Image may be NSFW.
Clik here to view.
ဤနေရာတွင် လွပ်လပ်မှုကိုတောင့်တသော ခံစားချက်များ၊ နှစ်ပေါင်းများစွာ မြိုသိပ်မှုများ၊ မွန်းကြပ်လောင်ပိတ်မှုများ၊ လူတန်းစေ့ နေ နိုင်ရန်ခက်ခဲ့သော ဘ၀ရပ်တည်ရေး မျော် လင့်ချက်များ၊ ဆင်းရဲချမ်းသာကွဟမှုများစသည့် မြန်မာပြည်သူလူထု၏ နှစ်ရှည်လများ ခံစား ခဲ့ရ သော ဝေဒနာဒါဏ်ရာကို မည်သို့ နားလည်မှုပေးနိုင်ကြမည်နည်း ဆိုသည့် က လူမှုရေးအုံကြွမှုဖြစ်စဉ်(Social Mobiliza tion) အ တွက် ပထမ စတင် စဉ်းစား သင့်သည့် အချက်ဖြစ် ပါလိမ့်မည်။
လူမှုရေးအုံကြွမှုဖြစ်စဉ် ( Social Mobilization) သည်အကောင်းဘက်ကို ဦးတည်နိုင်သလား
လွန်ခဲ့သော နှစ်ပေါင်း ၂၃ နှစ်လုံးလုံး မြန်မာလူထုကား၊၂၀၀၄ မတိုင်မီထိ စစ်အုပ်ချုပ်ေ ရးနှ င့်တ ပ်မတော်ထောက်လှမ်းရေး၏ ဖိနှိပ် ချုပ် ခြယ်ရက်စက်မှုများ ကိုလည်းကောင်း၊ ထိုနောက်ပိုင်းမှ ပုံသဏ္ဍာ န် အမျိုးမျိုးဖြင့် ကြုံတွေခဲ့ရ သော ဖိနှိပ်မှု၊ ဒါဏ်ရာဒါဏ်ချက်များကို ယခု မှ စတင် ရင်ဖွင့်ခွင့်ရသော လူထု၏ အုံ ကြွမှု (Social Mobilization) ကို မည်သူက ကိုယ်ချင်းစာ ပေးနေသနည်း။ ဤသို့ ပေးဆပ်ခဲ့ရ သော မျက်ရည်များ၊ ဘ၀များ၊ မိသားစုများ၊ အိမ်မက်များ၊ ပညာရေးများ၊ လူငယ်များ၊ မျိုးဆက်သစ်များ၊ ပြည်ပရောက်အလုပ်သမား များ၊ မိန်းမပျိုများ စီးပွားရေးများ၊ အိမ်၊ယာ၊မြေများ၊ အဆောက်အဦးများ စသည့်တို့အတွက်မည်သူက မည်မျှခံစားမျှဝေပေးနိုင်ပါသနည်း။
ထိုအချက်သည် လူထု၏ နိုင်ငံ ရေး အုံကြွမှု ရေချိန်အနိမ့်အမြင့်ကို ကောက်ချက်ချရန် လုံးဝ အမှန်တရား ဖြစ်နေကိုသည် ပြည်ပ မှနိုင်ငံ ရေးလေ့လာသူအားလုံးသိ သင့်ပါ သည်။ ယခုမှု ၂၀၁၁ အစိုးရသစ်၏ နိုင်ငံရေးစိတ်စေတနာအနည်းငယ်ဟပေးထားခြင်းဖြင့် လူထု၏ နှစ် ရှည်လများ မြို သိတ်ခဲ့ရသောဒုက္ခ အ၀၀ အား အလုံးစုံသော ထုတ်ဖော်မှုများဖြင့် ပြည်သူလူထုက စတင်လာခြင်းသည် social mobiliz etion ဖြစ်သည်ဟု ဆိုလျင်မှား မည် မ ထင်ပါ။
