Quantcast
Viewing all articles
Browse latest Browse all 1811

ရဲမိုး - ငရဲသား အမေးအဖြေ

ရဲမိုး - ငရဲသား အမေးအဖြေ
===================
နှစ်ဖက် ကွဲလွဲတဲ့ အမြင်တွေ....
အယူအအဆတွေကို ....
အားလုံး စဉ်းစားနိုင်ဖို့  ရည်ရွယ်ပြီး ...
စတေးတပ် အဖြစ်တင်ပေးလိုက်ပါတယ်....
========================

သို့  …….ကိုငရဲသား
အဖြေတွေကို ဖြေပေးထားပါတယ်….သေချာဖတ်ကြည့်ပါ…..
====================================
(၁) ဗကပ ကို ၁၉၈၉ မှာ ၀ နဲ့ သွေးခွဲပြီး နှိမ်နင်းနိုင်ခဲ့တာ ဦးခင်ညွန့်အကြံလား ..။
ဦးသန်းရွှေ အကြံလမ်း ဦးစောမောင် မဟာဗျူဟာလား ..။

ဖြေ ။ အားလုံး အကြံပါ ။။
ဦးသန်းရွှေဟာ အာ့အချိန် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ပါ ။
သူ့ အကြံဥာဏ်တွေလဲ တစ်စိတ်တစ်ပိုင်း ပါဝင်မှာပါ။

=====================================

(၂) တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့တာ...
အခွင့်အရေး အပြန်အလှန်ရယူပြီး အပစ်ရပ်ခဲ့တာ ...
ဦးခင်ညွန့် လုပ်ခဲ့တာလား
ဦးသန်းရွှေ လုပ်ခဲ့တာလား ..။
တိုင်းရင်းသားလက်နက်ကိုင်တွေက ...
ခင်ညွန့် လို့ ဘာ့ကြောင့် personal အရ လက်ခံခဲ့ကြသလား….

ဖြေ ။။ အပေါ်မှာပြောခဲ့သလို ...
စစ်အစိုးရ အဖွဲ့ က မူဝါဒချမှတ်ပြီး ဦးခင်ညွန့် က အကောင်အထည်ဖော်ခဲ့ပါတယ်…
စစ်အစိုးရမှာ ဦးသန်းရွှေဟာ ဒုတိယ အကြီးဆုံးဖြစ်တဲ့ အတွက်
သူ ဒီကိစ္စမှာ လုံးဝ မပါဘူးဆိုတာ မဖြစ်နိုင်ပါဘူး. ။
တိုင်းရင်းသားတွေက ဦးခင်ညွန့် ကို ဘာလို့ လက်ခံလဲ ဆိုတော့
သူ့ ရဲ့ စည်းရုံးရေးစွမ်းရည် ....
မူဝါဒကို အကောင်အထည်ဖော်နိုင်မှုစွမ်းရည် ကောင်းလို့ ပါ။

========================================

(၃) ကလည်း အတူတူပါပဲ ..။ ဒီ plan တွေကို ဘယ်သူ ချတာပါလဲ..။
နောက်တစ်ချက်က နိုင်ငံရေးဆွေးနွးမှု မရှိပဲနဲ့
အခွင့်အရေးပေး အပစ်ရပ်ထားခဲ့တဲ့ မဟာဗျူဟာရဲ့ အကျိုးဆက်အဖြစ်
ပိုမိုအင်အားကြီးလာတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို
ဘယ်လို နှိမ်နင်းခဲ့ရသလဲ ..။ Upper hand ရအောင် ဘယ်လောက်အထိ
အသေအကြေ တိုက်ခဲ့ရသလဲ ..။ အဲဒီ မဟာဗျူဟာကြောင့်
ဘယ်သူတွေ အကျီုးရှိပြီး ဘယ်သူတွေ အကျိုးယုတ်ခဲ့သလဲ..။

