Quantcast
Viewing all articles
Browse latest Browse all 1811

ကျွန်တော်ရေးသည့် မောင်ပိုင့်အကြောင်း အပိုင်း(၁၁)

Image may be NSFW.
Clik here to view.
ကျွန်တော်ရေးသည့် မောင်ပိုင့်အကြောင်း အပိုင်း(၁၁) ……………………….. (၁)  " ဟူး…မချောင်ဘူးဟ.. "  " အေး… ပြိုင်ပွဲတော့မသိဘူး..လေ့ကျင့်ရတာကကော့ ဖတ်ဖတ်ကိုမောသဟ "  မန္တလေးတွင် တပ်မတော်လေ့ကျင့်ရေးစံနှုန်းပြိုင်ပွဲအတွက် လေ့ကျင့်နေကြရခြင်းဖြစ်သည်။  တကက/စရ အထောက်အကူပြုသင်တန်းပြီးစီးသွားပြီဖြစ်သဖြင့် ပြိုင်ပွဲအတွက် ဆက်လက်လေ့ကျင့်နေကြရသည်။    မိုးကလည်း ကောင်းလို့နေသည်။  မိုးထဲရေထဲတွင် လေ့ကျင့်ကြရသည်။ ပြိုင်ပွဲတွင် ၅ မိုင်အပြေးတက်၊ ခရီးရှည်လမ်းလျှောက်စသည့် တပ်မတော်ခံနိုင်ရည်စံနှုန်းများပါဝင်မည်ဖြစ်သဖြင့် ကျောပိုးအိတ်တွင် သဲထည့်၊ ရေဗူးခါးချိတ်၊ သေနတ်မြင့်ဖြင့် တပ်တွင်းတွင် အပြေးလေ့ကျင့်နေကြရခြင်းဖြစ်သည်။  မကြာခင်အချိန်ကလည်း ခရီးတိုချီတက်ခြင်းလေ့ကျင့်ခဲ့ကြရသည်။  ကျွန်တော့ခန္ဓာကိုယ်သေးသေးဖြင့် လေ့ကျင့်ရသည်မှာ မလွယ်။ မောပန်းလွန်းသည်။  သို့သော် ဇွဲ၊ စိတ်ဓာတ်ဖြင့် လေ့ကျင့်ရေးဆောင်ရွက်မှုများတွင် မပျက်အောင်လိုက်ပါလုပ်ဆောင်ခဲ့သည်။  တပ်တွင် လေ့ကျင့်အပြီး မန္တလေးသို့သွားရောက်ယှဉ်ပြိုင်မှုတွင်တော့ ကျွန်တော်မပါဝင်ခဲ့ပါ။  တပ်၌သာ ကျန်ခဲ့ရသည်။  စစ်တက္ကသိုလ်၊ ကြည်းတပ်များနှင့်ပါ ယှဉ်ပြိုင်ရမည်ဖြစ်သဖြင့် လေ့ကျင့်ရေးဆရာများက ပြိုင်ပွဲဝင် နိုင်သည့် အရည်အချင်းမရှိ၊ အဆင့်မမှီဟု ဆုံးဖြတ်မှုကြောင့် ၁၀ ယောက်ခန့် ကျန်ခဲ့ကြရခြင်းဖြစ်သည်။  တကယ်လည်း ပြိုင်ပွဲတွင် ကျွန်တော်ဝင်ရောက်ယှဉ်ပြိုင်လျှင် ဖြစ်နိုင်မည်မဟုတ်။  စိတ်ဓာတ်ဖြင့်သာ လိုက်ပါလုပ်ဆောင်ခဲ့သော်လည်း အများနှင့်ယှဉ်ပြိုင်ချိန်တွင်တော့ အရှက်ရစရာဖြစ်သဖြင့် ကျန်ခဲ့ရခြင်းသည်သာ ပိုကောင်းသည်ဟု ထင်မိသည်။  စိတ်ထဲတွင်တော့ ကျေနပ်နေမိသည်။  မကြာခင်တွင် ပြင်ဦးလွင်မြို့ဆီသို့ ချီတက်ကြရတော့မည်ဖြစ်သည်။ ပြင်ဦးလွင်တွင် သင်တန်းတက်ကြရတော့မည်ဖြစ်ပါသည်။ (၂)  " ပစ္စည်းတွေ ကျန်ခဲ့မယ် ပါအောင်တင်ကြ "  ရထားမထွက်မီအချိန်တွင် မန္တလေးသို့လိုက်ပါပို့ဆောင်သော ဆရာက မှာနေခြင်းဖြစ်သည်။  ရထားက ခရီး သည်တွေ၊ ပြင်ဦးလွင်တွင် သင်တန်းတက်မည့် သင်တန်းသားတို့ဖြင့် ပြည့်နှက်လို့နေသည်။  အဖွဲ့လိုက်ဖြစ်သဖြင့် တစ်ယောက်ပစ္စည်းတစ်ယောက် ကူသယ်ပေးကြရင်း ရထားကြီးပေါ်သို့ အကုန်ရောက်အောင်တင်ကြသည်။ ရထား ပေါ်တွင်တော့ ထိုင်စရာနေရာမှာ ကြပ်တည်းလှသည်။  ရထားကြီးက လွန်းထိုးတက်နေရသည်။  မတွေ့မမြင်မကြုံဘူးခြင်းကြောင့် အထူးအဆန်းဖြစ်ပြီး ပြတင်း ပေါက်တွင် ခေါင်းပြူ၍ထွက်ကြည့်မိကြသည်။  ရထားကြီးကတော့ တောင်ပေါ်ကို လွန်းပျံ ပျံရင်းတက်နေသည်။ မကြာမီ မြေညီပြန့်စီမှ ဘူတာတစ်ခုသို့ ဆိုက်ရောက်လေတော့သည်။  ဗိုက်တွေကတော့ တော်တော်ဆာသဖြင့် ရွာထဲဝင်ထမင်းစားကြရသည်။ ရထားကအေးဆေးနားဦးမည်ဟု