Image may be NSFW.
Clik here to view.
Clik here to view.

ဒေါ်စုကို အမြဲ တိုက်ခိုက် ရေးသားနေတယ်လို့  …..
စွပ်စွဲခံနေရတဲ့  ကျွန်တော့် အနေနဲ့ …
ကိုယ့်ကိုယ်ကို သေချာ ဆန်းစစ် ...
မေးခွန်း ထုတ်ကြည့်တဲ့  အခါ ….
ဒီအချက်လေးတွေကြောင့် ....
မကြိုက်တာ လို့  အဖြေထွက်လာပါတယ်…
တစ်ယောက် နဲ့ တစ်ယောက် ...
အမြင်မတူတာတွေ ရှိနိုင်ပါတယ်…
ဒါပေမယ့် ...
အယူအဆခြင်း ဖလှယ်နိုင်ဖို့  …
ကျွန်တော့် အမြင် ကို တင်ပြအပ်ပါတယ်…
၁။ ဒေါ်စုရဲ့ အတွေးအခေါ် အယူအဆဟာ …
အနောက်တိုင်းဆန်လွန်းပြီး …
ကျွန်တော်တို့  မြန်မာ့ စဉ်းစားနည်း စဉ်းစားဟန် နဲ့  …
မတူဘူးလို့ ခံစားရပါတယ် …
( ဥပမာ ကုလားကို ကုလားလို့ မခေါ်ဖို့ ပြောတာမျိုး )
၂။ ကမ္ဘာ့ ဒီမိုကရေစီ အိုင်ကွန် လို့  ဆိုပါတယ် …
ဖြစ်နိုင်ပါတယ် …
ရခိုင်ကိစ္စမှာ ...
ဒီမိုကရေစီ ဘက်က ရပ်တည်ခဲ့တာကို …
အထင်အရှားတွေ့ ရပါတယ်….
ဒီမိုကရေစီ ရူထောင့်က ကြည့်ရင် မှန်ပေမယ့် …
အမျိုးသားရေး ရှုထောင့် …
တိုင်းပြည် အကျိုးစီးပွား ရူထောင့် အနေနဲ့ ကတော့ ….
လက်ခံနိုင်စရာ မရှိပါဘူး …
ဒေါ်စု ရဲ့ မူဝါဒဟာ …
အတော် လစ်ဘရယ် ဆန်ပြီး …
လူ့ အခွင့်အရေး နဲ့ ဒီမိုကရေစီကို ….
အရမ်း ရှေ့ တန်း တင်လွန်းတယ် လို့  မြင်ပါတယ် …
ဆောရီးပါ …
ကျွန်တော်က …..
မြန်မာ့ အမျိုးသား အကျိုးစီးပွား အိုင်ကွန်ကိုပဲ …
သမ္မတ ဖြစ်စေချင်ပါတယ်…
၃။ ဒေါ်စုဟာ ငယ်ငယ်တည်းက ....
နိုင်ငံခြားကို ထွက်သွားခဲ့ပြီး …
ပြည်ပမှာပဲ နှစ်ပေါင်းများစွာ နေခဲ့ပါတယ်…
၁၉၈၈ခုနှစ် ...
မိခင် နာမကျန်းဖြစ်ချိန်မှာမှ ပြန်လာခဲ့ပါတယ်…
အဲဒီ အချိန်မှာ ….
နိုင်ငံခြားသား တစ်ဦးနဲ့  အိမ်ထောင်ပြုပြီး ….
ကပြားကလေး နှစ်ဦးမွေးဖွားပြီးပါပြီ….
အဲဒါ ပြသနာရှိလားလို့  မေးရင်တော့ …
သာမန်လူတစ်ဦး အနေနဲ့  မရှိပါဘူး ….
ဒါပေမယ့် ....
မြန်မာ့ အမျိုးသားခေါင်းဆောင်ကြီး …
ဗိုလ်ချုပ်အောင်ဆန်းရဲ့  သမီးတစ်ယောက် အနေနဲ့ …
မြန်မာနိုင်ငံရဲ့ သမ္မတ တစ်ယောက် အနေနဲ့ တော့ ….
