Quantcast
Viewing all articles
Browse latest Browse all 1811
↧

“Ownership”



နာဂစ်မှာ အလုပ်လုပ်တုန်းက နိုင်ငံတကာ အကူအညီတွေအများစုဟာ အရေးပေါ် ကယ်ဆယ်ရေးမှ (emergency responses) အပ ဘယ်တော့မှ အလကားပေးလေ့မရှိတာကို သတိပြုမိခဲ့တယ်.. ။ ဥပမာ- အနဲဆုံးတော့ လုပ်အားဖြစ်ဖြစ် လက်နက်ကိရိယာဖြစ်ဖြစ် ရွာကလူတွေက စိုက်ထုတ်ကြရတာပဲ…။ ဘာကြောင့်လဲလို့  နားမလည်နိုင်ခဲ့ဖူး…။ ကိုယ်နားလည်တဲ့ “ပရဟိတ” လုပ်ငန်းဆိုတာ မိရိုးဖလာ ဘာသာရေး အလှူအတန်းပေးတာမျိုး (Charity based) သဘောပဲ..။ “မုတ္တစာဂ” လွတ်လွတ်စွန့် ကြဲရမယ် လို့ ပဲ နားလည်နေခဲ့တာကိုး..။

နိုင်ငံတကာအကူအညီတွေရဲ့ သဘောသဘာဝနဲ့ ဖွံ့ ဖြိုးမှုဆိုင်ရာ သီအိုရီသဘောတရားတွေကို ဂယနဏ မသိခဲ့တာပေါ့လေ..။ အမှန်တကယ်က နာဂစ်ပြန်လည်ထူထောင်ရေးမှာ အလုပ်လုပ်တော့ ရန်ကုန်စီးပွားရေးတက္ကသိုလ် မှာ ညနေပိုင်းဖွံ့ ဖြိုးရေးပညာမဟာသင်တန်း (EMDevS) ဒုတိယနှစ်တက်နေတာပဲ..။ အဲ ကံအားလျှော်စွာ အမေရိကားရောက်လို့ ဖွံ့ ဖြိုးမှုသဘောတရား သီအိုရီတွေကို ကျယ်ကျယ်ပြန့် ပြန့် သင်ရပြီဆိုတော့မှ မြန်မာပြည်ရဲ့ ဖွံ့ ဖြိုးရေးပညာ (Development Studies) ဆိုတာ ဘောဂဗေဒဆိုင်ရာဖွံ့ ဖြိုးမှု (Economic Development) မျှပဲဆိုတာကိုသဘောပေါက်သွားပြီး အလှူပေးတဲ့ ” ဒါန ” နဲ “့အကူအညီ” (Aid) ကွာခြားပုံကို စိစစ်ခွဲခြားနားလည်လာတာ..။

ဒီနေရာမှာ နိုင်ငံတကာအကူအညီ (International Aids) ဆိုတာကို လူသားခြင်းစာနာမှုဆိုင်ရာ အကူအညီ (Humanitarian Aids) နဲ့  ဖွံ့ ဖြိုးရေးအကူအညီ (Development Aids) စသဖြင့်ခွဲခြားနားလည်ရတာပဲ။ နာဂစ်နဲ့ ပတ်သက်တဲ့ အကူအညီတွေက အမှန်တကယ်က လူသားခြင်းစာနာမှုဆိုင်ရာ အကူအညီတွေပါ…။ ဒီလိုအကူအညီတွေက နိုင်ငံတကာ အင်ဂျီအိုတွေ၊ နိုင်ငံတကာကြက်ခြေနီတွေနဲ့ ကုလသမဂ္ဂ တို့ ကတဆင့် လာတာ..။ ဒီ လူမှုဂရုဏာ အကူအညီတွေရဲ့ သဘောသဘာဝကိုက အခြေခံစည်းမျဉ်းတွေနဲ့ လုပ်ရကိုင်ရစမြဲပဲ..။ ဥပမာ…ကြားနေရမည် (neutrality)၊ လူသားဂုဏ်ရည်ရှိရမည် humanity စသဖြင့် ပေါ့…။ ဒီလို လူသားခြင်းစာနာမှု စည်းမျဥ်း (Humanitarian Principles) ကြောင့်ပဲ ဒီအကူအညီတွေအများစုဟာ အစိုးရကို ဦးတည်ပေးလို့ မရတော့ဘူး..။ အစိုးရနဲ့ ကင်းကင်းနေမှ ဘက်လိုက်မှုကင်းတာကိုး…။ နောက်တစ်ခုက အစိုးရနဲ့ လုပ်ရင် ခြစားမှုက လည်း ပင်မပြဿနာကြီးလာဖြစ်သလို အကူအညီတွေကိုယ်တိုင်က ပဋ္ဋိပက္ခတွေကိုဆက်လက်တောက်လောင်စေဖို့ လောင်စာထဲ့ပေးသလိုဖြစ်သွားတတ်ပြန်ရော….။