ဖြေ။ စစ်အစိုးရဟာ အာဏာသိမ်းထားတဲ့ အစိုးရဖြစ်လို့ 
နိုင်ငံရေးဆွေးနွေးလို့ မရပါဘူး။
သူ ဆွေးနွေးခဲ့တာတွေကိုလဲ နောက်လူတွေက လက်ခံမှာမဟုတ်ပါဘူး၊
ဒါကြောင့် သူက အပစ်အခတ်ပဲ ရပ်စဲခဲ့တာပါ ..။
ပိုအင်အားကြီးလာတဲ့ လက်နက်ကိုင်တွေကို
ဘယ်လိုနှိမ်နှင်းရလဲဆိုတဲ့ မေးခွန်းကတော့ …
လက်ရှိ လက်နက်ကိုင် အင်အားနဲ့ တပ်အင်အားအချိုး ၊
စစ်လက်နက်ပစ္စည်း အင်အားအချိုး ။
၉၀ ခုနှစ်က လက်နက်ကိုင် အင်အားနဲ့ တပ်အင်အားအချိုး ၊
စစ်လက်နက်ပစ္စည်း အင်အားအချိုး …ဒါကိုပဲ တစ်ချက်ချိန်လိုက်ပါ …
ကလေးနဲ့ လူကြီးလို ဖြစ်သွားပါပြီ….
ဒီမဟာဗျူဟာကြောင့် ကရင် ပြည်နယ်က လွဲလို့ 
တစ်ပြည်လုံးနီးပါး သေနတ်သံတိတ်သွားပါတယ်…
ခင်ဗျား စစ်ဖြစ်နေတဲ့ ဒေသတွေရောက်ဖူးခဲ့တယ်ဆိုရင် ...
စစ်ပွဲ ရပ်သွားတာ ဘယ်သူတွေ အကျိုးရှိသလဲ ဆိုတဲ့ မေးခွန်းကို
မေးစရာကို မလိုဘူးလို့ ထင်ပါတယ် ။

=========================================

(၄) အပစ်မရပ်တဲ့ အဖွဲ့တွေရဲ့ စခန်းတွေကို ဘယ်လိုနည်းနဲ့ ရှင်းတာပါလဲ.။
ဘာသာရေး မှိုင်းနဲ့ အိမ်ကြက်ချင်း အိုးမည်းသုတ် ခွပ်ခြင်းနည်း
divide and rule နဲ့ ရှင်းခဲ့တာလား။ တကယ် တိုက်ပြီး ရှင်းခဲ့တာပါလား ..။

တပ်မတော် သမိုင်းကို ပြန်လေ့လာလိုက်ပါ ။
ဒီကေဘီအေဟာ တပ်က လုပ်လို့ ပေါ်လာပါတယ်ဆိုရင်တော့
မြိုင်ကြီးငူဆရာတော်ကို ရော ..ဒီကေဘီအေ တစ်ဖွဲ့ လုံးကိုပါ ...
ခင်ဗျားစော်ကားလိုက်တာပါ ။
မာနယ်ပလော ၊နော်တ ။ ၀ါးခ သစ်၊၀ါးခဟောင်း တိုက်ပွဲတွေ ပြန်ဖတ်လိုက်ပါ ။
တကယ်တိုက်ပြီး ရှင်းခဲ့သလားဆိုတဲ့ မေးခွန်းဟာ ....
ဝါးခသစ် တိုက်ပွဲမှာ အသက်ပေးသွားတဲ့  ....
စစ်သည် သုံးလေးရာလောက်ကို အားနာသင့်တယ်လို့ မြင်ပါတယ်…။
အဲသည့်တိုက်ပွဲ စဉ်တွေကို တပ်မတော်က ....
တပ်မ ၂၂ ...တပ်မ ၄၄ ...တပ်မ ၆၆ ...
တပ်မ သုံးခုနဲ့  တစ်ပြိုင်တည်းဝင်တိုက်ခဲ့ပါတယ်။

============================================

(၅) ခြေလျင် ခြေမြန်တပ်ရင်း ၃၀၀ ကျော်ကို ဘယ်လို နည်းလမ်းနဲ့ ထူထောင်ခဲ့သလဲ ..။
ဖွဲ့စည်းပုံ ပြည့်ရဲ့လား ။
တကယ် ပြည့်တယ်ဆိုရင် ကြိုက်တဲ့ တပ်ရင်း လက်ညိုးထိုးပြီး
အရာရှိ အခြားအဆင့် ရဲဘော် ဖွဲ့စည်းပုံ ပြည့်မပြည့် တာဝန်ခံပြီး
လောင်းကြေးစားကြေးနဲ့ စစ်ကြည့်မလား ..။

