Image may be NSFW.
Clik here to view.
Clik here to view.

အာဇာနည်ကုန်းတွင် ကိုရီးယားနိုင်ငံက အထိမ်းအမှတ် အဆောက်အအုံ တည်ဆောက်မည့် အစီအစဉ်ကို တစ်ကိုယ်တော် ဆန္ဒပြသမားတစ်ဦးက ကန့်ကွက်ခဲ့ပါတယ်။ဒီသတင်းနဲ့ ပတ်သတ်ပြီး တစ်ကိုယ်တော် ကန့်ကွက်ခဲ့သူ ပြည်သူ့အကျိုးပြု ဒီမိုကရေစီအင်အားစုမှ ဦးဇော်ဝင်းကို ဂုဏ်ပြုပါတယ်။ နိုင်ငံသား တစ်ယောက်အနေနဲ့ တတ်နိုင်တဲ့ အခန်းကဏ္ဍ တစ်ခုကနေ တတ်အားသရွေ့ လုပ်ဆောင်ပေးခြင်းကိုလည်း ကျေးဇူးတင်ပါတယ်။
ကိုရီးယားတွေနဲ့ ပတ်သတ်ရင် သတိကြီးကြီးထားကြဖို့လည်း တိုက်တွန်းချင်ပါတယ်။ ပြီးခဲ့တဲ့ ၁၇ ရက်၁၂လမှာ ကိုရီးယား အလှူရှင် အဖွဲ့အစည်းတစ်ခုက မန္တလေးမြို့မှ ရတနာအောင်မြင် မိဘမဲ့ ကျောင်းတိုက်ကို အဆောက်အအုံတစ်ခု ဆောက်လုပ်လှူဒါန်းဖို့ MOU လက်မှတ်ထိုးပွဲ ပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီပွဲမှာ စကားပြန်လုပ်ပေးဖို့ ဆက်သွယ်လာပါတယ်။ ဘုန်းကြီးကျောင်း အသွား ကားပေါ်မှာပဲ မနန်းစံဟွမ်က MOU မိတ္တူကို ပြပါတယ်။ ဒါနဲ့ဖတ်ကြည့်တော့ နံပါတ်၃နှင့် ၅မှာ ပြဿနာရှိနေတယ်လို့ ထောက်ပြလိုက်ပါတယ်။ နံပါတ်၃မှာက ကိုရီးယား အလှူရှင် အဖွဲ့က သူတို့လှူတဲ့ အဆောက်အဦးရဲ့ အခန်းကျယ်တစ်ခု(တစ်ထပ်လုံးစာနီးပါး)ကို လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ရန် အမြဲတမ်းအသုံးပြုခွင့်ပေးရမည်လို့ ရေးထားပါတယ်။ ဒါက ပြဿနာတွေ အများကြီးရှိပါတယ်။ လူမှုရေး လုပ်ငန်းဆိုတဲ့ စကားလုံးက အလွန်ကျယ်ပြန့်ပါတယ်။ အမြဲတမ်း ဆိုတာက နှစ်အကန့်အသတ်မရှိပါဘူး။
ပိုပြီးဆိုးတာက နံပါတ်၅မှာ စာချုပ်ပါ အချက်အလက်တွေကို လုံးဝပြင်ဆင်ခွင့် မရှိဆိုတာပါပဲ။ လိုချင်တာ တောင်းပြီး အခိုင်အမာ ချည်ပြီးချုပ်ပြီး လုပ်ထားတာပါ။ နံပါတ်၅ဟာ MOUရဲ့ သဘောသဘာဝနဲ့ ဆန့်ကျင်နေပါတယ်။ ဒီနှစ်ချက်ကို ထောက်ပြတော့ မမနန်းက "ကိုရီးယားတွေက တစ်ခါတစ်ရံ မြန်မာပြည် လာတဲ့အခါမှာ အစည်းအဝေးလေး ဘာလေး