Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

ရထားကြီး ပြေး ပြေး

$
0
0
Photo: ရထားကြီး ပြေး ပြေး  ***   ***   ***   *** မြို့လေး၏ ဘောလုံးကွင်းထဲတွင် ဆိုင်ကယ်များ၊ ကြွေးကြော်သံ ဆိုင်းဘုတ်များ၊ ဗီနိုင်းများ နှင့် လူအချို့စုဝေးမိကြပြီ။ သူတို့သည် နာရီကိုကြည့်ကြ၊ ၀င်ပေါက်ဝ ကို လှမ်းမျှော်ကြ လုပ်နေကြသည်။ သို့သော် တစ်ယောက်စ နှစ်ယောက်စမှလွဲ၍ ထပ်ရောက်မလာကြပေ။ လူအင်အားကား မီဒီယာ များထဲတွင် ကြိုတင်ထည့်ထားသည့် အရေအတွက် ထက်ဝက်ပင် ရောက်မလာ။   နံနက်ခင်း အပြေးလေ့ကျင့်ရင်း ရောက်လာသော ကျနော်သည် ၄င်းတို့အား လှမ်းကြည့်နေရင်း ငယ်ရွယ်စဉ်ကလေးဘ၀မှ အဖြစ်အပျက်တစ်ခုအား ပြန်အောက်မေ့မိပါတော့သည်။   ဒီအချိန်က ကုလားပဲ ရိတ်ချိန်၊ မြေပဲနှုတ်ချိန်၊ တောင်သူသီးနှံတို့ ရိတ်သိမ်းချိန်။ ကျနော့် ဖခင်သည် သူ၏ မိဘများရှိရာ ရွာလေးတစ်ရွာသို့ တောင်သူသိမ်းလုပ်ငန်းများကို သွားရောက် ကူညီလုပ်ကိုင်ပေးရသည်။ ကျနော့်ဖခင်သွားရောက် လုပ်ကိုင်ပေးရာ ယာခင်းများရှိသောကွင်းပြင်ကြီးအစပ်နားတွင် မီးရထားသံလမ်း တစ်ခုရှိသည်။ နံနက်ခင်း ၉ နာရီခန့်တွင် မီးရထားကြီးတစ်စင်း ဥသြသံဆွဲပြီး ဂျုံးဂျုံး ဂျုံးဂျုံး နှင့် ခုတ်မောင်းလာသည်ကို မြင်ရသောအခါ မီးရထားကို မမြင်ဖူးသေးသော ငယ်ရွယ်စဉ်ကလေးတစ်ဦးမျှသာ ဖြစ်သူ ကျနော့်မှာ ရန်တုန် ပန်းတုန် ကြောက်မိပါတော့သည်။  “အေး ဒါပေမယ့် ငါတို့ ထွက်တော့မယ်။ အချိန်ကလဲ တော်တော်လေး နောက်ကျနေပြီ  .မင်းတို့က . . ..  . . .. . . ..” ကျနော့်အနား လူတစ်ဦးမှ ဖုန်းလာဆက်သဖြင့် အတွေးစတို့ ခေတ္တပြတ်တောက်သွားသည်။ လှမ်းကြည့်လိုက်တော့ ဆန္ဒပြမည့်သူများမှာ ဆိုင်းဘုတ်များ ထောင်၍ တန်းစီ ထွက်ကြပြီ။ ဘေးနားGym အားကစားရုံမှ ၀ိတ်သမားများသည် အံကိုကြိတ်၍ ၀ိတ်ပြားများမနေကြသည်။ လမ်းပေါ်မှ ဆိုက္ကားသမားက သူ့ဆိုက္ကားပေါ်တွင် အိတ်များကို အထပ်လိုက် စီတင်ပြီး ကျားကန်တွန်းလျှက် ရှိသည်။ ဆီချေးအထပ်ထပ်ပေကျံနေသော အင်္ကျီကို ၀တ်ဆင်ထားသည့် ဆိုင်ကယ်ဝယ်ရှော့ အလုပ်သမားလေးသည် ဆိုင်ကယ်တစ်စီး၏ ကာဗာ များ ကို ဂရုတစိုက်ခွာလျှက်ရှိသည်။ သူတို့သည် အသံထွက်လာရာ ဆန္ဒပြသမားများဆီသို့ လှမ်းမျှော်ကြည့်လိုက်ကြသည်။ အချို့ ထွက်ကြည့်ကြသေးသည်။ ပြီးသော် မူလနေရာ သို့ ပြန်လာပြီး လုပ်မြဲအလုပ်ကို ဆက်လုပ်နေကြသည်။ ပြည်တွင်းငြိမ်းချမ်းရေး . .  ဒို့အရေး . .၅၉ (စ)  . .ဒို့အရေး . .အပစ်အခတ်ရပ်စဲရေး . လေးပွင့်ဆိုင်အရေး . .  .၄၃၆  . .အရေး . .ဒို့အရေး . . . ဆန္ဒပြသူတို့ အော်နေကြရှာသည်။ သို့သော် ဆိုက္ကားသမားအတွက်တော့ ဒီအိတ်တွေ ပွဲရုံမြန်မြန်ရောက်ပြီး ပိုက်ဆံရဖို့ အရေးကြီးနေလေသည်။ ၀ပ်ရှော့ သမားအတွက်တော့ ဒီဆိုင်ကယ်ကို မြန်မြန်ပြင်ပြီး လက်ခရဖို့ . .