Quantcast
Viewing all articles
Browse latest Browse all 1811

စစ်သားဆိုတာ ....

 Image may be NSFW.
Clik here to view.
ပွဲကိုလာကြည့်တဲ့ အဘွားအရွယ် ဆရာမကြီး နှစ်ယောက်က ကျနော့်ကိုပြောတယ်.... "မင်းရဲ့အက က အရမ်းကို ကြည့်လို့ကောင်းတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အကပဲ ... ငါတို့ တစ်ခါမှ အဲလို ပျော်ရွှင်စရာကောင်းတဲ့ ချစ်စရာကောင်းတဲ့ အကမျိုး မကြည့်ဖူးဘူး မမြင်ဖူးဘူး... အဲဒါဘယ်လိုအကမျိုးလဲ... ယောက်ျားလေးအကလား... မိန်းကလေးအကလား.... ဘယ်နိုင်ငံကလာတာလဲ... ဘာလူမျိုးလဲ" တဲ့...  ကျနော်လည်း ကိုယ်သိသလောက်နဲ့ တတ်သလောက်ပြန်ပြောခဲ့ပါတယ် ...  "ကျနော်က မြန်မာနိုင်ငံကပါ ကျနော်တို့နိုင်ငံမှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း ဆိုတဲ့ လူမျိုးကြီး(၈) မျိုးအတူတကွနေထိုင်လျက်ရှိပါတယ်... လူမျိုးတိုင်းမှာ သူ့ယဉ်ကျေးမှုကိုယ်စီ၊ ဘာသာစကားကိုယ်စီရှိပါတယ်... ကျနော်ကတော့ ဗမာလူမျိုးပါ... ကျနော်ကသွားတဲ့အက က ဗမာလူမျိုးအကတွေထဲက သူငယ်တော်အကလို့ ခေါ်ပါတယ်... ယောက်ျားလေးနေနေ မိန်းကလေးနေနေကလို့ရပါတယ်.... ကလေးလေးအကပေါ့ဗျာ.... အဲဒါကြောင့် ကျနော့်ပုံက ကလေးလေးတစ်ယောက်လို ပျော်ရွှင်ပြီး အရမ်းချစ်စရာကောင်းနေတာပေါ့.... ကျနော်တို့ ဗမာလူမျိုးတွေမှာ နောက်ထပ်စိတ်ဝင်စားစရာအကတွေအများကြီးရှိသေးတယ်... သင်္ကြန်အက... ရေကစားတဲ့ပွဲနှစ်သစ်ကူးပွဲမှာကတဲ့အကမျိုးပေါ့... ၊ မင်းသားအက၊မင်းသမီးအက၊ အပျိုတော်အက... ယောက်ျားမယူရသေးတဲ့ မိန်းကလေးတွေ ကတဲ့ အကမျိုးပေါ့..... အဲဒီအကတွေအပြင် ဘီလူးအကတွေတောင်ရှိပါသေးတယ်.. ဘီလူးအကဆိုတာကတော့ ရုပ်ဆိုးဆိုးနဲ့ ကြောက်စရာကောင်းတဲ့ တန်ခိုးရှင်မျိုးပေါ့... နောက် တခြားလူမျိုး (၇)မျိုးမှာလည်း သူတို့လူမျိုးအလိုက် စိတ်ဝင်စားစရာကောင်းတဲ့အကတွေအများကြီးရှိပါတယ်...." စသဖြင့်ပေါ့ ...  