Quantcast
Viewing all articles
Browse latest Browse all 1811

မိဘနဲ့ ကလေးတွေ

"မိဘနဲ့ ကလေးတွေ"

ကလေးငယ်တွေရဲ့ စိတ်အတွေးမှာ မိဘ ဖြစ်သူဟာ သူရဲကောင်းဖြစ်လေ့ရှိတယ်။ အထူးသဖြင့် သူငယ်ချင်းအပေါင်းအသင်းတွေကြားမှာ မိဘရဲ့ ရပ်တည်မှု (နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊စီးပွားရေး) စသဖြင့် သိတတ်လာတဲ့အရွယ်မှာ ဂုဏ်ယူချင်တတ်ကြတယ်။

ဒီလိုအနေအထားလေးတွေမှာ မိဘ ဖြစ်သူက ရပ်ကွက်လည်အရက်မူးနေရင် သိပ်ရှက်တတ်ကြတယ်။ မိဘကိုလဲ စိတ်နာတတ်ကြတယ်။ ဒါက အပြင်းစား စိတ်ဒဏ်ရာပေါ့။

ကျောင်းအပ်တဲ့အခါ မိဘ အလုပ်အကိုင်နေရာမှာ အဖေ့အလုပ်ကို ဖြည့်စရာမရှိလို့ ငိုကြီးချက်မနဲ့ ပြန်လာတဲ့ ဆယ်ကျော်သက်အရွယ် တက္ကသိုလ်ကျောင်းသားတစ်ဦးရဲ့ ခံစားချက်ကို ကိုယ်တိုင်နားထောင်ခဲ့ရဖူးပါတယ်။

အခု facebook ပေါ်သိနေတဲ့ အမ တစ်ဦးရဲ့ ရင်ဖွင့်စာလေးကို ဖတ်လိုက်ရတယ်။ ရင်ထဲမှာ ထိထိရှရှခံစားရပါတယ်။ မိခင်တစ်ဦး၊ အမျိုးသမီးတစ်ဦးရဲ့ ရင်ထဲက ခံစားချက်တွေနဲ့ သမီးတွေရဲ့မျှော်လင့်ချက်တွေ အားပြိုင်ရာက ဖြစ်ထွန်းလာတဲ့ ဝေဒနာလေးတွေ။

သားသမီးတွေဟာ မိဘကို သူရဲကောင်းလို မြင်ထားတော့ ပုံမှန်သူရဲကောင်း စံအောက်ကို အကျမခံနိုင်ဘူး။ အကောင်းဆုံးတွေချည်းသာ သူတို့မြင်လိုတယ်။ အဲ့ဒီစံတွေအောက် ကျရင်စိတ်ဆိုးတတ်တယ်။ ဒါကြောင့် ဖေ့စ်ဘွတ်ခ်ပေါ်မှာ ကိုယ့်အကောင့်ကို ကိုယ့်သားသမိးက မြင်နေရင် ကိုယ့်ကို သူများက ဆဲရေးနေရင် သူတို့စိတ်ထဲအင်မတန် နာကျင်ရပါလိမ့်မယ်။

အချို့သော အနေအထားတွေမှာ မိဘက ကိုယ်င့်္ကို နားလည်ပေးမယ်လို့ မျှော်လင့်ထားခဲ့ပေမယ့် မိဘက ခေတ်ကွာဟချက်အရသော်လည်းကောင်း၊ နားလည်ပေးမှုရှုထောင့်ချင်းမတူလို့သော်လည်းကောင်း ဆယ်ကျော်သက်တွေရဲ့ ရင်ထဲက ခံစားချက်တွေကို နားလည်မပေးနိုင်ဘဲ ဆူပူမိတဲ့အခါ ရိုက်တာထက် ပိုပြီး စိတ်နာလေ့ရှိတယ်။

