Quantcast
Viewing all articles
Browse latest Browse all 1811

ငါ့အဖိုး၊ ငါ့အဖေ၊ ငါ နဲ့ ငါ့သား အပိုင်း ၂(၅)

Image may be NSFW.
Clik here to view.
Photo: ငါ့အဖိုး၊ ငါ့အဖေ၊ ငါ နဲ့ ငါ့သား   (အပိုင်း ၂) ငါ့အဖေ။ (အဆက် ၅)   “ ဒုံး .. ဒလုံး .. ဂျိမ်း … ၀ုံး …..”  မိုးချိမ်းသံများကြောင့် ဆရာကို လန့်နိုးလာသည်၊ ရုတ်တရက် လက်ပတ် နာရီ ကိုကြည့်လိုက်တော့ နံက် ၄း၃၅ နာရီ ညက နံက် ၂ နာရီ ကျော်မှ ကင်းတပတ် လိုက်စစ်ပြီး တမှေး အိပ်ပျော်သွားသည် ကို သတိရမိသည်။ အီကွင်းမင့် (Equipment) စစ်ချပ်ဝတ်များ ကောက်ဝတ် တောစီး ပြန်စီးယင်း အခန်းပြင် သို့လှမ်းထွက်ခဲ့သည်။ အော် ဆရာကန့်နီ ကင်းစစ်သွားတာထင်တယ် .. ဘယ်သူမှ မရှိပါလား ..အုံး  … အုံး …. အုံး … ဟိုက်မိုးချိမ်းသံ နဲလဲ မတူတော့ပါလား ဟ … ဆရာ ကန့်နီ နှင့် တကွ တစုလုံး Stand to ပါလား ……။  “ ဆရာကြိး အရှေ့တောင် ၅ မိုင်လောက်မှာ ကောင်းကင်နီရဲနေတယ် … မိုးချိမ်းသံတွေလဲ ကြားတယ် ဒါပေမဲ့ မတူဘူးဗျ ..” “ ဟာ ကိုကန့်နီရေ ၀ိုင်းစခန်းဗျ .. ရန်သူ … ၀ိုင်းစခန်းကို စီးနေဘီဗျ …”  “ဟာမဖြစ်နိုင်တာ ဆရာကြီးကလဲ .. ကျွန်တော် တို့ လူ ၂၀ လောက်ကို ကျော်ပီး ဟိုက လူ ၁၀၀ လောက်ရှိတဲ့ တပ်ခွဲ စခန်းကို သွားပါ့မလား …” “ ကဲ ကိုကန့်နီ ငြင်းမနေနဲ့တော့ ကျုပ်ကို တပ်စိတ်တစိတ် ပြင်ပေးထားပေတော့ အပြင်က သစ်ထုတ်ရေး ကားသုံးစီး ကိုလဲ အထဲ နှစ် စီးသွင်းထား နောက်တစီး ကို ကျွန်တော် တို့ အတွက်ထားလိုက်”      “ ဗျာ …”   “မဗျာနဲ့ ကဲဘယ်တပ်စိတ်ရလဲ” “ဆရာသတိုး တပ်စိတ်ပါ ဆရာကြီး ..” “ ကဲ တပ်စိတ် သေချာ နားထောင်  ၀ိုင်းစခန်းကို ရဲနီတွေ ၀င်တီးနေဘီ ငါတို့ လိုက်မယ် စစ်ကူအနေနဲ့ မဟုတ်တောင် အခြေအနေကြည့် ပြီး လုပ်သင့်တာလုပ်ရမယ် ငါ့ အမိန့် မရ မခြင်း ကိုယ့်သဘောနဲ့ ဘာမှ မလုပ်နဲ့ ပစ်မိန့်မရ ဘဲ မပစ်နဲ့ ကြားလား” “ဟုတ်”  “သတိုး G4 ကို ခေါင်းခန်းအမိုးပေါ်တင်ထား စက်သမားဘယ်သူလဲ ..” “ မင်းသားကြီး ကျွန်တော်ပါ ဆရာကြီး” “ ဟ မင်းက ဒုတပ်စိတ်မှုး မဟုတ်လား” “ ဒုတပ်စိတ်မှုးလဲ ဘီလူးဘဲ စက်သမားလဲ ဘီလူးဘဲ ဆရာကြီး လူလေး ၆ ယောက်ထဲရှိတာကို “ “အေးပါကွာ …ပီးရော .. ဘယ်ညာ ရှေ့ သေချာထောက်သွား ဘီလူး” “ စိတ်ချ ..