Quantcast
Viewing all articles
Browse latest Browse all 1811

မန္တလေး ..ရတနာပုံ မန္တလေး ... ချစ်စရာ့ မန္တလေး

Image may be NSFW.
Clik here to view.




သမီးရေ …. အခု စာမေးပွဲကြီးတွေ ပြီးလို့ ကျောင်းတွေ ပိတ်ကုန်ကြပြီနော် ….အခုဆို သမီး မန်းလေး ရောက်တာ 4 နှစ်ပြည့်သွားပြီပေါ့ ။ ကျောင်းတွေပိတ်တာနဲ့ သမီးက မန်းလေးကနေ လေးလေးတို့ ရှိရာ ရန်ကုန်ကို ဆင်းလာဖို့ သမိးမေမေကို ပူဆာနေတယ် ဆို..။ သမီးက ရန်ကုန်မှာ ရှိတဲ့ ပန်းခြံကြီးတွေ နဲ့ ဘက်စုံ ကစားကွင်းကြီးတွေကို လျှောက်သွားပြီး ဆော့ချင်နေလို့ လေးလေးတို့ ဆီကိုလာချင်နေတယ် မဟုတ်လား ။ သမီးလာမယ်ဆို လာလို့ ရပါတယ်ကွယ် ။ သမီးလာချင်နေတဲ့ ပန်းခြံကြီးနဲ့ ကစားကွင်းကြီးတွေ ရှိတဲ့ ရန်ကုန်က ဘယ်မှ မပြေးပါဘူး ။ အမြဲတမ်းရှိနေမှာပါ ။ လေးလေးကတော့ သမီး ဒီကိုမလာခင် တချက်လောက် မေးချင်သေးသကွဲ့  ။






Image may be NSFW.
Clik here to view.






 သမီးက မန်းလေးကနေ ရန်ကုန်ကို နွေကျောင်းပိတ်တွေရက်မှာ လာလည်ချင်နေတယ် ဆိုတော့ သမီးနေတဲ့ မန်းလေးတစ်ခွင်က စိတ်ဝင်စားစရာကောင်းတဲ့ နေရာတွေကိုရော သမီးစုံစုံစေ့စေ့ သွားရောက် လည်ပတ် ပြီးပြီလားလို့ လေးလေးက မေးချင်တယ်  ။  သမီးကတော့ ပြောမှာပဲ  နန်းတော်ကြီး ၊ မန်းလေးတောင် ၊ မဟာမုနိဘုရားကြီး စတဲ့ လူသွားများတဲ့ နေရာမျိုးတွေကိုရောက်ဖူးတယ်လို့ လေ ။ အဲဒါ မန်းလေးက စိတ်ဝင်စားဖွယ်ကောင်းတဲ့ နေရာတွေ အကုန်မပါသေးဘူး သမီး ။ နောက်ထပ် သွားရောက်လေ့လာစရာ နေရာတွေ အများကြီးကျန်နေသေးတယ် ။ ပြီးတော့ သမီးရောက်ခဲ့တဲ့ နေရာ အကြောင်းကိုရော သမီးက သေသေချာချာ ဂဃနဏ သိရဲ့ လားကွဲ့  ။  ကိုင်း….. ဒီတော့ သမီးရန်ကုန်လာဖို့ ဆုံးဖြတ်ချက် မချခင်လေး သမီးဖတ်ဖို့ ဒီစာကို လေးလေး ရေးလိုက်ပါတယ် ။ ဖတ်ကြည့်အုံးနော် ။



Image may be NSFW.
Clik here to view.




https://www.facebook.com/yannaung.soe.1422/media_set?set=a.458920987464612.102425.100000401452593&type=3   ( မြို့ ထောင့်စေတီများ )





                  အခု လေးလေးက သမီး တို့ မန်းလေးမှာရှိတဲ့ စိတ်ဝင်စားစရာ နေရာတွေ အကြောင်းတွေကို ပြောပြမယ်နော် .။ ပြောမယ့် သာပြောရတယ် အကုန်လုံးကို ခရေစေ့တွင်းကျ မပြောနိုင်လောက်ဘူးထင်တာပါပဲ ။ အဓိက ကတော့ သမီးလွယ်လွယ် သဘောပေါက်နိုင်တဲ့ ပုံစံလေးနဲ့ အရေးကြီးတဲ့ နေရာလေးတွေကိုပဲ ဦးစားပေးပြောပြပါ့မယ် ။ ဒါတောင်မှ ခုနှစ်တွေ နဲ့ အချက်လက်တွေ မပါမဖြစ်ပါနေအုံးမှာ ။ သမီးမှတ်ရင်မမှတ်ပဲ နေလို့ ရတယ် ။ သမီးကြီးလာ အဲဒါတွေ ကို သေသေချာချာ ပြန်ပြီးလေ့လာပေါ့နော် ။ မန်းလေးက စိတ်ဝင်စားစရာကောင်းပြီး သမိုင်းဝင်တဲ့ နေရာလေးတွေကို ပြောရရင် အမရပူရ နန်းတော် ရာဟောင်းကြီး အကြောင်းစပြောမှ အဆင်ပြေမယ်ထင်တယ် ။ အမရပူရ နန်ူးတော်ရာဟောင်းဆိုတာ သမီးတို့ အနေနဲ့ လွယ်လွယ်ကူကူ ထင်ထင်ရှားမမြင်နိုငိလောက်ဘူး ။ နိးစပ်အောင်ပြောရရင် သမီးတို့ ဦးပိန်တံတားကြီးကို ရောက်ဖူးကြတယ် မဟုတ်လား ။ အေး အဲ ဒီ ဦးပိတ်တံတားကြီးကနေပြီး မြောက်ဘက်ကို





