Maung Aung Myoe's status.
စစ်အခြေခံသဘောတရား (doctrine) ဆိုတာကို အမေရိကန်တပ်မတော်နဲ့ နေတိုးက “လက်နက်ကိုင် တပ်ဖွဲ့များအား မိမိတို့၏ ရည်မှန်းချက်များ ပေါက်ရောက် အောင်မြင်စေရေးအတွက် အထောက်အကူ ဖြစ်စေရန် ပြဋ္ဌန်းထားသည့် အခြေခံစည်းမျဉ်းများဖြစ်သည်။ ၄င်းသည် သြဇာကိတ္တိမရှိသော်လည်း လက်တွေ့ အကောင်အထည် ဖေါ်ရာတွင် ခြင့်ခြိမ်သုံးသပ်ပိုင်းဖြတ်ရန် လိုသည်။”
လို့ အဓိပ္ပါယ် ဖွင့်ဆိုပါတယ်။ စစ်အခြေခံသဘောတရားတွင် (က) ဖြစ်စဉ်ကိုရှင်းပြနိုင်သည့် “သီအိုရီ သဘောတရား (theory)” အပိုင်း၊ (ခ) စိတ်ဓါတ်နှင့်လုပ်ခြင်ကိုင်ခြင် စိတ်ကို နှိုးဆွပေးနိုင်သည့် “ဓလေ့ (culture)” ဆိုင်ရာအပိုင်း နှင့် (ဂ) အမှန်တကယ်လိုက်နာအောင်ရွက်စေရန် ဖိအားပေးသည့် “အမိန့်အာဏာ (authority)” တို့ပါဝင်ကြသည်။ စစ်အခြေခံသဘောတရားကို (က) ကွပ်ကဲမှုအတွက်လက်နက် (tool of command) အဖြစ်လည်းကောင်း၊ (ခ) ပညာပေးရေးအတွက်လက်နက် (tool of education) အဖြစ်လည်းကောင်း၊ (ဂ) ပြင်ဆင်ပြောင်းလဲရေးအတွက်လက်နက် (tool of change) အဖြစ်လည်ကောင်း အသုံးပြုနိုင်သည်။
စစ်အခြေခံသဘောတရားကို ဂျာမန်တပ်မတော်က ဗိုလ်ချုပ်ကြီးမောလခဲ (အကြီး) လက်ထက် ၁၈၆၉ လောက်မှာ စတင်ပေါ်ထွက်လာတယ်လို့ ဆိုနိုင်ပေမဲ့ doctrine ဆိုတဲ့အသုံးအနှုန်းမရှိခဲ့ပါ။ ဗိုလ်ချုပ်ကြီးမောလခဲ ပြုစုခဲ့တဲ့ စစ်မြေပြင်လမ်းညွှန်ချက် (Instruction) တွင် စစ်အခြေခံသဘောတရားဟု သတ်မှတ်နိုင်သည့် အချက်များ ပါဝင်ခဲ့ခြင်းသာ ဖြစ်ပါတယ်။ Doctrine ဆိုတာကို တရားဝင် စတင်သုံးစွဲခဲ့သူမှာ ပြင်သစ်တပ်မတော်က ဗိုလ်ချုပ်ကြီး ဖာဒီနန်ဖောခ်ျ ဖြစ်ပြီး ၁၉၀၃ ခုနှစ်မှာဖြစ်ပါတယ်။ ဒါကလည်း ၁၈၇၀ပြည့်နှစ်မှာ ပြင်သစ်တို့ ပရပ်ရှားကို အကြီးအကျယ်စစ်ရှုံးပြီးတဲ့နောက် ပြင်သစ်တပ်မတော်ရဲ့ အားနည်းချက်တွေကိုကုစားဖို့ဖြစ် လာတာပါ။ ဒီနေရာမှာ doctrine ရေးသားရတဲ့ ရည်ရွယ်ချက်ကတော့ (က) နောင်ဖြစ်လာမည့်စစ်ပွဲမှာ အောင်နိုင်ရေးအတွက် လမ်းညွှန်ဖြစ်စေဖို့ နှင့် (ခ) လက်နက်ကိုင်တပ်ဖွဲ့များ တိုက်ခြင်ခိုက်ခြင်စိတ်လှုံ့ဆော် စေဖို့ ဖြစ်တယ်။
