=====================
ဖေ့စ်ဘုတ်လောက သက်တမ်းအတော်ရလာတဲ့ အခါမှာ ....
ကိုယ်လုပ်ရမယ့် အလုပ် ....
ကိုယ်ရေးရမယ့် စာတွေကို ....
ရှင်းရှင်းလင်းလင်း ကွဲကွဲပြားပြား ....
သိမြင်လာပါတော့တယ် …
အဲဒါကတော့ ...
ကိုယ်ရေးချင်တဲ့ စာတွေကို ...
ကိုယ်ရည်ရွယ်တဲ့  Focus အလိုက် ....
အမျိုးအစား ခွဲခြားပြီး ရေးသားရတယ် ဆိုတာပါပဲ….
သမိုင်းကြောင်းဆိုင်ရာ အချက်အလက်တွေ ကို ....
ကျမ်း အကိုးအကားနဲ့ ဖော်ပြ ရေးသားတဲ့ ....
တည်တည်ခန့် ခန့်  အခန်းဆက် ဆောင်းပါးတွဲတွေက တစ်ပုံစံ…
အတိုက်အခံအုပ်စုတွေကို သရော်ချင်တဲ့ အခါ ....
ကလိတိတိ ရိတိတိ အထေ့အငေါ့ စာပိုဒ်တိုလေးတွေနဲ့ ....
ရေးသား သရော်တာက တစ်ပုံစံ ....
လက်တလောဖြစ်နေတဲ့ topic တွေကို ....
တိုက်ရိုက် ဝေဖန်ရေးသားတဲ့  ဝေဖန်ချက်တွေက တစ်ပုံစံ ...
အတိုက်အခံ အုပ်စု ရဲ့ ....
အပုပ်ချ ၀ါဒဖြန့် ချိရေး လုပ်ကြံဇာတ်တွေကို ....
တန်ပြန် ရေးသားဖြေရှင်းရတာက တစ်ပုံစံ …
စသဖြင့် အမျိုးမျိုး ကွဲပြားခြားနားလေ့ရှိပါတယ်…
အဲဒီထဲမှာမှ ....
ဖေ့စ်ဘုတ်ထဲက သတ္တ၀ါကြီးလို အခန်းဆက်ဆောင်းပါးတွေကတော့ ….
ကျွန်တော့် ရဲ့ နိုင်ငံရေးယုံကြည်ချက် ...
အတွေးအခေါ် အယူအဆ ....
ခံစားချက်တွေကို အကြမ်းဖျင်းဖော်ပြတဲ့ ....
ဆောင်းပါးတွေလို့  ဆိုနိုင်ပါတယ်….
ဒီနေ့ အွန်လိုင်းမှာ ....
အပြန်အလှန် တိုက်ခိုက်ရေးသားနေတဲ့  ....
တိုက်ပွဲ အများစု ရဲ့  ပစ်မှတ်ဟာ ....
ဘယ်သူလဲ လို့  မေးလာခဲ့ ရင် ....
အမှန်တကယ်ကတော့ .....
နှစ်ဖက်လုံးက ပစ်ခတ်နေတဲ့  ကျည်ဆံအများစုဟာ
(ရည်ရွယ်သည် ဖြစ်စေ မရည်ရွယ်သည် ဖြစ်စေ ) ....
ဘယ်ဘက်ကိုမှ မပါ ....
ကောမန့် ဝင်မရေး ....
like မလုပ် ဘဲ .....
အပြန်အလှန် ငယ်ကျိုးငယ်နာ ဖော် ...
ရေးသား တိုက်ခိုက်နေကြတာကို ...
တိတ်တိတ်ဆိတ်ဆိတ် ဘေးက ထိုင်ကြည့်နေတဲ့  ....
Silent Reader ( ပြည်သူ ) တွေကို .....
ပစ်ခတ်နေကြတာ လို့ ပဲ .. ဖြေရမှာ ဖြစ်ပါတယ်….
ဒီတိုက်ပွဲစဉ်တွေမှာ ....
အောင်မြင်မှု ... ရှုံးနိမ့် မှု ဆိုတဲ့  အနိုင်အရှုံးဟာ …
ပစ်ခတ်တဲ့  သေနတ်သမား ...
အသုံးပြုတဲ့ လက်နက်အမျိုးအစား ...ကျွမ်းကျင်မှု ....
ကျည်ဆန်ရဲ့ အရည်အသွေး စတဲ့ အချက်တွေ ပေါ်မူတည်ပြီး ....
