Quantcast
Viewing all articles
Browse latest Browse all 1811

ဘင်္ဂးလားဒေရှ့်

Image may be NSFW.
Clik here to view.
Faw Gyi's photo.


အကျယ်အ၀န်း ဧရိယာစတုရန်းမိုင်ပေါင်း ၁၄၃၉၉၈ ကျယ်ဝန်းတဲ့ ဒီနိုင်ငံအနေနဲ့ လူဦးရေပေါက်ကွဲမှုတွေဖြစ်နေတယ်။ မြို့တော်က ဒါကာဖြစ်ပါတယ်။ လူဦးရေပေါင်းက ၁၆၁၀၈၃၈၀၄ ဖြစ်ပါတယ်(၂၀၁၂ ဇူလိုင်) ။ ရေကြောင်းထိစပ်မှုက ကီလိုမီတာ ၅၈၀ ဖြစ်ပါတယ်။ ဘင်ဂါလီ ၉၈ ရာခိုင်နှုန်း ဖြစ်ပြီး ကိုးကွယ်တဲ့ဘာသာက မွတ်ဆလင် ၈၉.၅ % ဖြစ်ပါတယ်၊ ကျန်တဲ့ရာခိုင်နှုန်းတွေ ကိုလည်း သူတို့ဘာ သာထဲကိုသွတ် သွင်းနေပါတယ်၊ ပါလီမန်ဒီမိုကရေစီအုပ်စိုးတဲ့ အစိုးရစနစ်တစ်ခုဖြစ်ပါတယ်။ ပြည်နယ် ၇ ခုနဲ့ အုပ်ချုပ်နေ ပါတယ်။
စီးပွားရေးတိုးတက်နှုန်းက တစ်နှစ်ကို ၅ % ကနေ ၆% အထိတိုးတယ်နေပါတယ်။ 
ဒါပေမဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ ရာသီဥတုဘေးဒဏ်တွေကို အမြဲခံစားနေရတဲ့အ တွက် ဒီထက်တိုးတက်အောင်မပြုလုပ်နိုင်ပါဘူး။ အဓိက၀င်ငွေရနေတာ ကတော့ အထည် ချုပ်လုပ်ငန်းတွေ၊ ပြည်ပမှ သူတို့နိုင်ငံသားတွေ ကနေပြန်ပို့ တဲ့ ငွေတွေ ဖြစ်ပါတယ်။ နောက်ဝင်ငွေကတော့ ကုလသမဂ္ဂရဲ့အောက်မှာသူတို့ တပ်ရင်း ၃ ရင်းလောက်က ကြေးစားအဖြစ်နဲ့ အမှုထမ်းပြီး သူတို့နိုင်ငံအတွက် ၀င်ငွေ ရှာပေး နိုင်ပါတယ်။ အကျိုးအမြတ်အနေနဲ့ကတော့ နိုင်ငံတကာဘာသာစကား တတ်ကျွမ်း လာတယ်၊ စစ်သည်တွေအပိုဝင်ငွေရသလို သူတို့ရဲ ကာကွယ်ရေးဝန်ကြီးဌာန ကိုထာက်ပံ့ပေးနိုင်ပါတယ်။
သူတို့ရဲ့တပ်မတော်နဲ့ပတ်သတ်လို့ တန်းပြည့်စစ်မှုထမ်းတဲ့အင်အားက ကြည်းတပ်မှာ ၁၂၆၁၅၃ ၊ လေတပ်မှာ ၁၄၀၀၀ နဲ့ ရေတပ်မှာ ၁၆၉၀၀ ဖြစ်ပါတယ်။ အရန်စစ်အင်အားအနေနဲ့ ဘင်္ဂလားရိုင်ဖယ်လို့ခေါ်တဲ့အင်အားက ၃၈၀၀၀ ၊ ရဲအင်အားက ၅၀၀၀ ၊ Ansars (Security Guards) လို့ခေါ်တဲ့အစောင့်တပ်က ၂၀၀၀၀ ကျော်၊ ကမ်းခြေစောင့်ရဲတပ်ဖွဲ့က ၉၀၀ ကျော်ရှိပါတယ်။ သူတို့နိုင်ငံရေးနဲ့ ပတ်သတ်လို့ အကျယ်ရှင်းမပြတော့ပါဘူး။
 
Image may be NSFW.
Clik here to view.
Faw Gyi's photo.
 