ဆရာကြီး”  ၀ိုင်းစခန်းနှင့် တဖြေးဖြေး နီးလာလေဘီ ခန့်မှန်း ၂မိုင်ခွဲ ခန့်အရောက် .. “ ဒုံး ဒုံး ဒုံး” “ ခေါင်မိုးကိုရိုက်သဟ .. ကားဆရာ ကားရပ်စမ်း ..” “ ဘာလဲသတိုး .. ဘာထူးခြားလဲ ..” ဘီလူးဝင်အော်သည် ..“ဆရာကြီး …ရှေ့ ကိုက်၂၀၀ လောက်က ချောင်းခြောက် နှုတ်ခမ်းမှာ လူရိပ်တွေ့တယ် ..”  “ အားလုံးဆင်း .. နေရာယူထားစမ်း …” “ဆရာကြီး သတိထား နော်” … ဆရာကို  ရှေ့၁၀ကိုက်ခန့်တက်၍ မြေအနေအထား ကို သုံးသပ်နေစဉ် … ဖုံး ဖုံး ဖုံး … ခြေသံ တဖုံးဖုံးနှင့် ပြေးလာသူတဦးကြောင့် အားလုံး အသင့်အနေအထားနှင့် ဖြစ်သွားသည်။ “ကျွန်တော်ပါ ကျွန်တော်ပါ မပစ်ပါနဲ့ ..”  သစ်ထုတ်ရေး မှ ယာဉ်မောင်းတဦးပါလား …. “ ဗိုလ်ကြီး ကွန်မြူနစ်တွေ ၀ိုင်းစခန်းကို သိမ်းသွားပီ … ဟိုက ဗိုလ်မှုးလဲ သေသွားပီ … ရဲဘော်တွေလဲ … သေတဲ့သူသေ .. ပြေးတဲ့သူ .. ပြေး နဲ့ ခွေးပြေးဝက်ပြေးဘဲ …” “ ဖောင်း … အင့် …” အော် မောင်ဘီလူး ..သူ့ရဲဘော်တွေ ကို ခွေးပြေးဝက်ပြေး ပြောလို့ .. သစ်ထုတ်ရေး ၀န်ထမ်းအား ပိတ်ကန်လိုက်ခြင်းဖြစ်သည်။   “ ---ီး ခွေးပြေးဝက်ပြေးလား ပိတ်ပစ်လိုက်လို့ မင်းမှ ခွေးသေ၀က်သေ သေသွားမယ်” “ ဘီလူးနေစမ်း ငါမေးအုံးမယ် .. မင်းဘယ်လိုလုပ်လွတ်လာတာလဲ”   “ကျွန်တော် သစ်ပုံနောက် အသာပုံးနေပီး အခွင့်ရတာနဲ့ ဇကလေးဘက်ပြေးလာတာ” ကျွန်တော့ရွာက ဇကကြီးဘဲ” “ ဒီကောင်တွေ ဘာတွေလုပ်နေလဲ မင်းမြင်သလောက်ပြောစမ်း” “ သူတို့ .. ကားတွေမီးရှို့တယ် စက်ကြီးတွေကိုကောဘဲ … ပီးတော့ စတိုထဲက သေနတ်တွေ ကျည်ဆံတွေ ယူနီဖောင်းတွေသယ်ထုတ်နေတယ် တချို့ကောင် တွေက ထမင်းတွေ ခိုးစားနေတယ် … သစ်ပုံတွေကိုလဲ ဆီတွေ လောင်းမီးရှို့နေတယ် … ဓါတ်ဆီပုံးတွေကိုလဲ မီးတွေရှို့နေတာ … တအုံးအုံးဘဲ “ အော် မိုးချိမ်းသံလို့ ထင်မိတာ ဓါတ်ဆီ ပုံး တွေ ပေါက်ကွဲတဲ့ အသံကိုး … “ အေး ကျေးဇူးဘဲဗျာ … ကိုဖိုးထောင် .. ဒီဝန်ထမ်း ကို ခင်ဗျားသိတယ်မဟုတ်လား” ဟုတ်ကဲ့ “ဒါဆို ခင်ဗျားနဲ့ သူ ကားယူပီးပြန်တော့ စခန်းကြရင် တပ်ကြပ်ကြီး ကို အရင်အစီအစဉ်အတိုင်းဘဲလို့ မှာလိုက်တယ်ပြော … စခန်းကို အလုံပိတ်လိုက်ပါလို့ မှာလိုက်တယ်ပြောလိုက် ..