Image may be NSFW.
Clik here to view.
ဝါသနာပါတယ်ဆိုတာ ဘာလဲ?? ဘယ်လိုအခြေအနေ ဘယ်လိုခံစားချက် ဘယ်လိုအကျင့်စရိုက်တွေကို ဝါသနာလို့ ပြောနိုင်သလဲ??? ကျွန်မက နိုင်ငံရေး အသိုင်းအဝိုင်းနဲ့ အတော်အလှမ်း ဝေးပါတယ်။ဝေးအောင်လည်း နေထိုင်ခဲ့ ရတာကိုးးး။ တက္ကသိုလ်ရောက်တော့ အပေါင်းအသင်းက စုံလာပါတယ်။ နိုင်ငံရေး ဝါသနာရှင် သူငယ်ချင်းတွေလည်း တွေ့လာရပါတယ်။ အဲ့ဒီအချိန်အခါတုန်းက အဖြစ်အပျက်ကို ကျွန်မရဲ့ ကလေးအတွေးအတိုင်းပဲ ရေးပြချင်ပါတယ်။ သူတို့က အဖမ်းခံဖို့ နိုင်ငံရေး လုပ်နေသလိုပါပဲ။ ပလန်လည်းမရှိဘူးးး ဦးဆောင်သူလည်း မဲ့နေပြီးးး ရှစ်လေးလုံးလို လူထုအုံကြွမှုမျိုး နောက်တစ်ကြိမ်ထပ် ဖန်တီးနိုင်ဖို့ မျှော်လင့် နေကြတာပါ။
ဒီလိုပြောလို့ ရှစ်လေးလုံး လူထုတော်လှန်ရေးကြီးကို မထီမဲ့မြင် စော်ကားတယ်လို့ မထင်ပါနဲ့။ အာဏာရှင်တစ်ပါတီ စနစ်ကို ဖြုတ်ချနိုင်ခဲ့တဲ့ အုံကြွတော်လှန်ရေးကြီးပါ။ ကျွန်မ မပါဝင်နိုင်ခဲ့ပေမယ့် ဒီလူထုအုံကြွမှုကြီးအပေါ် ဂုဏ်ယူပါတယ်။ ဒါပေမယ့် လူထုအုံကြွမှုဟာ အဖြေတော့ မဟုတ်သေးပါဘူးးးး အဖြေရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပါလိမ့်မယ်။ ဒီတော့ကျွန်မက သူတို့နဲ့ မပူးပေါင်းမလှုပ်ရှားသေးပေမယ့် စတင်စူးစမ်းလေ့လာမှုတွေတော့ လုပ်နေပါပြီ။ သူတို့က ဘာတွေ လုပ်နေသလဲ... ဘာညာသာတကာ တွေပေါ့။ ကျွန်မကရော ဘယ်နည်းလမ်းနဲ့ ပါဝင်ရင် အဆင်ပြေမလဲ??? စသဖြင့်တွေပေါ့။ "လူတွေက ကြောက်ပြီး ဘယ်သူမှ လမ်းပေါ်ထွက်ပြီးးး အမှန်တွေကို မပြောရဲကြတော့ဘူးးးဟ။ ကိုယ့်မိသားစု အထဲမှာပဲ တိုးတိုးတိတ်တိတ် ပြောရဲကြတယ်။ဒီတော့ ထင်ထားသလို ဖြစ်မလာရင် ပလန်ဘီက ဘာတဲ့လဲ???""ငါတို့က တစ်ဗိုလ်တက် တစ်ဗိုလ်ဆင်း စနစ်နဲ့ သွားနေရတာဟ ပလန်ရယ်လို့ သတ်သတ်မှတ်မှတ် မရှိဘူးးး လှုံ့ဆော်ပြီးရင်းးး လှုံ့ဆော်ရမယ်..."
အဲ့ထဲက အတော်တက်ကြွပြီး ရှေ့တန်းတက်လာတဲ့ ယောက်ျားလေး သူငယ်ချင်း တစ်ယောက်ရှိပါတယ်။ သူက ကျွန်မကို အတော်လည်း ခင်ပါတယ်။ သူ့မိသားစုကလည်း မန္တလေးရဲ့ အထင်ကရ မိသားစုကြီးပါ။တစ်ရက်မှာတော့ ညနေဘက်ကြီး ကျွန်မအိမ်ကို သူရောက်လာပါတယ်။ သူနဲ့အတူ ကျွန်မ မမြင်ဘူးသေးတဲ့ လူတစ်ယောက်လည်း ပါလာပါတယ်။ ထိုင်ပြီး စကားပြောနေရင်းနဲ့... ဗြုန်းဆိုပြီးးး ကျွန်မဦးနှောက်က သိမ်းဆည်းထားတဲ့ မှတ်ဥာဏ်တချို့ ထွက်ကျလာပါတယ်။