Image may be NSFW.
Clik here to view.
အမရပူရ မြို့ ဟောင်း အတွင်းမှ လက်ကျန် အဆောက်ဦးတစ်ခု

အမရပူရ မြို့ ဟောင်း အတွင်းမှ လက်ကျန် အဆောက်ဦးတစ်ခု



ကြည့်လိုက်ရင် ။ စေတီကြီးတွေ လှမ်းပြီး ဖူးရလိမ့်မယ် ။ လှမ်းမြင်နေရတဲ့ နောက်မြောက်ထောင့် အစွန်က ပုထိုးတော်ကြီး စေတီကို ဖယ်ပြီး ဒုတိယမြောက် စေတီကြီးနဲ့  ဟိုး အရှေ့ မြောက်ထောင့်က စေတီကြီးနှစ်ဆူကို သာ လှမ်းမျော်ကြည့်လိုက်   အဲဒီနှစ်ဆူ အကြားဟာ အမရပူရ မြို့ ရိုးရဲ့  တောင်ဘက်မျက်နှာစာ အကျယ်ဝန်းပဲသမီး ။ ပြီးတော့ စောစောက စေတီတွေဟာ မြို့ ထောင့်စေတီတွေ ဖြစ်တယ် ။ ဦးပိန် တံတားကနေမြင်နေရတဲ့ ( ပုထိုးတော်ကြီးကို ချန်ထားပြီး ) အနောက်မြောက်ထောင့်မှာ ရှိတဲ့ စေတီဟာ အမရပူရ နန်းတော်ကြီးရဲ့  အနောက်တောင်တောင့် စေတီဖြစ်ပြီး ရွှေလင်းပင်ဘုရားလို့ ခေါ်တယ် ။ အရှေ့ မြောက်ရပ်မှာ မြင်နေရတဲ့ စေတီကတော့ အမရပူရ နန်းတော် ကြီးရဲ့  အရှေ့ တောင်ထောင့် စေတီဖြစ်ပြီး ရွေစံကားဘုရားလို့ ခေါ်တယ် သမီး ။ အဲဒီလိုပဲ နန်းတော်ကြီးရဲ့  အနောက်မြောက်ထောင့် မှာ ဆင်ကြိုရွှေဂူဘုရားနဲ့ အရှေ့ မြောက်ထောင့် မှာ ရွှေကွန်အုပ် ဘုရားဆိုပြီး ရှိသေးတယ် ။ အဲဒီဘုရားလေးဆူဟာ အမရပူရ နန်းတော်ကို စတင် ထည်ထောင်ခဲ့ တဲ့ ဘိုးတော်ဘရား လက်ထက်မှာ နန်းတော်နဲ့ တစ်ပြိုင်တည်းလို လို တည်ခဲ့ တာတဲ့ သမီးရေ ။ အမရပူရ နန်းတော် ကြီးကို ဗဒုံမင်းလိုပ ခေးတဲ့ ဘိုးတော်ဘုရားက 1783 ခုနှစ်မှာတည်ထောင်ခဲ့တယ် ။ နန်းတော် မြေနေရာနဲ့ တည်ဆောက်အချိန် လေးလကျော်ကျော်လောက်ပဲ ကြာတယ်လို့ မှတ်သားရဖူးတယ် ။ အမရပူရ ဆိုတာ ပါဠိလို ဖြစ်ပြီး မသေမြို့  ၊ မသေသူတို့ ရဲ့မြို့ လို့ အဓိပ္ပါယ်ရတယ်တဲ့ သမီးရေ ။



Image may be NSFW.
Clik here to view.
အမရပူရ အရှေ့ တောင်ထောင့် ကျုံး နှင့် မြို့ ထောင့်စေတီ ရွှေစံကား ..

အမရပူရ အရှေ့ တောင်ထောင့် ကျုံး နှင့် မြို့ ထောင့်စေတီ ရွှေစံကား ..



