Quantcast
Viewing all articles
Browse latest Browse all 1811

အနာဂတ်မြန်မာ့ပင်လယ်ပြင် လုံခြုံရေး (၂)


Image may be NSFW.
Clik here to view.
Photo: အနာဂတ်မြန်မာ့ပင်လယ်ပြင် လုံခြုံရေး (၂)   ညဆိုရင် ပိန်းပိတ်အောင် မှောင်မိုက်နေတဲ့ ရခိုင်ကမ်းလွန်ပြင် ပင်လယ်ပြင်ကြီးကိုကြည့်ကာ ရခိုင်လူမျိုးတို့စိတ်ထဲ မလုံမခြုံနဲ့ ခံစားခဲ့ရတာ ရာစုနှစ်ဝက်နီးပါး ကြာမြင့်ခဲ့ပါပြီ..  အမှန်တကယ်တော့ ရခိုင်ပြည်နယ်ဟာ ဧရိယာစတုရန်းမိုင်ပေါင်း ၁၅၀၀၀ ခန့်ရှိပြီး ရှည်လျှားလှတဲ့ ပင်လယ်ကမ်းခြေ မိုင်ပေါင်းများစွာ ရှိပေမဲ့ နတ်မြစ်ဝမှ စတင်ကာ ပင်လယ်ပြင် ရေလုပ်ငန်းများကို ဘင်္ဂလီလူမျိုးတွေ တဖြည်းဖြည်းချင်း ထိမ်းချုပ်လုပ်ကိုင်လာတာ ၁၉၈၀ ပြည့်လွန် နှစ်များက စတင်ခဲ့တယ်လို့ ဆိုရပါမယ်..   ယခုအခါမှာ ရခိုင်ပြည်နယ်ရဲ့ ပင်လယ်ကမ်းခြေတလျှောက် ထွက်ပေါက်တွေမှာ ဘင်္ဂလီကျေးရွာတွေ တဖြေးဖြေးနဲ့ နေရာယူလာခဲ့တာ အရေအတွက်တော်တော်များနေပါပြီ.. ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းတွေမှာ လုပ်ကိုင်တဲ့ ရခိုင်လူမျိုးအရေအတွက်ဟာလဲ တော်တော်နည်းပါးလာပါပြီ.. ဒါဟာ သဘာဝဘေးအန္တရာယ်တွေရဲ့ ခြိမ်းခြောက်မှု့ တွေကြောင့် မဟုတ်ပဲ လူ့ပယောဂခြိမ်းခြောက်မှု့ တွေကြောင့်ဆိုတာ ကာယကံရှင် ရခိုင်လူမျိုးတို့ထက် ဘယ်သူမှ ပိုမသိနိုင်ပါဘူး..   ပင်လယ်ပြင် ကမ်းနီး..ကမ်းဝေး.. ငါးဖမ်းလုပ်ငန်းများနဲ့ ကုန်စည်စီးဆင်းမှု့  မှောင်ခိုစက်လှေလုပ်ငန်းများမှာ ဘင်္ဂလီလူမျိုးစီးပွားရေး လုပ်ငန်းရှင်များကပဲ လက်ဝါးကြီးအုပ် လုပ်ကိုင်နေကြကာ သူတို့ရဲ့ လည်ပတ်ငွေတွေဟာ ကျပ်ငွေဘီလျံနဲ့ချီပြီး ရှိလာပါတယ်.. တံခါးမရှိ ဓားမရှိ ဖြစ်လာနေတဲ့ ဒီပင်လယ်ပြင် ဂယ်ပေါက်ကြီးဟာ စီးပွားရေး.. လူမှု့ ရေး.. ဆုံးရှုံးများသာမက နိုင်ငံရဲ့ အချုပ်အခြာ အာဏာကိုပါ ထိပါးစ ပြုလာနေပြီ ဖြစ်ပါတယ်..  ဒီအားသာချက်များကို ရယူကာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကြား ပင်လယ်ပြင်ရေပိုင်နက်အငြင်းပွားမှု့  ဖြစ်တယ်.. စစ်ရေးတင်းမာမှု့ အခြေအနေထိ ရောက်ခဲ့ရပြီး နိုင်ငံတကာ ခုံရုံးရဲ့ အဆုံးအဖြတ် ခံယူရတဲ့ အဖြစ်ထိရောက်ရှိခဲ့တယ်.. ဒါဟာကမ္ဘာပေါ်မှာ ပထမဆုံး ဖြေရှင်းပေးရတဲ့ အမှု့ အခင်းဖြစ်ပါတယ်.. ဘင်္ဂလားဒေရှ့် နိုင်ငံဟာ ကျဉ်းမြှောင်းတဲ့ သူ့ နိုင်ငံပထဝီဝင် အနေအထားအရ ပင်လယ်ပြင်ရေပိုင်နက် ပိုမိုရလိုကြောင်းကို အိန္ဒိယနိုင်ငံထံမှလည်း တောင်းယူခဲ့ပေမဲ့ မြန်မာနိုင်ငံလို ညှိနှိုင်းခွင့် မပေးခဲ့ပဲ ခပ်တင်းတင်းတုန့်ပြန်ခဲ့တာကို သတိပြုသင့် ပါတယ်..   ဒီမိုကရေစီနည်းလမ်းများအရ ပျော့ပျောင်းတာ.. ညှိနှိုင်းဆွေးနွေးတာ.. မျိုးဟာ နိုင်ငံရေးအနေနဲ့ မျက်နှာပန်းလှပေမဲ့ နိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ အမျိုးသား အကျိုးစီးပွားအရေးတို့မှာ နိုင်ငံကြီးများအနေနဲ့ ပြတ်သားစွာ ရပ်တည်ကြပါတယ်.. ဒါကို လူ့အခွင့်အရေးစံတွေနဲ့ တိုင်းတာလို့မရပါဘူး..  ....ဆက်လက်ရေးပါမည်....