ထိုပေး ထားချက်အကွက်သေးသေးလေးဖြင့် လူထု က ဆန္ဒပြခြင်း၊ လူ အခြင့္အေ ရးေ တာင်းဆိုခြင်း၊ တရုတ်တို့၏ စီမံကိန်း များ အားဆန့် ကျင့်ခြင်း၊ မြစ်ဆုံ အနိုင် ကျင့်မှုများ၊ မတရား သိမ်းယူခဲ့သော လယ်ယာမြေယာများ၊ စီးပွားရေးနွမ့်နစ်မှုများ၊ တရားဥပဒေအနိုင်ကျင့်မှုများ၊ လျပ်စစ်မီး အပါအ ၀င် ပြည်စုံ လုံလောက်စွာ မဖန် တီး ပေးနိုင်ခဲ့သာ ကျောထောက်နောက်ခံ ပံပိုးမှုများ အလုံးစုံအတွက် ယခုလို ဆန္ဒပြ ထုတ်ဖော်ခြင်းသည် ရသင့် သည် အခွင့်အရေး ထိုက်တန်သည့် ဆုလာဒ်အသေးစားအနေဖြင့် နိုင်ငံေ၇းသုံးသပ်သူ ကိုမင်းဇင် သဘော မ ထား သင့်ဘူးလား ဆိုသည်ကို မေးမြန်းလိုပါသည်။ လူမှုရေးအုံကြွမှုသည့် ပြုပြင်ပြောင်းလဲရေးအတွက် အကျဘက်သို့ဦးတည်နေ သော အနှုတ်လဏ္ခ ဆောင်သည့် နိုင်ငံရေးပုံရိပ်များ ဟု ပြည်ပမှ နိုင်ငံရေးသိပ္ပံပညာရှင် တော်တော်များများ ကောက်ချက်ချ သည်မှာ တဘက် သတ် ဆန် လွန်းပါသည်။ မိမိတို့၏ ခံစားခဲ့ရသော မြိုသိပ်ခဲ့ရသော၊ ပေးဆပ်ခဲ့ရသောအချိန်ကာလများကို ပျက်ရည်ပြုနေသယောင် ဖြစ် နေပါသည်။
မိမိတို့၏ ဘ၀၊ မိမိတို့၏ခံစားချက် ကိုဘယ်သူမှ အပြည့်အ၀မျှဝေခံစားပေးနိုင်ခြင်းရှိမည်မဟုတ်ပါ။ ထိုသို့ကို ယ် ခြင်းစာ ပေးနိုင်သည်ဆို သည်မှာလည်း မုသားသာဖြစ်ပါလိမ့်မည်။ ထိုကြောင့် ယခု ဖြစ်ပေါ်နေသော လူထုအုံ ကြွမှု ( Social Mobilization )ကို တင်စား သုံးခြင်း သည် မည်သည့်ဘက်က ကြည်ပြီး ထိုက်တန်ပါသည်ဟု ဆုံး ဖြတ်ခဲ့ပါသနည်းကို ဖြေပေးနိုင်လျင် အမှန်တရား နှင့်နီးစပ်သွားပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော မြန်မာပြည်သူလူ ထု၏ နှစ်နာမှုများကား နှစ်ပေါင်း ၅၀ ကျော် ရှိလာခဲ့ပြီ မဟုတ်လား။
နိုင်ငံရေးဓလေ့အရ အစိုးရသစ်သည့်စစ်မှန်သောပြောင်းလဲရေးကို အမှန်တကယ် ခြေဦး တည့်ပြောင်း လည်း ရေးလုပ်နေသလား ဆိုသည့် အချက်သည့်တဖက်က လူထု၏ တုန့်ပြန်မှု အနိမ့်အမြင့်နှင့် တိုက်ရိုက်အ ချိုး ကျနေ ပါလိမ့်မည်။ ဆိုလိုသည်မှာ အစိုးရ ၏ပြုပြင်ပြောင်း လဲရေးသည် ရွှေရည်စိမ်ဖြစ်ပါက လူထု ပေးထားချက် သေးသေးအတွင်းမှ လူအခွင့်အရေးဆိုင်ရာများ၊ ဆန္ဒပြမှုများ ကို ပြုလုပ်ကြမည် သာဖြစ်သည်။
