Image may be NSFW.
Clik here to view.
သံပြိုင်သီချင်းဆိုနေသောကျောင်းသား/ကျောင်းသူလေးများ
မမ ဝဝ ထထ က
ဒီနေ့ မြစ်ကမ်းနဘေး ပြေးပြီး ပြန်လာတော့ ဝယ်စရာပစ္စည်းလေးရှိတာနဲ့ ဈေးဆိုင်ပါတယ်တခါတည်း ဝင် ခဲ့ လိုက် တယ် ။ ကျွန်တော် ဆိုင်ထဲက နေ ဈေးဝယ်ပြီး ပစ္စည်း အိတ်လေးဆွဲပြီး ကိုယ့် အတွေးလေးနဲ့ ကိုယ် ခေါင်းလေး ငိုက်စိုက် ငိုက်စိုက် နဲ့ ထွက်လာတာပေါ့ ။ ပတ်ဝန်းကျင်ကိုလည်း သတိမထားမိပါ ဘူး ..။ ကျွန်တော့် ရှေ့မှာ လူရိပ် နှစ်ခု က ရောက်လာပြီး ပိတ်ရပ် နေတယ် ။ ကျွန်တော်က တိုက်မိမှာ စိုးလို့ ဘေးကို ကပ်မယ်လုပ်တော့ “မင်္ဂလာပါ” ဆိုတဲ့ အသံကို ပီပီသသ ကြားလိုက်ရတယ် ။ ကျွန်တော်မော့ ကြည့် လိုက်တော့ မျက်နှာ ခန့်ခန့် ညားညား နဲ့ လူကြီးတစ်ယောက် ရယ် ၊ ကောင်မလေး ခပ် ငယ်ငယ်တစ်ယောက် ရယ်က ကျွန်တော့်ကိုလာနှုတ်ဆက်နေတာ ။ ကျွန်တော် လည်း “မင်္ဂလာပါ” လို့ ပါးစပ်က ရုတ်တရက်ထွက်သွားပြီး ကြောင်ကြည့်နေမိတယ် ။ ပြီးတော့ သူ က ရုရှားလို စပြောပါတယ် ။
“မင်း ငါတို့ ကို မမှတ်မိဘူးလား .. ငါတို့ မြို့ထဲက ကျောင်းမှာ မင်းတို့ မြန်မာစကားသင်တုန်းက ရှိနေခဲ့တယ်လေ” တဲ့ ။
စစ ချင်းတော့ ရုတ်တရက် မမှတ်မိဘူး ။ နောက်မှ
“သြော်.. ဟုတ်ကဲ့ ..ကျွန်တော်မှတ်မိပါပြီ” ဆိုတော့ သူကဆက်ပြောတယ်။
“ အဲတုန်းက မင်းတို့ သင်ပေးတဲ့ ကဗျာလေး ကို ငါမှတ်မိနေတယ် ...
မမ ဝဝ ထထ က ၊ အကပထမ
ကပါ ကပါ မမရာ ၊ ညည လသာသာ ၊
ညအခါ ငါစာရ ၊ မမ ဝဝ ထထ က ” ဆိုပြီး ကျွန်တော်တို့ သင်ပေးခဲ့ တဲ့ သူငယ်တန်းကဗျာလေးကို အသဲ ဝဲ ဝဲ နဲ့ ရွတ်ပြပါတယ် ။
“ သြော် … ဟုတ်ကဲ့ခင်ဗျ ” လို့ ကျွန်တော်က အလိုက်သင့်ပြောတော့ …
“ ငါ က ထိုင်း နိုင်ငံကို အလုပ်ကိစ္စ နဲ့ အမြဲလိုလိုရောက်ဖြစ်တယ် ..ဒါပေမဲ့ ထိုင်နိုင်ငံ ဘေးမှာ အဲလောက် လှတဲ့ နိုင်ငံ ရှိမှန်းငါမသိဘူး ..ဒီတခါ ငါ မြန်မာနိုင်ငံ ကိုပါ အရောက်သွားဦးမှာပါ ” ဆိုပြီးသူ ကဆက်ပြေတယ် ။
“ဟုတ်ကဲ့ ..ကြိုဆိုပါတယ်ခင်ဗျာ” လို့ ကျွန်တော်က ပြောပြီးတော့ နှုတ်ဆက်ခဲ့တယ် ။
ဟုတ်ပါတယ် ။ ပြီးခဲ့ တဲ့ ဆောင်း ရာသီ စ ခါစလောက် ကဖြစ်မယ် ထင်တယ် ကျွန်တော်တို့ မြန်မာကျောင်းသားတွေကို စတိတ်ကျောင်းတစ်ခု က ကျင်းပတဲ့ ဘာသာစကားပွဲတော်မှာ မြန်မာဘာသာစကား နဲ့ မြန်မာအကြောင်းပြောပေးဖို့ ကျွန်တော်တို့ တက္ကသိုလ် က ကျောင်းဒါရိုက်တာကနေ တဆင့် ဖိတ်ပါတယ် ။ ကျွန်တော်တို့ က မြန်မာလူမျိုး ဖြစ်တာ ကလွဲလို့ စာသင်ဖူးတဲ့ အတွေ့ကြုံလည်းမရှိပါဘူး ။ နောက်ဖျော်ဖြေရေးအစီစဉ်မှာသူတို့က မြန်မာရိုးရာ အကဖြစ်ဖြစ် ၊ သီချင်းဖြစ်ဖြစ် ဖျော်ဖြေပေးဖို့လည်း တောင်းဆိုပါတယ်။ ရှိတဲ့ ကျောင်းသားတွေ မှာကလည်း အနုပညာ နဲ့ ပက်သက်လို့ ဖြစ်ဖြစ်မြောက်မြောက် အစွမ်းအစ ရှိတဲ့ သူ က မရှိဘူး ။ လူနည်းတာလည်းပါ တာပေါ့ ။ အဲဒါနဲ့ ပဲ ရှိတဲ့ လူအားလုံးကို ကိုယ်စီတာဝန်ခွဲပြီး ၊ ဘယ်သူက တော့ ဖြေဖျော်ရေးတာဝန်ယူ ၊ ဘယ်သူကစာသင် ၊ ဘယ်သူက မြန်မာအကြောင်းပြော ဆိုပြီး ကိုယ်စီတာဝန်လေးတွေခွဲပြီး စတိတ်ကျောင်းကို ချီတက်သွားကြပါတယ် ။