                 နန်းတော်ရာဟောင်း ကြီးထဲ ကို ၀င်ကြည့်ရင်တော့ ဘာမှ တွေ တွေ ထူးထူး မရှိတော့ ဘူးကွယ် ။ နန်းမြင့် မျော်စင် အစိတ်ပိုင်းဆိုပြီးပြောနေကြတဲ့ အဆောက်အုံပျက်ကြီးရယ် ကြေးတိုက်ဟောင်းကြီးရယ်ပဲ မြင်တော့ တယ် ။ မဲနယ်စက်ရုံတို့ ဘာတို့တော့ ရှိသေးတယ်လို့ ပြောတယ် ။ ပြီးတော့် ဘိုးတော်ဘုရားရဲ့ အုတ်ဂူလည်း ရှိသေးတယ်တဲ့ ။ ကျုံးဟောင်းကြီးတွေကတော့ တချို့ နေရာတွေ မှာ ကောကုန်ပါပြီ ။ မကောဘဲ ကျန်နေတဲ့ နေရာတွေမှာဆိုလည်း နီးနားမှာ နေတဲ့ လူတွေက အမှိုက်တွေ သွန်ချထားလိုက်တာ တောင်ပုံရာပုံပါပဲ ။ ကျုံးဟောင်းကြီးကို ထင်ထင်ရှားရှားမြင်ချင်ရင်တော့ ကျုးံရဲ့ အရှေ့ ဘက်မျက်နှာကို သွားကြည့်ရလိမ့် မယ်သမီး ။ အော် ပြောဖို့ ကျန်နေသေးတယ် ။ အဲဒီ မြို့ ဟောင်းကြီးထဲကို သွားရောက် အလည်ပတ်ဖို့ အလွယ်ကူဆုံး ညွှန်ပြရရင် မန်းလေးဈေးချို နာရီစင်ကြီးရှိတဲ့ 84 လမ်းအတိုင်း တောင်ဘက်တည့်တည့် ကိုသာ သွားလိုက် ။ ဆက်သွားရင်းနဲ့ ဘုရားကြီး အနောက်ဘက် တန်စောင်းကိုကျော်ပြီး မြို့ ဟောင်းလို့ခေါ်နေကြတဲ့ အမရပူရ လူနေရပ်ကွက်တွေ ကို ဖြတ် ၊ ပြီးတော့မှ နောက်ဆုံး ကောနေပြီ ဖြစ်တဲ့ မြောက်ဘက်မြို့ ရိုး မျက်နှာစာကို ရောက်ပါ ပါလိမ့်မယ် ။ အဲဒီနေရာကို သမီးဖေဖေ အားတဲ့ ရက်တွေ မှာ လိုက်ပို့ခိုင်းပေါ့ နော် ။



Image may be NSFW.
Clik here to view.
အမရပူရ မြို့ တွင်းလမ်းနှင့် လူနေရပ်ကွက် ..

အမရပူရ မြို့ တွင်းလမ်းနှင့် လူနေရပ်ကွက် ..



                တောင်သမန်အင်းက ဦးပိန်တံတားကိုတော့ သမီးတို့ မကြာခဏဆို သလို ဆရောက်ဖူးမှာပေါ့ ။ ဒါပေမယ့် အဲဒီတံတားကြီးကို ဘယ်အချိန် ၊ ဘယ်အခါ ၊ ဘယ်သူက တည်ဆောက်ခဲ့တယ်လို့ သမီးသိရဲ့ လား ။ တကယ်တော့ အဲဒီတံတားကြီးကို ပုဂံမင်းလက်ထက် စောစောက ပြောခဲ့တဲ့ အမရပူရမြို့ တော်ကြီး တည်ရှိနေတဲ့အချိန်မှာ ပုဂံမင်းမြှောက်စားထားတဲ့ မြို့ ဝန် ဘိုင်ဆပ်ရဲ့   မြို့ စာရေး မောင်ပိန်ဆိုတဲ့ သူက ဆောက်ခဲ့ တာကွဲ့  ။ ပုဂံမင်းဆိုတာက မင်းတုန်းမင်းကြီးရဲ့  ဖအေတူ မအေကွဲ အစ်ကိုပေါ့ ။ အဲဒီ ပုဂံမင်းက ကုန်းဘောင်ခေတ်မင်းတွေထဲ မှာတော့ တော်တော်လေး အရည်ချင်းညံ့ဖျင်းပုံရတယ် သမီး ။ လေးလေး ဖတ်ဖူးတဲ့ စာတွေ ထဲ မှာတော့ သူ့အကြောင်း ကောင်းတာကို ရေးထားတာ သိပ်မတွေ့ ရဘူး ။ သူလက်ထက်မှာ ဒီတံတားကို ဆောက်လုပ်ခဲ့တဲ့သူလို လူမျိုးခြားတွေ ကြီးစိုးခဲ့လို့ ပြည်သူတွေ တော်တော် နစ်နာ ဆုံးရှုံးခဲ့ ရတယ်လို့ ဆိုတယ်ကွဲ့  ။ အခု ဒီသစ်သား တံတားကြီး ကိုဆောက်လုပ်ခဲ့တာလည်းကြည့်အုံး ။ မင်းအမိန့် ပါလား မပါသလားတော့ မသိဘူး ။ အင်းဝမြို့ ဟောင်းက နန်းတော်တော်တိုင်တွေ နဲ့ စစ်ကိုင်းမြို့ နန်းတော်ဟောင်းက နန်းတော်တိုင်တွေကို အသုံးပြုပြီးဆောက်ခဲ့တာလို့ စာတွေထဲ မှာဖတ်ရတာပါပဲ ။





Image may be NSFW.
Clik here to view.
တောင်သမန်အင်းက ဦးပိန်တံတား ..

တောင်သမန်အင်းက ဦးပိန်တံတား ..



။ ဒီတံတားနဲ့ ဆောက်လုပ်တာနဲ့ ပက်သက်ပြီး တံတားဆောက်လုပ်သူရဲ့  ရည်ရွယ်ချက်ကို နှောင်းခေတ်သုတေသီတွေက အထင်ကြေး အမျိုးမျိုးပေးပြီးရေးသားကြတာကိုလည်း ဖတ်ရဖူးတယ် သမီး ။ ဘယ်လိုဘဲ ဖြစ်ဖြစ်ပေါ့ သမီးရယ် အဲ ဒီတုန်းက ဒီတံတားကြီးဆောက်ခဲ့ လို့လည်း အခုချိန်မှာ သမီးတို့ လေးလေးတို့ လေ့လာကြည့် ရှုခွင့် ရနေကြတယ် မဟုတ်လား ။ ဒီတံတားကြီးကို 1851 ခုနှစ်မှာ ဆောက်လုပ်ပြီးစီးပြီး မူလ တံတား တိုင်ပေါင်း 984 တိုင် ရှိတယ်လို့ စာထဲမှာ မှတ်ရဖူးတယ် သမီးရေ ။



Image may be NSFW.
Clik here to view.
မန္တလေး မဟာမုနိဘုရားကြီး ...

