Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

ဖွဲ့စည်းပုံပြင်ဖို့ တပ်မတော်ကိုလည်း ပူးပေါင်းပါဝင်စေချင်

$
0
0


ဖွဲ့စည်းပုံပြင်ဖို့ တပ်မတော်ကိုလည်း ပူးပေါင်းပါဝင်စေချင် (ထက်အောင်)

ဒီရက်ပိုင်းအတွင်း နိုင်ငံရေးအရွေ့တွေကတော့ ကျွန်တော့်လို လေ့လာသင်ယူနေသူတစ်ယောက်အတွက် လိုက်မမီနိုင်အောင်ဖြစ်မိသလို စိတ်ကျေနပ်ဖွယ်ရာလည်း ဖြစ်ခဲ့ပါတယ်။ ပထမအပြောင်းအလဲက ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၁၀) ရက်နေ့ နေ့စွဲနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းတို့ရဲ့ ပူးတွဲသဘောထားကြေငြာချက်ပါ။ အချုပ်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ငြိမ်းချမ်းပြီးတရားမျှတတဲ့နည်းလမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ (ဘယ်လိုပုံစံနဲ့ပြင် ဆင်မယ်ဆိုတာတော့ မပါသေးဘူးပေါ့။)



(၆) ရက်အကြာ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆) ရက် နေ့စွဲနဲ့ နောက်ထပ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းတို့ရဲ့ ပူးတွဲကြေငြာချက်တစ်စောင်ထပ်ထွက်ခဲ့ပါတယ်။ အချုပ်ကတော့ NLD ရဲ့ ကြားဖြတ်ရွေးကောက်ပွဲယှဉ်ပြိုင်တဲ့အချိန်မှာ မူ(၃) ချက်ရှိတယ်။ အဲ့ဒီ့ထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးဟာ မူတစ်ခုအဖြစ်နဲ့ ပါခဲ့သလို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့ အစည်းအနေနဲ့လည်း ရှစ်လေးလုံးငွေရတုညီလာခံမှာ တိုင်းရင်းသားအင်အာစုများ၊ နိုင်ငံရေးအင်အားစုများ အားလုံးနဲ့ ပူးပေါင်းချမှတ်ခဲ့တဲ့ အချက် (၃) ချက်ထဲမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အင်မတန်မှ အရေးကြီးတဲ့ အချက်တစ်ချက်အဖြစ် ဆုံးဖြတ်ခဲ့တယ် ဆိုတာကလည်း အားလုံးအသိပါပဲ။
ဒါကြောင့်လည်း သွေးခွဲမှုတွေ၊ သပ်လျှိုမှုတွေ၊ နည်းအမျိုးမျိုးနဲ့ အခက်အခဲ၊ အတားအဆီး၊ အနှောက်အယှက် တွေကြားထဲက ဘုံရည်မှန်းချက်၊ ဘုံသဘောတူညီချက်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲရေးမှာ ခက်ခဲ တင်းကျပ်နေတဲ့ အခန်း (၁၂)၊ ပုဒ်မ (၄၃၆) ကို အရင်ဆုံးပြုပြင်ပြောင်းလဲဖို့ သဘောတူညီမှုတွေ ပြည်သူလူထု ကို ထုတ်ပြန်ကြေငြာပြီး အသိပေးခဲ့တာပေါ့။

