံသန်းနေမိပါသည်။ ကြက်ကန်းဆန်အိုး တိုးနေသော ကြောင့်လားတော့မသိ၊ ဆရာတခါပြယုံဖြင့် ချက်ချင်း လိုက်လုပ်နိုင်ျနပါသည်။ “ ဟ ဇော်အောင် မင်းကတယ်ဟုတ်ပါလားကွ ငါတခါ ပြလိုက်ယုံနဲ့ ချက်ခြင်းလိုက်လုပ်နိုင်တယ်” ဟု ဆရာကပြောလာပါသည်။ အမြှောက်မကြိုက်သောကျွန်တော်က လည်း ဒီစကားကြားယုံဖြင့် လေယာဉ်မောင်းထိုင်ခုံနဲ့တောင်သိပ် မထိခြင်တော့ဘဲါခးပတ် ပတ်ထားလို့သာတော်သေးဟု ပြောရမလိုဖြစ်နေပါသည်။
 
 
လေ့ကျင့်ခန်းများပြီးဆုံးသွားသောကြောင့် ကွင်းပြန်မည်ဟု ဆရာပြောသည့်အခါမှ တချိန်လုံးချိန်ခွက်သို့သာ ကြည့် နေသောကျွန်တော်အပြင်သို့ကြည့်မိပါသည်။ “ဟင် …” ဟိုအောက်ဘက်မှာ မိုးသားလိပ်ကြီးကတ၀ုန်းဝုန်းနှင့်ကွင်းနားမှာမိုး ရွာနေပါဘီ။ ဆရာက “ ဇော်အောင်ရေ မင်းလေ့ကျင့်ခန်း ပျက်သွားမစိုးလို့ ငါဘာမှမပြောတာကွ” ဟုပြောပါသည်။ အော် ကျေးဇူးကြီးပါပေ့ ကျွန်တော် မတတ်မှာစိုး၍ အန္တရာယ်ရှိနေတာတောင် ဂရုမစိုက်ဘဲနေနေခဲ့ပါသည်။ “ ကဲကဲ Tower ကို R/T ခေါ်လိုက်တော့ကွာ ပြန်ရအောင်” ဟုဆိုလာသောကြောင့် လေကြောင်းထိန်းမှ “ ဗိုလ်ကြီး ကွင်းပေါ်မှာတော့ မရတော့ဘူး၊ မိုးတအား သည်းနေတယ်။ ဖြစ်နိုင်ရင် ပမ္မတီကွင်း (မကနလေဆိပ်) ကိုသာဆင်း လိုက်ပါ” ဟု အကြောင်းပြန်လာပါသည်။ သို့သော် ထိုကွင်းလည်းမမှီတော့ မိုးတွေရွာနေပါဘီ၊ ဆရာ က နန်ပေါင် ကွင်းကိုသာ ဆင်းရန်ဆုံးဖြတ်ခဲ့ပါသည်။ အမြင့် မီတာ ၅၀၀ အထိဆင်းလိုက်သောအခါ မိုးသဲသဲမဲမဲ ရွာနေပုံမှာ ကျွန်တော့်ရှေ့မြင်ကွင်းကို ဘာမျှမမြင်ရအောင်ဖြစ်နေပါသည်။ လေယာဉ် တစီးလုံးလည်း လှိုင်းဒဏ်ခံနေရသော သဘောင်္တစီးကဲ့သို့ လူးလှိမ့်နေပါသည်။ သို့သော် ဆရာက တည်ငြိမ်စွာပင် မြင်ကွင်းေ၀၀ါးနေသည့်ကြားမှ မြင်နိုင်သလောက်ကြည့်ပြီး သံလိုက်အိမ်မြှောင်ညွှန်ကြားသည့်အတိုင်း လိုက်လုပ်ရန်ညွှန်ကြားသဖြင့် လိုက်လံ လုပ်ဆောင်သောအခါ ပြေးလမ်းတည့်တည့်ကို ဦးတည်သွားနေမှန်း သိလိုက်ရပါသည်။ 
 
သူငယ်ချင်း အောင်မြင့် မြတ် နှင့် ဆရာမျိုးသူတို့ အစီးကတော့ မိုးနဲနဲစဲသွားလို့ ပြေးလမ်းကိုမြင်ပြီး ရှေ့မှ ဆင်းသွားကြဘီဟု ဆက် သွယ်ရေး စက်မှ အသံကြားရပါသည်။ သို့သော်ကျွန်တော်ကတော့ ခုထိကွင်းကိုမမြင်ရသေး။ ဆရာက ဧရာဝတီမြစ်ကို လိုက်ရှာရန် နှင့် မြစ်ကွေ့ နဖူး တွင်တည်ရှိသော မိမိကွင်းကိုရှာရန် ပြောပါသည်။ “တွေ့ပြီ” ဟု ကျွန်တော် ၀မ်းသာအားရ ထအော်မိပါသည်။ ကွင်းပေါ်ခင်းထားသော ကတ္တရာပေါ်၌ မိုးကသည်းထန်စွာရွာသွန်း ထားသောကြောင့် ထောင့်မှန်စတုဂံသဏ္ဍန် ဖွေးဖွေး အကွက်ကြီးကိုမြင်နေရသည်။ လေယာဉ်ဆင်းရန် Engine Power ကို လျှော့ပြီး လေယာဉ်ဘီးများ ချလိုက်ပါသည်။ 
 