ဒါပေမယ့် ဖွံ့ ဖြိုးရေးအကူအညီ ဆိုတာမျိုးကြ အစိုးရကနေတဆင့်လည်းသွားနိုင်တယ်…။ဒါမျိုးကို ပေးတာကြတော့ ကမ္ဘာ့ဘဏ်လို နိုင်ငံတကာ အဖွဲ့ အစည်းကြီးတွေမှတဆင့်သော်လည်းကောင်း အစိုးရခြင်း (G to G) သော်လည်းကောင်း အကူအညီတွေ စီးဆင်းသွားနိုင်တာပေါ့..။ ကမ္ဘာ့ဘဏ်ကတော့ ပရောဂျက်တွေနဲ့ လာလေ့ရှိတယ်…။ တလောက ဒေါ်လာ ၂ ဘီလျံဟာ စွမ်းအင်နဲ့ ကျန်းမာရေးဆိုင်ရာ ပရောဂျက်တွေနဲ့ လာလိမ့်မယ်ထင်ရတာပဲ....။ နောက်တစ်ခုက အစိုးရကို အကူအညီတွေ ဖေါခြင်းသောခြင်းပေးနေတဲ့ ဂျပန်လိုနိုင်ငံပေါ့..။

ဒီလိုဖွံ့ ဖြိုးမှုအကူအညီတွေမှာကြတော့ လူသားခြင်းစာနာထောက်ထားမှုအကူအညီတွေလို လုပ်ရကိုင်ရတာ ကြပ်ကြပ်တည်းတည်းမရှိတာအားသာချက်ပေါ့လေ..။ ဘာအကူအညီပဲဖြစ်ဖြစ် လုပ်တာကိုင်တာချွတ်ချော်ရင် ဆေးကြောင့်လေးတတ်စမြဲ..။ ရွှံ့ ထဲဗွက်ထဲ၊ မိုးထဲရေထဲမှာ အသေအလဲ လုပ်ပင်လုပ်ခဲ့သော်ငြားလည်းပဲ လုပ်ခဲ့ကိုင်ခဲ့တာတွေက အမှန်တကယ်ရော ဖွံ့ ဖြိုးမှုအကျိုးတရားတွေဖြစ်စေခဲ့ရဲ့ လားဆိုတာက အဓိကပြဿနာပဲ…။

ပုံမှန်အားဖြင့်တော့ လူသားခြင်းစာနာမှုဆိုင်ရာ အကူအညီတွေဟာ ဘေးအန္တရာယ်တွေ(disaster) နဲ့ ပတ်သက်တဲ့ အခါမှာစီးဝင်လာကြစမြဲပေါ့..။ ဘေးအန္တရာယ်ဆိုရာမှာလည်း နာဂစ်လို သဘာဝဘေးအန္တရာယ် (Natural Disaster) နဲ့ လူလုပ်ဘေးအန္တရာယ် (ဥပမာ- စစ်ပွဲ၊) အကုန်ပါတာပေါ့…။ ဘယ်လိုဟာပဲဖြစ်ဖြစ် ဒီလိုအကူအညီတွေဟာ အများအားဖြင့် အဆင့် ၂ ဆင့်နဲ့  စီးဝင်လာကြတာပဲ…။ အရေးပေါ်တုန့် ပြန်မှုအဆင့် (Relief/Emergency Phase) နဲ့ ပြန်လည်ထူထောင်မှု (Recovery Phase) ဆိုပြီးတော့..။ ဒီအဆင့်၂ခု အကောင်အထည်ဖေါ်ပုံဟာ ကွဲပြားသလောက် တစ်ခုကနေ တစ်ခုကို ချောချောမွေ့ မွေ့ နဲ့ မှန်မှန်ကန်ကန်ကူးပြောင်းနိုင်ဖို့ ကလည်း အင်မတန်အရေးပါတာကိုး…။

