Quantcast
Viewing all articles
Browse latest Browse all 1811

ကျွန်တော် နှင့် ဖေ့စ်ဘုတ်ပေါ်က သတ္တ၀ါကြီး - ၎

ကျွန်တော် နှင့် ဖေ့စ်ဘုတ်ပေါ်က သတ္တ၀ါကြီး - ၎
=============================
ကျွန်တော် ဖေ့စ်ဘုတ် သုံးခဲ့တဲ့ သက်တမ်း တစ်လျောက် ….
အများဆုံး စွပ်စွဲခံရတဲ့ စွပ်စွဲချက်ဟာ …
ရဲမိုး စစ်လော်ဘီ လုပ်နေတယ် ဆိုတဲ့ ကိစ္စဖြစ်ပါတယ်…

တပ်မတော် ဘက်က ....
ရပ်တည် ရေးသားနေတဲ့  ကျွန်တော့် အတွက် ...
ဒီမှတ်ချက်ဟာ ...
ရုတ်တရက်တွေးကြည့်လိုက်ရင် မှန်သလိုလို ထင်ရပေမယ့် ...
တကယ်တန်းတော့ ...
နည်းနည်းလေး လွဲနေတယ်လို့ ယူဆမိ ပါတယ်…

တကယ်တော့ လော်ဘီဆိုတာ ...
ဘက်တစ်ဘက်ကနေ ရပ်တည်ပြီး ဆွယ်ပေးရတဲ့ သူပါ….
ကိုယ်ရပ်တည်တဲ့ ဘက်က ကိစ္စ တစ်ခု မှားမှား မှန်မှန် ...
ဆွယ်တဲ့ သူကတော့ ....
အဲဒီဘက်က ရပ်တည်ပြီး ဆွယ်ပေးရမှာပဲ ဖြစ်ပါတယ်…

ဒါဆိုရင် မေးစရာရှိလာပါတယ် ….
မင်းက ကိုယ့်ဖက်က အပြစ်တွေကို ...
ဘယ်တုန်းက ထောက်ပြ ရေးခဲ့ဘူးလို့ လဲ …ဆိုတဲ့ မေးခွန်းပါ ….
ဟုတ်ပါတယ် ….
ကျွန်တော် ဟာ တပ်မတော် ဘက်ကို ...
အင်မတန် ပြန် ဝေဖန် ရေးသား ခဲလှပါတယ်…
မရှိသလောက်ပါပဲ …
ဘာလို့ ပါလဲ …
အဖြေက လက်ရှိ မီဒီယာ စစ်ပွဲ အခြေအနေဟာ ....
မမျှတဘူး ထင်လို့ ပါ …

ဒုတိယကမ္ဘာစစ် အပြီး မှာ....
ပါလက်စတိုင်းဒေသကို .....
ဗြိတိသျှက လက်နက်တင်ပို့ ခွင့် ပိတ်ပင် ထားပါတယ် ...
ဒါဟာ တစ်ဖက်က ....
အီဂျစ် ၊ဆီးရီးယား၊ဂျော်ဒန် စတဲ့  ...
စစ်ပြင်နေတဲ့ အာရပ်နိုင်ငံကြီးတွေအတွက် ...
ဘာမှ မထိရောက်လှပေမယ့် ...
အခုမှ တပ်မတော် တစ်ခုကို ...
အလျှင်အမြန်ဖွဲ့ ဖို့ ကြိုးစားနေရတဲ့ အစ္စရေး အတွက်ကတော့ …
အကြီးအကျယ် အထိနာစေခဲ့ပါတယ်…

အခုလဲ ဒီလိုပါပဲ ….
မီဒီယာ စစ်ပွဲ မှာ ...
တပ်မတော်ရဲ့  ဆန့် ကျင်ဘက်အုပ်စုတွေက အသာစီးရထားတာ ဟာ ....
ဆယ်စုနှစ် အတော်များများ ကြာလှပါပြီ….
မီဒီယာလောကရဲ့  အများစုက ...
တပ်မတော် အပေါ် တစ်ဖက်သတ် ...
ရေးသား အပုပ်ချနေကြတဲ့ အခြေအနေမျိုးမှာ ...
ကျွန်တော်က သမာသမတ်ကျကျ ....
နှစ်ဖက်လုံးကို ဝေဖန်မယ်ဆိုရင် ....
ဒါဟာ တကယ် သမာသမတ်ကျရာ မရောက်ဘူးလို့ ပဲ မြင်ပါတယ်…

