Image may be NSFW.
Clik here to view.
ပုခန်းကြီးမြို့ ဟောင်းမှ ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်ကြီးကိုတွေ့ ရတော့ မှ မြို့ ဟောင်းအတွင်းရောက်လာပြီပဲ ဆိုတဲ့ အသိနဲ့ ပတ်ဝန်းကျင်ကို ပိုပြီး အာရုံစိုက် လိုက်ပါတယ် ။ မြို့ ဟောင်းအတွင်းမှာတော့ မြို့ ငယ်လေး တစ်မြို့ လို စည်ကားလို့ ပါပဲ ။ မြို့ လယ်နား အရောက်မှာ ရွေရောင်တစ်ဝင်းဝင်းနဲ့ ဘုရားတစ်စုကိုမြင်လိုက်လို့ ဆိုင်ကယ်ကို ချိုးကွေ့မောင်းဝင်သွားတဲ့ အခါမှာ ကျတော်ရောက်ဖူးချင်လှတဲ့ စည်သူရှင် ဘုရားကြီးဆီ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်သွားခဲ့ပါတယ် ။ စည်သူရှင်ဘုရားဟာ အလောင်းမင်းတရားကြီး တည်ထားကိုးကွယ်ခဲ့ တဲ့စေတီတစ်ဆူဖြစ်ကြောင်းသိရပါတယ် ။
အခုလက်ရှိအခြေနေမှာတော့ နှောင်းလူတွေ ပြုပြင်မွန်မံမှု အားကောင်းလွန်းလို့ မူရင်းလက်ရာ ဆိုလို့ လုံးဝကို မှန်းလို့ မရအောင်ကိုဖြစ်နေရပါတယ် ။ တချို့ တစ်နေရာတွေ မှာတော့ ကံကောင်းထောက်မစွာနဲ့ ဘုရားက စိမ့် ပြီးရေထွက်စေတဲ့ နဂါးခေါင်းပုံ ရေထုတ်မြောင်းလေး နဲ့ ဘီလူးရုပ်တွေကိုတော့ တွေ့ လိုက်ရတယ် ။ ကျတော်ရောက်ခဲ့ တဲ့နေ့က ဘုရားပေါ်မှာ ရုပ်ရှင်ရိုက်တဲ့ အဖွဲတစ်ဖွဲ နဲ့ သွားတိုးနေတော့ လူတွေ တရုန်းရုန်းနဲ့ ရှုပ်ရှက်ခပ်နေပြီး ဘုရားပေါ်မှာ နေရာအစုံ လေ့လာချင်တဲ့ ကျတော့အတွက်တော့ အနှောက်ရှက်ဖြစ်နေရပါတယ် ။ ဟိုတစ်ခါက ပို့စ်တင်ဖူးတဲ့ ညောင်ရမ်းခေတ်မှာ သွန်းလုပ်လှူဒါန်းခဲ့ တဲ့ ခေါင်းလောင်းကို ဓာတ်ပုံ ရိုက်ယူနေတဲ့ အချိန်မှာ ကျတော့်ကင်မရာက အသံထွက်မှာစိုးလို့ ဆိုပြီး သူတို့ စက်အဖွဲထဲက တစ်ယောက်က ပါးစပ်မှာ လက်ညိုးတစ်ချောင်း ထောင်လို့ ရှူး ဆိုပြီးလာလုပ်နေပြန်သေးတယ် ။ ပုခန်းကြီးမြို့ ဟောင်းအတွင်း စည်သူရှင် ဘုရားဝန်းကျင်မှာ ဘုရားတွေ အများအပြားရှိပေမယ့် အနီးအနားက ဘုရားတွေမှာတော့ ခြုံတွေ ဖုံးလို့ ပါပဲ ။ စည်သူရှင် ဘုရားတစ်ဆူသာ ရွှေရောင်တ၀င်းဝင်းနဲ့ ရှိနေပါတယ် ။
Image may be NSFW.
Clik here to view.
ပုခန်းကြီးမြို့ ဟောင်း ကိုလေ့လာရင် စည်သူရှင်ဘုရားအကြောင်းကို ပါထည့်သွင်းလေ့လာမှ ပြည့်စုံ နိုင်ပါတယ် ။ ပုခန်းကြီးမြို ဟောင်း အကြောင်းကို လေ့လာရင် စည်သူရှင်ဘုရားကြီးအကြောင်းပါလာသလို စည်သူရှင်ဘုရားအကြောင်းလေ့လာရင်လည်း ပုခန်းကြီးမြို့ အကြောင်း မပါမဖြစ် ပါလာရမှာပါပဲ ။ ပုခန်းကြီး မြို့ ကို ငါးကြိမ်ငါးခါ တည်ခဲ့ တဲ့ ရှေးဟောင်း မြို့ တစ်မြို့ ဖြစ်တယ်လို့ ဆိုပါတယ် ။ ရာဇ၀င်များမှာ ဖော်ပြချက်အရ BC 508 ခုလောက်ကတည်းက ဇနုသီဟမင်းကနေပြီး စတည်ထောင်ခဲ့ တာဖြစ်ပါတယ်တဲ့ ။ ဒုတိယ အကြီမ်မှာတော့ အများသိကြတဲ့ ကိုကြီးကျော်တို့ ညီအစ်ကို ( စည်သူ နဲ့ ကျော်စွာ ) က ပုဂံခေတ်ဦး AD 738 ခုနှစ်မှာ တည်ခဲ့ တယ်လို့ ဆိုပြန်ပါတယ် (ခုနှစ်မူကွဲတွေ ရှိပါသေးတယ် ) ။ အခုပြောခဲ့ တဲ့ ပထမ နဲ့ ဒုတိယ အကြီမ်တွေ မှာ ပုခန်းမြို့ ကြီးကို တည်ခဲ့ တဲ့ အတောက်ထားတွေ မတွေ့ ခဲ့ရပေမယ့် ရဇ၀င်အလာ ပုခန်းကြီးမြို့ တည်သမိုင်းကြောင်းအနေနဲ့ကတော့ တစ်ခန်းတနားဖော်ပြကြတာကို မှတ်သားရဖူးပါတယ် ။
Image may be NSFW.