အစိုးရ၏ ပြုပြင် ပြောင်းလည်း ရေးသည် ပြည်သူလူထုတရပ်လုံးအကျိုးဖြစ်ထွန်းစေသော စီးပွားရေးတိုးတက်မှု၊ အညီအမျှ ခံစားမှု လူမှု အဆင့်တန်း မြင့်တက်လာမှု ရှိလာပါက လူထု၏ ဆန္ဒပြ တောင်းဆိုမှုများသည် လျော့ကျ လာနိုင်စရာ သာရှိ ပါသည်။ ထို အချက်ကသာ အစိုးရ၏ပြုပင်ပြောင်း လဲရေးလုပ်ငန်းစဉ်နှင့်လူထုအုံကြွမှု ရေချိန် အနိမ့်အမြင့် တိုက်ရိုက်အချိုးကျနေကြောင်း နိုင်ငံ ရေး ပေတံ တခုဖြင့် တိုင်းသင့်ပါသည်။ အကောင်းဆုံးဥပမာ မှာ မီဒီယာများတွင် မကြာခဏ ဖော်ပြနေသာ သမီးကလေး ကျေးရွာ ဖယ်ရှား ခြင်းခံရသည့် စိတ်နှလုံးမချမ်းမြေဖွယ် ဖြစ်ရပ်က ကျန်မြန်မာပြည်သူလူထုအား မည်သို့ message ပေးနေသနည်းကို စဉ်းစားခြင်းဖြင့်ပင် သိ နိုင်သည်။
ခေါင်းဆောင်မှုဆိုင်ရာ နိုင်ငံရေးအကြပ်အတည်း(သို့) ခေါင်းဆာင်မှုအပြောင်းအလဲကနိုင်ငံရေးထွက်ပေါက် လားခေါင်းဆောင်ပိုင်းဆိုင်ရာအကြပ်အတည်း ဆိုသည်နှင့် ခေါင်းဆောင်ပိုင်းဆိုင်ရာ အရည်အချင်း၊ အရည်အသွေး ကို လည်း ထည့်သွင်းစဉ်း ရမည်ဖြစ်သည်။ ထိုအတူ ခေါင်းဆောင်ပိုင်း အရည် အသွေးနှင့် အတိတ်၏ အုပ်ချုပ်မှု နိုင်ငံရေးအာဏာများကြောင့်မည်မျှ စီးပွားရေးနိုင် ငံရေး၊လူမှုရေး၊ စသည့်တိုးတက်မှုဆိုင်ရာ ရလာဒ်များယူဆောင်လာသနည်းဆိုသည့် သမိုင်းသက်သေ ကိုလည်း ပြစ်ပယ်ထား၍ မရပါ။
ယခုအချိန်တွင်မှု လက်ရှိခေါင်းေ ဆာင် ၏ အရည်အသွေးရှိမရှိကို တိကျစွာခန့်မှန်းနိုင်သော်လည်း၊ နှောင်လာလတန့်သော ခေါင်းဆောင် သည် တိုင်းပြည်စီမံအုပ်မှု၊ ဖွံဖြိုး မှုအတွက်ခေါင်း ဆောင် ၏မှုအရည်အသွေးရှိမရှိ ကိုမည်သူမျှတိကျစွာမခန့် မှန်းနိုင်သေးပါ။ ယခု သမ တ ဦးသိန်း စိန် နိုင်ငံပြုပြင်ပြောင်းလဲရေး ကာလ သုံးနှစ်လွန်မြောက်လာပြီးဖြစ်သည်။ မည်သည့် တိုး တက်မှုများ၊ တိကျ သေခြာ သော စီးပွားရေးပေါ်လစီများ၊ ပုဂလိကကဏ္ဍ ဖွံဖြိုးတိုးတက်ရေးစီမံချက်များ၊ တိုင်း ရင်းသားဒေသဖွံဖြိုးရေးများ မည်မျှ စွမ်းစွမ်းတမံ အောင်မြင် ခဲ့သနည်း။ ထိုသို့စဉ်းစစ်ရန် အတွက် တိုင်းတာ သော နည်းများကို မည်သည့်ပညာရှင်က ထောက်ပြဘူးသနည်း။ ဤအချက်ကိုမည်သည့် နိုင်ငံရေးပညာရှင်ကမှ ဝေဖန်ထားခြင်းမရှိသေးပါ။