ဆက်ပြီးဝမ်းသာစရာကောင်းတဲ့ အရွေ့တစ်ခုထပ်ဖြစ်ခဲ့တာကာတော့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း ၂၀၁၄ ခုနှစ်၊ မတ်လ (၆) ရက် နေ့မှာ ရန်ကုန်မြို့မှာရှိတဲ့ ဦးခွန်ထွန်းဦးနေအိမ်မှာ ၁ နာရီခွဲကြာ တွေ့ဆုံဆွေးနွေးမှုရဲ့ သဘောတူညီချက်တွေ ပေါ့။ အချက် (၃) ချက်ထဲက ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးအတွက် အဓိက အရေးအကြီးဆုံးဖြစ် တဲ့ အခန်း(၁၂) ပုဒ်မ(၄၃၆) ကို ပြင်ရမယ်ဆိုတာ သဘောတူညီခဲ့တဲ့အတွက်ကြောင့် အတိုက်အခံနိုင်ငံရေးပါတီ ကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊တိုင်းရင်းသားခေါင်းဆောင်တွေနဲ့၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့် လင်းလူ့အဖွဲ့အစည်းတို့ရဲ့ ဘုံသဘောတူညီချက်ကတော့ အခန်း (၁၂)၊ ပုဒ်မ (၄၃၆) ပြင်ဆင်ရေးဆိုတာ ဖြစ်သွားပါတယ်။

လူထုခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေက အခန်း (၁၂)၊ ပုဒ်မ (၄၃၆) ဆိုတာကြီးကို အရင်ပြင်ရမယ်ဆိုပြီး ဘာကြောင့် ဘုံသဘောတူညီချက်တွေ ယူလိုက်ကြသလဲဆိုတာ ကျွန်တော်တို့ပြည်သူတွေအနေနဲ့လည်း သိဖို့လိုပါတယ်။ တကယ်ဆိုရင် ကျွန်တော်တို့တစ်တွေဟာ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ လွတ်မြောက်ရေး၊ နိုင်ငံသားအခွင့်အရေးအပြည့်အ၀ရရေးအတွက် ပုံစံမျိုးစုံ၊ နည်းလမ်းမျိုးစုံနဲ့ တိုက်ပွဲဝင်နေကြတဲ့ သူတွေချည်းပါပဲ။ တိုက်ပွဲဝင်တဲ့ပုံစံတွေ၊ နည်းလမ်းတွေကတော့ တူချင်မှ တူပါလိမ့်မယ်။ ဒါပေမယ့် ပြည်သူတွေရဲ့ နစ်နာမှုတွေ၊ ဆုံးရှုံးမှုတွေ၊ ရပိုင်ခွင့်တွေ ပြန်ရဖို့ လုပ်တဲ့နေရာမှာတော့ စိတ်တွေ တူတယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။

ကျွန်တော်တို့ ပုဒ်မ(၄၃၆) ကို ပြန်သွားရအောင်။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်းတော်တော်များများကို ထိန်းထားတာ ပုဒ်မ(၄၃၆) ပါပဲ။ (၄၃၆) ဆိုတာ ဖွဲ့စည်းပုံကို လုံးဝပြင်လို့မရအောင် ချုပ်ထားတဲ့ အကျပ် အတည်းကြီးပါပဲ။ ဖွဲ့စည်းပုံရဲ့ အခန်း (၁)၊(၂)၊(၃)၊(၄)၊(၅)၊(၆)၊(၁၁)၊(၁၂) ပြင်ချင်ရင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ဖို့ သဘောတူရမယ်။ အဲဒါသဘောမတူမချင်း ရှေ့ဆက်လို့မရပါဘူး။ ပြီးမှသာလျှင် ပြည်သူ့ဆန္ဒခံယူပွဲဆိုတာတွေ ဖြစ်လာမှာ၊ အဲဒါက ဝေးပါသေးတယ်။

ဒီတော့ကာ ပြည်ထောင်စုလွှတ်တော်မှာတင် ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ကိုယ်စားလှယ်မဟုတ်သူက ၂၅ ရာခိုင်နှုန်းပါနေတယ်။ အဲဒီ့သူတွေက မပြင်ချင်ရင် ပြင်လို့မရဘူး၊ ရှင်းနေတယ်။ ကျန်တဲ့ပုဒ်မတွေကို ပြင်ပါ။ အလိုမရှိ ကြိုက်တာအော် ရကိုမရပါဘူး။ ဒါကြောင့် ဟောပြောပွဲတွေတိုင်းမှာ အစ်ကိုတစ်ယောက်က အမြဲတမ်း ပြောပါတယ်။ ၇၅ ပြားပဲရှိတယ်။ ၁ ကျပ်မပြည့်ဘူးတဲ့။ ကျပ်မပြည့်တဲ့ လွှတ်တော်ကြီးပေါ့။ ဒါကလည်း ငြင်းလို့မရပါဘူး။ ပြည်သူ့အသံ လွှတ်တော်အသံဆိုပေမယ့် အသံစုံပါစေဦး ပြည်သူ့အသံကလည်း ကျပ်မပြည့် တဲ့ အသံချည်းပဲပေါ့နော။