ဆိုလေခြင်းကြောင့်ပင်။  ထမင်းစားပြီး ပြန်ရောက် လာတာတောင် ရထားကမထွက်နိုင်သေး။   ရထားကြီးပေါ်မှာ ပစ္စည်းတွေ၊ ခရီးသည်တွေက ပြည့်နှက်လာသဖြင့် ကျွန်တော်တို့ ရထားခေါင်မိုးပေါ် တက်စီးကြသည်။ ထိုအချိန်ကတော့ ကြောက်ရကောင်းမှန်းမသိကြ။  ပျော်လို့တောင်နေလိုက်သေးသည်။  လှိုင်ဂူ တစ်ခုဖြတ်ပြီဆိုလျှင် ၀မ်းလျားမှောက်လိုက်ကြ၊ ပြန်ထလိုက်ကြဖြင့် ရထားကြီးပေါ်၌လိုက်ပါလာခဲ့သည်မှာ ည အမှောင်ရောက်ကာမှ ပြင်ဦးလွင်ဘူတာသို့ ဆိုက်ရောက်ခဲ့တော့သည်။  သင်တန်းကျောင်းမှ ကားဖြင့်လာကြိုသည်။  သင်တန်းကျောင်းရောက်တော့ တော်တော်ညဥ့်နက်နေပြီ။  ကျွန်တော်တို့အဖွဲ့တွေကို စီတန်းထားသော ခုံပေါ်တွင်နေရာချထားပေးမှုကြောင့် ပစ္စည်းတွေကို ချရင်း ကျွန်တော် တို့ အိပ်စက်လိုက်တော့သည်။ (၃)  ၃-၉-၂၀၀၁ ရက်နေ့တွင် တပ်ကြပ်ကြီးစာရေးသင်တန်း အမှတ်စဉ်(၁၂၂)ကို စတင်ဖွင့်လှစ်သည်။  ကျွန်တော်တို့(လေ)အဖွဲ့တွေက တစ်နေရာစီကွဲသွားသည်။  ကျောင်းသားအမှတ်တွေ သတ်မှတ်ပေးသည်။ အိပ်ဆောင်၊ တပ်ခွဲတွေ ခွဲပေးသည်။  ကျွန်တော်က သီဟတပ်ခွဲ(၂)၊ အိပ်ဆောင်(၉)၊ ကျောင်းသားအမှတ် (၁၉၉)။  အခြေခံစစ်ပညာသင်တန်း တွင် ရရှိခဲ့သော ကျောင်းသားအမှတ်မှာ ကျွန်တော်၏ ကိုယ်ပိုင်အမှတ်ပေါင်းခြင်း(၃၀)ဖြစ်သည်။ ဒီသင်တန်းတွင် ရရှိသည့် ကျောင်းသားအမှတ်မှာလည်း ၁၉၉ ဖြစ်သဖြင့် ရဲလေး (အဆိုတော်မဟုတ်ပါ)ဟုခေါ်ကြသည်။  ယူနီဖောင်းအရောင်ကလည်း ကာကီရောင်ဖြစ်သောကြောင့် ၁၉၉ ရဲလေးကျွန်တော်ပေါ့။  သင်တန်းတွင် စတင်ပေါင်းဖက်ရသည်က တပ်မတော်(ကြည်း)မှ အပေါင်းအဖော်တို့နှင့်ဖြစ်သည်။  သင်တန်းစချိန်တွင်တော့ ခပ်တန်းတန်းဖြစ်နေကြသော်လည်း တစ်ပတ်နှစ်ပတ်ခန့်ကြာမြင့်သွားသည့်အခါ တကယ့် ငယ်ပေါင်းကြီးဖော်တွေလို ခင်မင်သွားကြသည်။  တပ်မတော်(လေ)နှင့် တပ်မတော်(ကြည်း) ၀တ်ဆင်ထားသည့် အရောင်အသွေး မတူကြသော်လည်း ကျွန်တော်တို့ စိတ်ဓာတ်တွေတူညီသည်။ နှလုံးသားတွေပေါင်းစည်းကြသည်။  ကျောင်းသားအမှတ် (၁၉၈)က နန္ဒဖုန်းနောင်။  ကိုးကွယ်တာက ခရစ်ယာန်။  အသားအရောင်က မည်း သည်။ သူနှင့်ကျွန်တော်က တွဲဖော်တွဲဖက်ဖြစ်သည်။  သူ့အစ်မဖြစ်သူနှင့် ကျွန်တော့်ကို မိတ်ဆက်ပေးတော့ အံ့အား သင့်မိသည်။  သူ့အစ်မဖြစ်သူက ဖြူ၍ ချောမောသည်။ မောင်နှမဆိုလျှင် ယုံချင်စရာတောင်မရှိလှ။ (သူငယ်ချင်းတို့ ရေ မတွေ့တာကြာပြီဖြစ်လို့ သတိတရ ပြန်ပြောနေတာပါ။  ရောက်ရာအရပ်က ၁၉၉ ကိုဆက်သွယ်ကြပါလို့)။ (၄)  ပြင်ဦးလွင်ရာသီဥတုကို သဘောကျမိသည်။  သင်တန်းတက်ရသည့်ကာလက အချိန်ကောင်းဖြစ်သဖြင့် အေးအေးလူလူရှိလှသည်ဟု ဆိုရမည်ပင်။  နံနက်အိပ်ယာထ ကစ်ခင်း(အိပ်ယာအား ပုံစံချခြင်း)ကြသည်။  ကစ် ခင်းရာတွင် ခြင်ထောင်ကို သပ်ရပ်ပိရိအောင်ခေါက်ရသည်။  ခေါက်ထားသောခြင်ထောင်ကို ဆောင်ဖြင့်တင်း နေအောင်ပတ်ရသည်။  လေးထောင့်ပုံစံကြညီညာရသည်။ တွန့်နေ၍မရ။  ဆောင်ကျားကို ခင်းပြီးအပေါ်တွင် ပုံစံ ခွက်(ထမင်းစားပန်းကန်)ကို မှောက်၍တင်သည်။  ကုတင်ခြေရင်းမှာတော့ သေတ္တာထားရသည်။    တချို့ကတော့ ခြင်ထောင်နှင့် ဆောင်လုပ်သည့် ကစ်ပုံစံတုများကို ၀ယ်၍ထားပြီးတင်ကြသည်။  သင်တန်း တွင် အမှတ်ရယူကြခြင်းဖြစ်သည်။  ကျွန်တော်တို့ကတော့ မသိ။  ကစ်မကောင်းလျှင် အမှတ်ဖြတ်ခံရတာတော့ သိသည်။  သင်တန်းကာလ တစ်လမျှကြာမြင့်သည့်အခါ တပ်ပြင်ထွက်ခွင့်ပေးခြင်းသည် ထိုအမှတ်များပေါ် မူတည်၍ ပေးခြင်းဖြစ်သည်။  မျက်နှာသစ်ပြီး တန်းစီ၍ ကိုယ်လက်ကြံ့ခိုင်ရေးလုပ်ကြရသည်။  ပြင်ဦးလွင်မြို့တွင်းသို့ အပြေးလေ့ကျင့် ကြရခြင်းဖြစ်သည်။ ထိုအချိန်လေးကို အမှတ်ရမိသည်။  တော်တော်ပျော်စရာတော့ကောင်းလှသည်။  ငွေကြေး ပြတ်နေသည့် အချိန်တော်တော်များများတွင် နံနက်စာအတွက် ကော်ဖီသောက်နိုင်ရန် ကော်ဖီခွက်များကို ယူဆောင်လာကြခြင်းဖြစ်သည်။  ထည့်ရင်လာသော ခွက်များက ထွက်ကျသည့် ဂလုံ ဂလွမ်ဆိုသည့် အသံများက တကယ့်အမှတ်ရစပင်ဖြစ်တော့သည်။ (၅)  " မြန်မာပြည်ကာကွယ်မည် ဆို .."  " မြန်မာပြည်ကာကွယ်မည် တပ်မတော်ချီလာပြီ ..ရန်သူတွေကို တို့မမှုတော့သည် ..အာဇာနည်ပီပီ..သတ္တိဗျတ္တိညီ…"  စစ်ချီသီချင်းများသီဆိုရင်း စာသင်ခန်းမရှိရာသို့ ကျွန်တော်တို့ ချီတက်ခဲ့ကြခြင်းဖြစ်သည်။  ကျွန်တော်တို့ သင်တန်းကာလတွင် သင်တန်းဆောင်များတိုးချဲ့ခြင်းကြောင့် နေထိုင်ရာ တပ်ခွဲနှင့် စာသင်ဆောင်သည် ဝေးလံလှ သည်။  ထိုစာသင်ဆောင်ဘက်တွင်လည်း စည်သူတပ်ခွဲရှိပြီး သင်တန်းသားများနေထိုင်ကြသည်။  မိုးရွာသွန်း၍ ဗွက်များထလျှင် ထိုအိပ်ဆောင်ဘက်သည် စိတ်ပျက်စရာကောင်းလှတော့သည်။  စုပေါင်းတန်းစီကွင်းရောက်လျှင် ၀တ်စားဆင်ယင်မှု အစစ်ဆေးခံရသည်။  ဤစစ်ဆေးမှုသည်လည်း အမှတ်ပေးခြင်း၊ အမှတ်ဖြတ်ခြင်းတို့ ပြုလုပ်သည်။  ကျွန်တော်က ကြေးပွတ်ဆေးများကို ညဘက်တိုက်သည်။ ဖိနပ် ကိုတော့ သင့်တင့်ယုံသာတိုက်ချွတ်သည်။  တန်းစီကွင်းသို့ ချီတက်ရာတွင် ဖုန်၊ ရွှံ့ပေသလိုနှင့် ဖိနပ်ကို မပြောင် သလိုလုပ်သည်။  အမှန်တော့ ညစ်ပတ်ခြင်းဖြစ်သည်။  ထိုတန်းစီကွင်းမှတဆင့် စာသင်ခန်းဝင်ကြရသည်။  ဤတွင် လက်ကို နှိပ်စက်သည့် လက်နှိပ်စက်နှင့် စတင်ချစ်ကျွမ်းဝင်ရတော့သည်။  ဆရာများကို လက်နှိပ် မရိုက်မီ၊ မသင်ကြားမီ သတင်းစာများ ရှာခိုင်းပြီး လုံးချေခိုင်းသည်။ လက်ချောင်းလေးများ သံမာနေအောင် ဖြစ်သည်။ ကျန်သည့် လက်ညှိုး၊ လက်ခလယ်တို့က ပြဿနာမရှိလှ။  လက်သန်းဖြင့် စာရိုက်ရာတွင်တော့ ဘယ်လို မှရိုက်၍မရ။  အကြိမ်ကြိမ်လေ့ကျင့်ကြရသည်။  သင်ကြားရသည့် လက်နှိပ်စက်အခန်းသို့လည်း အလှည့်ကျဝင် ရောက်ကြရခြင်းဖြစ်သည်။  တချို့လက်နှိပ်စက်များက ရိုက်နှိပ်သည့် ခလုတ်တို့တွင် ဘောပင်ကိုဖြတ်၍ စွတ်ထား သည်။ ထိုသို့ဖြင့် သဝေထိုး၊ ယပင့်၊ လုံးကြီးတင်၊ အသတ် ဖြင့် ပါးစပ်ကရွတ်ဆိုရင်း လက်ကပါလာအောင် လက်ကွက်များဖြင့် လေ့ကျင့်ရတော့သည်။  တစ်နေကုန်၍ ညနေစာစားပြီး ခဏနားကြသည်။ ညတွင်တော့ ညစာကြည့်ချိန်အဖြစ် ခန်းမအတွင်း စုပေါင်းဝင်ရောက်ကြရတော့သည်။ ……………….. မောင်ပိုင် ၅-၂-၂၀၁၄

