ပညာရပ်နယ်ပယ်တွေ ရဲ့ သဘောသဘာဝ က ပထမ အခြေခံ အဆင့်မှာ ဒီပညာရပ်ကိုသင်ယူသူတစ်ယောက် အနေနဲ့ နားလည်ဖို့ တတ်ကျွမ်းဖို့ တခြားနယ်ပယ်က အကြောင်းရာတွေ နဲ့ စကားလုံးတွေ နဲ့ အကူညီယူရတယ် ။
နောက်တဆင့် တက်လာတယ် ။ ဒီပညာရပ် ထဲ မှာ သင်ယူသူက နစ်မြုပ်လာတယ် ၊ ကျယ်ကျယ်ပြန့်ပြန့် သိလာတယ် ။ နှိုက်နှိုက်ချွတ်ချွတ် သိလာတဲ့ အဆင့် ။ အဲဒီ အဆင့်ထိ ပညာရပ်ရဲ့ ဘောင်ထဲမှာ ပဲ ရှိနေသေးတယ် ။
နောက်တစ်ဆင့် တက်လာရင်တော့ ... အဲဒီပညာရပ်ကို ကျွမ်းကျင်ပိုင်နိုင်သွားပြီ ။
အဲဒီ ကျွမ်းကျင် ပိုင်နိုင်တဲ့ ပညာရပ်ရဲ့ concept တွေ ကို တခြား နယ်ပယ်တွေ အတွက် ပါ apply လုပ်လာနိုင်တယ် ။ လူ့သဘော သဘာဝ ၊ လူ့လောက လိုအပ်ချက်ပေါ် မူတည်ပြီး ... ပညာရပ်နယ်ပယ်တွေ ဟာ သီးသန့်ရှိမနေတော့ ပဲ ဒွေးရောယှက်တင် ဖြစ်လာကြတယ် ။ ပညာရပ်တစ်ခုရဲ့ ကျွမ်းကျင်ပညာရှင်တွေ ဟာ ကိုယ်ပိုင်နိုင်တဲ့ ပညာရပ်နဲ့ ပက်သက်ပြီး တခြား နယ်ပယ်က လူတွေနားလည်ဖို့ အလွယ်ကူဆုံး စကားလုံးတွေ သုံး ၊ အတိုဆုံး ဖွင့် ဆိုချက်တွေသုံးပြီး ရှင်းပြ နိုင်ကြတယ် ။
အဲဒါ တွေ က ပညာရပ်တိုင်း ၊ နယ်ပယ်တိုင်းရဲ့ သဘောသဘာဝတွေ ။
စစ်သားတွေ က စစ်ပညာ သင်ခဲ့ကြတာ ။ နိုင်ငံရေး နဲ့ အံဝင်ခွင်ကျ မဖြစ်နိုင်ဘူး ။ ဒါကို လက်ခံတယ် ။ စစ်သား ဟာ စစ်သား ပဲ လုပ်သင့်တယ်လို့လည်း သတ်မှတ်ထားတယ် ။ never surrender ဟာ everything we can do နဲ့ မတူဘူးဆိုတာ ကောင်းကောင်းနားလည်ထားပါတယ် ။ never surrender ဆိုတာ mental power ကို အားပေးတာ ဖြစ်ပါတယ် ။ process တစ်ခုကို မမှိတ်မသုန်ပြု နေဖို့ဦးတည်တာ ။ everything we can do ဆိုတာ ability ကိုဦးတည်တာ ဖြစ်ပါတယ် ။ စစ်သားတွေ ပိုင်ဆိုင်ခြင်း ဟာ Never surrender စိတ်ပါ ။ everything we can do ဆိုတဲ့ ability မျိုး မဟုတ်ဘူး ။ high quality မဟုတ်ဘူး ။ ဒါတွေ ကို ကျွန်တော်တို့ ကောင်းကောင်း သဘောပေါက်တယ် ။
