Quantcast
Viewing all articles
Browse latest Browse all 1811

ငါ့အဖိုး၊ ငါ့အဖေ၊ ငါ နဲ့ ငါ့သား အပိုင်း(၂)အဆက်

Image may be NSFW.
Clik here to view.
Photo: ငါ့အဖိုး၊ ငါ့အဖေ၊ ငါ နဲ့ ငါ့သား  အပိုင်း(၂) ငါ့အဖေ … အဆက်   “ခြင်္သေ(၁) မှ ခြင်္သေ့(၂) …အသံဘယ်လောက်ကြားလဲဒါဘဲ ….” “ခြင်္သေ(၂) မှ ခြသေ့င်္(၁) အသံ ၅ ..ဒါဘဲ …” “ဆရာကို ရေ ဘာတွေဖြစ်ကုန်ဘလဲဗျ … ကျုပ်တက်လာခြင်တာ .. လာမရဘူးဗျ။” “အေးဟ ..ကိုနေမင်းရေ .. ဒီမှာ ဂတုန်းတွေနဲ့ တွေ့နေလို့ ဗျောက် ၃ လုံးဖောက်လိုက်ပီ Secondary Explode ဖြစ်တယ်ကွ အေပေးတွေ ထိမှာသေချာတယ်” “ခင်ဗျား ဆီမှာလဲ အကြီးကွဲသံကြားတယ် ဘယ်သူဘာဖြစ်သွား သေးလဲ” Squadron Leader တပ်ကြပ်ကြီး နေမင်းသူထံမှ စက်သံတက်လာပီး အခြေအနေလှမ်းမေးနေခြင်းဖြစ်သည်။  “ ဘာမှမဖြစ်ဘူး ဒါပေမဲ့ သူတို့ခြေလျင်တွေ ကျုပ်နဲ့အရမ်းနီးနေတယ် ဒီမှာ Infantry support မရှိရင် ကျုပ်ကို over Run ဖြစ်လိမ့်မယ်” “ မပူနဲ့ ၀မ်းနော့အိတ် က ဒုဗိုလ် မောင်ပိုင်ရဲ့ တပ်စု အင်အား ၂၂ ယောက်နဲ့ ခင်ဗျားဆီ တက်လာဘီ”    အမှန်မှာ ဆရာကြီး ကိုကို တို့အဖွဲ့ တပ်မ ၈၈ မှ နည်းဗျူဟာမှုး ဗိုလ်မှုးကြီး ပီ ထွန်းရှိန် ဦးဆောင်ပြီး ကွတ်ခိုင်မှ မူဆယ်သို့ Dumping ပြုလုပ်ရန် ခဲယမ်း၊ စစ်ဝတ်၊ ရိက္ခာ များအား တီအီး ၁၁ ကားကြီး ၅၂ စီးဖြင့်သယ်ဆောင်ကာ တက်လာစဉ် ရန်သူ့ Ambush နှင့် ထိတွေ့နေခြင်းဖြစ်သည်။  ထိုစဉ် စစ်သုံး ၀ီလီ ဂျစ်ကလေးတစ်စီး တောင်ပေါ်သို့ မရအရ တက်လာသည်၊ ကားပေါ်တွင် ဗျူဟာ G2 ဗိုလ်မှုး ရောင်နီဦး ပါလာကာ “ သံချပ်ကာ က Commander ဘယ်သူလဲဟေ့” “ ကျုပ်ဘဲ ဗိုလ်မှုး …” “ အေး .. ကဲ ဆရာကြီး.. ဗျူဟာမှုးကြီးက ဒီနေ့ မကူးဘဲ အနဲဆုံး နမ့်ဖတ်ကာ တံတားဟိုဘက်ကို ရောက်ခြင်တယ်လို့ အမိန့်ပေးလိုက်တယ် … နောက်မှာလဲ .. ဂတုန်းတွေ ..