(၁)
"ဟူး…မချောင်ဘူးဟ.. "
"အေး… ပြိုင်ပွဲတော့မသိဘူး..လေ့ကျင့်ရတာကကော့ ဖတ်ဖတ်ကိုမောသဟ "

မန္တလေးတွင် တပ်မတော်လေ့ကျင့်ရေးစံနှုန်းပြိုင်ပွဲအတွက် လေ့ကျင့်နေကြရခြင်းဖြစ်သည်။ တကက/စရ အထောက်အကူပြုသင်တန်းပြီးစီးသွားပြီဖြစ်သဖြင့် ပြိုင်ပွဲအတွက် ဆက်လက်လေ့ကျင့်နေကြရသည်။
မိုးကလည်း ကောင်းလို့နေသည်။ မိုးထဲရေထဲတွင် လေ့ကျင့်ကြရသည်။ ပြိုင်ပွဲတွင် ၅ မိုင်အပြေးတက်၊ ခရီးရှည်လမ်းလျှောက်စသည့် တပ်မတော်ခံနိုင်ရည်စံနှုန်းများပါဝင်မည်ဖြစ်သဖြင့် ကျောပိုးအိတ်တွင် သဲထည့်၊ ရေဗူးခါးချိတ်၊ သေနတ်မြင့်ဖြင့် တပ်တွင်းတွင် အပြေးလေ့ကျင့်နေကြရခြင်းဖြစ်သည်။

