လူ့ တန်ဘိုး
=========
ကိစ္စများများမြှောင်လူတို့ ဘောင်တွင်၊
လူ၏တန်ဖိုး လူ့ တန်ခိုးကား
ကိုယ်ကျင့်တရား မြက်စိတ်ထားတည်း။
လူသတ္တဝါ ဆိုသောခါဝယ်၊
ဗီဇစိတ္တမနောအလှ၊ရှားပါးလေစွ၊
စိတ္တဟူသည် မကောင်းမူဆီတွင်
ကျင်လည်ကျက်စား ၊မစင်ကြားကပိုးလောက်ပမာ
ပျော်မွှေ့ ရာဟု၊
ရှင်တော်ဗုဒ္ဒဟောဖေါ်ပြခဲ့
မြဲသောသတိ၊ မှန်သောအသိနှင့်၊
စိတ်စေစားရာမကောင်းမှုများကို
ထိန်းကျောင်းပါလေ၊
လူ့ တန်ဖိုးကို တသမတ်တည်း မမှတ်သင့်ပေ။
လောကီလူ့ ရွာ၊ဤကမ္ဘာဝယ်၊
စားဝတ်နေရေး လူ့ အတွေးနှင့်
ဥစ္စာစီးပွာရှာကြရာဝယ်၊
အသပြာငွေနောက်
တကောက်ကောက်လိုက်
ထိုစရိုက်ကြောင့်
လူသည်-
အသပြာသိန်းသန်း
ရသမျှနည်းလမ်း
အသုံးပြုလှမ်း၍၊
ဓမ္မ အဓမ္မမခွဲခြားနိုင်ကြ၊
ရှာသောအသပြာ၊ရသောအခါဝယ်
သန့် ခြင်းမသန့် ခြင်း
ကွဲပြားကင်းသည့်၊
ထိုထိုပစ္စည်းအသပြာနှီး၍၊
မိမိ ကုသ ရသမျှအရေး
ကြံစည်တွေးကာ
အကုသ မှန်သမျှပျောက်လိုလှရှာ၊
လူသတ္တဝါမှာ၊
ကဗ္မည်းကျောက်စာမှတ်တမ်းလွှာနှင့်
ခြိမ့်ခြိမ့်သဲသဲလှူကြပြန်ရာ
လှူဖွယ်ပစ္စည်းသန့် ရှင်းခြင်းကို
ဆင်ခြင်စဉ်းစားသတိပွားရန်
မေ့လျော့နေပြန်၊
ညောင်ပင်လောက်လှူ မသန့် မူက
ကုသိုလ်ဒါနလိုသလောက်မရ။
ညောင်သီးငယ်မျှပမာဏပင်
ဖြစ်စေကာမူ၊
ကုသိုလ်ဒါနညောင်ပင်ကြီးတမျှရနိုင်ပေစွ၊
သန့် သန့် ရှင်းရှင်း၊တရားခြင်းဖြင့်၊
ရှာဖွေလုံ့ လဥဿဟနှင့်လှူဖွယ်ဒါန
ပြုပါမှသာ၊ရသည့်ကုသိုလ်၊
တောင့်တပိုမည်
ရှင်တော်ဗုဒ္ဓဟောခဲ့သည်။
အလှူဒါနပြုသမျှအတွက်
ချီးမြှင့်မြှောက်စား၊ဘွဲတံဆိပ်များထက်၊
သန့် ရှင်းနှလုံးသား၊ဖြူစိတ်ထားနှင့်
နှလုံးသားတွင် မိမိဒါနလှူသမျှအတွက်
မိမိမနောစိတ္တသဘောမှ
မိမိကိုယ်ကို ကြည်ညိုနိုင်သူ
ဖြစ်နိုင်စေရန်၊
မမေ့သောသတိ
မြဲသောအသိနှင့်
ထပ်ခါပွားများဆင်ခြင်ထားမှ
လူ့ ဘဝရောက်လာ၊လူ့ တန် ဘိုးများ
တည်ရာအမှန်ဖြစ်ပေလိမ့်မည်၊
လူပီသ၍လူလောကကို
အလှဆင်သူဖြစ်ကြစေ။
=========
ကိစ္စများများမြှောင်လူတို့ ဘောင်တွင်၊
လူ၏တန်ဖိုး လူ့ တန်ခိုးကား
