Image may be NSFW.
Clik here to view.
(အပိုင်း ၂) ငါ့အဖေ။ (အဆက် ၃)
ဒီလိုနဲ့အဖေလဲ ခလရ(၂၇)မှာ ၁၉၇၀ခုနှစ် ဒီဇင်ဘာ လောက်ကနေ ၁၉၇၃ ခုနှစ် မေ လောက်အထိ ၂ နှစ် ကျော်ကျော် လောက် တာဝန်ထမ်းဆောင်ပြီး မြစ်ဝကျွန်းပေါ်တခွင် နဲ့ ပဲခူးရိုးမ အနောက်ခြမ်း နှံ့ခဲ့တယ်တဲ့လေ။ အဲမှာ ကျုပ်မှတ်မိတဲ့ တိုက်ပွဲတပွဲ သွားသတိရ တယ်ဗျာ …..
မြူခိုးဝေတဲ့နွေဦးကာလ မို့လေလား ….. ရှစ်ခွင်တိုင်းက မမှိုင်းမှုန်နေပေမဲ့ ကြည်လင်ရွှန်းမြနေခြင်းတော့ အလျှင်း မရှိ နိုင်ပါသေး .. မကြာမှီလာတော့မည့် မြန်မာနှစ်ကူး သင်္ကြန်ကို လူထု (တနည်းအားဖြင့်) လူ့အဖွဲ့အစည်းဘောင်အတွင်း မှ လူသား မြန်မာတွေ မျှော်လင့်စောင့်စား စိတ်ကူးယဉ်နေကြမှာ ဖြစ်ပေမဲ့ … ဆရာကြီး ကိုကို နဲ့ သူ့ ရဲဘော် ၂၃ ယောက်ကတော့ နေ့လာမှာလား ညလာမှာလား ခြိမ်းခြောက်နေတဲ့ ဗကပ ဗဟို၏ အထူးတပ်များဖြစ်သော အောင်နိုင်တပ်၊ အောင်ဇေယျတပ် ၊ တိုက်တိုင်းအောင်တပ် များအား ၂၄ နာရီ အသင့် အနေအထားဖြင့် ရင်ဆိုင်ရန် ပြင်ဆင်ထားရသည်မှာ ရက်ပင် အတော်ညောင်းလာခဲ့ပါပကော … “ လခွီးဘဲကွာ .. တေဂျင်းဇိုးတွေ လာရင်လဲလာပါလား … တိုက်ဆိုတိုက်ပြီး သေစရာရှိလဲသေလိုက်ကြတာကမှ ကောင်းသေး .. ခုတော့ .. ထမင်းစားလဲ ဒီထဲ .. အိပ်လဲ ဒီထဲ တော်သေးတယ် အပေါ့အလေး အပြင်သွားရလို့” နာဂ ရဲဘော်လေး နားအော် ၏ ညီးတွားသံကြောင့် သူ့တပ်စိတ်မှုး ချင်းအမျိုးသား တပ်ကြပ် ခန်လျန်ထောင်း တပည့်ဖြစ်သူအားသမင်လည်ပြန် လှည့်ကြည့်ယင်း .. ခုလေးတင်က ဖိုကြီးအဖွဲ့ လာချပေးသွားသော ထမင်းပုံးနှင့် ဟင်းပုံးအား ဆက်သွယ်ရေးမြောင်း ဘောင်ပေါ်မှ အောက်သို့ချကာ .. “ဟဲ့ကောင် .. ကျန်တဲ့ ကောင်တွေ သွားခေါ် ထမင်းစားမယ်လို့” “ ဖိုးဆိတ် ကို ကင်းတို ထုတ်ထားတဲ့ ငပိန် နဲ့ လဲလိုက် ကင်းချိန်းမှဘဲ ထမင်းစားလို့ပြောလိုက်”
တပ်ရင်းနောက်တန်းဋ္ဌာနချုပ်မှ ဆရာကို တို့ အဇွဲ့ ထွက်လာသည်မှာ ၂ လ ခွဲ ခန့်ရှိပြီ .. ရန်ကုန်ပြည်ကားလမ်းပေါ် ရှိ ကြို့ပင်ကောက်မြို့ကလေးမှ အရှေ့မြောက်ဘက် မိုင် ၂၀ ခန့် ရိုးမတောင်ခြေ သစ်ထုတ်လုပ်ရေး စခန်းတခုဖြစ်သော ၀ိုင်းကျေးရွာ ၌တပ်စွဲထားသည့် ရှေ့တန်း အမှတ် (၃၅) ခြေလျင်တပ်ရင်း အမှတ်(၃) တပ်ခွဲ အား သတင်းပို့ ကာ ရတ ခလရ (၃၅) တပ်ခွဲ (၃) ၏ စီမံချက်အတိုင်း ၀ိုင်းစခန်း ၏ အနောက်မြောက်ဘက် (၆)မိုင်အကွာ ရိုးမစွယ်တခုပေါ်ရှိ ဇကလေး စခန်း အား ရတ ခလရ (၂၇) တပ်ခွဲ (၂) မှ ဒု/အရခဗ ကိုကို ဦးစီး အင်အား၂၄ ယောက် ပါ တပ်စုတစ်စု အခြေပြု နေခဲ့သည်မှာ ၁ လ တောင်ကျော်လို့ ရက်တော်တော် စွန်းခဲ့လေပြီ။
