Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

ရေဘဲလေး အထုပ္ပတိ အပိုင်း ၁

$
0
0


ရေဘဲလေး အထုပ္ပတိ အပိုင်း ၁
 

၁၉၆၇အောက်တိုဘာ၂၄ကမ္ဘာ.ကုလသမဂ္ဂနေ့မငြိမ်းချမ်းသောမောင်ငြိမ်းချမ်းမွေးဖွားတဲ့နေ့
ငယ်နာမည်ချစ်တီး
ငယ်ငယ်က ၀မ်းအမြဲချုပ်တတ်လို့ အမေ့ရဲ.ဒုက္ခအိုးလေးပေါ့
မိသားစုဝင်တွေ ပေးထားတဲ့ နာမည်ဆိုးတွေက အများကြီး
ဂုန်းသား၊ ဂုန်းကောင်၊ အဖေတစ်ခါတစ်ခါ စိတ်လိုလက်ရခေါ်တဲ့နာမည်က ဂျန်ဘုကောင်တဲ့
ငယ်ငယ်ကတဲက ကိုယ့်ကိုကိုယ်မှန်တယ်လို့ထင်ရင် အလျှော့မပေးတတ်တော့ ရန်များတယ်
မှတ်မှတ်ရရ မူကြိုတက်တော့ မောင့်ပရဲစန့်မှာ၊ အဲဒီခေတ်က အဖေက အကျဉ်းဦးစီးမှာ ဒုညွှန်မှူး၊ 



အဲဒီမှာစတာဘဲ၊
ဆရာမနာမည်တီချာကိတ်၊
အဖေကျောင်းကိုပို့ပြီး ရုံးပြန်သွားတော့၊ ကျောင်းစတက်တက်ချင်း
ကလေးသဘာဝငိုတာကို ဆရာမက ကျောင်းမှာ သန့်ရှင်းရေးလာလုပ်တဲ့ မြက်ခုတ်တဲ့ အလုပ်သမားနဲ့ခြောက်တော့ ဆရာမလက်ကို ကိုက်ဆွဲထားတာ ဘယ်သူမှဖြေလို့မရလို့ အိမ်ကိုအကြောင်းကြား၊ ဆရာမလက်မှာလဲ အကွင်းလိုက်ဒါဏ်ရာ သေရာပါရော၊
၁၉၈၀ အိမ်ကိုအလည်လာတော့ ဆရာမလဲအိုနေပါပြီ၊
လက်ကဒါဏ်ရာလေး ပြပြီး အမှတ်တရလေးတွေပေါ့၊
ကျွန်တော့်မှတ်ဥာဏ်က အဲဒီအကြောင်းတွေ မနေ့တစ်နေ့ကအတိုင်း မှတ်မိနေတုန်း၊
ကဲမဆန်းလား၊
 

ဒုတိယပညာသင်ရတဲ့နေရာက အထက(၂)စမ်းချောင်း
အမတွေရှိတဲ့နေရာဆိုတော့ အဖေက အဆင်ပြေမယ်ထင်ပြီး
ပထမတန်းကို မူလတန်းကျော်ပြီးထားတာ အဲဒီခေတ်က
ရာထူးလဲရှိတော့ ဆရာတွေက ၃လ အစမ်းထားမယ် အဆင့်မမှီရင် မူကြိုပြန်တက်ရမယ်ပေါ့၊
ဒါပေမဲ့သိတယ်မဟုတ်လား
အောက်ပြန်မဆင်းရဘူးလေ ဇါတ်လိုက်ဆိုတော့
အဲဒီမှာဇါတ်လမ်းစတာဘဲ
အကို(၁)တစ်ယောက်က လမ်းမတော်မှာ လမ်းသူရဲခေါင်းဆောင်
(ယခုရဲအရာခံဗိုလ်၊ တပ်မတော်မှရဲတပ်ဖွဲ့သို့အသွင်ပြောင်း)
အမတွေက လမ်းသူရဲရဲ့ညီမတွေ၊ ကျောင်းပြေးပြီးရုပ်ရှင်ကြည့်
အမတစ်ယောက်(၃)က ရည်းစားထား၊
အဲဒီခေတ်က မှောင်ခိုဈေးရောင်းတဲ့သူ
စိန်ဂျွန်းဈေးပျံကျနေရာမှာ (ယခုသူ၏ခင်ပွန်း) (အရက်သမား)
ဒီမှာတင်ဖေါ်ကောင်ဘညွန့်ကျွန်တော်၊
အဲဒီခေတ်ကအဆင့်အတန်းခွဲတဲ့ခေတ်
အဖေကလဲ ပစ္စည်းမဲ့မာနပေါက်ကွဲ အလုပ်ကထွက်စာတင်
 