ပထမအဆင့် အရေးပေါ်ကယ်ဆယ်ရေးမှာ ချွတ်ချော်ရင် ဖွံ့ ဖြိုးမှုဆိုတာ ရွှေပြည်တော်မျှော်တိုင်းဝေးဖြစ်ကရော….။ ဒီပထမအဆင့်က အရေးပေါ်ကယ်ဆယ်ရေး (Relief) ဆိုတော့ လူတွေကို အသက်မသေအောင် (Survival) ကယ်ဆယ်စောင့်ရှေက်ရတဲ့လုပ်ငန်းကိုး.။ လက်ငင်းလိုအပ်ချက် (immediate needs) တွေပြေလည်စေဖို့ ကယ်ဆယ်ရေးပစ္စည်းတွေကို ဖြန့် ဝေပေးတာ (relief distribution) လုပ်ရတာ..။အစားအသောက် (food) နဲ့ အသုံးအဆောင် (non-food item) တွေကို ဖေါခြင်းသောခြင်း အလကားပေးတာဆိုတော့ ဒုက္ခသည်တွေကြားမှာ ဒီအကူအညီတွေကိုပဲ မှီခိုစားသောက်လိုတဲ့စိတ်ဓါတ်က ကြာရင် ၀င်သွားတတ်ရော..။ ဒါကို Moral Hazard ဆိုပြီးခေါ်လေ့ရှိတာပေါ့….။ ဒီလို ဘေးထွက်ဆိုးကျိုးတွေကို လျော့ချဖို့ အတွက် ဖွံ့ ဖြိုးရေးသဘောတရားတွေကို ထဲ့သွင်းလုပ်ဆောင်ကြရတာပဲ....။ နောက်ဒုတိယအဆင့် ပြန်လည်ထူထောင်ရေး ကန္တ ရဲ့  စီမံချက်တွေမှာလည်းပဲ ဒီသဘောတရားတွေကို ထဲ့သွင်းမြှုပ်နှံ ရေးဆွဲ အကောင်အထည်ဖေါ်ရတာပဲ..။

ဒီသဘောတရားတွေထဲမှာ အကူအညီ (aid) ဆိုတာကို အလှူအတန်းပေးတဲ့ “ဒါနမှု “ နဲ့  ကွဲပြားသွားစေတာက ကိုယ်ပိုင်စိုက်ထုတ်ခြင်း “Ownership” ဆိုတဲ့အယူဆ (concept) ပဲ....။ လူ့ စိတ်သဘာဝအရ အလကားရရင် တန်ဖိုးမထားတတ်လေတော့ ဒါကိုကာကွယ်ဖို့ ဒီသဘောတရားကို ထဲ့သွင်းထားတယ်လို့ လည်းဆိုနိုင်တယ်..။ နောက်တစ်ချက်က လူဆိုတာ ဘယ်အလုပ်ပဲဖြစ်ဖြစ် ကိုယ့်လက်ရာလေး၊ ကိုယ့်အမြင်လေးတစ်ခုခု (အတ္တ) ပါနေရင် တန်ဖိုးထားစောင့်ရှောက်တတ်စမြဲကိုး…။ ဒီလို ဖြစ်စေဖို့ က လူတိုင်းကို ပူးပေါင်းပါဝင်ခွင့်ပေးရမယ် (participatory development)။ ဘာအကြောင်းနဲ့ မှခွဲခြားဆက်ဆံခြင်း (discriminate) မပြုရ။ ၀ိုင်းပယ်မထားရ (marginalization) စသဖြင့်…။