ယခုသီတင်းပါတ် အတွင်း ဆရာကို တို့ တပ်စု နဲနဲ လှုပ်လှုပ်ရှားရှားဖြစ်နေကြသည်။ ရန်သူ့သတင်းအနည်းငယ်ထူး ခြားနေသောကြောင့်ဖြစ်သည်။ တပ်မ (၇၇) ၏ ထပ်ချက်လိုက်စစ်ဒဏ် ကို ရေရေလည်လည် ခံစားနေရသော ဗကပ ဗဟိုသည် ၊ သခင်သန်းထွန်း မရှိတော့သည့် နောက်တိုက်ကွက် သိပ်မဖေါ်နိုင်တော့ဘဲ အပြေးသံသရာလည်နေသော .. ဇင် နှင့် ချစ် တို့၏ နောက်ဆုံးအားထားရာ တိုက်တိုင်းအောင်တပ် နှင့် အောင်နိုင်တပ် ပူးပေါင်း အင်အား ၁၅၀ ခန့်သည် ရိုးမ အရှေ့ခြမ်းမှ တပ်မတပ် များ၏ ရန်မှ ရှောင်ရှားယင်း ရိုးမအနောက်သို့ ပြိုဆင်းလာကြောင်း ၊ အနောက်ခြမ်း မှ စခန်းငယ်များအား ကောက်သင်းကောက်တိုက်ယင်း လက်နက် နှင့် ရိက္ခာ ရှာနေကြကြောင်း သတင်းများရရှိထားသဖြင့် ဇကလေးစခန်းရှိ ဆရာကိုတို့ ပေါ့ပေါ့မနေရဲပေ။
သေရဲ၊ သတ်ရဲ၊ တိုက်ရဲ တယ်ဆိုတဲ့ ရဲနီ နှင့်ရဲနီမ များ၏သတင်းများကလည်း ရှေ့တန်းသတင်းများအား အမှီပြု၍ အရူးများကဲ့သို့ တိုက်ကြကြောင်း ရဲဘော်များကြား ကောလဟလ သဖွယ်ပြန့်လွင့်နေပေသည်။ ထို့ကြောင့် ဆရာကိုအနေနှင့် သူ့ရဲဘော်များအားစိတ်ဓါတ်စစ်ဆင်ရေး ဖြင့် စိတ်အားသွင်းပေးရပေတော့မည်။
“ဆရာကြီးကန့်နီ ညနေ တန်းစီကွင်းမှာ ရဲဘော်အားလုံး ကင်းတာဝန်မှအပ စုပေးထားပါ၊ NCO တွေကောဘဲ” “ဟုတ်” တပ်စု တပ်ကြပ်ကြီး ဆရာကြီးကန့်နီအား မှာစရာရှိတာမှာပြီး ညနေဒီကောင်တွေကိုတော်ကီလွှတ်ဖို့ပြင်အုံးမှဟု စိတ်ကူးလျက် ..တွေးမိရာရာများအား ချရေးထားလိုက်သည်။ (ဒီနေရာမှာ .. ဘော်ဒါတို့သတိထားမိရင်ထားမိကြပါလိမ့်မယ် စစ်သားတွေပိုသိကြမှာပါ ခြေလျင်မှာ သိပ်တွေ့ဘူးကြမယ်မထင်တဲ့ ဒုအရခဗ တစ်ယောက်ရဲ့ ပုံရိပ်ပါ - ဟုတ်ကဲ့ ကျွန်တော့ အဖေပါဗျာလွန်ခဲ့တဲ့ နှစ် ၄၀ လောက်ကပါ သူဟာ သူ့ခေတ်ကစစ်သားကြီးတွေ မနေ့ကမိတ်ဆွေတယောက် Online မှာပြောသလို ME ကြီးတွေရဲ့မြန်မာ့တပ်မတော်ခေတ်ကို ကိုယ်စားပြုနေတာပါ) ME = Military Expert