ဟိုရောက်သွားတော့ အထက်တန်း အဆင့် ကျောင်းဆိုပေမဲ့ စားသောက်ခန်း ၊ အားကစားခန်း ၊ အားကစားကွင်း ၊ စာကြည့်တိုက် ၊ လက်တွေ့ ခန်း ၊ ကွန်ပျူတာခန်း ၊ audio control အခန်းတွေ နဲ့ ပြည့်ပြည့်စုံစုံ ရှိနေပါတယ် ။ ဘာသာစကား ပွဲတော်မှာ ပါဝင် ကြမဲ့ ဘာသာစကား တွေကလည်းအမျိုးမျိုးပါပဲ ။ ဂျာမန် ၊ ပြင်သစ် ၊ အင်္ဂလိပ် ၊ ခေတ်ဟောင်းအင်္ဂလိပ် ၊ သြစတြီးယား ၊ ရုရှား ၊ ရှေးဟောင်းရုရှား ၊ ဆီးရီးယား ၊ တရုတ် ၊ ကိုးရီးယား ၊ ဂျပန် ၊ မြန်မာ တွေ အပြင် စက်ရုပ် တွေ မှာ အသုံးပြုတဲ့ artificial language ဆိုတာ မျိုး တွေလည်းပါဝင်ပါတယ် ။ ကျောင်းမှာရှိ တဲ့ အခန်းတွေ ကို အချိနလိုက် ခွဲ ပြီး တော့ တစ်ချိန်ကို မိနစ် ၄၀ နဲ့ ဘာသာစကားသင်ပေးရပါတယ် ။ ကျွန်တော်တို့ အတွက် ၂ ချိန်စာ မိနစ် ၈၀ ရတယ် ။
အဲဒီအချိန် အတွင်း မှာပဲ ကိုယ့် သင်မဲ့ ဘာသာစကား ကို အကျဉ်းချုံး နဲ့ စိတ်ဝင်စားအောင် သင်ရတာပေါ့ ။ သင်ရမဲ့ အချိန် မရောက်ခင်မှာ တခြားဘာသာစကား တွေကိုသွားနားထောင်လို့ရသလို ၊ သူတို့ အလှည့်ပြီးသွားတဲ့ခါမှာလည်း ကျွန်တော်တို့ဆီကိုလာနားထောင်တာမျိုးတွေရှိတယ် ။ ကျောင်းက ကျောင်းသား ၊ ကျောင်းသူတွေ ၊ ကျောင်းသားမိဘတွေကလည်း ကိုယ်စိတ်ဝင်စားတဲ့ ဘာသာစကား အလိုက် အခန်းတွေ သွားပြီး ဘာသာစကား သင်ခန်းစာတွေ သွားနားထောင်ကြတယ် ။ ကျွန်တော် လည်း ကိုယ်သင်မဲ့အချိန်မရောက်သေးခင်မှာ ပြင်သစ် ၊ ဂျပန် နဲ့ artificial language ခန်းတွေကို သွားပြီး နားထောင်ခဲ့သေးတယ် ။
နောက် ကျွန်တော်တို့ အချိန်ရောက် တော့ စာသင်ခန်းထဲမှာ ပရိုဂျက်တာလေး နဲ့ ဆလိုက်ရှိုး လေး ပြပြီး တော့ ညီလေး တစ်ယောက်ကနေ မြန်မာနိုင်ငံအကြောင်းစ မိတ်ဆက်တယ် ။ ဘယ် နေရာမှာရှိပါတယ် ၊ ဘာ နိုင်ငံလို့ ခေါ်ပါတယ် ။ တိုင်းရင်းသား ဘယ်နှမျိုးရှိပါတယ် ၊ လူဦးရောဘယ်လောက် နဲ့ ဘာဘာသာစကားပြောပါတယ်..စသဖြင့်ပေါ့ ။ နောက်တော့ ဓာတ်ပုံလေးတွေ နဲ့ မြန်မာက အထင်ကရနေရာလးတွေ ပြ ပေါ့ ။ အဲဒါပြီးတော့ ကျွန်တော် ရယ် နောင်တော် တစ်ယောက်ရယ်က မြန်မာဗျည်း နဲ့ သရ ကို စ သင်တယ် ။ ဘယ်လိုရေး ရတယ် ၊ ဘယ်လို အသံ ထွက်တယ် ဆိုတာ ကို ကိုယ် က ရှေ့ကနေ ချပေးလိုက် ၊ သူတို့ က လိုက်ဆိုလိုက်ပေါ့ ။ အဲဒါပြီးတော့ အာရုံညောင်း တာ ဖြေပြီး သား ဖြစ်အောင်ဆိုပြီး သူငယ်ချင်း နဲ့ ညီငယ်တစ်ယောက် ကနေ … မ မ ဝ ဝ ၊ ထ ထ က ၊ အ က ပ ထ မ ဆို တဲ့ ကဗျာ လေး ကို ဂစ်တာ လေး တီးပြီး ဆို ပြတယ် ။ ပြီးတော့ စာသင်ခန်း ထဲ က ကျောင်းသား တွေ ၊ ဆရာ တွေ နဲ့ ကျောင်းသားမိဘ တွေ က ပါ လိုက် ဆိုတယ် ။ နောက်တော့ သူတို့ ချည်း ပဲ ဆိုတယ် ။ ကျေနပ် စရာ ကောင်းသလို ပျော်ဖို့ လည်း ကောင်းတယ် ။