မိဘ ဖြစ်သူ ကိုယ်တိုင်ဟာ ဘဝအမောတွေနဲ့ အင်မတန်မွန်းကြပ်ရုန်းကန်နေရသူ တစ်ဦးဖြစ်ခဲ့ရင် သားသမီးအပေါ် မိဘမေတ္တာအပြည့်နဲ့ချစ်ခင်ပေမယ့် စိတ်အပူအလောင်တွေက လွှမ်းမိုးနေပြီး လျစ်လျူရှုထားမိတတ်တာလေးတွေ ဖြစ်တတ်တယ်။ ဒါမျိုးအနေအထားတွေကနေ ဆိုးသွမ်းလူငယ်ဆိုတဲ့ ကလေးတွေ ဖြစ်လာတတ်ပါတယ်။ ခပ်ဆိုးဆိုး ဂျစ်ကန်ကန်ကနေ အထိန်းအကွပ်မပေးနိုင်ရင် မိဘကို အရွဲ့တိုက်ချင်စိတ်နဲ့ အမှုအခင်းတွေ ဖြစ်တဲ့အထိ ဖြစ်သွားတတ်ပါတယ်။ နာမည်ကြီး ရက်ပါ Eminem ရဲ့ အမေသီချင်းတွေမှာ ဒီလို ခံစားချက်တွေကို တွေ့ရတတ်တယ်။

မိဘတွေဖက်ကိုကြည့်ရင်လဲ တစ်ဖက်မှာ ဘဝအမောပေါင်းများစွာ...။ ဒီသားသမီးတွေကို ရုန်းကန်ကျွေးမွေးရတာကတစ်ဖက်။ တစ်ဖက်မှာ အကာအကွယ်ပေးရတာက တစ်ဖက်။ ဘဝရဲ့ သောကတွေက တစ်ဖက်နဲ့။ လူသားပီပီ ခံစားချက်တွေရှိကြမှာပဲ။ မိမိ တစ်ခါက တွေ့ဖူးတဲ့ အမျိုးသမီးတစ်ဦးဟာ ကလေး ၂ ယောက်မိခင်။ သူမကို ချစ်ခင်သူ ရှိပေမယ့် သူမကလဲ နှစ်သက်ပေမယ့် ကလေးတွေမျက်နှာနဲ့ လောကကို Single Mother ဆိုတဲ့အနေအထားနဲ့ အံတုတယ်။ အင်မတန်ကို လေးစားမိတယ်။ မိန်မသား တစ်ဦးရဲ့ မိခင့်မေတ္တာကနေ ဖြစ်ထွန်းလာတဲ့ခွန်အားတွေ။ တစ်ဖက်မှာလဲ ကိုယ့်အိမ်နီးနားချင်း မိသားစု ဖြစ်နေတော့ ဘဝအမောအတွက်ရုန်းကန်ရရင်း အရွယ်ရောက်လာတဲ့ သားသမီး ၂ ယောက်နဲ့ မသင့်မတင့်ဖြစ်တာလေးတွေကို မကြာခဏ မြင်ရတတ်ပါတယ်။

စိတ်ပညာလေ့လာရေးကိစ္စ တစ်ခုမှာတုန်းက အိမ်ပြေးလူငယ်တစ်ယောက်အကြောင်းကို လေ့လာရပါတယ်။ အဲ့မှာ ကလေးရဲ့ စိတ်ထဲက ခံစားချက်တွေ၊ မျှော်လင့်ချက်တွေနဲ့ မိဘဖြစ်သူရဲ့ ကလေးအပေါ် ထားတဲ့ မျှော်လင့်ချက်ကလေးတွေ လွဲချော်ကြတာကိုတွေ့ရပါတယ်။ ကလေးက သူငယ်ချင်းတွေနဲ့ပဲစကားပြောတယ်။ မိဘနဲ့စကားမပြောဘူး။ ဘေးက ပါတဲ့ သူငယ်ချင်းက မြန်မာပြည်က လူငယ်တွေနဲ့ပတ်သက်လို့မေးတဲ့အခါမှာ ချက်ခြင်းမဖြေနိုင်ခဲ့ပါဘူး။ ကိုယ်ရှင်သန်ခဲ့ဖူးရာ ဘဝလောက်ကိုသာ မှန်းဆပြီးပြောရပါတယ်။ မိမိပြောတဲ့ မှတ်ချက်ကတော့ တစ်ဖက်နဲ့တစ်ဖက် နားလည်မှုလွဲတယ်ဆိုတာ ဘယ်အဖွဲ့အစည်းမဆို ဖြစ်တတ်ပါတယ်လို့ ဖြစ်ပါတယ်။ အနောက်တိုင်းကလေးငယ်တွေကျတော့ အင်မတန်လွတ်လပ်တော့ မိဘကို ဆယ်ကျော်သက်အရွယ်မှာ ပြန်ပုန်ကန်ချင်တယ်။ မြန်မာ့အဖွဲ့အစည်းမှာကျတော့ ပြန်မပြောရဲဘဲ ရင်ထဲမှာ ဒဏ်ရာတွေရသွားတဲ့ကလေးတွေ ဖြစ်သွားပါတယ်။ အဲ့ကလေးဟာ သူလူကြီးဖြစ်လာတဲ့အခါ ရင်ထဲက ဒဏ်ရာတွေအတိုင်း တစ်ထပ်တည်း ပြုမူတတ်ပါတယ်။