ဒါပေမဲ့ .... စစ်သားတွေ မှာ right education မရှိဘူး ။ right reasoning မရှိဘူးဆိုတဲ့ အယူဆတွေ ကိုတော့ လက်မခံဘူး ။
ကိုယ့်ကိုယ်ကို စောက်တော်ကြီးလို့ ထင်နေတာ က ဘာမှမဖြစ်သေးဘူး ။
သူများတွေအားလုံး စောက်တုံး ချည်း ပဲ လို့ ထင်ရင်တော့ ရှော့ကြီးကြီးရှိတယ် ။
education ဆိုတာ educere လုပ်ရတာ ။ လူတွေ မှာရှိ နေတဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်ပေးရတာ ၊ ညှစ်ထုတ်ပေးရတာ ။ ကျွမ်းကျင်မှုတွေ တတ်မြောက်အောင် စွမ်းဆောင်ပေးရတာ ၊ စိတ်နဲ့ အကျင့်ကို ဖွံ့ဖြိုးအောင်လုပ်ပေးရတာ ။ အဲဒီ အရာတွေရှိနေသမျှ ၊ အဲဒီအရာတွေ နဲ့ အကျုံးဝင်နေ သမျှ အဲဒါ education ဖြစ်နေမှာပဲ ။ စစ်သားဖြစ်ဖြစ် ၊ လယ်သမားဖြစ်ဖြစ် ၊ ဆိုက်ကားသမားမှာ ဖြစ်ဖြစ် အဲဒီ အချက်တွေ ရှိနေရင် education ရှိတယ် ။
ကျောင်းကြီးကြီးမှာ စာအုပ်ထူထူကြီးတွေ အီးလိုရေးတဲ့ သီအိုရီတွေကို ကမ္ဘာနဲ့ ချီ သင်ရမှာ education မထင်နဲ့ ။
ဒါကအမှန် ၊ ဒါက အမှား .... အမှန်မဟုတ်ရင် အမှား ၊ အမှားနဲ့ ဆန့်ကျင့်ရင်အမှန် ဆိုတဲ့ လော့ဂျစ်တွေကို ၂၀ ရာစုနဲ့ အတူထားခဲ့လိုက်တော့ ။ သုံးစားလို့ မရတော့ဘူး ။ ပိုကောင်းတဲ့ သန့်စင်မှု ကို လိုချင်ရင် တောင် ညစ်ပတ်တာတွေ ပေါင်းထည့် နေရတဲ့ သိပ္ပံ ခေတ်မှာ .. အမှန် အမှား ချဉ်းကပ် မှု ထက် ... အကျိုးပြုမပြု ကပိုအရေးကြီးတယ် ။ အသုံးဝင်မဝင် က ပို တွက်ချေကိုက်တယ် ။
Reasoning ဆိုတာ ကျိုးကြောင်းကို စပ်ဆက် နားလည်ဖို့ ဝိဘဇ္ဇ ရတာ ။ ဒီနည်းက right ဒါကိုလိုက် ..ဆိုတဲ့ သတ်မှတ်ချက်မဟုတ်ဘူး ။ one way မဟုတ်ဘူး ။ ဟုတ်နိုင်သလား မှန်နိုင်လား ၊ ဖြစ်နိုင်သလား ၊ မဖြစ်နိုင်ဘူးလား ... ဒီလိုဆိုရင်ကော မရဘူး လား ၊ ဟိုတိုင်းဆိုရင်ကော မဖြစ်ဘူးလား ... ဆိုတဲ့ သံသယ စိတ် နဲ့ သေချာမှုကိုမေ့ထားရတာ ။ အဲဒါမှ ပညာ သဘော အစစ် အမှန်ကိုတွေ့တယ် ။
ဒီနည်းက right .. ဒီတိုင်း လိုက် ဆိုရင် ... မှန်ကောင်း မှန်လိမ့်မယ် ။ အဲဒါ ပညာမဟုတ်ဘူး သညာ မှ သညာ စစ်စစ်ကြီးတွေ ။
By