အဲဒါ လေး ပြီးတော့ အာရုံလေး ပြေသွားတော့ မြန်မာစကား သင်တယ် ။ လူသုံး များတဲ့ စကားလုံးတွေပေါ့ … ဖေဖေ ၊ မေမေ ၊ ကိုကို ၊ မမ ၊ မင်္ဂလာပါ ၊ နေကောင်းလား ၊ ကျန်းမာပါစေ ၊ ချစ်တယ် ၊ မချစ်ဘူး ၊ စသဖြင့် မှတ်မိလွယ် မဲ့ စကားလုံးလေး တွေ ကို ရုရှား လို နဲ့ရှင်း ပြ ပြီး သင်ပေးတယ် ။ သူတို့ အချင်းချင်း တစ်ယောက် နဲ့ တစ်ယောက် ပြောကြည့် ခိုင်းတယ် ။ အဲဒါ တွေ ပြီးတော့ မြန်မာ ကျောင်းသားတွေ အားလုံး ပေါင်းပြီးတော့ မြန်မာသီးချင်း တစ်ပုဒ် ဆိုပြတယ် ။ ဂစ်တာ တီးပြီးတော့ပေါ့ ။ နောက် ရုရှားကျောင်းသားတွေ ရော ၊ မြန်မာတွေရော ရောပြီးတော့ ရုရှားသီးချင်းတစ်ပုဒ် အတူတူ ဆိုကြတယ် ။ သီချင်းဆိုပြီးတော့ အဲဒီနေ့ သင်ပေးလိုက်တဲ့ မြန်မာဘာသာစကားနဲ့ ပက်သက်တဲ့ အနှစ်ချုပ်လေးတွေ ပြန်ပြော ပြတယ်။ မြန်မာစကား လို့ ဆိုလိုက် တာနဲ့ တန်းသိနေရမဲ့ အကျဉ်းချုပ်အချက်လေးတွေပေါ့ ။ ပြီးတော့ သူတို့ မေး ချင်တာလေးတွေ မေးခိုင်းတယ် ။ ဆရာ ဆရာမ တွေကော ၊ ကျောင်းသူ ကျောင်းသားတွေရော သူတို့သိချင်တာလေးတွေ မေးကြတယ် ။ အဲဒီ ထဲ မှာ မှ ကျောင်းသူလေးတစ်ယောက်က ထ မေးတယ် ။ မြန်မာအက္ခရာတွေ ဟာ ပါဠိဘာသာ က ယူထားတယ်ဆိုလို့ ပါဠိဘာသာစကား ကို ဘယ်ချိန်လောက်က စ ပြောခဲ့ကြတာလဲတဲ့ ။ ကျွန်တော်တို့ မဖြေနိုင်ပါဘူး ။ တိကျတဲ့ အဖြေ မပေးနိုင်ခဲ့ဘူး ။ ရှေးနှစ်ပေါင်းများစွာ တည်း က သုံးစွဲခဲ့တယ် ဆိုတာလောက်ပဲ ပြန်ဖြေပေးခဲ့ရတယ် ။
စာသင်ပြီးတော့ ကျောင်း က ထမင်းစားခန်းမှာပဲ နေ့လည်စာကျွေးပါတယ် ။ ကျောင်း က ကျောင်းသူကျောင်းသားတွေ ကျွေးတဲ့ တိုင်းကျွေးတာပါ ။ ပမာ ဏ နည်းပေ မဲ့ ..ပေါင်မုန့် ၊ အာလူး ၊ အသီးရွက် ၊ အသား(ငါး)၊ အသီး ၊ ဖျော်ရည် .. စတဲ့ လူ အတွက် လိုအပ်တဲ့ အာဟာရ အားလုံးပါအောင် ပေးတဲ့ ပုံစံ ကျွေးမွေးတာပါ ။
အဲဒီနောက်တော့ ကျောင်းရဲ့ ခန်းမ ထဲမှာ နိုင်ငံ ရိုးရာအကတွေ နဲ့ ဖျော်ဖြေ ကြတယ် ။ တစ်ယောက်တည်း သီချင်း ဆိုတဲ့ နိုင်ငံ ကလည်း ဆိုပေါ့ ။ တချို့ အကတွေ ၊ ရိုးရာ ဝတ်စုံတွေ ဆို ကျွန်တော်တို့ တောင် မမြင်ဖူးပါဘူး ။ ကိုယ်စီ ကိုယ်စီ ၊ မျက်စိထဲမှာ အမြင်ဆန်းသလို ၊ ကြည့်ရတာလည်း တကယ်ကို စိတ်လှုပ်ရှားဖို့ ကောင်းတယ် ။ မတူညီ တဲ့ ရသတွေ ကို တစ်နေရာတည်းမှာ အစုံ ခံစား ရတယ် ။ ဂျက်ဇ် ဂီတလိုမျိုးတွေ ၊ ဘဲလေးတွေ ၊ ဖိနပ်သံစည်းချက်နဲ့ ကတဲ့ အကတွေ ၊ စည်တိုလိုမျိုး တူရိယာတွေ တီးပြီးကတဲ့ အကတွေ ၊ ဗန်းလို သရေတူရိယာ ကို တီးပြီး ရော့ခ် ဆန်ဆန် က တဲ့အကတွေ ၊ ဂါဝန်ဖွားဖွား လေးတွေ နဲ့ သရုပ်ဖော်ကတဲ့ အကတွေ နဲ့ တကယ်ကို ရင်သပ်ရှုမောဖွယ်ပါပဲ ။