Clik here to view.
ဒေါက်တာတိုးလှရဲ့ စာတမ်းအရ ပုခန်းကြီးကိုလေ့လာကြည့်ရာမှာ အလောင်းစည်သူ မင်းလက်ထက် ကတည်းကတိုင် ပုခန်းကြီးမြို့ ဟောင်းနေရာမှာ လူနေထူုထပ်တဲ့ ရွာကြီးတစ်ရွာ အဖြစ်တည်ရှိနေပြီးသားဖြစ်ပုံရပါတယ် ။ ရာဇ၀င်များအလိုရ ဒီနေရာ ဒီဒေသမှာ အလောင်းစည်သူမင်းကြီးက သရက္ခန်ဘုရားရုပ်ပွားတော်နဲ့ စည်သူရှင်ဘုရားကြီးကို တည်ထားကိုးကွယ်ခဲ့တယ် လို့ တစ်ညီတညွတ်တည်ဆိုကြပါတယ် ။ ဒေါက်တာ တိုးလှ ကလည်း ပုခန်းကြီးမြို့ နဲ့ပက်သက်တဲ့ အထောက်ထားတွေကို AD 1118 ( အလောင်းစည်သူလက်ထက် ) လောက်ချိန်မှာ အစောဆုံးတွေ့ ရတယ်လို့ ဆိုပါတယ် ။ သက္ကရာဇ် ၄၃၀ ခုနှစ် ( အနော်ရထာလက် ) မှာရေးထိုးတယ်လို့ဆိုတဲ့ ဂ၀ံကျောင်းကျောက်စာမှာ ကုခန်း ( ပုခန်း ) နဲ့ ပက်သက်ပြီးရေးထိုးပါရှိတာကို အစောဆုံးတွေ့ ရပါတယ်တဲ့ ။ ဒါပေမယ့် အဲဒီကျောက်စာက အနော်ရထာမင်း လက်ထက်ထိုး ကျောက်စာမဖြစ်နိုင်ဘဲ နောက်ပိုင်း ခေတ်တွေကျမှ တဆင့် ထိုးထားပုံရပြီး ရက်စွဲ ကွဲလွဲ ချက်တွေ တွေ့ ရလို့ အတည်ယူလို့ မရပြန်ဘူးလို့ ဆိုပါတယ် ။
Image may be NSFW.
Clik here to view.
အခုအချိန်မှာ ပုခန်းကြီး မြို့ ရိုးပျက်အကြွင်းအကျန်များကို မြို့ ရဲ့ လေးဘက်လေးတန်မှာ တွေ့ နေရပါသေးတယ် ။ ပြီးတော့ ပုခန်းကြီးမြို့ ကောင်းစားစဉ် ခေတ်အဆက်ဆက်က တည်ထားကိုးကွယ်ခဲ့တဲ့ စေတီပုထိုး အပျက်အစီးများကိုလည်း နေရာအနှံ့ အပြားမှာတွေ့ နေရပါတယ် ။ တည်ထားခဲ့ တဲ့ စေတီတွေ ဟာဆိုရင်လည်း ပုဂံခေတ်နဲ့ နှီးနွယ်တဲ့ ပုံစံမျိုးတွေကို တွေ့ ရများပါတယ် ။ ယခုလက်ရှိ အနေထားမှာ ပုခန်းကြီး မြို့ ဟောင်းဝန်းကျင်မှာရှိတဲ့ စေတီပုထိုးပေါင်း ( 380 ) ကျော်လောက် ရှိနေသေးတယ်လို့ သိရပြီး သက်ဆိုင်ရာအနေနဲ့တော့ ရှေးဟောင်းဘုရားတွေ ပြန်လည်ပြင်ဆင်ဖို့ သိပ်ပြီး အာရုံမရသေးဘူးလို့ ထင်ပါတယ် ။ ပုခန်းကြီးမြို့ ဟောင်းပုံစံက တခြားမြို့ ဟောင်းတွေ လို လေးထောင့် မကျဘဲ မြောက်ဘက်မှာ ကျယ်ပြီး တောင်ဘက်မှာ ကျည်းသွားပါတယ် ။ ပြီး ခဲ့တဲ့ 2003 ခုနှစ်လောက်တုန်းက မြို့ ရိုးပတ်ပတ်လည်မှာ တောရှင်းမှုတွေ ပြုလုပ်ခဲ့ လို့ မော်တော်ကားနဲ့ ပတ်ပြီး လျှောက်ကြည့်လို့ တောင်ရတယ်တဲ့ ။ အခုချိန်မှာတော့ တောတွေ ဖုံးလွှမ်းနေတာမို့ မြို့ ရိုးအုတ်တံတိုင်းကြီးတွေကို ထင်ထင်ရှားရှား မမြင်ခဲ့ရတော့ပါဘူး ။
Image may be NSFW.
Clik here to view.