စကားတွေပြောပြီးနောက်ဆုံးမှာ အမှတ်တရဓါတ်ပုံလေးရိုက်တဲ့အခါ ကျနော်ကသူငယ်တော်ပုံစံလေးလို စတိုင်ပေးတော့... အပျော်တွေကူးစက်သွားတယ်ထင်ပါ့ရဲ့.... လမ်းလျှောက်တာတောင် တုန်ချိချိလျှောက်နေရတဲ့ အဘွားအရွယ်ဆရာမကြီး နှစ်ယောက်ထဲက တစ်ယောက်ကတော့ ကျနော့်လက်ကိုကိုင် အားယူပြီး  ကျနော့်ပုံစံအတိုင်း ခြေထောက်လေးတစ်ဖက်မြောက်ပြီး မရမကလိုက်လုပ်ပါတယ်... ကျနော်ပြခွင့်ရလိုက်တဲ့ ကျနော်တို့နိုင်ငံရဲ့ ယဉ်ကျေးမှု တစ်ခုကြောင့် သူတို့ရင်ထဲမှာ တဒင်္ဂတော့ ပျော်ရွှင်သွားတယ်ဆိုတာ သူတို့တွေရဲ့ မျက်နှာပေါ်က အပြုံးလေးတွေကို ကြည့်ပြီးသိနိုင်ပါတယ်....   နိုင်ငံရပ်ခြားဖြစ်တဲ့ ရုရှားနိုင်ငံမှာ ပညာတော်သင် စေလွှတ်ခံရတဲ့ ကျနော်တို့ မြန်မာကျောင်းသားများဟာ အခြေအနေ အချိန်အခါ အားလျော်စွာ အခါအခွင့်ကြုံတိုင်း မိမိတို့နိုင်ငံရဲ့ ယဉ်ကျေးမှုများကို ကြိုးစားပြသလျက်ရှိပါတယ်....  အခုတစ်ခါမှာလည်း ကျနော်တို့ Moscow Power Engineering Institute (MPEI တက္ကသိုလ်) ရဲ့ နိုင်ငံတကာကျောင်းသားများကပွဲ နဲ့ ဆုပေးပွဲအခမ်းအနားမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် သူငယ်တော်အက နဲ့ ရှမ်းအိုးစည်အက ကို ပြသနိုင်ခဲ့ပါတယ်....  ကျနော်တို့ဟာ သဘင်သည်တွေမဟုတ်ပေမယ့်လို့ နိုင်ငံတကာအလည်မှာ အမြင်တင့်တယ်အောင်တော့ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုကို ကြိုးစားပြသနိုင်ခဲ့ကြပါတယ်....  လူ... ဆိုပြီးဖြစ်လာရင် မျိုးရိုးဇာတိဆိုတာ ရှိစမြဲပဲ ဖြစ်ပါတယ်.. ကမ္ဘာမှာ မျိုးရိုး မရှိတဲ့ လူ ဆိုတာ မရှိပါဘူး... လူ ဆိုတဲ့ ဝေါဟာရ နဲ့ မျိုးရိုး ဆိုတဲ့ ဝေါဟာရ ပေါင်းမှ လူမျိုး ဆိုပြီး ဝေါဟာရ ဖြစ်လာတာပါ....  လူတိုင်းမှာ အသက်ကိုယ်စီရှိပါတယ်.... အဲလိုပဲ လူမျိုးတစ်မျိုးချင်း စီမှာလဲ လူမျိုးရဲ့ အသက် ဆိုတာ အသီးသီး ရှိကြပါတယ်..... လူမျိုးရဲ့ အသက်ရှင်မှ အဲဒီလူမျိုးရဲ့ သမိုင်းကြောင်းဟာလည်း ကြာရှည် တည့်တံ့နိုင်မှာဖြစ်ပါတယ်.... အဲဒီ လူမျိုးရဲ့ အသက်ဆိုတာကတော့ အခြားမဟုတ်ပါဘူး .... "ယဉ်ကျေးမှု" ပဲဖြစ်ပါတယ်....  