ဆိုရလျင် အတိတ်က ခါးသီးသော အုပ်ချုပ်မှု ခေါင်းဆောင်မှုကြောင့် ထိုအရိပ်လွှမ်းမိုးမှု မှ လွတ်အောင် မစွမ်းဆောင်နိုင်သေး သောသူ သည် ယခု အပြောင်းအလဲ ကို ဦးဆောင်သူ ဖြစ်နေခြင်းကို သန်း ၆၀ သောလူထုက သိနေခြင်းကြောင့် ခေါင်းဆောင်မှု အပြောင်းအလဲ ကို လိုလာခြင်းမှာ ဒုတိယဖြစ်နိုင်ခြေရှိသော နိုင်ငံရေးဆန္ဒ တရပ်သာ ဖြစ် ပါသည်။
ထိုအတွက်ခေါင်းဆောင်ပိုင်းရွေးချယ် မှုပြဿနာသစ်ကိုလူထုဆုံးဖြတ်ပေးနိုင်ပါက စစ်မှန်ေ သာ ဒီမိုကရေစီ စနစ်ဖြစ်ထွန်းရန်သာ ရှိသည်။ ထိုအတွက် ၅၉ (စ)အပါအ၀င် တဖက်သတ်ကျသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ကို ပြင်ဆင်ရေးဆွဲ ရန် မြန်မာပြည်တနံတလျား လူ ထု ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပေါ်လာခြင်းသည်အမှန်တရားဖြစ်ပါသည်။
စစ်ဘက်အသွင်ပြောင်းထားသောအရပ်ဘက်အစိုးရ ဦးဆောင်မှု ရလာဒ်သည် ပြည်သူ လူထုအတွက်တစုံတရာ ဖြည့်စည်းပေးနိုင်ခြင်းမရှိသေးလျင် ခေါင်းဆောင်ပိုင်းဆိုင်ရာ အပြောင်းအလဲ ကိုလိုလား နေသော လူထု၏ အိမ်မက်ဖြစ်နိုင်စရာရှိသည် မှာ အမှန်တရားနှင့်ပိုမို နီး စပ်နေပါသည်။ ဤတွင် အချို့ခေါင်းဆောင်များက ဖွံဖြိုးရေး နှင့်မနှီးနွယ်ေ သာ၊ ရေရှည်တိုး တက်မှုအတွက်မဟာဗျုဟာကျကျ ချဉ်းကပ်စဉ်းစားခြင်းမဟုတ်ဘဲ ပြည်သူလူထု၏အမျီုးရေးဝါဒ နဲ့ နီး ကပ်စေရန် ဘာသာရေးနွယ်သော ဥပဒေ(၄)ခုအတည်ပြုခြင်းမျိုး၊ သတင်းစာရှင်းလင်းပွဲများပြုလုပ်ခြင်းမျိုး၊ ဖွဲ့စည်းပုံဆိုင်ရာ အ ပြောင်း အ လဲများပြုလုပ်ရန်လေသံဖြစ်ခြင်းမျိုးဖြင့် မဟာဗျူဟာချလာသည်ကို တွေမြင်နေရပါသည်။