မန္တလေး မဟာမုနိဘုရားကြီး ...





                       အခု သမီးရောက်ဖူးပြီးသားဖြစ်တဲ့ မဟာမုနိ ဘုရားကြီး အကြောင်းပြောရအောင် ။ စကားမစပ် သမီးရေ .. ဒီဘုရားကြီးကို တချို့ လူတွေ တော်တော် များများ နဲ့ သီချင်းတို့ စာပေတို့ မှာ မဟာမြတ်မုနိ ဘုရားကြီးလို့ “ မြတ်” တစ်လုံးပိုထည့်ပြီး ခေါ်ဝေါ်သုံးစွဲနေကြတာကို တွေ့ တွေ့ နေရတယ် ။ တကယ်တော့ ဘုရားကြီးရဲ့ ဘွဲ့ တော်က မဟာမုနိရုပ်ရှင်တော် ပါတဲ့ ။ မြတ် ဆိုတဲ့ စာလုံးမပါဘူးသမီး ။ ဘုရားကြီးရဲ့ အရှေ့ မုဒ်က ဆိုင်းဘုတ်ကြီးမှာကြီးမှာလည်း မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး ဆိုပြီးရေးထားတာကို တွေ့ ရလိမ့်မယ် ။ ကဲ  ထားပါတော့  ဒီဘုရားကြီးရဲ့ သမိုင်းကြောင်းကိုရော သမီးသေသေချာချာ သိရဲ့ လား ။ တကယ်တော့ ဒီရုပ်ပွားတော်ကြီးရဲ့ မူလ နေရာဟာ လက်ရှိနေရာဖြစ်တဲ့ ဒီမန်းလေး မြို့ ကြီးမဟုတ်ဘူးကွဲ့  ။ ရခိုင်ဒေသက ဖြစ်တယ် ။ စောစောက ပြောခဲ့ တဲ့ အမရပူရ မြို့ ကို စတင်တည်တောင်ခဲ့ တဲ့ ဗဒုံမင်း ခေါ် ဘိုးတော်ဘုရားရဲ့  သားတော် ရွှေတောင်မင်းက ရခိုင်ကို တိုက်ခိုက်အောင်မြင်ပြီး ဒီရုပ်ပွားတော်ကြီးကို စစ်န်ုင်ခြင်း အထိမ်းအမှတ်နဲ့ ဒီမန္တလေးမြို့ ကြီးကိုသယ်ခဲ့ တာကွဲ့  ။ ဒီဘုရာကြီးဟာ တန်ခိုးကြီးတဲ့ ရုပ်ပွားတော် တစ်ဆူ ဖြစ်တော့ တောင်အသွယ်သွယ် တောအထပ်ထပ် ကာဆီးနေတဲ့ အကြားက ပင်ပန်းကြီးစွာနဲ့ လက်ရှိနေရာကို ရောက်အောင် ပင့်ဆောင်ခဲ့ ကြတယ် ။ မဟာမုနိ ရုပ်ပွားတော်ကြီးကို 1748 ခုနှစ် မတ်လ မှာ စတင်သယ်ယူခဲ့ တာ အဲဒီနှစ် မေလအတွင်းမှာ မှ မန်းလေးမြို့ ကို ဆိုက်ရောက်ပါတယ်တဲ့ ။ 3 လလောက်ကြာတာပေါ့ကွယ် ။       



Image may be NSFW.
Clik here to view.
မဟာမုနိ ဘုရားကြီးနောက်မှာ ရှိတဲ့ ကြေးရုပ်ကြီးများ ...

မဟာမုနိ ဘုရားကြီးနောက်မှာ ရှိတဲ့ ကြေးရုပ်ကြီးများ ...