Silent Reader တွေ ရဲ့ ရင်ကို မှန်သွားတဲ့ ....
ဒဏ်ရာ အတိမ်အနက်ဟာ ကွာခြားသွားပါတယ်…
ပြည်သူတွေရဲ့  ရင်မှာ ....
ဒဏ်ရာတစ်ခု ပြင်းပြင်းထန်ထန် ရသွားပြီဆိုရင် ....
ပြန် ကုစားဖို့  အသားနု တက်ဖို့ ဆိုတာ ...
အတော် အချိန်ယူရပါတယ်….
လတ်တလော ဖြစ်ခဲ့တဲ့ .....
ဖြစ်စဉ် နှစ်ခုကိုပဲ သုံးသပ်ပြရမယ်ဆိုရင် ….
၅၉ စလုံးကို ဖျက်သိမ်းဖို့ ....
ရန်ကုန်မှာ ဆန္ဒပြတဲ့  ဖြစ်စဉ်မှာ …
မလေးရှားက ရိုဟင်ဂျာ လူငယ် အသင်းက ....
ထောက်ခံပါတယ်ဆိုပြီး ....
ကြေငြာချက် ထုတ်လိုက်တဲ့ ကိစ္စပါ …
တစ်ဖက်အုပ်စုက ဒါကို ကိုင်ပြီး ....
ပြင်းပြင်းထန်ထန် ထောက်ပြ တိုက်ခိုက်တဲ့ အတွက် .....
အတိုက်အခံ ဒီမိုအုပ်စု ရဲ့ ....
တခမ်းတနား ဆန္ဒပြပွဲကြီး တစ်ခုလုံး ရေစုန်မျောရတဲ့ အပြင် .....
Silent Reader တွေရဲ့  ရင်မှာပါ ဒဏ်ရာ တစ်ခုရသွားပြီး ....
Back Fire ဆန့် ကျင်ဘက် ရလဒ်ကိုပဲ ....
ဦးတည် သွားစေတဲ့ အတွက် ....
ဒီမိုအုပ်စု အတွက် ....
အကြီးအကျယ်ကို အထိနာ သွားစေပါတော့တယ်….
ဒါ ပထမ ဖြစ်စဉ်ပါ …..
ဒုတိယဖြစ်စဉ်ကတော့ …
ခလရ ၃၁ က ရဲဘော်တစ်ဦးက ....
မိန်းကလေးတစ်ဦးကို လက်ဆွဲပြီး ရည်းစားစကားပြောလို့ ....
အချုပ် ၂၈ ရက် ချခံရတဲ့ ကိစ္စကို ....
တပ်သားတစ်စုက ....
မွန်အမျိုးသမီးငယ်လေးကို မုဒိန်းကျင့်ပါတယ်ဆိုပြီး ....
ခွန်ဒီးယမ်က အပုပ်ချ တိုက်ခိုက်လိုက်တဲ့ ကိစ္စပါ ….
သတင်းတင်လိုက်ပြီး နာရီပိုင်း အတွင်းမှာတင် ....
like ထောင်နဲ့ ချီတက်လာပြီး ....
ရာနဲ့ ချီကာ Share ကုန်ပါတယ် …
လူတွေအများစုက ဒေါသတွေ ထွက်ကြ....
ပေါက်ကွဲကြ ... ဆဲကြ ...ဆိုကြ ဖြစ်ကုန်ပါတော့တယ်….
နောက်ပိုင်း အစိုးရက ....
ဖြစ်စဉ်အမှန်ကို တရားဝင် ပြန်ရှင်းပြပေမယ့် ....
နောက်ကျ သွားပါပြီ …
Silent Reader တွေရဲ့  အမြင်မှာ ....
တပ်မတော် ဟာ သိက္ခာအကြီးအကျယ် ....
ကျဆင်းရပါတော့တယ်….
ဒါဟာ ....
အခု ဖေ့စ်ဘုတ်မှာ အပြန်အလှန်ဖြစ်နေတဲ့ ....
စစ်ပွဲ ရဲ့ သဘောကို ....
ဥပမာ နှစ်ခုနဲ့ နိုင်းယှဉ်ပြတာ ဖြစ်ပါတယ်…
စိတ်ဓာတ်စစ်ဆင်ရေး နည်းပညာရဲ့ သဘောအရ ....
ကိစ္စတစ်ခုကို အကြိမ်ဖန်များစွာ ....
မြင်ရကြားရ လာတဲ့ အခါမှာ ....