လစာမဲ့ဘ၀နဲ့
အမ(၄)နဲ့(၅)က မော်တင်ဈေးမှာ ခြံထွက်စပါယ်ပန်းရောင်း
အမေကလဲ တောင်ငူက အုန်းသီးကို ပင်ပင်ပန်းပန်းရောင်း
သားသမီးတွေ ကျောင်းစားရိတ်ကို ခက်ခက်ခဲခဲရှာရတဲ့
အချိန်ဆိုတော့
ကျွန်တော်က တကယ့်ကို ယမ်းအပြည့်နဲ့မိုင်းဗုံး
တစ်လုံးခွဲလိုက်သလိုဖြစ်သွားတယ်
ရုပ်ရှင်နာမည် (ကျွန်းကလေးမှာနှစ်ယောက်ထဲ) မေ၀င်းမောင်ရဲ့ ပထမဆုံးဇါတ်ကား
ကျွန်တော်ကျောင်းကနေ အိမ်ကို လမ်းလျှောက်ပြီးပြန်၊ (မဟာမြိုင်မှတ်တိုင် မြေနီကုန်းမှ ဗိုလ်ချုပ်အောင်ဆန်းလမ်း ရန်ကုန်ထောင်ကြီးရှေ့၊ ယခုသူနာပြုတက္ကသိုလ်)
အဖေ့ကို သတင်းရောက်အောင်ပို့၊
အဲဒီမှာတင် အမတွေ(၃/၄/၅) ပလပ်စတစ်ပိုက်စုတ်အောင် အရိုက်ခံရပါလေရော၊ အကျိုးဆက်က အဖေမရှိတဲ့အချိန် နည်းမျိုးစုံ
ဂျောက်တွန်းခံရလို့ အမေ့ကြေးမီးချစ်ကြီးနဲ့ခေါက်ခံရတာခေါင်းပေါက်ရော၊
ဗိုလ်အိမ်ရှစ်လုံးတုံးက (အလုံလမ်း) ၂/၃နစ်သားလောက်က
ကြက်ခွပ်ခံရတော့ အရိုက်မခံရတာ အမ၂ အဖေ့အချစ်ဆုံး
မို့လို့ဆိုဘဲ၊ အဲဒါပေါ့ မောင်နှမတွေများတော့ တစ်ယောက်ကို တစ်ယောက် မနာလိုစိတ်နဲ့သံသယတွေပွါးနေကြတာ
အဲဒါတွေလဲပါမှာပေါ့၊
 


