Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

မွေခံထိုက်စေ (အပိုင်း➳၃)

$
0
0

 Photo
မွေခံထိုက်စေ (အပိုင်း➳၃)
-------------------------------
ဤ နန်းမြို့သည်ကား ကျွန်တော့်အား ငါတို့ဘိုးဘေးများသည် တစ်ချိန်တစ်ခါက ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် တံခွန်ထူခဲ့ကြဖူးသည်ဆိုသော အသိကိုပေးနေသည်ဟူ၍ ခံစားနေရဆဲ။ ဤ အုတ်မြို့ရိုးနှင့်ပစ္စင်၊ရင်တား၊ပြအိုးများထက်ဝယ် သူရဲဘောကြောင်သူတို့၏မော်ကွန်းသမိုင်းကိုရှာတွေ့ နိုင်ဖွယ်မရှိ။ အမိမြေအတွက် တာဝန်ကျေခဲ့သော သူရဲကောင်းတို့၏ သွေးစက်များသာ စွန်းထင်း ပေကျံနေလိမ့်မည်ဟု ကျွန်တော်ယုံကြည်သည်။

☞ ကျွန်တော်တို့က နန်းမြို့ရိုး၏ အရိပ်အာဝါသကို ခိုလှုံရန် ထိုက်တန်ပါသလား ? ??

▶ကျွန်တော်သည် တမာနံ့သင်းသော အညာမြေကိုချစ်ပါသည်။
▶ရိုးစင်းဖြူစင်သည့် အညာသားစိတ်ဓာတ် ကို ကြိုက်သည်။
▶ခက်မာသောအသွင်ဖြင့် အကြမ်းခံနိုင်ဟန်ရှိသည့် ထနောင်း၏သွင်ပြင်ကို သဘောကျသည်။
▶ထိုသို့သော တမာ ထနောင်းတို့ရှိသည့်အပြင် ထီးရိပ်၊နန်းရိပ်၏ သင်္ကေတတို့ကိုပါ တွေ့ရှိခံစား နိုင်သောနေရာလေးကို ကျွန်တော် သံယောဇဉ်ကြီးမိခြင်းမှာ မဆန်းလှပါချေ…………။

Photo 
ငယ်စဉ်ကာလ လွန်ခဲ့သော နှစ်(၃၀)ကျော် တက္ကသိုလ်တက်စဉ်အချိန်က စက်ဘီးဖြင့်တစ်မျိုး၊ ခြေကျင်ဖြင့် တစ်သွယ်၊ ကားပြာလိုင်း စီး၍ တစ်နည်း၊ မန္တလေးမြို့တွင်း နေရာအနှံ့လှည့်လည် သွားလာ ရသည်ကိုလည်းအလွန်ပင်နှစ်ခြိုက်မိသည်။ ထိုစဉ်ကာလ တစ်စီးတစ်လေသာတွေ့ရသည့် ဆိုင်ကယ်များ ဇိမ်ခံဆလွန်းကားများတွေ့လျှင် ဒါမျိုးနဲ့သာဆို မြို့ကျက်သရေအတော်တက်လာပေ လိမ့်မည်ဟုလည်း စိတ်ကူးပုံရိပ်ဖမ်းခဲ့ဖူးသေးသည်။

ဘုရားကြီးဘက် သွားလျှင်သော်လည်းကောင်း တောင်သမန်၊ စစ်ကိုင်းတောင်၊ ရန်ကင်းတောင်၊ မန္တလေး တောင်တော်၊ အိမ်ရှေ့မင်းထန်းတောတို့သို့ ရောက်လျှင် မြန်မာပြည်၏ ပီပြင်သော ရနံ့များကား ဤသည်ကိုခေါ်ဟန်ရှိသည်ဟူ၍ တစ်စုံတစ်ရာသော ရသသစ်သည်စိတ်ဝယ်ထင်ထင် စွဲကျန်နေရသည်ကားဧကန်အမှန်ပင်ဖြစ်လေတော့သည်။

မန္တလေးမြို့ထဲ၌ ဆွေမျိုးတစ်သိုက်၊ မောင်နှမ သားချင်းတစ်စုတို့ ခြံကျယ်၊ အိမ်ဝိုင်းကြီးနှင့်နေကြသည့် ပုံစံကိုတွေ့ရသည့်အခါ မိသားစုအကြား မေတ္တာနှောင်ဖွဲ့၍ လက်ရည်တစ်ပြင်တည်း ဒေါင်းလန်းကြီး နှင့် ၀ိုင်းလုပ်ဝိုင်းစားကြသည့် မြန်မာ့ပုံရိပ်ကို ပြန်လည်ခံစားမိပါသည်။ လူမှုအဖွဲ့အစည်းအတွင်း နွေးထွေးသော ဆက်ဆံမှုနှင့် သစ္စာတရား၊ သံယောဇဉ်တရားနှင့် ကြင်နာခြင်းများ အတိပြီးသည့် ရိုးရှင်းလှသော မြန်မာ့အိမ်ထောင်စုပုံဟန်များကို ရင်၌တွယ်ငြိမ် မြင်ယောင်မိပြန်သည်။

Photo 
 ပွင့်လင်းရာသီတစ်လျှောက်လိုလို ရပ်ကွက်တိုင်းနီးပါးမျှပင်လမ်းကိုပိတ်၍ စင်ထိုး ကပြနေကြသည့် အငြိမ့်စင်များရှေ့ဝယ်ပျော်ပျော်ပါးပါးတသောသောရယ်မော ကြည့်ရှုနေကြသည့် မန္တလေးသားတို့၏ ပွဲကြိုက်ပုံ၊ ဟာသကို နှစ်သက်ပုံကိုလည်း ကျွန်တော် သဘောကျသည်။ အပြစ်ကင်းသော ပျော်ရွှင်ခြင်းပေတကား………….

နံနက် အရုဏ်တိုင်းတွင် မြို့လုံးအနှံ့ နေရာလပ်မရှိလောက်အောင် သင်္ကန်းရောင် တထိန်ထိန်ဖြင့် အမျှင်မပြတ်စတမ်း တစ်မျှော်တစ်ခေါ် ဆွမ်းခံကြွနေသည့် ထေရ၀ါဒ သာသနာ၏ နိမိတ်ပုံ ရဟန်းတော်များကို ရှုမြင်ရသည်မှာ ရင်တွင်းမှ ကြည်ညိုသဒ္ဒါစိတ်တို့ကို ယိုဖိတ် ကြွလာစေလျက် လောဘ၊ ဒေါသ၊ မောဟ တို့ကို တင်္ဒဂ ငြိမ်းအေးသွားစေသည်ဟု ထင်ရသည်။

▶ဤသည်ပင် မြန်မာ့မြေ ၊
▶ဤသည်ပင် မြန်မာ့စိတ်၊
▶ဤသည်ပင်မြန်မာ့ယဉ်ကျေးမှုနိမိတ်ပုံဟုဆိုသော်ရကောင်းမည်သာတည်း…………………။
ဆက်လက်ဖော်ပြပါမည်
အပိုင်း(၁)➳https://www.facebook.com/38silvertiger/posts/717102574980700
အပိုင်း(၂)➳https://www.facebook.com/38silvertiger/posts/718766734814284
------------------------------------------





Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>