ဒါကြောင့် ကျွန်တော်ဟာ ....
အတိုက်အခံ အုပ်စုကိုပဲ အဓိက ထား ....
ဝေဖန် ထောက်ပြ ရေးသားနေရခြင်း ဖြစ်ပြီး ….
တစ်ချိန်ချိန် မီဒီယာ စစ်ပွဲကြီး ဘက်မျှလာတဲ့ အချိန်မှာတော့ …..
ကျွန်တော် ဒီအကောင့်ကို ဖျက်သိမ်းပြီး …..
အပြီး ထွက်ခွာသွားမှာ ဖြစ်ပါတယ်…

မီဒီယာ စစ်ပွဲ ရဲ့ အစ ....
အွန်လိုင်း ပေါ်က နိုင်ငံရေး စာမျက်နှာတွေဟာ ....
၂၀၀၇ ၂၀၀၈ လောက်မှာ ....
ဘလော့တွေ ၀က်ဆိုဒ် တွေ အနေနဲ့ အစပြု ၀င်ရောက်လာပြီး ...
နောက်ပိုင်းမှာတော့ လူမှုကွန်ယက် အကောင့်တွေအဖြစ် ...
ပိုမိုကျယ်ပြန့် စွာ ရေးသားဖော်ပြလာတာ ဖြစ်ပါတယ်…

ပထမပိုင်းမှာတော့ ...
အတိုက်အခံ အုပ်စုတွေရဲ့ …
တစ်ဖက်သတ် ရေးသားဖော်ပြချက်တွေသာ...
တွင်တွင်ကျယ်ကျယ် ပြန့် နှံ့ နေခဲ့ပြီး ...
မကြာခင်မှာပဲ ....
မခံချင်ဖြစ်လာတဲ့  ...
ရုရှား ပညာတော်သင် ...
တပ်မတော်အရာရှိငယ်များ အုပ်စုနဲ့ ထိပ်တိုက် တွေ့ ကာ...
အပြန်အလှန် ရေးသား တိုက်ခိုက်မှုတွေ စတင်လာခဲ့ကြပါတယ်….

ပြည်တွင်း အင်တာနက်သုံးစွဲမှု စတင်ကျယ်ပြန့် လာတဲ့  ...
၂၀၁၀ နောက်ပိုင်းမှာတော့ ...
လူမှုကွန်ယက်ပေါ်မှာ ....
အလွှာအသီးသီး ဘက်အသီးသီးက ...
လူပေါင်း အတော် စုံလာကြတဲ့ အနေအထားကို ...
ရောက်ရှိလို့ နေပါပြီ….

တပ်မတော် ဘက်က ...
ခုခံကာကွယ်ရေးသားနေသူတွေ ...
အကြီးဆုံး ကြုံတွေ့ ရတဲ့ အခက်အခဲ ကတော့ ....
ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ခုလောက်အတွင်းက ဖြစ်ပွားခဲ့ တဲ့ ....
၁၉၈၈ခုနှစ် အရေးအခင်းကို ...
တပ်မတော်က အင်အားသုံးပြီး ဖြိုခွဲခဲ့ရတဲ့  ဖြစ်စဉ်နဲ့ ...
့တပ်မတော် တာဝန်ယူထားစဉ် ကာလအတွင်း ဖြစ်ပွားခဲ့တဲ့  ...
လူမှုရေး စီးပွားရေး နိမ့်ကျမှု ....
အစိုးရ အဖွဲ့ ဝင် တစ်ချို့ ရဲ့ မသမာ ခြစားမှု စတဲ့ ဖြစ်စဉ်တွေပါ…

တစ်ဖက် အုပ်စုတွေကလဲ ...
ဒီကိစ္စတွေကိုပဲ တစ်ခါလာ မွဲပြာပုဆိုး ...
လက်ညှိးထိုး ၀ါဒဖြန့် ရေးသားလေ့ ရှိကြပါတယ်..
ကြာလာတဲ့အခါမှာ ....
တိုင်းပြည် မပြိုကွဲအောင် ...
အခြေအနေတွေ တည်ငြိမ်အောင်...
ငြိမ်းချမ်းရေး ပလက်ဖောင်း တည်ဆောက်နိုင်အောင် ...
စတဲ့ ရည်ရွယ်ချက်တွေနဲ့  ....
တိုင်းပြည် တာဝန်ကို ယူခဲ့တဲ့ တပ်မတော်ကြီးဟာ ...
အာဏာရူး ပြီး အာဏာသိမ်းခဲ့တယ် လို့  ...
ပုံဖော် အပုပ်ချခံရတော့တာပါပဲ ….