သားသမီးဖက်က မိဘကို နားလည်မှုပေးမယ်၊ မိဘက သားသမီးအပေါ် နားလည်မှု ပေးမယ်ဆိုတဲ့ကိစ္စဟာ ခက်ခဲပေမယ့် ဖြစ်နိုင်တဲ့ကိစ္စ တစ်ခုဖြစ်ပါတယ်။ သားသမီးတွေက ငယ်ရာက ကြီးရတော့ သူတို့ရင့်ကျက်ဖို့ အချိန်စောင့်ရတတ်ပါတယ်။ ဒါပေမယ့် ထူးခြားတာတစ်ခုက ကလေးငယ်တွေကို အသိအမှတ်ပြု တလေးတစား ဆက်ဆံရင် သူတို့ဟာ အင်မတန် ဆိုဆုံးမရလွယ်သွားတဲ့ ကလေးတွေ ဖြစ်သွားတတ်တာပါပဲ။ မိဘ ရင်ထဲက ခံစားချက်တွေကို နွေးနွေးထွေးထွေးနဲ့ နားလည်အောင် ရှင်းပြပေးတာ၊ တလေး တစား အသိပေးတာ၊ သူတို့ဖြစ်ချင်တာလေးတွေကို တစ်ကယ်ကို လေးလေးစားစားနဲ့ နားထောင်ပေးတာမျိုးဟာ သူတို့ကို အရာသွင်းသလို ဖြစ်ပြီး ဆိုဆုံးမရလွယ်တဲ့ကလေးတွေဖြစ်စေပါတယ်။

နွေးနွေးထွေးထွေးဆွေးနွေးပြောဆိုတာမျိုးဟာ စိတ်ရောဂါဖြစ်နေတဲ့သူတွေ၊ စိတ်ကျဝေဒနာသည်တွေကိုတောင် ကုသမှုပေးနိုင်တဲ့ အထိ စွမ်းပါတယ်။ Psychotherapy ဆိုတာဟာ ထွေထွေးထူးထူးကြီးမဟုတ်လှပါဘူး။ မိဘနဲ့သားသမီးတွေကြားက နားလည်မှုလွဲတဲ့ ဒဏ်ကို ကိုယ်တိုင်လဲ ဘဝမှာ ခံစားခဲ့ရဖူးလှတော့ အခြားသူတွေကို အဆင်ပြေစေချင်လှတယ်။ အများကြီးမလိုပါဘူး။ အပြန်အလှန်လေးစားသမှုလေးရယ်၊ နားလည်မှုကို ကြိုးစားတည်ဆောက်တာလေးရယ်၊ အချိန်လေးတွေ အပြန်အလှန်ပေးဖို့ရယ်ပါပဲ။ မိဘတွေရဲ့ မေတ္တာဟာ သားသမီးတွေအပေါ် နဂိုကတည်းက ကြီးမားပြီးသားဖြစ်သလို သားသမီးတွေကလဲ မိဘတွေအပေါ် သူရဲကောင်းလို ကိုးကွယ်ပြီးသားဖြစ်ပါတယ်။ ဒီလို အဆင်ပြေဖို့ကောင်းလှတဲ့ သံယောဇဉ်တွေကြားမှာ တေ့လွဲကလေးတွေ ဖြစ်ပြီး စိတ်ပင်ပန်းရတာ နစ်နာလှပါတယ်။ အချိန်ကလေးနည်းနည်းပေးလိုက်ရင် သိပ်ပျော်ဖို့ကောင်းတဲ့ ထမင်းဝိုင်းလေးတွေ ဖြစ်လာကြမှာပါ။

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...