(၆) လည်း ဒီအတိုင်းပါပဲ..။
ဦးရေးထောက် စစ်ရင် တပ်ရင်းတွေမှာ ...
ဖွဲ့စည်းပုံနဲ့ စာရင်းရှိနဲ့ ဘယ်လောက်ကွာသလဲ..။
မကွာအောင် ဘယ်လို ကြံဖန်ရသလဲ..။
စစ်လက်နက်ပစ္စည်းလည်း ဒီအတိုင်းပဲ မကောင်းတာနဲ့ ကောင်းတာနဲ့ ...
သုံးရ မရ ဘယ်လို ကြံဖန် စာရင်းထဲ ထည့်ရသလဲ..။
ကိန်းဂဏန်းတွေ မပြောပါနဲ့ အနှစ်သာရအရ ... ဘာတိုးတက်သလဲ..။

ဖြေ။ ၅ နဲ့ ၆ က ပေါင်းဖြေလိုက်ပါတယ်…
ရည်မှန်းချက် က တပ်အင်အားတိုးချဲ့ကာ ...
အမည်းရောင် အညိုရောင်နယ်မြေတွေမှာ တပ်ရင်းတွေ ဖွင့်ဖို့ ပါ ။
ရှိတာနဲ့ ဖြစ်အောင်လုပ်ရပါမယ်…
ဖွဲ့ စည်းပုံ မပြည့်ဘူး ရိက္ခာ ခဲယမ်း စစ်ဝတ်ချို့ တဲ့ တယ်…
နေစရာ မရှိခဲ့ဘူး…တဲထိုးနေရတယ် …
ဒါပေမယ့် တပ်သစ်တွေ ဖြစ်အောင်ဖွင့်ခဲ့တယ်…
အခုရော ..ဘယ်လိုလဲ …
တပ်တွေဖွင့်တာ ၁၅ နှစ်ဝန်းကျင် ...
အနည်းဆုံး နေစရာတော့ အဆောက်အဦးတွေပြီးသွားပြီ ..
အဲဒေသမှာ အခြေကျပြီ…အနီးနားက ရွာတွေနဲ့ လဲ အဆင်ပြေကြပြီ..
လူပျို ရဲဘော်တစ်ချို့ လဲ .... ရွာသူတွေနဲ့ ရကုန်ပြီ …
ခင်ဗျားပြောတဲ့ လူအင်အားပြည့်ဖို့ တို့  ...
လက်နက်တွေကောင်းလာဖို့ တို့  ဆက်ဖြစ်လာပါလိမ့်မယ်…
အရေးအကြီးဆုံး အခြေခံဖောင်ဒေးရှင်းကြီး ပြီးသွားပြီလေ…
တပ်ရင်း ၃၀၀ လောက် တစ်ပြိုင်တည်းဖွင့်တာ ...
အသင့်စုထားတဲ့  လူ၂သိန်း မရှိဘူးလေ…
ဒါကို လူမပြည့်ရကောင်းလားလို့  ...
လက်ညိုးလိုက်ထိုးနေတဲ့ ခင်ဗျားကို အတော် အံ့ သြပါတယ်…
အနှစ်သာရ အရ ဘာရှိလဲဆိုတာကတော့ ...
စစ်ပညာအခြေခံလောက်မှ နားမလည်ရင် ရှင်းမနေချင်တော့ပါဘူး..
ခင်ဗျားတစ်ဖက်အဖွဲ့ အစည်းတွေသာ မေးကြည့်ပါတော့ လို့ ပဲပြောချင်ပါတယ်..

============================================

(၇) တိုင်းပြည်စီးပွားရေးကို အထောက်အကူပြုဖို့
လမ်း၊ တံတား၊ ကျောင်း ဆေးရုံ ကိန်းဂဏန်းတွေထက်
ကမ္ဘာ့အဘယ်မှာ အနှစ်သာရအရ ဘာတိုးတက်သွားသလဲ..။
ကဏ္ဍပေါင်းစုံမှာ အဆင့်သတ်မှတ်ချက် ဘယ်လောက် တိုးတက်သွားသလဲ...

