
ကျွန်မက ကျောင်းနဲ့ ပါချုပ်အပေါ် သဘောကျတဲ့ အချက်ကိုပြောရမယ် ဆိုရင် ကျောင်းဝန်းကျင်ကို အပွင့်ပွင့်တဲ့ အရိပ်ရပန်းပင်တွေ စိုက်ပျိုးထားခြင်းပါပဲ။ ပြီးတော့ ပန်းခူးရင် ဒဏ်ငွေငါးထောင် ရိုက်ပါတယ်။ ပိတောက်ပန်းတွေကို ပိတောက်ပင်ကြီးပန်ထားတာသာ အလှဆုံးလို့ ယူဆတတ်တဲ့ ကျွန်မကလည်း ပန်းတွေကို လှလို့ခူးးး ပြီးရင်မပန်ဘဲ တွေ့ရာလွှင့်ပစ်တတ်တဲ့ အကျင့်တွေကိုလည်း မကြိုက်တော့ ခုလိုထုတ်ထားတဲ့ စည်းကမ်းကို သိပ်ပြီးသဘောကျမိပါတယ်။
ဒါပေမယ့် ပန်းချစ်တဲ့ ကျွန်မက ဘီဘီအေ ဌာနဘက်ရောက်ရင် လူတစ်ရပ်သာသာ အမြင့်ရှိပြီးးး အပွင့်လေးတွေ မြိုင်နေအောင် ပွင့်ပြီးးး မွှေးပျံ့နေတဲ့ စကားဖြူပန်းတွေကို မြင်ရင် မနေနိုင်လို့ တစ်ပွင့်ခူးပြီး ပန်လေ့ရှိပါတယ်။ "ဟယ်... နင်တော့ဒဏ်ငွေ ဆောင်ရ တော့မယ်""ငါက ကြွေနေတာလေး ကောက်ပန် လာတာပါဟယ်။ဟိုမှာတွေ့လားးး ကြွေကျနေတာ ဖွေးလို့..."အဲ့လိုပဲ ခပိတည်တည်နဲ့ ပြန်ပြောပြီး အမြဲလိုလို ခူးပန်လေ့ ရှိခဲ့ပါတယ်။
စိတ်ညစ်ရတာကတော့ အင်တာနက် အဆိုင်းမန့် တွေပါပဲ။ စုတ်ပြတ်သတ်နေတဲ့ ကွန်နက်ရှင်ကို ဟိုးးးးကိုးမိုင်ကျော်အကွာက မိတ္ထီလာမြို့ထဲထိ သွားသုံးရပါတယ်။ အကြာကြီးနေမှ အားနာပါးနာနဲ့ တက်လာတဲ့ ကွန်နက်ရှင်လေး အရမှာ လိုချင်တာတွေ ဒေါင်းလော့ဆွဲတော့ အဓိက မိန်းကျတဲ့ စာတွေကို မြန်မာနိုင်ငံကမို့ မပေးပါဘူးလို့ အမြဲငြင်းခံခဲ့ ရပါတယ်။ ကျွန်မတို့ကို ပညာရေးထိအောင် ပိတ်ဆို့ခံထားရမှန်း အဲ့တော့မှသာ သိခဲ့ရပါတယ်။
တခြားသောအာဆီယံနိုင်ငံတွေ၊တရုတ်နိုင်ငံတွေနဲ့ ယှဉ်ရင် အစုတ်ပဲ့ဆုံးးး အင်တာနက် ကွန်နက်ရှင်ကို ဈေးအကြီးဆုံး ပေးပြီးးး တစ်ဦးကျ ဂျီဒီပီ အနိမ့်ဆုံး နိုင်ငံကကျွန်မတို့ပြည်သူတွေက သုံးစွဲကြရပါတယ်။ အဲ့ဒီမှာပဲ အဆိုးထဲက အကောင်း ထွက်လာပါတယ်.... ဘယ်လိုအခြေအနေဆိုးမှာဖြစ်ဖြစ် ကျွန်မဟာ ကိုယ်လိုချင်တာကို ရအောင်ယူဖို့ သည်းခံစောင့်ဆိုင်း တတ်လာသလို ဘယ်နည်းလမ်းတွေကနေ လွယ်လွယ်ရအောင် ချဉ်းကပ်မလဲ???