$ 0 0 Image may be NSFW. Clik here to view. (၁)မနက်ပိုင်း ဆေးခန်းကို မသွားခင် မနက်စာပြင်နေတုန်း အမေ့ဆီက ဖုန်းဝင်လာတယ်။"သားကြီး ပြန်ရောက်ပြီလား""အော်၊ အမေရယ် ဘာများလဲလို့၊ ညက ရန်ကုန်ကနေ ကားနဲ့ ပြန်လာမှတော့ ဒီမနက် မော်လမြိုင်ကို ပြန်ရောက်တာပေါ့။""အေးပါ အဆင်ပြေပြေ ချောချောမောမောနဲ့မှ ပြန်ရောက်ရဲ့လား လို့ပါ။""စိတ်မပူပါနဲ့ အမေရယ် ကလေးမှ မဟုတ်တော့တာဘဲ"အမေ့ဖုန်းကိုချပြီးမှ ရိုက်လက်စ မက်ဆေ့ခ်ျကို အပြီးသတ်ပြီး ပို့လိုက်ရသည်။"ငယ်လေးရေ ကိုယ်ဒီမနက်ပဲ ပြန်ရောက်တယ်၊ အဆင်ပြေတယ်နော်၊ ခု မနက်စာစားပြီး ဆေးခန်းသွားတော့မလို့။"ဘာပြန်စာမှတော့ ရောက်မလာသေး၊ သူမှ အိပ်ရာက မထလောက်သေးဘဲကိုး။ (၂)ဆေးခန်းကိုရောက်တော့ စောစောစီးစီး အမျိုးသမီးတွေက ရောက်နှင့်နေကြပြီ။ အိမ်ထောင်သည်တွေကို အဓိကထား ၀န်ဆောင်မှုပေးတဲ့ ဆေးခန်းဆိုတော့လည်း သူတို့နဲ့အတူ ကလေးတွေပါ မကြာမကြာ ပါလာလေ့ရှိတာပေါ့။ တချို့ကလေးတွေက ဆေးခန်းမှာပြထား ရေးထားတာတွေကို တောင်မေးမြောက်မေး လုပ်တတ်ကြတယ်။ အမေတွေကတော့ မမောနိုင် မပန်းနိုင် ပြန်ရှင်းပြကြတာပေါ့။ အမေတွေ အခန်းထဲဝင်ပြီး ဆေးခန်းပြရတော့မယ်ဆိုရင် အဲဒီကလေးတွေက တက်မတတ် ချက်မတတ် အော်ငိုလေ့ရှိကြတယ်။ တော်တော်ဆိုးတဲ့ ကလေးတွေများဆို ဘယ်လိုချော့ချော့ ချော့လို့ကို မရဘူး။ ကလေးတွေ အဲ့လိုဆူညံပွက်လောရိုက်အောင် ငိုနေကြပေမဲ့ အမေတွေကတော့ တစ်ချက်လေးမှတောင် မျက်နှာမပျက်တတ်ကြဘူး။ ကလေးကို ပြုံးပြီး ကြည့်နေတတ်ကြတယ်။ သူတို့ကလေးရဲ့ ဘ၀မှာ 'သူတို့မှသူတို့'ဆိုတဲ့အနေအထားကို ကျေနပ်ကြတယ်၊ ပျော်ရွှင်ကြတယ်၊ ဂုဏ်ယူစွာနဲ့ ထုတ်ဖော်ပြောဆိုတတ်ကြတယ်။သူတို့ကို ကြည့်ရင်း ကျွန်တော်ငယ်ငယ်ကလည်း ကျွန်တော့်အမေနဲ့ ကျွန်တော် ဒီလိုပုံစံပဲ ရှိခဲ့မှာပဲရယ်လို့ တွေးမိလိုက်တယ်။ ဟုတ်တယ်၊ ငယ်ရွယ်စဉ်ကလေးဘ၀မှာတော့ ကျွန်တော်တို့တွေရဲ့ ကမ္ဘာဟာ အမေပါပဲ။ အမေမရှိရင် မဖြစ်ဘူး၊ အမေကိုပဲ အားကိုးတယ်၊ တွယ်တာတယ်။ အဲဒီလိုနဲ့ အချိန်တွေကြာ အရွယ်တွေရောက်လာတဲ့အခါ ကျွန်တော်တို့ရဲ့ ကမ္ဘာထဲကို ကျွန်တော်တို့ကိုယ်တိုင် ဖိတ်ခေါ်လို့ရော မဖိတ်ခေါ်ဘဲနဲ့ပါ တခြားလူတွေ ၀င်ရောက်လာကြတယ်။ ကမ္ဘာငယ်လေးထဲမှာ လူတွေ များ များလာတာနဲ့အမျှ အမေ ဆိုတဲ့ လူတစ်ယောက်ဟာလည်း တဖြည်းဖြည်းနဲ့ နောက်ကို ရောက်မှန်းမသိ ရောက်ရောက်လာတယ်။ တစ်ခါတစ်လေဆို ရှိနေသေးမှန်းတောင် ကျွန်တော်တို့တွေ သတိမထားမိကြတော့ဘူး။ ဒါပေမဲ့ အဲဒီအနေအထားကို အမေ ဆိုတဲ့သူတွေကတော့ ဘယ်တော့မှ စိတ်ပျက်လေ့ ညည်းညူလေ့ မရှိကြဘူး။ (၃)"ဆရာ ဒီအပတ် ရန်ကုန်ပြန်ဖြစ်မယ်ဆို""ဟင် ဘယ်လိုသိတာတုန်း၊ ကျွန်တော် ဒီကိစ္စ မပြောရသေးသလိုပါပဲ""အော်၊ ဆရာ့ရဲ့ ၇၃၀ ဖုန်းကို ဆက်တော့ ဆရာ့အမေနဲ့တွေ့တယ်လေ၊ ဆရာဖုန်းကျန်ခဲ့တယ်၊ ဘာပြောပေးရမလဲ တဲ့။ သမီးတို့က ရပါတယ် ဆိုတော့ ဒီအပတ်တောင် ဆရာပြန်လာမယ် ပြောလို့ သမီးတို့လည်း သိတာ။ ဆရာ့အမေက စကားပြောဖော် မရှိဘူး ထင်တယ်နော်၊ သမီးတို့ကို စကားတွေပြောနေလိုက်တာမှ အကြာကြီးပဲ၊ ဆရာ့အကြောင်းတွေလည်း ပါတယ်၊ ရန်ကုန်ရောက်ရင် ထမင်းလာစားဖို့တောင် ဖိတ်လိုက်သေး။"သူ့စကားကြားပြီးမှ အမေ့စကားတစ်ခွန်းကို ပြန်ကြားယောင်မိတယ်"သားကြီးလည်း အမေဆက်မှပဲ ပြောတော့တယ်နော်၊ ဖုန်းလေးဘာလေး ဆက်ပါဦး သားရယ်"တြဲ့ပီြး့ပီးရော သဘောသာ ဟုတ်ကဲ့ လုပ်လိုက်ရတယ်။ အလုပ်များးနေလို့ အကြောင်းပြပြီး ဘယ်တော့မှလည်း တကူးတက မဆက်ဖြစ်ခဲ့ဘူး။ ဒါပေမဲ့ အဲဒီအလုပ်များနေတဲ့ကြားကပဲ တခြားသူတွေဆီ ဆက်ထားတဲ့ဖုန်းတွေကတော့ မိနစ်ပေါင်းမနည်းဘူး။ (၄)နေ့လည်စာ ဘာဝယ်ပေးရမလဲ ဆရာနေပါစေ၊ ကိုယ့်ဟာကိုယ်ပဲ ထွက်စားလိုက်မယ်။ဘာလဲ ဆရာ၊ ယိုးဒယားထမင်းကြော်ပဲလားဟားဟား၊ ဟုတ်ပဗျာ၊ ကျွန်တော်လည်း တစ်နေ့တစ်နေ့ ဒါချည်းစားနေရလို့ ကြာရင် မြန်မာစိတ်ပျောက်ပြီး ထိုင်းစိတ်ပေါက်လာတော့မယ်။စားသောက်ဆိုင်ကို သွားနေတဲ့လမ်းမှာလည်း စဉ်းစားနေမိတယ်။ အပတ်စဉ်သောကြာနေ့ရောက်တိုင်း အမေ့ဆီက ဖုန်းမှန်မှန်ဝင်လာတတ်တယ်။ သားကြီး ဒီအပတ် ပြန်လာဖြစ်လား တဲ့။ ပြန်လာဖြစ်တယ်ဆို သားကြိုက်တတ်တဲ့ ဟင်းတွေချက်ထားဖို့ တဲ့။ အမြဲတမ်းမေးလေ့ရှိသလို၊ ကျွန်တော်ပြန်လာတဲ့အပတ်တိုင်းလည်း ကျွန်တော်ကြိုက်တတ်တဲ့ဟင်းတွေ မပျက်မကွက် ချက်ထားပေးတတ်တယ်။ ဒီအခါမှာလည်း ပျက်ကွက်ပြန်တာက ကျွန်တော်ပါပဲ။ ဟိုလူဒီလူနဲ့ ချိန်းထားလို့ အမေချက်ကျွေးတာကို နှစ်နပ်လုံး စားဖြစ်တယ်ဆိုတာ ခပ်ရှားရှား၊ တစ်ခါတစ်ခါ လုံးဝမစားဖြစ်လိုက်တဲ့ ရက်တွေတောင် ရှိတယ်။ ထုတ်မပြလို့လားမသိ၊ မစားဖြစ်လိုက်လို့ စိတ်မကောင်းတဲ့ပုံကိုတော့ မတွေ့ဖူးသေးပေမဲ့ စားဖြစ်တဲ့နေ့တွေမှာ ၀မ်းပမ်းတသာဖြစ်ပြီး ထမင်းတွေ ထပ်ထပ်ထည့်ခိုင်းတတ်တဲ့ အမေ့ရဲ့ပုံစံကတော့ စားနေတဲ့ထမင်းထက် မြိန်တာအမှန်ပါပဲ။ (၅)ဆိုင်ကိုရောက်တော့ ဆရာဝန်အစ်ကိုတစ်ယောက်နဲ့တွေ့တယ်ဒါနဲ့ မင်း ဟိုတလောက အီသီယိုးပီးယား သွားရသေးတယ်မှလား၊ ဘာအတွက်လဲရုံးကလွှတ်တာပါ အစ်ကို၊ Project meeting အတွက်သွားရတာ။ဒီစကားကို ကျွန်တော် အဲဒီခရီးအတွက် ပတ်စ်ပို့လုပ်ဖို့ လိုလာကတည်းက အမေ့ကို ပြောပြခဲ့ဖူးတယ်။ အမှန်တော့ ဘာမှကြီးကြီးကျယ်ကျယ်မဟုတ်၊ အစည်းအဝေးတစ်ခု သွားတက်ရရုံပဲ၊ အရည်အချင်းအပေါ် မူတည်ပြီး အရွေ့းခံခဲ့ရတာလည်း မဟုတ်။ ဘာဆိုဘာမှ ဂုဏ်ယူစရာမရှိတဲ့ ဒီကိစ္စကို ကျွန်တော့်အမေတစ်ယောက် ဂုဏ်ယူလို့မဆုံး။ တွေ့သမျှလူကို လိုက်ပြောတယ်၊ သားကြီးကတော့ အလုပ်ကိစ္စနဲ့ နိုင်ငံခြားသွားရမယ်လေ ဆိုပြီး။ သူ့ကိုကြည့်ြ့ပီး ကျွန်တော်ပြုံးနေမိတယ်၊ ဘယ်အမေမဆို ကိုယ့်သားသမီးအတွက် ဂုဏ်ယူချင်ကြတာပဲ မဟုတ်လား။ နိုင်ငံခြားအစည်းအဝေးလေး တက်ရတာတောင် ဒီလောက်ဆိုရင် နိုင်ငံခြားဘွဲ့သာ ရလာခဲ့လို့ကတော့ အမေတစ်ယောက် ဘယ်လောက်များ ဂုဏ်ယူနေလိုက်မလဲ။ တစ်ဆက်တည်းမှာပဲ ဖတ်ခဲ့ဖူးတဲ့ စာလေးတစ်ကြောင်းကို သွားသတိရမိတယ်၊ "ဘ၀မှာ မိခင်မေတ္တာကို ထူးထူးခြားခြားရခဲ့ဖူးတဲ့ လူတွေဟာ ကြီးလာတဲ့အခါ ထူးချွှန်ပြောင်မြောက်တဲ့သူတွေ ဖြစ်လာလေ့ရှိသတဲ့"တကယ်တော့ မိဘတွေအတွက် သားသမီးဆိုတာ အမောပြေစေတဲ့ အားဆေးဆို၊ အမေချစ်တဲ့သားသမီးတွေအတွက်လည်း မိခင်ရဲ့ ပီတိအပြုံးဟာ အောင်မြင်မှုများအတွက် တွန်းအားတစ်ခုပါပဲ။ (၆)ရုံးကနေ ဒီနေ့တော့ ခပ်စောစောပဲ ပြန်လာဖြစ်ခဲ့တယ်။ ပြီးခဲ့တဲ့စနေ တင်္နဂနွေမှာ ရန်ကုန်ကလည်း ပြန်လိုက်သေးတော့ မီးပူတိုက်ရမှာတွေ လျှော်ရဖွတ်ရမှာတွေက အများကြီးဖြစ်နေပြီလေ။ အခန်းထဲကို ၀င်လိုက်ချင်းမှာပဲ တန်းမှာ ချိတ်တွေ ချိတ်တွေနဲ့ လှမ်းထားတဲ့ ၀တ်လက်စအ၀တ်တွေကို တွေ့လိုက်ရတယ်။ အရင် အိမ်မှာနေတုန်းကဆို ဒါမျိုးတွေမရှိဘူး၊ ၀တ်ပြီးပြီဆို ဘယ်လောက်ပဲ ခဏတစ်ဖြုတ် ၀တ်ထားတာဖြစ်ဖြစ် တစ်ခါတည်း လျှော်မဲ့ထဲ ထည့်ပစ်လိုက်တာပဲ။ အ၀တ်လျှော်ရတဲ့ဒုက္ခ၊ မီးပူတိုက်ရတဲ့ဒုက္ခကို သိမှမသိသေးဘဲကိုး။ ပြောရရင် ဒါတွေကို အလုပ်လို့ကို မသတ်မှတ်ထားခဲ့ဘူးလေ။ ငွေရှာပေးတဲ့ အဖေသာ ပင်ပန်းတယ် ထင်ခဲ့တာ။ တစ်ယောက်တည်းနေရလို့ ဒါတွေကို နဖူးတွေ့ ဒူးတွေ့ လုပ်ရပြီဆိုတော့မှ တကယ်ပင်ပန်းပြီး တကယ်အချိန်ကုန်တဲ့အလုပ်တွေဆိုတာကို သဘောပေါက်ခဲ့ရတယ်။ ကိုယ်ဝတ်တဲ့အ၀တ် ကိုယ်မီးပူတိုက် ကိုယ်လျှော်ရတာတောင် လုပ်တာ လပိုင်းပဲ ရှိသေးတယ်၊ ကျွန်တော်အကြိမ်ပေါင်းများစွာ ညည်းညူနေခဲ့ပြီးပြီ။ ဒါပေမဲ့ အဲ့လိုအသံမျိုး အမေ့ဆီကနေတော့ နှစ်ပေါင်းများစွာကြာနေပြီ၊ ကျွန်တော်တစ်ခါမှ မကြားခဲ့ဖူးသေးဘူး။ (၇)အမေ့ကျေးဇူး ကြီးပုံတွေအကြောင်း ကျွန်တော်မပြောချင်တော့ဘူး၊ အားလုံးလည်း သိပြီးသားပါ။ သားသမီးတွေ တာဝန်မကျေကြတာ၊ ကျေးဇူးမဆပ်တတ်ကြတာတွေလည်း မပြောတော့ပါဘူး။ ထူးမှမထူးဆန်းတော့တာ။ကျွန်တော်ကြားဖူးတာတစ်ခုရှိတယ်လူဆိုတာ ဆယ်ကြိမ်ဆယ်ခါ ကျေးဇူးပြုဖူးပေမဲ့ တစ်ကြိမ်လေး ပျက်ကွက်မိလိုက်တာနဲ့တင် အရင်ကျေးဇူးတွေ အကုန်မေ့လို့ ရန်သူကြီးသဖွယ်တောင် သတ်မှတ်သွားတတ်ကြသတဲ့။ဒီသဘာဝ အပေါ်လွင်ဆုံးနေရာကတော့ မိဘတွေနဲ့ ဆက်ဆံတဲ့အခါမှာပါပဲ။ ကျွေးမွေးတာ စောင့်ရှောက်တာတွေ အသာထားဦး၊ ၉လ ၁၀လ ဒုက္ခခံ ကိုယ်ဝန်ဆောင်လို့ မွေးဖွါးပေးခဲ့တဲ့ ကျေးဇူးတစ်ခုတည်းတောင် ဆပ်လို့မကုန်နိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့တွေဟာ အမေရဲ့ အမှားလေးအနည်းငယ်၊ ပျက်ကွက်မှုတစ်ချို့၊ သဘောထားကွဲလွဲမှုတစုံတရာ ရှိလာရုံနဲ့တင် အမေက ငါ့အပေါ် မကောင်းဘူး ဆိုပြီး အပြစ်တင် ပြောဆိုတတ်ကြတယ်။လူဆိုတာ ကိုယ်တစ်ယောက်တည်းတောင် မနက်နဲ့ည တူချင်မှတူတာပါ။ လူနှစ်ယောက်ဖြစ်နေတဲ့ အမေနဲ့ကျွန်တော်တို့ကြားမှာလည်း မတူညီမှုတွေဆိုတာ အများကြီးပေါ့၊ ရှိနေနိုင်ပါတယ်။ ဒါပေမဲ့ အဲဒါတွေကို အကြောင်းပြုပြီး အမေ့ကျေးဇူး အမေ့မေတ္တာတွေကို နည်းနည်းလေးမှ မစော်ကားမိဖို့၊ ယုံမှားသံသယ မဖြစ်ကြဖို့တော့ သိပ်ကိုအရေးကြီးပါတယ်။တကယ်တော့ အမေဆိုတာ..ကိုယ့်အတွက် အဖြူစင်ဆုံးမေတ္တာတရားတွေကို အပြည့်အ၀ပေးဖို့ အမြဲတမ်း အသင့်ဖြစ်နေတတ်တဲ့ သူတစ်ယောက်ပဲ မဟုတ်လား။By Image may be NSFW. Clik here to view. Phio Thiha