ဒီဟာကတော့ .... ဒီလိုပဲပြန်မေးရမှာပါပဲ ..
သူစွမ်းသလောက်လုပ်ခဲ့တယ်…
လမ်း၊ တံတား၊ ကျောင်း ဆေးရုံ ဆောက်ခဲ့တယ်..
မဆောက်တာထက်စာရင် မကောင်းဘူးလား….
အခု ၂၀၁၅ တက်လာတဲ့ အစိုးရလက်ထက် ...
ဒါတွေကို အဆင့်မြှင့်လိုက်ရုံပဲ မဟုတ်ဘူးလား…
မြေညှိစရာ ခြုံရှင်းစရာ လိုတော့သလား…
မဆောက်ရင်လဲ မဆောက်လို့ အပြစ်တင်ခံနေရမှာပါပဲ …
အပြစ်ရှာနေတဲ့ သူ ... လက်မှာတော့ ...
တစ်ခုမဟုတ် တစ်ခုပြောနေမှာ သဘာဝပါပဲဗျာ…။

=======================================

(၈) အတိတ် သင်ခန်းစာတွေအရ တပ်မတော်ကချည်း
တိုင်းပြည် တည်ငြိမ်ရေးကို နိုင်ငံရေးပါတီတွေ ကွဲတိုင်း
အသေခံ လုပ်နေတာလား..။
တပ်မတော်ကနဦးမှာ တပ်မတော်သား အချင်းချင်း ခံယူချက် အယူဝါဒကွဲပြီး
တောခို တိုက်ပွဲဝင်ကုန်ကြလို့ ပြည်တွင်းစစ် ကြီးကျယ်သွားတာလား ..။
ပြည်တွင်းစစ် တွေဖြစ်ပြီး
အင်အားချိန်ခွင်လျာ ထိန်းထားတဲ့ အနေအထားတစ်ခုကနေ
အာဏာကို ပြန်မပေးချင်တဲ့အတွက် ..
တိုင်းရင်းသားတွေ တပ်မတော်အပေါ် ခေတ်အဆက်ဆက် အမုန်းပွားခဲ့တာလား ....

ဖြေ ။။ဒီမေးခွန်းကတော့ ဒီလိုပဲ ဖြေရမှာပါ …
ပြည်တွင်းစစ်မှာ ..ပထမဆုံး စပြသနာဖြစ်တာ ကရင်ပါ ..
ကေအန်ဒီအိုဟာ လွတ်လပ်ရေး မရခင်စပေါ်ပါတယ်…
သူက စပြီး မြို့ တွေကို သိမ်းတဲ့ အချိန်မှာ ကရင်တပ်ရင်းတွေက သွားပေါင်းပါတယ်…
ပြောချင်တာက ကရင်တပ်ရင်းတွေက စတောခိုလို့ 
ကေအန်ဒီအိုက အစိုးရကို တိုက်တာမဟုတ်ပါ။
သူက စတိုက်ပြီး မြို့ တွေ လိုက်သိမ်းတော့ ...
တပ်မတော်ထဲက တိုင်းရင်းသားတပ်ရင်းတွေက သွားပေါင်းတာပါ…။
နော်ဆိုင်း ... မေမြို့ ကို သိမ်းတာလဲ ဒီပုံစံပါပဲ ….
တပ်မတော်သား အချင်းချင်း ၀ိဝါဒ ကွဲတယ်ဆိုတာလဲ ဒီအတိုင်းပါပဲ …
ဂျပန်ကို တော်လှန်ခဲ့တဲ့ တပ်မတော်ဟာ ...
ကန္နီစာချုပ်အ၇ အသစ်ပြန်ဖွဲ့ ရတဲ့ အချိန်မှာ လူ ၃ မျိုး ကွဲသွားပါတယ်…
ပထမတစ်မျိုးက ရွာပြန်ပြီး အရပ်သားဘ၀နဲ့ လုပ်ကိုင်စားသောက်ပါတယ်…
ဒုတိယ တစ်မျိုးက တပ်မတော်မှာ ဆက်လက်အမှုထမ်းပါတယ်…
တတိယကတော့ အရပ်သားအဖြစ်နဲ့ ပဲ ....
လွတ်လပ်ရေး နဲ့  နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ဆက်ပါ ပါတယ်…။
အဲဒီ တတိယအမျိုးအစားထဲက အများစုဟာ ....
ဖဆပလ ၊ ပြည်သူ့ ရဲဘော် အဖွဲ့ နဲ့  ....
ကွန်မြူနစ်ပါတီ ... ဆိုရှယ်လစ်ပါတီ တွေထဲကို ရောက်သွားပါတယ် ..
လွတ်လပ်ရေးရပြီးချိန် မှာ နိုင်ငံရေး အကွဲအပြဲကြောင့် ...
အာ့အဖွဲ့ တွေ တောခိုပါတယ် …
တောခိုတဲ့ အချိန် ပါတီတွေက စည်းရုံးမှုကြောင့် ....
တပ်မတော်က တပ်ရင်းအချို့ ပါ လိုက်တောခိုပါတယ်..
ဒါပါပဲ ..အာ့တော့ နိုင်ငံရေး အကွဲအပြဲ ဂယက်ဟာ ...
တပ်ကို လာရိုက်ခတ်ခဲ့တာ ဖြစ်ပြီး ....
တပ်က ကွဲလို့ နိုင်ငံရေး ဂယက်ရိုက် ....
ပြည်တွင်းစစ် စခဲ့တာ မဟုတ်ကြောင်း ထင်ရှားပါတယ်…

