Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

ကရိုင်းမီးယား နှင့် ရောက်တက်ရာရာ

$
0
0
 
 Control Theory ရဲ့ History တွေ စသင်တော့ Control War ဖြစ်ပေါ်လာတဲ့သမိုင်းကိုဖတ်ရတယ် ။ ရှေးဂရိတွေ ခေတ်က ဘုရင်မတစ်ပါး ဟာသိပ်ဥာဏ်ထက်ပါသတဲ့။ ဘုရင်မ ဆိုပေမဲ့ စစ်သူကြီးတစ်ယောက်လို သိပ်ပြီးစစ်တိုက်တော်တယ်လို့ ဆိုတယ် ။ တစ်ရက်တော့ စစ်ပွဲ တစ်ပွဲ မှာ အင်အားတွေ သုံးပြီးတိုက်ပေမဲ့ တစ်ဖက် က မြေအနေ အထားအသာကြီးနဲ့ ခံစစ်ဆင်တဲ့ခါ သူ့စစ်သည်တွေအတုံးအရုန်း ကျရှုံးကုန်ပါတယ် ။ အဲဒီချိန် ဘုရင်မ က စစ်အရှိန်
သတ်ပြီးစစ်ရေးပြန်သုံးသပ်ပါတယ် ။ စစ်ရေး အကဲ ကြည့်နဲ့ ကြည့်နေတုန်းမှာ တစ်ဖက်ရန်သူရဲ့ မြို့က ဘုရားကျောင်း က နေ ရှေ့မျက်နှာပြင် မြစ်ကိုကျော်ပြီး ပျံသန်း လာကြတာ ကိုတွေ့

တဲ့ခါ ..အဲဒီ ငှက်တွေ အားလုံး ကို ဖမ်းစေပါတယ် ။ ပြီးတော့ ငှက်တွေ ရဲ့ ခြေထောက်မှာပြတ်ရှစေတဲ့ သံဓားအစ ကလေးတွေ တပ်စေတယ် ။ ငှက် အချင်းချင်း ထိ ခိုက်မိတဲ့ခါမှာလည်း သံချင်းထိခတ် မိပြီးတော့ မီးပွင့် စေတယ် ။

     အဲဒီ နည်း နဲ့ ပဲ ငှက်တွေ အားလုံး ကို တချိန်တည်း တစ်ပြိုင်တည်း အားလုံးပြန်လွှတ်လိုက်တဲ့ခါ ရန်သူ ရဲ့ မြို့ တော်ဆီ ကို တစ်ဟုန်ထိုး ပြန်သန်းသွားကြတယ် ။ငှက် တွေ ခြေမှာ တပ်ပေးလိုက်တဲ့ သံ တွေ ရဲ့ သက်ရောက်မှု ကနေ တဆင့် ရန်သူ မြို့ ရဲ့

 အထွတ်အမြတ်ထားရာ ဘုရားကျောင်း ကြီး မီးလောင်စေတယ် ။ ရန်သူစစ်သားတွေကိုထိခိုက်စေတယ် ။ ပြီးတော့ မြို့ ကြီး ကို မီးလောင်တိုက်သွင်းပြီး တစ်ဖက်ရန်သူကိုအလုပ်များစေတယ် ။ ရန်သူ့ တပ်တွေ ကစဥ့်ကလျား ဖြစ်နေချိန် ၊ တစ်ဖက်ရန်သူ

 အလုပ်များချိန်မှ အလစ်အငိုက်ယူပြီး သူ့ တပ်တွေရဲ့ အတားအဆီး ဖြစ်စေ တဲ့ မြစ်ကိုဖြတ်စေခဲ့တယ် ။ ရန်သူမြို့ ကို တိုက်ခိုက်အောင်မြင် စေခဲ့တယ် ။ ဒီ ရှေး အကျဆုံး ၊အရိုးရှင်းဆုံး Basic Concept မှ သည် ခေတ်မှီတိုးတက်လာတဲ့ နည်းပညာတွေ နဲ့ ပေါင်းစပ်ပြီး လူသားတွေ ရဲ့ Control War (သို့) ကန့်သတ်မဲ့ စစ် ဆို ရဲ့ သဘောသဘာဝတွေ ဖြစ်ပေါ် လာကြတယ် လို့ဆိုတယ်။

