ယနေ့ခေတ် လူသုံးများဆုံး လူမှုရေးကွန်ရက်တစ်ခုဖြစ်တဲ့ Facebook စာမျက်နှာတွေ အပေါ်မှာ နိုင်ငံရေး ၊ ဘာသာရေး။လူမျိုးရေး တွေနဲ့ပက်သက်ပြီး ပြောဆို ဆွေးနွးရေးသားနေကြတာတွေ မြင်ရ ကြားရ ဖတ်ရတော့ ကျတော်တို့ နိုင်ငံမှာရှိတဲ့ လူငယ်တွေ နဲ့ လူလတ်ပိုင်းတွေရဲ့  နိင်ငံရေးနဲ့ပက်သက်ပြီး စိတ်ဝင်စားမှုအပေါ် အားရကျေနပ်မှုတွေ ဖြစ်မိပါတယ် ။
ဒါပေမယ့် တချို့ တွေ များ အာဘောင်အာရင်းသန်သန်နဲ့ ၀င်ရောက်ပြောဆိုဆွေးနွေးနေတာတွေကို ဖတ်ရတော့ ကျတော်လို လေ့လာမှတ်သားသူတစ်ယောက် အနေနဲ့ မျက်လုံး မျက်ဆံပြူးရလောက်အောင်အံ့သြရတဲ့အခါတွေ ရှိခဲ့ပါတယ် ။ ဒီလူတွေ ပြောရဲ့လိုက်တာ….. ၊ သူတို့တတွေ ဘာအထောက်ထားနဲ့ ပြောနေကြပါလိမ့် ၊ အရင်ကဖြစ်ခဲ့ တဲ့ ဖြစ်သနစ်တွေကို မသိခဲ့လေရော့သလား… ၊ ဒါမှ မဟုတ် မလေ့လာဖူးတာလားဆိုပြီးတော့ …..စိတ်ထဲအားမလို အားမရ ဖြစ်မိပါတယ် ။
တချို့ ကြတော့လည်း သက်သေအထောက်ထား အချက်အလက် ခိုင်လုံစွာနဲ့ တင်ပြပြောဆိုရေးသားနေကြတာတွေကိုတွေ့ ရတော့ သူတို့ တတွေ ရဲ့  အချက်အလက်စုံလင်စာနဲ့ လေ့လာမှတ်သားတတ်မှုအပေါ် အံသြချီးမွှန်းရသလို တဖက်မှလည်းသူတို့ရဲ့ ပြောဆိုရေးသားချက်တွေ အပေါ် လေ့လာမှတ်သားပြီးပညာယူခဲ့ ရပါတယ် ။
တကယ်တော့ Facebook လူမှုကွန်ယက် အပေါ်ရောက်နေခဲ့တဲ့ ( အများအားဖြင့် ) လူငယ် လူလတ် အများစုဟာ နိုင်ငံရေး နဲ့ ပက်သက်လာရင် စိတ်ဝင်စားမှုအားကောင်းလာကြပေမယ့် တဖက်စောင်းနင်း အယူဆတွေ နဲ့ အတွေးခေါ်တွေ သူတို့ရဲ့ စိတ်တွေ မှာကိန်းအောင်းနေကြတာတွေကို အရှေ့ မှီ နောက်မှီ ဆရာ့ ဆရာကြီးတွေက သိပ်ဘ၀င်မကျချင်ပါဘူး ။ ဘာဖြစ်လို့ ဒီလိုတွေ တွေ ဖြစ်နေကြရတယ် ဆိုတာမျိုးကို ရေးသားတဲ့ စာတွေ ကိုလည်း မကြာခဏဆိုသလို ဖတ်ခဲ့ရဖူးပါတယ် ။ ဒီတော့ ကျတော့် အနေနဲ့ လည်း ဆရာကြီးတွေ ပြောဆိုရေးသားခဲ့ တာတွေ ကိုအခြေခံပြီးပြောကြည့်ချင်ပါတယ် ။
