Image may be NSFW.
Clik here to view.
-by ဦး ဦး on Tuesday, February 26, 2013 at 10:17pm ·
-
-
ဟိုးရှေးရှေးတုန်းက ယုန်တစ်ကောင်နဲ့ လိပ်တစ်ကောင်ဟာ ဘယ်သူကအပြေးမြန်သလဲလို့ ငြင်းကြတယ်။
ဒါနဲ့သူတို့နှစ်ကောင်ဟာ ပြေးလမ်းတစ်ခု သက်မှက်ပြီး အပြေးပြိုင်ပွဲ လုပ်ဖို့ သဘောတူကြတယ်။
တာလွတ်တာနဲ့ တပြိုင်နက် ယုန်ဟာ မြှားတစ်စင်း ပြစ်လိုက်သလို ပြေးထွက်သွားတယ်။
တော်တော်ဝေးဝေး ရောက်လို့ လှည့်ကြည့်လိုက်တော့ လိပ်ကို တော်တော်ဝေးဝေးမှာ ကျန်ခဲ့ပြီ ဆိုတာသိလိုက်တယ်။
ပန်းတိုင်ကို ဆက်မပြေးခင် ခဏတော့ သစ်ပင်အောက်မှာ အေးအေးဆေးဆေး နားလိုက်ရင် ရသေးတယ်လို့ ယုန်က တွေးလိုက်တယ်။ သစ်ပင်အောက်မှာ နားနေတုန်းမှာပဲ ယုန် အိပ်ပျော်သွားခဲ့တယ်။ ဖြေးဖြေးနဲ့ မှန်မှန်ပြေးလာတဲ့ လိပ်ဟာ အိပ်ပျော်နေတဲ့ ယုန်ကို ဖြတ်ကျော်ပြီး ပန်းဝင်သွားခဲ့တယ်။ ယုန်နိုးလာပြီး သူရုံးသွားပြီလို့ သိလိုက်တယ်။
ဒီပုံပြင်လေးက ပြောပြတာက ဖြေးဖြေးနဲ့မှန်မှန်သာ အလုပ်လုပ်ရင် အောင်မြင်မူ့ပန်းတိုင်ကို ရောက်မယ်ဆိုတာပဲ။ ကျနော်တို့တတွေဟာ ဒီပုံပြင်နဲ့ ကြီးပြင်းလာကြတာပါ။
အခုခောတ်မှာတော့ ယုန်နဲ့လိပ် ပုံပြင်ဟာ အရင်ကလို မဟုတ်တော့ပဲ ပြောင်းလဲ တိုးတက်လာပါတယ်။
ဆက်ကြည့်ကြရအောင်။
ယုန်ဟာ သူပြိုင်ပွဲရုံးတာကို စိတ်ပျက်ပြီး ထိုင်စဉ်းစားနေခဲ့တယ်။ သူအခုလိုရုံးနိမ့်ရတာဟာ ကိုယ့်ကိုယ်ကို ယုံကြည်မူ့လွန်ကဲလို့၊ ဂရုမစိုက်လို့၊ အပျင်းထူလို့ ဖြစ်ခဲ့ရတယ်။ သူသာ အပျင်းမထူခဲ့ရင် လိပ်ကိုရုံးနိမ့်စရာ အကြောင်းမရှိဘူး ဆိုတာပါပဲ။ ယုန်ဟာ နောက်ထပ်ပြန်ပြိုင်ဖို့ လိပ်ကိုတောင်းဆိုတယ်။ လိပ်ကလဲ သဘောတူတယ်။
-
-
Image may be NSFW.
Clik here to view.