ယခု ပညာရှင်ပေတံဖြင့် တိုင်းတာရန်လိုအပ်လာသည်။ ယခုအပြောင်းအလဲတွင် drive of change အပြောင်းအလဲကို မောင်းနှင် သော လူပုဂိုလ် (Personal) ၊ အဖွဲ့အစည်း (Institution) ၊ ပုံသဏ္ဍာန် (Structure) တို့ကား မည်သို့နည်းကိုလေ့လာရန်လိုအပ်သည်။ ဆိုလို သည်မှာ မည်သည်နိုင်ငံရေး အဖွဲ့အစည်းများကပြောင်းလဲမှုကိုဦးဆောင်နေသနည်း၊ နိုင်ငံသည် ပုဂိုလ်ရေး အခြေပြုသည့် ပြု ပြင် ပြောင်းလည်းရေးထက် အဖွဲ့အစည်း ဆိုင်ရာဘောင်သွင်းခြင်းနည်း ကို မည်မျှ များများ စားစားအသုံးပြုနေသနည်းကို ကိုမင်းဇင်ဖြေသင့် ပါသည်။
အခြားတဖက်တွင်စဉ်းစားရန်လိုသည်မှာ ခေါင်းဆောင်ပိုင်းဆိုင်ရာ ပြောင်းလဲရုံဖြင့် တိုင်းပြည်၏ ပျက်စီးအမြစ် တွယ်နေသော စနစ် (structure and system )သည် ခေါင်းဆောင်မှု၏ ပြောင်းလဲမှုအရှိန်အတိုင်း လိုက်ပြောင်းနိုင်စွမ်းအား ရှိပါသလား။
မိမိတို့က စနစ်ကို ပြောင်း ရမည်ဖြစ်သည်။ စနစ်တခု လုံး ကို ပြုပြင်ပြောင်းလဲရန် လိုအပ်နေခြင်းဖြစ်သည်။ ထိုစနစ် ပြုပြင် ပြောင်း လဲခြင်းအတွက် လူထု ၌ အင်အား (Strength) ရှိရမည်။ လူထု၌စွမ်းအား( Power) ရှိရမည်။ ခေါင်းဆောင်တွင်လည်း စစ်မှန် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဆန္ဒပြင်း (Desire) ပြရ မည်ဖြစ်သည်။
ထိုကြောင့် စနစ်က အရေးကြီးသလား၊ ခေါင်းဆောင်မှုပြဿနာက အရေးကြီးသလားဆိုသည်ကို ခွဲခြမ်းစိတ်ဖြာ ရန် လိုအပ်သည်။ ထိုမှမ ဟုတ် စနစ်အပြောင်းအလဲကို မည်သည့်အချိုးမည် သည့်ပုံသဏ္ဍာန်ဖြင့် မဖြစ်မနေ လုပ် မည်။ ခေါင်းဆောင်မှုအပြောင်းအလဲကို မည်သို့မ ည်ပုံ ကစားမည်ဆိုသည့် နှစ်ချက်ကို တပြိုက်နက်တည်း စဉ်း စားရန်ဖြစ်သလို တပြိုင်နက်တည်း ဆောင်ရွက်ရတော့အချိန်သို့ ကျရောက် နေပါပြီ။
ဤတွင် ခေါင်းဆောင်ပိုင်းအပြောင်းလည်းက စနစ်တခုလုံးအပြောင်းအလဲကိုမည်ရွေမည်မျှ ဆွဲခေါ်နိုင်ပါသနည်းသည် အနာဂါတ်တွင် ဆက်လက် စဉ်းစားရမည့် မဟာဗျုဟာဖြစ်လာသည်။ ယခုမှု အစိုးရ၏ ဗျုရိုကရက်ယန္တရားတခုလုံး၊ ရှေ့ ရောက်နေသောစီးပွားရေးအုပ် စု များ အားလုံးသည် ယခင်စနစ် အကျင့်ဟောင်းများဖြင့် နေသားတကျလဲပတ်နေဆဲဖြစ်သည်။