တကယ်တော့ Facebook လူမှုကွန်ယက် အပေါ်ရောက်နေခဲ့တဲ့ ( အများအားဖြင့် ) လူငယ် လူလတ် အများစုဟာ နိုင်ငံရေး နဲ့ ပက်သက်လာရင် စိတ်ဝင်စားမှုအားကောင်းလာကြပေမယ့် တဖက်စောင်းနင်း အယူဆတွေ နဲ့ အတွေးခေါ်တွေ သူတို့ရဲ့ စိတ်တွေ မှာကိန်းအောင်းနေကြတာတွေကို အရှေ့ မှီ နောက်မှီ ဆရာ့ ဆရာကြီးတွေက သိပ်ဘ၀င်မကျချင်ပါဘူး ။ ဘာဖြစ်လို့ ဒီလိုတွေ တွေ ဖြစ်နေကြရတယ် ဆိုတာမျိုးကို ရေးသားတဲ့ စာတွေ ကိုလည်း မကြာခဏဆိုသလို ဖတ်ခဲ့ရဖူးပါတယ် ။ ဒီတော့ ကျတော့် အနေနဲ့ လည်း ဆရာကြီးတွေ ပြောဆိုရေးသားခဲ့ တာတွေ ကိုအခြေခံပြီးပြောကြည့်ချင်ပါတယ် ။
ယခုနေ့ခေတ် ဖွံ့ ဖြိုးတိုးတက်ပြီး နိုင်ငံကြီးတွေမှာ နည်းပညာရဲ့  ပံ့ပိုး ကူညီမှုနဲ့ နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး နဲ့ စစ်ရေး စတဲ့ နယ်ပယ်တွေ မှာ တရှိန်ထိုးတိုးတက်ထွန်းကားလာကြပါတယ် ။ အဲဒီလို့ ဖွံ့ ဖြိုးတိုးတက်လာတာနဲ့ အမျှ ဖွံ့ ဖြိုးဆဲနိုင်ငံငယ်လေးတွေဟာလည်း ကိုယ့် အတိုင်းတာနဲ့ ကိုယ် ခြေလှမ်းကျဲကြီးတွေ နဲ့ ဖွံ့ဖြိုးတိုးတက်မှု နောက်ကို အမှီလိုက်ကြရပါတယ် ။ ဖွံ့ ဖြိုးတိုးတက်မှုများရဲ့  အရင်းမြစ်ဟာ အဆင့်မြင့် ပညာသင်ကြားရေး ဖြစ်တယ်ဆိုတာ အထူးပြောနေဖို့ လိုအပ်မယ် မထင်ပါဘူး ။ ဒီတော့ အဲဒီပညာသင်ကြားရေးမှာ အဓိကကျတဲ့ နည်းပညာ ဖွံ့ ဖြိုးတိုးတက်ရေးကို ဦးတည်တဲ့ ဘာသာရပ်တွေ တိုးချဲ့ သင်ကြားလာရတဲ့ အခါ ၀ိဇ္ဖာပညာရပ် သင်ကြားရေးတွေကို လျှော့ချလာခဲ့ ကြတယ်လို့ ဆိုပါတယ် ။ ဒါတွေဟာ ခေတ် စနစ်တွေရဲ့ တောင်းဆိုမှု ၊ လိုအပ်မှု တွေဖြစ်တာကြောင့် တစ်နိုင်တည်းမှာသာ ကြုံတွေ့ နေကြရတဲ့ အဖြစ်ရပ်တွေ မဟုတ်ဘဲ ဖွံ့ ဖြိုးတိုးတက်မှုကို အမှီလိုက်နေကြရတဲ့ နိုင်ငံတိုင်းကြုံတွေ့ နေရတဲ့ အဖြစ်ရပ်တစ်ခုဖြစ်ပါတယ်တဲ့ ။
အဲဒီပြောင်းလဲ မှု ဖြစ်စဉ်မှာ ကိုယ့်နိုင်ငံ အကြောင်းကို ကိုယ် ကောင်းစွာသိနားလည်နိုင်စေတဲ့ ဘာသာရပ်တွေ ဖြစ်တဲ့ သမိုင်းဘာသာ နဲ့ ပထ၀ီဝင် ဘာသာရပ် သင်ကြားခြင်းတွေ ကိုလျှော့ချလိုက်ရပါတော့ တယ် ။ လျှော့ ချလိုက်လို့ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကတော့ ခေတ်ပညာတတ်လူငယ်တွေ မှာ သမိုင်း နဲ့ ပထ၀ီဝင် ဘာသာရပ်တွေကို နည်းပညာဘာသာရပ်တွေလောက် အရေးတကြီးသိရန်မလိုအပ်တော့ ...