အဲဒါနဲ့ပဲ ညနေ Rollcall ပေါ့လေ အဲ့မှာ ဆရာကို သူ့တပည့်တွေကို မှာတမ်းချွေပါတယ် … “ကဲ .. အားလုံးဘဲ .. မင်းတို့ ငါတို့တွေဟာ ၂ နှစ် ၃ နှစ် လင်မယားနီးပါးအတူနေလာကြတာ ….” “ဟင်း …တားတားကြောက်ကြောက် ဆရာကြီးက မုတ်ဆိတ်တွေနဲ့ ...” “ ဟေ့ကောင် ဘီလူး နိုင်ငံတော်အလံရှေ့မှာ အထက်အရာရှိ ကတန်းစီ စကားပြောနေတဲ့ နေရာကွ မင်းသွားသွားနေတဲ့ --ာတန်းမှတ်လို့လား .. ဖျောင်း” ဆရာကြီးကန့်နီ၏ လက်ဖ၀ါးကြီး ဘီလူး၏ဂုတ်ပိုးနှင့် ဖူးစာဆုံသွားလေပြီ။ “အဲ့ဒီတော့ လူသစ်တွေကလွဲလို့ အားလုံး အကြောင်းသိတွေ ဘယ်ကောင်ဘယ်အချိုးချိုးမယ်ဆိုတာ ငါနဲ့ ဆရာ ကန့်နီ အကုန်နီးပါးသိနေတယ်ဆိုတာ မြဲမြဲမှတ်ထားပါ” “ဒီတော့ ရှည်ရှည်ဝေးဝေး ဘာမှမပြောခြင်ဘူး မင်းတို့ အားလုံးဟာ ပြည်ထောင်စုရဲ့စစ်သည်တော်တွေဖြစ်တဲ့အတွက် (ထိုစဉ်က - ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာ နိုင်ငံ တော် မဖြစ်သေးပါ) စစ်သည်တော်ကျင့်ဝတ်တွေကို စာတတ်တဲ့သူက ကိုယ့်ဟာကို ဖတ်လို့ဘဲဖြစ်ဖြစ် စာမတတ်တဲ့ ကောင်တွေကလဲ သူများတွေဖတ်ပြလို့ဖြစ်ဖြစ် သိပီးနေဘီဘဲ။ တခုဘဲပြောမယ် .. တို့ဟာ သူပုန်တပ်မဟုတ်ဘူး အစိုးရတပ်ကွ .. တို့မှာ စစ်ဝတ်၊ ရိက္ခာ၊ လက်နက်ခဲယမ်း ဘာမှ ကိုယ်ဖာသာ ရှာစရာမလိုဘူး၊ အစိုးရက အားလုံး လုံလောက် ပိုလျှံစွာ ထောက်ပံ့ပေးပြီးသား တို့တာဝန်က တို့မှာရှိတဲ့လက်နက်တွေနဲ့ တို့ကျင့်ထားတဲ့စစ်ပညာတွေကို တို့တာဝန်တို့ကြေရမယ်ဆိုတဲ့ တို့စစ်သားတွေရဲ့ အရေးအကြီးဆုံးဖြစ်တဲ့ တိုက်လိုခိုက်လိုစိတ်ထဲ ကို ထဲ့ထားပီးတိုက်မယ် ဆိုရင် … မင်းတို့ … ဖြုန်နေတယ်ဆိုတဲ့ ရဲနီအရူးတွေကို ဘာမနိုင်စရာရှိလဲကွာ …ငါ့ကောင်တွေ” “ သတင်းပို့ခွင့်ပြုပါ” “ဟေ့ကောင်” “ နေပါစေ ဆရာကန့်နီ .. ကဲပြော ဘီလူး ..” “ ဒီ..ဒီလိုပါဆရာကြီး … ရဲနီတွေထဲမှာ ရဲနီအထီးတွေကိုတော့ ကျွန်တော်က အစိမ်းတောင် စားပြလိုက်အုံးမယ် ..အဲ ..ဒါပေမဲ့ ..ရဲနီမတွေကိုကြတော့ … “ “ဒါဆိုလဲ ..မင်းသူတို့.. သတ်တာခံလိုက်ပေါ့ကွာ” “ တခုတော့ရှိတာပေါ့ .. မင်းတင်မကဘဲ မင်းရဲဘော်ရဲဘက်တွေပါ ပါကုန်မှာကွ” “ ဟား .. ရဘီ ဆရာကြီး ကျွန်တော် အထီးကော အမကော အသေသတ်မယ်ဗျာ .. အမှန်က အထီးတွေထက် အမတွေက ပိုတောင်ဆိုးသေး”
“ ကဲ .. ဘာသတင်းပို့စရာ ရှိလဲ …"“ မရှိပါဘူး” "ဆရာကြီး ကျွန်တော်ကတော့ ဆရာကြီးကိုယုံပီးသား ဆရာကြီးကလက်ပတ်နာရီ ၂ လုံးတောင်ရှိတာ ကျန်တဲ့ တပ်စုမှုးတွေကတလုံးထဲ... ဟီးဟီး" ....ဟကောင်ဘီလူး.... … “ ဆက်လုပ် …………. O group ပီးရင် ငါ့အခန်းထဲလိုက် ခဲ့ကြ”
မှတ်ချက် ။ ။ ထိုခေတ်က အရာခံဗိုလ်များအတွက်ရာထူးတံဆိပ်မှာ နိုင်ငံတော် တံဆိပ်အား လက်ပတ်ကြိုးဖြင့် လက်ကောက်ဝတ်တွင်ပတ်ထားရခြင်းဖြစ်သည်။
ttkots73
ဆက်ရန်မျှော်—
Image may be NSFW.