လူမျိုးရဲ့ အသက်ဟာ ယဉ်ကျေးမှု ဖြစ်တာကြောင့် ယဉ်ကျေးမှု ခိုင်မာလေလေ အဲဒီလူမျိုး မပျောက်ကွယ်ဘဲ ကြာရှည် တည်တံ့လေလေ ပဲဖြစ်ပါတယ်.... ရေအတိမ် အနက် ကို ကြာရိုးကြာစွယ် တို့ကို ကြည့်ပြီး သိနိုင်ပါတယ်.... လူတစ်ဦးတစ်ယောက်ရဲ့ ပညာရှိ၊မရှိကို အဲဒီလူရဲ့ နှုတ်ထွက်စကားကို ကြည့်ပြီး သိနိုင်ပါတယ်.... အဲဒီလိုပါပဲ နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးရဲ့ အဆင့်အတန်းဆိုတာကို ထိုနိုင်ငံ၊ ထိုလူမျိုးရဲ့ ယဉ်ကျေးမှုကို ကြည့်ပြီး သိရှိနိုင်ပါတယ်.....  မိဘတွေပေးတဲ့ အမွေကို အမွေဆက်ခံတဲ့ သားသမီးက ကောင်းကောင် မထိန်းသိန်းနိုင်ပဲ ပျက်စီးသွားရင် အဝဇာတ အမွေခံ လို့ခေါ်ပါတယ်.... ပကတိ အတိုင်း ထိန်းသိမ်းနိုင်တဲ့ အမွေခံကို အနုဇာတ အမွေခံလို့ ခေါ်ပါတယ်.... ပေးအပ်ခဲ့တဲံ အမွေထက် ပိုပြီး သာလွန်အောင် တိုးပွားအောင် ဆောင်ရွက်နိုင်တဲ့ အမွေခံကိုကျ အတိဇာတ အမွေခံလို့ ခေါ်ပါတယ် ဆိုပြီး မှတ်သားဖူးပါတယ်.....  ကျနော်တို့ နိုင်ငံကို သူများနိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်အောင် ခေတ်မှီအောင် ကျနော်တို့နိုင်ငံသားတွေအားလုံး အဖက်ဖက်က ကြိုးစားနေကြတဲ့အချိန်မှာ တစ်ဖက်ကလည်း  ကျနော်တို့နိုင်ငံရဲ့ ဘိုးဘွားအမွေဖြစ်တဲ့ ချစ်စရာယဉ်ကျေးမှုဓလေ့များကို မပျောက်ပျက်အောင် ထိန်းသိမ်းနေရမှာဖြစ်ပါတယ်.... ယဉ်ကျေးမှုအမွေမရှိရင် ယဉ်ကျေးမှုအမွေကိုမသိရင် အမျိုးသားရေးစိတ်ဓါတ်ဆိုတာလဲ ရှိမှာမဟုတ်တော့ပါဘူး... ကိုယ့်နိုင်ငံက ဘိုးဘွားယဉ်ကျေးမှုအမွေကို ကိုယ်တွေမှ မထိန်းသိမ်းရင်ဘယ်သူကထိန်းသိမ်းမှာပေးမှာလဲ.... ယဉ်ကျေးမှုပျောက်ရင်... အမျိုးသားရေးစိတ်တွေပျောက်ပြီး ... လူမျိုးပါပျောက်နိုင်ပါတယ်...  ဒါကြောင့် ကျနော်တို့တွေ ကမ္ဘာမှာ မြန်မာဆိုပြီး ဆက်လက်ရှင်သန် တိုးတက်နေစေဖို့အတွက် မြန်မာ့ ယဉ်ကျေးမှု ရိုးရာအမွေအနှစ်များကို ပပျောက်မသွားအောင် လက်ဆင့်ကမ်းထိန်းသိမ်းဖို့ဆိုတာဟာ ... ကျနော်တို့ မြန်မာနိုင်ငံသူနိုင်ငံသား အားလုံးရဲ့ အမျိုးသားရေးတာဝန်တစ်ခုပဲဖြစ်ပါတယ်....  လေးစားစွာဖြင့် ကျော်စည်သူ (ရွာသစ်ကြီး)  Photographer ကတော့ ကျနော့်ရဲ့ ဂါဒီအကိုကြီး ကိုNyan Linn Aung ပေါ့ဗျာ :-D