သူတို့ကြည်းတပ်ရဲ့ ဖွဲ့စည်းပုံတွေအနေနဲ့ကတော့ ပြည်နယ် ၇ ခုခွဲထား လို့ခြေလျင်တပ်မပေါင်း ၁၇ ခု (တပ်ရင်းပေါင်း ၆၈ ခု) ၊တပ်ရင်းကြီး ၆ ခု၊ တပ်မဟာ ၁ ခု၊ လေကြောင်းရန်ကာကွယ်ရေးတပ်မ ၁ ခု၊ လေကြောင်းချီတပ်မ ၂ ခု၊ ကွန်မန်ဒို တပ်ရင်း ၁ ခု၊ အမြောက်တပ်ရင်း ၂၀ ခု၊ ဆက်သွယ်ရေးတပ်မ ၁ ခု တို့နဲ့ဖွဲ့စည်းထားပါတယ်။ သူတို့ရဲ့ စစ်လက်နက်နဲ့ စစ်ယာဉ်တွေကတော့ ပင်မတိုက်ပွဲဝင်တင့် MBT အမျိုးအစားက Type 58 က ၂၃၂ စီး၊ Type 69 က ၁၇၄ စီး၊ အပေါ့စားတင့်အနေနဲ့ Type 62 က ၈စီး၊ သံချပ်ကာ သယ်ယူ ပို့ဆောင်ရေးယာဉ် APC က MTLB က ၂၂၆ စီး၊ BTR 80 က ၉၂ စီး၊ Otocar က ၁၇ စီး ဖြစ်ပါတယ်။
 
 
အမြောက်တပ်ဖွဲ့အနေနဲ့ ၁၀၅ မမ ၃၄၃ လက်၊ model 56 pack howitzer က ၁၁၄ လက်၊ M-30 (Type 54 နဲ့ 54-1 )က ၅၇ လက်၊ D-30 ဟောင်ဝစ်ဇာက ၅၄ လက်၊ ၁၃၀မမ M-46(Type 59-1) က ၆၂ လက်ဖြစ်ပါတယ်။ စိန်ပြောင်းနဲ့မော်တာတွေ အနေနဲ့က ၈၁မမ M29A1 က ၄၇၂ လက်၊ ၈၂မမ (Type -53/87/M-31) က ၃၆၆ လက်၊ ၁၂၀မမ က ၉၅ လက် ရှိပါတယ်။ နောက်ပွင့်ရိုင်ဖယ် အနေနဲ့ ၁၀၆ မမ M40A1 က ၂၃၈ လက်ရှိပါတယ်။
 
Image may be NSFW.
Clik here to view.
Faw Gyi's photo.
 
လေကာလက်နက်တွေအနေနဲ့ ၃၇ မမ၁၆၄ လက်၊ ၅၇ မမ က ၇၄ လက် နဲ့ Type-59 (S-60)က ၃၄ လက်ရှိပါတယ်။ SAM လို့ခေါ်တဲ့ Missile တွေက HN-5Aက အလက် ၂၀ ၊ QW-2 နဲ့အစားထိုးဖို့လုပ်နေပါတယ်။
ရေတပ်အနေနဲ့ကတော့ ကျတော်ထည့်မရေးတော့ပါဘူး ၊ ဖရီးဂိတ်က ၂ စီး ကတော့ သေချာပါတယ်။ ကမ်းခြေစောင့်တပ်ဖွဲ့အနေနဲ့လည်းဖွဲ့စည်းထားပါတယ်၊ မိုင်းရှင်ယာဉ် ၄ စီး၊ ကြည်းရေနှစ်တန်သွားယာဉ်က အနည်းဆုံး ၁၀ စီးရှိပါတယ်။ patrol board လေးတွေကတော့ တော်တော်များများပိုင်ဆိုင်းထားပါတယ်၊
ရေငုပ် သဘောင်္လည်းပိုင်ဆိုင်ထားပါတယ်။
 