နောက်တစ်ချက်က.. ကူညီထားတဲ့လုပ်ငန်းမှာကိုပဲ ရပ်ရွာက (သို့ မဟုတ်) သက်ဆိုင်ရာ အစိုးရက အနည်းဆုံး လုပ်အားဖြစ်ဖြစ်၊ အလုပ်လုပ်ဖို့ လက်နက်ကိရိယာဖြစ်ဖြစ်၊ အကြံညဏ်ဖြစ်ဖြစ် တတ်နိုင်သမျှစိုက်ခိုင်းတာပဲ…။ အစိုးရကို ပေးတဲ့ အကူညအညီတွေမှာလည်း ဒီလို ကန့် သတ်အခြေအနေတစ်ခုနဲ့ ပေးတာပဲ..(Conditional Adis)။ ဥပမာ အစိုးရ၀န်ကြီးဋ္ဋာနဘက်က ရာခိုင်နှုန်းဘယ်လောက် ပါဝင်ကျခံသုံးစွဲပေးရမယ်ဆိုတာမျိုး....။ ဒီအကူအညီတွေရဲ့ ထိရောက်မှု (Aid Effectiveness) ဆိုတာကိုလည်း ဒီသဘောတရားကို အခြေခံတည်ဆောက်ထားတဲ့ ညွှန်ပြကိန်း (indicators) တွေနဲ့ အကဲဖြတ်လေ့ရှိကြတယ်..။ ဒီလို အကဲဖြတ်နိုင်ဖို့ ဆိုရင် ဖွံ့ ဖြိုးမှုပေါ်လစီဆိုင်ရာ သဘောတရားတွေကိုနားလည်ပိုင်နိုင်ဖို့ က အရေးပါလာတော့တာပေါ့..။

ဥပမာ- နာဂစ်ကြောင့်အတိဒုက္ခရောက်သွားတဲ့ ရွာကို ပြန်လည်ထူထောင်ဖို့ အကူအညီပေးမယ်ဆိုပါစို့ ..။ ပထမအဆင့်အနေနဲ့ ဒီရွာရဲ့ လိုအပ်ချက်တွေကို ရှာဖွေဖေါ်ထုတ်ရမယ် (Assessment)။ ဒီလိုဖေါ်ထုတ်ရာမှာလည်း ရပ်ရွာကပူးပေါင်းပါဝင်တဲ့နည်းလမ်းအားဖြင့်သာလျှင် ဖေါ်ထုတ်ရမယ် (participatory assessment)။ နောက်တဆင့်က လိုအပ်ချက် အနမတဂ္ဂတွေထဲကမှ ဦးစားပေးအဆင့်အလိုက်ခွဲခြားရမယ် (Priorities)။ ဒီလို သတ်မှတ်ရာမှာလည်း ရပ်ရွာရဲ့ တညီတညွတ်အသံနဲ့ ဖြစ်ရမယ် (Community Decision)။ ရွာထဲမှာ အကူအညီလိုအပ်နေသူတွေဟာ ရွာလုံးကျွတ်နီးပါးဖြစ်နေတတ်ပြီးတော့ ပေးနိုင်တာ (resource) က လက်တစ်စုပ်စာပဲဖြစ်နေတတ်စမြဲဆိုတော့.. ဘယ်သူ့ ကို ဦးစားပေးကူညီမလဲ ဆုံးဖြတ်ရမယ်…(Beneficiary Selection)။ဒီလို ဆုံးဖြတ်ရွေးခြယ်စေရာမှာလည်း ရွာသားတွေကိုယ်တိုင်က သတ်မှတ်စံတွေ(criteria) သတ်မှတ်တာ၊ ဒီစံတွေနဲ့ အညီရွေးခြယ်တာလုပ်ရမယ်..စသဖြင့်ပေါ့..။