မှ မန်းလေးမြို့ ကို ဆိုက်ရောက်ပါတယ်တဲ့ ။ 3 လလောက်ကြာတာပေါ့ကွယ် ။         

                    သမီးတို့  ဘုရားကြီးကို သွားရောက်ဖူးမျော်ပြီးတဲ့ အခါ ဘုရားကြီးရဲ့  နောက်ဘက်မှာ ကြေးရုပ်ကြီးတွေ တွေ့ ရတယ် မဟှတ်လား ။ အဲဒီကြေးရုပ်ကြီးတွေ ကို ဘုရားဖူးလာတဲ့ သူတွေက သူတို့ ယုံကြည်မှုနဲ့ သူတို့ အမျိုးမျိုးပွတ်သပ်ပြီး ဆုတောင်းနေကြတာ သမီးတွေ့ ဖူးမှာပေါ့ ။ တကယ်တော့ အဲကြီးကြေးရုပ်ကြီးတွေဟာ ဒီမဟာမုနိ ဘုရားကြီးကို ပင့်ဆောင်လာစဉ်ကတည်းက တစ်ပါတည် ယူလာခဲ့ တာဖြစ်တယ်ကွဲ့  ။ အဲဒီကြေးရုပ်တွေ မှာလည်း ရှည်လျှားတဲ့ သမိုင်းကြောင်းတွေ ရှိနေခဲ့တယ် သမီးရေ ။ ဒီကြေးရုပ်ကြီးတွေ ရဲ့ မူလနေရာက ကမ္ဘောဒီးယားနိုင်ငံကဖြစ်တယ်လို့ ဆိုတယ် ။ လက်ရာကလည်း ခမာလူမျိုးတွေ ရဲ့ ယာဉ်ကျေးမှုလက်ရာဖြစ်တယ်တဲ့ ။ 1431 ခုနှစ်မှာ ယိုးဒယားတွေက ကမ္ဘောဒီးယားကို စစ်ပြုပြီး တိုက်ခိုက် အောင်မြင်တော့ အဲဒီကြေးရုပ်ကြီးတွေကို သူတို့ နိုင်ငံအထိ သယ်ယူခဲ့တယ် ။ တစ်ခါ ဒုတိယ မြန်မာနိုင်ငံကို ထည်ထောင်ခဲ့တဲ့ ဘုရင့်နောင်မင်းတရားကြီးက 1564 ခုနှစ်မှာ ယိုးဒယားကို စစ်နိုင်တော့ အဲဒီကြေးရုပ်တွေ ကိုသူ့နေပြည်တော်ဖြစ်တဲ့ ပဲခူးက ကမ္ဘောဇသာဒီနန်းတော်ကြီးဆီ သယ်ယူခဲ့ ပြန်ရောကွဲ့  ။ ဘုရင်နောင် မင်းတရာကြီး ကွယ်လွန်ပြီးတဲ့နောက် နန်းတတ်လာတဲ့ နန္ဒဘုရင်လက်ထက်မှာ တောင်ငူဘုရင်နဲ့ ရခိုင်ဘုရင်တို့ ပေါင်းပြီး ပဲခူးကို လုပ်ကြံအောင်မြင်တဲ့ 1600 ခုနှစ်မှာ အဲဒီကြေးရုပ်ပါတွေကိုပါ စစ်နိုင်တဲ့ အထိမ်းမှတ်နဲ့ ဝေစုခွဲပြီး ရခိုင်ကို တစ်ဝက်နဲ့ တောင်ငူကို တစ်ဝက် သယ်သွားပြန်တယ် ။ နောက်ဆုံး အမရပူရ ခေတ်  1784 ? ခုနှစ်မှာ ဘိုးတော်ဘုရားရဲ့ သားတော် အိမ်ရှေ့ မင်း ( ရွှေတောင်မင်းသား ) က ရခိုင်ကို တိုက်ခိုက် အောင်မြင်တော့ မဟာမုနိ ဘုရားကြီးနဲ့ အတူ ဒီကြေးရုပ်ကြီးတွေ ပါလာခဲ့တာပဲကွဲ့ ။ ဒါကြောင့် ဒီကြေးရုပ်ကြီးတွေကို သေသေချာချာ သိမ်းထားပြီး အများပြည်သူ ကြည့်ရှု လေ့လာနိုင်အောင်ပြသထားသင့်တယ်လို့ လေးလေးကတော့ ထင်တယ် ။

                   အခုက ရူးကြောင်မူးကြောင်အယူဆတွေ နဲ့ ဒီကြေးရုပ်ကြီးတွေ ကို ကိုယ်ထိလက်ရောက်ပွတ်သပ်ပြီး ဆုတောင်းနေကြတာဖြင့် လေးလေးကတော့ လုံးဝ သဘောမကျဘူးကွယ် ။ အဲဒီလို ပွတ်ဖန်များလာရင် အချိန်တွေ ကြာလာတာနဲ့ အမျှ ပါးပြီး ပေါက်သွားနိုင်တာပဲလေ ။ တကယ်တော့ သမီးရေ ရှေးဟောင်းယာဉ်ကျေးမှု လက်ရာ ပစ္စည်းတွေ ဆိုတာ ကိုယ့်နိုင်ငံကယဉ်ကျေးမှု လက်ရာမဟုတ်ရင်တောင်မှ လေးစားတန်ဖိုးထားကြရမယ် နော် ။ ပြီးတော့ မပျောက်ပျက်အောင်လည်း ထိန်းသိမ်းတတ်ရမယ်ကွဲ့  ။ အနောက်နိုင်ငံတွေ မှာ ရှိတဲ့ နာမည်ကြီးပြတိုက်ကြီးတွေ မှာ ဆိုရင် လေးလေးတိုပ မြန်မာနိုင်ငံက နေပြီး အကြောင်း အမျိုးမျိုးနဲ့ ရောက်သွားကြတဲ့ ရှေးဟောင်းပစ္စည်းတွေကို အထူတလည် တန်ဖိုးထားပြီး ပြသထားကြတယ်တဲ့ ။





Image may be NSFW.
Clik here to view.
မန္တလေးတောင် ...

မန္တလေးတောင် ...



