Quantcast
Viewing all articles
Browse latest Browse all 1811

လွမ်းလောက်လို့လား .... (၂)



 ကျောင်းမှာ သန့်ရှင်းရေးလုပ်ဖို့ တစ်ပါတ်မှာတစ်ရက် တာဝန်ယူရမယ် ၊ ကျမပါဝင်တဲ့ အသင်းက အပါတ်စဉ် ကြာသပတေးနေ့မှာ သန့်ရှင်းရေးတာဝန်ယူရမှာ ဖြစ်ပြီး သောကြာနေ့မှာတော့ တစ်တန်းလုံး ပါဝင်သန့်ရှင်းရမယ် ဆိုတာတွေကို ဆရာမက ဆက်ရှင်းပြပါတယ် ။ ကျမရွေးချယ်လိုက်တဲ့ သူငယ်ချင်းသုံးယောက်နားမှာ ၀င်ထိုင်လိုက်တော့ ကျမနဲ့ ဘေးချင်း ကပ်ရက်က ခုံတန်းမှာ ထိုင်နေတာက မောင် ဖြစ်နေပါ့လား ။


အိုး....ပျော်ဖို့ ကောင်းလိုက်တာ ။ အိမ်မှာဆိုရင် ရွှီကနဲတောင် လေချွန်လိုက်မိမှာ ။ ကျမကသိပ်ပြီး မိန်းမ မဆန်ဘူးလေ ။ အဲဒါက ကျမအပေါ် မောင် မကြိုက်ဆုံး အချက်နံပါတ်တစ်ပေါ့ နော။

ဆရာမက ညနေ ကျောင်းဆင်းကာနီးမှာ ကျမကို စာတွေ ၀ိုင်းကူးပေးဖို့ ၊ စာအုပ်တွေ ငှားပေးကြဖို့ အတန်းဖေါ်တွေကို မှာသွားပါတယ်။ ကျမနဲ့အတူတူ ထိုင်တဲ့ သူငယ်ချင်းသုံးယောက်က နီလာတင်ရယ် ၊ ကေသီဝင်းရယ် ၊ သင်းသင်းမွှေးရယ်ပါ ။ သူတို့ သုံးယောက်လုံးက ပျော်တတ် တဲ့သူတွေ ၊ ဟာသဥာဏ် ရှိသူတွေလေ ။ ပြီးတော့ ဒီသုံးယောက်က မောင့်ရဲ့ ဦးဆောင်မှုအောက်က သူငယ်ချင်းအရင်းတွေလဲ ဖြစ်လို့နေပြန်ပါရော ။
ကဲ ...စာအုပ်တွေ ငှားတဲ့အချိန်မှာ ဇာတ်လမ်းက စ , တာပါပဲ ။

“ အဲဒီတစ်ယောက်ကို နင်တို့သုံးယောက်စလုံးက ဘာလို့ စာအုပ်တွေ အကုန်ငှားနေရတာလဲ ” ဆိုတဲ့ စကားကို ခပ်မာမာလေသံနဲ့ ပိုင်စိုးပိုင်နင်း ပြောလိုက်တဲ့ အသံက မင်းခန့်ဇော်ဆီက ထွက်လာပါတယ် ။

သူ့ရဲ့ လေသံက သူတို့သုံးယောက်အပေါ် အမိန့်သံ ဆန်နေသလို ကျမကို သေးငယ်တဲ့၊ အရေးမပါတဲ့ ပြီးတော့ သူ့ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိနေတဲ့ အရာအဖြစ် အသတ်မှတ် ခံလိုက်ရသလိုပါပဲ ။ အဲဒါက ကျမ အမုန်းဆုံး၊ လက်မခံနိုင်ဆုံး အချက်တစ်ခု ဖြစ်နေတော့ ကျမရဲ့ တစ်ကိုယ်လုံးက သွေးတွေဟာ ဒေါသ၊ မာနစိတ်နဲ့ ပွက်ပွက်ဆူလာခဲ့ပါတယ်။

အံမာ….သူကများ……..ငါ့ကို ။ ဆိုတဲ့ ဒေါသစိတ်နဲ့ ဆတ်ကနဲ လှမ်းကြည့်မိတဲ့ ကျမမျက်လုံးတွေက မီးတွေ ၀င်းဝင်းတောက်နေမှာ အသေအချာပါပဲ။

ဒါပေမဲ့ “ ငါလဲ ငါ့စာအုပ်တွေ ငှားပေးအုံးမှာပေါ့ ” ဆိုတဲ့ စကားကို ခပ်ရှက်ရှက်နဲ့ မျက်လုံးလွှဲပြီး လှမ်းပြောလိုက်တဲ့ သူ့ အမူအယာရယ် ၊ ခပ်တိုးတိုး ပြောလိုက်တဲ့ အသံဖျော့ဖျော့ရယ်ကြောင့် ကျမမှာ ထွက်မိတဲ့ ဒေါသတွေ ချက်ချင်းပျောက်ပြီး ရီချင်စိတ်တွေ ဖြစ်လာမိပါတယ် ။