ပုခန်းကြီးမြို့ ဟောင်းကို လာရောက်လည်ပတ်ဖို့ စီစဉ်တုန်းက ဒီဒေသမှာ ရှိတဲ့ လေ့လာစရာတွေကို ကျတော့်ဦးခေါင်းထဲမှာ အများကြီးစီစဉ်ထားခဲ့ပါတယ် ။ ဒါပေမယ့်လည်း ကိုယ်ရတဲ့အချိန် နဲနဲနဲ့ ပထမဆုံးအကြီမ်ဖြစ် ပုခန်းကြီးဒေသကို လာရောက်လည်ပတ်တာဖြစ်လို့ ထင်သလောက်ခရီးမပေါက်ဘဲ သွားလာရလွယ်ကူတဲ့ နေရာတချို့ လောက်ကိုသာ လေ့လာကြည့်ရှုပြီးပြန်ခဲ့ ရပါတယ် ။ ကျတော် သွားလည်ခဲ့တဲ့ နေ့က အနီးနားပတ်ဝန်းကျင်မှာ မြင်တွေ့ နေရတဲ့ ဘုရားပြို ဘုရားပျက်တွေကိုသာ အနီးကပ် လေ့လာကြည့်ရှုခဲ့ ပြီး တချို့ ကိုတော့ အဝေးကနေပြီးတော့ဘဲ ဓာတ်ပုံတွေ ရိုက်ယူခဲ့ရပါတယ် ။ ပုခန်းကျောင်းတော်ကြီးကိုရောက်ခဲ့ ပေမယ့် သီးသန့် ရေးမှာဖြစ်လို့ ဒီပို့စ် မှာချန်ထားလိုက်ပါတယ် ။
ပြန်ခါနီးမှာ ပုခန်းကြီး မြို့ အတွင်းမှာ ရှိတဲ့ ရှေးဟောင်းသုတေသန ပြတိုက်ကိုနောက်ဆုံး အနေနဲ့ ၀င်ရောက်ကြည့်ရှုခဲ့ ပါတယ် ။ ပြတိုက်ထဲ အ၀င်ဝကို ရောက်တဲ့ အချိန်မှာ လာရောက်လေ့လာကြည့်ရှုသူကိုတော့ မဆိုထားနဲ့ ပြတိုက်တာဝန်ကျ ၀န်ထမ်းကိုတောင်မှ တော်ကို ရှာပြီးခေါ်ယူရတယ် ။ ကျတော်အော်ခေါ်သံကြားမှ ၀င်ကြေးကျပ် 200 တောင်းခံပြီး အတွင်းဘက် ပြခန်းတွေကို သော့ဖွင့်ပေးပါတယ် ။ ပြတိုက်ထဲ မှာတော့ ပုခန်းကြီး ဒေသတ၀ိုက်က တွေ့ ရှိရတဲ့ ကျောက်ခေတ်လူ့ အသုံးဆောင်ပစ္စည်းတွေကနေ ပျူခေတ် ၊ ပုဂံခေတ် ၊ ပင်းယခေတ် ၊ ညောင်ရမ်းခေတ် ၊ အင်းဝခေတ်နဲ့ ကုန်းဘောင်ခေတ်ဦး ခေတ်နှာင်းအထိ လက်ရာတွေ ဖြစ်တဲ့ ရှေးဟောင်းပစ္စည်များကို ခင်ကျင်းပြသထားပါတယ် ။ ပြသထားတဲ့ ပစ္စည်တွေက အမျိုးအစား တော်တော်စုံလင်ပြီးစိတ်ဝင်စားဖို့ လည်းအရမ်းကောင်းပါတယ် ။ ထူးခြားတာက ဒီဒေသမှာ တွေ့ ရှိရတယ်ဆိုတဲ့ နှစ်သန်းပေါင်းများစွာက ကျောက်ဖြစ်ရုပ်ကြွင်းတွေပါပဲ ။ ပြထားတဲ့ ပစ္စည်းတွေထဲမှာ အနှစ်သန်း 30 ကလို့ ခန့်မှန်းထားပြီး ကျောက်ဖြစ်နေတဲ့ ခရု ၊ ကာမာ တွေကိုတွေ့ ရတော့ အရင်က ဒီပုခန်းကြီးဒေသဟာ ပင်လယ်ရေအောက်မှာရှိနေခဲ့ပါလားလို့ တွေးနေခဲ့မိပါတယ် ။
Image may be NSFW.