ဒါကြောင့်ငယ်နာမည်တစ်ခုတိုးပြန်ရော
ဂြိုလ်ကောင်တဲ့။ ဆေးထိုးမှားလို့ ပိုလီယိုဆန်ဆန်ဖြစ်တော့
အဖေ့အမိန့်နဲ့ အမတွေ ကျွန်တော်နဲ့ဘော်လုံးကန် ရွှေတိဂုန်ဘုရား လမ်းလျှောက်
ဒုက္ခအပေးဆုံးလူသားထဲ ကျွန်တော်ပါပြန်ရော
အကို(၂)တစ်ယောက်က ဘုရားစင်မှာထားတဲ့
ငွေဒင်္ဂါးပြားတွေခိုးရောင်း စက်ဘီးငှားစီး ကျွန်တော်စိန်ဂျွန်းကျောင်းသား ၄တန်း
မကောင်းမှူဖေါ်ထုတ် ငွေဒင်္ဂါးပြားတွေလဲကုန်ရော
အဖေသိအောင်လို့
ဒါပေမဲ့သိတယ်မဟုတ်လား
အကြီးနဲ့အငယ်ဆိုတော့
ဘီးလှလှလေးတတ်တာ ခံလိုက်ရတယ်
အဖေ ဂျာမနီပညာတော်သင် ပြန်လာတော့
စက်ရုပ်၊ ဓါတ်ခဲသုံး ရှားပါးပစ္စည်း (အဲဒီခေတ်ကတန်ဘိုးအလွန်ကြီး)
တိပ်ရီကော်ဒါ (မော်တော်ကားတစ်စီးနှင့်တန်ဘိုးတူ၊ဆိုရှယ်လစ်ခေတ်)
ဖျက်ဆီးဘို့ ၀က်အူလှည့်ပေးပြီး
ဂျောက်ချခဲ့
အဖေမနဲပြန်တပ်ခဲ့ရတယ် အရိုက်ခံရတဲ့အပြင်
ထုံစံအတိုင်းပေါ့ ဖျက်လိုဖျက်စီးကောင်ဖြစ်ပြန်ရော
ဒီအထဲမှာ အိမ်ကိုအလည်လာတဲ့ ဒေါ်သိန်းတင်ဆိုတဲ့အဖွားကြီး
အမြဲအတို့အထောင်လုပ် ပြသနာရှာတော့
ကျွန်တော်က မုန်လာဥနဲ့ရောပြီး ချက်စားပလိုက်မယ်
ပြောလို့ဧည့်သည်အပ်ါဆိုးတဲ့ လူဆိုးဖြစ်ပြန်ရော
ဒါနဲ့အဲဒီအဖွားကြီးအိမ်ကိုလာတဲ့တစ်နေ့ ကျွန်တော်သူရဲချောက်လိုက်တာ အဲဒီခေတ်ကနာမည်ဆိုးနဲ့ (သူရဲချောက်သည့်အိမ်)
ကျော်ကြားနေတဲ့ကျွန်တော်တို့အိမ်ကို
အဖွားကြီး နေ၀င်မိုးချုပ် မလာရဲတော့ပါ။
အမအကြီးဆုံးနဲ့အဖေက ကျွန်တော့်ကို စာဖတ်ဝါသနာပါအောင် လုပ်ခဲ့တယ်
ပထမဆုံးစဖတ်တဲ့ဝထ္ထုမောက်ဂလိ နောက် မင်းသိင်္ခရဲ့ဝထ္ထုတွေ နိုင်ငံတကာရေးရာစာစောင်တွေ အဲဒီအချိန်က၃တန်းဘဲရှိသေးတယ် စာအုပ်တွေကိုချစ်တတ်နေပြီ
အမအကြီးဆုံးက အမအလတ်ကို စပြီးနောက်ပြောင်တဲ့ မျောက်နဲ့ပါတ်သက်တဲ့ ချင်ပန်ဇီး၊ မျောက်ဝံ၊ အင်္ဂလိပ်လို မျောက်အခေါ်အဝေါ်တွေ
အင်္ဂလိပ်လိုက ၅တန်းမှစသင်ရမှာဖြစ်ပေမဲ့
အင်္ဂလိပ်စာကို စိတ်ဝင်စားနေတတ်ပြီ။
 


အမအကြီးဆုံးက စာကြမ်းပိုး၊ အင်္ဂလိပ်စာမေဂျာနဲ့ တက္ကသိုလ်တက်ရင်း ဂိုက်လုပ်ပြီးစာပြ၊ အဲဒီခေတ်ကစာအုပ်စာစောင် အင်မတန်ရှားပါးတဲ့ခေတ်၊ ရီးဒါးဒိုင်ဂျက်စ်၊ တိုင်း၊ နယူးစ်ဝိခ်၊ အဲဒီစာစောင်တွေကို မုန့်ဖိုးနဲ့စုဝယ်၊ အခန်းထဲမှာသော့ပိတ်ထားပေမဲ့၊
(ညီတစ်ကောင်ကအမတွေရဲ့လက်ကိုင်ဒုတ်၊နှစ်တန်းအရွယ်၊
မိန်းမရှာ ၁၉၉၈ မလေးမှပြန်လာပြီးအရက်ကိုသေအောင်သောက်၂၀၀၈ကွယ်လွန်) အခန်းထဲ ပြူတင်းပေါက်မှန်ကွဲမှဝင် ဂျက်ဖွင့်
အမ၃/၄အကို၂မော်တင်ဈေးမှာပိသာချိန်နဲ့ရောင်း၊ အမေကအဲဒီအချိန် စိတ်ညစ်နေတဲ့အချိန်
ထုံးစံအတိုင်းပေါ့ ဇါတ်လိုက် ကျွန်တော်က ဖေါ်ကောင်၊
အမအကြီးဆုံးနဲ့ မော်တင်ဈေးမှာသွားပြန်ရွေးပေမဲ့ စာစောင်တွေတော်တော်များများက အစုတ်ခံလိုက်ရပြီ၊ အရုပ်လှလှလေးတွေပါတာကိုး၊
 