မလုပ်သင့် မလုပ်ထိုက်ဘူး….
သိက္ခာကျတယ် လို့ ထင်ပါတယ်….
၂၀၁၅ မှာ ပြုလုပ်မယ့် ….
မြန်မာနိုင်ငံသမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားကို ….
အင်္ဂလိပ်တွေက လက်ခုပ်သံတဖြောင်းဖြောင်း နဲ့  ….
ဝမ်းသာအားရ ဂုဏ်ယူဝင့်ကြွား နေမယ့်ပုံကို တွေးမိရင် …
ကျွန်တော် အတော် ခံရခက်ပါတယ်….
၎။ အထိအခိုက် အရှအနာများလွန်းတဲ့  ...
နည်းဗျူဟာတွေ ကို …
အရမ်း ကျင့်သုံးလွန်းတယ်လို့ မြင်ပါတယ်…
ဒါဟာ ပြည်သူလူထု ကို ထိုးကျွေးတာ နဲ့  ….
အတူတူပဲလို့  ခံစားရ ပါတယ်…
မတရားတဲ့ အမိန့် ဟူသမျှ ဖီဆန်ကြ ဆိုတဲ့ စကားက စလို့ ….
အာဇာနည်နေ့ ချီတက်အလေးပြုဖို့  တိုက်တွန်းခဲ့တဲ့  အခမ်းအနား အလယ် ….
လှိုင်းဘွဲ့  ဟောပြောပွဲ အဆုံး …
တစ်ဖက်က စစ်အုပ်စုကို …
ထိပ်တိုက်ရင်ဆိုင်တဲ့ နည်းတွေကိုပဲ ....
အများဆုံး သုံးခဲ့ပါတယ်…
တကယ်ရော အလုပ် ဖြစ်ခဲ့ ပါသလား ….
တစ်ခြား နည်းလမ်းတွေရော မရှိနိုင် တော့ဘူးလား ….
အဲဒီ နည်းလမ်းတွေက …
ဒီထက် ပို ခရီးမရောက်နိုင်ဖူးလား ဆိုတဲ့ မေးခွန်းက …
ရင်ထဲမှာ အလိုလို ပေါ်လာမိပါတယ် …
၅။ အနောက်အုပ်စုကို အရမ်း အားကိုးလွန်းင်္ပြီး …
တစ်ချိန်လုံး တိုင်းပြည်ကို ….
စီးပွားရေး ပိတ်ဆို့ ခိုင်းခဲ့တဲ့  ...
နည်းဗျူဟာကို ကျင့်သုံးခဲ့တာဟာ …
လုံးဝ မဖြစ်သင့်ဘူး လို့ မြင်ပါတယ်….
၂၂ နှစ်အတွင်း တိုင်းပြည် စုတ်ပြတ်သွားတာ …
တရုတ်ကို အရမ်း မှီခို ရတဲ့  အနေအထားကို ….
ရောက်သွားရတာသည်…
ဒီ အချက်က အဓိက ဖြစ်တယ်လို့ ထင်ပါတယ်…
ဒီ ဖြစ်ရပ်တွေဟာ ….
အကြောင်းကြောင့် အကျိုးဖြစ်ခဲ့ရတာတွေ ဖြစ်ပြီး …
စစ်အစိုးရမှာ အဓိက တာဝန်ရှိသလို …
တိုင်းပြည်ကို စီးပွားရေး ၀ိုင်းပိတ်ဆို့ ကြဖို့  ….
တစ်ကမ္ဘာလုံးကို တိုက်တွန်းခဲ့တဲ့ ဒေါ်စု မှာလဲ ….
အထိုက်အလျောက် တာဝန်ရှိတယ်လို့  ယူဆပါတယ်…
၆။ ဒေါ်စုဟာ...
တိုင်းပြည် တိုးတက်အောင် လုပ်မယ်လို့ ….
ခံယူ ကြွေးကြော် ထားသူ ဖြစ်လို့ …
သူ သမ္မတ ဖြစ်ခွင့်ရရေး အတွက် …
လက်ရှိ အစိုးရ နဲ့  …
အပြင်းအထန် ဆင်နွဲရတော့မလို ဖြစ်နေတဲ့ ...