လုပ်ချင်ရင် လုပ်ခွင့်ပြုပါလို့ ပြောထားပါတယ်။ ဒါ့ကြောင့် ပြဿနာ မရှိလောက်ပါဘူး။"လို့ သူကယူဆပါတယ်တဲ့။ ဒါဆိုရင် သူတို့စကား အတိုင်းပဲ စာချုပ်မှာ ရေးသင့်ပါတယ်။ဒီလိုလက်တစ်လုံးခြား အပြောတစ်မျိုး အရေးတစ်မျိုး မလုပ်စေ သင့်ဘူးလို့ ကျွန်မက တိုက်တွန်းရပါတယ်။
ကျွန်မတို့ ဒုတိယနှစ်ကျောင်းသူ အရွယ်မှာ မြန်မာပြည်ကို လာပြီး လူမှုရေး ဘာသာရေးလုပ်တဲ့ အဖွဲ့အစည်းတစ်ခုဟာ မန္တလေးမြို့သစ်ဘက်က သူတို့အခြေစိုက် ရုံးခွဲအိမ်မှာ မြောက်ကိုရီးယား ဒုက္ခသည်တွေကို ခိုးသွင်းလာမှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာမြောက်ကိုရီးယား ဒုက္ခသည်တွေ တရုပ်နယ်စပ်ကနေ တဆင့် ထွက်ပြေးမှုလမ်းကြောင်းပေါ်က ကူညီရေးစခန်းတစ်ခု လူမှုရေး ဘာသာရေးအဖွဲ့ အရေးခြုံပြီး လာဖွင့်ထားခဲ့တာလို့ ယူဆလို့ ရပါတယ်။ ဒီပြဿနာကြီးမှာ မန္တလေးက ခရစ်ယာန်အဖွဲ့အစည်း အချို့ပါ မဆိုင်ဘဲနဲ့ ငြိ
သလို ဖြစ်ပြီးအတော် လေးဖြေရှင်းယူ ခဲ့ရတယ်လို့လည်း ကြားရပါတယ်။
ဒီလိုရှုပ်ထွေးမှုတွေ၊ ဥပဒေနဲ့ ငြိစွန်းမှုတွေ ဖြစ်လာရင် ဆရာတော်နဲ့ ကျောင်းတိုက်လည်း ရှောင်ထွက်လို့ မရနိုင် ပါဘူး။ ပြီးတော့ ကျွန်မနားလည်ထားတဲ့ MOUဆိုတာ နှစ်ဦးနှစ်ဘက် အခြေအနေ အရ ပြောင်းလွယ် ပြင်လွယ် လုပ်လို့ရရမှာ ဖြစ်ပါတယ်။ဒါတွေကိုလည်း ရှင်းပြပြီး တခြားသောကြုံတွေ့ဖူးတဲ့ ကိုရီးယားနဲ့ ပတ်သတ်တဲ့ အတွေ့အကြုံတွေကိုလည်း ထည့်သွင်းရှင်းပြလိုက်ရပါတယ်။
Image may be NSFW.
Clik here to view.
ဒါနဲ့ မနန်းလည်း သူ့သူငယ်ချင်း ရှေ့နေတစ်ယောက်ကို ဖုန်းဆက်ခေါ်ယူ ခဲ့ပါတယ်။ လမ်းမှာ ကျွန်မသူငယ်ချင်း နွယ်နီလှိုင်ကိုပါ ထပ်မံအားဖြည့် ခေါ်ယူခဲ့ပါတယ်။ကိုရီးယား အလှူရှင်တွေ ရောက်လာတော့ အင်မတိအင်မတန်မှ ကိုရီးယားဆန်တဲ့ မြန်မာလူမျိုးကိုရီးယား အလိုတော်ရိ စကားပြန်တစ်ယောက် ပါလာပါတယ်။ ဒါနဲ့ မနန်း၊ရှေ့နေကြီးနဲ့ ကျွန်မတို့နှစ်ယောက်ပေါင်းပြီး တိုင်ပင်ကြပါတယ်။ Clik here to view.