ဆိုတာတွေကို တွေးတတ် ခေါ်တတ်ဖြစ်လာပြီးးး လက်တွေ့ပါ မဖြစ်မနေ ကျင့်သုံးတတ်လာပါတယ်။ ဒေါသထွက်ဖွယ်ကိစ္စတွေမှာလည်း အပြုံးမပျက် ကြံ့ကြံ့ခံနိုင် လာပါတော့တယ်။ဒါတွေအပြင် တရားထိုင်ရာမှာလည်း အကြာကြီး မလှုပ်မယှက် ထိုင်တဲ့အခါမှာ မညည်းညူတတ်တော့ပါဘူးးးး။ဒီတော့.... ကျေးဇူးကြီးပေ အမ်ပီတီ လို့ ရေရွတ်ပြီးးး ညဘက် ဘုရားရှိခိုးတိုင်း အနန္တော အနန္တ ခြောက်ပါးဆိုပြီး ကန်တော့လေ့ရှိခဲ့ပါတယ်။
ဖေဖော်ဝါရီ လဆန်းတော့ သွားလေရာ လာလေရာမှာ ချစ်သူများနေ့ အကြို ဈေးရောင်းပွဲတွေနဲ့ ဆင်တူ အင်္ကျီတွေနဲ့ ရုတ်ရုတ် ရုတ်ရုတ် ဖြစ်လာကြပါတယ်။ အဆောင်က ကလေးတွေကလည်း ချစ်သူခြင်း အပြန်အလှန်လည်းဖို့ ချောကလက်တွေ ကဒ်တွေ လက်ဆောင်တွေဝယ်ကြနဲ့ ဝယ်လာတာတွေကို အပြိုင်အဆိုင် ကြွားကြနဲ့...တက်ကြွလှုပ်ရှား လွန်းလှပါတယ်။ ကိုယ်တွေကတော့ ဒီလိုကလေးကလားးး ယောင်ဝါးဝါး အလုပ်တွေကို လုံးဝမှ သဘောမကျပါဘူးးးး "အလကားးးး စိတ်ကူးတွေယဉ်ပြီးးး ပိုက်ဆံဖြုန်းနေကြတာ.."လို့ပဲ မနာလိုအမြင်ကပ်စိတ်နဲ့ တွေးမိခဲ့ပါတယ်။
တစ်ရက်မှာတော့ ကျောင်းကအပြန် အဝတ်အစား လဲပြီးးးး စာရှာထွက်ဖို့ ပြင်ရပါတော့တယ်။ ဆိုင်ကယ်ထုတ်ရင်း MBA အတန်းက ရီမြင့်ကို တွေ့လိုက်တော့... "ရီမြင့်.... မြို့ထဲသွားမယ် လိုက်အုံးမလားးးး""အင်တာနက် သုံးမှာမလားးးး ကျွန်မလည်း အိမ်စာတွေများလို့ လိုက်ခဲ့မယ်လေ။"ဒီလိုနဲ့ မြို့ထဲကအင်တာနက်ဆိုင် အရောက် ဆယ့်နှစ်မိုင်ခန့် ခရီးနှင်ပြီးးး အွန်လိုင်းပေါ် တက်ကြပါတယ်။ သုံးနာရီလောက် မထတမ်း သုံးပြီးတော့ မျက်စိတွေလည်း ဝါးပြီး ခေါင်းတွေလည်း ထူပူကုန်ပါတယ်။ "ငါတော့ တော်ပီဟာ။နင်ရော အိုခေလားးးး""ဘယ်အိုခေ မလဲ။ဒါပေမယ့် ဆက်မသုံးနိုင်တော့ဘူးးး ပြန်ကြစို့လေ။""လိုချင်တာ ရှိရင်ပြောနော်။ နိုင်ဂျားက သူငယ်ချင်းတွေကို ဒေါင်းချခိုင်းပြီး ငါ့မေးလ်ထဲ ပို့ခိုင်းထားတယ်။ မနက်ဖြန် ပြန်လာဖတ်ပြီး ပရင့်ဆွဲမယ်။"