အဲဒီမှာတင်အမအကြီးဆုံးရဲ့မျက်ရည်နဲ့အဖေ့ရဲ့(အလုပ်ကထွက်ထားရတဲ့အချိန်) ဒေါသက
အိမ်မှာငရဲပွက်သွားပေမဲ့
အဲဒီအကျိုးဆက်ကြောင့်
အဖေအလုပ်ပြန်ရလို့(ကျောက်မျက်လ/ထညွှန်မှူး) မိုးကုတ်
သွားတဲ့၆လမှာကျွန်တော်အခြေအနေ တော်တော်ယိမ်းယိုင်နေတာ အဖေခွင့်နဲ့ ရန်ကုန်ပြန်လာတော့ သဘောပေါက်သွားပြီ
အပ်နဲ့အထိုးခံရတာတွေ၊ ပါးစပ်ကိုအ၀တ်နဲ့အဆို့ခံရတာတွေ၊
အခန်းထဲလှောင်ပိတ်ခံရတာတွေ
ပေါင်တွင်းကြောအလိမ်ခံရတာတွေ
ထမင်းအငတ်ထားတာတွေ
အမေ့ကိုလီဆည်ပြီးတိုင်
အများနဲ့တစ်ယောက်ဆိုတော့
ရေများရေနိုင်မီးများမီးနိုင်
ဆိုတဲ့ဆိုရိုးစကားက ဒီနေရာမှာအသုံးဝင်သားဘဲဟဲဟဲ
ကိုယ့်အကြာင်းကိုယ်ဖတ်ကြပြီး အခုမှမရှက်ကြနဲ့နော်အပျိုကြီးမမတို့
၎တန်းကျောင်းသားအရွယ် ကျွန်တော့အတွက်တော့
တကယ့်ကိုအသေးအဖွဲ စာမဖွဲ့လောက်စရာပါ။
 


ကျွန်တော့ရဲ့ငိုကြောရှည်မှုကလဲ
အလုပ်များတဲ့အမေ့အတွက် စိတ်မရှည်စရာဖြစ်လာရပြီကိုး၊
ဒီလိုနဲ့အဖေအပြန် မိုးကုတ်ကိုလိုက်ပြီး ကျောင်းတက်ရတယ်
၅တန်း၊ ၆တန်းနှစ်တွေမှာပေါ့
မိုးကုတ် အထက(၁) ၁၉၇၆/၇၇ အဲဒီမှာလဲ ကျွန်တော်က သူတို့အပြော ခပ်ဆိုးဆိုးကောင်၊
ဆရာမတစ်ယောက်ရဲ့တူနဲ့ ရန်ဖြစ်တာကနေ မိဘအရှိန်အ၀ါတွေပါလာတော့ ဆရာမက ကျွန်တော့လက်ကိုဆွဲပြီး အခန်းတွေတစ်ခန်းဝင်တစ်ခန်းထွက် ဒီကျောင်းသားနဲ့ရန်မဖြစ်ကြပါနဲ့ဆိုပြီးလိုက်ပြတာခံရတယ်၊ အဲဒီမှာတင် ကျွန်တော် စိတ်ရောဂါစရတယ်ထင်တာဘဲ။
ငယ်ငယ်ကတဲက အလိုမကျမှူ စိတ်ကြီးတာတွေ မတရားတာတွေဖေါ်ထုတ်ပေမဲ့ အကျိုးဆက်က ကျနော်ဘဲရှုံးခဲ့ရတော့
စိတ်မိုက်စိတ်ရိုင်းတွေဝင်ခဲ့ရတယ် စိတ်ရောဂါရခဲ့ရတယ်။
အမှတ်ရစရာတစ်ခုကတော့ အဖေသွားတဲ့နေရာလိုက်သွားရင်း
ကျောက်တစ်လုံးကောက်ရဘူးတယ်
ပတ္တမြား၊ ရဲရဲနီနေတော့ အိပ်ထဲထည့်ထားတာကနေ
တန်ဘိုးကလဲမသိတဲ့အရွယ်၊
အဖေ့ကိုအပ်တော့
အဖေကနိုင်ငံတော်သမားလေ၊
မဟုတ်တာမလုပ်ဘူးဆိုတဲ့ မာနခဲ
အဲဒီကျောက်ကို နိုင်ငံတော်ကိုအပ်လိုက်တာ
ဇော်လင်းကျောက်ဆိုပြီး အခုထိရှိသေး(စံကျောက်)
အဲဒီခေတ်ကဆုကြေးမရှိ၊ အဖေကကျွန်တော့်ကို
နိုင်ငံတော်ကပေးသလိုလိုနဲ့ ရေဒီယိုတစ်လုံးဝယ်ပေးတယ်
ဦးကျတ်နေဆိုတာ ပြောမဆုံးတော့ဘူး
(အဖေ့တပည့်ဝလူမျိုး)
သူ့ကိုသာပြခဲ့ရင် ကျွန်တော်တို့မိသားစုချမ်းသာခဲ့မှာသေချာတယ်၊
သူကအမေ့ကိုရော အဖေ့ကိုပါ သေတဲ့အထိ သစ္စာရှိချစ်တဲ့သူလေ။မိုးကုတ်မှာတော့
အိမ်ရှေ့မင်းသားလိုနေခဲ့ရတာလေ
အဖေသွားလေရာမှာ
ငယ်ဘ၀က
မျက်နှာသာပေးခံခဲ့ရတယ်
 