ကျွန်မတို့သူငယ်ချင်း နှစ်ယောက်က ကိုရီးယားစကားပြန်ဆိုတာ မပြောတော့ဘဲ U ပုံစံ နေရာစီထားတဲ့ ထိုင်ခုံတွေရဲ့ ဘယ်ညာမှာ နေရာယူလိုက်ပါတယ်။ လိုအပ်လာမှ ဝင်ရောက်ပြောဆို စကားပြန်လုပ်ပေးဖို့ပါစည်းဝါးရိုက်လိုက်ပါတယ်။အဲဒီနှစ်ချက်ကို ပယ်ဖျက်ပေးဖို့ ညှိနှိုင်းတော့ မောင်အလိုတော်ရိက ကိုရီးယား ဘုန်းကြီးနဲ့ အလှူရှင်တွေကို သေသေချာချာ ရှင်းမပြဘဲ ၃နှင့်၅ ကို ပြင်ချင်တယ်လို့ပဲ အဖြစ်လေးပြောပြ ပါတယ်။ ပြီးတော့ ရှေ့နေကြီးနဲ့ မနန်း တို့ကို လုံးဝအရေးလုပ် စကားမပြောတော့ဘဲ ဘာမှနားမလည်လို့ ရှေ့နေကြီးလက်လွှဲအပ် ထားပါတယ်လို့ပြောပြီး ထိုင်နေတဲ့ ဆရာတော်ကိုပဲ ဇွတ်အတင်း ဖိအားပေးပြီး ဘယ်အချက်မှမပြင်ဆင်ဘဲ လက်မှတ်ထိုးပေးဖို့ လှည့်ပတ်တောင်းဆို ပါတော့တယ်။
အဓိက ကတော့ သီတဂူ ဆရာတော်ကြီး နာမည်ကိုပဲ တွင်တွင်သုံး သွားပါတယ်။ သီတဂူဆရာတော်နဲ့ သူတို့အဖွဲ့အစည်းနဲ့ ဒီလိုပဲMOUရေးထိုးခဲ့ ကြောင်းးး မှတ်တမ်းဓါတ်ပုံတွေကို ဖုံးထဲကထုတ်ပြပြီး အော်ကြီးဟစ်ကျယ်တွေ အကြာကြီးပြောပါတယ်။ ဘာပြဿနာ ဘာအငြင်းပွားမှုမှ မရှိခဲ့ကြောင်းလည်း အက်ကြောင်းထပ်အောင် ပြောပါတယ်။ဒီမှာကြမှ သူတို့ရဲ့MOU ကို ဈေးဆစ်နေမယ်ဆိုရင် သီတဂူ ဆရာတော်ကြီးကို ပြန်တိုင်ပင်ပြီး တခြားနေရာ ထပ်ပြီးရှာဖွေဖို့ အကူအညီတောင်းရပါလိမ့်မယ် ဘာညာ သာတကာတွေလည်း ပြောပါတယ်။ဒါနဲ့ သီတဂူဆရာတော်နဲ့ MOU ထိုးတာ ဘာအလှူလဲလို့မေးတော့ ရေသန့်စက်လှူတာ ဖြစ်နေပါတယ်။
သီတဂူမှာ ရေသန့်စက်တွေ တပ်ဆင်လှူဒါန်း ဖို့ MOUနဲ့ ဒီဘုန်းကြီးကျောင်း လေးပေါ် အဆောက်အအုံ ဆောက်ပြီး ရုံးခန်းနေရာ အမြဲတမ်းအသုံးပြုခွင့်တောင်းတဲ့ MOUနဲ့က ဘယ်လိုသွားပြီး အကြောင်းအရာ အချက်အလက်တူမှာလဲ။ ဒီမှာအထက်စီးယူပြီး ရေးထားသလို MOU မျိုးကို သီတဂူဆရာတော်ကြီးဆီ သွားပြီး သူတို့ ကမ်းလှမ်းရဲသလားးး။ မိုးမပြို ပြိုခဲ့သော်....ပြဿနာ တစ်ခုခု တက်လာခဲ့ရင် နိုင်ငံခြားသားတွေ တည်းခိုနေထိုင်ခွင့်ပြုမှု၊ နိုင်ငံခြားအဖွဲ့ အစည်းတွေကို တရားမဝင် အခြေစိုက်ခွင့်ပြုမှု... စတာတွေပါ ပေါင်းစုပြီး ဆရာတော်ကဖြေရှင်းရမှာပါ။ သီတဂူ ဆရာတော်ကြီးရဲ့ ပါဝါနဲ့ ကျွန်မတို့ ဆရာတော်ရဲ့ ပါဝါက မတူပါဘူး။
Image may be NSFW.