အဲဒီကျောင်းမှာ သွား ခဲ့ တုန်းက အကြောင်းလေးတွေကို ကျွန်တော်ပြန်တွေးကြည့်နေမိတယ် ။ အချိန် ကာ လ အားဖြင့် တစ်ရက်တာ ၊ ဘာသာစကားတစ်ခုကို မိနစ် ၈၀ … ကျောင်းသူကျောင်းသားတွေ အတွက် ဘာမှ ပြောပလောက်အောင် တတ်ကျွမ်း သွားမှာ မဟုတ်ဘူးဆိုပေမဲ့ စိတ်ဝင်စားမှု “အစ” ကလေးတွေကိုတော့ ဆွဲ ထုတ်ပေးနိုင်မှာ အသေအချာပါပဲ ။ ပညာရေးဆိုတာ လူမှာ နဂိုရှိနေပြီးသား အသိဥာဏ်ကို ညှစ်ထုတ်ပေးရတာတဲ့ ။ ငယ်ငယ် က ကျောင်းဆိုတာ စာသင်ဖို့ ၊ အတတ်ပညာတခုခု သင်ယူဖို့ လို့ ထင်ခဲ့ ပေမဲ့ ကြီးလာတဲ့ ခါ အသိတွေ ပြောင်းလာတယ်။
ကျွန်တော့် တစ်ကိုယ်ရေအမြင်အရတော့ ကျောင်း ဆိုတာ ကျောင်းသားတွေရဲ့ စိတ်ဝင်စားမှုကို ကို နှိုးဆွပေးရတဲ့ ပတ်ဝန်းကျင်တစ်ခုပါပဲ ။ စိတ်ဝင်စားမှုကို လှုံဆော်ပေးတဲ့ ပတ်ဝန်းကျင်လည်းရှိမယ် ၊ ကိုယ်တိုင်ကလည်း စိတ်ပါဝင်စားမှု ၊အာရုံစူးစိုက်မှု တစ်ခုရှိမယ် ၊ အဲဒီ စိတ်ပါဝင်စားမှု ကို အထောက်ပံ့ ဖြစ်စေမဲ့ အရာတွေလည်းပြည့်စုံနေမယ်ဆိုရင် လူတွေ သင်လို့ မတတ် တဲ့ ပညာမရှိ ဘူးလို့ မြင်တယ် ။
ပြီးတော့ သူတို့ ကျောင်းက ကလေးတွေ နဲ့ ကျွန်တော်တို့ ညီလေး ညီမလေးတွေ ကို နှိုင်းယှဉ် ကြည့်မိတယ် ။ ကျွန်တော်တို့ တတွေ က “တို့ဗမာ သာကီမျိုးပေမို့ မညှိုးဂုဏ်တေဇာ” လို့ အော်နေတဲ့ ကြတဲ့ ချိန်မှာ သူတို့တတွေ က တခြားတပါးသူရဲ့ ယဉ်ကျေးမှုတွေ ၊ ဘာသာစကားတွေ စိတ်ဝင်စားနေကြပြီ ။ ကျွန်တော်တို့ တတွေက တခြားနိုင်ငံ က တစ်ယောက်ယောက်က ကိုယ့်နိုင်ငံကောင်းကြောင်းပြောလို့ ၊ ကိုယ့်နိုင်ငံ ရဲ့ ယဉ်ကျေးမှု ကို အလေးထားလို့ ကျေနပ်နေကြချိန် ၊ မြန်မာကွ ၊ မြန်မာကွ လို့ ဂုဏ်ယူနေကြချိန်မှာ တခြားနိုင်ငံ က လူတွေက ကတော့ ငယ်စဉ်ဘဝတည်း က ကျွန်တော်တို့ နိုင်ငံအကြောင်းကိုရင်းနှီးနေကြပြီ ၊ ကျွန်တော်တို့ ယဉ်ကျေးမှု တွေကို အလေးထားဖို့ သင်ယူနေကြပြီ ။ ရိုးရိုးလေး စဉ်းစားကြည့်စမ်းပါ ။ ဘယ်သူတွေက active person လဲ ။ ဘယ်သူတွေက passive person လဲ ။ active person ဖြစ်သောသူကသာလျှင် subject ဆိုတဲ့ ပြုလုပ်သူ ၊ ဖန်တီးသူတွေဖြစ်တယ် ။ passive person ဖြစ်နေရင်တော့ ဦးစားပေးရှေ့က ထား ခံရရင်တောင် Object ဆိုတဲ့ ပြုလုပ်ခံရသူ ပဲဖြစ်မယ် ။
ငယ်စဉ်ဘဝ တည်းက ကိုယ့်အပြင် ဘယ်သူတွေရှိသေးလဲ ၊ မတူကွဲပြားမှုရဲ့ ရသ ဟာဘာတွေ လဲ စိတ်ဝင်စားလာအောင် လှုံ့ ဆော်ပေးခဲ့ ခြင်းမရှိပဲ နဲ့ အသက်ကြီးကာမှ လစ်ဘရယ်ဒမိုကရေစီတွေ ၊ မတူကွဲပြားမှုကိုတန်ဖိုးထားတာတွေ ၊ ကမ္ဘာနဲ့ ယဉ်ပေါင်တန်းမယ်တွေ မအော်ပါနဲ့ ။ အာတွေ သာ ပြဲ သွားမယ် ။ ရိုင်းရိုင်းပြောရရင် ခွေးကြီး မှ လက်ပေးသင် သလိုတွေ ပဲ ဖြစ်နေမှာ ပါ ။ တက္ကသိုလ်တွေ ပြောင်းလဲ ရုံ ၊ နိုင်ငံခြား က ဆရာတွေ ခေါ်သင်ရုံ နဲ့ လည်း ပညာရေးမပြောင်းလဲနိုင်ပါဘူး ။ အသက်မွေးဝမ်းကြောင်းဘာသာရပ်တွေ အသေချာသင်ကြားပြီး လူသားစက်ရုံတွေလို မွေးထုတ် နိုင်သည့်တိုင် ကမ္ဘာ နဲ့ ယာဉ်ပေါင်တန်းနိုင်လိမ့်မယ်လို့မျှော်လင့်လို့ မရသေးပါဘူး ။ ဘယ်ဘာသာရပ်ကို ဖြစ်ပါစေ ကျောင်းသားလူငယ်တွေရဲ့ စိတ်ဝင်စားမှု ကို လှုံ့ ဆော် ပေးနိုင်မဲ့ ပတ်ဝန်းကျင်တွေ ဖန်တီးပေး နိုင်မှ သာ ပညာရေးတွေ ၊ အတွေး ခေါ် တွေ ၊ လူမှု ဘဝ တွေ ပြောင်းလဲ နိုင် မှာဖြစ်ပါတယ် ။