"အင်းးးး ၇နာရီမတ်တင်းပြီဟ။ ဒီမှာပဲ တစ်ခုခု စားသွားရအောင်။ Mr.လင်း ဆိုင်သွားရအောင်။ ကေးကေးနဲ့ နွယ်နီ လိုက်ပို့တုန်းက တစ်ခါပဲရောက်ဖူးတာ။ မဆိုးဘူးးးးကောင်းတယ်။""ကျွန်မတော့ တစ်ခါမှ မရောက်ဖူးသေးဘူးးးး""နင် ဒီမှာကျောင်းတက်နေတာ ဘယ်လောက်ကြာပြီလဲ????""ငါးနှစ်""ဟင်!!!!!! "ရီမြင့်က အလွန်အေးဆေးပြီးးး အဆောင်တွင်းပုန်းတဲ့ စာဂျပိုး တစ်ယောက်ပါ ဒီတော့လည်း ဟုတ်မှာပေါ့လေ။
Mr. Linnဆိုင်ကတော့ စားသုံးသူတွေနဲ့ အုန်းအုန်း ကျွတ်ကျွတ် စည်ကားနေပါတယ်။ ကျွန်မတို့ နှစ်ယောက်လည်း လူနေကျဲပါးတဲ့ တောအရပ်မှာ သီတင်းသုံးတာ ကြာပြီးးး လူအုပ်ထဲလည်း မရောက်ဖြစ်တာ ကြာတော့ ဆိုင်ထဲဝင်ဖို့ကို နည်းနည်းတော့ လန့်ပြီး ရှိန်နေကြပါတယ်။ ဟမ်ဘာဂါ နှစ်လုံးနဲ့ ကော်ဖီနှစ်ခွက် မှာလိုက်ပါတယ်။ စားသောက်ပြီး ပြန်တဲ့လူတွေက ဆိုင်ကကောင်တာဆီသွားပြီးးး လက်ဆောင်အရုပ်တွေ ထုတ်ကြပါတယ်။ အရုပ်လေးတွေက ချစ်စရာလေးတွေပါ။ လာထုတ်တဲ့ လူတိုင်းကို တစ်ရုပ်စီ ပေးနေတာပါ။ ဟိုငေးဒီငေး လုပ်နေတဲ့ ကျွန်မတို့ နှစ်ယောက်ကလည်း ဒီအရုပ်တွေကို လိုချင်နေကြပါတယ်။
"အရုပ်လေးတွေ လက်ဆောင်ပေး နေတာတော့။""ဟုတ်တယ်နော် ရီမြင့်။ နင်နဲ့ငါလည်း စားပြီးရင် သွားယူရအောင်။""ယူတဲ့လူတွေက ခပ်ငယ်ငယ်တွေဟ။ငါတို့ကို ပေးပါ့မလားးး""အံမယ်..... အဲ့ဒီအငယ်တန်းတွေနဲ့ ငါတို့နဲ့ ကွာလှသုံးနှစ်ပေါ့။ သူတို့ကြပေးပြီး တို့မှမပေးလို့ ရမလားးး ငါ့အထင်တော့ စားသုံးတဲ့ ပမာဏအရ လက်ဆောင် ပြန်ပေးတာထင်တာပဲ။""ဘယ်လောက်ဖိုး စားရင်ပေးတာလဲမသိဘူးးးး""ငါတို့မှာ ထားတာ နည်းနေရင်မရဘဲနေမှာ စိုးရတယ်။ဘယ်လောက်ဖိုး သတ်မှတ်ထားလဲလို့ ဟိုကလေးမလေးကို ခေါ်မေးလိုက်ရမလားးးးး""အဲ့လိုဂျီးတော့ မမေးပါနဲ့ဟယ်။""အာ့ဆိုလည်း