ဆိုတဲ့ အတွေး ခေါ်တွေ ၀င်လာစေတာဖြစ်တယ် လို့ဆိုပါတယ် ။ ပညာတတ်အမည်ခံလူငယ် အများစုမှာလည်း ကိုယ့် နိုင်ငံ ဖြတ်သန်းခဲ့ ရတဲ့ အခက်ခဲများ နဲ့ ရင်ဆိုင်ရတဲ့ ပြဿနာများကို စဉ်စားတွေးခေါ်ရာမှာ ဟန်ချက်မညီတဲ့ ကောက်ချက်ချမှုတွေ နဲ့ အတွေးခေါ်တွေ ၀င်လာတတ်ကြပါတယ် ။ အဆိုးဆုံးကတော့ သမိုင်းဘာသာရပ်ကို ၀ါသနာမပါဘူး ရယ် လို့ ပြောဖို့ တောင် ၀န်မလေးတတ်ကြတော့ပါဘူး တဲ့ ။ တကယ်တော့ ခေတ်ပညာတတ်လူငယ်တွေ ဆိုတာ နိုင်ငံတော် တည်ဆောက်ရာမှာ အဘက်ဘက်က တာဝန်ယူရမဲ့ သူတွေ ဖြစ်ကြသလို လက်ရှိတာဝန်တွေကိုလည်း ယူနေကြရတဲ့သူတွေ ဖြစ်ပါတယ် ။ အဲဒီလို နိုင်ငံတော်ရဲ့ တာဝန်ကိုယူနေကြရတဲ့ ပညာတတ်လူငယ်တွေဟာ ကိုယ့် နိုင်ငံ အကျိုးသယ်ပိုးရာ မှာဖြစ်စေ ၊ ကိုယ့် နိုင်ငံ ရင်ဆိုင်ကြုံတွေ့ နေရတဲ့ ပြဿနာ များကို ဖြေရှင်းရာမှာဖြစ်စေ သမိုင်းအမြင်ကျယ်ပြန့် စွာနဲ့ တွေးတော ဆင်ချင်ပြီး မဖြေရှင်းနိုင်ဘူးဆိုရင်တော့ တိုင်းပြည်ဆုံးရှုံး နစ်နာမှု နဲ့ ကြုံတွေ့ ရမှာကတော့ အသေချာပါပဲ ။
ကျတော့် အတွေ့ အကြုံအရ ဘွဲရပြီးတဲ့အထိ ပညာသင်ဖူးတဲ့ တချို့ သူတွေက …. သမိုင်းဆိုတာ အရင်ကဖြစ်ပြီးခဲ့ တဲ့ အဖြစ်ရတွေ မို့ နောက်ထပ် လေ့လာသင်ကြားနေလို့ အကြောင်းမထူးနိုင် ၊ နောက်ပိုင်းဆက်ပြီး ဘယ်လိုတိုးတက်အောင် လုပ်ဆောင်ရမယ်ဆိုတာကိုသာ သိဖို့အရေးကြီးတယ် … ဆိုတာမျိုးတွေ ပြောပြောနေတာ မကြခဏဆိုသလို ကြားနေရပါတယ် ။ ယခုခေတ်လူငယ်တွေ အင်တာနက် ပေါ်က လူမှု ကွန်ယက် အားကိုးနဲ့ ကိုယ့် နိုင်ငံကို ချစ်တဲ့ စိတ်တွေ ၊ နိုင်ငံရေးဘက်မှာ ပိုမိုစိတ်ဝင်စားလာနေကြတာတွေ ကိုတွေ့နေရပေမယ့် သမိုင်းနဲ့ ပက်သက်တဲ့ အကြောင်းအရာတွေကို ပြောဆိုဆွေးနွးချက်တွေ မှာ တဖက်စောင်းနင်း ဆန်လှတယ်လို့ ထင်ပါတယ် ။