ညဆိုရင် ပိန်းပိတ်အောင် မှောင်မိုက်နေတဲ့ ရခိုင်ကမ်းလွန်ပြင် ပင်လယ်ပြင်ကြီးကိုကြည့်ကာ ရခိုင်လူမျိုးတို့စိတ်ထဲ မလုံမခြုံနဲ့ ခံစားခဲ့ရတာ ရာစုနှစ်ဝက်နီးပါး ကြာမြင့်ခဲ့ပါပြီ..

အမှန်တကယ်တော့ ရခိုင်ပြည်နယ်ဟာ ဧရိယာစတုရန်းမိုင်ပေါင်း ၁၅၀၀၀ ခန့်ရှိပြီး ရှည်လျှားလှတဲ့ ပင်လယ်ကမ်းခြေ မိုင်ပေါင်းများစွာ ရှိပေမဲ့ နတ်မြစ်ဝမှ စတင်ကာ ပင်လယ်ပြင် ရေလုပ်ငန်းများကို ဘင်္ဂလီလူမျိုးတွေ တဖြည်းဖြည်းချင်း ထိမ်းချုပ်လုပ်ကိုင်လာတာ ၁၉၈၀ ပြည့်လွန် နှစ်များက စတင်ခဲ့တယ်လို့ ဆိုရပါမယ်..


ယခုအခါမှာ ရခိုင်ပြည်နယ်ရဲ့ ပင်လယ်ကမ်းခြေတလျှောက် ထွက်ပေါက်တွေမှာ ဘင်္ဂလီကျေးရွာတွေ တဖြေးဖြေးနဲ့ နေရာယူလာခဲ့တာ အရေအတွက်တော်တော်များနေပါပြီ.. ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းတွေမှာ လုပ်ကိုင်တဲ့ ရခိုင်လူမျိုးအရေအတွက်ဟာလဲ တော်တော်နည်းပါးလာပါပြီ.. ဒါဟာ သဘာဝဘေးအန္တရာယ်တွေရဲ့ ခြိမ်းခြောက်မှု့ တွေကြောင့် မဟုတ်ပဲ လူ့ပယောဂခြိမ်းခြောက်မှု့ တွေကြောင့်ဆိုတာ ကာယကံရှင် ရခိုင်လူမျိုးတို့ထက် ဘယ်သူမှ ပိုမသိနိုင်ပါဘူး..

ပင်လယ်ပြင် ကမ်းနီး..ကမ်းဝေး.. ငါးဖမ်းလုပ်ငန်းများနဲ့ ကုန်စည်စီးဆင်းမှု့  မှောင်ခိုစက်လှေလုပ်ငန်းများမှာ ဘင်္ဂလီလူမျိုးစီးပွားရေး လုပ်ငန်းရှင်များကပဲ လက်ဝါးကြီးအုပ် လုပ်ကိုင်နေကြကာ သူတို့ရဲ့ လည်ပတ်ငွေတွေဟာ ကျပ်ငွေဘီလျံနဲ့ချီပြီး ရှိလာပါတယ်.. တံခါးမရှိ ဓားမရှိ ဖြစ်လာနေတဲ့ ဒီပင်လယ်ပြင် ဂယ်ပေါက်ကြီးဟာ စီးပွားရေး.. လူမှု့ ရေး.. ဆုံးရှုံးများသာမက နိုင်ငံရဲ့ အချုပ်အခြာ အာဏာကိုပါ ထိပါးစ ပြုလာနေပြီ ဖြစ်ပါတယ်..

ဒီအားသာချက်များကို ရယူကာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကြား ပင်လယ်ပြင်ရေပိုင်နက်အငြင်းပွားမှု့  ဖြစ်တယ်.. စစ်ရေးတင်းမာမှု့ အခြေအနေထိ ရောက်ခဲ့ရပြီး နိုင်ငံတကာ ခုံရုံးရဲ့ အဆုံးအဖြတ် ခံယူရတဲ့ အဖြစ်ထိရောက်ရှိခဲ့တယ်.. ဒါဟာကမ္ဘာပေါ်မှာ ပထမဆုံး ဖြေရှင်းပေးရတဲ့ အမှု့ အခင်းဖြစ်ပါတယ်.. ဘင်္ဂလားဒေရှ့် နိုင်ငံဟာ ကျဉ်းမြှောင်းတဲ့ သူ့ နိုင်ငံပထဝီဝင် အနေအထားအရ ပင်လယ်ပြင်ရေပိုင်နက် ပိုမိုရလိုကြောင်းကို အိန္ဒိယနိုင်ငံထံမှလည်း တောင်းယူခဲ့ပေမဲ့ မြန်မာနိုင်ငံလို ညှိနှိုင်းခွင့် မပေးခဲ့ပဲ ခပ်တင်းတင်းတုန့်ပြန်ခဲ့တာကို သတိပြုသင့် ပါတယ်..

ဒီမိုကရေစီနည်းလမ်းများအရ ပျော့ပျောင်းတာ.. ညှိနှိုင်းဆွေးနွေးတာ.. မျိုးဟာ နိုင်ငံရေးအနေနဲ့ မျက်နှာပန်းလှပေမဲ့ နိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ အမျိုးသား အကျိုးစီးပွားအရေးတို့မှာ နိုင်ငံကြီးများအနေနဲ့ ပြတ်သားစွာ ရပ်တည်ကြပါတယ်.. ဒါကို လူ့အခွင့်အရေးစံတွေနဲ့ တိုင်းတာလို့မရပါဘူး..

....ဆက်လက်ရေးပါမည်....


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>