ကြက်ကြော်တစ်ပွဲ ထပ်မှာလိုက်မယ်လေ။""အေးးးကောင်းတယ်။ငွေရှင်းမှ လိုသေးရင်လည်း ပါဆယ်ထပ်ဆွဲကြတာပေါ့ ဟုတ်ဖူးလားးး""ဟုတ်တယ် ဟုတ်တယ် အဲ့ဒါဟုတ်တယ်။""ဟိုဘက်က အပြာရောင် အရုပ်လေးက ချစ်စရာလေးနော်။""ဟိုဘက်က ပန်းရောင်နုနု အရုပ်လေးက ပိုတောင်လှသေးတယ်။သူတို့ပေးတာ မယူဘူးးးကိုယ်ကြိုက်တာ ကိုယ်ရွေးယူရအောင်နော် ရီမြင့်။"
စားသောက်ပြီးးး ငွေရှင်းတော့ အရုပ်လေးပေးမလားလို့ အိနြေ္ဒတစ်ခွဲသားနဲ့ မျှော်နေတာပေါ့နော်။ သူတို့ကလည်း ပေးမယ့်ပုံကမပေါ်ဘူးးးး ဒီတော့... "ညီမလေးးးး ငါတို့ကို အရုပ်ပေးအုံး လေဟယ်။""ဘယ်လောက်ဖိုး ဝယ်ရမယ်လို့ ကန့်သတ်ချက်ရှိလို့လားးး""ရှိရင်ပြောနော်... ငါတို့ပါဆယ်ထပ်ဆွဲမယ်။"
"အော်....အဲ့လိုသတ်မှတ်ထားတာ မရှိပါဘူးးး ဒါပေ....""အဲ့ဒါဆို ငါတို့ကို တစ်ရုပ်စီပေးနော်။ တစ်ရုပ်ထဲတော့ မရဘူးး ဟိဟိ။""ဟိုဘက်က ယုန်ရုပ်လေးတွေ ယူမယ်။""အမက ပန်းရောင်နော်။"
"ဟိုလေ..အမတို့... အားတော့နာပါတယ်။ အမတို့ကို ပေးလို့မရဘူးးးး""အမ်!!!""ဘာလို့လဲ???""ဒီနေ့က ချစ်သူများနေ့ မို့လို့ စုံတွဲတွေကိုပဲ ပေးတာမို့လို့ပါရှင့်။""တိန်..."အမငီးးး ရှက်ရှက်နဲ့ ထွက်လာကြတာ ဆိုင်ကယ်ပေါ် ရောက်တော့ "နေနေ...နင်က ချစ်သူများနေ့ ဆိုတာတောင် မသိဘူးလားးးးး""အောင်မယ်...သိတာပေါ့ဟဲ့ ဘိုလို ဗာလင်တိုင်းဒေးလို့ခေါ်တယ်သိလားးးး သူတော်စင် စိန့်ဗာလင်တိုင်းသေဆုံးခဲ့တဲ့ အထိမ်းအမှတ်တစ်ခု အဖြစ် ဂုဏ်ပြုထားတာ။""အဲ့ဒါဆိုလည်းးး ဟိုဆိုင်မှာတုန်းက အရုပ်မတောင်းခင် ဘာလို့သဘောမပေါက်တာလဲ။""ငါနဲ့မှ မဆိုင်တာ ဘယ်သိမလဲဟ။ တခုတ်တရ ဒီနေ့ဗာလင်တိုင်းနေ့တော့...လို့ သတိရစရာ လူမှမရှိတာ။ နေပါအုံးးး နင်ကကြတော့ရော။""ကျွန်မက ပိုဆိုးပေါ့ ခိခိ။""ဒါနဲ့များ ဘူဘူခြင်း တစ်လုပ်ပြီးးး ငါ့ကို မသိဘူးလားးးဘာလားနဲ့...ဟွန့်။"ဟားဟားဟားးးးးဆိုပြီးးး ကျွန်မတို့နှစ်ယောက် တစ်လမ်းလုံး ရယ်ခဲ့ကြပါတယ်။