Clik here to view.![ပြတိုက်ဝင်းထဲက စေတီ ပြတိုက်ဝင်းထဲက စေတီ]()
ပြတိုက်ထဲက ပစ္စည်းများကို ဓာတ်ပုံရိုက်ခွင့် မပြုဘူးဆိုလို့ ဒီပစ္စည်းတွေကိုစုစည်းပြီးထုတ်ဝေတဲ့ စာအုပ်ရှိလားလို့ မေးတော့ ပြတိုက်စောင့် ၀န်ထမ်းက မရှိပါဘူးတဲ့ ။ ဘာဖြစ်လို့ ဓာတ်ပုံရိုက်ခွင့်မပြုတာလဲ လို့ မေးပြန်တော့…..မသမာသူတွေ က ဒီကနေရိုက်ကူးခဲ့တဲ့ ပုံတွေ ကိုခြေရာခံပြီး ရှေးဟောင်းပစ္စည်းခိုးယူမှုတွေ ဖြစ်မှာစိုးလို့ ပါတဲ့ ။ ဖြစ်မှ ဖြစ်ရလေ …. လို့ စိတ်ထဲကနေပြီး သက်ပြင်းချနေမိတယ် ။ ဒီရှေးဟောင်းပစ္စည်းတွေ ခိုးချင်လို့ ဓာတ်ပုံလာရိုက်တယ်ဆိုစေအုံးတော့ ပြောင်ပြောင်တင်းတင်း မရိုက်ဘဲ ခန္တာကိုယ်မှာ ၀ှက်ပြီးရိုက်လို့ရတဲ့ ကင်မရာတွေ ပေါ်နေပြီဆိုတာ ဒီလူတွေ မသိဘူးထင်ပါရဲ့  ။ အဲဒီဝန်ထမ်းက ပြတိုက်ကို စောင့်ကြည့်ဖို့ တာဝန်ယူထားတာအပြင် လာရောက်လေ့လာတဲ့ ကျတော့် ကိုပါ မျက်ချည်ပြတ်မခံဘဲ စောင့်ကြည့်နေပါတော့ တယ် ။ ဒီတော့ ကျတော့် မှာလည်း အိပ်ထဲကနေ ကင်မရာထုတ်ဖို့ မပြောနဲ့ လက်ကိုင်ဖုန်းလေးတောင် အပြင်မထုတ်ဝံ့တော့ဘူး ။ တော်ကြာ ဓာတ်ပုံ ခိုးရိုက်တယ် ထင်မှာစိုးလို့ပါ ။
Image may be NSFW.
Clik here to view.![ရှေးဟောင်းသုတေသန ပြတိုက် ( ပုခန်းကြီး ) ရှေးဟောင်းသုတေသန ပြတိုက် ( ပုခန်းကြီး )]()
ပြတိုက်ကနေ ပြန်ခါနီးမှာ ဒီပုခန်းကြီးပြတိုက်ကို ပုံမှန်လာရောက်လေ့လာတဲ့ သူရှိပါရဲ့ လားလို့ ပြတိုက်ဝန်ထမ်း စပ်စုကြည့်တော့ မလာကြပါဘူးဗျာ… တဲ့ တခါတစ်လေ တစ်လလုံးကြာလို့ မှ တစ်ယောက်ပေါ်မလာဘူးတဲ့ ၊ ပြီးတော့ ဒီလမှာဆိုရင် အခုကျတော်ပေးခဲ့ တဲ့ ပြတိုက်ဝင်ကြေး 200 ကျပ်ပဲ ရသေးတယ်လို့ ရယ်ပြီးပြောရှာပါတယ် ။ ဒီပြတိုက်ကြီးကို 2003 ခုနှစ်လောက်မှာ စပြီးဖွင့်တုန်းက အခမဲ့ လေ့လာခွင့်ပြုခဲ့တော့ လာလိုက်ကြတဲ့ လူတော်တော်များတယ်လို့ ဆိုပါတယ် ။ ပြီးတော့ ပုန်ခန်းကြီးမှာရှိတဲ့ အိမ်တွေက ဧည်သည်လာတိုင်း သူတို့ ဧည့်သည်တွေကို ဒီပြတိုက်ဆီ လာလာပို့ ကြတယ်တဲ့ ။ 2006 ခုနှစ်မှာ လာရောက်ကြည့်ရှုသူတစ်ယောက်ကို 200 ကျပ် နှုန်းနဲ့ ကောက်ခံခဲ့တဲ့ အချိန်ကစပြီး တဖြည်းဖြည်းလူတွေ အလာကျဲသွားလိုက်တာ နောက်ဆုံး လာရောက်လေ့လာတဲ့ သူမရှိသလောက်ကိုဖြစ်သွာရောတဲ့ ။ အနီးနား ရပ်ကွက်ထဲ မှာရှိတဲ့ လာလေ့လာသူတချို့ က ခင်ဗျားတို့ ပြတိုက်ကို 200 ကျပ် ပေးပြီး လာလေ့လာတာ ဘာမဟုတ်တဲ့ အရိုးချောက်တွေ ပြထားတွေကိုဘဲ တွေ့ တယ်ဆိုပြီး မကြေမနပ်နဲ့ အပြစ်တင်ပြီး ပြန်သွားသေးသတဲ့ ။ ပြတိုက်ဝန်ထမ်းပြောစကားများကိုကြားရပြီးတဲ့အချိန်မှာ စိတ်မောမောနဲ့ သူ့ကို နုတ်ဆက်ပြီးပြန်ထွက်လာခဲ့ပါတယ် ။
Image may be NSFW.
Clik here to view.![မြေကြီးထဲမှာ နစ်မြုတ်နေတဲ့ ရှေးခေတ်ကျောက်ထီး တစ်ခု မြေကြီးထဲမှာ နစ်မြုတ်နေတဲ့ ရှေးခေတ်ကျောက်ထီး တစ်ခု]()
ပြတိုက်က ထွက်လာပြီး ပြန်လမ်းတစ်လျှေက်မှာတော့ ကျတော့် စိတ်ထဲ မှာ ……. သက်ဆိုင်ရာဌာနက အများပြည်သူလေ့လာဖို့ ငွေကုန်ခံ ပြတိုက်ဆောက်ပြီး လေ့လာချင်စရာ ရှေးဟောင်းပစ္စည်းတွေကို ခင်းကျင်းပြ သထားပြန်တော့လည်း တန်ဖိုးထားရကောင်းမှန်းမသိကြပါလား ။ တကယ်ဆို ရှေးဟောင်းနယ်မြေ နဲ့ အနီးနားမှာ နေတဲ့ သူတွေဟာ ကိုယ့်ဒေသရဲ့ ရှေးဟောင်းအမွေနှစ်တွေကို ပိုပြီးတော့တောင် တန်ဖိုးထားရကောင်းမှန်း သိကြဖို့ ကောင်းပါတယ် ။ နို့ မို့ လို့ရှိရင်တော့ ရှေးဟောင်းယဉ်ကျေးမှု အမွေနှစ်တွေ ပျောက်ကွယ်မယ့် အန္တရာယ်နဲ့ ပိုမိုနီးစပ်လာနိုင်တယ်လို့ တွေးရင်း ..တွေးရင်းနဲ့ …ကျတော်လည်း ပခုက္ကူဘက်ကို ဦးတည်ပြီး ပြန်လာခဲ့ပါတော့ တယ်ခင်ဗျာ ။
( ရန်နောင်စိုး )
Clik here to view.