လူဟာ အဲဒီကိစ္စကို လက်ခံသွားပါတယ်…
ဒီသဘောကို ...
စစ်တပ်က ....
တိုင်းရင်းသူ အမျိုးသမီးတွေကို မုဒိန်းကျင့်ပါတယ် ဆိုတဲ့ ကိစ္စမှာ ....
အတိုက်အခံ အုပ်စုတွေက ...
ထိထိရောက်ရောက် အသုံးချသွားတာကို ....
မြင်တွေ့ နိုင်ပါတယ်…
ရှမ်းအမျိုးသမီး လူ့ အခွင့်အရေး အဖွဲ့ တစ်ဖွဲ့ က ....
၂၀.၆.၂၀၀၂ မှာ ထုတ်ပြန်တဲ့  ....
Licence to Rape ဆိုတဲ့  အစီရင်ခံစာ ကို ....
တွင်တွင် ကျယ်ကျယ် အသုံးပြုပြီး ....
ဘီဘီစီ ဗွီအိုအေ ဒီဗွီဘီ တို့ က ....
နှစ်နဲ့ ချီပြီး စနစ်တကျ အကြီးအကျယ် ၀ါဒဖြန့် ချိတဲ့ အတွက် ...
မြို့ ကြီးတွေပေါ်က ပညာတတ် ....
လူလတ်တန်းစား အုပ်စုတွေကတောင် ....
စစ်တပ်က မုဒိန်းကျင့်တာကို ...
လက်နက်အဖြစ် အသုံးချနေတယ်…
ရွာတွေ ရောက်တာနဲ့  တန်းပြီး ...
တိုင်းရင်းသူတွေကို စော်ကားကြတော့တယ်…
စစ်သားဆိုရင် တောထဲမှာ ....
မိန်းမတွေ့ တာနဲ့ တန်း မုဒိန်းကျင့်တယ် ဆိုတဲ့  အမြင်မျိုးကို ....
လက်ခံလာတဲ့ အထိ ဖြစ်ကုန်ပါတော့တယ်…
ဒါဟာ ...
ဒေါ်စုသည် ပြည်သူ့ အကျိုးကို သယ်ပိုးနေသောသူ …..
စစ်ဗိုလ်ချုပ်အားလုံးသည် လူယုတ်မာ ..
ပြည်ခိုင်ဖြိုး ပါတီဝင်များ အားလုံးသည် မသမာသူ …
အန်အယ်လ်ဒီ ပါတီ အာဏာရရင် ဆင်းရဲတွင်းမှ လွတ်ကင်းမည် စတဲ့  ….
ရှိရင်းစွဲထက် ချဲ့ ကားထားတဲ့ ဝါဒဖြန့် စကားတွေကို ….
နေ့ ရှိသရွေ့  ...အချိန်ရှိသရွေ့  ...
တောက်လျောက်ပြောနေတဲ့ သဘောနဲ့ လဲ ....
ခပ်ဆင်ဆင် တူပါတယ်….
ကြာလာတဲ့ အချိန်မှာ ....
ဒီစကားတွေကို နေ့ ရှိသရွေ့ ကြားနေရတဲ့  ….
မျိုးဆက်သစ် နုနုနယ်နယ် လူငယ်တွေရဲ့ စိတ်မှာ ….
ဒီကိစ္စသည် မှန်တယ် လို့  ....
လက်ခံ ယုံကြည် လာပါတော့တယ်…
ဒါဟာ စိတ်ဓာတ်စစ်ဆင်ရေး ရဲ့ အခြေခံ သဘောပဲ ဖြစ်ပါတယ်…
ဒီလို စဉ်ဆက်မပြတ် ....
တစ်ဖက်အဖွဲ့ အစည်းရဲ့ ပုံရိပ်ကို ထိခိုက်အောင် ....
တိုက်ခိုက်လာတဲ့ ကိစ္စကို ကာကွယ်ဖို့ အတွက် ....
တစ်ဖက်အုပ်စုက ...
ဒီလိုကိစ္စမျိုး လုပ်လာတာနဲ့ တစ်ပြိုင်နက်...
လုပ်ခံရတဲ့ ဘက်က ....
ဒါကို ပျက်သွားအောင် ...
အားနည်းသွားအောင် ....
ထောက်ပြ ဝေဖန်တာတွေ ….
တန်ပြန်ချေပတဲ့ အလုပ်တွေ ....
ပြန် လုပ်ကြရပါတယ် ….