“ အော်…ဘာများလဲလို့ မင်းခန့်ဇော်ရယ် ” လို့ ပြောရင်း ကျမကပဲ သူ့ကို အားနာပြုံးနဲ့ နှစ်သိမ့် ပေးလိုက်ရပါတယ်။
မောင့်ရဲ့ ဖြစ်ပုံက… စကထဲက ယဉ်သကို ဆိုသလို…။

“ ငါ့ကို ငှားမယ်ဆိုလဲ နင့် စာအုပ်တွေ မြန်မြန်ပေးထား ၊ ကျောင်းဆင်းရင် မေ့သွားမှာ စိုးလို့.. ” ဆိုပြီး သူ့စာအုပ်တွေကို ကျမကပဲ တကယ်ကို လိုလိုလားလား ယူချင်တဲ့ ပုံစံမျိုးဖြစ်အောင် ပြောလိုက်ရတယ်လေ ။ အမှန်က ကျမ ဘယ်သူ့ဆီက ဘာစာအုပ်မှ မငှားချင်သေးပါဘူး ။ စာလုပ်ရမှာ ပျင်းနေသေးတယ် မောင်ရဲ့ ။
“ နင်…..ငါ့ စာအုပ်တွေကို စံနစ်တကျ ကိုင်နော် ၊ ငါက စာရွက်တွေ အနားလိပ်တာ, ခေါက်တာတွေ မကြိုက်ဘူး ယုမီချို ”
“ အံမာ….။ နင့်ကို အားနာလို့သာ စာအုပ်ငှားရတာ ။ ငါက သူများလက်ရေးကို ဖတ်တတ်တာ မဟုတ်ဘူး။ နင့်လက်ရေးက ငါ ဖတ်လို့ ရတဲ့အဆင့်ရော ရှိရဲ့ လား…။ ပြစမ်း ”
ဆတ်ကနဲ သူ့စာအုပ်ကို လှမ်းဆွဲပြီး ဖွင့်ကြည့်မိတော့ ။

ဘုရားရေ ။ သူ့လက်ရေးတွေက စာလုံးဝိုင်းဝိုင်းမှာ အပင့်,အရစ်တွေကို ထောင့်ကျကျဆွဲပြီး ရေးထားတာများ ။
ပုံနှိပ်စာလုံးတွေကို အရွယ်အစား ချဲ့ ထားသလိုပါပဲလား ။

“ တော်သေးတာပေါ့ ။ ငါ ဖတ်လို့ ရတဲ့ လက်ရေး ဖြစ်နေလို့ ” ဆိုတဲ့ စကားကို ဟန်မပျက် ပြန်ပြောရင်း ကိုယ့်လက်ရေးထက် အဆများစွာ သာလွန်ကောင်းမွန်နေတဲ့ သူ့လက်ရေးကို ကျမ သဘောကျသွားမိပါတယ် ။ ကျမရဲ့ မှတ်ချက်အတွက် အောင့်သက်သက် ခံစားလိုက်ရပုံနဲ့ သူ့မျက်နှာ ရဲသွားတာကို ကြည့်ရင်း အကောင်းကြိုက်၊ အတော်ကြိုက်တဲ့ ကျမအတွက်တော့ နှစ်ခြိုက်စရာ အရုပ်ကောင်းကောင်း တစ်ခုကို စတွေ့ရသလို ခံစားမိပြီး ပျော်လိုက်တာ ။

စ,တွေ့ တဲ့နေ့မှာပဲ မောင်ဟာ ကျမအကြိုက်ဆုံး အချက်တွေရယ်၊ မကြိုက်ဆုံး အချက်တွေရယ်နဲ့ ထူးခြားစွာ ပေါင်းစပ်ဖွဲ့ စည်းထားပြီး ကျမကို ငြင်းဆန်နိုင်စွမ်း လျော့ကျအောင် ဆွဲဆောင်နိုင်စွမ်းရှိသူ မဟာလူသားတစ်ယောက် အဖြစ် သိရှိနားလည် လိုက်ရပါတယ် ။
အဲဒီအချိန်က စလို့ မောင်ဟာ ကျမရဲ့ ဘ၀ထဲကို တစ်လှမ်းချင်း နက်နက်ရှိုင်းရှိုင်း ၀င်ရောက် လာခဲ့တာပဲပေါ့ မောင်ရယ် ။
----------------------------------------------------------------------။



Khin Chowar Win

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>