သွားလိုက်တော့” “ ကျေးဇူးကြီးလှပါတယ် ဆရာကြီးရယ် …”  “ဟာဟေ့လူ ဘာလို့ ထိုင်ကန်တော့ နေတာလဲဟ “ “ဟား ဟား ဆရာကြီးကသူတို့ကို ပြန်လွှတ်လိုက်တော့ မသေတော့ ဘူးဆိုပီး ထိုင်ကန်တော့သွားတာပေါ့  ဟား  ဟား “ “ ကျွန်တော့ ကော ထိုင်ကန်တော့ရင် ပြန်လွှတ်ပေးမှာလား” “မင်း ကကော ပြန်သွားခြင်လို့လား ဘီလူးရ” “ ကျွန်တော်က ပြန်မလွှတ် အောင် ထိုင်ကန်တော့ မလို့” တေဂျင်းဇိုး ဘီလူး” “ကဲ …သတိုးရေ … ချောင်းခြောက် ဒီဘက်ကူးလို့ ရတဲ့ ထိပ်မှာ ယာယီခံစစ်ယူမယ်ဟေ့ “ ….. ဆရာကြီး ၀ိုင်းဘက်က တပ်ခွဲတခွဲစာလောက် လူတွေ တက် လာတယ် “  ရခိုင်ရဲဘော်လေး ဦးသာကျော် လှမ်းသတင်းပို့ သဖြင့် သူ့အနား သွား၍ ချောင်းတဘက် သို့မျှော်ကြည့်လိုက်သည် … လား လား … လူ ၅၀ ခန့် ရှိမည့် စစ်ကြောင်းတကြောင်း … တပ်မတော် ယူနီဖောင်းများ နှင့် ဘက်တောင် လှမ်းမြင်နိုင်သည် မောက်တို နှင့် လပခ ဘက်နှင့် သူ့လူတွေကို လှည့်ကြည့် လိုက်သည်၊  အားလုံး ဆရာသတိုး၏ ကြီးကြပ်နေရာချထားပေးမှု အတိုင်း စနစ်တကျပင်။ ဘီလူး၏ G4 ကြီးက ဆရာကို နှင့် ဦးသာကျော် တို့၏ မနီးမဝေးတွင် ဒေါက်ထောက်လျက် အသင့် … ချောင်းခြောက်မှာ ကိုက် ၁၀၀ သာသာ မျှသာရှိမည် ။ တဘက်စစ်ကြောင်း မှ ပွိုင့်များ တဘက်ကမ်းသို့ ရောက်လာပီး ဆရာကိုနှင့် ဦးသာကျော် အား တွေသွားသည် သို့သော် ၎င်းတို့ကအယောင်ဆောင်ထားသည့် အနေအထားအတိုင်း လှမ်းအော်သည်။ “ဟေး … ယောက်ဖတို့ ဘယ်တပ်ကလဲကွ .. … တို့က ၀ိုင်းက ၃၅ ပါ မင်းတို့ ဗိုလ်မပါဘူးလား “ လွဲနေဘီ သေချင်းစိုးတွေလွဲနေဘီ .. တပ်မတော်တွင် ဗိုလ်မပါဘူးလားကွ ဟူ သည့် တော်လှန်ရေးခေတ်က အသုံးအနှုံးမျိုးမသုံးတော့ပါ နောက်ပီး သူတို့ဘာတွေဆိုတာ သစ်ထုတ်ရေး ၀န်ထမ်း ကျေးဇူးကြောင့် သိပြီးဖြစ်နေသည်လေ။ ဦးသာကျော် က ဆရာကို့ ရှေ့ နှစ်ကိုက် သုံးကိုက် ခန့် အကွာတွင် မုဆိုးဒူးထောက်ကလေး ထိုင်လျက် G3 ဒင်အား မြေသို့ထောက်လျက် သူ့ ဆရာ၏ အမိန့် အားစောင့်စားနေသည်။ ဆရာကို ကတော့ အမေရိကန် မှ ပါလာသော Field