Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

အား ………….. တပည့်

$
0
0

Photo: အား…………..တပည့်  ရဲကျော်သူရ   ကျွန်တော့်မိခင်တပ်ရင်းမှာ ရှိစဉ်အခါက ကျွန်တော်တို့တပ်မှာ ဟာသ ကဗျာလေးတစ်ပုဒ်ရှိတယ်။ အမည်တွေ တော့လွှဲထားပါတယ်။  "သောက်ရူးအေးစန်း မေဂျာမှန်း၍၊ ဖဲသမား အောင်တိုး၊ ဗိုလ်မောင်စိုးနှင့် အာဘောင်ထွန်းမောင် ဝေးဝေးရှောင် အိုတောင်မဆင်းရဲ…" ပါတဲ့။  ဘယ်သူ့ကိုမှ ထိခိုက်နစ်နာစေလိုတဲ့ ဆန္ဒမရှိပါ။ ရယ်မောပျော်ရွှင်စေဖို့ သက်သက်ရည်ရွယ်တယ်ဆိုတာတော့ ကြိုတင်နားလည်ပေးစေချင်ပါတယ်။  အရာရှိတွေဆို အဲဒီကဗျာလေးရွတ်ပြရင် သိပ်သဘောကျတာ။ ထုံးစံအတိုင်း လက်သည်ကတော့ မပေါ်ဘူးပေါ့။ ဘယ်ကလောင်ရဲ့လက်ရာမှန်းမသိပေမဲ့ ကျွန်တော်တို့ရှိစဉ်က အဲဒီကဗျာလေးကို စစ်သည်တိုင်းလိုလိုသိကြတယ်။  သောက်ရူးအေးစန်းဆိုတာ အမြောက်တပ်ကပြောင်းလာပြီး ဗိုလ်မှူးလစာစားနေတဲ့ ဗိုလ်ကြီးပါ။   သူက ဗိုလ်မှူးဖြစ်ခါ နီးဆိုတော့ အလုပ်ကိုအသေလုပ်တယ်၊ အဲ အလွန်အကျွံလုပ်တယ်လို့ပြောလို့ရတယ်။  သူက ခြေလျင်၊ ခြေမြန်ကို အခုမှရောက်ဖူးပုံရပါတယ်။ ကြည့်ရတာ ဒုဗိုလ်ကနေ ဗိုလ်ကြီးဖြစ်တဲ့အထိ အမြောက်တပ် မှာပဲနေလာပုံရတယ်။  သူရောက်ရောက်ချင်း ရှေ့တန်းထွက်ခါနီး တပ်ခွဲရုံးထဲက စာရွက်စာတမ်းတွေကို ကြည့်ပြီး Pay Corporal ကို "ဒီစာရွက်စာတမ်းတွေက ဘယ်လိုသယ်ရမလဲ…"လို့မေးလို့  Pay Corporal လည်း အူကြောင် ကြောင်နဲ့ ဘာဖြေရမှန်းမသိဖြစ်ဖူးတယ်။   ဗိုလ်ကြီးတစ်ယောက် ဗိုလ်မှူးဖြစ်ဖို့ရာ တပ်ရင်းမှူးထောက်ခံချက်လိုတယ်နဲ့တူပါတယ်။ ရန်သူ့ သတင်း ထူးထူး၊ မထူးထူး နေ့တိုင်းလိုလို မနက် ၄ နာရီထွက် ည ၁၂ နာရီမှနား တွေ့တဲ့နေရာအိပ်ဆိုတော့ သူနဲ့ တပ်ခွဲကတော့ သေမယ့်သာကြံပေါ့။  တစ်ခါတလေ ရိက္ခာလေး ဘာလေးထုတ်ဖို့ ရွာကပ်ရရင်လည်း ဘုရားရိပ်တရားရိပ် ခိုလှုံတယ်ဆိုပြီး ဘုန်းကြီး ကျောင်းချည်းပဲတည်းတော့ စစ်သည်လူငယ်လေးတွေက မကြည်ကြဘူး။   အဲ ရိက္ခာထုတ်ပြီးတာနဲ့ မနက် ၄၊ ည ၁၂ ပဲ။ ပြီးရင် အဆင်ပြေပြေ မပြေပြေ ရောက်တဲ့နေရာ ထိုးအိပ်တော့တာ။  ဒီတော့ သူ့တပ်ခွဲက