အားကစားရုံမှ ၀ိတ်သမားအတွက်တော့ . .အဆီမြန်မြန်ကျပြီး ကြွက်သားတွေ ရှိလာဖို့က ပထမ ဖြစ်လေရာ .သူတို့ မဖတ်ဖူးသော စာအုပ်စိမ်းကြီးထဲက ဥပဒေပုဒ်မတွေကိုပြင်ဖို့ ကြွေးကျော်သံများက သူတို့နှင့် တစိမ်းဆန်လျှက်ရှိလေတော့သတည်း။ . .   သူတို့အတန်ငယ်ဝေးသွားသောအခါ တွေးလက်စအတွေးတို့က ပြန်ရောက်လာသည်။ ကျနော်သည် မီးရထားကြီး မောင်းလာသည်ကို မြင်ရသောအခါ ကြောက်ရွံ့သောကြောင့် အော်ဟစ်ငိုယိုမိပါတော့သည်။ ထိုအခါ ကျနော့်၏ ဖခင်ဖြစ်သူရောက်လာပီး တုတ်တစ်ချောင်းကို ကိုင်ဆွဲ၍   “ လာ  .. . သား . .ဒီမီးရထားကြီးကို ဖေဖေတို့ မောင်းထုတ်လိုက်ကြရအောင်”  ကျနော် ပျော်သွားသည်။ ကျနော့်ဖေဖေသည် လူစွမ်းကောင်း၊ ကျနော်တို့ ခေါင်းဆောင်၊ ကျနော်ကြောက်ရွံ့သော ရထားကြီးကို ကျနော်တို့ မောင်းထုတ်နိုင်တော့မည်။ ကျနော်နှင့် ရွယ်တူ ညိအကိုဝမ်းကွဲများလဲ ပျော်ရွှင်စွာ ပူးပေါင်းပါဝင်လာသဖြင့် ကျနော်တို့ အဖွဲ့သည် အင်အားအတော် တောင့်သွားပါတော့သည်။  ကျနော်တို့သည် တုတ်ချောင်းလေးများ ကိုယ်စီ ကိုင်ဆွဲ၍ သံလမ်းနှင့် ခပ်လှမ်းလှမ်းနေရာထိ ပြေးသွားကြပါသည်။ ရထားကြီးလာသောအခါ ကျနော့် ဖခင်က ရှေ့မှ တိုင်ပေးပြီး ကျနော်တို့က တုတ်ချောင်းလေးများဖြင့် ရထားကြီးဆီသို့ ချိန်ရွယ်ကာ လိုက်ဆိုကြရသည်။  “ ရထားကြီး  . ပြေး  . .ပြေး  . .  မင်းကို ငါ မောင်းထုတ်တယ်ဟေး   ရထားကြီး အဝေး ပြေး ဒီနေရာမှာ မနေနဲ့ဟေး “  ကျနော်တို့ ဤကဲ့သို့ ရွတ်ဆိုမောင်းထုတ်နေစဉ်သကာလ . . . ရထားကြီးမှာ ကျနော်တို့နှင့် ဝေးရာဆီသို့ တရွေ့ရွေ့ခုတ်မောင်း ထွက်ပြေးသွားလေတော့ရာ ကျနော်တို့မှာ များစွာပျော်ရွှင် ကျေနပ်အားရမိလေတော့သတည်း။   လေကြောင်းသင့်သဖြင့် ဆန္ဒပြလူတန်းရှေ့ ဆိုက္ကားပေါ် လော်စပီကာမှ ဖွဲစည်းပုံ ပြင်ပေးရေး၊ ပြည်တွင်းငြိမ်းချမ်းမှု ရရှိရေး . .ဒို့အရေး . .၅၉ (ဃ) (စ) ပြင်ဆင်ပေးရေး ဒို့အရေး လေးပွင့်ဆိုင် ဆွေးနွေးရေး ဒို့အရေး . ..အစရှိသော အသံများ လွင့်လာသည်။ တကယ်တမ်းတော့ ကျနော်တို့ တိုင်းပြည်သည် လွတ်လပ်ရေးနောက်ဆက်တွဲ ဆိုးမွေများ နင့်နေအောင် ခံစားခဲ့ရသည်။   မအောင်မြင်သော ပါလီမန်ဒီမန်ကရေစီခေတ်၊ မအောင်မြင်သော ဆိုရှယ်လစ်ခေတ်၊ ဘယ်တော့မှ မငြိမ်းချမ်းခဲ့သည့် ပြည်တွင်းစစ်၊ ကျပ်တည်းလှသည့် စစ်အုပ်ချုပ်ရေးခေတ် . .