     ပထမ လူတို့ သွားရောက် နိုင်ခွင့် နည်းပါးတဲ့ နေရာတွေ ကို အမြောက်တွေ ၊စိန်ပြောင်း တွေ နဲ့ အရင် ပစ်ကြတယ် ။ ရည်ရွယ်ရာ Target ဆီကို အမြောက်ဆံ တစ်ခုပစ်လွှတ်လိုက်တယ် ။ တို်က်ရိုက်ထိ မှန်မှု သာရှိပေမဲ့ ပေါက်ကွဲအား ၊ သက်ရောက်တဲ့နေရာအကျယ်အဝန်း ဟာ စိတ်ကျေနပ်စရာ မဖြစ်သေးဘူး ။ အဲဒီ နောက် အမြောက်ဆံ ပေါက် ကွဲ မှု စနစ်တွေ တိုးတက်အောင် လုပ်ဆောင်ခဲ့ကြတယ် ။ ပေါက်ကွဲအား ကောင်းလာတယ် ။ သက်ရောက်တဲ့ ဧရိယာကျယ်လာတယ် ။ ဖျက်ဆီးဆွမ်းအားကြီးလာတယ် ။ သို့သော် Target ကို ထိမှန် နိုင်တဲ့ Precision တွေ ဟာ ပစ်တဲ့ သူရဲ့ ကျွမ်းကျင်မှု ၊ လေတိုက်နှုန်း ၊ ရာသီဥတုအခြေနေတွေ ပေါ် အများကြီးမူတည်နေသေးတယ် ။ ပစ်လွှတ်ပြီးမှ ထိန်းချုပ် နိုင်စွမ်း မရှိကြသေးဘူး ။ မိမိ လိုလားရာ Target တစ်ခုခု ကို ပစ်လွှတ်လိုက်ပေမဲ့ တိတိကျကျထိမှန်ခြင်းမရှိ ပဲ လွဲချော်သွားခဲ့မယ်ဆိုရင် ဒါဟာ failed state ဖြစ်ပါတယ် ။ ဒါကြောင့် ကျည်တစ်တောင့် ပစ်လွှတ်တိုင်း ၊ ပစ်လွှတ်တိုင်း လိုရာ Aim ကိုရောက်အောင် ၊ Precision တွေ ကောင်းလာအောင် ၊ လွဲချော်မှု ရာခိုင်နှုန်းအနည်းဖြစ်အောင် လူတွေ က တီထွင်ကြံဆလာကြတယ် ။

      အဲဒီနောက်တော့ ပစ်လွှတ်လိုက်တဲ့ ကျည် ၊ အမြောက်ဆံ တစ်တောင့် ဆို တဲ့အမြင်ကနေ control object တစ်ခု အဖြစ် ပြောင်းလဲ လာကြတယ် ။ ထိမှန်ရမဲ့ targetကို aim အနေနဲ့ ထည့်ပေးလိုက်မယ်  ။  ထိပ်ဖူးမှာ ဆန်ဆာ (sensor) တပ်ပြီး input signal တွေအဖြစ်ဖမ်းယူမယ်  ။ ရှာတွေ့ တဲ့ signal တွေကို feedback ပြန်ပေးတယ် ။သူလိုချင်တဲ့ aim ဟုတ်မဟုတ် ဆိုတာ ကို data တွေ ပြန်ပြီး regulate လုပ်ကြည့်မယ် ။ကိုယ်လိုချင်တဲ့ target မရောက်သေးတဲ့ခါ ဆက်လက်ပျံသန်းမယ် ၊ ကိုယ်လိုချင်တဲ့

 target ကိုရောက်တဲ့ခါ ၊ input signal နဲ့ aim နဲ့ ကိုက်ညီသွားတဲ့ခါ ထိမှန်ပေါက်ကွဲခြင်းဆိုတဲ့ output ဖြစ်ပေါ်သွားတယ်။ အဲလို နည်းနဲ့ ပဲ လူသားတွေ ဟာ မပစ်လွှတ်ခင်တင်မက ၊ ပစ်လွှတ်ပြီးတဲ့ ချိန်ထိ Control လုပ် လာနိုင်ကြတယ် ။ ဒါတွေ ဟာ တစ်နည်းအားဖြင့် missile တွေ  ၊ Rocket  တွေရဲ့ အခြေခံ အလုပ်လုပ် ပုံ concept တွေပါပဲ ။