မကြာခင်အချိန်ကလည်း ခရီးတိုချီတက်ခြင်းလေ့ကျင့်ခဲ့ကြရသည်။ ကျွန်တော့ခန္ဓာကိုယ်သေးသေးဖြင့် လေ့ကျင့်ရသည်မှာ မလွယ်။ မောပန်းလွန်းသည်။ သို့သော် ဇွဲ၊ စိတ်ဓာတ်ဖြင့် လေ့ကျင့်ရေးဆောင်ရွက်မှုများတွင် မပျက်အောင်လိုက်ပါလုပ်ဆောင်ခဲ့သည်။

တပ်တွင် လေ့ကျင့်အပြီး မန္တလေးသို့သွားရောက်ယှဉ်ပြိုင်မှုတွင်တော့ ကျွန်တော်မပါဝင်ခဲ့ပါ။ တပ်၌သာ ကျန်ခဲ့ရသည်။ စစ်တက္ကသိုလ်၊ ကြည်းတပ်များနှင့်ပါ ယှဉ်ပြိုင်ရမည်ဖြစ်သဖြင့် လေ့ကျင့်ရေးဆရာများက ပြိုင်ပွဲဝင် နိုင်သည့် အရည်အချင်းမရှိ၊ အဆင့်မမှီဟု ဆုံးဖြတ်မှုကြောင့် ၁၀ ယောက်ခန့် ကျန်ခဲ့ကြရခြင်းဖြစ်သည်။