လွှတ်တော် ရှိ ပါတီနိုင်ငံရေး အမတ်များ ၊ အုပ်ချုပ်ရေးယန္တရားတွင် ပါဝင်ဆောင်ရွက် သူများအားလုံးသည် ပုလင်းတူဘူးစို့ ကြသူများသာဖြစ်သည်။ လက်တွေဖြစ်စဉ်များအရ သုံ့း သပ်ရလျင် နိုင်ငံရေးသမားဟောင်းတော်တော်များ(ပြည်ပရောက်လိုသူများလည်းပါဝင်သည်) နှင့် အစိုးရဗျိုရိုကရက်များ၊ ခရီုနီများသာ ကြီးပွားချမ်းသာပြီး အခွင့်ထူး ရသွားသော သက်သေသာဓကများရှိနေပါသည်။
ခေါင်းဆောင်ကမည်သို့ပြောင်းပြောင်း ထိုစနစ် (structure and system ) ပြောင်းနိုင်မလား ဆိုသည်မှာ မီးစင် ကြည့်ကရမည်ကိန်း သည် ပေးဆပ်ခဲ့ရသော နှစ်ကာလများအတွက် ထိုက်တန်ပါသလားဆိုသည်ကိုသိထားသင့်သည်။
၂၀၁၅ တွင် ယခုသမတက ဆက်လက် သ မတဖြစ်နေ ခြင်း၊ ကာကွယ်ရေးဦးစီးချုပ်က သမတဖြစ် လာခြင်းများသည် စနစ်(structure and system )ကို ပြောင်းလဲ ပေး နိုင် မလား ဆိုသည်မှာ ရာနှုန်းပြည့်မသေခြာနိုင်ပါ။ အဘယ်ကြောင့်ဆိုသော စစ်ဘက် ယူနီဘောင်း ပြောင်း လာသောအရပ်ဘက် ၀န်ထမ်း များအစီအစဉ်များကို အတော်မတတ်နိုင်သေးပါ။ ယခု အုပ်ချုပ်ရေးဆိုင်ရာ ယနရား ကို လုပ်ရှားနေသော သူများမှာ စစ်ဘက်မှ ပြောင်း လာ သူများသာဖြစ်နေသေးသည် အချက် မှာ (structure adjustment)ကိစ္စကို ယခု အစိုးရမည်သို့မျှ မလုပ်နိုင်သေးကြောင်း ထင်ရှား သည့်သက်သေဖြစ်သည်။
အပြောင်းအလဲနောက်မလိုက်နိုင်သူများကို ချန်ထားခဲ့မည်ဖြစ် ကြောင်း သမ တပြောဆိုခဲ့သည် အချက် ကိုပင် ကတိ တည် ရန် ခက် ခဲနေပြီဖြစ်သည်။
ထိုအတူ သူရဦးရွေမန်းနှင့်ဒေါ်အောင်ဆန်းစုကြည် တို့နှစ်ဦးကရော ခေါင်းဆောင်အပြောင်းအ လဲကိုပြုလုပ်လိုက်ပြီ ဆိုပါကအကျင့်ဆိုး ၊စ ရိုက်ဆိုးများဖြင့်အမြစ်တွယ်နေသော စနစ် (structure and system ) ကိုပြောင်းလဲနိုင် မည်လားဆိုသည်မှာလည်း အာမဘန္တ ခံနိုင် လောက် သော နိုင် ငံရေးမဟာဗျူ ချပြမှုမရှိသေးပါ။
လူမှုရေးအုံကြွမှုက (Social Mobilization) တခုတည်းသောအဖြေ