    အဲဒီနောက် အခြားနည်းပညာတွေ နဲ့ ပေါင်းစပ်ပြီး လေထဲကိုပစ်လွှတ် ဂြိုလ်တုတွေ ၊command center တွေကနေတဆင့် ထိန်းသိမ်း ရွေ့လျား စေပြီးလိုချင်တဲ့နေရာရောက်မှ ထိရောက်ပေါက်ကွဲ စေတဲ့ Guided Missile တွေ ၊ Ballistic

 Missile တွေ ၊ Anti-radiation missile တွေ ဖြစ်လာတယ် ။ ဒီအချိန်ထိ ကျွန်တော်တို့လူသားတွေ က object တစ်ခုကို ပစ်လွှတ်လိုက်တယ် ၊ ထိန်းချုပ် နိုင်တယ် ၊ လိုအပ်တဲ့နေရာကို ကျရောက်ပေါက်ကွဲစေတယ် ဆိုတဲ့ အဆင့် မှာပဲရှိနေပါသေးတယ် ။ သို့ပေမဲ့တိကျမှု Precision တွေ ၊ ရာသီဥတု ၊ လေတိုက်နှုန်း ၊ Medium မတူညီမှု စတဲ့ Noise ဖယ်ရှားနိုင်မှုတွေ ၊ ထိရောက်မှု ပမာဏ တွေ ကတော့ စိတ်တိုင်းကျစရာကောင်းနေပြီဖြစ်ပါတယ်။

      နောက် တစ်ပိုင်း ပေါင်းစပ်မှု တွေ နဲ့ ဆန်းသစ်လာတာ က Droneနည်းပညာဖြစ်ပါတယ်။Drone မှာတော့ ကျွန်တော်တို့ Object တစ်ခုကိုပစ်လွှတ်လိုက်တယ် ၊ Control လုပ်နိုင်တယ် ၊ လိုချင်တဲ့ နေရာကို တိတိကျကျထိရောက်စေတယ် ၊ Mission ပြီးမြောက်တဲ့ခါ မူလ နေရာ ဆီကို ပြန်လာ နိုင်တယ်ဆိုတဲ့အဆင့် ကိုရောက်လာခဲ့ ပါတယ် ။ ဒါဟာ ငှက် ကနေ Drone ထိ ဆင့်ကဲ ပြောင်းလဲ လာတဲ့ Control War ရဲ့ သမိုင်းအကျဉ်းပါ ။

      စစ်အေးခေတ် အပြီး ၊ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲ သွားပြီးတဲ့ နောက်မှာ ကမ္ဘာရဲ့ စူပါပါဝါ နိုင်ငံ ဟာ Bipolar ကနေ Unipolar ကိုပြောင်းသွားခဲ့တယ် ။ စစ်ရေးသဘောတရား တွေ ဟာ ခေတ်ကာလအခြေနေပေါ် လိုက်ပြီး ပြောင်းလဲတဲ့ ရွေ့လျားမှု မှာ self-defence ရဲ့ အဓိပ္ပါယ်သုံးသပ်ယူဆမှုတွေ လည်း ပြောင်းလဲ လာခဲ့တယ် ။ ဟိုး ပဒေသရာဇ် ခေတ် က ဘုရင်တွေဟာ မင်းလောင်းပေါ်မယ်လို့ ကောလာဟလ ထွက်တာနဲ့ မွေးခါစ ကလေး ပါမကျန်သတ်သလို ပါပဲ ။ တပါးသူကို (ကိုယ်နဲ့ ပြိုက်ဖက်ဖြစ်လာနိုင်လောက်တဲ့သူကို) အားနည်းအောင်လုပ်ဆောင်လိုက်ခြင်းဟာလည်း (တနည်းအားဖြင့်) မိမိရဲ့ ကိုယ်ကျိုးပျက်ဆီးဆုံးရှုံးမှု ကို အလိုအလျောက် ကာကွယ်ပြီးသားဖြစ်စေတယ် ။ ထိပ်တိုက်တွေ့ ဆုံမှု ထက် ကိုယ့်ကိုယ်ထိခိုက်မှုသက်သာစေတယ် ။ ဒီအကြောင်းရာ ကို ပဲ Polite ဖြစ်အောင် သုံးတဲ့ခါ  "မိမိအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ခြင်း"ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်စေခဲ့ကြတယ် ။