ပုခန်းကြီးမြို့ ဟောင်းမှ ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်ကြီးကိုတွေ့ ရတော့ မှ မြို့ ဟောင်းအတွင်းရောက်လာပြီပဲ ဆိုတဲ့ အသိနဲ့ ပတ်ဝန်းကျင်ကို ပိုပြီး အာရုံစိုက် လိုက်ပါတယ် ။ မြို့ ဟောင်းအတွင်းမှာတော့ မြို့ ငယ်လေး တစ်မြို့ လို စည်ကားလို့ ပါပဲ ။ မြို့ လယ်နား အရောက်မှာ ရွေရောင်တစ်ဝင်းဝင်းနဲ့ ဘုရားတစ်စုကိုမြင်လိုက်လို့ ဆိုင်ကယ်ကို ချိုးကွေ့မောင်းဝင်သွားတဲ့ အခါမှာ ကျတော်ရောက်ဖူးချင်လှတဲ့ စည်သူရှင် ဘုရားကြီးဆီ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်သွားခဲ့ပါတယ် ။ စည်သူရှင်ဘုရားဟာ အလောင်းမင်းတရားကြီး တည်ထားကိုးကွယ်ခဲ့ တဲ့စေတီတစ်ဆူဖြစ်ကြောင်းသိရပါတယ် ။
အခုလက်ရှိအခြေနေမှာတော့ နှောင်းလူတွေ ပြုပြင်မွန်မံမှု အားကောင်းလွန်းလို့ မူရင်းလက်ရာ ဆိုလို့ လုံးဝကို မှန်းလို့ မရအောင်ကိုဖြစ်နေရပါတယ် ။ တချို့ တစ်နေရာတွေ မှာတော့ ကံကောင်းထောက်မစွာနဲ့ ဘုရားက စိမ့် ပြီးရေထွက်စေတဲ့ နဂါးခေါင်းပုံ ရေထုတ်မြောင်းလေး နဲ့ ဘီလူးရုပ်တွေကိုတော့ တွေ့ လိုက်ရတယ် ။ ကျတော်ရောက်ခဲ့ တဲ့နေ့က ဘုရားပေါ်မှာ ရုပ်ရှင်ရိုက်တဲ့ အဖွဲတစ်ဖွဲ နဲ့ သွားတိုးနေတော့ လူတွေ တရုန်းရုန်းနဲ့ ရှုပ်ရှက်ခပ်နေပြီး ဘုရားပေါ်မှာ နေရာအစုံ လေ့လာချင်တဲ့ ကျတော့အတွက်တော့ အနှောက်ရှက်ဖြစ်နေရပါတယ် ။ ဟိုတစ်ခါက ပို့စ်တင်ဖူးတဲ့ ညောင်ရမ်းခေတ်မှာ သွန်းလုပ်လှူဒါန်းခဲ့ တဲ့ ခေါင်းလောင်းကို ဓာတ်ပုံ ရိုက်ယူနေတဲ့ အချိန်မှာ ကျတော့်ကင်မရာက အသံထွက်မှာစိုးလို့ ဆိုပြီး သူတို့ စက်အဖွဲထဲက တစ်ယောက်က ပါးစပ်မှာ လက်ညိုးတစ်ချောင်း ထောင်လို့ ရှူး ဆိုပြီးလာလုပ်နေပြန်သေးတယ် ။ ပုခန်းကြီးမြို့ ဟောင်းအတွင်း စည်သူရှင် ဘုရားဝန်းကျင်မှာ ဘုရားတွေ အများအပြားရှိပေမယ့် အနီးအနားက ဘုရားတွေမှာတော့ ခြုံတွေ ဖုံးလို့ ပါပဲ ။ စည်သူရှင် ဘုရားတစ်ဆူသာ ရွှေရောင်တ၀င်းဝင်းနဲ့ ရှိနေပါတယ် ။
Image may be NSFW.
Clik here to view.

