
ယခုလက်ရှိ ထိုင်းနိုင်ငံ အိမ်ရှေ့မင်းသားဟာ စစ်သွေးစစ်မာန် ရှိသူတစ်ယောက် ဖြစ်တယ်လို့ ထိုင်းတွေက ပြောတတ်ကြပါတယ်.. ဘုရင့်နောင်မင်းတရားကြီးရဲ့ မွေးစားသား.. မြန်မာ့စစ်ပညာတွေကို တစ်ခုမကျန်သင်ကြားပေးပြီး အိမ်ရှေ့မင်းသားအဆောင်အယောင်တွေ ချီးမြှောက်ပေးခံခဲ့ရတဲ့ ဗြနရစ် ခေါ် နရဲစွမ်ဟာတော့ ယိုးဒယားသမိုင်းမှာ အမျိုးသားသူရဲကောင်းအဖြစ် ထင်ရှားသူဖြစ်ပြီး သူ့ရဲ့သွေး ဆက်ခံသူအဖြစ်လဲ ဆိုတတ်ကြပါတယ်..
သူဟာ အမေရိကန်နိုင်ငံမှာ စစ်ပညာသင်ကြားခဲ့ပြီး စစ်ပညာပါရဂူဘွဲ့အတွက် `` မြန်မာနိုင်ငံကို ပင်လယ်ရေကြောင်းကနေ ချီတက်သိမ်းပိုက်မဲ့ စီမံချက် ´´ စာတမ်းတစ်စောင် ရေးပြီးတင်ခဲ့တယ်လို့ သိရပါတယ်.. ဒီစာတမ်းမှာ ရက်သတ္တပတ် အနည်းငယ်အတွင်း မြန်မာနိုင်ငံကို သိမ်းပိုက်မဲ့ စစ်ရေးအစီအမံများ ပါဝင်ပါတယ်.. စိတ်ကူးနဲ့ သမိုင်းကြွေး ဆပ်ချင်သူလို့ ပြောလို့ရပေမဲ့ သူ့ရဲ့စာတမ်းကိုတော့ စိတ်ဝင်စားမိတယ်..
မြန်မာနိုင်ငံကို ပင်လယ်ရေလမ်းခရီးကနေ ထိုးဖောက်ဝင်ရောက်မဲ့ အစီအစဉ်များမှာ သူတို့ချန်လှပ်ထားတဲ့ နေရာလေးတစ်ခုကို အဓိကပြောချင်တာပါ.. အဲ့ဒီနေရာကတော့ ရခိုင်ပြည်နယ် မြောက်ဖျားပိုင်းဒေသ ဖြစ်ပါတယ်.. အကြောင်းပြချက်ကတော့ သဘာဝတောတောင် ရေမြေအနေအထားကြောင့် မြန်မာပြည်တွင်းကို ဝင်ရောက်ရန် ခက်ခဲတဲ့ဒေသအဖြစ် သတ်မှတ်ထားလို့ပါ..
ဒီသုံးသပ်ချက်ကို ပြောင်းပြန်အချိုးချ ကြည့်မယ်ဆိုရင် ဒီဒေသတွေမှာ တစ်ခုခုဖြစ်ရင် ပြည်မကနေလဲ အလွယ်တကူ မရောက်နိုင်သလို ဒီနယ်မြေဒေသမှာ အုပ်ချုပ်မှု့ အာဏာမသက်ရောက်နိုင်ရင် ရေရှည်မှာ တိုင်းပြည်နယ်မြေ ဆုံးရှုံးလာနိုင်တဲ့အထိ ရောက်နိုင်ပါတယ်.. ရှည်လျှားလှတဲ့ မြန်မာ့ပင်လယ်ကမ်းရိုးတန်းဟာ အကောင်းကော.. အဆိုးပါ.. ရှိနေတာပါ.. ဒါကို တစ်ခြားနိုင်ငံတွေက ဘယ်လို အသုံးချချင်ကြသလဲဆိုတာ သိစေချင်တာပါ..
ကျွန်တော့အနေနဲ့ ဒီအကြောင်းအရာတွေကို ရှည်ရှည်ဝေးဝေးနဲ့ ဥပမာပေး ပြောနေရတာ အကြောင်းရှိပါတယ်.. အခုနောက်ပိုင်းမှာ ရခိုင်အရေးကိစ္စနဲ့ ပတ်သက်ရင် မဆိုင်သလို နေလာကြသူတွေ ရှိလာနေလို့ပါ.. လူမျိုးရေးမုန်းတီးတာနဲ့.. သမိုင်းမှာမရှိခဲ့တဲ့ လူမျိုးတစ်ခုကို အကြောင်းပြုပြီး ကိုယ့်နိုင်ငံ နယ်မြေ ဒေသတွေကို အချောင်ရယူလာချင်သူတွေရဲ့ အကြံအစည်တွေကို ခွဲခြားသိမြင်နိုင်အောင် ပြောနေရခြင်းပါ.. ကျွန်တော်တို့ သွေးအေးနေလို့ မရတော့ပါဘူး..
ဘင်္ဂလီအရေးကိစ္စကို နှစ်ပေါင်းများစွာ သုတေသနပြုစောင့် ကြည့်ပြီး စာတမ်းပေါင်းများစွာ.. ဆောင်ပါးပေါင်းများစွာ.. ရေးသားပြုစု သတိပေးခဲ့တဲ့ ဒေါက်တာမြင့်သိန်း အဆိုအရကတော့ အနောက်တံခါးဟာ ကျိုးပေါက်သွားပါပြီ.. လူဦးရေထိမ်းချုပ်ဖို့ရယ်.. ဥပဒေနဲ့အညီ စီစစ်ဖို့ရယ်ပဲ လုပ်နိုင်တော့မှာပါ.. ရခိုင်လူမျိုးတို့ရဲ့ ရခိုင်ဒေသမှာ လူဦးရေ အချိုးအရ ရခိုင်လူမျိုးတွေထက် ဘင်္ဂလီတွေဟာ နှစ်ဆရှိနေပါပြီ....
....ဆက်လက်ရေးပါမည်....