ရန်ကုန်မြို့နှင့် အခြားသောမြို့ကြီးများတွင် သဘာဝဘေးအန္တရာယ်ဖြစ်စေ၊ အကြမ်းဖက်မှုဖြစ်စေ၊ အဓိကရုဏ်း၊ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုများ နောင်တွင်လည်း မကြာမကြာ ပေါ်ပေါက်လာနိုင်သည့် အခြေအနေများတွေ့မြင်နေရပါသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖမ်းဆီးဖော်ထုတ်မှုများတွင်လည်း တရားမ၀င် စနိုက်ပါ၊ ရှေ့ထွက်မိုင်းကဲ့သို့ Tactical Weapons လက်နက်များ အမြောက်အမြား ဖမ်းဆီးရရှိမှုကဲ့သို့ စိုးရိမ်ဖွယ်ရာ သတင်းများကို မကြာခဏဆိုသလို တွေ့ရှိနေရပါသည်။ အခြားသော ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဖေါ်ပြပါ အရေးပေါ် အခြေအနေများ ပေါ်ပေါက်လာလျှင် ဆက်သွယ်ရေး၊ အုပ်ချုပ်ရေး၊ တားဆီးဖြိုခွဲရေး၊ ကယ်ဆယ်ရေးကိစ္စများကို မြန်ဆန်ထိရောက်စွာ ပေါင်းစပ် စီမံပေးနိုင်မည့် အထက်တန်းအဆင့် တာဝန်ရှိသူများ၊ တပ်ဆင်ထားရှိသော ဆက်သွယ်ရေး၊ စောင့်ကြည့်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများအား ကိုင်တွယ်ထိန်းသိမ်းပေးနိုင်သည့် Operator များလိုက်ပါတင်ဆောင်ပြီး အခင်းဖြစ်ပွားရာနေရာသို့ အလျင်အမြန် သွားရောက်ကွပ်ကဲမှုပေးနိုင်သော Mobile Command Center Vehicle ကို အသုံးပြုသည်ကို တွေ့ရှိရပါသည်။
မိမိတို့ မြန်မာနိုင်ငံ အနေဖြင့်လည်း နောင်ကြုံတွေ့ရနိုင်သော အရေးပေါ်အခြေအနေများ၊ ကျင်းပရန်ရှိသော အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးနှင့် ၂၀၁၄ အာဆီယံဥက္ကဌ တာဝန်ယူချိန်တို့တွင် အာဆီယံအဖွဲ့ဝင် နိုင်ငံ့အကြီးအကဲများ၊ အခြားသော မိတ်ဖက်နိုင်ငံကြီးများမှ နိုင်ငံခေါင်းဆောင်များ တက်ရောက်ရမည့် အစည်းအဝေးပွဲ၊ အခမ်းအနားများစွာကို ကျင်းပတာဝန်ယူရမည် ဖြစ်ပါသည်။ နိုင်ငံကြီးများမှ ခေါင်းဆောင်များပါဝင်တက်ရောက်လေလေ၊ ကမ္ဘာ့အနှံ့အပြားရှိ မလိုသော အကြမ်းဖက်အဖွဲ့များ၏ အာရုံစိုက်စရာနေရာ ဖြစ်လာမည်မှာ ယုံများသံသယ ရှိစရာပင်မလိုပါ။ ထိုအချက်ကို နိုင်ငံတော်ကလည်းသိရှိပြီး၊ ကြိုတင် လေ့ကျင့်တည်ဆောက်လျှက်ရှိကြောင်းလည်း သိနိုင်ပါသည်။ ယခုအခါ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင်လည်း ကဏ္ဍအလိုက် အကြမ်းဖက်နှိမ်နင်းရေး အထူးတပ်ဖွဲ့များစွာ၊ (S.W.A.T- Special Weapons And Tactic ) တပ်ဖွဲ့များ၊ တပ်မတော်၏ စွမ်းဆောင်ရည်မြင့်မားသော အထူးတာဝန်တပ်ဖွဲ့ (Special Operation Task Force) များ ဖွဲ့စည်းပြီး နိုင်ငံတော် လုံခြုံအေးချမ်းရေးကို ဆောင်ရွက်လျှက်ရှိကြောင်း သိနိုင်ပါသည်။ သက်ဆိုင်ရာ တပ်ဖွဲ့အလိုက် အမျိုးသား/အမျိုးသမီး ကားဖြင့်တစ်မျိုး၊ ဆိုင်ကယ် အမြန်အဖွဲ့ငယ်လေးများဖြင့် တစ်ဖုံ လေ့ကျင့်နေကြသည့် ဓါတ်ပုံများ၊ ဗွီဒီယိုများစွာကိုကြည့်ချင်းဖြင့်လည်း ပြည်သူများအားတက်စရာပင် ဖြစ်ပါသည်။