အကြီးတွေနဲ့ထုလို့ .. တီအီ တစ်စီး မီးလောင်နေဘီ ၀မ်းနော့အိတ် က မောင်တွေ လဲ ဂတုန်းတွေကို… လမ်း ဘေးက သူတို့ ပစ်ကျင်းတွေထဲအထိတက်လုံးနေကြဘီ.. စီမံချက် အကြမ်းဖြင်း လုပ်ကွာ .. ပီးရင် သတင်းပို့ ..ဆက်လုပ်”  “ ဆက်လုပ်ဖို့ ကတော့ ကျုပ်ကို ခြေလျင် တပ်စုတစ်စုပေးပါ ဗိုလ်မှုး … နောက်ပီး တပ်စုမှုး ကို .. ကျုပ်အမိန့်နာခံဖို့ နှုတ်မိန့်ပေးထားလိုက်ပါ” .. “ ကျုပ်စစ်ကြောင်းကို မူဆယ်ထိ ဒီနေ့ အရောက်ပို့ပေးမယ်” “ ဟား .. ကြိုက်သကွာ … ကဲ ကိုတင်ထွန်း လုပ်ဗျာ ဘယ်သူ့တပ်ရှိမလဲ ၀မ်းနော့အိတ်ဘဲလား” “ ဟုတ် .. ခုနက သံချပ်ကာ Support အတွက် ထုတ်လာတဲ့ ၁၀၈ က ဗိုလ် မောင်ပိုင့် တပ်ရှိတယ် လူ၂၀ ကျော်ဘဲ”  “ကဲ ညီလေး … မင်းနဲ့မင်းတပ်စု ဒီကဆရာကြီး အမိန့်အတိုင်း ဆက်လုပ်ပေတော့ ..ဒို့ဒီနေ့ မူဆယ်ရောက်ဘို့ အရေးကြီးတယ် ..ရှင်းလား…” “ ဟုတ် ..”  ၀ီလီဂျစ်ကလေး တလိမ့်လိမ့်တောင်အောက် ဆင်းသွားချိန်မှာတော့ “ကဲ ဗိုလ်ကြီး ခဏဗျာ … ကျုပ် Leader နဲ့ Contact လုပ်လိုက်အုံးမယ်..”  “ ခြသေ့င်္ (၂) မှ ခြသေ့င်္ (၁) အသံဘယ်လောက်ကြားလဲ …ဒါဘဲ “ “ဆရာကို ကြားတယ်ပြော ..” “ ကိုနေမင်း .. ကျုပ် .. နမ့်ဖတ်ကာ တံတားနား ရယ်ဂီ သွားခြင်တယ်” “ ဆိုတော့……….” “ဆိုတော့ … အဲ့နောက်က စကောက်နှစ်စီးထဲက တစ်စီး ကျုပ်ဆီပို့ဗျာ…” “ OK ထက်အောင်ရဲ့ ဖဲရက် ပို့ပေးလိုက်မယ် ဆုံလည် နဲ့ဆိုတော့ ပိုကောင်းတာပေါ့ .. ကိုအောင်ထွန်းကြီး ဒိန်မလာ ကတော့ Engage ဖြစ်နေဘီ ဒီမှာ .. ခင်ဗျားသိတဲ့အတိုင်းဘဲ …အဖိုးကြီးစိတ်တွေပါပီး ပွီုင့်ဖိုက်ကြီးကို ဂျွိုင့်ကနေ ဖြုတ် ရင်ဘတ်ထဲပွေ့ပီး ဂတုန်းတွေကို ခြေလျင်ကမောင်တွေနဲ့အတူ ပွဲတော်ကြီးနွှဲနေလေရဲ့ဗျာ … ခြေလျင်က မောင် တွေကလဲ မပစ်စေခြင်ကြရှာဘူး  ဂုန်နီအိတ် တလုံးတောင်ရှာပီး အဖိုးကြီးလက်ထဲထဲ့ပေးထားကြတယ် ..” “ ဂွတ်ဗျာ .. ဒါမှ .. ကျုပ်တို့ အဖိုးကြီးဗျ .. ကွတ်ခိုင်ပြန်ရောက်ရင်… အာမီ ၁ တော့ ပေးရသေးတာပေါ့ ဟဲဟဲ ..”  “ ကဲ ဆရာထက်အောင် မောင်ရင့်ကားက ပုလဲပု မြန်လဲမြန်ဆိုတော့ ပွိုင်းပြေးကွာ… ရဲဘော် ၄ ယောက်လောက် ဟို ဗိုလ်ချာတိတ် ဆီကတောင်းပီး မင့်ကားနောက်တင်သွား … ငါ အလည်ကလိုက်မယ် .. ဗိုလ်ကြီး .. ခင်များတပ်စု နဲ့ ဟိုအောက်က M37 တစ်စီး နဲ့ ကျုပ်ကားတွေနောက်က အခြေအနေကြည့် လိုက်ခဲ့ဗျာ … Be alert နော် ဗိုလ်ကြီး ..” “စိတ်ချပါ ဆရာကြီး ရ…”  အနောက်ဘက်မှ အငယ်သံ အကြီးသံများ တဖြေးဖြေးဝေးလာသည်နှင့် တံတားက နီးလာလေပြီ .. ထက်အောင် ကားမှာ အရှိန်သတ်ရပ်ပြီး ထက်အောင် ကားပေါ်မှဆင်းလာသည်၊ “ ဆရာကြီး ဒီရိုးလေးက ဆင်းသွားရင်တောလမ်း နဲ့ ကိုက် ၃၀၀ လောက်ဆို တံတားဘေးရောက်တယ်ဗျ ..ဒီ ၁၀၈ က ဆရာ က သူဒီဂွင်တွေ ကို မျက်စေ့မှိတ်ရှောက်လို့ရတယ်တဲ့..”  “ ကဲ ဗိုလ်ကြီး ခင်ဗျား ရဲဘော် နှစ်ယောက်လောက် ထောက်ကင်း လွှတ်ခြင်တယ်ဗျာ” “ ဆရာကြီး သဘောဘဲ .. ကျွန်တော့် ကိုကော သူတို့ကိုကော အမိန့်ပေးပါ ဆက်လုပ်ပါမယ် .. G2 နှုတ်မိန့်ပေးသွားပါတယ်”  “ထက်အောင် မင်း ကိုယ်တိုင် လိုက် သွား.. သေသေချာချာ ကြည့်ခဲ့ပီး ငါနဲ့ ဗိုလ်ကြီးကို ပြန်သတင်းပို့ အချိန် မိနစ် ၂၀ ဘဲ .. မင်းပြန်လာလာ မလာလာ ၁၂း၃၀ ဆို တို့ ၀င်မှာ ခု ၁၂း၀၀ ဒါဘဲ …”   ထက်အောင်တို့ပြန်လာ၍…………. “အေး ဟုတ်ပီ … ထက်အောင် … မင့်ကား နောက် ငါ့ကားရှေ့ ဗိုလ်ချာတိတ် တပ်က ခြေလျင် ၀င်မယ် ငါ HE နှစ်လုံး ထုပီးတာနဲ့ မင့် ဘရောင်နီ ၇.၉၂ ကော ဒရိုင်ဘာဘေးက ၇.၆၂ ကော နှစ်လက်လုံး ဖြန့်ပစ်ကွာ.. ရှင်းလား”  “ ဟုတ်”  “ ဆရာ နန္ဒ အမြှောက် နှစ်ချက် ပစ်ပီးတာနဲ့ ခင်များ ၇.၉၂ ကိုသာ ဆွဲပေတော့ဘဲ ဟုတ်ပလား” “Yes” ….. အချုပ်ဆိုသော် …. နေ့လည် ၁ နာရီမထိုးခင်မှာပင် နမ့်ဖတ်ကာ တံတားအား ရရှိပီး ဗမာစကား လုံးဝမတတ်ဘဲ ဂတုန်း တုံးထားသော ရန်သူ ၃ ယောက်အား ဒဏ်ရာနှင့် ရှမ်းစကား တတ်သော ရန်သူတယောက် အား ဘာဒဏ်ရာမျှမရှိ ဖြင့် ဖမ်းဆီမီပြီး အလောင်း ၂ လောင်း လက်နက် မျိုးစုံ ၇လက် ရပါသည်။ မူဆယ်သို့လည်း ကတိပေးထားသည့် အတိုင်း နေ့ခြင်းဖြစ်သည့် ည ၈ နာရီကျော်ကျော်ခန့် တွင်ဗျူဟာမှုး နှင့် ပစ္စည်းများ။ကားများအား ပို့ဆောင်နိုင်ခဲ့သည်၊ မိမိဘက်မှ ခမရ ၁၀၈ မှ စစ်သည် ၁ ဦးကျဆုံး၍ ၃ဦး ဒဏ်ရာရကာ တီအီး တစီးနှင့် ပါဝင်ပစ္စည်းများ မီးလောင်ပျက်စီးသွားသည်။ ရန်သူ့ ဆုံးရှုံးမှုမှာ ပြောင်းခင်းတိုက်ပွဲတွင်ပိုမိုအထိနာနိုင်ပေသည်။ ဆရာကို ကံကောင်းသွားသည်မှာ သူတို့မရောက်ခင် လေးတင်  တံတားအား လုံခြုံရေးယူထားသည့် ရန်သူအင်အား အများစု အား ဘာအကြောင်းမှန်းမသိဘဲ သူတို့ဋ္ဌာနချုပ်မှ ပြန်ခေါ် သွားသောကြောင့် ဖြစ်သည်။  နောက်ပိုင်းမှ ထောက်လှမ်းရေး သတင်းများအရ သိရသည်မှာ တိုက်ပွဲစစခြင်း ပစ်လွှတ်လိုက်သော ဟမ်းဘားကြီး၏ အမြှောက်ဆန် ၃ လုံးမှ ပျောက်သွားသော အမြှောက်ဆန်မှာ တောင်ကိုကျော် ၍အနောက်ဘက်တွင် တိုက်ပွဲစီမံချက်ပြင်ဆင် တိုင်ပင်နေသော ဗကပ ခေါင်းဆောင် နှစ်ဦးနှင့် တဘက်နိုင်ငံမှ စစ်အကြံပေးဆိုသူများအား တစစီဖြစ်အောင် သမပစ်လိုက် ကြောင်း နှင့် ပြောင်းခင်းတိုက်ပွဲတွင် တရုပ် သန္ဓေစစ်သားများအပါအ၀င် ဗကပ ၁၀၀ ကျော် သံချပ်ကာတပ်ဖွဲ့၏ ပွိုင့်ဖိုက်စာ နှင့် အမြှောက်စာအပြင် ခမရ ၁၀၈ မှ စစ်သူရဲများ၏ ပြောင်မြောက်သောလက်သံကြောင့် အီစလံဝေသွားပါကြောင်း …..  Ttk.ots73 ဆက်ရန်မျှော်


အပိုင်း(၂) ငါ့အဖေ … အဆက်

“ခြင်္သေ(၁) မှ ခြင်္သေ့(၂) …အသံဘယ်လောက်ကြားလဲဒါဘဲ ….”
“ခြင်္သေ(၂) မှ ခြသေ့င်္(၁) အသံ ၅ ..ဒါဘဲ …” “ဆရာကို ရေ ဘာတွေဖြစ်ကုန်ဘလဲဗျ … ကျုပ်တက်လာခြင်တာ .. လာမရဘူးဗျ။” “အေးဟ ..ကိုနေမင်းရေ .. ဒီမှာ ဂတုန်းတွေနဲ့ တွေ့နေလို့ ဗျောက် ၃ လုံးဖောက်လိုက်ပီ Secondary Explode ဖြစ်တယ်ကွ အေပေးတွေ ထိမှာသေချာတယ်” “ခင်ဗျား ဆီမှာလဲ အကြီးကွဲသံကြားတယ် ဘယ်သူဘာဖြစ်သွား သေးလဲ” Squadron Leader တပ်ကြပ်ကြီး နေမင်းသူထံမှ စက်သံတက်လာပီး အခြေအနေလှမ်းမေးနေခြင်းဖြစ်သည်။