Jacket ကြီးအားဝတ်လျက် ခါးထောက်ထားသဖြင့် ပစ္စတိုအိတ် ကို လှမ်းတွေ့ နိုင်သည့် အနေအထားပင် …. ကာဘိုင်ကတော့ ခုထိ လွယ်ထားသေးသဖြင့် ပုခုံးအနောက်၌ပျောက်နေပေသည်။  ထိုစဉ် …” ဟာအဲ့ဒီကောင် ဗိုလ် ဟေ့ … အဲ့ဒီကောင် ဗိုလ်ဟေ့ …. သူ့မှာ အတိုနဲ့ကွ ပစ် ပစ်” …. ဒက် ဒက်ဒက် ဒက်ဒက်ဒက် …. ရွှီ …..” အား … ဆရာကြီး … ကျွန်တော်ထိဘီ “…. “ဟာ …ဥိးသာကျော် … ဟေ့ကောင်” … “မလာနဲ့ …ဆရာကြီး ဒီမှာ ကျည်တွေထောက်နေတယ် “….” အားတင်းထား တပည့် ဆရာ လာဘီ … သတိုး မင့်ကောင်တွေ ပစ်ခိုင်း တော့ “  ဘီလူးတဲ့ကွ …. ဒက်ဒက်ဒက်ဒက်ဒက် …… ဘီလူးတကောင် ကတော့ တကယ့် ဘီလူးကြီးလို G4 ကို ရင်ခွင်ပိုက်၍ ပစ်တက် တက်သွားတော့သည်။ “ဟကောင်ဘီလူး နေရာယူပီးပစ်စမ်း” ဘီလူးလက်ချက်ဖြင့် ဆရာကိုတို့အားမဲနေသော … ရဲနီ ၅ယောက် ၆ယောက် ခန့် ထွေးကနဲ ဖြစ်သွားသည် ထိုအချိန်ကလေးမှာဘဲ ဆရာ သတိုး ပြေးတက်လာပီး ဦးသာကျော် အားဆွဲသွားသည် ။ “ ဖြစ်ရလေ ဆရာကြီးရယ် … “ အေးကွ ငါ့မထိဘဲ .. ဘယ့်နှယ် ရှေ့မှာထိုင်နေတဲ့ ကောင် ထိရတာလဲကွာ ..”  “ဆရာကြီး ဒီကောင် ပေါင် ထိတာ ဆရာကြီး မသေဘူး “ နန့်မီကလိုး ငါကဘာလို့သေရမှာလဲကွ.. ဆရာကြီး ဘယ်ထိသွားလဲ” “ နင့်အမေလင်က ဘာမှမဖြစ်လို့ ဟိုမှာ ရဲနီ တွေ ကို ကာဘိုင်စာကျွေးနေတယ်”  ဟင် .. တေဂျင်းဇိုး ပြန်မေ့သွားပြန်ဘီ … “ဆရာကြီး ဒီကောင်ကြာရင် သွေးထွက်လွန်ပီး အန္တရာယ်ဖြစ်နိုင်တယ်” “ ကဲ သတိုး .. မင့် တပ်စိတ် က ယုံ လိုက်လိုက် နေတဲ့ မောင်မောင်ကြီးကို ဒီနေရာ မြေအနေအထားမေးပီး ဆုတ်လမ်းရှာစမ်းကွာ” …….          “ဆရာကြီး … ဘယ်ဘက် ကိုက်အစိတ်လောက်မှာ ကျွဲဆင်းတဲ့ မြောင်တခုရှိတယ်တဲ့ … အဲ့ကနေ ချောင်းစွယ် အတိုင်းဆုတ်ရင် .. အပေါ်မှာလဲ မြရာပင်တွေ စီနေလို့ မျက်ကွယ်လဲကောင်းတယ်ပြောတယ် … နောက်ပီး … ကျွန်တော်တို့ စခန်း အနောက် ရွှေရင်စို့ ကုန်း ရေကင်းထားတဲ့ နေရာတန်းကနဲဘဲတဲ့”  “ အေး အဲ့တာ ငါ့ ခံစစ်စီမံချက်ထဲက ၀င်ပေါက်ဘဲပေါ့ … စကားဝှက်မှတ်မိတယ်နော် “ … “ ဟုတ် “ “ မင်းကောင်တွေ ခေါ်ပီး အဆင့်ဆင့် ဆုတ်ပေတော့ … ဦးသာကျော် ကို ဘီလူး ထမ်းလာလိမ့်မယ် “  ထိုစဉ် ဇကလေး စခန်းဘက် ဆီမှ သေနတ်သံများ ထွက်ပေါ်လာပေတော့သည်။  ttkots73 ဆက်ရန်မျှော် …