ဒီလူကို လွန်ခဲ့တဲ့ နှစ်နှစ်ကျော် လောက်က တွေ့ခဲ့ဖူးပါတယ်။ ကျွန်မတို့ရဲ့ တစ်အိမ်ကျော်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းပိုင် အိမ်မှာ ယောက်ျားဖြစ်သူက မိန်းမကို ပစ်စတိုနဲ့ ပစ်သတ်မှု ဖြစ်ပွားစဉ်ကပါ။ အဲ့ဒီခြံကို အရပ်ဝတ်နဲ့ ပုံစံမျိုးစုံ အသွင်ယူထားတဲ့ ထောက်လှမ်းရေးတွေ လာဝိုင်းစဉ်တုန်းက တွေ့ဖူးတာပါ။ ဒီအဝတ်အစား အတိုင်း သူ့ကိုတွေ့ခဲ့တာပါ။ ဂျင်းရှော့ပန် အတို။ အနားက အမွှေးစုတ်ဖွားးး အရောင်ခပ်လွင့်လွင့်။ စပို့ရှပ်ကလည်းးး ဒီဟာပဲ။
ဘုရားးဘုရားးး ငါ့သယ်ချင်းတော့ ကျားစာ ဖြစ်တော့မှာပါလားးးး။ ဒါနဲ့စကားလမ်ကြောင်းလွှဲလည်း မရပါဘူးးးး သူငယ်ချင်းထုံအ ချက်ကတော့။အဲ့ဒါနဲ့ "ငါမအားသေးဘူးးး ပြန်တော့ဟယ်"ဆိုတော့လည်းးး အလိုက်ကမ်းဆိုးက မသိဘူးးး။ စိတ်ကတိုလာတော့ သူတို့နိုင်ငံရေးဆိုတာတွေ လုပ်ကိုင်နေတာတွေကို အယုံအကြည် မရှိဘူးးး ဘာညာ... ငါ့လာမပြောနဲ့ ပေါ့။ အဲ့တော့ မောင်ထုံအ က ဇွတ်အတင်းပြန်ရှင်းပြပြီး စည်းရုံးနဲ့..ဂျာအေး သူ့အမေရိုက် ဇာတ်လမ်းတွေ ဖြစ်ရော ခ်ခ်။
ဒီကလည်း ဆန့်ကျင်ဘက်တွေ ပိတ်ပြောပြီး အတင်းနှင်ရော။ မပြန်ချင် ပြန်ချင်နဲ့ ကိုထုံအ ခမျာပြန်ရရော။ ပြန်တော့ အိမ်ပေါက်ဝလိုက်ပို့ရင်း ထုံအကို စကားပြောသလိုလိုနဲ့ နောက်နားအသာဆွဲ ထားဖို့ကြိုးစားတော့ ထုံအ က တအမ်အမ်နဲ့ လုပ်ရော။ ဟိုက ရှစ်စပ်ကဂျင်ခြေလည်တဲ့ အကောင်ကလည်း လုံးဝမခွာပါဘူးးး။ ဒါနဲ့ ဒီကလည်း ခပ်ပြောင်ပြောင်ပဲ "နင်သွားနှင့်လေ။ ငါကသူ့ကို ပြောစရာရှိသေးတယ်။ သွားသွားးး""ဘာဖြစ်လို့လည်းဟ။ သူ့ရှေ့ပြောလည်း ရပါတယ်။ နင်ကလည်းးးးအဲ့လိုချည်းးးကြ အားနာစရာ။"
ကျွန်မက အသံတုန်းကို အနိမ့်ဆုံးကို နှိမ့်လိုက်ပြီးးး သူ့နောက်ကျောနား ခေါင်းကပ်ပြီး "ငါပြောမယ် သေချာနားထောင်... ငါ့ဆီကို နင်တစ်ယောက်ထဲပဲ လာခဲ့အုံးးးး။ ပြောစရာရှိတယ်။တခြားအဖော်မခေါ်ခဲ့နဲ့။ ပြီးတော့ ဒီကောင်ကို လုံးဝမယုံနဲ့ ကြားလားးးး"မောင်ထုံအ က အသံကျယ် ကြီးနဲ့ ပြန်ဖြေပါတယ်...."ဟာ.... နင်ကလည်းးး ဒီကောင့်ကို စိတ်ချရလို့ ငါကသုံးတာပါဟ။ နင်ကဘာတွေ စိတ်ပူနေတာလဲ။ ဒီကောင်က လုံးဝစိတ်ချရတယ်။"
အဲ့ဒီအသံကျယ်ကြီးးး ထွက်လာတဲ့အချိန်မှာပဲ ကျွန်မဟာ နဂိုစိတ်တိုတဲ့ အခံကနေ မောင်ထုံအ ကိုအကြီးအကျယ် ဒေါသထွက် မိပါတော့တယ်။ "ငါကတိုးတိုးပြောရင် နင်လည်းတိုးတိုးပြန်ပြောရမယ် ဆိုတာလောက်မှ အကင်းမပါးဘဲ နင်က နိုင်ငံရေးလုပ်ချင် သေးတယ်ပေါ့ ဟုတ်လားးးး ဒီမယ်.... အခုကစပြီးးး နင် ငါ့ဆီကို လာစရာလည်း မလိုတော့ဘူးးး ဖုံးလည်းဆက်စရာမလိုဘူးးး နင့်မျက်နှာလည်း မမြင်ချင်တော့ဘူးးးး နင့်အသံကြားရတာ ကျန်စစ်သား ငါ့ကိုခိုးတယ် လို့အော်တဲ့ စောလူးမင်း အသံကြားလိုက်ရသလိုပဲ။ ဒါစကားကုန်ဘဲ။ နောက်ဘယ်တော့မှ လာမဆက်သွယ်နဲ့။ တောက်…။"ဒီမှာပဲ ကျွန်မရဲ့ ယောင်တောင်တောင် နိုင်ငံရေးဝါသနာဟာ တစ်ခန်းရပ်ခဲ့ပါတယ်။

နေထက်ထက်အောင်