(ရုပ်ဆိုး)
Image may be NSFW.
Clik here to view.![အရမ်းအတွဲညီတဲ့ကလေး၂ဦး အရမ်းအတွဲညီတဲ့ကလေး၂ဦး]()
Image may be NSFW.
Clik here to view.![ပြင်သစ် ပြင်သစ်]()
Image may be NSFW.
Clik here to view.![မက္ကဆီကန် မက္ကဆီကန်]()
Image may be NSFW.
Clik here to view.![ပရိတ်သတ်များ ပရိတ်သတ်များ]()
Image may be NSFW.
Clik here to view.![ဘာကိုဘယ်လိုဖောရမယ် ဘာကိုဘယ်လိုဖောရမယ်]()
Image may be NSFW.
Clik here to view.![မမ ဝဝ ထထ က ကို ဂစ်တာတီးပီးဆိုတာ မမ ဝဝ ထထ က ကို ဂစ်တာတီးပီးဆိုတာ]()
Image may be NSFW.
Clik here to view.![ကကြီး ခခွေး အိမ်ကိုပြေး ကကြီး ခခွေး အိမ်ကိုပြေး]()
Image may be NSFW.
Clik here to view.![ကျောင်းသူလေးများ ကျောင်းသူလေးများ]()
Image may be NSFW.
Clik here to view.![ကျောင်းသူလေးများ ကျောင်းသူလေးများ]()
Image may be NSFW.
Clik here to view.![ကျောင်းသူလေးများ ကျောင်းသူလေးများ]()
Image may be NSFW.
Clik here to view.![ကလေးတွေ ကျွေးတဲ့ ထမင်း ကို သွားဆွဲ ခဲ့ တာ ကလေးတွေ ကျွေးတဲ့ ထမင်း ကို သွားဆွဲ ခဲ့ တာ]()
Clik here to view.

မမ ဝဝ ထထ က
ဒီနေ့ မြစ်ကမ်းနဘေး ပြေးပြီး ပြန်လာတော့ ဝယ်စရာပစ္စည်းလေးရှိတာနဲ့ ဈေးဆိုင်ပါတယ်တခါတည်း ဝင် ခဲ့ လိုက် တယ် ။ ကျွန်တော် ဆိုင်ထဲက နေ ဈေးဝယ်ပြီး ပစ္စည်း အိတ်လေးဆွဲပြီး ကိုယ့် အတွေးလေးနဲ့ ကိုယ် ခေါင်းလေး ငိုက်စိုက် ငိုက်စိုက် နဲ့ ထွက်လာတာပေါ့ ။ ပတ်ဝန်းကျင်ကိုလည်း သတိမထားမိပါ ဘူး ..။ ကျွန်တော့် ရှေ့မှာ လူရိပ် နှစ်ခု က ရောက်လာပြီး ပိတ်ရပ် နေတယ် ။ ကျွန်တော်က တိုက်မိမှာ စိုးလို့ ဘေးကို ကပ်မယ်လုပ်တော့ “မင်္ဂလာပါ” ဆိုတဲ့ အသံကို ပီပီသသ ကြားလိုက်ရတယ် ။ ကျွန်တော်မော့ ကြည့် လိုက်တော့ မျက်နှာ ခန့်ခန့် ညားညား နဲ့ လူကြီးတစ်ယောက် ရယ် ၊ ကောင်မလေး ခပ် ငယ်ငယ်တစ်ယောက် ရယ်က ကျွန်တော့်ကိုလာနှုတ်ဆက်နေတာ ။ ကျွန်တော် လည်း “မင်္ဂလာပါ” လို့ ပါးစပ်က ရုတ်တရက်ထွက်သွားပြီး ကြောင်ကြည့်နေမိတယ် ။ ပြီးတော့ သူ က ရုရှားလို စပြောပါတယ် ။
“မင်း ငါတို့ ကို မမှတ်မိဘူးလား .. ငါတို့ မြို့ထဲက ကျောင်းမှာ မင်းတို့ မြန်မာစကားသင်တုန်းက ရှိနေခဲ့တယ်လေ” တဲ့ ။
စစ ချင်းတော့ ရုတ်တရက် မမှတ်မိဘူး ။ နောက်မှ
“သြော်.. ဟုတ်ကဲ့ ..ကျွန်တော်မှတ်မိပါပြီ” ဆိုတော့ သူကဆက်ပြောတယ်။
“ အဲတုန်းက မင်းတို့ သင်ပေးတဲ့ ကဗျာလေး ကို ငါမှတ်မိနေတယ် ...