    အဲဒီအခြေနေမှာ ကန့်သတ်ဖို့ ခက်ခဲ လာတာ ကတော့ နည်းပညာ ဖွံ့ ဖြိုး တိုးတက်မှု ဖြစ်ပါတယ် ။ ထိရောက်ပေါက်ကွဲအား ပြင်းထန်လှတဲ့ နြူကလီယား ထိပ်ဖူး တွေကို ၊ အကွာအဝေးကီလိုမီတာ များစွာပစ်ခတ်နိုင်ခြင်း ၊ အချိန်ကြာပျံသန်းနိုင်ခြင်း ၊ တိကျမှု ရှိခြင်း စတဲ့ ကွန်ထိုးနည်းပညာတွေ နဲ့ ပေါင်းစပ်ပေးလိုက်တဲ့ခါ ICBM (Intercontinental ballistic missile) ဆိုတဲ့ ကျားပျံ ကြီး တွေ ဖြစ်လာတယ် ။ ဒီနေ့ တိုးတက်တဲ့ အင်အားကြီး နိုင်ငံ တွေ ကို အခြိမ်းခြောက်ဆုံး ကလည်း သူတို့ ပဲ ဖြစ်ပါတယ် ။ အနာဂါတ် လူသားတွေ ရဲ့ ရှင်သန်ဖြစ်တည် မှု ကို အခြိမ်းခြောက်ဆုံး ကလည်း ကျားပျံကြီးတွေပါပဲ။ နြူထိပ်ဖူး လျှော့ ချရေးတွေ ၊ Ballistic နည်းပညာ ကန့်သတ်ရေးတွေ စာချုပ် တွေ အလီလီ ချုပ်ဆိုကြသည့်တိုင် ကျွန်တော့် လို အလုံပိတ် ကြီးကတော့ "ဘယ်ငတုံးမှ လက်ရှိက လက်မဲ့ အဖြစ်မခံဘူး"လို့ ယုံကြည်နေတုန်းပါပဲ ။



     ကမ္ဘာမှာ ထိရောက်မှု အကွာအဝေး အများဆုံး နဲ့ အကောင်းမွန် ဆုံး ICBM ၁၃ ခု မှာ US က ၂ ခု ၊ ရုရှား က ၅ ခု ၊ တရုတ် က ၄ ခု ၊ အစ္စရေး နဲ့ အိန္ဒိယ က ၁ ခုစီ အသီးသီးပိုင်ဆိုင်ကြတယ် ။ တခါ အဲဒီ မဇိုင်းတွေကိုပဲ ပြန်ပြီးတော့ အချင်းချင်း ပစ်နိုင်အောင် ၊ ကိုယ့် နိုင်ငံ ဆီ လာတာ ကို သိအောင် Missile Defense System တွေ ၊ Air Defense System တွေ ကို ကောင်းသထက်ကောင်းအောင် ခေတ်မှီသထက်မှီအောင် ငွေ ကြေးတွေ အကုန်ကျခံတည်ဆောက်ကြရတယ် ။ တစ်ဖက်ကလည်း အဲဒီ Defense System တွေကို ချိုးဖျက်ဝင်ရောက်ပြီး ပေါက်ကွဲ နိုင်အောင် မစ်ဇိုင်းတွေကို နည်းပညာ မြှင့်တင်ကြပြန်တယ် ။ အောက် က ပုံလေး ကို ကြည့်ကြည့်ပါ ။