စည်သူရှင်ဘုရား ( ပုခန်းကြီး )
ပုခန်းကြီးမြို့ ဟောင်း ကိုလေ့လာရင် စည်သူရှင်ဘုရားအကြောင်းကို ပါထည့်သွင်းလေ့လာမှ ပြည့်စုံ နိုင်ပါတယ် ။ ပုခန်းကြီးမြို ဟောင်း အကြောင်းကို လေ့လာရင် စည်သူရှင်ဘုရားကြီးအကြောင်းပါလာသလို စည်သူရှင်ဘုရားအကြောင်းလေ့လာရင်လည်း ပုခန်းကြီးမြို့ အကြောင်း မပါမဖြစ် ပါလာရမှာပါပဲ ။ ပုခန်းကြီး မြို့ ကို ငါးကြိမ်ငါးခါ တည်ခဲ့ တဲ့ ရှေးဟောင်း မြို့ တစ်မြို့ ဖြစ်တယ်လို့ ဆိုပါတယ် ။ ရာဇ၀င်များမှာ ဖော်ပြချက်အရ BC 508 ခုလောက်ကတည်းက ဇနုသီဟမင်းကနေပြီး စတည်ထောင်ခဲ့ တာဖြစ်ပါတယ်တဲ့ ။ ဒုတိယ အကြီမ်မှာတော့ အများသိကြတဲ့ ကိုကြီးကျော်တို့ ညီအစ်ကို ( စည်သူ နဲ့ ကျော်စွာ ) က ပုဂံခေတ်ဦး AD 738 ခုနှစ်မှာ တည်ခဲ့ တယ်လို့ ဆိုပြန်ပါတယ် (ခုနှစ်မူကွဲတွေ ရှိပါသေးတယ် ) ။ အခုပြောခဲ့ တဲ့ ပထမ နဲ့ ဒုတိယ အကြီမ်တွေ မှာ ပုခန်းမြို့ ကြီးကို တည်ခဲ့ တဲ့ အတောက်ထားတွေ မတွေ့ ခဲ့ရပေမယ့် ရဇ၀င်အလာ ပုခန်းကြီးမြို့ တည်သမိုင်းကြောင်းအနေနဲ့ကတော့ တစ်ခန်းတနားဖော်ပြကြတာကို မှတ်သားရဖူးပါတယ် ။
Image may be NSFW.
Clik here to view.

ပုခန်းကြီးမြို့ မြေပုံ
ဒေါက်တာတိုးလှရဲ့ စာတမ်းအရ ပုခန်းကြီးကိုလေ့လာကြည့်ရာမှာ အလောင်းစည်သူ မင်းလက်ထက် ကတည်းကတိုင် ပုခန်းကြီးမြို့ ဟောင်းနေရာမှာ လူနေထူုထပ်တဲ့ ရွာကြီးတစ်ရွာ အဖြစ်တည်ရှိနေပြီးသားဖြစ်ပုံရပါတယ် ။ ရာဇ၀င်များအလိုရ ဒီနေရာ ဒီဒေသမှာ အလောင်းစည်သူမင်းကြီးက သရက္ခန်ဘုရားရုပ်ပွားတော်နဲ့ စည်သူရှင်ဘုရားကြီးကို တည်ထားကိုးကွယ်ခဲ့တယ် လို့ တစ်ညီတညွတ်တည်ဆိုကြပါတယ် ။ ဒေါက်တာ တိုးလှ ကလည်း ပုခန်းကြီးမြို့ နဲ့ပက်သက်တဲ့ အထောက်ထားတွေကို AD 1118 ( အလောင်းစည်သူလက်ထက် ) လောက်ချိန်မှာ အစောဆုံးတွေ့ ရတယ်လို့ ဆိုပါတယ် ။ သက္ကရာဇ် ၄၃၀ ခုနှစ် ( အနော်ရထာလက် ) မှာရေးထိုးတယ်လို့ဆိုတဲ့ ဂ၀ံကျောင်းကျောက်စာမှာ ကုခန်း ( ပုခန်း ) နဲ့ ပက်သက်ပြီးရေးထိုးပါရှိတာကို အစောဆုံးတွေ့ ရပါတယ်တဲ့ ။ ဒါပေမယ့် အဲဒီကျောက်စာက အနော်ရထာမင်း လက်ထက်ထိုး ကျောက်စာမဖြစ်နိုင်ဘဲ နောက်ပိုင်း ခေတ်တွေကျမှ တဆင့် ထိုးထားပုံရပြီး ရက်စွဲ ကွဲလွဲ ချက်တွေ တွေ့ ရလို့ အတည်ယူလို့ မရပြန်ဘူးလို့ ဆိုပါတယ် ။
Image may be NSFW.
Clik here to view.

စည်သူရှင် ဘုရားမှ မူလရေထုတ်မြောင်း
အခုအချိန်မှာ ပုခန်းကြီး မြို့ ရိုးပျက်အကြွင်းအကျန်များကို မြို့ ရဲ့ လေးဘက်လေးတန်မှာ တွေ့ နေရပါသေးတယ် ။ ပြီးတော့ ပုခန်းကြီးမြို့ ကောင်းစားစဉ် ခေတ်အဆက်ဆက်က တည်ထားကိုးကွယ်ခဲ့တဲ့ စေတီပုထိုး အပျက်အစီးများကိုလည်း နေရာအနှံ့ အပြားမှာတွေ့ နေရပါတယ် ။ တည်ထားခဲ့ တဲ့ စေတီတွေ ဟာဆိုရင်လည်း ပုဂံခေတ်နဲ့ နှီးနွယ်တဲ့ ပုံစံမျိုးတွေကို တွေ့ ရများပါတယ် ။ ယခုလက်ရှိ အနေထားမှာ ပုခန်းကြီး မြို့ ဟောင်းဝန်းကျင်မှာရှိတဲ့ စေတီပုထိုးပေါင်း ( 380 ) ကျော်လောက် ရှိနေသေးတယ်လို့ သိရပြီး သက်ဆိုင်ရာအနေနဲ့တော့ ရှေးဟောင်းဘုရားတွေ ပြန်လည်ပြင်ဆင်ဖို့ သိပ်ပြီး အာရုံမရသေးဘူးလို့ ထင်ပါတယ် ။ ပုခန်းကြီးမြို့ ဟောင်းပုံစံက တခြားမြို့ ဟောင်းတွေ လို လေးထောင့် မကျဘဲ မြောက်ဘက်မှာ ကျယ်ပြီး တောင်ဘက်မှာ ကျည်းသွားပါတယ် ။ ပြီး ခဲ့တဲ့ 2003 ခုနှစ်လောက်တုန်းက မြို့ ရိုးပတ်ပတ်လည်မှာ တောရှင်းမှုတွေ ပြုလုပ်ခဲ့ လို့ မော်တော်ကားနဲ့ ပတ်ပြီး လျှောက်ကြည့်လို့ တောင်ရတယ်တဲ့ ။ အခုချိန်မှာတော့ တောတွေ ဖုံးလွှမ်းနေတာမို့ မြို့ ရိုးအုတ်တံတိုင်းကြီးတွေကို ထင်ထင်ရှားရှား မမြင်ခဲ့ရတော့ပါဘူး ။
Image may be NSFW.