မမ ဝဝ ထထ က ၊ အကပထမ
ကပါ ကပါ မမရာ ၊ ညည လသာသာ ၊
ညအခါ ငါစာရ ၊ မမ ဝဝ ထထ က ” ဆိုပြီး ကျွန်တော်တို့ သင်ပေးခဲ့ တဲ့ သူငယ်တန်းကဗျာလေးကို အသဲ ဝဲ ဝဲ နဲ့ ရွတ်ပြပါတယ် ။
“ သြော် … ဟုတ်ကဲ့ခင်ဗျ ” လို့ ကျွန်တော်က အလိုက်သင့်ပြောတော့ …
“ ငါ က ထိုင်း နိုင်ငံကို အလုပ်ကိစ္စ နဲ့ အမြဲလိုလိုရောက်ဖြစ်တယ် ..ဒါပေမဲ့ ထိုင်နိုင်ငံ ဘေးမှာ အဲလောက် လှတဲ့ နိုင်ငံ ရှိမှန်းငါမသိဘူး ..ဒီတခါ ငါ မြန်မာနိုင်ငံ ကိုပါ အရောက်သွားဦးမှာပါ ” ဆိုပြီးသူ ကဆက်ပြေတယ် ။
“ဟုတ်ကဲ့ ..ကြိုဆိုပါတယ်ခင်ဗျာ” လို့ ကျွန်တော်က ပြောပြီးတော့ နှုတ်ဆက်ခဲ့တယ် ။
ဟုတ်ပါတယ် ။ ပြီးခဲ့ တဲ့ ဆောင်း ရာသီ စ ခါစလောက် ကဖြစ်မယ် ထင်တယ် ကျွန်တော်တို့ မြန်မာကျောင်းသားတွေကို စတိတ်ကျောင်းတစ်ခု က ကျင်းပတဲ့ ဘာသာစကားပွဲတော်မှာ မြန်မာဘာသာစကား နဲ့ မြန်မာအကြောင်းပြောပေးဖို့ ကျွန်တော်တို့ တက္ကသိုလ် က ကျောင်းဒါရိုက်တာကနေ တဆင့် ဖိတ်ပါတယ် ။ ကျွန်တော်တို့ က မြန်မာလူမျိုး ဖြစ်တာ ကလွဲလို့ စာသင်ဖူးတဲ့ အတွေ့ကြုံလည်းမရှိပါဘူး ။ နောက်ဖျော်ဖြေရေးအစီစဉ်မှာသူတို
ဟိုရောက်သွားတော့ အထက်တန်း အဆင့် ကျောင်းဆိုပေမဲ့ စားသောက်ခန်း ၊ အားကစားခန်း ၊ အားကစားကွင်း ၊ စာကြည့်တိုက် ၊ လက်တွေ့ ခန်း ၊ ကွန်ပျူတာခန်း ၊ audio control အခန်းတွေ နဲ့ ပြည့်ပြည့်စုံစုံ ရှိနေပါတယ် ။ ဘာသာစကား ပွဲတော်မှာ ပါဝင် ကြမဲ့ ဘာသာစကား တွေကလည်းအမျိုးမျိုးပါပဲ ။ ဂျာမန် ၊ ပြင်သစ် ၊ အင်္ဂလိပ် ၊ ခေတ်ဟောင်းအင်္ဂလိပ် ၊ သြစတြီးယား ၊ ရုရှား ၊ ရှေးဟောင်းရုရှား ၊ ဆီးရီးယား ၊ တရုတ် ၊ ကိုးရီးယား ၊ ဂျပန် ၊ မြန်မာ တွေ အပြင် စက်ရုပ် တွေ မှာ အသုံးပြုတဲ့ artificial language ဆိုတာ မျိုး တွေလည်းပါဝင်ပါတယ် ။ ကျောင်းမှာရှိ တဲ့ အခန်းတွေ ကို အချိနလိုက် ခွဲ ပြီး တော့ တစ်ချိန်ကို မိနစ် ၄၀ နဲ့ ဘာသာစကားသင်ပေးရပါတယ် ။ ကျွန်တော်တို့ အတွက် ၂ ချိန်စာ မိနစ် ၈၀ ရတယ် ။
အဲဒီအချိန် အတွင်း မှာပဲ ကိုယ့် သင်မဲ့ ဘာသာစကား ကို အကျဉ်းချုံး နဲ့ စိတ်ဝင်စားအောင် သင်ရတာပေါ့ ။ သင်ရမဲ့ အချိန် မရောက်ခင်မှာ တခြားဘာသာစကား တွေကိုသွားနားထောင်လို့ရသလို ၊ သူတို့ အလှည့်ပြီးသွားတဲ့ခါမှာလည်း ကျွန်တော်တို့ဆီကိုလာနားထောင်တာ
နောက် ကျွန်တော်တို့ အချိန်ရောက် တော့ စာသင်ခန်းထဲမှာ ပရိုဂျက်တာလေး နဲ့ ဆလိုက်ရှိုး လေး ပြပြီး တော့ ညီလေး တစ်ယောက်ကနေ မြန်မာနိုင်ငံအကြောင်းစ မိတ်ဆက်တယ် ။ ဘယ် နေရာမှာရှိပါတယ် ၊ ဘာ နိုင်ငံလို့ ခေါ်ပါတယ် ။ တိုင်းရင်းသား ဘယ်နှမျိုးရှိပါတယ် ၊ လူဦးရောဘယ်လောက် နဲ့ ဘာဘာသာစကားပြောပါတယ်..စသဖြင့်ပေ