အဆောင်ပြန်ရောက်တော့ ကျွန်မတို့ ညီမလေးရိုစီခေါ် နှင်းဆီက သူရရှိထားတဲ့ ချောကလက်ဗူးကြီးထဲက တစ်ခဲဆီလိုက်ဝေနေလို့ ဗာလင်းတိုင်း ချောကလက်စားရင်းးး အဲ့ဒီကိစ္စကို ပြောပြီးးး တဟားဟားနဲ့ ပွဲကျကြပါသေးတယ်။
ရိုစီရတဲ့ လက်ဆောင်တွေက ဂျပ်ဖာကြီး တစ်ပုံးနဲ့ အပြည့်ပါပဲ။ သူမမှာ ရည်းစားမရှိပါဘူးးး သူ့ကိုတစ်ဖက်သတ် ချစ်တဲ့လူတွေက ပေးတာပါ။ မယူမှာစိုးတော့ အဆောင်တူ လူကြုံကနေတစ်ဆင့် ပေးခိုင်းကြတာပါ။ ကျွန်မက နိုနိုနဲ့ နှင်းဆီကို ကိုယ့်ညီမလေးတွေလိုပဲ ခံစားပြီး ချစ်ပါတယ်။
သူတို့မှာ ကျွန်မချစ်ရတဲ့ စိတ်နေသဘောထားနဲ့ အပြုအမူတွေ ရှိကြပါတယ်....စိတ်ရင်းကောင်းပြီး ရိုးသားတာ၊ လိမ္မာရေးခြား ရှိတာ၊ အပြောအဆိုယဉ်ကျေးသိမ်မွေ့တာ၊ ပျော်ပျော်နေတတ်တာ၊ အလှပြင်ရှိုးထုတ်ပြီး ပဲများတတ်တာ၊စာကြိုးစားတာ၊ မပွေမရှုပ်ဘဲ သန့်သန့်လေးနေတတ်တာ ဒါတွေအပြင်နိုနိုက ဂစ်တာတီးကောင်းတာ တွေပေါ့။ နိုနို ဂစ်တာတီးရင် ကျွန်မနဲ့ ရိုစီက ကီးမမှန်တဲ့ အသံကြောင်ကြီးတွေနဲ့ သီချင်းလိုက် ဆိုကြရတာ အရမ်းကို ပျော်ဖို့ ကောင်းခဲ့ပါတယ်။
နိုရာ သီချင်းသံကြားတိုင်းးးး ဒီဇင်ဘာည သီချင်းသံကြားတိုင်းးး ကျွန်မဟာ အဆောင်နေ သူငယ်ချင်းတွေကို လွမ်းဆွတ် သတိရစိတ်တွေ ထိန်းမရအောင် ပေါ်လာတတ်ပါတယ်။ ကျွန်မညီမလေး ရွှေရစ် မင်္ဂလာဆောင်တော့ ဒင်နာပွဲမှာ နိုနိုက နိုရာသီချင်းကို ကိုယ်တိုင်ဂစ်တာတီးပြီးးး တက်ဆိုပေးခဲ့တယ်လေ။ ကျွန်မသိပ်ကို ကြည်နူးပီတိ ဖြစ်ခဲ့ရပါတယ်။နိုနိုနဲ့ရိုစီက ကျွန်မထက် ကျွန်မညီမလေး ရွှေရစ်ကို ပိုပြီး ခင်တွယ်ရင်းနှီးကြပါတယ်။ ကေးကေးနဲ့ နွယ်နီကလည်း အဲ့လိုပါပဲ.... ကျွန်မထက် ရွှေရစ်ကိုပဲ ပိုခင်ကြပါတယ်။ ခင်လေးသွယ်ဆိုလည်း "နင်က ငါ့သူငယ်ချင်း မဟုတ်ဘူးးရွှေရစ် သူငယ်ချင်း"လို့ စကားနာထိုးယူရတဲ့ အထိပါပဲ။
ဆက်လက်ဖော်ပြပါမည်
နေထက်ထက်အောင်