ဒီလို လုပ်ဆောင်ချက်အဆင့်တွေအားလုံးကို ကြည့်လိုက်ရင် ရွာကလူတွေအားလုံးဟာ ကိုယ့်ရွာရဲ့ အကျိုးစီးပွားအတွက် ပူးပေါင်းပါဝင်လာခြင်း participation ဆိုတဲ့ သဘောတရားနဲ့ လုပ်ဆောင်နေကြတယ်ဆိုတာကို မြင်ရမှာပဲ..။ ဒါရဲ့ အကျိုးရလဒ်က…ဒီလုပ်ငန်းကြောင့် ဖြစ်လာတဲ့ ပြဿနာအ၀၀ကို ရွာကလူတွေက ခေါင်းခံဖြေရှင်းရဲတဲ့သတ္တိ (accountability)၊ ကျရာတာဝန်ကိုကျေပွန်အောင်လုပ်လိုတဲ့စိတ်ဓါတ် (responsibility)၊ အဆုံးမတော့..ကိုယ့်ရဲ့ အသံ၊စိတ်ကူး၊အကြံပါသွားတဲ့အတွက် ကိုယ်ပိုင်ဖြစ်လို့ တန်ဖိုးထားခြင်း (ownership) ဆိုတဲ့ အကျိုးတရားကိုဖြစ်စေတော့တာပဲ....။ဒါတွေရဲ့ ရေရှည်သက်ရောက်မှုက… အချင်းချင်း ညီညီညွတ်ညွတ် လုပ်တတ်ကိုင်တတ်တဲ့ စွမ်းရည် (Good Governance) နဲ့  စုပေါင်းဖြေရှင်းတတ်တဲ့ အလေ့အထ (Democratic Practice) တွေကိုပါ ကျွဲကူးရေပါ လေ့ကျင့်ပေးပြီးသားဖြစ်သွားတော့တယ်..။

အနှစ်ချုပ် ကြည့်လိုက်ရင် အားလုံးပူးပေါင်းပါဝင်လုပ်ဆောင်ခြင်း (participation) ကြောင့် ထွက်လာမယ့် ရလဒ်ဟာ လူတိုင်းနဲ့ ဆိုင်တယ်ဆိုတဲ့ အသိ (ownership) ကို ရရှိသွားစေပြီး ဒီကမှတဆင့် လုပ်ရဲကိုင်ရဲ၊ တာဝန်ခံရဲ၊ ခေါင်းခံရဲတဲ့ အရည်အသွေးတွေကို မွေးမြူဖို့ တွန်းအားဖြစ်သွားတော့တာပေါ့...(empowerment).။ အကောင်အထည်ဖေါ်လိုက်တဲ့ စီမံချက် (သို့ မဟုတ်) အလုပ်ကိုလည်း ရေရှည်တည်တံ့အောင် တရွာလုံးက အသိစိဓါတ်ရှိရှိ စောင့်ရှောက်သွားတော့တာပေါ့…။ ဒါကိုပဲ ရေရှည်တည်တံ့သော ဖွံ့ ဖြိုးမှု (sustainable development) လို့ စကားလုံးသုံးပြီးခေါ်ကြတာပါပဲ..။

နိုင်ငံတကာ အကူအညီ (International Aids) တွေဆိုတာ ဒီသဘောတရားတွေနဲ့ တည်ဆောက်ထားတဲ့ ပေါ်လစီတွေဖြစ်လေတော့ လုပ်ငန်းအ၀၀ ကို ဒီသဘောတရားတွေနဲ့ သာ အကဲဖြတ်လေ့ရှိပြီး အကူအညီပေးလေ့ရှိတာပဲ….။ ဒီနေ့ ခေတ်မှာ ownership မပြနိုင်၊ မလုပ်နိုင်ပါဘဲ အကူအညီပေးတာမျိုးဆိုတာ ရှာမှရှားပဲ..။

ဒီလို သဘောတရားကို ဖွံ့ ဖြိုးမှုလုပ်ငန်းနယ်ပယ်ကိုကျော်ပြီး အခြားနယ်ပယ်တွေ (ဥပမာ - လက်ရှိမြန်မာ့နိုင်ငံရေး ) ထိ ဆက်စပ်စဉ်းစားကြည့်ရင်လည်း ဒီသဘောတရားတွေရဲ့ အရေးပါမှုကိုသိမြင်နိုင်တာပဲ..။ အထင်ရှားဆုံးကတော့… ပူးပေါင်းပါဝင်ခွင့်မပေး (un-participatory) ခဲ့တဲ့အတွက်ကြောင့် ၂၀၀၈ စာအုပ်စိမ်းကြီးဟာ မြန်မာနိုင်ငံသားတို့ ကြားမှာ ငါနဲ့ ဆိုင်တယ်ဆိုတဲ့ အသိ (ownership) ကိုမပေးစွမ်းနိုင်ပဲ…ဒီနေ့ အကျပ်အတည်းမျိုးဆိုက်ရောက်နေတယ်ဆိုတာ ကို မြင်မိမှာပါပဲ..။