အဲဒါ လေး ပြီးတော့ အာရုံလေး ပြေသွားတော့ မြန်မာစကား သင်တယ် ။ လူသုံး များတဲ့ စကားလုံးတွေပေါ့ … ဖေဖေ ၊ မေမေ ၊ ကိုကို ၊ မမ ၊ မင်္ဂလာပါ ၊ နေကောင်းလား ၊ ကျန်းမာပါစေ ၊ ချစ်တယ် ၊ မချစ်ဘူး ၊ စသဖြင့် မှတ်မိလွယ် မဲ့ စကားလုံးလေး တွေ ကို ရုရှား လို နဲ့ရှင်း ပြ ပြီး သင်ပေးတယ် ။ သူတို့ အချင်းချင်း တစ်ယောက် နဲ့ တစ်ယောက် ပြောကြည့် ခိုင်းတယ် ။ အဲဒါ တွေ ပြီးတော့ မြန်မာ ကျောင်းသားတွေ အားလုံး ပေါင်းပြီးတော့ မြန်မာသီးချင်း တစ်ပုဒ် ဆိုပြတယ် ။ ဂစ်တာ တီးပြီးတော့ပေါ့ ။ နောက် ရုရှားကျောင်းသားတွေ ရော ၊ မြန်မာတွေရော ရောပြီးတော့ ရုရှားသီးချင်းတစ်ပုဒ် အတူတူ ဆိုကြတယ် ။ သီချင်းဆိုပြီးတော့ အဲဒီနေ့ သင်ပေးလိုက်တဲ့ မြန်မာဘာသာစကားနဲ့ ပက်သက်တဲ့ အနှစ်ချုပ်လေးတွေ ပြန်ပြော ပြတယ်။ မြန်မာစကား လို့ ဆိုလိုက် တာနဲ့ တန်းသိနေရမဲ့ အကျဉ်းချုပ်အချက်လေးတွေပေါ့ ။ ပြီးတော့ သူတို့ မေး ချင်တာလေးတွေ မေးခိုင်းတယ် ။ ဆရာ ဆရာမ တွေကော ၊ ကျောင်းသူ ကျောင်းသားတွေရော သူတို့သိချင်တာလေးတွေ မေးကြတယ် ။ အဲဒီ ထဲ မှာ မှ ကျောင်းသူလေးတစ်ယောက်က ထ မေးတယ် ။ မြန်မာအက္ခရာတွေ ဟာ ပါဠိဘာသာ က ယူထားတယ်ဆိုလို့ ပါဠိဘာသာစကား ကို ဘယ်ချိန်လောက်က စ ပြောခဲ့ကြတာလဲတဲ့ ။ ကျွန်တော်တို့ မဖြေနိုင်ပါဘူး ။ တိကျတဲ့ အဖြေ မပေးနိုင်ခဲ့ဘူး ။ ရှေးနှစ်ပေါင်းများစွာ တည်း က သုံးစွဲခဲ့တယ် ဆိုတာလောက်ပဲ ပြန်ဖြေပေးခဲ့ရတယ် ။
စာသင်ပြီးတော့ ကျောင်း က ထမင်းစားခန်းမှာပဲ နေ့လည်စာကျွေးပါတယ် ။ ကျောင်း က ကျောင်းသူကျောင်းသားတွေ ကျွေးတဲ့ တိုင်းကျွေးတာပါ ။ ပမာ ဏ နည်းပေ မဲ့ ..ပေါင်မုန့် ၊ အာလူး ၊ အသီးရွက် ၊ အသား(ငါး)၊ အသီး ၊ ဖျော်ရည် .. စတဲ့ လူ အတွက် လိုအပ်တဲ့ အာဟာရ အားလုံးပါအောင် ပေးတဲ့ ပုံစံ ကျွေးမွေးတာပါ ။
အဲဒီနောက်တော့ ကျောင်းရဲ့ ခန်းမ ထဲမှာ နိုင်ငံ ရိုးရာအကတွေ နဲ့ ဖျော်ဖြေ ကြတယ် ။ တစ်ယောက်တည်း သီချင်း ဆိုတဲ့ နိုင်ငံ ကလည်း ဆိုပေါ့ ။ တချို့ အကတွေ ၊ ရိုးရာ ဝတ်စုံတွေ ဆို ကျွန်တော်တို့ တောင် မမြင်ဖူးပါဘူး ။ ကိုယ်စီ ကိုယ်စီ ၊ မျက်စိထဲမှာ အမြင်ဆန်းသလို ၊ ကြည့်ရတာလည်း တကယ်ကို စိတ်လှုပ်ရှားဖို့ ကောင်းတယ် ။ မတူညီ တဲ့ ရသတွေ ကို တစ်နေရာတည်းမှာ အစုံ ခံစား ရတယ် ။ ဂျက်ဇ် ဂီတလိုမျိုးတွေ ၊ ဘဲလေးတွေ ၊ ဖိနပ်သံစည်းချက်နဲ့ ကတဲ့ အကတွေ ၊ စည်တိုလိုမျိုး တူရိယာတွေ တီးပြီးကတဲ့ အကတွေ ၊ ဗန်းလို သရေတူရိယာ ကို တီးပြီး ရော့ခ် ဆန်ဆန် က တဲ့အကတွေ ၊ ဂါဝန်ဖွားဖွား လေးတွေ နဲ့ သရုပ်ဖော်ကတဲ့ အကတွေ နဲ့ တကယ်ကို ရင်သပ်ရှုမောဖွယ်ပါပဲ ။