တကယ်လည်း ပြိုင်ပွဲတွင် ကျွန်တော်ဝင်ရောက်ယှဉ်ပြိုင်လျှင် ဖြစ်နိုင်မည်မဟုတ်။ စိတ်ဓာတ်ဖြင့်သာ လိုက်ပါလုပ်ဆောင်ခဲ့သော်လည်း အများနှင့်ယှဉ်ပြိုင်ချိန်တွင်တော့ အရှက်ရစရာဖြစ်သဖြင့် ကျန်ခဲ့ရခြင်းသည်သာ ပိုကောင်းသည်ဟု ထင်မိသည်။
စိတ်ထဲတွင်တော့ ကျေနပ်နေမိသည်။ မကြာခင်တွင် ပြင်ဦးလွင်မြို့ဆီသို့ ချီတက်ကြရတော့မည်ဖြစ်သည်။ ပြင်ဦးလွင်တွင် သင်တန်းတက်ကြရတော့မည်ဖြစ်ပါသည်။
(၂)
"ပစ္စည်းတွေ ကျန်ခဲ့မယ် ပါအောင်တင်ကြ "
ရထားမထွက်မီအချိန်တွင် မန္တလေးသို့လိုက်ပါပို့ဆောင်သော ဆရာက မှာနေခြင်းဖြစ်သည်။ ရထားက ခရီး သည်တွေ၊ ပြင်ဦးလွင်တွင် သင်တန်းတက်မည့် သင်တန်းသားတို့ဖြင့် ပြည့်နှက်လို့နေသည်။ အဖွဲ့လိုက်ဖြစ်သဖြင့် တစ်ယောက်ပစ္စည်းတစ်ယောက် ကူသယ်ပေးကြရင်း ရထားကြီးပေါ်သို့ အကုန်ရောက်အောင်တင်ကြသည်။ ရထား ပေါ်တွင်တော့ ထိုင်စရာနေရာမှာ ကြပ်တည်းလှသည်။
ရထားကြီးက လွန်းထိုးတက်နေရသည်။ မတွေ့မမြင်မကြုံဘူးခြင်းကြောင့် အထူးအဆန်းဖြစ်ပြီး ပြတင်း ပေါက်တွင် ခေါင်းပြူ၍ထွက်ကြည့်မိကြသည်။ ရထားကြီးကတော့ တောင်ပေါ်ကို လွန်းပျံ ပျံရင်းတက်နေသည်။ မကြာမီ မြေညီပြန့်စီမှ ဘူတာတစ်ခုသို့ ဆိုက်ရောက်လေတော့သည်။ ဗိုက်တွေကတော့ တော်တော်ဆာသဖြင့် ရွာထဲဝင်ထမင်းစားကြရသည်။ ရထားကအေးဆေးနားဦးမည်ဟု ဆိုလေခြင်းကြောင့်ပင်။ ထမင်းစားပြီး ပြန်ရောက် လာတာတောင် ရထားကမထွက်နိုင်သေး။
ရထားကြီးပေါ်မှာ ပစ္စည်းတွေ၊ ခရီးသည်တွေက ပြည့်နှက်လာသဖြင့် ကျွန်တော်တို့ ရထားခေါင်မိုးပေါ် တက်စီးကြသည်။ ထိုအချိန်ကတော့ ကြောက်ရကောင်းမှန်းမသိကြ။ ပျော်လို့တောင်နေလိုက်သေးသည်။ လှိုင်ဂူ တစ်ခုဖြတ်ပြီဆိုလျှင် ၀မ်းလျားမှောက်လိုက်ကြ၊ ပြန်ထလိုက်ကြဖြင့် ရထားကြီးပေါ်၌လိုက်ပါလာခဲ့သည်မှာ ည အမှောင်ရောက်ကာမှ ပြင်ဦးလွင်ဘူတာသို့ ဆိုက်ရောက်ခဲ့တော့သည်။

သင်တန်းကျောင်းမှ ကားဖြင့်လာကြိုသည်။ သင်တန်းကျောင်းရောက်တော့ တော်တော်ညဥ့်နက်နေပြီ။ ကျွန်တော်တို့အဖွဲ့တွေကို စီတန်းထားသော ခုံပေါ်တွင်နေရာချထားပေးမှုကြောင့် ပစ္စည်းတွေကို ချရင်း ကျွန်တော် တို့ အိပ်စက်လိုက်တော့သည်။
(၃)
၃-၉-၂၀၀၁ ရက်နေ့တွင် တပ်ကြပ်ကြီးစာရေးသင်တန်း အမှတ်စဉ်(၁၂၂)ကို စတင်ဖွင့်လှစ်သည်။ ကျွန်တော်တို့(လေ)အဖွဲ့တွေက တစ်နေရာစီကွဲသွားသည်။ ကျောင်းသားအမှတ်တွေ သတ်မှတ်ပေးသည်။ အိပ်ဆောင်၊ တပ်ခွဲတွေ ခွဲပေးသည်။

ကျွန်တော်က သီဟတပ်ခွဲ(၂)၊ အိပ်ဆောင်(၉)၊ ကျောင်းသားအမှတ် (၁၉၉)။ အခြေခံစစ်ပညာသင်တန်း တွင် ရရှိခဲ့သော ကျောင်းသားအမှတ်မှာ ကျွန်တော်၏ ကိုယ်ပိုင်အမှတ်ပေါင်းခြင်း(၃၀)ဖြစ်သည်။ ဒီသင်တန်းတွင် ရရှိသည့် ကျောင်းသားအမှတ်မှာလည်း ၁၉၉ ဖြစ်သဖြင့် ရဲလေး (အဆိုတော်မဟုတ်ပါ)ဟုခေါ်ကြသည်။ ယူနီဖောင်းအရောင်ကလည်း ကာကီရောင်ဖြစ်သောကြောင့် ၁၉၉ ရဲလေးကျွန်တော်ပေါ့။