သို့သော်လည်း နောင်လာမည့်နှစ်များအတွက် လူသားအားကိုး လုံခြုံမှု ဆောင်ရွက်ရုံမျှဖြင့် လုံလောက်တော့မည် မဟုတ်တော့ပါ၊ အတင့်ရဲလာပြီဖြစ်သော အကြမ်းဖက်ဖျက်ဆီးတတ်သည့် ဓလေ့စွဲစပြုလာပြီဖြစ်သော လူအုပ်စုများ၊ လမ်းကြောင်းအမျိုးမျိုးဖြင့် နိုင်ငံတွင်းသို့ခိုးဝင်ပြီး အချိန်ကိုက် အဖျက်လုပ်ရပ်များလုပ်ကြမည့် အဖျက်သမားများ များစွာကို အတွေ့အကြုံ၊ နည်းပညာ၊ နည်းစနစ်အားနည်းလှသော ၊ အဆင့်မြင့်မြင့် လေ့ကျင့်မှုအားနည်းသည့် တပ်ဖွဲ့ဝင်အများစုဖြင့် ဖွဲ့စည်းထားသော ရဲတပ်ဖွဲ့သည် ရေရှည်တွင် ကြိုတင်ကာကွယ်ဖြေရှင်းနိုင်ရန် အခက်အခဲရှိလာမည်ဖြစ်ပါသည်။ စင်္ကာပူလို ဟောင်ကောင်လို မြို့ကြီးများကဲ့ Traffic Control System များ၊ Fully Surveillance CCTV Networkများ၊ Rail-way Control Network များ၊ အဆောက်အဦး၊ လမ်းတံတားများ၏ အချက်အလက်သိုလှောင်ထိန်းသိမ်းမှု Data-Base System များလည်း မရှိခြင်းကြောင့်၊ သာမာန် Radio Wireless Network နှင့်(Single Side Band- SSB) ဆက်သွယ်မှုကွန်ရက်များဖွဲ့ပြီးသာ တားဆီးဆောင်ရွက်ရမည့်သဘော ရှိပါသည်။
သို့ဆိုပါလျှင် ရဲတပ်ဖွဲ့ ကွန်ယက်၊ မီးသတ်တပ်ဖွဲ့ကွန်ယက်၊ ထောက်လှမ်းရေးအဖွဲ့မျာကလည်း သူ့ကွန်ယက်နှင့်သူ၊ ရပ်ကွက်တာဝန်ရှိ ပုဂ္ဂိုလ်များကလည်း မိမိတို့ဖာသာ ၀ယ်ယူအသုံးပြုနေသော အိုင်ကွန်-စကားပြောစက်ကွန်ယက်များ၊ အစရှိသဖြင့် များစွာသော ကွန်ယက်တို့ ရှုပ်ထွေးရန်အကြောင်းရှိလာနိုင်ပါသည်။ တတ်ကျွမ်းနားလည်သော ပညာရှင်များ ဆွေးနွေးပေးလျှင် အကျိုးအပြစ်ကို ပိုပြီး လေ့လာဆန်းစစ်နိုင်ပါလိမ့်မည်။ အရေးပေါ်အခြေအနေတွင် ဆုံးဖြတ်ချက်များ၊ အမိန့်ညွှန်ကြားချက်များ Down to Up-Up to Down Control စီးဆင်းခြင်းသည် Non Linear သဘောဆောင်သော ကွေ့ကောက်ရှုပ်ထွေးသော ဖြစ်စဉ်များနှင့် ရွေ့လျားပစ်မှတ်များ ကို အရေးယူဖော်ဆောင်ရာတွင် အားနည်းချက်များရှိမည် အမှန်ပင်ဖြစ်ပါသည်။ Vertical Control အစား Horizontal Control ဘေးတိုက် တစ်နံတစ်လျားစည်းကြပ်ခြင်းသည်သာ အသင့်တော်ဆုံးဖြစ်နိုင်ပြီး အလျင်အမြန် ရွေ့လျားနိုင်သော Mobile Command Center များပေါ်တွင် ယာဉ်၊ လမ်းကြောင်း၊ ဆက်သွယ်ရေး၊ ကယ်ဆယ်ရေး၊ မီးသတ်၊ ရဲ၊ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့များ၊ စည်ပင်၊ စသည် ဌာနပေါင်းစုံကို အလျင်မြန်ဆုံး ကွပ်ကဲမှုပေးနိုင်သော တာဝန်ရှိ ပုဂ္ဂိုလ်များ ပါဝင် ထိန်းချုပ်ခြင်း ( Centralize Horizontal Command) ကသာ အကောင်းဆုံးနည်းလမ်းဖြစ်မည်ဟု မျှော်လင့်မိပါသည်။