ပွဲကိုလာကြည့်တဲ့ အဘွားအရွယ် ဆရာမကြီး နှစ်ယောက်က ကျနော့်ကိုပြောတယ်....
"မင်းရဲ့အက က အရမ်းကို ကြည့်လို့ကောင်းတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အကပဲ ... ငါတို့ တစ်ခါမှ အဲလို ပျော်ရွှင်စရာကောင်းတဲ့ ချစ်စရာကောင်းတဲ့ အကမျိုး မကြည့်ဖူးဘူး မမြင်ဖူးဘူး... အဲဒါဘယ်လိုအကမျိုးလဲ... ယောက်ျားလေးအကလား... မိန်းကလေးအကလား.... ဘယ်နိုင်ငံကလာတာလဲ... ဘာလူမျိုးလဲ"တဲ့...


ကျနော်လည်း ကိုယ်သိသလောက်နဲ့ တတ်သလောက်ပြန်ပြောခဲ့ပါတယ် ...
"ကျနော်က မြန်မာနိုင်ငံကပါ ကျနော်တို့နိုင်ငံမှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း ဆိုတဲ့ လူမျိုးကြီး(၈) မျိုးအတူတကွနေထိုင်လျက်ရှိပါတယ်... လူမျိုးတိုင်းမှာ သူ့ယဉ်ကျေးမှုကိုယ်စီ၊ ဘာသာစကားကိုယ်စီရှိပါတယ်... ကျနော်ကတော့ ဗမာလူမျိုးပါ... ကျနော်ကသွားတဲ့အက က ဗမာလူမျိုးအကတွေထဲက သူငယ်တော်အကလို့ ခေါ်ပါတယ်... ယောက်ျားလေးနေနေ မိန်းကလေးနေနေကလို့ရပါတယ်.... ကလေးလေးအကပေါ့ဗျာ.... အဲဒါကြောင့် ကျနော့်ပုံက ကလေးလေးတစ်ယောက်လို ပျော်ရွှင်ပြီး အရမ်းချစ်စရာကောင်းနေတာပေါ့.... ကျနော်တို့ ဗမာလူမျိုးတွေမှာ နောက်ထပ်စိတ်ဝင်စားစရာအကတွေအများကြီးရှိသေးတယ်... သင်္ကြန်အက... ရေကစားတဲ့ပွဲနှစ်သစ်ကူးပွဲမှာကတဲ့အကမျိုးပေါ့... ၊ မင်းသားအက၊မင်းသမီးအက၊ အပျိုတော်အက... ယောက်ျားမယူရသေးတဲ့ မိန်းကလေးတွေ ကတဲ့ အကမျိုးပေါ့..... အဲဒီအကတွေအပြင် ဘီလူးအကတွေတောင်ရှိပါသေးတယ်.. ဘီလူးအကဆိုတာကတော့ ရုပ်ဆိုးဆိုးနဲ့ ကြောက်စရာကောင်းတဲ့ တန်ခိုးရှင်မျိုးပေါ့... နောက် တခြားလူမျိုး (၇)မျိုးမှာလည်း သူတို့လူမျိုးအလိုက် စိတ်ဝင်စားစရာကောင်းတဲ့အကတွေအများကြီးရှိပါတယ်...."စသဖြင့်ပေါ့ ...