လေတပ်အနေနဲ့က တိုက်ပွဲဝင်လေယာဉ်က ၇၄ စီး၊ F-7MB/ F-7BG က အစီး ၃၀၊ A-5 Fantan က ၁၈ စီး၊ Mig-29 Fulcrum က ၈ စီးကနေ ၆ စီး၊ Mig-29 UB က ၂စီး၊ FT-6(Mig-19UTI) Farmer က ၁၀ စီး၊ သယ်ယူပို့ဆောင်ရေးလေယာဉ်အုပ်က တစ်အုပ်၊ အဲ့အထဲမှာ C-130B hercules က ၄စီးပါတယ်။ ကျန်တာက An-32 က ၃စီး၊ 1 squd စာပါ။ Heli တွေအနေနဲ့က တော့ Mi-17 အုပ်က ၅ အုပ်စာ (Mi17 က ၁၇ စီး၊ ၊ ဘဲလ်၂၀၆ က ၂စီး၊ ဘဲလ် ၂၁၂ က ၁၁စီး ဖြစ်ပါတယ် ၊ တိုက်ခိုက်ရေးအုပ်တွေတော့ မတွေ့သေးပါဘူး။ ကျန်တာတွေကတော့ Trainer အမျိုးအစားတွေထဲမှာ PT-6 အမျိုးအစား၊ T-37B Tweet နဲ့ L-39ZA Albatros တွေပဲဖြစ်ပါတယ်။ အရေအတွက်ကတော့ ၁၀ စီး၊ ၁၂ စီးနဲ့ ၃၀ စီး ဖြစ်ပါတယ်။ AAM တွေ အနေနဲ့ကတော့ AA-2 Atoll လို့ပဲပေါ်ပါတယ်။
 
 
ဒါတွေက သူတို့ရဲ့တပ်တွေကို အကြမ်းဖျင်းပြောပြတာပါ။ ကျွန်တော်တို့ကိုလည်း သူတို့ကြည့်နေပါတယ်။ ကျွန်တော်ကတော့ ကျွန်တော်သိတာမြင်တာ ကို ရေးပြ လိုက်တာပါ၊ ဒီ့ထက်အနုစိတ်ရင်လည်း အဆင်မပြေတော့ဘူး ခင်ဗျ..... ရန်သူ့အကြောင်းကို သိထားတော့ ကောင်းတာပေါ့ဗျာ၊ နောက်ကျန်တာတစ်ခုက သူတို့ရဲ့ရုံးသုံးစကားက ဘင်ဂါလီလိုဆိုပေမဲ့ အင်္ဂလိပ်စာတော့ အတိုင်းအတာ တစ်ခုအထိကောင်းပါတယ်။ သူတို့ကို စစ်လက်နက် အဓိကထောက်ပံ့နေ တဲ့ နိုင် ငံတွေကတော့ China. France, Germany, Russia, Turkey, United Kingdom, Indonesia, United States, Malaysia, South Korea တို့ပဲဖြစ်ပါတယ်။
 
 
အနာဂတ်မှာ ဒီလိုတပ်မတော်မျိုးကို ကျွန်တော်တို့က အချိန်အတိုင်းအတာတစ် ခုလောက် အတွင်းမှာ ဂျွမ်းပြန်သွားအောင်လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ခုကျွန်တော်ရေး ထားတာတွေ အပြင်သူတို့မှာ ၀ှက်ဖဲတွေရှိနေပါတယ်။ အဲ့ ၀ှက်ဖဲတော့ ချမပြတော့ ပါဘူး .... ဗဟုသုတ အဖြစ်ရေးပေးတာပါ။ စိတ်ကြိုက်သဘောထား ကွဲလွဲနိုင်ပါသည်။ ရန်သူလို့သတ်မှတ်ထားရင် ကြောက်စရာလည်းမလိုသလို အထင်ကြီးစရာလည်းမလိုပါဘူ .. သိပ်ကြောက်နေရင်လည်း အသက်ပေးလိုက် ရနိုင်သလို သိပ်အထင်သေးရင်လည်း အသက်ပေးသွားရပါလိမ့်မယ် ။ အနီးစပ်ဆုံး ဒေတာတွေ တိကျပါလိမ့်မယ် 
 
( ဖောကြီး ၂၄-၃-၂၀၁၄ )
(6 photos)







Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...