ပုဒ်မ (၄၃၆) ကိုဘယ်လိုပြင်ကြမှာလဲ

ငြိမ်းချမ်းတဲ့နည်းလမ်း၊ အကြမ်းမဖက်တဲ့နည်းလမ်းတွေနဲ့ လူထုလူတန်းစားအသီးသီးပါဝင်အောင်ကျွန်တော်တို့ ရဲ့ဆန္ဒတွေ၊ ကျွန်တော်တို့ရဲ့ နိုင်ငံသားအခွင့်အရေးတွေကို ဘယ်လိုပုံစံမျိုးနဲ့ ဖော်ထုတ်ကြမလဲ။ ဒါ သိပ်ကို အရေးကြီးပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အမြင်တွေ၊ သဘောထားတွေ ကွဲလွဲနိုင်သလို၊ ပြင်လိုသူ၊ မပြင်လိုသူတွေလည်း ရှိလာနိုင်တယ်။ သွေးရိုးသားရိုးမဟုတ်တဲ့ ကိစ္စတွေ ရှိလာနိုင်၊ ဖြစ်လာနိုင်တယ်။ ဒီကနေ့ မီဒီယာလက်နက်အားကောင်းလာတာနဲ့အမျှ နိုင်ငံတ၀ှမ်းကပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ ဖွဲ့စည်းပုံအခြေခံဥပ ဒေပြင်ဆင်ရေးဆိုတဲ့ တောင်းဆိုသံတွေဟာ ဒီမိုကရေစီဘောင်ထဲကနေ ကျယ်ကျယ်ပြန့်ပြန့်ထွက်လာလို့နေပါ တယ်။ ဒီကနေ့ ပြည်သူတွေဟာ သူတို့ရဲ့နစ်နာမှုတွေ၊ ဆုံးရှုံးမှုတွေ၊ ရပိုင်ခွင့်တွေကို ဘောင်ထဲကနေ တောင်းဆို တတ်နေပါပြီ။ တောင်းဆိုကြနေပြီ။ ပုဒ်မ(၁၈) ငြိမ်းစုစီဥပဒေ ဖြေလျော့မှုနဲ့အတူ နောက်ထပ် ဖွဲ့စည်းပုံပြင်ဆင် ရေးနဲ့ပတ်သက်ပြီးတော့လည်း ဆန္ဒဖော်ထုတ်မှုတွေဟာ နေ့စဉ်နဲ့အမျှ ရှိလာနေ၊ ဖြစ်လာနေဦးမှာပါ။

ကနေ့ပြည်သူတွေဟာ လက်ထဲမှာ အပ်တိုတစ်ချောင်းတောင်မပါပံ နိုင်ငံအ၀ှမ်း ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေ ကြပါပြီ။ ဒါဟာ ပြည်သူ့အသံလွှတ်တော်အသံလို့ ပြောနေတဲ့ လွှတ်တော်အကြီးအကဲတွေ၊ ပြည်သူဗဟိုပြု စနစ် သွားမယ်လို့ ပြောပြောနေတဲ့ လက်ရှိအစိုးရခေါင်းဆောင်ပိုင်းတွေ၊ တာဝန်ရှိသူတွေဟာ မသိချင်ယောင်ဆောင်၊ မကြားချင်ယောင်ဆောင်လို့ မရတော့ပါဘူး။ နိုင်ငံတော်ရဲ့အာဏာကို ပြည်သူသဘောမတူပဲနဲ့ နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တယ်ဆိုတာလည်း ကမ္ဘာသိအထင်အရှားဖြစ်နေပါပြီ။ ဒါကြောင့်လူကြီးတို့ရယ် ငါးကြော်ကို တခြမ်း စားပြီးတော်ရောပေါ့။ ကျန်တဲ့တခြမ်းကိုတော့ ကျွန်တော်တို့ ပြည်သူတွေကို ဆက်စားခွင့်ပေးသင့်ပါတယ်။

