Quantcast
Viewing all articles
Browse latest Browse all 1811

အနာဂတ် မြန်မာ့ပင်လယ်ပြင် လုံခြုံရေး ... (၁)

Image may be NSFW.
Clik here to view.
Photo: အနာဂတ် မြန်မာ့ပင်လယ်ပြင် လုံခြုံရေး ... (၁)  ၂၀၁၄ နှစ်ဆန်းပိုင်းမှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ကောလ်လင်းပါဝဲလ်နဲ့အတူ စီအိုင်အေအကြီးအကဲဟောင်းတို့ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိတယ်လို့သိရပါတယ်..  အမေရိကန်_မြန်မာဆက်ဆံရေးသမိုင်းသစ်အတွက် မျိုးစေ့ချ လမ်းဖောက်ခဲ့သူဟာ မစ္စတာကောလ်လင်းပါဝဲလ်ပါ.. မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး.. ညူကလီးယားအရေးနဲ့ အနာဂတ်မြန်မာ့ အမြင်တို့ကို ဆွေးနွေးမယ်လို့ သိရပေမဲ့ ဒေသတွင်းမှာ အချက်အခြာကျပြီး မဟာဗျူဟာမြောက် ဖြစ်လာနေတဲ့ ရှည်လျှားလှတဲ့ မြန်မာ့ရေပြင်ပိုင်နက် လုံခြုံရေးကိစ္စတွေကိုလဲ အဓိကထား ဆွေးနွေးလာလိမ့်မယ်လို့ ယူဆရပါတယ်..  ဘာကြောင့်လဲဆိုတော့ ဒီခရီးစဉ်နဲ့ မရှေးမနှောင်းမှာပဲ စင်္ကာပူမှာ အခြေစိုက်တဲ့ အမေရိကန် ကမ်းရိုးတန်းစောင့်တပ်ဖွဲ့မှ အရာရှိများရဲ့ ပဏာမခရီးစဉ် ရှိနေလို့ပါ.. ဖေဖော်ဝါရီလထဲမှာတော့ အမေရိကန်မှာ အခြေစိုက်တဲ့ ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ ကိုယ်စားလှယ် အဖွဲ့ရဲ့ ပင်လယ်ပြင်လုံခြုံရေးဆိုင်ရာ နည်းပညာ အကြံပေး.. ဆွေးနွေးဖလှယ်မဲ့ မြန်မာနိုင်ငံခရီးစဉ်လဲရှိနေပါတယ်..  ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရေတပ်မတော်မှ တာဝန်ရှိသူများ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခြင်းနဲ့အတူ မြန်မာ့ရေပိုင်နက် လုံခြုံရေးအတွက် အကြံပြုဆွေးနွေးခြင်းများလဲ ရှိခဲ့လို့ ဒီအကြောင်းအရာတွေ အားလုံးဟာ အဆက်အစပ် ရှိနေနိုင်တယ်လို့ ဆိုနိုင်ပါတယ်..  ဒါတွေအားလုံးဟာ ဘာကိုဦးတည်နေသလဲဆိုရင် အနာဂတ်မှာ စစ်ရေးအရ အရေးပါလာနေတဲ့ ဘင်္ဂလားပင်လယ်အော်ဒေသ လုံခြုံရေးနဲ့ နယ်မြေစိုးမိုးရေးအတွက် ရခိုင်ပြည်နယ် ပင်လယ်ကမ်းခြေဒေသမှာ တပ်စခန်းမြို့ကြီးတစ်မြို့ တည်ဆောက်မယ်.. ဆိုတဲ့သတင်းများနဲ့ တိုက်ရိုက် သက်ဆိုင်နေမယ်ထင်ပါတယ်..  ...ဆက်လက်ရေးပါမည်...  ( သတင်းအချက်အလက်များကို CSIS.organization/ Think_tank မှ ရယူပါသည်.. ပို့စ်မှာ ကျွန်တော့ အမြင်မျှသာ ဖြစ်ပါသည်.. )


၂၀၁၄ နှစ်ဆန်းပိုင်းမှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ကောလ်လင်းပါဝဲလ်နဲ့အတူ စီအိုင်အေအကြီးအကဲဟောင်းတို့ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိတယ်လို့သိရပါတယ်..

အမေရိကန်_မြန်မာဆက်ဆံရေးသမိုင်းသစ်အတွက် မျိုးစေ့ချ လမ်းဖောက်ခဲ့သူဟာ မစ္စတာကောလ်လင်းပါဝဲလ်ပါ..
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး.. ညူကလီးယားအရေးနဲ့ အနာဂတ်မြန်မာ့ အမြင်တို့ကို ဆွေးနွေးမယ်လို့ သိရပေမဲ့ ဒေသတွင်းမှာ အချက်အခြာကျပြီး မဟာဗျူဟာမြောက် ဖြစ်လာနေတဲ့ ရှည်လျှားလှတဲ့ မြန်မာ့ရေပြင်ပိုင်နက် လုံခြုံရေးကိစ္စတွေကိုလဲ အဓိကထား ဆွေးနွေးလာလိမ့်မယ်လို့ ယူဆရပါတယ်..

ဘာကြောင့်လဲဆိုတော့ ဒီခရီးစဉ်နဲ့ မရှေးမနှောင်းမှာပဲ စင်္ကာပူမှာ အခြေစိုက်တဲ့ အမေရိကန် ကမ်းရိုးတန်းစောင့်တပ်ဖွဲ့မှ အရာရှိများရဲ့ ပဏာမခရီးစဉ် ရှိနေလို့ပါ..
ဖေဖော်ဝါရီလထဲမှာတော့ အမေရိကန်မှာ အခြေစိုက်တဲ့ ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ ကိုယ်စားလှယ် အဖွဲ့ရဲ့ ပင်လယ်ပြင်လုံခြုံရေးဆိုင်ရာ နည်းပညာ အကြံပေး.. ဆွေးနွေးဖလှယ်မဲ့ မြန်မာနိုင်ငံခရီးစဉ်လဲရှိနေပါတယ်..

ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရေတပ်မတော်မှ တာဝန်ရှိသူများ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခြင်းနဲ့အတူ မြန်မာ့ရေပိုင်နက် လုံခြုံရေးအတွက် အကြံပြုဆွေးနွေးခြင်းများလဲ ရှိခဲ့လို့ ဒီအကြောင်းအရာတွေ အားလုံးဟာ အဆက်အစပ် ရှိနေနိုင်တယ်လို့ ဆိုနိုင်ပါတယ်..

ဒါတွေအားလုံးဟာ ဘာကိုဦးတည်နေသလဲဆိုရင် အနာဂတ်မှာ စစ်ရေးအရ အရေးပါလာနေတဲ့ ဘင်္ဂလားပင်လယ်အော်ဒေသ လုံခြုံရေးနဲ့ နယ်မြေစိုးမိုးရေးအတွက် ရခိုင်ပြည်နယ် ပင်လယ်ကမ်းခြေဒေသမှာ တပ်စခန်းမြို့ကြီးတစ်မြို့ တည်ဆောက်မယ်.. ဆိုတဲ့သတင်းများနဲ့ တိုက်ရိုက် သက်ဆိုင်နေမယ်ထင်ပါတယ်..


အက်ရှင်ဘဘ ဒီမို
...ဆက်လက်ရေးပါမည်...

( သတင်းအချက်အလက်များကို CSIS.organization/ Think_tank မှ ရယူပါသည်.. ပို့စ်မှာ ကျွန်တော့ အမြင်မျှသာ ဖြစ်ပါသည်.. )
 
 
 

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>