တိုင်းရင်းသားတွေ ခေတ်အဆက်ဆက် အမုန်းပွားရတာကတော့ ....
အစိုးရ အဆက်ဆက် တာဝန်ရှိပါတယ် ..
တိုင်းရင်းသားခေါင်းဆောင်တွေလဲ တာဝန်ရှိပါတယ်…
ရှမ်းပြည်ပုန်ကန်မှုကို မဟာဒေ၀ီ စပ်နန်းခမ်းဟိန်း စဦးဆောင်တုန်းက ...
ပါလီမန်ဒိမိုကရေစီ ခေတ် သာဖြစ်ကြောင်း သတိပြုစေလိုပါတယ်…
ကေအိုင်အေ စပေါ်တာလဲ ဦးနုလက်ထက် ပါ...
ကူမင်တန် ကျူးကျော်မှုမှာ တိုင်းရင်းသားတစ်ချို့ က ...
ကူမင်တန်ကို အကူအညီပေးခဲ့တာလည်း ဦးနုလက်ထက်ပါပဲ …
စော်ဘွားတွေကို အာဏာစွန့် ခိုင်းတဲ့ ကိစ္စ ဟာ ....
သူတို့ နေရာက ကြည့်ရင် မုန်းမှာပါပဲ …
ဒါပေမယ့် ပါလီမာန်ဒီမိုကရေစီ စနစ်အရ ...
စော်ဘွားတွေကို အာဏာစွန့် ကို စွန့် ခိုင်းရမှာပါ …
ဒါတွေကို မပြောပဲ တပ်က အာဏာကို မစွန့် ချင်လို့ ...
ခေတ်အဆက်ဆက် တိုင်းရင်းသားတွေက ....
တပ်မတော် အပေါ် အမုန်းပွားခဲ့တယ်ဆိုတာကတော့ ....
အတော် ဂွကျတဲ့ ကောက်ချက်ပါပဲ အာစရိ ငရဲသားရယ်….။

============================================

(၉) မဟာဗျုဟာအရ တောင်နံရံကို ကျောကပ်ထားတဲ့
ဇေယျာသိရိမြို့ကို မဏ္ဍိုင်ထားပြီး နေပြည်တော်ကို တည်ခဲ့တာဟာ
အမျှော်အမြင် ကြီးမားမှုလား မိုက်မဲမှုလား ..။
အဲဒီလို တည်လိုက်တဲ့အတွက် ...
စီးပွားရေး ပိတ်ဆို့လို့ တိုင်းပြည် ဆင်းရဲတယ်ဆိုတဲ့ အကြောင်းပြချက်
ကမ္ဘာက ရယ်မောခဲ့တာ.. .အမျှော်အမြင် ရှိတာလား ..။
ခေတ်မီ လေကြောင်းရန် ကာကွယ်ရေး စံနစ်ကြီးတွေကကော
ဘာ့ကြောင့် ခဏခဏ ပျက်နေသလဲဗျ..။
ကက၀ယ် က ဘဘတွေကတော့ တော်တော် ထောသွားတယ်..။
ခင်ဗျားမို ..ဒါတွေ ရေးတတ်တယ်..။
မြောက်ကိုရီးယားတွေ ခွေးသားစားပြီး လာပြင်ပေးနေတာ ..တိုင်းသိပြည်သိနော ..။