အာရပ်နွေဦးတော်လှန်ရေးမှာ ပြည်သူကို မတရားဖိနှိပ်ချုပ်ချယ်ခဲ့လို့ ပြည်သူက ပြန်လည်ဒဏ်ခတ်ခြင်းခံခဲ့ရတဲ့ တူနီးရှား၊ လစ်ဗျား၊ အီဂျစ် အာဏာရှင်တွေနိဂုံးကိုလည်း သိပြီးသားဖြစ်မှာပါ။ ကျွန်တော်တို့ပြည်သူတွေဟာ ဘယ်လောက်သဘောကောင်းသလဲဆိုရင် အနောက်ဘက်ဒေသက တိုင်းတပါးသားတွေ လွှမ်းမိုးတော့မယ်။ အလယ်ပိုင်းမှာလဲ နဂါးတွေ အုပ်စိုးနေပြီ။ အရှေ့ဘက်မှာလဲ လက်နက်အင်အား၊ စစ်အင်အားရှိနေတဲ့ လူမျိုး တစ်မျိုးကလည်း ပြည်နယ်တောင်းမယ့်အသံတွေ ကြားနေရတယ်။

စိတ်ချပါ ကျွန်တော်အာမခံပါတယ်။ သေနတ်သံတွေစဲသွားရင် ပြည်ထောင်စုကြီး မပြိုကွဲပါဘူး။ တန်းတူညီမျှမှု သာရှိနေရင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲပါဘူး။ ခေတ်မီလက်နက် (ရေတပ်က ပစ်ပြတဲ့ Missile လို ဒေါ်လာ ၆ သန်းတန်) တွေရှိနေရင် ကျွန်တော်တို့နိုင်ငံကို ဘယ်နိုင်ငံကမှ ကျုးကျော်မှာမဟုတ်တဲ့အတွက် အချုပ်အခြာအာဏာလည်း တည်တံ့ခိုင်မြဲရပါစေမယ်။ ပြည်သူတွေကိုယ်စား ကျွန်တော်အာမခံပါတယ်။ ပြည်သူတွေဆီက အာဏာဟာ ပြည်သူတွေဆီမှာပဲ ရှိရပါမယ်။

သည့်အတွက်ကြောင့် အချုပ်ပြောချင်တာက တို့တာဝန်အရေး(၃) ပါးအတွက် တပ်မတော်က နိုင်ငံရေးမှာ ရှိနေရတယ်လို့ဆိုရင် သေနတ်သံတွေစဲအောင်အရင်လုပ်ပါ။ ဖွဲ့စည်းပုံ (၄၃၆) ပြင်ဖို့ ၂၅ ရာခိုင်နှုန်းက အသာ တကြည်နောက်ဆုတ်လိုက်ပါ။ ပြင်တာနဲ့ တိုင်းရင်းသားတွေအတွက် တန်းတူညီမျှမှုဆိုတာ ကျွဲကူးရေပါ ဖြစ်လာ မှာပါ။ ခေတ်မီတဲ့၊ ဖွံ့ဖြိုးတဲ့မြန်မာ့တပ်မတော်ကြီးဖြစ်ဖို့ တိုင်းတစ်ပါးမကျူးကျော်အောင် စစ်အင်အားသာ ဖြည့်ပြီး နိုင်ငံတော်ကာကွယ်ဖို့ပဲလုပ်ပါ။တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်သူလူထုနဲ့ ပူးပေါင်းပါလို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

လေးစားစွာဖြင့်

ထက်အောင်

(၉.၃.၂၀၁၄-တနင်္ဂနွေနေ့၊ နံနက် ၁၁း၁၆ နာရီ)

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>