ဒါပေမဲသိပ်ကြာကြာတော့မခံပါဘူး
အဖေကအိမ်မှာ အမေ၀န်မပိအောင် အမ(၄)တစ်ယောက်နဲ့ ညီအလတ်ကောင်ကို ခေါ်ထားလိုက်တာကစတာဘဲ
မိုးကုတ်ကမြစ်ကြီးနားပြောင်းတော
အထက(၁)မြစ်ကြီးနားမှာတက်ရတယ်
ကျောင်းတက်ကာစတော့
ပြဿနာနဲနဲရှိတယ်
ကချင်သူငယ်ချင်းတွေက
ကျနော့်ကိုဘီးတတ်တယ်
ဆရာမပိုချစ်အောင် ဆရာမကို နှုတ်ဆက်စကား ပြောခိုင်းတာ
မညဲလောတဲ့(ဆဲဆိုတဲ့စကား)
တစ်ခါတဲ ပါးရိုက်ခံရပြီး ရုံခန်းရောက်ပါလေရော၊
ကျောင်းအုပ်ဆရာကြီးက အဖြစ်မှန်လဲသိရော(ဆရာကြီးဦးမဲ)
ဆရာတွေခေါ်ပြီး ကချင်လိုဆဲနည်းမျိုးစုံကို ကချင်ပြည်နယ်ရောက် မိုးကုတ်သားလေး(သူတို့အခေါ်)
သင်ခန်းစာအသစ်အနေနဲ့ သင်ခဲ့ရတယ်
အဲဒီနောက်တော့ ဆရာ/ဆရာမတွေ သူငယ်ချင်းတွေအရမ်းချစ်တဲ့သူ၊
ရိုးသားတဲ့တိုင်းရင်းသားတွေကြားကျွန်တော့်အတွက်
စိတ်အချမ်းမြေ့ဆုံး
ဘ၀ရဲ့အမှတ်တရလေးတွေပါ။
 


ကျောင်းအ၀င် ကုက္ကိုပင်ကြီးအောက်က ချင်ချင်စပ်စပ် ဆန်တို့ဟူးနွေး
ကျောင်းအသွားမုန့်ဖိုးနဲ့စား ကျောင်းအပြန် ကျောင်းဘေးကပ်လျှက်က
မကေ(ယခုအဆိုတော်ကြီး၊) ခြံထဲဝင် မျောက်ရှုံးအောင်ဆော့
ညီအလတ်ကောင်က အောက်ကစောင့် ကျွန်တော်က ကျွဲဂေါပင်ပေါ်တက်ပြီး ကျွဲဂေါသီးပစ် အချညီအလတ်ကောင်ရဲ့ ခေါင်းပေါ်ပြုတ်ကျတာ တစ်ခါတည်း သတိလစ်သွားတော့ မကေရဲ့တစ်အိမ်လုံး ပြူးပြူးပြာပြာဖြစ်ကုန်ရော ဒီကောင်က နှာခေါင်းသွေးကလဲ အမြဲရှံတတ်တော့ သူတို့ပိုပြီးစိုးရိမ်စရာဖြစ်တာပေါ့ ကျောက်စိမ်းရုံးရောက်တော့ (မကေဂျာနူးတို့အိမ်နဲ့မျက်နှာခြင်းဆိုင်) ဒီကောင်သတိပြန်ရတယ် အဲဒီအချိန်အဖေကလဲ လုံးခင်းကိုရောက်နေတော့ ပြသနာသိပ်မကြီးလိုက်ဘူး ဒါပေမဲ့အဲဒီကစပြီး မျောက်နှစ်ကောင် သစ်ပင်တက်ခွင့် ပါမစ်အပိတ်ခံလိုက်ရတယ်
ဆက်သွယ်ရေးပညာကို ကျောက်မျက်ဆက်သွယ်ရေးတာဝန်ခံ
ဦးခင်မောင်ဝင်းကသင်ပေးတယ်
 