အဆင့်ဆင့်ကို ဖြတ်သန်းခဲ့ရသည်။ ၂၀၀၈ ဖွဲ့စည်းပုံ သည် ကျပ်တည်းလှသော အာဏာရှင်ခေတ်မှ ရုန်းကန်ထွက်ခဲ့ရသည့် ရထားကြီးတစ်စင်း။ သူ့တွင် ဖြတ်သန်းခဲ့ရသည့် မြန်မာနိုင်ငံ၏ ကောင်းမွေဆိုးမွေများ တစ်နင့်တပိုးပါဝင်သည်။   လက်တွေ့တွင်လည်း စာအုပ်စိမ်းကြီးနှင့် အတူ ရွေးကောက်ပွဲတွေဖြစ်လာခဲ့သည်။ လွတ်လပ်မှုတွေ ဖူးပွင့်လာခဲ့သည်။ အကျိုးခံစားခွင့်တွေ အတိုင်းတာတစ်ခုထိ ရရှိလာခဲ့သည်။   မျက်နှာလွှဲခဲ့သဖြင့် ခမောက်တစ်လုံး ဆုံးခဲ့ရသော  ဒေါ်အောင်ဆန်းစုကြည်မှာ မှီရာဘူတာမှ နေ၍ ကြားဖြတ်လိုက်ပါခဲ့ရသည်။  စာအုပ်စိမ်းကြီးသည် ဘယ်လောက်ပဲ ရှုပ်အောင် ဆွဲထားသည်ဖြစ်စေ . .အဓိကအချက်ကတော့ တပ်မတော် အင်အားစုနှင့် နားလည်မှု ရယူပါဟူသော အချက်မှလွဲ၍ တစ်ခြားမရှိပေ။   ဆန္ဒပြခြင်းနည်းလမ်းအား ၈ လေးလုံးတွင် မိုးလုံးခြိမ့်ညံအောင် သုံးခဲ့ကြပြီ။ အကျပ်ကိုင်ခြင်း၊ ပိတ်ဆို့ခြင်းတွေကို မျိုးဆက်တွေ စတေးပီး လုပ်ခဲ့ကြပြီးပြီ။ စာအုပ်စိမ်းကြီး မွေးဖွားလာခြင်းကို လေလှိုင်းတစ်ခွင် သောသောညံအောင် ကန့်ကွက်ခဲ့ကြပြီးပြီ။ ဘာတွေများဖြစ်လာခဲ့ပါသနည်း။ ဘာအပြောင်းလဲတွေများ ဆောင်ကြဉ်းနိုင်ခဲ့ကြပါသနည်း။  ဆန္ဒပြခြင်းဖြင့် ခေတ်မီနိုင်ငံတော်တစ်ခု ထူထောင်နိုင်သည်လား . ကျနော်ကောင်းကောင်းအဖြေမရှာတတ် . တရုတ် နှင့် ဗီယက်နမ်တော့ ခေတ်မီသွားခဲ့ကြပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒီမိုကရေစီ စံချိန်စံညွှန်းဖြင့် ပြည့်ဝလျှင် တိုင်းပြည် ဆီကိုရေချိုး ဆေးရိုးမီးလှုံနိုင်မည်လော . .ကောင်းလှပါသည်ဟု နိုင်ငံတကာက ချီးကျူးခဲ့ရသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပိုင်ရှင် ကင်ညာမှာ ပြည်တွင်းစစ်တွေနှင့် နပန်းလုံးနေခဲ့ရသည်။  ရထားကြီးနှင့် တူသော မြန်မာ့နိုင်ငံရေး အပြောင်းလဲမှာ အရှိန်အဟုန်နှင့် ခုတ်မောင်းခရီးနှင် လျှက်ရှိသည်။ ယခုဆန္ဒပြပွဲများမှာ အပြောင်းအလဲကို ကောင်းကျိုးပြုနိုင် မပြုနိုင် . . ကျနော်မသုံးသပ်တတ်ပါ . .  သို့သော် . .ရထားကြီးကို ပြေးအောင် ငါတို့ မောင်းထုတ်နေတာဟူသော ကျနော့်ငယ်ရွယ်စဉ်ကလေးဘ၀ကို သတိရမိပါသည်။   အနည်းဆုံးတော့ ဆန္ဒပြပွဲများသည် ပါဝင်သူတို့၏ အတ္တကို တစ်စုံတစ်ခုသော အတိုင်းတာထိ ကျေနပ်နှစ်သိမ့်မှု ရရှိစေပါလိမ့်မည်။ . .  “ ဖွဲ့စည်းပုံ ပြင်ဆင်ပေး . .သို့မဟုတ် . ရထား ကြီး  . .ပြေး . .ပြေး” . . .ပေါ့  ကွန်းဇော် အညာမြေ  ***   ***    ***
*** *** *** ***
မြို့လေး၏ ဘောလုံးကွင်းထဲတွင် ဆိုင်ကယ်များ၊ ကြွေးကြော်သံ ဆိုင်းဘုတ်များ၊ ဗီနိုင်းများ နှင့် လူအချို့စုဝေးမိကြပြီ။ သူတို့သည် နာရီကိုကြည့်ကြ၊ ၀င်ပေါက်ဝ ကို လှမ်းမျှော်ကြ လုပ်နေကြသည်။ သို့သော် တစ်ယောက်စနှစ်ယောက်စမှလွဲ၍ ထပ်ရောက်မလာကြပေ။ လူအင်အားကား မီဒီယာ များထဲတွင် ကြိုတင်ထည့်ထားသည့် အရေအတွက် ထက်ဝက်ပင် ရောက်မလာ။