Clik here to view.![Photo]()
သီတဂူ ဆရာတော်ကြီးကို ဟိုကတည်းက စစ်အစိုးရတောင် မထိရဲခဲ့ကြပါဘူးးး အခုဆိုရင် ဆရာတော်ကြီးရဲ့ Soft Power က ပိုပြီး ကြီးမားကျယ်ပြန့် အားကောင်းလာတာ အားလုံး သိကြပါတယ်။ ပြဿနာ ဖြစ်ခဲ့သည်ရှိသော် သီတဂူ ဆရာတော်ကြီးဘက်က ဝင်ရှင်းပေမယ့် ပုဂ္ဂိုလ်တွေ ချည်းပါပဲ။ ကျွန်မတို့ ဆရာတော်ကတော့ တစ်ယောက်ထဲ ရုံးပြင်ကန္နား ကိုယ်တိုင်ထွက် ရှင်းရမှာပါ။ဒီတော့ ဘယ်လိုအကြောင်းနဲ့မှ ဒီMOU ကို သူတို့အလိုအတိုင်း လက်မှတ်ထိုးလို့ မဖြစ်ပါဘူး။Clik here to view.

မရမက ဇွတ်ရောအတင်းရော မဟုတ်က ဟုတ်ကတွေကို အာဘောင်အာရင်း သန်သန်နဲ့ ပြောပြီး ဆရာတော်ကို စည်းရုံးနေတဲ့ မောင်အလိုတော်ရိကို ကျွန်မတို့ရဲ့ ရှေ့နေကြီးက "နိုင်ငံခြားသားတွေနဲ့ စာချုပ်ချုပ်ဆိုခြင်းဟာ တရားမဝင်ဘူးးး ဒီတော့ခင်ဗျားက ဒီအဖွဲ့အစည်းရဲ့ ကိုယ်စားလှယ်အဖြစ် လက်မှတ် ထိုးပေးရမယ်"လို့ တောင်းဆိုပါတယ်။
ဒီမှာပဲ မောင်အလိုတော်ရိက နှုတ်ခမ်းကိုမဲ့၊မျက်မှောင်ကိုချိုးပြီး မခန့်တရန့် မျက်နှာပေးနဲ့ ရှေ့နေကြီးကို "နိုးနိုးနိုးးးး ကျွန်တော် လုံးဝလက်မှတ်မထိုးနိုင်ပါဘူးးး ခင်ဗျားဆိုရင်လည်း ကိုယ့်အလှူဒါနကို သူများနာမည်ခံခိုင်းပြီး ဘယ်လှူချင် မှာလဲဗျ။"လို့ ဟန်ပါပါနဲ့ ဖိန့်ပြောပြောပါတယ်။ မနန်းကလည်း ဒီအချက်တွေ မပြင်ရင် MOUကို လက်မှတ်ထိုးမပေးနိုင်ဘူးးး မလှူချင်လည်း ပြန်ရုတ်သိမ်းလို့ရတယ်။ ဒီကျောင်းအတွက် အလှူရှင်တွေအများကြီးရှိပါတယ်။ ကြိုက်သလို ဆုံးဖြတ်ပါ လို့ ခပ်တင်းတင်း ပြောပစ်ပါတယ်။
နောက်ဆုံးတော့ နံပါတ်၃နှင့်၅ကို ဖျက်ပြီးMOUထိုးဖြစ်ခဲ့ပေမယ့် သူတို့ရုံးခန်းဖွင့်ခွင့်မရရင် နှစ်ထပ်ကျောင်းဆောင် အဖြစ်သာ လှူဒါန်းတော့မယ်၊သုံးထပ်မလှူတော့ဘူး ဆိုပြီးတော့ ဆုံးဖြတ်သွားပါတယ်။ ဒီတော့ မြန်မာပြည်က ဘုန်းကြီးကျောင်းများ သီလရှင်ကျောင်းများအနေနဲ့ နိုင်ငံတကာက အလှူရှင်တွေနဲ့ စာချုပ်တွေ နားလည်မှု စာချွန်တွေ လက်မှတ်ထိုးတော့မယ် ဆိုရင် သတိရှိဖို့နဲ့ ဥပဒေနားလည်သူတွေနဲ့ တိုင်ပင်ဆွေးနွေးကြပါလို့ပဲ အကြံပေး ချင်ပါတယ်။
နေထက်ထက်အောင်—