နာမည်ကြီး ဂျာနယ်တစ်ချို့ က ဆောင်းပါးတွေထဲမှာတောင် ...
တပ်မတော်ကြီး နောက်တစ်ခါ ထပ် မကယ်ပါနဲ့ တော့ ဆိုပြီး ...
ဟာသ အလုပ်ခံနေရတဲ့ အထိ ....
တစ်ဖက်သတ် ပြောဆိုရေးသားမှုတွေ လွန်လွန်းလာတဲ့အခါမှာ….
ဒီ မီဒီယာ စစ်ပွဲထဲကို ....
ကျွန်တော် အပါအ၀င် ...
မခံမရပ်နိုင်ဖြစ်လာကြတဲ့  တပ်မတော်သားဟောင်း တွေ ပါ ...
ပြန်လည် ၀င်ရောက်လာကြ ပါတော့တယ်…

တကယ်တော့ ….
ဒီတစ်ဖက်သတ် ပြောဆိုစွပ်စွဲရေးသားချက်တွေဟာ…
တိုင်းပြည်ကို …
အနာဂတ် မျိုးဆက်သစ်ကို …
အဆိပ်ခတ်နေကြတာသာ ဖြစ်ကြောင်း ….
ကျွန်တော် အကြိမ်ကြိမ် ရေးသားခဲ့ ပြီးပါပြီ….

ကျွန်တော့် အမေ တိုးရစ်ဂိုက်ကြီး …
၁၉၉၄ ခုနှစ် လောက်မှာ …
သူ့ အလုပ်က အပြန် …
စိတ်ပျက်လက်ပျက် ငြီးတွားဖူးတဲ့ စကားတစ်ခွန်းရှိပါတယ်…
ဒီကောင်တွေ ငါတို့ တိုင်းပြည်ကို …
အာဖရိက လို့ ထင်နေတယ် သားရယ် တဲ့ …

စစ်အာဏာရှင်တွေက အာဏာသိမ်းထားတယ်ဆိုတော့ …
မြန်မာပြည်ကိုရောက်လာတဲ့  တိုးရစ်အများစုဟာ…
လေဆိပ်က ထွက်တာနဲ့ ….
သံဆူးကြိုး အတားအဆီးတွေ ပြူးပြူးပြဲပြဲ လိုက်ရှာ …
လမ်းဆုံရောက်ရင် တင့်ကားတွေ အသည်းအသန် လိုက်ရှာ…
အရေးအခင်းတုန်းက လူ သောင်းနဲ့ ချီ သတ်ပြစ်တယ် ဆို …
အာ့လူတွေ ဘယ်နားမှာ မြုပ်ထားလဲ …
မအောင့် မအီးနိုင် ပါးစပ်က ထုတ်မေးတဲ့ သူက ထုတ်မေး…
အဲနေ့ က …အမေ အတော် စိတ်ပျက်လာပုံရပါတယ်…

တကယ်တော့ …
နိုင်ငံတကာ မှာ ကိုယ့်တိုင်းပြည်ကို ….
ဒီလိုပုံစံ မမြင် မြင်အောင် ပုံဖော်ခဲ့တဲ့သူတွေ အများကြီးပါ…
အခုအထိ ပုံဖော်နေတဲ့ သူတွေလဲ …
ပြည်တွင်းမှာရော ပြည်ပမှာပါ အများကြီး ရှိပါတယ်…

၂၀၀၇ ခုနှစ် ဘုန်းကြီး အရေးအခင်းမှာ …
မြန်မာ့ ဒီမိုကရေစီ ခရီး …
ဘယ်လောက် ရှေ့ ရောက်သွားလဲတော့ မသိပါဘူး …
ဒီကနေ Visa အမျိုးမျိုးနဲ့  ထွက်သွားပြီး….
အမေရိကား မှာ Asylum ဒုက္ခသည် အဖြစ် နေထိုင်ခွင့်ရဖို့ ….
တန်းစီ လျှောက်ထားနှင့် သူတွေကတော့…
ဝေါ ကနဲ အလုံးအရင်းနဲ့  နေထိုင်ခွင့် အောင်ကုန်ပါတယ်…