စက်ဝိုင်းခြမ်းလေးတွေ က အင်အားကြီး နိုင်ငံတွေ မှာ တပ်ဆင်ထားတဲ့ Ballistic Missile Defense System တွေပါ ။ အပြာကလေးတွေ အနီလေးတွေကတော့ ICBM တွေ ပျံ သန်း နိုင်တဲ့ လမ်းကြောင်းတွေဖြစ်ပါတယ် ။



ဒီပုံကတော့ ရုရှား ကနေ တစ်ချိန်တည်း ပစ်ခတ် နိုင်တဲ့ အခြေနေ ကို ပြထားတာ ပါ ။

ဒီပုံ ကတော့ တကယ်လို့ မြောက်ကိုးရီးယား သာ ICBM ပိုင်ခဲ့မယ်ဆိုရင် US အတွက် ခေါင်းခဲ စရာ အားနည်းချက် နေရာကို ပြထားတာဖြစ်ပါတယ် ။ပုံလေးတွေကို သေချာကြည့်ပြီး ခဏလောက်စဉ်းစား ကြည့်ပါ ။ စာဖတ်သူ (သို့) ကျွန်တော် တို့ သာ US နိုင်ငံရဲ့ သမ္မတ ၊ ကာကွယ်ရေးဦးစီးချုပ် ဖြစ်ရင် ဘာလုပ်မလဲ ။ စာဖတ်တာ ခဏလောက်နားပြီး စဉ်းစား ကြည့်ပါ ။ ပြီးမှ ဆက်ဖတ်ပါ ။ ရိုးရိုးလေး ပါ ။ ကမ္ဘာ ပေါ် မှာ ရှိသမျှ အရာအားလုံး ဟာ Time Dependent ဖြစ်ပါတယ် ။ မစ်ဇိုင်းတွေ လည်း ပျံ သန်းလာဖို့ အချိန်လိုတယ် ။ ကိုယ့် နိုင်ငံ ထဲ ကို ပျံ သန်းမလာခင်မှာ ကြားကနေ ပစ်ချလို့ရအောင် နီးနီး နားနား နိုင်ငံတွေ ကို ကိုယ့်ဖက်ပါအောင်လုပ် ။ စစ်အခြေစိုက် စခန်း ဆောက် ၊Ballistic Missile Defense System တွေ ဆင်ပေး ၊ anti-missile system တွေ တပ်ပေးထားလိုက်တာပေါ့ ။ ကိုယ့် နိုင်ငံ ဆီ လာဖို့ ကြာချိန် စက္ကန့် ၅၀ ကြာမယ်ဆိုရင် ကိုယ့် ရေဒါ ထဲ ပေါ် မှ ပြန်ပစ်ချလို့ရမှာ ။ သူ့ နိုင်ငံ နား သွား စောင့် နေလိုက်တော့ စတက်ပြီး ၅ စက္ကန့် ကြာ တာနဲ့ ပစ်ချလို့ရတာပေါ့ ။ အောက်ကပုံကိုကြည့်ပါ ။

ရုရှား ပတ်ပတ်လည်မှာ လာဆောက်ထား တဲ့ US မစ်ဇိုင်းတွေပါ ။

ကိုယ့်ဖက်မပါရင်း ပါအောင်လုပ်လို့ မီးတောက်ခဲ့ရတဲ့ နေရာတွေ ။           လူ့အခွင့်အရေး ၊ ဒီမိုကရေစီရေး ၊ လူသားခြင်း စာနာထောက်ထားမှု  စသဖြင့် ရှုထောင့် အမျိုး မျိုး ကနေ အမြင် အမျိုး မျိုး ရှိနိုင်ပါလိမ့်မယ် ။ ခု ကျွန်တော် ကြည့်တာ က စစ်ရေး ရှုထောင့် က ကြည့်တာ ဖြစ်ပါတယ် ။            