“ ဘာမှမဖြစ်ဘူး ဒါပေမဲ့ သူတို့ခြေလျင်တွေ ကျုပ်နဲ့အရမ်းနီးနေတယ် ဒီမှာ Infantry support မရှိရင် ကျုပ်ကို over Run ဖြစ်လိမ့်မယ်” “ မပူနဲ့ ၀မ်းနော့အိတ် က ဒုဗိုလ် မောင်ပိုင်ရဲ့ တပ်စု အင်အား ၂၂ ယောက်နဲ့ ခင်ဗျားဆီ တက်လာဘီ”
 
အမှန်မှာ ဆရာကြီး ကိုကို တို့အဖွဲ့ တပ်မ ၈၈ မှ နည်းဗျူဟာမှုး ဗိုလ်မှုးကြီး ပီ ထွန်းရှိန် ဦးဆောင်ပြီး ကွတ်ခိုင်မှ မူဆယ်သို့ Dumping ပြုလုပ်ရန် ခဲယမ်း၊ စစ်ဝတ်၊ ရိက္ခာ များအား တီအီး ၁၁ ကားကြီး ၅၂ စီးဖြင့်သယ်ဆောင်ကာ တက်လာစဉ် ရန်သူ့ Ambush နှင့် ထိတွေ့နေခြင်းဖြစ်သည်။
ထိုစဉ် စစ်သုံး ၀ီလီ ဂျစ်ကလေးတစ်စီး တောင်ပေါ်သို့ မရအရ တက်လာသည်၊ ကားပေါ်တွင် ဗျူဟာ G2 ဗိုလ်မှုး ရောင်နီဦး ပါလာကာ “ သံချပ်ကာ က Commander ဘယ်သူလဲဟေ့” “ ကျုပ်ဘဲ ဗိုလ်မှုး …” “ အေး .. ကဲ ဆရာကြီး.. ဗျူဟာမှုးကြီးက ဒီနေ့ မကူးဘဲ အနဲဆုံး နမ့်ဖတ်ကာ တံတားဟိုဘက်ကို ရောက်ခြင်တယ်လို့ အမိန့်ပေးလိုက်တယ် … နောက်မှာလဲ .. ဂတုန်းတွေ ..အကြီးတွေနဲ့ထုလို့ .. တီအီ တစ်စီး မီးလောင်နေဘီ ၀မ်းနော့အိတ် က မောင်တွေ လဲ ဂတုန်းတွေကို… လမ်း ဘေးက သူတို့ ပစ်ကျင်းတွေထဲအထိတက်လုံးနေကြဘီ.. စီမံချက် အကြမ်းဖြင်း လုပ်ကွာ .. ပီးရင် သတင်းပို့ ..ဆက်လုပ်” “ ဆက်လုပ်ဖို့ ကတော့ ကျုပ်ကို ခြေလျင် တပ်စုတစ်စုပေးပါ ဗိုလ်မှုး … နောက်ပီး တပ်စုမှုး ကို .. ကျုပ်အမိန့်နာခံဖို့ နှုတ်မိန့်ပေးထားလိုက်ပါ” .. “ ကျုပ်စစ်ကြောင်းကို မူဆယ်ထိ ဒီနေ့ အရောက်ပို့ပေးမယ်” “ ဟား .. ကြိုက်သကွာ … ကဲ ကိုတင်ထွန်း လုပ်ဗျာ ဘယ်သူ့တပ်ရှိမလဲ ၀မ်းနော့အိတ်ဘဲလား” “ ဟုတ် .. ခုနက သံချပ်ကာ Support အတွက် ထုတ်လာတဲ့ ၁၀၈ က ဗိုလ် မောင်ပိုင့် တပ်ရှိတယ် လူ၂၀ ကျော်ဘဲ”
 
“ကဲ ညီလေး … မင်းနဲ့မင်းတပ်စု ဒီကဆရာကြီး အမိန့်အတိုင်း ဆက်လုပ်ပေတော့ ..ဒို့ဒီနေ့ မူဆယ်ရောက်ဘို့ အရေးကြီးတယ် ..ရှင်းလား…” “ ဟုတ် ..”
ဝီလီဂျစ်ကလေး တလိမ့်လိမ့်တောင်အောက် ဆင်းသွားချိန်မှာတော့ “ကဲ ဗိုလ်ကြီး ခဏဗျာ … ကျုပ် Leader နဲ့ Contact လုပ်လိုက်အုံးမယ်..”