Clik here to view.

စည်သူရှင်ဘုရားအနီးမှာ ရှိတဲ့ စေတီတစ်ဆူ
ပုခန်းကြီးမြို့ ဟောင်းကို လာရောက်လည်ပတ်ဖို့ စီစဉ်တုန်းက ဒီဒေသမှာ ရှိတဲ့ လေ့လာစရာတွေကို ကျတော့်ဦးခေါင်းထဲမှာ အများကြီးစီစဉ်ထားခဲ့ပါတယ် ။ ဒါပေမယ့်လည်း ကိုယ်ရတဲ့အချိန် နဲနဲနဲ့ ပထမဆုံးအကြီမ်ဖြစ် ပုခန်းကြီးဒေသကို လာရောက်လည်ပတ်တာဖြစ်လို့ ထင်သလောက်ခရီးမပေါက်ဘဲ သွားလာရလွယ်ကူတဲ့ နေရာတချို့ လောက်ကိုသာ လေ့လာကြည့်ရှုပြီးပြန်ခဲ့ ရပါတယ် ။ ကျတော် သွားလည်ခဲ့တဲ့ နေ့က အနီးနားပတ်ဝန်းကျင်မှာ မြင်တွေ့ နေရတဲ့ ဘုရားပြို ဘုရားပျက်တွေကိုသာ အနီးကပ် လေ့လာကြည့်ရှုခဲ့ ပြီး တချို့ ကိုတော့ အဝေးကနေပြီးတော့ဘဲ ဓာတ်ပုံတွေ ရိုက်ယူခဲ့ရပါတယ် ။ ပုခန်းကျောင်းတော်ကြီးကိုရောက်ခဲ့ ပေမယ့် သီးသန့် ရေးမှာဖြစ်လို့ ဒီပို့စ် မှာချန်ထားလိုက်ပါတယ် ။
ပြန်ခါနီးမှာ ပုခန်းကြီး မြို့ အတွင်းမှာ ရှိတဲ့ ရှေးဟောင်းသုတေသန ပြတိုက်ကိုနောက်ဆုံး အနေနဲ့ ၀င်ရောက်ကြည့်ရှုခဲ့ ပါတယ် ။ ပြတိုက်ထဲ အ၀င်ဝကို ရောက်တဲ့ အချိန်မှာ လာရောက်လေ့လာကြည့်ရှုသူကိုတော့ မဆိုထားနဲ့ ပြတိုက်တာဝန်ကျ ၀န်ထမ်းကိုတောင်မှ တော်ကို ရှာပြီးခေါ်ယူရတယ် ။ ကျတော်အော်ခေါ်သံကြားမှ ၀င်ကြေးကျပ် 200 တောင်းခံပြီး အတွင်းဘက် ပြခန်းတွေကို သော့ဖွင့်ပေးပါတယ် ။ ပြတိုက်ထဲ မှာတော့ ပုခန်းကြီး ဒေသတ၀ိုက်က တွေ့ ရှိရတဲ့ ကျောက်ခေတ်လူ့ အသုံးဆောင်ပစ္စည်းတွေကနေ ပျူခေတ် ၊ ပုဂံခေတ် ၊ ပင်းယခေတ် ၊ ညောင်ရမ်းခေတ် ၊ အင်းဝခေတ်နဲ့ ကုန်းဘောင်ခေတ်ဦး ခေတ်နှာင်းအထိ လက်ရာတွေ ဖြစ်တဲ့ ရှေးဟောင်းပစ္စည်များကို ခင်ကျင်းပြသထားပါတယ် ။ ပြသထားတဲ့ ပစ္စည်တွေက အမျိုးအစား တော်တော်စုံလင်ပြီးစိတ်ဝင်စားဖို့ လည်းအရမ်းကောင်းပါတယ် ။ ထူးခြားတာက ဒီဒေသမှာ တွေ့ ရှိရတယ်ဆိုတဲ့ နှစ်သန်းပေါင်းများစွာက ကျောက်ဖြစ်ရုပ်ကြွင်းတွေပါပဲ ။ ပြထားတဲ့ ပစ္စည်းတွေထဲမှာ အနှစ်သန်း 30 ကလို့ ခန့်မှန်းထားပြီး ကျောက်ဖြစ်နေတဲ့ ခရု ၊ ကာမာ တွေကိုတွေ့ ရတော့ အရင်က ဒီပုခန်းကြီးဒေသဟာ ပင်လယ်ရေအောက်မှာရှိနေခဲ့ပါလားလို့ တွေးနေခဲ့မိပါတယ် ။
Image may be NSFW.
Clik here to view.