                             ကဲ ဒီတစ်ခါ မန်းလေးမြို့ တွင်းဘက်ကို လှည့်ကြရအောင် ။ မန်းလေးကို ရောက်လာသူတိုင်းဟာ မန်းလေး တောင်တော်ကြီးဆီကို တက်ရောက်ပြီး ဘုရားတွေ ဖူးလေ့ရှိတယ် ။ သမီးတို့ လည်းရောက်ဖူးမှာပေါ့ ။ တကယ်တော့ မန်းလေးတောင်ဟာ မင်းတုန်းမင်းကြီးတည်ခဲ့တဲ့ မန်းလေးက မြနန်းစံကျော်ရွှေနန်းတော်ကြီးနဲ့လည်း သမိုင်းကြောင်းအရ ဆက်စပ်လျှက်ရှိတယ် ကွဲ့ ။ မင်းတုန်းမင်းကြီးဟာ အမရပူရ နန်းတော်မှာ နန်းစံနေတဲ့ သူ့ နောင်တော် ပုဂံမင်းကို နန်းချပြီး အမရပူရမြို့ မှာပဲ နန်းတက်ခဲ့ တယ် ။ သမိုင်းဆရာတွေ အဆိုရ သူထီးနန်းကို လုယူစဉ်မှာ အသက်တွေမြောက်များစွာနဲ့ ရင်းခဲ့ ရတယ်လို့ ဆိုတယ် ။ အဲဒီတော့ အနိဌာရုံတွေ ဖြစ်ခဲ့ရတဲ့ အမရပူရ နန်းတော်ကြီးမှာ ဆက်ပြီး စံမနေချင်တော့ တာမို့ နန်းသစ် တည်ဖို့ စိတ်ကူးပေါ်ခဲ့တယ်လို့ ဆိုတယ် ။ သမီးရေ ..လေးလေး တို့ နိုင်ငံမှာ အုပ်ချုပ်သူမင်းလုပ်တဲ့သူတွေက မြို့ သစ်နန်းသစ် တည်တာ တော်တော် ၀ါသနာပါပုံရတယ်နော် ။ အခုထိလည်း တည်နေကြတုန်းပဲ ။ ကဲထားပါတော့  …. အဲဒီလို နန်းသစ်တည်ဖို့ စိတ်ကူးရှိတော့ ရှေးက ထုံးစံအတိုင်း တဘောင်တွေ ရာဇ၀င်တွေ တီထွင်ကြရတယ် ထင်ပါ့ ။  အသက်ကလေးရယ်တဲ့ ရည်စေလို မန်းတောင်ရိပ်ကို ခို ..ဆိုတဲ့ တဘောင် မျိုးတွေ ..။ ပြီးတော့ မန်းလေးတောင်ပေါ်မှာ မင်းတုန်းမင်း အရင်ဘ၀က ဘီလူးမဖြစ်ခဲ့ ပြီး ဘုရားရှင်က အဲဒီတောင်ကို ကြွရောက်လာတော့ တောင်ပေါ်မှာ နေတဲ့ (နောက်ဖြစ်လာမယ့် ဘ၀တစ်ခုမှာ မင်းတုန်းမင်းဖြစ်လာမယ့်) ဘီလူးမက သူ့ ရဲ့ သားမြတ်အစုံကို လှူခဲ့တယ်တဲ့ ။ ( မန်းလေးတောင်ပေါ်မှာရှိတဲ့ ဈေးဆိုင်တန်းနားက စေတီလေးမှာ စန္ဒမုခိဘီလူးမက သူ့လက်ထဲ သားမြတ်အစုံ ကိုင်ပြီး ဘုရားကိုလှူနေဟန်ရုပ်ထုရှိတယ် )  အဲဒီအခါမှာ ဘုရားရှင်က အသင်ဘီလူးမ ..သင်ဟာ နောက်ဖြစ်လာမယ့် ဘ၀တစ်ခုမှာ ဒီတောင်ခြေရင်း ( အခုလက်ရှိ မန်းလေးနန်းတော် တည်ရှိနေတဲ့ နေရာ ) မှာ သာသနာကို ချီးမြှင့်မြှောက်စားမယ့် မင်းကောင်းမင်းမြတ်တစ်ပါး ဖြစ်လာလိမ့်မယ်လို့ ဗျာဒိတ်ပေးသတဲ့ ။



Image may be NSFW.
Clik here to view.
အသစ် ပြန်လည် တည်ဆောက်ထားတဲ့ မန္တလေး နန်းတော်