အရာရှိငယ်နဲ့ စစ်သည်တွေအားလုံးဝိုင်းဆုတောင်းကြတယ်… ဗိုလ်ကြီးအေးစန်း မြန်မြန် ဗိုလ်မှူးအပွင့်တင်ရပါစေလို့။   သူဗိုလ်မှူးမဖြစ်ခင် တပ်ခွဲတစ်ခွဲလုံး ၃ လလောက်စီးရမယ့်တောစီးဘိနပ်ဟာ တစ်လ ခွဲနဲ့ ခွာတွေ ကုန်လုနီးပါးဖြစ်နေပြီလေ။ ဗိုလ်မှူးအေးစန်းဆိုတာ အဲသလို ပုဂ္ဂိုလ်မျိုးပါ။  ဖဲသမားအောင်တိုးဆိုတာက ဖဲကိုမယားထက်ချစ်တဲ့ တပ်ကြပ်တစ်ယောက်။   ဖဲများရိုက်နေရလို့ကတော့ ထမင်းမစား လည်းရတယ်ဆိုတဲ့လူ။   သူ့တပ်စိတ်က ရှိတဲ့ စစ်သည်အားလုံးသူ့အကြွေးတစ်ယောက်မှ မကင်းဘူး။ အဲ သူကပေး ရမှာ ပြောတာနော်။  သူကတော့ မျက်မှောင်လေးကြုံ့ သွားလေးဖြဲပြီး ညီလေးဆိုလို့ကတော့ လွတ်အောင်သာ ပြေးပေတော့။ နို့မဟုတ်လို့ကတော့ ခင်ဗျားဝတ်ထားတဲ့ ယူနီဖေါင်းပါ ချွတ်ပေးချင်လောက်အောင် အငိုကောင်းတဲ့သူ။   ဒါ့ကြောင့် သူ့ကိုတွေ့ရင် တခြားစစ်သည်တွေက ဝေးဝေးကရှောင်လေ့ရှိကြတယ်။  နောက်တစ်ယောက်က ဗိုလ်မောင်စိုး၊ သူက Ranker ပါ။ သူ့ကိုတော့ ကွယ်ရာမှာ ကျွန်တော်တို့က ဖိုးချင်း ဒါမှမဟုတ် ကျိုင်းတုံ လို့ခေါ်တယ်။  ဖိုးချင်းဆိုတာ ကျွန်တော်တို့ခေတ်က ဘန်းစကားပါ။ အဓိပ္ပာယ်ရှင်းပြစရာမလိုဘူး ထင်ပါတယ် နော့…။  သူကတော့ ရဲဘော်ဖြစ်ဖြစ် အရပ်သားဖြစ်ဖြစ် လူတွေ့တာနဲ့ "ဟေ့ကောင် မင်းမျက်မှန်လေးက မိုက်လှချည်လား မှန်း ခဏပြစမ်း…" ဆိုပြီး တပ်သွားလိုက်တာ ဟိုဒင်းချေးငွေ ကြက်သောက်ရေဆိုသလိုပဲ၊ ဆီပုံး ဆုံးပြီသာမှတ်ကရော့။  ဒီလိုနဲ့ သူ့ရဲ့ မှန်းပြစမ်းဆိုတဲ့ နမူနာအမြည်းအောက်မှာ ဦးထုပ်ဆုံးတဲ့သူနဲ့ ဂျာကင်ဆုံးတဲ့သူနဲ့ မနည်းဘူး။ သူလည်း ခေသူမဟုတ်ထဲကပါပဲ။  ဟုတ်ကဲ့ ဒီလေးယောက်တွဲ ကဗျာဇာတ်လမ်းထဲမှာ အဓိက ဇာတ်ကောင်ကတော့ ဆရာကြီး ထွန်းမောင်ဆိုတဲ့ တပ်ကြပ်ကြီး အာဘောင်ထွန်းမောင်ပါပဲ။  သူကတော့ ဘာရယ်မဟုတ် ပေါက်တတ်ကရပြောတဲ့နေရာမှာ တကယ့်ဆရာကြီးပါ။   တချို့ကတော့ပြောတော့ သူအရင်တပ်မှာ ဒါဏ်ရာရပြီးတဲ့ နောက်ပိုင်း အဲဒီလိုဖြစ်သွားတာလို့ဆိုပါတယ်။  စစ်သည်တွေက သူ့ကိုကွယ်ရမှာ လှောင်ရယ်ကြတဲ့အခါ ကျွန်တော်က ကိုယ့်ဖအေအရွယ်ကြီးမို့ ပြက်ရယ်မပြုသင့် ကြောင်းပြောပါတယ်။  စစ်သည်တွေက အစ်ကိုရာ အစ်ကိုမကြုံဘူးသေးလို့ပါဆိုပြီး သူ့စကားဝိုင်းက ပြန်လာတာနဲ့ အမြဲတမ်းတဟီးဟီး တဟားဟားနဲ့ပေါ့….