မျက်မှောက်ခေတ်တွင် စစ်အခြေခံသဘောတရား ရေးသားထုတ်ဝေမှု စတုတ္ထမျိုးဆက် ရောက်လာပြီလားလို့ မေးခွန်း ထုတ်လာကြသည်။ စစ်အခြေခံသဘောတရား ပထမမျိုးဆက်ကို ရေးသားထုတ်ဝေတာဟာ “စစ်မြေပြင် (battlefield) မှာ စစ်သေနာပတိနှင့် စစ်သည်တို့အတွက်’’ လိုက်နာရန်ဖြစ်တယ်။ ပထမမျိုးဆက်မှာ စစ်သေနာပတိဟာ စစ်မြေပြင်မှာ တိုက်ပွဲဝင်စစ်သည်တွေနဲ့ အတူရှိနေကြတယ်။ ဒုတိယမျိုးဆက်ကတော့ “စစ်မြေပြင်မှာရောက်နေတဲ့ လက်အောက်ခံ တပ်မှုးကြီးတွေနဲ့ စစ်သည်တွေ” လိုက်နာရန်အတွက်ဖြစ်တယ်။ ဒီကာလမှာ စစ်သေနာပတိတွေဟာ စစ်မြေပြင်မှာ ရှိမနေတော့ဘူး။ စစ်အခြေသဘောတရားကတော့ စစ်မြေပြင် (battlefield) မှာကျန်ခဲ့သေးတယ်။
လို့ အဓိပ္ပါယ် ဖွင့်ဆိုပါတယ်။ စစ်အခြေခံသဘောတရားတွင် (က) ဖြစ်စဉ်ကိုရှင်းပြနိုင်သည့် “သီအိုရီ သဘောတရား (theory)” အပိုင်း၊ (ခ) စိတ်ဓါတ်နှင့်လုပ်ခြင်ကိုင်ခြင်
စစ်အခြေခံသဘောတရားကို ဂျာမန်တပ်မတော်က ဗိုလ်ချုပ်ကြီးမောလခဲ (အကြီး) လက်ထက် ၁၈၆၉ လောက်မှာ စတင်ပေါ်ထွက်လာတယ်လို့ ဆိုနိုင်ပေမဲ့ doctrine ဆိုတဲ့အသုံးအနှုန်းမရှိခဲ့ပါ။ ဗိုလ်ချုပ်ကြီးမောလခဲ ပြုစုခဲ့တဲ့ စစ်မြေပြင်လမ်းညွှန်ချက် (Instruction) တွင် စစ်အခြေခံသဘောတရားဟု သတ်မှတ်နိုင်သည့် အချက်များ ပါဝင်ခဲ့ခြင်းသာ ဖြစ်ပါတယ်။ Doctrine ဆိုတာကို တရားဝင် စတင်သုံးစွဲခဲ့သူမှာ ပြင်သစ်တပ်မတော်က ဗိုလ်ချုပ်ကြီး ဖာဒီနန်ဖောခ်ျ ဖြစ်ပြီး ၁၉၀၃ ခုနှစ်မှာဖြစ်ပါတယ်။ ဒါကလည်း ၁၈၇၀ပြည့်နှစ်မှာ ပြင်သစ်တို့ ပရပ်ရှားကို အကြီးအကျယ်စစ်ရှုံးပြီးတဲ့နောက် ပြင်သစ်တပ်မတော်ရဲ့ အားနည်းချက်တွေကိုကုစားဖို့ဖြစ်
မျက်မှောက်ခေတ်တွင် စစ်အခြေခံသဘောတရား ရေးသားထုတ်ဝေမှု စတုတ္ထမျိုးဆက် ရောက်လာပြီလားလို့ မေးခွန်း ထုတ်လာကြသည်။ စစ်အခြေခံသဘောတရား ပထမမျိုးဆက်ကို ရေးသားထုတ်ဝေတာဟာ “စစ်မြေပြင် (battlefield) မှာ စစ်သေနာပတိနှင့် စစ်သည်တို့အတွက်’’ လိုက်နာရန်ဖြစ်တယ်။ ပထမမျိုးဆက်မှာ စစ်သေနာပတိဟာ စစ်မြေပြင်မှာ တိုက်ပွဲဝင်စစ်သည်တွေနဲ့ အတူရှိနေကြတယ်။ ဒုတိယမျိုးဆက်ကတော့ “စစ်မြေပြင်မှာရောက်နေတဲ့ လက်အောက်ခံ တပ်မှုးကြီးတွေနဲ့ စစ်သည်တွေ” လိုက်နာရန်အတွက်ဖြစ်တယ်။ ဒီကာလမှာ စစ်သေနာပတိတွေဟာ စစ်မြေပြင်မှာ ရှိမနေတော့ဘူး။ စစ်အခြေသဘောတရားကတော့ စစ်မြေပြင် (battlefield) မှာကျန်ခဲ့သေးတယ်။
တတိယမျိုးဆက် စစ်အခြေခံသဘောတရား [ရေးသားခြင်း]ကတော့ စစ်မြေပြင် (battlefield) ကဆုတ်ခွာလာပြီး တပ်မှုးကြီးတွေရဲ့နောက်ကိုလိုက်လ