စကားတွေပြောပြီးနောက်ဆုံးမှာ အမှတ်တရဓါတ်ပုံလေးရိုက်တဲ့အခါ ကျနော်ကသူငယ်တော်ပုံစံလေးလို စတိုင်ပေးတော့... အပျော်တွေကူးစက်သွားတယ်ထင်ပါ့ရဲ့.... လမ်းလျှောက်တာတောင် တုန်ချိချိလျှောက်နေရတဲ့ အဘွားအရွယ်ဆရာမကြီး နှစ်ယောက်ထဲက တစ်ယောက်ကတော့ ကျနော့်လက်ကိုကိုင် အားယူပြီး ကျနော့်ပုံစံအတိုင်း ခြေထောက်လေးတစ်ဖက်မြောက်ပြီး မရမကလိုက်လုပ်ပါတယ်... ကျနော်ပြခွင့်ရလိုက်တဲ့ ကျနော်တို့နိုင်ငံရဲ့ ယဉ်ကျေးမှု တစ်ခုကြောင့် သူတို့ရင်ထဲမှာ တဒင်္ဂတော့ ပျော်ရွှင်သွားတယ်ဆိုတာ သူတို့တွေရဲ့ မျက်နှာပေါ်က အပြုံးလေးတွေကို ကြည့်ပြီးသိနိုင်ပါတယ်....

နိုင်ငံရပ်ခြားဖြစ်တဲ့ ရုရှားနိုင်ငံမှာ ပညာတော်သင် စေလွှတ်ခံရတဲ့ ကျနော်တို့ မြန်မာကျောင်းသားများဟာ အခြေအနေ အချိန်အခါ အားလျော်စွာ အခါအခွင့်ကြုံတိုင်း မိမိတို့နိုင်ငံရဲ့ ယဉ်ကျေးမှုများကို ကြိုးစားပြသလျက်ရှိပါတယ်....

အခုတစ်ခါမှာလည်း ကျနော်တို့ Moscow Power Engineering Institute (MPEI တက္ကသိုလ်) ရဲ့ နိုင်ငံတကာကျောင်းသားများကပွဲ နဲ့ ဆုပေးပွဲအခမ်းအနားမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် သူငယ်တော်အက နဲ့ ရှမ်းအိုးစည်အက ကို ပြသနိုင်ခဲ့ပါတယ်....

ကျနော်တို့ဟာ သဘင်သည်တွေမဟုတ်ပေမယ့်လို့ နိုင်ငံတကာအလည်မှာ အမြင်တင့်တယ်အောင်တော့ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုကို ကြိုးစားပြသနိုင်ခဲ့ကြပါတယ်....

လူ... ဆိုပြီးဖြစ်လာရင် မျိုးရိုးဇာတိဆိုတာ ရှိစမြဲပဲ ဖြစ်ပါတယ်.. ကမ္ဘာမှာ မျိုးရိုး မရှိတဲ့ လူ ဆိုတာ မရှိပါဘူး... လူ ဆိုတဲ့ ဝေါဟာရ နဲ့ မျိုးရိုး ဆိုတဲ့ ဝေါဟာရ ပေါင်းမှ လူမျိုး ဆိုပြီး ဝေါဟာရ ဖြစ်လာတာပါ....
လူတိုင်းမှာ အသက်ကိုယ်စီရှိပါတယ်.... အဲလိုပဲ လူမျိုးတစ်မျိုးချင်း စီမှာလဲ လူမျိုးရဲ့ အသက် ဆိုတာ အသီးသီး ရှိကြပါတယ်..... လူမျိုးရဲ့ အသက်ရှင်မှ အဲဒီလူမျိုးရဲ့ သမိုင်းကြောင်းဟာလည်း ကြာရှည် တည့်တံ့နိုင်မှာဖြစ်ပါတယ်.... အဲဒီ လူမျိုးရဲ့ အသက်ဆိုတာကတော့ အခြားမဟုတ်ပါဘူး .... "ယဉ်ကျေးမှု"ပဲဖြစ်ပါတယ်....