အသစ် ပြန်လည် တည်ဆောက်ထားတဲ့ မန္တလေး နန်းတော်



                     အဲဒီတော့ သမီးရေ …မင်းတုန်းမင်းကြီးဟာ မန္တလေး လွင်ပြင်ကြီးမှာ နန်းတော် အသစ် တည်ဆောက်ဖို့ သက်သေအထောင့်ထား အခိုင်အလုံ ရသွားပြီလို့ ဆိုရမှာပေါ့ကွယ် ။ အဲဒါနဲ့  1856 ခုနှစ်မှာ နန်းတော် အသစ်တည်ဆောက်ဖို့ အမိန့် စတင်ထုတ်ပြန်ပြီး 1859 ခုနှစ်ရောက်မှာမှ နန်းသိမ်းပွဲ ကျင်းပနိုင်ခဲ့ သတဲ့ ။ တကယ်တော့ မင်းတုန်းမင်းတည်ဆောက်ခဲ့ တဲ့ နန်းတော်ကြီးဟာ သီပေါမင်းပါတော်မူတဲ့ အချိန်ထိ 26 နှစ်ပဲ ဘုရင့်စံမြန်းရာ နန်းတော် ဖြစ်ခဲ့ တာ ။ သမီးတို့ အခု မြင်နေရတာ မူရင်းနန်းတော်ကြီးမဟုတ်ဘူးနော် ..။ အရင်မူလ လက်ရာက ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း ဂျပန်တွေ ဗုံးကြဲလို့ ပျက်စီးသွားပြီကွဲ့ ။ လက်ရှိမြင်နေရတဲ့ ပုံစံက 1996 ခုနှစ် တတ်မတော် အစိုးရ လက်ထက် မှာမှ ပြန်လည်ဆောက်လုပ် ပြီးစီးခဲ့တာ ။ သိပ်မကြာသေးဘူး ။ ပုံစံအားဖြင့်သာ အရင်ပုံစံဖြစ် မှတ်သားရနိုင်ပေမယ့်  အနုအစိတ်လက်ရာ အနေနဲ့ကတော့ ဘယ်လိုမှ မတူနိုင်ဘူး သမီးရေ ။ မန်းလေး မြို့ ရိုးကြီးနဲ့ ကျုံးကြီးကို မြင်လိုက်ရရင် သမီးကတော့ ဘယ်လို နေလဲ မသိဘူး ။ လေးလေ ပထမဆုံး မြင်ဖူးလိုက်တဲ့ အခါတုန်းကဆိုရင် ၀မ်းနည်း သလိုလို ကြည်နူးသလိုလိုနဲ့ စိတ်ထဲမှာတော့ ဘယ်လိုကြီးမှန်းလည်း မသိဘူး ။ အရင်တုန်းက မန်းလေး ကျုံးကြီးနဲ့ မြို့ ရိုးပုံတွေကို မြင်ခဲ့ရတာလည်း သူအနေထားနဲ့ သူ ကြက်သရေရှိလှသလို အခု လက်တွေ့မြင်ရတဲ့ အခါမှာလည်း ခန့်ညားထည်ဝါစွာနဲ့ လှပနေတာပဲ ။ ဒါနဲ့.. လေးထောင့်ပုံစံရှိနေတဲ့ အပြင်မြို့ ရိုးပုံရဲ့  တစ်မျက်နှာ အတိုင်းအတာ ဘယ်လောက်ရှိတယ်လို့ သမီးထင်လဲ ။ လေးလေးကတော့ အရင်က သူများတွေ ပြောစကားအရ တစ်မျက်နှာကို နှစ်မိုင် ရှိတယ်လို့ လက်ခံထားတာ ။ တစ်ကယ်တော့ တစ်မျက်နှာကို 2216 ကိုက် ရှိတယ်တဲ့ ။  တနည်းအားဖြင့် 1 မိုင်နဲ့ 2 ဖာလုံ ကျော်ကျော်လေး  ရှိမှာပေါ့ကွယ် ။ ကျုံး ပတ်ပတ်လည် ဆိုရင်တော့ 5 မိုင်နဲ့ 1 ဖယလုံပေါ့ ။



Image may be NSFW.
Clik here to view.
မန္တလေး နန်းတော် အတွင်းမှ မူလလက်ရာ အဆောက်အဦ တစ်ခု

မန္တလေး နန်းတော် အတွင်းမှ မူလလက်ရာ အဆောက်အဦ တစ်ခု



               သမီးက အခု လက်ရှိ မြင်နေရတဲ့ နန်းတော်ကြီးကို မူလလက်ရာ မဟုတ်ဘူးလို့ သိလိုက်ရတော့ စိတ်ထဲ သိပ်ပြီး ဘ၀င် မကျချင်တော့ဘူးထင်တယ် ။ စိတ်ထဲမှာလည်း အရင်မူလ အနုစိတ်လက်ရာ တွေကို မြင်ချင်တဲ့ ဆန္ဒတွေ ဖြစ်ပေါ်နေမှာပေါ့ ။ ကိုင်း ..ဒါဖြင့်ရင် နန်းတော်ကြီးရဲ့ အပြင်ဘက် အရှေ့ မြောက်ရပ်မှာ ရှိတဲ့ ရွှေကျောင်းကြီးဆီကို သွားရမယ်သမီး ။ အဲဒီကျောင်းကြီးကို မြင်ရင် သမီးမြင်ချင်တဲ့ မင်းတုန်းမင်းတည်ဆောက်ခဲ့တဲ့ နန်းတော် စိတ်ပိုင်းကြီးတစ်ခုကို မြင်တွေ့ ရလိမ့်မယ် ။ သမီးနားရှုပ်သွားပြီထင်တယ် ။ ရွှေကျောင်းကြီးလို့ လည်းဆိုသေး ၊ ပြီးတော့ နန်းတော်ကြီးရဲ့ စိတ်ပိုင်းဖြစ်တယ်လို့လည်း ပြောသေးဆိုတော့ ။ ဒီလို သမီးရဲ့  အဲဒီ အဆောက်အုံကြီးဟာ တကယ်တော့ မင်းတုန်းမင်းရဲ့  နန်းတွင်းက ဆောင်တော် တစ်ခုပါတဲ့ ။ မင်းတုန်းမင်းကြီးဟာ အဲဒီ နန်းတော် ဆောင်မှာပဲ နတ်ရွာစံသွားရှာတာ..။ ဒီတော့ နောက်နန်းတက်လာတဲ့ သူ့သားတော် သီပေါမင်းက ဖခမည်းတော်