သင်တန်းတွင် စတင်ပေါင်းဖက်ရသည်က တပ်မတော်(ကြည်း)မှ အပေါင်းအဖော်တို့နှင့်ဖြစ်သည်။ သင်တန်းစချိန်တွင်တော့ ခပ်တန်းတန်းဖြစ်နေကြသော်လည်း တစ်ပတ်နှစ်ပတ်ခန့်ကြာမြင့်သွားသည့်အခါ တကယ့် ငယ်ပေါင်းကြီးဖော်တွေလို ခင်မင်သွားကြသည်။ တပ်မတော်(လေ)နှင့် တပ်မတော်(ကြည်း) ၀တ်ဆင်ထားသည့် အရောင်အသွေး မတူကြသော်လည်း ကျွန်တော်တို့ စိတ်ဓာတ်တွေတူညီသည်။ နှလုံးသားတွေပေါင်းစည်းကြသည်။

ကျောင်းသားအမှတ် (၁၉၈)က နန္ဒဖုန်းနောင်။ ကိုးကွယ်တာက ခရစ်ယာန်။ အသားအရောင်က မည်း သည်။ သူနှင့်ကျွန်တော်က တွဲဖော်တွဲဖက်ဖြစ်သည်။ သူ့အစ်မဖြစ်သူနှင့် ကျွန်တော့်ကို မိတ်ဆက်ပေးတော့ အံ့အား သင့်မိသည်။ သူ့အစ်မဖြစ်သူက ဖြူ၍ ချောမောသည်။ မောင်နှမဆိုလျှင် ယုံချင်စရာတောင်မရှိလှ။ (သူငယ်ချင်းတို့ ရေ မတွေ့တာကြာပြီဖြစ်လို့ သတိတရ ပြန်ပြောနေတာပါ။ ရောက်ရာအရပ်က ၁၉၉ ကိုဆက်သွယ်ကြပါလို့)။
(၄)

ပြင်ဦးလွင်ရာသီဥတုကို သဘောကျမိသည်။ သင်တန်းတက်ရသည့်ကာလက အချိန်ကောင်းဖြစ်သဖြင့် အေးအေးလူလူရှိလှသည်ဟု ဆိုရမည်ပင်။ နံနက်အိပ်ယာထ ကစ်ခင်း(အိပ်ယာအား ပုံစံချခြင်း)ကြသည်။ ကစ် ခင်းရာတွင် ခြင်ထောင်ကို သပ်ရပ်ပိရိအောင်ခေါက်ရသည်။ ခေါက်ထားသောခြင်ထောင်ကို ဆောင်ဖြင့်တင်း နေအောင်ပတ်ရသည်။ လေးထောင့်ပုံစံကြညီညာရသည်။ တွန့်နေ၍မရ။ ဆောင်ကျားကို ခင်းပြီးအပေါ်တွင် ပုံစံ ခွက်(ထမင်းစားပန်းကန်)ကို မှောက်၍တင်သည်။ ကုတင်ခြေရင်းမှာတော့ သေတ္တာထားရသည်။ 

တချို့ကတော့ ခြင်ထောင်နှင့် ဆောင်လုပ်သည့် ကစ်ပုံစံတုများကို ၀ယ်၍ထားပြီးတင်ကြသည်။ သင်တန်း တွင် အမှတ်ရယူကြခြင်းဖြစ်သည်။ ကျွန်တော်တို့ကတော့ မသိ။ ကစ်မကောင်းလျှင် အမှတ်ဖြတ်ခံရတာတော့ သိသည်။ သင်တန်းကာလ တစ်လမျှကြာမြင့်သည့်အခါ တပ်ပြင်ထွက်ခွင့်ပေးခြင်းသည် ထိုအမှတ်များပေါ် မူတည်၍ ပေးခြင်းဖြစ်သည်။
မျက်နှာသစ်ပြီး တန်းစီ၍ ကိုယ်လက်ကြံ့ခိုင်ရေးလုပ်ကြရသည်။ ပြင်ဦးလွင်မြို့တွင်းသို့ အပြေးလေ့ကျင့် ကြရခြင်းဖြစ်သည်။ ထိုအချိန်လေးကို အမှတ်ရမိသည်။ တော်တော်ပျော်စရာတော့ကောင်းလှသည်။ ငွေကြေး ပြတ်နေသည့် အချိန်တော်တော်များများတွင် နံနက်စာအတွက် ကော်ဖီသောက်နိုင်ရန် ကော်ဖီခွက်များကို ယူဆောင်လာကြခြင်းဖြစ်သည်။ ထည့်ရင်လာသော ခွက်များက ထွက်ကျသည့် ဂလုံ ဂလွမ်ဆိုသည့် အသံများက တကယ့်အမှတ်ရစပင်ဖြစ်တော့သည်။
(၅)