ယူကရိန်း ကိစ္စမှာ သမိုင်းကြောင်းအရ ၊ နိုင်ငံရေးအရ ၊ စီးပွားရေးအရ သုံးသပ်ထားတာတွေ အများကြီး ဖတ်ရတယ် ။ ယူကရိန်း ကို သင်ခန်းစာယူပြီး မြန်မာ ပြည်အရှေ့ဖျား ၊ အနောက်ဖျားတွေ မှာ စိုးရိမ်နေကြတဲ့ အသံ တွေလည်းကြားရတယ် ။ကျွန်တော် ရေးတဲ့ စာမှာ ရုရှားယိမ်း လို့ ထင်စရာရှိကောင်းရှိပါလိမ့်မယ် ။ ဒါပေမဲ့ NATO အဖွဲ့ ဝင်နိုင်ငံတွေကော ၊ အမေရိကန်ပါ မမှားကြဘူး ။ ဘာလို့ လဲဆိုတော့ ကိုယ်နိုင်ငံကို ကာကွယ်စောင့်ရှောက်ဖို့ ၊ ၄င်းတို့ အကျိုးစီးပွားကို ကာကွယ်ဖို့ သူတို့မှာတာဝန်ရှိနေလို့ပဲ ။ ရုရှား ရဲ့ Ballistic ဟာ ဥရောပ နိုင်ငံတွေ ကျော်လွန်ပြီး အမေရိက ထိ ခြိမ်းခြောက်နိုင်ပါတယ် ။ အဲဒီ အတွက် ပထမဆုံး ရုရှားရဲ့ ဘေး က ပိုလန်မှာ BMDS ဆင်ခဲ့တယ် ။ နောက် နိုင်ငံရေး အရ အင်အားချိနဲ့လာတဲ့ ယူကရိန်းကိုပါ ဦးတည်တာ ဖြစ်ပါတယ် ။ တကယ်လို့ ကရိုင်းမီးယား မှာ သာ Military Base ဖြစ်ခဲ့ရင် ပင်လယ်နက်ဒေသတစ်ခုလုံးလွှမ်းမိုးထားနိုင်မှာ ဖြစ်ပါတယ် ။  အဲဒါ ကို သိတဲ့ ရုရှား ကလည်း လက်ဦးမှု ပြန်ယူတာဖြစ်ပါတယ် ။         

ကရိုင်းမီးယား ပြသ နာမှာ ဘယ်သူမှားလဲ ဆိုတော့ ယူကရိန်းတွေ မှားတာ ဖြစ်ပါတယ် ။ အတော်များများ ကတော့ မြန်မာ အရှေ့ဖျား အနောက်ဖျား တွေ စိုးရိမ် တယ်လို့ ဆိုတယ် ။ ကျွန်တော်တစ်ယောက်တည်း အမြင်အရတော့ အဲဒီနေရာတွေ ဟာ ကရိုင်းမီးယား ဖြစ်ဖို့ ခဲယဉ်ပါလိမ့်မယ် ။ ဘာလို့ လဲ ဆိုတော့ မတူညီတဲ့ နောက်ခံ အကြောင်းတရားတွေရှိနေလို့ပါ ။ ဒါပေမဲ့ ကျွန်တော်တို့ စိုးရိမ်ဖို့ ကောင်းတာ က အစွန်အဖျားတွေမှာ မဟုတ်ပဲ  မြန်မာနိုင်ငံသားတွေရဲ့ အလယ်ဗဟို နှလုံးသားတွေ မှာဖြစ်ပါတယ် ။ ယုံကြည်မှုတွေ ၊ တွေးခေါ် မှု တွေ သာ ကွဲမယ် ... ကိုယ့် နိုင်ငံ ကို ကာကွယ်မယ်ဆိုတဲ့ စိတ်ကလေးတွေတော့ တူညီိဖို့လိုတယ် ။ အဲဒီ ခံယူချက်လေး ကတော့ United ဖြစ်နေဖို့လိုတယ်။ ယူကရိန်း ရဲ့ အချုပ် အခြာအာဏာ ကို ထိပါး ခံ ရတာ ဟာ အဲဒီ စိတ်ကလေး United ဖြစ်မနေလို့ပါပဲ ။ အဓိက သင်ခန်းစာ ယူ သင့်တာသည်လည်း အဲဒီအချက်ဖြစ်ပါတယ် ။


(ရုပ်ဆိုး)

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>