နံနက်ခင်း အပြေးလေ့ကျင့်ရင်း ရောက်လာသော ကျနော်သည် ၄င်းတို့အား လှမ်းကြည့်နေရင်း ငယ်ရွယ်စဉ်ကလေးဘ၀မှ အဖြစ်အပျက်တစ်ခုအား ပြန်အောက်မေ့မိပါတော့သည်။

ဒီအချိန်က ကုလားပဲ ရိတ်ချိန်၊ မြေပဲနှုတ်ချိန်၊ တောင်သူသီးနှံတို့ ရိတ်သိမ်းချိန်။ ကျနော့် ဖခင်သည် သူ၏ မိဘများရှိရာ ရွာလေးတစ်ရွာသို့ တောင်သူသိမ်းလုပ်ငန်းများကို သွားရောက် ကူညီလုပ်ကိုင်ပေးရသည်။ ကျနော့်ဖခင်သွားရောက် လုပ်ကိုင်ပေးရာ ယာခင်းများရှိသောကွင်းပြင်ကြီးအစပ်နားတွင် မီးရထားသံလမ်း တစ်ခုရှိသည်။ နံနက်ခင်း ၉ နာရီခန့်တွင် မီးရထားကြီးတစ်စင်း ဥသြသံဆွဲပြီး ဂျုံးဂျုံး ဂျုံးဂျုံး နှင့် ခုတ်မောင်းလာသည်ကို မြင်ရသောအခါ မီးရထားကို မမြင်ဖူးသေးသော ငယ်ရွယ်စဉ်ကလေးတစ်ဦးမျှသာ ဖြစ်သူ ကျနော့်မှာ ရန်တုန် ပန်းတုန် ကြောက်မိပါတော့သည်။