Image may be NSFW.
Clik here to view.
ရွှေကျောင်းကြီး

ရွှေကျောင်းကြီး



နောက်ဆုံးအသက်ထွက်သွားတဲ့ အဆောင်တော်ကို အထွဋ်မြထ်ပြုချင်တာနဲ့ နန်းတော် အပြင်ဘက်ကို သယ်ပြီး ဘုန်းကြီးကျောင်းအဖြစ်ပြောင်းလဲလှူလိုက်တာကွဲ့  ။ အဲဒါကြောင့် ရွှေကျောင်းကြီးလို့ခေါ်ကြတာဖြစ်တယ် ။ နာမည်နဲ့ လည်း လိုက်ပါတယ် ။ သစ်သားပန်းပု အနုစိတ်လက်ရာတွေ နဲ့ ရွှေရောင်တွေက တောက်လို့ ပြာင်လို့..။ အခုတောင်မှ ရွှေရောင်လေးတွေ မှိန်မှိန်လေးနဲ့ ကျန်နေသေးတာ ..။ အရင်ကဆိုရင်တော့ လှပ တင့်တယ်လိုက်မယ့် ဖြစ်ခြင်း ။ ရွှေကျောင်းကြီးမှာ ကိန်းဝပ်နေတဲ့ ထိုင်တော်မူရုပ်ပွားတော် ဆိုရင်လည်း သားတော် သီိပေါမင်းက ခမည်းတော် မင်းတုန်းမင်းကြီးရဲ့  အ၀တ်စားတွေ ကို ပြာချပြီးမှ တခြားသတ္တု တွေ နဲ့ရောပြိး ထုလုပ်ခဲ့တာဖြစ်တယ်လို့ လေးေးလး မှတ်သားရဖူးပါတယ် ။ ရွှေကျောင်းကြီးကို ရောက်ရင်တော့ သမီးသေသေချာချာ လေ့လာခဲ့ပေတော့ ။ အဲဒါ မူလနန်းတော် အစိတ်ပိုင်း စစ်စစ်ပါပဲ ။



Image may be NSFW.
Clik here to view.
ရွှေကျောင်းကြီး

ရွှေကျောင်းကြီး



                       ကဲသမီးရေ …စာလည်းတော်တော် ရှည်သွားပြီ  ..နောက်မှ ဆက်ပြီး ပြောကြတာပေါ့ နော် ..။ တကယ်ဆို နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတဲ့ နေရာတွေ မန်းလေးမြို့ ဝန်းကျင်မှာ အများကြီးကျန်နေသေးတယ်ကွဲ့  ။ မန်းလေး မြို့ ဟာ ရာသီဥတု နဲနဲပြင်းထန်တာက လွဲလို့ နေလို့ ထိုင်လို့ ကောင်းတဲ့ မြို့ ကြီးတစ်မြို့ ဖြစ်တယ် သမီးရေ ။ ရန်ကုန်မြို့ ကြီးနဲ့ စာရင် မွန်းကျပ်မှု နည်းပါးပြီး သွားရေး လာရေးလည်း ပိုအဆင်ပြေတယ် ။ ပြီးတော့ ဒေသခံလူတွေ ကလည်း ခင်မင်ဖော်ရွေပြီး ရိုင်းပင်းကူညီတတ်ကြတယ် ။ ဒေသခံဆိုတာ မြန်မာ တိုင်းရင်သားစစ်စစ်တွေ ကို ပြောတာနော် ။ အဲဒီဒေသခံဆိုတာတွေ ကလည်း မြို့ လယ်နားဝန်းကျင်မှာထက် မြို့ ပြင်ကရပ်ကွက်တွေ မှာပိုပြီးတွေ့ ရများတာကိုတော့ စိတ်မကောင်းဖြစ်မိတယ် ။ တကယ်တော့ မန်းလေးမြို့ ဆိုတာဟာ တို့နိုင်ငံရဲ့  ယဉ်ကျေးမှုမြို့ တော်လို့ သပ်မှတ်ထား သလို မြန်မာတစ်နိုင်ငံလုံးရဲ့  အသည်းနုလုံးလို့ ပြောရင်လည်း မမှားပါဘူး သမီး ။ အဲလိုသပ်မှတ်ထားတဲ့ မြို့ တော်ကြီးမှာ တို့ လူမျိုးတွေရဲ့  ယဉ်ကျေးမှု အငွေ့ သက်လေးတွေ ကြာရှည်စွာ တည်တံ့မနေပဲ ကွယ်ပျောက်သွားမျာကိုတော့ လေးလေးကတော့ စိုးရိမ်မိတယ် သမီးရေ ။



                                                                                                                    ( လေးလေး )
https://www.facebook.com/notes/yannaung-soe/%E1%80%99%E1%82%8F%E1%81%B1%E1%80%B1%E1%80%9C%E1%80%B8-%E1%80%9B%E1%80%90%E1%80%94%E1%80%AC%E1%80%95%E1%80%B6%E1%80%AF-%E1%80%99%E1%82%8F%E1%81%B1%E1%80%B1%E1%80%9C%E1%80%B8-%E1%80%81%E1%80%BA%E1%80%85%E1%80%B9%E1%80%85%E1%80%9B%E1%80%AC%E1%80%B7-%E1%80%99%E1%82%8F%E1%81%B1%E1%80%B1%E1%80%9C%E1%80%B8-/715247021832006 မှကူးယူဖော်ပြပါသည်။

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>