။  ဒါနဲ့ ဒီကောင်တွေဘာဖြစ်လို့ ဆရာကြီးထွန်းမောင်ကို ဒီလောက်ပြက်ရယ်ပြုနေရတာလည်းဆိုပြီး စိတ်ဝင်စားမိတယ်။   တစ်ရက် ခရီးတစ်ခုထွက်ရင်း လမ်းမှာ မြက်ခင်းစိမ်းတွေတွေ့တော့ ကျွန်တော်က "ဟာ…လှလိုက်တာ ဆရာကြီးရယ် ကျွန်တော်တို့တိုင်းပြည်မှာ ဒါရိုက်တာတွေမရောက်နိုင်လို့သာပေါ့…ကြည့်ပါဦး ဘယ်လောက်လှလိုက်သလဲ…" လို့ ကျွန်တော်ကပြောလိုက်တဲ့အချိန်မှာ သူ့ဆီက "အား….တပည့်…" ဆိုပြီး အသံရှည်ကြီးထွက်လာတယ်။ သူ့ရဲ့အား ဆိုတဲ့ အသံရှည်ကြီးက ရိုးရိုးထွက်လာတဲ့ အသံမဟုတ်ဘူး။ ဗီဗီ အချိုရည်ကြော်ငြာထဲက ဒွေးနဲ့ ထက်ထက်မိုးဦး လေဖြတ်သလို ပါးစပ်ကလေးတစ်ခြမ်းပဲရွဲ့ပြတဲ့ Acting လေး မှတ်မိကြတယ်မဟုတ်လား။ အဲဒီလိုပုံစံမျိုး။  သူက နည်းနည်းပိုရွဲ့တယ်။  အဲသလိုရွဲ့လိုက်ပြီးမှ " တပည့်ရာ ဒါက ဘယ်ဟုတ်ဦးမလဲ၊ ဆရာကြီး မိုးကုတ်ဘက်မှာ တာဝန်ကျတုန်းက မြက်ခင်းပြင်ကြီးဟာ မင်းတို့ရုပ်ရှင်ထဲမှာ တွေ့ရတဲ့ တက္ကဆက်ကမြက်ခင်းပြင်ကြီးတွေ နှစ်ဆလောက်ရှိတယ်။ အဲဒီမြက်ခင်းပြင်ကြီးမှာ ကာဘိုင်ကိုစလွယ်သိုင်းလွယ်ပြီး ဆရာကြီးမြင်းစီးခဲ့တာ မြင်းကလည်းကောင်းဆိုတော့ လွှားခနဲ လွှားခနဲနဲ့ တပည့်ရာ၊ လူတစ်ရပ်လောက်ရှည်တဲ့ မြက်ပင်တွေဆိုတာ ဆရာကြီးစီးတဲ့ မြင်းရဲ့ ဗိုက်ကို မထိဘူး။" လို့ဆိုပါရော။  ဒါနဲ့ ကျွန်တော်ကလည်း ဆရာကြီး မြင်းကတော်တော်ကြီးလို့လား လို့ထောက်ပေးလိုက်ပါတယ်။ " ဟား မင်းကလည်း ဆရာကြီးစီးတဲ့မြင်းက အခု တို့တပ်ရင်းမှူးလက်ခုပ်တစ်ဖေါင်တောင် မြင်းဗိုက်ကို မထိဘူးကွ.." တဲ့။  ဗုဒ္ဓေါ… ကျွန်တော်တို့တပ်ရင်းမှူးရဲ့ အရပ်က ၆ ပေ ကျော်ကျော်လောက်ရှိတယ်ခင်ဗျ။   တပ်ရင်းမှူး လက်ခုပ် တစ် ဖေါင်ဆိုတော့ ၇ ပေ ကျော်မှာပေါ့။ ကျွန်တော့် တစ်သက်နဲ့ တစ်ကိုယ် အဲဒီလောက်ကြီးတဲ့ မြင်းမျိုး နိုင်ငံခြားရုပ်ရှင် ကားတွေထဲမှာတောင်မတွေ့ဖူးတာအမှန်ပါ။  ဘေးနားက ကောင်လေးတွေက အကြောင်းသိပြီးသားတွေဆိုတော့ ပြုံးစိပြုံးစိနဲ့ပေါ့။ ကျွန်တော်ကတော့ ရယ်ချင်ပေ မဲ့ သူနဲ့တိုက်ရိုက်စကားပြောနေတာဆိုတော့ မရယ်ရဲဘူး။ အားနာတာလည်းပါတာပေါ့လေ။  တစ်ခါကလည်း ရဲဘော်တစ်ယောက် တောကြက်ဥလေးတွေရလာလို့ လာပြတော့ တောကြက်ဥတွေက ပုံမှန်ဆို အရွယ်အစား ခပ်သေးသေးဖြစ်ပေမဲ့ အဲဒီရဲဘော်လာပြတဲ့ကြက်ဥတွေက အိမ်ကြက်ဥလောက်ရှိတယ်။ ဒါနဲ့ ကျွန်တော်က ဆရာကြီး ကြည့်ပါဦး ဒီကောင်လေးရလာတဲ့ ကြက်ဥတွေက တော်တော်ကြီးတာပဲနော် လို့ပြော လိုက်တော့ ထုံးစံအတိုင်း….အား တပည့်ကနေစတော့တာပဲ။   ကျွန်တော်လည်း ပေါက်တတ်ကရ တစ်ခုခုတော့ ကြားရတော့မယ်ဆိုတာ အတွေ့အကြုံအရ သိနေပြီလေ။  "ဘယ်ကြီးလိမ့်မလဲ တပည့်ရာ…။ ဆရာကြီး တောထဲမှာ လူကွဲပြီးလမ်းပျောက်တုန်းက တွေ့ခဲ့တာ ဟောဒီလောက် ရှိတဲ့ တောကြက်ဥတွေ တစ်နေရာထဲမှာ အလုံးနှစ်ရာလောက်ကို တွေ့တာ…" တဲ့။   သူလက်နဲ့ဝိုင်းပြတဲ့ ဟောဒီ လောက်ဆိုတာ မော်လမြိုင် ကျွဲကောသီးအရွယ်လောက်ရှိပါတယ်။ အလုံး ၂၀၀ လောက်ကို ပဋိသန္ဓေ လွယ်ထားရ တဲ့ ကြက်မသာရလိုက်လို့ကတော့ ဘယ်ပြောကောင်းမလဲဗျာ။ တပ်ရင်းကြက်ခြံမှာ သားဖေါက်ပြီး မွေးလိုက်လို့ ကတော့ အရှေ့တောင်အာရှသာမက ကမ္ဘာမှာပါ ဥအား အကောင်းဆုံး မြန်မာရှားပါးကြက်မတွေ ဘာတွေ ဖြစ်ကုန်မယ်။  နောက်တစ်ခါကျတော့ ကာဘိုင်ကျည်ဘောက်နှစ်ခုကို ဖင်ပြန်ခေါင်းပြန်ပူးချည်ထားတဲ့ ဒုတက တစ်ယောက်ကိုကြည့်ပြီး ကျွန်တော်က စကားစလိုက်တယ်။   "ဆရာကြီး အဲဒီလိုချည်ထားတာ အဆင်ရောပြေပါ့မလား…" ဆိုတော့ " အား….တပည့် ပြေသမှဘာပြောင်းကောင်းမလဲကွာ၊ ဆရာကြီး ဒုတကတုန်းက ကွတ်ခိုင်ဝင်ခါနီးမှာ ကားမိုင်းထိဖူးတယ်။ ဂျိုင်းခနဲမိုင်းကွဲတာနဲ့ ကားရောလူတွေပါ မြောက်တက်ကုန်တာလေ။ ဆရာကြီးကတော့ လေထဲမှာတင် တစ်ဘောက်ကုန်အောင်ပစ်လိုက်ပြီး ပူးချည်ထားတဲ့ ကျည်ဘောက်ကိုပြန်တပ် ပြီးတော့ကျည်ထိုး၊ ဖတ်ခနဲ မြေကြီးပေါ်ရောက်တာနဲ့ ကျည်ထိုးပြီးအသင့်ပဲ…" ပါတဲ့ခင်ဗျား။  ဟုတ်ကဲ့….အခုပြောတဲ့သူတွေအားလုံးမှာ သူ့အားနည်းချက်နဲ့သူရှိကြပေမဲ့ တိုက်ပွဲဖြစ်ရင်တော့ အားကိုးကြရပါတယ်ခင်ဗျား…။   ဟဲဟဲ…ကျန်တာတော့ အကျင့်ပေါ့လေ…။   ဒါတောင်ဆရာကြီး အာဘော်တွေအများကြီးကျန်သေးတယ်…။  ရဲကျော်သူရ