ပြတိုက်ဝင်းထဲက စေတီ
ပြတိုက်ထဲက ပစ္စည်းများကို ဓာတ်ပုံရိုက်ခွင့် မပြုဘူးဆိုလို့ ဒီပစ္စည်းတွေကိုစုစည်းပြီးထုတ်ဝေတဲ့ စာအုပ်ရှိလားလို့ မေးတော့ ပြတိုက်စောင့် ၀န်ထမ်းက မရှိပါဘူးတဲ့ ။ ဘာဖြစ်လို့ ဓာတ်ပုံရိုက်ခွင့်မပြုတာလဲ လို့ မေးပြန်တော့…..မသမာသူတွေ က ဒီကနေရိုက်ကူးခဲ့တဲ့ ပုံတွေ ကိုခြေရာခံပြီး ရှေးဟောင်းပစ္စည်းခိုးယူမှုတွေ ဖြစ်မှာစိုးလို့ ပါတဲ့ ။ ဖြစ်မှ ဖြစ်ရလေ …. လို့ စိတ်ထဲကနေပြီး သက်ပြင်းချနေမိတယ် ။ ဒီရှေးဟောင်းပစ္စည်းတွေ ခိုးချင်လို့ ဓာတ်ပုံလာရိုက်တယ်ဆိုစေအုံးတော့ ပြောင်ပြောင်တင်းတင်း မရိုက်ဘဲ ခန္တာကိုယ်မှာ ၀ှက်ပြီးရိုက်လို့ရတဲ့ ကင်မရာတွေ ပေါ်နေပြီဆိုတာ ဒီလူတွေ မသိဘူးထင်ပါရဲ့  ။ အဲဒီဝန်ထမ်းက ပြတိုက်ကို စောင့်ကြည့်ဖို့ တာဝန်ယူထားတာအပြင် လာရောက်လေ့လာတဲ့ ကျတော့် ကိုပါ မျက်ချည်ပြတ်မခံဘဲ စောင့်ကြည့်နေပါတော့ တယ် ။ ဒီတော့ ကျတော့် မှာလည်း အိပ်ထဲကနေ ကင်မရာထုတ်ဖို့ မပြောနဲ့ လက်ကိုင်ဖုန်းလေးတောင် အပြင်မထုတ်ဝံ့တော့ဘူး ။ တော်ကြာ ဓာတ်ပုံ ခိုးရိုက်တယ် ထင်မှာစိုးလို့ပါ ။
Image may be NSFW.
Clik here to view.

ရှေးဟောင်းသုတေသန ပြတိုက် ( ပုခန်းကြီး )
ပြတိုက်ကနေ ပြန်ခါနီးမှာ ဒီပုခန်းကြီးပြတိုက်ကို ပုံမှန်လာရောက်လေ့လာတဲ့ သူရှိပါရဲ့ လားလို့ ပြတိုက်ဝန်ထမ်း စပ်စုကြည့်တော့ မလာကြပါဘူးဗျာ… တဲ့ တခါတစ်လေ တစ်လလုံးကြာလို့ မှ တစ်ယောက်ပေါ်မလာဘူးတဲ့ ၊ ပြီးတော့ ဒီလမှာဆိုရင် အခုကျတော်ပေးခဲ့ တဲ့ ပြတိုက်ဝင်ကြေး 200 ကျပ်ပဲ ရသေးတယ်လို့ ရယ်ပြီးပြောရှာပါတယ် ။ ဒီပြတိုက်ကြီးကို 2003 ခုနှစ်လောက်မှာ စပြီးဖွင့်တုန်းက အခမဲ့ လေ့လာခွင့်ပြုခဲ့တော့ လာလိုက်ကြတဲ့ လူတော်တော်များတယ်လို့ ဆိုပါတယ် ။ ပြီးတော့ ပုန်ခန်းကြီးမှာရှိတဲ့ အိမ်တွေက ဧည်သည်လာတိုင်း သူတို့ ဧည့်သည်တွေကို ဒီပြတိုက်ဆီ လာလာပို့ ကြတယ်တဲ့ ။ 2006 ခုနှစ်မှာ လာရောက်ကြည့်ရှုသူတစ်ယောက်ကို 200 ကျပ် နှုန်းနဲ့ ကောက်ခံခဲ့တဲ့ အချိန်ကစပြီး တဖြည်းဖြည်းလူတွေ အလာကျဲသွားလိုက်တာ နောက်ဆုံး လာရောက်လေ့လာတဲ့ သူမရှိသလောက်ကိုဖြစ်သွာရောတဲ့ ။ အနီးနား ရပ်ကွက်ထဲ မှာရှိတဲ့ လာလေ့လာသူတချို့ က ခင်ဗျားတို့ ပြတိုက်ကို 200 ကျပ် ပေးပြီး လာလေ့လာတာ ဘာမဟုတ်တဲ့ အရိုးချောက်တွေ ပြထားတွေကိုဘဲ တွေ့ တယ်ဆိုပြီး မကြေမနပ်နဲ့ အပြစ်တင်ပြီး ပြန်သွားသေးသတဲ့ ။ ပြတိုက်ဝန်ထမ်းပြောစကားများကိုကြားရပြီးတဲ့အချိန်မှာ စိတ်မောမောနဲ့ သူ့ကို နုတ်ဆက်ပြီးပြန်ထွက်လာခဲ့ပါတယ် ။
Image may be NSFW.
Clik here to view.

မြေကြီးထဲမှာ နစ်မြုတ်နေတဲ့ ရှေးခေတ်ကျောက်ထီး တစ်ခု