“အေး ဒါပေမယ့် ငါတို့ ထွက်တော့မယ်။ အချိန်ကလဲ တော်တော်လေး နောက်ကျနေပြီ .မင်းတို့က . . .. . . .. . . ..” ကျနော့်အနား လူတစ်ဦးမှ ဖုန်းလာဆက်သဖြင့် အတွေးစတို့ ခေတ္တပြတ်တောက်သွားသည်။ လှမ်းကြည့်လိုက်တော့ ဆန္ဒပြမည့်သူများမှာ ဆိုင်းဘုတ်များ ထောင်၍ တန်းစီ ထွက်ကြပြီ။ ဘေးနားGym အားကစားရုံမှ ၀ိတ်သမားများသည် အံကိုကြိတ်၍ ၀ိတ်ပြားများမနေကြသည်။ လမ်းပေါ်မှ ဆိုက္ကားသမားက သူ့ဆိုက္ကားပေါ်တွင် အိတ်များကို အထပ်လိုက် စီတင်ပြီး ကျားကန်တွန်းလျှက် ရှိသည်။ ဆီချေးအထပ်ထပ်ပေကျံနေသော အင်္ကျီကို ၀တ်ဆင်ထားသည့် ဆိုင်ကယ်ဝယ်ရှော့ အလုပ်သမားလေးသည် ဆိုင်ကယ်တစ်စီး၏ ကာဗာ များ ကို ဂရုတစိုက်ခွာလျှက်ရှိသည်။ သူတို့သည် အသံထွက်လာရာ ဆန္ဒပြသမားများဆီသို့ လှမ်းမျှော်ကြည့်လိုက်ကြသည်။ အချို့ ထွက်ကြည့်ကြသေးသည်။ ပြီးသော် မူလနေရာ သို့ ပြန်လာပြီး လုပ်မြဲအလုပ်ကို ဆက်လုပ်နေကြသည်။ ပြည်တွင်းငြိမ်းချမ်းရေး . . ဒို့အရေး . .၅၉ (စ) . .ဒို့အရေး . .အပစ်အခတ်ရပ်စဲရေး . လေးပွင့်ဆိုင်အရေး . . .၄၃၆ . .အရေး . .ဒို့အရေး . . . ဆန္ဒပြသူတို့ အော်နေကြရှာသည်။ သို့သော် ဆိုက္ကားသမားအတွက်တော့ ဒီအိတ်တွေ ပွဲရုံမြန်မြန်ရောက်ပြီး ပိုက်ဆံရဖို့ အရေးကြီးနေလေသည်။ ၀ပ်ရှော့ သမားအတွက်တော့ ဒီဆိုင်ကယ်ကို မြန်မြန်ပြင်ပြီး လက်ခရဖို့ . .အားကစားရုံမှ ၀ိတ်သမားအတွက်တော့ . .အဆီမြန်မြန်ကျပြီး ကြွက်သားတွေ ရှိလာဖို့က ပထမ ဖြစ်လေရာ .သူတို့ မဖတ်ဖူးသော စာအုပ်စိမ်းကြီးထဲက ဥပဒေပုဒ်မတွေကိုပြင်ဖို့ ကြွေးကျော်သံများက သူတို့နှင့် တစိမ်းဆန်လျှက်ရှိလေတော့သတည်း။ . .