ဥပမာ အားဖြင့် ကိုယ့် နိုင်ငံ ကျွန်ပြုခံခဲ့ရတဲ့ တဲ့ အကြောင်းရင်းကို အတိကျ ဆက်စပ်သိမြင်ခြင်းမရှိဘဲ ကိုယ့် လူမျိုးနဲ့ ကိုယ့် ဘုရင် ညံ့လို့ ခံရတာဖြစ်တယ်လို့ ခံယူပြီးပြောဆိုဆွေးနွေးနေကြတာကို မကြာခဏဆိုသလို မြင်တွေ နေရပါတယ် ။ တကယ်ဆို ကိုလိုနီနယ်ချဲ့ ဖို့ လာကြတဲ့ သူတွေ ဟာ ဘယ်လိုရည်ရွယ်ချက် ၊ ဘယ်လို အကြောင်းရင်းခံတွေနဲ့ ကမ္ဘာ့နယ်ပယ် အသီးသီး ကိုရောက်ရှိလာခဲ့ကြတယ် ဆိုတဲ့ အကြောင်းရင်းလောက်ကိုတော့ လေ့လာထားသင့်ပါတယ် ။ နောက်တစ်ချက်က သတင်းတွေ ပြန့်နှံ့ လွယ်တဲ့ အခုလိုခေတ်ကြီးမှာ ကိုယ့် နိုင်ငံနဲ့ ပတ်ဝန်းကျင်နိုင်ငံများရဲ့ သမိုင်းကြောင်းကို နှံစပ်စွာ မသိထားတဲ့ သူတွေ အနေနဲ့ အနောက်နိုင်ငံ များမှ စာရေးသူတို့ နဲ့ ကိုယ့် နိုင်ငံကို အမြင်မကြည်လင်တဲ့ သူတွေ ရဲ့ တဖက်စောင်းနင်းရေးထားတဲ့ စာမျိုးတွေကို အဟုတ်ကြီးထင်ပြီး ကိုယ့် နိုင်ငံကို အပြစ်မြင် ထင်သေးတတ်ကြပါသေးတယ် ။ ဒါဟာ မျက်စိနှစ်လုံးရှိလျှက်သားနဲ့ မျက်လုံးတဖက်ကန်းနေတဲ့ သူနဲ့ အတူတူပါပဲ ။
ဒါကြောင့်မို့ သမိုင်း နဲ့ ပထ၀ီဝင် အခြေနေတို့ အကြောင်းတွေကို ကျောင်းများမှာ ကျယ်ပြန့် စွာမသင်ခဲ့ရဘူးဆိုရင် အစားထိုး အားဖြည့်တဲ့ အစီအစဉ် များရှိဖို့ လိုအပ်တယ်လို့ ပညာရှင်များက မြင်ကြပါတယ် ။ အဲဒီ အစီစဉ်ထဲ မှာမှလွယ်ကူစွာရနိုင်တဲ့ နည်းလမ်းကတော့ သက်ဆိုင်ရာ ပြင်ပဖြည့်ဆွက် စာပေ များကို လေ့လာဖတ်ရှု ခြင်းပဲ ဖြစ်ပါတယ် ။ ဒါမှလည်း ကိုယ့်နိုင်ငံ သမိုင်းကြောင်းတစ်လျှောက်မှာ ဇာတိမြေကို လက်မလွတ်ဘဲ လွတ်လပ်စွာနေထိုင်နိုင်ဖို့ ခေတ်အဆက်ဆက် ဘယ်လို ကြိုးပမ်းခဲ့ကြသလဲ ဆိုတာတွေနဲ့ တခြားရေးကြီးတဲ့ အချက်လက်များကို ကိုသိမြင်လာမှာဖြစ်ပါတယ် ။ …..
…ပြောမယ့်သာပြောရတယ် အခုလက်ရှိ ရန်ကုန်မြို့ မှာ နာမည်ကြီးပေ့ ဆိုတဲ့ စာအုပ်ဆိုင်ကြီးတွေ မှာတောင်မှ လတ်တလောနိုင်ငံရေး အခြေနေနဲ့ ပက်သက်တဲ့ စာအုပ်တွေ ၊ တက်ကျမ်းတွေ ၊ နည်းပညာစာအုပ်တွေ နဲ့စာရင် သမိုင်း ၊ ပထ၀ီဝင် နဲ့ ပက်သက်တဲ့ စာအုပ်တွေရဲ့ အရေတွက်နည်းနေသေးတာကိုတွေ့ ရတော့ ကျတော့ အနေနဲ့ အားမလို အားမရဖြစ်နေမိပါတယ် ။