Quantcast
Viewing all articles
Browse latest Browse all 1811

ထိန်းသိမ်းသင့်ပေ ယဉ်ကျေးမှုအမွေ

 
Kyaw Si Thu
နိုင်ငံရပ်ခြားဖြစ်တဲ့ ရုရှားနိုင်ငံမှာ ပညာတော်သင် စေလွှတ်ခံရတဲ့ ကျနော်တို့ မြန်မာကျောင်းသားများဟာ အခြေအနေ အချိန်အခါ အားလျော်စွာ အခါအခွင့်ကြုံတိုင်း မိမိတို့နိုင်ငံရဲ့ ယဉ်ကျေးမှုများကို ကြိုးစားပြသလျက်ရှိပါတယ်....

အခုတစ်ခါမှာလည်း ကျနော်တို့ Moscow Power Engineering Institute (MPEI တက္ကသိုလ်) ရဲ့ နိုင်ငံတကာကျောင်းသားများကပွဲ နဲ့ ဆုပေးပွဲအခမ်းအနားမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် သူငယ်တော်အက နဲ့ ရှမ်းအိုးစည်အက ကို ပြသနိုင်ခဲ့ပါတယ်....

ကျနော်တို့ဟာ သဘင်သည်တွေမဟုတ်ပေမယ့်လို့ နိုင်ငံတကာအလည်မှာ အမြင်တင့်တယ်အောင်တော့ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုကို ကြိုးစားပြသနိုင်ခဲ့ကြပါတယ်....

လူ... ဆိုပြီးဖြစ်လာရင် မျိုးရိုးဇာတိဆိုတာ ရှိစမြဲပဲ ဖြစ်ပါတယ်.. ကမ္ဘာမှာ မျိုးရိုး မရှိတဲ့ လူ ဆိုတာ မရှိပါဘူး... လူ ဆိုတဲ့ ဝေါဟာရ နဲ့ မျိုးရိုး ဆိုတဲ့ ဝေါဟာရ ပေါင်းမှ လူမျိုး ဆိုပြီး ဝေါဟာရ ဖြစ်လာတာပါ....

လူတိုင်းမှာ အသက်ကိုယ်စီရှိပါတယ်.... အဲလိုပဲ လူမျိုးတစ်မျိုးချင်း စီမှာလဲ လူမျိုးရဲ့ အသက် ဆိုတာ အသီးသီး ရှိကြပါတယ်..... လူမျိုးရဲ့ အသက်ရှင်မှ အဲဒီလူမျိုးရဲ့ သမိုင်းကြောင်းဟာလည်း ကြာရှည် တည့်တံ့နိုင်မှာဖြစ်ပါတယ်.... အဲဒီ လူမျိုးရဲ့ အသက်ဆိုတာကတော့ အခြားမဟုတ်ပါဘူး .... "ယဉ်ကျေးမှု"ပဲဖြစ်ပါတယ်....

လူမျိုးရဲ့ အသက်ဟာ ယဉ်ကျေးမှု ဖြစ်တာကြောင့် ယဉ်ကျေးမှု ခိုင်မာလေလေ အဲဒီလူမျိုး မပျောက်ကွယ်ဘဲ ကြာရှည် တည်တံ့လေလေ ပဲဖြစ်ပါတယ်.... ရေအတိမ် အနက် ကို ကြာရိုးကြာစွယ် တို့ကို ကြည့်ပြီး သိနိုင်ပါတယ်.... လူတစ်ဦးတစ်ယောက်ရဲ့ ပညာရှိ၊မရှိကို အဲဒီလူရဲ့ နှုတ်ထွက်စကားကို ကြည့်ပြီး သိနိုင်ပါတယ်.... အဲဒီလိုပါပဲ နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးရဲ့ အဆင့်အတန်းဆိုတာကို ထိုနိုင်ငံ၊ ထိုလူမျိုးရဲ့ ယဉ်ကျေးမှုကို ကြည့်ပြီး သိရှိနိုင်ပါတယ်.....

မိဘတွေပေးတဲ့ အမွေကို အမွေဆက်ခံတဲ့ သားသမီးက ကောင်းကောင် မထိန်းသိန်းနိုင်ပဲ ပျက်စီးသွားရင် အဝဇာတ အမွေခံ လို့ခေါ်ပါတယ်.... ပကတိ အတိုင်း ထိန်းသိမ်းနိုင်တဲ့ အမွေခံကို အနုဇာတ အမွေခံလို့ ခေါ်ပါတယ်.... ပေးအပ်ခဲ့တဲံ အမွေထက် ပိုပြီး သာလွန်အောင် တိုးပွားအောင် ဆောင်ရွက်နိုင်တဲ့ အမွေခံကိုကျ အတိဇာတ အမွေခံလို့ ခေါ်ပါတယ် ဆိုပြီး မှတ်သားဖူးပါတယ်.....

ဒါကြောင့် မြန်မာနိုင်ငံ မြန်မာလူမျိုးများ (တိုင်းရင်းသားလူမျိုးကြီး (၈)မျိုးလုံးကိုဆိုလိုပါသည်) ကမ္ဘာမှာ ဆက်လက်ရှင်သန် တိုးတက်နေစေဖို့အတွက် မြန်မာ့ ယဉ်ကျေးမှု ရိုးရာအမွေအနှစ်များကို ပပျောက်မသွားအောင် လက်ဆင့်ကမ်းထိန်းသိမ်းဖို့ဆိုတာဟာ ... ကျနော်တို့ မြန်မာနိုင်ငံသူနိုင်ငံသား အားလုံးရဲ့ အမျိုးသားရေးတာဝန်တစ်ခုပဲဖြစ်ပါတယ်...
.လေးစားစွာဖြင့်
ကျော်စည်သူ (ရွာသစ်ကြီး)

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>