ကျွန်တော့်မိခင်တပ်ရင်းမှာ ရှိစဉ်အခါက ကျွန်တော်တို့တပ်မှာ ဟာသ ကဗျာလေးတစ်ပုဒ်ရှိတယ်။ အမည်တွေ တော့လွှဲထားပါတယ်။

"သောက်ရူးအေးစန်း မေဂျာမှန်း၍၊ ဖဲသမား အောင်တိုး၊ ဗိုလ်မောင်စိုးနှင့် အာဘောင်ထွန်းမောင် ဝေးဝေးရှောင် အိုတောင်မဆင်းရဲ…"ပါတဲ့။

ဘယ်သူ့ကိုမှ ထိခိုက်နစ်နာစေလိုတဲ့ ဆန္ဒမရှိပါ။ ရယ်မောပျော်ရွှင်စေဖို့ သက်သက်ရည်ရွယ်တယ်ဆိုတာတော့ ကြိုတင်နားလည်ပေးစေချင်ပါတယ်။

အရာရှိတွေဆို အဲဒီကဗျာလေးရွတ်ပြရင် သိပ်သဘောကျတာ။ ထုံးစံအတိုင်း လက်သည်ကတော့ မပေါ်ဘူးပေါ့။ ဘယ်ကလောင်ရဲ့လက်ရာမှန်းမသိပေမဲ့ ကျွန်တော်တို့ရှိစဉ်က အဲဒီကဗျာလေးကို စစ်သည်တိုင်းလိုလိုသိကြတယ်။

သောက်ရူးအေးစန်းဆိုတာ အမြောက်တပ်ကပြောင်းလာပြီး ဗိုလ်မှူးလစာစားနေတဲ့ ဗိုလ်ကြီးပါ။

သူက ဗိုလ်မှူးဖြစ်ခါ နီးဆိုတော့ အလုပ်ကိုအသေလုပ်တယ်၊ အဲ အလွန်အကျွံလုပ်တယ်လို့ပြောလို့ရတယ်။

သူက ခြေလျင်၊ ခြေမြန်ကို အခုမှရောက်ဖူးပုံရပါတယ်။ ကြည့်ရတာ ဒုဗိုလ်ကနေ ဗိုလ်ကြီးဖြစ်တဲ့အထိ အမြောက်တပ် မှာပဲနေလာပုံရတယ်။

သူရောက်ရောက်ချင်း ရှေ့တန်းထွက်ခါနီး တပ်ခွဲရုံးထဲက စာရွက်စာတမ်းတွေကို ကြည့်ပြီး Pay Corporal ကို "ဒီစာရွက်စာတမ်းတွေက ဘယ်လိုသယ်ရမလဲ…"လို့မေးလို့ Pay Corporal လည်း အူကြောင် ကြောင်နဲ့ ဘာဖြေရမှန်းမသိဖြစ်ဖူးတယ်။

ဗိုလ်ကြီးတစ်ယောက် ဗိုလ်မှူးဖြစ်ဖို့ရာ တပ်ရင်းမှူးထောက်ခံချက်လိုတယ်နဲ့တူပါတယ်။ ရန်သူ့ သတင်း ထူးထူး၊ မထူးထူး နေ့တိုင်းလိုလို မနက် ၄ နာရီထွက် ည ၁၂ နာရီမှနား တွေ့တဲ့နေရာအိပ်ဆိုတော့ သူနဲ့ တပ်ခွဲကတော့ သေမယ့်သာကြံပေါ့။

တစ်ခါတလေ ရိက္ခာလေး ဘာလေးထုတ်ဖို့ ရွာကပ်ရရင်လည်း ဘုရားရိပ်တရားရိပ် ခိုလှုံတယ်ဆိုပြီး ဘုန်းကြီး ကျောင်းချည်းပဲတည်းတော့ စစ်သည်လူငယ်လေးတွေက မကြည်ကြဘူး။

အဲ ရိက္ခာထုတ်ပြီးတာနဲ့ မနက် ၄၊ ည ၁၂ ပဲ။ ပြီးရင် အဆင်ပြေပြေ မပြေပြေ ရောက်တဲ့နေရာ ထိုးအိပ်တော့တာ။

ဒီတော့ သူ့တပ်ခွဲက အရာရှိငယ်နဲ့ စစ်သည်တွေအားလုံးဝိုင်းဆုတောင်းကြတယ်… ဗိုလ်ကြီးအေးစန်း မြန်မြန် ဗိုလ်မှူးအပွင့်တင်ရပါစေလို့။