“ ခြသေ့င်္ (၂) မှ ခြသေ့င်္ (၁) အသံဘယ်လောက်ကြားလဲ …ဒါဘဲ “ “ဆရာကို ကြားတယ်ပြော ..” “ ကိုနေမင်း .. ကျုပ် .. နမ့်ဖတ်ကာ တံတားနား ရယ်ဂီ သွားခြင်တယ်” “ ဆိုတော့……….” “ဆိုတော့ … အဲ့နောက်က စကောက်နှစ်စီးထဲက တစ်စီး ကျုပ်ဆီပို့ဗျာ…” “ OK ထက်အောင်ရဲ့ ဖဲရက် ပို့ပေးလိုက်မယ် ဆုံလည် နဲ့ဆိုတော့ ပိုကောင်းတာပေါ့ .. ကိုအောင်ထွန်းကြီး ဒိန်မလာ ကတော့ Engage ဖြစ်နေဘီ ဒီမှာ .. ခင်ဗျားသိတဲ့အတိုင်းဘဲ …အဖိုးကြီးစိတ်တွေပါပီး ပွီုင့်ဖိုက်ကြီးကို ဂျွိုင့်ကနေ ဖြုတ် ရင်ဘတ်ထဲပွေ့ပီး ဂတုန်းတွေကို ခြေလျင်ကမောင်တွေနဲ့အတူ ပွဲတော်ကြီးနွှဲနေလေရဲ့ဗျာ … ခြေလျင်က မောင် တွေကလဲ မပစ်စေခြင်ကြရှာဘူး ဂုန်နီအိတ် တလုံးတောင်ရှာပီး အဖိုးကြီးလက်ထဲထဲ့ပေးထားကြတယ် ..” “ ဂွတ်ဗျာ .. ဒါမှ .. ကျုပ်တို့ အဖိုးကြီးဗျ .. ကွတ်ခိုင်ပြန်ရောက်ရင်… အာမီ ၁ တော့ ပေးရသေးတာပေါ့ ဟဲဟဲ ..”
“ ကဲ ဆရာထက်အောင် မောင်ရင့်ကားက ပုလဲပု မြန်လဲမြန်ဆိုတော့ ပွိုင်းပြေးကွာ… ရဲဘော် ၄ ယောက်လောက် ဟို ဗိုလ်ချာတိတ် ဆီကတောင်းပီး မင့်ကားနောက်တင်သွား … ငါ အလည်ကလိုက်မယ် .. ဗိုလ်ကြီး .. ခင်များတပ်စု နဲ့ ဟိုအောက်က M37 တစ်စီး နဲ့ ကျုပ်ကားတွေနောက်က အခြေအနေကြည့် လိုက်ခဲ့ဗျာ … Be alert နော် ဗိုလ်ကြီး ..” “စိတ်ချပါ ဆရာကြီး ရ…”
အနောက်ဘက်မှ အငယ်သံ အကြီးသံများ တဖြေးဖြေးဝေးလာသည်နှင့် တံတားက နီးလာလေပြီ .. ထက်အောင် ကားမှာ အရှိန်သတ်ရပ်ပြီး ထက်အောင် ကားပေါ်မှဆင်းလာသည်၊
 
 “ ဆရာကြီး ဒီရိုးလေးက ဆင်းသွားရင်တောလမ်း နဲ့ ကိုက် ၃၀၀ လောက်ဆို တံတားဘေးရောက်တယ်ဗျ ..ဒီ ၁၀၈ က ဆရာ က သူဒီဂွင်တွေ ကို မျက်စေ့မှိတ်ရှောက်လို့ရတယ်တဲ့..” “ ကဲ ဗိုလ်ကြီး ခင်ဗျား ရဲဘော် နှစ်ယောက်လောက် ထောက်ကင်း လွှတ်ခြင်တယ်ဗျာ” “ ဆရာကြီး သဘောဘဲ .. ကျွန်တော့် ကိုကော သူတို့ကိုကော အမိန့်ပေးပါ ဆက်လုပ်ပါမယ် .. G2 နှုတ်မိန့်ပေးသွားပါတယ်” “ထက်အောင် မင်း ကိုယ်တိုင် လိုက် သွား.. သေသေချာချာ ကြည့်ခဲ့ပီး ငါနဲ့ ဗိုလ်ကြီးကို ပြန်သတင်းပို့ အချိန် မိနစ် ၂၀ ဘဲ .. မင်းပြန်လာလာ မလာလာ ၁၂း၃၀ ဆို တို့ ၀င်မှာ ခု ၁၂း၀၀ ဒါဘဲ …” ထက်အောင်တို့ပြန်လာ၍…………. “အေး ဟုတ်ပီ … ထက်အောင် … မင့်ကား နောက် ငါ့ကားရှေ့ ဗိုလ်ချာတိတ် တပ်က ခြေလျင် ၀င်မယ် ငါ HE နှစ်လုံး ထုပီးတာနဲ့ မင့် ဘရောင်နီ ၇.၉၂ ကော ဒရိုင်ဘာဘေးက ၇.၆၂ ကော နှစ်လက်လုံး ဖြန့်ပစ်ကွာ.. ရှင်းလား” “ ဟုတ်” “ ဆရာ နန္ဒ အမြှောက် နှစ်ချက် ပစ်ပီးတာနဲ့ ခင်များ ၇.၉၂ ကိုသာ ဆွဲပေတော့ဘဲ ဟုတ်ပလား” “Yes” …..