မြန်မာ့စစ်သား တစ်ဒါဇင်လောက်က ..
သူ့ ကို အတင်း အဓမ္မပြုကျင့်ကြောင်း …
မုဒိန်းကျင့်ခွင့် လိုင်စင် စစ်တပ်ကို ထုတ်ပေးထားကြောင်း …
အဲဒီအတွက်…..
သူ အမေရိကားမှာ နေခွင့်ရမှ အဆင်ပြေမှာ ဖြစ်ကြောင်း …
မျက်ရည်တရွဲရွဲ ပြောပြ နေကြသူတွေ …

သူ ကိုးကွယ်တဲ့ ဘာသာ နဲ့ လူမျိုးကို …
နအဖ စစ်တပ်က စနစ်တကျ ….
အမျိုး လိုက်ဖြုတ်နေတာကြောင့် …
သူ မြန်မာပြည် မှာ နေလို့ မဖြစ်တော့ကြောင်း …
နတ်သံနှောပြီး ရင်ဖွင့်နေတဲ့ သူတွေ …

သူ့ နောက်ကို နအဖ ထောက်လှမ်းရေးတွေက …
တစ်ကောက်ကောက် လိုက်နေလို့ …
မြန်မာပြည်မှာ ဆက်နေရင် …
သူ့ ဘ၀ဟာ ….
နအဖ စစ်ကြောရေးစခန်းထဲမှာ ….
အသက် ကုန်ဆုံးရတော့မှာပါ ဆိုတဲ့ သူတွေ …
ဒီလို လျှောက်ထားချက်တွေနဲ့  လူတွေဟာလဲ …
အခုလက်ရှိမှာကို မရေမတွက် နိုင်လောက်အောင် ရှိနေပါတယ်…

နိုင်ငံရေး ဘာသာရေး ဖိနှိပ်ခံရမှုနဲ့  Asylum တင်ထားတဲ့ ...
အဲဒီလူတွေရဲ့ အဓိက ပြသနာက …
လက်ရှိအစိုးရက လုပ်ဆောင်နေတဲ့  လွတ်ငြိမ်းချမ်းသာခွင့်တွေ…
မီဒီယာ လွတ်လပ်ခွင့်တွေ …
လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်တွေ ပါပဲ …
၂၀၁၅ စစ်အသွင်ပြောင်း အစိုးရ နိဂုံးမချုပ်ခင် ….
သူတို့  Asylum အောင်ဖို့ အရေးဟာ….
သူတို့ အတွက် သေရေးရှင်ရေး လို့ ဆိုရမှာပါ…

လက်ရှိ အခြေအနေမှာကို ….
Asylum နေထိုင်ခွင့် အောင်ဖို့  အခွင့်အရေးဟာ…
လွတ်လပ်ပွင့်လင်းလာတဲ့  မြန်မာပြည်ရဲ့  အနေအထားအရ …
အတော် ခက်ခဲလို့ လာနေပြီမို့ ..
ကိုယ့်တိုင်းပြည်နဲ့ လူမျိုးကို ချစ်တဲ့  ....
မျိုးချစ်စိတ် ပြင်းထန်တဲ့ လူတစ်ချို့ က လွဲရင်...
ကျန်တဲ့  အများစု အဖြစ်ချင်ဆုံး ဆန္ဒကတော့ …
မြန်မာပြည်မှာ အရေးအခင်း တစ်ခု ထပ်ဖြစ်ပြီး …
အဲဒီ အရေးအခင်းကို …
လက်ရှိ အစိုးရက ….
အကြမ်းဖက်နှိမ်နှင်း ပြစ်လိုက်စေချင်တာပဲ ဖြစ်ပါတယ်…

ဒီလို Asylum နဲ့  Refugee တွေ …
ပြည်ပမှာ ဖောချင်းသောချင်း များပြားနေရခြင်းဟာ…
တပ်မတော်နဲ့  အစိုးရအပေါ် တစ်ဖက်သတ် စွပ်စွဲချက်တွေ ..
အပုပ်ချ ရေးသားချက်တွေ …
နိုင်ငံရေး မတည်မငြိမ် ဖြစ်အောင် လှုံ့ ဆော်ဝါဒဖြန့် ချိမှုတွေ….
Rambo 4 လို .... Nanja ကားလို ဇာတ်ကားတွေ
အမြောက်အများ ပေါ်ထွက်လာစေတဲ့ ကိစ္စ ရဲ့  …
အကြောင်းအရင်းတွေထဲက တစ်ချက်လို့ လဲ …
အခိုင်အမာ ပြောရမှာ ဖြစ်ပါတယ်….။

( စစ်လော်ဘီ အတု ရဲမိုး )
— feeling better.


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...