(အပိုင်း ၂) ငါ့အဖေ။ (အဆက် ၅)

“ ဒုံး .. ဒလုံး .. ဂျိမ်း … ၀ုံး …..” မိုးချိမ်းသံများကြောင့် ဆရာကို လန့်နိုးလာသည်၊ ရုတ်တရက် လက်ပတ် နာရီ ကိုကြည့်လိုက်တော့ နံက် ၄း၃၅ နာရီ ညက နံက် ၂ နာရီ ကျော်မှ ကင်းတပတ် လိုက်စစ်ပြီး တမှေး အိပ်ပျော်သွားသည် ကို သတိရမိသည်။ အီကွင်းမင့် (Equipment) စစ်ချပ်ဝတ်များ ကောက်ဝတ် တောစီး ပြန်စီးယင်း အခန်းပြင် သို့လှမ်းထွက်ခဲ့သည်။ အော် ဆရာကန့်နီ ကင်းစစ်သွားတာထင်တယ် .. ဘယ်သူမှ မရှိပါလား ..အုံး … အုံး …. အုံး … ဟိုက်မိုးချိမ်းသံ နဲလဲ မတူတော့ပါလား ဟ … ဆရာ ကန့်နီ နှင့် တကွ တစုလုံး Stand to ပါလား ……။
“ ဆရာကြိး အရှေ့တောင် ၅ မိုင်လောက်မှာ ကောင်းကင်နီရဲနေတယ် … မိုးချိမ်းသံတွေလဲ ကြားတယ် ဒါပေမဲ့ မတူဘူးဗျ ..” “ ဟာ ကိုကန့်နီရေ ၀ိုင်းစခန်းဗျ .. ရန်သူ … ၀ိုင်းစခန်းကို စီးနေဘီဗျ …” “ဟာမဖြစ်နိုင်တာ ဆရာကြီးကလဲ .. ကျွန်တော် တို့ လူ ၂၀ လောက်ကို ကျော်ပီး ဟိုက လူ ၁၀၀ လောက်ရှိတဲ့ တပ်ခွဲ စခန်းကို သွားပါ့မလား …” “ ကဲ ကိုကန့်နီ ငြင်းမနေနဲ့တော့ ကျုပ်ကို တပ်စိတ်တစိတ် ပြင်ပေးထားပေတော့ အပြင်က သစ်ထုတ်ရေး ကားသုံးစီး ကိုလဲ အထဲ နှစ် စီးသွင်းထား နောက်တစီး ကို ကျွန်တော် တို့ အတွက်ထားလိုက်” “ ဗျာ …”
“မဗျာနဲ့ ကဲဘယ်တပ်စိတ်ရလဲ” “ဆရာသတိုး တပ်စိတ်ပါ ဆရာကြီး ..” “ ကဲ တပ်စိတ် သေချာ နားထောင် ၀ိုင်းစခန်းကို ရဲနီတွေ ၀င်တီးနေဘီ ငါတို့ လိုက်မယ် စစ်ကူအနေနဲ့ မဟုတ်တောင် အခြေအနေကြည့် ပြီး လုပ်သင့်တာလုပ်ရမယ် ငါ့ အမိန့် မရ မခြင်း ကိုယ့်သဘောနဲ့ ဘာမှ မလုပ်နဲ့ ပစ်မိန့်မရ ဘဲ မပစ်နဲ့ ကြားလား” “ဟုတ်” “သတိုး G4 ကို ခေါင်းခန်းအမိုးပေါ်တင်ထား စက်သမားဘယ်သူလဲ ..” “ မင်းသားကြီး ကျွန်တော်ပါ ဆရာကြီး” “ ဟ မင်းက ဒုတပ်စိတ်မှုး မဟုတ်လား” “ ဒုတပ်စိတ်မှုးလဲ ဘီလူးဘဲ စက်သမားလဲ ဘီလူးဘဲ ဆရာကြီး လူလေး ၆ ယောက်ထဲရှိတာကို “ “အေးပါကွာ …ပီးရော .. ဘယ်ညာ ရှေ့ သေချာထောက်သွား ဘီလူး” “ စိတ်ချ ..ဆရာကြီး”