"မြန်မာပြည်ကာကွယ်မည် ဆို .."
"မြန်မာပြည်ကာကွယ်မည် တပ်မတော်ချီလာပြီ ..ရန်သူတွေကို တို့မမှုတော့သည် ..အာဇာနည်ပီပီ..သတ္တိဗျတ္တိညီ…"
စစ်ချီသီချင်းများသီဆိုရင်း စာသင်ခန်းမရှိရာသို့ ကျွန်တော်တို့ ချီတက်ခဲ့ကြခြင်းဖြစ်သည်။ ကျွန်တော်တို့ သင်တန်းကာလတွင် သင်တန်းဆောင်များတိုးချဲ့ခြင်းကြောင့် နေထိုင်ရာ တပ်ခွဲနှင့် စာသင်ဆောင်သည် ဝေးလံလှ သည်။ ထိုစာသင်ဆောင်ဘက်တွင်လည်း စည်သူတပ်ခွဲရှိပြီး သင်တန်းသားများနေထိုင်ကြသည်။ မိုးရွာသွန်း၍ ဗွက်များထလျှင် ထိုအိပ်ဆောင်ဘက်သည် စိတ်ပျက်စရာကောင်းလှတော့သည်။
စုပေါင်းတန်းစီကွင်းရောက်လျှင် ၀တ်စားဆင်ယင်မှု အစစ်ဆေးခံရသည်။ ဤစစ်ဆေးမှုသည်လည်း အမှတ်ပေးခြင်း၊ အမှတ်ဖြတ်ခြင်းတို့ ပြုလုပ်သည်။ ကျွန်တော်က ကြေးပွတ်ဆေးများကို ညဘက်တိုက်သည်။ ဖိနပ် ကိုတော့ သင့်တင့်ယုံသာတိုက်ချွတ်သည်။ တန်းစီကွင်းသို့ ချီတက်ရာတွင် ဖုန်၊ ရွှံ့ပေသလိုနှင့် ဖိနပ်ကို မပြောင် သလိုလုပ်သည်။ အမှန်တော့ ညစ်ပတ်ခြင်းဖြစ်သည်။
ထိုတန်းစီကွင်းမှတဆင့် စာသင်ခန်းဝင်ကြရသည်။
ဤတွင် လက်ကို နှိပ်စက်သည့် လက်နှိပ်စက်နှင့် စတင်ချစ်ကျွမ်းဝင်ရတော့သည်။ ဆရာများကို လက်နှိပ် မရိုက်မီ၊ မသင်ကြားမီ သတင်းစာများ ရှာခိုင်းပြီး လုံးချေခိုင်းသည်။ လက်ချောင်းလေးများ သံမာနေအောင် ဖြစ်သည်။ ကျန်သည့် လက်ညှိုး၊ လက်ခလယ်တို့က ပြဿနာမရှိလှ။ လက်သန်းဖြင့် စာရိုက်ရာတွင်တော့ ဘယ်လို မှရိုက်၍မရ။ အကြိမ်ကြိမ်လေ့ကျင့်ကြရသည်။ သင်ကြားရသည့် လက်နှိပ်စက်အခန်းသို့လည်း အလှည့်ကျဝင် ရောက်ကြရခြင်းဖြစ်သည်။ တချို့လက်နှိပ်စက်များက ရိုက်နှိပ်သည့် ခလုတ်တို့တွင် ဘောပင်ကိုဖြတ်၍ စွတ်ထား သည်။ ထိုသို့ဖြင့် သဝေထိုး၊ ယပင့်၊ လုံးကြီးတင်၊ အသတ် ဖြင့် ပါးစပ်ကရွတ်ဆိုရင်း လက်ကပါလာအောင် လက်ကွက်များဖြင့် လေ့ကျင့်ရတော့သည်။
တစ်နေကုန်၍ ညနေစာစားပြီး ခဏနားကြသည်။ ညတွင်တော့ ညစာကြည့်ချိန်အဖြစ် ခန်းမအတွင်း စုပေါင်းဝင်ရောက်ကြရတော့သည်။
………………..


မောင်ပိုင်
၅-၂-၂၀၁၄


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...