သူဗိုလ်မှူးမဖြစ်ခင် တပ်ခွဲတစ်ခွဲလုံး ၃ လလောက်စီးရမယ့်တောစီးဘိနပ်ဟာ တစ်လ ခွဲနဲ့ ခွာတွေ ကုန်လုနီးပါးဖြစ်နေပြီလေ။ ဗိုလ်မှူးအေးစန်းဆိုတာ အဲသလို ပုဂ္ဂိုလ်မျိုးပါ။

ဖဲသမားအောင်တိုးဆိုတာက ဖဲကိုမယားထက်ချစ်တဲ့ တပ်ကြပ်တစ်ယောက်။

ဖဲများရိုက်နေရလို့ကတော့ ထမင်းမစား လည်းရတယ်ဆိုတဲ့လူ။

သူ့တပ်စိတ်က ရှိတဲ့ စစ်သည်အားလုံးသူ့အကြွေးတစ်ယောက်မှ မကင်းဘူး။ အဲ သူကပေး ရမှာ ပြောတာနော်။

သူကတော့ မျက်မှောင်လေးကြုံ့ သွားလေးဖြဲပြီး ညီလေးဆိုလို့ကတော့ လွတ်အောင်သာ ပြေးပေတော့။ နို့မဟုတ်လို့ကတော့ ခင်ဗျားဝတ်ထားတဲ့ ယူနီဖေါင်းပါ ချွတ်ပေးချင်လောက်အောင် အငိုကောင်းတဲ့သူ။

ဒါ့ကြောင့် သူ့ကိုတွေ့ရင် တခြားစစ်သည်တွေက ဝေးဝေးကရှောင်လေ့ရှိကြတယ်။

နောက်တစ်ယောက်က ဗိုလ်မောင်စိုး၊ သူက Ranker ပါ။ သူ့ကိုတော့ ကွယ်ရာမှာ ကျွန်တော်တို့က ဖိုးချင်း ဒါမှမဟုတ် ကျိုင်းတုံ လို့ခေါ်တယ်။

ဖိုးချင်းဆိုတာ ကျွန်တော်တို့ခေတ်က ဘန်းစကားပါ။ အဓိပ္ပာယ်ရှင်းပြစရာမလိုဘူး ထင်ပါတယ် နော့…။

သူကတော့ ရဲဘော်ဖြစ်ဖြစ် အရပ်သားဖြစ်ဖြစ် လူတွေ့တာနဲ့ "ဟေ့ကောင် မင်းမျက်မှန်လေးက မိုက်လှချည်လား မှန်း ခဏပြစမ်း…"ဆိုပြီး တပ်သွားလိုက်တာ ဟိုဒင်းချေးငွေ ကြက်သောက်ရေဆိုသလိုပဲ၊ ဆီပုံး ဆုံးပြီသာမှတ်ကရော့။

ဒီလိုနဲ့ သူ့ရဲ့ မှန်းပြစမ်းဆိုတဲ့ နမူနာအမြည်းအောက်မှာ ဦးထုပ်ဆုံးတဲ့သူနဲ့ ဂျာကင်ဆုံးတဲ့သူနဲ့ မနည်းဘူး။ သူလည်း ခေသူမဟုတ်ထဲကပါပဲ။

ဟုတ်ကဲ့ ဒီလေးယောက်တွဲ ကဗျာဇာတ်လမ်းထဲမှာ အဓိက ဇာတ်ကောင်ကတော့ ဆရာကြီး ထွန်းမောင်ဆိုတဲ့ တပ်ကြပ်ကြီး အာဘောင်ထွန်းမောင်ပါပဲ။

သူကတော့ ဘာရယ်မဟုတ် ပေါက်တတ်ကရပြောတဲ့နေရာမှာ တကယ့်ဆရာကြီးပါ။

တချို့ကတော့ပြောတော့ သူအရင်တပ်မှာ ဒါဏ်ရာရပြီးတဲ့ နောက်ပိုင်း အဲဒီလိုဖြစ်သွားတာလို့ဆိုပါတယ်။

စစ်သည်တွေက သူ့ကိုကွယ်ရမှာ လှောင်ရယ်ကြတဲ့အခါ ကျွန်တော်က ကိုယ့်ဖအေအရွယ်ကြီးမို့ ပြက်ရယ်မပြုသင့် ကြောင်းပြောပါတယ်။