လူထုတိုက်ပွဲတွေ .. သွေးမြေကျ ဖြစ်ရပ်တွေက…
တိုင်းပြည်ကို တိုးတက်ဖို့ နေနေသာသာ …
မျှော်လင့်ချက် ရောင်ခြည်သမ်းနေတဲ့ အနေအထားကနေ …
အကျပ်အတည်း အခက်အခဲတွေကြား …
ပြန်ဆွဲချလိုက်သလို မဖြစ်ပေဘူးလားလို့ …
မေးခွန်း ထုတ်ချင်ပါတယ်…
လူတစ်ယောက် သမ္မတ ဖြစ်ဖို့  ….
တိုင်းပြည် မတည်မငြိမ် ဖြစ်ရမယ့် အခြေအနေနဲ့  လဲရမယ်ဆိုရင်….
ဒီလူ ဘယ်လောက် တော်တော် …
ကျွန်တော် မလိုချင်ပါဘူး …
၇။ ဒေါ်စု သမ္မတ ဖြစ်မှ ….
တိုင်းပြည် တိုးတက်မယ်ဆိုတဲ့  အယူအဆဟာ …
ပေါတောတော အယူအဆလို့ မြင်ပါတယ်…
ပြောင်းပြန် ပြန်စဉ်းစားရင် …
ဒေါ်စု သမ္မတ ဖြစ်ပြီး ပြန်ဆင်းသွားတာနဲ့  …
တိုင်းပြည်က ပြန် ဆုတ်ယုတ်သွားမလို ဖြစ်နေပါတယ်…
လက်ရှိ မြန်မာပြည်မှာ…
အရေးအကြီးဆုံး ဖြေရှင်းရမယ့် ကိစ္စကြီး လေးခု ရှိပါတယ်
တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေး …
ပြည်ထောင်စု နှင့် ပြည်နယ်များ ….
စစ်မှန်သော ဖက်ဒရယ်မူ အပေါ် အခြေခံပြီး….
အာဏာ နှင့် အရင်းအမြစ်များခွဲဝေမှု သဘောတူညီချက်ရရှိရေး …
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များ အရေး …
ပြည်တွင်းစစ် အပြီးတိုင် ရပ်စဲရေး တို့ ဖြစ်ပါတယ်….
ဒီအချက်တွေ ဖြေရှင်းနိုင်ပြီဆိုမှ …
တစ်ပြည်လုံးမှာ စီးပွားရေး ကျန်းမာရေး …
ပညာရေး လူမှုရေး စတာတွေ…
ဟန်ချက်ညီ ဖွံဖြိုးလာမှာပါ …
မဟုတ်ရင်တော့ …
လုပ်လဲ ခဏပါပဲ …
စစ်ပြန်ဖြစ်တာနဲ့  ...
အားလုံး ပြန်ကိစ္စချောသွားပါလိမ့်မယ်…
ဒါတွေကို အောင်အောင်မြင်မြင် ဖြေရှင်းနိုင်ဖို့ …
တက်လာမယ့် သမ္မတ ဟာ ....
တပ်မတော်နဲ့  အဆင်ပြေဖို့ လိုပါတယ်…
တပ် နဲ့ အဆင်ပြေအောင် ...
လုပ်ဖို့ မရည်ရွယ်တဲ့  သမ္မတ တက်လာရင် …
တိုင်းပြည်ဟာ ...
မလိုလားအပ်တဲ့ ပဋိပက္ခ ပေါင်းများစွာကို ….
အပို ဖြေရှင်းနေရတော့မယ်လို့  ယူဆပါတယ်…
ဒေါ်စုဟာ တပ်နဲ့ အဆင်ပြေဖို့  ....
တကယ် ကြိုးစားခဲ့ပါသလား….