သူတို့အတန်ငယ်ဝေးသွားသောအခါ တွေးလက်စအတွေးတို့က ပြန်ရောက်လာသည်။ ကျနော်သည် မီးရထားကြီး မောင်းလာသည်ကို မြင်ရသောအခါ ကြောက်ရွံ့သောကြောင့် အော်ဟစ်ငိုယိုမိပါတော့သည်။ ထိုအခါ ကျနော့်၏ ဖခင်ဖြစ်သူရောက်လာပီး တုတ်တစ်ချောင်းကို ကိုင်ဆွဲ၍

“ လာ .. . သား . .ဒီမီးရထားကြီးကို ဖေဖေတို့ မောင်းထုတ်လိုက်ကြရအောင်”

ကျနော် ပျော်သွားသည်။ ကျနော့်ဖေဖေသည် လူစွမ်းကောင်း၊ ကျနော်တို့ ခေါင်းဆောင်၊ ကျနော်ကြောက်ရွံ့သော ရထားကြီးကို ကျနော်တို့ မောင်းထုတ်နိုင်တော့မည်။ ကျနော်နှင့် ရွယ်တူ ညိအကိုဝမ်းကွဲများလဲ ပျော်ရွှင်စွာ ပူးပေါင်းပါဝင်လာသဖြင့် ကျနော်တို့ အဖွဲ့သည် အင်အားအတော် တောင့်သွားပါတော့သည်။

ကျနော်တို့သည် တုတ်ချောင်းလေးများ ကိုယ်စီ ကိုင်ဆွဲ၍ သံလမ်းနှင့် ခပ်လှမ်းလှမ်းနေရာထိ ပြေးသွားကြပါသည်။ ရထားကြီးလာသောအခါ ကျနော့် ဖခင်က ရှေ့မှ တိုင်ပေးပြီး ကျနော်တို့က တုတ်ချောင်းလေးများဖြင့် ရထားကြီးဆီသို့ ချိန်ရွယ်ကာ လိုက်ဆိုကြရသည်။

“ ရထားကြီး . ပြေး . .ပြေး . .
မင်းကို ငါ မောင်းထုတ်တယ်ဟေး
ရထားကြီး အဝေး ပြေး
ဒီနေရာမှာ မနေနဲ့ဟေး “

ကျနော်တို့ ဤကဲ့သို့ ရွတ်ဆိုမောင်းထုတ်နေစဉ်သကာလ . . . ရထားကြီးမှာ ကျနော်တို့နှင့် ဝေးရာဆီသို့ တရွေ့ရွေ့ခုတ်မောင်း ထွက်ပြေးသွားလေတော့ရာ ကျနော်တို့မှာ များစွာပျော်ရွှင် ကျေနပ်အားရမိလေတော့သတည်း။

လေကြောင်းသင့်သဖြင့် ဆန္ဒပြလူတန်းရှေ့ ဆိုက္ကားပေါ် လော်စပီကာမှ ဖွဲစည်းပုံ ပြင်ပေးရေး၊ ပြည်တွင်းငြိမ်းချမ်းမှု ရရှိရေး . .ဒို့အရေး . .၅၉ (ဃ) (စ) ပြင်ဆင်ပေးရေး ဒို့အရေး လေးပွင့်ဆိုင် ဆွေးနွေးရေး ဒို့အရေး . ..အစရှိသော အသံများ လွင့်လာသည်။ တကယ်တမ်းတော့ ကျနော်တို့ တိုင်းပြည်သည် လွတ်လပ်ရေးနောက်ဆက်တွဲ ဆိုးမွေများ နင့်နေအောင် ခံစားခဲ့ရသည်။

မအောင်မြင်သော ပါလီမန်ဒီမန်ကရေစီခေတ်၊ မအောင်မြင်သော ဆိုရှယ်လစ်ခေတ်၊ ဘယ်တော့မှ မငြိမ်းချမ်းခဲ့သည့် ပြည်တွင်းစစ်၊ ကျပ်တည်းလှသည့် စစ်အုပ်ချုပ်ရေးခေတ် . .အဆင့်ဆင့်ကို ဖြတ်သန်းခဲ့ရသည်။ ၂၀၀၈ ဖွဲ့စည်းပုံ သည် ကျပ်တည်းလှသော အာဏာရှင်ခေတ်မှ ရုန်းကန်ထွက်ခဲ့ရသည့် ရထားကြီးတစ်စင်း။ သူ့တွင် ဖြတ်သန်းခဲ့ရသည့် မြန်မာနိုင်ငံ၏ ကောင်းမွေဆိုးမွေများ တစ်နင့်တပိုးပါဝင်သည်။