ဖြေ။ ။ မဟာဗျုဟာအရ တောင်နံရံကို ကျောကပ်ထားတဲ့
ဇေယျာသိရိမြို့ကို မဏ္ဍိုင်ထားပြီး နေပြည်တော်ကို တည်ခဲ့တာဟာ
အမျှော်အမြင် ကြီးမားမှုလား မိုက်မဲမှုလား ဆိုတာကတော့ ...
တစ်ယောက်နဲ့ တစ်ယောက် အမြင် မတူနိုင်ပါဘူး…..
သေချာတာကတော့ ဒီလောက်အကုန်အကျများတဲ့ စီမံကိန်းဟာ ...
ဒီမိုကရေစီ အစိုးရ လက်ထက်မှာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး….
ဒါပေမယ့် ရန်ကုန်ရဲ့ တိုးလာတဲ့ လူဦးရေ အနေအထားနဲ့ ကတော့ ...
အစိုးရ ရုံးစိုက်တဲ့ မြို့ ကို သီးခြားခွဲထုတ်ဖို့ ....
လိုနေပြီလို့  ကျွန်တော်ယူဆပါတယ်…
ကာကွယ်ရေး ၀န်ကြီးဌာနလို Command Post တစ်ခုဟာ ...
ရန်ကုန်လို နေရာမျိုးမှာ ရှိနေတာကို လဲ ...
စစ်သားတစ်ယောက်နေရာက စဉ်းစားတာ ဘ၀င်မကျစရာပါပဲ ..
အဲတော့ သူတို့ ... ရွေ့ လို့ ရတုန်း ရွေ့ သွားခဲ့ပါတယ်…
နောက် အနှစ် ၂၀ လောက်ဆို ...
ရန်ကုန်-နေပြည်တော်-မိတ္ထီလာ-မန်းလေး ....
တစ်ဆက်တည်းဖြစ်သွားပါလိမ့် မယ်..
ကာကွယ်ရေးစနစ်တွေကတော့ ....
အမေရိကန်က မရောင်း ... ပြင်သစ်ကမရောင်း ...
ရောင်းတဲ့ သူဆီက ၀ယ်တယ် ....
ရှိတာနဲ့ အကောင်းဆုံးလုပ်တယ်..အရင်ထက်ပိုကောင်းလာတယ်….
လာဘ်စားမှုတွေ ရှိချင်ရှိပါလိမ့်မယ်…
ဒါဟာ မူဝါဒနဲ့ ပတ်သက်ပါသလား …
မူဝါဒတစ်ခုကို အကောင်အထည်ဖော်တဲ့ အချိန်မှာ ....
လာဘ်စားမှု မသမာမှုတွေ ရှိတာနဲ့  ....
ဒီ မူဝါဒ မကောင်းဘူးလို့ သိမ်းကျုံးပြောဖို့ ဆိုတာကတော့ ...
တော်တော် ခက်ပါတယ်…. ။

=======================================
၁၀။ ရွေးကောက်ပွဲလုပ်ဖို့ နဲ့ အခြေခံဥပဒေ ပြဌာန်းပြီးရင် ...
သူ့အသက်အရွယ်နဲ့ ကျန်းမာရေးအခြေအနေအရ ခွာစစ်ဆင်ခဲ့တာပါ..။