အဲဒီကျောင်းမှာ သွား ခဲ့ တုန်းက အကြောင်းလေးတွေကို ကျွန်တော်ပြန်တွေးကြည့်နေမိတယ် ။ အချိန် ကာ လ အားဖြင့် တစ်ရက်တာ ၊ ဘာသာစကားတစ်ခုကို မိနစ် ၈၀ … ကျောင်းသူကျောင်းသားတွေ အတွက် ဘာမှ ပြောပလောက်အောင် တတ်ကျွမ်း သွားမှာ မဟုတ်ဘူးဆိုပေမဲ့ စိတ်ဝင်စားမှု “အစ” ကလေးတွေကိုတော့ ဆွဲ ထုတ်ပေးနိုင်မှာ အသေအချာပါပဲ ။ ပညာရေးဆိုတာ လူမှာ နဂိုရှိနေပြီးသား အသိဥာဏ်ကို ညှစ်ထုတ်ပေးရတာတဲ့ ။ ငယ်ငယ် က ကျောင်းဆိုတာ စာသင်ဖို့ ၊ အတတ်ပညာတခုခု သင်ယူဖို့ လို့ ထင်ခဲ့ ပေမဲ့ ကြီးလာတဲ့ ခါ အသိတွေ ပြောင်းလာတယ်။
ကျွန်တော့် တစ်ကိုယ်ရေအမြင်အရတော့ ကျောင်း ဆိုတာ ကျောင်းသားတွေရဲ့ စိတ်ဝင်စားမှုကို ကို နှိုးဆွပေးရတဲ့ ပတ်ဝန်းကျင်တစ်ခုပါပဲ ။ စိတ်ဝင်စားမှုကို လှုံဆော်ပေးတဲ့ ပတ်ဝန်းကျင်လည်းရှိမယ် ၊ ကိုယ်တိုင်ကလည်း စိတ်ပါဝင်စားမှု ၊အာရုံစူးစိုက်မှု တစ်ခုရှိမယ် ၊ အဲဒီ စိတ်ပါဝင်စားမှု ကို အထောက်ပံ့ ဖြစ်စေမဲ့ အရာတွေလည်းပြည့်စုံနေမယ်ဆိုရင် လူတွေ သင်လို့ မတတ် တဲ့ ပညာမရှိ ဘူးလို့ မြင်တယ် ။
ပြီးတော့ သူတို့ ကျောင်းက ကလေးတွေ နဲ့ ကျွန်တော်တို့ ညီလေး ညီမလေးတွေ ကို နှိုင်းယှဉ် ကြည့်မိတယ် ။ ကျွန်တော်တို့ တတွေ က “တို့ဗမာ သာကီမျိုးပေမို့ မညှိုးဂုဏ်တေဇာ” လို့ အော်နေတဲ့ ကြတဲ့ ချိန်မှာ သူတို့တတွေ က တခြားတပါးသူရဲ့ ယဉ်ကျေးမှုတွေ ၊ ဘာသာစကားတွေ စိတ်ဝင်စားနေကြပြီ ။ ကျွန်တော်တို့ တတွေက တခြားနိုင်ငံ က တစ်ယောက်ယောက်က ကိုယ့်နိုင်ငံကောင်းကြောင်းပြော
ငယ်စဉ်ဘဝ တည်းက ကိုယ့်အပြင် ဘယ်သူတွေရှိသေးလဲ ၊ မတူကွဲပြားမှုရဲ့ ရသ ဟာဘာတွေ လဲ စိတ်ဝင်စားလာအောင် လှုံ့ ဆော်ပေးခဲ့ ခြင်းမရှိပဲ နဲ့ အသက်ကြီးကာမှ လစ်ဘရယ်ဒမိုကရေစီတွေ ၊ မတူကွဲပြားမှုကိုတန်ဖိုးထားတာတေ
(ရုပ်ဆိုး)
Image may be NSFW.
Clik here to view.

အရမ်းအတွဲညီတဲ့ကလေး၂ဦး
Image may be NSFW.
Clik here to view.

ပြင်သစ်
Image may be NSFW.
Clik here to view.

မက္ကဆီကန်
Image may be NSFW.
Clik here to view.

ပရိတ်သတ်များ
Image may be NSFW.
Clik here to view.

ဘာကိုဘယ်လိုဖောရမယ်
Image may be NSFW.
Clik here to view.

မမ ဝဝ ထထ က ကို ဂစ်တာတီးပီးဆိုတာ
Image may be NSFW.
Clik here to view.

ကကြီး ခခွေး အိမ်ကိုပြေး
Image may be NSFW.
Clik here to view.

ကျောင်းသူလေးများ
Image may be NSFW.
Clik here to view.

ကျောင်းသူလေးများ
Image may be NSFW.
Clik here to view.

ကျောင်းသူလေးများ
Image may be NSFW.
Clik here to view.

ကလေးတွေ ကျွေးတဲ့ ထမင်း ကို သွားဆွဲ ခဲ့ တာ