ဝိုင်းစခန်းနှင့် တဖြေးဖြေး နီးလာလေဘီ ခန့်မှန်း ၂မိုင်ခွဲ ခန့်အရောက် .. “ ဒုံး ဒုံး ဒုံး” “ ခေါင်မိုးကိုရိုက်သဟ .. ကားဆရာ ကားရပ်စမ်း ..” “ ဘာလဲသတိုး .. ဘာထူးခြားလဲ ..” ဘီလူးဝင်အော်သည် ..“ဆရာကြီး …ရှေ့ ကိုက်၂၀၀ လောက်က ချောင်းခြောက် နှုတ်ခမ်းမှာ လူရိပ်တွေ့တယ် ..” “ အားလုံးဆင်း .. နေရာယူထားစမ်း …” “ဆရာကြီး သတိထား နော်” … ဆရာကို ရှေ့၁၀ကိုက်ခန့်တက်၍ မြေအနေအထား ကို သုံးသပ်နေစဉ် … ဖုံး ဖုံး ဖုံး … ခြေသံ တဖုံးဖုံးနှင့် ပြေးလာသူတဦးကြောင့် အားလုံး အသင့်အနေအထားနှင့် ဖြစ်သွားသည်။ “ကျွန်တော်ပါ ကျွန်တော်ပါ မပစ်ပါနဲ့ ..” သစ်ထုတ်ရေး မှ ယာဉ်မောင်းတဦးပါလား …. “ ဗိုလ်ကြီး ကွန်မြူနစ်တွေ ၀ိုင်းစခန်းကို သိမ်းသွားပီ … ဟိုက ဗိုလ်မှုးလဲ သေသွားပီ … ရဲဘော်တွေလဲ … သေတဲ့သူသေ .. ပြေးတဲ့သူ .. ပြေး နဲ့ ခွေးပြေးဝက်ပြေးဘဲ …” “ ဖောင်း … အင့် …” အော် မောင်ဘီလူး ..သူ့ရဲဘော်တွေ ကို ခွေးပြေးဝက်ပြေး ပြောလို့ .. သစ်ထုတ်ရေး ၀န်ထမ်းအား ပိတ်ကန်လိုက်ခြင်းဖြစ်သည်။ “ ---ီး ခွေးပြေးဝက်ပြေးလား ပိတ်ပစ်လိုက်လို့ မင်းမှ ခွေးသေ၀က်သေ သေသွားမယ်” “ ဘီလူးနေစမ်း ငါမေးအုံးမယ် .. မင်းဘယ်လိုလုပ်လွတ်လာတာလဲ” “ကျွန်တော် သစ်ပုံနောက် အသာပုံးနေပီး အခွင့်ရတာနဲ့ ဇကလေးဘက်ပြေးလာတာ” ကျွန်တော့ရွာက ဇကကြီးဘဲ” “ ဒီကောင်တွေ ဘာတွေလုပ်နေလဲ မင်းမြင်သလောက်ပြောစမ်း” “ သူတို့ .. ကားတွေမီးရှို့တယ် စက်ကြီးတွေကိုကောဘဲ … ပီးတော့ စတိုထဲက သေနတ်တွေ ကျည်ဆံတွေ ယူနီဖောင်းတွေသယ်ထုတ်နေတယ် တချို့ကောင် တွေက ထမင်းတွေ ခိုးစားနေတယ် … သစ်ပုံတွေကိုလဲ ဆီတွေ လောင်းမီးရှို့နေတယ် … ဓါတ်ဆီပုံးတွေကိုလဲ မီးတွေရှို့နေတာ … တအုံးအုံးဘဲ “ အော် မိုးချိမ်းသံလို့ ထင်မိတာ ဓါတ်ဆီ ပုံး တွေ ပေါက်ကွဲတဲ့ အသံကိုး … “ အေး ကျေးဇူးဘဲဗျာ … ကိုဖိုးထောင် .. ဒီဝန်ထမ်း ကို ခင်ဗျားသိတယ်မဟုတ်လား” ဟုတ်ကဲ့ “ဒါဆို ခင်ဗျားနဲ့ သူ ကားယူပီးပြန်တော့ စခန်းကြရင် တပ်ကြပ်ကြီး ကို အရင်အစီအစဉ်အတိုင်းဘဲလို့ မှာလိုက်တယ်ပြော … စခန်းကို အလုံပိတ်လိုက်ပါလို့ မှာလိုက်တယ်ပြောလိုက် ..