လက်တွေ့တွင်လည်း စာအုပ်စိမ်းကြီးနှင့် အတူ ရွေးကောက်ပွဲတွေဖြစ်လာခဲ့သည်။ လွတ်လပ်မှုတွေ ဖူးပွင့်လာခဲ့သည်။ အကျိုးခံစားခွင့်တွေ အတိုင်းတာတစ်ခုထိ ရရှိလာခဲ့သည်။

မျက်နှာလွှဲခဲ့သဖြင့် ခမောက်တစ်လုံး ဆုံးခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်မှာ မှီရာဘူတာမှ နေ၍ ကြားဖြတ်လိုက်ပါခဲ့ရသည်။
စာအုပ်စိမ်းကြီးသည် ဘယ်လောက်ပဲ ရှုပ်အောင် ဆွဲထားသည်ဖြစ်စေ . .အဓိကအချက်ကတော့ တပ်မတော် အင်အားစုနှင့် နားလည်မှု ရယူပါဟူသော အချက်မှလွဲ၍ တစ်ခြားမရှိပေ။

ဆန္ဒပြခြင်းနည်းလမ်းအား ၈ လေးလုံးတွင် မိုးလုံးခြိမ့်ညံအောင် သုံးခဲ့ကြပြီ။ အကျပ်ကိုင်ခြင်း၊ ပိတ်ဆို့ခြင်းတွေကို မျိုးဆက်တွေ စတေးပီး လုပ်ခဲ့ကြပြီးပြီ။ စာအုပ်စိမ်းကြီး မွေးဖွားလာခြင်းကို လေလှိုင်းတစ်ခွင် သောသောညံအောင် ကန့်ကွက်ခဲ့ကြပြီးပြီ။ ဘာတွေများဖြစ်လာခဲ့ပါသနည်း။ ဘာအပြောင်းလဲတွေများ ဆောင်ကြဉ်းနိုင်ခဲ့ကြပါသနည်း။

ဆန္ဒပြခြင်းဖြင့် ခေတ်မီနိုင်ငံတော်တစ်ခု ထူထောင်နိုင်သည်လား . ကျနော်ကောင်းကောင်းအဖြေမရှာတတ် . တရုတ် နှင့် ဗီယက်နမ်တော့ ခေတ်မီသွားခဲ့ကြပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒီမိုကရေစီ စံချိန်စံညွှန်းဖြင့် ပြည့်ဝလျှင် တိုင်းပြည် ဆီကိုရေချိုး ဆေးရိုးမီးလှုံနိုင်မည်လော . .ကောင်းလှပါသည်ဟု နိုင်ငံတကာက ချီးကျူးခဲ့ရသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပိုင်ရှင် ကင်ညာမှာ ပြည်တွင်းစစ်တွေနှင့် နပန်းလုံးနေခဲ့ရသည်။
ရထားကြီးနှင့် တူသော မြန်မာ့နိုင်ငံရေး အပြောင်းလဲမှာ အရှိန်အဟုန်နှင့် ခုတ်မောင်းခရီးနှင် လျှက်ရှိသည်။ ယခုဆန္ဒပြပွဲများမှာ အပြောင်းအလဲကို ကောင်းကျိုးပြုနိုင် မပြုနိုင် . . ကျနော်မသုံးသပ်တတ်ပါ . .

သို့သော် . .ရထားကြီးကို ပြေးအောင် ငါတို့ မောင်းထုတ်နေတာဟူသော ကျနော့်ငယ်ရွယ်စဉ်ကလေးဘ၀ကို သတိရမိပါသည်။

အနည်းဆုံးတော့ ဆန္ဒပြပွဲများသည် ပါဝင်သူတို့၏ အတ္တကို တစ်စုံတစ်ခုသော အတိုင်းတာထိ ကျေနပ်နှစ်သိမ့်မှု ရရှိစေပါလိမ့်မည်။ . .

“ ဖွဲ့စည်းပုံ ပြင်ဆင်ပေး . .သို့မဟုတ် . ရထား ကြီး . .ပြေး . .ပြေး” . . .ပေါ့

ကွန်းဇော် အညာမြေ

*** *** ***
— with Ye Moe and 18 others.


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>