သို့ဖြစ်ရာ ဟန်ချက်ညီ ပေါင်းစည်းပေးနိုင်သော Command Post ကဲ့သို့ လုပ်ငန်းစွမ်းဆောင်ရည်ရှိသည့် Mobile Command Center များဝယ်ယူပြီး အဖွဲ့ပေါင်းစုံဖြင့် ချိတ်ဆက် လေ့ကျင့်ထားသင့်ပါသည်။ အဖွဲ့အစည်းပေါင်းစုံ၏ ဆက်သွယ်မှုကွန်ယက်များ ချိတ်ဆက်ဆောင်ရွက်ထားသင့်ပါသည်။ တာဝန်ယူမည့် အရေးပါသော ဦးဆောင်သူကိုလည်း ရွေးချယ်တာဝန်ပေးအပ်ထားသင့်ပါသည်။ ၄င်း၏ ထက်မြက်သော ဦးဆောင်မှုအောက်တွင် အဖွဲ့အားလုံး တစ်ညီတစ်ညာတည်း ဆောင်ရွက်ကြခြင်းဖြင့် Importance Zone များတွင် ပြည့်စုံသော လုံခြုံရေးဖြင့် ၀ိုင်းပတ်ကာကွယ်နိုင်ပါစေကြောင်း အကြံပြုရေးသားရပါသည်။
ကျေးဇူးပါ (ကျနော်@Mg Hanအဲလေ၊ မောင်စနေသားပါ)
(မိမိမကျွမ်းကျင်သောနယ်ပယ်ဖြစ်သဖြင့် အမှားရှိက ခွင့်လွှတ်ကြပါ၊ ဖြည့်စွက် ရေးသားပေးကြရန်လည်း တောင်းပန်ပါတယ်ခင်ဗျ)
— with Yaung Ni Oo and 14 others.(9 photos)မိမိတို့ မြန်မာနိုင်ငံ အနေဖြင့်လည်း နောင်ကြုံတွေ့ရနိုင်သော အရေးပေါ်အခြေအနေများ၊ ကျင်းပရန်ရှိသော အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးနှင့် ၂၀၁၄ အာဆီယံဥက္ကဌ တာဝန်ယူချိန်တို့တွင် အာဆီယံအဖွဲ့ဝင် နိုင်ငံ့အကြီးအကဲများ၊ အခြားသော မိတ်ဖက်နိုင်ငံကြီးများမှ နိုင်ငံခေါင်းဆောင်များ တက်ရောက်ရမည့် အစည်းအဝေးပွဲ၊ အခမ်းအနားများစွာကို ကျင်းပတာဝန်ယူရမည် ဖြစ်ပါသည်။ နိုင်ငံကြီးများမှ ခေါင်းဆောင်များပါဝင်တက်ရောက်လေလေ၊ ကမ္ဘာ့အနှံ့အပြားရှိ မလိုသော အကြမ်းဖက်အဖွဲ့များ၏ အာရုံစိုက်စရာနေရာ ဖြစ်လာမည်မှာ ယုံများသံသယ ရှိစရာပင်မလိုပါ။ ထိုအချက်ကို နိုင်ငံတော်ကလည်းသိရှိပြီး၊ ကြိုတင် လေ့ကျင့်တည်ဆောက်လျှက်ရှိကြောင်းလည်း သိနိုင်ပါသည်။ ယခုအခါ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင်လည်း ကဏ္ဍအလိုက် အကြမ်းဖက်နှိမ်နင်းရေး အထူးတပ်ဖွဲ့များစွာ၊ (S.W.A.T- Special Weapons And Tactic ) တပ်ဖွဲ့များ၊ တပ်မတော်၏ စွမ်းဆောင်ရည်မြင့်မားသော အထူးတာဝန်တပ်ဖွဲ့ (Special Operation Task Force) များ ဖွဲ့စည်းပြီး နိုင်ငံတော် လုံခြုံအေးချမ်းရေးကို ဆောင်ရွက်လျှက်ရှိကြောင်း သိနိုင်ပါသည်။ သက်ဆိုင်ရာ တပ်ဖွဲ့အလိုက် အမျိုးသား/အမျိုးသမီး ကားဖြင့်တစ်မျိုး၊ ဆိုင်ကယ် အမြန်အဖွဲ့ငယ်လေးများဖြင့် တစ်ဖုံ လေ့ကျင့်နေကြသည့် ဓါတ်ပုံများ၊ ဗွီဒီယိုများစွာကိုကြည့်ချင်းဖြင့်လည်း ပြည်သူများအားတက်စရာပင် ဖြစ်ပါသည်။