စစ်သည်တွေက အစ်ကိုရာ အစ်ကိုမကြုံဘူးသေးလို့ပါဆိုပြီး သူ့စကားဝိုင်းက ပြန်လာတာနဲ့ အမြဲတမ်းတဟီးဟီး တဟားဟားနဲ့ပေါ့….။

ဒါနဲ့ ဒီကောင်တွေဘာဖြစ်လို့ ဆရာကြီးထွန်းမောင်ကို ဒီလောက်ပြက်ရယ်ပြုနေရတာလည်းဆိုပြီး စိတ်ဝင်စားမိတယ်။

တစ်ရက် ခရီးတစ်ခုထွက်ရင်း လမ်းမှာ မြက်ခင်းစိမ်းတွေတွေ့တော့ ကျွန်တော်က "ဟာ…လှလိုက်တာ ဆရာကြီးရယ် ကျွန်တော်တို့တိုင်းပြည်မှာ ဒါရိုက်တာတွေမရောက်နိုင်လို့သာပေါ့…ကြည့်ပါဦး ဘယ်လောက်လှလိုက်သလဲ…"လို့ ကျွန်တော်ကပြောလိုက်တဲ့အချိန်မှာ သူ့ဆီက "အား….တပည့်…"ဆိုပြီး အသံရှည်ကြီးထွက်လာတယ်။ သူ့ရဲ့အား ဆိုတဲ့ အသံရှည်ကြီးက ရိုးရိုးထွက်လာတဲ့ အသံမဟုတ်ဘူး။ ဗီဗီ အချိုရည်ကြော်ငြာထဲက ဒွေးနဲ့ ထက်ထက်မိုးဦး လေဖြတ်သလို ပါးစပ်ကလေးတစ်ခြမ်းပဲရွဲ့ပြတဲ့ Acting လေး မှတ်မိကြတယ်မဟုတ်လား။ အဲဒီလိုပုံစံမျိုး။ သူက နည်းနည်းပိုရွဲ့တယ်။

အဲသလိုရွဲ့လိုက်ပြီးမှ "တပည့်ရာ ဒါက ဘယ်ဟုတ်ဦးမလဲ၊ ဆရာကြီး မိုးကုတ်ဘက်မှာ တာဝန်ကျတုန်းက မြက်ခင်းပြင်ကြီးဟာ မင်းတို့ရုပ်ရှင်ထဲမှာ တွေ့ရတဲ့ တက္ကဆက်ကမြက်ခင်းပြင်ကြီးတွေ နှစ်ဆလောက်ရှိတယ်။ အဲဒီမြက်ခင်းပြင်ကြီးမှာ ကာဘိုင်ကိုစလွယ်သိုင်းလွယ်ပြီး ဆရာကြီးမြင်းစီးခဲ့တာ မြင်းကလည်းကောင်းဆိုတော့ လွှားခနဲ လွှားခနဲနဲ့ တပည့်ရာ၊ လူတစ်ရပ်လောက်ရှည်တဲ့ မြက်ပင်တွေဆိုတာ ဆရာကြီးစီးတဲ့ မြင်းရဲ့ ဗိုက်ကို မထိဘူး။"လို့ဆိုပါရော။

ဒါနဲ့ ကျွန်တော်ကလည်း ဆရာကြီး မြင်းကတော်တော်ကြီးလို့လား လို့ထောက်ပေးလိုက်ပါတယ်။ "ဟား မင်းကလည်း ဆရာကြီးစီးတဲ့မြင်းက အခု တို့တပ်ရင်းမှူးလက်ခုပ်တစ်ဖေါင်တောင် မြင်းဗိုက်ကို မထိဘူးကွ.."တဲ့။

ဗုဒ္ဓေါ… ကျွန်တော်တို့တပ်ရင်းမှူးရဲ့ အရပ်က ၆ ပေ ကျော်ကျော်လောက်ရှိတယ်ခင်ဗျ။

တပ်ရင်းမှူး လက်ခုပ် တစ် ဖေါင်ဆိုတော့ ၇ ပေ ကျော်မှာပေါ့။ ကျွန်တော့် တစ်သက်နဲ့ တစ်ကိုယ် အဲဒီလောက်ကြီးတဲ့ မြင်းမျိုး နိုင်ငံခြားရုပ်ရှင် ကားတွေထဲမှာတောင်မတွေ့ဖူးတာအမှန်ပါ။

ဘေးနားက ကောင်လေးတွေက အကြောင်းသိပြီးသားတွေဆိုတော့ ပြုံးစိပြုံးစိနဲ့ပေါ့။ ကျွန်တော်ကတော့ ရယ်ချင်ပေ မဲ့ သူနဲ့တိုက်ရိုက်စကားပြောနေတာဆိုတော့ မရယ်ရဲဘူး။ အားနာတာလည်းပါတာပေါ့လေ။