အချုပ်ဆိုသော် …. နေ့လည် ၁ နာရီမထိုးခင်မှာပင် နမ့်ဖတ်ကာ တံတားအား ရရှိပီး ဗမာစကား လုံးဝမတတ်ဘဲ ဂတုန်း တုံးထားသော ရန်သူ ၃ ယောက်အား ဒဏ်ရာနှင့် ရှမ်းစကား တတ်သော ရန်သူတယောက် အား ဘာဒဏ်ရာမျှမရှိ ဖြင့် ဖမ်းဆီမီပြီး အလောင်း ၂ လောင်း လက်နက် မျိုးစုံ ၇လက် ရပါသည်။ 
 
မူဆယ်သို့လည်း ကတိပေးထားသည့် အတိုင်း နေ့ခြင်းဖြစ်သည့် ည ၈ နာရီကျော်ကျော်ခန့် တွင်ဗျူဟာမှုး နှင့် ပစ္စည်းများ။ကားများအား ပို့ဆောင်နိုင်ခဲ့သည်၊ မိမိဘက်မှ ခမရ ၁၀၈ မှ စစ်သည် ၁ ဦးကျဆုံး၍ ၃ဦး ဒဏ်ရာရကာ တီအီး တစီးနှင့် ပါဝင်ပစ္စည်းများ မီးလောင်ပျက်စီးသွားသည်။ ရန်သူ့ ဆုံးရှုံးမှုမှာ ပြောင်းခင်းတိုက်ပွဲတွင်ပိုမိုအထိနာနိုင်ပေသည်။ ဆရာကို ကံကောင်းသွားသည်မှာ သူတို့မရောက်ခင် လေးတင် တံတားအား လုံခြုံရေးယူထားသည့် ရန်သူအင်အား အများစု အား ဘာအကြောင်းမှန်းမသိဘဲ သူတို့ဋ္ဌာနချုပ်မှ ပြန်ခေါ် သွားသောကြောင့် ဖြစ်သည်။
 
 
နောက်ပိုင်းမှ ထောက်လှမ်းရေး သတင်းများအရ သိရသည်မှာ တိုက်ပွဲစစခြင်း ပစ်လွှတ်လိုက်သော ဟမ်းဘားကြီး၏ အမြှောက်ဆန် ၃ လုံးမှ ပျောက်သွားသော အမြှောက်ဆန်မှာ တောင်ကိုကျော် ၍အနောက်ဘက်တွင် တိုက်ပွဲစီမံချက်ပြင်ဆင် တိုင်ပင်နေသော ဗကပ ခေါင်းဆောင် နှစ်ဦးနှင့် တဘက်နိုင်ငံမှ စစ်အကြံပေးဆိုသူများအား တစစီဖြစ်အောင် သမပစ်လိုက် ကြောင်း နှင့် ပြောင်းခင်းတိုက်ပွဲတွင် တရုပ် သန္ဓေစစ်သားများအပါအ၀င် ဗကပ ၁၀၀ ကျော် သံချပ်ကာတပ်ဖွဲ့၏ ပွိုင့်ဖိုက်စာ နှင့် အမြှောက်စာအပြင် ခမရ ၁၀၈ မှ စစ်သူရဲများ၏ ပြောင်မြောက်သောလက်သံကြောင့် အီစလံဝေသွားပါကြောင်း …..

Ttk.ots73
 
ဆက်ရန်မျှော်
— with Maung Paing and 19 others.


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...