ကိုယ်ကျင့်တရား မြက်စိတ်ထားတည်း။
လူသတ္တဝါ ဆိုသောခါဝယ်၊
ဗီဇစိတ္တမနောအလှ၊ရှားပါးလေစွ၊
စိတ္တဟူသည် မကောင်းမူဆီတွင်
ကျင်လည်ကျက်စား ၊မစင်ကြားကပိုးလောက်ပမာ
ပျော်မွှေ့ ရာဟု၊
ရှင်တော်ဗုဒ္ဒဟောဖေါ်ပြခဲ့
မြဲသောသတိ၊ မှန်သောအသိနှင့်၊
စိတ်စေစားရာမကောင်းမှုများကို
ထိန်းကျောင်းပါလေ၊
လူ့ တန်ဖိုးကို တသမတ်တည်း မမှတ်သင့်ပေ။
လောကီလူ့ ရွာ၊ဤကမ္ဘာဝယ်၊
စားဝတ်နေရေး လူ့ အတွေးနှင့်
ဥစ္စာစီးပွာရှာကြရာဝယ်၊
အသပြာငွေနောက်
တကောက်ကောက်လိုက်
ထိုစရိုက်ကြောင့်
လူသည်-
အသပြာသိန်းသန်း
ရသမျှနည်းလမ်း
အသုံးပြုလှမ်း၍၊
ဓမ္မ အဓမ္မမခွဲခြားနိုင်ကြ၊
ရှာသောအသပြာ၊ရသောအခါဝယ်
သန့် ခြင်းမသန့် ခြင်း
ကွဲပြားကင်းသည့်၊
ထိုထိုပစ္စည်းအသပြာနှီး၍၊
မိမိ ကုသ ရသမျှအရေး
ကြံစည်တွေးကာ
အကုသ မှန်သမျှပျောက်လိုလှရှာ၊
လူသတ္တဝါမှာ၊
ကဗ္မည်းကျောက်စာမှတ်တမ်းလွှာနှင့်
ခြိမ့်ခြိမ့်သဲသဲလှူကြပြန်ရာ
လှူဖွယ်ပစ္စည်းသန့် ရှင်းခြင်းကို
ဆင်ခြင်စဉ်းစားသတိပွားရန်
မေ့လျော့နေပြန်၊
ညောင်ပင်လောက်လှူ မသန့် မူက
ကုသိုလ်ဒါနလိုသလောက်မရ။
ညောင်သီးငယ်မျှပမာဏပင်
ဖြစ်စေကာမူ၊
ကုသိုလ်ဒါနညောင်ပင်ကြီးတမျှရနိုင်ပေစွ၊
သန့် သန့် ရှင်းရှင်း၊တရားခြင်းဖြင့်၊
ရှာဖွေလုံ့ လဥဿဟနှင့်လှူဖွယ်ဒါန
ပြုပါမှသာ၊ရသည့်ကုသိုလ်၊
တောင့်တပိုမည်
ရှင်တော်ဗုဒ္ဓဟောခဲ့သည်။
အလှူဒါနပြုသမျှအတွက်
ချီးမြှင့်မြှောက်စား၊ဘွဲတံဆိပ်များထက်၊
သန့် ရှင်းနှလုံးသား၊ဖြူစိတ်ထားနှင့်
နှလုံးသားတွင် မိမိဒါနလှူသမျှအတွက်
မိမိမနောစိတ္တသဘောမှ
မိမိကိုယ်ကို ကြည်ညိုနိုင်သူ
ဖြစ်နိုင်စေရန်၊
မမေ့သောသတိ
မြဲသောအသိနှင့်
ထပ်ခါပွားများဆင်ခြင်ထားမှ
လူ့ ဘဝရောက်လာ၊လူ့ တန် ဘိုးများ
တည်ရာအမှန်ဖြစ်ပေလိမ့်မည်၊
လူပီသ၍လူလောကကို
အလှဆင်သူဖြစ်ကြစေ။
Tun Tun Tun
Taxi Driver
(သံဃာတော်တစ်ပါးမဟုပ်၍မှားတာရှိ၊ဝန္ဒာမိပါအပေါင်းသင်းများ)
(သံဃာတော်တစ်ပါးမဟုပ်၍မှားတာရှိ၊ဝန္ဒာမိပါအပေါင်းသင်းများ)