-
-
-
ဒီတစ်ခါပြိုင်ပွဲမှာတော့ ယုန်ဟာ လုံးဝမနားတော့ပဲ ပန်းတိုင်အထိ ဆက်တိုက်ပြေးလိုက်တာ လိပ်ကို မိုင်တော်တော်များများ ဖြတ်ချန်ထားနိုင်ခဲ့ပြီး ပန်းဝင်သွားပါတယ်။
ဒီပုံပြင်က ပြောပြတာက မြန်မြန်နဲ့ မှန်မှန် ကြိုးစားရင် ဖြေးဖြေးနဲ့မဆုတ်မနစ် သမားတွေကို အနိုင်ရတယ်ဆိုတာပါပဲ။ ဖြေးဖြေးနဲ့ မဆုတ်မနစ် ကြိုးစားတာဟာ ကောင်းပါတယ်။ ဒါပေမယ့် မြန်မြန်နဲ့ မှန်မှန် ကပိုပြီးထိရောက်ပါလိမ့်မယ်။
ပုံပြင်လေးက ဒီမှာမဆုံးသေးပါဘူး။
ဒီတစ်ခါမှာတော့ လိပ်ကသူ့အရုံးကို ပြန်စဉ်းစားပါတယ်။ ပုံမှန်အတိုင်း သွားရင်တော့ ယုန်ကိုနိုင်မယ် မဟုတ်ဘူးလို့ စဉ်းစားမိပါတယ်။ လိပ်ကခဏစဉ်းစားပြီး ယုန်ကို စိန်ခေါ်ပြန်ပါတယ်။ ဒီတစ်ခါတော့ ပြေးတဲ့လမ်းကြောင်း နည်းနည်းပြောင်းပြီး ပြေးရအောင်လို့ ပြောတယ်။ ယုန်ကသဘောတူပါတယ်။
ယုန်နဲ့လိပ် ပြေးကြပြန်ပါပြီ။ ထုံးစံအတိုင်း ယုန်ဟာ သူ့အရှိန်ကို အမြင့်ဆုံးထိတင်ပြီး မရပ်မနားပြေးပါတယ်။
ပန်းတိုင်မရောက်ခင်နားလေးမှာတင် ချောင်းတစ်ခုခံနေလို့ ယုန် ဆက်ပြေးလို့မရတော့ပါဘူး။ ယုန်ဟာ အဲ့ဒီနားလေးမှာ ထိုင်နေပြီး ချောင်းကို ဘယ်လိုဖြတ်ရမယ်ဆိုတာ စဉ်းစားနေပါတယ်။ အဲ့ဒီအချိန်မှာပဲ လိပ်ဟာ ချောင်းကိုကူးသွားပြီး တစ်ဘက်ကမ်းက ပန်းတိုင်ဆီရောက်သွားပါတော့တယ်။
-
-
-
Image may be NSFW.
Clik here to view.
-
-
-
ဒီပုံပြင်ကပြောပြတာကတော့ သင်တွေ့ကြူံရမယ့် အခက်အခဲကို ကြိုတင်တွက်ဆထားပါ။ အခက်အခဲကို ကျော်ဖြတ်နိုင်အောင် ပြောင်းလဲပြင်ဆင်ရမှာဖြစ်ပါတယ်။
ပုံပြင်က မဆုံးသေးပါဘူး။
ဒီတစ်ခါတော့ ယုန်နဲ့လိပ်ဟာ မိတ်ဆွေတွေဖြစ်သွားကြတယ်။ နှစ်ကောင်စလုံး စဉ်းစားမိတာက အတူတူ ပေါင်းပြေးရင် ပြိုင်ပွဲရဲ့ အဖြေဟာ ဒီထက်ကောင်းနိုင်မယ်ဆိုတာပါပဲ။ သူတို့ နောက်တစ်ခါပြိုင်ကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီတစ်ခါမှာတော့ အသင်းတစ်ခုလို ပြေးကြမှာဖြစ်တယ်။
စပြေးကြပါပြီ။ ဒီတစ်ခါတော့ အပြေးမြန်တဲ့ ယုန်က လိပ်ကို သယ်ပြီး ကမ်းပါးထိရောက်အောင် ပြေးပါတယ်။ ချောင်းကိုဖြတ်တော့ လိပ်ကယုန်ကိုသယ်ပြီး ကူးပါတယ်။ တစ်ဘက်ကမ်းရောက်တော့ ယုန်ကလိပ်ကို သယ်ပြေးပြန်ပါတယ်။ သူတို့နှစ်ကောင်စလုံး ပန်းတိုင်ကို အတူတူဖြတ်ကြတယ်။ ဒီတစ်ခါတော့ နှစ်ကောင်စလုံး စိတ်ကျေနပ်သွားကြပါတယ်။
-
-
-
Image may be NSFW.
Clik here to view.![]()
-
-
-
ဒီပုံပြင်လေးကပြောပြတာကတော့ တစ်ဦးတစ်ယောက်ခြင်းတော်တာ ကောင်းပါတယ်။ ဒါပေမယ့် အသင်းအဖွဲ့လိုက် တော်တာက ပိုကျေနပ်စရာကောင်းတယ် ဆိုတာပါပဲ။ ပြိုင်ပွဲတစ်ခုမှာ အခက်အခဲတွေ့တိုင်း ကိုယ်ကမသိပေမယ့် ကိုယ့်အဖွဲ့ထဲက သူတစ်ယောက်ကတော့ ကျွမ်းကျင်နေတတ်ပါတယ်။
“အဲ့ဒီတော့ ဒီမိုခွေးတွေ စစ်ခွေးတွေလုပ်မနေပဲ အသင်းအဖွဲ့လိုက်လုပ်ရင် စင်ကာပူတို့ နယူးယောက်တို့ကို ကျော်တက်မသွားနိုင်ဘူးလား သားတို့သမီးတို့ရေ”
“ ကျော်တက်သွားနိုင်ပါတယ် ချာာာာာာမ”
ဦး ဦး facebook စာမျက်နှာမှ.......