ထို့နောက် Flap ချရန် ဆရာ့ကို ခွင့်ပန်လိုက်ရာ ဆရာက “မချနဲ့တပည့် ၊ အခုနေ Flap ချလိုက်ရင် လေယာဉ် အရှိန်အရမ်းနဲသွားပြီး အောက်ကိုဖိချတဲ့လေနဲ့ တွေ့ရင် အခက်တွေ့လိမ့်မယ်။ပြီးတော့ Flap ကလေယာဉ်ကို ဦးမော့စေတဲ့အတွက် အရှေ့အားလေဖိတိုက်တဲ့အခါ လေယာဉ် အရှိန်တဟုန်ထိုးလျော့ကျပြီး အန္တရာယ်ရှိနိုင်တယ်” လို့ ရာသီဥတုဆိုးရွားနေသည့်ကြားက ဆရာ ရအောင် သင်ပေးခဲ့ပါသည်။ ကွင်းသို့ဆင်းသက်သည့်အခါ ပုံမှန် Power လျှော့နေကြအတိုင်းမဟုတ်ဘဲ မိုးရွာနေသောကြောင့် လေယာဉ် ဘီးချော်နိုင်သည့်အတွက် စက်အားဖြင့်ဆင်းသက်နည်း (Power on Lading) ကို ပြောပြပြီး ကျွန်တော့်အားဆင်းစေခဲ့ပါသည်။ မြေပြင်ပေါ်သို့ လေယာဉ်ကိုချောမောစွာ ဆင်းသက်ပြီးမှ ကျွန်တော် လည်း အသက်ရှုဝခဲ့ပါသည်။ ဆရာက လေယာဉ်မောင်းခန်း အတွင်းရှိမီးများကို ဖွင့်ပြီး သူမောင်းမည်ပြောခါ လေယာဉ်ရပ်နားရာနေရာသို့ ပြန်လာခဲ့ပါသည်။
 
လေယာဉ်စက်သတ်ပြီးသောအခါ ကျွန်တော်နှင့် ဆရာတူ သူငယ်ချင်း မင်းသိန်းက သူဆောင်းနေကြ ကိုင်း တချို့ကျိုးနေသော စက်မှု (၁) ထုတ် ခေါက်ထီးအမဲ ဖြင့်လာကြိုနေပါသည်။ ဆရာတပည့် သုံးယောက်သား မိုးရေ အောက်တွင် မလုံသော ထီးတချောင်းဖြင့် လေယာဉ်ရုံဘက်သို့အပြေးတပိုင်း ချီတက်ခဲ့ကြပါတော့သည်။ လေယာဉ်ရုံထဲရောက်မှ ဆရာက “ဘယ်လိုလဲ ဇော်အောင် ကြောက်နေသေးလား” ဟု မေးလာပါသည်။ ကျွန်တော်ကလည်း “ဆရပမက(ဆရာပါ မကြောက်) ပါ ဆရာ” ဟုပြောတော့ “ ငါလည်း ဒီလိုဘဲ ပြောခဲ့တာ” ဟု ပြော၍ ထွက်သွားပါသည်။
 
 သေချာစဉ်းစားကြည့်တော့မှ ရာသီဥတုဆိုးရွားနေတဲ့ တချိန်လုံး ကျွန်တော် ကိုယ်တိုင်မောင်း ၍ကိုယ်တိုင်ဆင်းသက်ခဲ့ခြင်းဖြစ်ကြောင်း အဖြေပေါ်လာပါတော့သည်။ ထိုအခါမှ ဆရာက အတွေ့အကြုံရစေရန် တခါတည်းသင်ပေးသွားမှန်းသိလိုက်ရပါသည်။ ကျေးဇူးပါဆရာရယ်။
 
 
အင်ဂျင်ဌာနမှ ဆရာကြီး မျိုးဝင်းမော် တို့ အသံတွေကြားမှ အပြင်သို့လှမ်းကြည့်မိရာ နမ္မတီးတောင်ကြော ထက်မှာ နေမင်းကြီးကသာနေပြီး ကောင်းကင်ကြီးကလည်း ကြည်လင်လျက်ရှိနေပါသည်။
“ သြော် ….. အပြောင်းအလည်းကလည်း မြန်လိုက်ပါဘိ … မြစ်ကြီးနား မိုးရယ်”

 
(Hein Thet Aung) – Sky Hunter ( ၂၀၁၃ ခုနှစ် တပ်မတော် လေ မဂ္ဂဇင်း မှ)
 

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>