စနစ် (structure and system) ကိုပြောင်းရန် လူထု၏ လူမှုရေးအလှုပ်အရမ်း အရွေ့ကသာ ရွေ့နိုင် မည်ဖြစ်သည်။ လူထု၏အား (peo ple power) အားကောင်းမှာသာ စနစ်ကြီးတခုလုံး အမြစ်တွယ်နေသော ယန္တရားတခုလုံးေ၇ွ့နိုင်မည်ဖြစ်သည်။ ထိုကြောင့် လူမှု ရေး အုံ ကြွမှုဖြစ်ခြင်းသည် စနစ်ကိုပြောင်းလဲနိုင်သော အကောင်းဘက်ကဖြစ်ပေါ်စေနို င်သောနိုင်ငံရေးပုံရိပ် ( Political Positive Impacts) ဖြစ် ခြင်းကြောင့်ကြိုဆိုရမည်ဖြစ်သည်။ ထိုအတွက်လူထု၏စွမ်းအားကို စိတ်ရှည်စွာ ဖန်တီးတည်ဆောက်ရ မည်ဖြစ်သည်။
ထိုအချက်က မှန် ကန်သည့် ရလာဒ် ကောင်းများထွက်လာပါက လူထု၏ နိုင်ငံရေး ယုံကြည်မှု (Political Trust)ကို ဗျုရိုကရက်များ၊ အစိုးရများကတ ဖန် ပြန် လည် ရ ရှိလာလိမ့်မည်ဟု တထစ်ချယူဆနိုင်ပါသည်။ မြန်မာပြည်သူလူထု၏ လိုအပ်ချက်များကို ဖြည့်စည်းပေးနိုင်ပါ က အုပ်စိုး သူများအစိုးရများအတွက် ထိုက်တန်သော လူထု၏ ယုံကြည်မှု (trust) ကိုပြန်လည်ရရနိုင်မည်မှာ အပြန်အလှန်သဘောတရားဖြစ် နေ သည်။ (ဥပမာ ပတ်ချု့ဟီးနှင့် တောင်ကို၇ိးယား၊ ချန်ကေရှိတ်နှင့်ထိုင်ဝမ်၊ တိန်ရှောင်ဖိန်နှင့် တရုတ်၊ မဟာသီနှင့်မလေးရှား၊ လိကွမ်ယူနှင့် စင်္ကာပူ။ ထိုခေါင်းဆောင်များသည်တိုင်းပြည်အတွက် တန်ဖိုးထားသော ခေါင်းဆောင်ကောင်းပိသမှု၊ မွန်မြတ်မှုကို ယခုတိုင် ထိုတိုင်းပြည် ပြည်သူပြည်သားများက ယုံကြည်ကိုးကွယ် သတိယ နေကြဆဲဖြစ်သည်။
ထိုကြောင့်ခေါင်းဆောင်ပြောင်းလဲခြင်းကို ပြုလုပ်နိုင်သလို တစ်ချိန်တည်းတွင် စနစ် (structure and system )အားပြောင်းလဲရန် စဉ်း စား လုပ်ဆောင်နေရမည်။ ထိုအတွက်လူထုအုံကြွမှု ( လူမှုလုပ်ရှားမှု) social mobilization အရှိန်ပြင်းစွာ ဖြစ်တည် နေခြင်းကသာ လူထု က စနစ် (structure and system) ကို ပြောင်းလဲနိုင်သော တခုတည်းသော ထွက်ပေါက် ဖြစ်နေအုန်း မည်မှာ အသေအခြေသာ ဖြစ်ပါ လိမ့်မည်။ ထိုကြောင့် စာရေးသူ Local Thinker ၏ မှတ်ချက်သည့် နိုင်ငံရေးသိပ္ပွံ ပညာရှင် ကိုမင်းဇင် နဲ့ ကွဲလွဲသော သုံးသပ်ချက်ဖြစ်နေ သည့် အချိန်အဆကို ပြည်သူကသာဆုံးဖြတ်ပါလိမ့်မည်။
သန်းစိုး(ဘောဂဗေဒ)