မလုပ်ပဲ မဖြေရှင်းပဲ ပြစ်ထားရင် ....
အချိန်ကြာ လာတာနဲ့ အမျှ ....
လူထုရဲ့ ရင်ထဲကို တစ်ဖက်အုပ်စုကပြောတဲ့ ....
တစ်ဖက်သတ် သတင်းတွေပဲ ....
တစ်ဖက်သတ် စိမ့်ဝင်သွားတော့တာပါပဲ ….
ပြည်သူတွေဟာ အလွှာအသီးသီး ရှိကြပါတယ် ….
သူ့ အလွှာနဲ့ သူ ....
သူ့ အတန်းအစားနဲ့ သူ .....
ခံယူ သဘောပေါက် နားလည်နိုင်စွမ်း ....
မတူညီကြပါဘူး….
ဘယ်သူ သမ္မတ ဖြစ်ဖြစ် ကိုယ့်ထမင်း ကိုယ်ရှာစားရတာ …..
တက်တဲ့ သမ္မတ ကိုယ့်သမ္မတ ...ဆိုတဲ့ စကားဟာ ....
လူလတ်တန်းစား ပညာတတ်အလွှာမှာ သွားပြောရင် ....
အကြီးအကျယ် ရှုံ့ ချခံရမှာ ဖြစ်ပေမယ့် ....
အောက်ခြေ လူတန်းစားမှာတော့ ....
ဒီစကားဟာ လက်ခုပ်သံစဲအောင် ....
အချိန် အတော်ကြာကြာလေး စောင့်လိုက်ရတယ် ဆိုတဲ့ ....
စကားမျိုး ဖြစ်ပါတယ်…
ဒီလို သဘောမျိုး ရှိတဲ့ အတွက် .....
တစ်ဖက်က တုတ်ထိုးအိုးပေါက် အရေးအသား ရှိရင် ....
ကျန်တဲ့ တစ်ဖက်ကလဲ ....
တုတ်ထိုးအိုးပေါက် အကောင့်ရှိဖို့ လိုပါတယ်…
တစ်ဖက်က ဖိုတိုရှော့ပုံ တွေနဲ့ သရော်ရင် ....
ကျန်တဲ့ ဖက်ကလဲ ဒီလိုပုံတွေ ပြန်လုပ်ဖို့ လိုပါတယ် …
တစ်ဖက်က ဆဲရေးအပုတ်ချရင် ....
ကျန်တဲ့ တစ်ဖက်ကလဲ ပြန်ဆဲကြရပါတယ်…
ဒါဟာ စိတ်ဓာတ်စစ်ဆင်ရေးရဲ့ သဘောသာ ဖြစ်ပြီး .....
Silent Reader တွေကတော့ ....
ကိုယ်နှစ်သက်ရာ အလွှာအသီးသီးမှာပဲ နေထိုင် ....
ကိုယ်နှစ်သက်တဲ့ အရေးအသားမျိုးကိုပဲ ....
စောင့်ကြည့် ဖတ်ရူကြတာ ဖြစ်ပါတယ်…
ဒီလိုဆိုရင် ....ဖေ့စ်ဘုတ်ကြီး တစ်ခုလုံးဟာ ....
ခင်ဗျားပြောသလို စစ်ဖြစ်နေတာမှ မဟုတ်တာ ....
ကျုပ်တို့ က ကိုယ့်အယူအဆ ကိုယ်ရေးတာ …
ကျုပ်တို့ က ကြားနေတာ ....
ကျုပ်တို့ ကတော့ ဘယ်သူမှ မရည်ရွယ်ဘူးဗျ…..
စသဖြင့် စောဒက တက်ဖို့ ရှိပါတယ်…
ဘယ်လိုပဲ ဖြစ်ဖြစ် ….
ခင်ဗျားရေးသမျှကို ....
တိတ်တိတ်ဆိတ်ဆိတ် ဖတ်ရူနေကြတဲ့  ....
Silent Reader တွေ ရှိနေတာ ဖြစ်တဲ့ အတွက် ....
ခင်ဗျားဟာလဲ ....
ဒီစစ်ပွဲကြီးထဲမှာ တစ်နည်းနည်းနဲ့ ....
ဘက် တစ်ခုခုက ....
ပါဝင် စစ်ဆင် တိုက်ခိုက်နေသူ တစ်ဦးသာ ဖြစ်ကြောင်းပဲ .....
ပြောပြ ချင်ပါတော့တယ်……။
( လေးစားစွာဖြင့် ရဲမိုး )