၈။ ပြည်တွင်းစစ်ဟာ ၁၉၄၈ ခုနှစ်မှာ အစပြုခဲ့ပါတယ်…
တပ်မတော်ဟာ ၁၉၄၈ ခုနှစ်က စလို့  …
ဒီ အရေးကိစ္စတွေ နဲ့ ပတ်သက်ပြီး …
အသက်သွေးချွေးပေါင်း များစွာ ရင်းနှီးခဲ့ပြီးပါပြီ …
သူတို့ ရဲ့ စိုးရိမ်ပူပန်မှုကို နားလည်ဖို့ ကြိုးစားသင့်ပါတယ်…
လွှတ်တော်ထဲက တစ်မတ်သား ကိစ္စကလဲ …
ဒီ စိုးရိမ်မှုကို အခြေခံပြီး ဖြစ်လာတာပါ…
သမ္မတ တစ်ဆက်ထဲ လဲ ဒီပြသနာကို ..
ဖြေရှင်းချင်မှ ဖြေရှင်းနိုင်ပါလိမ့်မယ်…
အင်မတန်မှ ရှုပ်ထွေးပွေလီတဲ့  …
အနှစ် ၆၀ သမိုင်းကြောင်းတွေကို ထည့်မစဉ်းစားဘဲ …
ဒိမိုကရေစီနဲ့ မညီဘူး …
လွှတ်တော်ထဲက တစ်မတ်သားကို ဖယ်ထုတ်ရမယ်လို့ …
ဇွတ် ပြောနေခြင်းဟာ….
အလွန်တရာ အံသြစရာ ကောင်းပြီး ….
တစ်ဖက် က …
အေးလေ …မင်းတို့ ဖယ်နိုင်ရင် ဖယ်ပေါ့လို့ …
ဘုကျကျ ပြန်ပြောတဲ့ အဖြစ်ကို ရောက်သွားစေပါတယ်…
ဒါဟာ အရည်အချင်းရှိတဲ့ …..
အမျှော်အမြင်ရှိတဲ့ သူ တစ်ဦးရဲ့ လုပ်ရပ်လို့  …
ကျွန်တော် မထင်ပါဘူး ….
၉။ ဒါဆို မင်းက ဘယ်သူ့  ကြိုက်တာလဲ ....
ကျွန်တော်က .....
ဖွတ်မကြိုက် ဒေါင်းမကြိုက် ကောင်ပါ ....
ဒီအတိုင်း ဆက်သွားရင် ..
ဖြစ်ဖို့ များတာက ...
၂၀၁၅ မှာ 3 rd Party တစ်ခုခုကိုပဲ ...
မဲပေးဖြစ်ဖို့ များပါလိမ့်မယ်....
အန်အယ်လ်ဒီလဲ ထင်ရာလုပ်မရ ...
ဖွတ်တွေလဲ ထင်ရာလုပ်မရ ...
ဦးသိန်းစိန် သမ္မတ ....
ဒေါ်စု လွှတ်တော် ဥက္ကဌ ...
အန်အယ်လ်ဒီ ၀န်ကြီး အများစု ...
ဖွတ်ဝန်ကြီး တစ်ချို့  ...
ပြည်နယ် အစိုးရ နဲ့ လွှတ်တော်တွေ မှာ ...
တိုင်းရင်းသား ပါတီတွေ နဲ့  တိုင်းရင်းသား ၀န်ကြီးချုပ်တွေ ...
ဒီလို အခင်းအကျင်းနဲ့  ...
ပြည်တွင်းစစ် အပြီးသတ်အောင် ...
တိုင်းပြည် တိုးတက်အောင် ကြိုးစားကြဖို့  ...
လိုလား နှစ်သက်ပါတယ် .....
၁၀။ စာကို သေချာနားလည် သဘောပေါက်အောင် မဖတ်ပဲ …
ရဲမိုး က ...
အဘတွေကို ဖွတ်တွေကို ….
ကာကွယ်နေတယ် ဆိုပြီး ….
အူကြောင်ကြား လာရေးတဲ့ ကောင် ….
နှမပေး ယောက်ဖ …
ကြိုပြောထားတာ ….
( ဒေါင်း မကြိုက် ဖွတ်မကြိုက် ရဲမိုး )— feeling better.