သွားလိုက်တော့” “ ကျေးဇူးကြီးလှပါတယ် ဆရာကြီးရယ် …” “ဟာဟေ့လူ ဘာလို့ ထိုင်ကန်တော့ နေတာလဲဟ “ “ဟား ဟား ဆရာကြီးကသူတို့ကို ပြန်လွှတ်လိုက်တော့ မသေတော့ ဘူးဆိုပီး ထိုင်ကန်တော့သွားတာပေါ့ ဟား ဟား “ “ ကျွန်တော့ ကော ထိုင်ကန်တော့ရင် ပြန်လွှတ်ပေးမှာလား” “မင်း ကကော ပြန်သွားခြင်လို့လား ဘီလူးရ” “ ကျွန်တော်က ပြန်မလွှတ် အောင် ထိုင်ကန်တော့ မလို့” တေဂျင်းဇိုး ဘီလူး”
“ကဲ …သတိုးရေ … ချောင်းခြောက် ဒီဘက်ကူးလို့ ရတဲ့ ထိပ်မှာ ယာယီခံစစ်ယူမယ်ဟေ့ “ ….. ဆရာကြီး ၀ိုင်းဘက်က တပ်ခွဲတခွဲစာလောက် လူတွေ တက် လာတယ် “ ရခိုင်ရဲဘော်လေး ဦးသာကျော် လှမ်းသတင်းပို့ သဖြင့် သူ့အနား သွား၍ ချောင်းတဘက် သို့မျှော်ကြည့်လိုက်သည် … လား လား … လူ ၅၀ ခန့် ရှိမည့် စစ်ကြောင်းတကြောင်း … တပ်မတော် ယူနီဖောင်းများ နှင့် ဘက်တောင် လှမ်းမြင်နိုင်သည် မောက်တို နှင့် လပခ ဘက်နှင့် သူ့လူတွေကို လှည့်ကြည့် လိုက်သည်၊ အားလုံး ဆရာသတိုး၏ ကြီးကြပ်နေရာချထားပေးမှု အတိုင်း စနစ်တကျပင်။ ဘီလူး၏ G4 ကြီးက ဆရာကို နှင့် ဦးသာကျော် တို့၏ မနီးမဝေးတွင် ဒေါက်ထောက်လျက် အသင့် … ချောင်းခြောက်မှာ ကိုက် ၁၀၀ သာသာ မျှသာရှိမည် ။ တဘက်စစ်ကြောင်း မှ ပွိုင့်များ တဘက်ကမ်းသို့ ရောက်လာပီး ဆရာကိုနှင့် ဦးသာကျော် အား တွေသွားသည် သို့သော် ၎င်းတို့ကအယောင်ဆောင်ထားသည့် အနေအထားအတိုင်း လှမ်းအော်သည်။ “ဟေး … ယောက်ဖတို့ ဘယ်တပ်ကလဲကွ .. … တို့က ၀ိုင်းက ၃၅ ပါ မင်းတို့ ဗိုလ်မပါဘူးလား “ လွဲနေဘီ သေချင်းစိုးတွေလွဲနေဘီ .. တပ်မတော်တွင် ဗိုလ်မပါဘူးလားကွ ဟူ သည့် တော်လှန်ရေးခေတ်က အသုံးအနှုံးမျိုးမသုံးတော့ပါ နောက်ပီး သူတို့ဘာတွေဆိုတာ သစ်ထုတ်ရေး ၀န်ထမ်း ကျေးဇူးကြောင့် သိပြီးဖြစ်နေသည်လေ။ ဦးသာကျော် က ဆရာကို့ ရှေ့ နှစ်ကိုက် သုံးကိုက် ခန့် အကွာတွင် မုဆိုးဒူးထောက်ကလေး ထိုင်လျက် G3 ဒင်အား မြေသို့ထောက်လျက် သူ့ ဆရာ၏ အမိန့် အားစောင့်စားနေသည်။ ဆရာကို ကတော့ အမေရိကန် မှ ပါလာသော Field Jacket ကြီးအားဝတ်လျက် ခါးထောက်ထားသဖြင့် ပစ္စတိုအိတ် ကို လှမ်းတွေ့ နိုင်သည့် အနေအထားပင် …. ကာဘိုင်ကတော့ ခုထိ လွယ်ထားသေးသဖြင့် ပုခုံးအနောက်၌ပျောက်နေပေသည်။