လူမျိုးရဲ့ အသက်ဟာ ယဉ်ကျေးမှု ဖြစ်တာကြောင့် ယဉ်ကျေးမှု ခိုင်မာလေလေ အဲဒီလူမျိုး မပျောက်ကွယ်ဘဲ ကြာရှည် တည်တံ့လေလေ ပဲဖြစ်ပါတယ်.... ရေအတိမ် အနက် ကို ကြာရိုးကြာစွယ် တို့ကို ကြည့်ပြီး သိနိုင်ပါတယ်.... လူတစ်ဦးတစ်ယောက်ရဲ့ ပညာရှိ၊မရှိကို အဲဒီလူရဲ့ နှုတ်ထွက်စကားကို ကြည့်ပြီး သိနိုင်ပါတယ်.... အဲဒီလိုပါပဲ နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးရဲ့ အဆင့်အတန်းဆိုတာကို ထိုနိုင်ငံ၊ ထိုလူမျိုးရဲ့ ယဉ်ကျေးမှုကို ကြည့်ပြီး သိရှိနိုင်ပါတယ်.....

မိဘတွေပေးတဲ့ အမွေကို အမွေဆက်ခံတဲ့ သားသမီးက ကောင်းကောင်း မထိန်းသိန်းနိုင်ပဲ ပျက်စီးသွားရင် အဝဇာတ အမွေခံ လို့ခေါ်ပါတယ်.... ပကတိ အတိုင်း ထိန်းသိမ်းနိုင်တဲ့ အမွေခံကို အနုဇာတ အမွေခံလို့ ခေါ်ပါတယ်.... ပေးအပ်ခဲ့တဲံ အမွေထက် ပိုပြီး သာလွန်အောင် တိုးပွားအောင် ဆောင်ရွက်နိုင်တဲ့ အမွေခံကိုကျ အတိဇာတ အမွေခံလို့ ခေါ်ပါတယ် ဆိုပြီး မှတ်သားဖူးပါတယ်.....

ကျနော်တို့ နိုင်ငံကို သူများနိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်အောင် ခေတ်မှီအောင် ကျနော်တို့နိုင်ငံသားတွေအားလုံး အဖက်ဖက်က ကြိုးစားနေကြတဲ့အချိန်မှာ တစ်ဖက်ကလည်း ကျနော်တို့နိုင်ငံရဲ့ ဘိုးဘွားအမွေဖြစ်တဲ့ ချစ်စရာယဉ်ကျေးမှုဓလေ့များကို မပျောက်ပျက်အောင် ထိန်းသိမ်းနေရမှာဖြစ်ပါတယ်.... ယဉ်ကျေးမှုအမွေမရှိရင် ယဉ်ကျေးမှုအမွေကိုမသိရင် အမျိုးသားရေးစိတ်ဓါတ်ဆိုတာလဲ ရှိမှာမဟုတ်တော့ပါဘူး... ကိုယ့်နိုင်ငံက ဘိုးဘွားယဉ်ကျေးမှုအမွေကို ကိုယ်တွေမှ မထိန်းသိမ်းရင်ဘယ်သူကထိန်းသိမ်းမှာပေးမှာလဲ.... ယဉ်ကျေးမှုပျောက်ရင်... အမျိုးသားရေးစိတ်တွေပျောက်ပြီး ... လူမျိုးပါပျောက်နိုင်ပါတယ်...

ဒါကြောင့် ကျနော်တို့တွေ ကမ္ဘာမှာ မြန်မာဆိုပြီး ဆက်လက်ရှင်သန် တိုးတက်နေစေဖို့အတွက် မြန်မာ့ ယဉ်ကျေးမှု ရိုးရာအမွေအနှစ်များကို ပပျောက်မသွားအောင် လက်ဆင့်ကမ်းထိန်းသိမ်းဖို့ဆိုတာဟာ ... ကျနော်တို့ မြန်မာနိုင်ငံသူနိုင်ငံသား အားလုံးရဲ့ အမျိုးသားရေးတာဝန်တစ်ခုပဲဖြစ်ပါတယ်....


လေးစားစွာဖြင့်

 ကျော်စည်သူ (ရွာသစ်ကြီး)
Photographer ကတော့ ကျနော့်ရဲ့ ဂါဒီအကိုကြီး ကိုNyan Linn Aungပေါ့ဗျာ



Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>