ဒီလို ကိုယ်နဲ့ ဆိုင်တယ်ဆိုတဲ့ ခံစားချက် (sense of belongingness) မရှိတဲ့အတွက် ဒီစာအုပ်ကြီးအရ ဖြစ်လာတဲ့အစိုးရနဲ့ လွှတ်တော်အမတ်များကိုလည်း ဘ၀င်ကျကျလက်ခံလို့ မရ တဲ့ ပြဿနာ (illegitimacy) ထွက်လာတာပေါ့။ ဒါတွေရဲ့ ရလဒ်အနေနေဲ့ .. အစိုးရနဲ့ ပြည်သူကြားက မမြင်ရတဲ့ အပြန်အလှန်နားလည်မှုစာချုပ် (Social Contract) ဟာ ကျိုးပေါက်သွားပြီး တိုင်းပြည်တစ်ခုလုံး နိုင်ငံရေးအရ ရုန်းကန်ရတဲ့ အဆင့်ကိုရောက်သွားတာပဲလို့ မြင်လို့ ရတာပဲမဟုတ်လား..။

ဖြေရှင်းဖို့ နည်းလမ်းအနေနဲ့ က..ဒီ လူမှုပဋ္ဋိညဉ် ပြန်လည်အသက်ဝင်ခိုင်မာစေဖို့ ဆိုရင် အစိုးရအပါအ၀င် နိုင်ငံသားတိုင်းက ပူးပေါင်းပါဝင်လုပ်ဆောင်ရတဲ့ (participatory) နိုင်ငံသားဖြစ်မှု (citizenship) ကို အမျှော်အမြင်ရှိရှိလုပ်ဆောင်ကြဖို့ လိုမှာပဲ..။ နိုင်ငံသားဖြစ်မှုဆိုရာမှာ အယုတ်အလတ်အမြတ်မရွေး နိုင်ငံသားတိုင်းဟာ နိုင်ငံ့အရေးနဲ့ ပတ်သက်တဲ့ အရေးအရာကိစ္စမှန်သမျှကို ကျရာနေရာက ပါဝင်ပတ်သက်တာ၊ တာဝန်ယူထမ်းဆောင်တာ၊ ဝေဖန်အကြံပေးတာ၊ အကျိုးအကြောင်း အဆိုးအကောင်းထောက်ပြတာ…စသဖြင့်.အားလုံးပါဝင်နေမှာပဲလေ..။ ဒီလို သာ အားလုံးက ပူးပေါင်းပါဝင် ကြမယ်ဆိုရင် ငါတို့ ရေငါတို့ မြေဖြစ်တယ်ဆိုတဲ့အသိ “ownership” ကို ပြန်လည်ရရပြီး…အဆုံးမှာ အချင်းချင်း အပြန်အလှန်နားလည်ယုံကြည်မှု (mutual trust) ကို တည်ဆောက်နိုင်မှာ..။ ဒီလိုနဲ့ …အမျိုးသားပြန်လည်သင့်မြတ်ရေး (national reconciliation) ကိုဖန်တီးနိုင်မယ်လို့  မြင်လာမှာပါပဲ…

By
↧

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...


ဂျူနီယာဝင်း -ဒေါက်တာဂျက်ကဲလ် နှင့် မစ္စတာဟိုက်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ကညနမှ နယ်လှည့် ပုံမှန် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးပေးခြင်းအဖြစ်...


မိုးဇေညိမ်း ဘာလဲ ဘယ်လဲ ??


ဝေရှောက်ကမ်း ဘယ်ရောက်သွားပြီလဲ


အိမ်တွင်း နတ်အတွက် အိမ်တွင်း အုန်း ထားသင့် မထားသင့်


Windows 10 19H1 Airlock Premium v4 Permantly Activated 2019 (x64)


ပဲပိုးတီ စိုက်ပျိုးနည်း


၁၃ နှစ် အရွယ် မယားပါသမီးကို အကြိမ်ကြိမ်မုဒိမ်းကျင့်သူ ပထွေးကို ရဲက ဖမ်းဆီး



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>