ထိုစဉ် …” ဟာအဲ့ဒီကောင် ဗိုလ် ဟေ့ … အဲ့ဒီကောင် ဗိုလ်ဟေ့ …. သူ့မှာ အတိုနဲ့ကွ ပစ် ပစ်” …. ဒက် ဒက်ဒက် ဒက်ဒက်ဒက် …. ရွှီ …..” အား … ဆရာကြီး … ကျွန်တော်ထိဘီ “…. “ဟာ …ဥိးသာကျော် … ဟေ့ကောင်” … “မလာနဲ့ …ဆရာကြီး ဒီမှာ ကျည်တွေထောက်နေတယ် “….” အားတင်းထား တပည့် ဆရာ လာဘီ … သတိုး မင့်ကောင်တွေ ပစ်ခိုင်း တော့ “ ဘီလူးတဲ့ကွ …. ဒက်ဒက်ဒက်ဒက်ဒက် …… ဘီလူးတကောင် ကတော့ တကယ့် ဘီလူးကြီးလို G4 ကို ရင်ခွင်ပိုက်၍ ပစ်တက် တက်သွားတော့သည်။ “ဟကောင်ဘီလူး နေရာယူပီးပစ်စမ်း” ဘီလူးလက်ချက်ဖြင့် ဆရာကိုတို့အားမဲနေသော … ရဲနီ ၅ယောက် ၆ယောက် ခန့် ထွေးကနဲ ဖြစ်သွားသည် ထိုအချိန်ကလေးမှာဘဲ ဆရာ သတိုး ပြေးတက်လာပီး ဦးသာကျော် အားဆွဲသွားသည် ။ “ ဖြစ်ရလေ ဆရာကြီးရယ် … “ အေးကွ ငါ့မထိဘဲ .. ဘယ့်နှယ် ရှေ့မှာထိုင်နေတဲ့ ကောင် ထိရတာလဲကွာ ..” “ဆရာကြီး ဒီကောင် ပေါင် ထိတာ ဆရာကြီး မသေဘူး “ နန့်မီကလိုး ငါကဘာလို့သေရမှာလဲကွ.. ဆရာကြီး ဘယ်ထိသွားလဲ” “ နင့်အမေလင်က ဘာမှမဖြစ်လို့ ဟိုမှာ ရဲနီ တွေ ကို ကာဘိုင်စာကျွေးနေတယ်” ဟင် .. တေဂျင်းဇိုး ပြန်မေ့သွားပြန်ဘီ … “ဆရာကြီး ဒီကောင်ကြာရင် သွေးထွက်လွန်ပီး အန္တရာယ်ဖြစ်နိုင်တယ်” “ ကဲ သတိုး .. မင့် တပ်စိတ် က ယုံ လိုက်လိုက် နေတဲ့ မောင်မောင်ကြီးကို ဒီနေရာ မြေအနေအထားမေးပီး ဆုတ်လမ်းရှာစမ်းကွာ” ……. “ဆရာကြီး … ဘယ်ဘက် ကိုက်အစိတ်လောက်မှာ ကျွဲဆင်းတဲ့ မြောင်တခုရှိတယ်တဲ့ … အဲ့ကနေ ချောင်းစွယ် အတိုင်းဆုတ်ရင် .. အပေါ်မှာလဲ မြရာပင်တွေ စီနေလို့ မျက်ကွယ်လဲကောင်းတယ်ပြောတယ် … နောက်ပီး … ကျွန်တော်တို့ စခန်း အနောက် ရွှေရင်စို့ ကုန်း ရေကင်းထားတဲ့ နေရာတန်းကနဲဘဲတဲ့” “ အေး အဲ့တာ ငါ့ ခံစစ်စီမံချက်ထဲက ၀င်ပေါက်ဘဲပေါ့ … စကားဝှက်မှတ်မိတယ်နော် “ … “ ဟုတ် “ “ မင်းကောင်တွေ ခေါ်ပီး အဆင့်ဆင့် ဆုတ်ပေတော့ … ဦးသာကျော် ကို ဘီလူး ထမ်းလာလိမ့်မယ် “
ထိုစဉ် ဇကလေး စခန်းဘက် ဆီမှ သေနတ်သံများ ထွက်ပေါ်လာပေတော့သည်။
 
ttkots73 
 
ဆက်ရန်မျှော် …
 


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...