မြစ်ကြီးနားနဲ့လုံးခင်းဆက်သွယ်တဲ့အခါ ကျွန်တော်ကဘေးမှာ
(ဒါကြောင့်ရေတပ်ဆက်သွယ်ရေးနဲ့အနှစ်၂၀ကျော်ခဲ့ရတာ)
သူငယ်ချင်းတွေထဲမှာ မိန်းကလေးနှစ်ယောက်
အေးအေးမာနဲ့ချယ်ရီ မြစ်ကြီးနားအနှံ့ဘီး၃စီးနဲ့ပေါ့
သားအဖ၄ယောက်သား မြစ်ကြီးနားရောက်ပေမဲ့
အဖေ့အလုပ်က လုံးခင်းမြို့မှာ
အမ(၄) လွတ်လပ်ရေးရပြီလေ
သူက ကျောင်းကပွဲမှာသီချင်းဆို
အပေါင်းအသင်းတွေနဲ့တချိန်လုံးလည
မြစ်ကြီးနားမြို့ရဲ့ အမှတ်တရနေရာတွေအားလုံးမှာ စတိုင်လုပ်ရှိုးထုတ် ဓါတ်ပုံရိုက်ကလဲ ၀ါသနာပါသေး
ကျွန်တော်တို့ညီအကိုနှစ်ယောက်ကိ
မုန့်ဖိုးပေးပြီး
ထမင်းတောင်မချက်တော့ဘဲ ခပ်ချိုကလိန်အောင် မြစ်ဆုံ နေရာအနှံ့ လည်ပါတ်နေတော့တာပါဘဲ အဲဒီအမ(၄)က၁၀တန်း စပ်ကူးမတ်ကူးအရွယ်
ကျွန်တော်က၇တန်း/၈တန်း
အမက အဖေ့လက်အောက်က၀န်ထမ်းနဲ့(မိုးကုတ်မှခေါ်ခဲ့သောဝန်ထမ်း) နီးစပ်သွား (အကြောင်းပြချက်ကကျွန်တော့်ကြောင့်၊
ကျွန်တော်ဆိုးလို့တဲ့) သူကကျွန်တော်တို့မိသားစု
လက်မခံနိုင်လောက်စရာ
ချို့ယွင်းချက်ရှိတဲ့ အင်ဂျင်နီယာတစ်ယောက်
အဲဒီတစ်ယောက်နဲ့လိုက်ပြေးဘို့ပြင်ဆင်နေတဲ့အချိန်
ကျွန်တော် ဖေါ်ကောင်လုပ်လိုက်တော့
အဖေ လုံးခင်းကနေ (ချာတာလေယာဉ်)ပေါ်က အဲဒီကောင်ကို
ဆွဲချ မြစ်ကြီးနားကို ပြန်လိုက် မန်နေဂျာဦးသောင်းတင် (ကျောက်စိမ်းရုံး) နဲ့တစ်မြို့လုံးလိုက်ရှာ
ပြန်တွေ့တော့ ကျောကွဲအောင်ရိုက်
ရန်ကုန်က အမေ့ကိုခေါ်
ဆင်ထားတဲ့ ရွှေတွေပါချွတ် ရန်ကုန်ပြန်ပို့
ဒီမှာတင် ကျွန်တော်ဟာ သူတို့အဖို့ ကမ္ဘာ့အမုန်းဆုံး လူသားစာရင်းဝင်ဖြစ်တာ မဆန်းတော့ပါဘူး။
၁၉၈၀ အဖေဖားကန့်က အပြန်ငှက်ဖျားမိ ရန်ကုန်မှာ ဆေးကုဖို့
ပြန်တော့ ကျွန်တော့အတွက် ငရဲခန်းငရဲဘုံပြန်ရပြီလေ
၉တန်းကျောင်းသား စိန်ဂျွန်းကျောင်းသား
အိမ်ကနေ ကျောင်းတက်ဘို့
ကားဂိတ်ကို မနက် ၆နာရီထသွား
ထမင်းချိုင့်မပါ၊ တစ်နေ့ကားခတစ်ကျပ်
နံပါတ်ရှစ် ကားဂိတ်ကို ၅၀ မိနစ်လောက် လမ်းလျှောက်
ကားခ အသွားပြား၃၀ အပြန်၃၀ ပေါင်း၆၀
ဟံသာဝတီကနေ ၁၂ကားစီး၂၀ပြား
ဒီတော့မုန့်ဖိုးကျန်အောင် အုတ်ကျင်းဘူတာအထိ တစ်နာရီခွဲလောက် လမ်းပိုလျှောက်ပြီး ရထားခ၁၀ပြားနဲ့
ကျောင်းတက်ပြီးကျောင်းဆင်းချိန်ညနေ၃နာရီ
အမအကြီးဆုံးရှိတဲ့ ဒေသ၃ ကောလိပ်ကိုသွား
(တက္ကသိုလ်အင်္ဂလိပ်စာပြ) သူသင်တဲ့အခန်းထဲ ၀င်ပြီးနားထောင်
(ဆရာမမောင်ဆိုတော့ကျောင်းသား/သူတို့ကလဲနေရာပေးတယ်လေ)
အဲဒီတုန်းကရှိတ်စပီးယားပလေး (ဗီးနစ်မြို့ကကုန်သည်၊အော်သယ်လို) ဆဲဗင်းမာကာစတာ၊ တစ်ချို့တစ်ဝက်မှတ်မိနေသေးတယ် ညနေ၅နာရီကောလိပ်က (လှည်းတန်း) ခေမာရဇ်အဆောင်ကို အမကြီး ပြန်တော့ ကျွန်တော်လိုက်သွားပြီး
အဆောင်ရှေ့လက်ဘက်ရည်ဆိုင်မှာ အမကျွေးတဲ့ မုန့်နဲ့လက်ဘက်ရည်သောက် (အဆင်ပြေတဲ့အချိန်
ခေါက်ဆွဲ)
 