Clik here to view.

(အပိုင်း ၂) ငါ့အဖေ။ (အဆက် ၃)
ဒီလိုနဲ့အဖေလဲ ခလရ(၂၇)မှာ ၁၉၇၀ခုနှစ် ဒီဇင်ဘာ လောက်ကနေ ၁၉၇၃ ခုနှစ် မေ လောက်အထိ ၂ နှစ် ကျော်ကျော် လောက် တာဝန်ထမ်းဆောင်ပြီး မြစ်ဝကျွန်းပေါ်တခွင် နဲ့ ပဲခူးရိုးမ အနောက်ခြမ်း နှံ့ခဲ့တယ်တဲ့လေ။ အဲမှာ ကျုပ်မှတ်မိတဲ့ တိုက်ပွဲတပွဲ သွားသတိရ တယ်ဗျာ …..
မြူခိုးဝေတဲ့နွေဦးကာလ မို့လေလား ….. ရှစ်ခွင်တိုင်းက မမှိုင်းမှုန်နေပေမဲ့ ကြည်လင်ရွှန်းမြနေခြင်းတော့ အလျှင်း မရှိ နိုင်ပါသေး .. မကြာမှီလာတော့မည့် မြန်မာနှစ်ကူး သင်္ကြန်ကို လူထု (တနည်းအားဖြင့်) လူ့အဖွဲ့အစည်းဘောင်အတွင်း မှ လူသား မြန်မာတွေ မျှော်လင့်စောင့်စား စိတ်ကူးယဉ်နေကြမှာ ဖြစ်ပေမဲ့ … ဆရာကြီး ကိုကို နဲ့ သူ့ ရဲဘော် ၂၃ ယောက်ကတော့ နေ့လာမှာလား ညလာမှာလား ခြိမ်းခြောက်နေတဲ့ ဗကပ ဗဟို၏ အထူးတပ်များဖြစ်သော အောင်နိုင်တပ်၊ အောင်ဇေယျတပ် ၊ တိုက်တိုင်းအောင်တပ် များအား ၂၄ နာရီ အသင့် အနေအထားဖြင့် ရင်ဆိုင်ရန် ပြင်ဆင်ထားရသည်မှာ ရက်ပင် အတော်ညောင်းလာခဲ့ပါပကော … “ လခွီးဘဲကွာ .. တေဂျင်းဇိုးတွေ လာရင်လဲလာပါလား …
တပ်ရင်းနောက်တန်းဋ္ဌာနချုပ်မှ ဆရာကို တို့ အဇွဲ့ ထွက်လာသည်မှာ ၂ လ ခွဲ ခန့်ရှိပြီ .. ရန်ကုန်ပြည်ကားလမ်းပေါ် ရှိ ကြို့ပင်ကောက်မြို့ကလေးမှ အရှေ့မြောက်ဘက် မိုင် ၂၀ ခန့် ရိုးမတောင်ခြေ သစ်ထုတ်လုပ်ရေး စခန်းတခုဖြစ်သော ၀ိုင်းကျေးရွာ ၌တပ်စွဲထားသည့် ရှေ့တန်း အမှတ် (၃၅) ခြေလျင်တပ်ရင်း အမှတ်(၃) တပ်ခွဲ အား သတင်းပို့ ကာ ရတ ခလရ (၃၅) တပ်ခွဲ (၃) ၏ စီမံချက်အတိုင်း ၀ိုင်းစခန်း ၏ အနောက်မြောက်ဘက် (၆)မိုင်အကွာ ရိုးမစွယ်တခုပေါ်ရှိ ဇကလေး စခန်း အား ရတ ခလရ (၂၇) တပ်ခွဲ (၂) မှ ဒု/အရခဗ ကိုကို ဦးစီး အင်အား၂၄ ယောက် ပါ တပ်စုတစ်စု အခြေပြု နေခဲ့သည်မှာ ၁ လ တောင်ကျော်လို့ ရက်တော်တော် စွန်းခဲ့လေပြီ။
ယခုသီတင်းပါတ် အတွင်း ဆရာကို တို့ တပ်စု နဲနဲ လှုပ်လှုပ်ရှားရှားဖြစ်နေကြသည်။