တစ်ခါကလည်း ရဲဘော်တစ်ယောက် တောကြက်ဥလေးတွေရလာလို့ လာပြတော့ တောကြက်ဥတွေက ပုံမှန်ဆို အရွယ်အစား ခပ်သေးသေးဖြစ်ပေမဲ့ အဲဒီရဲဘော်လာပြတဲ့ကြက်ဥတွေက အိမ်ကြက်ဥလောက်ရှိတယ်။
ဒါနဲ့ ကျွန်တော်က ဆရာကြီး ကြည့်ပါဦး ဒီကောင်လေးရလာတဲ့ ကြက်ဥတွေက တော်တော်ကြီးတာပဲနော် လို့ပြော လိုက်တော့ ထုံးစံအတိုင်း….အား တပည့်ကနေစတော့တာပဲ။

ကျွန်တော်လည်း ပေါက်တတ်ကရ တစ်ခုခုတော့ ကြားရတော့မယ်ဆိုတာ အတွေ့အကြုံအရ သိနေပြီလေ။

"ဘယ်ကြီးလိမ့်မလဲ တပည့်ရာ…။ ဆရာကြီး တောထဲမှာ လူကွဲပြီးလမ်းပျောက်တုန်းက တွေ့ခဲ့တာ ဟောဒီလောက် ရှိတဲ့ တောကြက်ဥတွေ တစ်နေရာထဲမှာ အလုံးနှစ်ရာလောက်ကို တွေ့တာ…"တဲ့။

သူလက်နဲ့ဝိုင်းပြတဲ့ ဟောဒီ လောက်ဆိုတာ မော်လမြိုင် ကျွဲကောသီးအရွယ်လောက်ရှိပါတယ်။ အလုံး ၂၀၀ လောက်ကို ပဋိသန္ဓေ လွယ်ထားရ တဲ့ ကြက်မသာရလိုက်လို့ကတော့ ဘယ်ပြောကောင်းမလဲဗျာ။ တပ်ရင်းကြက်ခြံမှာ သားဖေါက်ပြီး မွေးလိုက်လို့ ကတော့ အရှေ့တောင်အာရှသာမက ကမ္ဘာမှာပါ ဥအား အကောင်းဆုံး မြန်မာရှားပါးကြက်မတွေ ဘာတွေ ဖြစ်ကုန်မယ်။

နောက်တစ်ခါကျတော့ ကာဘိုင်ကျည်ဘောက်နှစ်ခုကို ဖင်ပြန်ခေါင်းပြန်ပူးချည်ထားတဲ့ ဒုတက တစ်ယောက်ကိုကြည့်ပြီး ကျွန်တော်က စကားစလိုက်တယ်။

"ဆရာကြီး အဲဒီလိုချည်ထားတာ အဆင်ရောပြေပါ့မလား…"ဆိုတော့ "အား….တပည့် ပြေသမှဘာပြောင်းကောင်းမလဲကွာ၊ ဆရာကြီး ဒုတကတုန်းက ကွတ်ခိုင်ဝင်ခါနီးမှာ ကားမိုင်းထိဖူးတယ်။ ဂျိုင်းခနဲမိုင်းကွဲတာနဲ့ ကားရောလူတွေပါ မြောက်တက်ကုန်တာလေ။ ဆရာကြီးကတော့ လေထဲမှာတင် တစ်ဘောက်ကုန်အောင်ပစ်လိုက်ပြီး ပူးချည်ထားတဲ့ ကျည်ဘောက်ကိုပြန်တပ် ပြီးတော့ကျည်ထိုး၊ ဖတ်ခနဲ မြေကြီးပေါ်ရောက်တာနဲ့ ကျည်ထိုးပြီးအသင့်ပဲ…"ပါတဲ့ခင်ဗျား။

ဟုတ်ကဲ့….အခုပြောတဲ့သူတွေအားလုံးမှာ သူ့အားနည်းချက်နဲ့သူရှိကြပေမဲ့ တိုက်ပွဲဖြစ်ရင်တော့ အားကိုးကြရပါတယ်ခင်ဗျား…။ 


ရဲကျော်သူရ

ဟဲဟဲ…ကျန်တာတော့ အကျင့်ပေါ့လေ…။

ဒါတောင်ဆရာကြီး အာဘော်တွေအများကြီးကျန်သေးတယ်…။

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>