ပြီးတော့
ကချင်အမျိုးသမီး(နာမည်ကြီးအဆိုတော်မဖြစ်ခင်)မကေ
နဲ့အတူတူ ဗိုင်ဗယ်သင်ရတယ် အင်္ဂလိပ်စာတိုးတက်အောင်လို့
ခေမာရဇ်အဆောင်ရှေ့က ဧည့်တွေ့တဲလေးမှာ
(အဆောင်က ယောက်ကျားလေးလက်မခံရဘူးလေ)
ဒါပေမဲ့ကျနော်က ကလေးအရွယ်ဆိုတော့
ပြသနာတော့သိပ်မရှိပါဘူး အဲဒီအချိန်တုံးကမကေကို ကျွန်တော်သူတို့ခြံထဲမှာ မျောက်ရှုံးအောင်ဆော့ခဲ့တာတွေ ငယ်ငယ်က သူတို့ကျွေးသမျှစားခဲ့တာတွေ ပြောချင်ပေမဲ့ အမကြီးကိုကြောက်တာကြောင့် မိတ်မဆက်ရဲဘူး
မကေကလဲသတိထားမိပုံမပေါ်ဘူလေ၊ ကျွန်တော်ကလဲမဲမဲသဲသဲ ချွေးတစ်လုံးလုံးနဲ့ ဆိုတော့ ကောင်ဆိုးလေးတစ်ယောက်လို့ဘဲမြင်မှာပေါ့
စာမရလို့ မမကြီးရဲ့ခေါက်ခံရတာ ခဏခဏပဲလေ
 