အရင်ကတည်းက တစ်ချိန်လုံးပြောခဲ့တာတွေ ရှိပါတယ်…
အခြေခံဥပဒေဆွဲပြီးမှ အာဏာပြန်လွှဲမယ် …
တပ်က ၂၅ ရာခိုင်နူန်းယူထားမယ်ဆိုတာ တစ်ချိန်လုံးပြောခဲ့တာပါ
ရန်ကုန်တိုင်းမှူး ဗိုလ်ချုပ်မျိုးညွန့် လက်ထက်ကတည်းက စခဲ့တာပါ….
တစ်လောကတင် ဗိုလ်မှူးကြီး လှမောင် နဲ့  ဂျပန် အသံလွှင့် ဌာန နဲ့  ...
၂၀၀၀ ခုနှစ်လောက်က အင်တာဗျူုးကို တင်ပေးထားပါသေးတယ် ...
အာ့ထဲမှာလဲ ဒီအချက်တွေပါပါတယ်…
တပ်က back fire လုပ်မယ်ဆိုတဲ့ အချက်ကတော့ ...
လုံးဝ သဘောမတူနိုင်ပါဘူး ...
တပ်မတော်က ပုန်ကန်မယ်.... ပုန်ကန်မယ်လို့ ....မျှော်လင့်ရင်းနဲ့ ...
ခင်ဗျား အသက် ၂၅ နှစ်လောက်ပိုကြီးသွားတာ ...
အကောင်းဆုံးသက်သေပါပဲ …
နေပြည်တော် ပရောဂျက် ဟာ ...
ကျွန်တော် အရပ်သားဘ၀ မှာကတည်းက ...
အစီအစဉ်ရှိပြီးသားဆိုတာကိုထောက်ရင် ...
မဟာဗျူဟာ ထဲမှာ စနစ်တကျ ဆုတ်ခွာတဲ့ plan မပါဘူး ...
အခုမှ သူ့ အသက်ကြီးလာလို့ ...
အာဏာ ပြန်သိမ်းမှာကြောက်လို့ ဆိုတဲ့ တွေးလုံးဟာ ...
အရပ်ထဲက ကလေးပြောသလို ဖြစ်နေပါတယ်…
ပြည်ခိုင်ဖြိုး ဟာ စဖွဲ့ ကတည်းက ...
အန်အယ်လ်ဒီကို စနစ်တကျ ထိန်းချုပ်ဖို့ ...ဖွဲ့ ခဲ့ တဲ့ အဖွဲ့အစည်းပါ..
ကြောက် .. မကြောက်တော့ ကျွန်တော်လဲ မသိပါဘူး …
သိတာကတော့ ...
အခုအချိန်အထိ သူတို့ ခင်းထားတဲ့ လမ်းကိုလျောက် ...
သူတို့ လုပ်သမျှခံ ...
ပါးစပ်ကသာ လေကြီးဖင်ကျယ် တွေပြောနေပေမယ့် ...
ဘာမှ လက်တွေ့ လုပ်မရတာ ဘယ်သူလဲ ဆိုတာ ...
တစ်ကမ္ဘာလုံး သိပါတယ်လို့ ပဲ ....
ပြောချင်ပါတယ် ခင်ဗျား…။ ။

=======================================

ကိုငရဲသားရေ….
နောက်ဆုံးအနေနဲ့ ကတော့ Negative mind တွေလျော့ဖို့ ပြောချင်ပါတယ်…
ဒါတွေဟာ အလုပ်မဖြစ်ပါဘူး ...
စစ်အစိုးရလက်ထက် ဆိုးတာတွေ အများကြီး ရှိသလို ...
ကောင်းတာတွေလဲ အများကြီးပါ …
မှန်မှန်ကန်ကန်ထောက်ပြတာကို ကြိုဆိုပေမယ့် ...
တစ်ဖက်သတ် ငါ တို့ ကြက်ဖ အမှန်…အမှန်..
သူတို့ ကြက်ဖ အမှား....အမှား ဆိုလို့ ကတော့ ...
တိုင်းပြည်ကို တိုးတက်ချင်စိတ်ရှိတဲ့ သူ ...
အလုပ် တကယ်ဖြစ်စေမယ့်နည်းလမ်းကို စဉ်းစားနိုင်မယ့်သူ ...
ဟုတ် ... မဟုတ် သံသယ ရှိကြောင်းပါခင်ဗျား….. ။ ။

( လေးစားစွာဖြင့် ရဲမိုး )
Image may be NSFW.
Clik here to view.
feeling tired.


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...