အိမ်ကိုပြန်ရင်ည၈နာရီ
များသောအားဖြင့် လမ်းလျှောက်ပြန်တာများတယ်
ည၁၀နာရီလောက်မှ အိမ်ပြန်ရောက်တော့
ထမင်းမကျန်တော့ဘူး (တမင်တကာမချန်တာလဲဖြစ်မှာပေါ့)
ညသန်းခေါင်အမေက ထမင်းသုတ်ကျွေး လို့ (ရှိတာလေးနဲ့အဓိကငြုပ်သီးမှုန့်၊ဆီ၊ မြေပဲ၊ အချိုမှုန့်) အဟာရမပြတ်ခဲ့ရတာ အမေကတော့
သားတွေကိုကြည့်ပြီး အရိပ်အကဲသိတယ်
အမြဲမျှမျှတတတွေးတယ် စားစရာရှိရင် သူမစားဘဲ
ကျွန်တော့်အတွက်ချန်ထားတယ် ညကျွန်တော်ပြန်လာရင်
ထုတ်ကျွေးတယ်
ဒါကြောင့် ကျွန်တော့်ကို အမေ့အချစ်ဆုံးသားဆိုပြီး
အမြင်ကတ်ကြပြန်ရော ကဲမခက်ဘူးလား
 

အိမ်ဆိုတာ
ကျွန်တော့်အတွက်တော့
ငယ်ငယ်ကတဲက မရှိသလိုခံစားရတယ်
အမတွေမဟုတ်တာလုပ်လို့ ပြန်တိုင်ရင်
ဂုန်းသား
ဂုန်းကောင်
သူတို့တွေ မိဘမသိအောင်လုပ်တဲ့ ကိစ္စတော်တော်များများ
ကျွန်တော်မသိအောင်လုပ်ရင်းနဲ့
ကျွန်တော်ဟာ မိသားစုနဲ့တဖြေးဖြေး ဘေးထွက်ဝေးကွာခဲ့ရတယ် မောင်နှမတွေ ပန်းခြံသွားတာဘဲဖြစ်ဖြစ်
ရုပ်ရှင်ကြည့်တာဘဲဖြစ်ဖြစ် ခရီးဘဲသွားသွား ကျွန်တော်မပါတော့ဘူး
ပြဿနာကောင်လေ
အဖေက အလုပ်က အငြိမ်းစားဆိုတော့ အရင်လိုပါဝါမရှိတော့ဘူး
ဒေါသကြီးပြီး၊ အလိုမကျမှုတွေများလာတဲ့အချိန်
ကျွန်တော်ကလဲလူပျိုပေါက်၊ မဟုတ်ရင်မခံ
အိမ်မှာဝုန်ဒိုင်းကြဲ၊ ရန်ဖြစ်ရင် တစ်အိမ်လုံးဝိုင်းချုပ် တိုင်မှာကြိုးတုတ်၊အကို(၂)က အမတွေစိတ်တိုင်းကျ
လက်သီးစွမ်းပြ (အခုတော့သူဝဋ်လည်နေပါပြီ၊သားကလဲငမူးလေ)
ကျွန်တော်က အသံပြဲနဲ့ တစ်ရပ်ကွက်လုံးကြားအောင်အော်
ရပ်ကွက်ထဲကအပျိုတွေ တော်တော်များများ ကျနော်
ပုဆိုးမပါဗလာနထ္ထိ တိုင်မှာကြိုးတုတ်ခံရတဲ့မြင်ကွင်း
မြင်ဘူးကြလို့လားမသိ အခုအချိန်ထိ(အသက်၄၇နှစ်)
လူပျိုကြီးစစ်စစ် ရေမရောသေးပါဘူး(အဟုတ်)
(ကြော်ညာတာပါဟဲဟဲ) ဒီလိုနဲ့
လူဆိုးကြီးကျနော်
လမ်းပေါ်ရောက်ခဲ့ရရော


လမ်းပြသူ
ရနံ့ရယ်ကြူ မျက်မမြင်သူ တစ်ယောက်ရယ်က
စိတ်ဝယ်သူ မှန်းဆရည်ရော်တော့
ဖြူဆင်လွလွ။
အဆင်းရယ်ဖြူ မြင်ထိုက်သူ စိတ်ကိုငြိမ်းစေမဲ့
ရွက်စိမ်းငယ် အယဉ်ဆင့်လေတော့
ပန်းစပါယ်ရဲ့ဘ၀။
အစိမ်းနဲ့အဖြူ ဆင်ယင်သူ ကေသာထုံးမှာဖြင့်
နေရာယူ ထပ်တူပြုလေတော့
ရှုလို့မ၀။

ဒီပါကို

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>